အဆုံးမရှိကျယ်ပြောလှတဲ့ အပြာရောင်ပင်လယ်ပြင်ကြီးရဲ့အလယ်ဗဟိုချက်တည့်တည့်တွင် သင်္ဘော တစ်စင်းမျောလွင့်နေချေတယ်
ကြောက်စရာကောင်းတဲ့ပင်လယ်လှိုင်းခတ်သံတွေနဲ့ စိတ်ပျက်ဖွယ်ကောင်းတဲ့ ငှက်ဆိုးအော်သံတွေက ပတ်ဝန်းကျင် တစ်ခွင်လုံး ဟုံးဟုံးညံနေတယ်
မိုးတိမ်တွေကမှိုင်းညို့အုံ့ဆိုင်းနေပြီး အစက်အပြောက်မျှသောနေရောင်ခြည်လေးတစ်ခုတောင် မရှိချေဘူး
နေအဂ္ဂါက သင်္ဘောဦးပေါ်မတ်တပ်ရပ်လျှက် ရိုက်ခတ်နေတဲ့လှိုင်းလုံးတွေကိုငေးကြည့်နေတယ်
ထိုစဥ်သူ၏ နောက်ကျောဆီမှနွေးထွေးတဲ့လက်နှစ်ဖတ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံရစ်ပတ်လိုက်သည်
"ကိုကို မင်းငါ့ကိုချစ်လား"
"အင်း ချစ်တာပေါ့"
သူဖြေကြားလို့အပြီးမှာပဲ တဟားဟားရယ်သံတွေက သူ့နောက်ကျောဘက်ဆီမှထွက်ပေါ်လာတယ်
"ငါကတော့မင်းကိုမချစ်ဘူး ငါချစ်တဲ့သူကဒီမှာလေ"
သူနောက်ပြန်လှည့်ကြည့်လိုက်တော့ ညဏ်းဧကရာဇ်နဲ့သူ့ရဲ့တစ်စုံတစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လွတ်ထွက်သွားတော့မတက် ပွေ့ဖတ်ထားကြတယ် ညဏ်းဧကရာဇ်က သူ့ဘက်ကိုမျက်နှာမူပြီးစကားတစ်ခွန်းပြောလိုက်တယ်
"ငါမင်းကိုမလိုချင်ဘူး သွားသေလိုက်တော့"
"ဗွမ်း"
အေးစက်စက် အထိအတွေ့ကသူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားပြီး အသက်ရှူရခက်ခဲလာစေတယ် ရင်ဘက်တစ်နေရာက စူးအောင့်မှုနှင့်အတူ အသက်ကိုအငမ်းမရရှူရှိုက်မိတယ် နှလုံးခုံသံကပုံမှန်ထက်မြန်နေပြီး သူ့တစ်ကိုယ်ချွေးတွေနဲ့ရွှဲစိုနေခဲ့တယ်
"မဟုတ်ဘူး..."
အမှောင်ထုက သူ့မျက်လုံးထဲတိုးဝင်လာတယ် ရင်ဘက်ကိုလက်နဲ့အုပ်ရင်း သူ့နှလုံးခုန်သံတွေပုံမှန်ပြန်ဖြစ်စေဖို့ အသက်ကိုဖြေးဖြေးခြင်းရှူသွင်းရင်း သူ့မျက်လုံးတွေကို မှိတ်လိုက်ဖွင့်လိုက်လုပ်တယ် အလင်းရောင်ဖျော့ဖျော့ကိုမြင်ရမှ သူသက်ပြင်းချနိုင်တယ်
"ငါအိမ်မက်မက်နေတာပဲ"
သူ့နှလုံးသားကို ဖွင့်ဟဝန်ခံလိုက်တဲ့နေ့ကစပြီး ညဏ်းဧကရာဇ်က သူ့ရှေ့ကို တစ်ပတ်ကျော်ကျော်ကြာတာတောင်ရောက်မလာခဲ့ဘူး နေအဂ္ဂါပထမဦးဆုံးအကြိမ် စတင်တုန်လှုပ်လာခဲ့တယ် အရာအားလုံးကဒီလိုနဲ့ပဲပြီးဆုံးသွားတော့မှာလား
။ညဏ်းဧကရာဇ်ကနဲ့တွေ့ဆုံခဲ့တဲ့အချိန်ကစလို့ ရူးရူးမိုက်မိုက်အပြုအမူတွေပြုလုပ်ခဲ့တာအားလုံးထဲမှာ ပထမဆုံးအနေနဲ့ နောင်တရခြင်းပဲ။သူမပြောလိုက်ပဲ နေခဲ့သင့်တာလား။အဲ့ဒီ့နေ့က ချားရဟတ်ပေါ်က ဆင်းဆင်းခြင်းမှာပဲ ညဏ်းဧကရာဇ်ပြောခဲ့တဲ့စကားတစ်ခွန်းက "ဖြတ်တောက်ရခတ်တဲ့ကြိုးတွေကို ငါအလိုမရှိဘူး"တဲ့လေသူ့ကိုဘာဖြေရှင်းချက်လေးတစ်ခုမှတောင်ပြောခွင့်မပေးခဲ့ဘူး။
နေအဂ္ဂါမှောင်မဲတိတ်ဆိတ်နေတဲ့ တစ်အိမ်လုံးကို မီးတွေနဲ့ထိန်လင်းစေလိုက်တယ် ဧည့်ခန်းထဲကTVကိုအသံကုန်ဖွင့်ပြီး အိပ်ဆေးတစ်လုံးကိုဘီယာတစ်ကျိူက်နဲ့မျှောချလိုက်တယ်ဆိုရင်ပဲ သူအဆင်ပြေသွားပြီ သိပ်ကိုလွယ်လွယ်လေးပဲ။
နောက်နေ့မနက် photo shooting အတွက် မိတ်ကပ်လိမ်းတော့ မိတ်ကပ်ဆရာမပေါက်စလေးကသက်ပြင်းချတယ်။
"အစ်ကိုအိပ်ရေးဝဝမအိပ်ခဲ့ဘူးလား"တဲ့
"Sorry ငယ်လေးရာ ကိုယ်ညကဘောလုံးပွဲကြည့်တာတော်တော်နောက်ကျသွားတယ် မင်းရဲ့အရည်အချင်းကိုပဲအားကိုးရတော့မှာပဲ"
သူ့မူပိုင်အပြုံးကို ဆင်မြန်ရင်းပြောတော့ ကလေးမလေးရဲ့ ပါးမို့ထက်မှာအနီရောင်လှိုင်းလုံးလေးတွေဖြတ်ပြေးသွားလေရဲ့
Photo shooting ရိုက်ကူးလို့အပြီးမှာတော့ တစ်နေ့တာကလျှင်လျှင်မြန်မြန်ပဲကုန်ဆုံးသွားပြန်တယ်
နေအဂ္ဂါ သူ့အိမ်သော့ကိုဖွင့်လိုက်ရင်း အိမ်ထဲကိုတိတ်တဆိတ်ဝင်လာလိုက်တယ် မထင်မှတ်စွာပဲ အိမ်ထဲမှာတစ်စုံတစ်ယောက်ရှိနေခဲ့တယ် သူ့နှလုံးသားလေးနွေးထွေးသွားခဲ့တာပေါ့ အပျော်လွန်ပြီး ရွေ့လျားဖို့တောင်မေ့နေခဲ့တဲ့အထိ
"မင်းရောက်နေတာလား"
"အင်း..မင်းကိုပြောစရာရှိလို့"
နေအဂ္ဂါ သူ့ဖိနပ်ကိုချွတ်လိုက်ရင်း အိမ်စီးဖိနပ်တစ်ရံကိုလဲဝတ်လိုက်တယ်
"ပြောလေ"
"ငါတို့ဆက်ဆံရေးကိုဒီမှာပဲရပ်မယ်"
ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့် လှမ်းနေတဲ့သူ့ခြေလှမ်းတွေက အနည်းငယ်တွန့်ဆုတ်သွား၏ တုန်လှုပ်ခြောက်ခြားမှုကြောင့် သူ့လက်တွေကတုန်ရီနေပြီး မသိသာစေဖို့အတွက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်
ရပ်တန့်ရမယ်တဲ့လား အရေးမပါတာတွေ အားမရှိတော့တဲ့ ခြေထောက်တွေကို ဘာမှမဖြစ်သလိုဟန်ဆောင်ဖို့အတွက် ဆိုဖာပေါ်မှာခြေချိတ်ထိုင်လိုက်တယ် သူကအနည်းငယ်လှောင်ရယ်လိုက်ရင်း
"ဆိုတော့.....အဆုံးသတ်မယ်ပေါ့"
တစ်ခန်းလုံးအပြည့်ကာထားတဲ့မှန်ပြတင်းပြင်ကိုမျက်နှာမူရင်း ညဏ်းဧကရာဇ်က သူ့ကိုကျောပေးထားသည် သူ့စကားသံတွေကိုကြားတော့ သူ့ဖတ်ကိုအနည်းငယ်လေး စောင်းငဲ့ကြည့်ရှုလာတယ်
"ငါတို့ကြားမှာအချစ်ရှိရင်အဆင်မပြေနိုင်ဘူး"
"မင်းကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းတယ်"
"မဟုတ်မှလွဲရော......အဲ့နေ့ကကိုယ်ပြောတဲ့စကားကိုအတည်ယူနေတာလား"
"ဟား...ဟား."
နေအဂ္ဂါက လက်ခုတ်နှစ်ဖတ်တစ်ဖျောက်ဖျောက်တီးရင်း ဂုဏ်ယူနေတဲ့လေသံနဲ့ပြောလိုက်တယ်
"မင်း အညာမိသွားပြီ အဲ့နေ့ကကိုယ်ကမင်းကိုစလိုက်တာပါ ကိုယ်သိချင်လို့လေ မင်းဘယ်လိုတုန့်ပြန်မလဲဆိုတာ"
"နေအဂ္ဂါ ဒါကနောက်စရာမဟုတ်ဘူး"
ညဏ်ဧကရာဇ် မျက်နှာက ဒေါသကြောင့်နီရဲနေပြီး သူ့ကိုထိုးချင်ကြိတ်ချင်တဲ့စိတ်တွေကို မနည်းသည်းခံထားရပုံပေါ်သည် နေအဂ္ဂါက ရယ်ရလွန်းလို့ထွက်လာတဲ့သူ့မျက်ရည်တွေကို လက်ညှိုးနဲ့သုတ်လိုက်ရင်းပြောသည်
"မင်းလိုလူက ဒီစကားပြောရမှန်းတော့သိသေးသားပဲ ကောင်းပြီလေ မင်းပြောချင်တာဒါပဲမဟုတ်လား ပြန်လိုက်တော့ ကိုယ်ပင်ပန်းနေပြီ"
သူကဘာမှမပြောချင်တော့တဲ့ပုံနဲ့အခန်းထဲကိုဝင်သွားရင်း သူ့အင်္ကျီတွေကိုချွတ်ဖို့သတိမရပဲ ရေပန်းတွေအောက်အကြာကြီးထိုင်နေမိလိုက်တယ် သူ့ရင်တွေတကယ်ကိုပူလောင်နေပြီ
ညဏ်းဧကရာဇ်က အခန်းထဲဝင်သွားတဲ့ နေအဂ္ဂါကိုကြည့်ရင်း အနည်းငယ်မကျေမနပ်ဖြစ်နေပုံပေါ်တယ် လှပတဲ့သူ့မျက်ခုံးတွေကိုတွန့်ချိူးထားပြီး ဧည့်ခန်းထဲမှာအကြာကြီးရပ်နေခဲ့တယ် ဒီလူကတော်တော်လေးအပြောင်းအလဲမြန်တက်တယ်
ဒီလူကအချစ်ဆိုတာဘာလဲတောင်သိပုံမရပဲ သူ့ကိုချစ်တယ်လို့လက်လွှတ်စပါယ်ပြောထွက်ရဲတယ် သူ့အူအတွင်းကလီဇာတွေ
ကိုတစ်ယောက်ယောက်ကကုတ်ခြစ်နေသလိုမျိူးပဲ ဘာကိုမကျေမကျပ်ဖြစ်မိနေလဲဆိုတာသူကိုယ်တိုင်လည်းမပြောတက် ဒီနေရာကထွက်ခွာသွားရမှာ တွန့်ဆုတ်မိသလို ဒီလူ့ဆီကထွက်ခွာသွားဖို့ကိုလည်း တွေဝေနေမိတယ် သူ့ကိုယ်သူတောင်သတိမထားမိလိုက်ပါပဲ အဲ့ဒီ့လူနဲ့အတူပြုလုပ်နေကြ ညစ်ညမ်းတဲ့အရာတွေကိုတွေးမိသွားပြီး သူ့ခြေလှမ်းတွေက နေ့နေ့ညညသူတို့အတူရှိခဲ့ကြတဲ့ အခန်းထဲကိုလျှောက်လှမ်းမိလျှက်သား ရေချိူးခန်းထဲမှာ ရေသံတွေကြားနေရပြီးတော့ နေအဂ္ဂါက ရေချိူးနေပုံပေါ်တယ် အချိန်အတော်ကြာတဲ့အထိ သူကထွက်မလာခဲ့ဘူး
"နေအဂ္ဂါ မင်းတော်တော်လေးကြာနေပြီ"
ရေချိူးခန်းတံခါးကို တစ်ဒုန်းဒုန်းထုရိုက်နေပေမဲ့ နေအဂ္ဂါက ပြန်မဖြေလာခဲ့ပါဘူး
"နေအဂ္ဂါ မင်းအထဲမှာတစ်ခုခုဖြစ်လို့လား"
"တံခါးဖွင့်...."
ညဏ်းဧကရာဇ် တံခါးကိုအားနဲ့ဆွဲဲဖွင့်ပေမယ့် ချက်ချထားတာကြောင့် ဘယ်လိုမှပွင့်မလာခဲ့ သူစိတ်မရှည်စွာနဲ့ ခြေထောက်ကိုအသုံးပြုပြီး တံခါးကိုကန်တော့မယ့်အချိန်မှာ ရေချိူးခန်းတံခါးက ပွင့်လာခဲ့တယ် နေအဂ္ဂါရဲ့ဆံသားနက်နက်လေးတွေက ရေစိုနေတာကြောင့် သူ့နဖူးပေါ်ဖြာကျနေပြီး လှပတဲ့ နှာတံလေးရဲ့အောက်မှာ ရေစက်တွေက တွဲလဲခိုနေခဲ့တယ် ဘာကြောင့်မှန်းမသိ သူ့မျက်ဝန်းဒေါင့်လေးတွေက အနည်းငယ်သွေးရောင်သန်းနေတယ်
"ကိုယ်အိပ်ပျော်သွားတာ.....မင်းအခုထိမပြန်သေးဘူးလား"
"မင်းငါ့ကိုနှင်ထုတ်နေတာလား"
ညဏ်းဧကရာဇ်က နေအဂ္ဂါလက်ထဲက မျက်နှာသုတ်ပုဝါကိုယူလိုက်ရင်း ရေစိုနေတဲ့ဆံပင်တွေကို သုတ်ပေးလိုက်ရင်း ခပ်တိုးတိုးလေး မေးလိုက်တယ်
"မင်းငါ့ကို နည်းနည်းလေးတောင်မလွမ်းဘူးပေါ့"
"ကိုယ်အလုပ်များနေတာ"
"အင်း"
အဲ့ဒီစကားပြောပြီးတဲ့ နောက်မှာ သူတို့နှစ်ယောက်လုံး ဘာစကားမှဆက်မပြောဖြစ်ကြတော့ဘူး နေအဂ္ဂါက ကုတင်ရဲ့အစွန်းမှာ
ငြိမ်သက်စွာထိုင်နေပြီး သူ့ရှေ့ကအမျိူးသားကိုချစ်ခြင်းတရားတွေပြည့်လျှံနေတဲ့ မျက်ဝန်းတစ်စုံနဲ့ငေးကြည့်နေခဲ့တယ် ညဏ်းဧကရာဇ်ကတော့ မတ်တပ်ရပ်အနေအထားဖြင့် နေအဂ္ဂါ
ရဲ့ဆံနွယ်နက်နက်တွေကို ခြောက်သွေ့နွေးထွေးသွားစေရန်အလို့ငှာ ပြုလုပ်လျှက်ရှိသည် ထိုအခိုက်အတန့်၌လေထုက သိပ်ကိုနွေးထွေး၏သိပ်မကြာသေးခင်က သူတို့ကြားမှာဘာကိစ္စမှမရှိခဲ့သလိုမျိူး ဘယ်သူကမှဘာမှမပြောဖြစ်ကြပါပဲ တိတ်တဆိတ် အနမ်းတစ်ခုကိုပုံဖော်မိကြတယ် လျှာဖျားလေးတိုးဝင်လာဖို့အချက်ပြတဲ့အခါ အလိုက်တသိနှုတ်ခမ်းတစ်စုံကိုဖွင့်ဟပေးမိပြီးတော့ ရွေလည်တိုင်ကိုအကြည့်ရောက်လာတဲ့အခါ တိတ်တဆိတ်လေးခေါင်းကိုမော့ပေးမိခဲ့တယ် တပ်မတ်စိတ်ပြင်းပြနေတဲ့မင်းမျက်ဝန်းလေးတွေကိုမြင်မိတဲ့အခါစိတ်မပါတဲ့အကြောင်းတွေမပြောဖြစ်တော့ဘူး ဒါကကိုယ့်အတွက်တော့ မင်းကိုချစ်တဲ့ချစ်ခြင်းတစ်မျိူးပါပဲ ဖွင့်ဟမပြောမိပေမဲ့လို့ပေါ့ သက်ညှာခြင်းမရှိတဲ့တိုးဝင်ခြင်းတွေကို မင်းကပြုလုပ်ပြီး မင်းအတွက်ဖြစ်တည်လာတဲ့နာကျင်ခြင်းတွေကိုတော့ ကိုယ်ကခံယူမယ် ဒါက ကိုယ့်အတွက်တော့ မင်းအပေါ်အတက်နိုင်ဆုံးမြတ်နိုးပေးခြင်းတွေပါပဲ
ကျယ်ကျယ်လောင်လောင် မြည်နေတဲ့မြည်နေတဲ့ဖုန်းသံကြောင့် ညဏ်းဧကရာဇ် သူ့လက်မောင်းတွေကြားက တစ်စုံတစ်ယောက်ကို ထွေးပိုက်မှုတွေကြားကဖြေလျော့မိတယ်
"အင်း..... ချမ်းလေး ပြော"
"ဟုတ်ပြီ ဟုတ်ပြီ ငါလာခဲ့မယ်"
ညဏ်းဧကရာဇ် အိပ်ယာပေါ်မှဖြည်းဖြည်းချင်းဆင်းရင်း နေအဂ္ဂါကိုပြောလိုက်တယ်
"ငါအရေးကြီးကိစ္စပေါ်လာလို့သွားရမယ် မင်းအိပ်ပျော်အောင်အိပ်လိုက်နော်"
နေအဂ္ဂါက သူ့လက်တွေကိုတင်းတင်းကြပ်ကြပ်ဆွဲထားပြီးလွှတ်မပေးခဲ့ဘူး
"မင်းမသွားရဘူး"
"ငါပြန်လာခဲ့မှာပါ ခဏလေးပဲနော် အိပ်ရင်းနဲ့ငါ့ကိုစောင့်နေ"
ညဏ်းဧကရာဇ်က သူ့နဖူးပြင်ကိုခပ်ဖွဖွအနမ်းပေးပြီးနောက် လျစ်လျူရှူ့မှုတွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားပြန်တယ်
တခြားသူတွေပြောကြတာကတော့ နဖူးကိုနမ်းတာဟာမင်းအပေါ်မြတ်နိုးယုယတယ်ဆိုတဲ့အဓိပ္ပါယ်တဲ့ ညဏ်းဧကရာဇ်အတွက်တော့ ဒါကနှစ်သိမ့်ပေးခြင်းတစ်မျိူးမှန်း နေအဂ္ဂါ ဟိုး...အစထဲကကောင်းကောင်းကြီးနာလည်သဘောပေါက်ထားနှင့်ပြီးသား
"မင်းရဲ့စည်းမျဥ်းကိုဖောက်ဖျက်တော့မှာလား"လို့မေးတော့ အဲ့ဒီ့တုန်းကသူပြန်ဖြေခဲ့တာက
"စည်းမျဥ်းတွေဆိုတာ အဲ့ဒီ့လူနဲ့ယှဥ်ရင် ဘာတစ်ခုမှမဟုတ်တော့ဘူး"တဲ့ အင်း သိပ်ကိုဟုတ်တာပေါ့ ကိုယ့်ဘဝကလည်း မင်းကိုချစ်တဲ့အချစ်နဲ့ယှဥ်ရင်ဘာတစ်ခုမှမဟုတ်တော့ဘူးလေ
Zawgyi
အဆုံးမရွိက်ယ္ေျပာလွတဲ့ အျပာေရာင္ပင္လယ္ျပင္ႀကီးရဲ႕အလယ္ဗဟိုခ်က္တည့္တည့္တြင္ သေဘၤာ တစ္စင္းေမ်ာလြင့္ေနေခ်တယ္
ေၾကာက္စရာေကာင္းတဲ့ပင္လယ္လွိုင္းခတ္သံေတြနဲ႕ စိတ္ပ်က္ဖြယ္ေကာင္းတဲ့ ငွက္ဆိုးေအာ္သံေတြက ပတ္ဝန္းက်င္ တစ္ခြင္လုံး ဟုံးဟုံးညံေနတယ္
မိုးတိမ္ေတြကမွိုင္းညို႔အုံ႕ဆိုင္းေနၿပီး အစက္အေျပာက္မွ်ေသာေနေရာင္ျခည္ေလးတစ္ခုေတာင္ မရွိေခ်ဘဴး
နေအဂ္ဂါက သေဘၤာဦးေပၚမတ္တပ္ရပ္လွ်က္ ရိုက္ခတ္ေနတဲ့လွိုင္းလုံးေတြကိုေငးၾကည့္ေနတယ္
ထိုစဥ္သူ၏ ေနာက္ေက်ာဆီမွႏြေးေထြးတဲ့လက္ႏွစ္ဖတ္က သူ၏ခႏၶာကိုယ္တစ္ခုလုံးကို လႊမ္းၿခဳံရစ္ပတ္လိုက္သည္
"ကိုကို မင္းငါ့ကိုခ်စ္လား"
"အင္း ခ်စ္တာေပါ့"
သူေျဖၾကားလို႔အၿပီးမွာပဲ တဟားဟားရယ္သံေတြက သူ႕ေနာက္ေက်ာဘက္ဆီမွထြက္ေပၚလာတယ္
"ငါကေတာ့မင္းကိုမခ်စ္ဘူး ငါခ်စ္တဲ့သူကဒီမွာေလ"
သူေနာက္ျပန္လွည့္ၾကည့္လိုက္ေတာ့ ညဏ္းဧကရာဇ္နဲ႕သူ႕ရဲ႕တစ္စုံတစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္လြတ္ထြက္သြားေတာ့မတက္ ေပြ႕ဖတ္ထားၾကတယ္ ညဏ္းဧကရာဇ္က သူ႕ဘက္ကိုမ်က္ႏွာမူၿပီးစကားတစ္ခြန္းေျပာလိုက္တယ္
"ငါမင္းကိုမလိုခ်င္ဘူး သြားေသလိုက္ေတာ့"
"ဗြမ္း"
ေအးစက္စက္ အထိအေတြ႕ကသူ႕တစ္ကိုယ္လုံးကိုလႊမ္းၿခဳံသြားၿပီး အသက္ရႉရခက္ခဲလာေစတယ္ ရင္ဘက္တစ္ေနရာက စူးေအာင့္မႈႏွင့္အတူ အသက္ကိုအငမ္းမရရႉရွိုက္မိတယ္ ႏွလုံးခုံသံကပုံမွန္ထက္ျမန္ေနၿပီး သူ႕တစ္ကိုယ္ေခြၽးေတြနဲ႕႐ႊဲစိုေနခဲ့တယ္
"မဟုတ္ဘူး..."
အေမွာင္ထုက သူ႕မ်က္လုံးထဲတိုးဝင္လာတယ္ ရင္ဘက္ကိုလက္နဲ႕အုပ္ရင္း သူ႕ႏွလုံးခုန္သံေတြပုံမွန္ျပန္ျဖစ္ေစဖို႔ အသက္ကိုေျဖးေျဖးျခင္းရႉသြင္းရင္း သူ႕မ်က္လုံးေတြကို မွိတ္လိုက္ဖြင့္လိုက္လုပ္တယ္ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ကိုျမင္ရမွ သူသက္ျပင္းခ်နိဳင္တယ္
"ငါအိမ္မက္မက္ေနတာပဲ"
သူ႕ႏွလုံးသားကို ဖြင့္ဟဝန္ခံလိုက္တဲ့ေန႕ကစၿပီး ညဏ္းဧကရာဇ္က သူ႕ေရွ႕ကို တစ္ပတ္ေက်ာ္ေက်ာ္ၾကာတာေတာင္ေရာက္မလာခဲ့ဘူး နေအဂ္ဂါပထမဦးဆုံးအကြိမ် စတင္တုန္လႈပ္လာခဲ့တယ္ အရာအားလုံးကဒီလိုနဲ႕ပဲၿပီးဆုံးသြားေတာ့မွာလား
။ညဏ္းဧကရာဇ္ကနဲ႕ေတြ႕ဆုံခဲ့တဲ့အခ်ိန္ကစလို႔ ႐ူး႐ူးမိုက္မိုက္အျပဳအမူေတြျပဳလုပ္ခဲ့တာအားလုံးထဲမွာ ပထမဆုံးအေနနဲ႕ ေနာင္တရျခင္းပဲ။သူမေျပာလိုက္ပဲ ေနခဲ့သင့္တာလား။အဲ့ဒီ့ေန႕က ခ်ားရဟတ္ေပၚက ဆင္းဆင္းျခင္းမွာပဲ ညဏ္းဧကရာဇ္ေျပာခဲ့တဲ့စကားတစ္ခြန္းက "ျဖတ္ေတာက္ရခတ္တဲ့ႀကိဳးေတြကို ငါအလိုမရွိဘူး"တဲ့ေလသူ႕ကိုဘာေျဖရွင္းခ်က္ေလးတစ္ခုမွေတာင္ေျပာခြင့္မေပးခဲ့ဘူး။
နေအဂ္ဂါမှောင်မဲတိတ်ဆိတ်နေတဲ့ တစ္အိမ္လုံးကို မီးေတြနဲ႕ထိန္လင္းေစလိုက္တယ္ ဧည့္ခန္းထဲကTVကိုအသံကုန္ဖြင့္ၿပီး အိပ္ေဆးတစ္လုံးကိုဘီယာတစ္က်ိဴက္နဲ႕ေမွ်ာခ်လိဳက္တယ္ဆိုရင္ပဲ သူအဆင္ေျပသြားၿပီ သိပ္ကိုလြယ္လြယ္ေလးပဲ။
ေနာက္ေန႕မနက္ photo shooting အတြက္ မိတ္ကပ္လိမ္းေတာ့ မိတ္ကပ္ဆရာမေပါက္စေလးကသက္ျပင္းခ်တယ္။
"အစ္ကိုအိပ္ေရးဝဝမအိပ္ခဲ့ဘူးလား"တဲ့
"Sorry ငယ္ေလးရာ ကိုယ္ညကေဘာလုံးပြဲၾကည့္တာေတာ္ေတာ္ေနာက္က်သြားတယ္ မင္းရဲ႕အရည္အခ်င္းကိုပဲအားကိုးရေတာ့မွာပဲ"
သူ႕မူပိုင္အၿပဳံးကို ဆင္ျမန္ရင္းေျပာေတာ့ ကေလးမေလးရဲ႕ ပါးမို႔ထက္မွာအနီေရာင္လွိုင္းလုံးေလးေတြျဖတ္ေျပးသြားေလရဲ႕
Photo shooting ရိုက္ကူးလို႔အၿပီးမွာေတာ့ တစ္ေန႕တာကလွ်င္လွ်င္ျမန္ျမန္ပဲကုန္ဆုံးသြားျပန္တယ္
နေအဂ္ဂါ သူ႕အိမ္ေသာ့ကိုဖြင့္လိုက္ရင္း အိမ္ထဲကိုတိတ္တဆိတ္ဝင္လာလိုက္တယ္ မထင္မွတ္စြာပဲ အိမ္ထဲမွာတစ္စုံတစ္ေယာက္ရွိေနခဲ့တယ္ သူ႕ႏွလုံးသားေလးႏြေးေထြးသြားခဲ့တာေပါ့ အေပ်ာ္လြန္ၿပီး ေ႐ြ႕လ်ားဖို႔ေတာင္ေမ့ေနခဲ့တဲ့အထိ
"မင္းေရာက္ေနတာလား"
"အင္း..မင္းကိုေျပာစရာရွိလို႔"
နေအဂ္ဂါ သူ႕ဖိနပ္ကိုခြၽတ္လိုက္ရင္း အိမ္စီးဖိနပ္တစ္ရံကိုလဲဝတ္လိုက္တယ္
"ေျပာေလ"
"ငါတို႔ဆက္ဆံေရးကိုဒီမွာပဲရပ္မယ္"
႐ုတ္တရက္ၾကားလိုက္ရတဲ့စကားေၾကာင့္ လွမ္းေနတဲ့သူ႕ေျခလွမ္းေတြက အနည္းငယ္တြန့္ဆုတ္သြား၏ တုန္လႈပ္ေျခာက္ျခားမႈေၾကာင့္ သူ႕လက္ေတြကတုန္ရီေနၿပီး မသိသာေစဖို႔အတြက္ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္ထားမိသည္
ရပ္တန့္ရမယ္တဲ့လား အေရးမပါတာေတြ အားမရွိေတာ့တဲ့ ေျခေထာက္ေတြကို ဘာမွမျဖစ္သလိုဟန္ေဆာင္ဖို႔အတြက္ ဆိုဖာေပၚမွာေျခခ်ိတ္ထိုင္လိုက္တယ္ သူကအနည္းငယ္ေလွာင္ရယ္လိုက္ရင္း
"ဆိုေတာ့.....အဆုံးသတ္မယ္ေပါ့"
တစ္ခန္းလုံးအျပည့္ကာထားတဲ့မွန္ျပတင္းျပင္ကိုမ်က္ႏွာမူရင္း ညဏ္းဧကရာဇ္က သူ႕ကိုေက်ာေပးထားသည္ သူ႕စကားသံေတြကိုၾကားေတာ့ သူ႕ဖတ္ကိုအနည္းငယ္ေလး ေစာင္းငဲ့ၾကည့္ရႈလာတယ္
"ငါတို႔ၾကားမွာအခ်စ္ရွိရင္အဆင္မေျပနိုင္ဘူး"
"မင္းကိုယ့္ကိုယ္ကို အရမ္းအထင္ႀကီးလြန္းတယ္"
"မဟုတ္မွလြဲေရာ......အဲ့ေန႕ကကိုယ္ေျပာတဲ့စကားကိုအတည္ယူေနတာလား"
"ဟား...ဟား."
နေအဂ္ဂါက လက္ခုတ္ႏွစ္ဖတ္တစ္ေဖ်ာက္ေဖ်ာက္တီးရင္း ဂုဏ္ယူေနတဲ့ေလသံနဲ႕ေျပာလိုက္တယ္
"မင္း အညာမိသြားၿပီ အဲ့ေန႕ကကိုယ္ကမင္းကိုစလိုက္တာပါ ကိုယ္သိခ်င္လို႔ေလ မင္းဘယ္လိုတုန့္ျပန္မလဲဆိုတာ"
"နေအဂ္ဂါ ဒါကေနာက္စရာမဟုတ္ဘူး"
ညဏ္ဧကရာဇ္ မ်က္ႏွာက ေဒါသေၾကာင့္နီရဲေနၿပီး သူ႕ကိုထိုးခ်င္ႀကိတ္ခ်င္တဲ့စိတ္ေတြကို မနည္းသည္းခံထားရပုံေပၚသည္ နေအဂ္ဂါက ရယ္ရလြန္းလို႔ထြက္လာတဲ့သူ႕မ်က္ရည္ေတြကို လက္ညွိုးနဲ႕သုတ္လိုက္ရင္းေျပာသည္
"မင္းလိုလူက ဒီစကားေျပာရမွန္းေတာ့သိေသးသားပဲ ေကာင္းၿပီေလ မင္းေျပာခ်င္တာဒါပဲမဟုတ္လား ျပန္လိုက္ေတာ့ ကိုယ္ပင္ပန္းေနၿပီ"
သူကဘာမွမေျပာခ်င္ေတာ့တဲ့ပုံနဲ႕အခန္းထဲကိုဝင္သြားရင္း သူ႕အကၤ်ီေတြကိုခြၽတ္ဖို႔သတိမရပဲ ေရပန္းေတြေအာက္အၾကာႀကီးထိုင္ေနမိလိုက္တယ္ သူ႕ရင္ေတြတကယ္ကိုပူေလာင္ေနၿပီ
ညဏ္းဧကရာဇ္က အခန္းထဲဝင္သြားတဲ့ နေအဂ္ဂါကိုကြည့်ရင်း အနည္းငယ္မေက်မနပ္ျဖစ္ေနပုံေပၚတယ္ လွပတဲ့သူ႕မ်က္ခုံးေတြကိုတြန့္ခ်ိဴးထားၿပီး ဧည့္ခန္းထဲမွာအၾကာႀကီးရပ္ေနခဲ့တယ္ ဒီလူကေတာ္ေတာ္ေလးအေျပာင္းအလဲျမန္တက္တယ္
ဒီလူကအခ်စ္ဆိုတာဘာလဲေတာင္သိပုံမရပဲ သူ႕ကိုခ်စ္တယ္လို႔လက္လႊတ္စပါယ္ေျပာထြက္ရဲတယ္ သူ႕အူအတြင္းကလီဇာေတြ
ကိုတစ္ေယာက္ေယာက္ကကုတ္ျခစ္ေနသလိုမ်ိဴးပဲ ဘာကိုမေက်မက်ပ္ျဖစ္မိေနလဲဆိုတာသူကိုယ္တိုင္လည္းမေျပာတက္ ဒီေနရာကထြက္ခြာသြားရမွာ တြန့္ဆုတ္မိသလို ဒီလူ႕ဆီကထြက္ခြာသြားဖို႔ကိုလည္း ေတြေဝေနမိတယ္ သူ႕ကိုယ္သူေတာင္သတိမထားမိလိုက္ပါပဲ အဲ့ဒီ့လူနဲ႕အတူျပဳလုပ္ေနၾက ညစ္ညမ္းတဲ့အရာေတြကိုေတြးမိသြားၿပီး သူ႕ေျခလွမ္းေတြက ေန႕ေန႕ညညသူတို႔အတူရွိခဲ့ၾကတဲ့ အခန္းထဲကိုေလွ်ာက္လွမ္းမိလွ်က္သား ေရခ်ိဴးခန္းထဲမွာ ေရသံေတြၾကားေနရၿပီးေတာ့ နေအဂ္ဂါက ေရခ်ိဴးေနပုံေပၚတယ္ အခ်ိန္အေတာ္ၾကာတဲ့အထိ သူကထြက္မလာခဲ့ဘူး
"နေအဂ္ဂါ မင္းေတာ္ေတာ္ေလးၾကာေနၿပီ"
ေရခ်ိဴးခန္းတံခါးကို တစ္ဒုန္းဒုန္းထုရိုက္ေနေပမဲ့ နေအဂ္ဂါက ျပန္မေျဖလာခဲ့ပါဘူး
"နေအဂ္ဂါ မင္းအထဲမွာတစ္ခုခုျဖစ္လို႔လား"
"တံခါးဖြင့္...."
ညဏ္းဧကရာဇ္ တံခါးကိုအားနဲ႕ဆြဲဲဖြင့္ေပမယ့္ ခ်က္ခ်ထားတာေၾကာင့္ ဘယ္လိုမွပြင့္မလာခဲ့ သူစိတ္မရွည္စြာနဲ႕ ေျခေထာက္ကိုအသုံးျပဳၿပီး တံခါးကိုကန္ေတာ့မယ့္အခ်ိန္မွာ ေရခ်ိဴးခန္းတံခါးက ပြင့္လာခဲ့တယ္ နေအဂ္ဂါရဲ့ဆံသားနက်နက်လေးတွေက ေရစိုေနတာေၾကာင့္ သူ႕နဖူးေပၚျဖာက်ေနၿပီး လွပတဲ့ ႏွာတံေလးရဲ႕ေအာက္မွာ ေရစက္ေတြက တြဲလဲခိုေနခဲ့တယ္ ဘာေၾကာင့္မွန္းမသိ သူ႕မ်က္ဝန္းေဒါင့္ေလးေတြက အနည္းငယ္ေသြးေရာင္သန္းေနတယ္
"ကိုယ္အိပ္ေပ်ာ္သြားတာ.....မင္းအခုထိမျပန္ေသးဘူးလား"
"မင္းငါ့ကိုႏွင္ထုတ္ေနတာလား"
ညဏ္းဧကရာဇ္က နေအဂ္ဂါလက်ထဲက မ်က္ႏွာသုတ္ပုဝါကိုယူလိုက္ရင္း ေရစိုေနတဲ့ဆံပင္ေတြကို သုတ္ေပးလိုက္ရင္း ခပ္တိုးတိုးေလး ေမးလိုက္တယ္
"မင္းငါ့ကို နည္းနည္းေလးေတာင္မလြမ္းဘူးေပါ့"
"ကိုယ္အလုပ္မ်ားေနတာ"
"အင္း"
အဲ့ဒီစကားေျပာၿပီးတဲ့ ေနာက္မွာ သူတို႔ႏွစ္ေယာက္လုံး ဘာစကားမွဆက္မေျပာျဖစ္ၾကေတာ့ဘူး နေအဂ္ဂါက ကုတင္ရဲ႕အစြန္းမွာ
ၿငိမ္သက္စြာထိုင္ေနၿပီး သူ႕ေရွ႕ကအမ်ိဴးသားကိုခ်စ္ျခင္းတရားေတြျပည့္လွ်ံေနတဲ့ မ်က္ဝန္းတစ္စုံနဲ႕ေငးၾကည့္ေနခဲ့တယ္ ညဏ္းဧကရာဇ္ကေတာ့ မတ္တပ္ရပ္အေနအထားျဖင့္ နေအဂ္ဂါ
ရဲ႕ဆံႏြယ္နက္နက္ေတြကို ေျခာက္ေသြ႕ႏြေးေထြးသြားေစရန္အလို႔ငွာ ျပဳလုပ္လွ်က္ရွိသည္ ထိုအခိုက္အတန့္၌ေလထုက သိပ္ကိုႏြေးေထြး၏သိပ္မၾကာေသးခင္က သူတို႔ၾကားမွာဘာကိစၥမွမရွိခဲ့သလိုမ်ိဴး ဘယ္သူကမွဘာမွမေျပာျဖစ္ၾကပါပဲ တိတ္တဆိတ္ အနမ္းတစ္ခုကိုပုံေဖာ္မိၾကတယ္ လွ်ာဖ်ားေလးတိုးဝင္လာဖို႔အခ်က္ျပတဲ့အခါ အလိုက္တသိႏႈတ္ခမ္းတစ္စုံကိုဖြင့္ဟေပးမိၿပီးေတာ့ ေ႐ြလည္တိုင္ကိုအၾကည့္ေရာက္လာတဲ့အခါ တိတ္တဆိတ္ေလးေခါင္းကိုေမာ့ေပးမိခဲ့တယ္ တပ္မတ္စိတ္ျပင္းျပေနတဲ့မင္းမ်က္ဝန္းေလးေတြကိုျမင္မိတဲ့အခါစိတ္မပါတဲ့အေၾကာင္းေတြမေျပာျဖစ္ေတာ့ဘူး ဒါကကိုယ့္အတြက္ေတာ့ မင္းကိုခ်စ္တဲ့ခ်စ္ျခင္းတစ္မ်ိဴးပါပဲ ဖြင့္ဟမေျပာမိေပမဲ့လို႔ေပါ့ သက္ညွာျခင္းမရွိတဲ့တိုးဝင္ျခင္းေတြကို မင္းကျပဳလုပ္ၿပီး မင္းအတြက္ျဖစ္တည္လာတဲ့နာက်င္ျခင္းေတြကိုေတာ့ ကိုယ္ကခံယူမယ္ ဒါက ကိုယ့္အတြက္ေတာ့ မင္းအေပၚအတက္နိုင္ဆုံးျမတ္နိုးေပးျခင္းေတြပါပဲ
က်ယ္က်ယ္ေလာင္ေလာင္ ျမည္ေနတဲ့ျမည္ေနတဲ့ဖုန္းသံေၾကာင့္ ညဏ္းဧကရာဇ္ သူ႕လက္ေမာင္းေတြၾကားက တစ္စုံတစ္ေယာက္ကို ေထြးပိုက္မႈေတြၾကားကေျဖေလ်ာ့မိတယ္
"အင္း..... ခ်မ္းေလး ေျပာ"
"ဟုတ္ၿပီ ဟုတ္ၿပီ ငါလာခဲ့မယ္"
ညဏ္းဧကရာဇ္ အိပ္ယာေပၚမွျဖည္းျဖည္းခ်င္းဆင္းရင္း နေအဂ္ဂါကိုပြောလိုက်တယ်
"ငါအေရးႀကီးကိစၥေပၚလာလို႔သြားရမယ္ မင္းအိပ္ေပ်ာ္ေအာင္အိပ္လိုက္ေနာ္"
နေအဂ္ဂါက သူ႕လက္ေတြကိုတင္းတင္းၾကပ္ၾကပ္ဆြဲထားၿပီးလႊတ္မေပးခဲ့ဘူး
"မင္းမသြားရဘူး"
"ငါျပန္လာခဲ့မွာပါ ခဏေလးပဲေနာ္ အိပ္ရင္းနဲ႕ငါ့ကိုေစာင့္ေန"
ညဏ္းဧကရာဇ္က သူ႕နဖူးျပင္ကိုခပ္ဖြဖြအနမ္းေပးၿပီးေနာက္ လ်စ္လ်ဴရႉ႕မႈေတြၾကားထဲ တိုးဝင္ေပ်ာက္ကြယ္သြားျပန္တယ္
တျခားသူေတြေျပာၾကတာကေတာ့ နဖူးကိုနမ်းတာဟာမင်းအပေါ်မြတ်နိုးယုယတယ်ဆိုတဲ့အဓိပ္ပါယ်တဲ့ ညဏ္းဧကရာဇ္အတြက္ေတာ့ ဒါကႏွစ္သိမ့္ေပးျခင္းတစ္မ်ိဴးမွန္း နေအဂ္ဂါ ဟိုး...အစထဲကေကာင္းေကာင္းႀကီးနာလည္သေဘာေပါက္ထားႏွင့္ၿပီးသား
"မင္းရဲ႕စည္းမ်ဥ္းကိုေဖာက္ဖ်က္ေတာ့မွာလား"လို႔ေမးေတာ့ အဲ့ဒီ့တုန္းကသူျပန္ေျဖခဲ့တာက
"စည္းမ်ဥ္းေတြဆိုတာ အဲ့ဒီ့လူနဲ႕ယွဥ္ရင္ ဘာတစ္ခုမွမဟုတ္ေတာ့ဘူး"တဲ့ အင္း သိပ္ကိုဟုတ္တာေပါ့ ကိုယ့္ဘဝကလည္း မင္းကိုခ်စ္တဲ့အခ်စ္နဲ႕ယွဥ္ရင္ဘာတစ္ခုမွမဟုတ္ေတာ့ဘူးေလ