ရည္ရြယ္၍.........! (ရည်ရွယ်၍...

By Tokebloom

4.1K 320 24

Wang Ruo Lin × Li Dai Kun (9.6.2021 to 19.6.2021) More

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
ဇာတ္သိမ္းပိုင္း

အပိုင္း(၉)

201 20 2
By Tokebloom

တံခါးဖြင့္ၿပီး ဝင္လာတဲ့ တစ္ေယာက္ေသာသူေၾကာင့္ လူငယ္(၅)ေယာက္ဟာ...

Li Dai Kun_ "Lin....Lin Ge!!!"

Wei Long_ " Wang...Wang Huo Linႀကီး"

Zhan Han_ "OMG... Dai Kun မင္းက နတ္ဘုရားWangနဲ႔ အမ်ိဳးလား"

Yi Zhang_ "Dai Kun နင့္အကိုဆီက လက္မွတ္ေတာင္းလို႔ရလား"

Xi Yan_ "Wang Huo Lin!!!"

လူငယ္ေလးေတြရဲ႕ စိတ္လွဳပ္ရွားမႈကို မထိန္းႏိုင္မသိမ္းႏိုင္ျဖစ္ေစခဲ့သည္။

မိန္းကေလးႏွစ္ေယာက္မွာ တစ္ေယာက္ကိုတစ္ေယာက္ဖက္ရင္း Wang Huo Lin ကို ရႊန္းရႊန္းစားစားၾကည့္ေနသည္။

သူတို႔အလြန္႔အလြန္ ႀကိဳက္လွပါတဲ့အိုင္ေဒါကို ေတ့ေတ့ဆိုင္ဆိုင္ ေတြ႕လိုက္ရသည္မို႔ မေပ်ာ္မွသာ ထူးဆန္းေပအံုးမည္။

"Dai Kun တကယ္ႀကီးကို မင္းက နတ္ဘုရားWangနဲ႔ ဝမ္းကြဲအမ်ိဳးပဲ"

Zhan Hanက Dai Kun၏ပုခံုးကို ပုတ္ကာ ဝမ္းသာအားရေျပာသည္။

ထိုသို႔ထိခတ္လိုက္ေသာ လက္ကို မ်က္ေမွာင္ျကံဳ႕ကာ ျကည့္ေနသည့္ မ်က္ဝန္းတစ္စံုကိုေတာ့ Xi Yanတစ္ေယာက္ ဖမ္းဆုပ္မိသြားသည္။

"Kun Er...အာ သူငယ္ခ်င္းေတြ ေရာက္ေနတာလား၊ ေမေမကေရာ ဘာလာလုပ္တာလဲ"

အိမ္ထဲဝင္ဝင္ခ်င္း ျမင္လိုက္ရသည္က Kun Erႏွင့္ ရြယ္တူသူငယ္ခ်င္းမ်ားပါမက မိခင္ျဖစ္သူကိုပါ ျမင္လိုက္ရတာမို႔ Wang Huo Lin မ်က္ခံုးတို႔ ပင့္ေျမာက္သြားရသည္။

ထို႔အျပင္ ရင္းႏွီးလွစြာေသာ အျပဳအမွဳေတြက Huo Linမ်က္လံုးထဲ ကန္႔လန္႔ႀကီးဝင္လာေပမယ့္ Kun Erရဲ႕ သူငယ္ခ်င္းေတြမလား။

စာခ်ဳပ္ထဲက စည္းကမ္းေတြကို မေဖာက္ဖ်က္မိဖို႔ ဒီထက္ပိုလာတာျမင္မွ Kun Erကို သတိေပးစကားဆိုရမည္။

"Lu ငါ့အခန္းထဲ သြားထည့္ထားလိုက္"

Wang Luကို လက္ထဲက ကိုင္ထားသည့္ အထုပ္တစ္ထုပ္ကို ပစ္ေပးလိုက္ေတာ့ က်င္လည္စြာဖမ္းလိုက္သည္။

"ေဒၚေလးWang"

Wang Luက ႏွဳတ္ဆက္လိုက္ေတာ့ ေမေမWangမွာ အေပၚထပ္သြားရန္ဟန္ျပင္ေနေသာ တူေခ်ာေလးကို ေပြ႕ဖက္လိုက္ကာ ကေလးမ်ားႏွင့္ မိတ္ဆက္ေပးလိုက္ပံုက အမွတ္တမဲ့လိုလို။

"သားတို႔သမီးတို႔ ဒါက အန္တီရဲ႕ တူေလးေလ Wang Luတဲ့ သမီးတို႔ေခၚေခၚေနတဲ့ ဘာတဲ့ နတ္ဘုရားWangလား ေအး အဲ့လို နတ္ဘုရားWang ရဲ႕ညီဝမ္းကြဲေပါ့၊ ေနာက္အခါ အိမ္ကိုလာလည္တဲ့အခါ မသိတဲ့သူေတြ မျဖစ္ရေအာင္ အန္တီက မိတ္ဆက္ေပးတာ"

Wang Luမွာလည္း ေက်ာက္႐ုပ္လို ရပ္သြားၿပီး Li Dai Kunမွာလည္း မ်က္ႏွာအမ္းသြားရသည္။

Wang Huo Linမွာေတာ့ မိခင္ျဖစ္သူကို အိမ္အျပင္ထိလိုက္ပို႔လိုက္ကာ မိခင္ေမႊးခဲ့ေသာမီးစကိုရွင္းရန္ အိမ္ထဲ ျပန္ဝင္လာလိုက္သည္။

"Li Dai Kun!!!"
"Wang Huo Lin!!!"
"Wang Lu!!!"
"ေဒၚေလးWang!!!"
"ေမေမ!!!"

"အမ္ ဒါဆို Dai Kunနဲ႔ နတ္ဘုရား Wangက ညီအကို မဟုတ္ျပန္ဘူးလား"

ေလးေယာက္သားတညီတၫြတ္တည္း ထုတ္ေမးျဖစ္ခဲ့သည္။

"နတ္ဘုရားWangနဲ႔ ဝမ္းကြဲဆို ဘာလို႔ အန္တီWangကို အကို Wang Luလို ေဒၚေလးWangလို႔ မေခၚဘဲ ေမေမျဖစ္ေနရတာလဲ"

ကေလးေလးေယာက္က တြတ္ထိုးေနရင္ သူတို႔အခ်င္းခ်င္းေျပာေနၾကသည္။

Li Dai Kun ကိုလည္း တည့္တည့္လာမေမး။

Wang Luမွာလည္း အေပၚပဲတက္ရမလို ေနရာမွာတင္ ဆက္ၿပီးရပ္ေနရမလို ျဖစ္ေနသည္။

Wang Huo Lin အိမ္ထဲဝင္လာေတာ့ အေျခအေနက အေတာ္ကို ကိုး႐ိုးကားယားျဖစ္ေနေလသည္။

" ေက်ာင္းသားတို႔ ကိုယ့္ကို အခ်ိန္နည္းနည္းေလာက္ ေပးလို႔ရမလား"

စြဲေဆာင္မွဳရွိတဲ့အသံ ၾသရွရွေၾကာင့္ လူငယ္ေလးေတြမွာ မလြန္ဆန္ႏိုင္ဘဲ ေခါင္းကိုသာညိတ္ျပၾကေတာ့သည္။

Wang Huo Linမွာ Li Dai Kunႏွင့္ ကပ္လ်က္ ေဘးခံုအလြတ္မွာ ဝင္ထိုင္လိုက္ၿပီး Dai Kunလက္ကို ဆုပ္ကိုင္ကာ ေျပာေလသည္။

"ကိုယ္တို႔က ညီအကိုေတြ မဟုတ္ပါဘူး"

ကေလးေလးေယာက္၏ မ်က္လံုးအၾကည့္မ်ားက ဆုပ္ကိုင္ထားေသာ လက္ႏွစ္ဖက္တြင္သာ ရွိခဲ့သည္။

"ကိုယ္တို႔က ခ်စ္သူေတြပါ"

Wang Huo Linက Dai Kun သူငယ္ခ်င္းေတြဘက္ကို ယဥ္ေက်းေသာ အသံုးအႏွဳန္းတို႔ျဖင့္ ေျပာလိုက္သည္။

ၾကည့္တတ္လွ်င္ ျမင္ေလမည္။ Wang Huo Lin ၏မ်က္ႏွာအမူအရာက အခန္းထဲဝင္လာကာစက တည္တင္းေနတဲ့ ပံုစံလိုမ်ိဳးနည္းနည္းေလးေတာင္ မရွိေတာ့ဘဲ ၾကည္ႏူးစြာ ေျပာေနဟန္ေပၚသည္။

"အမ္....ခ်စ္ ခ်စ္သူေတြ!!!"

ေလးေယာက္လံုးက အ့ံၾသစြာ တစ္သံတည္း ထြက္ေပၚလာျပန္သည္။

Wang Huo Lin၏ စကားကို Dai Kun မျငင္းခဲ့ေခ်။

အေျခေနေတြက မရွင္းျပျပန္ရင္လည္း ဒီတိုင္းထားလိုက္လို႔ရသည့္ အေနအထားတို႔တြင္ မဟုတ္ေတာ့။

အကယ္၍ Wang Huo Linရဲ႕ အေစခံေလးပါဆိုျပီး ဇြတ္ျငင္းျပန္ရင္လည္း ေမေမWangက အေရွ႕မွာ ေရာက္ႏွင့္ေနခဲ့ၿပီးျဖစ္သည္။

ဘယ္ကကာကာ ညာကကာကာ အမွန္တရားက လယ္ျပင္မွာ ဆင္သြားသလို ေပၚလြင္ေနၿပီမို႔ ဖံုးကြယ္ထားလို႔ မရေတာ့ေခ်။

ထိုေန႔က သူငယ္ခ်င္းမ်ားမွာ အိမ္မွာ တစ္ညအိပ္ျပီး ေနာက္တစ္ေန႔ မိုးလင္းေတာ့ Wangအိမ္ေတာ္က ထမင္းခ်က္အန္တီ၏ မ်ားစြာေသာဟင္းပြဲမ်ားကို စားေသာက္ျပီး ေက်ာင္းကို ျပန္သြားၾကေလသည္။

႐ုပ္ရွင္ဘုရင္ နတ္ဘုရားWangႏွင့္ ထမင္းလက္ဆံုစားရသည္မို႔ အကုန္လံုးက ေပ်ာ္ရႊင္ေနၾကေလသည္။

မျပန္ခင္မွာလည္း ကတိတစ္ခုခံသြားရေသးသည္။

Li Dai Kun ႏွင့္ Wang Huo Lin က စံုတြဲေတြပါဆိုတာ မေပါက္ၾကားဖို႔ပဲျဖစ္သည္။

ေက်ာင္းသားေတြကလည္း သူတို႔သူငယ္ခ်င္း၏ လံုျခံဳေရးအတြက္ မေပါက္ၾကားေစရပါဘူးဟု အာမခံသြားၾကေလသည္။

_______________________________________

႐ုပ္ရွင္ဇာတ္ကားတစ္ကား ႐ိုက္ၿပီးသြားသည့္ေနာက္ Wang Huo Lin မွာ အားလပ္ရက္တစ္ပတ္ရေလသည္။

ထိုကာလတြင္ ေနာက္အသစ္႐ိုက္မည့္ ဇာတ္ၫႊန္းကို ႀကိဳဖတ္ေနၿပီး အခ်ိန္တို႔ကို အက်ိဳးရွိရွိ အသံုးခ်ေနေသးသည္။

ဗီလာမွာ ပံုမွန္ေန႔ရက္ေတြကို (၃)ရက္ခန္႔ ျဖတ္သန္းၿပီးတဲ့အထိ Kun Erမွာ Wang Huo Linကို ေရွာင္ေနေလသည္။

ၿပီးခဲ့တဲ့အပတ္က ကိစၥအခ်ိဳ႔ျဖစ္သြားၿပီးတဲ့ေနာက္ Li Dai Kunနဲ႔ သူငယ္ခ်င္းေတြၾကား ထူးထူးျခားျခားေျပာင္းလဲသြားတာ မရွိဘဲ Dai Kunအေပၚ ယခင္ကထက္ကို ၾကင္နာလာၾကသည္။

Wei Longက မ်က္မွန္ေလးကိုပင့္တင္ရင္း ေျပာေလသည္။

"နတ္ဘုရားWang အႏိုင္က်င့္ရင္ ငါ့တို႔ကိုေျပာ"

"ဟုတ္တယ္ ငါတို႔ကိုေျပာ"

က်န္တဲ့သူငယ္ခ်င္းမ်ားကပါ ဝိုင္းဝန္းေထာက္ခံၾကေလသည္မို႕ Dai Kunမွာ သူငယ္ခ်င္းမ်ားကို ေက်းဇူးတင္ရေသးသည္။

သို႔ေပမယ့္ Dai Kunတစ္ေယာက္ Lin Geကို မ်က္ႏွာခ်င္းမဆိုင္ဘဲ ေရွာင္ေနမိေလသည္။

ဒီေန႔ေတာ့ ေရွာင္ေနတဲ့ေကာင္ေလး၏ ေက်ာင္းကျပန္အလာကို Huo Lin အိမ္ေပါက္ဝကေန ေစာင့္ေနလိုက္သည္။

"တြီ......ေဂ်ာက္"

တံခါးဖြင့္လာသည္ႏွင့္ သူလြမ္းေနရသည့္ ေကာင္ေလးမ်က္ႏွာကို Huo Lin ေငးေနမိသည္။

" အိမ္ကေန ႀကိဳဆိုပါတယ္ Kun Er"

"ဟုတ္"

Lin Geကို ေကြ႕ပတ္ေလွ်ာက္လာရင္း အိမ္ထဲဝင္လာခဲ့သည္။

"အန္တီႀကီး ဝက္လက္စြပ္ျပဳတ္ေလး လုပ္ေပးသြားတယ္ ပူတုန္းေလးစားရေအာင္ ေရခ်ိဳးၿပီးတာနဲ႔ လာခဲ့ေနာ္"

"ဟုတ္!!!"

Kun Erက မိမိကိုေရွာင္ေနမွန္းသိလို႔ Huo Linတစ္ေယာက္ အသည္းအသန္ စကားလိုက္ေျပာေနလိုက္သည္။

ဘာပဲေျပာေျပာ ေကာင္ေလးဆီက "ဟုတ္" တစ္လံုးေတာ့ ၾကားရေသးသည္ မဟုတ္ပါလား။

စြပ္ျပဳတ္ကို အိုးေသးေလးထဲေျပာင္းထည့္ကာ စားပြဲေပၚရွိ အပူခံျပားေပၚ တင္လိုက္သည္။

ပန္းကန္လံုးႏွစ္လံုးကိုယူၿပီး မ်က္ႏွာခ်င္းဆိုင္တြင္ တစ္လံုးစီခ်လိုက္သည္။

ခဏေနေတာ့ Kun Erက ေရာက္လာကာ ထိုင္ခံုေပၚ ဝင္ထိုင္ေလသည္။

ထို႔ေနာက္ Huo Lin ခပ္ထည့္ေပးထားသည့္ စြပ္ျပဳတ္ကို နည္းနည္းခ်င္းစီ ယူစားေလသည္။

"ေကာင္းလား"

"ဟုတ္ "

"ေကာင္းရင္မ်ားမ်ားစား"

အသားတို႔ကို ဖဲ့ယူကာ Kun Erပန္းကန္ထဲ ထည့္ေပးလိုက္သည္။

"ဟုတ္"

"Kun Er...!"

ခပ္ၾသၾသျဖင့္ စြဲေဆာင္မွဳရွိေသာ ထိုေခၚသံ။ ထိုေခၚသံၾကားလွ်င္ Dai Kun အႀကိမ္ႀကိမ္ က်ရွံဳးရသည္။

"ဟမ္"

"ကိုယ့္ကို "ဟုတ္" တစ္လံုးကလြဲၿပီး ေျပာစရာစကား မရွိဘူးလားဟင္"

ေမွ်ာ္လင့္ခ်က္ျဖင့္ အေရာင္ေတာက္ေနတယ္လို႔ ခံစားရတဲ့ ေလးနက္တဲ့အၾကည့္ေတြက Dai Kunကို ဇေဝဇဝါျဖစ္ေစတယ္။

"ဟို ကၽြန္ေတာ္တို႔ ေက်ာင္းProjectအေရြးခံရတယ္"

ၿပီးခဲ့တဲ့အပတ္က အိမ္မွာလာလုပ္သြားတဲ့ ေက်ာင္းProjectအေၾကာင္း ေျပာျပလိုက္သည္။

"ကိုယ္ ဂုဏ္ယူပါတယ္၊ ကိုယ့္ေကာင္ေလးက အကုန္လံုးေတာ္တာပဲ"

ေကာင္ေလးရဲ႕မ်က္ႏွာကို တည့္တည့္ၾကည့္ကာ Wang Huo Linေျပာေလသည္။

"ဟင္...ဟုတ္!!!"

Li Dai Kun နားရြက္ဖ်ားတို႔ နီရဲတက္သြားကာ ေခါင္းကိုငုံ႕ကာ ျပံဳးလိုက္မိသည္။

ကိုယ္သေဘာက်ေနသူ၏ အေျပာဟာလည္း ဘာေလးပဲၾကားရၾကားရ ခ်ိဳလြန္းပါသည္။

ညစာစားၿပီးေတာ့ Dai Kunက စားၿပီးသားပန္းကန္တို႔ကို တာဝန္ယူကာ ေဆးလိုက္သည္။

စားေသာက္ေဆးေၾကာၿပီးေနာက္ ဧည့္ခန္းထဲ TVမွလာတဲ့ ႐ုပ္သံလိုင္းတစ္ခုကို ၾကည့္ေနေလသည္။

ႏွစ္ေယာက္သား ေဘးတိုက္ယွဥ္တြဲထိုင္ကာ တိတ္ဆိတ္ေနမိၾကသည္။

" Kun Er ဘယ္လို႐ုပ္ရွင္မ်ိဳးကို ႀကိဳက္လဲ"

Dai Kun မ်က္ႏွာေဘးတစ္ေစာင္းကို ေငးရင္း Wang Huo Lin ဂ႐ုတစိုက္ေမးလိုက္သည္။

" Romance... Dramaလည္းႀကိဳက္တယ္၊ ဒါေပမယ့္ အရမ္းငိုရရင္ မႀကိဳက္ေတာ့ဘူး"

Dai Kun က အနည္းငယ္ ေစာင္းငဲ့ၾကည့္လာၿပီးေနာက္ အၾကည့္တို႔ကို TV ဖန္သားျပင္ထက္ပို႔လိုက္ၿပီး ေျဖလာသည္။

"အင္း ကိုယ့္အားလပ္ရက္ ေနာက္ဆံုးရက္မွာ ႐ုပ္ရွင္သြားၾကည့္ၾကတာေပါ့၊ ကိုယ္တို႔အတူတူ"

Huo Linဘက္က ပထမဆံုးစတင္ျဖစ္တဲ့ ေျခလွမ္းျဖစ္သည္။

Kun Erထံစိတ္႐ွိျခင္း ၊ မရွိျခင္းထက္ ထိုေကာင္ေလး မိမိႏွင့္အတူတူေနသည့္ ကာလပတ္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္သာ ေနသြားေစရမည္။

ငယ္စဥ္ကတည္းက ခ်ိဳ႔တဲ့ခဲ့တဲ့ကေလး မဟုတ္လား။

အခုလည္း ကၽြန္ေတာ္ေပးတဲ့ ေငြေတြနဲ႔ ငယ္စဥ္ကတည္းက ေနလာခဲ့တဲ့ မိဘမဲ့ေဂဟာကို ေထာက္ပံ့ေနတာ ကၽြန္ေတာ္သိသည္။

ထိုသို႔ လိမၼာယဥ္ေက်းတဲ့ ေကာင္ေလးနဲ႔ ေပ်ာ္ရႊင္မွဳေတြက ထိုက္တန္တယ္မလား။

ကၽြန္ေတာ္ဆီက ထြက္ခြာသြားတဲ့အခါ အမွတ္တရေကာင္းေတြနဲ႔သာ ဆက္လက္ရွင္သန္ေစလိုသည္။

"ဗ်ာ...!!! ဟုတ္"

ေပ်ာ္သြားသည့္ မ်က္ႏွာေလးက ဖံုးမရ၊ ဖိမရ။ ထို႔ေနာက္ Wang Huo Linက Kun Erကို အခန္းျပန္ အိပ္ခိုင္းလိုက္သည္။

ခ်စ္သူႏွင့္အတူရွိေသာ ညတာသည္ တိုလြန္းလွသည္။ မအိပ္စက္ခ်င္ေသးလည္း အိပ္စက္ခဲ့ရသည့္ ၾကယ္ေရာင္စံုညတစ္ည။

___________________________________

BLOOM
14.6.2021
(4:12)PM




🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾







တံခါးဖွင့်ပြီး ဝင်လာတဲ့ တစ်ယောက်သောသူကြောင့် လူငယ်(၅)ယောက်ဟာ...

Li Dai Kun_ "Lin....Lin Ge!!!"

Wei Long_ " Wang...Wang Huo Linကြီး"

Zhan Han_ "OMG... Dai Kun မင်းက နတ်ဘုရားWangနဲ့ အမျိုးလား"

Yi Zhang_ "Dai Kun နင့်အကိုဆီက လက်မှတ်တောင်းလို့ရလား"

Xi Yan_ "Wang Huo Lin!!!"

လူငယ်လေးတွေရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်စေခဲ့သည်။

မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း Wang Huo Lin ကို ရွှန်းရွှန်းစားစားကြည့်နေသည်။

သူတို့အလွန့်အလွန် ကြိုက်လှပါတဲ့အိုင်ဒေါကို တေ့တေ့ဆိုင်ဆိုင် တွေ့လိုက်ရသည်မို့ မပျော်မှသာ ထူးဆန်းပေအုံးမည်။

"Dai Kun တကယ်ကြီးကို မင်းက နတ်ဘုရားWangနဲ့ ဝမ်းကွဲအမျိုးပဲ"

Zhan Hanက Dai Kun၏ပုခုံးကို ပုတ်ကာ ဝမ်းသာအားရပြောသည်။

ထိုသို့ထိခတ်လိုက်သော လက်ကို မျက်မှောင်ကြုံ့ကာ ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုတော့ Xi Yanတစ်ယောက် ဖမ်းဆုပ်မိသွားသည်။

"Kun Er...အာ သူငယ်ချင်းတွေ ရောက်နေတာလား၊ မေမေကရော ဘာလာလုပ်တာလဲ"

အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည်က Kun Erနှင့် ရွယ်တူသူငယ်ချင်းများပါမက မိခင်ဖြစ်သူကိုပါ မြင်လိုက်ရတာမို့ Wang Huo Lin မျက်ခုံးတို့ ပင့်မြောက်သွားရသည်။

ထို့အပြင် ရင်းနှီးလှစွာသော အပြုအမှုတွေက Huo Linမျက်လုံးထဲ ကန့်လန့်ကြီးဝင်လာပေမယ့် Kun Erရဲ့ သူငယ်ချင်းတွေမလား။

စာချုပ်ထဲက စည်းကမ်းတွေကို မဖောက်ဖျက်မိဖို့ ဒီထက်ပိုလာတာမြင်မှ Kun Erကို သတိပေးစကားဆိုရမည်။

"Lu ငါ့အခန်းထဲ သွားထည့်ထားလိုက်"

Wang Luကို လက်ထဲက ကိုင်ထားသည့် အထုပ်တစ်ထုပ်ကို ပစ်ပေးလိုက်တော့ ကျင်လည်စွာဖမ်းလိုက်သည်။

"ဒေါ်လေးWang"

Wang Luက နှုတ်ဆက်လိုက်တော့ မေမေWangမှာ အပေါ်ထပ်သွားရန်ဟန်ပြင်နေသော တူချောလေးကို ပွေ့ဖက်လိုက်ကာ ကလေးများနှင့် မိတ်ဆက်ပေးလိုက်ပုံက အမှတ်တမဲ့လိုလို။

"သားတို့သမီးတို့ ဒါက အန်တီရဲ့ တူလေးလေ Wang Luတဲ့ သမီးတို့ခေါ်ခေါ်နေတဲ့ ဘာတဲ့ နတ်ဘုရားWangလား အေး အဲ့လို နတ်ဘုရားWang ရဲ့ညီဝမ်းကွဲပေါ့၊ နောက်အခါ အိမ်ကိုလာလည်တဲ့အခါ မသိတဲ့သူတွေ မဖြစ်ရအောင် အန်တီက မိတ်ဆက်ပေးတာ"

Wang Luမှာလည်း ကျောက်ရုပ်လို ရပ်သွားပြီး Li Dai Kunမှာလည်း မျက်နှာအမ်းသွားရသည်။

Wang Huo Linမှာတော့ မိခင်ဖြစ်သူကို အိမ်အပြင်ထိလိုက်ပို့လိုက်ကာ မိခင်မွှေးခဲ့သောမီးစကိုရှင်းရန် အိမ်ထဲ ပြန်ဝင်လာလိုက်သည်။

"Li Dai Kun!!!"
"Wang Huo Lin!!!"
"Wang Lu!!!"
"ဒေါ်လေးWang!!!"
"မေမေ!!!"

"အမ် ဒါဆို Dai Kunနဲ့ နတ်ဘုရား Wangက ညီအကို မဟုတ်ပြန်ဘူးလား"

လေးယောက်သားတညီတညွတ်တည်း ထုတ်မေးဖြစ်ခဲ့သည်။

"နတ်ဘုရားWangနဲ့ ဝမ်းကွဲဆို ဘာလို့ အန်တီWangကို အကို Wang Luလို ဒေါ်လေးWangလို့ မခေါ်ဘဲ မေမေဖြစ်နေရတာလဲ"

ကလေးလေးယောက်က တွတ်ထိုးနေရင် သူတို့အချင်းချင်းပြောနေကြသည်။

Li Dai Kun ကိုလည်း တည့်တည့်လာမမေး။

Wang Luမှာလည်း အပေါ်ပဲတက်ရမလို နေရာမှာတင် ဆက်ပြီးရပ်နေရမလို ဖြစ်နေသည်။

Wang Huo Lin အိမ်ထဲဝင်လာတော့ အခြေအနေက အတော်ကို ကိုးရိုးကားယားဖြစ်နေလေသည်။

" ကျောင်းသားတို့ ကိုယ့်ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား"

စွဲဆောင်မှုရှိတဲ့အသံ သြရှရှကြောင့် လူငယ်လေးတွေမှာ မလွန်ဆန်နိုင်ဘဲ ခေါင်းကိုသာညိတ်ပြကြတော့သည်။

Wang Huo Linမှာ Li Dai Kunနှင့် ကပ်လျက် ဘေးခုံအလွတ်မှာ ဝင်ထိုင်လိုက်ပြီး Dai Kunလက်ကို ဆုပ်ကိုင်ကာ ပြောလေသည်။

"ကိုယ်တို့က ညီအကိုတွေ မဟုတ်ပါဘူး"

ကလေးလေးယောက်၏ မျက်လုံးအကြည့်များက ဆုပ်ကိုင်ထားသော လက်နှစ်ဖက်တွင်သာ ရှိခဲ့သည်။

"ကိုယ်တို့က ချစ်သူတွေပါ"

Wang Huo Linက Dai Kun သူငယ်ချင်းတွေဘက်ကို ယဉ်ကျေးသော အသုံးအနှုန်းတို့ဖြင့် ပြောလိုက်သည်။

ကြည့်တတ်လျှင် မြင်လေမည်။ Wang Huo Lin ၏မျက်နှာအမူအရာက အခန်းထဲဝင်လာကာစက တည်တင်းနေတဲ့ ပုံစံလိုမျိုးနည်းနည်းလေးတောင် မရှိတော့ဘဲ ကြည်နူးစွာ ပြောနေဟန်ပေါ်သည်။

"အမ်....ချစ် ချစ်သူတွေ!!!"

လေးယောက်လုံးက အ့ံသြစွာ တစ်သံတည်း ထွက်ပေါ်လာပြန်သည်။

Wang Huo Lin၏ စကားကို Dai Kun မငြင်းခဲ့ချေ။

အခြေနေတွေက မရှင်းပြပြန်ရင်လည်း ဒီတိုင်းထားလိုက်လို့ရသည့် အနေအထားတို့တွင် မဟုတ်တော့။

အကယ်၍ Wang Huo Linရဲ့ အစေခံလေးပါဆိုပြီး ဇွတ်ငြင်းပြန်ရင်လည်း မေမေWangက အရှေ့မှာ ရောက်နှင့်နေခဲ့ပြီးဖြစ်သည်။

ဘယ်ကကာကာ ညာကကာကာ အမှန်တရားက လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်နေပြီမို့ ဖုံးကွယ်ထားလို့ မရတော့ချေ။

ထိုနေ့က သူငယ်ချင်းများမှာ အိမ်မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ မိုးလင်းတော့ Wangအိမ်တော်က ထမင်းချက်အန်တီ၏ များစွာသောဟင်းပွဲများကို စားသောက်ပြီး ကျောင်းကို ပြန်သွားကြလေသည်။

ရုပ်ရှင်ဘုရင် နတ်ဘုရားWangနှင့် ထမင်းလက်ဆုံစားရသည်မို့ အကုန်လုံးက ပျော်ရွှင်နေကြလေသည်။

မပြန်ခင်မှာလည်း ကတိတစ်ခုခံသွားရသေးသည်။

Li Dai Kun နှင့် Wang Huo Lin က စုံတွဲတွေပါဆိုတာ မပေါက်ကြားဖို့ပဲဖြစ်သည်။

ကျောင်းသားတွေကလည်း သူတို့သူငယ်ချင်း၏ လုံခြုံရေးအတွက် မပေါက်ကြားစေရပါဘူးဟု အာမခံသွားကြလေသည်။

_______________________________________

ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ပြီးသွားသည့်နောက် Wang Huo Lin မှာ အားလပ်ရက်တစ်ပတ်ရလေသည်။

ထိုကာလတွင် နောက်အသစ်ရိုက်မည့် ဇာတ်ညွှန်းကို ကြိုဖတ်နေပြီး အချိန်တို့ကို အကျိုးရှိရှိ အသုံးချနေသေးသည်။

ဗီလာမှာ ပုံမှန်နေ့ရက်တွေကို (၃)ရက်ခန့် ဖြတ်သန်းပြီးတဲ့အထိ Kun Erမှာ Wang Huo Linကို ရှောင်နေလေသည်။

ပြီးခဲ့တဲ့အပတ်က ကိစ္စအချို့ဖြစ်သွားပြီးတဲ့နောက် Li Dai Kunနဲ့ သူငယ်ချင်းတွေကြား ထူးထူးခြားခြားပြောင်းလဲသွားတာ မရှိဘဲ Dai Kunအပေါ် ယခင်ကထက်ကို ကြင်နာလာကြသည်။

Wei Longက မျက်မှန်လေးကိုပင့်တင်ရင်း ပြောလေသည်။

"နတ်ဘုရားWang အနိုင်ကျင့်ရင် ငါ့တို့ကိုပြော"

"ဟုတ်တယ် ငါတို့ကိုပြော"

ကျန်တဲ့သူငယ်ချင်းများကပါ ဝိုင်းဝန်းထောက်ခံကြလေသည်မို့ Dai Kunမှာ သူငယ်ချင်းများကို ကျေးဇူးတင်ရသေးသည်။

သို့ပေမယ့် Dai Kunတစ်ယောက် Lin Geကို မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေမိလေသည်။

ဒီနေ့တော့ ရှောင်နေတဲ့ကောင်လေး၏ ကျောင်းကပြန်အလာကို Huo Lin အိမ်ပေါက်ဝကနေ စောင့်နေလိုက်သည်။

"တွီ......ဂျောက်"

တံခါးဖွင့်လာသည်နှင့် သူလွမ်းနေရသည့် ကောင်လေးမျက်နှာကို Huo Lin ငေးနေမိသည်။

" အိမ်ကနေ ကြိုဆိုပါတယ် Kun Er"

"ဟုတ်"

Lin Geကို ကွေ့ပတ်လျှောက်လာရင်း အိမ်ထဲဝင်လာခဲ့သည်။

"အန်တီကြီး ဝက်လက်စွပ်ပြုတ်လေး လုပ်ပေးသွားတယ် ပူတုန်းလေးစားရအောင် ရေချိုးပြီးတာနဲ့ လာခဲ့နော်"

"ဟုတ်!!!"

Kun Erက မိမိကိုရှောင်နေမှန်းသိလို့ Huo Linတစ်ယောက် အသည်းအသန် စကားလိုက်ပြောနေလိုက်သည်။

ဘာပဲပြောပြော ကောင်လေးဆီက "ဟုတ်" တစ်လုံးတော့ ကြားရသေးသည် မဟုတ်ပါလား။

စွပ်ပြုတ်ကို အိုးသေးလေးထဲပြောင်းထည့်ကာ စားပွဲပေါ်ရှိ အပူခံပြားပေါ် တင်လိုက်သည်။

ပန်းကန်လုံးနှစ်လုံးကိုယူပြီး မျက်နှာချင်းဆိုင်တွင် တစ်လုံးစီချလိုက်သည်။

ခဏနေတော့ Kun Erက ရောက်လာကာ ထိုင်ခုံပေါ် ဝင်ထိုင်လေသည်။

ထို့နောက် Huo Lin ခပ်ထည့်ပေးထားသည့် စွပ်ပြုတ်ကို နည်းနည်းချင်းစီ ယူစားလေသည်။

"ကောင်းလား"

"ဟုတ် "

"ကောင်းရင်များများစား"

အသားတို့ကို ဖဲ့ယူကာ Kun Erပန်းကန်ထဲ ထည့်ပေးလိုက်သည်။

"ဟုတ်"

"Kun Er...!"

ခပ်သြသြဖြင့် စွဲဆောင်မှုရှိသော ထိုခေါ်သံ။ ထိုခေါ်သံကြားလျှင် Dai Kun အကြိမ်ကြိမ် ကျရှုံးရသည်။

"ဟမ်"

"ကိုယ့်ကို "ဟုတ်" တစ်လုံးကလွဲပြီး ပြောစရာစကား မရှိဘူးလားဟင်"

မျှော်လင့်ချက်ဖြင့် အရောင်တောက်နေတယ်လို့ ခံစားရတဲ့ လေးနက်တဲ့အကြည့်တွေက Dai Kunကို ဇဝေဇဝါဖြစ်စေတယ်။

"ဟို ကျွန်တော်တို့ ကျောင်းProjectအရွေးခံရတယ်"

ပြီးခဲ့တဲ့အပတ်က အိမ်မှာလာလုပ်သွားတဲ့ ကျောင်းProjectအကြောင်း ပြောပြလိုက်သည်။

"ကိုယ် ဂုဏ်ယူပါတယ်၊ ကိုယ့်ကောင်လေးက အကုန်လုံးတော်တာပဲ"

ကောင်လေးရဲ့မျက်နှာကို တည့်တည့်ကြည့်ကာ Wang Huo Linပြောလေသည်။

"ဟင်...ဟုတ်!!!"

Li Dai Kun နားရွက်ဖျားတို့ နီရဲတက်သွားကာ ခေါင်းကိုငုံ့ကာ ပြုံးလိုက်မိသည်။

ကိုယ်သဘောကျနေသူ၏ အပြောဟာလည်း ဘာလေးပဲကြားရကြားရ ချိုလွန်းပါသည်။

ညစာစားပြီးတော့ Dai Kunက စားပြီးသားပန်းကန်တို့ကို တာဝန်ယူကာ ဆေးလိုက်သည်။

စားသောက်ဆေးကြောပြီးနောက် ဧည့်ခန်းထဲ TVမှလာတဲ့ ရုပ်သံလိုင်းတစ်ခုကို ကြည့်နေလေသည်။

နှစ်ယောက်သား ဘေးတိုက်ယှဉ်တွဲထိုင်ကာ တိတ်ဆိတ်နေမိကြသည်။

" Kun Er ဘယ်လိုရုပ်ရှင်မျိုးကို ကြိုက်လဲ"

Dai Kun မျက်နှာဘေးတစ်စောင်းကို ငေးရင်း Wang Huo Lin ဂရုတစိုက်မေးလိုက်သည်။

" Romance... Dramaလည်းကြိုက်တယ်၊ ဒါပေမယ့် အရမ်းငိုရရင် မကြိုက်တော့ဘူး"

Dai Kun က အနည်းငယ် စောင်းငဲ့ကြည့်လာပြီးနောက် အကြည့်တို့ကို TV ဖန်သားပြင်ထက်ပို့လိုက်ပြီး ဖြေလာသည်။

"အင်း ကိုယ့်အားလပ်ရက် နောက်ဆုံးရက်မှာ ရုပ်ရှင်သွားကြည့်ကြတာပေါ့၊ ကိုယ်တို့အတူတူ"

Huo Linဘက်က ပထမဆုံးစတင်ဖြစ်တဲ့ ခြေလှမ်းဖြစ်သည်။

Kun Erထံစိတ်ရှိခြင်း ၊ မရှိခြင်းထက် ထိုကောင်လေး မိမိနှင့်အတူတူနေသည့် ကာလပတ်လုံး ပျော်ပျော်ရွှင်ရွှင်သာ နေသွားစေရမည်။

ငယ်စဉ်ကတည်းက ချို့တဲ့ခဲ့တဲ့ကလေး မဟုတ်လား။

အခုလည်း ကျွန်တော်ပေးတဲ့ ငွေတွေနဲ့ ငယ်စဉ်ကတည်းက နေလာခဲ့တဲ့ မိဘမဲ့ဂေဟာကို ထောက်ပံ့နေတာ ကျွန်တော်သိသည်။

ထိုသို့ လိမ္မာယဉ်ကျေးတဲ့ ကောင်လေးနဲ့ ပျော်ရွှင်မှုတွေက ထိုက်တန်တယ်မလား။

ကျွန်တော်ဆီက ထွက်ခွာသွားတဲ့အခါ အမှတ်တရကောင်းတွေနဲ့သာ ဆက်လက်ရှင်သန်စေလိုသည်။

"ဗျာ...!!! ဟုတ်"

ပျော်သွားသည့် မျက်နှာလေးက ဖုံးမရ၊ ဖိမရ။ ထို့နောက် Wang Huo Linက Kun Erကို အခန်းပြန် အိပ်ခိုင်းလိုက်သည်။

ချစ်သူနှင့်အတူရှိသော ညတာသည် တိုလွန်းလှသည်။ မအိပ်စက်ချင်သေးလည်း အိပ်စက်ခဲ့ရသည့် ကြယ်ရောင်စုံညတစ်ည။

___________________________________

BLOOM
14.6.2021
(4:12)PM

Continue Reading

You'll Also Like

1M 55.1K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
674K 41.2K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
253K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
315K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc