My Master Can't Be This Yande...

Da Dancing_Breeze

161K 25.5K 658

Name(s) Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) Hen Shi J... Altro

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61

Chapter - 14

2.6K 439 6
Da Dancing_Breeze

Unicode

၉၅၀။ အဓိပ္ပာယ်ရှိ‌သောအကြည့်တစ်ချက်
________________

နဉ်ရှုက သူတို့ဆီလျှောက်သွားကာ ဒူးတစ်‌ဖက်ထောက်ပြီး လက်သီးဆုပ်အရိုအသေပေးသည်။

"သခင်။"

ရှန့်ကွမ်းချင်းရော့က နဉ်ရှုကိုကြည့်လာသည်။ သူမရဲ့အကြည့်က နဉ်ရှုရဲ့မျက်နှာဆီဖြတ်သန်းကျရောက်လာပြီးနောက် အဝေးကိုရွှေ့သွား၏။

"ချင်းရော့၊ ဒီလျှို့ဝှက်သက်တော်စောင့်က မင်းအတွက်။ သူက မင်းကိုကာကွယ်ပေးလိမ့်မယ်။"

ရွှမ်ဟုန်ယွီကပြောလာသည်။

ရှန့်ကွမ်းချင်းရော့က နဉ်ရှုကို သဘောကျပုံမပေါ်ပေ။

"ငါ လျှို့ဝှက်သက်တော်စောင့်မလိုဘူး။ တစ်ယောက်ယောက်က ငါ့နောက်ကို အမြဲလိုက်နေသလိုခံစားရတယ်။ သက်တောင့်သက်သာမရှိဘူး။"

"သူက မင်းကို အမှောင်ထဲကနေပဲကာကွယ်မှာပါ။ မင်း အန္တရာယ်ကြုံရင် သူက မင်းကိုကယ်ဖို့ထွက်လာလိမ့်မယ်။ မင်းက နေရာမျိုးစုံသွားကစားရတာကြိုက်တယ်လေ၊ ဒီတော့ မင်း အန္တရာယ်ကြုံနိုင်တယ်။ သူက..."

ရွှမ်ဟုန်ယွီက နဉ်ရှုဘက်လှည့်ကာ အေးစက်စွာမေးလာ၏။

"မင်းနာမည်ကဘာလဲ?"

နဉ်ရှု : ...

"ဆယ့်တစ်ပါ။"

နဉ်ရှုက ပြန်ဖြေသည်။

"မင်း အန္တရာယ်ကြုံရင် ဆယ့်တစ်က မင်းကိုကာကွယ်နိုင်တယ်။ ပြီးတော့ မိန်းက‌လေးလျှို့ဝှက်သက်တော်စောင့်ရှိတာ မင်းအတွက်လည်း အဆင်ပြေလိမ့်မယ်။"

ရွှမ်ဟုန်ယွီက ထိုစကားကိုဆိုရင်း သူ့ခါးထက်က ကျောက်စိမ်းဆွဲပြားကိုလက်ဖြင့်ပွတ်နေသည်။

ရှန့်ကွမ်းချင်းရော့က စကားမဆိုဘဲ နှုတ်ခမ်းစူနေ၏။

ရွှမ်ဟုန်ယွီ့ရဲ့မျက်လုံးကျဉ်းကျဉ်းတွေထဲ အလင်းတန်းတစ်ချက်ဖြတ်ပြေးသွားသည်။ သူ ဒေါသထွက်လာနေပြီလို့ ခံစားလိုက်ရတာကြောင့် နဉ်ရှုက ရှန့်ကွမ်းချင်းရော့ကိုနှုတ်ဆက်လိုက်သည်။

"သခင်မလေးရှန့်ကွမ်း။"

"အခုကစပြီး သူက မင်းသခင်ပဲ။ သူ့ကို ကောင်းကောင်းကာကွယ်ပြီး သူ့အမိန့်တွေအားလုံးကိုနာခံ၊ နားလည်လား?"

ရွှမ်ဟုန်ယွီက နဉ်ရှုကို ခက်ထန်စွာပြောလာသည်။

"ဒီငယ်သားနားလည်ပါတယ်။"

နဉ်ရှုက ခေါင်းကို မသိမသာလေးငုံ့ကာဆိုသည်။

ရှန့်ကွမ်းချင်းရော့မှာ နဉ်ရှုကိုလက်ခံဖို့ကလွဲပြီးရွေးစရာမရှိပေ။

ရှန့်ကွမ်းချင်းရော့ စိတ်ဓာတ်ကျနေသည်၊ သို့သော်လည်း နဉ်ရှုက ပိုတောင်စိတ်ဓာတ်ကျနေသေး၏။ ကောင်းကောင်းဆိုးဆိုး၊ သူမက ရှန့်ကွမ်းချင်းရော့ရဲ့လုံခြုံမှုကို တာဝန်ယူပေးဖို့ ဒီကိုရောက်လာတာလေ။ ရှန့်ကွမ်းချင်းရော့က ဘာလို့ ဒီလောက်တောင်မပျူငှာရတာလဲ?

ရှန့်ကွမ်းချင်းရော့ပြန်သွားချိန်၌ သူမက အနည်းငယ်မပျော်မရွှင်ဖြစ်နေသော်လည်း ရွှမ်ဟုန်ယွီက ဘာမှမပြောပေ။ သူက နဉ်ရှုကို အဓိပ္ပာယ်ပါပါကြည့်လာ၏။

အဲ့အကြည့်က နဉ်ရှုကို လုံးဝစိတ်ရှုပ်ထွေးသွားစေသည်။ ဒါက ဘာကိုဆိုလိုတာလဲ?

ရှန့်ကွမ်းချင်းရော့ထွက်သွားတာကိုမြင်တဲ့အခါ နဉ်ရှုက အလျင်စလိုလိုက်သွားသည်။ သူမတို့ မင်းသားအိမ်တော်ကထွက်လာသည်နှင့် ရှန့်ကွမ်းချင်းရော့က လမ်းလျှောက်နေသည်ကိုရပ်လိုက်ကာ နဉ်ရှုကိုလှည့်ကြည့်ကာဆို၏။

"နင်က ငါ့လုံခြုံမှုကိုတာဝန်ယူပေးဖို့လိုတာမို့ ကျေးဇူးပဲ၊ ဒါပေမယ့် ငါ့နောက်ကိုလိုက်နေတဲ့လူရှိနေတာမျိုး ငါမကြိုက်ဘူး။"

နဉ်ရှုက ခြေလှမ်းအတော်များများဆုတ်လိုက်ပြီးမှပြောသည်။

"သခင်မလေးရှန့်ကွမ်း၊ သခင်မလေး အရင်သွားလို့ရပါတယ်။ ကျွန်မ သခင်မလေးရှေ့မှာ လုံးဝပေါ်မလာပါဘူး။"

သူ့ကိုကြည့်စမ်း! ရှေးခေတ်က လက်မထပ်ရသေးတဲ့မိန်းက‌လေးတစ်ယောက်က အစေခံတစ်ယောက်တောင်မပါဘဲ အပြင်ထွက်နေတယ်။ ဒီလိုအပြင်ထွက်တာက တကယ်အန္ဆရာယ်များတာ။ ရှန့်ကွမ်းချင်းရော့က ဘာသိုင်းပညာမှမတတ်ဘူးကို။ တစ်ယောက်ယောက်က သူမကိုဆွဲပြီး အဝေးခေါ်သွားရင် ဘယ့်နှယ်လုပ်မတုန်း?

ရွှမ်ဟုန်ယွီ ရှန့်ကွမ်းချင်းရော့ကိုနောက်တစ်ခါတွေ့ရင် အပျော်ဂေဟာမှာဖြစ်နေလောက်တယ်။

နင်နဲ့အတူ အစေခံတစ်ယောက်ရှိတာက တစ်ခြားလူတွေ အတင့်ရဲတာမျိုးလုပ်ဖို့ကြံနေတာကို ဟန့်တားဖို့ နင့်အဆင့်အတန်းကို ကြေညာတာပဲ။ ဒါက သံသယတွေမြင့်တက်လာတာကို ရှောင်ရှားဖို့လည်း အသုံးဝင်တယ်။

ရှန့်ကွမ်းချင်းရော့က ဒေါသတကြီးခြေဆောင့်လိုက်သော်လည်း သူမရဲ့အပြုအမူက အင်မတန်ချစ်ဖို့ကောင်းနေ၏။

နဉ်ရှုက ရှန့်ကွမ်းချင်းရော့နောက်ကနေ ယဉ်ကျေးမှုဌာန၏ကြီးကြပ်ရေးအမတ်အိမ်တော်သို့လိုက်သွားလိုက်ပြီး နံရံပေါ်ခုန်တက်ကာ ရှန့်ကွမ်းချင်းရော့ရဲ့ခြံဝင်းရှေ့က သစ်‌ပင်တစ်ပင်ဆီသွားကာ ငုတ်တုတ်လေးထိုင်ချလိုက်၏။ သစ်ရွက်တွေက အရမ်းထူထဲလွန်းတာမို့ သူမရဲ့ပုံရိပ်ကို ဖုံးကွယ်ပေးထားသည်။

နဉ်ရှုမှာ ဘေးနားကသစ်ရွက်ပေါ်မှာရှိနေတဲ့ပေါက်ဖတ်ကိုကြည့်ရင်း စိတ်ဓာတ်ကျနေလေ၏။ လျှို့ဝှက်သက်တော်စောင့်တွေရဲ့ဘဝက ဘာလို့ အရမ်းခက်ခဲရတာလဲ?

သူမက ပေါက်ဖတ်ကိုတောက်ချလိုက်ပြီးနောက် သစ်ကိုင်းပေါ်မှာထိုင်ကာ ပြိုင်ဘက်ကင်းသိုင်းပညာကို စတင်လေ့ကျင့်လိုက်သည်။ သူမ ဒါကိုလေ့ကျင့်ရမယ်။ မူလခန္ဓာရှင်ရဲ့ လက်ရှိအရည်အချင်းတွေက ကောင်းကောင်းမလုံလောက်ဘူးရယ်။

မူလဇာတ်ကြောင်းမှာ သူမက မင်းသားကိုကယ်ဖို့ နန်းတော်ဆီပြေးသွားခဲ့ပေမယ့် မအောင်မြင်ရုံမကဘူး တစ်ကိုယ်လုံးကို မြှားတွေနဲ့အပစ်ခံရတာနဲ့အဆုံးသတ်သွားတယ်။

နဉ်ရှုက လေ့ကျင့်ရင်းဖြင့် အိမ်တော်တစ်ခုလုံးကိုလေ့လာလိုက်သည်။ ဒီအိမ်တော်မှာ ရှန့်ကွမ်းချင်းရော့က အရမ်းအလေးပေးခံရတယ်ရယ်။ သူမက တိသမီးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းတာမို့ ယဉ်ကျေးမှုကြီးကြပ်ရေးအမတ်ကတောင် သူမကို အတော်လေးကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။

[တိသမီး : အဓိကဇနီးကြီးမှမွေးသောသမီး]

ကြီးကြပ်ရေးအမတ်က သူ့သမီးကို တတိယမင်းသားနဲ့ကြိုက်စေချင်နေတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ တတိယမင်းသားက အဆုံးသတ်မှာ ဧကရာဇ်ဖြစ်မလာရင်တောင် သူက အရမ်းအင်အားကြီးတဲ့မင်းသားတစ်ပါးဖြစ်နေတုန်းလေ။

သိသာတဲ့ဆက်ခံသူရှိနေပြီးမှတော့ ဒီကြီးပြင်းလာကြပြီဖြစ်တဲ့ တတိယမင်းသား ဒါမှမဟုတ် ပဉ္စမင်းသားတို့အတွက် ဧကရာဇ်ဖြစ်လာဖို့က လွယ်မှာမဟုတ်ဘူး။

သို့သော်လည်း အိမ်ရှေ့စံမင်းသားက အမြောက်စာဇာတ်ကောင်သပ်သပ်ပဲဆိုတာ နဉ်ရှုသိနေသည်။ မူလဇာတ်ကြောင်းမှာ သူကလည်း ရှန့်ကွမ်းချင်းရော့ကို အတော်လေးစိတ်ဝင်စားခဲ့တာ။ သူက သူမအပေါ်ဖိအားပေးဖို့ ရှန့်ကွမ်းချင်းရော့ကိုပြန်ပေးဆွဲမယ့်လူတွေတောင် ပြင်ထားသေး။

ဟုတ်ပြီလေ၊ ရှန့်ကွမ်းချင်းရော့ရဲ့ဆွဲဆောင်မှုက တကယ်အားကောင်းတာ။

အဆုံးကျတော့လည်း အိမ်ရှေ့စံမင်းသားက စင်ပေါ်ကဖြုတ်အချခံလိုက်ရတာနဲ့ပဲ အဆုံးသတ်သွားလေရဲ့။ အဲ့နောက်မှာတော့ တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ရဲ့ ရုန်းကန်တိုက်ပွဲကြီးစတော့တာပဲ။

ပဉ္စမမင်းသားရွှမ်ရှောင်ထျန်းမှာက ကောင်းကင်ဘုံကချီးမြှင့်ထားတဲ့ကံကောင်းမှုတွေရှိတော့ ရွှမ်ဟုန်ယွီ သူ့ကိုနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူးရယ်။ ဒါ့အပြင် ရွှမ်ဟုန်ယွီက ရှန့်ကွမ်းချင်းရော့ကို အများကြီးထိခိုက်အောင်လုပ်ထားသေးတယ်။

အမျိုးသမီးဇာတ်လိုက်ကို ထိခိုက်အောင်လုပ်ပြီး‌ နင်က အောင်မြင်ဖို့မျှော်လင့်နေသေးတယ်ပေါ့? ပြန်အိပ်ပြီး အိပ်မက်သာဆက်မက်နေလိုက်။
...

Realm-15ရဲ့ အပ်ပုဒိတ်ကတော့ တစ်ရက်ခြားပါ။ ကျေးဇူးတင်ပါတယ်။
...

Zawgyi

၉၅၀။ အဓိပၸာယ္ရိွ‌ေသာအၾကၫ့္တစ္ခ်က္
________________

နဉ္ရႈက သူတို႔ဆီေလ်ွာက္သြားကာ ဒူးတစ္‌ဖက္ေထာက္ၿပီး လက္သီးဆုပ္အရိုအေသေပးသည္။

"သခင္။"

ရွန႔္ကြမ္းခ်င္းေရာ့က နဉ္ရႈကိုၾကၫ့္လာသည္။ သူမရဲ့အၾကၫ့္က နဉ္ရႈရဲ့မ်က္ႏွာဆီျဖတ္သန္းက်ေရာက္လာၿပီးေနာက္ အေဝးကိုေရႊ့သြား၏။

"ခ်င္းေရာ့၊ ဒီလ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က မင္းအတြက္။ သူက မင္းကိုကာကြယ္ေပးလိမ့္မယ္။"

ရႊမ္ဟုန္ယြီကေျပာလာသည္။

ရွန႔္ကြမ္းခ်င္းေရာ့က နဉ္ရႈကို သေဘာက်ပံုမေပၚေပ။

"ငါ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္မလိုဘူး။ တစ္ေယာက္ေယာက္က ငါ့ေနာက္ကို အၿမဲလိုက္ေနသလိုခံစားရတယ္။ သက္ေတာင့္သက္သာမရိွဘူး။"

"သူက မင္းကို အေမွာင္ထဲကေနပဲကာကြယ္မွာပါ။ မင္း အႏၲရာယ္ႀကံဳရင္ သူက မင္းကိုကယ္ဖို႔ထြက္လာလိမ့္မယ္။ မင္းက ေနရာမ်ိဳးစံုသြားကစားရတာႀကိဳက္တယ္ေလ၊ ဒီေတာ့ မင္း အႏၲရာယ္ႀကံဳႏိုင္တယ္။ သူက..."

ရႊမ္ဟုန္ယြီက နဉ္ရႈဘက္လွၫ့္ကာ ေအးစက္စြာေမးလာ၏။

"မင္းနာမည္ကဘာလဲ?"

နဉ္ရႈ : ...

"ဆယ့္တစ္ပါ။"

နဉ္ရႈက ျပန္ေျဖသည္။

"မင္း အႏၲရာယ္ႀကံဳရင္ ဆယ့္တစ္က မင္းကိုကာကြယ္ႏိုင္တယ္။ ၿပီးေတာ့ မိန္းက‌ေလးလ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ရိွတာ မင္းအတြက္လည္း အဆင္ေျပလိမ့္မယ္။"

ရႊမ္ဟုန္ယြီက ထိုစကားကိုဆိုရင္း သူ႔ခါးထက္က ေက်ာက္စိမ္းဆြဲျပားကိုလက္ျဖင့္ပြတ္ေနသည္။

ရွန႔္ကြမ္းခ်င္းေရာ့က စကားမဆိုဘဲ ႏႈတ္ခမ္းစူေန၏။

ရႊမ္ဟုန္ယြီ႔ရဲ့မ်က္လံုးက်ဉ္းက်ဉ္းေတြထဲ အလင္းတန္းတစ္ခ်က္ျဖတ္ေျပးသြားသည္။ သူ ေဒါသထြက္လာေနၿပီလို႔ ခံစားလိုက္ရတာေၾကာင့္ နဉ္ရႈက ရွန႔္ကြမ္းခ်င္းေရာ့ကိုႏႈတ္ဆက္လိုက္သည္။

"သခင္မေလးရွန႔္ကြမ္း။"

"အခုကစၿပီး သူက မင္းသခင္ပဲ။ သူ႔ကို ေကာင္းေကာင္းကာကြယ္ၿပီး သူ႔အမိန႔္ေတြအားလံုးကိုနာခံ၊ နားလည္လား?"

ရႊမ္ဟုန္ယြီက နဉ္ရႈကို ခက္ထန္စြာေျပာလာသည္။

"ဒီငယ္သားနားလည္ပါတယ္။"

နဉ္ရႈက ေခါင္းကို မသိမသာေလးငံု႔ကာဆိုသည္။

ရွန႔္ကြမ္းခ်င္းေရာ့မွာ နဉ္ရႈကိုလက္ခံဖို႔ကလြဲၿပီးေရြးစရာမရိွေပ။

ရွန႔္ကြမ္းခ်င္းေရာ့ စိတ္ဓာတ္က်ေနသည္၊ သို႔ေသာ္လည္း နဉ္ရႈက ပိုေတာင္စိတ္ဓာတ္က်ေနေသး၏။ ေကာင္းေကာင္းဆိုးဆိုး၊ သူမက ရွန႔္ကြမ္းခ်င္းေရာ့ရဲ့လံုၿခံဳမႈကို တာဝန္ယူေပးဖို႔ ဒီကိုေရာက္လာတာေလ။ ရွန႔္ကြမ္းခ်င္းေရာ့က ဘာလို႔ ဒီေလာက္ေတာင္မပ်ူငွာရတာလဲ?

ရွန႔္ကြမ္းခ်င္းေရာ့ျပန္သြားခ်ိန္၌ သူမက အနည္းငယ္မေပ်ာ္မရႊင္ျဖစ္ေနေသာ္လည္း ရႊမ္ဟုန္ယြီက ဘာမွမေျပာေပ။ သူက နဉ္ရႈကို အဓိပၸာယ္ပါပါၾကၫ့္လာ၏။

အဲ့အၾကၫ့္က နဉ္ရႈကို လံုးဝစိတ္ရႈပ္ေထြးသြားေစသည္။ ဒါက ဘာကိုဆိုလိုတာလဲ?

ရွန႔္ကြမ္းခ်င္းေရာ့ထြက္သြားတာကိုျမင္တဲ့အခါ နဉ္ရႈက အလ်င္စလိုလိုက္သြားသည္။ သူမတို႔ မင္းသားအိမ္ေတာ္ကထြက္လာသည္ႏွင့္ ရွန႔္ကြမ္းခ်င္းေရာ့က လမ္းေလ်ွာက္ေနသည္ကိုရပ္လိုက္ကာ နဉ္ရႈကိုလွၫ့္ၾကၫ့္ကာဆို၏။

"နင္က ငါ့လံုၿခံဳမႈကိုတာဝန္ယူေပးဖို႔လိုတာမို႔ ေက်းဇူးပဲ၊ ဒါေပမယ့္ ငါ့ေနာက္ကိုလိုက္ေနတဲ့လူရိွေနတာမ်ိဳး ငါမႀကိဳက္ဘူး။"

နဉ္ရႈက ေျခလွမ္းအေတာ္မ်ားမ်ားဆုတ္လိုက္ၿပီးမွေျပာသည္။

"သခင္မေလးရွန႔္ကြမ္း၊ သခင္မေလး အရင္သြားလို႔ရပါတယ္။ ကြၽန္မ သခင္မေလးေရ႔ွမွာ လံုးဝေပၚမလာပါဘူး။"

သူ႔ကိုၾကၫ့္စမ္း! ေရွးေခတ္က လက္မထပ္ရေသးတဲ့မိန္းက‌ေလးတစ္ေယာက္က အေစခံတစ္ေယာက္ေတာင္မပါဘဲ အျပင္ထြက္ေနတယ္။ ဒီလိုအျပင္ထြက္တာက တကယ္အႏၧရာယ္မ်ားတာ။ ရွန႔္ကြမ္းခ်င္းေရာ့က ဘာသိုင္းပညာမွမတတ္ဘူးကို။ တစ္ေယာက္ေယာက္က သူမကိုဆြဲၿပီး အေဝးေခၚသြားရင္ ဘယ့္ႏွယ္လုပ္မတုန္း?

ရႊမ္ဟုန္ယြီ ရွန႔္ကြမ္းခ်င္းေရာ့ကိုေနာက္တစ္ခါေတြ့ရင္ အေပ်ာ္ေဂဟာမွာျဖစ္ေနေလာက္တယ္။

နင္နဲ႔အတူ အေစခံတစ္ေယာက္ရိွတာက တစ္ျခားလူေတြ အတင့္ရဲတာမ်ိဳးလုပ္ဖို႔ႀကံေနတာကို ဟန႔္တားဖို႔ နင့္အဆင့္အတန္းကို ေၾကညာတာပဲ။ ဒါက သံသယေတျြမင့္တက္လာတာကို ေရွာင္ရွားဖို႔လည္း အသံုးဝင္တယ္။

ရွန႔္ကြမ္းခ်င္းေရာ့က ေဒါသတႀကီးေျခေဆာင့္လိုက္ေသာ္လည္း သူမရဲ့အျပဳအမူက အင္မတန္ခ်စ္ဖို႔ေကာင္းေန၏။

နဉ္ရႈက ရွန႔္ကြမ္းခ်င္းေရာ့ေနာက္ကေန ယဉ္ေက်းမႈဌာန၏ႀကီးၾကပ္ေရးအမတ္အိမ္ေတာ္သို႔လိုက္သြားလိုက္ၿပီး နံရံေပၚခုန္တက္ကာ ရွန႔္ကြမ္းခ်င္းေရာ့ရဲ့ၿခံဝင္းေရ႔ွက သစ္‌ပင္တစ္ပင္ဆီသြားကာ ငုတ္တုတ္ေလးထိုင္ခ်လိုက္၏။ သစ္ရြက္ေတြက အရမ္းထူထဲလြန္းတာမို႔ သူမရဲ့ပံုရိပ္ကို ဖံုးကြယ္ေပးထားသည္။

နဉ္ရႈမွာ ေဘးနားကသစ္ရြက္ေပၚမွာရိွေနတဲ့ေပါက္ဖတ္ကိုၾကၫ့္ရင္း စိတ္ဓာတ္က်ေနေလ၏။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ေတြရဲ့ဘဝက ဘာလို႔ အရမ္းခက္ခဲရတာလဲ?

သူမက ေပါက္ဖတ္ကိုေတာက္ခ်လိုက္ၿပီးေနာက္ သစ္ကိုင္းေပၚမွာထိုင္ကာ ၿပိဳင္ဘက္ကင္းသိုင္းပညာကို စတင္ေလ့က်င့္လိုက္သည္။ သူမ ဒါကိုေလ့က်င့္ရမယ္။ မူလခႏၶာရွင္ရဲ့ လက္ရိွအရည္အခ်င္းေတြက ေကာင္းေကာင္းမလံုေလာက္ဘူးရယ္။

မူလဇာတ္ေၾကာင္းမွာ သူမက မင္းသားကိုကယ္ဖို႔ နန္းေတာ္ဆီေျပးသြားခဲ့ေပမယ့္ မေအာင္ျမင္ရံုမကဘူး တစ္ကိုယ္လံုးကို ျမႇားေတြနဲ႔အပစ္ခံရတာနဲ႔အဆံုးသတ္သြားတယ္။

နဉ္ရႈက ေလ့က်င့္ရင္းျဖင့္ အိမ္ေတာ္တစ္ခုလံုးကိုေလ့လာလိုက္သည္။ ဒီအိမ္ေတာ္မွာ ရွန္႔ကြမ္းခ်င္းေရာ့က အရမ္းအေလးေပးခံရတယ္ရယ္။ သူမက တိသမီးျဖစ္ၿပီး အရမ္းခ်စ္ဖို႔ေကာင္းတာမို႔ ယဉ္ေက်းမႈႀကီးၾကပ္ေရးအမတ္ကေတာင္ သူမကို အေတာ္ေလးေကာင္းေကာင္းမြန္မြန္ဆက္ဆံတယ္။

[တိသမီး : အဓိကဇနီးႀကီးမွေမြးေသာသမီး]

ႀကီးၾကပ္ေရးအမတ္က သူ႔သမီးကို တတိယမင္းသားနဲ႔ႀကိဳက္ေစခ်င္ေနတယ္လို႔ နဉ္ရႈခံစားလိုက္ရသည္။ တတိယမင္းသားက အဆံုးသတ္မွာ ဧကရာဇ္ျဖစ္မလာရင္ေတာင္ သူက အရမ္းအင္အားႀကီးတဲ့မင္းသားတစ္ပါးျဖစ္ေနတုန္းေလ။

သိသာတဲ့ဆက္ခံသူရိွေနၿပီးမွေတာ့ ဒီႀကီးျပင္းလာၾကၿပီျဖစ္တဲ့ တတိယမင္းသား ဒါမွမဟုတ္ ပဉၥမင္းသားတို႔အတြက္ ဧကရာဇ္ျဖစ္လာဖို႔က လြယ္မွာမဟုတ္ဘူး။

သို႔ေသာ္လည္း အိမ္ေရ႔ွစံမင္းသားက အေျမာက္စာဇာတ္ေကာင္သပ္သပ္ပဲဆိုတာ နဉ္ရႈသိေနသည္။ မူလဇာတ္ေၾကာင္းမွာ သူကလည္း ရွန႔္ကြမ္းခ်င္းေရာ့ကို အေတာ္ေလးစိတ္ဝင္စားခဲ့တာ။ သူက သူမအေပၚဖိအားေပးဖို႔ ရွန႔္ကြမ္းခ်င္းေရာ့ကိုျပန္ေပးဆြဲမယ့္လူေတြေတာင္ ျပင္ထားေသး။

ဟုတ္ၿပီေလ၊ ရွန႔္ကြမ္းခ်င္းေရာ့ရဲ့ဆြဲေဆာင္မႈက တကယ္အားေကာင္းတာ။

အဆံုးက်ေတာ့လည္း အိမ္ေရ႔ွစံမင္းသားက စင္ေပၚကျဖဳတ္အခ်ခံလိုက္ရတာနဲ႔ပဲ အဆံုးသတ္သြားေလရဲ့။ အဲ့ေနာက္မွာေတာ့ တတိယမင္းသားနဲ႔ ပဉၥမမင္းသားတို႔ရဲ့ ရုန္းကန္တိုက္ပြဲႀကီးစေတာ့တာပဲ။

ပဉၥမမင္းသားရႊမ္ေရွာင္ထ်န္းမွာက ေကာင္းကင္ဘံုကခ်ီးျမႇင့္ထားတဲ့ကံေကာင္းမႈေတြရိွေတာ့ ရႊမ္ဟုန္ယြီ သူ႔ကိုႏိုင္ဖို႔ လံုးဝမျဖစ္ႏိုင္ဘူးရယ္။ ဒါ့အျပင္ ရႊမ္ဟုန္ယြီက ရွန႔္ကြမ္းခ်င္းေရာ့ကို အမ်ားႀကီးထိခိုက္ေအာင္လုပ္ထားေသးတယ္။

အမ်ိဳးသမီးဇာတ္လိုက္ကို ထိခိုက္ေအာင္လုပ္ၿပီး‌ နင္က ေအာင္ျမင္ဖို႔ေမ်ွာ္လင့္ေနေသးတယ္ေပါ့? ျပန္အိပ္ၿပီး အိပ္မက္သာဆက္မက္ေနလိုက္။
...

Realm-15ရဲ့ အပ္ပုဒိတ္ကေတာ့ တစ္ရက္ျခားပါ။ ေက်းဇူးတင္ပါတယ္။
...

Continua a leggere

Ti piacerà anche

78.2K 7.6K 102
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
1.9M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
85.6K 7.5K 114
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
56.5K 4.1K 29
အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်း ။