Unicode❣️
"မား...စကားပြောရအောင်"
ပွဲပြီးသွား၍ဧည့်သည်များလည်းအလျှိုလျှိုပြန်သွားကြပြီဖြစ်ရာ...ချန်ဖေးယွီ မားကိုလူရှင်းရာသို့ခေါ်လာလိုက်သည်။
ဟိုမှာအလုပ်သမားတွေရှိသေးတယ်မလား...သူတို့အိမ်တွင်းရေးကို...အလုပ်သမားတွေရှေ့မှာပြောလို့မှမကောင်းဘဲ..
"ဒီကိစ္စကိုကျွန်တော်သဘောမတူနိုင်ဘူး..."
လူရှင်းသည့်နေရာသို့ရောက်ရောက်ချင်း...အောင့်အီးထားရသောစကားကို...အရင်ဆုံးပြောလိုက်သည်။
"မင်းသဘောမတူလို့မရတော့ဘူးဖေးယွီ...လူသိရှင်ကြားကြေညာပြီးသွားပြီ...မိန်းကလေးဘက်ကိုလည်းထည့်တွက်အုံးမှပေါ့.."
"ဒီလိုဖြစ်အောင်...မားတို့ပဲလုပ်တာလေ..ကျွန်တော့်ကိုတစ်ခွန်းပြောခဲ့လို့လား...ကျွန်တော်မသိအောင်စီစဥ်ပြီး...ငြင်းမရအောင်ချောင်ပိတ်ဖမ်းတာမသိရအောင်...ကျွန်တော်ငတုံးမဟုတ်ဘူး.."
"ဖေးယွီ..မင်းဘာဖြစ်ချင်နေတာလဲ...မားတို့က..မင်းကောင်းဖို့အတွက်စီစဥ်တာလေ"
"ကျွန်တော်ကောင်းဖို့...ကျွန်တော်ကောင်းဖို့အတွက်ဆိုတာချည်းပဲ...ကျွန်တော့်ဆန္ဒကိုရော..နည်းနည်းလောက်ငဲ့ကြည့်ပေးလို့မရဘူးလား...ကျွန်တော်ကောင်းဖို့ဆိုပြီး...ကျွန်တော့်ချစ်သူကို..ကျွန်တော့်ဘဝထဲကဆွဲထုတ်တယ်..ကျွန်တော်ကောင်းဖို့ဆိုပြီး..ခု ကျွန်တော်မချစ်တဲ့သူနဲ့ပါလက်ထပ်ခိုင်းနေတာလား..မားတို့စဥ်းစားကြည့်ဖူးလား...ကျွန်တော်ပျော်နေရဲ့လားလို့..."
"ယွီအာ...သိနေခဲ့တာလား အဲ့ကောင်လေးကမင်းကိုပြောပြတာလား.."
"သူကကျွန်တော့်ကိုပြောမပြခဲ့တဲ့အပြင်..ကျွန်တော်ကောင်းဖို့အတွက်ဆိုပြီး...မားဖြစ်စေချင်တဲ့အတိုင်း..ကျွန်တော့်ကိုလမ်းခွဲပေးခဲ့တာ...
ဟက်..ဒါကမားသိပြီးသားအကြောင်းအရာတွေပါပဲ..
မားမသိသေးတာက..ဒီကိစ္စတွေအကုန်လုံးကို..ကျွန်တော်သိနေခဲ့ပြီး..ယွင်နဲ့လမ်းခွဲလိုက်ရလို့...နိုင်ငံခြားကိုထွက်သွားခဲ့တာမဟုတ်ဘဲ...
ယွင့်ကိုကာကွယ်ချင်လို့..ကျွန်တော့်မှာကာကွယ်နိုင်တဲ့အင်အားရှိအောင်ကြိုးစားဖို့..ထွက်သွားခဲ့တာ..
အခု...ကျွန်တော့်မှာကိုယ်ပိုင်အင်အားတစ်ခုရှိနေပြီ...ယွင့်ကိုထပ်ပြီးအဆုံးရှုံးခံမှာမဟုတ်တော့ဘူး..
ယွင့်ကိုချစ်ခဲ့တာ...စိတ်ကစားရုံသပ်သပ်မဟုတ်ဘူး...လက်ထပ်ဖို့အထိပါရည်ရွယ်ပြီး..ကျွန်တော်ချစ်ခဲ့တာ...
မားတို့သဘောမတူလဲ..ကျွန်တော်ဂရုမစိုက်ဘူး..
အမွေဖြတ်မှာလား..မားတို့သဘောပါပဲ.."
ပြောချင်နေသောစကားများကို...မားအား..ပြောပြလိုက်ရသောကြောင့်..ပိုပြီးစိတ်တွေပေါ့ပါးသွားသည်။
မားကတော့..ကျွန်တော့်ကိုမယုံနိုင်သလိုကြည့်နေလေသည်။
မားကိုအားနာမိပေမဲ့...ကျွန်တော့်ဆုံးဖြတ်ချက်တွေအတွက်..ကျွန်တော်နောင်တတော့မရပါ။
"မားဘက်ကိုရောကြည့်မပေးတော့ဘူးလား.."
" . . . "
"မားလည်း..သားကိုသူများတွေလို..သာမန်မိသားစုဘဝလေးနဲ့မြင်ချင်ခဲ့တာ...ပုံမှန်မဟုတ်တဲ့အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ..အရမ်းကိုခက်ခဲပင်ပန်းလွန်းတယ်..မားရဲ့သားလေးစိတ်ဆင်းရဲမှာ..မလိုလားဘူး"
အမြဲတမ်းခပ်တည်တည်နဲ့မျက်နှာကြောတင်းတင်းနေခဲ့တဲ့မားက...မျက်ရည်တွေစီးကျရင်း...ကျွန်တော့်လက်ကိုဆုပ်ကိုင်ကာ..ဝမ်းနည်းပင်ပန်းစွာဖြင့်..ပြောလာတော့..ကျွန်တော်တကယ်မနေတတ်တော့ပါ..
မားငိုတာ..တစ်ခါမှမမြင်ခဲ့ဖူးတာမို့..အံ့သြကာ..ကြောင်ကြည့်နေမိသည်။
နောက်တော့မှ..မားကိုသေချာပြောပြလိုက်သည်...ခုနကလို...လေသံမျိုးတော့မဟုတ်...မားကိုဖြောင်းဖြသည့်သဘောမျိုးသက်ရောက်သည့်လေသံဖြင့်...ကျွန်တော့်ခံစားချက်တွေကိုမားသိအောင်..ပြောပြမိသည်။
"ယွင်နဲ့ဝေးရရင်..သားတကယ်သေသွားလိမ့်မယ်မား..ပတ်ဝန်းကျင်ကဝေဖန်တာတွေကိုလည်းသားဂရုမစိုက်ဘူး မားကျွန်တော့်ကိုတကယ်ပျော်စေချင်တယ်ဆိုရင်ကျွန်တော့်ဆန္ဒကိုနည်းနည်းလောက်အလေးထားပေးလို့မရဘူးလား.."
" . . . "
"ကျွန်တော်..ယွင်မရှိရင်မဖြစ်လို့ပါမားရယ်.."
အတန်ကြာအောင်မားဘက်ကတိတ်ဆိတ်နေခဲ့ပြီးနောက်...မားကသက်ပြင်းခပ်လေးလေးတစ်ချက်ချကာကျွန်တော့်ကိုကျောခိုင်းလိုက်ပြီး
"အဖိုးနဲ့ပါးကသဘောတူရင်..မား..လက်ခံပေးမယ်...မားဒီလိုဆုံးဖြတ်တာကသားကိုချစ်လို့...သားကိုအဆုံးရှုံးမခံနိုင်လို့ဆိုတာ..သားကိုသိစေချင်တယ်"
မထင်မှတ်ထားတဲ့မားရဲ့စကားကြောင့်...ကျွန်တော်မယုံနိုင်ဖြစ်သွားရသည်။မားက..အခုမားကကျွန်တော်တို့ကိုခွင့်ပြုပေးလိုက်တဲ့သဘောမလား..
ကျွန်တော်အပျော်လွန်ပြီး...မားကိုနောက်ကနေဖက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်မား..သားတကယ်ထင်မထားဘူး.."
"သွားစမ်းပါ ကောင်စုတ်လေး..သူ့ကောင်လေးအတွက်နဲ့..အမေကိုတောင်သေခန်းဖြတ်တော့မဲ့အတိုင်းပြောနေလိုက်တာ..မွေးရကျိုးနပ်လိုက်တဲ့သားလေး"
"ဟီး..တောင်းပန်ပါတယ်..မားမားရယ်..သားအမိုက်လေးကိုခွင့်လွှတ်ပါနော်..သားကြောင့်မားငိုရတာ..သားတကယ်မကောင်းဘူးနော်..မားကိုနောက်ထပ်ငိုရအောင်သားမလုပ်တော့ပါဘူး..."
"ဟုတ်ပါပြီ ကောင်စုတ်လေးရဲ့..မားကိုလွှတ်တော့"
မားကိုဖက်ထားတာလွှတ်ပေးလိုက်တော့..မားကကျွန်တော့်ဖက်ကိုပြန်ကြည့်လာလေသည်။မားရောကျွန်တော်ရော..မျက်ရည်တွေကျ
လျှက်..
သေချာတာကတော့...ဒီမျက်ရည်တွေဟာ..ဝမ်းနည်းလို့ကျတဲ့မျက်ရည်တွေမဟုတ်ဘဲ..ဝမ်းသာကြည်နူးလို့..ကျလာတဲ့မျက်ရည်တွေသာ...
.......🍀
"မောင်..ငါ့ကိုဘယ်ခေါ်လာတာလဲ.."
မနေ့ကသူ့အိမ်သို့သွားမယ်ပြောတဲ့မောင်ဟာ..နောက်တစ်နေ့မနက်အစောကြီး..ရုတ်တရက်အိမ်ကိုရောက်ချလာပြီး..ကျွန်တော့်ကိုအဝတ်အစားလဲခိုင်းကာ..သွားစရာရှိတယ်ဟုပြောပြီး...တစ်နေရာသို့ခေါ်လာလေသည်။
ကျွန်တော့်မှာ..ရုတ်တရက်ရောက်ချလာပြီး..လူကိုဘာတစ်ခုမှပြောမပြဘဲ..လုပ်ချင်ရာလုပ်နေတဲ့မောင့်ကိုကြည့်ပြီး..လိုက်မမှီတော့..။ကြောင်တောင်တောင်ဖြင့်သာ..မောင်ခေါ်ရာနောက်လိုက်လာခဲ့သည်။
အိမ်ကြီးတစ်အိမ်ရှေ့ရောက်တော့..ကားရပ်လိုက်ပြီး..ဟွန်းတီးလိုက်ကာ..တံခါးပွင့်လာတာနဲ့..အထဲသို့မောင်းလာလေသည်။
ကျွန်တော်ကတော့..ခမ်းနားလှသည့်..အိမ်ကြီးနှင့်..ခြံအကျယ်ကြီးကို..တအံ့တသြ
ကြည့်လျှက်..
မောင်ကကားကိုရပ်လိုက်ပြီး..ကျွန်တော့်ကိုသေချာကြည့်ကာ
"ယွင်..ခုချိန်ကစပြီး..ဘာပဲဖြစ်လာဖြစ်လာ..မောင့်အနားမှာပဲနေပြီး.
မောင့်လက်ကိုအမြဲတွဲထားပေးပါနော်..."
မောင့်စကားတို့ကအရင်တုန်းကလဲပြောနေကြဆိုပေမဲ့...ဒီနေ့ကျမှ..ပိုပြီးလေးနက်နေလေသည်။
ကျွန်တော်ဘာမှန်းတော့သေသေချာချာမသိပေမဲ့..မောင့်ကိုခေါင်းငြိမ့်ပြလိုက်ပြီး..ကတိပေးလိုက်သည်။
ဘာတွေပဲဖြစ်လာဖြစ်လာ..မောင့်ကိုလွှတ်မပေးတော့ဘူး...
မောင်ကကားပေါ်မှဆင်းသွားပြီး..ကျွန်တော့်ဖက်ကကားတံခါးကိုလာဖွင့်ပေးကာ..ကျွန်တော့်အားလက်တစ်ဖက်ကမ်းပေးလာသည်။
ကျွန်တော်လည်း..မောင့်လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး..ကားပေါ်မှဆင်းလိုက်သည်။
"ဒီအိမ်က..မောင့်အိမ်ပဲ"
အိမ်ကြီးကိုစူးစမ်းသလိုကြည့်နေတဲ့ကျွန်တော့်ကိုကြည့်ပြီးပြောလာတဲ့မောင့်စကားတို့ကြောင့်...ရုတ်တရက်ကျွန်တော့်ရင်တွေအရမ်းခုန်လာလေသည်။
ထို့အတူ..တုန်ရီလာသည့်ဒူးများ...နှဖူးမှာလည်း..ချွေးများပင်စို့လာလေသည်။
"မောင်...မဟုတ်မှလွဲရော.."
"မကြောက်ပါနဲ့..မောင်တစ်ယောက်လုံးယွင့်ဘေးမှာရှိတယ်.."
မောင်ကကျွန်တော့်ကိုနှစ်သိမ့်သည့်အနေ
ဖြင့်..ကျွန်တော့နှဖူးအား..သူ့နှုတ်ခမ်းတို့ဖြင့်..
စက္ကန့်အနည်းငယ်ကြာအောင်ဖိကပ်လိုက်ပြီး..ကျွန်တော့်နှဖူးနဲ့သူ့နှဖူးတို့ကိုထိစပ်ထားကာ..လေသံအေးအေးလေးဖြင့်ပြောလာလေသည်။
"မောင့်ကိုယုံတယ်မလား"
"အင်း.."
မောင့်အပြုံးတို့ဟာ..ကျွန်တော့်ရဲ့ကြောက်
လန့်စိတ်ကို..အဝေးသို့မောင်းထုတ်နိုင်စွမ်းရှိပါသည်။
မောင့်လက်ကိုတွဲပြီး..ထိုအိမ်ကြီးအတွင်းသို့..ဝင်သွားနိုင်သည်အထိ...ကျွန်တော့်မှာသတ္တိတွေရှိလာခဲ့သည်။
မောင့်နောက်ကနေ..မောင့်လက်ကိုတွဲရင်း..
အိမ်ကြီးအတွင်းသို့..ဝင်လာခဲ့လိုက်သည်။
ိထိုခမ်းနားလှသည့်အိမ်ကြီးထဲရောက်တော့...တန်ဖိုးကြီးအသုံးအဆောင်တွေဖြင့်ဆင်ယင်ထားသည့်ဧည့်ခန်းထဲတွင်ထိုင်နေကြသောလူ၅ယောက်ကိုတွေ့ရလေသည်။
ထိုအထဲတွင်...မောင့်မေမေနှင့်..မ ဆိုသောအမျိုးသမီးကိုတော့ကျွန်တော်သိပေမဲ့...ကျန်သောအမျိုးသားသုံးယောက်ကိုတော့..ကျွန်တော်မသိပါ..။
ထိပ်ဆုံးတွင်ထိုင်နေသော..အဖိုးအရွယ်လူကြီးက..ကျွန်တော်တို့ကိုမြင်တော့..
"ယွီအာတို့ရောက်လာပြီလား..လာ ထိုင်"
ဟုခေါ်လေသည်။
ထိုအခါ..ဧည့်ခန်းထဲရှိ..လူများ၏အကြည့်ကကျွန်တော်တို့ထံတွင်သာ..အဲ..တိတိကျကျပြောရရင်..ကျွန်တော့်ထံတွင်ပေါ့..။
မောင်ကတွဲထားသည့်လက်ကိုမဖြုတ်ဘဲ..
လွတ်နေသည့်နေရာတွင်ဝင်ထိုင်လိုက်တာမို့..ကျွန်တော်လည်းမောင့်ဘေးမှာထိုင်လိုက်ရသည်။
အခုကျွန်တော်တို့က..ခုနကကျွန်တော့်တို့ကိုလှမ်းခေါ်တဲ့..အဖိုးနဲ့မျက်နှာချင်းဆိုင်ခုံမှာဖြစ်ပြီး...ကျွန်တော့်တို့ကြားတွင်မောင့်မေမေနဲ့မောင့်ဖေဖေဖြစ်ဟန်တူသောလူကြီးကတစ်ဖက်၊ မ ဆိုသောအမျိုးသမီးနဲ့ လူကြီးတစ်ယောက်ကတစ်ဖက်ထိုင်နေကြသည်။
"ကဲ..ပါးတို့လူကြီးတွေကိုခေါ်ပြီး ပြောချင်တဲ့အကြောင်းအရာကဘာလဲသမီး"
တိတ်ဆိတ်နေတဲ့အနေအထားကို..လန်စုရီဘေးမှာထိုင်နေတဲ့လူကြီးကစတင်ဖြိုခွဲလိုက်သည်။
ကြည့်ရတာ...လန်စုရီရဲ့အဖေဖြစ်မယ်..။
မောင့်အဖိုးနဲ့မောင့်မိဘတွေကတော့...မောင့်ကိုတစ်လှည့်..ကျွန်တော့်ကိုတစ်လှည့်ကြည့်နေကြသည်။
"ဒီနေ့ သမီးတို့ကိစ္စကို သေသေချာချာရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောချင်လို့ပါ..."
လန်စုရီကစကားစလိုက်တော့...အကုန်လုံးက..သူမထံတွင်..အာရုံစိုက်နေကြသည်။
သူမကဆက်ပြီး
"ဖေးယွီနဲ့သမီးက..မောင်နှမထက်ပိုတဲ့ဆက်ဆံရေးမျိုးမရှိခဲ့သလို..နောက်လည်းရှိလာမှာမဟုတ်ပါဘူး..နောက်ပြီးတော့..ဖေးယွီမှာလည်း.ချစ်ရတဲ့သူရှိနေတဲ့အတွက်..သမီးဘက်ကပဲ..ဒီကိစ္စကိုဖျက်သိမ်းချင်ပါတယ်"
"သမီး!!"
လန်စုရီရဲ့အဖေကအံ့သြသလိုခေါ်လိုက်တော့..သူမက
"ပါးပါး..သမီးဆန္ဒကိုလိုက်လျောပေးမယ်မလား.."
ဟုပြုံးပြုံးလေးပြောလိုက်သည်။
"ဒါဖြင့်...ယွီအာရဲ့ဆန္ဒကရော"
တစ်ချိန်လုံးငြိမ်ငြိမ်လေးနားထောင်ပေးနေတဲ့အဖိုးကမောင့်ကိုမေးလာသည်။
မောင်ကကျွန်တော့်လက်ကိုပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
"ကျွန်တော်လည်းဒီကိစ္စကိုဖျက်သိမ်းချင်ပါတယ်..တစ်လက်စတည်း..ဖိုးဖိုးကိုရော..ပြီးတော့..ပါး..ကိုပါ ကျွန်တော်ချစ်သူနဲ့မိတ်ဆက်ပေးချင်လို့..ဒီနေ့ဒီလိုစီစဥ်လိုက်ရတာပါ"
မောင်ကစကားလမ်းကြောင်းပေးတော့..ကျွန်တော်လည်းတုန်တုန်ရီရီဖြင့်..မောင်အဖိုးနဲ့မိဘတွေကိုနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ..တွေ့..တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော့်နာမည်ကလော်ယွင်ရှီးပါ..မောင်..အဲ..ယွီအာရဲ့ချစ်..ချစ်သူပါ"
စကားတို့ကထစ်ငေါ့စွာထွက်သွားလေသည်။
ဖြောင့်ဖြောင့်ဖြူးဖြူးမပြောနိုင်တဲ့...ကိုယ့်ပါးစပ်ကိုသာဖြတ်ရိုက်ပစ်ချင်တော့သည်။
မသိမသာလေး..လူကြီးတွေကိုအကဲခတ်
ကြည့်လိုက်တော့..မောင့်အဖေကရုပ်တည်တည်ကြီးဖြင့်ကြည့်နေလေသည်။
မောင့်အဖိုးကတော့ခေါင်းတငြိမ့်ငြိမ့်ဖြင့်..
ဘုရားသိကြားမလို့..မောင်နဲ့ကျွန်တော့်ကိုသဘောတူပါစေလို့သာ..ဆုတောင်းနေမိသည်။
"ဖေးယွီ..သားဆုံးဖြတ်ချက်အတွက်နောင်တမရမှာ..သေချာလား"
"သေချာပါတယ် ဖိုးဖိုး...သားဘယ်တော့မှနောင်တရမှာမဟုတ်ဘူး"
ဖိုးဖိုးကမောင့်ကိုမေးလာသောကြောင့်မောင်ကချက်ချင်းပင်ပြန်အဖြေပေးလိုက်သည်။
"ဟုတ်ပါပြီကွယ်..ဖိုးဖိုးကတော့.ဘာမှပြောစရာမရှိပါဘူး.."
အဖိုးကမီးစိမ်းပြလိုက်သည့်အတွက်ကျွန်တော့်ရင်ထဲအလုံးကြီးတစ်လုံးကျသွားသလိုခံစားလိုက်ရသည်။သို့သော်..စိတ်အေးလို့မရသေး..အလုံးကြီးနှစ်လုံးကျန်နေသေးသည်မလား...
မောင်ကတော့ဝမ်းသာသွားပြီး..သူ့အဖေဘက်လှည့်ကာ
"ပါး..ပါးကရော."
မောင့်အဖေကမောင့်ကိုကြည့်ပြီး..ကျွန်တော့်ကိုပါစူးစူးစိုက်စိုက်ကြည့်လာသောကြောင့်..ကျွန်တော်ယောင်ယမ်းပြီး..ခေါင်းငုံ့ထမိသည်ထင်သည်။
"ငါတားလို့ရော..မင်းကရမှာတဲ့လား.
မင်းလည်းအခုအရွယ်ရောက်ပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ပြီပဲ..ကိုယ့်ရွေးတဲ့လမ်းအတွက်နောင်တမရှိ..အဆုံးထိဆက်လျှောက်နိုင်မယ်ဆို.ရပြီ"
လုံးဝမထင်ထားသောကိစ္စက..ကျွန်တော့်ကို..ရှော့ရစေပါသည်။
အခု..မောင့်မိသားစုက..ကျွန်တော့်ကိုလက်ခံလိုက်ပြီပေါ့နော်...
ကျွန်တော်ပျော်လွန်းလို့မျက်ရည်တောင်ကျမိသည်ထင်သည်။
ကျွန်တော့်နည်းတူ...မောင်လည်းအရမ်းကိုပျော်ရွှင်နေလေသည်။
"ကျေးဇူးတင်ပါတယ်..ဖိုးဖိုးရော..ပါးပါးရော မားမားရော..ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်"
မျက်ရည်များကျနေသော်လည်း..နှုတ်ခမ်းတို့ကတော့ဆန့်ကျင်ဖက်...ပျော်ရွှင်သည့်အသွင်ဆောင်အပြုံးတို့ဖြင့်..မောင်ကကျွန်တော့်ကိုပွေ့ဖက်လာလေသည်။
ကျွန်တော်လည်း..အစကအပျော်လွန်နေသ
ဖြင့်..မောင်ဖက်ထားတာကိုငြိမ်ခံနေလိုက်ပေမဲ့...နောက်မှ..ကျွန်တော်တို့နှစ်ယောက်ကိုပြုံးပြုံးကြီးကြည့်နေကြသောလူကြီးများကိုသတိထားမိသွားသောကြောင့်...မောင့်ကိုတွန်းလိုက်ရသည်။
ရှက်လိုက်တာ...ဘယ်လိုတောင်စိတ်တွေလွတ်သွားရတာလဲ..
မောင်ကပြုံးပျော်နေရာမှ
"ဦးလေးလန်ကို ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော့်ရဲ့မပြတ်သားမှုကြောင့်.."
"မလိုပါဘူးကွာ ဦးလေးနားလည်ပါတယ်"
"ဟုတ်ပါတယ် ဖေးယွီရဲ့ မ တို့ကိုဘာမှအားနာမနေနဲ့..ဖေးယွီဘက်က မ ကိုအထင်လွဲစေမဲ့အပြုအမူမျိုး..ဘာတစ်ခုမှမလုပ်ခဲ့ပါဘူး.."
မောင်က လန်စုရီကိုကျေးဇူးတင်သည့်
အကြည့်တို့ဖြင့်ကြည့်နေသလို..လန်စုရီကလည်း..နားလည်သည့်အကြည့်ဖြင့်ကြည့်နေလေသည်။
ကျွန်တော်ကတော့..ဘာတစ်ခွန်းမှဝင်မပြောခဲ့...ဒီအနေအထားကကျွန်တော်နဲ့နည်းနည်းစိမ်းနေသေးသည်လေ..
ရုတ်တရက်...မောင့်မေမေက..ကျွန်တော့်လက်ကိုလာဆုပ်ကိုင်ကာနူးနူးညံ့ညံ့အကြည့်တို့ဖြင့်ကြည့်လာလေသည်။
"သား..အရင်တုန်းကဖြစ်ပျက်ခဲ့တာတွေအတွက်..မားတောင်းပန်ပါတယ်နော်..
မားအတ္တကြီးခဲ့မိလို့..သားတို့နှစ်ယောက်ကို..ခံစားရအောင်လုပ်ခဲ့မိတယ်..မားကိုခွင့်လွှတ်တယ်မလားဟင်"
ကျွန်တော်လည်းမောင့်မေမေရဲ့လက်တွေကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး
"ကျွန်တော်ဘယ်တုန်းကမှ မားအပေါ်စိတ်မကွက်ခဲ့ဖူးပါဘူး မားရဲ့စိတ်ကိုနားလည်ပါတယ် မားတောင်းပန်စရာမလိုပါဘူး"ဟုဆိုမိသည်။
ထိုအခါမားကကျွန်တော့်ကိုပြုံးပြကာ
"သားကစိတ်ထားကောင်းလိုက်တာ.ယွီအာကိုအပ်ပါတယ်နော်..ယွီအာကသားကိုအရမ်းချစ်တာမိုလို့..ယွီအာဘေးမှာတစ်သက်လုံးနေပေးသွားပါနော်"
"စိတ်ချပါမား..သားတစ်သက်လုံးယွီအာဘေးမှာ..ယွီအာရဲ့လက်ကိုတွဲပြီး..နေသွားပါမယ်လို့ကတိပေးပါတယ်"
ကျွန်တော်သေချာသည့်ကတိတစ်ခုကို..မောင့်မေမေအား..ပေးမိသည်။
ထိုကတိအား..ကျွန်တော်သေသည်အထိ..တည်သွားမည်ဆိုတာ..ကိုယ့်ကိုယ်ကို..ယုံပါသည်။
..........🍀
မောင်တို့အိမ်ကပြန်လာပြီးနောက်..ကျွန်တော့်အိမ်သို့တန်းမပြန်ဘဲ..မောင်ကကျွန်တော့်ကို..တစ်နေရာသို့..ထပ်ခေါ်လာပြန်သည်။
မျက်စိရှေ့က...ရင်းနှီးနေသည့်မြင်ကွင်း
ကြောင့်..မောင်ဘယ်ကိုခေါ်လာမှန်း..ကျွန်တော်သိလိုက်သည်။
တစ်ချိန်က...ကျွန်တော်တို့အတူလာဖူးသော..နေကြာပန်းခင်းကြီးဆီသို့...
"မောင်တို့ဒီကိုလာဖူးတာ..မှတ်မိတယ်မလား"
"မမှတ်မိဘဲနေပါ့မလားမောင်ရယ်..."
{ "နေကြာပန်းလေးတွေကနေမင်းကြီးရှိရာကိုမျက်နှာမူပြီးရှင်သန်ကြတယ်တဲ့ မောင်ကလည်းဟောဒီကမောင့်ရဲ့တိမ်တိုက်ကလေးရှိရာကိုပဲမျက်နှာမူပြီးရှင်သန်မှာမိုလို့မောင့်ရဲ့ယွင်ကလည်းမောင်တစ်ယောက်တည်းကိုပဲကြည့်ပေးနော်" }
အဲ့တုန်းကမောင်ပြောခဲ့သည့်စကားများကိုပြန်ကြားယောင်မိတော့...ကျွန်တော်အလိုလိုပြုံးမိလာသည်။
{ "နေကြာပန်းလေးတွေရဲ့အဓိပ္ပါယ်ကပျော်ရွှင်ခြင်းတဲ့..မောင့်ရဲ့ပျော်ရွှင်ခြင်းကတော့ဟောဒီမောင့်ရှေ့ကယွင်ပဲ"
"မောင်ကစကားအရမ်းတတ်တာပဲ အရင်တုန်းကအတွေ့အကြုံရှိတယ်ထင်တယ်"
"ဟင့်အင်း မောင့်ဘဝမှာယွင်ကပထမဆုံးပဲ ပထမဆုံးမောင်ရင်ခုန်မိတဲ့သူ ပထမဆုံးမောင်ချစ်မိတဲ့သူ ပထမဆုံးမောင်ပိုင်ဆိုင်လိုတဲ့သူ ယွင့်ကိုမောင်ပိုင်ဆိုင်ချင်တယ်"
"ခုလည်းပိုင်နေတာပဲကို..."
"အခုထက်ပိုပြီး.."
"လောဘကြီးလိုက်တာ"
"အင်း မောင်ကယွင်နဲ့ပတ်သက်ရင်အရမ်းလောဘကြီးတာမို့ယွင်ကမောင့်အတွက်ပဲရှိနေပေးနော်"
"အင်း.."
"ချစ်တယ် မောင့်ရဲ့ယွင်"
"မောင့်ကိုလည်းချစ်တယ်" }
ထိုအခါတုန်းကကျွန်တော့်ကိုအပိုင်လိုချင်ကြောင်း..မောင်ကပြောခဲ့ပြီး..ကျွန်တော့်အားရင်ခွင်ထဲထည့်ကာ..ချစ်တဲ့အကြောင်း..တဖွဖွ..ပြောနေခဲ့သည်။
အတိတ်ကအကြောင်းများကို...ပြန်တွေးနေတုန်း..မောင့်လုပ်ရပ်ကြောင့်..ကျွန်တော်အံ့သြမိသွားသည်။
မောင်က..အခု..နေကြာပန်းခင်းကြီးကိုနောက်ခံထားကာ..ကျွန်တော့်ရှေ့တွင်..ဒူးထောက်လိုက်ပြီး..ဘယ်တုန်းကတည်းကယူလာမှန်းမသိတဲ့..စိန်ကွပ်ထားသည့်လက်စွပ်လေးကိုထည့်ထားသောကတီပါဘူးလေးကိုကိုင်ထားကာ...ကျွန်တော့်အားလေးလေးနက်နက်ကြည့်လာပြီး
"ယွင်..မောင့်ကိုလက်ထပ်ခွင့်ပေးနိုင်မလား.."
အခု..မောင်ကကျွန်တော့်ကိုလက်ထပ်ခွင့်တောင်းနေတာတဲ့...ကျွန်တော်ပျော်လွန်းလို့..ငိုမိသည်။
"အွန်း..လက်ထပ်မယ်.."
ကျွန်တော့်လက်ကိုမောင့်ရှေ့သို့ထုတ်ပေးလိုက်ကာ..မောင့်ကိုလက်ခံကြောင်းပြောမိသည်။
မောင်က..ဒူးထောက်နေရာမှထလာပြီး..ကျွန်တော့်လက်သူကြွယ်လေးမှာ..လက်စွပ်လေးကိုစွပ်ပေးကာ..ကျွန်တော့်လက်မှာ..လှပစွာတည်ရှိနေသော..လက်စွပ်လေးကိုနမ်းလိုက်ပြီး...ကျွန်တော့်လက်ဖမိုးလေးကိုလည်းတစ်ချက်နမ်းလိုက်လေသည်။
"ဒီမှာ..မောင်လည်းဆင်တူ"
မောင့်လက်သူကြွယ်တွင်လည်း..ကျွန်တော်လက်တွင်ဝတ်ထားသောလက်စွပ်ပုံစံဆင်တူလေးတစ်ကွင်း...
"အခု..ယွင့်ကိုမောင်ပိုင်ပြီပေါ့နော်"
"ယွင့်ကို မောင်အမြဲတမ်းပိုင်ပါတယ်..အရင်တုန်းကရော..အခုရော..နောင်အနာဂါတ်မှာပါ..ယွင့်ကိုမောင်ပိုင်ပြီးသားပါ"
ကျွန်တော့်အဖြေကြောင့်မောင်ကသဘောတကျရယ်ကာသူ့ရင်ခွင်ထဲထည့်ပြီးဖက်ထားလေသည်။
ကျွန်တော်လည်းမောင့်ခါးကိုပြန်ဖက်လိုက်ပြီး..မျက်စိရှေ့မှအဆုံးမဲ့နေကြာပန်းခင်းကြီးကို..မောင့်ရင်ခွင်ထဲကနေ..ကြည့်နေမိသည်။
အခုဆို...ကျွန်တော်နဲ့မောင့်ရဲ့အနာဂါတ်ဟာလည်း..ဒီနေကြာပန်းခင်းကြီးလိုပဲ...လှပနေမှာသေချာပါသည်။
"ချစ်တယ်..မောင့်ရဲ့ယွင်"
မောင်က..ကျွန်တော့်ကိုဖက်ထားသောလက်များကိုပိုမိုတင်းကြပ်လိုက်ပြီး..ကျွန်တော့်ဆံနွယ်များကိုငုံ့၍နမ်းရှိုက်လိုက်ကာ..ဆိုလာလေသည်။
ကျွန်တော်လည်း..မောင့်ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်လိုက်ရင်း..မောင်ကြားရုံမျှ..တိုးတိုးကလေးဆိုမိသည်။
"မောင့်ကို...အရမ်းချစ်တယ်"
လောကကြီးသည်..အချစ်များဖြင့်..သာယာလှပါသည်။
The End...❣️
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[ A/N - နောက်ဆုံးတော့..ငါးလကျော်..ခြောက်လနီးပါး..ရေးခဲ့ရတဲ့..အစောရဲ့Ficလေးဟာ..ပြီးဆုံးသွားခဲ့ပါပြီ..။
လိုအပ်ချက်တွေအများကြီးရှိခဲ့ပေမဲ့...သည်းခံပြီးဖတ်ပေးခဲ့ကြတဲ့readerတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်💛
ရေးနေတဲ့တစ်လျှောက်လုံး..voteတွေနဲ့feedbackတွေအများကြီးပေးခဲ့ကြတဲ့readerလေးတွေကိုကျေးဇူးတင်သလိုချစ်လည်းချစ်ပါတယ်ရှင်❤️တကယ်ပြောတာပါ..
readerလေးတွေရဲ့ကျေးဇူးကြောင့်အဆုံးထိဆက်ရေးနိုင်ခဲ့တာပါ။
ဒါလေးပြီးသွားပြီဆိုတော့..ဘာပဲဖြစ်ဖြစ်..လွမ်းနေရတော့မယ်..
နောက်ထပ်Feiyunxi Ficတစ်ပုဒ်ကိုပြင်ဆင်ပြီးတာနဲ့ပြန်လာခဲ့ပါ့မယ်..အဲ့ဒီFicလေးကျရင်လည်းချစ်ပေးကြပါအုံးလို့..😚
completeသွားမှဖတ်မယ်ဆိုတဲ့သူလေးတွေလည်းဖတ်လို့ရပါပြီလို့ လက်တို့လိုက်ကြပါအုံးနော်..(^‿^)
ဒါဆို..ဒီFicလေးကနေ..နှုတ်ဆက်ပါတယ်နော်...
နောက်Ficလေးတွေကျရင်ပြန်ဆုံချင်ပါသေးတယ်❤️]
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Zawgyi code❣️
"မား...စကားေျပာရေအာင္"
ပြဲၿပီးသြား၍ဧည့္သည္မ်ားလည္းအလ်ိႈလ်ိႈျပန္သြားၾကၿပီျဖစ္ရာ...ခ်န္ေဖးယြီ မားကိုလူရွင္းရာသို႔ေခၚလာလိုက္သည္။
ဟိုမွာအလုပ္သမားေတြရိွေသးတယ္မလား...သူတို႔အိမ္တြင္းေရးကို...အလုပ္သမားေတြေရ႔ွမွာေျပာလို႔မွမေကာင္းဘဲ..
"ဒီကိစၥကိုကြၽန္ေတာ္သေဘာမတူႏိုင္ဘူး..."
လူရွင္းသည့္ေနရာသို႔ေရာက္ေရာက္ခ်င္း...ေအာင့္အီးထားရေသာစကားကို...အရင္ဆံုးေျပာလိုက္သည္။
"မင္းသေဘာမတူလို႔မရေတာ့ဘူးေဖးယြီ...လူသိရွင္ၾကားေၾကညာၿပီးသြားၿပီ...မိန္းကေလးဘက္ကိုလည္းထည့္တြက္အံုးမွေပါ့.."
"ဒီလိုျဖစ္ေအာင္...မားတို႔ပဲလုပ္တာေလ..ကြၽန္ေတာ့္ကိုတစ္ခြန္းေျပာခဲ့လို႔လား...ကြၽန္ေတာ္မသိေအာင္စီစဥ္ၿပီး...ျငင္းမရေအာင္ေခ်ာင္ပိတ္ဖမ္းတာမသိရေအာင္...ကြၽန္ေတာ္ငတံုးမဟုတ္ဘူး.."
"ေဖးယြီ..မင္းဘာျဖစ္ခ်င္ေနတာလဲ...မားတို႔က..မင္းေကာင္းဖို႔အတြက္စီစဥ္တာေလ"
"ကြၽန္ေတာ္ေကာင္းဖို႔...ကြၽန္ေတာ္ေကာင္းဖို႔အတြက္ဆိုတာခ်ည္းပဲ...ကြၽန္ေတာ့္ဆႏၵကိုေရာ..နည္းနည္းေလာက္ငဲ့ၾကည့္ေပးလို႔မရဘူးလား...ကြၽန္ေတာ္ေကာင္းဖို႔ဆိုၿပီး...ကြၽန္ေတာ့္ခ်စ္သူကို..ကြၽန္ေတာ့္ဘဝထဲကဆြဲထုတ္တယ္..ကြၽန္ေတာ္ေကာင္းဖို႔ဆိုၿပီး..ခု ကြၽန္ေတာ္မခ်စ္တဲ့သူနဲ႔ပါလက္ထပ္ခိုင္းေနတာလား..မားတို႔စဥ္းစားၾကည့္ဖူးလား...ကြၽန္ေတာ္ေပ်ာ္ေနရဲ့လားလို႔..."
"ယြီအာ...သိေနခဲ့တာလား အဲ့ေကာင္ေလးကမင္းကိုေျပာျပတာလား.."
"သူကကြၽန္ေတာ့္ကိုေျပာမျပခဲ့တဲ့အျပင္..ကြၽန္ေတာ္ေကာင္းဖို႔အတြက္ဆိုၿပီး...မားျဖစ္ေစခ်င္တဲ့အတိုင္း..ကြၽန္ေတာ့္ကိုလမ္းခြဲေပးခဲ့တာ...
ဟက္..ဒါကမားသိၿပီးသားအေၾကာင္းအရာေတြပါပဲ..
မားမသိေသးတာက..ဒီကိစၥေတြအကုန္လံုးကို..ကြၽန္ေတာ္သိေနခဲ့ၿပီး..ယြင္နဲ႔လမ္းခြဲလိုက္ရလို႔...ႏိုင္ငံျခားကိုထြက္သြားခဲ့တာမဟုတ္ဘဲ...
ယြင့္ကိုကာကြယ္ခ်င္လို႔..ကြၽန္ေတာ့္မွာကာကြယ္ႏိုင္တဲ့အင္အားရိွေအာင္ႀကိဳးစားဖို႔..ထြက္သြားခဲ့တာ..
အခု...ကြၽန္ေတာ့္မွာကိုယ္ပိုင္အင္အားတစ္ခုရိွေနၿပီ...ယြင့္ကိုထပ္ၿပီးအဆံုးရႈံးခံမွာမဟုတ္ေတာ့ဘူး..
ယြင့္ကိုခ်စ္ခဲ့တာ...စိတ္ကစားရံုသပ္သပ္မဟုတ္ဘူး...လက္ထပ္ဖို႔အထိပါရည္ရြယ္ၿပီး..ကြၽန္ေတာ္ခ်စ္ခဲ့တာ...
မားတို႔သေဘာမတူလဲ..ကြၽန္ေတာ္ဂရုမစိုက္ဘူး..
အေမျြဖတ္မွာလား..မားတို႔သေဘာပါပဲ.."
ေျပာခ်င္ေနေသာစကားမ်ားကို...မားအား..ေျပာျပလိုက္ရေသာေၾကာင့္..ပိုၿပီးစိတ္ေတြေပါ့ပါးသြားသည္။
မားကေတာ့..ကြၽန္ေတာ့္ကိုမယံုႏိုင္သလိုၾကည့္ေနေလသည္။
မားကိုအားနာမိေပမဲ့...ကြၽန္ေတာ့္ဆံုးျဖတ္ခ်က္ေတြအတြက္..ကြၽန္ေတာ္ေနာင္တေတာ့မရပါ။
"မားဘက္ကိုေရာၾကည့္မေပးေတာ့ဘူးလား.."
" . . . "
"မားလည္း..သားကိုသူမ်ားေတြလို..သာမန္မိသားစုဘဝေလးနဲ႔ျမင္ခ်င္ခဲ့တာ...ပံုမွန္မဟုတ္တဲ့အိမ္ေထာင္တစ္ခုတည္ေဆာက္ဖို႔ဆိုတာ..အရမ္းကိုခက္ခဲပင္ပန္းလြန္းတယ္..မားရဲ့သားေလးစိတ္ဆင္းရဲမွာ..မလိုလားဘူး"
အၿမဲတမ္းခပ္တည္တည္နဲ႔မ်က္ႏွာေၾကာတင္းတင္းေနခဲ့တဲ့မားက...မ်က္ရည္ေတြစီးက်ရင္း...ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ကာ..ဝမ္းနည္းပင္ပန္းစြာျဖင့္..ေျပာလာေတာ့..ကြၽန္ေတာ္တကယ္မေနတတ္ေတာ့ပါ..
မားငိုတာ..တစ္ခါမွမျမင္ခဲ့ဖူးတာမို႔..အံ့ၾသကာ..ေၾကာင္ၾကည့္ေနမိသည္။
ေနာက္ေတာ့မွ..မားကိုေသခ်ာေျပာျပလိုက္သည္...ခုနကလို...ေလသံမ်ိဳးေတာ့မဟုတ္...မားကိုေျဖာင္းျဖသည့္သေဘာမ်ိဳးသက္ေရာက္သည့္ေလသံျဖင့္...ကြၽန္ေတာ့္ခံစားခ်က္ေတြကိုမားသိေအာင္..ေျပာျပမိသည္။
"ယြင္နဲ႔ေဝးရရင္..သားတကယ္ေသသြားလိမ့္မယ္မား..ပတ္ဝန္းက်င္ကေဝဖန္တာေတြကိုလည္းသားဂရုမစိုက္ဘူး မားကြၽန္ေတာ့္ကိုတကယ္ေပ်ာ္ေစခ်င္တယ္ဆိုရင္ကြၽန္ေတာ့္ဆႏၵကိုနည္းနည္းေလာက္အေလးထားေပးလို႔မရဘူးလား.."
" . . . "
"ကြၽန္ေတာ္..ယြင္မရိွရင္မျဖစ္လို႔ပါမားရယ္.."
အတန္ၾကာေအာင္မားဘက္ကတိတ္ဆိတ္ေနခဲ့ၿပီးေနာက္...မားကသက္ျပင္းခပ္ေလးေလးတစ္ခ်က္ခ်ကာကြၽန္ေတာ့္ကိုေက်ာခိုင္းလိုက္ၿပီး
"အဖိုးနဲ႔ပါးကသေဘာတူရင္..မား..လက္ခံေပးမယ္...မားဒီလိုဆံုးျဖတ္တာကသားကိုခ်စ္လို႔...သားကိုအဆံုးရႈံးမခံႏိုင္လို႔ဆိုတာ..သားကိုသိေစခ်င္တယ္"
မထင္မွတ္ထားတဲ့မားရဲ့စကားေၾကာင့္...ကြၽန္ေတာ္မယံုႏိုင္ျဖစ္သြားရသည္။မားက..အခုမားကကြၽန္ေတာ္တို႔ကိုခြင့္ျပဳေပးလိုက္တဲ့သေဘာမလား..
ကြၽန္ေတာ္အေပ်ာ္လြန္ၿပီး...မားကိုေနာက္ကေနဖက္လိုက္သည္။
"ေက်းဇူးတင္ပါတယ္..ေက်းဇူးတင္ပါတယ္မား..သားတကယ္ထင္မထားဘူး.."
"သြားစမ္းပါ ေကာင္စုတ္ေလး..သူ႔ေကာင္ေလးအတြက္နဲ႔..အေမကိုေတာင္ေသခန္းျဖတ္ေတာ့မဲ့အတိုင္းေျပာေနလိုက္တာ..ေမြးရက်ိဳးနပ္လိုက္တဲ့သားေလး"
"ဟီး..ေတာင္းပန္ပါတယ္..မားမားရယ္..သားအမိုက္ေလးကိုခြင့္လႊတ္ပါေနာ္..သားေၾကာင့္မားငိုရတာ..သားတကယ္မေကာင္းဘူးေနာ္..မားကိုေနာက္ထပ္ငိုရေအာင္သားမလုပ္ေတာ့ပါဘူး..."
"ဟုတ္ပါၿပီ ေကာင္စုတ္ေလးရဲ့..မားကိုလႊတ္ေတာ့"
မားကိုဖက္ထားတာလႊတ္ေပးလိုက္ေတာ့..မားကကြၽန္ေတာ့္ဖက္ကိုျပန္ၾကည့္လာေလသည္။မားေရာကြၽန္ေတာ္ေရာ..မ်က္ရည္ေတြက်
လ်ွက္..
ေသခ်ာတာကေတာ့...ဒီမ်က္ရည္ေတြဟာ..ဝမ္းနည္းလို႔က်တဲ့မ်က္ရည္ေတြမဟုတ္ဘဲ..ဝမ္းသာၾကည္ႏူးလို႔..က်လာတဲ့မ်က္ရည္ေတြသာ...
.......🍀
"ေမာင္..ငါ့ကိုဘယ္ေခၚလာတာလဲ.."
မေန့ကသူ႔အိမ္သို႔သြားမယ္ေျပာတဲ့ေမာင္ဟာ..ေနာက္တစ္ေန့မနက္အေစာႀကီး..ရုတ္တရက္အိမ္ကိုေရာက္ခ်လာၿပီး..ကြၽန္ေတာ့္ကိုအဝတ္အစားလဲခိုင္းကာ..သြားစရာရိွတယ္ဟုေျပာၿပီး...တစ္ေနရာသို႔ေခၚလာေလသည္။
ကြၽန္ေတာ့္မွာ..ရုတ္တရက္ေရာက္ခ်လာၿပီး..လူကိုဘာတစ္ခုမွေျပာမျပဘဲ..လုပ္ခ်င္ရာလုပ္ေနတဲ့ေမာင့္ကိုၾကည့္ၿပီး..လိုက္မမွီေတာ့..။ေၾကာင္ေတာင္ေတာင္ျဖင့္သာ..ေမာင္ေခၚရာေနာက္လိုက္လာခဲ့သည္။
အိမ္ႀကီးတစ္အိမ္ေရ႔ွေရာက္ေတာ့..ကားရပ္လိုက္ၿပီး..ဟြန္းတီးလိုက္ကာ..တံခါးပြင့္လာတာနဲ႔..အထဲသို႔ေမာင္းလာေလသည္။
ကြၽန္ေတာ္ကေတာ့..ခမ္းနားလွသည့္..အိမ္ႀကီးႏွင့္..ၿခံအက်ယ္ႀကီးကို..တအံ့တၾသ
ၾကည့္လ်ွက္..
ေမာင္ကကားကိုရပ္လိုက္ၿပီး..ကြၽန္ေတာ့္ကိုေသခ်ာၾကည့္ကာ
"ယြင္..ခုခ်ိန္ကစၿပီး..ဘာပဲျဖစ္လာျဖစ္လာ..ေမာင့္အနားမွာပဲေနၿပီး.
ေမာင့္လက္ကိုအၿမဲတြဲထားေပးပါေနာ္..."
ေမာင့္စကားတို႔ကအရင္တုန္းကလဲေျပာေနၾကဆိုေပမဲ့...ဒီေန့က်မွ..ပိုၿပီးေလးနက္ေနေလသည္။
ကြၽန္ေတာ္ဘာမွန္းေတာ့ေသေသခ်ာခ်ာမသိေပမဲ့..ေမာင့္ကိုေခါင္းၿငိမ့္ျပလိုက္ၿပီး..ကတိေပးလိုက္သည္။
ဘာေတြပဲျဖစ္လာျဖစ္လာ..ေမာင့္ကိုလႊတ္မေပးေတာ့ဘူး...
ေမာင္ကကားေပၚမွဆင္းသြားၿပီး..ကြၽန္ေတာ့္ဖက္ကကားတံခါးကိုလာဖြင့္ေပးကာ..ကြၽန္ေတာ့္အားလက္တစ္ဖက္ကမ္းေပးလာသည္။
ကြၽန္ေတာ္လည္း..ေမာင့္လက္ကိုျပန္လည္ဆုပ္ကိုင္လိုက္ၿပီး..ကားေပၚမွဆင္းလိုက္သည္။
"ဒီအိမ္က..ေမာင့္အိမ္ပဲ"
အိမ္ႀကီးကိုစူးစမ္းသလိုၾကည့္ေနတဲ့ကြၽန္ေတာ့္ကိုၾကည့္ၿပီးေျပာလာတဲ့ေမာင့္စကားတို႔ေၾကာင့္...ရုတ္တရက္ကြၽန္ေတာ့္ရင္ေတြအရမ္းခုန္လာေလသည္။
ထို႔အတူ..တုန္ရီလာသည့္ဒူးမ်ား...ႏွဖူးမွာလည္း..ေခြၽးမ်ားပင္စို႔လာေလသည္။
"ေမာင္...မဟုတ္မွလြဲေရာ.."
"မေၾကာက္ပါနဲ႔..ေမာင္တစ္ေယာက္လံုးယြင့္ေဘးမွာရိွတယ္.."
ေမာင္ကကြၽန္ေတာ့္ကိုႏွစ္သိမ့္သည့္အေန
ျဖင့္..ကြၽန္ေတာ့ႏွဖူးအား..သူ႔ႏႈတ္ခမ္းတို႔ျဖင့္..
စကၠန္႔အနည္းငယ္ၾကာေအာင္ဖိကပ္လိုက္ၿပီး..ကြၽန္ေတာ့္ႏွဖူးနဲ႔သူ႔ႏွဖူးတို႔ကိုထိစပ္ထားကာ..ေလသံေအးေအးေလးျဖင့္ေျပာလာေလသည္။
"ေမာင့္ကိုယံုတယ္မလား"
"အင္း.."
ေမာင့္အၿပံဳးတို႔ဟာ..ကြၽန္ေတာ့္ရဲ့ေၾကာက္
လန္႔စိတ္ကို..အေဝးသို႔ေမာင္းထုတ္ႏိုင္စြမ္းရိွပါသည္။
ေမာင့္လက္ကိုတြဲၿပီး..ထိုအိမ္ႀကီးအတြင္းသို႔..ဝင္သြားႏိုင္သည္အထိ...ကြၽန္ေတာ့္မွာသတၲိေတြရိွလာခဲ့သည္။
ေမာင့္ေနာက္ကေန..ေမာင့္လက္ကိုတြဲရင္း..
အိမ္ႀကီးအတြင္းသို႔..ဝင္လာခဲ့လိုက္သည္။
ိထိုခမ္းနားလွသည့္အိမ္ႀကီးထဲေရာက္ေတာ့...တန္ဖိုးႀကီးအသံုးအေဆာင္ေတျြဖင့္ဆင္ယင္ထားသည့္ဧည့္ခန္းထဲတြင္ထိုင္ေနၾကေသာလူ၅ေယာက္ကိုေတြ့ရေလသည္။
ထိုအထဲတြင္...ေမာင့္ေမေမႏွင့္..မ ဆိုေသာအမ်ိဳးသမီးကိုေတာ့ကြၽန္ေတာ္သိေပမဲ့...က်န္ေသာအမ်ိဳးသားသံုးေယာက္ကိုေတာ့..ကြၽန္ေတာ္မသိပါ..။
ထိပ္ဆံုးတြင္ထိုင္ေနေသာ..အဖိုးအရြယ္လူႀကီးက..ကြၽန္ေတာ္တို႔ကိုျမင္ေတာ့..
"ယြီအာတို႔ေရာက္လာၿပီလား..လာ ထိုင္"
ဟုေခၚေလသည္။
ထိုအခါ..ဧည့္ခန္းထဲရိွ..လူမ်ား၏အၾကည့္ကကြၽန္ေတာ္တို႔ထံတြင္သာ..အဲ..တိတိက်က်ေျပာရရင္..ကြၽန္ေတာ့္ထံတြင္ေပါ့..။
ေမာင္ကတြဲထားသည့္လက္ကိုမျဖဳတ္ဘဲ..
လြတ္ေနသည့္ေနရာတြင္ဝင္ထိုင္လိုက္တာမို႔..ကြၽန္ေတာ္လည္းေမာင့္ေဘးမွာထိုင္လိုက္ရသည္။
အခုကြၽန္ေတာ္တို႔က..ခုနကကြၽန္ေတာ့္တို႔ကိုလွမ္းေခၚတဲ့..အဖိုးနဲ႔မ်က္ႏွာခ်င္းဆိုင္ခံုမွာျဖစ္ၿပီး...ကြၽန္ေတာ့္တို႔ၾကားတြင္ေမာင့္ေမေမနဲ႔ေမာင့္ေဖေဖျဖစ္ဟန္တူေသာလူႀကီးကတစ္ဖက္၊ မ ဆိုေသာအမ်ိဳးသမီးနဲ႔ လူႀကီးတစ္ေယာက္ကတစ္ဖက္ထိုင္ေနၾကသည္။
"ကဲ..ပါးတို႔လူႀကီးေတြကိုေခၚၿပီး ေျပာခ်င္တဲ့အေၾကာင္းအရာကဘာလဲသမီး"
တိတ္ဆိတ္ေနတဲ့အေနအထားကို..လန္စုရီေဘးမွာထိုင္ေနတဲ့လူႀကီးကစတင္ၿဖိဳခြဲလိုက္သည္။
ၾကည့္ရတာ...လန္စုရီရဲ့အေဖျဖစ္မယ္..။
ေမာင့္အဖိုးနဲ႔ေမာင့္မိဘေတြကေတာ့...ေမာင့္ကိုတစ္လွည့္..ကြၽန္ေတာ့္ကိုတစ္လွၫ့္ၾကည့္ေနၾကသည္။
"ဒီေန့ သမီးတို႔ကိစၥကို ေသေသခ်ာခ်ာရွင္းရွင္းလင္းလင္းျဖစ္ေအာင္ေျပာခ်င္လို႔ပါ..."
လန္စုရီကစကားစလိုက္ေတာ့...အကုန္လံုးက..သူမထံတြင္..အာရံုစိုက္ေနၾကသည္။
သူမကဆက္ၿပီး
"ေဖးယြီနဲ႔သမီးက..ေမာင္ႏွမထက္ပိုတဲ့ဆက္ဆံေရးမ်ိဳးမရိွခဲ့သလို..ေနာက္လည္းရိွလာမွာမဟုတ္ပါဘူး..ေနာက္ၿပီးေတာ့..ေဖးယြီမွာလည္း.ခ်စ္ရတဲ့သူရိွေနတဲ့အတြက္..သမီးဘက္ကပဲ..ဒီကိစၥကိုဖ်က္သိမ္းခ်င္ပါတယ္"
"သမီး!!"
လန္စုရီရဲ့အေဖကအံ့ၾသသလိုေခၚလိုက္ေတာ့..သူမက
"ပါးပါး..သမီးဆႏၵကိုလိုက္ေလ်ာေပးမယ္မလား.."
ဟုၿပံဳးၿပံဳးေလးေျပာလိုက္သည္။
"ဒါျဖင့္...ယြီအာရဲ့ဆႏၵကေရာ"
တစ္ခ်ိန္လံုးၿငိမ္ၿငိမ္ေလးနားေထာင္ေပးေနတဲ့အဖိုးကေမာင့္ကိုေမးလာသည္။
ေမာင္ကကြၽန္ေတာ့္လက္ကိုပိုမိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္ၿပီး
"ကြၽန္ေတာ္လည္းဒီကိစၥကိုဖ်က္သိမ္းခ်င္ပါတယ္..တစ္လက္စတည္း..ဖိုးဖိုးကိုေရာ..ၿပီးေတာ့..ပါး..ကိုပါ ကြၽန္ေတာ္ခ်စ္သူနဲ႔မိတ္ဆက္ေပးခ်င္လို႔..ဒီေန့ဒီလိုစီစဥ္လိုက္ရတာပါ"
ေမာင္ကစကားလမ္းေၾကာင္းေပးေတာ့..ကြၽန္ေတာ္လည္းတုန္တုန္ရီရီျဖင့္..ေမာင္အဖိုးနဲ႔မိဘေတြကိုႏႈတ္ဆက္လိုက္သည္။
"မဂၤလာပါ..ေတြ့..ေတြ့ရတာဝမ္းသာပါတယ္..ကြၽန္ေတာ့္နာမည္ကေလာ္ယြင္ရွီးပါ..ေမာင္..အဲ..ယြီအာရဲ့ခ်စ္..ခ်စ္သူပါ"
စကားတို႔ကထစ္ေငါ့စြာထြက္သြားေလသည္။
ေျဖာင့္ေျဖာင့္ျဖဴးျဖဴးမေျပာႏိုင္တဲ့...ကိုယ့္ပါးစပ္ကိုသာျဖတ္ရိုက္ပစ္ခ်င္ေတာ့သည္။
မသိမသာေလး..လူႀကီးေတြကိုအကဲခတ္
ၾကည့္လိုက္ေတာ့..ေမာင့္အေဖကရုပ္တည္တည္ႀကီးျဖင့္ၾကည့္ေနေလသည္။
ေမာင့္အဖိုးကေတာ့ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္..
ဘုရားသိၾကားမလို႔..ေမာင္နဲ႔ကြၽန္ေတာ့္ကိုသေဘာတူပါေစလို႔သာ..ဆုေတာင္းေနမိသည္။
"ေဖးယြီ..သားဆံုးျဖတ္ခ်က္အတြက္ေနာင္တမရမွာ..ေသခ်ာလား"
"ေသခ်ာပါတယ္ ဖိုးဖိုး...သားဘယ္ေတာ့မွေနာင္တရမွာမဟုတ္ဘူး"
ဖိုးဖိုးကေမာင့္ကိုေမးလာေသာေၾကာင့္ေမာင္ကခ်က္ခ်င္းပင္ျပန္အေျဖေပးလိုက္သည္။
"ဟုတ္ပါၿပီကြယ္..ဖိုးဖိုးကေတာ့.ဘာမွေျပာစရာမရိွပါဘူး.."
အဖိုးကမီးစိမ္းျပလိုက္သည့္အတြက္ကြၽန္ေတာ့္ရင္ထဲအလံုးႀကီးတစ္လံုးက်သြားသလိုခံစားလိုက္ရသည္။သို႔ေသာ္..စိတ္ေအးလို႔မရေသး..အလံုးႀကီးႏွစ္လံုးက်န္ေနေသးသည္မလား...
ေမာင္ကေတာ့ဝမ္းသာသြားၿပီး..သူ႔အေဖဘက္လွည့္ကာ
"ပါး..ပါးကေရာ."
ေမာင့္အေဖကေမာင့္ကိုၾကည့္ၿပီး..ကြၽန္ေတာ့္ကိုပါစူးစူးစိုက္စိုက္ၾကည့္လာေသာေၾကာင့္..ကြၽန္ေတာ္ေယာင္ယမ္းၿပီး..ေခါင္းငံု႔ထမိသည္ထင္သည္။
"ငါတားလို႔ေရာ..မင္းကရမွာတဲ့လား.
မင္းလည္းအခုအရြယ္ေရာက္ၿပီးကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ေနႏိုင္ၿပီပဲ..ကိုယ့္ေရြးတဲ့လမ္းအတြက္ေနာင္တမရိွ..အဆံုးထိဆက္ေလ်ွာက္ႏိုင္မယ္ဆို.ရၿပီ"
လံုးဝမထင္ထားေသာကိစၥက..ကြၽန္ေတာ့္ကို..ေရွာ့ရေစပါသည္။
အခု..ေမာင့္မိသားစုက..ကြၽန္ေတာ့္ကိုလက္ခံလိုက္ၿပီေပါ့ေနာ္...
ကြၽန္ေတာ္ေပ်ာ္လြန္းလို႔မ်က္ရည္ေတာင္က်မိသည္ထင္သည္။
ကြၽန္ေတာ့္နည္းတူ...ေမာင္လည္းအရမ္းကိုေပ်ာ္ရႊင္ေနေလသည္။
"ေက်းဇူးတင္ပါတယ္..ဖိုးဖိုးေရာ..ပါးပါးေရာ မားမားေရာ..ကြၽန္ေတာ္တကယ္ေက်းဇူးတင္ပါတယ္"
မ်က္ရည္မ်ားက်ေနေသာ္လည္း..ႏႈတ္ခမ္းတို႔ကေတာ့ဆန္႔က်င္ဖက္...ေပ်ာ္ရႊင္သည့္အသြင္ေဆာင္အၿပံဳးတို႔ျဖင့္..ေမာင္ကကြၽန္ေတာ့္ကိုေပြ့ဖက္လာေလသည္။
ကြၽန္ေတာ္လည္း..အစကအေပ်ာ္လြန္ေနသ
ျဖင့္..ေမာင္ဖက္ထားတာကိုၿငိမ္ခံေနလိုက္ေပမဲ့...ေနာက္မွ..ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုၿပံဳးၿပံဳးႀကီးၾကည့္ေနၾကေသာလူႀကီးမ်ားကိုသတိထားမိသြားေသာေၾကာင့္...ေမာင့္ကိုတြန္းလိုက္ရသည္။
ရွက္လိုက္တာ...ဘယ္လိုေတာင္စိတ္ေတြလြတ္သြားရတာလဲ..
ေမာင္ကၿပံဳးေပ်ာ္ေနရာမွ
"ဦးေလးလန္ကို ကြၽန္ေတာ္ေတာင္းပန္ပါတယ္..ကြၽန္ေတာ့္ရဲ့မျပတ္သားမႈေၾကာင့္.."
"မလိုပါဘူးကြာ ဦးေလးနားလည္ပါတယ္"
"ဟုတ္ပါတယ္ ေဖးယြီရဲ့ မ တို႔ကိုဘာမွအားနာမေနနဲ႔..ေဖးယြီဘက္က မ ကိုအထင္လြဲေစမဲ့အျပဳအမူမ်ိဳး..ဘာတစ္ခုမွမလုပ္ခဲ့ပါဘူး.."
ေမာင္က လန္စုရီကိုေက်းဇူးတင္သည့္
အၾကည့္တို႔ျဖင့္ၾကည့္ေနသလို..လန္စုရီကလည္း..နားလည္သည့္အၾကည့္ျဖင့္ၾကည့္ေနေလသည္။
ကြၽန္ေတာ္ကေတာ့..ဘာတစ္ခြန္းမွဝင္မေျပာခဲ့...ဒီအေနအထားကကြၽန္ေတာ္နဲ႔နည္းနည္းစိမ္းေနေသးသည္ေလ..
ရုတ္တရက္...ေမာင့္ေမေမက..ကြၽန္ေတာ့္လက္ကိုလာဆုပ္ကိုင္ကာႏူးႏူးညံ့ညံ့အၾကည့္တို႔ျဖင့္ၾကည့္လာေလသည္။
"သား..အရင္တုန္းကျဖစ္ပ်က္ခဲ့တာေတြအတြက္..မားေတာင္းပန္ပါတယ္ေနာ္..
မားအတၲႀကီးခဲ့မိလို႔..သားတို႔ႏွစ္ေယာက္ကို..ခံစားရေအာင္လုပ္ခဲ့မိတယ္..မားကိုခြင့္လႊတ္တယ္မလားဟင္"
ကြၽန္ေတာ္လည္းေမာင့္ေမေမရဲ့လက္ေတြကိုျပန္လည္ဆုပ္ကိုင္လိုက္ၿပီး
"ကြၽန္ေတာ္ဘယ္တုန္းကမွ မားအေပၚစိတ္မကြက္ခဲ့ဖူးပါဘူး မားရဲ့စိတ္ကိုနားလည္ပါတယ္ မားေတာင္းပန္စရာမလိုပါဘူး"ဟုဆိုမိသည္။
ထိုအခါမားကကြၽန္ေတာ့္ကိုၿပံဳးျပကာ
"သားကစိတ္ထားေကာင္းလိုက္တာ.ယြီအာကိုအပ္ပါတယ္ေနာ္..ယြီအာကသားကိုအရမ္းခ်စ္တာမိုလို႔..ယြီအာေဘးမွာတစ္သက္လံုးေနေပးသြားပါေနာ္"
"စိတ္ခ်ပါမား..သားတစ္သက္လံုးယြီအာေဘးမွာ..ယြီအာရဲ့လက္ကိုတြဲၿပီး..ေနသြားပါမယ္လို႔ကတိေပးပါတယ္"
ကြၽန္ေတာ္ေသခ်ာသည့္ကတိတစ္ခုကို..ေမာင့္ေမေမအား..ေပးမိသည္။
ထိုကတိအား..ကြၽန္ေတာ္ေသသည္အထိ..တည္သြားမည္ဆိုတာ..ကိုယ့္ကိုယ္ကို..ယံုပါသည္။
..........🍀
ေမာင္တို႔အိမ္ကျပန္လာၿပီးေနာက္..ကြၽန္ေတာ့္အိမ္သို႔တန္းမျပန္ဘဲ..ေမာင္ကကြၽန္ေတာ့္ကို..တစ္ေနရာသို႔..ထပ္ေခၚလာျပန္သည္။
မ်က္စိေရ႔ွက...ရင္းႏွီးေနသည့္ျမင္ကြင္း
ေၾကာင့္..ေမာင္ဘယ္ကိုေခၚလာမွန္း..ကြၽန္ေတာ္သိလိုက္သည္။
တစ္ခ်ိန္က...ကြၽန္ေတာ္တို႔အတူလာဖူးေသာ..ေနၾကာပန္းခင္းႀကီးဆီသို႔...
"ေမာင္တို႔ဒီကိုလာဖူးတာ..မွတ္မိတယ္မလား"
"မမွတ္မိဘဲေနပါ့မလားေမာင္ရယ္..."
{ "ေနၾကာပန္းေလးေတြကေနမင္းႀကီးရိွရာကိုမ်က္ႏွာမူၿပီးရွင္သန္ၾကတယ္တဲ့ ေမာင္ကလည္းေဟာဒီကေမာင့္ရဲ့တိမ္တိုက္ကေလးရိွရာကိုပဲမ်က္ႏွာမူၿပီးရွင္သန္မွာမိုလို႔ေမာင့္ရဲ့ယြင္ကလည္းေမာင္တစ္ေယာက္တည္းကိုပဲၾကည့္ေပးေနာ္" }
အဲ့တုန္းကေမာင္ေျပာခဲ့သည့္စကားမ်ားကိုျပန္ၾကားေယာင္မိေတာ့...ကြၽန္ေတာ္အလိုလိုၿပံဳးမိလာသည္။
{ "ေနၾကာပန္းေလးေတြရဲ့အဓိပၸါယ္ကေပ်ာ္ရႊင္ျခင္းတဲ့..ေမာင့္ရဲ့ေပ်ာ္ရႊင္ျခင္းကေတာ့ေဟာဒီေမာင့္ေရ႔ွကယြင္ပဲ"
"ေမာင္ကစကားအရမ္းတတ္တာပဲ အရင္တုန္းကအေတြ့အႀကံဳရိွတယ္ထင္တယ္"
"ဟင့္အင္း ေမာင့္ဘဝမွာယြင္ကပထမဆံုးပဲ ပထမဆံုးေမာင္ရင္ခုန္မိတဲ့သူ ပထမဆံုးေမာင္ခ်စ္မိတဲ့သူ ပထမဆံုးေမာင္ပိုင္ဆိုင္လိုတဲ့သူ ယြင့္ကိုေမာင္ပိုင္ဆိုင္ခ်င္တယ္"
"ခုလည္းပိုင္ေနတာပဲကို..."
"အခုထက္ပိုၿပီး.."
"ေလာဘႀကီးလိုက္တာ"
"အင္း ေမာင္ကယြင္နဲ႔ပတ္သက္ရင္အရမ္းေလာဘႀကီးတာမို႔ယြင္ကေမာင့္အတြက္ပဲရိွေနေပးေနာ္"
"အင္း.."
"ခ်စ္တယ္ ေမာင့္ရဲ့ယြင္"
"ေမာင့္ကိုလည္းခ်စ္တယ္" }
ထိုအခါတုန္းကကြၽန္ေတာ့္ကိုအပိုင္လိုခ်င္ေၾကာင္း..ေမာင္ကေျပာခဲ့ၿပီး..ကြၽန္ေတာ့္အားရင္ခြင္ထဲထည့္ကာ..ခ်စ္တဲ့အေၾကာင္း..တဖြဖြ..ေျပာေနခဲ့သည္။
အတိတ္ကအေၾကာင္းမ်ားကို...ျပန္ေတြးေနတုန္း..ေမာင့္လုပ္ရပ္ေၾကာင့္..ကြၽန္ေတာ္အံ့ၾသမိသြားသည္။
ေမာင္က..အခု..ေနၾကာပန္းခင္းႀကီးကိုေနာက္ခံထားကာ..ကြၽန္ေတာ့္ေရ႔ွတြင္..ဒူးေထာက္လိုက္ၿပီး..ဘယ္တုန္းကတည္းကယူလာမွန္းမသိတဲ့..စိန္ကြပ္ထားသည့္လက္စြပ္ေလးကိုထည့္ထားေသာကတီပါဘူးေလးကိုကိုင္ထားကာ...ကြၽန္ေတာ့္အားေလးေလးနက္နက္ၾကည့္လာၿပီး
"ယြင္..ေမာင့္ကိုလက္ထပ္ခြင့္ေပးႏိုင္မလား.."
အခု..ေမာင္ကကြၽန္ေတာ့္ကိုလက္ထပ္ခြင့္ေတာင္းေနတာတဲ့...ကြၽန္ေတာ္ေပ်ာ္လြန္းလို႔..ငိုမိသည္။
"အြန္း..လက္ထပ္မယ္.."
ကြၽန္ေတာ့္လက္ကိုေမာင့္ေရ႔ွသို႔ထုတ္ေပးလိုက္ကာ..ေမာင့္ကိုလက္ခံေၾကာင္းေျပာမိသည္။
ေမာင္က..ဒူးေထာက္ေနရာမွထလာၿပီး..ကြၽန္ေတာ့္လက္သူႂကြယ္ေလးမွာ..လက္စြပ္ေလးကိုစြပ္ေပးကာ..ကြၽန္ေတာ့္လက္မွာ..လွပစြာတည္ရိွေနေသာ..လက္စြပ္ေလးကိုနမ္းလိုက္ၿပီး...ကြၽန္ေတာ့္လက္ဖမိုးေလးကိုလည္းတစ္ခ်က္နမ္းလိုက္ေလသည္။
"ဒီမွာ..ေမာင္လည္းဆင္တူ"
ေမာင့္လက္သူႂကြယ္တြင္လည္း..ကြၽန္ေတာ္လက္တြင္ဝတ္ထားေသာလက္စြပ္ပံုစံဆင္တူေလးတစ္ကြင္း...
"အခု..ယြင့္ကိုေမာင္ပိုင္ၿပီေပါ့ေနာ္"
"ယြင့္ကို ေမာင္အၿမဲတမ္းပိုင္ပါတယ္..အရင္တုန္းကေရာ..အခုေရာ..ေနာင္အနာဂါတ္မွာပါ..ယြင့္ကိုေမာင္ပိုင္ၿပီးသားပါ"
ကြၽန္ေတာ့္အေျဖၾကောင့္ေမာင္ကသေဘာတက်ရယ္ကာသူ႔ရင္ခြင္ထဲထည့္ၿပီးဖက္ထားေလသည္။
ကြၽန္ေတာ္လည္းေမာင့္ခါးကိုျပန္ဖက္လိုက္ၿပီး..မ်က္စိေရ႔ွမွအဆံုးမဲ့ေနၾကာပန္းခင္းႀကီးကို..ေမာင့္ရင္ခြင္ထဲကေန..ၾကည့္ေနမိသည္။
အခုဆို...ကြၽန္ေတာ္နဲ႔ေမာင့္ရဲ့အနာဂါတ္ဟာလည္း..ဒီေနၾကာပန္းခင္းႀကီးလိုပဲ...လွပေနမွာေသခ်ာပါသည္။
"ခ်စ္တယ္..ေမာင့္ရဲ့ယြင္"
ေမာင္က..ကြၽန္ေတာ့္ကိုဖက္ထားေသာလက္မ်ားကိုပိုမိုတင္းၾကပ္လိုက္ၿပီး..ကြၽန္ေတာ့္ဆံႏြယ္မ်ားကိုငံု႔၍နမ္းရိႈက္လိုက္ကာ..ဆိုလာေလသည္။
ကြၽန္ေတာ္လည္း..ေမာင့္ကိုတင္းတင္းၾကပ္ၾကပ္ျပန္ဖက္လိုက္ရင္း..ေမာင္ၾကားရံုမ်ွ..တိုးတိုးကေလးဆိုမိသည္။
"ေမာင့္ကို...အရမ္းခ်စ္တယ္"
ေလာကႀကီးသည္..အခ်စ္မ်ားျဖင့္..သာယာလွပါသည္။
The End...❣️
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[ A/N - ေနာက္ဆံုးေတာ့..ငါးလေက်ာ္..ေျခာက္လနီးပါး..ေရးခဲ့ရတဲ့..အေစာရဲ့Ficေလးဟာ..ၿပီးဆံုးသြားခဲ့ပါၿပီ..။
လိုအပ္ခ်က္ေတြအမ်ားႀကီးရိွခဲ့ေပမဲ့...သည္းခံၿပီးဖတ္ေပးခဲ့ၾကတဲ့readerတစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္ပါတယ္💛
ေရးေနတဲ့တစ္ေလ်ွာက္လံုး..voteေတြနဲ႔feedbackေတြအမ်ားႀကီးေပးခဲ့ၾကတဲ့readerေလးေတြကိုေက်းဇူးတင္သလိုခ်စ္လည္းခ်စ္ပါတယ္ရွင္❤️တကယ္ေျပာတာပါ..
readerေလးေတြရဲ့ေက်းဇူးေၾကာင့္အဆံုးထိဆက္ေရးႏိုင္ခဲ့တာပါ။
ဒါေလးၿပီးသြားၿပီဆိုေတာ့..ဘာပဲျဖစ္ျဖစ္..လြမ္းေနရေတာ့မယ္..
ေနာက္ထပ္Feiyunxi Ficတစ္ပုဒ္ကိုျပင္ဆင္ၿပီးတာနဲ႔ျပန္လာခဲ့ပါ့မယ္..အဲ့ဒီFicေလးက်ရင္လည္းခ်စ္ေပးၾကပါအံုးလို႔..😚
completeသြားမွဖတ္မယ္ဆိုတဲ့သူေလးေတြလည္းဖတ္လို႔ရပါၿပီလို႔ လက္တို႔လိုက္ၾကပါအံုးေနာ္..(^‿^)
ဒါဆို..ဒီFicေလးကေန..ႏႈတ္ဆက္ပါတယ္ေနာ္...
ေနာက္Ficေလးေတြက်ရင္ျပန္ဆံုခ်င္ပါေသးတယ္❤️]
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::