ရည္ရြယ္၍.........! (ရည်ရွယ်၍...

By Tokebloom

4.1K 320 24

Wang Ruo Lin × Li Dai Kun (9.6.2021 to 19.6.2021) More

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
ဇာတ္သိမ္းပိုင္း

အပိုင္း(၆)

242 21 4
By Tokebloom

မိုးတေဖ်ာက္ေဖ်ာက္ က်ေနသည့္ လမ္းမေပၚတြင္ ကားေလးတစ္စီးသည္ ပံုမွန္အရွိန္တစ္ခုျဖင့္ ေမာင္းႏွင္ေနေလသည္။

ေရွ႕ခန္းတြင္ ကားေမာင္းေနသည့္ Luက အေနာက္ခန္းတြင္ ရွိေနသည့္ သူ၏အကိုလည္းျဖစ္ သူေဌးလည္းျဖစ္သည့္ Wang Rou Lin ကို ခဏခဏလွမ္း ၾကည့္ေနသည္။

သူေဌးWang၏ေဘးတြင္ သခင္ေလးLi မွာ ေကြးေကြးေလးအိပ္ကာ လိုက္ပါလာသည္။

အစကေတာ့ မနက္ျဖန္မွ သြားမည္ျဖစ္ေပမယ့္ ဘိုးဘိုးWangက ႐ုတ္တရက္ႀကီး ေနမေကာင္းျဖစ္သည္ဟု အိမ္ေတာ္က Ph ေခၚလာေလသည္။

ကံေကာင္းသည္က ဘိုးဘိုးႀကီး လဲက်ေနသည္ကို အလုပ္သမားေကာင္မေလးက ေတြ႕ျမင္သြားၿပီး Wangမိသားစုကို အလ်င္အျမန္ အသိေပးလိုက္ေလသည္။

Wangေမေမ ဆက္သြယ္လာသည္က ည(၁၂:၀၀)နာရီပင္ ထိုးခါနီးေနၿပီ။

Li Dai Kun မွာ ညစာစားၿပီး စာအနည္းငယ္ၾကည့္ကာ အိပ္ယာထဲ အိပ္ေပ်ာ္လုျဖစ္ခါနီးမွ Wang Hou Linက အခန္းတံခါးလာေခါက္ေလသည္။

"Kun Er ကိုယ္တို႔ အိမ္ကို ခဏသြားရမယ္ထင္တယ္"

"ဟင္"

"ဘိုးဘိုးႀကီး လဲက်လို႔တဲ့"

"ဗ်ာ!!!"

အိမ္ကထြက္လာကာမွ မိုးကလည္း တေဖ်ာက္ေဖ်ာက္က်ကာ ရြာလာသည္မို႔ Lu က ကားကိုမွန္မွန္ေလးသာ ေမာင္းေနေလသည္။

အိပ္ခ်င္စိတ္ကို ထိန္းထားေပမယ့္ တစ္ခါမွ အအိပ္ေနာက္မက်ဘူးတဲ့ Dai Kunရဲ႕ မ်က္ခြံမ်ားက ေမွးမွိတ္လို႔က်သြားရသည္။

ကမ႓ာမွာ အေလးဆံုးက မ်က္ခြံ ဆိုတာ သိပ္မွန္တာပဲ။

ႀကိဳက္မရွက္ ငိုက္မရွက္ဆိုသလို ဇက္ကဘယ္ကို လည္က်သြားသည့္အခါ တံခါးေဘာင္ေပၚ တဒုတ္ဒုတ္ တိုက္မိေနသည္။

ညာဘက္က ဟိုလူႀကီးေပၚ မက်ေအာင္ ထိန္းထားသည္မို႔ လူက တစ္ဖက္ကို ငိုက္သြားတိုင္း နားထင္ပါ နီေနေလေတာ့သည္။

ထိုအျဖစ္ကို မၾကည့္ရက္သည့္အလား သူေဌးWangတစ္ေယာက္ 360° လွည့္ေနသည့္ေခါင္းကို သူ၏ပုခံုးေပၚသို႔ မွီခ်ကာ အိပ္စက္ေစလိုက္သည္။

**စာခ်ဳပ္ႀကီးကိုသာ ကိုယ္တိုင္ကိုယ္က် ထုတ္ေပးထားသူမဟုတ္ပါက ထိုျမင္ကြင္းကို ျမင္ၿပီးလွ်င္ အေတာ္ကို ခ်စ္တတ္သည့္သူႀကီးဟု ထင္ျမင္သြားပါလိမ့္မည္**

အခုလည္း၊ အင္း၊ နည္းနည္းေတာ့ နည္းနည္း ထူးဆန္းေနေပမယ့္ ဘယ္နားထူးဆန္းေနလဲသာ မသိတာ။

အခုလည္း ခရီးပန္းလို႔လားမသိ သူေဌးWangတစ္ေယာက္ ေကာင္ငယ္ေလး၏ ဦးေခါင္းေပၚ သူ၏လည္ပင္းကို ေစာင္းခ်ရင္း မ်က္လံုးတို႔ကို ေမွးမွိတ္ထားကာ မွီထားရင္း လိုက္ပါလာသည္။

မိုးဖြဲေလးေတြၾကားထဲ ကားနက္ကေလးဟာ တရိပ္ရိပ္ေျပးေနေလေတာ့သည္။

_______________________________

အိမ္ေတာ္ႀကီးထဲမွာေတာ့ ေတာ္ေတာ္မ်ားမ်ား အိမ္ခန္းေတြဟာ မီးလင္းေနၾကေသးသည္။

အားလံုးကလည္း အိပ္မေပ်ာ္ႏိုင္ ျဖစ္ေနၾကသည္ထင္သည္။

အိမ္မႀကီးမွာေတာ့ Wang ေဖေဖႏွင့္ Wangေမေမသာ ဘိုးဘိုးWang အနားမွာ ေစာင့္ေနေလသည္။

"ေဟာ... သားတို႔ လာျကျပီ၊ Lu ေရာပါလာတာပဲ "

"ဟုတ္ကဲ့ ေဒၚေလးWang"

အခန္းထဲကို ဝင္လာျကသည့္ Rou Linတို႔ သံုးေယာက္ကို Wang ေမေမက ျကိုေလသည္။

"ဘိုဘိုး အေျခအေနက ဘာတဲ့လဲ၊ Ph နဲ့ဆိုေတာ့ စံုစံုလင္လင္ မေမးလိုက္ရဘူး"

စိုးရိမ္စြာျဖင့္ Rou Linက မိခင္ျဖစ္သူကို ေမးလိုက္သည္။

"သားတို႔ဘိုးဘိုးက ညေနေစာင္းအထိ ေကာင္းပါတယ္၊ လူႀကီးဆိုေတာ့ အေျခေနေတြက မသိႏိုင္ဘူးေလ"

"အခုေရာ အန္တီWang"

Dai Kunက အသက္ရွဳသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္ေနေသာ ဘိုးဘိုးႀကီး၏လက္ကို ကိုင္ကာ ေမးလိုက္သည္။

" အခုေတာ့ အဆင္ေျပသြားပါၿပီ၊ ႏိုးလာတဲ့အခါ သားတို႔ကိုျမင္ၿပီး ဘိုးဘိုးႀကီး ဝမ္းသာသြားေအာင္ ေခၚလိုက္တာ၊ Kun Kun အိပ္ငိုက္ေနရင္ နားေတာ့ေလ"

မ်က္လံုးတို႔စင္းေနသည့္ Dai Kunကို Wangေမေမက ေျပာေလသည္။

"ဟုတ္သားပဲ Kun Erက ဒီအခ်ိန္အထိ တစ္ခါမွ ေနတာမေတြ႕ဘူး၊ ကိုယ့္အခန္းထဲ သြားအိပ္ႏွင့္ ၿပီးမွ ကိုယ္လာခဲ့မယ္"

"ဟို ကၽြန္ေတာ္ ဘိုးဘိုးကို ေစာင့္အံုးမယ္"

"ရတယ္ ရတယ္ သား Kun Kun သြားနားေတာ့၊ ဘိုးဘိုးႀကီးကို စိတ္မပူနဲ႔၊ သားကိုကိုက ၿပီးရင္ လိုက္လာလိမ့္မယ္ေနာ္"

Dai Kunေျပာတာကို လက္မခံၾကဘဲ အိပ္ခန္းရွိရာသို႔သာ ေကာင္မေလးတစ္ေယာက္ျဖင့္ လိုက္ပို႔ခိုင္းေလသည္။

"ဒါဆို ကၽြန္ေတာ္ အားမနာေတာ့ဘူးေနာ္"

"အင္း သြား သြား"

အခန္းေပါက္က ကြယ္သြားသည့္အထိ လိုက္ျကည့္ရင္း Wangေမေမမွာ ျပံဳးလိုက္သည္။

" ေမေမ့သားက ဒီေကာင္ေလးကိုေတာ့ သေဘာက်သားပဲ"

"အာာာ!!! ေမေမကလည္း သေဘာက်လို႔ ခ်စ္သူေတြျဖစ္ေနတာေပါ့"

နဖူးေပၚဝဲက်ေနသည့္ ဆံစတို႔ကို သပ္တင္ရင္း အက ္တင္ေကာင္းေကာင္းျဖင့္ မျပံဳးမပ်က္ ဆိုလိုက္သည့္ Wang Ruo Lin။

**ဘာလဲ၊ ေမေမက သိေနတာလား**

"အင္းပါ ေမေမ့သားေလး သေဘာက်သလို ေမေမလည္း Kun Kun ေလးကို သေဘာက်လို႔၊ ေမေမ ဘာသံညာသံ မၾကားခ်င္ဘူးေနာ္"

မိခင္ျဖစ္သူက Wang Ruo Linကို ေႏြးေႏြးေထြးေထြးၾကည့္ကာ ေျပာေလသည္။

"သားLuလည္း မင္းအကိုနဲ႔ ခရီးက အတူတူျပန္လာတာဆိုေတာ့ ပင္ပန္းလာမွာပဲ ႏွစ္ေယာက္လံုး သြားအိပ္ၾကေတာ့"

"ဟုတ္ကဲ့ ေဒၚေလးWang"

ႏွစ္ေယာက္လံုး မင္ေသေသျဖင့္ အခန္းထဲက ထြက္လာၾကသည္။

"Lu..."

အခန္းဆီသြားရာ စႀကႍလမ္းမွာ ေလွ်ာက္ေနရင္း Ruo Linေခၚလိုက္သည္။

"ဟင္"

သူလည္း အေတြးေတြထဲ ေရာက္ေနသလို ထူးေလသည္။

"ေမေမ သိသြားေလာက္ၿပီလား"

မသကၤာဟန္အျပည့္ျဖင့္ Luကိုေမးလိုက္သည္။

"ေဒၚေလးကို ဘယ္တုန္းကမ်ား လိမ္လို႔ရဖူးလို႔လဲ"

Wang Luက ေသြးေအးေအးျဖင့္ ျပန္ေျဖသည္။

"ဒါဆို ေမေမ သိေနၿပီပဲ"

Wang Ruo Lin ေတြးေတြးဆဆေလး ေျပာေလသည္။

"မဟုတ္ေလာက္ပါဘူး၊ ေဒၚေလးသိရင္ သခင္ေလးLi ဗီလာကအိမ္မွာ ဘယ္ရွိေတာ့မလဲ"

ဒါလည္း ဟုတ္တာပဲ။ သူသာ ဒီလိုကိစၥႀကီးတစ္ခုလံုးကို လုပ္ထားၿပီး Wang အိမ္ေတာ္ကသူေတြ သိသြားၾကည့္ Dai Kunေရာ သူေရာ Wang အိမ္ေတာ္ရဲ႕ ဘိုးဘြားကန္ေတာ္ခန္းမွာ ဒူးေထာက္ေနရေလာက္ၿပီ။

အခုက ဘယ္သူမွ မသိေသးတာပဲျဖစ္မည္။ ပို၍ပီ ျပင္ေအာင္လည္း မနက္ျဖန္ကစၿပီး A listစာရင္းဝင္ ထိပ္တန္းမင္းသား၏ သ႐ုပ္ေဆာင္မွဳမ်ားကို ထုတ္ျပရေတာ့မည္။

"Kun Erေရ ကိုယ္နဲ႔အတူတူ သ႑ာန္လုပ္သ႐ုပ္တူ ေပးပါအံုး"

အခန္းထဲက မီးေရာင္မွိန္မွိန္ေအာက္ ကုတင္ထက္က အိပ္ေမာက်ေနသည့္ ေကာင္ေလး၏မ်က္ႏွာကို ဖြဖြထိကာ တီးတိုးစကား ဆိုမိေတာ့သည္။

ညသည္ တိတ္ဆိတ္သည္။ ေအးခ်မ္းသည္။ စိတ္ကူးယဥ္စရာ အလြန္ပင္ ေကာင္းေလေတာ့သည္။

________________________________________

Wang အိမ္ေတာ္ႀကီး၏ ထမင္းစားခန္းထဲတြင္ျဖစ္သည္။

LinKunစံုတြဲ Wangအိမ္ေတာ္ႀကီးကို ေရာက္ရွိသည့္ (၃)ရက္ေျမာက္ေန႔ျဖစ္သည္။

ဘိုးဘိုးWangမွာ ထူထူေထာင္ေထာင္ျဖင့္ အစားေသာက္မ်ားကို စားေသာက္ေနႏိုင္ၿပီျဖစ္သည္။

ထို႔ေၾကာင့္ LinKunစံုတြဲမွာ အိမ္ျပန္ရန္တာဆူေနေလၿပီ ျဖစ္သည္။

"ဘိုးဘိုးလည္း ေနေကာင္းၿပီဆိုေတာ့ ကၽြန္ေတာ္တို႔ အိမ္ျပန္ေတာ့မယ္၊ ကၽြန္ေတာ္ အလုပ္ေတြ နားထားရတာၾကာၿပီ၊ Kun Erလည္း ေက်ာင္းနဲ႔ေဝးေတာ့ သြားရ လာရတာ ပင္ပန္းတယ္"

Huo Lin မွာ Dai Kunနဲ႔အတူတူ ဒီရက္ပိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သ႐ုပ္ေဆာင္ၿပီးၿပီမို႔ လူႀကီးေတြထံ အခ်ိန္ၾကာလာတာနဲ႔အမွ် မိသြားမွာလည္း စိုးရိမ္ကာ ဗီလာကိုသာ ျပန္မည္စိတ္ကူးထားသည္။

Dai Kun ကလည္း ျပန္ရန္သေဘာတူေလသည္။

"အိုက္ယား ဒီေခြးေကာင္ေလးက အိမ္ အိမ္ အိမ္နဲ႔ ျဖစ္ေနရေအာင္ ဒါက မင္းအိမ္မဟုတ္လို႔လား ဟမ္၊ ဒီမွာ အကုန္လံုး စံုစံုလင္လင္နဲ႔ အေဖေရာအေဖေရာ ရွိတာကို မင္းက ဘယ္ျပန္မွာလဲ၊ Kun Erေလးေရာ ေက်ာင္းသြားရတာ ပင္ပန္းလား"

Wang Huo Linကိုေတာ့ ေဒါတခီးခီးနဲ႔ ေျပာေနေပမယ့္ Dai Kunကိုေတာ့ ဘိုးဘိုးWangက ခ်ိဳခ်ိဳသာသာေျပာေလသည္။

" မ မပင္ပန္းပါဘူး ဘိုးဘိုး"

မ်က္လႊာတို႔ကိုခ်ကာ ႏြားႏို႔ခြက္ကို လက္ႏွစ္ဖက္ျဖင့္ ယူေသာက္ရင္း ေဘးေထာင့္နားတြင္ ထိုင္ေနေသာ Wang Huo Linကို ခိုးၾကည့္လိုက္သည္။

" ဒီအဘိုးအိုနဲ႔ လမ္းေလွ်ာက္တယ္၊ မာေက်ာက္ကစားတယ္၊ ဒီအဘိုးအိုနဲ႔ အခ်ိန္ျဖဳန္းရတာ ပ်င္းသြားၿပီမလား၊ မေပ်ာ္ေတာ့ဘူးမလား၊ ဒီ လူအိုႀကီးကို အေဖာ္မလုပ္ေပးခ်င္ေတာ့ဘူးဆိုလည္း ျပန္ၾကေတာ့"

အဘိုးအိုမွာ စကားရွည္ရွည္ ေျပာလိုက္ရလို႔ထင္ ဟင္းခနဲ သက္ျပင္းရွည္ႀကီးခ်ကာ ေရခြက္ထဲက ေရတို႔ကို ကုန္သြားသည္အထိ ေမာ့ခ်လိုက္ေတာ့သည္။

"မဟုတ္ ပါဘူး ဘိုးဘိုး၊ ကၽြန္ေတာ္တို႔ ေန႔ပါ့မယ္၊ Lin Ge ...Lin Ge"

Wang Huo Lin၏ လက္ေမာင္းကို လက္နဲ႔လွမ္းပုတ္ရင္း သတိေပးလိုက္သည္။

" Kun Erအဆင္ေျပရင္ ရပါၿပီ၊ ကၽြန္ေတာ္လည္း အလုပ္ကို ဒီကပဲ သြားလိုက္မယ္"

က်စ္၊ အဲ့ဒါနဲ႔ပဲ ဘယ္လိုေတြ ျဖစ္ကုန္မွာလဲ။ ဘိုးဘိုး စိတ္ေက်နပ္တဲ့အထိဆိုရင္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အတည္ညားေပေတာ့မည္။

ေရေရရာရာ မတည္ရွိေသးတဲ့ ခ်စ္ျခင္းတရားေတြဟာ ေသေသခ်ာခ်ာ အေကာင္ထည္ေပၚလာေပအံုးမည္လား။

" Huo Lin၊ သား အဆင္ေျပရဲ႕လား၊ မေျပလည္း ဗီလာကိုပဲ ျပန္ေနလိုက္ Kun Erေလး တစ္ရက္ ႏွစ္ရက္ ဘိုးဘိုးနဲ႔ အတူတူေနၿပီးရင္ ျပန္ပို႔လိုက္မယ္"

ဖခင္ျဖစ္သူက သ႐ုပ္ေဆာင္အလုပ္ကို စလုပ္ကတည္းက အိမ္နဲ႔ခြဲထြက္ကာ ေနေနသည့္သားကို အဆင္မေျပမွာလည္းဆိုးကာ ဝင္ေျပာေလသည္။

Wang Huo Linက ဖခင္ျဖစ္သူ Wang Han၏ အေမးစကားေၾကာင့္ သူပဲျဖစ္ျဖစ္ ဘိုးဘိုးမ်က္စိေအာက္က အရင္ထြက္သြားရင္ Li Dai Kunလည္း အေနမခက္ေတာ့ဘဲ လူႀကီးေတြႏွင့္ အဆင္ေျပေျပ ေနႏိုင္မည္ဟု အေတြးဝင္မိသည္မို႔ ျပန္မည္ဆိုသည့္အေၾကာင္း ေျပာမည္ဟန္ျပင္ေနတုန္းမွာဘဲ....။

"အဲ့ဒီအလုပ္က ဝင္ေငြေတြ ရေနေတာ့ေရာ Wang လုပ္ငန္းစုက တစ္ႏွစ္ရတဲ့ အျမတ္ေငြ တစ္ရာခိုင္ႏွဳန္းထက္ မ်ားေနလို႔လား ဟမ္"

ဘိုးဘိုးWangမွာ သူ႔ေျမးကို အလိုမက် ျဖစ္ေနေလသည္။

" ဟုတ္ပါၿပီ ဘိုးဘိုးရယ္၊ ကၽြန္ေတာ္အလုပ္ေတြကို ဒီရက္ပိုင္း ရပ္ထားပါ့မယ္၊ ဘိုးဘိုးကို Kun Erနဲ႔ အတူတူ အေဖာ္ျပဳေပးမယ္ ဟုတ္လား"

ဘိုးဘိုးWangေၾကာင့္ ကုမၸဏီကို ဒီရက္ပိုင္းအလုပ္သစ္ေတြ လက္မခံခိုင္းဘဲ ခြင့္ရက္ရွည္ယူကာ အနားယူမည္ျဖစ္ေၾကာင္း အေၾကာင္းထားလိုက္ရသည္။

ဘိုးဘိုးWangမွာလည္း ထိုအခါမွ ျပံဳးျပံဳးရႊင္ရႊင္ျပန္ျဖစ္သြားကာ စြပ္ျပဳတ္ကို ေပ်ာ္ရႊင္စြာျဖင့္ ကုန္ေအာင္ စားသြားေလေတာ့သည္။

________________________________________

" ေဖးေဖး ေသခ်ာရဲ႕လား"

ခပ္တိုးတိုး ေမးသံက ပတ္ဝန္းက်င္ကို မၾကားေစခ်င္မွန္း သိသာေစသည္။

"ေသခ်ာတာေပါ့ ေဖေဖ၊ သားက ေကာင္ေလးကို သေဘာက်တယ္"

ခပ္ျပံဳးျပံဳးဆိုတဲ့ သူမ၏ မ်က္ႏွာမွာေတာ့ ေပ်ာ္ရႊင္မွဳ အရိပ္ေယာင္ေလး သန္းေနေလသည္။

" သေဘာက်ရင္လည္း သူတို႔ဘာသာေနပါေစလား"

တစ္ဖက္က ျပန္ေျပာေသာစကားေၾကာင့္ သူမက တစ္ခုခုကို ေလးေလးနက္နက္ေတြးေတာကာ ျပန္ေျဖေလသည္။

"မရလို႔ေပါ့ ေဖေဖ၊ သားက သူ ေကာင္ေလးကို ခ်စ္ေနမွန္း သူ႔ကိုယ္သူေတာင္ မသိဘူး၊ ကၽြန္မက အေမမို႔သာေဘးက ျမင္ေနရတာ၊ သူတို႔ဘာသာ ေနခိုင္းလို႔ကေတာ့ ေဖေဖေျမးက ဒီတစ္သက္ သူသေဘာက်တဲ့သူကို လက္လႊတ္လိုက္တဲ့ အခ်ိန္ထိ သိမွာ မဟုတ္ဘူး"

ႏွာေခါင္းရွံဳ႕ကာ အမ်ိဳးသမီးက ျပန္ေျဖေတာ့ နေဘးနားက အမ်ိဳးသားက ထိုးအမ်ိဳးသမီး၏ ႏွာဖ်ားေလးကို ဖြဖြၫွစ္လိုက္ကာ ဆိုသည္။

" ဒီလိုအေတြးက ဘယ္က ဝင္လာတာလဲ ဟမ္၊ ေဖေဖမွာ ေနမေကာင္း ဟန္ေဆာင္ရတာ အစားေသာက္ေတြပါ ပ်က္ကုန္ေတာ့မယ္"

" ရတယ္၊ ရတယ္၊ ငါ့ေျမးေလး ေပ်ာ္ရႊင္ဖို႔အတြက္ဆို ဒီအဘိုးအိုက တစ္နပ္စာ ႏွစ္နပ္စာေလာက္ ဟန္ေဆာင္မစားျပရလည္း ရတယ္"

အဘိုးအိုက ရယ္ရယ္ေမာေမာ ဝင္ေျပာေလသည္။

" ကၽြန္မတို႔ တြန္းအားေပးမွပဲ ရမယ္၊ မဟုတ္ရင္ Lin Erက သူႀကိဳက္တဲ့သူကို လႊတ္ေပးလိုက္ရမယ္၊ ၿပီးေတာ့ ကၽြန္မတို႔လည္း လိမၼာတဲ့ ကေလးကို သားမက္ မေတာ္လိုက္ရဘဲေနမယ္"

အမ်ိဳးသမီးျဖစ္သူက အေလာတႀကီးဆိုသည္။

"ဟုတ္ပါၿပီကြာ၊ သူသေဘာက်တဲ့ သ႐ုပ္ေဆာင္အလုပ္ကို မင္းက သေဘာမက်ေပမယ့္ ခုခ်ိန္ထိ ၾကည္ၾကည္ျဖဴျဖဴ ရွိေနခဲ့ေသးတာပဲ၊ အဲ့အလုပ္ထဲက တျဖည္းျဖည္း ထြက္လာေအာင္ အကိုတို႔ ႀကိဳးစားၾကတာေပါ့ ဟုတ္လား ကိုယ့္ဇနီးေလး"

ဇနီးသည္၏စကားေၾကာင့္ ခင္ပြန္းျဖစ္သူမွာ ေအးေအးေဆးေဆး လုပ္ေဆာင္ရန္သာ တိုက္တြန္းစကားဆိုလိုက္၏။

သူတို႔၏ Wang အိမ္ေတာ္သခင္ေလး၊ တတိယသခင္ေလး Wang Huo Lin သည္ ငယ္ရြယ္စဥ္ကတည္းက ရည္းစားသနာ အရွဳတ္အရွင္းကင္းေလသည္။

ဆယ္ေက်ာ္သက္အရြယ္ Wangအိမ္ေတာ္ ေမာင္ႏွမေတြက အၿပိဳင္အဆိုင္ အေခ်ာလွေလးေတြျဖင့္ ဆက္တိုက္တြဲေနခ်ိန္မွာ Wang Huo Linမွာ တုတ္တုတ္မလွဳပ္။

လုပ္ငန္းခြင္ဝင္ေတာ့ မိခင္ျဖစ္သူ မႀကိဳက္သည့္အလုပ္ကို ေရြးျခယ္သြားေပမယ့္ သ႐ုပ္ေဆာင္ေလာကရဲ႕ အေခ်ာလွေလးေတြနဲ႔ေတာ့ သူ႔သားေလး တစ္ခ်ိန္ခ်ိန္မွာ တြဲလာႏိုင္ေသးသည္ဆိုၿပီး ေျဖသိမ့္လိုက္သည္။

သို႔ေသာ္လည္း အထင္ႏွင့္အျမင္က လြဲျပန္ေလသည္။ ဘယ္ေယာက်ာ္း မိန္းမႏွင့္မွ် နာမည္ထြက္လာျခင္းမရွိဘဲ ေခ်မိုးေနျခင္းေၾကာင့္ Wang Huo Linမွာ ေက်ာ္ၾကားမွဳႏွင့္ထပ္တူ နာမည္ႀကီးလာေလသည္။

ကဲ ဘယ္မွာလဲ။ မိမိတို႔ ေမွ်ာ္လင့္ေနတဲ့ မ်ိဳးဆက္။ ႏွစ္ေတြၾကာလာေတာ့ မ်ိဳးဆက္ဆိုတာကိုပါ လက္ေလ်ာ့လိုက္ၿပီး သားျဖစ္သူမွာ ဆန္႔က်င္ဘက္လိင္ကို မတိမ္းၫြတ္ဘဲ ထူးထူးဆန္းဆန္း ႏွစ္သက္တတ္သူဟု ထင္ျမင္မိျပန္ေသာ္လည္း ထိုသို႔ ဟုတ္မေနျပန္။

ထို႔ေနာက္တြင္ေတာ့ သားေလး၏ေပ်ာ္ရႊင္မွဳသာ အဓိကဟုဆိုၿပီး သားျဖစ္သူကို သူမ်ားကေလးေတြနည္းတူ ခ်စ္သူႏွင့္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနေစခ်င္သည္။

သို႔ေသာ္လည္း လြန္ခဲ့တဲ့ ႏွစ္ကအထိ ဘာစကားမွ ထြက္မလာတဲ့သူက Wangသခင္ႀကီး၏ ေမြးေန႔ပြဲတြင္မွ "မေလာပါနဲ႔ ဘိုးဘိုးရယ္"ဆိုသည့္ စကားကို ထုတ္ေျပာလာကာ ထိုညတြင္ပဲ ေကာင္ေလးတစ္ေယာက္ကို လိုတာထက္ ပိုၿပီးရင္းနီးေနေၾကာင္း ေတြ႕လိုက္ရသည္။

ေကာင္ေလး၏ မ်ိဳး႐ိုး ေနာက္ေၾကာင္းေတြက အကုန္ကင္းရွင္းေနသည့္အျပင္ လိမၼာသည့္ကေလးမို႔ သူမ သေဘာက်ခဲ့သည္။

စံုစမ္းရသေလာက္ Kun Kunေလးက လူရည္ခၽြန္ေလးျဖစ္သလို အရာရာမွာ ႀကိဳးစားတတ္သည္။ အေကာင္းျမင္စိတ္ရွိသည္။ ကူညီတတ္သည္။

ဒီလိုကေလးကို ကၽြန္မလက္လႊတ္လိုက္လို႔ ဘယ္ျဖစ္ပါ့မလဲ။

သားေလးလို မခ်စ္တတ္သည့္သူအတြက္ တယုတယျဖစ္ေစတဲ့ထိ ဒီေကာင္ေလးက ခ်စ္စရာေကာင္းေနခဲ့သည္။

ကိုယ္ေမြးထားတဲ့ သားသမီးက ဘယ္ကိုေျခလွမ္းေနလဲဆိုတာ မသိရတဲ့အထိေတာ့ ကၽြန္မလည္း မတံုးအေသးပါဘူး။ ဒါ့ေၾကာင့္.......!!!

______________________________________

BLOOM
11.6.2021
(4:36)Pm




🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾



မိုးတဖျောက်ဖျောက် ကျနေသည့် လမ်းမပေါ်တွင် ကားလေးတစ်စီးသည် ပုံမှန်အရှိန်တစ်ခုဖြင့် မောင်းနှင်နေလေသည်။

ရှေ့ခန်းတွင် ကားမောင်းနေသည့် Luက အနောက်ခန်းတွင် ရှိနေသည့် သူ၏အကိုလည်းဖြစ် သူဌေးလည်းဖြစ်သည့် Wang Rou Lin ကို ခဏခဏလှမ်း ကြည့်နေသည်။

သူဌေးWang၏ဘေးတွင် သခင်လေးLi မှာ ကွေးကွေးလေးအိပ်ကာ လိုက်ပါလာသည်။

အစကတော့ မနက်ဖြန်မှ သွားမည်ဖြစ်ပေမယ့် ဘိုးဘိုးWangက ရုတ်တရက်ကြီး နေမကောင်းဖြစ်သည်ဟု အိမ်တော်က Ph ခေါ်လာလေသည်။

ကံကောင်းသည်က ဘိုးဘိုးကြီး လဲကျနေသည်ကို အလုပ်သမားကောင်မလေးက တွေ့မြင်သွားပြီး Wangမိသားစုကို အလျင်အမြန် အသိပေးလိုက်လေသည်။

Wangမေမေ ဆက်သွယ်လာသည်က ည(၁၂:၀၀)နာရီပင် ထိုးခါနီးနေပြီ။

Li Dai Kun မှာ ညစာစားပြီး စာအနည်းငယ်ကြည့်ကာ အိပ်ယာထဲ အိပ်ပျော်လုဖြစ်ခါနီးမှ Wang Hou Linက အခန်းတံခါးလာခေါက်လေသည်။

"Kun Er ကိုယ်တို့ အိမ်ကို ခဏသွားရမယ်ထင်တယ်"

"ဟင်"

"ဘိုးဘိုးကြီး လဲကျလို့တဲ့"

"ဗျာ!!!"

အိမ်ကထွက်လာကာမှ မိုးကလည်း တဖျောက်ဖျောက်ကျကာ ရွာလာသည်မို့ Lu က ကားကိုမှန်မှန်လေးသာ မောင်းနေလေသည်။

အိပ်ချင်စိတ်ကို ထိန်းထားပေမယ့် တစ်ခါမှ အအိပ်နောက်မကျဘူးတဲ့ Dai Kunရဲ့ မျက်ခွံများက မှေးမှိတ်လို့ကျသွားရသည်။

ကမ်ဘာမှာ အလေးဆုံးက မျက်ခွံ ဆိုတာ သိပ်မှန်တာပဲ။

ကြိုက်မရှက် ငိုက်မရှက်ဆိုသလို ဇက်ကဘယ်ကို လည်ကျသွားသည့်အခါ တံခါးဘောင်ပေါ် တဒုတ်ဒုတ် တိုက်မိနေသည်။

ညာဘက်က ဟိုလူကြီးပေါ် မကျအောင် ထိန်းထားသည်မို့ လူက တစ်ဖက်ကို ငိုက်သွားတိုင်း နားထင်ပါ နီနေလေတော့သည်။

ထိုအဖြစ်ကို မကြည့်ရက်သည့်အလား သူဌေးWangတစ်ယောက် 360° လှည့်နေသည့်ခေါင်းကို သူ၏ပုခုံးပေါ်သို့ မှီချကာ အိပ်စက်စေလိုက်သည်။

**စာချုပ်ကြီးကိုသာ ကိုယ်တိုင်ကိုယ်ကျ ထုတ်ပေးထားသူမဟုတ်ပါက ထိုမြင်ကွင်းကို မြင်ပြီးလျှင် အတော်ကို ချစ်တတ်သည့်သူကြီးဟု ထင်မြင်သွားပါလိမ့်မည်**

အခုလည်း၊ အင်း၊ နည်းနည်းတော့ နည်းနည်း ထူးဆန်းနေပေမယ့် ဘယ်နားထူးဆန်းနေလဲသာ မသိတာ။

အခုလည်း ခရီးပန်းလို့လားမသိ သူဌေးWangတစ်ယောက် ကောင်ငယ်လေး၏ ဦးခေါင်းပေါ် သူ၏လည်ပင်းကို စောင်းချရင်း မျက်လုံးတို့ကို မှေးမှိတ်ထားကာ မှီထားရင်း လိုက်ပါလာသည်။

မိုးဖွဲလေးတွေကြားထဲ ကားနက်ကလေးဟာ တရိပ်ရိပ်ပြေးနေလေတော့သည်။

_______________________________

အိမ်တော်ကြီးထဲမှာတော့ တော်တော်များများ အိမ်ခန်းတွေဟာ မီးလင်းနေကြသေးသည်။

အားလုံးကလည်း အိပ်မပျော်နိုင် ဖြစ်နေကြသည်ထင်သည်။

အိမ်မကြီးမှာတော့ Wang ဖေဖေနှင့် Wangမေမေသာ ဘိုးဘိုးWang အနားမှာ စောင့်နေလေသည်။

"ဟော... သားတို့ လာကြပြီ၊ Lu ရောပါလာတာပဲ "

"ဟုတ်ကဲ့ ဒေါ်လေးWang"

အခန်းထဲကို ဝင်လာကြသည့် Rou Linတို့ သုံးယောက်ကို Wang မေမေက ကြိုလေသည်။

"ဘိုဘိုး အခြေအနေက ဘာတဲ့လဲ၊ Ph နဲ့ဆိုတော့ စုံစုံလင်လင် မမေးလိုက်ရဘူး"

စိုးရိမ်စွာဖြင့် Rou Linက မိခင်ဖြစ်သူကို မေးလိုက်သည်။

"သားတို့ဘိုးဘိုးက ညနေစောင်းအထိ ကောင်းပါတယ်၊ လူကြီးဆိုတော့ အခြေနေတွေက မသိနိုင်ဘူးလေ"

"အခုရော အန်တီWang"

Dai Kunက အသက်ရှုသံမှန်မှန်ဖြင့် အိပ်ပျော်နေသော ဘိုးဘိုးကြီး၏လက်ကို ကိုင်ကာ မေးလိုက်သည်။

" အခုတော့ အဆင်ပြေသွားပါပြီ၊ နိုးလာတဲ့အခါ သားတို့ကိုမြင်ပြီး ဘိုးဘိုးကြီး ဝမ်းသာသွားအောင် ခေါ်လိုက်တာ၊ Kun Kun အိပ်ငိုက်နေရင် နားတော့လေ"

မျက်လုံးတို့စင်းနေသည့် Dai Kunကို Wangမေမေက ပြောလေသည်။

"ဟုတ်သားပဲ Kun Erက ဒီအချိန်အထိ တစ်ခါမှ နေတာမတွေ့ဘူး၊ ကိုယ့်အခန်းထဲ သွားအိပ်နှင့် ပြီးမှ ကိုယ်လာခဲ့မယ်"

"ဟို ကျွန်တော် ဘိုးဘိုးကို စောင့်အုံးမယ်"

"ရတယ် ရတယ် သား Kun Kun သွားနားတော့၊ ဘိုးဘိုးကြီးကို စိတ်မပူနဲ့၊ သားကိုကိုက ပြီးရင် လိုက်လာလိမ့်မယ်နော်"

Dai Kunပြောတာကို လက်မခံကြဘဲ အိပ်ခန်းရှိရာသို့သာ ကောင်မလေးတစ်ယောက်ဖြင့် လိုက်ပို့ခိုင်းလေသည်။

"ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်"

"အင်း သွား သွား"

အခန်းပေါက်က ကွယ်သွားသည့်အထိ လိုက်ကြည့်ရင်း Wangမေမေမှာ ပြုံးလိုက်သည်။

" မေမေ့သားက ဒီကောင်လေးကိုတော့ သဘောကျသားပဲ"

"အာာာ!!! မေမေကလည်း သဘောကျလို့ ချစ်သူတွေဖြစ်နေတာပေါ့"

နဖူးပေါ်ဝဲကျနေသည့် ဆံစတို့ကို သပ်တင်ရင်း အက ်တင်ကောင်းကောင်းဖြင့် မပြုံးမပျက် ဆိုလိုက်သည့် Wang Ruo Lin။

**ဘာလဲ၊ မေမေက သိနေတာလား**

"အင်းပါ မေမေ့သားလေး သဘောကျသလို မေမေလည်း Kun Kun လေးကို သဘောကျလို့၊ မေမေ ဘာသံညာသံ မကြားချင်ဘူးနော်"

မိခင်ဖြစ်သူက Wang Ruo Linကို နွေးနွေးထွေးထွေးကြည့်ကာ ပြောလေသည်။

"သားLuလည်း မင်းအကိုနဲ့ ခရီးက အတူတူပြန်လာတာဆိုတော့ ပင်ပန်းလာမှာပဲ နှစ်ယောက်လုံး သွားအိပ်ကြတော့"

"ဟုတ်ကဲ့ ဒေါ်လေးWang"

နှစ်ယောက်လုံး မင်သေသေဖြင့် အခန်းထဲက ထွက်လာကြသည်။

"Lu..."

အခန်းဆီသွားရာ စင်္ကြံလမ်းမှာ လျှောက်နေရင်း Ruo Linခေါ်လိုက်သည်။

"ဟင်"

သူလည်း အတွေးတွေထဲ ရောက်နေသလို ထူးလေသည်။

"မေမေ သိသွားလောက်ပြီလား"

မသင်္ကာဟန်အပြည့်ဖြင့် Luကိုမေးလိုက်သည်။

"ဒေါ်လေးကို ဘယ်တုန်းကများ လိမ်လို့ရဖူးလို့လဲ"

Wang Luက သွေးအေးအေးဖြင့် ပြန်ဖြေသည်။

"ဒါဆို မေမေ သိနေပြီပဲ"

Wang Ruo Lin တွေးတွေးဆဆလေး ပြောလေသည်။

"မဟုတ်လောက်ပါဘူး၊ ဒေါ်လေးသိရင် သခင်လေးLi ဗီလာကအိမ်မှာ ဘယ်ရှိတော့မလဲ"

ဒါလည်း ဟုတ်တာပဲ။ သူသာ ဒီလိုကိစ္စကြီးတစ်ခုလုံးကို လုပ်ထားပြီး Wang အိမ်တော်ကသူတွေ သိသွားကြည့် Dai Kunရော သူရော Wang အိမ်တော်ရဲ့ ဘိုးဘွားကန်တော်ခန်းမှာ ဒူးထောက်နေရလောက်ပြီ။

အခုက ဘယ်သူမှ မသိသေးတာပဲဖြစ်မည်။ ပို၍ပီ ပြင်အောင်လည်း မနက်ဖြန်ကစပြီး A listစာရင်းဝင် ထိပ်တန်းမင်းသား၏ သရုပ်ဆောင်မှုများကို ထုတ်ပြရတော့မည်။

"Kun Erရေ ကိုယ်နဲ့အတူတူ သဏ္႑ာန်လုပ်သရုပ်တူ ပေးပါအုံး"

အခန်းထဲက မီးရောင်မှိန်မှိန်အောက် ကုတင်ထက်က အိပ်မောကျနေသည့် ကောင်လေး၏မျက်နှာကို ဖွဖွထိကာ တီးတိုးစကား ဆိုမိတော့သည်။

ညသည် တိတ်ဆိတ်သည်။ အေးချမ်းသည်။ စိတ်ကူးယဉ်စရာ အလွန်ပင် ကောင်းလေတော့သည်။

________________________________________

Wang အိမ်တော်ကြီး၏ ထမင်းစားခန်းထဲတွင်ဖြစ်သည်။

LinKunစုံတွဲ Wangအိမ်တော်ကြီးကို ရောက်ရှိသည့် (၃)ရက်မြောက်နေ့ဖြစ်သည်။

ဘိုးဘိုးWangမှာ ထူထူထောင်ထောင်ဖြင့် အစားသောက်များကို စားသောက်နေနိုင်ပြီဖြစ်သည်။

ထို့ကြောင့် LinKunစုံတွဲမှာ အိမ်ပြန်ရန်တာဆူနေလေပြီ ဖြစ်သည်။

"ဘိုးဘိုးလည်း နေကောင်းပြီဆိုတော့ ကျွန်တော်တို့ အိမ်ပြန်တော့မယ်၊ ကျွန်တော် အလုပ်တွေ နားထားရတာကြာပြီ၊ Kun Erလည်း ကျောင်းနဲ့ဝေးတော့ သွားရ လာရတာ ပင်ပန်းတယ်"

Huo Lin မှာ Dai Kunနဲ့အတူတူ ဒီရက်ပိုင်း ပျော်ပျော်ရွှင်ရွှင် သရုပ်ဆောင်ပြီးပြီမို့ လူကြီးတွေထံ အချိန်ကြာလာတာနဲ့အမျှ မိသွားမှာလည်း စိုးရိမ်ကာ ဗီလာကိုသာ ပြန်မည်စိတ်ကူးထားသည်။

Dai Kun ကလည်း ပြန်ရန်သဘောတူလေသည်။

"အိုက်ယား ဒီခွေးကောင်လေးက အိမ် အိမ် အိမ်နဲ့ ဖြစ်နေရအောင် ဒါက မင်းအိမ်မဟုတ်လို့လား ဟမ်၊ ဒီမှာ အကုန်လုံး စုံစုံလင်လင်နဲ့ အဖေရောအဖေရော ရှိတာကို မင်းက ဘယ်ပြန်မှာလဲ၊ Kun Erလေးရော ကျောင်းသွားရတာ ပင်ပန်းလား"

Wang Huo Linကိုတော့ ဒေါတခီးခီးနဲ့ ပြောနေပေမယ့် Dai Kunကိုတော့ ဘိုးဘိုးWangက ချိုချိုသာသာပြောလေသည်။

" မ မပင်ပန်းပါဘူး ဘိုးဘိုး"

မျက်လွှာတို့ကိုချကာ နွားနို့ခွက်ကို လက်နှစ်ဖက်ဖြင့် ယူသောက်ရင်း ဘေးထောင့်နားတွင် ထိုင်နေသော Wang Huo Linကို ခိုးကြည့်လိုက်သည်။

" ဒီအဘိုးအိုနဲ့ လမ်းလျှောက်တယ်၊ မာကျောက်ကစားတယ်၊ ဒီအဘိုးအိုနဲ့ အချိန်ဖြုန်းရတာ ပျင်းသွားပြီမလား၊ မပျော်တော့ဘူးမလား၊ ဒီ လူအိုကြီးကို အဖော်မလုပ်ပေးချင်တော့ဘူးဆိုလည်း ပြန်ကြတော့"

အဘိုးအိုမှာ စကားရှည်ရှည် ပြောလိုက်ရလို့ထင် ဟင်းခနဲ သက်ပြင်းရှည်ကြီးချကာ ရေခွက်ထဲက ရေတို့ကို ကုန်သွားသည်အထိ မော့ချလိုက်တော့သည်။

"မဟုတ် ပါဘူး ဘိုးဘိုး၊ ကျွန်တော်တို့ နေ့ပါ့မယ်၊ Lin Ge ...Lin Ge"

Wang Huo Lin၏ လက်မောင်းကို လက်နဲ့လှမ်းပုတ်ရင်း သတိပေးလိုက်သည်။

" Kun Erအဆင်ပြေရင် ရပါပြီ၊ ကျွန်တော်လည်း အလုပ်ကို ဒီကပဲ သွားလိုက်မယ်"

ကျစ်၊ အဲ့ဒါနဲ့ပဲ ဘယ်လိုတွေ ဖြစ်ကုန်မှာလဲ။ ဘိုးဘိုး စိတ်ကျေနပ်တဲ့အထိဆိုရင် ကျွန်တော်တို့နှစ်ယောက် အတည်ညားပေတော့မည်။

ရေရေရာရာ မတည်ရှိသေးတဲ့ ချစ်ခြင်းတရားတွေဟာ သေသေချာချာ အကောင်ထည်ပေါ်လာပေအုံးမည်လား။

" Huo Lin၊ သား အဆင်ပြေရဲ့လား၊ မပြေလည်း ဗီလာကိုပဲ ပြန်နေလိုက် Kun Erလေး တစ်ရက် နှစ်ရက် ဘိုးဘိုးနဲ့ အတူတူနေပြီးရင် ပြန်ပို့လိုက်မယ်"

ဖခင်ဖြစ်သူက သရုပ်ဆောင်အလုပ်ကို စလုပ်ကတည်းက အိမ်နဲ့ခွဲထွက်ကာ နေနေသည့်သားကို အဆင်မပြေမှာလည်းဆိုးကာ ဝင်ပြောလေသည်။

Wang Huo Linက ဖခင်ဖြစ်သူ Wang Han၏ အမေးစကားကြောင့် သူပဲဖြစ်ဖြစ် ဘိုးဘိုးမျက်စိအောက်က အရင်ထွက်သွားရင် Li Dai Kunလည်း အနေမခက်တော့ဘဲ လူကြီးတွေနှင့် အဆင်ပြေပြေ နေနိုင်မည်ဟု အတွေးဝင်မိသည်မို့ ပြန်မည်ဆိုသည့်အကြောင်း ပြောမည်ဟန်ပြင်နေတုန်းမှာဘဲ....။

"အဲ့ဒီအလုပ်က ဝင်ငွေတွေ ရနေတော့ရော Wang လုပ်ငန်းစုက တစ်နှစ်ရတဲ့ အမြတ်ငွေ တစ်ရာခိုင်နှုန်းထက် များနေလို့လား ဟမ်"

ဘိုးဘိုးWangမှာ သူ့မြေးကို အလိုမကျ ဖြစ်နေလေသည်။

" ဟုတ်ပါပြီ ဘိုးဘိုးရယ်၊ ကျွန်တော်အလုပ်တွေကို ဒီရက်ပိုင်း ရပ်ထားပါ့မယ်၊ ဘိုးဘိုးကို Kun Erနဲ့ အတူတူ အဖော်ပြုပေးမယ် ဟုတ်လား"

ဘိုးဘိုးWangကြောင့် ကုမ္ပဏီကို ဒီရက်ပိုင်းအလုပ်သစ်တွေ လက်မခံခိုင်းဘဲ ခွင့်ရက်ရှည်ယူကာ အနားယူမည်ဖြစ်ကြောင်း အကြောင်းထားလိုက်ရသည်။

ဘိုးဘိုးWangမှာလည်း ထိုအခါမှ ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်သွားကာ စွပ်ပြုတ်ကို ပျော်ရွှင်စွာဖြင့် ကုန်အောင် စားသွားလေတော့သည်။

________________________________________

" ဖေးဖေး သေချာရဲ့လား"

ခပ်တိုးတိုး မေးသံက ပတ်ဝန်းကျင်ကို မကြားစေချင်မှန်း သိသာစေသည်။

"သေချာတာပေါ့ ဖေဖေ၊ သားက ကောင်လေးကို သဘောကျတယ်"

ခပ်ပြုံးပြုံးဆိုတဲ့ သူမ၏ မျက်နှာမှာတော့ ပျော်ရွှင်မှု အရိပ်ယောင်လေး သန်းနေလေသည်။

" သဘောကျရင်လည်း သူတို့ဘာသာနေပါစေလား"

တစ်ဖက်က ပြန်ပြောသောစကားကြောင့် သူမက တစ်ခုခုကို လေးလေးနက်နက်တွေးတောကာ ပြန်ဖြေလေသည်။

"မရလို့ပေါ့ ဖေဖေ၊ သားက သူ ကောင်လေးကို ချစ်နေမှန်း သူ့ကိုယ်သူတောင် မသိဘူး၊ ကျွန်မက အမေမို့သာဘေးက မြင်နေရတာ၊ သူတို့ဘာသာ နေခိုင်းလို့ကတော့ ဖေဖေမြေးက ဒီတစ်သက် သူသဘောကျတဲ့သူကို လက်လွှတ်လိုက်တဲ့ အချိန်ထိ သိမှာ မဟုတ်ဘူး"

နှာခေါင်းရှုံ့ကာ အမျိုးသမီးက ပြန်ဖြေတော့ နဘေးနားက အမျိုးသားက ထိုးအမျိုးသမီး၏ နှာဖျားလေးကို ဖွဖွညှစ်လိုက်ကာ ဆိုသည်။

" ဒီလိုအတွေးက ဘယ်က ဝင်လာတာလဲ ဟမ်၊ ဖေဖေမှာ နေမကောင်း ဟန်ဆောင်ရတာ အစားသောက်တွေပါ ပျက်ကုန်တော့မယ်"

" ရတယ်၊ ရတယ်၊ ငါ့မြေးလေး ပျော်ရွှင်ဖို့အတွက်ဆို ဒီအဘိုးအိုက တစ်နပ်စာ နှစ်နပ်စာလောက် ဟန်ဆောင်မစားပြရလည်း ရတယ်"

အဘိုးအိုက ရယ်ရယ်မောမော ဝင်ပြောလေသည်။

" ကျွန်မတို့ တွန်းအားပေးမှပဲ ရမယ်၊ မဟုတ်ရင် Lin Erက သူကြိုက်တဲ့သူကို လွှတ်ပေးလိုက်ရမယ်၊ ပြီးတော့ ကျွန်မတို့လည်း လိမ္မာတဲ့ ကလေးကို သားမက် မတော်လိုက်ရဘဲနေမယ်"

အမျိုးသမီးဖြစ်သူက အလောတကြီးဆိုသည်။

"ဟုတ်ပါပြီကွာ၊ သူသဘောကျတဲ့ သရုပ်ဆောင်အလုပ်ကို မင်းက သဘောမကျပေမယ့် ခုချိန်ထိ ကြည်ကြည်ဖြူဖြူ ရှိနေခဲ့သေးတာပဲ၊ အဲ့အလုပ်ထဲက တဖြည်းဖြည်း ထွက်လာအောင် အကိုတို့ ကြိုးစားကြတာပေါ့ ဟုတ်လား ကိုယ့်ဇနီးလေး"

ဇနီးသည်၏စကားကြောင့် ခင်ပွန်းဖြစ်သူမှာ အေးအေးဆေးဆေး လုပ်ဆောင်ရန်သာ တိုက်တွန်းစကားဆိုလိုက်၏။

သူတို့၏ Wang အိမ်တော်သခင်လေး၊ တတိယသခင်လေး Wang Huo Lin သည် ငယ်ရွယ်စဉ်ကတည်းက ရည်းစားသနာ အရှုတ်အရှင်းကင်းလေသည်။

ဆယ်ကျော်သက်အရွယ် Wangအိမ်တော် မောင်နှမတွေက အပြိုင်အဆိုင် အချောလှလေးတွေဖြင့် ဆက်တိုက်တွဲနေချိန်မှာ Wang Huo Linမှာ တုတ်တုတ်မလှုပ်။

လုပ်ငန်းခွင်ဝင်တော့ မိခင်ဖြစ်သူ မကြိုက်သည့်အလုပ်ကို ရွေးခြယ်သွားပေမယ့် သရုပ်ဆောင်လောကရဲ့ အချောလှလေးတွေနဲ့တော့ သူ့သားလေး တစ်ချိန်ချိန်မှာ တွဲလာနိုင်သေးသည်ဆိုပြီး ဖြေသိမ့်လိုက်သည်။

သို့သော်လည်း အထင်နှင့်အမြင်က လွဲပြန်လေသည်။ ဘယ်ယောကျာ်း မိန်းမနှင့်မျှ နာမည်ထွက်လာခြင်းမရှိဘဲ ချေမိုးနေခြင်းကြောင့် Wang Huo Linမှာ ကျော်ကြားမှုနှင့်ထပ်တူ နာမည်ကြီးလာလေသည်။

ကဲ ဘယ်မှာလဲ။ မိမိတို့ မျှော်လင့်နေတဲ့ မျိုးဆက်။ နှစ်တွေကြာလာတော့ မျိုးဆက်ဆိုတာကိုပါ လက်လျော့လိုက်ပြီး သားဖြစ်သူမှာ ဆန့်ကျင်ဘက်လိင်ကို မတိမ်းညွတ်ဘဲ ထူးထူးဆန်းဆန်း နှစ်သက်တတ်သူဟု ထင်မြင်မိပြန်သော်လည်း ထိုသို့ ဟုတ်မနေပြန်။

ထို့နောက်တွင်တော့ သားလေး၏ပျော်ရွှင်မှုသာ အဓိကဟုဆိုပြီး သားဖြစ်သူကို သူများကလေးတွေနည်းတူ ချစ်သူနှင့်ပျော်ပျော်ရွှင်ရွှင် နေစေချင်သည်။

သို့သော်လည်း လွန်ခဲ့တဲ့ နှစ်ကအထိ ဘာစကားမှ ထွက်မလာတဲ့သူက Wangသခင်ကြီး၏ မွေးနေ့ပွဲတွင်မှ "မလောပါနဲ့ ဘိုးဘိုးရယ်"ဆိုသည့် စကားကို ထုတ်ပြောလာကာ ထိုညတွင်ပဲ ကောင်လေးတစ်ယောက်ကို လိုတာထက် ပိုပြီးရင်းနီးနေကြောင်း တွေ့လိုက်ရသည်။

ကောင်လေး၏ မျိုးရိုး နောက်ကြောင်းတွေက အကုန်ကင်းရှင်းနေသည့်အပြင် လိမ္မာသည့်ကလေးမို့ သူမ သဘောကျခဲ့သည်။

စုံစမ်းရသလောက် Kun Kunလေးက လူရည်ချွန်လေးဖြစ်သလို အရာရာမှာ ကြိုးစားတတ်သည်။ အကောင်းမြင်စိတ်ရှိသည်။ ကူညီတတ်သည်။

ဒီလိုကလေးကို ကျွန်မလက်လွှတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။

သားလေးလို မချစ်တတ်သည့်သူအတွက် တယုတယဖြစ်စေတဲ့ထိ ဒီကောင်လေးက ချစ်စရာကောင်းနေခဲ့သည်။

ကိုယ်မွေးထားတဲ့ သားသမီးက ဘယ်ကိုခြေလှမ်းနေလဲဆိုတာ မသိရတဲ့အထိတော့ ကျွန်မလည်း မတုံးအသေးပါဘူး။ ဒါ့ကြောင့်.......!!!

_____________________________________

BLOOM
11.6.2021
(4:37)Pm

Continue Reading

You'll Also Like

312K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
679K 33.6K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
4.3K 403 17
ေနာင္တကင္းေသာ ခ်စ္ျခင္းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတြက္ေရးပါသည္။ ChanBa...
You'e mine By GG

Fanfiction

39.9K 2.7K 23
Gxxod••••••ကံၾကမၼာအလိုတိုင္း ျဖစ္ေစရမွာေပါ့ Bas••••••ကၽြန္ေတာ္အမုန္းဆံုး ကခင္ဗ်ားကိုပဲ