𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍...

By Ora_Belle35

35K 4.7K 1K

အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း... More

Me & He-1
Me & He-2
Me & He-3
Me & He-4
Me & He-5
Me & He-6
Me & He -7
Me & He-8
Me & He-9
Me & He-10
Me & He-11
Me & He-12
Me & He - 13
Me & He -14
Me & He -15
Me & He -16
Me & He - 17
Me & He-18
Me & He -19
Me & He - 20
Me & He - 22
Me & He - 23
Me & He - 24 ( Final )
Fic Symbiosis & Author's Note

Me & He - 21

1K 158 43
By Ora_Belle35

( အရင်အပိုင်းမှာ အကုန်လုံး ရှုပ်ကုန်ကြတာ
မြင်တော့ မပြောပြတတ်လောက်တဲ့အထိ
အားနာမိပါတယ်

Ep 21 က 19 ရဲ့ အဆက်ဖြစ်ပြီး 20 ကတော့
လက်ရှိပစ္စပ္ပုန်ပါနော်
အဲ့တာဆိုရင်တော့ ရှင်းလောက်ပြီထင်ပါတယ် )

Flash Back >>>

အခန်းထဲမှာ Hoseok မထွက်သွားခင်လေးနောက်ဆုံးအနေနဲ့ ချန်ထားပေးခဲ့တဲ့ စာကို ဘယ်နှခေါက်မှန်းမသိဖတ်ပြီး ငိုကြွေးပြီးတဲ့နောက်
မယုံကြည်နိုင်စွာ ဖြင့် လားရာမရှိတဲ့ နေရာကို
သာ တွေတွေကြီးငေးကြည့်ရင်း Taehyung
တစ်ယောက် စိတ်တွေဂ‌ယောင်ချောက်ချားဖြစ်လာမိသည်

"မဖြစ်နိုင်တာ .... Hoseok ကလေ
ငါ့ကို တကယ်လက်လွှတ်တော့မှာတဲ့လား ဟက် !
ပြောတော့ဖြင့် သိပ်ချစ်လှပါပြီတဲ့ဆို
မယုံဘူး လုံး၀မယုံဘူး !!!!"

ဒေါသထွက်တာထက် ပေါက်ကွဲနေတယ်လို့
ပြောရင်ပိုမှန်မယ်
ခန္ဓာကိုယ်တစ်ခုလုံး သူ့ရဲ့စာတစ်စောင်ကြောင့်
အစိတ်စိတ်အမွှာမွှာကျိုးပဲ့သွားသလိုမျိုး
ခံစားချက်တွေက ဒဏ်ရာဗလပွ နဲ့ ကုန်းကောက်လို့မရလောက်သည်အထိ အစိတ်စိတ်အမွှာမွှာ
ကြေမွသွားသလိုမျိုး
ဘယ်တော့မှ ထင်မထားတဲ့ ကိစ္စက နောက်ဆုံးတော့ဖြစ်လာခဲ့ပြီလေ

အရူးတစ်ယောက်လို အော်ဟစ်ရင်း
ကားသော့ ဆွဲပြီး Hoseok အိမ်ကိုသာ ဦးတည်မောင်းနှင်လိုက်သည်

မေမေ က ကျတော့်ရဲ့ စိတ်ကို သိသူမို့ တားသည်
ခြေလွန်လက်လွန်ဖြစ်မည်ဆိုး၍
တကယ်တမ်း နှစ်ယောက်သားထိတ်တိုက်
တွေ့ချိန် ကျတော့်စိတ်တွေက်ို မထိန်းချုပ်နိုင်မှန်းသိ၍ မသွားဖို့ အကြိမ်ကြိမ်အခါခါ တားခဲ့သော်လည်း ထိုစကားတွေက နားထဲကိုလုံး၀ရောက်မလာတော့

တကယ်တော့ အဲ့ကတည်း က ကျတော်
မေမေ့စကားကို နားထောင်ခဲ့သင့်တာ
အကြီးအကျယ်မှားယွင်းတော့မယ့်
ခြေလှမ်းတွေကို အဲ့ဒီနေရာမှာတင်ရပ်တန့်
ပစ်ခဲ့သင့်တာ

အိမ်မှာ ငိုရင်း ကျန်နေခဲ့တဲ့ မိခင်ဖြစ်သူတစ်ယောက်လုံးကိုလည်း မမြင်ချင်ယောင်
ဆောင်ပြီး သူ့ဆီ သွားဖို့ ပဲ အားသန်နေခဲ့တာ

ငါ မင်းကို နောက်တာပါကွာ တကယ်မဟုတ်ဘူး
လို့ ပဲ ပြောစေချင်ခဲ့တာ

သူဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အကြောင်းပြချက်တွေပဲ ကြားရဖို့ စိတ်လောနေခဲ့တာ

ဘယ်လိုစိတ်နဲ့များ ဒီလောက်ထိပြောထွက်ခဲ့ရခြင်းရဲ့ အဓိက တရားခံက ဘယ်သူကြောင့်လဲ
ဆိုပြီး မေးချင်နေခဲ့တာ

မင်း အိမ်ရှေ့ရောက်ရောက်ချင်း ကား တံခါးကိုတောင်သေချာမပိတ်နိုင်ပဲ အိမ်ပေါ်တက်ဆီကို အလျင်စလိုပြေးတက်သွားမိလိုက်တာ အရူး
တစ်ယောက်လို ငါပါလေ
မင်းရဲ့ အခန်းဆီသို့ရောက်ရန်
ခြေလှမ်းတွေကို ပိုပြီး ခပ်ကျဲကျဲလျှောက်မိတယ်

"ဟားဟားး ဟုတ်ပါပြီ Jaemin Hyung ရယ်"

"အင်း သေချာပေါက်လိုက်ခဲ့မှာပေါ့
အဲ့ကို အတူတူသွားစားကြမယ်လေ Hyung"

"ကြိုက်ပါတယ်ဆိုဗျာ Jaemin Hyung
ဘယ်သူမလို့လဲ "

အခန်း၀မှာတင် ငါမဟုတ်တဲ့ တခြားသူနာမည်ကို ဘယ်နှခါမှန်းမသိ ရေရွတ်ရင်း ပျော်ရွှင်နေတဲ့ မင်းရဲ့ အသံ
ငါရောက်မလာခင်အချိန်မှာကော မင်းဘယ်
နှကြိမ်များ ‌ရေရွတ်ပြီးပြီလဲ Hoseok ရယ်
ပြုံးရယ်နေတဲ့ မင်းရဲ့ မျက်နှာကိုပါ အလိုလို
ပုံဖော်မိရင်း ငါ့မဟုတ်တဲ့ တခြားတစ်ယောက်ဆိုတဲ့ အသိစိတ်ကြီးကြောင့် ငါ သေမလိုပဲ
တွေးလေ ရူးလေ ငါ့ရဲ့ စိတ်တွေက အဲ့ဒါတွေကြောင့်ပဲ ပိုပြီး အရိုင်းဆန်လာတယ်

တံခါးကို အကြမ်းပတမ်း ဆွဲဖွင့်လိုက်ပြီး
မင်းရဲ့ အနားကို ရောက်သွားတာနဲ့တစ်ပြိုင်နက်
ပါးပြင်မှာ ကပ်ထားတဲ့ ဖုန်းကိုပါ တစ်ဖက် နံရံဆီ
ပစ်ပေါက်ပစ်တယ်

အံ့ဩမှု‌နဲ့အတူ မယုံကြည်နိုင်စွာ ငါ့ကို
ငေးကြည့်နေတဲ့ မင်း
ကြောက်ရွံခြင်းတွေ စိုးရိမ်ခြင်းတွေ ဟာ မင်းရဲ့ ပကတိရိုးသားစင်ကြယ်တဲ့ မျက်၀န်းထဲမှာ ပြည့်နှက်နေလိုက်တာ
ဒါနဲ့များ ငါ့ကို ကမ္ဘာပျက်အောင်လုပ်ခဲ့ပြီး
မင်းက ဒီမှာ ဘာတစ်ခုမှမသိတဲ့ လူတစ်ယောက်
လိုမျိုး နေနိုင်အောင် ကြိုးစားအုံးမယ်ပေါ့
အဟက် ! သိပ်ရီရတာပဲနော် ပြီးတော့ ဒါဟာ မင်းအတွက် သိပ်ကိုလွယ်ကူပြီး စောက်ရမ်း
အဆင်ပြေနေတဲ့ ပုံပဲ

"မင်း .... ဒါ ဘာလုပ်တာလဲ Taehyung !!!"

"မမြင်ဘူးလား ! မသိလို့ ထပ်မေးနေတာလား !
ဟမ် !"

သူရဲ့ မျက်၀န်းတွေမှာ ကြောက်ရွံ့မှုတွေအစား
မသတီခြင်း ရွံရှာခြင်းတွေ တဖြည်းဖြည်း
ပြည့်နှက်လာတာ
ကျတော့် အပေါ် သူ သိပ်ကိုပြောင်းလဲသွားလိုက်တာများ ဒါကိုလက်ခံလိုက်ဖို့
အရမ်းကို မြန်ဆန်လွန်းမနေဘူးလားဟင်

"သွား ! မင်းထွက်သွားစမ်း ! ငါ့အိမ်မှာ တစ်စက္ကန့်တောင် မင်းနေစရာမလိုဘူး"

"ဒါ ဘာစောက်ချိုးလဲ Jung Hoseok !
မင်း သွားချင်တဲ့နေရာသွား နေချင်တဲ့နေရာမှာ
ကြိုက်သလို နေရအောင် မင်းသိထားရမှာက
မင်းက လူလွတ်တစ်ယောက်မဟုတ်တော့ဘူးနော် !"

"ငါနဲ့ လက်ထပ် ထားတဲ့ အမျိုးသား !
ဘယ်အရာမဆို မင်းစိတ်ကြိုက်မလုပ်ပဲ
အနည်းဆုံးတော့ ငါ့ကို မင်းအသိပေးသင့်တယ်"

"ဟားးး ဟားး ရီရလိုက်တာကွာ !
မင်းကို အသိပေးရမယ်ဟုတ်လား ဟားးးဟားးး"

ကျတော့်ရှေ့မှာ သွေးပျက်စွာ ရီပြနေတဲ့
ဟိုဆော့ ကို စိတ်မရှည်စွာနဲ့ ပခုံးနှစ်ဖက်ကို
အတင်းဆွဲလှုပ်ရမ်းလိုက်တော့ သူက
ကျတော့် လက်တွေကို ချက်ချင်း ဖယ်ချလိုက်ပြီး

"တော်စမ်းပါ ! တော်စမ်းပါ Kim Taehyung
ရယ် ဟုတ်ပါတယ် မင်းပြောတဲ့အတိုင်း အဓိပ္ပာယ်ကောက်လိုက်တော့ မင်းပဲ အမှန်
မင်းပဲ အပြစ်မရှိတဲ့ အကောင်းဆုံးလူ
အရာရာ ငါပဲမှားတာ ငါပဲ အသုံးမကျတာ
ရှင်းလား !"

"ငါ့ကို လာ မရွဲ့ နဲ့ Hoseok !!!!"

သူ့ကို အိမ်ကိုမပါပါအောင် ပြန်ခေါ်ခဲ့မယ်လို့
ဆုံးဖြတ်ချက်ချထားခြင်းနဲ့ ပြောင်းပြန်
စိတ်ထဲ နားကြည်းစွာ အော်လိုက်မိခြင်းနဲ့
တုံ့ပြန်မိလိုက်တာပါပဲ

"အဟက် !!! မင်းကကော ငါ့ကို နှလုံးသားထဲမှာ
နေရာတစ်နေရာ တောင် ပေးခဲ့ဖူးလို့လား
ငါ့အတွက် ဘယ်နှခါများ တွေးပေး
စဉ်းစားပေး အလေးပေးခဲ့ဖူးလို့လဲ
မင်းက ငါ့ အပေါ်မှာ သိပ်ကို တရားနေတယ်ပေါ့"

"မင်း ပါးစပ် ကို ပိတ်ထား !"

Jung Hoseok ဆိုတဲ့ လူသားဟာလေ
ငါ့ကို အချိန်ခဏအတွင်းမှာ သိပ်ကို ရွံမုန်းသွားတဲ့ပုံပဲ
ငါလေ အဲ့တာကို လက်မခံချင်လည်း ခေါင်းထဲ
အတင်း ရိုက်သွင်းရတော့မယ့် ပုံပဲ
ဒါမှမဟုတ် အစကတည်း က မင်းငါ့ကို မုန်းနေခဲ့တာလား

"ငါ့ကို လာမအော် နဲ့ Kim Taehyung
ငါကလည်းအရင်က Jung Hoseok မဟုတ်တော့ဘူးဆိုတာ မင်းခေါင်းထဲ မြဲမြဲမှတ်ထား"

"Hoseok .... မင်း တော်တော့ !"

ထင်ထားတဲ့ အတိုင်း သူလည်း ကျတော်အရင်က
သိခဲ့တဲ့ Jung Hoseok မဟုတ်တော့ဘူး
တွေ့လား .... ကျတော့်ကို တစ်ခွန်းမကျန်ခွန်းတုံ့ပြန်နေတာ
ကျတော် သူ့ကို ချော့ဖို့ စကားဘယ်လို
အစပျိုးရတော့မလဲ ရှင်းပြဖို့ ဘယ်ကနေ
စကားလုံးဆွဲထုတ်ရမလဲ

"မနေ့က မင်းမရှိပေးနိုင်ခဲ့တဲ့ ငါ‌မွေးနေ့ က
သိပ်ကို အဓိပ္ပာယ်မဲ့လွန်းတယ်
မင်းအနားမှာမရှိတဲ့ နာရီတိုင်း မိနစ်တိုင်း
စက္ကန့်တိုင်းက ငါ့ကို ဖြေးဖြေးချင်းစီသတ်နေတာ
အဲ့တာသိလား Taehyung !

အခုမှ မဟုတ်ဘူး ! မင်းနဲ့စပြီးလက်ထပ်
ခဲ့တဲ့ နေ့ကစပြီး ငါ့မှာလေ နေ့တိုင်း ရှင်လျက်နဲ့သေနေရသလိုပဲ"

"မပြောနဲ့ ! မနေ့က ဘာတွေဖြစ်ခဲ့လဲ
ဘာကြောင့် မင်းဆီရောက်မလာနိုင်လဲ
ငါ့မှာ ဘာအခက်အခဲတွေရှိနေလဲဆိုတာ
မင်းသိလို့လား ! ပြောစမ်းပါ"

"အဟက် ! သိတာပေါ့ သိပ်သိတာ
ငါ့ မွေးနေ့မှာ မင်း ကောင်မနဲ့ အရှက်မဲ့စွာ
Bar မှာ ပလူးနေကြတာလေ !"

"Jung Hoseok မင်း ! "

ခွပ် !

‌ဒေါသတွေကို မဖြစ်ဖြစ်အောင် ထိန်းထားတဲ့ကြားက သတိလက်လွှတ်ဖြစ်သွားတဲ့ခဏအတွင်းညချက်ချင်း လွတ်ထွက်သွားခဲ့တာ
သိပ်ကြောက်စရာကောင်းတယ်

ကျတော် Hoseok ကို လက်သီးနဲ့ အရှိန်ပြင်းပြင်းထိုးလိုက်မိတဲ့အချိန် သူ ဟန်ချက်မဲ့စွာ
လဲကျသွားပြီး ကုတင်စောင်းနဲ့ ရိုက်မိသွားခဲ့တယ်

"Hoseok ! Jung Hoseok !!!! "

အရူးတစ်ယောက်လိုပါပဲ ချက်ချင်း သူ့အနားကို
ပြေးသွားရင်း ရင်ခွင်ထဲထည့်မိတယ်
သူ့ခေါင်းမှာ သွေးတွေ အများကြီးပဲထွက်နေတာ
ဘယ်လိုလုပ်ကြမလဲဟင်
တစ်ယောက်ယောက်လောက်ကယ်ပေးကြပါအုံး
မရည်ရွယ်ပါဘူး ကျတော်ချစ်တဲ့သူကို
ဒီလောက်ထိ လုပ်ဖို့ အမှန်တကယ် မရည်ရွယ်ခဲ့တာပါ

စကားတွေ နူးနူးညံ့ညံ့ပြောရင်း ကျတော့်ဆီ
ပြန်ရောက်လာပေးဖို့ ဖြောင်းဖြပေးချင်ခဲ့တာ
ဖြစ်သမျှ ကျတော်ပဲ မှားတာပါဆိုပြီး
သူ့ကို ဒူးထောက်တောင်းပန်ချင်ခဲ့တာ
ငါ အကုန်လုံးပြုပြင်မှာမလို့ ငါ့ဘ၀ထဲကိုအရင်တုန်းကပုံစံလိုမျိုးနဲ့ တစ်သက်လုံးပြန်နေပေးပါလားလို့ တောင်းဆိုချင်ခဲ့တာ

ဒါပေမယ့်.... ဒါပေမယ့်
တောင်းပန်ပါတယ်..... တောင်းပန်ပါတယ်

"အမလေး !!!! ငါ့သားလေး !!!!!"

"Hoseok...!!!!"

ပွင့်အာနေတဲ့ တံခါးချက် နောက်မှ ပြိုင်တူထွက်
ပေါ်တာ မေမေ နဲ့ အန်တီ ဆွန်းဟွာတို့ရဲ့ အသံ

မျက်ရည်ဗလပွ နဲ့ စိတ်‌နဲ့ ကိုယ်နဲ့ လုံး၀မကပ်တော့တဲ့ ကျတော် က သူတို့ရောက်လာပြီဆိုတော့ အကူညီရလို့ရငြား
ဆိုတဲ့ မျှော်လင့်ချက် လက်တစ်စုပ်စာလေးနဲ့
လှည့်ကြည့်မိခဲ့ပေမယ့်

ဖြောင်း !!!!

ဖြောင်း !!!!!

ဖြောင်း !!!!!!!!

နာကျင်မှုကို မခံစားရသေးခင်မှာပဲ
ပူထူသွားတဲ့ ဘယ်ဘက်ပါးပြင်နဲ့ အတူ
ခေါင်းတွေပါ ချာချာလည်သွားသလိုပဲ !
အဲ့တာထက် ကျတော့်ရင်ခွင်ထဲက Hoseok
ကို ဘာလို့ ဆွဲထုတ်သွားကြတာလဲဟင်

"အမလေး !! သားလေး !! သားလေးရယ်
ဘယ်လိုဖြစ်တာလဲ Hoseok ရယ်"

"ဆွန်းဟွာ 119 ကို အရင် ဖုန်းဆက်လိုက်
Hoseok အရမ်းသွေးထွက် လွန်နေပြီ !"

နောက်ပြီးမှ ပါးပြင်မှာ တရိပ်ရိပ်တက်လာတဲ့ နာကျင်မှုကိုတောင် ဂရုစိုက်မအားသည်အထိ
Hoseok ကို ငေးကြည့်နေရင်း အလုပ်ရှူပ်နေသော ကျတော်ပါလေ

"မင်း က သေသင့်တဲ့ကောင်
လူ က မွေးပြီး တိရစ္ဆာန် လောက်တောင် အဆင့်မရှိတဲ့ ကောင်
ထွက်သွား !! ထွက်သွားစမ်း !!!"

"မဟုတ်ဘူး မေ မေ ... ကျတော် ရှင်းပြတာနား
‌ထောင်ပါအုံး အဲ့တာ မတော်တဆ..."

"မခေါ်နဲ့ မေမေ လို့ အခုကစပြီး ငါ့ကို
မခေါ်စမ်း နဲ့ ! မင်းက ဒီနေ့ကစပြီး ငါ့သား
မဟုတ်တော့ဘူး !
ကြည့်စမ်း ! မင်း လုပ်လိုက်တာ Hoseok
ဘယ်လိုအခြေ အနေ ဖြစ်သွားလဲဆိုတာ
ထွက်သွား ! မင်းအခု ထွက်သွားလိုက်တော့"

မေမေ ဒီလောက်ထိ ဒေါသဖြစ်နေတာကို
ဒါ ဒုတိယအကြိမ် မြင်မိတာဆိုပေမယ့်
အခုတစ်ခါကတော့ ကျတော့်ကို ဘယ်တော့မှ
ခွင့်မလွှတ်နိုင်တော့တဲ့ ပုံစံပါပဲ
မေမေ က ကျတော့်ကို စိတ်ပျက် ခါးသီးတဲ့ မျက်၀န်းအစုံနဲ့ စိုက်ကြည့်နေခဲ့သလို
အန်တီ ဆွန်းဟွာကလည်း ကျတော့်ကို နာကြဉ်းတဲ့ အကြည့်တွေ မယုံကြည်နိုင်တဲ့
ရွံမုန်းတဲ့ အကြည့်တွေ

"ကျတော် ...."

မျက်ရည်တွေ မကျတော့သလို စကားလုံးတွေလည်း ထပ်ပြီး မထွက်တော့တာမဟုတ်ဘူး
မငိုတတ်တော့တာလည်း မဟုတ်ဘူး
ကျတော် အဲ့ဒီနေရာမှာတင် ဘာဆက်လုပ်ရမှန်း
မသိလောက်အောင် ကြောင်တောင်တောင်ဖြစ်သွားခဲ့တာ

"တကယ် မရည်ရွယ်ခဲ့တာပါ ..."

"မင်း .... မင်း လုပ်ရက်လိုက်တာ Taehyung
ရယ် မင်းက ငါ အရင်တုန်းက သိခဲ့တဲ့
ကလေးမှဟုတ်သေးလား
မင်း ကို ငါသိပ်စိတ်ပျက်မိသွားပြီ

ငါ့သားလေးမှာ ဘာအပြစ်ရှိလို့လဲ !
သူမင်းကိုဘာတွေများ ဒုက္ခပေးလို့လဲ ‌
တောင်းပန်ပါတယ် ငါ့သားဘ၀ထဲကနေ
ထွက်သွားပါတော့ Taehyung ရယ်
တောင်းပန်ပါတယ် ...."

"မဟုတ်ဘူး အန်တီ ဆွန်းဟွာရဲ့ ကျ‌တော် ...."

"ဆွန်းဟွာ ကော ငါပါ မင်းကို ဒီနေရာမှာ
ချက်ချင်းမသတ်မိခင် ထွက်သွားစမ်း !!!!"

စကားပြန်ပြောချိန်တောင် မရလိုက်သလိုပါပဲ
ကြမ်းပြင်မှာ အသက်မဲ့စွာထိုင်‌ပြီး Hoseok
ကိုသာ တမေ့တမော ငေးနေခဲ့တဲ့
ကျတော့်ကို မေမေ က အတင်းဆွဲထူပြီး
အိမ်အပေါက်ထိရောက်အောင် နှင်လွှတ်နေခဲ့တာ
သူ ကျတော့် ကိုစိတ်ရှိလက်ရှိထုရိုက်နေခဲ့တယ်
နင့်ကို အခုချက်ချင်း သတ်ပစ်ချင်လိုက်တာဆိုပြီးလည်း တရစပ်ပြောနေခဲ့သေးတယ်
သူ အရမ်းလည်း ငိုနေခဲ့တယ်
အဲ့တာ ကျတော့် ကြောင့်လား Hoseok ကြောင့်လား မေမေ

ကျတော်လည်း ချက်ချင်းသေသွားရင်
သိပ်ကောင်းမယ်

စကားမစပ် ကျတော် တို့ နှစ်ယောက်ရဲ့
ဇာတ်လမ်းက အရမ်းအကျည်းတန်တာပဲနော်

Beautifully Illustrated : Me and He

မေမေ အိမ်ကို တစ်ရက်လုံးပြန်မလာခဲ့ဘူး
Hoseok ကို ဘယ်ဆေးရုံကို ခေါ်သွားကြမှန်းမသိလို့ ဖုန်းဆက်ပြန်တော့လည်း လုံး၀မကိုင်ဘူး

တစ်နေကုန် ဘာမှမစားမသောက်ပဲ အိမ်မှာ
နေပြီး Hoseok အတွက်စိတ်ပူရင်း ဆုတောင်းစာတွေရွတ်နေလိုက်ရတာ ရင်ထဲ ဗလောင်ဆူနေပါရော တစ်ညလုံးမအိပ်တဲ့ ရလဒ်အနေနဲ့
ကျ‌တော် အရမ်းပင်ပန်းနေပြီ မျက်စိတ်တွေ
မှိတ်ပစ်လိုက်ချင်ပေမယ့် Hoseok ကို
မတွေ့ရခင်အထိ ကျတော် တောင့်ခံထားနေတာ

ဘုရား က ကျတော် ဆုတောင်းတာကို ကြားသွားတယ်လို့ပဲ ပြောရမလား
Jimin က ကျတော့်ဆီ ဖုန်းဆက်လာပြီး ဆေးရုံ
နာမည် နဲ့ အခန်းနံပါတ် ကိုပြောပြီး
ချက်ချင်းလိုက်လာခဲ့လို့ပြောတယ်
သူလည်း အကြောင်းစုံသိနေတဲ့ ပုံပါပဲ
အသံလည်းမကောင်းတဲ့ အပြင် ကျတော့်ကိုပါ
စိတ်ပူနေတဲ့ပုံ

‌ဘာမှကို မပြင်ဆင်နိုင်ပဲ လူတစ်ကိုယ်လုံး စုတ်စုတ်ပြတ်ပြတ်နဲ့
ဆေးရုံကို ချက်ချင်းလိုက်သွားမိတာ
ဒီအချိန် လမ်းမှာ Jin Hyung တို့ ကျတော့်ကို
တွေ့ခဲ့ရင်တောင် ဒါ Kim Taehyung ဆိုပြီး
သူတို့ ယုံနိုင်လိမ့်မယ် မထင်ဘူး

အခန်းနံပါတ် 100 ကို ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့
သူကြောင့် အဲ့ဒီနေရာမှာတင် ပစ်လဲချင်စိတ်တဖွားဖွားပါပဲ
ယောင်္ကျားလေး တန်မဲ့ ကြောက်စိတ်
အားနာစိတ် တွေနဲ့ ပျော့ညံ့စွာ ဒူးတွေတောင်
တဆက်ဆက်တုန်ရီနေခဲ့တာ
အရာအားလုံး တစ်ယောက်တည်းအတွက်
အရင်းတည်ခဲ့တာထင်တယ်

"ဘာလာလုပ်တာလဲ"

ရေပြင်လို တည်ငြိမ်ပြီး အေးစက်နေတဲ့
အသံကိုကြားရုံတင် အန်တီ ဆွန်းဟွာ ရဲ့ မျက်နှာကိုတောင် စေ့စေ့မကြည့်နိုင်တဲ့ အပြစ်ကျူးလွန်သူတစ်ယောက်ရဲ့ အခြေအနေကို နေ့ချင်းညချင်းရောက်သွားခဲ့ပြီလေ

"ဟို....ဟို ကျတော် ...."

"Hoseok ကို တွေ့ဖို့လာလိုက်တာဆိုရင်
မင်း ပြန်လိုက်တာ ကောင်းမယ် Taehyung"

အရှက်မရှိဘူးလို့ ပြောရင်ပြော တစ်သက်နဲ့
တစ်ကိုယ် ဒီလိုမျိုးလုပ်မှာမဟုတ်ဘူးလို့
ကိုယ့်ဘာကိုယ် တွေးရင်း ဘ၀င်မြင့်နေတဲ့
ကောင်ကလေ ချက်ချင်း ဒူးထောက်ခဲ့ပြီး
မင်း အမေကို လက်အုပ်ချီ တောင်းပန်နေတဲ့ ဖြစ်ရပ်ကို မင်းလာကြည့်စမ်း ပြီးတော့
ငါ့ကို ကြိုက်သလိုလှောင်ရီလိုက်စမ်း Hoseok

"တောင်း.... တောင်းပန်ပါတယ် အန်တီ ဆွန်းဟွာရယ် Hoseok နဲ့ တော့ ခဏလောက်တွေ့ပါရစေ
သူ့မျက်နှာလေးကို ခဏလောက်ဖြစ်ဖြစ်
ကြည့်ပါရစေ အန်တီရယ်"

"ဘာလဲ ငါ့သားကို ထပ်နှိပ်စက်အုံးမလို့လား
တောင်းပန်ပါတယ် Kim Taehyung ရယ်
ငါမင်းကို ထိုင်တောင် ကန်တော့ပြီး
တောင်းပန်ချင်ပါရဲ့

ဆူး ရဲ့မျက်နှာ နဲ့ ဟိုးအရင်တုန်းက မင်းအပေါ် သားတစ်ယောက်လိုထားခဲ့တဲ့ သံယောဇဉ်တွေ
ကြောင့်သာ မင်းကို ကြိတ်မှိတ်ပြီး
သည်းခံနေရတာ
မဟုတ်ရင် ငါမင်းကို တစ်ခုခုလုပ်မိလိမ့်မယ်"

ကျတော် အန်တီ ဆွန်းဟွာ ရဲ့ မျက်နှာကို
ကြည့်မိချိန် သူ့မျက်နှာမှာ ၀မ်းနည်းမှူတွေ
နာကျည်းမှုတွေ ဒေါသဖြစ်မှုတွေ ရှုပ်ထွေးနေတယ်

ကျတော် စကားတစ်ခွန်းကိုပဲ ပြောခဲ့လိုက်ပါတယ်

"ဘယ်လိုလုပ်ရင် ကျတော့်ကို ခွင့်လွှတ်နိုင်မလဲ"

"သူ့ဘ၀ထဲက အပြီးအပိုင်ထွက်သွားပေးပါလား
သူလည်း မင်းကို မြင်ချင် တော့
မှာမဟုတ်တော့ဘူး"

ခေါင်းငြိမ့်မိခဲ့သလား ခေါင်းခါမိခဲ့သလား
ကျတော် မသိခဲ့ပါ
သေချာတာကတော့ ထိန်းချုပ်ထားခဲ့တဲ့ကြားက
မျက်ရည်တွေက ပါးပြင်ပေါ်မှာ မရပ်တန်နိုင်တဲ့အထိ ကျူးကျော်ခဲ့

ဘယ်လိုပြန်ဖြေလိုက်ရမလဲဟင်
ကျနော့် ဘ၀မှာ သူ့ ကိုပဲ လိုအပ်ခဲ့တာလေ .....။

.......................................................................|

အစကနေ အခုချိန်ထိ
ဇာတ်နာတဲ့ သူ က ဘယ်သူလဲ ?
သနားဖို့ ကောင်းတဲ့သူကကော
ဘယ်သူဖြစ်မလဲ ?

သေချာလေးစိတ်နှစ်ထားပေမယ့် အရေးအသားကို ကိုယ့်ဘာကိုယ် အားမရတဲ့ အော်ရာဘယ်လီ ရယ်ပါ

.....................................................................|

အားနာမိပါတယ်


Flash Back >>>


မယုံဘူး လုံးဝမယုံဘူး !!!!"

ပြောရင်ပိုမှန်မယ်
ကြေမွသွားသလိုမျိုး


တွေ့ချိန် ကျတော့်စိတ်တွေကို မထိန်းချုပ်နိုင်မှန်းသိ၍ မသွားဖို့ အကြိမ်ကြိမ်အခါခါ တားခဲ့သော်လည်း ထိုစကားတွေက နားထဲကိုလုံးဝရောက်မလာတော့

ပစ်ခဲ့သင့်တာ





တစ်ယောက်လို ငါပါလေ



ဘယ်သူမလို့လဲ "


ပစ်ပေါက်ပစ်တယ်

ငေးကြည့်နေတဲ့ မင်း
အဆင်ပြေနေတဲ့ ပုံပဲ


ဟမ် !"

ပြည့်နှက်လာတာ






ရှင်းလား !"







"Hoseok .... မင်း တော်တော့ !"

စကားလုံးဆွဲထုတ်ရမလဲ

အဲ့တာသိလား Taehyung !



Bar မှာ ပလူးနေကြတာလေ !"

"Jung Hoseok မင်း ! "

ခွပ် !



"Hoseok ! Jung Hoseok !!!! "

ဘယ်လိုလုပ်ကြမလဲဟင်


ဒါပေမယ့်.... ဒါပေမယ့်

"အမလေး !!!! ငါ့သားလေး !!!!!"

"Hoseok...!!!!"



ဖြောင်း !!!!

ဖြောင်း !!!!!

ဖြောင်း !!!!!!!!





"မင်း က သေသင့်တဲ့ကောင်
လူ က မွေးပြီး တိရစ်ဆာန် လောက်တောင် အဆင့်မရှိတဲ့ ကောင်


မဟုတ်တော့ဘူး !


"ကျတော် ...."


"တကယ် မရည်ရွယ်ခဲ့တာပါ ..."

ကလေးမှဟုတ်သေးလား

တောင်းပန်ပါတယ် ...."




သိပ်ကောင်းမယ်





စိတ်ပူနေတဲ့ပုံ


အရင်းတည်ခဲ့တာထင်တယ်

"ဘာလာလုပ်တာလဲ"


"ဟို....ဟို ကျတော် ...."



ကြည့်ပါရစေ အန်တီရယ်"

တောင်းပန်ချင်ပါရဲ့

သည်းခံနေရတာ




မှာမဟုတ်တော့ဘူး"

ကျတော် မသိခဲ့ပါ


.......................................................................|

အစကနေ အခုချိန်ထိ
ဇာတ်နာတဲ့ သူ က ဘယ်သူလဲ ?
ဘယ်သူဖြစ်မလဲ ?


.....................................................................|

Continue Reading

You'll Also Like

874K 40.6K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
311K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
246K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
3.3K 664 14
🎶Can I go where you go? Can we always be this close forever and ever? And ah, take me out, and take me home (forever and ever) You're my, my, my, my...