ႀကီးမားလြန္းသည့္ ဧည့္ခန္းက်ယ္ႀကီးတစ္ခုတြင္ ျဖစ္သည္။
Li Di Kun ေျခေထာက္ကို ဆရာဝန္မွ ေဆးလာစည္းသြားၿပီးၿပီ ျဖစ္သည္။
ထို႔အတူ ယခုလက္ရွိေရာက္ရွိေနသည္က Wangအိမ္ေတာ္ႀကီးထဲက ဧည့္ခန္းထဲတြင္ျဖစ္သည္။
ျခံထဲကေန ခမ္းနားလြန္းေသာ အေဆာက္အဦးပံုႀကီးကို ေငးေမာၾကည့္ေနရင္းသာ တစ္ညေနလံုး ရွိခဲ့သည္။
ခလုတ္တိုက္ေခ်ာ္လဲလွ်င္ေတာင္ တစ္ေဒၚလာေကာက္မရဘူးတဲ့သူက ခုလိုWangအိမ္ေတာ္ထဲကို ဘိုးဘိုးWangကိုယ္တိုင္က ဖိတ္ေခၚသည္မို႔ ေရာက္ရွိေနျခင္းျဖစ္သည္။
ေဆြမ်ိဳးထဲက အသက္ႀကီးႀကီး အေဒၚဦးေလးေတြကအစ အိမ္ႀကီးထဲ ေရာက္ရွိကာ စပ္စုေနၾကသည္။
တစ္မိုးေအာက္တစ္ေယာက္သာရွိသည့္ တူေခ်ာေလးက မည္သို႔ေသာ လက္တြဲေဖာ္ကို အိမ္ေတာ္သခင္ႀကီး၏ေန႔ထူးေန႔ျမတ္တြင္ ေခၚေဆာင္လာသလဲဆိုတာ သိခ်င္ေနၾကၿပီျဖစ္သည္။
"အကို တတိယသခင္ေလးရဲ႕ ခ်စ္သူက ေကာင္ေလးျဖစ္ေနတာကို မအ့ံၾသဘူးလား"
ပထမသခင္ေလးဇနီးက ခင္ပြန္းျဖစ္သူနားကပ္ကာ ခပ္တိုးတိုးဆိုသည္။
ထိုအခါ ပထမသခင္ေလးWangက ဇနီးသည္ကို ျပံဳးျပံဳးႀကီးၾကည့္ကာ ေျဖေလသည္။
"သူ႔လို ေဂ်းမ်ားတတ္တဲ့သူက မိန္းမေလး လက္တြဲေဖာ္ေခၚလာမွသာ အကိုတို႔က ထူးဆန္းရမွာ၊ ဘယ္လိုမိန္းကေလးက Wangေလးနဲ႔ အဆင္ေျပပါ့မလဲ"
"ပထမအကိုႀကီးေျပာသလိုပဲ ညီမလည္း ထင္ေနတာ၊ ဟီး ဟီး ေကာင္ေလးက လွတယ္ေနာ္ ေယာက်ာ္း"
ပထမသခင္ေလးတို႔ စံုတြဲႏွင့္ကပ္လ်က္ကခံုတြင္ ထိုင္ေနေသာ ဒုတိယသခင္ေလး၏ဇနီးသည္ဆီမွ ရယ္ျမဴးရိပ္သန္းေနေသာေျပာသံ ထြက္ေပၚလာၿပီး ခင္ပြန္းျဖစ္သူကိုပါ ေထာက္ခံခ်က္ေတာင္းေနေသးသည္။
" ဘာလဲ ကေလးက Wangေလးတို႔ အတြဲကို shipတယ္ဆိုလား ဘာလား ကေလးတို႔သူငယ္ခ်င္းေတြ ခဏခဏေျပာေနတာေလ"
"ဟုတ္တယ္ ဟုတ္တယ္ ဒီေန႔ကစၿပီး တတိယသခင္ေလးတို႔အတြဲရဲ႕ shipperက ဒီက ကိုကို႔ဇနီးေလးပဲ"
ရင္ဘတ္ကိုပုတ္ျပကာ ေမာ္ႂကြားႂကြားေျပာေလသည့္ ဇနီးသည္ကို ဒုတိယသခင္ေလးမွာ ျပံဳးျပံဳးႀကီးသာ ၾကည့္ေနေလေတာ့သည္။
"အဟမ္း အဟမ္း... ေကာင္ေလး နာမည္ဘယ္လိုေခၚလဲ၊ ေက်ာင္းတက္ေနတုန္းလား၊ ဘယ္တကၠသိုလ္မွာလဲ၊ ဘိုးဘိုးရဲ႕ေျမး ေခြးေကာင္ေလးနဲ႔ ဘယ္မွာစေတြ႕တာလဲ၊ တြဲတာကၾကာၿပီလား၊ ေျဖပါအံုး၊ ဒီအဘိုးအိုက သိခ်င္လြန္းလို႔ ေလာေနၿပီ"
ဘိုးဘိုးWangမွာ စိတ္လွဳပ္ရွားစြာ ေမးလိုက္သည္။
"ဟို ဘိုးဘိုး ကၽြန္ေတာ္ၿပီးရင္ စာၾကည့္ခန္းထဲ သီးသန္႔လာေျပာပါ့မယ္"
Wang Ruo Linမွာ ကန္႔ကြက္သလို ဝင္ေျပာေလသည္။
"ေခြးေကာင္ေလး မင္းကဘာကို ကြယ္ဝွက္ခ်င္ေနတာလဲ၊ ဒီမွာၾကည့္စမ္း မင္းရဲ႕အေဖေရာအေမေရာ ဦးေလးေတြကအစ သိခ်င္ေနၾကၿပီ။ ဒီမွာမေျပာႏိုင္စရာ ဘာရွိလို႔လဲ၊ ဟုတ္တယ္မလား Lao Wang"
ေဖေဖWangကိုပါ ဆြဲထည့္ကာ Wang Ruo Linကို ဒီေန႔စကားဝိုင္းထဲက ထြက္မရေအာင္ ခ်ည္ၿပီးတုတ္ၿပီး ေျပာေနေလသည္။
"ဟုတ္တယ္ ဟုတ္တယ္ တတိယသခင္ေလး"
ဦးေလး၊ အေဒၚ ေဆြမ်ိဳးသားခ်င္းေတြကပါ ေခါင္းတညိတ္ညိတ္။ သိခ်င္စိတ္ေတြက ဖံုးဖိမရေအာင္ အားလံုး၏မ်က္ႏွာတြင္ ေပၚေနေလသည္။
flash back!
လြန္ခဲ့သည့္နာရီဝက္ခန္႔က။
"ေျခေထာက္က ေဆးစည္းထားၿပီးၿပီ သိပ္မလွဳပ္ရွားနဲ႔ ေျခသပြတ္တိုင္ လည္ခ်င္သလိုျဖစ္သြားတာ၊ အရမ္းႀကီးအသံုးျပဳရင္ ေျခေထာက္က ဒဏ္ျဖစ္သြားလိမ့္မယ္၊ Liသခင္ေလး"
Wangမိသားစု၏ ဆရာဝန္ႀကီးကိုယ္တိုင္ ေရာက္ရွိလာကာ Li Di Kunကို ၾကည့္ရွဳ႕ေပးေလသည္။
"တတိယသခင္ေလး ဆရာျပန္ပါအံုးမယ္"
ဆရာဝန္က ေဆးအိတ္သယ္ကာ အခန္းအျပင္ဘက္ကို ထြက္သြားေလသည္။
"Li Di Kunေနာ္ ေကာင္ေလး"
"...."
"ကိုယ့္ကိ္ုသိမယ္ဆိုတာ သိေပမယ့္ ကိုယ္ ျပန္မိတ္ဆက္ပါ့မယ္၊ ကိုယ္နာမည္က Wang Ruo Lin။ ညေနက ေကာင္ေလး ေလ်ာ္ေၾကးေပးရမယ့္ ကားပိုင္ရွင္ပဲ"
"ဗ်ာ!!!"
နားစည္ကြဲမတတ္ က်ယ္ေလာင္လွစြာေသာ အသံစူးစူးေလးတစ္ခု ထြက္ေပၚလာသည္။
"ျဖည္းျဖည္းေအာ္ပါကြ ေကာင္ေလးရ"
"မတတ္ႏိုင္ဘူး ေဒၚလာတစ္ေထာင္လို႔ စဥ္းစားမိရင္ ခုထိေသြးတက္တုန္းပဲ၊ ခင္ဗ်ားမီးလံုးက တကယ္ႀကီး အဲ့ေလာက္တန္တာလား"
မယံုသလိုေလး မ်က္စိေထာင့္ကပ္ကာ စဥး္စားဟန္ျဖင့္ ေမးေနေသးသည္။
"ထားလိုက္ပါ အဲ့ဒီကိစၥက၊ ခုကိစၥကိုေျပာရေအာင္"
"ဟမ္ ကိစၥက အဲ့တစ္ခုပဲ မဟုတ္ဘူးလား"
"မဟုတ္ဘူး၊ ကိုယ့္ဘိုးဘိုးက ကိုယ္နဲ႔ေကာင္ေလးကို အထင္လြဲေနၿပီ၊ အဲ့ဒါ ကၽြတ္!"
နဖူးေပၚဝဲက်ေနသည့္ ဆံစတို႔ကို စိတ္ရွဳတ္သလို သပ္တင္လိုက္သည္။
"အထင္လြဲတယ္ ဘယ္လိုလြဲတာ"
" ကိုယ္လည္း မရွင္းျပတတ္ဘူး၊ အေျခေနကိုၾကည့္ လွဳပ္ရွားရမွာပဲ၊ ကိုယ္တို႔ခဏေနၾကရင္ ဘိုးဘိုးႀကီးဆီ သြားရမယ္။ ေကာင္ေလးက အေျခေနေစာင့္ၾကည့္၊ ဘာေမးေမး မေျဖနဲ႔"
"ေမးပါၿပီဆိုမွ မေျဖေတာ့ ကၽြန္ေတာ္က႐ိုင္းတယ္ျဖစ္မယ္ဗ်"
"ဒီလိုကြာ ကိုယ္ေျဖေပးမယ္ ဟုတ္ၿပီလား၊ ေကာင္ေလးက ၾကည့္ၾကပ္ေျဖေပါ့၊ ေနာ္ ၊ ကိုယ့္ကို ဒီတစ္ခါေလာက္ ကူေပး၊ ညေနက ေဒၚလာတစ္ေထာင္ကို ကိုယ္တို႔ၾကားထဲ မရွိေတာ့ဘူးလို႔ မွတ္လိုက္မယ္"
"သေဘာတူတယ္"
**အမေလး ညေနက ကံဆိုးၿပီး ေစာနက ကံထပ္ဆိုးၿပီးေျခက်ိဳးခါနီးေလး၊ ခုၾကေတာ့ ကံေကာင္းလိုက္တဲ့ ငါေလး၊ ေဒၚလာတစ္ေထာင္က ေလ်ာ္စရာမလိုေတာ့ဘူးတဲ့ အေဟး**
စိတ္ထဲမွာ ကိုယ့္ကိုကိုယ္ ဂုဏ္ယူဝမ္းေျမာက္ရင္း မိက္ႏွာကိုေတာ့ ခပ္တည္တည္သာ ထားေလသည္။
_______________________________________
Flash back end!
"ေကာင္ေလး နာမည္ဘယ္လိုေခၚလဲ၊ ေက်ာင္းတက္ေနတုန္းလား၊ ဘယ္တကၠသိုလ္မွာလဲ၊ ဘိုးဘိုးရဲ႕ေျမး ေခြးေကာင္ေလးနဲ႔ ဘယ္မွာစေတြ႕တာလဲ၊ တြဲတာကၾကာၿပီလား၊ ေျဖပါအံုး၊ ေကာင္ေလး...ေကာင္ေလး"
အေတြးေတြက ခပ္ေဝးေဝးကေန တစ္စုတစ္စည္းထဲ ျပန္ျဖစ္သြားေတာ့မွ အားလံုးရဲ့အျကည့္က မိမိတစ္ေယာက္တည္းထံသာ ေရာက္ေနတာကို ေတြ႔လိုက္ရသည္။
အေျခေနက Wang Ruo Linနဲ့ ဒီက Li Di Kunေလးကို စံုတြဲေတြလို႔ သတ္မွတ္ထားတာေပါ့ေလ။ ဘယ္လိုေတာင္ တလြဲ။
သို႔ေပမယ့္... သို႔ေပမယ့္ေပါ့ေလ...ေဒၚလာတစ္ေထာင္ မ်က္ႏွာေျကာင့္ အဆင္ေျပေအာင္ ေျဖလိုက္ရမွာပဲ။
"ကၽြန္ေတာ္နာမည္က Li Di Kunပါ ဘိုးဘိုး၊ (.....) တကၠသိုလ္ စီးပြါးေရးေမဂ်ာနဲ႔ တတိယႏွစ္ တက္ေနပါတယ္၊ ေတြ႕တာက ေတြ႕တာ..."
"ဘိုးဘိုးေရ... ကၽြန္ေတာ္ေျပာမယ္။ Kun Erနဲ႔က Shopping mallမွာ ပထမဆံုးေတြ႕ဖူးတာ၊ တြဲေနတာက တစ္ႏွစ္ရွိၿပီ ဘိုးဘိုး"
အထစ္ အထစ္ ျဖစ္ေနတဲ့ Di Kunအစား ေျဖေပးလိုက္သည့္ ထိုလူျကီး၏အေျဖက Di Kunကို ေသြးတက္ေစေတာ့သည္။
ဒီလူက တြင္းကို နက္နက္တူးလိုက္တာပဲ။ ဘိုးဘိုးျကီးရဲ့ မ်က္ႏွာက ေပ်ာ္လြန္းလို႔ အရည္ရႊမ္းေနတဲ့ လိေမၼာ္သီးျကီးလို ျဖစ္ေနေလသည္။
"တစ္ႏွစ္ေတာင္ရွိၿပီ၊ ေနေတာ့ေရာ အတူတူေနၾကၿပီလား၊ ဘယ္မွာေနလဲ Kun Er"
"ကၽြန္ေတာ္က ေက်ာင္းမွာပဲ ေနတာပါဘိုးဘိုး"
"ဘာ!!! ေခြးေကာင္ေလး မင္းက အခ်စ္ကို ဘယ္လိုတန္ဖိုးထားရမွန္း မသိတာလား ဟမ္၊ ကေလးကို ပင္ပင္ပန္းပန္းနဲ႔ ေက်ာင္းအေဆာင္လိုေနရာမွာ ေနခိုင္းတယ္ေပါ့ေလ၊ မင္းဗီလာနဲ႔ ေက်ာင္းကနီးေနတာပဲ"
ဘိုးဘိုးႀကီးမွာ စိတ္တိုလြန္းလို႔ တုတ္ေကာက္ႀကီးနဲ႔ Wang Ruo Linကို ႐ိုက္ေတာ့မလိုေတာင္ လုပ္လိုက္ေသးသည္။
" Kun Er "
ဘိုးဘိုးႀကီးမွာ Wang Ruo Linကို မာန္မဲၿပီး Li Di Kunကို ၾကင္ၾကင္နာနာ ေခၚေလသည္။
"ဗ်ာ"
" မနက္ျဖန္ကစၿပီး Wang Ruo Linရဲ႕ ဗီလာမွာ ေျပာင္းေနေတာ့၊ ေနာက္ေန႔ ငါလာၾကည့္လို႔မွ မေနေသးဘူးဆိုရင္ မင္းကို အေမြျဖတ္ပစ္မယ္ ၾကားလား ေခြးေကာင္ေလး"
".....!!!"
**ေနပါအံုး ငါေလးက ေဒၚလာတစ္ေထာင္ ေခ်ေပးလို႔ ကူညီလိုက္တာေလ။ မသိတဲ့လူရဲ႕အိမ္မွာ လိုက္ေနၿပီး ခ်စ္ၾကည္ႏူး တစ္တီတူးျပရအံုးမွာလား။ ဒီညက ကံဆိုးလိုက္ ကံေကာင္းလိုက္နဲ႔ ငါ့ကို အေတာ္ဒုကၡေပးပါလားေဟ့**
"ဟုတ္ ဘိုးဘိုး၊ Kun Erအိမ္ေျပာင္းဖို႔ အကုန္လုပ္လိုက္ပါ့မယ္။ စိတ္ခ်ပါ ဘိုးဘိုး"
ေခြးေကာင္ေလးရဲ႕ စကားက ဒီတစ္ခါၾကားရသမွ်ထဲ နားေထာင္ရအေကာင္းဆံုးပဲ။ ဒီအဘိုးႀကီးကို ေက်နပ္ေစတယ္။
" Lao Wang ငါ့ကိုအခန္းလိုက္ပို႔၊ အသက္ႀကီးတဲ့ အဘိုးအိုက ေနာက္က်အိပ္လို႔ မျဖစ္ဘူးမလား"
Wang Ruo Lin၏ဖခင္ Wang Hanမွာ ဖခင္ႀကီး၏ေျပာစကားေၾကာင့္ ဇနီးသည္ႏွင့္ အတူတူတြဲထူကာ ဖခင္ႀကီး၏ အိပ္ခန္းရွိရာသို႔ ေခၚေဆာင္သြားပါေတာ့သည္။
ေဆြမ်ိဳးေတြမွာလည္း ပြဲရဲ႕အဆံုးသတ္က မိမိတို႔အတြက္ အခြင့္ေရးမရွိေတာ့ေပမယ့္ အေၾကအလည္ ေဆြးေႏြးေနၾကေသးသည္။
**ေနပါအံုး ငါေလးက ဒီည ကံဆိုးတာလား၊ ကံေကာင္းတာလား၊ ျပည္သူ႔ေကာင္ေလး Wang Ruo Linက တစ္ညတည္းနဲ႔ ငါ့ရည္းစား ျဖစ္သြားသတဲ့။ ဘယ္လို ကံၾကမၼာတုန္း!!!**
"ေကာင္ေလး အခ်ိန္ရေသးရင္ ကိုယ္တို႔ စကားေျပာရေအာင္"
"ေျပာမယ္။ ေျပာရမယ္။ မေျပာရင္ ကၽြန္ေတာ္ ဒီညအိပ္မေပ်ာ္ေတာ့ဘူး"
ကဲ... ေမြးေန႔ပြဲရဲ႕ အဆံုးသတ္ညကေတာ့ နာမည္ႀကီးမင္းသားက တကၠသိုလ္ေက်ာင္းသားေလးရဲ႕ ေက်ာင္းအေဆာင္ကို ကားေမာင္းျပီး ကိုယ္တိုင္ကိုယ္က် လိုက္ပို႔သတဲ့။
သူတို႔ႏွစ္ေယာက္ရဲ႕ ေန႔ရက္ေတြကေတာ့ ေပ်ာ္ရႊင္စိတ္လွဳပ္ရွားစရာေတြနဲ႔ ျပည့္ႏွက္ေနမလား။ ဘယ္လိုအလြဲအေခ်ာ္ေတြနဲ႔ ဘာေတြျဖစ္လာအံုးမွာလဲဆိုတာ မည္သူကမွ် သိႏိုင္လိမ့္မည္မဟုတ္ပါ။
______________________________________
BLOOM
(8.6.2021)
8:08Pm
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
ကြီးမားလွန်းသည့် ဧည့်ခန်းကျယ်ကြီးတစ်ခုတွင် ဖြစ်သည်။
Li Di Kun ခြေထောက်ကို ဆရာဝန်မှ ဆေးလာစည်းသွားပြီးပြီ ဖြစ်သည်။
ထို့အတူ ယခုလက်ရှိရောက်ရှိနေသည်က Wangအိမ်တော်ကြီးထဲက ဧည့်ခန်းထဲတွင်ဖြစ်သည်။
ခြံထဲကနေ ခမ်းနားလွန်းသော အဆောက်အဦးပုံကြီးကို ငေးမောကြည့်နေရင်းသာ တစ်ညနေလုံး ရှိခဲ့သည်။
ခလုတ်တိုက်ချော်လဲလျှင်တောင် တစ်ဒေါ်လာကောက်မရဘူးတဲ့သူက ခုလိုWangအိမ်တော်ထဲကို ဘိုးဘိုးWangကိုယ်တိုင်က ဖိတ်ခေါ်သည်မို့ ရောက်ရှိနေခြင်းဖြစ်သည်။
ဆွေမျိုးထဲက အသက်ကြီးကြီး အဒေါ်ဦးလေးတွေကအစ အိမ်ကြီးထဲ ရောက်ရှိကာ စပ်စုနေကြသည်။
တစ်မိုးအောက်တစ်ယောက်သာရှိသည့် တူချောလေးက မည်သို့သော လက်တွဲဖော်ကို အိမ်တော်သခင်ကြီး၏နေ့ထူးနေ့မြတ်တွင် ခေါ်ဆောင်လာသလဲဆိုတာ သိချင်နေကြပြီဖြစ်သည်။
"အကို တတိယသခင်လေးရဲ့ ချစ်သူက ကောင်လေးဖြစ်နေတာကို မအ့ံသြဘူးလား"
ပထမသခင်လေးဇနီးက ခင်ပွန်းဖြစ်သူနားကပ်ကာ ခပ်တိုးတိုးဆိုသည်။
ထိုအခါ ပထမသခင်လေးWangက ဇနီးသည်ကို ပြုံးပြုံးကြီးကြည့်ကာ ဖြေလေသည်။
"သူ့လို ဂျေးများတတ်တဲ့သူက မိန်းမလေး လက်တွဲဖော်ခေါ်လာမှသာ အကိုတို့က ထူးဆန်းရမှာ၊ ဘယ်လိုမိန်းကလေးက Wangလေးနဲ့ အဆင်ပြေပါ့မလဲ"
"ပထမအကိုကြီးပြောသလိုပဲ ညီမလည်း ထင်နေတာ၊ ဟီး ဟီး ကောင်လေးက လှတယ်နော် ယောကျာ်း"
ပထမသခင်လေးတို့ စုံတွဲနှင့်ကပ်လျက်ကခုံတွင် ထိုင်နေသော ဒုတိယသခင်လေး၏ဇနီးသည်ဆီမှ ရယ်မြူးရိပ်သန်းနေသောပြောသံ ထွက်ပေါ်လာပြီး ခင်ပွန်းဖြစ်သူကိုပါ ထောက်ခံချက်တောင်းနေသေးသည်။
" ဘာလဲ ကလေးက Wangလေးတို့ အတွဲကို shipတယ်ဆိုလား ဘာလား ကလေးတို့သူငယ်ချင်းတွေ ခဏခဏပြောနေတာလေ"
"ဟုတ်တယ် ဟုတ်တယ် ဒီနေ့ကစပြီး တတိယသခင်လေးတို့အတွဲရဲ့ shipperက ဒီက ကိုကို့ဇနီးလေးပဲ"
ရင်ဘတ်ကိုပုတ်ပြကာ မော်ကြွားကြွားပြောလေသည့် ဇနီးသည်ကို ဒုတိယသခင်လေးမှာ ပြုံးပြုံးကြီးသာ ကြည့်နေလေတော့သည်။
"အဟမ်း အဟမ်း... ကောင်လေး နာမည်ဘယ်လိုခေါ်လဲ၊ ကျောင်းတက်နေတုန်းလား၊ ဘယ်တက္ကသိုလ်မှာလဲ၊ ဘိုးဘိုးရဲ့မြေး ခွေးကောင်လေးနဲ့ ဘယ်မှာစတွေ့တာလဲ၊ တွဲတာကကြာပြီလား၊ ဖြေပါအုံး၊ ဒီအဘိုးအိုက သိချင်လွန်းလို့ လောနေပြီ"
ဘိုးဘိုးWangမှာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟို ဘိုးဘိုး ကျွန်တော်ပြီးရင် စာကြည့်ခန်းထဲ သီးသန့်လာပြောပါ့မယ်"
Wang Ruo Linမှာ ကန့်ကွက်သလို ဝင်ပြောလေသည်။
"ခွေးကောင်လေး မင်းကဘာကို ကွယ်ဝှက်ချင်နေတာလဲ၊ ဒီမှာကြည့်စမ်း မင်းရဲ့အဖေရောအမေရော ဦးလေးတွေကအစ သိချင်နေကြပြီ။ ဒီမှာမပြောနိုင်စရာ ဘာရှိလို့လဲ၊ ဟုတ်တယ်မလား Lao Wang"
ဖေဖေWangကိုပါ ဆွဲထည့်ကာ Wang Ruo Linကို ဒီနေ့စကားဝိုင်းထဲက ထွက်မရအောင် ချည်ပြီးတုတ်ပြီး ပြောနေလေသည်။
"ဟုတ်တယ် ဟုတ်တယ် တတိယသခင်လေး"
ဦးလေး၊ အဒေါ် ဆွေမျိုးသားချင်းတွေကပါ ခေါင်းတညိတ်ညိတ်။ သိချင်စိတ်တွေက ဖုံးဖိမရအောင် အားလုံး၏မျက်နှာတွင် ပေါ်နေလေသည်။
flash back!
လွန်ခဲ့သည့်နာရီဝက်ခန့်က။
"ခြေထောက်က ဆေးစည်းထားပြီးပြီ သိပ်မလှုပ်ရှားနဲ့ ခြေသပွတ်တိုင် လည်ချင်သလိုဖြစ်သွားတာ၊ အရမ်းကြီးအသုံးပြုရင် ခြေထောက်က ဒဏ်ဖြစ်သွားလိမ့်မယ်၊ Liသခင်လေး"
Wangမိသားစု၏ ဆရာဝန်ကြီးကိုယ်တိုင် ရောက်ရှိလာကာ Li Di Kunကို ကြည့်ရှု့ပေးလေသည်။
"တတိယသခင်လေး ဆရာပြန်ပါအုံးမယ်"
ဆရာဝန်က ဆေးအိတ်သယ်ကာ အခန်းအပြင်ဘက်ကို ထွက်သွားလေသည်။
"Li Di Kunနော် ကောင်လေး"
"...."
"ကိုယ့်ကိ်ုသိမယ်ဆိုတာ သိပေမယ့် ကိုယ် ပြန်မိတ်ဆက်ပါ့မယ်၊ ကိုယ်နာမည်က Wang Ruo Lin။ ညနေက ကောင်လေး လျော်ကြေးပေးရမယ့် ကားပိုင်ရှင်ပဲ"
"ဗျာ!!!"
နားစည်ကွဲမတတ် ကျယ်လောင်လှစွာသော အသံစူးစူးလေးတစ်ခု ထွက်ပေါ်လာသည်။
"ဖြည်းဖြည်းအော်ပါကွ ကောင်လေးရ"
"မတတ်နိုင်ဘူး ဒေါ်လာတစ်ထောင်လို့ စဉ်းစားမိရင် ခုထိသွေးတက်တုန်းပဲ၊ ခင်ဗျားမီးလုံးက တကယ်ကြီး အဲ့လောက်တန်တာလား"
မယုံသလိုလေး မျက်စိထောင့်ကပ်ကာ စဥး်စားဟန်ဖြင့် မေးနေသေးသည်။
"ထားလိုက်ပါ အဲ့ဒီကိစ္စက၊ ခုကိစ္စကိုပြောရအောင်"
"ဟမ် ကိစ္စက အဲ့တစ်ခုပဲ မဟုတ်ဘူးလား"
"မဟုတ်ဘူး၊ ကိုယ့်ဘိုးဘိုးက ကိုယ်နဲ့ကောင်လေးကို အထင်လွဲနေပြီ၊ အဲ့ဒါ ကျွတ်!"
နဖူးပေါ်ဝဲကျနေသည့် ဆံစတို့ကို စိတ်ရှုတ်သလို သပ်တင်လိုက်သည်။
"အထင်လွဲတယ် ဘယ်လိုလွဲတာ"
" ကိုယ်လည်း မရှင်းပြတတ်ဘူး၊ အခြေနေကိုကြည့် လှုပ်ရှားရမှာပဲ၊ ကိုယ်တို့ခဏနေကြရင် ဘိုးဘိုးကြီးဆီ သွားရမယ်။ ကောင်လေးက အခြေနေစောင့်ကြည့်၊ ဘာမေးမေး မဖြေနဲ့"
"မေးပါပြီဆိုမှ မဖြေတော့ ကျွန်တော်ကရိုင်းတယ်ဖြစ်မယ်ဗျ"
"ဒီလိုကွာ ကိုယ်ဖြေပေးမယ် ဟုတ်ပြီလား၊ ကောင်လေးက ကြည့်ကြပ်ဖြေပေါ့၊ နော် ၊ ကိုယ့်ကို ဒီတစ်ခါလောက် ကူပေး၊ ညနေက ဒေါ်လာတစ်ထောင်ကို ကိုယ်တို့ကြားထဲ မရှိတော့ဘူးလို့ မှတ်လိုက်မယ်"
"သဘောတူတယ်"
**အမလေး ညနေက ကံဆိုးပြီး စောနက ကံထပ်ဆိုးပြီးခြေကျိုးခါနီးလေး၊ ခုကြတော့ ကံကောင်းလိုက်တဲ့ ငါလေး၊ ဒေါ်လာတစ်ထောင်က လျော်စရာမလိုတော့ဘူးတဲ့ အဟေး**
စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ဂုဏ်ယူဝမ်းမြောက်ရင်း မိက်နှာကိုတော့ ခပ်တည်တည်သာ ထားလေသည်။
_______________________________________
Flash back end!
"ကောင်လေး နာမည်ဘယ်လိုခေါ်လဲ၊ ကျောင်းတက်နေတုန်းလား၊ ဘယ်တက္ကသိုလ်မှာလဲ၊ ဘိုးဘိုးရဲ့မြေး ခွေးကောင်လေးနဲ့ ဘယ်မှာစတွေ့တာလဲ၊ တွဲတာကကြာပြီလား၊ ဖြေပါအုံး၊ ကောင်လေး...ကောင်လေး"
အတွေးတွေက ခပ်ဝေးဝေးကနေ တစ်စုတစ်စည်းထဲ ပြန်ဖြစ်သွားတော့မှ အားလုံးရဲ့အကြည့်က မိမိတစ်ယောက်တည်းထံသာ ရောက်နေတာကို တွေ့လိုက်ရသည်။
အခြေနေက Wang Ruo Linနဲ့ ဒီက Li Di Kunလေးကို စုံတွဲတွေလို့ သတ်မှတ်ထားတာပေါ့လေ။ ဘယ်လိုတောင် တလွဲ။
သို့ပေမယ့်... သို့ပေမယ့်ပေါ့လေ...ဒေါ်လာတစ်ထောင် မျက်နှာကြောင့် အဆင်ပြေအောင် ဖြေလိုက်ရမှာပဲ။
"ကျွန်တော်နာမည်က Li Di Kunပါ ဘိုးဘိုး၊ (.....) တက္ကသိုလ် စီးပွါးရေးမေဂျာနဲ့ တတိယနှစ် တက်နေပါတယ်၊ တွေ့တာက တွေ့တာ..."
"ဘိုးဘိုးရေ... ကျွန်တော်ပြောမယ်။ Kun Erနဲ့က Shopping mallမှာ ပထမဆုံးတွေ့ဖူးတာ၊ တွဲနေတာက တစ်နှစ်ရှိပြီ ဘိုးဘိုး"
အထစ် အထစ် ဖြစ်နေတဲ့ Di Kunအစား ဖြေပေးလိုက်သည့် ထိုလူကြီး၏အဖြေက Di Kunကို သွေးတက်စေတော့သည်။
ဒီလူက တွင်းကို နက်နက်တူးလိုက်တာပဲ။ ဘိုးဘိုးကြီးရဲ့ မျက်နှာက ပျော်လွန်းလို့ အရည်ရွှမ်းနေတဲ့ လိမေ္မာ်သီးကြီးလို ဖြစ်နေလေသည်။
"တစ်နှစ်တောင်ရှိပြီ၊ နေတော့ရော အတူတူနေကြပြီလား၊ ဘယ်မှာနေလဲ Kun Er"
"ကျွန်တော်က ကျောင်းမှာပဲ နေတာပါဘိုးဘိုး"
"ဘာ!!! ခွေးကောင်လေး မင်းက အချစ်ကို ဘယ်လိုတန်ဖိုးထားရမှန်း မသိတာလား ဟမ်၊ ကလေးကို ပင်ပင်ပန်းပန်းနဲ့ ကျောင်းအဆောင်လိုနေရာမှာ နေခိုင်းတယ်ပေါ့လေ၊ မင်းဗီလာနဲ့ ကျောင်းကနီးနေတာပဲ"
ဘိုးဘိုးကြီးမှာ စိတ်တိုလွန်းလို့ တုတ်ကောက်ကြီးနဲ့ Wang Ruo Linကို ရိုက်တော့မလိုတောင် လုပ်လိုက်သေးသည်။
" Kun Er "
ဘိုးဘိုးကြီးမှာ Wang Ruo Linကို မာန်မဲပြီး Li Di Kunကို ကြင်ကြင်နာနာ ခေါ်လေသည်။
"ဗျာ"
" မနက်ဖြန်ကစပြီး Wang Ruo Linရဲ့ ဗီလာမှာ ပြောင်းနေတော့၊ နောက်နေ့ ငါလာကြည့်လို့မှ မနေသေးဘူးဆိုရင် မင်းကို အမွေဖြတ်ပစ်မယ် ကြားလား ခွေးကောင်လေး"
".....!!!"
**နေပါအုံး ငါလေးက ဒေါ်လာတစ်ထောင် ချေပေးလို့ ကူညီလိုက်တာလေ။ မသိတဲ့လူရဲ့အိမ်မှာ လိုက်နေပြီး ချစ်ကြည်နူး တစ်တီတူးပြရအုံးမှာလား။ ဒီညက ကံဆိုးလိုက် ကံကောင်းလိုက်နဲ့ ငါ့ကို အတော်ဒုက္ခပေးပါလားဟေ့**
"ဟုတ် ဘိုးဘိုး၊ Kun Erအိမ်ပြောင်းဖို့ အကုန်လုပ်လိုက်ပါ့မယ်။ စိတ်ချပါ ဘိုးဘိုး"
ခွေးကောင်လေးရဲ့ စကားက ဒီတစ်ခါကြားရသမျှထဲ နားထောင်ရအကောင်းဆုံးပဲ။ ဒီအဘိုးကြီးကို ကြေနပ်စေတယ်။
" Lao Wang ငါ့ကိုအခန်းလိုက်ပို့၊ အသက်ကြီးတဲ့ အဘိုးအိုက နောက်ကျအိပ်လို့ မဖြစ်ဘူးမလား"
Wang Ruo Lin၏ဖခင် Wang Hanမှာ ဖခင်ကြီး၏ပြောစကားကြောင့် ဇနီးသည်နှင့် အတူတူတွဲထူကာ ဖခင်ကြီး၏ အိပ်ခန်းရှိရာသို့ ခေါ်ဆောင်သွားပါတော့သည်။
ဆွေမျိုးတွေမှာလည်း ပွဲရဲ့အဆုံးသတ်က မိမိတို့အတွက် အခွင့်ရေးမရှိတော့ပေမယ့် အကြေအလည် ဆွေးနွေးနေကြသေးသည်။
**နေပါအုံး ငါလေးက ဒီည ကံဆိုးတာလား၊ ကံကောင်းတာလား၊ ပြည်သူ့ကောင်လေး Wang Ruo Linက တစ်ညတည်းနဲ့ ငါ့ရည်းစား ဖြစ်သွားသတဲ့။ ဘယ်လို ကံကြမ္မာတုန်း!!!**
"ကောင်လေး အချိန်ရသေးရင် ကိုယ်တို့ စကားပြောရအောင်"
"ပြောမယ်။ ပြောရမယ်။ မပြောရင် ကျွန်တော် ဒီညအိပ်မပျော်တော့ဘူး"
ကဲ... မွေးနေ့ပွဲရဲ့ အဆုံးသတ်ညကတော့ နာမည်ကြီးမင်းသားက တက္ကသိုလ်ကျောင်းသားလေးရဲ့ ကျောင်းအဆောင်ကို ကားမောင်းပြီး ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့သတဲ့။
သူတို့နှစ်ယောက်ရဲ့ နေ့ရက်တွေကတော့ ပျော်ရွှင်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမလား။ ဘယ်လိုအလွဲအချော်တွေနဲ့ ဘာတွေဖြစ်လာအုံးမှာလဲဆိုတာ မည်သူကမျှ သိနိုင်လိမ့်မည်မဟုတ်ပါ။
______________________________________
BLOOM
(8.6.2021)
8:08Pm