ဆိုးသွမ်းသောမိခင် (မြန်မာဘာသာ...

By Miracle_Phyu

3.4K 275 35

Eng Title: Mommy Villainess Author: sola_cola Genres : Romance Source :https://lightnovel.world/book/1584/7.h... More

Chapter-2.1

Chapter-1 Matilda Yap/Lady Presco

2.6K 139 21
By Miracle_Phyu

#Unicode

(ဒုတိယဘဝ)

ငါမှတ်မိသလောက်ကတော့ ငါ့ရဲ့ဒုတိယဘဝမှာ ကမ္ဘာပေါ်က ခေတ်သစ်အမျိုးသမီး Matilda Sandrine Yapအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်။

အာရှရဲ့အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုရဲ့ အမျိုးသမီးအမွေဆက်ခံသူတစ်ယောက်ဖြစ်ပြီး စီးပွားရေးသမားတစ်ဦးနဲ့လည်း လက်ထပ်ခဲ့သည်။ ဒါပေမယ့် ဒီလက်ထပ်ပွဲက စီးပွားရေးအရ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဒါ့အပြင် ငါ့ခင်ပွန်းက gayတစ်ယောက် ဖြစ်နေခဲ့သည်။ သူက သူ့လိင်စိတ်သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ငါ့ကို လက်ထပ်ခဲ့တာဖြစ်သည်။

ထိုအကြောင်းကိုသိပေမယ့် ငါက သူ့ကို လက်ထပ်ပေးခဲ့သည်။ ငါက ကလေးတစ်ယောက်ကို အရူးအမူး လိုချင်နေခဲ့သည်။ သို့ပေမယ့် ငါ့ခင်ပွန်းက gayတစ်ယောက်ဖြစ်တာကြောင့် ငါတို့က ဘယ်တော့မှ အတူမအိပ်ခဲ့ကြချေ။ ငါတို့က ဖန်ပြွန်သန္ဓေသားယူခြင်းနည်းဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဒါက အလုပ်ဖြစ်ပြီး ငါ ကိုယ်ဝန်ဆောင်လိုက်နိုင်သည်။ ငါ နောက်ဆုံးတော့ မိခင်တစ်ဦးဖြစ်ခွင့် ရလိုက်ပြန်သည်။

သို့သော် ငါ ကိုယ်ဝန်သုံးလပဲရှိသေးသည့်အချိန်မှာ လေယာဥ်ပျက်ကြလို့ ငါ သေဆုံးခဲ့ပြန်သည်။

ငါ နိုးထလာတဲ့အချိန်မှာ ငါ ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲဖြစ်သည့် ငါ့ရဲ့ပထမဘဝကို ပြန်ရောက်နေခဲ့သည်။

[ပထမဘဝ]

ငါ Matilda Sandrine Yapမဖြစ်ခင် မြို့စား Maverick Prescottရဲ့ တစ်ဦးတည်းသောသမီး Matilda Prescott ဖြစ်ခဲ့ပေသည်။ ငါတို့က Moonchesterအင်ပါယာရဲ့ မျိုးရိုးမြင့်အိမ်တော်တွေထဲက တစ်ခုပင်ဖြစ်သည်။

Lady Prescottအနေဖြင့် ငါက ဘဝင်ကိုင်ပြီးတော့ ရည်မှန်းချက်ကြီးမားလွန်းသည်။ ငါ့ပထမဘဝမှာ ငါက တိုင်းပြည်မိခင်ဖြစ်ချင်ခဲ့သည်။ သို့သော် ဒါက အစကတည်းကပင် မဖြစ်နိုင်လွန်းသောကိစ္စဖြစ်ပေသည်။

Moonchesterအင်ပါယာမိသားစုဟာ ရှေးရိုးစွဲသော ဓလေ့ထုံးစံ ရှိပေသည်။ တော်ဝင်မိသားစုများသည် သူတို့အချင်းချင်းသာ အိမ်ထောင်ပြုတတ်ကြခြင်းပင်။ ဆိုလိုသည်မှာ ယခုလက်ရှိအင်ပါယာဘုရင်မင်းမြတ် Aku Moonchesterသည် သူ့ရဲ့အမွှာညီမ တော်ဝင်မင်းသမီး Nia Moonchesterကိုသာ လက်ထပ်မည်ဟု ကတိပြုစေ့စပ်ထားခဲ့သည်။ သူတို့ရဲ့ယုံကြည်မှုအရ တော်ဝင်မိသားစုအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းသည် သူတို့ရဲ့မျိုးဆက်သွေးကို သန့်စင်စေသည်ဟု ယူဆထားကြသည်။

တိုင်းပြည်မိခင်ဖြစ်ချင်သည့် ငါ့ရည်မှန်းချက်အိမ်မက်ကို လက်လျော့အရှုံးပေးတော့မည့်ဆဲဆဲတွင် ငါ့ဖခင်က Kihoဆိုသည့် အမျိုးသားကို ငါ့သတို့သားလောင်းအဖြစ် ရွေးချယ်ခဲ့သည်။ သူက မျိုးရိုးမြင့်လူတစ်ဦးမဟုတ်တဲ့အပြင် သူ့မှာ မျိုးရိုးနာမည်ပင် မရှိချေ။ အဆိုးဆုံးကတော့ သူက အင်ပါယာမှာ လူတိုင်းအားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြသည့် မြွေနက်သူရဲကောင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည်။

Kihoဟာ အင်ပါယာဘုရင်မင်းမြတ်ရဲ့  အရိပ်သားရဲဟု ခေါ်ဆိုနိုင်သည်။ မြွေနက်သူရဲကောင်းအဖွဲ့အကြောင်းပြောကြသည့် ကောလဟာလများအရ သူတို့ကို အကြင်နာတရားကင်းမဲ့သောခေါင်းဆောင်က ဦးဆောင်နေခဲ့ပြီး အင်ပါယာဘုရင်မင်းမြတ်ရဲ့လက်ကို သွေးစွန်းစေမည့်ကိစ္စရပ်များကို အင်ပါယာအစား ဖြေရှင်းပေးကြသည်။ ရေတွက်မနိုင်သောသတ်ဖြတ်ခြင်းများ အပါအဝင်ပေါ့။

Kihoမှာ နာမည်ဆိုးကျော်ကြားခြင်းတွေ ရှိနေခဲ့သော်လည်း ငါက ဖခင်ဖြစ်သူ၏ဆန္ဒအတိုင်း ခေါင်းဆောင်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

အင်ပါယာဘုရင်မင်းမြတ်၏အရေးပေးမှုကို ရရှိချင်သောကြောင့် ဖြစ်သည်။ အင်ပါယာဘုရင်မင်းမြတ်၏ အယုံကြည်ရဆုံး ပုပ်ရဟန်းမင်းကြီးက Kihoရဲ့ကလေးဟာ အင်ပါယာအတွက် ထူးခြားသော ဖြစ်တည်မှုတစ်ရပ်ဖြစ်လာမည်ဟု ဆိုခဲ့သည်။ သို့သော် ပြဿနာက မြွေနက်၏ကလေးဟာ သာမာန်အမျိုးသမီးတစ်ဦး၏ဝမ်းကြာတိုက်မှာ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနိုင်ပေသည်။ ကံအားလျော်စွာဖြင့် ဆံပင်အနက်ရောင်ရှိသောအမျိုးသမီးတစ်ဦးကသာလျှင် Kiho၏သားကို မွေးဖွားပေးနိုင်လိမ့်မည်ဟု ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့သည်။

အင်ပါယာမှာရှိသော မျိုးရိုးမြင့်အမျိုးသမီးများကြားတွင် ငါတစ်ဦးတည်းကသာ ဆံပင်အနက်ရောင်ကို ပိုင်ဆိုင်ထားခဲ့သည်။ ဒါ့ကြောင့်လည်း ငါ့ဖခင်က တော်ဝင်မိသားစု၏မျက်နှာသာပေးမှုကို ရရှိရန် ခေါင်းဆောင်နှင့်လက်ထပ်ထိမ်းမြားဖို့ စီစဥ်ခဲ့ခြင်း ဖြစ်သည်။

အင်ပါယာဘုရင်မင်းမြတ်၏မျက်နှာသာပေးမှုရရှိလိုသည့် ရည်ရွယ်ချက်ဖြင့် ငါ Kihoနဲ့ လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်သည်။

ခေါင်းဆောင် Kihoနှင့် အချစ်မပါတဲ့ လက်ထပ်ထိမ်းမြားခြင်းအပြီး တစ်နှစ်အကြာမှာ ငါ Winterလို့အမည်မှည့်ခေါ်ခဲ့သည့် ငါတို့သားလေးကို မွေးဖွားခဲ့သည်။ သို့သော် Kihoက အမြဲတမ်းလိုလို အိမ်မပြန်လာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာဘုရင်မင်းမြတ်ကို ကာကွယ်ရန် မပြီးဆုံးနိုင်သောတိုက်ပွဲများကို အမြဲတမ်း ဆင်နွှဲနေခဲ့ရသည်။

ဒါ့ကြောင့် ငါက Winterလေးကို ငါ့တစ်ဦးတည်းသာ ပြုစုပျိုးထောင်လာခဲ့ရသည်။ အင်ပါယာဘုရင်မင်းမြတ်ရဲ့ ငါ့သားအပေါ် နှစ်ခြိုက်မှုရှိတာကို ငါ သတိပြုမိခဲ့သောကြောင့် အင်ပါယာအမွေဆက်ခံသူဖြစ်လာနိုင်မည့် ပြီးပြည့်စုံသည့်ကလေးတစ်ဦးအဖြစ် ငါ့သားကို ငါကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ငါ တိုင်းပြည်မိခင်မဖြစ်လာနိုင်ခဲ့ရင်တောင် အနာဂတ်အင်ပါယာဘုရင်မင်းမြတ်၏မယ်တော်ကြီးဖြစ်လာနိုင်သည်ကလည်း မဆိုးပေ။

ငါ့သားကို ရာဇပုလ္လင်ပေါ်တင်ရမည်ဟု ငါ့ရည်မှန်းချက်အသစ် ချမှတ်လိုက်သည်။

Winterလေးကို ထောက်ပံ့ရန်အတွက် ငါ့ကို အယုံကြည်ဆုံးဖြစ်သည့် အင်ပါယာဘုရင်မင်းမြတ်၏အမွှာညီမဖြစ်သူ မင်းသမီး Niaကို သစ္စာဖောက်ကာ သူမ၏လျှို့ဝှက်ချက်ကို လူအများသိအောင် ဖွင့်ချခဲ့သည်။ သိက္ခာကျဖွယ်ဖြစ်ရပ်များအပြီးတွင် တော်ဝင်မင်းသမီးကို နန်းချခဲ့ကြသည်။ ဘုရင်မင်းမြတ်သည် မင်းသမီး Nia၏အသက်ကို ချမ်းသာပေးရန် အထက်တန်းလွှာမျိုးရိုးမြင့်များကို ခခယယ‌တောင်းပန်ခဲ့ရသည်။

ထိုအချိန်မှာ ငါက တော်ဝင်မျိုးနွယ်စုများအကြားမှာ ပြောစမှတ်ပြုစရာ ဖြစ်လာခဲ့သည်။ မင်းသမီးနန်းကျသွားပြီးတဲ့နောက်မှာ ငါက ဘုရင်မင်းမြတ်ကို ဆက်ခံသူရွေးချယ်ရန် ပြောဆိုခဲ့သည်။ သေချာတာပေါ့။ အထက်တန်းလွှာကလေးများအကြားမှာ ငါ့သားလေး Winter‌လောက် ဆက်ခံသူဖြစ်ရန် ထက်မြက်လွန်းသူ မရှိပေ။

ဒီလိုနဲ့ပဲ ငါ့သားလေးဟာ အင်ပါယာအမွေဆက်ခံသူ ဖြစ်လာခဲ့သည်။

ငါဟာ အပျော်လွန်နေခဲ့သောကြောင့် ငါကိုယ်တိုင် မကောင်းဆိုးဝါးတစ်ကောင် ဖန်တီးမိခဲ့ကြောင်းကို သတိမပြုခဲ့ပေ။

Winterလေးဟာ သားလိမ္မာလေးတစ်ဦးဖြစ်ပေမယ့် သူ့ကို ငါ ရက်စက်စွာလေ့ကျင့်သင်ကြားပေးခဲ့အတွက်  သူ့မိခင်ကို တိတ်တဆိတ် အလွန်မုန်းတီးနေခဲ့သည်။ ရလဒ်အနေဖြင့် အတွင်းစိတ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့ပြီး စိတ်ဖိစီးမှုများလာကာ စိတ်နှခွဖြစ်လာခဲ့သည်။ ငါ့‌ရှေ့မှာတော့ သူက ဝတ္တရားသိတတ်သောသားလိမ္မာလေးပင်။ ဒါပေမယ့် အခြားသူများရှေ့တွင် သူက ရက်စက်လွန်းသည့်ရာဇဝတ်သားအသွင် ပြောင်းလဲသွားခဲ့သည်။ ဝမ်းနည်းစရာကောင်းတာက ဒီလိုအားလုံးတွေ့ကြုံနေခဲ့ရသည့်သူက အသက်၁၂နှစ်အရွယ်သာ ရှိသေးပေသည်။

သို့သော် နောက်ဆုံးတော့ Winterလေးကို အခြားအမျိုးသမီးတစ်ဦးက ကယ်တင်ခဲ့ပေသည်။

Lucina Morgannaဟာ မျိုးရိုးနိမ့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လှပတဲ့မျက်နှာလေးအပြင် အနက်ရောင်ဆံပင်အရှည်လည်း ရှိသည်။ ထိုအမျိုးသမီး တော်ဝင်မြို့တော်မှာ ပထမဆုံးအကြိမ် စပေါ်လာခဲ့သည့်အချိန်ကစ၍ သူမကို အရေးပေးခဲ့ကြသည်။ အင်ပါယာမှာ ဆံပင်အနက်ရောင်ရှိသောအမျိုးသမီးများဟာ ရှားပါးလွန်းပြီး တစ်ယောက်ထက်ပိုမရှိပေ။ ငါ့ကို မုန်းတီးနေကြတဲ့ အခြားအထက်တန်းစားမျိုးနွယ်မြင့်တွေက Lucina Morgannaကသာ အနာဂတ်ဟောကိန်းထဲက စစ်မှန်တဲ့အမျိုးသမီးဟု ပြောဆိုလာကြသည်။

သူတို့ပြောဆိုကြတာကလည်း မမှားပေ။

Kihoက Lucinaကို မြင်မြင်ချင်းမှာပဲ သူမကို ချစ်မိသွားခဲ့သည်။ သူတို့နှစ်ဦး ချစ်သူတွေဖြစ်သွားကြချိန်တွင် သူက ငါ့ကို ကွာရှင်းခွင့်တောင်းခဲ့သည်။ ငါ့မှာ အင်ပါယာရဲ့အမွေဆက်ခံသူ Winterလေးရှိနေခဲ့ပြီး ဖြစ်သောကြောင့် သူ့ကို မလိုအပ်တော့ဘူးလို့ ငါတွေးမိခဲ့သည်။ ဒါကြောင့် ငါ ငါ့ခင်ပွန်းကို သူလိုချင်တဲ့လွတ်လပ်ခွင့်ကို ပေးလိုက်သည်။ ဘာကြောင့်ဆိုတော့ ငါတစ်ယောက်တည်းကသာ Winterလေးရဲ့ အုပ်ထိန်းခွင့်ကို ရရှိမည်ဖြစ်သောကြောင့် ငါ သူ့ကို ကွာရှင်းပေးခဲ့သည်။

ငါတို့သားလေးက ငါ့ကို သူ့ရဲ့တစ်ဦးတည်းသောမိခင်သာဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့သော် သူက အနာဂတ်အင်ပါယာဘုရင်လောင်းအဖြစ် အကောင်းဆုံးသော လေ့ကျင့်ပျိုးထောင်မှုတွေ လိုအပ်နေသောကြောင့် ငါ Winterလေးကို သူ့ဖခင်၏ဇနီးအသစ်ဖြစ်သူပါနေထိုင်နေသော သူ့ဖခင်၏အိမ်တော်မှာ နေထိုင်စေခဲ့သည်။

ဒါက ငါ့ပထမဆုံးဘဝအတွက် အကြီးမားဆုံးသော အမှားတစ်ခု ဖြစ်လာခဲ့သည်။

Lucina Morgannaက သိပ်မကြာခင်မှာပဲ Winterလေးကို သိမ်းသွင်းနိုင်ခဲ့သည်။ သူမက ငါ့သားနဲ့အဆင်ပြေလာခဲ့ပြီး သူမကသာလျှင် စိတ်ထားကောင်းသောမိထွေးတစ်ဦးအဖြစ် ယုံကြည်လာစေခဲ့ကာ သူ့အား ငါ့က ဆိုးသွမ်းသောမိခင်အဖြစ် နားလည်သဘော‌ပေါက်စေခဲ့သည်။ နောက်ဆုံးမှာတော့ ငါ့တစ်ဦးတည်းသောသားလေးဟာ ငါ့စကားကို မနာခံတော့ချေ။ Winterလေးက ငါ့ကို စွန့်လွှတ်လိုက်ချိန်မှာတော့ လူမှုအသိုင်းအဝိုင်းအပေါ် ငါ့အာဏာနဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုတွေကို ဆုံးရှုံးခဲ့ရသည်။ ငါက အထက်တန်းလွှာများအတွက် လူရယ်စရာြဖစ်လာခဲ့သည်။

ငါက ငါ့ရဲ့ကံဆိုးမှုတွေက Lucina Morgannaကြောင့်ဟု အပြစ်ဖို့ကာ သူမကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ငါက Kihoကို ငါ့ကို ပြန်လည်လက်ခံပေးဖို့ အနူးအညွတ်တောင်းပန်ခဲ့သည်။ သို့သော် အဆုံးမှာတော့ Kihoနှင့် Winterလေးတို့က ငါ့ပြစ်မှုတွေကို ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။

အင်ပါယာအရှင်သခင်ကလည်း ငါ မင်းသမီးNiaကို သစ္စာဖောက်ခဲ့တာကို သိရှိသွားခဲ့သောကြောင့် ငါ့ကို အများပြည်သူရှေ့မှောက်တွင် ကွပ်မျက်ရန် စီရင်ချက်ချလိုက်သည်။ ငါ့ရဲ့ဦးခေါင်း မြေပြင်ပေါ်သို့ လိမ့်မသွားခင် ငါ့ရဲ့နောက်ဆုံးအချိန်လေးမှာ ငါ့မိသားစုကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။

Kihoနှင့်Winterလေးတို့နှစ်ယောက်စလုံးတွင် ဝမ်းနည်းတဲ့အမူအရာကို မတွေ့ရချေ။ သူတို့မှာ စိတ်သက်သာရာရသွားသည့် အသွင်မျိုးကိုသာ မြင်လိုက်ရသည်။ Lucina Morgannaက ငါ့ခင်ပွန်းဟောင်းနှင့် ငါ့သားလေးတို့ကို ငါ မလုပ်ပေးခဲ့သောတာဝန်ဝတ္တရားတို့ဖြင့် ကောင်းကောင်းဂရုစိုက်ထားပုံပဲ။

ငါ့ပထမဘဝကို မဆုံးရှုံးခင် အလွန်အရေးကြီးသောအခိုက်အတန့်လေးမှာ ငါ နောင်တကြီးစွာ ရရှိခဲ့သည်။

ငါသာ Kihoအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့ရင်၊ Winterလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ငါ ပျော်ရွှင်စရာကောင်းသောဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့မည်လား။ ငါတို့က ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေး ဖြစ်လာနိုင်မလား။ ဖြစ်လာနိုင်မလား။ မဖြစ်လာနိုင်ဘူးလား။

ငါ့ရဲ့ ဒုတိယဘဝဖြစ်တဲ့ Matilda Sandrine Yapအဖြစ် ရှင်သန်နေဆဲမှာပင် ငါ့ရဲ့ပထမဘဝဖြစ်တဲ့ Lady Matilda Prescott၏မှတ်ဥာဏ်တွေက ငါ့နှင့်အတူ ကျန်ရှိနေဆဲပင်။ ငါက ဝမ်းနည်းအထီးကျန်သောဘဝမျိုးကို မလိုချင်သောကြောင့် ငါ့ကိုယ်ပိုင်မိသားစုလေးကို ဖန်တီးတည်ဆောက်မည်ဟု ငါ့ကိုယ်ငါ ကတိပေးခဲ့သည်။

သို့သော် ငါ့ဒုတိယဘဝတွင် ငါ လူကောင်းတစ်ဦးနှင့် မတွေ့ဆုံခဲ့ပေ။ Lady Prescottဘဝက ငါပြုလုပ်ခဲ့သော အပြစ်ကြွေးတို့ကြောင့်သာ ဖြစ်ရမည်ဟု မှတ်ယူလိုက်သည်။ သို့သော် ငါ ကလေးတစ်ယောက်ရရှိဖို့ရန်အတွက်မူ လက်မလျော့ခဲ့ပေ။ ဒါကြောင့်လည်း ငါ့ခင်ပွန်းက gayဖြစ်မှန်းသိတာတောင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ငါ့မှာ ကလေးတစ်ယောက်သာ ရရှိခဲ့မယ်ဆိုရင် နောက်ဆုံးမှာ ငါ့ကို ပျော်ရွှင်‌အောင်လုပ်နိုင်လိမ့်မည်။

ငါ့ရဲ့ပထမဘဝက အပြစ်ကြွေးတွေက ကြီးမားလွန်းသောကြောင့် ငါ့အတွက် အေးချမ်းသာယာသောဘဝလေးကို မရရှိတာဖြစ်သည်ဟု ငါယူဆမိသည်။

အကြောင်းပြချက်တချို့ကြောင့် Matilda Sandrine Yapဘဝမှာ သေဆုံးသွားခဲ့ပြီးတော့ ငါ့ရဲ့ယခင်ဘဝ Lady Matilda Prescottဘဝသို့ ပြန်ရောက်သွားခဲ့သည်။

[လက်ရှိဘဝ]

“ငါ ဘာကြောင့် Lady Prescottဘဝကို ပြန်ရောက်လာရတာလဲ။” ကြေးမုံပေါ်က ငါ့ပုံရိပ်ကို ကြည့်နေရင်း ငါ မချင့်မရဲ တီးတိုးရေရွတ်လိုက်မိသည်။

Prescottအိမ်တော်ရဲ့ ငါ့အခန်းဟောင်းလေးထဲမှာ ငါ နိုးလာခဲ့သည်။ ငါက င့ါအဖေနှင့်အတူနေထိုင်နေဆဲပင်ဖြစ်သည်။ ဒီအဓိပ္ပာယ်ကို ဆိုလိုရင် ငါက Kihoနဲ့လက်မထပ်ရသေးဘူးဆိုတာကို သိနိုင်ပေသည်။ အခုအချိန်မှာ ငါ သူနဲ့တွေ့ဆုံခဲ့ပြီးပြီလား မတွေ့ဆုံရသေးဘူးလား ဆိုတာကိုတော့ ငါ သေချာ မသိသေးဘူး။

အရိုးသားဆုံးပြောရမယ်ဆိုရင် ငါ အလွန်ထိတ်လန့်အံ့သြနေဆဲပင်။ ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးနည်းတစ်မျိုးလား။ ကောင်းပြီ။ ငါသိသောအရာမှာ တစ်ခုတည်းသာ ရှိတော့သည်။

“Winter ဒီတစ်ကြိမ်မှာ ငါ မင်းအတွက် မိခင်ကောင်းတစ်ယောက် ဖြစ်ပေးပါ့မယ်” ငါ့ဝမ်းဗိုက်ပေါ် လက်တင်ရင်း တိုးတိတ်စွာ ရေရွတ်ပြောဆိုလိုက်သည်။ “ဒါပေမယ့် ငါတို့မတွေ့ဆုံခင် ငါ မင်းအဖေရဲ့ဇနီးကောင်း ဖြစ်ပေးရလိမ့်မယ်”

ငါက Kihoကို Lucina Morgannaထံမှ ခိုးယူဖို့ ရည်ရွယ်ချက် မရှိပေ။ သို့သော် ငါက Winterလေးကို ပြန်တွေ့ရဖို့ဆိုရင် ပထမဆုံး ခေါင်းဆောင်ကို လက်ထပ်မှဖြစ်မယ်မလား။ ဒါမှမဟုတ် လက်မထပ်ပဲ ငါ သူနဲ့အိပ်ပြီး ကိုယ်ဝန်ရအောင်လုပ်ကာ ငါ့ကလေးကို ခေါ်ပြီး သူ့ထံမှ ထွက်ပြေးသွားသင့်လား။

ဒီတစ်ကြိမ်မှာ ငါ့ဘဝကို ဘယ်လိုပြောင်းလဲသင့်လဲ။

#Zawgyi

(ဒုတိယဘဝ)

ငါမွတ္မိသေလာက္ကေတာ့ ငါ့ရဲ႕ဒုတိယဘဝမွာ ကမ႓ာေပၚက ေခတ္သစ္အမ်ိဳးသမီး Matilda Sandrine Yapအျဖစ္ ျပန္လည္ေမြးဖြားလာခဲ့တယ္။

အာ႐ွရဲ႕အႀကီးမားဆုံးအဖြဲ႕အစည္းတစ္ခုရဲ႕ အမ်ိဳးသမီးအေမြဆက္ခံသူတစ္ေယာက္ျဖစ္ၿပီး စီးပြားေရးသမားတစ္ဦးနဲ႔လည္း လက္ထပ္ခဲ့သည္။ ဒါေပမယ့္ ဒီလက္ထပ္ပြဲက စီးပြားေရးအရ လက္ထပ္ခဲ့ျခင္း ျဖစ္သည္။ ဒါ့အျပင္ ငါ့ခင္ပြန္းက gayတစ္ေယာက္ ျဖစ္ေနခဲ့သည္။ သူက သူ႕လိင္စိတ္သ႐ုပ္မွန္ကို ဖုံးကြယ္ဖို႔အတြက္ ငါ့ကို လက္ထပ္ခဲ့တာျဖစ္သည္။

ထိုအေၾကာင္းကိုသိေပမယ့္ ငါက သူ႕ကို လက္ထပ္ေပးခဲ့သည္။ ငါက ကေလးတစ္ေယာက္ကို အ႐ူးအမူး လိုခ်င္ေနခဲ့သည္။ သို႔ေပမယ့္ ငါ့ခင္ပြန္းက gayတစ္ေယာက္ျဖစ္တာေၾကာင့္ ငါတို႔က ဘယ္ေတာ့မွ အတူမအိပ္ခဲ့ၾကေခ်။ ငါတို႔က ဖန္ႁပြန္သေႏၶသားယူျခင္းနည္းျဖင့္ ကိုယ္ဝန္ေဆာင္ရန္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ ဒါက အလုပ္ျဖစ္ၿပီး ငါ ကိုယ္ဝန္ေဆာင္လိုက္ႏိုင္သည္။ ငါ ေနာက္ဆုံးေတာ့ မိခင္တစ္ဦးျဖစ္ခြင့္ ရလိုက္ျပန္သည္။

သို႔ေသာ္ ငါ ကိုယ္ဝန္သုံးလပဲ႐ွိေသးသည့္အခ်ိန္မွာ ေလယာဥ္ပ်က္ၾကလို႔ ငါ ေသဆုံးခဲ့ျပန္သည္။

ငါ ႏိုးထလာတဲ့အခ်ိန္မွာ ငါ ႐ွင္း႐ွင္းလင္းလင္းမွတ္မိေနဆဲျဖစ္သည့္ ငါ့ရဲ႕ပထမဘဝကို ျပန္ေရာက္ေနခဲ့သည္။

[ပထမဘဝ]

ငါ Matilda Sandrine Yapမျဖစ္ခင္ ၿမိဳ႕စား Maverick Prescottရဲ႕ တစ္ဦးတည္းေသာသမီး Matilda Prescott ျဖစ္ခဲ့ေပသည္။ ငါတို႔က Moonchesterအင္ပါယာရဲ႕ မ်ိဳး႐ိုးျမင့္အိမ္ေတာ္ေတြထဲက တစ္ခုပင္ျဖစ္သည္။

Lady Prescottအေနျဖင့္ ငါက ဘဝင္ကိုင္ၿပီးေတာ့ ရည္မွန္းခ်က္ႀကီးမားလြန္းသည္။ ငါ့ပထမဘဝမွာ ငါက တိုင္းျပည္မိခင္ျဖစ္ခ်င္ခဲ့သည္။ သို႔ေသာ္ ဒါက အစကတည္းကပင္ မျဖစ္ႏိုင္လြန္းေသာကိစၥျဖစ္ေပသည္။

Moonchesterအင္ပါယာမိသားစုဟာ ေ႐ွး႐ိုးစြဲေသာ ဓေလ့ထုံးစံ ႐ွိေပသည္။ ေတာ္ဝင္မိသားစုမ်ားသည္ သူတို႔အခ်င္းခ်င္းသာ အိမ္ေထာင္ျပဳတတ္ၾကျခင္းပင္။ ဆိုလိုသည္မွာ ယခုလက္႐ွိအင္ပါယာဘုရင္မင္းျမတ္ Aku Moonchesterသည္ သူ႕ရဲ႕အမႊာညီမ ေတာ္ဝင္မင္းသမီး Nia Moonchesterကိုသာ လက္ထပ္မည္ဟု ကတိျပဳေစ့စပ္ထားခဲ့သည္။ သူတို႔ရဲ႕ယုံၾကည္မႈအရ ေတာ္ဝင္မိသားစုအခ်င္းခ်င္း လက္ထပ္ထိမ္းျမားျခင္းသည္ သူတို႔ရဲ႕မ်ိဳးဆက္ေသြးကို သန္႔စင္ေစသည္ဟု ယူဆထားၾကသည္။

တိုင္းျပည္မိခင္ျဖစ္ခ်င္သည့္ ငါ့ရည္မွန္းခ်က္အိမ္မက္ကို လက္ေလ်ာ့အ႐ႈံးေပးေတာ့မည့္ဆဲဆဲတြင္ ငါ့ဖခင္က Kihoဆိုသည့္ အမ်ိဳးသားကို ငါ့သတို႔သားေလာင္းအျဖစ္ ေ႐ြးခ်ယ္ခဲ့သည္။ သူက မ်ိဳး႐ိုးျမင့္လူတစ္ဦးမဟုတ္တဲ့အျပင္ သူ႕မွာ မ်ိဳး႐ိုးနာမည္ပင္ မ႐ွိေခ်။ အဆိုးဆုံးကေတာ့ သူက အင္ပါယာမွာ လူတိုင္းအားလုံး ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္႐ြံ႕ၾကသည့္ ေႁမြနက္သူရဲေကာင္းအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္ေနသည္။

Kihoဟာ အင္ပါယာဘုရင္မင္းျမတ္ရဲ႕  အရိပ္သားရဲဟု ေခၚဆိုႏိုင္သည္။ ေႁမြနက္သူရဲေကာင္းအဖြဲ႕အေၾကာင္းေျပာၾကသည့္ ေကာလဟာလမ်ားအရ သူတို႔ကို အၾကင္နာတရားကင္းမဲ့ေသာေခါင္းေဆာင္က ဦးေဆာင္ေနခဲ့ၿပီး အင္ပါယာဘုရင္မင္းျမတ္ရဲ႕လက္ကို ေသြးစြန္းေစမည့္ကိစၥရပ္မ်ားကို အင္ပါယာအစား ေျဖ႐ွင္းေပးၾကသည္။ ေရတြက္မႏိုင္ေသာသတ္ျဖတ္ျခင္းမ်ား အပါအဝင္ေပါ့။

Kihoမွာ နာမည္ဆိုးေက်ာ္ၾကားျခင္းေတြ ႐ွိေနခဲ့ေသာ္လည္း ငါက ဖခင္ျဖစ္သူ၏ဆႏၵအတိုင္း ေခါင္းေဆာင္ႏွင့္ လက္ထပ္ထိမ္းျမားခဲ့သည္။

အင္ပါယာဘုရင္မင္းျမတ္၏အေရးေပးမႈကို ရ႐ွိခ်င္ေသာေၾကာင့္ ျဖစ္သည္။ အင္ပါယာဘုရင္မင္းျမတ္၏ အယုံၾကည္ရဆုံး ပုပ္ရဟန္းမင္းႀကီးက Kihoရဲ႕ကေလးဟာ အင္ပါယာအတြက္ ထူးျခားေသာ ျဖစ္တည္မႈတစ္ရပ္ျဖစ္လာမည္ဟု ဆိုခဲ့သည္။ သို႔ေသာ္ ျပႆနာက ေႁမြနက္၏ကေလးဟာ သာမာန္အမ်ိဳးသမီးတစ္ဦး၏ဝမ္းၾကာတိုက္မွာ ကိုယ္ဝန္ေဆာင္ဖို႔ ခက္ခဲႏိုင္ေပသည္။ ကံအားေလ်ာ္စြာျဖင့္ ဆံပင္အနက္ေရာင္႐ွိေသာအမ်ိဳးသမီးတစ္ဦးကသာလွ်င္ Kiho၏သားကို ေမြးဖြားေပးႏိုင္လိမ့္မည္ဟု ပုပ္ရဟန္းမင္းႀကီးက ဆိုခဲ့သည္။

အင္ပါယာမွာ႐ွိေသာ မ်ိဳး႐ိုးျမင့္အမ်ိဳးသမီးမ်ားၾကားတြင္ ငါတစ္ဦးတည္းကသာ ဆံပင္အနက္ေရာင္ကို ပိုင္ဆိုင္ထားခဲ့သည္။ ဒါ့ေၾကာင့္လည္း ငါ့ဖခင္က ေတာ္ဝင္မိသားစု၏မ်က္ႏွာသာေပးမႈကို ရ႐ွိရန္ ေခါင္းေဆာင္ႏွင့္လက္ထပ္ထိမ္းျမားဖို႔ စီစဥ္ခဲ့ျခင္း ျဖစ္သည္။

အင္ပါယာဘုရင္မင္းျမတ္၏မ်က္ႏွာသာေပးမႈရ႐ွိလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ငါ Kihoနဲ႔ လက္ထပ္ထိမ္းျမားခဲ့တာ ျဖစ္သည္။

ေခါင္းေဆာင္ Kihoႏွင့္ အခ်စ္မပါတဲ့ လက္ထပ္ထိမ္းျမားျခင္းအၿပီး တစ္ႏွစ္အၾကာမွာ ငါ Winterလို႔အမည္မွည့္ေခၚခဲ့သည့္ ငါတို႔သားေလးကို ေမြးဖြားခဲ့သည္။ သို႔ေသာ္ Kihoက အၿမဲတမ္းလိုလို အိမ္မျပန္လာခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ အင္ပါယာဘုရင္မင္းျမတ္ကို ကာကြယ္ရန္ မၿပီးဆုံးႏိုင္ေသာတိုက္ပြဲမ်ားကို အၿမဲတမ္း ဆင္ႏႊဲေနခဲ့ရသည္။

ဒါ့ေၾကာင့္ ငါက Winterေလးကို ငါ့တစ္ဦးတည္းသာ ျပဳစုပ်ိဳးေထာင္လာခဲ့ရသည္။ အင္ပါယာဘုရင္မင္းျမတ္ရဲ႕ ငါ့သားအေပၚ ႏွစ္ၿခိဳက္မႈ႐ွိတာကို ငါ သတိျပဳမိခဲ့ေသာေၾကာင့္ အင္ပါယာအေမြဆက္ခံသူျဖစ္လာႏိုင္မည့္ ၿပီးျပည့္စုံသည့္ကေလးတစ္ဦးအျဖစ္ ငါ့သားကို ငါကိုယ္တိုင္ ေလ့က်င့္သင္ၾကားေပးခဲ့သည္။ ငါ တိုင္းျပည္မိခင္မျဖစ္လာႏိုင္ခဲ့ရင္ေတာင္ အနာဂတ္အင္ပါယာဘုရင္မင္းျမတ္၏မယ္ေတာ္ႀကီးျဖစ္လာႏိုင္သည္ကလည္း မဆိုးေပ။

ငါ့သားကို ရာဇပုလႅင္ေပၚတင္ရမည္ဟု ငါ့ရည္မွန္းခ်က္အသစ္ ခ်မွတ္လိုက္သည္။

Winterေလးကို ေထာက္ပံ့ရန္အတြက္ ငါ့ကို အယုံၾကည္ဆုံးျဖစ္သည့္ အင္ပါယာဘုရင္မင္းျမတ္၏အမႊာညီမျဖစ္သူ မင္းသမီး Niaကို သစၥာေဖာက္ကာ သူမ၏လွ်ိဳ႕ဝွက္ခ်က္ကို လူအမ်ားသိေအာင္ ဖြင့္ခ်ခဲ့သည္။ သိကၡာက်ဖြယ္ျဖစ္ရပ္မ်ားအၿပီးတြင္ ေတာ္ဝင္မင္းသမီးကို နန္းခ်ခဲ့ၾကသည္။ ဘုရင္မင္းျမတ္သည္ မင္းသမီး Nia၏အသက္ကို ခ်မ္းသာေပးရန္ အထက္တန္းလႊာမ်ိဳး႐ိုးျမင့္မ်ားကို ခခယယ‌ေတာင္းပန္ခဲ့ရသည္။

ထိုအခ်ိန္မွာ ငါက ေတာ္ဝင္မ်ိဳးႏြယ္စုမ်ားအၾကားမွာ ေျပာစမွတ္ျပဳစရာ ျဖစ္လာခဲ့သည္။ မင္းသမီးနန္းက်သြားၿပီးတဲ့ေနာက္မွာ ငါက ဘုရင္မင္းျမတ္ကို ဆက္ခံသူေ႐ြးခ်ယ္ရန္ ေျပာဆိုခဲ့သည္။ ေသခ်ာတာေပါ့။ အထက္တန္းလႊာကေလးမ်ားအၾကားမွာ ငါ့သားေလး Winter‌ေလာက္ ဆက္ခံသူျဖစ္ရန္ ထက္ျမက္လြန္းသူ မ႐ွိေပ။

ဒီလိုနဲ႔ပဲ ငါ့သားေလးဟာ အင္ပါယာအေမြဆက္ခံသူ ျဖစ္လာခဲ့သည္။

ငါဟာ အေပ်ာ္လြန္ေနခဲ့ေသာေၾကာင့္ ငါကိုယ္တိုင္ မေကာင္းဆိုးဝါးတစ္ေကာင္ ဖန္တီးမိခဲ့ေၾကာင္းကို သတိမျပဳခဲ့ေပ။

Winterေလးဟာ သားလိမၼာေလးတစ္ဦးျဖစ္ေပမယ့္ သူ႕ကို ငါ ရက္စက္စြာေလ့က်င့္သင္ၾကားေပးခဲ့အတြက္  သူ႕မိခင္ကို တိတ္တဆိတ္ အလြန္မုန္းတီးေနခဲ့သည္။ ရလဒ္အေနျဖင့္ အတြင္းစိတ္ ႐ႈပ္ေထြးမႈမ်ား ျဖစ္ေပၚလာခဲ့ၿပီး စိတ္ဖိစီးမႈမ်ားလာကာ စိတ္ႏွခြျဖစ္လာခဲ့သည္။ ငါ့‌ေ႐ွ႕မွာေတာ့ သူက ဝတၱရားသိတတ္ေသာသားလိမၼာေလးပင္။ ဒါေပမယ့္ အျခားသူမ်ားေ႐ွ႕တြင္ သူက ရက္စက္လြန္းသည့္ရာဇဝတ္သားအသြင္ ေျပာင္းလဲသြားခဲ့သည္။ ဝမ္းနည္းစရာေကာင္းတာက ဒီလိုအားလုံးေတြ႕ၾကဳံေနခဲ့ရသည့္သူက အသက္၁၂ႏွစ္အ႐ြယ္သာ ႐ွိေသးေပသည္။

သို႔ေသာ္ ေနာက္ဆုံးေတာ့ Winterေလးကို အျခားအမ်ိဳးသမီးတစ္ဦးက ကယ္တင္ခဲ့ေပသည္။

Lucina Morgannaဟာ မ်ိဳး႐ိုးနိမ့္အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး လွပတဲ့မ်က္ႏွာေလးအျပင္ အနက္ေရာင္ဆံပင္အ႐ွည္လည္း ႐ွိသည္။ ထိုအမ်ိဳးသမီး ေတာ္ဝင္ၿမိဳ႕ေတာ္မွာ ပထမဆုံးအႀကိမ္ စေပၚလာခဲ့သည့္အခ်ိန္ကစ၍ သူမကို အေရးေပးခဲ့ၾကသည္။ အင္ပါယာမွာ ဆံပင္အနက္ေရာင္႐ွိေသာအမ်ိဳးသမီးမ်ားဟာ ႐ွားပါးလြန္းၿပီး တစ္ေယာက္ထက္ပိုမ႐ွိေပ။ ငါ့ကို မုန္းတီးေနၾကတဲ့ အျခားအထက္တန္းစားမ်ိဳးႏြယ္ျမင့္ေတြက Lucina Morgannaကသာ အနာဂတ္ေဟာကိန္းထဲက စစ္မွန္တဲ့အမ်ိဳးသမီးဟု ေျပာဆိုလာၾကသည္။

သူတို႔ေျပာဆိုၾကတာကလည္း မမွားေပ။

Kihoက Lucinaကို ျမင္ျမင္ခ်င္းမွာပဲ သူမကို ခ်စ္မိသြားခဲ့သည္။ သူတို႔ႏွစ္ဦး ခ်စ္သူေတြျဖစ္သြားၾကခ်ိန္တြင္ သူက ငါ့ကို ကြာ႐ွင္းခြင့္ေတာင္းခဲ့သည္။ ငါ့မွာ အင္ပါယာရဲ႕အေမြဆက္ခံသူ Winterေလး႐ွိေနခဲ့ၿပီး ျဖစ္ေသာေၾကာင့္ သူ႕ကို မလိုအပ္ေတာ့ဘူးလို႔ ငါေတြးမိခဲ့သည္။ ဒါေၾကာင့္ ငါ ငါ့ခင္ပြန္းကို သူလိုခ်င္တဲ့လြတ္လပ္ခြင့္ကို ေပးလိုက္သည္။ ဘာေၾကာင့္ဆိုေတာ့ ငါတစ္ေယာက္တည္းကသာ Winterေလးရဲ႕ အုပ္ထိန္းခြင့္ကို ရ႐ွိမည္ျဖစ္ေသာေၾကာင့္ ငါ သူ႕ကို ကြာ႐ွင္းေပးခဲ့သည္။

ငါတို႔သားေလးက ငါ့ကို သူ႕ရဲ႕တစ္ဦးတည္းေသာမိခင္သာျဖစ္ေၾကာင္း ကတိေပးခဲ့သည္။ သို႔ေသာ္ သူက အနာဂတ္အင္ပါယာဘုရင္ေလာင္းအျဖစ္ အေကာင္းဆုံးေသာ ေလ့က်င့္ပ်ိဳးေထာင္မႈေတြ လိုအပ္ေနေသာေၾကာင့္ ငါ Winterေလးကို သူ႕ဖခင္၏ဇနီးအသစ္ျဖစ္သူပါေနထိုင္ေနေသာ သူ႕ဖခင္၏အိမ္ေတာ္မွာ ေနထိုင္ေစခဲ့သည္။

ဒါက ငါ့ပထမဆုံးဘဝအတြက္ အႀကီးမားဆုံးေသာ အမွားတစ္ခု ျဖစ္လာခဲ့သည္။

Lucina Morgannaက သိပ္မၾကာခင္မွာပဲ Winterေလးကို သိမ္းသြင္းႏိုင္ခဲ့သည္။ သူမက ငါ့သားနဲ႔အဆင္ေျပလာခဲ့ၿပီး သူမကသာလွ်င္ စိတ္ထားေကာင္းေသာမိေထြးတစ္ဦးအျဖစ္ ယုံၾကည္လာေစခဲ့ကာ သူ႕အား ငါ့က ဆိုးသြမ္းေသာမိခင္အျဖစ္ နားလည္သေဘာ‌ေပါက္ေစခဲ့သည္။ ေနာက္ဆုံးမွာေတာ့ ငါ့တစ္ဦးတည္းေသာသားေလးဟာ ငါ့စကားကို မနာခံေတာ့ေခ်။ Winterေလးက ငါ့ကို စြန္႔လႊတ္လိုက္ခ်ိန္မွာေတာ့ လူမႈအသိုင္းအဝိုင္းအေပၚ ငါ့အာဏာနဲ႔ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္မႈေတြကို ဆုံး႐ႈံးခဲ့ရသည္။ ငါက အထက္တန္းလႊာမ်ားအတြက္ လူရယ္စရာျဖစ္လာခဲ့သည္။

ငါက ငါ့ရဲ႕ကံဆိုးမႈေတြက Lucina Morgannaေၾကာင့္ဟု အျပစ္ဖို႔ကာ သူမကို သတ္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့သည္။ ငါက Kihoကို ငါ့ကို ျပန္လည္လက္ခံေပးဖို႔ အႏူးအၫြတ္ေတာင္းပန္ခဲ့သည္။ သို႔ေသာ္ အဆုံးမွာေတာ့ Kihoႏွင့္ Winterေလးတို႔က ငါ့ျပစ္မႈေတြကို ႐ွာေဖြေတြ႕႐ွိသြားခဲ့ၾကသည္။

အင္ပါယာအ႐ွင္သခင္ကလည္း ငါ မင္းသမီးNiaကို သစၥာေဖာက္ခဲ့တာကို သိ႐ွိသြားခဲ့ေသာေၾကာင့္ ငါ့ကို အမ်ားျပည္သူေ႐ွ႕ေမွာက္တြင္ ကြပ္မ်က္ရန္ စီရင္ခ်က္ခ်လိုက္သည္။ ငါ့ရဲ႕ဦးေခါင္း ေျမျပင္ေပၚသို႔ လိမ့္မသြားခင္ ငါ့ရဲ႕ေနာက္ဆုံးအခ်ိန္ေလးမွာ ငါ့မိသားစုကို ေနာက္ဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ရသည္။

Kihoႏွင့္Winterေလးတို႔ႏွစ္ေယာက္စလုံးတြင္ ဝမ္းနည္းတဲ့အမူအရာကို မေတြ႕ရေခ်။ သူတို႔မွာ စိတ္သက္သာရာရသြားသည့္ အသြင္မ်ိဳးကိုသာ ျမင္လိုက္ရသည္။ Lucina Morgannaက ငါ့ခင္ပြန္းေဟာင္းႏွင့္ ငါ့သားေလးတို႔ကို ငါ မလုပ္ေပးခဲ့ေသာတာဝန္ဝတၱရားတို႔ျဖင့္ ေကာင္းေကာင္းဂ႐ုစိုက္ထားပုံပဲ။

ငါ့ပထမဘဝကို မဆုံး႐ႈံးခင္ အလြန္အေရးႀကီးေသာအခိုက္အတန္႔ေလးမွာ ငါ ေနာင္တႀကီးစြာ ရ႐ွိခဲ့သည္။

ငါသာ Kihoအတြက္ ဇနီးေကာင္းတစ္ေယာက္ျဖစ္ခဲ့ရင္၊ Winterေလးအတြက္ မိခင္ေကာင္းတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ငါ ေပ်ာ္႐ႊင္စရာေကာင္းေသာဘဝေလးကို ပိုင္ဆိုင္ႏိုင္ခဲ့မည္လား။ ငါတို႔က ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုေလး ျဖစ္လာႏိုင္မလား။ ျဖစ္လာႏိုင္မလား။ မျဖစ္လာႏိုင္ဘူးလား။

ငါ့ရဲ႕ ဒုတိယဘဝျဖစ္တဲ့ Matilda Sandrine Yapအျဖစ္ ႐ွင္သန္ေနဆဲမွာပင္ ငါ့ရဲ႕ပထမဘဝျဖစ္တဲ့ Lady Matilda Prescott၏မွတ္ဥာဏ္ေတြက ငါ့ႏွင့္အတူ က်န္႐ွိေနဆဲပင္။ ငါက ဝမ္းနည္းအထီးက်န္ေသာဘဝမ်ိဳးကို မလိုခ်င္ေသာေၾကာင့္ ငါ့ကိုယ္ပိုင္မိသားစုေလးကို ဖန္တီးတည္ေဆာက္မည္ဟု ငါ့ကိုယ္ငါ ကတိေပးခဲ့သည္။

သို႔ေသာ္ ငါ့ဒုတိယဘဝတြင္ ငါ လူေကာင္းတစ္ဦးႏွင့္ မေတြ႕ဆုံခဲ့ေပ။ Lady Prescottဘဝက ငါျပဳလုပ္ခဲ့ေသာ အျပစ္ေႂကြးတို႔ေၾကာင့္သာ ျဖစ္ရမည္ဟု မွတ္ယူလိုက္သည္။ သို႔ေသာ္ ငါ ကေလးတစ္ေယာက္ရ႐ွိဖို႔ရန္အတြက္မူ လက္မေလ်ာ့ခဲ့ေပ။ ဒါေၾကာင့္လည္း ငါ့ခင္ပြန္းက gayျဖစ္မွန္းသိတာေတာင္ လက္ထပ္ခဲ့ျခင္းျဖစ္သည္။ ငါ့မွာ ကေလးတစ္ေယာက္သာ ရ႐ွိခဲ့မယ္ဆိုရင္ ေနာက္ဆုံးမွာ ငါ့ကို ေပ်ာ္႐ႊင္‌ေအာင္လုပ္ႏိုင္လိမ့္မည္။

ငါ့ရဲ႕ပထမဘဝက အျပစ္ေႂကြးေတြက ႀကီးမားလြန္းေသာေၾကာင့္ ငါ့အတြက္ ေအးခ်မ္းသာယာေသာဘဝေလးကို မရ႐ွိတာျဖစ္သည္ဟု ငါယူဆမိသည္။

အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ Matilda Sandrine Yapဘဝမွာ ေသဆုံးသြားခဲ့ၿပီးေတာ့ ငါ့ရဲ႕ယခင္ဘဝ Lady Matilda Prescottဘဝသို႔ ျပန္ေရာက္သြားခဲ့သည္။

[လက္႐ွိဘဝ]

“ငါ ဘာေၾကာင့္ Lady Prescottဘဝကို ျပန္ေရာက္လာရတာလဲ။” ေၾကးမုံေပၚက ငါ့ပုံရိပ္ကို ၾကည့္ေနရင္း ငါ မခ်င့္မရဲ တီးတိုးေရ႐ြတ္လိုက္မိသည္။

Prescottအိမ္ေတာ္ရဲ႕ ငါ့အခန္းေဟာင္းေလးထဲမွာ ငါ ႏိုးလာခဲ့သည္။ ငါက င့ါအေဖႏွင့္အတူေနထိုင္ေနဆဲပင္ျဖစ္သည္။ ဒီအဓိပၸာယ္ကို ဆိုလိုရင္ ငါက Kihoနဲ႔လက္မထပ္ရေသးဘူးဆိုတာကို သိႏိုင္ေပသည္။ အခုအခ်ိန္မွာ ငါ သူနဲ႔ေတြ႕ဆုံခဲ့ၿပီးၿပီလား မေတြ႕ဆုံရေသးဘူးလား ဆိုတာကိုေတာ့ ငါ ေသခ်ာ မသိေသးဘူး။

အ႐ိုးသားဆုံးေျပာရမယ္ဆိုရင္ ငါ အလြန္ထိတ္လန္႔အံ့ၾသေနဆဲပင္။ ဒါက ေကာင္းကင္ဘုံရဲ႕ အျပစ္ေပးနည္းတစ္မ်ိဳးလား။ ေကာင္းၿပီ။ ငါသိေသာအရာမွာ တစ္ခုတည္းသာ ႐ွိေတာ့သည္။

“Winter ဒီတစ္ႀကိမ္မွာ ငါ မင္းအတြက္ မိခင္ေကာင္းတစ္ေယာက္ ျဖစ္ေပးပါ့မယ္” ငါ့ဝမ္းဗိုက္ေပၚ လက္တင္ရင္း တိုးတိတ္စြာ ေရ႐ြတ္ေျပာဆိုလိုက္သည္။ “ဒါေပမယ့္ ငါတို႔မေတြ႕ဆုံခင္ ငါ မင္းအေဖရဲ႕ဇနီးေကာင္း ျဖစ္ေပးရလိမ့္မယ္”

ငါက Kihoကို Lucina Morgannaထံမွ ခိုးယူဖို႔ ရည္႐ြယ္ခ်က္ မ႐ွိေပ။ သို႔ေသာ္ ငါက Winterေလးကို ျပန္ေတြ႕ရဖို႔ဆိုရင္ ပထမဆုံး ေခါင္းေဆာင္ကို လက္ထပ္မွျဖစ္မယ္မလား။ ဒါမွမဟုတ္ လက္မထပ္ပဲ ငါ သူနဲ႔အိပ္ၿပီး ကိုယ္ဝန္ရေအာင္လုပ္ကာ ငါ့ကေလးကို ေခၚၿပီး သူ႕ထံမွ ထြက္ေျပးသြားသင့္လား။

ဒီတစ္ႀကိမ္မွာ ငါ့ဘဝကို ဘယ္လိုေျပာင္းလဲသင့္လဲ။

Continue Reading

You'll Also Like

209K 2.3K 18
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
146K 4.3K 144
Part 1 of "The Hunter's Gonna Lay Low" Introduction: Hunter Cha Eui-jae, who was dispatched to seal a rift that appeared over the West Sea, was flung...
223K 10.6K 53
𝐀𝐧 𝐔𝐧𝐜𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐨𝐯𝐞 𝐒𝐭𝐨𝐫𝐲 "From this day forward, I will dedicate my life to avenging my sister's years of misery." ꕥꕥꕥ S...
10.1M 638K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...