Chapter-2.1

778 136 14
                                    

《Unicode》

အခန်း(၂.၁) : ပြန်လည်စတင်ပြီ။

တယ်လီ နောက်ဆုံးတော့ သူမတကယ်ဘဲ အချိန်နောက်ပြန်ရောက်လာခဲ့ပြီဆိုတာကို ခုဏက မနက်စာစားချိန်အတွင်း မြို့စား မာဗရစ် ပရက်စကော့ကို မြင်လိုက်တည်းက ယုံသွားပြီဖြစ်သည်။

မြို့စားကြီးက အသက်၄၀ကျော်နှောင်းပိုင်းသာရှိသေးပြီး သူက အသက်၂၀ကျော်အမျိုးသားတွေလောက် နီးနီးကို ကြံ့ခိုင်လေသည်။ ထို့အပြင် သူမဖခင်က သူ့အသက်အရွယ်နှင့်သူ ခန့်ညားသည်ဟု ဆိုနိုင်သည်။ မြို့စားကြီး၏ ငယ်ရွယ်သော အသွင်ပြင်နှင့် ကြွယ်ဝချမ်းသာမှုက အင်ပါယာတစ်ခုလုံးရှိ အဆင့်အတန်းမြင့်အမျိုးသမီးများကို ဆွဲဆောင်နိုင်လေသည်။ သို့သော်လည်း ခုထိတိုင်အောင် သူမဖခင်က နောက်ထပ်လက်ထပ်ရန် ငြင်းဆိုနေဆဲဖြစ်သည်။ သိသာစွာဘဲ သူက သူမ၏မိခင်ကို ချစ်နေတုန်းဖြစ်သည်။

['ဘာလို့ငါက မိသားစုထဲမှာ ဆံပင်အနက်ရောင်နဲ့ တစ်ဦးတည်းသောသူ ဖြစ်နေရတာလဲ? '] တယ်လီ ပြခန်းနံရံတွင်ချိတ်ထားသော မိသားစုပုံတူပန်းချီအကြီးကြီးကို ကြည့်ရင်း သူမကိုယ်သူမမေးခွန်းထုတ်လိုက်သည်။ ['ငါ့အဖေနဲ့ ငါ့အမေနှစ်ယောက်လုံးမှာ ပလက်တီနမ်ရွှေရောင်ဆံပင်တွေရှိကြတယ်']

ကျေးဇူးတင်ရမှာက သူမရုပ်ရည်က သူအမေနဲ့ မိတ္တူကူးထားသကဲ့သို့ တစ်ထပ်တည်းတူနေခြင်းဖြစ်သည်။ သူမ သူမအဖေ၏ခရမ်းရောင်မျက်ဝန်းများလည်း ပိုင်ဆိုင်ထားသည်။ မဟုတ်လို့ကတော့ သူမကိုယ်သူမ မွေးစားခံထားရတယ်လို့ ထင်မိလောက်သည်။

"အစစအရာရာ အဆင်ပြေရဲ့လား my lady?"

တယ်လီ သူမနဲ့အတူကြီးပြင်းလာတဲ့ အစေခံမလေး အစ္စဘဲလာ ဘက်သို့လှည့်လိုက်သည်။

['အစ္စဘဲလာမှာတောင်မှ အရောင်ဖျော့ဖျော့ ဆံပင်ရှိတယ်']

ငယ်ရွယ်သော အစေခံမလေးတွင် အညိုဖျော့ရောင်ဆံပင်၊ ဖြူဖျော့သော အသားရည်နှင့် သူမ၏ သေးငယ်သောမျက်နှာလေးပေါ်တွင် မှဲ့ခြောက်များရှိနေသည်။ သူတို့၂ယောက်လုံးက အသက်၁၉နှစ်ရှိပြီဖြစ်ပေမယ့် အစ္စဘဲလာက သူတို့အသက်ထက် ပိုငယ်ပုံပေါ်လေသည်။

You've reached the end of published parts.

⏰ Last updated: Jun 08, 2021 ⏰

Add this story to your Library to get notified about new parts!

ဆိုးသွမ်းသောမိခင် (မြန်မာဘာသာပြန်)Where stories live. Discover now