ရည္ရြယ္၍.........! (ရည်ရွယ်၍...

Tokebloom által

4.1K 320 24

Wang Ruo Lin × Li Dai Kun (9.6.2021 to 19.6.2021) Több

အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
ဇာတ္သိမ္းပိုင္း

အပိုင္း(၁)

968 34 4
Tokebloom által

ေပက်င္းၿမိဳ႔တြင္ က်င္းပသည့္ (...)ႀကိမ္ေျမာက္ ႐ုပ္ရွင္ပြဲေတာ္တြင္ ျဖစ္သည္။

ေရႊေရာင္ေနာက္ခံ တလက္လက္ေတာက္ပေနသည့္ စတိတ္စင္ေပၚတြင္ MCအျဖစ္ လွပသည့္ သြယ္လ်လ်မိန္းမပ်ိဳတစ္ဦးႏွင့္ ခန္႔ညားေသာအမ်ိဳးသားတစ္ဦးတို႔ ရပ္ေနၾကသည္။

ယေန႔အတြက္ ဖိတ္ၾကားခံထားရသည့္ နာမည္ေက်ာ္ အႏုပညာရွင္မ်ားအျပင္ ၎တို႔ႏွစ္ဦးကလည္း အေရးပါသည့္ က႑တြင္ ပါဝင္သည္။

စတိတ္စင္ေပၚတြင္ ရွိေနသည့္ MCႏွစ္ဦးမွာ စိတ္လႈပ္ရွားေနၾကသလို ထိုဆုကို ေမွ်ာ္လင့္ေနၾကသည့္ အႏုပညာရွင္မ်ားစြာကလည္း အသက္ရွဴရပ္ထားသည့္အလား ထိုစတိတ္စင္ေပၚသို႔သာ အၾကည့္ေတြကို ပို႔လႊတ္ထားၾကသည္။

" ကဲ Ai Liေရ ဒီဆုကေတာ့ ႏွစ္တိုင္း မ႐ိုးႏိုင္ေအာင္ စိတ္လွဳပ္ရွားရပါေသာ ဆုပါပဲေနာ္"

"ဟုတ္တာေပါ့ရွင္ ကၽြန္မတို႔ အေနနဲ႔ ဒီဆုကို ေၾကျငာခြင့္ရတာကိုက အရမ္းကိုဂုဏ္ယူဝမ္းေျမာက္မိပါတယ္ မဟုတ္လား Ge Xiao Wei ေရ"

"အမွန္ေပါ့ဗ်ာ၊ ကၽြန္ေတာ္တို႔ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ အႏုပညာရွင္ေတြထဲ ဒီဆုရတဲ့သူက လက္ခ်ိဳးေရလို႔ ရပါတယ္ဗ်၊ ႏွစ္တို္င္း ဆုေပးပြဲ က်င္းပေပမယ့္ ဒီဆုကိုေတာ့ (၄)ႏွစ္မွ တစ္ႀကိမ္ ထည့္သြင္းတာမို႔ ဆုရတဲ့သူကေတာ့ ဒီေန႔ရဲ႕ အဓိကဇာတ္ေဆာင္လို႔ေတာင္ ေျပာလို႔ရသဗ်ာ"

"ဟုတ္ပါတယ္ရွင္... ကၽြန္မတို႔ အခ်ိန္မဆြဲဘဲ ေၾကျငာလိုက္ရေအာင္ရွင္"

" ဒီႏွစ္ရဲ႕ (...)ႀကိမ္ေျမာက္ ဘက္စံုအထူးဆုႀကီးကို အမ်ိဳးသားသ႐ုပ္ေဆာင္.......... Wang Ruo Lin က ရရွိသြားပါတယ္ရွင္.... စီနီယာရွင္ စင္ျမင့္ထက္ကို ႂကြေရာက္ေပးဖို႔ ဖိတ္ေခၚပါတယ္ရွင္... ဂုဏ္ယူပါတယ္ရွင္"

လက္ခုပ္သံေတြ ကြင္းလံုးလွ်ံ ညံစီေနၿပီး Wang Ruo Linမွာ ကုတ္အက်ႌကိုျပဳျပင္လိုက္ၿပီး ထိုင္ရာမွ ထလိုက္သည္။

ေဘးအနီးနား ထိုင္ခံုမ်ားမွ အႏုပညာေမာင္ႏွမမ်ားက ဂုဏ္ယူစြာ၊ ေလးစားစြာ၊ အထင္ႀကီးစြာျဖင့္ လက္ဆြဲႏွဳတ္ဆက္ၾကေလသည္။

ထို႔ေနာက္တြင္ေတာ့ စမတ္က်က် ေျခလွမ္းတို႔ျဖင့္ ထိုအမ်ိဳးသားဟာ စင္ျမင့္ထက္သို႔ တက္သြားေလေတာ့သည္။

" မဂၤလာညခ်မ္းပါဗ်... ကၽြန္ေတာ္ဒီဆုကို ရရွိတဲ့အတြက္ ကၽြန္ေတာ္ဖခင္ႀကီးကို ေက်းဇူးတင္ရမယ္ဗ်၊ သူ႔ေၾကာင့္သာ မဟုတ္ရင္ ကၽြန္ေတာ္က အႏုပညာဆိုတာ ဘယ္လိုမ်ိဳးလဲ သိခြင့္ရမွာေတာင္ မဟုတ္ပါဘူးဗ်၊ ဒါေၾကာင့္ ပါပါးေရ ဒီေနရာကေန ကၽြန္ေတာ္ဦးၫြတ္ပါတယ္ဗ်၊ ေနာက္ထပ္ ေက်းဇူးတင္ရမွာကေတာ့ သင္ဆရာျမင္ဆရာၾကားဆရာေတြ အကုန္လံုးေရာ သ႐ုပ္ေဆာင္ခဲ့စဥ္တေလ်ာက္က ပူးေပါင္းပါဝင္ေပးၾကတဲ့ စီနီယာ၊ ဂ်ဴနီယာအကုန္လံုးကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္၊ ၿပီးေတာ့ ........ &$%@%@&-$&...........ေက်းဇူးတင္ပါတယ္ဗ်"

ဆုအေနနဲ႔ကေတာ့ ေလးေထာင့္ဖန္တံုးေလး တစ္ခုပါပဲ။ ေျပာလိုက္ရတဲ့ ေက်းဇူးတင္စကားကေတာ့ လွ်ာခလုတ္တိုက္မတတ္ပင္။

အသက္(၃၀)။ (A)အဆင့္ အမ်ိဳးသားသ႐ုပ္ေဆာင္ Wang Ruo Lin။ ဖခင္ျဖစ္သူက နာမည္ေက်ာ္ ႐ုပ္ရွင္ထုတ္လုပ္ေရး လုပ္ငန္းကို လုပ္ကိုင္ၿပီး မိခင္ျဖစ္သူကေတာ့ ဘိုးဘြားပိုင္ကုမၸဏီလုပ္ငန္းမ်ား၏ ပဲ့ကိုင္ရွင္ျဖစ္သည္။ ေမြးခ်င္းေမာင္ႏွမ မရွိ၊ တစ္ဦးတည္းေသာ သားျဖစ္ေပမယ့္ Wangမိသားစုႀကီးတြင္ တတိယေျမာက္သခင္ေလး ျဖစ္ေလသည္။ Wangမိသားစုက က်ယ္ျပန္႔ရွဳတ္ေထြးလွသည္ဟု ဆိုရမည္။ ဝမ္းကြဲမ်ားမွ ေမြးသည့္ Wangမိသားစုဝင္မ်ားသည္လည္း ပင္မအိမ္ေတာ္ႀကီးမွာပင္ အတူတကြ ေနထိုင္ၾကေလသည္။ အဓိက အေမြဆက္ခံမည့္ Wang Ruo Linေၾကာင့္ ဝမ္းကြဲညီမမ်ား၏ မ်က္စိက်ျခင္းကိုလည္း ခံရသူျဖစ္ေလသည္။ ဘာတဲ့ ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲဖိတ္ တဲ့။ အဟက္... ရယ္ရတယ္။ Wang Ruo Linဆိုတဲ့ ကၽြန္ေတာ္က အေခ်ာအလွေလးေတြကိုပစ္ၿပီး ဝမ္းကြဲေတြကို ေျပးယူရေလာက္တဲ့ထိ ရွားမတဲ့လား။

"တတိယ သခင္ေလး၊ ပင္မအိမ္ေတာ္မွာ ဒီေန႔ည သခင္ႀကီးရဲ႕ ေမြးေန႔မို႔ အေရာက္သြားရပါမယ္"

လည္ပင္းက နက္ကတိုင္ကို ေျဖေလ်ာ့လိုက္ၿပီး ကားေမာင္းရန္သာ ေခါင္းညိတ္ျပလိုက္သည္။

ႏွစ္တိုင္းက်င္းပၿမဲျဖစ္သည့္ ဖိုးဖိုးႀကီး၏ေမြးေန႔တြင္ သူ႔ကို ႏွစ္တိုင္းၾကင္ယာရွာေပးေနသည္က (၁၀)ႏွစ္တိုင္ခဲ့ၿပီ။

လမ္းမႀကီးေတြကို ျဖတ္ခဲ့ၿပီး ေနာက္ဆံုးေတာ့ လမ္းခ်ိဳးတစ္ခုတြင္ မထင္ထားတာတစ္ခု ျဖစ္ေတာ့ေလသည္။

ကၽြီ....က်ီ.........ဘန္း......!!!

ရိပ္ကနဲ ထြက္လာသည့္ လူရိပ္ေလးေၾကာင့္ ကားကလည္း ႐ုတ္တရတ္ဆန္စြာပင္ ဘရိတ္ဆြဲအုပ္ကာ လမ္းေဘးတြင္ စီစီရီရီစိုက္ပ်ိဳးထားသည့္ အလွအုန္းပင္ႀကီးမ်ား၏အေျခကို ခပ္ျပင္းျပင္း ဝင္းတိုးမိေလသည္။

"တတိယသခင္ေလး အဆင္ေျပရဲ႕လားဗ်"

စတီယာရင္ႏွင့္ မိတ္ဆက္သြားသည့္ႏွာဖူးကို ပြတ္ရင္း ယာဥ္ေမာင္းမွာ လွည့္ေမးရသည္။

ေရွ႕တိုးေနာက္ငင္ ႏွစ္ႀကိမ္မွ်သာ ျဖစ္သြားသည့္ သခင္ေလးက ပံုမွန္အေနအထားျဖင့္ ရွိေနသည္မို႔ ကားတံခါးကိုဖြင့္ကာ ျမန္ျမန္ဆန္ဆန္ပင္ ေအာက္ဆင္းလိုက္ရသည္။

"ဟာ... ေကာင္ေလး အဆင္ေျပရဲ႕လား"

တန္ဆာပလာေတြ စံုလင္ေအာင္ထည့္ထားသည့္ အဖံုးပါေက်ာပိုးအိတ္ေလးက အဖံုးပြင့္ကာ တိုလီမုတ္စအကုန္ ထြက္က်ေနေလသည္။

ေဘးတေစာင္းလဲက်ေနသည္က ကားနဲ႔ေတာ့ ဝင္တိုးမိဟန္မတူ။

လဲက်ေနသည့္ ထိုေကာင္ေလး၏ ေက်ာပိုးအိတ္ကို တည့္မတ္ေပးကာ ဆြဲထူလိုက္သည္။ ေက်ာပိုးအိတ္ထဲက ထြက္က်ေနသည့္ ေက်ာင္းသားကဒ္အရ နာမည္ႀကီးတကၠသိုလ္၏ စီးပြါးေရးေမဂ်ာကမွန္း သတိထားလိုက္မိသည္။

"ေျပတယ္ ဦးေလး၊ ကၽြန္ေတာ္ ဘာမွမျဖစ္ဘူးဗ်"

"ေဆးခန္းပို႔ဖို႔လိုရင္ေျပာ ေက်ာင္းသားေလး၊ ဘယ္ေနရာနာေနလဲ ေျခေထာက္ေတြ လွဳပ္ၾကည့္၊ ခႏၶာကိုယ္ကေရာ"

"ကၽြန္ေတ...!!"

" ဦးေလး Wang ဘာမွမျဖစ္ဘူးေျပာေနတာပဲ ကၽြန္ေတာ္တို႔ သြားၾကရေအာင္"

ကားမွန္တံခါးခ်ၿပီး လွမ္းေအာ္ေနသည့္ Wang Ruo Lin။

ကၽြန္ေတာ္အသံေၾကာင့္ထင္၊ ခပ္ဝိုင္းဝိုင္းမ်က္လံုးႀကီးမ်ားက ကားေပၚက ကၽြန္ေတာ္ကို လွမ္းၾကည့္လာသည္။ ကားအတြင္းပိုင္း မီးပိတ္ထားသည့္အျပင္ လမ္းမီးရဲ႕အေမွာင္က်သည့္ဘက္ျခမ္းမို႔ ေကာင္ေလးက ကၽြန္ေတာ္ကို ရွင္းလင္းစြာ ျမင္ရမည္မထင္။

တလက္လက္ေတာက္ပေနသည့္ ထိုမ်က္လံုးဝိုင္းႀကီးေတြကို ကၽြန္ေတာ္ခဏေတာ့ ေငးၾကည့္မိသြားသည္။

"ဦးေလး ရပါတယ္ဗ်၊ ဟို... ကားကသာ ေရွ႕ဘက္ပိုင္း ထိသြားတာ ကၽြန္ေတာ္ေၾကာင့္ပါဗ်"

" အဲ ဟုတ္သား"

ကားဆိုမွ ဦးေလးWangမွာ အုန္းပင္အေျခကို ေျပးနမ္းေနေသာ သခင္ေလး၏ ယေန႔မွထုတ္စီးသည့္ အကန္႔သတ္နဲ႔ထုတ္ထားသည့္ကားသစ္ႀကီးကို ေျပးၾကည့္ရေသးသည္။

"သြားၿပီ...ေက်ာင္းသားေလးေရ"

"ဗ်ာ"

ဦးေလးႀကီး ေအာ္သံေၾကာင့္ Li Di Kun တစ္ေယာက္ အေျပးသြားျကည့္ရသည္။

ကားမီးသီးတစ္လံုးလံုး ကြဲေျကသြားေလသည္။ တလက္လက္ေတာက္ပေနသည့္ ကားအနက္ေရာင္ျကီးက Li Di Kun တစ္ခါမ်ွ မျမင္ဖူးသလို ကြဲေျကသြားသည့္ မီးသီးတန္ဖိုးကလည္း ေသးမယ္မထင္။

"ဟို ဟို ဦးေလး က်ြန္ေတာ္....!"

"ဟိုေတြ ဒီေတြ လုပ္မေနနဲ့၊ ဦးေလးWang အျမန္ရွင္းေလ က်ြန္ေတာ္တို႔ ေနာက္က်ေတာ့မယ္"

" အာ ဟုတ္ကဲ့ တတိယသခင္ေလး၊ ေက်ာင္းသား ဒါက ဦးေလးရဲ႕ကဒ္၊ ကားကေတာ့ ဦးေလးကိုယ္တိုင္ပဲ ျပင္လိုက္မယ္၊ ဒီက ေက်ာင္းသားရဲ႕ ဆက္သြယ္ရမယ့္လိပ္စာေလးသာ ေပးခဲ့ပါ"

တတိယသခင္ေလး၏ စိတ္ရွဳတ္သလို အသံေၾကာင့္ ဦးေလးWang ေက်ာခ်မ္းသြားရကာ ျမန္ျမန္ဆန္ဆန္ ကိစၥျဖတ္လိုက္ရသည္။

"ဗ်ာ... ဟုတ္ ဟုတ္ကဲ့"

လြယ္အိတ္ထဲမွ ေက်ာင္းသားကဒ္ကို ေတြ႕လိုက္ေသာေၾကာင့္ ေက်ာင္းသားမွန္း သိလိုက္ျခင္းျဖစ္သည္။

"ဒီနံပါတ္ကို ဆက္လို႔ရပါတယ္ဗ်၊ ဟို... ဦးေလး မီးသီးက ဘယ္ေလာက္ကုန္မလဲဟင္"

ကြဲေနသည့္ ကားမီးသီးႀကီးကို လွမ္းၾကည့္ရင္း ဦးေလးႀကီးကို ေမးလိုက္ရသည္။

" တစ္ေထာင္၊ ေဒၚလာ တစ္ေထာင္"

ေက်ာင္းသားေလးအတြက္ စိတ္မေကာင္းေပမယ့္ မီးလံုးေစ်းကို အမွန္တိုင္း ေျပာလိုက္ရသည္။

"ဗ်ာ...!!!"

ဆြံ႔အစြာ က်န္ခဲ့သည့္ Li Di Kunတစ္ေယာက္ ကားေနာက္မီးသီး၏ မွိန္ပ်ပ်အလင္းေရာင္ေတာင္ မေတြ႕ေတာ့သည့္အခ်ိန္အထိ အေသေကာင္လို ရပ္က်န္ေနခဲ့ေတာ့သည္။

______________________________________

BLOOM
(7.6.2021)
5:25Pm

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾


ပေကျင်းမြို့တွင် ကျင်းပသည့် (...)ကြိမ်မြောက် ရုပ်ရှင်ပွဲတော်တွင် ဖြစ်သည်။

ရွှေရောင်နောက်ခံ တလက်လက်တောက်ပနေသည့် စတိတ်စင်ပေါ်တွင် MCအဖြစ် လှပသည့် သွယ်လျလျမိန်းမပျိုတစ်ဦးနှင့် ခန့်ညားသောအမျိုးသားတစ်ဦးတို့ ရပ်နေကြသည်။

ယနေ့အတွက် ဖိတ်ကြားခံထားရသည့် နာမည်ကျော် အနုပညာရှင်များအပြင် ၎င်းတို့နှစ်ဦးကလည်း အရေးပါသည့် ကဏ္႑တွင် ပါဝင်သည်။

စတိတ်စင်ပေါ်တွင် ရှိနေသည့် MCနှစ်ဦးမှာ စိတ်လှုပ်ရှားနေကြသလို ထိုဆုကို မျှော်လင့်နေကြသည့် အနုပညာရှင်များစွာကလည်း အသက်ရှူရပ်ထားသည့်အလား ထိုစတိတ်စင်ပေါ်သို့သာ အကြည့်တွေကို ပို့လွှတ်ထားကြသည်။

" ကဲ Ai Liရေ ဒီဆုကတော့ နှစ်တိုင်း မရိုးနိုင်အောင် စိတ်လှုပ်ရှားရပါသော ဆုပါပဲနော်"

"ဟုတ်တာပေါ့ရှင် ကျွန်မတို့ အနေနဲ့ ဒီဆုကို ကြေငြာခွင့်ရတာကိုက အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ် မဟုတ်လား Ge Xiao Wei ရေ"

"အမှန်ပေါ့ဗျာ၊ ကျွန်တော်တို့ တရုတ်နိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေထဲ ဒီဆုရတဲ့သူက လက်ချိုးရေလို့ ရပါတယ်ဗျ၊ နှစ်တို်င်း ဆုပေးပွဲ ကျင်းပပေမယ့် ဒီဆုကိုတော့ (၄)နှစ်မှ တစ်ကြိမ် ထည့်သွင်းတာမို့ ဆုရတဲ့သူကတော့ ဒီနေ့ရဲ့ အဓိကဇာတ်ဆောင်လို့တောင် ပြောလို့ရသဗျာ"

"ဟုတ်ပါတယ်ရှင်... ကျွန်မတို့ အချိန်မဆွဲဘဲ ကြေငြာလိုက်ရအောင်ရှင်"

" ဒီနှစ်ရဲ့ (...)ကြိမ်မြောက် ဘက်စုံအထူးဆုကြီးကို အမျိုးသားသရုပ်ဆောင်.......... Wang Ruo Lin က ရရှိသွားပါတယ်ရှင်.... စီနီယာရှင် စင်မြင့်ထက်ကို ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်... ဂုဏ်ယူပါတယ်ရှင်"

လက်ခုပ်သံတွေ ကွင်းလုံးလျှံ ညံစီနေပြီး Wang Ruo Linမှာ ကုတ်အကျႌကိုပြုပြင်လိုက်ပြီး ထိုင်ရာမှ ထလိုက်သည်။

ဘေးအနီးနား ထိုင်ခုံများမှ အနုပညာမောင်နှမများက ဂုဏ်ယူစွာ၊ လေးစားစွာ၊ အထင်ကြီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ကြလေသည်။

ထို့နောက်တွင်တော့ စမတ်ကျကျ ခြေလှမ်းတို့ဖြင့် ထိုအမျိုးသားဟာ စင်မြင့်ထက်သို့ တက်သွားလေတော့သည်။

" မင်္ဂလာညချမ်းပါဗျ... ကျွန်တော်ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော်ဖခင်ကြီးကို ကျေးဇူးတင်ရမယ်ဗျ၊ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်က အနုပညာဆိုတာ ဘယ်လိုမျိုးလဲ သိခွင့်ရမှာတောင် မဟုတ်ပါဘူးဗျ၊ ဒါကြောင့် ပါပါးရေ ဒီနေရာကနေ ကျွန်တော်ဦးညွတ်ပါတယ်ဗျ၊ နောက်ထပ် ကျေးဇူးတင်ရမှာကတော့ သင်ဆရာမြင်ဆရာကြားဆရာတွေ အကုန်လုံးရော သရုပ်ဆောင်ခဲ့စဉ်တလျောက်က ပူးပေါင်းပါဝင်ပေးကြတဲ့ စီနီယာ၊ ဂျူနီယာအကုန်လုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်၊ ပြီးတော့ ........ &$%@%@&-$&...........ကျေးဇူးတင်ပါတယ်ဗျ"

ဆုအနေနဲ့ကတော့ လေးထောင့်ဖန်တုံးလေး တစ်ခုပါပဲ။ ပြောလိုက်ရတဲ့ ကျေးဇူးတင်စကားကတော့ လျှာခလုတ်တိုက်မတတ်ပင်။

အသက်(၃၀)။ (A)အဆင့် အမျိုးသားသရုပ်ဆောင် Wang Ruo Lin။ ဖခင်ဖြစ်သူက နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်ပြီး မိခင်ဖြစ်သူကတော့ ဘိုးဘွားပိုင်ကုမ္ပဏီလုပ်ငန်းများ၏ ပဲ့ကိုင်ရှင်ဖြစ်သည်။ မွေးချင်းမောင်နှမ မရှိ၊ တစ်ဦးတည်းသော သားဖြစ်ပေမယ့် Wangမိသားစုကြီးတွင် တတိယမြောက်သခင်လေး ဖြစ်လေသည်။ Wangမိသားစုက ကျယ်ပြန့်ရှုတ်ထွေးလှသည်ဟု ဆိုရမည်။ ဝမ်းကွဲများမှ မွေးသည့် Wangမိသားစုဝင်များသည်လည်း ပင်မအိမ်တော်ကြီးမှာပင် အတူတကွ နေထိုင်ကြလေသည်။ အဓိက အမွေဆက်ခံမည့် Wang Ruo Linကြောင့် ဝမ်းကွဲညီမများ၏ မျက်စိကျခြင်းကိုလည်း ခံရသူဖြစ်လေသည်။ ဘာတဲ့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် တဲ့။ အဟက်... ရယ်ရတယ်။ Wang Ruo Linဆိုတဲ့ ကျွန်တော်က အချောအလှလေးတွေကိုပစ်ပြီး ဝမ်းကွဲတွေကို ပြေးယူရလောက်တဲ့ထိ ရှားမတဲ့လား။

"တတိယ သခင်လေး၊ ပင်မအိမ်တော်မှာ ဒီနေ့ည သခင်ကြီးရဲ့ မွေးနေ့မို့ အရောက်သွားရပါမယ်"

လည်ပင်းက နက်ကတိုင်ကို ဖြေလျော့လိုက်ပြီး ကားမောင်းရန်သာ ခေါင်းညိတ်ပြလိုက်သည်။

နှစ်တိုင်းကျင်းပမြဲဖြစ်သည့် ဖိုးဖိုးကြီး၏မွေးနေ့တွင် သူ့ကို နှစ်တိုင်းကြင်ယာရှာပေးနေသည်က (၁၀)နှစ်တိုင်ခဲ့ပြီ။

လမ်းမကြီးတွေကို ဖြတ်ခဲ့ပြီး နောက်ဆုံးတော့ လမ်းချိုးတစ်ခုတွင် မထင်ထားတာတစ်ခု ဖြစ်တော့လေသည်။

ကျွီ....ကျီ.........ဘန်း......!!!

ရိပ်ကနဲ ထွက်လာသည့် လူရိပ်လေးကြောင့် ကားကလည်း ရုတ်တရတ်ဆန်စွာပင် ဘရိတ်ဆွဲအုပ်ကာ လမ်းဘေးတွင် စီစီရီရီစိုက်ပျိုးထားသည့် အလှအုန်းပင်ကြီးများ၏အခြေကို ခပ်ပြင်းပြင်း ဝင်းတိုးမိလေသည်။

"တတိယသခင်လေး အဆင်ပြေရဲ့လားဗျ"

စတီယာရင်နှင့် မိတ်ဆက်သွားသည့်နှာဖူးကို ပွတ်ရင်း ယာဉ်မောင်းမှာ လှည့်မေးရသည်။

ရှေ့တိုးနောက်ငင် နှစ်ကြိမ်မျှသာ ဖြစ်သွားသည့် သခင်လေးက ပုံမှန်အနေအထားဖြင့် ရှိနေသည်မို့ ကားတံခါးကိုဖွင့်ကာ မြန်မြန်ဆန်ဆန်ပင် အောက်ဆင်းလိုက်ရသည်။

"ဟာ... ကောင်လေး အဆင်ပြေရဲ့လား"

တန်ဆာပလာတွေ စုံလင်အောင်ထည့်ထားသည့် အဖုံးပါကျောပိုးအိတ်လေးက အဖုံးပွင့်ကာ တိုလီမုတ်စအကုန် ထွက်ကျနေလေသည်။

ဘေးတစောင်းလဲကျနေသည်က ကားနဲ့တော့ ဝင်တိုးမိဟန်မတူ။

လဲကျနေသည့် ထိုကောင်လေး၏ ကျောပိုးအိတ်ကို တည့်မတ်ပေးကာ ဆွဲထူလိုက်သည်။ ကျောပိုးအိတ်ထဲက ထွက်ကျနေသည့် ကျောင်းသားကဒ်အရ နာမည်ကြီးတက္ကသိုလ်၏ စီးပွါးရေးမေဂျာကမှန်း သတိထားလိုက်မိသည်။

"ပြေတယ် ဦးလေး၊ ကျွန်တော် ဘာမှမဖြစ်ဘူးဗျ"

"ဆေးခန်းပို့ဖို့လိုရင်ပြော ကျောင်းသားလေး၊ ဘယ်နေရာနာနေလဲ ခြေထောက်တွေ လှုပ်ကြည့်၊ ခန္ဓာကိုယ်ကရော"

"ကျွန်တေ...!!"

" ဦးလေး Wang ဘာမှမဖြစ်ဘူးပြောနေတာပဲ ကျွန်တော်တို့ သွားကြရအောင်"

ကားမှန်တံခါးချပြီး လှမ်းအော်နေသည့် Wang Ruo Lin။

ကျွန်တော်အသံကြောင့်ထင်၊ ခပ်ဝိုင်းဝိုင်းမျက်လုံးကြီးများက ကားပေါ်က ကျွန်တော်ကို လှမ်းကြည့်လာသည်။ ကာအတွင်းပိုင်း မီးပတ်ထားသည့်အပြင် လမ်းမီးရဲ့အမှောင်ကျသည့်ဘက်ခြမ်းမို့ ကောင်လေးက ကျွန်တော်ကို ရှင်းလင်းစွာ မြင်ရမည်မထင်။

တလက်လက်တောက်ပနေသည့် ထိုမျက်လုံးဝိုင်းကြီးတွေကို ကျွန်တော်ခဏတော့ ငေးကြည့်မိသွားသည်။

"ဦးလေး ရပါတယ်ဗျ၊ ဟို... ကားကသာ ရှေ့ဘက်ပိုင်း ထိသွားတာ ကျွန်တော်ကြောင့်ပါဗျ"

" အဲ ဟုတ်သား"

ကားဆိုမှ ဦးလေးWangမှာ အုန်းပင်အခြေကို ပြေးနမ်းနေသော သခင်လေး၏ ယနေ့မှထုတ်စီးသည့် အကန့်သတ်နဲ့ထုတ်ထားသည့်ကားသစ်ကြီးကို ပြေးကြည့်ရသေးသည်။

"သွားပြီ...ကျောင်းသားလေးရေ"

"ဗျာ"

ဦးလေးကြီး အော်သံကြောင့် Li Di Kun တစ်ယောက် အပြေးသွားကြည့်ရသည်။

ကားမီးသီးတစ်လုံးလုံး ကွဲကြေသွားလေသည်။ တလက်လက်တောက်ပနေသည့် ကားအနက်ရောင်ကြီးက Li Di Kun တစ်ခါမျှ မမြင်ဖူးသလို ကွဲကြေသွားသည့် မီးသီးတန်ဖိုးကလည်း သေးမယ်မထင်။

"ဟို ဟို ဦးလေး ကျွန်တော်....!"

"ဟိုတွေ ဒီတွေ လုပ်မနေနဲ့၊ ဦးလေးWang အမြန်ရှင်းလေ ကျွန်တော်တို့ နောက်ကျတော့မယ်"

" အာ ဟုတ်ကဲ့ တတိယသခင်လေး၊ ကျောင်းသား ဒါက ဦးလေးရဲ့ကဒ်၊ ကားကတော့ ဦးလေးကိုယ်တိုင်ပဲ ပြင်လိုက်မယ်၊ ဒီက ကျောင်းသားရဲ့ ဆက်သွယ်ရမယ့်လိပ်စာလေးသာ ပေးခဲ့ပါ"

တတိယသခင်လေး၏ စိတ်ရှုတ်သလို အသံကြောင့် ဦးလေးWang ကျောချမ်းသွားရကာ မြန်မြန်ဆန်ဆန် ကိစ္စဖြတ်လိုက်ရသည်။

"ဗျာ... ဟုတ် ဟုတ်ကဲ့"

လွယ်အိတ်ထဲမှ ကျောင်းသားကဒ်ကို တွေ့လိုက်သောကြောင့် ကျောင်းသားမှန်း သိလိုက်ခြင်းဖြစ်သည်။

"ဒီနံပါတ်ကို ဆက်လို့ရပါတယ်ဗျ၊ ဟို... ဦးလေး မီးသီးက ဘယ်လောက်ကုန်မလဲဟင်"

ကွဲနေသည့် ကားမီးသီးကြီးကို လှမ်းကြည့်ရင်း ဦးလေးကြီးကို မေးလိုက်ရသည်။

" တစ်ထောင်၊ ဒေါ်လာ တစ်ထောင်"

ကျောင်းသားလေးအတွက် စိတ်မကောင်းပေမယ့် မီးလုံးဈေးကို အမှန်တိုင်း ပြောလိုက်ရသည်။

"ဗျာ...!!!"

ဆွံ့အစွာ ကျန်ခဲ့သည့် Li Di Kunတစ်ယောက် ကားနောက်မီးသီး၏ မှိန်ပျပျအလင်းရောင်တောင် မတွေ့တော့သည့်အချိန်အထိ အသေကောင်လို ရပ်ကျန်နေခဲ့တော့သည်။

______________________________________

BLOOM
(7.6.2021)
5:25Pm



Olvasás folytatása

You'll Also Like

1.1M 49.7K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
64.5K 3.3K 107
Singkrist....... 💙💙Sk💙💙 Peraya..........❤❤❤
4.3K 403 17
ေနာင္တကင္းေသာ ခ်စ္ျခင္းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတြက္ေရးပါသည္။ ChanBa...
23K 1.5K 15
ခများက ကျတော့်နှလုံးသားကိုပါသတ်ရက်တဲ့..လူသတ်သမား ~~~~~~~~~~~~~~~~~~~~~~~~ ခမ်ားက က်ေတာ့္ႏွလုံးသားကိုပါသတ္ရက္တဲ့..လူသတ္သမား ~~~~~~~~~~~~~~~~~~~~~~~~ (...