💛If We Meet Again...💛{Compl...

By Weneebebe27

28.7K 2.2K 218

အကယ်၍ငါတို့ပြန်ဆုံဖြစ်ခဲ့ရင်...💛 More

"1"
"2"
"3"
"4"
"5"
"6"
"7"
"8"
"9"
"10"
"11"
"12"
"13"
"14"
"15"
"16"
"17"
"18"
"19"
"20"
"21"
"22"
"23"
"24"
"25"
"26"
"27"
"28"
"30"
"31"
"32"
"33"
"34"{Final}

"29"

658 53 26
By Weneebebe27

Unicode❣️

"ရေသွားချိုးလိုက် အဝတ်အစားထုတ်ပေးထားမယ်"

အိမ်ထဲရောက်ရောက်ချင်းကျွန်တော့်ကိုရေချိုးခန်းထဲအတင်းတွန်းပို့နေတဲ့ယွင်...

မျက်နှာလေးကတော့စူပုပ်ပုပ်..

ကျွန်တော်လည်းရေချိုးခန်းထဲသို့ခပ်သုတ်သုတ်ဝင်သွားလိုက်ပြီးရေချိုးလိုက်တော့သည်။

မရောက်တာကြာပြီဖြစ်တဲ့အိမ်လေးကိုပြန်ရောက်လာတော့ခံစားချက်လေးကတစ်မျိုးလေးဖြစ်နေသည်။

အရင်တုန်းကအမှတ်တရတွေကိုလည်းလွမ်းမိသည်။

ခုတော့...အရင်အခြေအနေလိုပြန်ဖြစ်အောင်..မနည်းကြိုးစားနေရသည်။

ရေချိုးပြီးနောက်သဘတ်လေးခါးမှာပတ်ကာအပြင်ကိုပြန်ထွက်လာတော့ကုတင်ပေါ်မှာကျွန်တော့်အဝတ်အစားတစ်စုံက
အဆင်သင့်...

ကျွန်တော်ကျေနပ်သလိုပြုံးလိုက်ပြီးအဝတ်အစားများဝတ်လိုက်သည်။

အဝတ်အစားဝတ်နေတုန်းအခန်းထဲကိုယွင်ကဝင်လာလေသည်။

"မင်း..ပြန်ရင်မင်းပစ္စည်းတွေပြန်သယ်သွား.."

"ဒီအတိုင်းလေးပဲထားလိုက်ပါ နောက်လည်းအတူနေရမယ့်ဟာကို"

"မင်းနဲ့ဘယ်သူကအတူနေမယ်ပြောလို့လဲ...ဒီညမိုးတွေအရမ်းရွာနေလို့ အိမ်ထဲဝင်ခိုင်းလိုက်တာ..ထင်ချင်ရာလျှောက်ထင်မနေနဲ့...ဒါနဲ့..အဲ့တုန်းကဘာလို့ပစ္စည်းတွေပြန်လာမယူတာလဲ"

"ကိုယ်ဒီကနေထွက်သွားဖို့ဘယ်တုန်းကမှ
မစဥ်းစားခဲ့ဖူးဘူး...တစ်ချိန်ချိန်မှာပြန်လာမှာကို..ဘာလို့အလုပ်ရှုပ်ခံပြီးပစ္စည်းတွေယူရမှာလဲ"

"ဟင်း..ထားပါတော့ နောက်ကလိုက်ခဲ့ ညစာပြင်ပေးထားတယ် မစားရသေးဘူးမလား"

"အင်း..မစားရသေးဘူး ကိုယ်တကယ်ဗိုက်ဆာနေတာ..ဟီးဟီး"

ကျွန်တော်ပြုံးဖြီးဖြီးဖြင့်ပြောလိုက်တော့ယွင်ကမျက်စောင်းတစ်ချက်ထိုးကာအရင်ထွက်သွားလေသည်။

ကျွန်တော်လည်းမှိုရတဲ့မျက်နှာဖြင့်ယွင့်နောက်သို့လိုက်သွားလိုက်သည်။

မီးဖိုခန်းထဲရောက်တော့ထမင်းစားပွဲမှာပြင်ထားပေးသောပူပူနွေးနွေးထမင်းပန်းကန်နှင့်ဟင်းသုံးလေးမျိုး...

ဒါလေးက...ယွင်ကကျွန်တော့်အတွက်...ပြင်ပေးထားတဲ့..ထမင်းဝိုင်းလေးပေါ့။

တကယ့်ကိုထမင်းဝိုင်းလေးကနွေးထွေးမှုအပြည့်...

စားပွဲအပြည့်ခင်းကျင်းထားတဲ့အကောင်းစားဟင်းတွေထက်ဒီသုံးလေးမျိုးလောက်ပဲရှိတဲ့တစ်ယောက်စာထမင်းဝိုင်းလေးကကျွန်တော့်အတွက်ပိုတန်ဖိုးရှိတယ်။

"ဟင်!!ဘာလို့ငိုနေတာလဲ စားမကောင်းလို့လား.."

ယွင်ကအလန့်တကြားမေးကာမှကိုယ့်ကိုယ်ကိုသတိထားမိတော့သည်။

ပျော်လွန်းလို့ငိုမိသည်အထိ...။

"ဟင့်အင်း..စားလို့ကောင်းပါတယ်"

ရုတ်တရက်..

"နေမကောင်းဘူးလား.."
ဟုဆိုကာနှဖူးကိုလက်ဖဝါးလေးဖြင့်လာစမ်းသောယွင့်ကြောင့်ကျွန်တော်ထမင်းစားနေရင်းကြက်သေသေသွားရသည်။

အေးစက်နေတဲ့နဖူးပြင်ပေါ်ကလက်ဖဝါးနွေးနွေးလေးရဲ့အထိအတွေ့ကြောင့်ခန္ဓာကိုယ်ထဲလျှပ်စီးကြောင်းဝင်သွားသလိုကျင်တက်သွား၏။

"ကိုယ်လည်းမပူပါဘူး..."

ကျွန်တော့်နှဖူးကိုစမ်းလိုက် သူ့နှဖူးစမ်းလိုက်လုပ်နေသောယွင့်ကိုကြည့်ကာအသည်းယားလာ၏။

"ဘာမှမဖြစ်ပါဘူး...ဒီအတိုင်း..ပျော်လို့ပါ.."

"ဟမ်!"

ကျွန်တော့်စကားကိုသိပ်နားမလည်ပုံရသောယွင့်ကိုပြုံးပြပြီးသာထမင်းဆက်စားနေလိုက်သည်။

ကျွန်တော်ညစာစားပြီးသည်အထိယွင်ကဘေးမှာထိုင်စောင့်ပေးနေသည်။

ကျွန်တော်အားရပါးရစားနေပုံကိုကြည့်ပြီး..ယွင့်မျက်နှာလေးခဏခဏပြုံးနေတာကိုလည်း...ထမင်းစားနေရင်းကျွန်တော်မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

ညစာစားပြီးနောက် ကျွန်တော်ကပဲပန်းကန်တွေဆေးပြီးသိမ်းလိုက်သည်။

ယွင်ကတော့အိမ်တံခါးတွေလိုက်ပိတ်နေသည်။

ခုလိုလေးကျတော့လည်း..အရင်တုန်းကအခြေအနေမျိုးပြန်ရောက်သွားသည်ဟု..ခံစားရသည်။

ပန်းကန်တွေသိမ်းပြီးနောက်...တစ်ချိန်ကကျွန်တော်နဲ့ယွင့်ရဲ့အိပ်ခန်းလေးထဲသို့အရင်ဝင်နှင့်လိုက်သည်။

ယွင်သဘောတူတူ မတူတူ ဒီညယွင့်နှင့်အတူအိပ်ရရန်ကြိုးစားမည်ဟု ကျွန်တော်ဆုံးဖြတ်ထားသည်။

​လူကတော့အရမ်းကိုအိပ်ချင်နေပြီ...တစ်နေ့လုံးအလုပ်လုပ်နေရတော့..ပင်ပန်းနေပြီလေ..

ကုတင်ပေါ်မှာထိုင်ကာယွင့်ကိုစောင့်နေလိုက်သည်။

......

ကျွန်တော်အိမ်တံခါးတွေလိုက်ပိတ်လိုက်ပြီးအခန်းထဲကိုဝင်လာလိုက်တော့ကုတင်ပေါ်မှာငုတ်တုပ်ထိုင်နေပါသောမောင်..

ကျွန်တော် ကုတင်ဘေးမှာထားတဲ့စားပွဲအံဆွဲထဲကနေဆေးယူလိုက်ပြီးရေပါခတ်ပေးလိုက်ကာမောင့်ကိုပေးလိုက်သည်။

"ရော့ ဆေးသောက်ထားလိုက် နေမကောင်းဖြစ်မှာဆိုးလို့"

"မောင့်ကိုစိတ်ပူပေးနေတာလား..."

ပေးတဲ့ဆေးနဲ့ရေကိုယူပြီးပြုံးဖြီးဖြီးဖြင့့်ပြောလာသောမောင့်ကြောင့်

"မဟုတ်ပါဘူး..ဖေးယွီကလုပ်ငန်းကြီးကိုဦးစီးပြီးလုပ်နေရတာ နေမကောင်းဖြစ်လို့မရဘူးလေ "
ဟုပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ့..."

ရုပ်ကိုက..စပ်ဖြဲဖြဲနဲ့...ဘာမှန်းလဲမသိဘူး။

ဆေးသောက်ပြီးသွားတော့ခွက်ကိုဘေးက
စားပွဲပေါ်ပြန်တင်လိုက်သည်။

ထိုအခါရုတ်တရက်အနောက်ကနေဆွဲချလိုက်သောမောင်...

ရုတ်တရက်မို့လန့်သွားပြီးလူကလည်းမောင့်ရင်ခွင်ထဲသို့ရောက်သွားလေသည်။

မောင်ကသူ့ရဲ့သန်မာလှသည့်လက်မောင်းနှစ်ဖက်ဖြင့်အနောက်ကနေတင်းကြပ်နေအောင်ဖက်ထားလေသည်။

ကျွန်တော်ကရုန်းတော့ဖက်ထားတာကိုပိုတင်းကြပ်လိုက်ပြီး..

"ခဏလေးပါ..ဒီအတိုင်းလေးငြိမ်ငြိမ်လေးနေပေး"ဆိုပြီးပြောလာလေသည်။

ကျွန်တော်မရုန်းတော့ဘဲ ငြိမ်နေလိုက်တော့ကျွန်တော့်ပုခုံးပေါ်မေးတင်လာသောမောင်..

"မင်းသိလား...မောင်ဘယ်လောက်မင်းကိုလွမ်းနေခဲ့ရလဲဆိုတာ..မင်းရဲ့အထိအတွေ့လေးတွေကိုလွမ်းလွန်းလို့..ရူးမတတ်ပဲ.."

" . . . "

"ဒီနေ့အတွက်..တကယ်ကျေးဇူးတင်ပါတယ်.."

"ဘာကိုကျေးဇူးတင်တာလဲ"

"နေ့လည်စာအတွက်ရော..ညစာအတွက်ရော..ခုလိုရင်ခွင်ထဲမှာငြိမ်ငြိမ်လေးနေပေးပြီး..မောင့်စကားတွေကိုနားထောင်ပေးတဲ့အတွက်ရော.."

"ကျေးဇူးတင်စရာမလိုပါဘူး ငါ့အတွက်အပန်းကြီးတာမှမဟုတ်တာ"

"ဟင့်အင်း..မောင့်အတွက်တော့...အရမ်းကိုတန်ဖိုးရှိတယ်..ငါးနှစ်အတွင်းထမင်းကိုအားရပါးရပြန်စားဖြစ်တာပထမဆုံးအကြိမ်ပဲ.."

"အပိုတွေ.."

"တကယ်ပြောတာ...တစ်စုံတစ်ယောက်ကအကျင့်လုပ်ပေးလိုက်လို့..တွေ့ကရာဟင်းတွေ..မစားတတ်တော့ဘူး ဒီနေ့..အရမ်းလွမ်းနေခဲ့ရတဲ့..လက်ရာလေးကို..ပြန်စားခွင့်ရလို့..မောင်တော့အရမ်းပျော်တာပဲ ခုတလောအစားအသောက်ပျက်နေတာ.."

"မင်း..ခုတလော ငါ့နောက်ကိုလိုက်နေရလို့ အစားအသောက်ပျက်တာလား"

"အဲ့တာကြောင့်မဟုတ်ပါဘူး..မောင်ငှားထားတဲ့အိမ်အကူအဒေါ်ကြီးအလုပ်ထွက်သွားတော့ နည်းနည်းအစားအသောက်ကိစ္စအဆင်မပြေဖြစ်နေလို့ပါ.."

"အိမ်အကူအဒေါ်ကြီး?? မင်းတစ်ယောက်တည်းနေနေတာလား"

"ဟုတ်တယ်လေ..မောင်ဒီပြန်ရောက်ကတည်းကတစ်ယောက်တည်းသပ်သပ်ခွဲနေတာ.."

တစ်ယောက်တည်းနေရတာဆိုတော့ဘာပဲဖြစ်ဖြစ်ခက်ခဲမှာပဲ...
အိမ်အကူအဒေါ်ကြီးလဲမရှိတော့ဘူးဆိုတော့...
ဘယ်လိုတွေများစားသောက်နေလဲ..
​ဆိုင်ထမင်းဆိုင်ဟင်းတွေမစားတတ်တဲ့မောင်က...

ဒီလိုဆိုတော့လည်း..မောင့်အတွက်စိတ်မကောင်း..

အစားအသောက်ကိုဂရုတစိုက်စားရမဲ့ဟာကို..

"ဟို...မင်းအဆင်ပြေရင်ငါမင်းအတွက်ပိုချက်ပေးလို့ရတယ်.."

.   .   .

မဝံ့မရဲ​ဖြင့်ပြောလိုက်ပေမဲ့ဘာမှပြန်မပြောလာသောကြောင့်အသာလေးနောက်လှည့်
ကြည့်လိုက်တော့..

ကျွန်တော့်ပုခုံးပေါ်မေးတင်လျှက်အိပ်ပျော်နေပါသောမောင်..ကျွန်တော့်ကိုဖက်ထားသည့်လက်များကလည်းမြဲမြံလျှက်။

"ဟင်..အိပ်ပျော်သွားပြီလား"

မောင်အရမ်းပင်ပန်းနေမှာပဲ...

အိပ်ပျော်သွားတာသေချာကာမှ...
အသက်ရှုသံမှန်မှန်လေးဖြင့်အိပ်ပျော်နေသောမောင့်ပါးလေးကိုနမ်းလိုက်ပြီးအမှန်တရားတစ်ခုကိုဝန်ခံမိသည်။

"ငါလည်းမောင့်ကိုအရမ်းလွမ်းနေခဲ့တာ"

ဒီစကားကိုအိပ်ပျော်နေပြီဖြစ်တဲ့ချန်ဖေးယွီတစ်ယောက်တော့မကြားနိုင်ခဲ့ပါ။

.........🍀

နားထဲတွင်အဆက်မပြတ်မြည်နေသောဖုန်းသံကြောင့်ချန်ဖေးယွီအိပ်ယာမှနိုးလာသည်။

မျက်လုံးဖွင့်ဖွင့်ချင်း..ချစ်ရသူမျက်နှာလေးကိုမြင်လိုက်ရသောကြောင့်...အိပ်ချင်မူးတူးရုပ်ကနေ..အလိုလို..ပြုံးဖြီးနေမိသည်။

ညကဘယ်လိုလုပ်အိပ်ပျော်သွားလဲမသိပေမဲ့...ထူးထူးဆန်းဆန်း...နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်မိသွားသည်။

အရင်တုန်းကဆို..အိပ်ပျော်ဖို့..အချိန်အများကြီးယူနေရတဲ့ကျွန်တော်က..

အချစ်ရဲ့စွမ်းအားတွေကြောင့်ပဲနေမှာ..

အိပ်လို့ကောင်းလွန်းလို့...အိပ်မက်တွေတောင်မက်လိုက်သေး..

အိပ်မက်ထဲမှာ...ယွင်ကကျွန်တော့်ပါးလေးကိုအာဘွားပေးနေသည်တဲ့..ဟိဟိ..အိပ်မက်ကောင်းလေး..

တစ်ယောက်တည်းပီတိဖြာနေတုန်းဖုန်းသံကဆက်တိုက်မြည်နေတာကြောင့်မြန်မြန်ဖုန်းကိုင်လိုက်ရသည်။

ယွင်အိပ်နေတာ..အနှောင့်အယှက်ဖြစ်တယ်။

ဖုန်းခေါ်သူကတော့ကျွန်တော့်ရဲ့အတွင်းရေးမှူး..

"ဘာလို့အစောကြီးဖုန်းခေါ်နေရတာလဲ"

ကျွန်တော်စိတ်တိုတိုဖြင့်အတွင်းရေးမှူးကိုဟောက်လိုက်သည်။

ဟုတ်တယ်လေ..သူများအိပ်ကောင်းနေတာကို..ဖျက်လိုဖျက်စီး..

"Boss ခုမနက်အစည်းအဝေးရှိတယ်လေ Bossမေ့နေတာလား"

အတွင်းရေးမှူးစကားကြားမှကျွန်တော်အစည်းအဝေးကိုသတိရတော့သည်။

ဟုတ်သား..၇နာရီခွဲအစည်းအဝေးခေါ်ထားတာ..

နာရီကိုကြည့်လိုက်တော့၇နာရီထိုးနေပြီ။

ထိုအခါမှကမန်းကတန်းထကာမျက်နှာသစ်သွားတိုက်ပြီး..မနေ့ကအဝတ်အစားတွေပြန်လဲလိုက်ရသည်။

ညကရေတွေစိုသွားလို့ယွင်ကလျှော်ပြီးအခြောက်ခံထားပေးထားလို့တော်သေးသည်ဟုပြောရမည်။

"ဖေးယွီ..."

ကျွန်တော်အမြန်မြန်လုပ်နေတော့ယွင်ကအသံတွေကြားပြီးနိုးလာလေသည်။

မျက်လုံးလေးနှစ်ဖက်ကိုလက်သီးစုပ်လေး
ဖြင့်ပွတ်ကာအိပ်မှုန်စုံဖွားဖြင့်ထိုင်နေသော
ယွင်ကအူယားဖွယ်အတိ..ဆံပင်လေးတွေကလည်းထိုးထိုးထောင်ထောင်နဲ့..

"ကိုယ်အစည်းအဝေးရှိလို့ရုံးကိုသွားရမယ်"

"နေအုံး..မနက်စာပြင်ပေးမယ်..စားသွားလိုက်"

ယွင်ကမနက်စာပြင်ပေးမည်ဟုပြောသောကြောင့်ကျွန်တော်ပျော်သွားသော်လည်းအချိန်မရတော့သောကြောင့်

"နေပါစေတော့ ကိုယ်ရုံးရောက်မှစားလိုက်ပါ့မယ် နောက်ကျနေလို့သွားတော့မယ်နော် "

ကမန်းကတန်းထွက်သွားပြီးမှသတိရသွားကာ..မတ်တပ်လေးရပ်ကြည့်နေတဲ့ယွင့်ဆီသွားလိုက်ပြီး..ယွင့်ပါးလေးကိုနမ်းလိုက်သည်။

'ပြွတ်စ်'

"သွားပြီနော် တာ့တာ.."

နမ်းပြီးပြီးချင်းကျွန်တော်လည်းကားဆီအ​ြမန်သွားလိုက်တော့သည်။ယွင်ကတော့သူ့ပါးလေးကိုင်ကာကြောင်တောင်လေးကျန်ခဲ့လေသည်။

ကားကိုအတတ်နိုင်ဆုံးအမြန်မောင်းလာပြီးရုံးကိုရောက်တော့၇နာရီ၂၀ဖြစ်နေပြီဖြစ်သည်။

အချိန်မှီတယ်ဆိုရုံလေး..ရောက်လာတာ။

ရှယ်ယာရှင်တွေနဲ့အစည်းအဝေးထိုင်ပြီးတော့..ကိုးနာရီခွဲလောက်မှအစည်းအဝေးပြီးလေသည်။

ဗိုက်လည်းသိပ်မဆာတာနဲ့..အတွင်းရေးမှူးကိုကော်ဖီတစ်ခွက်သာဝယ်ခိုင်းလိုက်ပြီးစားပွဲတွင်ထိုင်ကာစုပုံနေသောအလုပ်တွေကိုရှင်းနေရသည်။

'ဒေါက် ဒေါက်'

အလုပ်လုပ်နေတုန်းအပြင်ဖက်မှတံခါးခေါက်လာသောကြောင့်

"ဝင်ခဲ့.."ဟုပြောလိုက်သည်။

"Boss ဧည့်သည်ရောက်နေပါတယ်"

"ဧည့်သည်??"

အတွင်းရေးမှူး၏နောက်မှဝင်လာသောသူကိုကြည့်ပြီးချန်ဖေးယွီမျက်လုံးအစုံတို့အံ့သြမှုကြောင့်ပြူးကျယ်သွားသည်။

"မောင်...မတွေ့ရတာကြာပြီနော်"

"မ!!!"

..........🍀

"ဝင်သွားရင်ကောင်းမလား.."

"ငါ့ကိုတစ်မျိုးထင်သွားရင်ဘယ်လိုလုပ်မလဲ
သူ့ကိုငါကအပြတ်ငြင်းထားပြီးမှ ဂရုစိုက်သလိုဖြစ်နေတော့"

"ဒါပေမဲ့ ဗိုက်ဆာနေလောက်မှာ.."

လော်ယွင်ရှီးတစ်ယောက်မောင့်ကုမ္ပဏီအရှေ့ထိရောက်လာပြီးမှဝင်သွားဖို့ိကိုချီတုံချတုံဖြစ်နေမိသည်။

ထမင်းဘူးလေးကိုင်ကာဝင်မလိုလိုထွက်မလိုလို..အပေါက်ဝမှာရစ်သီရစ်သီလုပ်နေတဲ့သူ့ကို လုံခြုံရေးဦးလေးကြီးတွေကတောင်သတိထားမိနေပြီ။

မနက်ကမနက်စာမစားဘဲထွက်သွားသောမောင့်ကြောင့်ကျွန်တော့်စိတ်ထဲမတင်မကျဖြစ်နေကာနေ့လည်စာအတွက်ပါထမင်းဘူးပြင်လာပြီးဒီကိုရောက်လာခြင်း။

မောင်ကပြောတယ်လေ..သူအစားအသောက်ပျက်နေတယ်လို့...

နောက်ဆုံးတော့..ရောက်လာပြီးမှမထူးတော့ပါဘူးဆိုကာ အထဲကိုဝင်လာလိုက်သည်။

ကုမ္ပဏီကအကြီးကြီးဆိုတော့ဘယ်သွားလို့သွားရမှန်းမသိ။
Receptionကိုမေးပြီးမောင့်ရုံးခန်းရှိရာအထပ်သို့တက်လာလိုက်သည်။

မောင့်ရုံးခန်းရှေ့ရောက်တော့အတွင်းရေးမှူးနေရာတွင်လည်းဘယ်သူမှမရှိ..

မောင့်အခန်းတံခါးကပွင့်နေသောကြောင့်..
ဒီအတိုင်းဝင်သွားရန်သာတွေးလိုက်ပြီးအခန်းထဲကိုဝင်ရန်အပြု..

အခန်းထဲကမြင်ကွင်းကြောင့်ကျွန်တော်ခဏလောက်အသက်ရှုရန်မေ့သွားခဲ့သည်။

မောင်ကိုရုတ်တရက်ဖက်လိုက်သောမိန်းမတစ်ယောက်..မောင်ကလည်းဝမ်းသာအားရပြန်ဖက်နေသည်။

ပြီးတော့..ကျွန်တော်သေချာကြားလိုက်ပါသေးတယ်..

ထိုအမျိုးသမီးကမောင့်ကိုခေါ်လိုက်တဲ့အခေါ်အဝေါ်ကကျွန်တော်ခေါ်သလို "မောင်"တဲ့လေ..

"မောင့်ကိုသတိရနေတာ  မောင်ကနေနိုင်လိုက်တာနော်"

"ကျွန်တော်အလုပ်တွေအရမ်းရှုပ်နေလို့ပါ မ ရာ "

မ*တဲ့လားမောင်ရယ်..

ငါဘာလို့ရင်တွေနာနေရတာလဲ..

မောင့်ကိုတောက်လျှောက်ငြင်းဆန်နေခဲ့ပြီးခုလိုကျပြန်တော့လည်း
ငါ့ရင်တွေကွဲနေသလိုခံစားနေရပြန်တယ်။

ငါတကယ်ရူးနေပြီ..

ကျနေတဲ့မျက်ရည်တွေလဲမသုတ်မိ။ထိုနေရာမှပြေးထွက်လာမိသည်။

လမ်းတောက်လျှောက်..ကျွန်တော့်ကိုထူးဆန်းသလိုကြည့်နေတဲ့လူတွေကိုလည်းဂရုမစိုက်နိုင်တော့...

ဒီကနေအဝေးဆုံးကိုသာပြေးထွက်သွားချင်သည့်စိတ်ပဲရှိနေခဲ့သည်။

အလကားကောင်..ပြောတော့ငါ့ကိုပဲချစ်တာပါတဲ့...

ခုကျတော့..တစ်မ ထဲ မ နေပြီး ငါ့ကိုတောင်သတိရသေးရဲ့လားမသိဘူး..

ငါ့လိုယောက်ျားတစ်ယောက်ဆီကနေ"မောင်"လို့အခေါ်ခံရတာထက်မိန်းမလှလှလေးဆီကအခေါ်ခံရတော့တော်တော့်ကိုသဘောကျနေမှာပေါ့..

ငါ့ရှေ့ကျမခုတ်တတ်တဲ့ကြောင်လိုလိုနဲ့..ကွယ်ရာကျကြောင်သူတော်ကြွက်သူခိုးကြီးလုပ်နေတယ်ပေါ့လေ..

အား..ချန်ဖေးယွီ...မုန်းဖို့ကောင်းလိုက်တာ..

ငါကရော..ဘာလို့ငိုနေရတာလဲ..

ခွေးကောင်..လူကိုအမျိုးမျိုးဒုက္ခပေးတယ်

မုန်းချင်စရာကြီး..

ငါ့ဆီအရှက်မရှိ ပြန်လာရဲပြန်လာကြည့်..

ဖြတ်ပစ်မယ်....

လည်ပင်းကို... '^´

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

[A/N - ချန်ဖေးယွီတို့တော့ဘာတွေရှုပ်ထားလဲမသိ😝။
ဒီနေ့တော့တစ်ပိုင်းပါပဲ😚
မနက်ဖြန်မှတွေ့ကြမယ်....Bye Bye❤️]

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Zawgyi code❣️

"ေရသြားခ်ိဳးလိုက္ အဝတ္အစားထုတ္ေပးထားမယ္"

အိမ္ထဲေရာက္ေရာက္ခ်င္းကြၽန္ေတာ့္ကိုေရခ်ိဳးခန္းထဲအတင္းတြန္းပို႔ေနတဲ့ယြင္...

မ်က္ႏွာေလးကေတာ့စူပုပ္ပုပ္..

ကြၽန္ေတာ္လည္းေရခ်ိဳးခန္းထဲသို႔ခပ္သုတ္သုတ္ဝင္သြားလိုက္ၿပီးေရခ်ိဳးလိုက္ေတာ့သည္။

မေရာက္တာၾကာၿပီျဖစ္တဲ့အိမ္ေလးကိုျပန္ေရာက္လာေတာ့ခံစားခ်က္ေလးကတစ္မ်ိဳးေလးျဖစ္ေနသည္။

အရင္တုန္းကအမွတ္တရေတြကိုလည္းလြမ္းမိသည္။

ခုေတာ့...အရင္အေျခအေနလိုျပန္ျဖစ္ေအာင္..မနည္းႀကိဳးစားေနရသည္။

ေရခ်ိဳးၿပီးေနာက္သဘတ္ေလးခါးမွာပတ္ကာအျပင္ကိုျပန္ထြက္လာေတာ့ကုတင္ေပၚမွာကြၽန္ေတာ့္အဝတ္အစားတစ္စံုက
အဆင္သင့္...

ကြၽန္ေတာ္ေက်နပ္သလိုၿပံဳးလိုက္ၿပီးအဝတ္အစားမ်ားဝတ္လိုက္သည္။

အဝတ္အစားဝတ္ေနတုန္းအခန္းထဲကိုယြင္ကဝင္လာေလသည္။

"မင္း..ျပန္ရင္မင္းပစၥည္းေတျြပန္သယ္သြား.."

"ဒီအတိုင္းေလးပဲထားလိုက္ပါ ေနာက္လည္းအတူေနရမယ့္ဟာကို"

"မင္းနဲ႔ဘယ္သူကအတူေနမယ္ေျပာလို႔လဲ...ဒီညမိုးေတြအရမ္းရြာေနလို႔ အိမ္ထဲဝင္ခိုင္းလိုက္တာ..ထင္ခ်င္ရာေလ်ွာက္ထင္မေနနဲ႔...ဒါနဲ႔..အဲ့တုန္းကဘာလို႔ပစၥည္းေတျြပန္လာမယူတာလဲ"

"ကိုယ္ဒီကေနထြက္သြားဖို႔ဘယ္တုန္းကမွ
မစဥ္းစားခဲ့ဖူးဘူး...တစ္ခ်ိန္ခ်ိန္မွာျပန္လာမွာကို..ဘာလို႔အလုပ္ရႈပ္ခံၿပီးပစၥည္းေတြယူရမွာလဲ"

"ဟင္း..ထားပါေတာ့ ေနာက္ကလိုက္ခဲ့ ညစာျပင္ေပးထားတယ္ မစားရေသးဘူးမလား"

"အင္း..မစားရေသးဘူး ကိုယ္တကယ္ဗိုက္ဆာေနတာ..ဟီးဟီး"

ကြၽန္ေတာ္ၿပံဳးၿဖီးၿဖီးျဖင့္ေျပာလိုက္ေတာ့ယြင္ကမ်က္ေစာင္းတစ္ခ်က္ထိုးကာအရင္ထြက္သြားေလသည္။

ကြၽန္ေတာ္လည္းမိႈရတဲ့မ်က္ႏွာျဖင့္ယြင့္ေနာက္သို႔လိုက္သြားလိုက္သည္။

မီးဖိုခန္းထဲေရာက္ေတာ့ထမင္းစားပြဲမွာျပင္ထားေပးေသာပူပူေနြးေနြးထမင္းပန္းကန္ႏွင့္ဟင္းသံုးေလးမ်ိဳး...

ဒါေလးက...ယြင္ကကြၽန္ေတာ့္အတြက္...ျပင္ေပးထားတဲ့..ထမင္းဝိုင္းေလးေပါ့။

တကယ့္ကိုထမင္းဝိုင္းေလးကေနြးေထြးမႈအျပည့္...

စားပြဲအျပည့္ခင္းက်င္းထားတဲ့အေကာင္းစားဟင္းေတြထက္ဒီသံုးေလးမ်ိဳးေလာက္ပဲရိွတဲ့တစ္ေယာက္စာထမင္းဝိုင္းေလးကကြၽန္ေတာ့္အတြက္ပိုတန္ဖိုးရိွတယ္။

"ဟင္!!ဘာလို႔ငိုေနတာလဲ စားမေကာင္းလို႔လား.."

ယြင္ကအလန္႔တၾကားေမးကာမွကိုယ့္ကိုယ္ကိုသတိထားမိေတာ့သည္။

ေပ်ာ္လြန္းလို႔ငိုမိသည္အထိ...။

"ဟင့္အင္း..စားလို႔ေကာင္းပါတယ္"

ရုတ္တရက္..

"ေနမေကာင္းဘူးလား.."
ဟုဆိုကာႏွဖူးကိုလက္ဖဝါးေလးျဖင့္လာစမ္းေသာယြင့္ေၾကာင့္ကြၽန္ေတာ္ထမင္းစားေနရင္းၾကက္ေသေသသြားရသည္။

ေအးစက္ေနတဲ့နဖူးျပင္ေပၚကလက္ဖဝါးေနြးေနြးေလးရဲ့အထိအေတြ့ေၾကာင့္ခႏၶာကိုယ္ထဲလ်ွပ္စီးေၾကာင္းဝင္သြားသလိုက်င္တက္သြား၏။

"ကိုယ္လည္းမပူပါဘူး..."

ကြၽန္ေတာ့္ႏွဖူးကိုစမ္းလိုက္ သူ႔ႏွဖူးစမ္းလိုက္လုပ္ေနေသာယြင့္ကိုၾကည့္ကာအသည္းယားလာ၏။

"ဘာမွမျဖစ္ပါဘူး...ဒီအတိုင္း..ေပ်ာ္လို႔ပါ.."

"ဟမ္!"

ကြၽန္ေတာ့္စကားကိုသိပ္နားမလည္ပံုရေသာယြင့္ကိုၿပံဳးျပၿပီးသာထမင္းဆက္စားေနလိုက္သည္။

ကြၽန္ေတာ္ညစာစားၿပီးသည္အထိယြင္ကေဘးမွာထိုင္ေစာင့္ေပးေနသည္။

ကြၽန္ေတာ္အားရပါးရစားေနပံုကိုၾကည့္ၿပီး..ယြင့္မ်က္ႏွာေလးခဏခဏၿပံဳးေနတာကိုလည္း...ထမင္းစားေနရင္းကြၽန္ေတာ္ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။

ညစာစားၿပီးေနာက္ ကြၽန္ေတာ္ကပဲပန္းကန္ေတြေဆးၿပီးသိမ္းလိုက္သည္။

ယြင္ကေတာ့အိမ္တံခါးေတြလိုက္ပိတ္ေနသည္။

ခုလိုေလးက်ေတာ့လည္း..အရင္တုန္းကအေျခအေနမ်ိဳးျပန္ေရာက္သြားသည္ဟု..ခံစားရသည္။

ပန္းကန္ေတြသိမ္းၿပီးေနာက္...တစ္ခ်ိန္ကကြၽန္ေတာ္နဲ႔ယြင့္ရဲ့အိပ္ခန္းေလးထဲသို႔အရင္ဝင္ႏွင့္လိုက္သည္။

ယြင္သေဘာတူတူ မတူတူ ဒီညယြင့္ႏွင့္အတူအိပ္ရရန္ႀကိဳးစားမည္ဟု ကြၽန္ေတာ္ဆံုးျဖတ္ထားသည္။

​လူကေတာ့အရမ္းကိုအိပ္ခ်င္ေနၿပီ...တစ္ေန့လံုးအလုပ္လုပ္ေနရေတာ့..ပင္ပန္းေနၿပီေလ..

ကုတင္ေပၚမွာထိုင္ကာယြင့္ကိုေစာင့္ေနလိုက္သည္။

......

ကြၽန္ေတာ္အိမ္တံခါးေတြလိုက္ပိတ္လိုက္ၿပီးအခန္းထဲကိုဝင္လာလိုက္ေတာ့ကုတင္ေပၚမွာငုတ္တုပ္ထိုင္ေနပါေသာေမာင္..

ကြၽန္ေတာ္ ကုတင္ေဘးမွာထားတဲ့စားပြဲအံဆြဲထဲကေနေဆးယူလိုက္ၿပီးေရပါခတ္ေပးလိုက္ကာေမာင့္ကိုေပးလိုက္သည္။

"ေရာ့ ေဆးေသာက္ထားလိုက္ ေနမေကာင္းျဖစ္မွာဆိုးလို႔"

"ေမာင့္ကိုစိတ္ပူေပးေနတာလား..."

ေပးတဲ့ေဆးနဲ႔ေရကိုယူၿပီးၿပံဳးၿဖီးၿဖီးျဖင့္႔ေျပာလာေသာေမာင့္ေၾကာင့္

"မဟုတ္ပါဘူး..ေဖးယြီကလုပ္ငန္းႀကီးကိုဦးစီးၿပီးလုပ္ေနရတာ ေနမေကာင္းျဖစ္လို႔မရဘူးေလ "
ဟုျပန္ေျပာလိုက္သည္။

"ဟုတ္ကဲ့ပါ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ့..."

ရုပ္ကိုက..စပ္ၿဖဲျဖဲနဲ႔...ဘာမွန္းလဲမသိဘူး။

ေဆးေသာက္ၿပီးသြားေတာ့ခြက္ကိုေဘးက
စားပြဲေပၚျပန္တင္လိုက္သည္။

ထိုအခါရုတ္တရက္အေနာက္ကေနဆြဲခ်လိုက္ေသာေမာင္...

ရုတ္တရက္မို႔လန္႔သြားၿပီးလူကလည္းေမာင့္ရင္ခြင္ထဲသို႔ေရာက္သြားေလသည္။

ေမာင္ကသူ႔ရဲ့သန္မာလွသည့္လက္ေမာင္းႏွစ္ဖက္ျဖင့္အေနာက္ကေနတင္းၾကပ္ေနေအာင္ဖက္ထားေလသည္။

ကြၽန္ေတာ္ကရုန္းေတာ့ဖက္ထားတာကိုပိုတင္းၾကပ္လိုက္ၿပီး..

"ခဏေလးပါ..ဒီအတိုင္းေလးၿငိမ္ၿငိမ္ေလးေနေပး"ဆိုၿပီးေျပာလာေလသည္။

ကြၽန္ေတာ္မရုန္းေတာ့ဘဲ ၿငိမ္ေနလိုက္ေတာ့ကြၽန္ေတာ့္ပုခံုးေပၚေမးတင္လာေသာေမာင္..

"မင္းသိလား...ေမာင္ဘယ္ေလာက္မင္းကိုလြမ္းေနခဲ့ရလဲဆိုတာ..မင္းရဲ့အထိအေတြ့ေလးေတြကိုလြမ္းလြန္းလို႔..ရူးမတတ္ပဲ.."

" . . . "

"ဒီေန့အတြက္..တကယ္ေက်းဇူးတင္ပါတယ္.."

"ဘာကိုေက်းဇူးတင္တာလဲ"

"ေန့လည္စာအတြက္ေရာ..ညစာအတြက္ေရာ..ခုလိုရင္ခြင္ထဲမွာၿငိမ္ၿငိမ္ေလးေနေပးၿပီး..ေမာင့္စကားေတြကိုနားေထာင္ေပးတဲ့အတြက္ေရာ.."

"ေက်းဇူးတင္စရာမလိုပါဘူး ငါ့အတြက္အပန္းႀကီးတာမွမဟုတ္တာ"

"ဟင့္အင္း..ေမာင့္အတြက္ေတာ့...အရမ္းကိုတန္ဖိုးရိွတယ္..ငါးႏွစ္အတြင္းထမင္းကိုအားရပါးရျပန္စားျဖစ္တာပထမဆံုးအႀကိမ္ပဲ.."

"အပိုေတြ.."

"တကယ္ေျပာတာ...တစ္စံုတစ္ေယာက္ကအက်င့္လုပ္ေပးလိုက္လို႔..ေတြ့ကရာဟင္းေတြ..မစားတတ္ေတာ့ဘူး ဒီေန့..အရမ္းလြမ္းေနခဲ့ရတဲ့..လက္ရာေလးကို..ျပန္စားခြင့္ရလို႔..ေမာင္ေတာ့အရမ္းေပ်ာ္တာပဲ ခုတေလာအစားအေသာက္ပ်က္ေနတာ.."

"မင္း..ခုတေလာ ငါ့ေနာက္ကိုလိုက္ေနရလို႔ အစားအေသာက္ပ်က္တာလား"

"အဲ့တာေၾကာင့္မဟုတ္ပါဘူး..ေမာင္ငွားထားတဲ့အိမ္အကူအေဒၚႀကီးအလုပ္ထြက္သြားေတာ့ နည္းနည္းအစားအေသာက္ကိစၥအဆင္မေျပျဖစ္ေနလို႔ပါ.."

"အိမ္အကူအေဒၚႀကီး?? မင္းတစ္ေယာက္တည္းေနေနတာလား"

"ဟုတ္တယ္ေလ..ေမာင္ဒီျပန္ေရာက္ကတည္းကတစ္ေယာက္တည္းသပ္သပ္ခြဲေနတာ.."

တစ္ေယာက္တည္းေနရတာဆိုေတာ့ဘာပဲျဖစ္ျဖစ္ခက္ခဲမွာပဲ...
အိမ္အကူအေဒၚႀကီးလဲမရိွေတာ့ဘူးဆိုေတာ့...
ဘယ္လိုေတြမ်ားစားေသာက္ေနလဲ..
​ဆိုင္ထမင္းဆိုင္ဟင္းေတြမစားတတ္တဲ့ေမာင္က...

ဒီလိုဆိုေတာ့လည္း..ေမာင့္အတြက္စိတ္မေကာင္း..

အစားအေသာက္ကိုဂရုတစိုက္စားရမဲ့ဟာကို..

"ဟို...မင္းအဆင္ေျပရင္ငါမင္းအတြက္ပိုခ်က္ေပးလို႔ရတယ္.."

.   .   .

မဝံ့မရဲ​ျဖင့္ေျပာလိုက္ေပမဲ့ဘာမျွပန္မေျပာလာေသာေၾကာင့္အသာေလးေနာက္လွည့္
ၾကည့္လိုက္ေတာ့..

ကြၽန္ေတာ့္ပုခံုးေပၚေမးတင္လ်ွက္အိပ္ေပ်ာ္ေနပါေသာေမာင္..ကြၽန္ေတာ့္ကိုဖက္ထားသည့္လက္မ်ားကလည္းၿမဲျမံလ်ွက္။

"ဟင္..အိပ္ေပ်ာ္သြားၿပီလား"

ေမာင္အရမ္းပင္ပန္းေနမွာပဲ...

အိပ္ေပ်ာ္သြားတာေသခ်ာကာမွ...
အသက္ရႈသံမွန္မွန္ေလးျဖင့္အိပ္ေပ်ာ္ေနေသာေမာင့္ပါးေလးကိုနမ္းလိုက္ၿပီးအမွန္တရားတစ္ခုကိုဝန္ခံမိသည္။

"ငါလည္းေမာင့္ကိုအရမ္းလြမ္းေနခဲ့တာ"

ဒီစကားကိုအိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ခ်န္ေဖးယြီတစ္ေယာက္ေတာ့မၾကားႏိုင္ခဲ့ပါ။

.........🍀

နားထဲတြင္အဆက္မျပတ္ျမည္ေနေသာဖုန္းသံေၾကာင့္ခ်န္ေဖးယြီအိပ္ယာမွႏိုးလာသည္။

မ်က္လံုးဖြင့္ဖြင့္ခ်င္း..ခ်စ္ရသူမ်က္ႏွာေလးကိုျမင္လိုက္ရေသာေၾကာင့္...အိပ္ခ်င္မူးတူးရုပ္ကေန..အလိုလို..ၿပံဳးၿဖီးေနမိသည္။

ညကဘယ္လိုလုပ္အိပ္ေပ်ာ္သြားလဲမသိေပမဲ့...ထူးထူးဆန္းဆန္း...ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုအိပ္ေပ်ာ္မိသြားသည္။

အရင္တုန္းကဆို..အိပ္ေပ်ာ္ဖို႔..အခ်ိန္အမ်ားႀကီးယူေနရတဲ့ကြၽန္ေတာ္က..

အခ်စ္ရဲ့စြမ္းအားေတြေၾကာင့္ပဲေနမွာ..

အိပ္လို႔ေကာင္းလြန္းလို႔...အိပ္မက္ေတြေတာင္မက္လိုက္ေသး..

အိပ္မက္ထဲမွာ...ယြင္ကကြၽန္ေတာ့္ပါးေလးကိုအာဘြားေပးေနသည္တဲ့..ဟိဟိ..အိပ္မက္ေကာင္းေလး..

တစ္ေယာက္တည္းပီတိျဖာေနတုန္းဖုန္းသံကဆက္တိုက္ျမည္ေနတာေၾကာင့္ျမန္ျမန္ဖုန္းကိုင္လိုက္ရသည္။

ယြင္အိပ္ေနတာ..အေနွာင့္အယွက္ျဖစ္တယ္။

ဖုန္းေခၚသူကေတာ့ကြၽန္ေတာ့္ရဲ့အတြင္းေရးမွဴး..

"ဘာလို႔အေစာႀကီးဖုန္းေခၚေနရတာလဲ"

ကြၽန္ေတာ္စိတ္တိုတိုျဖင့္အတြင္းေရးမွဴးကိုေဟာက္လိုက္သည္။

ဟုတ္တယ္ေလ..သူမ်ားအိပ္ေကာင္းေနတာကို..ဖ်က္လိုဖ်က္စီး..

"Boss ခုမနက္အစည္းအေဝးရိွတယ္ေလ Bossေမ့ေနတာလား"

အတြင္းေရးမွဴးစကားၾကားမွကြၽန္ေတာ္အစည္းအေဝးကိုသတိရေတာ့သည္။

ဟုတ္သား..၇နာရီခြဲအစည္းအေဝးေခၚထားတာ..

နာရီကိုၾကည့္လိုက္ေတာ့၇နာရီထိုးေနၿပီ။

ထိုအခါမွကမန္းကတန္းထကာမ်က္ႏွာသစ္သြားတိုက္ၿပီး..မေန့ကအဝတ္အစားေတျြပန္လဲလိုက္ရသည္။

ညကေရေတြစိုသြားလို႔ယြင္ကေလ်ွာ္ၿပီးအေျခာက္ခံထားေပးထားလို႔ေတာ္ေသးသည္ဟုေျပာရမည္။

"ေဖးယြီ..."

ကြၽန္ေတာ္အျမန္ျမန္လုပ္ေနေတာ့ယြင္ကအသံေတြၾကားၿပီးႏိုးလာေလသည္။

မ်က္လံုးေလးႏွစ္ဖက္ကိုလက္သီးစုပ္ေလး
ျဖင့္ပြတ္ကာအိပ္မႈန္စံုဖြားျဖင့္ထိုင္ေနေသာ
ယြင္ကအူယားဖြယ္အတိ..ဆံပင္ေလးေတြကလည္းထိုးထိုးေထာင္ေထာင္နဲ႔..

"ကိုယ္အစည္းအေဝးရိွလို႔ရံုးကိုသြားရမယ္"

"ေနအံုး..မနက္စာျပင္ေပးမယ္..စားသြားလိုက္"

ယြင္ကမနက္စာျပင္ေပးမည္ဟုေျပာေသာေၾကာင့္ကြၽန္ေတာ္ေပ်ာ္သြားေသာ္လည္းအခ်ိန္မရေတာ့ေသာေၾကာင့္

"ေနပါေစေတာ့ ကိုယ္ရံုးေရာက္မွစားလိုက္ပါ့မယ္ ေနာက္က်ေနလို႔သြားေတာ့မယ္ေနာ္ "

ကမန္းကတန္းထြက္သြားၿပီးမွသတိရသြားကာ..မတ္တပ္ေလးရပ္ၾကည့္ေနတဲ့ယြင့္ဆီသြားလိုက္ၿပီး..ယြင့္ပါးေလးကိုနမ္းလိုက္သည္။

'ႁပြတ္စ္'

"သြားၿပီေနာ္ တာ့တာ.."

နမ္းၿပီးၿပီးခ်င္းကြၽန္ေတာ္လည္းကားဆီအ​ျမန္သြားလိုက္ေတာ့သည္။ယြင္ကေတာ့သူ႔ပါးေလးကိုင္ကာေၾကာင္ေတာင္ေလးက်န္ခဲ့ေလသည္။

ကားကိုအတတ္ႏိုင္ဆံုးအျမန္ေမာင္းလာၿပီးရံုးကိုေရာက္ေတာ့၇နာရီ၂၀ျဖစ္ေနၿပီျဖစ္သည္။

အခ်ိန္မွီတယ္ဆိုရံုေလး..ေရာက္လာတာ။

ရွယ္ယာရွင္ေတြနဲ႔အစည္းအေဝးထိုင္ၿပီးေတာ့..ကိုးနာရီခြဲေလာက္မွအစည္းအေဝးၿပီးေလသည္။

ဗိုက္လည္းသိပ္မဆာတာနဲ႔..အတြင္းေရးမွဴးကိုေကာ္ဖီတစ္ခြက္သာဝယ္ခိုင္းလိုက္ၿပီးစားပြဲတြင္ထိုင္ကာစုပံုေနေသာအလုပ္ေတြကိုရွင္းေနရသည္။

'ေဒါက္ ေဒါက္'

အလုပ္လုပ္ေနတုန္းအျပင္ဖက္မွတံခါးေခါက္လာေသာေၾကာင့္

"ဝင္ခဲ့.."ဟုေျပာလိုက္သည္။

"Boss ဧည့္သည္ေရာက္ေနပါတယ္"

"ဧည့္သည္??"

အတြင္းေရးမွဴး၏ေနာက္မွဝင္လာေသာသူကိုၾကည့္ၿပီးခ်န္ေဖးယြီမ်က္လံုးအစံုတို႔အံ့ၾသမႈေၾကာင့္ျပဴးက်ယ္သြားသည္။

"ေမာင္...မေတြ့ရတာၾကာၿပီေနာ္"

"မ!!!"

..........🍀

"ဝင္သြားရင္ေကာင္းမလား.."

"ငါ့ကိုတစ္မ်ိဳးထင္သြားရင္ဘယ္လိုလုပ္မလဲ
သူ႔ကိုငါကအျပတ္ျငင္းထားၿပီးမွ ဂရုစိုက္သလိုျဖစ္ေနေတာ့"

"ဒါေပမဲ့ ဗိုက္ဆာေနေလာက္မွာ.."

ေလာ္ယြင္ရွီးတစ္ေယာက္ေမာင့္ကုမၸဏီအေရ႔ွထိေရာက္လာၿပီးမွဝင္သြားဖို႔ိကိုခ်ီတံုခ်တံုျဖစ္ေနမိသည္။

ထမင္းဘူးေလးကိုင္ကာဝင္မလိုလိုထြက္မလိုလို..အေပါက္ဝမွာရစ္သီရစ္သီလုပ္ေနတဲ့သူ႔ကို လံုၿခံဳေရးဦးေလးႀကီးေတြကေတာင္သတိထားမိေနၿပီ။

မနက္ကမနက္စာမစားဘဲထြက္သြားေသာေမာင့္ေၾကာင့္ကြၽန္ေတာ့္စိတ္ထဲမတင္မက်ျဖစ္ေနကာေန့လည္စာအတြက္ပါထမင္းဘူးျပင္လာၿပီးဒီကိုေရာက္လာျခင္း။

ေမာင္ကေျပာတယ္ေလ..သူအစားအေသာက္ပ်က္ေနတယ္လို႔...

ေနာက္ဆံုးေတာ့..ေရာက္လာၿပီးမွမထူးေတာ့ပါဘူးဆိုကာ အထဲကိုဝင္လာလိုက္သည္။

ကုမၸဏီကအႀကီးႀကီးဆိုေတာ့ဘယ္သြားလို႔သြားရမွန္းမသိ။
Receptionကိုေမးၿပီးေမာင့္ရံုးခန္းရိွရာအထပ္သို႔တက္လာလိုက္သည္။

ေမာင့္ရံုးခန္းေရ႔ွေရာက္ေတာ့အတြင္းေရးမွဴးေနရာတြင္လည္းဘယ္သူမွမရိွ..

ေမာင့္အခန္းတံခါးကပြင့္ေနေသာေၾကာင့္..
ဒီအတိုင္းဝင္သြားရန္သာေတြးလိုက္ၿပီးအခန္းထဲကိုဝင္ရန္အျပဳ..

အခန္းထဲကျမင္ကြင္းေၾကာင့္ကြၽန္ေတာ္ခဏေလာက္အသက္ရႈရန္ေမ့သြားခဲ့သည္။

ေမာင္ကိုရုတ္တရက္ဖက္လိုက္ေသာမိန္းမတစ္ေယာက္..ေမာင္ကလည္းဝမ္းသာအားရျပန္ဖက္ေနသည္။

ၿပီးေတာ့..ကြၽန္ေတာ္ေသခ်ာၾကားလိုက္ပါေသးတယ္..

ထိုအမ်ိဳးသမီးကေမာင့္ကိုေခၚလိုက္တဲ့အေခၚအေဝၚကကြၽန္ေတာ္ေခၚသလို "ေမာင္"တဲ့ေလ..

"ေမာင့္ကိုသတိရေနတာ  ေမာင္ကေနႏိုင္လိုက္တာေနာ္"

"ကြၽန္ေတာ္အလုပ္ေတြအရမ္းရႈပ္ေနလို႔ပါ မ ရာ "

မ*တဲ့လားေမာင္ရယ္..

ငါဘာလို႔ရင္ေတြနာေနရတာလဲ..

ေမာင့္ကိုေတာက္ေလ်ွာက္ျငင္းဆန္ေနခဲ့ၿပီးခုလိုက်ျပန္ေတာ့လည္း
ငါ့ရင္ေတြကြဲေနသလိုခံစားေနရျပန္တယ္။

ငါတကယ္ရူးေနၿပီ..

က်ေနတဲ့မ်က္ရည္ေတြလဲမသုတ္မိ။ထိုေနရာမွေျပးထြက္လာမိသည္။

လမ္းေတာက္ေလ်ွာက္..ကြၽန္ေတာ့္ကိုထူးဆန္းသလိုၾကည့္ေနတဲ့လူေတြကိုလည္းဂရုမစိုက္ႏိုင္ေတာ့...

ဒီကေနအေဝးဆံုးကိုသာေျပးထြက္သြားခ်င္သည့္စိတ္ပဲရိွေနခဲ့သည္။

အလကားေကာင္..ေျပာေတာ့ငါ့ကိုပဲခ်စ္တာပါတဲ့...

ခုက်ေတာ့..တစ္မ ထဲ မ ေနၿပီး ငါ့ကိုေတာင္သတိရေသးရဲ့လားမသိဘူး..

ငါ့လိုေယာက္်ားတစ္ေယာက္ဆီကေန"ေမာင္"လို႔အေခၚခံရတာထက္မိန္းမလွလွေလးဆီကအေခၚခံရေတာ့ေတာ္ေတာ့္ကိုသေဘာက်ေနမွာေပါ့..

ငါ့ေရ႔ွက်မခုတ္တတ္တဲ့ေၾကာင္လိုလိုနဲ႔..ကြယ္ရာက်ေၾကာင္သူေတာ္ႂကြက္သူခိုးႀကီးလုပ္ေနတယ္ေပါ့ေလ..

အား..ခ်န္ေဖးယြီ...မုန္းဖို႔ေကာင္းလိုက္တာ..

ငါကေရာ..ဘာလို႔ငိုေနရတာလဲ..

ေခြးေကာင္..လူကိုအမ်ိဳးမ်ိဳးဒုကၡေပးတယ္

မုန္းခ်င္စရာႀကီး..

ငါ့ဆီအရွက္မရိွ ျပန္လာရဲျပန္လာၾကည့္..

ျဖတ္ပစ္မယ္....

လည္ပင္းကို... '^´

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

[A/N - ခ်န္ေဖးယြီတို႔ေတာ့ဘာေတြရႈပ္ထားလဲမသိ😝။
ဒီေန့ေတာ့တစ္ပိုင္းပါပဲ😚
မနက္ျဖန္မွေတြ့ၾကမယ္....Bye Bye❤️]

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Continue Reading

You'll Also Like

809 58 4
" 𝘪 𝘴𝘸𝘦𝘢𝘳 𝘢𝘭𝘭 𝘵𝘩𝘪𝘴 𝘴𝘩𝘪𝘵 𝘪𝘴𝘯'𝘵 𝘫𝘶𝘴𝘵 𝘪𝘯 𝘮𝘺 𝘩𝘦𝘢𝘥, 𝘪 𝘬𝘯𝘰𝘸 𝘵𝘩𝘢𝘵 𝘸𝘦'𝘳𝘦 𝘮𝘰𝘳𝘦 𝘵𝘩𝘢𝘯 𝘧𝘳𝘪𝘦𝘯𝘥𝘴. "
232K 5.7K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
22K 2.6K 12
ဒီအိမ်နီးချင်း ဘယ်လိုမထုံတတ်တေးလေးလဲကွာ fic cover crd to original artist Total parts - 9 and extra (...) Completed
760K 61.9K 43
Everything is better with you Everything has been better since you Mpreg