Thantophobia

By EstellaHnin

36.3K 1.8K 42

လွတ်ထွက်သွားမှာ​စိုးထိတ်ရုံနဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားရခြင်းတွေပါ။ ဆုံးရှုံးရမှာသာမကြောက်တတ်ခဲ့ရင် နာကျင်ရခြင... More

Part: 1
Part: 2
Part: 3
Part: 4
Part: 5
Part: 6
Part: 7
Part: 8
Part: 9
Part: 10
Part : 11
Part: 12
Final Part
gl

Part: 13

2K 99 3
By EstellaHnin

ရန်ကုန်မြို့ရဲ့စည်းစည်းကားကားနေရာတွေကို ကိုယ်စီးဖြတ်သန်းနေကြတဲ့ များပြားစွာသော ကားတွေထဲမှ မီးခိုးရောင်ကားလေးတစ်စီးတွင်တော့ အဖျားခပ်လိတ်လိတ် အညိုရောင်ဆံနွယ်လေးတွေနဲ့ ချစ်စရာကောင်မလေးတစ်ဦးနှင့် ရွှေအိုရောင်ဆံနွယ်တွေပုခုံးထက် သေသပ်စွာဝဲကျနေတဲ့ တည်ငြိမ်တဲ့အလှတရားတစ်ခုကိုဖော်ဆောင်ထားသော မိန်းကလေးတစ်ဦးပါဝင်နေလေသည်။

နူညံ့တဲ့တေးသံစဥ်တစ်ခုလို ခပ်သော့သော့တိုက်ခက်နေတဲ့ ငြိမ်ညောင်းတဲ့လေပြေတွေမှာ ချမ်းအေးတဲ့ ဆောင်းရဲ့ အငွေ့အသက်တို့လွှမ်းခြုံနေတဲ့ ဒီဇင်ဘာရဲ့ညနေခင်းလေးတစ်ခုရယ်ပေါ့ ။

ကားမောင်းနေရင်းနဲ့မှ ဘေးခုံက အကောင်ပေါက်ကိုကြည့်လိုက်တော့ ခပ်သေးသေးဒီကလေးမက မုန့်ထုတ်တွေထဲမှာပင်ပျောက်နေသယောင်။ ဒါတောင်အိမ်ကစထွက်ကတည်းက ဝယ်ထားတဲ့မနည်းမနောသော မုန့်တွေကကားထဲအပြည့်ထပ်ရှိနေသေးတယ်။

မုန့်တွေကို တစ်မြုံ့မြုံဝါးနေတဲ့ သူမရဲ့လှုပ်ရှားနေတဲ့ပါးဖောင်းဖောင်းလေးတွေက တစ်ကယ့်ကိုအသည်းယားစရာအတိပင်။

"ပန်..."

ခပ်တိုးတိုးခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ မျက်နှာလေးက ပကတိအပြစ်ကင်းလှပေတယ်။

"ဖြေးဖြေးစားမှပေါ့ပန်ရဲ့"

"မယ်ကလည်း..ပန်ဖြေးဖြေးပဲစားနေတာကို"

နှုတ်ခမ်းဖူးဖူးလေးကိုစုလိုက်ချွန်လိုက်နဲ့ စူပုတ်ပုတ်ပြောနေတဲ့ ပန်ဟာလေ ဖြေးဖြေးစားနေတယ်သာဆိုတယ် ပါးစပ်တစ်ခုလုံးမှာ ချောကလက်တွေပေပွလို့
မယ် ပန့်ပုံစံ​ ကိုကြည့်ပြီး ကကြီးပုံစံကွေးညွှန့်နေတဲ့ နှုတ်ခမ်းပါးတွေဆန့်တန်းသွားသည်အထိ သဘောတကျရယ်မောလိုက်သည်။ ထို့နောက် မိသွားတဲ့ မီးပ္ပိုင့်ကြောင့် ကားကိုတုန့်ခနဲရပ်ကာ wet tissue ထုတ်ထဲမှ tissueတစ်ရွက်ကိုထုတ်၍ ပေပွနေတဲ့ ပန့်နှုတ်ခမ်းတစ်ဝိုက်ကို ဂရုတစိုက်သုတ်ပေးရလေတယ်။

ပန်နဲ့ လမ်းသွားရင်လေ ကလေးတွေနဲ့သွားရသလို wet tissueကအနည်းဆုံး သုံးလေးထုတ် အမြဲဆောင်ထားရသည်။
မယ်က ကိုယ့်ကိုယ်ကို ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကောက်ရတယ်ထင်တာ တစ်ကယ်တမ်းကြတော့ ကလေးတစ်ယောက်ကောက်ရတာဖြစ်နေတယ်။

ဒီရက်ပိုင်း ဘာရယ်ကြောင့်မှန်းမသိပေမယ့် သိပ်ကြီးရွှင်ရွှင်ပြပြမရှိတဲ့ ပန်ကြောင့်စိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးထွက်လာခဲ့ခြင်းဖြစ်တယ်။
သူရဲ့စိတ်ပင်ပန်းစရာတွေကိုမေးရင်လည်း ခေါင်းလေးတစ်ခါခါနဲ့ ဘာမှမဖြစ်ဘူးလို့ငြင်းပြန်ပေဦးမယ်။ သူ့ကိုအရိပ်တကြည့်ကြည့်ဆိုတဲ့ ဒီလူအဖို့တော့ ငေးမိငေးရာအရပ်ဒေသလေးတစ်ခုကသည် သူမဖြစ်နေတာမို့ ပြုံးရယ်နေရင်းတစ်ချက်ရပ်သွားရင်တောင် ကိုယ့်ကမ္ဘာမှာအတော်လေးအနေခက်ရတာမျိုး။

ပုံမှန်အရှိန်အတိုင်း မောင်းနှင်လာတဲ့ကားလေးက တစ်ဖြည်းဖြည်း မြို့ပြင်သို့ရောက်ရှိလာလေတော့ ဘေးနားကပေါက်စက ကွေးကွေးလေးအိပ်နေလေပြီ၊ လက်ထဲကစားလက်စမုန့်ကတော့အိပ်ပျော်သွားသည့်တိုင် လွှတ်မချသေး။

ကားကိုအသာ ခဏရပ်လိုက်ပြီး သူထိုင်နေရာခုံလေးကို အနောက်သို့ခပ်ဖြည်းဖြည်းလှန်လိုက်ပြီး စောင်ခြုံပေးရန် လက်ထဲကမုန့်ထုတ်ကိုဆွဲယူလိုက်တော့ သကောင့်သမီးက သူ့မုန့်သူခပ်တင်းတင်းပြန်ဆွဲထားသည် အိပ်ပျော်နေတာတောင်မှ မုန့်ကိုအသက်နဲ့ထပ်တူစောင့်ရှောက်မယ့်သဘော....
မယ် ခေါင်းလေးခါ၍ပြုံးလိုက်ပြီး ကားair conလျော့ကာ စောင်လေးကို ရင်ဘက်ပေါ်သာလွှမ်းခြုံလိုက်သည်။

တစ်မြို့ပြီးတစ်မြို့ သို့ဖြတ်သန်းသွားပြီး တစ်ပတ်ချင်းကားဘီးလှိမ့်လို့တစ်ဖြည်းဖြည်းရောက်ရှိလာပါတဲ့ ချမ်းချမ်းအေးအေးတောင်ပေါ်မြို့ငယ်လေး 'မိုးကုတ်'

"ဝိုး....!! မိုးကုတ်! မိုးကုတ် !"

အိပ်နေရာက နိုးပြီးပြတင်းပေါက်မှလက်ထုတ်ကာ အပျော်ကြီးပျော်နေတဲ့ပန့်ကိုကြည့်၍ တစ်လမ်းလုံးတစ်ချက်မှမနားပဲ ကားမောင်းလာတဲ့လူက ထူးထူးခြားခြားပင်ပန်းတယ်လို့မခံစားမိ။
တောင်ပေါ်စတတ်ကတည်းကမြွေလိမ်မြွေကောက် လမ်းသွယ်ကျဥ်းကျဥ်းလေးတွေကိုဂရုတစိုက်မောင်းနှင်ရင်း တစ်ဖက်ကလဲပန့်ကိုကြည့်ရသေးသည်။ ဒီကလေးပိစိကတော့လေ။

ပတ္တမြားမြေလို့ခေါ်တွင်တဲ့ မြို့...
ဒယ်အိုးပုံသဏ္ဍန်နဲ့တူညီနေပြီး တောင်တွေပတ်ပတ်လယ် ကာရံထားသည်မို့လို့ပူပြင်းလွန်းတဲ့နွေမှာတောင်မှ ဒီမြို့ကတော့ အပူချိန်လျော့နည်းလွန်းလှသည်။ အခုလို ဒီဇင်ဘာလတွင်တော့
ချမ်းအေးမူ့ကအလွန်တရာပင်။

အနွေးထည်အထူကြီးဝတ်ပေး၍ ဇစ်ကိုလည်ပင်းထိဆွဲတင်လိုက်တော့ ခေါင်းစွပ်နဲ့အနွေးထည်ကြားညှပ်နေတဲ့ မျက်နှာလုံးလုံးလေးက နှုတ်ခမ်းကအရှေ့ကို၂လက်မလောက်ဆူထွက်လာသည်။

"မယ်ကလည်း...အပြင်သွားမယ့်ဟာကိုအနွေးထည်ကြီးကဒီလောက်ထူနေတာဘယ်လိုလှတော့မှာလဲလို့"

ပွစိပွစိပြောနေတဲ့ ပန့်ရဲ့ပါးဖောင်းဖောင်းလေးကိုခပ်ဖွဖွဆွဲလိုက်ပြီး

"ပန်ကလှပြီးသားပဲ..အရမ်းအေးတယ်ပန်ရဲ့ ဒီလောက်ဝတ်မှတော်ကာကြမှာ"

လည်ပတ်စရာများများမရှိလှပေမယ့်ပန့်လက်လေးကိုဆွဲလို့ မြို့အနှံလျောက်သွားခဲ့တယ်။ သက်သောင့်သက်သာနဲ့အေးဆေးလှသည်မို့လို့နှစ်ယောက်လုံးကတော့ဒီမြို့လေးကိုအတော်လေးသဘောကျနေခဲ့ပါသည်။

ပန်ကတစ်ကယ်အကြည်ဓာတ်လေး..ပြောရရင် ဒီမှာနေတဲ့ကာလတစ်လျှောက်တည်းနေတဲ့ Hotelက ဝန်ထမ်းတွေကစလို့ မနက်တိုင်းသွားစားဖြစ်တဲ့ ရှမ်းခေါက်ဆွဲဆိုင်က အဖွားအိုကအဆုံး ပန့်ကိုချစ်လိုက်ကြတာမပြောနဲ့..မုန့်အလကားကျွေးရတာနဲ့ လက်ဆောင်ပစ္စည်းတွေ
ထည့်ပေးရတာနဲ့ ကိုယ့်မှာတော့သူ့ကိုကြည့်၍တစ်ပြုံးပြုံး တစ်ကယ်ဆို ပန်ကလူတိုင်းရဲ့သဘောကျချင်စရာ သဘာဝလေးတစ်ခုဖြစ်မယ်။ အင်း ဒီသဘာဝလေးကိုမှ မငြီးငွေ့နိုင် စိတ်ရှိတိုင်းငေးမောခွင့်ရတဲ့ ကိုယ်ကတော့ သိပ်ကံကောင်းတာပေါ့ ။

ဘုရားစေတီလေးတစ်ဆူရှိရာ တော်ကုန်းလေးတစ်ခုလို့ နှစ်ယောက်သားတတ်လာပြီး တောင်ပေါ်ရောက်တော့ လတ်ဆက်တဲ့လေပြေနဲ့အတူ စိတ်တွေကပါလန်းလန်းဆန်းဆန်းရယ် ..

"ပန်! တောင်တန်းတွေကိုချစ်လား"

လက်နှစ်ဖက်ကိုအနောက်မှာထောက်လျှက် ခြေထောက်နှစ်ဖက်ဆန့်၍ မယ်ပန့်ကိုမေးလိုက်တယ်

ဟိုးအဝေးက ပတ္တမြားတွေထွက်တဲ့တောင်တန်းတွေကိုကြည့်ရင်း နှုတ်ခမ်းပါးလေးလှုပ်ကာပြုံး၍ပန်က...

"ချစ်တာပေါ့မယ်ရဲ့...ပန့်ဇာတိကပြင်ဦးလွင်လေ အဲ့တာကြောင့် ပန် တောင်တွေကိုအရမ်းကြိုက်တယ်..ဒီတိုင်းကြည့်နေရုံနဲ့တင်ကိုသဘောကျတာ"

"မယ်ကတော့...တောင်တန်းတွေထက်ပန့်ကိုပိုချစ်တယ်"

စတော်ဘယ်ရီသီးလေးလို ရဲပြီးငုံ့ကျသွားတဲ့မျက်နှာလေးက ဘယ်ပန်းချီရေးလို့မှီနိုင်လိမ့်မလဲလေ။

"ပန်က မယ့်လိုလူမျိုးဆီက အချစ်ခံဖို့မထိုက်တန်ပါဘူး..."

မယ် ပန့်လက်လေးကိုဆုပ်ကိုင်ကာမျက်နှာချင်းဆိုင်ပြီး အလေးအနက်စကားတို့ကိုစတင်သည်။

"ပန်! မယ် ပန့်ကိုချစ်တယ်ဆိုတာ သူ့သဘာဝအတိုင်းရှိနေတဲ့ တောင်တန်းပြာတွေ မြက်ခင်းစိမ်းစိမ်းတွေ ပင်လယ်သမုဒ္ဒရာတွေ ဒါတွေလိုမျိုး သဘာဝအတိုင်းရှိနေတဲ့ ပန်ဆိုတဲ့ဖြစ်တည်မူ့လေးကိုချစ်တာ...ကျန်တာတွေဘာမှမလိုဘူးလေပန်ရယ်"

နှုတ်ခမ်းပါးလေးက ခပ်ရေးရေးပြုံးပြီး မျက်လွှာချထားတဲ့ ပန့်နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်တဲ့အချိန်....

"တီ....!!!!!!"

နားထဲစူးဝင်လာတဲ့ အသံရှည်တစ်ခု..
မယ် နားကိုဖိပိတ်လိုက်ပြီး ပန့်လက်ကိုလှမ်းဆွဲလိုက်ရာ ...
ပန်ကဘာမှမကြားသလို မယ့်ကိုပြုံးမြဲတိုင်းပြုံး၍ကြည့်နေသည်။

"ပန်! လာသွားရအောင်"

မတ်တပ်ထရပ်၍ ပန့်ကိုဆွဲကာထွက်သွားစဥ် ဆုပ်ကိုင်ထားတဲ့လက်လေးက တစ်ဖြည်းဖြည်းပေါ့လာသလိုရှိတာကြောင့် လှည့်ကြည့်လိုက်တော့ မယ်ခေါင်းနပန်းကြီးသွားသည်။
ပန်က လေအသွဲ့မှာတစ်ဖြည်းဖြည်းနဲ့မှေးမှိန်ပျောက်ကွယ်လာသလို တင်းကျပ်စွာဆုပ်ကိုင်ထားလည်း ပန်က လေပြေတွေလို တစ်စထက်တစ်စ မယ့်လက်ထဲမှလွတ်ထွက်ပျောက်ကွယ်သွားသည်။

"ပန်! ပန် ဘယ်ရောက်သွားတာလဲ ပန်ရေ!!"

တစ်ကြော်ကြော်အော်ခေါ်ရင်း အပြေးအလွှား လိုက်ရှာနေတုန်းမှာပဲ ကောင်းကင်ကြီးက ချက်ခြင်းမှိုင်းညို့မဲလာကာ ပတ်ဝန်းကျင်ကလည်း ခုနကလိုမဟုတ်တော့ ၊ဘာတွေဖြစ်နေတာလဲ!! ဘာမှ တွေးတောချိန် စဥ်းစားချိန်တို့မရလောက်အောင် မယ်တစ်ယောက် ယောက်ယပ်ခက်နေစဥ် မျက်လုံးထဲတိုးဝင်လာတဲ့ အလင်းစူးစူးတွေ...
မယ် မျက်လုံးတွေဖိမှိတ်ကာ အလင်းကိုလက်ဖြင့်ကာလိုက်တော့

"မယ်...!! မယ် ညီမလေး"

နားထဲသို့ရောက်လာတဲ့ ရင်းနှီးတဲ့အသံတစ်ခုကြောင့် မျက်လုံးတွေကိုအားယူဖွင့်လိုက်တော့ အဖြူရောင်မျက်နှာချက်တွေနဲ့နံရံတွေ....

"မယ်! သတိရလာပြီလား"

ဘေးနားမှာ စိုးရိမ်တကြီးမေးနေတဲ့တစ်စုံတစ်ယောက်ကိုကြည့်တော့ မသက်ဖြစ်နေသည်.
ဆန့်တန်းနေတဲ့ ခန္တာကိုယ်အနေအထားအရ ငါကကုတင်တစ်ခုပေါ်ရောက်နေတာ
တစ်ဆက်ထဲမှာပဲ အတွေးထဲဝင်လာတဲ့ အဖြစ်အပျက်တစ်ချို့က ကားတိုက်ခံရမူ့ကြောင့် သွေးအိုင်ထဲလဲနေတဲ့ ကိုယ်ချစ်ရတဲ့မိန်းကလေး...

"အ!"

ထိုးအောင့်လာတဲ့ ရင်ဘက်ကို လက်တစ်ဖက်ဖြင့်ဖိလိုက်တော့ စူးခနဲဖြစ်သွားသည့် လက်ဖျန်ရိုးမှာ ခပ်ကြီးကြီးအပ်ကနေရာယူထားသည်။ သေချာပေါက်ငါဆေးရုံကိုရောက်နေတာ၊ ဒါဆိုပန်ကရော

"မသက်! ပန်ရောဟင် ပန်ဘယ်မှာလဲ မယ့်ကိုပန့်ဆီခေါ်သွားပေးပါ"

"မယ်ရယ်...မယ် မသက်သာသေးဘူးလေ"

မသက်အပြောကြောင့် မယ် လက်မှအပ်ကိုဆွဲဖြုတ်လိုက်တော့ စိမ့်ထွက်လာတဲ့သွေးတွေကိုဂရုမစိုက်မိ.

"မယ့်ကို အခုချက်ခြင်း ပန့်ဆီခေါ်သွားပေးပါ"

_____Thantophobia_____

အတိတ်တစ်ခုကို ခဏလေးအိမ်မက်ပြန်မက်ခဲ့တယ်၊ တောင်တွေကိုချစ်တတ်တဲ့မိန်းကလေးတစ်ယောက် တောင်ပြာတန်းတွေရဲ့အလယ် အလှပဆုံးဖြစ်ခဲ့တဲ့အပြုံးတွေ ပြီးတော့ လွင့်ပျောက်သွားတဲ့သူမရဲ့ပုံရိပ်လေး လေထုထဲမှာ လိုက်ဖမ်းလို့မမိခင် ပြန်လည်ရောက်ရှိလာတဲ့ လက်တွေ့က တုန်လှုပ်စရာကောင်းလိုက်တာ။

"မယ်...အဆင်သင့်ဖြစ်ပြီလား! ဝင်ရအောင်လေ"

အခန်းရှေ့တစ်ခုဝယ် ခဲဆွဲထားသလို လေးကန်နေတဲ့ခြေထောက်တွေကြောင့် မသက်ကသတိပေးသလိုရှိလာသည်။
ဒီအခန်းတံခါးကိုဖွင့်လိုက်တာနဲ့ တိကျတဲ့အဖြေတစ်ခုကစောင့်နေမှာ ကိုယ်မရဲဘူးပန်ရယ်။ ဝဲတတ်လာတဲ့မျက်ရည်ကြည်တွေကို မျက်တောင်နှင့်ခပ်လိုက်ပြီး စိတ်ကိုစုစည်းကာ တခါးလက်ကိုင်ကိုလှည့်၍ ဖွင့်ဝင်လိုက်စဥ်
တောင့်တင်းသွားတဲ့ ခန္တာကိုယ်ဟာ ချည့်နှဲ့လွန်းစွာယိုင်ကျသွားသလို ဘေးနားကနေပုခုံးကိုဖတ်၍ လှမ်းထိန်းပေးတဲ့မသက်၌ ရှိုက်သံတစ်ခုကအင့်ခနဲ

"မဟုတ်ဘူးမလား...ဒီလိုဖြစ်စရာအကြောင်းမှမရှိတာ"

မျက်စိရှေ့တည့်တည့်တွင်မြင်နေရတဲ့ ကုတင်ထက်ဝယ် ပိတ်စအဖြူရောင်တစ်ကိုယ်လုံးလွှမ်းခြုံထားတဲ့လူတစ်ယောက်ကို ကြည့်ရင်းလက်မခံနိုင်လွန်းစွာ မယ်ရေရွတ်မိသည်။

ဆို့နစ်တင်းကျပ်နေတဲ့ရင်အစုံနဲ့ တုန်ရီနေတဲ့လက်တွေက ပိတ်အဖြူကိုမရဲတရဲအသာလှပ်လိုက်တော့ သွေးမရှိဖြူရော်နေတဲ့ချစ်ရတဲ့မျက်နှာလေးဟာ ပကတိဖြူစင်နေဆဲ...

တစ်ပေါက်ချင်းကျဆင်းလာတဲ့မျက်ရည်စတွေနဲ့လူဟာ ကမ္ဘာပျက်မတတ် မဟုတ်ဘူး ငါ့ကမ္ဘာကတစ်ကယ်ကြီးပြိုကျသွားပြီ။
ဖြူရော်နေတဲ့သူမလက်လေးတစ်ဖက်ကို တုန်တုန်ရီရီဆုပ်ကိုင်လိုက်ပြီး အတာအစီးမဲ့ကျဆင်းနေတဲ့မျက်ရည်တွေကိုဥပက္ခာပြုကာဖြင့်

"မဟုတ်ဘူး! မဟုတ်ပါဘူး...မဟုတ်ရပါဘူးပန်ရယ်...မယ်မပေးနိုင်ပါဘူး မယ့်ကလေးကို မယ်မပေးလိုက်ပါရစေနဲ့..."

ခွေယိုင်လဲကျသွားတဲ့ခြေထောက်တွေနဲ့ထုံကျင်နေတဲ့ရင်ဘက်တွေ အဆက်မပျက်ကျဆင်းနေတဲ့မျက်ရည်တွေနောက် အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့နှလုံးသားတွေ..

မထိရက်မတို့ရက် အရိပ်တစ်ကြည့်ကြည့်ချစ်ခဲ့ရတဲ့နှစ်ကာလတွေ.အဆင်ပြေစေဖို့ ရင်တစ်ခုလုံးကြည်ကြည်ဖြူဖြူခွဲပေးခဲ့ရတဲ့အခိုက်အတန့်တွေက အခုလိုကုတင်ပေါ်မှာ အသက်မဲ့စွာလှဲလျောင်းနေဖို့အတွက်ဆို ကိုယ်ကသာအမှန်တစ်ကယ်သေသင့်တဲ့လူ မင်းကသေမင်းတမန်လွဲမှားစွာခေါ်သွားခဲ့တဲ့လူပါ။

အဖြစ်အပျက်တိုင်းဟာ ဆိုးရွားလွန်းတဲ့အိပ်မက်ရှည်တစ်ခုဖြစ်ခဲ့ရင် နိုးထလာတာနဲ့ အတ္တအကြီးဆုံးလူအဖြစ် ပန့်ကိုဆွဲခေါ်ထားခဲ့ပါ့မယ် အရာရာကနောက်မကျသေးခဲ့ရင်သိပ်ကောင်းမယ်။

ပြန်မလာမှာသေချာတဲ့ ထွက်ခွာသွားခြင်းနောက် လွှတ်ချလိုက်တဲ့စိတ်တွေမှာ ဘာမျှော်လင့်ချက်မှမရှိတော့သလို ဘာမက်မောမူ့မှလည်းမရှိတော့ဘူး ​ဘာဆိုဘာမှမရှိတော့တာမျိုးပေါ့။

[မကြယ်ပွင့်ပန်]
       [အသက်၂၃နှစ်]

ဘဝတစ်ခုလုံး၊နှလုံးသားတစ်ခုလုံး၊
နောက်ပြီး အရာရာအားလုံး သူမနဲ့အတူတစ်ပါတည်းယူဆောင်သွားခဲ့ပြီး ခြားနားသွားတဲ့ အလွှာပါးပါးဘဝတစ်ခုမှာမင်းတစ်ယောက်ငြိမ်းချမ်းနေပါ့မလား

အလိုက်မသိတဲ့တိမ်တွေမှိုင်းညို့လို့ မိုးရေတွေတစ်ပေါက်ပေါက်ကျနေခြင်းကြောင့် ကိုယ်ထီးမိုးပေးထားတဲ့ မျက်စိရှေ့က သူမရဲ့မှတ်တိုင်အုပ်ဂူဖြူဖြူလေးဟာ အခွံ့ချည်းသက်သက်ကျန်နေခဲ့တဲ့ရင်ကို တစ်စစနဲ့လောင်ကျွမ်းစေတယ်။

မထင်မိခဲ့ဘူး မိုးရာသီမှာတွေ့ဆုံခဲ့တဲ့ဒီအမျိုးသမီးလေးကို မိုးရာသီမှာပဲထာဝရစွန့်လွှတ်လိုက်ရမယ်လို့။ မိုးရာသီကိုမင်းကြောင့်ချစ်တတ်ခဲ့ပြီး တစ်ဆက်ထဲမှာပဲမင်းကြောင့်မုန်းခဲ့ရပြန်တယ်။

ထွက်သွားခဲ့တဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ ဘယ်သူကပိုပြီးနာကျင်ရစတမ်းတဲ့လဲ။
မင်းမရှိတော့တဲ့ ဘေးနားကလစ်လပ်မူ့လေးက ထင်ထားထက်အထီးကျန်စရာကောင်းသလို ဝမ်းနည်းကြေကွဲစရာခြင်းတွေနဲ့လည်း အတော်လေးမွန်းကြပ်ရပါတယ်ပန်။

အဲ့ဒီနောက်ပိုင်း မယ်သည် အမြဲလိုလို ပန်နေခဲ့ဖူးတဲ့တစ်ချိန်ကအိမ်လေးမှာ ရှိနေတတ်ပြီး မှောင်မဲနေတဲ့အခန်းလေး၌လည်းရှိုက်ကြီးတစ်ငင်ငိုနေတတ်တယ်၊ တစ်ခါတလေလည်း လက်ဖျံရိုးကပြက်ရှမူ့ ဆေးအလွန်အကျွန်သောက်သုံးမူ့တွေကြောင့် ဆေးရုံတစ်နေရာမှာရောက်နေတတ်ပြန်တယ်။

စိတ်တည်ငြိမ်အောင် မသက်ခေါ်ဆောင်မူ့နဲ့တရားပွဲတွေလည်း ရောက်ဖြစ်ပါတယ် ဒါပေမယ့် ဘုန်းဘုန်းဟောတဲ့ မတည်မြဲခြင်းနိယာမ ရောက်ရင်တော့ လူကအလိုလိုပြေးထွက်မိရက်သား ငရဲကြီးချင်းလည်းကြီးပါစေ၊ မင်းကိုစွန့်လွှတ်လိုက်ရတဲ့ မတည်မြဲခြင်းအတွက်တော့ ဘယ်ဘုန်းကြီးကမှတရားမပြနိုင်ပါဘူး။

သေခြင်းတရားက အချိန်မရွေးရောက်ရှိလာနိုင်ပါတယ်ဆို ကားရှေ့အမြဲအတိုက်ခံဖြစ်တဲ့ကိုယ်ကြတော့ ဘာလို့များအသက်ရူသံတွေမရပ်တန့်ရတာလဲ ။

သတိရခြင်းဟာ တစ်မြေ့မြေ့လောင်ကျွမ်းစေနိုင်သလို တစ်​စိမ့်စိမ့်ဆွေးနေနိုင်တဲ့ စိတ်တစ္ဆနာမ်တစ်ခုရယ်ပါ။ မင်းဟာ ဘယ်တော့မပျောက်ပျက်မသွားမယ့် နှလုံးသားရုပ်ကြွင်းအဖြစ် ထာဝရစာ ရင်ဘက်ထဲမှာဖြစ်တည်သည်။

ရယ်စရာတွေ့တိုင်းဟက်ဟက်ပက်ပက် မရယ်မောဖြစ်ခဲ့တော့သလို ဝမ်းနည်းစရာတွေ့တိုင်း ဆို့ဆို့နစ်နစ်ကြေကွဲတတ်လာတယ်၊ ဥပမာ လမ်းမှာအမှတ်မထင်တွေ့တဲ့နာရေးတွေဖြစ်စေ ချစ်ရက်နဲ့ဝေးကွာသွားတဲ့စုံတွဲတွေတွေ့ရင်ပဲဖြစ်စေ ..
ချစ်တဲ့လူတိုင်းပေါင်းဖက်စေချင်ပါတယ်
ရှင်ကွဲပဲကွဲကွဲ သေကွဲပဲကွဲကွဲ ဝေးကွာခြင်းကိုက အရမ်းပူလောင်ရတာမို့လို့။

အကယ်၍ အခုလိုဇာတ်သိမ်းမျိုးနဲ့သာ မဝေးကွာခဲ့ကြဘူးဆို အသက်တွေကြီးရင့်လာတဲ့တစ်ချိန်ချိန် ကိုယ်နဲ့လက်ချင်းချိတ်ပြီး ရယ်မောပျော်ရွှင်နေမယ့် အဖွားအိုလေးဟာသေချာပေါက် မင်းဖြစ်နေမှာပန် ။

_______Thantophobia_____

next part is final

Continue Reading

You'll Also Like

65.7K 3K 21
သဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသ...
87.8K 4K 42
''ဒေါ်သစ်ခက်နွယ် + နွေရှင်းသန့်မောင်''
19.8K 1.3K 42
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
20.6K 1.1K 25
အချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡