Part: 10

1.6K 105 0
                                    

"ဒိန်း!!! ဂျလိန်း!!!"

ကျယ်လောင်စွာမြည်ဟိန်းနေတဲ့ မိုးချိန်းသံနှင့်အတူ သည်းသည်းမဲမဲရွာနေတဲ့မိုးက ညသခေါင်ကြီးကိုအုန်းဒိုင်းကြဲနေသည်။

လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်လျှက် ကုတင်ထက်ထိုင်နေတဲ့ဝိုင်းက အခုထိအိပ်ရသေးပုံမပေါ်သေး ခေါင်းငိုက်စိုက်နဲ့တစ်ခုခုကို အလွန်အမင်းကြောက်ရွံ့နေပုံပင်၊ မှောင်မဲနေတဲ့အခန်းထဲ၌ တစ်ချက်တစ်ချက်လက်သွားသည့် လျှက်စီးဝင်းဝင်းက ဝိုင်းမျက်နှာပေါ်ကျရောက်တော့ ငွေဖြူရောင်ဆံနွယ်တွေဖားယားနဲ့ ဝိုင်းရဲ့မျက်နှာဖြူဥဥက မျက်ကွင်းတွေညိုမဲနေလေသည်။

"ကျွီ !! "

အခန်းတံခါးကိုဖြည်းညင်းစွာတွန်းဖွင့်လာသံကြောင့်ခေါင်းမော့ကြည့်လိုက်တော့
ကြိုးတစ်လုံးအဖြူရောင်ဂါဝန်အရှည်လေးနဲ့ အညိုရင့်ရင်ဆံနွယ်အရှည်တွေပုခုံးပေါ်ဖြာကျလျှက်ရောက်လာပါတဲ့ပန်။

"ပန်...နင်ငါ့ဆီလာတယ်"

"ဝိုင်း ငါနင့်ဆီကနေထွက်သွားတော့မယ်"

ပန့်စကားကြောင့် အံသြထိတ်လန့်မူ့ဖြင့် ငေါက်ခနဲ မတ်တပ်ထရပ်လိုက်မိသည်။

"ဘာ!! ပန် နင်ဘာပြောလိုက်တယ်!!"

"ဟုတ်တယ်ဝိုင်း...ငါအခုကစပြီး မယ် နဲ့ပဲနေတော့မှာ"

ပန်ကအေးစက်စက်အကြည့်တွေနဲ့ မျက်နှာထက်မဲ့ပြုံးတစ်ခုကိုချိတ်ဆွဲလိုက်သည်။ ထို့နောက် မယ်နရီသည်ပန့်ရဲ့ဘေးနားသို့ရောက်လာပြီး ပန့်ခါးကိုဖတ်ကာ ဝိုင်းကိုအောင်နိုင်သူအကြည့်တွေနဲ့ကြည့်လာတာ မခံမရပ်နိုင်ဖြစ်အောင်ပါပင်။
မယုံကြည်နိုင်လောက်အောင်ပဲ သူကအိမ်ပေါ်ထိတတ်ပြီး ငါချစ်တဲ့လူကိုဆွဲခေါ်ဖို့ကြိုးစားနေတာ၊ ဒီလိုနည်းနဲ့ ငါကပန့်ကိုဆုံးရှုံးလိုက်ရမှာလား။

ရုတ်တရက် မယ်နရီကပန့်ရဲ့ပါးတစ်ဖက်ကိုရွတ်ခနဲနမ်းလိုက်ပြီး တစ်ဆက်တည်းမှာပဲနှုတ်ခမ်းတွေကိုပါနမ်းရှိုက်လေသည် ပန်ကလည်းငြိမ်သက်စွာခံယူလျှက်
နေပါဦး တစ်ခုခုမှားနေပြီ ဒါ ဒါဘယ်လိုအခြေအနေကြီးလဲ မယ်နရီဆိုတဲ့ သူက ငါချစ်တဲ့လူကိုရာရာစစ....
စိတ်တိုဒေါသထွက်သည်က တိုင်းဆမရ ချက်ချင်းသူတို့နှစ်ယောက်အနားသွားပြီး အတင်းဆွဲခွာမိသည် ဒါပေမယ့် ဘယ်လောက်ပဲအားသုံးသုံး သူတို့နှစ်ယောက်ကိုခွဲလို့မရခဲ့ သူတို့ကလည်း နည်းနည်းလေးတောင်ဂရုမစိုက်

ThantophobiaWhere stories live. Discover now