Lop_Eared Guard (နားရွက်ကျလေး...
Autorstwa Wine-Y
64.8K 5.4K 421
ငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ... Więcej
Lop_Eared Guard
အခန်း(၁) uni
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁)Zawgyi
2.5K 163 8
Autorstwa Wine-Y
မနက်ခင်းဟု ဆိုသော်လည်း မှောင်ရိပ်တို့လွှမ်းခြုံနေသေးသည့် နှစ်နာရီအချိန်၌ အမဲရောင်ဆိုင်ကယ်တစ်စီးဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေသော လမ်းမကြီးတစ်လျှောက် ကူးမားလို့ခေါ်တဲ့ အမေရိကန်တောင် ခြင်္သေ့ တစ်ကောင်ပြေးလွှားနေသကဲ့သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။ ရှည်လျားလှသော လမ်း၏အဆုံးသတ်က ငေးမျှော်ကြည့်လျှင် မိုးကုတ်စက်ဝိုင်း၏အစွန်အဖျားက ကြယ်လေးတွေနှင့် ထိစပ်နေသလားဟုင် ထင်ရစေသည်။
ခြသေ့ တစ်ကောင်၏ကျယ်လောင်သော ဟိန်းသံနှင့် လျင်မြန်စွာ ပြေးလွှားနေသကဲ့သို့ ဖြစ်နေသော ထိုအမဲရောင်ဆိုင်ကယ်မှာ ဓာတ်ဆီဖြည့်တဲ့နေရာနားမှာ ခေတ္တရပ်သွားသည်။
ညလေထုက အေးမြပြီး အယ်လ်ဖာတို့၏ ဟော်လ်မုန်းနံ့များလည်း ရောစပ်နေသည်။ အကြောင်းက ထိုဆီဆိုင်နားတွင် အယ်လ်ဖာအုပ်စုတစ်စု ရှိနေသောကြောင့်ဖြစ်သည်။ ထိုအယ်လ်ဖာများထဲမှ လက်မောင်းနှစ်ဖက်တွင် ဂီယာများဖြင့် ထိုးဖောက်ပုံဖော်ထားပြီး အရပ်မြင့်မြင့်နှင့် ဆိုင်ကယ်ဝမ်းဗိုက်တွင် မှောက်လျက်နေသော သူတစ်ယောက်က သူ့လက်ထဲက ဆေးလိပ်ဖင်ဆီဘူးကို ထိုးချေရင်း မလှမ်းမကမ်းတွင်ရပ်သွားသော ဆိုင်ကယ်ပေါ်မှကောင်လေး၏ မထီမဲ့မြင်ပြုကာ ငေးကြည့်နေသည်။
"လူချမ်းသာလေး မင်း ဘယ်သွားမလို့လဲ။"
အယ်လ်တစ်ယောက်မှ နူးညံ့သောလေသံဖြင့် မေးလာသည်။ စွပ်ကျယ်သာဝတ်ထားပြီး ရင်အုပ်ကြွက်သားများကလည်း အဖုလိုက်၊ အရစ်လိုက်ဖြစ်နေကာ လူတကာကို စွဲမက်စေဖို့ ရည်ရွယ်ကာ လစ်ဟာပြထားသလား ထင်ရစေသည်။
ဤနေရာတွင်ရှိသော အယ်လ်ဖာများကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အကြောင်းမရှိဘဲ ရန်မရှာရဲကြပေ။
ဆိုင်ကယ်ပေါ်မှကောင်လေးက ဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။ သူစီးလာသော black panther အမျိုးအစားဆိုင်ကယ်က သူ့ဘေးတွင်ဝင့်ဝင့်ကြွားကြွားရှိနေသည်။ မြောက်ပိုင်းဒေသတို့၏ နတ်ဘုရား အဖြစ်တင်စားခံရသလို ထိုဆိုင်ကယ်၏ ခံနိုင်ရည်အားက အမေရိကန်တွင်ထုတ်လုပ်သော ခရူရာစစ်သင်္ဘော ၏ ခံနိုင်အား ၊ လျင်မြန်မှုနှုန်းတို့နှင့် ညီမျှသည်။ ထိုဆိုင်ကယ်၏ ၈၅ရာခိုင်းနှုန်းလောက်က လက်ဖြင့်သာတပ်ဆင်ပြုလုပ်ထားခြင်းဖြစ်ပြီး စံနှုန်းတစ်ခုအနေဖြင့် အစီးရေ ၂၅၀၀သာ ထုတ်လုပ်နိုင်သည်။ ယခု ထိုကောင်လေးစီးထားသည်မှာလည်း ထပ်ပြီး မထုတ်လုပ်တော့သည့် ဆိုင်ကယ်အမျိုးအစားထဲမှ ဖြစ်လေသည်။
ကောင်လေးက အမဲရောင်ဆိုင်ကယ်စီး ဦးထုပ်ကိုဆောင်းထားပြီး သူ့ရဲ့ သွယ်လျသော ကျောရိုးကောက်ကြောင်းမှာ ရေလှိုင်းလေး နွဲ့နောင်းနေသကဲ့သို့ စွဲမက်စရာကောင်းလှသည်။ အယ်လ်ဖာတစ်ယောက်အနေဖြင့် လည်ပင်းတွင်ဝတ်ထားသော စတီးပတ်ကိုကြည့်ပြီး သူက လည်ပင်းက ဟော်လ်မုန်းအကျိတ်ကို ကာကွယ်ဖို့ စတီးပတ်ဝတ်ထားသည်ဟု သိနိုင်သည်။
ထိုကဲ့သို့ စတီးပတ်ဝတ်ထားခြင်းအပေါ် အယ်လ်ဖာက အထင်အမြင်သေးသည်။ ထိုစတီးပတ်တွေက ကြည့်ရုံနဲ့တင် အကောင်းဆုံးစတီးနဲ့ပြုလုပ်ထားပြီး ခိုင်ခံ့ကာ လည်ပင်းတွင်ရှိသော အထိအခိုက်မခံနိုင်သည့် အားနည်းသောနေရာလေးအား အပြည့်အဝကာကွယ်ပေးထားမှန်း သိသာစေသည်။
သို့ပေမယ့် ထိုကဲ့သို့ လည်ပင်းက ချိုမြသောအမွှေးကျိတ်လေးအား ကာကွယ်ဖို့ ဝတ်ဆင်ထားသည်ဟုဆိုသော်လည်း လေထုတစ်ခုလုံးအား လွှမ်းမိုနေသည့် ရနံ့သင်းသင်းလေးကိုတော့ မထုတ်လွှတ်ဖို့ မတားဆီးနိုင်ပေ။
ထိုရနံ့က နူးညံ့ပြီး ချိုမြသည်။ အချိုမုန့်ကို နူးညံ့ခြင်းနှင့်ချိုမြခြင်းတို့ အချိုးကျပေါင်းစပ်ထားသည်ဟုထင်ရစေသည်။ ထိုရနံ့အား ရှူရှိုက်မိသည့် အယ်လ်ဖာများအား မြည်းစမ်းကြည့်ဖို့ ဆွဲဆောင်နေပြီး ထိုနူးညံ့မှုနှင့် ချိုမြမှုတို့ကို ပေါင်းစပ်ကာ ခံစားမိသည့် တစ်ခနက အပူချိန်အမြင့်ဆုံးဖြင့် ဆူပွတ်လာသည့် ရေနွေးလို ခန္ဓာကိုယ်ထဲမှ သွေးတို့အား ပွတ်ပွတ်ဆူနေစေသည်။
မျက်ဝန်းအကြည့်တို့က တစ်ချို့သောအယ်လ်ဖာများတွင်သာ တွေ့ရတတ်သော သွေးကြောမျှင်များနှင့် ဆာလောင်နေသည့် ဝံပုလွေက အသတ်ခံရတော့မှာကို မသိပဲ မြောက်ကြွနေသော သိုးငယ်ကို စူးစိုက်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ အလိုရမက်တို့ပြည့်နေသော ထိုမျက်ဝန်း၏ အရောင်ကိုသာ မြင်နိုင်မည်ဆိုလျှင် သေချာပေါက် အစိမ်းရောင်တောက်တောက် ဖြစ်နေလိမ့်မည်။
'ကြည့်ရတာ သူက အိုမီဂါ ထင်တယ်'
ချိုမြတဲ့ ဟော်လ်မုန်းတွေနဲ့ အိုမီဂါက အခု သူတို့ရှေ့မှာ ရပ်နေတယ်။ ထို့အိုမီဂါ၏ရနံ့က သကြားရည်ထဲနှစ်ထားတဲ့ အဖြူရောင်နို့သကြားလုံးလေးလိုပင် . ချိုမြမှုသည် အတိုင်းအဆမဲ့နေပြီး ယခုထိ အမှတ်အသားပင်မရှိသေးသော ဤကဲ့သို့ ဆွဲဆောင်မှုရှိလွန်းသည့် အိုမီဂါ၏ ဆွဲဆောင်မှုမှ လွတ်မြောက်နိုင်ဖို့လည်း မတတ်နိုင်ချေ။
ယန်ယိက သူ့ရဲ့ဆိုင်ကယ်ဦးထုပ်အား ချွတ်လိုက်သည်။ ပြေးလွှားကျီစယ်နေသည့် လေပြေတွေက သူ့ရဲ့ မီးခိုးရောင်တောက်တောက်ဆံနွယ်တွေကြား တိုးဝင်ဖြတ်တိုက်သွားပြီး မွှေးပျံ့သော ချိုမြသည့် ရနံ့သည်လည်း ဓာတ်ဆီနံ့ကို ဖုံးသွားသည်အထိ လေထုထဲပိုလို့ လွင့်ပျံသွားသည်။
နူးညံ့သောနားရွက်နှစ်ဖက်က မီးခိုးရောင်ဆံပင်များကြားမှ တွဲလောင်းကျနေသည်။ သွေးရောင်ကဲ့သို့ ချင်းချင်းနီနေပြီး ယန်ယိက နားရွက်ကထုံကျဉ်မှုအား သက်သာစေဖို့ လက်ဖြင့် ပွတ်သပ်ကာနေသည်။ သူ့ခါးတွင် ပစ္စည်းတွေသယ်ဆောင်ဖို့ ပတ်ထားသည့် ခါးပတ်အိတ်မှ သေတ္တာကိုထုတ်ပြီး ဖွင့်လိုက်သည်။ ကံဆိုးသည်ဟု ဆိုရမလား သေတ္တာထဲတွင် သူ့အဖို့ စိတ်ဆန္ဒတွေကို တားဆီးထားဖို့ ထိန်းချုပ်ဆေးထိုးအပ်တွေ တစ်ခုတောင် ကျန်မနေတော့ပေ။ ခန္ဓာကိုယ်အတွင်းမှ ပူလောင်နေမှုက ယန်ယိအား နေရထိုင်ရခက်စေသည်။ ဤကဲ့သို့ အချိန်မျိုးမှာ သူ့ရဲ့ စိတ်ဆန္ဒတွေ ပြေလျောစေဖို့ အယ်လ်ဖာရဲ့ ဟော်မုန်းက သေချာပေါက် လိုအပ်နေသည်။ နီရဲနေသည့် နားရွက်လေးတွေက အထိအတွေ့တွေကို တောင်းတနေပြီး သူ့လည်ပင်းတွင်ရှိသော ဟော်လ်မုန်းအကျိတ်ကလည်း ပျားလေးတွေ မိတ်လိုက်ဖို့ ရနံ့တွေထုတ်သကဲ့သို့ မွှေးရနံ့များ ထုတ်လွှတ်နေသည်။ ထိန်းချုပ်ရခက်ခဲသော ခန္ဓာကိုယ်က နာကျင်စပြုလာပြီး တဖြည်းဖြည်းပြင်းထန်လာသည်က ပြင်းပြနေသော စိတ်ဆန္ဒတွေကို သက်သာစေဖို့ သူ့အား သင့်တော်သည့် အယ်လ်ဖာတစ်ယောက်အမြန်ရှာဖို့ သတိပေးနေသည်။
ယန်ယိက သန့်ရှင်းလတ်ဆတ်သောလေထုအား ရှူရှိုက်လိုက်ပြီး သူ့နားတွင်ရှိသည့် ဝန်ထမ်းအား ပြောလိုက်သည်။
"ဆီ အပြည့်ထည့်မယ်"
ထိုဝန်ထမ်းက ဗီတာတစ်ယောက်ဖြစ်သည့်အတွက် ယန်ယိ၏ ဟော်လ်မုန်းတွေအပေါ် တုံ့ပြန်မှုတော့ မရှိပေ။ သို့ပေမယ့် တည်ကြည်ခန့်ငြားပြီး ဆွဲဆောင်မှု ရှိလွန်းသော မျက်နှာတွင်တော့ မှင်သက်ကာ နေမိသည်မှာ သူ့ဆီထည့်ပိုက်က ဘယ်ခလုတ်ကို နှိပ်ရမည်ကိုပင် သတိမရတော့ချေ။
"တောင်းပန်ပါတယ် . တောင်းပန်ပါတယ် . "
သူက ခေါင်းငုံ့ကာ တောင်းပန်သည့်စကားအား အကြိမ်ကြိမ်ပြောနေရင်း ယန်ယိပြောသည့်အတိုင်း ဆီအပြည့်ဖြည့်ပေးဖို့ ပြင်လိုက်သည်။
ယန်ယိက တစ်ဖက်သို့ စောင်းလိုက်ပြီး သူ့ရဲ့လက်မောင်းတွေအား တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ တုန်ရီနေသော လက်ချောင်းများဖြင့် အိတ်ကပ်ထဲက မီးခြစ်နှင့် စီးကရက်အား ထုတ်လိုက်သည်။ မီးခြစ်မှတောက်လောင်လာသည့် မီးတောက်ကိုကြည့်ပြီး အားနည်းနေသည့် သူ့အား သတိပေးနေသလို ထင်ရစေကာ စိတ်ရှုပ်စွာဖြင့် မီးခြစ်နှင့် စီးကရက်အား အိတ်ထဲ ပြန်ထည့်လိုက်သည်။
မြိုင်ကျဖို့ ဆန္ဒပြင်းပြနေတဲ့ အိုမီဂါ နားရွက်ကျယုန်လေးက အခုထိလည်း အမှတ်အသား မလုပ်ရသေးဘူး။'
ဒါက ဘယ်လိုနူးညံ့ပြီး ဆွဲဆောင်မှုရှိလှတဲ့ စကားစုလဲ။ သူ့ရဲ့ အဓိပ္ပါယ်က အယ်လ်ဖာအတွက် အရသာအရှိဆုံး စားသောက်ဖွယ်ဖြစ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုလိုနေတာ မဟုတ်ဘူးလား။ အင်္ကျီကအစ သန့်စင်နေပြီး သေးသွယ်သော ခြေချင်းဝတ်နဲ့ ခါးသွယ်သွယ်တို့က တပ်မက်စရာကောင်းလှသည်။ လှုပ်ရှားဖို့ရန်ခက်ခဲအောင်ပင် မှင်သက်နေမိပြီး သူ့ရဲ့ကိုယ်ထဲသို့ တစ်ကြိမ်ထက်ပိုသော တိုးဝင်မှုများပြုလုပ်ချင်သည်။ လည်ပင်းနားက အထိမခံတဲ့ ဟော်လ်မုန်းကျိတ်ထဲကို အယ်လ်ဖာတစ်ယောက်၏ကိုယ်ပိုင်ဟော်လ်မုန်းတွေ ထိုးသွင်းလိုက်ပြီး သွားစွယ်များဖြင့် ကိုက်လိုက်ချင်သည်။ နူးညံ့လွန်းနေသော နားရွက်လေးကို ကိုက်ခဲပြီးလည်း ဒီအိုမီဂါအား ပိုင်ဆိုင်ပါသည်' ဟူသော ဝင့်ကြွားမှုကို ဖန်တီးလိုက်ချင်သည်။ သူ့ရဲ့ ဝမ်းဗိုက်အတွင်းသို့ တိုးဝင်လိုက်သည်နှင့် စိတ်လှုပ်ရှားစေသော ချွဲပြစ်ပြစ်အရည်များ ကုန်ခမ်းသွားသည်အထိ ၊ တုန်ရီနေသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ချွေးနဲ့ မျက်ရည်များကိုပင် လျှာဖြင့်လျက်ကာ သောက်သုံးလိုက်ချင်အထိ စိတ်ဆန္ဒတို့ ပြင်းပြလာလိမ့်မည်။
ဤကဲ့သို့ ရှားပါးမျိုးစိတ် အိုမီဂါက ရေကန်၏အပေါ်ယံမျက်နှာပြင်အား ဖုံးအုပ်ထားသည့် ရေခဲလွှာပါးပါးလေးကဲ့သို့ ပျက်စီးလွယ်ပြီး ထိချင်လျင်ပင် ပျက်စီးသွားနိုင်သည်။
နီရဲကာ တောက်လောင်နေသော မျက်ဝန်းအကြည့်များဖြင့် ယန်ယိအနားသို့ လျှောက်လာသည်။ ထိုအယ်လ်ဖာက အကုန်လုံးထဲတွင် အခန့်ငြားဆုံးဖြစ်ကာ တစ်ခြားသောအယ်လ်ဖာများထက်လည်း အရပ်ပိုမြင့်သည်။ အင်္ကျီ တစ်ဝက်ထိသာ ဆွဲတင်ထားနိုင်သော အမဲရောင်ဂျက်ကတ်၏ဇစ်က မို့မောက်ကာတင်းရင်းနေသော ရင်ဘတ်ကြွက်သားများအား ပိုလို့ ဆွဲဆောင်မှုရှိနေစေသည်။
"မင်းက သိပ်ကိုလှတာပဲ ယုန်ဖြူလေး ."
စွဲမက်ဖွယ်ကောင်းသော စကားတစ်ခွန်းနဲ့ သူက ယန်ယိအားချဉ်းကပ်ဖို့ စတင်လာသည်။ သူ့ရဲ့အရှေ့မှာရှိတဲ့ အိုမီဂါက အမှတ်အသားလည်း မရှိသေးသလို မြိုင်ကျချိန်လည်း ရောက်နေသည်တဲ့။ အသက်ရှူသံများပင် ပြင်းထန်သွားခဲ့သည်။ ဒါက ဒုတိယအမိန့်ဖြင့် ဟော်လ်မုန်းဆဲလ်တွေကို ခွဲထုတ်နိုင်သော ခြင်္သေ့ တစ်ကောင်နှင့်တူသည်။
အကြောင်းက အယ်လ်ဖာများ၏ ကာမအတွက်ထုတ်လွှတ်လိုက်တဲ့ဟော်လ်မုန်းဆဲလ်နဲ့ အစာအတွက်ထုတ်လွှတ်သည့် ဟော်လ်မုန်းဆဲလ်က အတူတူသာ ဖြစ်ပြီး ပထမအကြိမ်ဖြစ်ပေါ်သော စိတ်၏ခိုင်းစေမှုဖြင့်သာ ဆဲလ်များအား ခွဲထုတ်နိုင်သည်။ ခြင်္သ​နှေ့င့်တူသော အယ်လ်ဖာများမူတော့ ပထမခိုင်းစေမှုဖြင့် ဟော်မုန်းဆဲလ်တွေကို ခွဲထုတ်နိုင်ပြီး ဒုတိယအကြိမ်စေခိုင်းမှုဖြင့် ကာမအတွက်စွမ်းဆောင်ဖို့ အကောင်းဆုံးသော ဟော်လ်မုန်းဆဲလ်များကို ခွဲထုတ်ကာ သယ်ဆောင်နိုင်ကြသည်။ အားလုံးထဲမှာမှ တစ်ယောက်သာ ခြင်္သ​ကေဲ့သို့ စေခိုင်းမှုနှစ်ခုဖြင့် ဟော်လ်မုန်းများကို ခွဲထုတ်နိုင်သောကြောင့် ခြင်္သ​နှေ့င့်တူသော အယ်လ်ဖာများသည်လည်း ရှားပါးမျိုးစိတ်ထဲတွင် ပါဝင်သည်။ ထို့အပြင် သူတို့က အုပ်စုရဲ့ ခေါင်းဆောင်လည်း ဖြစ်ကြသည်။
ခြင်္သေ့ အယ်လ်ဖာများက အုပ်စု၏ခေါင်းဆောင်ဖြစ်သည့်အလျောက် ညသန်းခေါင် အမဲလိုက်ထွက်ရင်တောင် သားကောင်ကို အမိအရဖမ်းမိကြပြီး ဤကဲ့သို့ သန်မာပြီး ဩဇာလွှမ်းမိုးနိုင်သော အယ်လ်ဖာများက အားနည်းသော အိုမီဂါ များ၏ လိုချင်တပ်မက်မှုကိုလည်း ခံရသည်။
ခြင်္သေ့ အယ်လ်ဖာက သူ့ရဲ့ ဆွဲဆောင်မှုနှင့် ဟော်လ်မုန်းလုပ်ဆောင်နိုင်မှုအပေါ် ယုံကြည်မှုအပြည့်အဝရှိပြီး အခု သူ့အရှေ့တွင်ရှိသော နားရွက်ကျယုန်ကလေးအား လိုချင်တပ်မက်မိနေပြီ ဖြစ်သည်။ အခုချက်ချင်းပဲ ထိုယုန်ဖြူ၏ ကိုယ်အတွင်းသို့ သူ့ရဲ့ အင်္ဂါ ကို ထိုးသွင်းလိုက်ချင်ပြီး သေးသွယ်သောခါးလေးကို ကိုင်ကာ အားနည်းလွန်းသည့် သူ့၏အနောက်တစ်နေရာအား ထိတွေ့လိုက်ချင်သည်။ နီရဲနေသည့် နားရွက်ဖျားလေးကို သွားဖြင့်ကိုက်ပြီး ပိုင်ဆိုင်ကြောင်း အမှတ်အသားလည်း ပြုလုပ်လိုက်ချင်သည်။
ယန်ယိက မြိုင်ကျချိန်ကာလကြောင့် နဂိုကတည်းက အားနည်းနေပြီး ယခုကဲ့သို့ သန်မာသောအယ်လ်ဖာတစ်ယောက်၏ ပရောပရည်ပြုလုပ်မှုကို ခံနေရတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်က ပိုလို့နာကျင်လာသည်။ သွေးကြောလေးများ ပေါက်ထွက်တော့မည့်အတိုင်း နာရွက်များကလည်း ပူလောင်နေပြီး ပြင်းပြသည့် ဟော်လ်မုန်းနံ့များက သူ့ရဲ့အရိုးများအထိ တိုးဝင်ကာ ထိုးဖောက်နေသလိုပင်။ ဟော်လ်မုန်းနံ့များကြောင့် ယန်ယိ၏ခန္ဓာကိုယ်မှာ ပိုလို့ အားနည်းလာပြီး နှုတ်ခမ်းများပင် ဖြူဖျော့လာသည်။
'သူ့ရဲ့ ခုခံနိုင်မှုက နောက်ထပ်တစ်ဆင့်ဆို ခံနိုင်ရည်မဲ့သွားတော့မည်'
ခြင်္သေ့ အယ်လ်ဖာက ယန်ယိ၏ အားနည်းနေပုံကိုကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် ယန်ယိလည်ပင်းက စတီးပတ်ကိုဖြုတ်ဖို့ လက်ကိုဆန့်တန်းကာ အနားသို့ ဂရုတစိုက်နှင့် တိုးကပ်လာသည်။
သို့ပေမယ့် သူ့ရဲ့ ကြိုးစားမှုက နောက်တစ်ဆင့်သို့ မရောက်ခင် အေးစက်နေသော ပစ္စတို၏ ထိပ်ဖျားက သူ၏နဖူးပေါ်သို့ ထိကပ်လာသည်။ ရုတ်တရက် ထိတ်လန့်သွားမှုနဲ့အတူ သူက ယန်ယိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ယန်ယိ၏ကိုယ်ပေါ်မှ ချိုမြသည့် ရနံ့များက တိုက်ခိုက်လိုစိတ်များ ရောယှက်လာသည်။
"လူကြီးမင်း . ကျွန်တော့်ကို တစ်ယောက်တည်း နေခွင့်ပြုပါ"
နူးညံသောလေသံဖြင့် ယန်ယိက ရိုကျိုးစွာ ပြောလိုက်သည်။ နှစ်ကီလိုဂရမ်မျှလေးသော (ကန္တာရလင်းယုန်) ပစ္စတိုသေနတ်က ယန်ယိ၏လက်ထဲတွင်တော့ မည်သည့်အလေးချိန်မှမရှိသလို ပေါ့ပါးနေသည်ဟု ထင်ရသည်။ ဆယ်လက်မမျှရှည်သော ကျည်ထွက်ရာပြောင်းနေရာ၏အပေါ်၌ မှန်ပြောင်းလည်း ပါသေးသည်။ ယန်ယိကဲ့သို့ အားနည်းသော အိုမီဂါတစ်ယောက်က သေနတ်တစ်လက်ကိုင်ထားသည်မှာ မြင်ရသူများအား မှင်သက်သွားစေသည်။ သေးသွယ်သောလက်ချောင်းလေးများကြောင့် အားနည်းသူ'ဟု ထင်ရပေမယ့် မယုံချင်လောက်အောင်ပဲ ထိုသေးသွယ်သောလက်ချောင်းများက သေနတ်ကိုကိုင်တွယ်နိုင်ကြသည်။
"ငါ ဘယ်သူလဲ မင်းသိလား။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်တစ်ယောက်ကမှ ငါ့မျက်နှာကို သေနတ်ချိန်ထားဖို့ မဝံ့ရဲကြဘူး။"
ခြင်္သေ့ အယ်လ်ဖာက အေးစက်မာထန်နေသော မျက်နှာထားဖြင့် ယန်ယိအား ပြောလိုက်သည်။
အခုနေ ယန်ယိ၏ အားနည်းနေသော ခန္ဓာကိုယ်မှာ ဒန်ဒလိပန်းကဲ့သို့ လေဖြင့်မှုတ်လိုက်လျင်ပင် တစ်လွှာချင်းလွင့်ကြွေသွားတော့မယောင် ဖြစ်နေသည်။
"ကျွန်တော့်လက်ထဲက သေနတ်က ပထမဆုံးအကြိမ်အတွက်လည်း ရလဒ်ကောင်းနိုင်ပါတယ် လူကြီးမင်း"
ယန်ယိ၏ ပြုံးရိပ်သန်းနေသော နှုတ်ခမ်းများမှ ထွက်လာသည့် စကားကြောင့် ဆူညံလျက်ရှိသည့် ဆီဆိုင်က ရုတ်ချည်းတိတ်ဆိတ်သွားပြီး အကုန်လုံးက သူတို့ရဲ့ မောက်မာလွန်းတဲ့ သခင်အား အကဲစမ်းကာ စိုက်ကြည့်နေကြသည်။
'ဒီ နားရွက်ကျယုန်ကလေးကို စားတော့မှာလား ပေါ့'
ဆီထည့်လို့ပြီးသွားတဲ့အခါ ယန်ယိက ဆိုင်ကယ်ဦးထုပ်ကိုပြန်ဆောင်းပြီး ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုးလိုက်သည်။ ဆိုင်ကယ်ရှေ့မီးက ခြင်္သေ့ အယ်လ်ဖာ၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး မကြာခင်မှာပဲ ကျယ်လောင်သော ဟိန်းသံနှင့် ယန်ယိ၏ဆိုင်ကယ်မှာ ဓာတ်ဆီဆိုင်မှ မောင်းထွက်သွားခဲ့သည်။
ခြင်္သေ့ အယ်လ်ဖာက ထွက်သွားပြီဖြစ်သော ယန်ယိအား ငေးကြည့်နေခဲ့သည်။ နူးညံ့ကာတည်ကြည်နေသော မီးခိုးရောင်မျက်ဝန်းအိမ်ထဲ၌ အထီးကျန်မှုများထင်ဟပ်လာပြီး ထီးတည်းကျန်ခဲ့သည့် ပန်းပွင့်လေးလို ဖြစ်နေပေမယ့် စိတ်မကောင်း ဖြစ်စရာတော့ ဘယ်ဟုတ်မလဲ။
ဘယ်သူက ဒီနူးညံ့တဲ့ အိုမီဂါလေးကို ပိုင်ဆိုင်ရမှာလဲ။ သူက မြိုင်ကျချိန်ကာလမှာ ရောက်နေပြီး အယ်လ်ဖာ၏ဂရုစိုက်မှုမရှိဘဲ သူ့ဆန္ဒကို သက်သာစေဖို့က ခက်ခဲနေမည်။
ဆီဆိုင်မှထွက်လာပြီးနောက် ယန်ယိ၏ဆိုင်ကယ်လေးက မှောင်မိုက်ပြီးတိတ်ဆိတ်နေသော လမ်းပေါ်သို့ ဘေးနားက လယ်ကွင်းပေါင်းများစွာကို ဖြတ်ကျော်ကာ မောင်းနှင်နေခဲ့သည်။ လမ်းကျဉ်းလေးတစ်ခုသို့ ရောက်တဲ့အခါ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော မိန်းမကြီးတစ်ယောက်အား တွေ့ရသည်။ အပြာရင့်ရောင် ပုဝါလေးကို သူမဦးခေါင်းတွင် ချည်နှောင်ထားပြီး ခရမ်းရောင်ခန္ဓာမာ ပန်းထိုးထားသည့် နားထင်နားနေရာကိုကြည့်လျှင် သူက အိုမီဂါတစ်ယောက်မှန်း သိသာစေသည်။
ယန်ယိက ထိုမိန်းမကြီး၏ ဆယ်မီတာအကွာတွင် ဆိုင်ကယ်ကိုရပ်လိုက်ပြီး ဒါဆိုရင် သူ့ရဲ့ ဆေးလိပ်နံ့ကြောင့်လည်း မသက်မသာဖြစ်စေမှာ မဟုတ်တော့ဘူး။
"ယုန်လေးက မြိုင်ကျချိန် ရောက်နေတာပဲ။ အယ်လ်ဖာရဲ့ ဂရုစိုက်မှုမရှိပဲ မင်းဆန္ဒတွေသက်သာစေဖို့က ခက်ခဲမှာပေါ့။ မင်း သူနဲ့ မတွေ့ရသေးဘူးလား။"
မျက်ခုံးကြုံ့ကာဖြင့် မိန်းမကြီးက ပြောလာသည်။ ယန်ယိ၏ ပါးလေးတွေက ရှက်သွေးဖြာမှုကြောင့် နီရဲသွားပြီး ဆိုင်ကယ်ဦးထုပ်မှ အောက်သို့လျှောကျနေသော နားရွက်များမှာလည်း အကာအကွယ်ပေးဖို့ ပါးနှစ်ဖက်အား ဖုံးအုပ်လိုက်ကြသည်။
"ဟုတ်တယ် ကျွန်တော့်ရဲ့ အယ်လ်ဖာနဲ့ အခုထိမတွေ့ရသေးဘူး။"
ယန်ယိက နီရဲနေသော မျက်နှာလေးဖြင့် နူးညံ့စွာပြန်ဖြေလိုက်သည်။
"မနေ့က ဝယ်သွားတဲ့ နှင်းဆီပန်းက မလန်းတော့ဘူးလေ။ သူ မကြိုက်တော့ဘူး။"
"ရော့ ဒါ သူ့ကိုပေးလိုက်။ ပြီးရင် သူအခန်းထဲဝင်လာတာနဲ့ ချိုမြတဲ့ အနမ်းလေးပေးဖို့လည်း မမေ့နဲ့အုံး။ အဲ့ဒီကလေးက မင်းအပေါ် စိတ်ရောက်လာမှာပါ။ "
မိန်းမကြီး၏စကားကြောင့် ယန်ယိ၏မျက်ဝန်းများက နူးညံ့သွားပြီး သူ့ကိုကမ်းပေးနေသည့် နှင်းဆီပန်းစည်းထဲမှ တစ်ပွင့်ကို ယူလိုက်သည်။ ထို့နောက် သူ့အိတ်ထဲက တစ်ဆယ်ဒေါ်လာကို မိန်းမကြီးအား ပေးလိုက်သည်။ မိန်းမကြီးက ယန်ယိကမ်းပေးတဲ့ ပိုက်ဆံကို ယူကာ သေချာခေါက်ပြီး သူ့ရဲ့ ဇာအနားကွတ်ထားတဲ့ အိတ်လေးထဲသို့ ထည့်လိုက်သည်။
ယန်ယိက ဒီနှင်းဆီခြံ၏ အမြဲတမ်းလာဝယ်နေကျ ဖောက်သည်တစ်ယောက်ဖြစ်ပြီး သူအလုပ်တွေပြီးလို့ အိမ်ပြန်တိုင်း သူ့ရဲ့ အယ်လ်ဖာအတွက် နှင်းဆီပန်းလေးတစ်ပွင့်ကို အမြဲတမ်း လာဝယ်တတ်သည်။ သို့ပေမယ့် နှင်းဆီပန်းတွေက ဈေးကြီးပြီး ယန်ယိကဲ့သို့ သာမန်လစာနဲ့ လူတစ်ယောက်က ပန်းစည်းကြီးကြီး ဝယ်ဖို့အထိ မတတ်နိုင်ပေ။ ထိုပန်းစည်းကြီးကိုဝယ်ပြီး နွမ်းခြောက်သွားမှာကို ထိုင်ကြည့်ပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်ရမှာက ယန်ယိအဖို့တော့ ဖြုန်းတီးရာ ရောက်လေသည်။
'ဒါပေမယ့် သူ နှင်းဆီပန်းလေး တစ်ပွင့်တော့ ဝယ်ရမယ်'
အိမ်အပြန်လမ်းမှာ ညှိုးခြောက်သွားနိုင်ပေမယ့် အရမ်းကြီး စိတ်မပင်ပန်းလောက်ပါဘူးလေ။
***
အမဲရောင်ဆိုင်ကယ်ဦးထုပ်က ယန်ယိ၏ ဖြူဖျော့နေသော မျက်နှာအား တစ်ဝက်သာ မြင်ရစေပြီး ချွေးများကြောင့် ဆံပင်များလည်း ရွှဲနစ်နေသည်။ ယန်ယိ ဆိုင်ကယ်ကို ကားပါကင်မှာ ထားပြီး ဓာတ်လှေကားထဲသို့ ဝင်လာသည့်အချိန်၌ ယန်ယိ၏တစ်ကိုယ်လုံးက ချွေးများဖြင့် ရွှဲနေသည်။
ဆန္ဒတွေပြင်းထန်လှသော မြိုင်ကျချိန်ကာလအား ထိန်းချုပ်ဆေးသောက်ပြီး တားဆီးထားသည်က အငတ်ပြေဖို့ အဆိပ်ကို သောက်ထားရသလိုပင်။ ယန်ယိအတွက် နှစ်စဉ်ကြုံတွေ့ရသော ယခုလိုကာလက ခက်ခဲပြီး သားရဲတစ်ကောင်က သူ့ကိုယ်ထဲ အရှိန်အဟုန်ဖြင့် ပြေးလွှားနေကာ သွေးကြောတစ်ခုစီတိုင်းအား ထိုးနှက်နေသလို နာကျင်နေရသည်။ အသက်ပင် မရှူနိုင်လောက်အောင် နာကျင်နေမှုကို ယန်ယိခံစားရသည်။
ဓာတ်လှေကားထဲမှထွက်လာပြီးနောက် ယန်ယိက အိမ်ထဲသို့ ဝင်ပြီး အိပ်ခန်း၏အရှေ့သို့ ဦးစွာသွားလိုက်သည်။ သူ့ရဲ့ အယ်လ်ဖာက အိပ်ခန်းထဲမှာရှိနေပေမယ့် သူတတ်နိုင်သည်က အခန်းရှေ့၌ ဒူးထောက်ထိုင်ပြီး သူ့အယ်လ်ဖာ၏ ရနံ့အား ပြင်းပြစွာ ရှူရှိုက်မိခြင်းသာ ဖြစ်သည်။
'ကျွန်တော် အခု မြိုင်ကျချိန်ကာလ မှာ . ကျွန်တော့်အတွက် ကျွန်တော့်ခန္ဓာကိုယ်ကို ထိတွေ့ပေးဖို့ ကျွန်တော့်ရဲ့ ခွန်အားကြီးမားတဲ့ အယ်လ်ဖာအား တောင်းဆိုချင်တယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ထိပေးဖို့ပါပဲ ကျန်တာတွေ ယန်ယိမလိုအပ်ဘူး။ '
'သူ့ရဲ့ အယ်လ်ဖာက သူ့ခန္ဓာကိုယ်ကို ထိတွေ့ပေးနေသည့် အလျောက် ပြင်းထန်နေသည့် စိတ်ခံစားချက်တွေလည်း ဟော်လ်မုန်းရနံ့များနဲ့ ပြေလျော့သွားလိမ့်မယ်'
ရေထဲပြုတ်ကျထားတဲ့ ယုန်ငယ်လေးလို ယန်ယိ၏ခန္ဓာကိုယ်က သိပ်ကိုအားနည်းနေသည်။ သူက နှင်းဆီပန်းလေး လက်ထဲဆုပ်ကိုင်ပြီး တံခါးအရှေ့၌ မတ်တပ်ရပ်နေသည်။ တံခါးကိုဖွင့်ဖို့ လက်လှမ်းလိုက်တဲ့အချိန် အိပ်ခန်းထဲမှ သူ့အယ်လ်ဖာ၏ စူးရှသောဟော်လ်မုန်းနံ့များ ပျံ့လွင်လာပြီး ယန်ယိ၏ ဟော်လ်မုန်းကျိတ်အား ကျီစယ်မှုပြုလေသည်။ ထို့နောက် ဆက်ပြီး ထွက်ပေါ်လာသည့် အိုမီဂါ၏ စိတ်မသက်မသာဖြစ်ဖွယ် ညှီနံ့တစ်ချို့နှင့် ညည်းညူသံတို့က ယန်ယိ၏ နောက်ဆုံးခံနိုင်ရည်အား ချွန်ထက်လှသည့် ဓားသွားဖြင့် ပွတ်တိုက်ဖြတ်လိုက်သလိုပင်။
ညည်းညူသံတွေက အိပ်ခန်းထဲမှ အဆက်မပြတ်ထွက်ပေါ်နေသည်။ ပြင်းထန်သော အသက်ရှူသံများအောက်မှ လှပသော အိုမီဂါ၏ တောင်းဆိုသံများလည်း ပျံ့လွင့်နေသည်။
"အကိုကျင် ဒီထက် နာအောင် လုပ်ပေးပါ"
နှလုံးသားထဲမှ သွေးကြောမျှင်များက ရုတ်ချည်း အေးစက်သွားသည်။ ထပ်ခါထပ်ခါ ဖြစ်နေသည့် တိုင်အောင် လစ်လျူရှုဖို့ ကြိုးစားနေသည့်တိုင်အောင် . သူ့အတွက်တော့ အသားကျခြင်း'က ဘယ်တုန်းကမှ ရှိမလာချေ။ ယန်ယိ၏ မျက်ဝန်းများက အထီးကျန်ဆန်လာသည်။ ခံစားချက်တွေလည်း မဲ့ကာ သူ့လက်ထဲက ပစ္စတို၏ ထိပ်ပြောင်းကလည်း တံခါးနားသို့ ချိန်ထားလျက်သားဖြစ်နေသည်။
မြင့်မားသော အကြားအာရုံက နားရွက်ကျယုန်မျိုးစိတ်တို့၏ အားသာချက်ဖြစ်ပြီး မျက်စိဖြင့် မကြည့်ပဲ အသံလေးနားထောင်ရုံနဲ့တင် ထိုအခန်းထဲမှ အိုမီဂါ၏ ဦးခေါင်းအား ထုတ်ချင်းပေါက်သွားအောင် ယန်ယိလုပ်နိုင်သည်။
ခက်သည်က သူ့နားထဲ တိုးဝင်လာသည့် အသံတွေက သူ့သွေးကြောတို့အား ပေါက်ထွက်စေရန် လှုံ့ဆော်မှုပေးနေပြီး အသွေးအသားတစ်ခုစီမှ နာကျင်မှုကိုလည်း ဖြစ်ပေါ်လာစေသည်။ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော သေနတ်အား ပြန်ချပြီး သက်ပြင်းလေးချမိသည်နှင့် တံခါးအားမှီတွယ်ရင်း ယန်ယိ၏ ခန္ဓာကိုယ်မှာ အားနည်းစွာ ခွေယိုင်လဲသွားသည်။
ကြမ်းပြင်တွင် ဒူးထောက်ထိုင်းရင်း သူ့မျက်ဝန်းတွေက ခံစားချက်များမဲ့နေသည်။ ပြင်းရှသော ဟော်လ်မုန်းနံ့များကြောင့် သူ၏ခေါင်းသည်လည်း အဆမတန်ကိုက်ခဲလာသည်။
'လုရှန့်ကျင် ကိုယ်တိုင်ရွေးချယ်ထားတဲ့ သားကောင်ကို ယန်ယိ မထိဝံ့ပါဘူး။'
ယန်ယိအဖို့ တတ်နိုင်သည့်အရာကိုသာ လက်ခံဖို့ သူ့လက်ထဲက နှင်းဆီပန်းလေးကို ဆုပ်ကိုင်ပြီး ပြင်းပြစွာ ရှိုက်နမ်းမိလေသည်။
မျက်ဝန်းများက အမြင်တွေဝေဝါးသွားစေဖို့ အရည်ကြည်လေးများဖြင့် ကာရံလာသည်။ နူးညံသောနားရွက်ဖျားလေးများက နာကျင်မှုကြောင့် တုန်ရီလာပြီး မျက်ခမ်းနားသို့ စုသီလာသည့် မျက်ရည်စများက တစ်ပေါက်ချင်းစီ စီးကျသွားကြသည်။
"အကိုကျင် .. ကျွန်တော့်အတွက်လည်း အရမ်း နာကျင်ရပါတယ် "
=======================
Lop Eared Guard
Words-3938
Jun/5/2021
Wine.
=======================
ဒါက ယန်ယိစီးတဲ့ ဆိုင်ကယ်အမျိုးအစား။ အောင်လိုပုံလည်း ရှာတွေ့တယ်။
ဒါက ဆီဆိုင်မှာတွေ့တယ်တိုတဲ့ အယ်လ်ဖာရဲ့ လက်ပုံစံပေါ့။ ဂီယာတွေနဲ့လုပ်ထားတယ်လို့ ဆိုတယ် ဒီလိုလို့ ယူဆမိတယ်ပေါ့
ဒါက ယန်ယိကိုင်တဲ့သေနတ် အမျိုးအစား။ သူ့အတိုင်း အဓိပ္ပါယ်ဆို (ကန္တာရလင်းယုန်)လို့ဆိုပေမယ့် သေမတ်အတွက် ဘယ်လိုသုံးလဲ မသိတာရယ် နောက် ပစ္စတိုအမျိုးအစားပဲဖြစ်လို့ ပစ္စတိုလို့ပဲ သုံးထားတယ်။
ဒန်ဒလိပန်း
alpha beta omega ကို မြန်မာလိုပြန်ထားပေမယ့် အဆင်မပြေရင်ပေါ့ နောက် heatတက်ချိန်အတွက် အသုံးအနှုန်းတွေ အဆင်မပြေရင် လာပြောလှည့်ပါနော်။
Czytaj Dalej
To Też Polubisz
465K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.2M 63.8K 50
444K 38.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
253K 40.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .