Clarity || Minsung FF||

By ReddyBombax

18.3K 2.3K 497

Warning: This story is not as simple as you think. Read at your own risk cos' it might leave you dizzy. I d... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 (Part 2) / SPIN-OFF1
Chapter 23 // FINAL
Clarity ရှင်းတမ်း
Spin-Off2// All About The Daddy's Admirer

Chapter 8

675 93 18
By ReddyBombax

"Hyunjin Hyung"

အအေးတစ်ခွက်ကို စိမ်ပြေနပြေသောက်နေရာမှ အသံကျယ်ကျယ်နှင့် ခေါ်သံအားကြားလိုက်ရချိန်တွင် Hyunjin ထပြေးမိမတတ်ပင်။

"ဘယ်လိုဖြစ်လို့ အာပြဲကြီးနဲ့အော်နေတာလဲ Yang Jeongin ရ။"

"စာသင်ပေး။"

Physics ဖတ်စာအုပ်အထူကြီးကိုထိုးပေး၍ ဂျီကျချင်နေသော Jeongin ကိုကြည့်၍ စုပ်တစ်ချက်သပ်လိုက်မိသည်။

"ငါမအားသေးဘူး။"

"တစ်ပုဒ်တည်းနားမလည်လို့ မေးမလို့ပါနော်။ မဟုတ်ရင် Seungminnie Hyung ကိုသွားရှာလိုက်ရမလား။"

ကြောက်စရာကောင်းလောက်အောင်ပြုံးပြပြီး လှည့်ထွက်သွားတော့မည့် Jeongin ကို ဆွဲမိဆွဲရာ ဆွဲကာ တားလိုက်ရသည်။

"မင်းတကယ် ကဂျီကဂျောင်သိပ်ကျလွန်းတယ် Yang Jeongin ရာ။ ဝယ်ချင်တာလေးရှိလို့ တစ်လပဲ tutor လုပ်လိုက်တာကို ဂယက်က အခုထိမပြီးနိုင်သေးဘူး။"

"အဲ့ဒါတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ​လေ။ မကျေနပ်ရင် စာသင်သိပ်မကောင်းနဲ့ပေါ့။ မဟုတ်လည်း ဟို Hyung ကိုမကြိုက်နဲ့တော့ပေါ့။"

Hyunjin အလန့်တကြားနှင့်ပင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရသည်။

"တိုးတိုးသာသာပြောပါကွ။ မုန့်သွားဝယ်နေတဲ့ နှစ်ယောက် ပြန်ရောက်လာလို့ ကြားသွားဦးမယ်။"

"ကြားသွားတော့ ပိုမကောင်းဘူးလား။"

"ဘယ်နားက ပိုကောင်းလာမှာလဲ။"

"ကြိုက်နေတာကို ကြိုက်နေတယ်လို့မပြောနိုင်ရင် တစ်နည်းနည်းနဲ့သိသွားတာပိုကောင်းမှာပေါ့။ "

Jeongin ၏ စကားကို Hyunjin မှာ အတွေးနယ်မချဲ့မိအောင်ကြိုးစားရင်း သက်ပြင်းတစ်ချက်သာ ချလိုက်ရသည်။

"တော်ပါကွာ။ ဒီတိုင်းရှိနေရတာပိုကောင်းတယ်။"

"ဒီလိုလုပ်လေ ကျွန်တော်ကူညီပေးမယ်။"

"ဘာကိုကူညီမှာတုန်း။"

"ကျွန်တော့်အစ်ကိုကိစ္စကို Hyung ​က အရိပ်တကြည့်ကြည့် ကြည့်နေရတာဆိုတော့ Hyung ကိစ္စကို ကျွန်တော်က ကူညီမယ်လေ။"

Jeongin ၏စကားအဆုံးသတ်ချိန်တွင် Hyunjin မှာ တစ်ခုခုကိုသတိရသွားသည့်နှယ် အအေးခွက်ကို ဘေးသို့ချလိုက်ကာ ရုတ်ချည်းဆိုသလို Jeongin ဘက်သို့ အာရုံစိုက်လာသည်။

"မင်းအစ်ကိုကိစ္စဆိုလို့ ပြောပါဦး။ Update လေးတွေ။"

မိမိကိစ္စထက် တခြားသူကိစ္စကို ပို၍စိတ်ဝင်စားနေသော ဆရာသမားအတွက် စိတ်မကောင်းဖြစ်ရုံမှတပါးမရှိနိုင်ရာ Jeongin မှာ စကားလမ်းကြောင်းကို သူအလိုရှိရာအတိုင်း လိုက်ပြောင်းရတော့သည်။

"မဆိုးပါဘူး။ Hyung အကြံအစည်အောင်မြင်တယ်လို့ပြောလို့ရတယ်။"

"မင်းအစ်ကိုက တစ်ခုခုလာပြောလို့လား။"

"အင်း ဟိုနေ့က ရွဲပလဲနေတဲ့ပုံစံနဲ့ အခန်းထဲဝင်လာပြီး ရူးကြောင်ကြောင်မေးခွန်းတစ်ခုကိုမေးတယ်။ သဘောကျမနေတဲ့ လူတစ်ယောက်ကို သဝန်တိုတယ်ဆိုတာ ဖြစ်နိုင်လားတဲ့။"

"Yesssssss"

လက်သီးလက်မောင်းတန်းကာ သူ့လုပ်ရပ်သူဂုဏ်ယူနေသော Hyunjin ၏ ပုံစံမှာ နှာခေါင်းရှုံ့ရမည်လား၊ ချီးကျူးရမည်လား၊ သနားရမည်လားပင် မသိတော့။

"သူငယ်ချင်းလို့တောင် အသိအမှတ်မပြုတော့တဲ့လူတစ်ယောက်အတွက် ဘာလို့အဲ့လောက် လုပ်ပေးချင်နေရတာလဲ။"

Jeongin ၏ မေးခွန်းမှာ Hyunjin ၏ ရင်ကို တည့်တည့်ချိန်ကာ ပစ်လိုက်သော မြားတစ်စင်းလို။

"ငါနောင်တမရချင်ဘူး Jeongin။ အပြစ်ရှိတဲ့စိတ်နဲ့နေနေရတဲ့ ဘဝက အဆိုးရွားဆုံးပဲ။ ဒီမှာ ငါ့တပည့် သေချာမှတ်ထား။ ဘယ်သူ သိသိ မသိသိ ကိုယ့်စိတ်ကိုကိုယ်သိပြီး ကိုယ်ကျေနပ်မယ့်အရာကိုပဲ ရွေးချယ်ပြီး စိတ်တိုင်းကျအောင်လုပ်နိုင်ဖို့ ကြိုးစား။ ဟုတ်ပြီလား။"

သူ့ကိုစိုက်ကြည့်ပြီး ကြောက်စရာကောင်းလောက်အောင် ပြုံးပြလာပြန်သော Jeongin ကိုကြည့်၍ Hyunjin မှာ ချွေးပင်ပျံချင်လာသည်။

"အဲ့ဒါကြောင့် ဆရာ့အချစ်ရေးကို ကူညီမလို့ပါဆို။"

"တော်စမ်းပါ။ ဘယ်မှာလဲ မေးချင်တဲ့စာ။ ပြစမ်း။"

"မမေးတော့ဘူး။ ကူညီပေးမယ်လို့ဆို။ ကျွန်တော် စာသွားပေးပေးရမလား။ သွားပြောပေးရမလား။"

"ဟေ့ကောင် ပေါက်ကရလျှောက်မလုပ်နဲ့နော်။ ထီးနဲ့ရိုက်သတ်မှာ။"

"ဒီနှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ။"

မုန့်ထုပ်ကိုယ်စီကိုင်ကာ လျှောက်လာရင်း လှမ်းအော်မေးသော နှစ်ယောက်ကိုမြင်ချိန်တွင် နပန်းလုံးတော့မည့်ဟန်ပြင်နေသော ဆရာတပည့်နှစ်ယောက်မှာ ဟန်အမြန်ပြင်လိုက်ရသည်။

"ဘာမှမဖြစ်ဘူး။ ဘာတွေဝယ်လာတာလဲ။ Seungminnie မင်းဆီက ခေါက်ဆွဲပြုတ်နည်းနည်းကျွေး။"

မေးခွန်းကို လစ်လျူရှုကာ လုပ်မိလုပ်ရာ မုန့်တောင်းစားနေသောသူနှင့် အူကြောင်ကြောင်လေးကြည့်၍ ခေါင်းငြိမ့်ပြနေသူတို့ကို တစ်လှည့်စီကြည့်ရင်း ပြုံးစစဖြစ်ချင်နေသော Jeongin ကိုတော့ Hyunjin လစ်လျူရှုလျက်။

........................................................................

"မင်းဒီနှစ် လုံးဝကိုစိတ်နဲ့ကိုယ်နဲ့ မကပ်ဘူးပဲ Lee Minho"

အတန်းထဲတွင် ဆရာမကိုထိုင်စောင့်နေရင်း စာရွက်တစ်ရွက်ပေါ် လျှောက်ခြစ်နေသော Minho အားကြည့်၍ Chan ပြောလာသည်။

"တကယ်ဘာတွေဖြစ်နေတာလဲ။ ငါတို့ကိုပြောပြသင့်တယ်လို့မထင်ဘူးလား။"

Changbin ၏ မေးခွန်းကိုကြားတော့ လက်ထဲမှ ခဲတံအားပစ်ချကာ နောက်သို့လှည့်ကြည့်လာသည်။

"ငါတအား စိတ်တွေရှုပ်နေတယ်။"

"အင်း...ဘာလို့စိတ်ရှုပ်တာလဲဆိုတာပြောပြလေ။"

"ငါပြောလည်း မင်းတို့နားလည်မှာမဟုတ်ပါဘူးကွာ။"

ခဲတံကိုပြန်ကိုင်ကာ လုပ်လက်စအလုပ်ကိုဆက်လုပ်ရန်ပြင်နေသော Minho မှာ Changbin ၏စကားတစ်ခွန်းကြောင့် အလန့်တကြား နောက်ပြန်လှည့်လာရသည်။

"Han Jisung ဆိုတဲ့ကောင်လေးကြောင့်လား။"

"မင်းဘယ်လိုသိတာလဲ။"

"ဒီလောက်သိသာနေတာကို Minho ရာ။ အဲ့ကောင်လေးနဲ့ပတ်သက်လာရင် မင်းမှာ တစ်နေ့တခြား ပုံစံတွေကိုပြောင်းလို့။ ဘာလဲ အဲ့ကောင်လေးက မင်းကိုကြိုက်နေတာလား။"

Chan စကားကြောင့် Minho ထပ်၍ ထိတ်လန့်ရပြန်သည်။

"အဲ့ဒါကိုရော ဘယ်လိုသိတာလဲ။"

"ငါတို့က မင်းရဲ့ငယ်ပေါင်းတွေတော့ မဟုတ်ပေမဲ့ မင်းရဲ့နှစ်ဦးတည်းသော သူငယ်ချင်းတွေပါ။ ကွယ်ထားလို့ရမယ်လို့များ ထင်နေတာလား။"

"ကွယ်ထားတယ်ရယ်လို့တော့မဟု​တ်ပါဘူးကွာ။ အဖြစ်အပျက်တွေက ခပ်မြန်မြန်ကိုဖြစ်သွားတာ။ ပြီးတော့ ပြောဖို့ကို စကားစလည်းရှာမတွေ့ဘူး။"

"ထားပါတော့။ အဲ့တော့ အခုဘာတွေဖြစ်နေပြီလဲ။ အဖြေပေးလိုက်ပြီလား။"

လက်ကိုပိုက်ကာ သူ့အားစိုက်ကြည့်၍ မေးနေသော Changbin ကို ခေါင်းသာခါပြလိုက်သည်။

"ငါရှောင်ပဲရှောင်နေမိတယ်။"

"မင်းစိတ်ထဲမှာ ဘယ်လိုခံစားရလဲ။"

"ငါ...ငါယောက်ျားလေးတွေကို သဘောကျနိုင်ရဲ့လားဆိုတာ မသိဘူး။"

"ငါမေးတာက Han Jisung အပေါ် ဘယ်လိုခံစားရလဲလို့မေးတာ။"

Chan ၏ မေးခွန်းအားပြန်မဖြေမိဘဲ ခပ်တွေတွေသာ စိုက်ကြည့်နေမိသည်။

"အတွေးမများပါနဲ့ Minho ရာ။ ဒီကိစ္စမျိုးက အများကြီးတွေးနေတာထက်ဆိုင်ရင် တစ်ဦးတစ်ယောက်အတွက်ပဲ အပြည့်အဝစဥ်းစားလိုက်တာက ပိုပြီးဖြေရှင်းရလွယ်လိမ့်မယ်။"

စာသင်ချိန်ကျသည့် ဆရာမမှာ အတန်းထဲဝင်လာသဖြင့်စကားစပြတ်သွားခဲ့သော်လည်း Chan ပေးသောအကြံဥာဏ်မှာ Minho ခေါင်းထဲ အပြည့်အဝနေရာယူလို့နေသည်။

ထိုနေ့တစ်​နေကုန်လည်း သူ့မသိစိတ်က စွဲနေသော အကျင့်အရ လိုက်ရှာနေမိသော ​ကောင်ငယ်လေးအား မတွေ့ရ။ ကောင်ကလေးမှာ သူ့စကားအတိုင်း Minho သူ့အားမတွေ့စေရန် ရှောင်ပေးနေပုံရသည်။

သို့သော် Minho စိတ်ထဲ ခံစားချက်မကောင်း။ စိုးရိမ်စိတ်အချို့က သူ့အာရုံထဲ နေရာယူသည်။ အပြစ်ရှိသလို ခံစားချက်က တနုံ့နုံ့နှိပ်စက်နေသည်။ ကောင်ငယ်လေး အဆင်ပြေနေကြောင်းသိရမှ ကျေနပ်နိုင်မည်ဟု တွေးမိသဖြင့် အထက်တန်း ဒုတိယနှစ် အခန်း B အရှေ့တွင် စီနီယာဆိုသော ဂုဏ်ပုဒ်ကိုပင် လစ်လျူရှုကာ တဝဲလည်လည်လုပ်ရသည်။

မသိမသာဖြတ်လျှောက်နေသော သူ့ကို မြင်တော့ အတန်းခေါင်းဆောင် Hwang Hyunjin က လာ၍ နှုတ်ဆက်၏။

"Senior Minho...တစ်ယောက်ယောက်ကိုတွေ့ဖို့လာတာလား။"

ပူနွေးလာသော လည်ပင်းနှင့် နာရွက်ကို မသိချင်ယောင်ဆောင်ကာ Hyunjin ကိုပင် ဘဝ၏ ပထမဆုံးအကြိမ်အဖြစ် ပြုံးပြမိတော့သည်။

"မဟုတ်ပါဘူး။ ဆရာခိုင်းထားတာ တစ်ခုရှိလို့လာတာ။ အခုပြီးသွားပြီ။ သွားတော့မယ်။"

မချိပြုံးပြုံးပြကာ အတန်းရှေ့မှပြေးထွက်လာခဲ့သော Minhoကို အတန်းထဲအေးအေးဆေးဆေးထိုင်ရင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ငေးကြည့်နေသော ကောင်ငယ်လေး တွေ့လိုက်လေသလားဆိုသည်ကိုတော့ ကာယကံရှင်သာ အသိဆုံးဖြစ်လိမ့်မည်။

ကျောင်းဆင်းချိန်တွင်လည်း ဂိတ်ပေါက်ဝနားတွင် ကျောက်စရစ်ခဲများကို ဖိနပ်နှင့်ဆော့ကစားရင်း ရပ်စောင့်နေကျ အရိပ်ကလေးအား မတွေ့ရချိန်တွင် Minho စိတ်ထဲ အစာမကြေသလို ခံစားလာရသည်။

ထိုအစား ကျောင်းဂိတ်ပေါက်ဝအပြင်၌ ကားတံခါးကိုမှီကာ ရပ်နေသော လူတစ်ယောက်က Minho ၏ အာရုံကို ဖမ်းစားသည်။

"ကျောင်းသား။"

ထိုလူအား မသိချင်ယောင်ဆောင်ကာ ကျော်သွားရန်ပြင်လိုက်သော်လည်း သူ့အားဦးတည်၍ ခေါ်လိုက်ဟန်ရသော နာမ်စားကြောင့် ခြေလှမ်းတို့တုံ့ဆိုင်းသွားမိသည်။

"ဦးလေးက Jisung ရဲ့ ဦးလေးပါ။ စကားခဏလောက်ပြောလို့ရမလား။"

Minho အလိုအလျောက်ပင် ခေါင်းငြိမ့်လိုက်မိကာ ထိုလူ ညွှန်ပြသည့်အတိုင်း ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်မိသည်။ ထိုလူကို မကြာခဏဆိုသလို Jisung နှင့်တွဲတွေ့နေကျမို့ သတိထားမိခဲ့သည့်အပြင် သူ့နောက်ကို Jisung ကားနှင့်လိုက်ခဲ့သည့်အချိန်များကလည်း ကားကိုမောင်းနှင်သူမှာ သည်လူသာဖြစ်ခဲ့သည်ကို Minho သတိထားမိပါသည်။

ထိုသို့ အစိမ်းသက်သက်ဖြစ်မနေသောကြောင့် မတုန့်မဆိုင်းပင် လိုက်လာခဲ့မိလေသလား၊ သို့တည်းမဟုတ် Jisung ဆိုသော နာမတစ်ခုကြောင့်လားဆိုသည်ကိုတော့ Minho သူ့ကိုသူ မေးခွန်းထုတ်မနေတော့။

ကော်ဖီဆိုင်တစ်ဆိုင်သို့ ရောက်ချိန်တွင် Jisung ဦးလေးဆိုသူမှာ မမေးမမြန်းနှင့်ပင် Minho အတွက်ဟုဆို၍ Iced-Americano တစ်ခွက်အား မှာယူလေ၏။

"Jisung က မင်းနဲ့ Iced-Americano ကြိုက်တာချင်းတူတယ်ဆိုပြီး သိပ်ကိုပျော်နေတာ။"

"ဗျာ။"

Minho ၏ အံသြလေဟန်ပုံစံကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်သာ ပြုံးပြလေ၏။

"ဦးလေးနာမည်က Park Jaehyung လို့ခေါ်ပါတယ်။ Jisung နဲ့သွေးသားတော်စပ်တာမျိုးတော့မဟုတ်ပေမဲ့ သူနဲ့အတူတူရှိလာတာ ဆယ်စုနှစ်တစ်ခုရှိတော့မယ်ဆိုတော့ ဦးလေးအရင်းတစ်ယောက်လိုပါပဲ။"

Park Jaehyung ရှင်းပြသည်ကို နားထောင်ကာ Minho မှာခေါင်းသာ တငြိမ့်ငြိမ့်။

"ကျွန်တော်နဲ့ စကားပြောချင်တယ်ဆိုတာ ဘာကိစ္စများလဲမသိဘူး။"

Minho ၏ အမေးကိုချက်ချင်းပြန်မဖြေဘဲ သူ့ရှေ့တွင်ချထားသော ကော်ဖီကိုသာ တစ်ငုံယူသောက်သည်။

"Jisung က မင်းကိုသိပ်ပြီး စွဲလန်းနေတယ်။"

"ဗျာ..?"

Minho နောက်တစ်ကြိမ်ထပ်၍ ဗျာ ဟုသာ အာမေဋိတ်ပြုလိုက်မိ၏။

"သိပ်ကို ဝင်ပြီး စွက်ဖက်နေသလိုလည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ မင်းသိသင့်သိထိုက်တာတွေကို သိစေချင်တာမို့ ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်ရတာပဲ။"

Minho ဘယ်လိုတုန့်ပြန်ရမည်မှန်းမသိတော့သည့် အားလျော်စွာ ခေါင်းငိုက်စိုက်ချ၍သာ ဆက်နားထောင်နေမိတော့သည်။

"Jisung ကမင်းကိုစပြီးတွေ့တဲ့အချိန်တည်းက တော်တော်ကိုစွဲလန်းခဲ့တယ်။ ခြံကြီးထဲကနေပြီး မင်းကျောင်းကပြန်တဲ့အချိန်တိုင်း လိုက်ကြည့်တဲ့အထိပဲပေါ့။ အစကတော့ ဦးလေးလည်း စိတ်ပူခဲ့တယ်။ Jisung ဟာတစ်ယောက်တည်းနေတာများပြီး ရုတ်တရက်တွေ့လိုက်ရတဲ့မင်းကိုများ စွဲလန်းသွားလေသလားဆိုပြီး။"

Park Jaehyung ၏ စကားမှာ အကျိုးအကြောင်းဆီလျော်သည်။ သူငယ်ချင်းအပေါင်းအသင်းမရှိဘဲ အမြဲလိုလိုတစ်​ယောက်တည်းရှိနေခြင်းကြောင့် Jisung သူ့ကို စွဲလန်းလာသည်ဟု သူကိုယ်တိုင်လည်း ထင်မှတ်ထားသည်။

"ဒါပေမဲ့ မဟုတ်ဘူး။"

သက်ပြင်းဖွဖွချကာ ဆိုလာသော စကားကြောင့် Minho ခေါင်းမော့ကြည့်မိသည်။

"ငါ့တူက မင်းနဲ့ပတ်သက်လာရင် ဘာမဆိုလုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာ။ ရူးကြောင်ကြောင်နိုင်တယ်လို့ ပြောလို့မရနိုင်လောက်အောင်ကို မင်းအတွက်အများကြီးစွန့်လွှတ်ပြီး မင်းကို အရိပ်တကြည့်ကြည့် ကြည့်ပြီးသဘောကျနေရှာတဲ့ ကလေးရယ်ပါ။"

Minho ကြောင်သွားမိသည်။ Park Jaehyung ဆိုသူထံမှ ထိုသို့စကားမျိုးကြားရလိမ့်မည်ဟု မထင်ထားခြင်းကြောင့် Minho ​ကြောင်သွားမိသည်။

"ဘာလို့ ကျွန်တော့်ကို ဒါတွေပြော..."

"ကျောင်းတက်ဖို့ကိုတောင် ဆုံးဖြတ်ခဲ့တယ်။ သူကိုယ်တိုင် အသည်းအသန်လိုလားခဲ့တဲ့ Homeschooling ကိုရပ်ပစ်ပြီး မင်းအတွက် ကျောင်းတက်ဖို့ကိုတောင်ဆုံးဖြတ်ခဲ့တယ်။ အရေးအကြီးဆုံးက မင်းအတွက် သူပြုံးဖို့ဆုံးဖြတ်ခဲ့တယ်။ အများကြီးရှင်းပြမနေချင်ပေမဲ့ အခုသူရှိနေတဲ့အနေအထားဟာ မင်းအတွက်ဆိုတဲ့ ခေါင်းစဥ်တစ်ခုတည်းနဲ့ အများကြီး ပြုပြင်ပြောင်းလဲလာတဲ့အနေအထားပါ။ အဲ့ဒီတော့ မင်းအများကြီးစဥ်းစားမနေဘဲ ကလေးငယ်အတွက် နာကျင်မှုအနည်းဆုံးဖြစ်မယ့် လမ်းကိုရွေးပေးပါလို့ တောင်းဆိုချင်တယ်။"

Minho နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိတော့သည်။ သူယခုအချိန်တွင် အလုပ်ပစ်ချင်ဆုံး လုပ်ရပ်ဟာ မှန်ကန်နေပါ့မလားဟု တွေးနေမိခြင်းက သိပ်ကို ခက်ခဲလှသည်။

Jisung အားသူဖက်ထားချင်သည်။ ကောင်ငယ်လေး၏ ဝမ်းနည်းမှုတွေဟာ ဘယ်အရာကများ မြစ်ဖျားခံသလဲမသိသော်ငြား ထိုဝမ်းနည်းမှုများအား ဖြိုဖျက်ပေးပစ်ချင်သည်။

Chan ပြောခဲ့သလို အတွေးများမနေဘဲ Jisung တစ်ဦးတည်းအပေါ်သာ အာရုံစိုက်ရမည်ဆိုလျှင် သူ ထိုကောင်လေးနှင့်အတူရှိနေချင်သည်။ ထိုကောင်ငယ်လေးအကြောင်းများများစားစားမသိသော်ငြား ပို၍ လေ့လာချင်မိသည်။ ကောင်ကလေး၏ ကမ္ဘာငယ်ထဲ ခြေစုံပစ်၍ ဝင်ချင်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်ငယ်လေးဟာလည်း သူ့ကမ္ဘာထဲ အကြီးမားဆုံးနေရာကို ယူလာနေသည်။ Han Jisung ကိုတစ်ရက်မတွေ့ရလျှင် ဟာတာတာခံစားရလာသည်။ Han Jisung ဆိုသော နာမကို မတွေးမိသည့် နာရီပိုင်းဆိုသည်မှာ သူအိပ်ပျော်နေသည့်အချိန်သာဖြစ်နိုင်တော့သည့် အနေအထားကိုရောက်လာသည်။

သူ့အခြေအနေကို သူ လက်ခံလိုက်သင့်ပြီလား။ Jeongin အကြံပေးခဲ့သလို ရှောင်မနေတော့ဘဲ ရင်ဆိုင်သင့်သည့်အချိန်ကို ရောက်လာခဲ့လေပြီလား။

"Jisung ဘယ်မှာရှိနေလဲ။"

"ဦးလေးလည်းမသိဘူး။ တစ်ယောက်တည်းလမ်းလျှောက်ပြန်မယ်ဆိုပြီးထွက်သွားလေရဲ့။ မင်းကိုတော့ ဦးလေးလိုက်ပို့...ဟေ့...နေဦးလေ။"

ဦးလေး၏စကားကိုပင် မစောင့်နိုင်တော့ဘဲ Minho ဆိုင်ထဲမှပြေးထွက်လာမိသည်။ မိုးဟာ အပြီးတိုင် နှုတ်ဆက်မသွားသေးဘဲ တစ်နှစ်တာအတွက် နောက်ဆုံးအကြိမ်ပင်ဖြစ်လင့်ကစား သည်းသည်းမည်းမည်းရွာလို့နေသည်။ ထိုသည်းထန်နေသော မိုးကိုပင် Minho ဂရုမစိုက်မိတော့ဘဲ ဦးတည်ရာမဲ့ ပြေးလွှားရင်း အရိပ်ငယ်အား ရှာနေမိ​ေတာ့သည်။

ခြေလှမ်းများဟာ သူကိုယ်တိုင်တောင် သတိမထားမိပါဘဲ ကောင်ငယ်လေးအားဆုံခဲ့ဖူးသည့် ကစားကွင်းငယ်ဆီသို့ ဦးတည်နေသည်။

မိုးရေထဲ ကစားကွင်းရှိ ဒန်းပေါ်၌ ခေါင်းငိုက်စိုက်ကျကာ ထိုင်နေသော ကောင်လေးသည်လည်း မိုးကို ဥပေက္ခာပြုလျက်။

ကောင်လေးကို တွေ့လိုက်ချိန်တွင် Minho သူ့ဆီသို့ဦးတည်သွားမိသည်။ သူ့အနီးတွင်ရပ်လိုက်တော့ Jisung ဟာသူ့ကိုမော့ကြည့်ပြီး မတ်တပ်ရပ်လိုက်သည်။

"ခင်ဗျား..."

Jisung ၏ လက်ကို ဆတ်ခနဲ အနီးသို့ ဆွဲလိုက်တော့ Jisung မှာ အံ့သြသွားဟန် သူ့အား မျက်လုံးပြူး၍ ကြည့်လာသည်။ ပြည့်ပြည့်ဖောင်းဖောင်းပါးနှစ်ဖက်ကို အုပ်ကိုင်ကာ မျက်ဝန်းများထဲ စိုက်ကြည့်တော့ ကောင်ငယ်လေးဟာ မေးခွန်းများမေးချင်နေဟန်။

ဆူပုတ်ပုတ်နှုတ်ခမ်းများကို စက္ကန့်အနည်းငယ်ကြာအောင် နမ်းရှိုက်လိုက်တော့ သူ့အားစိုက်ကြည့်နေသည့် မျက်ဝန်းများမှာ ပို၍ ပြူးကျယ်လာသည်။

"သဘောကျတယ်။"

"ဘာ..?"

"သဘောကျတာမို့ တွဲကြရအောင်။"

ပတ်ဝန်းကျင်ဟာ ရုတ်တရက်တိတ်ဆိတ်သွားသည်။ တစ်ခွန်းတည်းသော စကားဟာ Jisung ခေါင်းထဲ ပဲ့တင်ထပ်နေသည်။ သူ့ရှေ့ရှိလူသားမှာတော့ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပြနေပါ၏။

.....................................................................

Quiz 8 for Chapter 8

Jisung ဟာ ကျောင်းဆက်မတက်တော့ဘဲ Homeschooling သာလုပ်ဖို့ အဘယ်ကြောင့် တောင်းဆိုခဲ့သည်ဟု ထင်ပါသနည်း။

1) ကျောင်းက သူငယ်ချင်းနဲ့ရန်ဖြစ်ထားလို့
2) ကျောင်းတက်ရမှာ ပျင်းလို့
3) လူတွေကြားမှာ မနေချင်တော့လို့

#CongratsOnWinning
#BlessMeByRecommendingThisStory
#ReddyBombax















"Hyunjin Hyung"

အေအးတစ္ခြက္ကို စိမ္ေျပနေျပေသာက္ေနရာမွ အသံက်ယ္က်ယ္ႏွင့္ ေခၚသံအားၾကားလိုက္ရခ်ိန္တြင္ Hyunjin ထေျပးမိမတတ္ပင္။

"ဘယ္လိုျဖစ္လို႔ အာၿပဲႀကီးနဲ႕ေအာ္ေနတာလဲ Yang Jeongin ရ။"

"စာသင္ေပး။"

Physics ဖတ္စာအုပ္အထူႀကီးကိုထိုးေပး၍ ဂ်ီက်ခ်င္ေနေသာ Jeongin ကိုၾကည့္၍ စုပ္တစ္ခ်က္သပ္လိုက္မိသည္။

"ငါမအားေသးဘူး။"

"တစ္ပုဒ္တည္းနားမလည္လို႔ ေမးမလို႔ပါေနာ္။ မဟုတ္ရင္ Seungminnie Hyung ကိုသြားရွာလိုက္ရမလား။"

ေၾကာက္စရာေကာင္းေလာက္ေအာင္ၿပဳံးျပၿပီး လွည့္ထြက္သြားေတာ့မည့္ Jeongin ကို ဆြဲမိဆြဲရာ ဆြဲကာ တားလိုက္ရသည္။

"မင္းတကယ္ ကဂ်ီကေဂ်ာင္သိပ္က်လြန္းတယ္ Yang Jeongin ရာ။ ဝယ္ခ်င္တာေလးရွိလို႔ တစ္လပဲ tutor လုပ္လိုက္တာကို ဂယက္က အခုထိမၿပီးနိုင္ေသးဘူး။"

"အဲ့ဒါေတာ့ ကိုယ့္အျပစ္နဲ႕ကိုယ္ပဲ​ေလ။ မေက်နပ္ရင္ စာသင္သိပ္မေကာင္းနဲ႕ေပါ့။ မဟုတ္လည္း ဟို Hyung ကိုမႀကိဳက္နဲ႕ေတာ့ေပါ့။"

Hyunjin အလန့္တၾကားႏွင့္ပင္ ပတ္ဝန္းက်င္ကို အကဲခတ္လိုက္ရသည္။

"တိုးတိုးသာသာေျပာပါကြ။ မုန့္သြားဝယ္ေနတဲ့ ႏွစ္ေယာက္ ျပန္ေရာက္လာလို႔ ၾကားသြားဦးမယ္။"

"ၾကားသြားေတာ့ ပိုမေကာင္းဘူးလား။"

"ဘယ္နားက ပိုေကာင္းလာမွာလဲ။"

"ႀကိဳက္ေနတာကို ႀကိဳက္ေနတယ္လို႔မေျပာနိုင္ရင္ တစ္နည္းနည္းနဲ႕သိသြားတာပိုေကာင္းမွာေပါ့။ "

Jeongin ၏ စကားကို Hyunjin မွာ အေတြးနယ္မခ်ဲ့မိေအာင္ႀကိဳးစားရင္း သက္ျပင္းတစ္ခ်က္သာ ခ်လိဳက္ရသည္။

"ေတာ္ပါကြာ။ ဒီတိုင္းရွိေနရတာပိုေကာင္းတယ္။"

"ဒီလိုလုပ္ေလ ကြၽန္ေတာ္ကူညီေပးမယ္။"

"ဘာကိုကူညီမွာတုန္း။"

"ကြၽန္ေတာ့္အစ္ကိုကိစၥကို Hyung ​က အရိပ္တၾကည့္ၾကည့္ ၾကည့္ေနရတာဆိုေတာ့ Hyung ကိစၥကို ကြၽန္ေတာ္က ကူညီမယ္ေလ။"

Jeongin ၏စကားအဆုံးသတ္ခ်ိန္တြင္ Hyunjin မွာ တစ္ခုခုကိုသတိရသြားသည့္ႏွယ္ အေအးခြက္ကို ေဘးသို႔ခ်လိဳက္ကာ ႐ုတ္ခ်ည္းဆိုသလို Jeongin ဘက္သို႔ အာ႐ုံစိုက္လာသည္။

"မင္းအစ္ကိုကိစၥဆိုလို႔ ေျပာပါဦး။ Update ေလးေတြ။"

မိမိကိစၥထက္ တျခားသူကိစၥကို ပို၍စိတ္ဝင္စားေနေသာ ဆရာသမားအတြက္ စိတ္မေကာင္းျဖစ္႐ုံမွတပါးမရွိနိုင္ရာ Jeongin မွာ စကားလမ္းေၾကာင္းကို သူအလိုရွိရာအတိုင္း လိုက္ေျပာင္းရေတာ့သည္။

"မဆိုးပါဘူး။ Hyung အႀကံအစည္ေအာင္ျမင္တယ္လို႔ေျပာလို႔ရတယ္။"

"မင္းအစ္ကိုက တစ္ခုခုလာေျပာလို႔လား။"

"အင္း ဟိုေန႕က ႐ြဲပလဲေနတဲ့ပုံစံနဲ႕ အခန္းထဲဝင္လာၿပီး ႐ူးေၾကာင္ေၾကာင္ေမးခြန္းတစ္ခုကိုေမးတယ္။ သေဘာက်မေနတဲ့ လူတစ္ေယာက္ကို သဝန္တိုတယ္ဆိုတာ ျဖစ္နိုင္လားတဲ့။"

"Yesssssss"

လက္သီးလက္ေမာင္းတန္းကာ သူ႕လုပ္ရပ္သူဂုဏ္ယူေနေသာ Hyunjin ၏ ပုံစံမွာ ႏွာေခါင္းရႈံ႕ရမည္လား၊ ခ်ီးက်ဴးရမည္လား၊ သနားရမည္လားပင္ မသိေတာ့။

"သူငယ္ခ်င္းလို႔ေတာင္ အသိအမွတ္မျပဳေတာ့တဲ့လူတစ္ေယာက္အတြက္ ဘာလို႔အဲ့ေလာက္ လုပ္ေပးခ်င္ေနရတာလဲ။"

Jeongin ၏ ေမးခြန္းမွာ Hyunjin ၏ ရင္ကို တည့္တည့္ခ်ိန္ကာ ပစ္လိုက္ေသာ ျမားတစ္စင္းလို။

"ငါေနာင္တမရခ်င္ဘူး Jeongin။ အျပစ္ရွိတဲ့စိတ္နဲ႕ေနေနရတဲ့ ဘဝက အဆိုး႐ြားဆုံးပဲ။ ဒီမွာ ငါ့တပည့္ ေသခ်ာမွတ္ထား။ ဘယ္သူ သိသိ မသိသိ ကိုယ့္စိတ္ကိုကိုယ္သိၿပီး ကိုယ္ေက်နပ္မယ့္အရာကိုပဲ ေ႐ြးခ်ယ္ၿပီး စိတ္တိုင္းက်ေအာင္လုပ္နိုင္ဖို႔ ႀကိဳးစား။ ဟုတ္ၿပီလား။"

သူ႕ကိုစိုက္ၾကည့္ၿပီး ေၾကာက္စရာေကာင္းေလာက္ေအာင္ ၿပဳံးျပလာျပန္ေသာ Jeongin ကိုၾကည့္၍ Hyunjin မွာ ေခြၽးပင္ပ်ံခ်င္လာသည္။

"အဲ့ဒါေၾကာင့္ ဆရာ့အခ်စ္ေရးကို ကူညီမလို႔ပါဆို။"

"ေတာ္စမ္းပါ။ ဘယ္မွာလဲ ေမးခ်င္တဲ့စာ။ ျပစမ္း။"

"မေမးေတာ့ဘူး။ ကူညီေပးမယ္လို႔ဆို။ ကြၽန္ေတာ္ စာသြားေပးေပးရမလား။ သြားေျပာေပးရမလား။"

"ေဟ့ေကာင္ ေပါက္ကရေလွ်ာက္မလုပ္နဲ႕ေနာ္။ ထီးနဲ႕ရိုက္သတ္မွာ။"

"ဒီႏွစ္ေယာက္ ဘာေတြျဖစ္ေနၾကတာလဲ။"

မုန့္ထုပ္ကိုယ္စီကိုင္ကာ ေလွ်ာက္လာရင္း လွမ္းေအာ္ေမးေသာ ႏွစ္ေယာက္ကိုျမင္ခ်ိန္တြင္ နပန္းလုံးေတာ့မည့္ဟန္ျပင္ေနေသာ ဆရာတပည့္ႏွစ္ေယာက္မွာ ဟန္အျမန္ျပင္လိုက္ရသည္။

"ဘာမွမျဖစ္ဘူး။ ဘာေတြဝယ္လာတာလဲ။ Seungminnie မင္းဆီက ေခါက္ဆြဲျပဳတ္နည္းနည္းေကြၽး။"

ေမးခြန္းကို လစ္လ်ဴရႈကာ လုပ္မိလုပ္ရာ မုန့္ေတာင္းစားေနေသာသူႏွင့္ အူေၾကာင္ေၾကာင္ေလးၾကည့္၍ ေခါင္းၿငိမ့္ျပေနသူတို႔ကို တစ္လွည့္စီၾကည့္ရင္း ၿပဳံးစစျဖစ္ခ်င္ေနေသာ Jeongin ကိုေတာ့ Hyunjin လစ္လ်ဴရႈလ်က္။

........................................................................

"မင္းဒီႏွစ္ လုံးဝကိုစိတ္နဲ႕ကိုယ္နဲ႕ မကပ္ဘူးပဲ Lee Minho"

အတန္းထဲတြင္ ဆရာမကိုထိုင္ေစာင့္ေနရင္း စာ႐ြက္တစ္႐ြက္ေပၚ ေလွ်ာက္ျခစ္ေနေသာ Minho အားၾကည့္၍ Chan ေျပာလာသည္။

"တကယ္ဘာေတြျဖစ္ေနတာလဲ။ ငါတို႔ကိုေျပာျပသင့္တယ္လို႔မထင္ဘူးလား။"

Changbin ၏ ေမးခြန္းကိုၾကားေတာ့ လက္ထဲမွ ခဲတံအားပစ္ခ်ကာ ေနာက္သို႔လွည့္ၾကည့္လာသည္။

"ငါတအား စိတ္ေတြရႈပ္ေနတယ္။"

"အင္း...ဘာလို႔စိတ္ရႈပ္တာလဲဆိုတာေျပာျပေလ။"

"ငါေျပာလည္း မင္းတို႔နားလည္မွာမဟုတ္ပါဘူးကြာ။"

ခဲတံကိုျပန္ကိုင္ကာ လုပ္လက္စအလုပ္ကိုဆက္လုပ္ရန္ျပင္ေနေသာ Minho မွာ Changbin ၏စကားတစ္ခြန္းေၾကာင့္ အလန့္တၾကား ေနာက္ျပန္လွည့္လာရသည္။

"Han Jisung ဆိုတဲ့ေကာင္ေလးေၾကာင့္လား။"

"မင္းဘယ္လိုသိတာလဲ။"

"ဒီေလာက္သိသာေနတာကို Minho ရာ။ အဲ့ေကာင္ေလးနဲ႕ပတ္သက္လာရင္ မင္းမွာ တစ္ေန႕တျခား ပုံစံေတြကိုေျပာင္းလို႔။ ဘာလဲ အဲ့ေကာင္ေလးက မင္းကိုႀကိဳက္ေနတာလား။"

Chan စကားေၾကာင့္ Minho ထပ္၍ ထိတ္လန့္ရျပန္သည္။

"အဲ့ဒါကိုေရာ ဘယ္လိုသိတာလဲ။"

"ငါတို႔က မင္းရဲ႕ငယ္ေပါင္းေတြေတာ့ မဟုတ္ေပမဲ့ မင္းရဲ႕ႏွစ္ဦးတည္းေသာ သူငယ္ခ်င္းေတြပါ။ ကြယ္ထားလို႔ရမယ္လို႔မ်ား ထင္ေနတာလား။"

"ကြယ္ထားတယ္ရယ္လို႔ေတာ့မဟု​တ္ပါဘူးကြာ။ အျဖစ္အပ်က္ေတြက ခပ္ျမန္ျမန္ကိုျဖစ္သြားတာ။ ၿပီးေတာ့ ေျပာဖို႔ကို စကားစလည္းရွာမေတြ႕ဘူး။"

"ထားပါေတာ့။ အဲ့ေတာ့ အခုဘာေတြျဖစ္ေနၿပီလဲ။ အေျဖေပးလိုက္ၿပီလား။"

လက္ကိုပိုက္ကာ သူ႕အားစိုက္ၾကည့္၍ ေမးေနေသာ Changbin ကို ေခါင္းသာခါျပလိုက္သည္။

"ငါေရွာင္ပဲေရွာင္ေနမိတယ္။"

"မင္းစိတ္ထဲမွာ ဘယ္လိုခံစားရလဲ။"

"ငါ...ငါေယာက္်ားေလးေတြကို သေဘာက်နိဳင္ရဲ႕လားဆိုတာ မသိဘူး။"

"ငါေမးတာက Han Jisung အေပၚ ဘယ္လိုခံစားရလဲလို႔ေမးတာ။"

Chan ၏ ေမးခြန္းအားျပန္မေျဖမိဘဲ ခပ္ေတြေတြသာ စိုက္ၾကည့္ေနမိသည္။

"အေတြးမမ်ားပါနဲ႕ Minho ရာ။ ဒီကိစၥမ်ိဳးက အမ်ားႀကီးေတြးေနတာထက္ဆိုင္ရင္ တစ္ဦးတစ္ေယာက္အတြက္ပဲ အျပည့္အဝစဥ္းစားလိုက္တာက ပိုၿပီးေျဖရွင္းရလြယ္လိမ့္မယ္။"

စာသင္ခ်ိန္က်သည့္ ဆရာမမွာ အတန္းထဲဝင္လာသျဖင့္စကားစျပတ္သြားခဲ့ေသာ္လည္း Chan ေပးေသာအႀကံဥာဏ္မွာ Minho ေခါင္းထဲ အျပည့္အဝေနရာယူလို႔ေနသည္။

ထိုေန႕တစ္​ေနကုန္လည္း သူ႕မသိစိတ္က စြဲေနေသာ အက်င့္အရ လိုက္ရွာေနမိေသာ ​ေကာင္ငယ္ေလးအား မေတြ႕ရ။ ေကာင္ကေလးမွာ သူ႕စကားအတိုင္း Minho သူ႕အားမေတြ႕ေစရန္ ေရွာင္ေပးေနပုံရသည္။

သို႔ေသာ္ Minho စိတ္ထဲ ခံစားခ်က္မေကာင္း။ စိုးရိမ္စိတ္အခ်ိဳ႕က သူ႕အာ႐ုံထဲ ေနရာယူသည္။ အျပစ္ရွိသလို ခံစားခ်က္က တႏုံ႕ႏုံ႕ႏွိပ္စက္ေနသည္။ ေကာင္ငယ္ေလး အဆင္ေျပေနေၾကာင္းသိရမွ ေက်နပ္နိုင္မည္ဟု ေတြးမိသျဖင့္ အထက္တန္း ဒုတိယႏွစ္ အခန္း B အေရွ႕တြင္ စီနီယာဆိုေသာ ဂုဏ္ပုဒ္ကိုပင္ လစ္လ်ဴရႈကာ တဝဲလည္လည္လုပ္ရသည္။

မသိမသာျဖတ္ေလွ်ာက္ေနေသာ သူ႕ကို ျမင္ေတာ့ အတန္းေခါင္းေဆာင္ Hwang Hyunjin က လာ၍ ႏႈတ္ဆက္၏။

"Senior Minho...တစ္ေယာက္ေယာက္ကိုေတြ႕ဖို႔လာတာလား။"

ပူႏြေးလာေသာ လည္ပင္းႏွင့္ နာ႐ြက္ကို မသိခ်င္ေယာင္ေဆာင္ကာ Hyunjin ကိုပင္ ဘဝ၏ ပထမဆုံးအႀကိမ္အျဖစ္ ၿပဳံးျပမိေတာ့သည္။

"မဟုတ္ပါဘူး။ ဆရာခိုင္းထားတာ တစ္ခုရွိလို႔လာတာ။ အခုၿပီးသြားၿပီ။ သြားေတာ့မယ္။"

မခ်ိၿပဳံးၿပဳံးျပကာ အတန္းေရွ႕မွေျပးထြက္လာခဲ့ေသာ Minhoကို အတန္းထဲေအးေအးေဆးေဆးထိုင္ရင္း ျပတင္းေပါက္မွတစ္ဆင့္ အျပင္သို႔ေငးၾကည့္ေနေသာ ေကာင္ငယ္ေလး ေတြ႕လိုက္ေလသလားဆိုသည္ကိုေတာ့ ကာယကံရွင္သာ အသိဆုံးျဖစ္လိမ့္မည္။

ေက်ာင္းဆင္းခ်ိန္တြင္လည္း ဂိတ္ေပါက္ဝနားတြင္ ေက်ာက္စရစ္ခဲမ်ားကို ဖိနပ္ႏွင့္ေဆာ့ကစားရင္း ရပ္ေစာင့္ေနက် အရိပ္ကေလးအား မေတြ႕ရခ်ိန္တြင္ Minho စိတ္ထဲ အစာမေၾကသလို ခံစားလာရသည္။

ထိုအစား ေက်ာင္းဂိတ္ေပါက္ဝအျပင္၌ ကားတံခါးကိုမွီကာ ရပ္ေနေသာ လူတစ္ေယာက္က Minho ၏ အာ႐ုံကို ဖမ္းစားသည္။

"ေက်ာင္းသား။"

ထိုလူအား မသိခ်င္ေယာင္ေဆာင္ကာ ေက်ာ္သြားရန္ျပင္လိုက္ေသာ္လည္း သူ႕အားဦးတည္၍ ေခၚလိုက္ဟန္ရေသာ နာမ္စားေၾကာင့္ ေျခလွမ္းတို႔တုံ႕ဆိုင္းသြားမိသည္။

"ဦးေလးက Jisung ရဲ႕ ဦးေလးပါ။ စကားခဏေလာက္ေျပာလို႔ရမလား။"

Minho အလိုအေလ်ာက္ပင္ ေခါင္းၿငိမ့္လိုက္မိကာ ထိုလူ ၫႊန္ျပသည့္အတိုင္း ကားေရွ႕ခန္းတြင္ ဝင္ထိုင္လိုက္မိသည္။ ထိုလူကို မၾကာခဏဆိုသလို Jisung ႏွင့္တြဲေတြ႕ေနက်မိဳ႕ သတိထားမိခဲ့သည့္အျပင္ သူ႕ေနာက္ကို Jisung ကားႏွင့္လိုက္ခဲ့သည့္အခ်ိန္မ်ားကလည္း ကားကိုေမာင္းႏွင္သူမွာ သည္လူသာျဖစ္ခဲ့သည္ကို Minho သတိထားမိပါသည္။

ထိုသို႔ အစိမ္းသက္သက္ျဖစ္မေနေသာေၾကာင့္ မတုန့္မဆိုင္းပင္ လိုက္လာခဲ့မိေလသလား၊ သို႔တည္းမဟုတ္ Jisung ဆိုေသာ နာမတစ္ခုေၾကာင့္လားဆိုသည္ကိုေတာ့ Minho သူ႕ကိုသူ ေမးခြန္းထုတ္မေနေတာ့။

ေကာ္ဖီဆိုင္တစ္ဆိုင္သို႔ ေရာက္ခ်ိန္တြင္ Jisung ဦးေလးဆိုသူမွာ မေမးမျမန္းႏွင့္ပင္ Minho အတြက္ဟုဆို၍ Iced-Americano တစ္ခြက္အား မွာယူေလ၏။

"Jisung က မင္းနဲ႕ Iced-Americano ႀကိဳက္တာခ်င္းတူတယ္ဆိုၿပီး သိပ္ကိုေပ်ာ္ေနတာ။"

"ဗ်ာ။"

Minho ၏ အံၾသေလဟန္ပုံစံကိုၾကည့္ကာ တည္တည္ၿငိမ္ၿငိမ္သာ ၿပဳံးျပေလ၏။

"ဦးေလးနာမည္က Park Jaehyung လို႔ေခၚပါတယ္။ Jisung နဲ႕ေသြးသားေတာ္စပ္တာမ်ိဳးေတာ့မဟုတ္ေပမဲ့ သူနဲ႕အတူတူရွိလာတာ ဆယ္စုႏွစ္တစ္ခုရွိေတာ့မယ္ဆိုေတာ့ ဦးေလးအရင္းတစ္ေယာက္လိုပါပဲ။"

Park Jaehyung ရွင္းျပသည္ကို နားေထာင္ကာ Minho မွာေခါင္းသာ တၿငိမ့္ၿငိမ့္။

"ကြၽန္ေတာ္နဲ႕ စကားေျပာခ်င္တယ္ဆိုတာ ဘာကိစၥမ်ားလဲမသိဘူး။"

Minho ၏ အေမးကိုခ်က္ခ်င္းျပန္မေျဖဘဲ သူ႕ေရွ႕တြင္ခ်ထားေသာ ေကာ္ဖီကိုသာ တစ္ငုံယူေသာက္သည္။

"Jisung က မင္းကိုသိပ္ၿပီး စြဲလန္းေနတယ္။"

"ဗ်ာ..?"

Minho ေနာက္တစ္ႀကိမ္ထပ္၍ ဗ်ာ ဟုသာ အာေမဋိတ္ျပဳလိုက္မိ၏။

"သိပ္ကို ဝင္ၿပီး စြက္ဖက္ေနသလိုလည္းျဖစ္ခ်င္ျဖစ္ေနလိမ့္မယ္။ ဒါေပမဲ့ မင္းသိသင့္သိထိုက္တာေတြကို သိေစခ်င္တာမို႔ ဒီလိုလုပ္ဖို႔ဆုံးျဖတ္လိုက္ရတာပဲ။"

Minho ဘယ္လိုတုန့္ျပန္ရမည္မွန္းမသိေတာ့သည့္ အားေလ်ာ္စြာ ေခါင္းငိုက္စိုက္ခ်၍သာ ဆက္နားေထာင္ေနမိေတာ့သည္။

"Jisung ကမင္းကိုစၿပီးေတြ႕တဲ့အခ်ိန္တည္းက ေတာ္ေတာ္ကိုစြဲလန္းခဲ့တယ္။ ၿခံႀကီးထဲကေနၿပီး မင္းေက်ာင္းကျပန္တဲ့အခ်ိန္တိုင္း လိုက္ၾကည့္တဲ့အထိပဲေပါ့။ အစကေတာ့ ဦးေလးလည္း စိတ္ပူခဲ့တယ္။ Jisung ဟာတစ္ေယာက္တည္းေနတာမ်ားၿပီး ႐ုတ္တရက္ေတြ႕လိုက္ရတဲ့မင္းကိုမ်ား စြဲလန္းသြားေလသလားဆိုၿပီး။"

Park Jaehyung ၏ စကားမွာ အက်ိဳးအေၾကာင္းဆီေလ်ာ္သည္။ သူငယ္ခ်င္းအေပါင္းအသင္းမရွိဘဲ အၿမဲလိုလိုတစ္​ေယာက္တည္းရွိေနျခင္းေၾကာင့္ Jisung သူ႕ကို စြဲလန္းလာသည္ဟု သူကိုယ္တိုင္လည္း ထင္မွတ္ထားသည္။

"ဒါေပမဲ့ မဟုတ္ဘူး။"

သက္ျပင္းဖြဖြခ်ကာ ဆိုလာေသာ စကားေၾကာင့္ Minho ေခါင္းေမာ့ၾကည့္မိသည္။

"ငါ့တူက မင္းနဲ႕ပတ္သက္လာရင္ ဘာမဆိုလုပ္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့တာ။ ႐ူးေၾကာင္ေၾကာင္နိုင္တယ္လို႔ ေျပာလို႔မရနိုင္ေလာက္ေအာင္ကို မင္းအတြက္အမ်ားႀကီးစြန့္လႊတ္ၿပီး မင္းကို အရိပ္တၾကည့္ၾကည့္ ၾကည့္ၿပီးသေဘာက်ေနရွာတဲ့ ကေလးရယ္ပါ။"

Minho ေၾကာင္သြားမိသည္။ Park Jaehyung ဆိုသူထံမွ ထိုသို႔စကားမ်ိဳးၾကားရလိမ့္မည္ဟု မထင္ထားျခင္းေၾကာင့္ Minho ​ေၾကာင္သြားမိသည္။

"ဘာလို႔ ကြၽန္ေတာ့္ကို ဒါေတြေျပာ..."

"ေက်ာင္းတက္ဖို႔ကိုေတာင္ ဆုံးျဖတ္ခဲ့တယ္။ သူကိုယ္တိုင္ အသည္းအသန္လိုလားခဲ့တဲ့ Homeschooling ကိုရပ္ပစ္ၿပီး မင္းအတြက္ ေက်ာင္းတက္ဖို႔ကိုေတာင္ဆုံးျဖတ္ခဲ့တယ္။ အေရးအႀကီးဆုံးက မင္းအတြက္ သူၿပဳံးဖို႔ဆုံးျဖတ္ခဲ့တယ္။ အမ်ားႀကီးရွင္းျပမေနခ်င္ေပမဲ့ အခုသူရွိေနတဲ့အေနအထားဟာ မင္းအတြက္ဆိုတဲ့ ေခါင္းစဥ္တစ္ခုတည္းနဲ႕ အမ်ားႀကီး ျပဳျပင္ေျပာင္းလဲလာတဲ့အေနအထားပါ။ အဲ့ဒီေတာ့ မင္းအမ်ားႀကီးစဥ္းစားမေနဘဲ ကေလးငယ္အတြက္ နာက်င္မႈအနည္းဆုံးျဖစ္မယ့္ လမ္းကိုေ႐ြးေပးပါလို႔ ေတာင္းဆိုခ်င္တယ္။"

Minho ႏႈတ္ခမ္းကိုသာ ဖိကိုက္ထားမိေတာ့သည္။ သူယခုအခ်ိန္တြင္ အလုပ္ပစ္ခ်င္ဆုံး လုပ္ရပ္ဟာ မွန္ကန္ေနပါ့မလားဟု ေတြးေနမိျခင္းက သိပ္ကို ခက္ခဲလွသည္။

Jisung အားသူဖက္ထားခ်င္သည္။ ေကာင္ငယ္ေလး၏ ဝမ္းနည္းမႈေတြဟာ ဘယ္အရာကမ်ား ျမစ္ဖ်ားခံသလဲမသိေသာ္ျငား ထိုဝမ္းနည္းမႈမ်ားအား ၿဖိဳဖ်က္ေပးပစ္ခ်င္သည္။

Chan ေျပာခဲ့သလို အေတြးမ်ားမေနဘဲ Jisung တစ္ဦးတည္းအေပၚသာ အာ႐ုံစိုက္ရမည္ဆိုလွ်င္ သူ ထိုေကာင္ေလးႏွင့္အတူရွိေနခ်င္သည္။ ထိုေကာင္ငယ္ေလးအေၾကာင္းမ်ားမ်ားစားစားမသိေသာ္ျငား ပို၍ ေလ့လာခ်င္မိသည္။ ေကာင္ကေလး၏ ကမၻာငယ္ထဲ ေျခစုံပစ္၍ ဝင္ခ်င္လာသည္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေကာင္ငယ္ေလးဟာလည္း သူ႕ကမၻာထဲ အႀကီးမားဆုံးေနရာကို ယူလာေနသည္။ Han Jisung ကိုတစ္ရက္မေတြ႕ရလွ်င္ ဟာတာတာခံစားရလာသည္။ Han Jisung ဆိုေသာ နာမကို မေတြးမိသည့္ နာရီပိုင္းဆိုသည္မွာ သူအိပ္ေပ်ာ္ေနသည့္အခ်ိန္သာျဖစ္နိုင္ေတာ့သည့္ အေနအထားကိုေရာက္လာသည္။

သူ႕အေျခအေနကို သူ လက္ခံလိုက္သင့္ၿပီလား။ Jeongin အႀကံေပးခဲ့သလို ေရွာင္မေနေတာ့ဘဲ ရင္ဆိုင္သင့္သည့္အခ်ိန္ကို ေရာက္လာခဲ့ေလၿပီလား။

"Jisung ဘယ္မွာရွိေနလဲ။"

"ဦးေလးလည္းမသိဘူး။ တစ္ေယာက္တည္းလမ္းေလွ်ာက္ျပန္မယ္ဆိုၿပီးထြက္သြားေလရဲ႕။ မင္းကိုေတာ့ ဦးေလးလိုက္ပို႔...ေဟ့...ေနဦးေလ။"

ဦးေလး၏စကားကိုပင္ မေစာင့္နိုင္ေတာ့ဘဲ Minho ဆိုင္ထဲမွေျပးထြက္လာမိသည္။ မိုးဟာ အၿပီးတိုင္ ႏႈတ္ဆက္မသြားေသးဘဲ တစ္ႏွစ္တာအတြက္ ေနာက္ဆုံးအႀကိမ္ပင္ျဖစ္လင့္ကစား သည္းသည္းမည္းမည္း႐ြာလို႔ေနသည္။ ထိုသည္းထန္ေနေသာ မိုးကိုပင္ Minho ဂ႐ုမစိုက္မိေတာ့ဘဲ ဦးတည္ရာမဲ့ ေျပးလႊားရင္း အရိပ္ငယ္အား ရွာေနမိ​ေတာ့သည္။

ေျခလွမ္းမ်ားဟာ သူကိုယ္တိုင္ေတာင္ သတိမထားမိပါဘဲ ေကာင္ငယ္ေလးအားဆုံခဲ့ဖူးသည့္ ကစားကြင္းငယ္ဆီသို႔ ဦးတည္ေနသည္။

မိုးေရထဲ ကစားကြင္းရွိ ဒန္းေပၚ၌ ေခါင္းငိုက္စိုက္က်ကာ ထိုင္ေနေသာ ေကာင္ေလးသည္လည္း မိုးကို ဥေပကၡာျပဳလ်က္။

ေကာင္ေလးကို ေတြ႕လိုက္ခ်ိန္တြင္ Minho သူ႕ဆီသို႔ဦးတည္သြားမိသည္။ သူ႕အနီးတြင္ရပ္လိုက္ေတာ့ Jisung ဟာသူ႕ကိုေမာ့ၾကည့္ၿပီး မတ္တပ္ရပ္လိုက္သည္။

"ခင္ဗ်ား..."

Jisung ၏ လက္ကို ဆတ္ခနဲ အနီးသို႔ ဆြဲလိုက္ေတာ့ Jisung မွာ အံ့ၾသသြားဟန္ သူ႕အား မ်က္လုံးျပဴး၍ ၾကည့္လာသည္။ ျပည့္ျပည့္ေဖာင္းေဖာင္းပါးႏွစ္ဖက္ကို အုပ္ကိုင္ကာ မ်က္ဝန္းမ်ားထဲ စိုက္ၾကည့္ေတာ့ ေကာင္ငယ္ေလးဟာ ေမးခြန္းမ်ားေမးခ်င္ေနဟန္။

ဆူပုတ္ပုတ္ႏႈတ္ခမ္းမ်ားကို စကၠန့္အနည္းငယ္ၾကာေအာင္ နမ္းရွိုက္လိုက္ေတာ့ သူ႕အားစိုက္ၾကည့္ေနသည့္ မ်က္ဝန္းမ်ားမွာ ပို၍ ျပဴးက်ယ္လာသည္။

"သေဘာက်တယ္။"

"ဘာ..?"

"သေဘာက်တာမို႔ တြဲၾကရေအာင္။"

ပတ္ဝန္းက်င္ဟာ ႐ုတ္တရက္တိတ္ဆိတ္သြားသည္။ တစ္ခြန္းတည္းေသာ စကားဟာ Jisung ေခါင္းထဲ ပဲ့တင္ထပ္ေနသည္။ သူ႕ေရွ႕ရွိလူသားမွာေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို ၿပဳံးျပေနပါ၏။

.....................................................................

Quiz 8 for Chapter 8

Jisung ဟာ ေက်ာင္းဆက္မတက္ေတာ့ဘဲ Homeschooling သာလုပ္ဖို႔ အဘယ္ေၾကာင့္ ေတာင္းဆိုခဲ့သည္ဟု ထင္ပါသနည္း။

1) ေက်ာင္းက သူငယ္ခ်င္းနဲ႕ရန္ျဖစ္ထားလို႔
2) ေက်ာင္းတက္ရမွာ ပ်င္းလို႔
3) လူေတြၾကားမွာ မေနခ်င္ေတာ့လို႔

#CongratsOnWinning
#BlessMeByRecommendingThisStory
#ReddyBombax

Continue Reading

You'll Also Like

735K 16.6K 45
In wich a one night stand turns out to be a lot more than that.
1.3K 173 18
" Omegaverse " I'm a dominant alpha and I thought my future mate would be an ordinary beautiful omega... But...he is not ordinary!
19.3K 1.9K 12
park sunghoon + park jongseong/jay
7K 306 15
his smiles are my happiness. dont be afraid to love, my love. c o m p l e t e d