(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

712K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား

3.8K 883 30
By Xiao_Yiii

Unicode

အပိုင်း(၂၇၅) - ဆရာလက်ဆောင်ပေးတဲ့ဓား

မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီရဲ့အကျင့်စရိုက်အကြောင်းအသေအချာကြီးနားလည်နေတာမဟုတ်သော်လည်းဓားကျင့်ကြံသူတစ်ယောက်ရဲ့ဓားအပေါ်စွဲလမ်းမှုနဲ့သူတို့ကသူတို့ကိုယ်ပိုင်ဓားကိုဘယ်လောက်တောင်တန်ဖိုးထားကြလဲဆိုတာကိုတော့သူသေချာပေါက်နားလည်သည်။

ထို့ကြောင့်လည်းမဟာအကြီးအကဲလန်ယွဲ့ကနားလည်မှုရှိစွာခေါင်းညိတ်ပြသည်။

"ထားလိုက်ပါတော့ဒါဆိုငါလည်းမလိုအပ်တာမလုပ်တော့ဘူး..ငါမင်းကိုတွေ့ဆုံခြင်းလက်ဆောင်နောက်တစ်ခုပဲပေးတော့မယ်"

သူကထိုစကားကိုပြောတဲ့အချိန်မှာပေ့ရှစ်ထျန်းကိုကြည့်နေတာဖြစ်သည်။သူ့မျက်လုံးတွေကမှေးမှိန်ပြီးမှောင်မိုက်နေသော်လည်းအဓိပ္ပါယ်ကတော့တစ်ချက်ကြည့်တာနဲ့တင်ရှင်းလင်းနေသည်။

ပေ့ရှစ်ထျန်းသည်လည်းသူ့နှလုံးသားမှာသတိပေးချက်တစ်ခုကိုရသွားပြီးနှုတ်ခမ်းကိုကိုက်လိုက်မိသည်။မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီကိုဘာလက်ဆောင်ပေးမလဲဆိုတာသူသိသွားပြီလေ။

"မင်းလျှန်လျှန်ကိုငါ့ဆီအစောကတည်းကပြန်ပေးခဲ့ရမှာ" မဟာအကြီးအကဲလန်ယွဲ့ကစကားဆက်သည်။

"အဲ့ဒါကမင်းအတွက်အသုံးမဝင်မှတော့ပိုပြီးလိုအပ်တဲ့သူကိုပေးလိုက်"

သူကခန့်မှန်းပြီးသားဖြစ်သော်လည်းတကယ်တမ်းကြားလိုက်ရတော့ပေ့ရှစ်ထျန်းမှာအံ့အားသင်သွားရဆဲပင်။သူကခဏတာမျှတိတ်ဆိတ်သွားပြီးလမ်းကြောင်းကိုရှာမတွေ့သည့်ကလေးငယ်တစ်ယောက်လိုကူကယ်ရာမဲ့မှုနဲ့စိတ်ရှုပ်ထွေးမှုကိုခံစားလိုက်ရသည်။

သူပြန်မတုန့်ပြန်နိုင်သေးတဲ့အချိန်မှာသူ့ဘေးမှာရပ်နေသည့်ဝမ်ရိထုန်ကပြင်းထန်စွာကန့်ကွက်ရင်းကျယ်လောင်စွာအော်ဟစ်လာသည်။

"ဆရာ,နောက်နေတာလား?လျှန်လျှန်ကပေ့ရှစ်ထျန်းကိုသခင်အဖြစ်အသိအမှတ်ပြုပြီးနေပြီလေ,ပြီးတော့လည်းသူကသွေးတွေသတ်ဖြတ်ခြင်းအငွေ့အသက်တွေစွန်းထင်းနေပြီးနေပြီ...အဲ့ဒါကဂျူနီယာညီငယ်လေးနဲ့လုံးဝကိုက်ညီမှုမရှိဘူး...အကယ်၍ဆရာအဲ့ဒီဓားကိုဂျူနီယာညီလေးဆီပေးလိုက်ရင်အဲ့ဒါကသူ့ကိုထိခိုက်စေမှာမဟုတ်ဘူးလား?ပြီးတော့လည်းလျှန်လျှန်ကဒီလိုလူမျိုးဆီကအသုံးပြုခံပြီးမှတော့ဂျူနီယာညီငယ်လေးနဲ့မထိုက်တန်တော့ဘူးကျွန်တော်ထင်တာတော့-"

မဟာအကြီးအကဲလန်ယွဲ့ကသူ့မျက်လုံးကိုကျဉ်းမြောင်းလိုက်ရင်းသူ့အကြည့်ကအနည်းငယ်အေးခဲလာသည်။ထိုအကြည့်ကိုမြင်တာနဲ့တင်ဝမ်ရိထုန်ကချက်ချင်းပါးစပ်ပိတ်သွားတော့သည်။

"ကောင်းပြီ,ကောင်းပြီ...ဆရာကသူဌေးပါဆရာ့မှာပဲနောက်ဆုံးပြောခွင့်ရှိပါတယ်"

အစပိုင်းအတက်အကျဖြစ်သွားပြီးနောက်မှာတော့ပေ့ရှစ်ထျန်းမျက်နှာပေါ်တွင်မည်သည့်အမူအယာမှမကျန်ရစ်တော့ပေ

သူကလျှန်လျှန်အားသူ့သိုလှောင်လက်စွပ်ထဲကနေထုတ်၍မဟာအကြီးအကဲလန်ယွဲ့ဆီလျှောက်သွားလိုက်သည်။အကွာအဝေးကနှစ်ဆယ့်နှစ်မီတာလောက်တောင်မရှိသော်လည်းသူကတော့အလွန့်ကိုဖြေးညှင်းစွာဖြင့်သာလျှောက်နေ၏။သူကဓားအားဂရုတစိုက်ကိုင်လိုက်ပြီးဓားလက်ကိုင်အားသူ့လက်ချောင်းများဖြင့်ညင်ညင်သာသာပွတ်သပ်လိုက်ပြီးနောက်ဒီလမ်းအားဘယ်တော့မှအဆုံးမသတ်ဖို့မျှော်လင့်နေမိသည်။

ဝမ်ရိထုန်သည်ပေ့ရှစ်ထျန်းရဲ့စွန့်ပစ်ခံထားရသလိုမျိုးကျောပြင်ကိုကြည့်ရင်းရုတ်တရက်ချဉ်စူးသည့်ခံစားချက်တစ်ခုကသူ့နှလုံးသားထဲအပြေးလေးဝင်လာသည်။သူကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်းဖြင့်အံကိုကြိတ်ကာမျက်လွှာချလိုက်ပြီးနောက်တစ်ခေါက်ထပ်မကြည့်ရက်တော့ပေ။

ဘယ်လောက်ပဲသူကပေ့ရှစ်ထျန်းကိုကဲ့ရဲ့ရှုံ့ချရသည်အားသဘောကျပျော်ရွှင်နေပါစေအဲ့ဒါကနှုတ်နဲ့သပ်သပ်သာဖြစ်သည်။သူကပေ့ရှစ်ထျန်းအားအလွန်အကျွံထိခိုက်သွားအောင်မလုပ်ခဲ့ပေ။ဒါပေမဲ့အခုတော့ဆရာကလျှန်လျှန်ကိုပြန်ယူသွားခဲ့ပြီ:ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့အဲ့ဒါကသေချာပေါက်ရင်နာရလိမ့်မယ်

ကျန်းဖုန်းထင်သည်လည်းတစ်စုံတစ်ရာပြောလိုပေမယ့်မဟာအကြီးအကဲလန်ယွဲ့၏အကြည့်တစ်ချက်နဲ့တင်သက်ပြင်းသာချနိုင်တော့သည်။

ပေ့ရှစ်ထျန်းကမဟာအကြီးအကဲလန်ယွဲ့၏ဘေးမှာရပ်လိုက်ပြီးလက်နှစ်ဖက်လုံးဖြင့်လျှန်လျှန်အားသူ့ဆီကမ်းပေးလိုက်သည်။

မဟာအကြီးအကဲလန်ယွဲ့ကလက်တစ်ဖက်တည်းနဲ့ဓားကိုယူလိုက်ပြီးဓားအားပွတ်သပ်လိုက်ရင်းဖြင့်စကားစ၏။

"လျှန်လျှန်ကငါအရှေ့ဘက်တိုက်မကြီးအရှေ့ဘက်အကျဆုံးနေရာကနေငါရလာခဲ့တာ...ဒီဓားကသဘာဝကိုကညင်သာသိမ်မွေ့ပြီးတင့်တယ်တယ်,သေချာပေါက်ဇီဂဲနဲ့တော့ယှဉ်လို့မရဘူးပေါ့..ဒါပေမဲ့ဒီနေ့တော့မင်းအတွက်ဒါကအသုံးပြုလို့ရပါတယ်...မင်းကဓားကျင့်ကြံသူတစ်ယောက်ဖြစ်တာမို့လို့ဓားမရှိပဲနေဖို့ကမဖြစ်နိုင်ဘူး...ဒီနေ့,ငါလျှန်လျှန်ကိုမင်းဆီစိတ်ချလိုက်မယ်,မင်းရဲ့အရင်တုန်းကအခြေအနေကိုမကြာခင်ပဲပြန်ရနိုင်ဖို့မျှော်လင့်ပါတယ်"

လင်ရွှမ်းဇီသည်လျှန်လျှန်အားလက်နှစ်ဖက်ဖြင့်ယူလိုက်ပြီးနောက်မှာအလွန်ဆိုးဝါးပြင်းထန်လှတဲ့လူသတ်ငွေ့ကိုခံစားလိုက်ရသည်။ဓားအိမ်ထဲမှလျှန်လျှန်ကအရာအားလုံးကိုသတ်ဖြတ်ပစ်ချင်နေပြီးဓားအိမ်ထဲကရုန်းထွက်ချင်တာကြောင့်ငိုကြွေးမည်တမ်းနေသကဲ့သို့ပင်တုန်ယင်နေ၏။

ဒီဓားကသတ်ဖြတ်ခြင်းဓားတစ်ချောင်းဖြစ်နေလေပြီ။

လင်ရွှမ်းဇီတောင်မှပဲမနေနိုင်စွာနဲ့ပေ့ရှစ်ထျန်းကိုလှမ်းကြည့်မိသည်။

လူရွယ်နဲ့ဆယ်ကျော်သက်တစ်ယောက်ကြားကာလအပိုင်းအခြားရုပ်သွင်ရှိတဲ့တစ်စုံတစ်ယောက်၊ဒါ့အပြင်သူ့ထက်နှစ်အနည်းငယ်သာကြီးတဲ့သူတစ်ယောက်ကမမျှော်လင့်ပဲသူ့လက်နှစ်ဖက်လုံးကသွေးများစွန်းထင်းနေသည်လေ;သူယူခဲ့တဲ့အသက်ဘယ်နှစ်သက်လောက်တောင်ရှိမလဲဘယ်သူသိနိုင်မှာလဲ...

သူသတ်ဖြတ်ပစ်ခဲ့တဲ့သူတွေ,ကောင်းသည်ပဲဖြစ်စေဆိုးသည်ပဲဖြစ်စေ,လူသားပဲဖြစ်စေသားရဲတွေပဲဖြစ်စေ—အဆုံးမှာတော့သူကများပြားလှတဲ့အသတ်တွေကိုသတ်ပစ်ခဲ့သည်ပဲလေ,သူ့ဝန်းကျင်ကသွေးအငွေ့အသက်ကအရမ်းကိုပြင်းထန်လွန်းလှတာကြောင့်အဲ့ဒါကတစ်ခြားတော့ဖြစ်မှာမဟုတ်ပဲသူ့အနာဂတ်ကျင့်ကြံဆင့်ကိုသာထိခိုက်စေလိမ့်မည်။

လျှန်လျှန်ကနေတစ်ဆင့်သူပေ့ရှစ်ထျန်းရဲ့ဖိနှိပ်မှု၊မုန်းတီးမှုနဲ့နာကျင်မှုများကိုခံစားလို့ရနေသည်။ဒီခံစားချက်တွေဘယ်ကလာလည်းဆိုတာလင်ရွှမ်းဇီမသိပေမယ့်ဓားကတော့မလိမ်ညာပေ;ပေ့ရှစ်ထျန်းမှာမသိနိုင်တဲ့အတိတ်တစ်စုံတစ်ရာရှိနေလိမ့်မည်။

လင်ရွှမ်းဇီရဲ့ကျောက်စိမ်းကဲ့သို့သွယ်လျသောလက်ချောင်းများကဓားကိုယ်ထည်အားညင်သာစွာပုတ်လိုက်ပြီးသူ့အရှိန်အဝါအားအသုံးပြုကာဓားကျင့်ကြံသူတစ်ယောက်အနေနဲ့နွေးထွေးမှုပေးလိုက်ပြီးသူ့ကိုယ်ပိုင်နည်းလမ်းကိုအသုံးပြု၍လျှန်လျှန်အားချော့မြူလိုက်၏။

လျှန်လျှန်ကတစ်စုံတစ်ခုကိုခံစားမိဟန်ဖြင့်အချိန်သိပ်မကြာခင်ပဲငြိမ်သက်သွားတော့သည်။

ပေ့ရှစ်ထျန်းရဲ့တည်ငြိမ်သောမျက်လုံးများထဲမှာအံ့အားသင့်မှုတစ်စုံတစ်ရာဖြစ်ပေါ်သွားလေသည်။

လျှန်လျှန်ရဲ့ဒေါသဘယ်လောက်ဆိုးဝါးလဲဆိုတာသူကလူတိုင်းထက်ပိုပြီးအတိအကျသိသည်။လျှန်လျှန်ဝမ်းနည်းတဲ့အချိန်မှာဆိုရင်သူနဲ့နေ့ရောညပါအတူတူရှိနေတဲ့သခင်ဖြစ်တဲ့သူတောင်သူ့လက်တွေကချည်နှောင်ခံထားရပြီးဘာကိုမှမလုပ်နိုင်တော့ပဲကူကယ်ရာမဲ့မှုကိုခံစားခဲ့ရသည်။ဒါပေမဲ့လင်ရွှမ်းဇီကတော့ခဏတဖြုတ်သာကိုင်ရသေးသည်မျှော်လင့်မထားလောက်အောင်ငြိမ်သက်သွားသည်လေ။

ပေ့ရှစ်ထျန်းမသိသောအချက်မှာလင်ရွှမ်းဇီယခင်ကအသုံးပြုခဲ့တဲ့ဇီဂဲဓားကပိုလို့ပင်စိတ်အားတက်ကြွပြီးဒေါသကြီးသည့်ဓားတစ်ချောင်းဖြစ်တာကြောင့်ခေါင်းမာပြီးထိန်းချုပ်မရဘူးဟုပင်ပြောလို့ရနိုင်သည်။ဒီလို'မနာခံတဲ့ဓား'မျိုးကိုဖြေရှင်းဖို့သူ့မှာကိုယ်ပိုင်နည်းလမ်းများရှိသည်ပင်။

ဒါ့အပြင်လောလောဆယ်သူ့လက်ထဲမှာဇီဂဲဓားမရှိဘူးဆိုရင်တောင်သူ့ခန္တာကိုယ်ပေါ်မှာတော့ဇီဂဲဓားမှချန်ရစ်ခဲ့သည့်အရှိန်အဝါများရှိနေဆဲဖြစ်သည်။ဇီဂဲကလျှန်လျှန်ထက်အဆင့်မြင့်တာကြောင့်လျှန်လျှန်ကသူ့ရဲ့ခန္တာကိုယ်ပေါ်မှာပိုပြီးမြင့်မားတဲ့အဆင့်ရှိသောအရှိန်အဝါကိုခံစားရသောအခါမှာဘာမှမတတ်နိုင်စွာပဲအသိအမှတ်ပြုလိုက်ရတာဖြစ်၏။

လင်ရွှမ်းဇီကလျှန်လျှန်ကိုကိုင်ထားရင်းဖြင့်ပြောလိုက်သည်။

"ဓားလက်ဆောင်ပေးတဲ့အတွက်ဆရာ့ကိုကျေးဇူးတင်ပါတယ်"

မဟာအကြီးအကဲလန်ယွဲ့ကကျေနပ်အားရစွာဖြင့်ခေါင်းတစ်ဆတ်ဆတ်ညိတ်လိုက်ပြီးအပြည့်အဝပျော်ရွှင်သွားဟန်ဖြင့်တစ်ဖက်လှည့်ကာထွက်သွားတော့လေသည်။

ဝမ်ရိထုန်ကိုဖြတ်ကျော်သွားတဲ့အချိန်မှာမဟာအကြီးအကဲလန်ယွဲ့ကရပ်တန့်လိုက်သည်။

"မနက်ဖြန်ရဲ့ပြစ်ဒဏ်ပေးမှုကဘယ်လိုဖြစ်သင့်လဲဆိုတာကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ချေ"

ဝမ်ရိထုန်ကစိတ်ဓာတ်ကျစွာဖြင့်ခေါင်းကိုငုံ့ထားပြီးအားလျော့စွာဖြင့်ခေါင်းညိတ်ပြသည်။

မဟာအကြီးအကဲလန်ယွဲ့ထွက်ခွာသွားပြီးနောက်မှာဝမ်ရိထုန်ကပေ့ရှစ်ထျန်းအားမကျေမနပ်ဖြင့်ကြည့်လေသည်။

"အဲ့ဒါအကုန်မင်းအမှားကြီးပဲ"

ဘယ်လိုပဲဖြစ်နေပါစေပေ့ရှစ်ထျန်းကတော့လှုပ်ရှားမှုကင်းမဲ့နေဆဲပင်ဖြစ်သည်။ခဏလောက်အကြာမှသာသူကလင်ရွှမ်းဇီအားစကားအနည်းငယ်ပြောလာသည်။

"ကောင်းကောင်းဆက်ဆံပေးပါ"

လင်ရွှမ်းဇီကခေါင်းညိတ်ပြသည်။

"သေချာပေါက်ပါပဲ"

လျှန်လျှန်ကသူ့လက်ထဲမှာရှိနေပြီဖြစ်သော်လည်းသူနဲ့တော့အတိအကျရင်းနှီးကျွမ်းဝင်မှုမရှိပေ။သူနဲ့ဓားကသိပ်ပြီးမသင့်တော်ဘူးဖြစ်သည်။သို့သော်မဟာအကြီးအကဲလန်ယွဲ့၏စုဆောင်းမှုများကိုစဉ်းစားပြီးနောက်မှာတော့တစ်ခြားသင့်တော်တဲ့ဓားမရှိတော့ဘူးဖြစ်သည်။

ပေ့ရှစ်ထျန်းကလင်ရွှမ်းဇီအားနက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ပြီးနောက်တစ်ဖက်သို့လှည့်ကာလျှောက်ထွက်သွားတော့သည်။

ဝမ်ရိထုန်ကသူ့ကိုလစ်လျူရှုသွားသည့်ပေ့ရှစ်ထျန်းကိုလှမ်းအော်သည်။

"ဟေ့,ဟေး,မင်းငိုဖို့နေရာသွားရှာတာတော့မဟုတ်ပါဘူးနော်?"

ပေ့ရှစ်ထျန်းကဒေါင့်တစ်နေရာကိုကွေ့ကာဝင်သွားပြီးပန်းတွေအလယ်မှာပျောက်ကွယ်သွားတော့သည်။

ဝမ်ရိထုန်ကတံခါးကိုမှီထားရင်းဖြင့်နှုတ်ခမ်းကိုကွေးညွှတ်ကာသက်ပြင်းချသည်။

"အသက်လေးကငယ်ပေမယ့်ဒေါသကတော့မဟုတ်ဘူး"

သူကပေ့ရှစ်ထျန်းထက်အသက်ကြီးသည်။သို့သော်ဂိုဏ်းထဲသို့ဝင်တာရက်အနည်းငယ်နောက်ကျသွားတာကြောင့်ဂျူနီယာညီလေးဖြစ်သွားရခြင်းပင်။

ဒါပေမဲ့လည်းဝမ်ရိထုန်ကပေ့ရှစ်ထျန်းကိုစီနီယာအကိုအဖြစ်ဘယ်တုန်းကမှမသတ်မှတ်ခဲ့ဘူး

ဝမ်ရိထုန်ရဲ့ခေါင်းကအနောက်ကနေအရိုက်ခံလိုက်ရသည်။

"အွီ!"

ဝမ်ရိထုန်ကအော်ရင်းဖြင့်ပင်ကျန်းဖုန်းထင်အားဝမ်းနည်းကြေကွဲစွာလှည့်ကြည့်သည်။

"ဘယ်သူကမင်းကိုဒီလောက်အရူးထခိုင်းလို့လဲ!"

ဝမ်ရိထုန်ကတိုးတိုးလေးရေရွတ်သည်။

"အဲ့ဒါကကျွန်တော်မူးသွားလို့မဟုတ်ဘူးလား?"

"မူးတယ်?" ကျန်းဖုန်းထင်ကအေးစက်စက်ရယ်သည်။

"ကိုယ့်ကိုကိုယ်ဆက်လိမ်နေလိုက်"

ဝမ်ရိထုန်ကကူကယ်ရာမဲ့စွာပဲပုခုံးတွန့်ပြသည်။

"နောက်တစ်ခေါက်မင်းအားထျန်းကိုအနိုင်ကျင့်နေတာငါမြင်တာနဲ့စောင့်ကြည့်နေလိုက်" ကျန်းဖုန်းထင်ကတကယ့်ကိုအတော်လေးစိတ်ဆိုးနေပြီးခြိမ်းခြောက်တဲ့စကားလုံးများပင်အသုံးပြုနေသည်။

စကားလုံးအနည်းငယ်ပြောဆိုပြီးနောက်ကျန်းဖုန်းထင်ကသူ့အင်္ကျီလက်ကိုခါယမ်းရင်းလျှောက်ထွက်သွားတော့သည်။ဟိုင်ခွမ်းလောင်ကဝမ်ရိထုန်အားမျက်ခုံးပင့်ကြည့်ကာသူ့ရဲ့ကံမကောင်းမှုကိုဝမ်းမြောက်ပျော်ရွှင်နေသည်။ဝမ်ရိထုန်ကသူ့နှုတ်ခမ်းထောင့်စွန်းအားပြန်ဆွဲတင်လိုက်ပြီးသူ့ကိုလက်ခလယ်ထောင်ပြလိုက်၏။

ဟိုင်ခွမ်းလောင်ကကျန်းဖုန်းထင်နောက်လိုက်ပါသွားကာဝမ်ရိထုန်အားအခန်းထဲမှာတစ်ယောက်တည်းချန်ရစ်ခဲ့သည်။

လင်ရွှမ်းဇီကလျှန်လျှန်အားသိမ်းဆည်းရန်ပြင်လိုက်စဉ်မှာပင်ဝမ်ရိထုန်ပြောလာသည်ကိုကြားလိုက်ရသည်။

"ခဏလေး!"

ဝမ်ရိထုန်ကအလျင်စလိုပြေးလာပြီးလျှန်လျှန်အားယူလိုက်ကာခံစားမှုကိုရယူနေသလိုမျိုးခဏတာမျှဂရုတစိုက်ထိတွေ့နေသည်။

"အဲ့ဒီကောင်လေးကလျှန်လျှန်ကိုအရမ်းသဘောကျတာ" ဝမ်ရိထုန်ကစကားဆက်သည်။

"အခုဆိုသေချာတယ်သူတစ်နေရာရာမှာပုန်းကွယ်ပြီးငိုနေလောက်ပြီ..အဲ့ဒီကလေးကလေဟိုးအကောင်ပေါက်လေးဘဝကတည်းကအဲ့ဒီအတိုင်းပဲ,ဟူး......"

ဒီလူကပေ့ရှစ်ထျန်းအကြောင်းပြောနေခြင်းဖြစ်ကြောင်းလင်ရွှမ်းဇီရုတ်တရက်သိသွားသည်။

အဲဒါကဒီအတိုင်းပေ့ရှစ်ထျန်းအပေါ်ဝမ်ရိထုန်ရဲ့ခံစားချက်အတိအကျကိုသာသူမသိတာဖြစ်သည်။မကြာသေးခင်လေးကတင်သူကအော်ဟစ်ပြီးသတ်ဖြတ်နေသော်လည်းအခုတော့ထိုလူ့အတွက်ညင်သာတဲ့အသံနဲ့စကားပြောပေးနေသည်လေ။

"ခုဏတုန်းကခင်ဗျားစီနီယာအကိုကြီးပေ့ကိုအနှောင့်အယှက်ပေးနေတာမြင်တော့ခင်ဗျားနဲ့သူကကြီးမားတဲ့ရန်ကြွေးတွေရှိနေတယ်လို့ကျွန်တော်ထင်လိုက်မိတာ"

ဝမ်ရိထုန်ကရယ်မောလိုက်ရင်းသူ့ရဲ့မက်မွန်သဏ္ဍာန်မျက်လုံးအစုံကပိုပြီးစိတ်ဝင်စားဖွယ်ကောင်းသွားသည်။

"မင်းမှန်တယ်,ငါတို့မှာပင်လယ်ရေလိုနက်ရှိုင်းလွန်းပြီးမကိုက်ညီတဲ့မုန်းတီးမှုတွေရှိတယ်"

ဝမ်ရိထုန်ကမျက်တောင်ခတ်လိုက်ရင်းသူ့အပြုံးကမျက်လုံးထိမရောက်ပေ။

"မင်းဒီလိုကိစ္စမျိုးတွေပေ့ချောင်မော့ကိုမေးလိုက်ရင်သိမှာပါဒါပေမဲ့သူပြောမပြောဆိုတာကတော့မင်းနဲ့သူဆက်ဆံရေးဘယ်လောက်ကောင်းလဲဆိုတာပေါ်မူတည်တယ်..ငါထင်တာတော့,မင်းသူ့ရဲ့လျှန်လျှန်ကိုယူပြီးတဲ့အချိန်မှာမင်းကိုဘယ်လိုမျိုးအကဲဖြတ်ရမလဲဆိုတာကိုသူ့စိတ်ထဲသိမှာမဟုတ်ဘူးဒါပေမဲ့သေချာတာတော့သိပ်မြင့်မှာမဟုတ်ဘူး....ဒါပေမဲ့လည်းပေါ့,ကိုယ့်သေကြောင်းကိုယ်မကြံတဲ့အနေနဲ့မင်းအဲ့ဒီလိုကိစ္စတွေကိုသိပ်မမေးတာကောင်းလိမ့်မယ်"

ဝမ်ရိထုန်ကပြောလို့ပြီးသည့်နောက်လျှန်လျှန်အားလင်ရွှမ်းဇီကိုပြန်ပေးလိုက်သည်။

"ငါအိပ်ငိုက်နေပြီ,အဲ့ဒါကြောင့်ပြန်သွားပြီးအိပ်တော့မယ်...အိုးဟုတ်သား,မနက်ဖြန်နေထွက်ချိန်မှာငါမင်းကိုလေ့ကျင့်ရေးကွင်းပြင်မှာအချိန်ကိုက်ပဲမြင်ချင်တယ်နော်မင်းကိုပျင်းရိခွင့်မပြုဘူး"

လင်ရွှမ်းဇီကလျှန်လျှန်အားတွေးတွေးဆဆဖြင့်ကြည့်လိုက်သည်။သူဒီကိစ္စကိုခေါင်းရောအမြီးပါမသိနိုင်တာကြောင့်တစ်ရက်လောက်ပေ့ချောင်မော့ကိုပဲသွားရှာပြီးမေးမြန်းဖို့စဉ်းစားလိုက်တော့သည်။ထိုနှစ်က,ပေ့ချောင်မော့ကပေ့ရှစ်ထျန်းကိုခေါ်ပြီးမြောက်ဘက်တိုက်မကြီးကနေအရှေ့ဘက်တိုက်မကြီးဘက်ထွက်ပြေးလာခဲ့ပုံရသည်။အဲ့ဒါကဒီအတိုင်းသူတို့ကိုခေါ်သွားတဲ့တောင်ထွတ်များကမတူတာကြောင့်သာ..

ပေ့ချောင်မော့ကသူ့အတိတ်အကြောင်းတစ်ခါမှမပြောခဲ့ဘူးခဲ့သလိုလင်ရွှမ်းဇီကလည်းဘယ်တုန်းကမှမမေးမြန်းခဲ့ပေ။သို့သော်လည်းဒီအချိန်မှာတော့ပေ့ရှစ်ထျန်းရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကအတော်လေးအန္တာရယ်များနေတာကိုသိသွားသည်။

ဒါကကောင်းတဲ့အရာမဟုတ်ဘူး

လင်ရွှမ်းဇီကမျက်နှာနှင့်ပါးစပ်ကိုဆေးကြောပြီးနောက်မှာအိပ်ယာပေါ်လဲလျောင်းလိုက်ရင်းမနေနိုင်စွာဖြင့်အားဟန်ရဲ့အခြေအနေကိုစတင်စဉ်းစားမိသည်။

အားဟန်အခုဘာများဖြစ်နေမလဲမသိဘူး?

***

"မင်းဘယ်လိုအသုံးမကျတဲ့အရာမျိုးကိုများစားခဲ့တာလဲ;ဘယ်လိုဖြစ်လို့ငါတို့အခုထိလမ်းကိုမမြင်ရသေးတာလဲ?"

ဖုန်ကျင်းယွီကယန်ထျန်းဟန်ရဲ့ရင်ဘက်ထဲကနေခေါင်းလေးထွက်လာသည်။

သူယန်ထျန်းဟန်နောက်ကနေလိုက်လာပြီးဒီမြူခိုးတွေထဲမှာလျှောက်ပတ်နေတာအနည်းဆုံးဆယ်နာရီလောက်ရှိနေပြီ!

ကျားပေါက်လေးနှစ်ကောင်ကတော့ယန်ထျန်းဟန်နောက်ကနေသာနီးနီးကပ်ကပ်လိုက်လာကြသည်။အကယ်၍သူတို့မျက်တောင်တစ်ချက်ခတ်လိုက်မိရင်ပင်ယန်ထျန်းဟန်နဲ့ကွဲသွားမှာကိုစိုးရိမ်နေကြ၏။

ယန်ထျန်းဟန်ရဲ့နှလုံးသားသည်လည်းအလွန်စိတ်ဆင်းရဲနေပြီးငိုချင်နေပြီဖြစ်သည်။

သူတို့ပြောတော့ဆေးလုံးကိုစားပြီးရင်တကယ့်လမ်းကြောင်းကိုရှာတွေ့ပြီးထွက်သွားနိုင်မယ်ဆို?

ဒါပေမဲ့အဲ့ဒီဆေးရဲ့သက်ရောက်မှုကအမွှေးတိုင်တစ်တိုင်စာပဲခံတယ်လို့သူ့ကိုဘယ်သူကမှမပြောလိုက်ဘူး!

ရလဒ်ကတော့ယန်ထျန်းဟန်မှာထူထပ်လှတဲ့မြူခိုးကြားထဲတွင်စိတ်ရှုပ်ထွေးပြီးဦးတည်ရာပျောက်ကာလမ်းကြောင်းရှာဖို့ကြိုးစားနေရသည်။

မြူများကြောင့်အဝေးကိုမမြင်ရယုံတင်မကပဲထိုနေရာမှာသစ်ပင်အမြောက်အမြားလည်းရှိနေတာကြောင့်လူတွေကိုပိုပြီးစိတ်ရှုပ်ထွေးစေသည်။

ယန်ထျန်းဟန်ကငတုံးတစ်ယောက်မဟုတ်ပေ။သူကဖြစ်နိုင်မယ့်နည်းလမ်းတိုင်းကိုစဉ်းစားပြီးထိုသစ်ပင်များပေါ်မှာအမှတ်များချန်ရစ်ခဲ့ကာသူ့လမ်းကြောင်းထပ်တလဲလဲဖြစ်မယ့်ကိစ္စကနေရှောင်ရှားရန်ကြိုးစားခဲ့သည်။သို့သော်လည်းလွန်ခဲ့တဲ့လေးနာရီလုံးလုံးဒါကအသုံးမဝင်ဘူးဆိုတာကိုနာကျင်ဖွယ်သင်ခန်းစာရသွားသည်။သူသစ်ပင်တစ်ပင်ကိုအမှတ်အသားပြုရင်မှန်တစ်ခုလိုပင်ပုံစံတူအမှတ်အသားတစ်ခုကနောက်သစ်ပင်တစ်ပင်မှာပေါ်လာလိမ့်မည်။

ယန်ထျန်းဟန်ကသစ်ပင်ကိုမှီထားရင်းဖြင့်အသက်ကိုအမောတကောရှုနေမိသည်။

"ငါထပ်မလုပ်နိုင်တော့ဘူး..သေအောင်ပင်ပန်းတယ်,ဒီမြူခိုးတွေနဲ့တောအုပ်တွေကလူတွေကိုစိတ်ရှုပ်ထွေးစေတဲ့အခင်းအကျင်းထဲကအစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မယ်...ငါကပုံရိပ်ယောင်အခင်းအကျင်းတွေနဲ့ပတ်သတ်ပြီးဘာမှသိတာမဟုတ်ဘူးဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ?"

ဖုန်ကျင်းယွီမှာသံကိုသံမဏီမြန်မြန်ဖြစ်အောင်မလုပ်နိုင်သည့်အပေါ်မကျေမနပ်ဖြစ်နေမိသည်။

"မင်းအကိုကြီးကမင်းကိုဒီလောက်များတဲ့မှော်ရတနာတွေပေးလိုက်တာပဲလေ,ထုတ်လာပြီးသုံးပါလား!"

"ငါလည်းသုံးချင်တာပေါ့!ဒါပေမဲ့ဒီပုံရိပ်ယောင်အခင်းအကျင်းရဲ့အဆင့်ကအရမ်းမြင့်လွန်းတယ်ဟအဲ့ဒီမှော်လက်နက်တွေကအလုပ်မလုပ်ဘူး!"

ဖုန်ကျင်းယွီကသက်ပြင်းချရင်းလှောင်ပြောင်သည်။

"မင်းအကိုကြီးကတကယ့်ကိုစိတ်ချလို့မရဘူးပဲ"

ယန်ထျန်းဟန်သည်တစ်စုံတစ်ယောက်ကသူ့အကိုကြီးကိုမကောင်းပြောတာအားကြားသည့်အခါချက်ချင်းပင်လေးနက်တဲ့အမူအယာနဲ့တုန့်ပြန်သည်။

"ငါ့အကိုကြီးကဒီကမ္ဘာပေါ်မှာစိတ်ချလို့အရဆုံးပဲ..သူသေချာပေါက်ငါ့ရဲ့လက်ရှိအခြေအနေကိုမမျှော်လင့်မိထားလို့သာ,မဟုတ်လို့ကတော့သူဒီပုံရိပ်ယောင်အခင်းအကျင်းကိုချိုးဖြတ်ဖို့အတွက်ပိုကောင်းတဲ့မှော်လက်နက်ကိုသန့်စင်ပေးမှာ"

ဖုန်ကျင်းယွီကမထီမဲ့မြင်ဟန်အသံပေးလိုက်သည်။

အားပိုင်နဲ့ဟူပိုတို့ကမွေးကင်းစအရွယ်ကြယ်ခုနှစ်ပွင့်နတ်ဆိုးသားရဲများဖြစ်ကြသော်လည်းမထိန်းချုပ်နိုင်စွာဖြင့်ကြောက်လန့်မှုကိုခံစားနေကြရသည်။

ကျားပေါက်လေးနှစ်ကောင်မှာယန်ထျန်းဟန်နောက်ကနေအနီးကပ်လိုက်နေရင်းဖြင့်ပင်သူတို့ကိုယ်သူတို့သူ့နောက်ကနေခိုင်မြဲစွာကပ်တွယ်ထားဖို့ကိုမစောင့်နိုင်ကြတော့ပေ။ဖုန်ကျင်းယွီကထိုပုံစံလေးများကိုမြင်တော့မနေနိုင်စွာပဲမျက်လုံးလှန်မိတော့သည်။

အကယ်၍တောင်ပိုင်းဒေသကကျားဖြူတွေသာသူတို့ရဲ့အငယ်ပိုင်းမျိုးဆက်တွေဘယ်လောက်ကြောက်တတ်လဲသိရင်အရမ်းကိုဒေါသထွက်လွန်းလို့ဒီကိုတစ်ခါတည်းတန်းလာပြီးဒီကျားပေါက်လေးနှစ်ကောင်ကိုသားရဲထိန်းတဲ့တောထဲပစ်ထည့်လိုက်လိမ့်မယ်..

ဒါကကျားဖြူမျိုးနွယ်စုအတွက်တော့အရှက်ရစရာပဲ!

ခဏလောက်အနားယူပြီးနောက်မှာယန်ထျန်းဟန်ကသူ့ကိုယ်သူဆွဲထူပြီးမြူထဲမှာလမ်းဆက်ရှာနေသည်။

သို့သော်လည်းနည်းလမ်းပေါင်းစုံအသုံးပြုပြီးနောက်မှာတောင်ယန်ထျန်းဟန်မှာလမ်းကိုရှာမတွေ့နိုင်သေးပေ။

ဖုန်ကျင်းယွီကသူအရမ်းကိုပင်ပန်းနေတာမြင်တော့စကားပြောလာသည်။

"အသံကူးပြောင်းခေါင်းလောင်းကိုသုံးပြီးမင်းအကိုကြီးကိုလက်ရှိအခြေအနေအကြောင်းပြောကြည့်ရင်ရော...ပြီးရင်ဒီလိုကြောင်တောင်တောင်နေရာမျိုးကိုထပ်မလာကြရအောင်...ငါထင်တာတော့မဟာအကြီးအကဲဟွိုင်ယွီလားဘာလား,သူကမင်းကိုတပည့်အဖြစ်လက်ခံဖို့သိပ်ပြီးစိတ်ရင်းမမှန်သလိုပဲ,မဟုတ်ရင်သူဘယ်လိုလုပ်မင်းကိုဒီလောက်ညှင်းဆဲနေမှာလဲ?မင်းအကိုကြီးနောက်ကနေအစေခံကောင်လေးလိုလိုက်တာကတောင်ဒီလိုအခက်အခဲတွေကိုသည်းခံနေရတာထက်ပိုကောင်းဦးမယ်"

အချိန်ကိုတွက်ချက်လိုက်ရင်အခုတစ်ရက်လောက်ဖြစ်နေမှာကိုတောင်စိုးရိမ်မိသည်။ဒီမြူခိုးထဲမှာတစ်ခြားထူးဆန်းတဲ့အရာတွေရှိနေလားဘယ်သူသိမှာလဲ....ယန်ထျန်းဟန်ရဲ့အင်အားနဲ့ချီတွေကအလွန်အမင်းဆုံးရှုံးနေပြီးခြေတစ်လှမ်းလောက်လျှောက်တာကိုတောင်အသက်ပြင်းပြင်းရှုပြီးချောင်းဆိုးနေသည်လေ။

====================

Next Episode

ရင်သပ်ရှုမောဖွယ်ဓားသိုင်း

====================
Zawgyi

အပိုင္း(၂၇၅) - ဆရာလက္ေဆာင္ေပးတဲ့ဓား

မဟာအၾကီးအကဲလန္ယြဲ႔ကလင္ရႊမ္းဇီရဲ႔အက်င့္စရိုက္အေၾကာင္းအေသအခ်ာၾကီးနားလည္ေနတာမဟုတ္ေသာ္လည္းဓားက်င့္ၾကံသူတစ္ေယာက္ရဲ႔ဓားအေပၚစြဲလမ္းမွုနဲ႔သူတို႔ကသူတို႔ကိုယ္ပိုင္ဓားကိုဘယ္ေလာက္ေတာင္တန္ဖိုးထားၾကလဲဆိုတာကိုေတာ့သူေသခ်ာေပါက္နားလည္သည္။

ထို႔ေၾကာင့္လည္းမဟာအၾကီးအကဲလန္ယြဲ႔ကနားလည္မွုရွိစြာေခါင္းညိတ္ျပသည္။

"ထားလုိက္ပါေတာ့ဒါဆိုငါလည္းမလိုအပ္တာမလုပ္ေတာ့ဘူး..ငါမင္းကိုေတြ႔ဆံုျခင္းလက္ေဆာင္ေနာက္တစ္ခုပဲေပးေတာ့မယ္"

သူကထိုစကားကိုေျပာတဲ့အခ်ိန္မွာေပ့ရွစ္ထ်န္းကိုၾကည့္ေနတာျဖစ္သည္။သူ႔မ်က္လံုးေတြကေမွးမွိန္ျပီးေမွာင္မုိက္ေနေသာ္လည္းအဓိပၸါယ္ကေတာ့တစ္ခ်က္ၾကည့္တာနဲ႔တင္ရွင္းလင္းေနသည္။

ေပ့ရွစ္ထ်န္းသည္လည္းသူ႔နွလံုးသားမွာသတိေပးခ်က္တစ္ခုကိုရသြားျပီးနွုတ္ခမ္းကိုကိုက္လုိက္မိသည္။မဟာအၾကီးအကဲလန္ယြဲ႔ကလင္ရႊမ္းဇီကိုဘာလက္ေဆာင္ေပးမလဲဆုိတာသူသိသြားျပီေလ။

"မင္းလ်ွန္လ်ွန္ကိုငါ့ဆီအေစာကတည္းကျပန္ေပးခဲ့ရမွာ" မဟာအၾကီးအကဲလန္ယြဲ႔ကစကားဆက္သည္။

"အဲ့ဒါကမင္းအတြက္အသံုးမဝင္မွေတာ့ပိုျပီးလိုအပ္တဲ့သူကိုေပးလုိက္"

သူကခန္႔မွန္းျပီးသားျဖစ္ေသာ္လည္းတကယ္တမ္းၾကားလိုက္ရေတာ့ေပ့ရွစ္ထ်န္းမွာအ့ံအားသင္သြားရဆဲပင္။သူကခဏတာမ်ွတိတ္ဆိတ္သြားျပီးလမ္းေၾကာင္းကိုရွာမေတြ႔သည့္ကေလးငယ္တစ္ေယာက္လိုကူကယ္ရာမဲ့မွုနဲ႔စိတ္ရွဳပ္ေထြးမွုကိုခံစားလိုက္ရသည္။

သူျပန္မတုန္႔ျပန္နုိင္ေသးတဲ့အခ်ိန္မွာသူ႔ေဘးမွာရပ္ေနသည့္ဝမ္ရိထုန္ကျပင္းထန္စြာကန္႔ကြက္ရင္းက်ယ္ေလာင္စြာေအာ္ဟစ္လာသည္။

"ဆရာ,ေနာက္ေနတာလား?လ်ွန္လ်ွန္ကေပ့ရွစ္ထ်န္းကိုသခင္အျဖစ္အသိအမွတ္ျပဳျပီးေနျပီေလ,ျပီးေတာ့လည္းသူကေသြးေတြသတ္ျဖတ္ျခင္းအေငြ႔အသက္ေတြစြန္းထင္းေနျပီးေနျပီ...အဲ့ဒါကဂ်ဴနီယာညီငယ္ေလးနဲ႔လံုးဝကိုက္ညီမွုမရွိဘူး...အကယ္၍ဆရာအဲ့ဒီဓားကိုဂ်ဴနီယာညီေလးဆီေပးလိုက္ရင္အဲ့ဒါကသူ႔ကိုထိိခိုက္ေစမွာမဟုတ္ဘူးလား?ျပီးေတာ့လည္းလ်ွန္လ်ွန္ကဒီလိုလူမ်ိဳးဆီကအသံုးျပဳခံျပီးမွေတာ့ဂ်ဴနီယာညီငယ္ေလးနဲ႔မထုိက္တန္ေတာ့ဘူးက်ြန္ေတာ္ထင္တာေတာ့-"

မဟာအၾကီးအကဲလန္ယြဲ႔ကသူ႔မ်က္လံုးကိုက်ဥ္းေျမာင္းလုိက္ရင္းသူ႔အၾကည့္ကအနည္းငယ္ေအးခဲလာသည္။ထိုအၾကည့္ကိုျမင္တာနဲ႔တင္ဝမ္ရိထုန္ကခ်က္ခ်င္းပါးစပ္ပိတ္သြားေတာ့သည္။

"ေကာင္းျပီ,ေကာင္းျပီ...ဆရာကသူေဌးပါဆရာ႔မွာပဲေနာက္ဆံုးေျပာခြင့္ရွိပါတယ္"

အစပုိင္းအတက္အက်ျဖစ္သြားျပီးေနာက္မွာေတာ့ေပ့ရွစ္ထ်န္းမ်က္နွာေပၚတြင္မည္သည့္အမူအယာမွမက်န္ရစ္ေတာ့ေပ

သူကလ်ွန္လ်ွန္အားသူ႔သိုေလွာင္လက္စြပ္ထဲကေနထုတ္၍မဟာအၾကီးအကဲလန္ယြဲ႔ဆီေလ်ွာက္သြားလိုက္သည္။အကြာအေဝးကနွစ္ဆယ့္နွစ္မီတာေလာက္ေတာင္မရွိေသာ္လည္းသူကေတာ့အလြန္႔ကိုေျဖးညွင္းစြာျဖင့္သာေလ်ွာက္ေန၏။သူကဓားအားဂရုတစိုက္ကိုင္လုိက္ျပီးဓားလက္ကိုင္အားသူ႔လက္ေခ်ာင္းမ်ားျဖင့္ညင္ညင္သာသာပြတ္သပ္လိုက္ျပီးေနာက္ဒီလမ္းအားဘယ္ေတာ့မွအဆံုးမသတ္ဖို႔ေမ်ွာ္လင့္ေနမိသည္။

ဝမ္ရိထုန္သည္ေပ့ရွစ္ထ်န္းရဲ႔စြန္႔ပစ္ခံထားရသလိုမ်ိဳးေက်ာျပင္ကိုၾကည့္ရင္းရုတ္တရက္ခ်ဥ္စူးသည့္ခံစားခ်က္တစ္ခုကသူ႔နွလံုးသားထဲအေျပးေလးဝင္လာသည္။သူကလက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လုိက္ရင္းျဖင့္အံကိုၾကိတ္ကာမ်က္လႊာခ်လိုက္ျပီးေနာက္တစ္ေခါက္ထပ္မၾကည့္ရက္ေတာ့ေပ။

ဘယ္ေလာက္ပဲသူကေပ့ရွစ္ထ်န္းကိုကဲ့ရဲ႔ရွံဳ႔ခ်ရသည္အားသေဘာက်ေပ်ာ္ရႊင္ေနပါေစအဲ့ဒါကနွဳတ္နဲ႔သပ္သပ္သာျဖစ္သည္။သူကေပ့ရွစ္ထ်န္းအားအလြန္အက်ြံထိခိုက္သြားေအာင္မလုပ္ခဲ့ေပ။ဒါေပမဲ့အခုေတာ့ဆရာကလ်ွန္လ်ွန္ကိုျပန္ယူသြားခဲ့ျပီ:ဓားက်င့္ၾကံသူတစ္ေယာက္အေနနဲ႔အဲ့ဒါကေသခ်ာေပါက္ရင္နာရလိမ့္မယ္

က်န္းဖုန္းထင္သည္လည္းတစ္စံုတစ္ရာေျပာလိုေပမယ့္မဟာအၾကီးအကဲလန္ယြဲ႔႔၏အၾကည့္တစ္ခ်က္နဲ႔တင္သက္ျပင္းသာခ်နုိင္ေတာ့သည္။

ေပ့ရွစ္ထ်န္းကမဟာအၾကီးအကဲလန္ယြဲ႔၏ေဘးမွာရပ္လိုက္ျပီးလက္နွစ္ဖက္လံုးျဖင့္လ်ွန္လ်ွန္အားသူ႔ဆီကမ္းေပးလိုက္သည္။

မဟာအၾကီးအကဲလန္ယြဲ႔ကလက္တစ္ဖက္တည္းနဲ႔ဓားကိုယူလိုက္ျပီးဓားအားပြတ္သပ္လုိက္ရင္းျဖင့္စကားစ၏။

"လ်ွန္လ်ွန္ကငါအေရွ႔ဘက္တုိက္မၾကီးအေရွ႔ဘက္အက်ဆံုးေနရာကေနငါရလာခဲ့တာ...ဒီဓားကသဘာဝကိုကညင္သာသိမ္္ေမြ႔ျပီးတင့္တယ္တယ္,ေသခ်ာေပါက္ဇီဂဲနဲ႔ေတာ့ယွဥ္လို႔မရဘူးေပါ့..ဒါေပမဲ့ဒီေန႔ေတာ့မင္းအတြက္ဒါကအသံုးျပဳလုိ႔ရပါတယ္...မင္းကဓားက်င့္ၾကံသူတစ္ေယာက္ျဖစ္တာမို႔လို႔ဓားမရွိပဲေနဖို႔ကမျဖစ္နုိင္ဘူး...ဒီေန႔,ငါလ်ွန္လ်ွန္ကိုမင္းဆီစိတ္ခ်လုိက္မယ္,မင္းရဲ႔အရင္တုန္းကအေျခအေနကိုမၾကာခင္ပဲျပန္ရနုိင္ဖို႔ေမ်ွာ္လင့္ပါတယ္"

လင္ရႊမ္းဇီသည္လ်ွန္လ်ွန္အားလက္နွစ္ဖက္ျဖင့္ယူလိုက္ျပီးေနာက္မွာအလြန္ဆိုးဝါးျပင္းထန္လွတဲ့လူသတ္ေငြ႔ကိုခံစားလိုက္ရသည္။ဓားအိမ္ထဲမွလ်ွန္လ်ွန္ကအရာအားလံုးကုိသတ္ျဖတ္ပစ္ခ်င္ေနျပီးဓားအိမ္ထဲကရုန္းထြက္ခ်င္တာေၾကာင့္ငိုေၾကြးမည္တမ္းေနသကဲ့သို႔ပင္တုန္ယင္ေန၏။

ဒီဓားကသတ္ျဖတ္ျခင္းဓားတစ္ေခ်ာင္းျဖစ္ေနေလျပီ။

လင္ရႊမ္းဇီေတာင္မွပဲမေနနုိင္စြာနဲ႔ေပ့ရွစ္ထ်န္းကိုလွမ္းၾကည့္မိသည္။

လူရြယ္နဲ႔ဆယ္ေက်ာ္သက္တစ္ေယာက္ၾကားကာလအပိုင္းအျခားရုပ္သြင္ရွိတဲ့တစ္စံုတစ္ေယာက္၊ဒါ့အျပင္သူ႔ထက္နွစ္အနည္းငယ္သာၾကီးတဲ့သူတစ္ေယာက္ကမေမ်ွာ္လင့္ပဲသူ႔လက္နွစ္ဖက္လံုးကေသြးမ်ားစြန္းထင္းေနသည္ေလ;သူယူခဲ့တဲ့အသက္ဘယ္နွစ္သက္ေလာက္ေတာင္ရွိမလဲဘယ္သူသိနိုင္မွာလဲ...

သူသတ္ျဖတ္ပစ္ခဲ့တဲ့သူေတြ,ေကာင္းသည္ပဲျဖစ္ေစဆိုးသည္ပဲျဖစ္ေစ,လူသားပဲျဖစ္ေစသားရဲေတြပဲျဖစ္ေစ—အဆံုးမွာေတာ့သူကမ်ားျပားလွတဲ့အသတ္ေတြကိုသတ္ပစ္ခဲ့သည္ပဲေလ,သူ႔ဝန္းက်င္ကေသြးအေငြ႔အသက္ကအရမ္းကိုျပင္းထန္လြန္းလွတာေၾကာင့္အဲ့ဒါကတစ္ျခားေတာ့ျဖစ္မွာမဟုတ္ပဲသူ႔အနာဂတ္က်င့္ၾကံဆင့္ကိုသာထိခိုက္ေစလိမ့္မည္။

လ်ွန္လ်ွန္ကေနတစ္ဆင့္သူေပ့ရွစ္ထ်န္းရဲ႔ဖိနွိပ္မွဳ၊မုန္းတီးမွုနဲ႔နာက်င္မွုမ်ားကိုခံစားလုိ႔ရေနသည္။ဒီခံစားခ်က္ေတြဘယ္ကလာလည္းဆုိတာလင္ရႊမ္းဇီမသိေပမယ့္ဓားကေတာ့မလိမ္ညာေပ;ေပ့ရွစ္ထ်န္းမွာမသိနိုင္တဲ့အတိတ္တစ္စံုတစ္ရာရွိေနလိမ့္မည္။

လင္ရႊမ္းဇီရဲ႔ေက်ာက္စိမ္းကဲ့သို႔သြယ္လ်ေသာလက္ေခ်ာင္းမ်ားကဓားကိုယ္ထည္အားညင္သာစြာပုတ္လုိက္ျပီးသူ႔အရွိန္အဝါအားအသံုးျပဳကာဓားက်င့္ၾကံသူတစ္ေယာက္အေနနဲ႔ေနြးေထြးမွုေပးလိုက္ျပီးသူ႔ကိုယ္ပိုင္နည္းလမ္းကိုအသံုးျပဳ၍လ်ွန္လ်ွန္အားေခ်ာ့ျမဴလုိက္၏။

လ်ွန္လ်ွန္ကတစ္စံုတစ္ခုကိုခံစားမိဟန္ျဖင့္အခ်ိန္သိပ္မၾကာခင္ပဲျငိမ္သက္သြားေတာ့သည္။

ေပ့ရွစ္ထ်န္းရဲ႔တည္ျငိမ္ေသာမ်က္လံုးမ်ားထဲမွာအံ့အားသင့္မွုတစ္စံုတစ္ရာျဖစ္ေပၚသြားေလသည္။

လ်ွန္လ်ွန္ရဲ႔ေဒါသဘယ္ေလာက္ဆိုးဝါးလဲဆုိတာသူကလူတိုင္းထက္ပုိျပီးအတိအက်သိသည္။လၽွႏ္လွ်န္ဝမ္းနည္းတဲ့အခ်ိန္မွာဆိုရင္သူနဲ႔ေန႔ေရာညပါအတူတူရွိေနတဲ့သခင္ျဖစ္တဲ့သူေတာင္သူ႔လက္ေတြကခ်ည္ေနွာင္ခံထားရျပီးဘာကိုမွမလုပ္နိုင္ေတာ့ပဲကူကယ္ရာမဲ့မွုကိုခံစားခဲ့ရသည္။ဒါေပမဲ့လင္ရႊမ္းဇီကေတာ့ခဏတျဖဳတ္သာကိုင္ရေသးသည္ေမွ်ာ္လင့္မထားေလာက္ေအာင္ၿငိမ္သက္သြားသည္ေလ။

ေပ့ရွစ္ထ်န္းမသိေသာအခ်က္မွာလင္ရႊမ္းဇီယခင္ကအသံုးျပဳခဲ့တဲ့ဇီဂဲဓားကပိုလို႔ပင္စိတ္အားတက္ႂကြၿပီးေဒါသႀကီးသည့္ဓားတစ္ေခ်ာင္းျဖစ္တာေၾကာင့္ေခါင္းမာၿပီးထိန္းခ်ဳပ္မရဘူးဟုပင္ေျပာလို႔ရႏိုင္သည္။ဒီလို'မနာခံတဲ့ဓား'မ်ိဳးကိုေျဖရွင္းဖို႔သူ႔မွာကိုယ္ပိုင္နည္းလမ္းမ်ားရွိသည္ပင္။

ဒါ့အျပင္ေလာေလာဆယ္သူ႔လက္ထဲမွာဇီဂဲဓားမရွိဘူးဆိုရင္ေတာင္သူ႔ခႏာၱကိုယ္ေပၚမွာေတာ့ဇီဂဲဓားမွခ်န္ရစ္ခဲ့သည့္အရွိန္အဝါမ်ားရွိေနဆဲျဖစ္သည္။ဇီဂဲကလွ်န္လွ်န္ထက္အဆင့္ျမင့္တာေၾကာင့္လွ်န္လွ်န္ကသူ႔ရဲ႔ခႏာၱကိုယ္ေပၚမွာပိုၿပီးျမင့္မားတဲ့အဆင့္ရွိေသာအရွိန္အဝါကိုခံစားရေသာအခါမွာဘာမွမတတ္ႏိုင္စြာပဲအသိအမွတ္ျပဳလိုက္ရတာျဖစ္၏။

လင္ရႊမ္းဇီကလွ်န္လွ်န္ကိုကိုင္ထားရင္းျဖင့္ေျပာလိုက္သည္။

"ဓားလက္ေဆာင္ေပးတဲ့အတြက္ဆရာ႔ကိုေက်းဇူးတင္ပါတယ္"

မဟာအႀကီးအကဲလန္ယြဲ႔ကေက်နပ္အားရစြာျဖင့္ေခါင္းတစ္ဆတ္ဆတ္ညိတ္လိုက္ၿပီးအျပည့္အဝေပ်ာ္ရႊင္သြားဟန္ျဖင့္တစ္ဖက္လွည့္ကာထြက္သြားေတာ့ေလသည္။

ဝမ္ရိထုန္ကိုျဖတ္ေက်ာ္သြားတဲ့အခ်ိန္မွာမဟာအႀကီးအကဲလန္ယြဲ႔ကရပ္တန္႔လိုက္သည္။

"မနက္ျဖန္ရဲ႔ျပစ္ဒဏ္ေပးမႈကဘယ္လိုျဖစ္သင့္လဲဆိုတာကိုယ့္ဘာသာကိုယ္ဆံုးျဖတ္ေခ်"

ဝမ္ရိထုန္ကစိတ္ဓာတ္က်စြာျဖင့္ေခါင္းကိုငံု႔ထားၿပီးအားေလ်ာ့စြာျဖင့္ေခါင္းညိတ္ျပသည္။

မဟာအႀကီးအကဲလန္ယြဲ႔ထြက္ခြာသြားၿပီးေနာက္မွာဝမ္ရိထုန္ကေပ့ရွစ္ထ်န္းအားမေက်မနပ္ျဖင့္ၾကည့္ေလသည္။

"အဲ့ဒါအကုန္မင္းအမွားႀကီးပဲ"

ဘယ္လိုပဲျဖစ္ေနပါေစေပ့ရွစ္ထ်န္းကေတာ့လႈပ္ရွားမႈကင္းမဲ့ေနဆဲပင္ျဖစ္သည္။ခဏေလာက္အၾကာမွသာသူကလင္ရႊမ္းဇီအားစကားအနည္းငယ္ေျပာလာသည္။

"ေကာင္းေကာင္းဆက္ဆံေပးပါ"

လင္ရႊမ္းဇီကေခါင္းညိတ္ျပသည္။

"ေသခ်ာေပါက္ပါပဲ"

လွ်န္လွ်န္ကသူ႔လက္ထဲမွာရွိေနၿပီျဖစ္ေသာ္လည္းသူနဲ႔ေတာ့အတိအက်ရင္းႏွီးကၽြမ္းဝင္မႈမရွိေပ။သူနဲ႔ဓားကသိပ္ၿပီးမသင့္ေတာ္ဘူးျဖစ္သည္။သို႔ေသာ္မဟာအႀကီးအကဲလန္ယြဲ႔၏စုေဆာင္းမႈမ်ားကိုစဥ္းစားၿပီးေနာက္မွာေတာ့တစ္ျခားသင့္ေတာ္တဲ့ဓားမရွိေတာ့ဘူးျဖစ္သည္။

ေပ့ရွစ္ထ်န္းကလင္ရႊမ္းဇီအားနက္နက္႐ွိဳင္း႐ွိဳင္းတစ္ခ်က္ၾကည့္ၿပီးေနာက္တစ္ဖက္သို႔လွည့္ကာေလွ်ာက္ထြက္သြားေတာ့သည္။

ဝမ္ရိထုန္ကသူ႔ကိုလစ္လ်ဴရွဳသြားသည့္ေပ့ရွစ္ထ်န္းကိုလွမ္းေအာ္သည္။

"ေဟ့,ေဟး,မင္းငိုဖို႔ေနရာသြားရွာတာေတာ့မဟုတ္ပါဘူးေနာ္?"

ေပ့ရွစ္ထ်န္းကေဒါင့္တစ္ေနရာကိုေကြ႕ကာဝင္သြားၿပီးပန္းေတြအလယ္မွာေပ်ာက္ကြယ္သြားေတာ့သည္။

ဝမ္ရိထုန္ကတံခါးကိုမွီထားရင္းျဖင့္ႏႈတ္ခမ္းကိုေကြးၫႊတ္ကာသက္ျပင္းခ်သည္။

"အသက္ေလးကငယ္ေပမယ့္ေဒါသကေတာ့မဟုတ္ဘူး"

သူကေပ့ရွစ္ထ်န္းထက္အသက္ႀကီးသည္။သို႔ေသာ္ဂိုဏ္းထဲသို႔ဝင္တာရက္အနည္းငယ္ေနာက္က်သြားတာေၾကာင့္ဂ်ဴနီယာညီေလးျဖစ္သြားရျခင္းပင္။

ဒါေပမဲ့လည္းဝမ္ရိထုန္ကေပ့ရွစ္ထ်န္းကိုစီနီယာအကိုအျဖစ္ဘယ္တုန္းကမွမသတ္မွတ္ခဲ့ဘူး

ဝမ္ရိထုန္ရဲ႔ေခါင္းကအေနာက္ကေနအ႐ိုက္ခံလိုက္ရသည္။

"အြီ!"

ဝမ္ရိထုန္ကေအာ္ရင္းျဖင့္ပင္က်န္းဖုန္းထင္အားဝမ္းနည္းေၾကကြဲစြာလွည့္ၾကည့္သည္။

"ဘယ္သူကမင္းကိုဒီေလာက္အ႐ူးထခိုင္းလို႔လဲ!"

ဝမ္ရိထုန္ကတိုးတိုးေလးေရရြတ္သည္။

"အဲ့ဒါကကၽြန္ေတာ္မူးသြားလို႔မဟုတ္ဘူးလား?"

"မူးတယ္?" က်န္းဖုန္းထင္ကေအးစက္စက္ရယ္သည္။

"ကိုယ့္ကိုကိုယ္ဆက္လိမ္ေနလိုက္"

ဝမ္ရိထုန္ကကူကယ္ရာမဲ့စြာပဲပုခံုးတြန္႔ျပသည္။

"ေနာက္တစ္ေခါက္မင္းအားထ်န္းကိုအႏိုင္က်င့္ေနတာငါျမင္တာနဲ႔ေစာင့္ၾကည့္ေနလိုက္" က်န္းဖုန္းထင္ကတကယ့္ကိုအေတာ္ေလးစိတ္ဆိုးေနၿပီးၿခိမ္းေျခာက္တဲ့စကားလံုးမ်ားပင္အသံုးျပဳေနသည္။

စကားလံုးအနည္းငယ္ေျပာဆိုၿပီးေနာက္က်န္းဖုန္းထင္ကသူ႔အက်ႌလက္ကိုခါယမ္းရင္းေလွ်ာက္ထြက္သြားေတာ့သည္။ဟိုင္ခြမ္းေလာင္ကဝမ္ရိထုန္အားမ်က္ခံုးပင့္ၾကည့္ကာသူ႔ရဲ႔ကံမေကာင္းမႈကိုဝမ္းေျမာက္ေပ်ာ္ရႊင္ေနသည္။ဝမ္ရိထုန္ကသူ႔ႏႈတ္ခမ္းေထာင့္စြန္းအားျပန္ဆြဲတင္လိုက္ၿပီးသူ႔ကိုလက္ခလယ္ေထာင္ျပလိုက္၏။

ဟိုင္ခြမ္းေလာင္ကက်န္းဖုန္းထင္ေနာက္လိုက္ပါသြားကာဝမ္ရိထုန္အားအခန္းထဲမွာတစ္ေယာက္တည္းခ်န္ရစ္ခဲ့သည္။

လင္ရႊမ္းဇီကလွ်န္လွ်န္အားသိမ္းဆည္းရန္ျပင္လိုက္စဥ္မွာပင္ဝမ္ရိထုန္ေျပာလာသည္ကိုၾကားလိုက္ရသည္။

"ခဏေလး!"

ဝမ္ရိထုန္ကအလ်င္စလိုေျပးလာၿပီးလွ်န္လွ်န္အားယူလိုက္ကာခံစားမႈကိုရယူေနသလိုမ်ိဳးခဏတာမွ်ဂ႐ုတစိုက္ထိေတြ႕ေနသည္။

"အဲ့ဒီေကာင္ေလးကလွ်န္လွ်န္ကိုအရမ္းသေဘာက်တာ" ဝမ္ရိထုန္ကစကားဆက္သည္။

"အခုဆိုေသခ်ာတယ္သူတစ္ေနရာရာမွာပုန္းကြယ္ၿပီးငိုေနေလာက္ၿပီ..အဲ့ဒီကေလးကေလဟိုးအေကာင္ေပါက္ေလးဘဝကတည္းကအဲ့ဒီအတိုင္းပဲ,ဟူး......"

ဒီလူကေပ့ရွစ္ထ်န္းအေၾကာင္းေျပာေနျခင္းျဖစ္ေၾကာင္းလင္ရႊမ္းဇီ႐ုတ္တရက္သိသြားသည္။

အဲဒါကဒီအတိုင္းေပ့ရွစ္ထ်န္းအေပၚဝမ္ရိထုန္ရဲ႔ခံစားခ်က္အတိအက်ကိုသာသူမသိတာျဖစ္သည္။မၾကာေသးခင္ေလးကတင္သူကေအာ္ဟစ္ၿပီးသတ္ျဖတ္ေနေသာ္လည္းအခုေတာ့ထိုလူ႔အတြက္ညင္သာတဲ့အသံနဲ႔စကားေျပာေပးေနသည္ေလ။

"ခုဏတုန္းကခင္ဗ်ားစီနီယာအကိုႀကီးေပ့ကိုအေႏွာင့္အယွက္ေပးေနတာျမင္ေတာ့ခင္ဗ်ားနဲ႔သူကႀကီးမားတဲ့ရန္ေႂကြးေတြရွိေနတယ္လို႔ကၽြန္ေတာ္ထင္လိုက္မိတာ"

ဝမ္ရိထုန္ကရယ္ေမာလိုက္ရင္းသူ႔ရဲ႔မက္မြန္သ႑ာန္မ်က္လံုးအစံုကပိုၿပီးစိတ္ဝင္စားဖြယ္ေကာင္းသြားသည္။

"မင္းမွန္တယ္,ငါတို႔မွာပင္လယ္ေရလိုနက္႐ွိဳင္းလြန္းၿပီးမကိုက္ညီတဲ့မုန္းတီးမႈေတြရွိတယ္"

ဝမ္ရိထုန္ကမ်က္ေတာင္ခတ္လိုက္ရင္းသူ႔အျပံဳးကမ်က္လံုးထိမေရာက္ေပ။

"မင္းဒီလိုကိစၥမ်ိဳးေတြေပ့ေခ်ာင္ေမာ့ကိုေမးလိုက္ရင္သိမွာပါဒါေပမဲ့သူေျပာမေျပာဆိုတာကေတာ့မင္းနဲ႔သူဆက္ဆံေရးဘယ္ေလာက္ေကာင္းလဲဆိုတာေပၚမူတည္တယ္..ငါထင္တာေတာ့,မင္းသူ႔ရဲ႔လွ်န္လွ်န္ကိုယူၿပီးတဲ့အခ်ိန္မွာမင္းကိုဘယ္လိုမ်ိဳးအကဲျဖတ္ရမလဲဆိုတာကိုသူ႔စိတ္ထဲသိမွာမဟုတ္ဘူးဒါေပမဲ့ေသခ်ာတာေတာ့သိပ္ျမင့္မွာမဟုတ္ဘူး....ဒါေပမဲ့လည္းေပါ့,ကိုယ့္ေသေၾကာင္းကိုယ္မၾကံတဲ့အေနနဲ႔မင္းအဲ့ဒီလိုကိစၥေတြကိုသိ္ပ္မေမးတာေကာင္းလိမ့္မယ္"

ဝမ္ရိထုန္ကေျပာလို႔ၿပီးသည့္ေနာက္လွ်န္လွ်န္အားလင္ရႊမ္းဇီကိုျပန္ေပးလိုက္သည္။

"ငါအိပ္ငိုက္ေနၿပီ,အဲ့ဒါေၾကာင့္ျပန္သြားၿပီးအိပ္ေတာ့မယ္...အိုးဟုတ္သား,မနက္ျဖန္ေနထြက္ခ်ိန္မွာငါမင္းကိုေလ့က်င့္ေရးကြင္းျပင္မွာအခ်ိန္ကိုက္ပဲျမင္ခ်င္တယ္ေနာ္မင္းကိုပ်င္းရိခြင့္မျပဳဘူး"

လင္ရႊမ္းဇီကလွ်န္လွ်န္အားေတြးေတြးဆဆျဖင့္ၾကည့္လိုက္သည္။သူဒီကိစၥကိုေခါင္းေရာအၿမီးပါမသိႏိုင္တာေၾကာင့္တစ္ရက္ေလာက္ေပ့ေခ်ာင္ေမာ့ကိုပဲသြားရွာၿပီးေမးျမန္းဖို႔စဥ္းစားလိုက္ေတာ့သည္။ထိုႏွစ္က,ေပ့ေခ်ာင္ေမာ့ကေပ့ရွစ္ထ်န္းကိုေခၚၿပီးေျမာက္ဘက္တိုက္မႀကီးကေနအေရွ႕ဘက္တိုက္မႀကီးဘက္ထြက္ေျပးလာခဲ့ပံုရသည္။အဲ့ဒါကဒီအတိုင္းသူတို႔ကိုေခၚသြားတဲ့ေတာင္ထြတ္မ်ားကမတူတာေၾကာင့္သာ..

ေပ့ေခ်ာင္ေမာ့ကသူ႔အတိတ္အေၾကာင္းတစ္ခါမွမေျပာခဲ့ဘူးခဲ့သလိုလင္ရႊမ္းဇီကလည္းဘယ္တုန္းကမွမေမးျမန္းခဲ့ေပ။သို႔ေသာ္လည္းဒီအခ်ိန္မွာေတာ့ေပ့ရွစ္ထ်န္းရဲ႔စိတ္ပိုင္းဆိုင္ရာအေျခအေနကအေတာ္ေလးအႏာၱရယ္မ်ားေနတာကိုသိသြားသည္။

ဒါကေကာင္းတဲ့အရာမဟုတ္ဘူး

လင္ရႊမ္းဇီကမ်က္ႏွာႏွင့္ပါးစပ္ကိုေဆးေၾကာၿပီးေနာက္မွာအိပ္ယာေပၚလဲေလ်ာင္းလိုက္ရင္းမေနႏိုင္စြာျဖင့္အားဟန္ရဲ႔အေျခအေနကိုစတင္စဥ္းစားမိသည္။

အားဟန္အခုဘာမ်ားျဖစ္ေနမလဲမသိဘူး?

***

"မင္းဘယ္လိုအသံုးမက်တဲ့အရာမ်ိဳးကိုမ်ားစားခဲ့တာလဲ;ဘယ္လိုျဖစ္လို႔ငါတို႔အခုထိလမ္းကိုမျမင္ရေသးတာလဲ?"

ဖုန္က်င္းယြီကယန္ထ်န္းဟန္ရဲ႔ရင္ဘက္ထဲကေနေခါင္းေလးထြက္လာသည္။

သူယန္ထ်န္းဟန္ေနာက္ကေနလိုက္လာၿပီးဒီျမဴခိုးေတြထဲမွာေလွ်ာက္ပတ္ေနတာအနည္းဆံုးဆယ္နာရီေလာက္ရွိေနၿပီ!

က်ားေပါက္ေလးႏွစ္ေကာင္ကေတာ့ယန္ထ်န္းဟန္ေနာက္ကေနသာနီးနီးကပ္ကပ္လိုက္လာၾကသည္။အကယ္၍သူတို႔မ်က္ေတာင္တစ္ခ်က္ခတ္လိုက္မိရင္ပင္ယန္ထ်န္းဟန္နဲ႔ကြဲသြားမွာကိုစိုးရိမ္ေနၾက၏။

ယန္ထ်န္းဟန္ရဲ႔ႏွလံုးသားသည္လည္းအလြန္စိတ္ဆင္းရဲေနၿပီးငိုခ်င္ေနၿပီျဖစ္သည္။

သူတို႔ေျပာေတာ့ေဆးလံုးကိုစားၿပီးရင္တကယ့္လမ္းေၾကာင္းကိုရွာေတြ႕ၿပီးထြက္သြားႏိုင္မယ္ဆို?

ဒါေပမဲ့အဲ့ဒီေဆးရဲ႔သက္ေရာက္မႈကအေမႊးတိုင္တစ္တိုင္စာပဲခံတယ္လို႔သူ႔ကိုဘယ္သူကမွမေျပာလိုက္ဘူး!

ရလဒ္ကေတာ့ယန္ထ်န္းဟန္မွာထူထပ္လွတဲ့ျမဴခိုးၾကားထဲတြင္စိတ္ရႈပ္ေထြးၿပီးဦးတည္ရာေပ်ာက္ကာလမ္းေၾကာင္းရွာဖို႔ႀကိဳးစားေနရသည္။

ျမဴမ်ားေၾကာင့္အေဝးကိုမျမင္ရယံုတင္မကပဲထိုေနရာမွာသစ္ပင္အေျမာက္အျမားလည္းရွိေနတာေၾကာင့္လူေတြကိုပိုၿပီးစိတ္ရႈပ္ေထြးေစသည္။

ယန္ထ်န္းဟန္ကငတံုးတစ္ေယာက္မဟုတ္ေပ။သူကျဖစ္ႏိုင္မယ့္နည္းလမ္းတိုင္းကိုစဥ္းစားၿပီးထိုသစ္ပင္မ်ားေပၚမွာအမွတ္မ်ားခ်န္ရစ္ခဲ့ကာသူ႔လမ္းေၾကာင္းထပ္တလဲလဲျဖစ္မယ့္ကိစၥကေနေရွာင္ရွားရန္ႀကိဳးစားခဲ့သည္။သို႔ေသာ္လည္းလြန္ခဲ့တဲ့ေလးနာရီလံုးလံုးဒါကအသံုးမဝင္ဘူးဆိုတာကိုနာက်င္ဖြယ္သင္ခန္းစာရသြားသည္။သူသစ္ပင္တစ္ပင္ကိုအမွတ္အသားျပဳရင္မွန္တစ္ခုလိုပင္ပံုစံတူအမွတ္အသားတစ္ခုကေနာက္သစ္ပင္တစ္ပင္မွာေပၚလာလိမ့္မည္။

ယန္ထ်န္းဟန္ကသစ္ပင္ကိုမွီထားရင္းျဖင့္အသက္ကိုအေမာတေကာရႈေနမိသည္။

"ငါထပ္မလုပ္ႏိုင္ေတာ့ဘူး..ေသေအာင္ပင္ပန္းတယ္,ဒီျမဴခိုးေတြနဲ႔ေတာအုပ္ေတြကလူေတြကိုစိတ္ရႈပ္ေထြးေစတဲ့အခင္းအက်င္းထဲကအစိတ္အပိုင္းတစ္ခုျဖစ္လိမ့္မယ္...ငါကပံုရိပ္ေယာင္အခင္းအက်င္းေတြနဲ႔ပတ္သတ္ၿပီးဘာမွသိတာမဟုတ္ဘူးဘယ္လိုလုပ္ထြက္သြားႏိုင္မွာလဲ?"

ဖုန္က်င္းယြီမွာသံကိုသံမဏီျမန္ျမန္ျဖစ္ေအာင္မလုပ္ႏိုင္သည့္အေပၚမေက်မနပ္ျဖစ္ေနမိသည္။

"မင္းအကိုႀကီးကမင္းကိုဒီေလာက္မ်ားတဲ့ေမွာ္ရတနာေတြေပးလိုက္တာပဲေလ,ထုတ္လာၿပီးသံုးပါလား!"

"ငါလည္းသံုးခ်င္တာေပါ့!ဒါေပမဲ့ဒီပံုရိပ္ေယာင္အခင္းအက်င္းရဲ႔အဆင့္ကအရမ္းျမင့္လြန္းတယ္ဟအဲ့ဒီေမွာ္လက္နက္ေတြကအလုပ္မလုပ္ဘူး!"

ဖုန္က်င္းယြီကသက္ျပင္းခ်ရင္းေလွာင္ေျပာင္သည္။

"မင္းအကိုႀကီးကတကယ့္ကိုစိတ္ခ်လို႔မရဘူးပဲ"

ယန္ထ်န္းဟန္သည္တစ္စံုတစ္ေယာက္ကသူ႔အကိုႀကီးကိုမေကာင္းေျပာတာအားၾကားသည့္အခါခ်က္ခ်င္းပင္ေလးနက္တဲ့အမူအယာနဲ႔တုန္႔ျပန္သည္။

"ငါ့အကိုႀကီးကဒီကမာၻေပၚမွာစိတ္ခ်လို႔အရဆံုးပဲ..သူေသခ်ာေပါက္ငါ့ရဲ႔လက္ရွိအေျခအေနကိုမေမွ်ာ္လင့္မိထားလို႔သာ,မဟုတ္လို႔ကေတာ့သူဒီပံုရိပ္ေယာင္အခင္းအက်င္းကိုခ်ိဳးျဖတ္ဖို႔အတြက္ပိုေကာင္းတဲ့ေမွာ္လက္နက္ကိုသန္႔စင္ေပးမွာ"

ဖုန္က်င္းယြီကမထီမဲ့ျမင္ဟန္အသံေပးလိုက္သည္။

အားပိုင္နဲ႔ဟူပိုတို႔ကေမြးကင္းစအရြယ္ၾကယ္ခုႏွစ္ပြင့္နတ္ဆိုးသားရဲမ်ားျဖစ္ၾကေသာ္လည္းမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ေၾကာက္လန္႔မႈကိုခံစားေနၾကရသည္။

က်ားေပါက္ေလးႏွစ္ေကာင္မွာယန္ထ်န္းဟန္ေနာက္ကေနအနီးကပ္လိုက္ေနရင္းျဖင့္ပင္သူတို႔ကိုယ္သူတို႔သူ႔ေနာက္ကေနခိုင္ၿမဲစြာကပ္တြယ္ထားဖို႔ကိုမေစာင့္ႏိုင္ၾကေတာ့ေပ။ဖုန္က်င္းယြီကထိုပံုစံေလးမ်ားကိုျမင္ေတာ့မေနႏိုင္စြာပဲမ်က္လံုးလွန္မိေတာ့သည္။

အကယ္၍ေတာင္ပိုင္းေဒသကက်ားျဖဴေတြသာသူတို႔ရဲ႔အငယ္ပိုင္းမ်ိဳးဆက္ေတြဘယ္ေလာက္ေၾကာက္တတ္လဲသိရင္အရမ္းကိုေဒါသထြက္လြန္းလို႔ဒီကိုတစ္ခါတည္းတန္းလာၿပီးဒီက်ားေပါက္ေလးႏွစ္ေကာင္ကိုသားရဲထိန္းတဲ့ေတာထဲပစ္ထည့္လိုက္လိမ့္မယ္..

ဒါကက်ားျဖဴမ်ိဳးႏြယ္စုအတြက္ေတာ့အရွက္ရစရာပဲ!

ခဏေလာက္အနားယူၿပီးေနာက္မွာယန္ထ်န္းဟန္ကသူ႔ကိုယ္သူဆြဲထူၿပီးျမဴထဲမွာလမ္းဆက္ရွာေနသည္။

သို႔ေသာ္လည္းနည္းလမ္းေပါင္းစံုအသံုးျပဳၿပီးေနာက္မွာေတာင္ယန္ထ်န္းဟန္မွာလမ္းကိုရွာမေတြ႕ႏိုင္ေသးေပ။

ဖုန္က်င္းယြီကသူအရမ္းကိုပင္ပန္းေနတာျမင္ေတာ့စကားေျပာလာသည္။

"အသံကူးေျပာင္းေခါင္းေလာင္းကိုသံုးၿပီးမင္းအကိုႀကီးကိုလက္ရွိအေျခအေနအေၾကာင္းေျပာၾကည့္ရင္ေရာ...ၿပီးရင္ဒီလိုေၾကာင္ေတာင္ေတာင္ေနရာမ်ိဳးကိုထပ္မလာၾကရေအာင္...ငါထင္တာေတာ့မဟာအႀကီးအကဲဟြိဳင္ယြီလားဘာလား,သူကမင္းကိုတပည့္အျဖစ္လက္ခံဖို႔သိပ္ၿပီးစိတ္ရင္းမမွန္သလိုပဲ,မဟုတ္ရင္သူဘယ္လိုလုပ္မင္းကိုဒီေလာက္ၫွင္းဆဲေနမွာလဲ?မင္းအကိုႀကီးေနာက္ကေနအေစခံေကာင္ေလးလိုလိုက္တာကေတာင္ဒီလိုအခက္အခဲေတြကိုသည္းခံေနရတာထက္ပိုေကာင္းဦးမယ္"

အခ်ိန္ကိုတြက္ခ်က္လိုက္ရင္အခုတစ္ရက္ေလာက္ျဖစ္ေနမွာကိုေတာင္စိုးရိမ္မိသည္။ဒီျမဴခိုးထဲမွာတစ္ျခားထူးဆန္းတဲ့အရာေတြရွိေနလားဘယ္သူသိမွာလဲ....ယန္ထ်န္းဟန္ရဲ႔အင္အားနဲ႔ခ်ီေတြကအလြန္အမင္းဆံုးရွံုးေနၿပီးေျခတစ္လွမ္းေလာက္ေလွ်ာက္တာကိုေတာင္အသက္ျပင္းျပင္းရွဳၿပီးေခ်ာင္းဆိုးေနသည္ေလ။

====================

Next Episode

ရင္သပ္ရႈေမာဖြယ္ဓားသိုင္း

====================

Continue Reading

You'll Also Like

5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
206K 18.9K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z
684K 68.9K 58
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other who interested in reading mm translatio...
241K 28K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။