ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

Od Ice_berry_

669K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... Viac

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-19

8.2K 1.6K 73
Od Ice_berry_

[Unicode]

အမှန်တော့ ဟော်ချွီခုံနေရာမှာ ရှေ့ဆုံးတန်းတွင် သိသာထင်ရှားစွာရှိနေသော်လည်း သူကတော့
ထိုခုံကိုရှာမတွေ့ပေ။

လေယာဉ်မယ်​တွေအိတ်တင်သည့်စင်တွေကို စတင်စစ်ဆေးချိန်တောင်ရောက်ရှိတော့မည် ဖြစ်သော်လည်း ဟော်ချွီက​တော့ သူ့ခုံနေရာကို ရှာမတွေ့သေးပေ။ဖြစ်ချင်တော့ ယခုတခေါက် သိပ္ပံပညာရှင်အုပ်စုအဖွဲ့မှာလည်း သူနဲ့မရင်းနှီးသူများဖြစ်လို့နေသည်။

ဟော်ချွီမှလေယာဉ်ခန်းထဲ ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်ဖြစ်နေတာမြင်သော် သူတို့ဟာ ဉာဏ်ကြီးရှင်ဟော်ချွီက တစုံတခုကို လေးလေးနက်နက်စဉ်းစားတွေးခေါ်နေတာဖြစ်ရမည် ဟူ၍မှတ်ထင်လိုက်ပြီး သူတို့ရင်ထဲတွင်တော့ ဉာဏ်ကြီးရှင်တွေဆိုတာ သာမာန်ညောင်ညလူတွေနှင့်အ​တော်လေးကိုကွဲပြားခြားနားပါလားလို့သက်ပြင်းချနေမိရင်း အားလုံးက သူ(ဟော်ချွီ)အား နှုတ်ခွန်းဆက်နေကြသည်။

“ဟိုင်း ပရော်ဖက်ဆာဟော်!”

“ပရော်ဖက်ဆာဟော် မင်းနဲ့တွေ့ဆုံရတာ တကယ့်ကို
ဂုဏ်ယူဝမ်းမြောက်စရာပါပဲ!”

“ပရော်ဖက်ဆာဟော် တကယ်လို့များ... ပြောချင်တာကလေ မင်းမှာအချိန်လေးများရှိခဲ့ရင် Astrophysics အကြောင်းအရာနဲ့ပတ်သက်ပြီး ငါတို့ဆွေးနွေးလို့ရနိုင်မလား?”

........

ဟော်ချွီမှာ ယဉ်ကျေးပျူငှာသော လူငယ်တဦးဖြစ်၏။ ထို့ကြောင့် တစုံတယောက်က သူ့အား စကားဆိုလာသည့်အခါတိုင်း ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြကာရပ်တန့်‌တန့်သွားရသည်။

သူ့မျက်နှာသွင်ပြင်မှာ တလေးတနက်ဖြစ်သွားသည့်အခါတိုင်း အတော်လေးထင်ယောင်ထင်မှားဖြစ်လွယ်ကာ ချောမောတည်ကြည်ခန့်ညားနေ၏။ ထို့ကြောင့် ဖြတ်သွားဖြတ်လာသူတိုင်းမှာ သူ၏အကျပ်အတည်းပြသနာကိုသတိမမူမိကြပေ။

နောက်ဆုံးတွင် ချန်းယာဖခင်မှာ တခုခုမူမမှန်ဖြစ်နေတာကိုသတိပြုမိသွားပြီး သူ့ဆီအပြေးသွားလို့ သူ့ထိုင်ခုံနေရာမှာ သွားရောက်နေရာချထားပေးလိုက်ရသည်။

အမှန်တကယ်တော့ သူ့သမီးဟော်ချွီနဲ့စကားစမြည်​ပြောဆိုနေတာကို သူအကုန်တွေ့ပြီးဖြစ်သည်။ သူ့အနေနှင့် သူ့သမီးကို စောစောစီးစီး ချစ်သူရည်းစား ထားမှာမျိုးကို ခွင့်ပြုဖို့စိတ်ကူးမရှိခဲ့ပေ။ သို့သော် ထိုသူဟာ ဟော်ချွီဆိုရင်တော့ဖြင့် ကိစ္စကတမျိုးတဖုံ ဖြစ်​ကောင်းဖြစ်သွားနိုင်၏။

ဟော်ချွီမှာ ငယ်ရွယ်ပြီးချောမောခန့်ညားသော  ရူပဗေဒပညာရှင်တယောက်ဖြစ်ပြီး တောက်ပသောအနာဂတ်ရှိသည်။ထို့အပြင် သူ့တွင်ကြင်နာသနားတက်သော စိတ်နှလုံးရှိသေး၏။ သူ့သမက်အနေဖြင့်တော့ စံပြအလောင်းအလျာပင်။ ​ဒါတင်မက ဟော်ချွီ၏မျိုးရိုးဗီဇမှာ နှစ်တစ်ရာလောက်နေမှတခါပဲ တွေ့နိုင်တာမျိုးဖြစ်သည်။

ပြီး​တော့ သူတို့မှာသာကလေးတွေရှိလာခဲ့ရင် ဟော်ချွီလို ပြိုင်ဘက်ကင်းတဲ့ဉာဏ်ကြီးရှင်တယောက် ဖြစ်လို့နေမှာမလွဲပင်!

သူဟာ အတွေးတွေကိုတောက်လျှောက်အလိုလိုက်
ထားသည်ဖြစ်သောကြောင့် သူ့သမီး ဟော်ချွီနှင့် စကားစမြည်ပြောဆိုနေတာကို တားဆီးပိတ်ပင်ခဲ့ခြင်းမရှိပေ။ သို့သော် မမျှော်လင့်ထားသည်မှာ ဟော်ချွီက သူ့သမီးအပေါ် လုံးဝစိတ်ဝင်စားမှုမရှိတာပင်!

ချန်းယာဖခင်မှာ ဟော်ချွီ၏ဆွဲဆောင်မှုရှိသော
ဘေးတ​စောင်းမျက်နှာကို ခိုးကြည့်လိုက်၏။ ထို့နောက် သူ့မျက်လုံးများကိုကစားလိုက်ကာ သူ၏ ဦးသူစားစတမ်း ဟူ​သော ​ဆောင်ပုဒ်ကို ကောင်းကောင်းအသုံးချရမည်ဟု ဆုံးဖြတ်လိုက်ပြီး ဒီမျိုးကောင်းမျိုးသန့်လေးကို အိမ်အ​ရောက်အပါခေါ်သွားဖို့ ကြိုးပမ်းတော့သည်။

သူ့သမီး ကျရှုံးခဲ့မှ​တော့ ရတယ်​လေ ! ငါကိုယ်တိုင် သူကို အလဲထိုးအနိုင်ယူရတာပေါ့!

“အဟမ်း! အဟမ်း!”

ချန်းယာဖခင်မှာ ဟော်ချွီ၏အာရုံကို ဆွဲဆောင်သည့်အနေဖြင့် ချောင်းအသာဟန့်လိုက်၏။

နှမြောစရာကောင်းသည်မှာ ဟော်ချွီသည် သူ့ဖုန်းပေါ်
တွင်သာ အလုံးစုံအာရုံကျရောက်​နေပြီး သူ့အား လုံးဝကိုလစ်လျူရှုထားလေသည်!

ဟော်ချွီမှာမထွက်ခွာလာခင် ဟော်ယုံထံမှ စာတိုဘယ်လိုပို့ရမယ်ဆိုတာကို ထပ်ခါထပ်ခါသင်ယူခဲ့လေသည်။ ခုချိန်မှာ သူဟာ သူ့စာအုပ်တွင်ရေးမှတ်ထားသည့်မှတ်စုများအတိုင်း ကိုးရိုးကားယားနိုင်စွာဖြင့် စာရိုက်နေလေ၏။

အချိန်မလုံလောက်မှာ စိုးရိမ်ပူပန်နေသည့်အတွက် သူ့တကိုယ်လုံးချွေးတပြိုက်ပြိုက်ကျနေခဲ့သည်။စိတ်တုန်ရီခြောက်ခြားလေလေ အမှားတွေပိုလုပ်မိလေ
လေဖြစ်လာရ၏။

စာအနည်းငယ်ပို့လိုက်သော်လည်း အကုန်လုံးက အလွဲလွဲအမှားမှား​တွေဖြစ်​နေသည်။

“ပရော်ဖက်ဆာဟော် မင်းအခုစာပို့နေတာလား?”

ချန်းယာဖခင်မှာ စောင့်​နေရင်းစောင့်​နေရင်းဖြင့် စိတ်မရှည်တော့နိုင်တော့ပဲ သူ့ဘက်ကစကားစတင်ပြောဆိုလိုက်တော့သည်။

“အမ်း”

ဟော်ချွီမှာ ခေါင်းကိုငုံ့ထားရင်းကပဲ ခွန်းတုံ့ပြန်လိုက်သည်။ အမှန်တကယ်တော့ သူ့လက်ဖဝါးပြင်မှာ ချွေးတွေနှင့်လုံးဝစွတ်စိုလို့နေလေပြီ။

ခက်လိုက်တာ! စာ​လေးတစောင်ပို့ဖို့က တကယ်ခက်ခဲနက်နဲတာပဲ!

“ငါကူညီ​ကောင်း ကူညီပေးနိုင်တယ်” ချန်းယာဖခင်မှာ ဆိုလိုက်သည်။ တအောင့်လောက်ရပ်တန့်နေပြီးမှ သူက မာနကိုခဝါချလို့ ထပ်ပေါင်းဆိုလိုက်သည်မှာ
“ငါက စာပို့တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်အဆင့်ပဲ”

ထိုစာကြောင်းက ဟော်ချွီ၏အာရုံကို အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့သည်။ သူကချက်ချင်းပဲလှည့်ကြည့်လာကာ သူ့ဖုန်းအားချန်းယာဖခင်လက်ထဲသို့ တည်ကြည်လေးနက်စွာထည့်ပေးလိုက်ပြီး 

“ခင်ဗျားကိုအလုပ်ရှုပ်စေမိပြီ”

“ကိစ္စမရှိဘူး! ကိစ္စမရှိဘူး!”

ချန်းယာဖခင်မှာ ကောင်းမွန်တဲ့အမြင်လေးတခု ဟော်ချွီစိတ်နှလုံးထဲ သူချန်ထားရစ်နိုင်ခဲ့ပြီလို့ တွေးမိလိုက်ကာ ပြုံးပျော်စွာဖြင့် ဖုန်းကိုယူလိုက်ပြီး ကတိပေးလိုက်သည်။

“ဘာအကြောင်းရေးရမှာလဲ? ရွတ်သာပြလိုက်... ငါစာရိုက်တာရေလည်မြန်တယ်!”

ဟော်ချွီမှာသူ့နှုတ်ခမ်းသူသပ်လိုက်ပြီး ပြုံးလိုက်သော် သူ့ညာဘက်ပါးပြင်ကပါးချိုင့်လေးပေါ်လာရသည်။

“အိုကေ”

“ပရော်ဖက်ဆာဟော်”
ချန်းယာဖခင်မှာ စာရိုက်နေရင်းဖြင့် သူ့အား ရင်းနှီးကျွမ်းဝင်လာဖို့ ကြိုးပမ်းနေ၏။
“ငါ့သမီးကို မင်းဘယ်လို သဘောရလဲ?”

ဟော်ချွီမှာ သူ့အားယောင်နနဖြင့်ကြည့်လိုက်ပြီး သူဘာပြောချင်တယ်ဆိုတာ လုံးလုံးသဘောမပေါက်ပေ။

ချန်းယာဖခင်မှာ ဟော်ချွီအကြောင်း အတန်ငယ်ကြားဖူးသည်။ထိုအတွက်ကြောင့် သူ့မေးခွန်းဟာ အတန်ငယ်မသင့်လျော်ပဲ တဖက်သူနားလည်ဖို့ ခက်ခဲနေတာဖြစ်​ကောင်းဖြစ်နိုင်တယ်တွေးမိပြီးချက်ချင်းပဲနောက်တနည်းပြောင်း​ပြောလိုက်သည်။

“မင်းနဲ့စကားပြောခဲ့တဲ့မိန်းကလေးက ငါ့သမီးပါ.. မင်းသူ့ကိုဘယ်လိုမြင်လဲ?”

ဟော်ချွီ, “?”

ဟော်ချွီမှာ ချန်ယာဖခင်ကဘာ​ပြောချင်နေတယ်ဆိုတာ ခုထိသဘောမပေါက်သေးပေ။ သူက
ကသိက​အောက်ဖြစ်စွာဖြင့် နှုတ်ခမ်းကိုဖိကိုက်လိုက်၏။

သူ့ဦးနှောက်ကို အကြမ်းပတမ်းအလုပ်ပေးပြီးခါမှ နောက်ဆုံးတွင် တစုံတယောက်က သူ့ကလေးကို မင်းရှေ့ခေါ်လာပြတာက တကယ်တော့ သူ့ကလေးကို ချီးမွမ်း​ပေးစေချင်တာ... လို့ သူ့အကိုနှစ်
ပြောပြဖူးတာကို အမှတ်ရသွားသည်။

ထိုသို့တွေးမိတာနှင် ဟော်ချွီမှာချန်းယာဖခင်ပခုံးအား တည်ကြည်စွာဖြင့် အသာပုတ်လိုက်ပြီး
"ဂုဏ်ယူပါတယ်!”

ချန်းယာဖခင်, “…”

ထိုစကားကြောင့် အချိန်အတော်ကြာကြာတိုင်အောင် နင်လို့သွား​ချေသည့် ချန်းယာဖခင်မှာ စာတလွဲတွေ ပို့မိလုနီးပါးဖြစ်လို့သွားချေ၏။

ဟော်ချွီ၏ရတက်မအေးဖြစ်နေသည့် မျက်လုံးတွေကို အမှတ်တမဲ့ဖြင့် ရုတ်တရက်မြင်လိုက်ခါမှ သူမှားသွားတယ်ဆိုတာသတိပြုမိပြီး အချိန်မီပြင်ဆင်လိုက်နိုင်သည်။

ချန်းယာဖခင်မှာ ယခုအချိန်မှာတော့ အ​တော်​လေး အာရုံ​နောက်စိတ်တွေရှုပ်ထွေးနေရလေပြီ။

သူလိုချင်တာ စမတ်ကျတဲ့သမက်လေးတယောက်ရယ်ပါ ...ဘာလို့ဒီလောက်တောင် ခက်ခဲနေပါလိမ့်?

ဒေါသအရှိန်၏ တိုက်တွန်းနှိုး​ဆော်မှုဖြင့် သူ့စိတ်ရင်းအမှန်ကို ဖုံးကွယ်မနေတော့ပဲ တိုက်ရိုက်သာပြောတော့မယ် ဆုံးဖြတ်လိုက်၏။

“ပရော်ဖက်ဆာဟော် ငါ့သမီးက ဟွာတက္ကသိုလ်မှာ ရူပဗေဒပညာရပ်ကို သင်ယူနေတာ...မင်းမှာ ချစ်သူရည်းစားရှိလား? ငါမင်းကို သူနဲ့မိတ်ဆက်ပေးရင်ကော ဘယ်လိုသဘောရလဲ?”

တခဏလောက်ရပ်တန့်လိုက်ပြိး သူကသွေးဆောင်ဖျားယောင်းသော ​လေသံဖြင့် ဆက်လက်ပြောဆိုလာသည်။

“ပြီးရင် မင်းတို့ စာအတူတူလေ့လာလို့ရတယ် စမ်းသပ်ချက်တွေလည်း တူတူလုပ်လို့ရတယ်... ဒါက အကြံကောင်းလေး မဟုတ်လား?”

“ကျွန်တော်တို့က ဘာလို့ စာအတူတူလေ့လာရမှာလဲ?”
ဟော်ချွီမှာ  ချန်းယာဖခင်ကို ကြည့်​နေပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“ကျွန်တော့်ဘာသာ လုပ်နိုင်​နေတာကို”

ချန်းယာဖခင်, “…”

သို့သော်လည်း သူက ဟော်ချွီကိုဆက်လက်ဘရိန်းဝက်ရှ်လို့နေသည်။

“မိန်းမနဲ့ယောကျာ်းဆို​တော့ အလုပ်လုပ်ရတာပိုလွယ်ကူသွားတာပေါ့”

“ဒါပေမယ့် ကျွန်တော်တယောက်တည်း စမ်းသပ်ချက်တွေလုပ်နေတာလဲ လွယ်ကူနေတာပဲလေ”
ဟော်ချွီက ရိုးစင်းစွာ ဆိုလိုက်၏။

ချန်းယာဖခင်, “…”

ထားလိုက်တော့! သူတော့ ဒီသမက်အလောင်းအလျာကို လက်လျှော့လိုက်တော့မယ်ဟေ့!အရည်အချင်းရှိတဲ့ သမက်တယောက်ရတာ ဂုဏ်ယူစရာပါပဲ! ဒါပေမယ့် အဲ့မတိုင်ခင် ဟော်ချွီက သူ့ကို ရူးသွပ်အောင်လုပ်ရင်လုပ် မဟုတ်ရင် သူအဲ့အချိန်ရောက်ချိန်ထိ အသက်ရှိ​နေ​သေးဦးမှ!

လူအိုကြီးမှာ သူ့ရင်ဘတ်ကို သူဖိ ထိုင်ခုံဆီသို့ပစ်လှဲချလိုက်ပြီး ရုတ်တရက်အားဖြင့် နားလည်သွားသည်မှာ တချို့​သောလူတွေက တဘဝလုံး စင်ဂယ်လ် ဖြစ်ဖို့ ကံပါလာပြီးသားဆိုတာပင်။

ရုပ်ရှင်ရိုက်ကွင်းထဲတွင်တော့ ယွီချင့်ဟွမ်မှာ အဖွဲ့လိုက်ဇာတ်ဝင်ခန်းကို ခု​လေးတင် ရိုက်ကူးပြီးစီးတာ ဖြစ်သည်။ စစ်မြေပြင်မှာ ရွာနားနီးစပ်တွင် ဖြစ်သည်။ တချို့သော ကလေးတွေမှာ မိုင်းကွင်းထဲ
မတော်တဆရောက်သွားကြပြီး ရွာတဝက်လောက်နီးပါးမှာ ပပေါက်ကွဲပျက်စီးနေ၏။

ကျောက်ချင်းယွမ်၏ ဇာတ်ကောင် ဖန်းချန်းနှင့် ဝမ်ချန်ချန်၏ ဇာတ်ကောင် လဲ့ချန် တို့မှာ ခုလေးတင် လေယာဉ်ပေါ်မှ ဆင်းသက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းစဥ်ကို တန်းစတင်​တော့သည်။

တည်ကြည်လေးနက်​နေပြီး တုန်ယင်​ခြောက်ခြားနေကြသည့် ဆရာဝန်အုပ်စုလိုက်ကြားထဲတွင် မျက်နှာမသာမယာဖြင့် စစိတ်မပါလက်မပါပုံစံပေါက်နေ​သော ရဲ့ရှန်းမှာအထူး​ပေါ်လွင်ထင်ရှားနေ၏။

​နောက်ပြီးရင် ယွီချင့်ဟွမ်ထုတ်ဖော်ဖို့လိုအပ်သည်မှာလည်း အခုလိုအကြင်နာတရားကင်းမဲ့သည့် အမူအရာခံစားချက်မျိုးပင်။

လျိုကျားအန့်မှာ ဇာတ်လမ်းရိုက်ကွက်ရှည်များကို ရိုက်ကူးရာတွင် ထူးချွန်သည်။ ပြီးရင် သူ၏ ဇာတ်ကားများမှာလဲ မရှုပ်​ထွေး မဆန်းပြား ရိုးရှင်း​သော ဇာတ်လမ်းရိုက်ကွက်ရှည်များဖြင့် အလှအပရသ​ဖော်ကျူးရာတွင် နာမည်ကြီး၏။ထို့ကြောင့် အုပ်စုလိုက်အခန်းများ ရိုက်ကူးရာတွင် သူသည်အတော်လေးတင်းကျပ်၏။

နောက်ဆုံး​အောင်မြင်သွားချိန်မှာ ယွီချင့်ဟွမ်နှင့် တခြားသူများသည် NG  (ကွာလတီမ​ကောင်းတဲ့) အခန်းတွေ လေးခေါက်တောင် ဖြစ်ခဲ့ရသည်။ ထိုကြောင့် ​နောက်ဆုံးတခေါက် လျိုကျားအန့်မှ အဆင်​ပြေပြီလို့ ပြောသံကြားလိုက်သည့်အခါမှသာ အားလုံး စိတ်သက်သာရာရသွား၏။

ယခုအဖွဲ့လိုက်ရိုက်ကူးရေးဇာတ်ဝင်ခန်းတွင် ​ကျောက်ချင်းယွမ်နှင့်ဝမ်ချန်ချန်မှာ အဓိက အမျိုးသားနှင့်အမျိုးသမီးဇာတ်ဆောင်ဖြစ်သည်။ အချိန်နှင့်တ​ပြေးညီ အသက်ပေါင်းများစွာကယ်တင်ရမည်ဖြစ်ရာ သူတို့သည်အလောတကြီး ရှေ့သို့ ထပ်တလဲလဲပြေးလွှား​နေရပြီး ဒါကတော်တော်လေး အားအင်တွေကို ကုန်ခမ်းစေ၏။ ကျောက်ချင်းယွမ်မှာ အဆင်ပြေနေသေးသော်လည်း ဝမ်ချန်ချန်မှာတော့ ပြိုလဲလုနီးပါးဖြစ်လို့နေချေပြီ။

ကံကောင်းထောက်မစွာဖြင့် ယွီချင့်ဟွမ်က သူမအား ကူညီထောက်ပံ့ပေးလိုက်နိုင်လို့ပင်။ သို့မဟုတ်ပါက သူမသည် မြေကြီးပေါ် ဖင်ထိုင်လျက်သားကျပြီး သရုပ်ဆောင်တယောက်အနေနဲ့ အရှက်ရစရာဖြစ်သွားမှာပင်။

“ကျေးဇူးပဲ ယွီ”

တိုင်ကိုမှီပြီး စက္ကန့်အနည်းငယ်ကြာအနားယူပြီးသော် ဝမ်ချန်ချန်မှာ နဂိုအတိုင်း သူမ၏တင့်တယ်ကျက်သရေရှိမှုကို ပြန်လည်ရရှိသွား၏။

ထို့နောက်တွင် သူမကလှည့်ကြည့်လာပြီး ယွီချင့်ဟွမ်အားအပြုံးနုနုတချက်ပြုံးပြလိုက်ကာ

“မင်း တို့ကိုနောက်ထပ်တခါကူညီလိုက်ပြန်ပြီ”

ယွီချင့်ဟွမ်ရှေ့တွင် သူမသည် စီနီယာတယောက်အနေဖြင့် ဘယ်သောအခါမှပပလွှားလွှားမနေခဲ့ပဲ အတော်လေးလိုက်လျောညီထွေရှိခဲ့သည်။

ယွီချင့်ဟွမ်မှာ ခေါင်းခါပြလိုက်ပြီး

“ချန်ကျဲ ဒီလိုမပြောပါနဲ့ ...ဒါ​လောက်လေးပဲ လုပ်ပေးနိုင်တာကို”

“အို ​တော်စမ်းပါ”

ဝမ်ချန်ချန်မှာပြုံးလိုက်ပြီး သူမ၏ဖြူဖွေးချောမွတ်
နေသည့်လက်ဖဝါးပြင်ကို ယွီချင့်ဟွမ်ပခုံးထက် တင်လိုက်ကာ

“အရင်တခေါက်တုန်းက ဒါရိုက်တာလျိုဆီက ဆူခံထိတုန်းကလည်း မင်းပဲငါ့ကို အရှက်မရအောင် ကူညီဖြေရှင်းပေးခဲ့တာပဲလေ”

ယွီချင့်ဟွမ်မှာ အတန်ငယ်အံအားသင့်တုန်လှုပ်သွားမိပြီး ဝမ်ချန်ချန်ဘာကိုရည်ညွှန်းချင်တယ်ဆိုတာကို ချက်ချင်းသဘောပေါက်သွားရသည်။

လျိုကျားအန့် သူမကိုဆူပူနေတုန်းအခါက သူမသည်သူမရိုက်ကူးရမည့်အပိုင်းကို ရပ်တန့်လိုက်ကာ သူမဘာသာပြန်လည်သုံးသပ်ဆင်ခြင်နေတုန်းမှာပဲ ယွီချင့်ဟွမ်က ပထမဆုံးရှုတင်ကိုအောင်မြင်စွာပြီးမြောက်သွားခဲ့ပြီး လျိုကျားအန့်ဆီက ချီးကျုးမှုတွေကိုတောင် ရရှိခဲ့သည်။

သူသာအတွေ့အကြုံရှိပြီးသား သရုပ်ဆောင်တယောက်ဆို ကိစ္စမရှိပေ။ သို့သော်လည်း သူက ဒီလောကထဲ လုံးလုံးလျားလျားကိုမျက်နှာသစ်တယောက်ဖြစ်နေ၏။ထိုအရာက ဝမ်ချန်ချန် မျက်ခွက်အား ဖြတ်ရိုက်ချခံရသလိုမျိုး ဖြစ်သွားစေသည်။

“ချင့်ဟွမ်?”

သူအတော်ကြာကြာလေး ငြိမ်သက်တိတ်ဆိတ်သွားသည်ကို တွေ့လိုက်ရသော် သူမဟာ သူ့လက်ကို သူ့မျက်လုံးများရှေ့ဝှေ့ယမ်းလိုက်ပြီး သိမ်မွေ့နူးညံ့စွာ ပြောလာသည်။

“တကယ်တော့ ငါက မိတ်ဆွေအပေါင်းအသင်းတွေအပေါ် သစ္စာရှိတယ်ပြောရမယ်... ငါ့ကိုအကူအညီပေးထားသူမှန်သမျှကို ငါ့စိတ်ထဲ အမြဲတမ်းထည့်ထားတယ်”

တခဏလောက်ရပ်တန့်နေပြီးနောက် သူမသည် ယွီချင့်ဟွမ်မျက်လုံးများကို ပြုံးရွှင်စွာစိုက်ကြည့်နေပြီးလျှင်

"ဒါကြောင့် မင်းမှာကိစ္စတခုခုရှိလာခဲ့ရင် ငါ့ဆီလာနိုင်တယ်”

ထိုသို့ပြောပြီးတာနှင့် သူမသည် ယွီချင့်ဟွမ်ပခုံးအား အသာပုတ်ကာ ကြော့ကြော့မော့မော့ ထွက်ခွာသွားတော့သည်။တင့်တယ်​ပြေပြစ်စွာထွက်ခွာသွားသည့် သူမအားကြည့်လို့ ယွီချင့်ဟွမ်မှာ သူတော့ ဝမ်ချန်ချန်ကိုပြစ်မှားမိချေပြီဆိုပြီး သက်ပြင်းအသာချလိုက်မိ၏။

သူသည် တခြားမျက်နှာသစ်တွေလို ငတုံးတယောက် မဟုတ်ပေ။ ဝမ်ချန်ချန်ကို သူငယ်ချင်းကောင်းတယောက်လို့ အမှန်တကယ်မှတ်ယူလိုက်ရင် ဘယ်အချိန် မိုင်းတက်နင်းမိမလဲဆိုတာတောင် သိလိုက်ရမှာမဟုတ်​ပေ။

သူမကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲတွေးတောနေစဉ် ယွီရှင်း၏စူးရှလှသော အသံနက်ကြီးက နောက်ကနေ ပေါ်ထွက်လာ၏။

“ချင့်ဟွမ်---ချင့်ဟွမ်!  ချင့်ဟွမ်!”

သူအလျင်တခေါက် ထီပေါက်တုန်းကအတိုင်း တထပ်တည်းပင်။

ငါအဲ့တခေါက်ပြီးတော့ ထီလဲထပ်မထိုးထားပါဘူး! ဟူ၍ ယွီချင့်ဟွမ်မှာ တွေးတောနေ၏။

ထိုအချိန်မှာပဲ ယွီရှင်းမှာ သူ့ရှေ့တည့်တည့်သို့ သူ၏ အဆီတစ်​နေသည့် မျက်နှာကြီးယမ်းခါနေကာ အပြေးရောက်ချလာပြီဖြစ်သည်။

"ချင့်ဟွမ်!”

ချင့်ဟွမ်လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး ယွီရှင်းသည် မျက်လုံးများပင့်တင်လို့ သူ့အားကြည့်လာသည်။

“ဆင်းရဲချမ်းသာ သူငယ်ချင်းတွေဆိုတာ အမြဲတူတူရှိနေရမယ်!”

ယွီချင့်ဟွမ်, “ … လူသားဘာသာစကားနဲ့ပြော!"

ယွီရှင်း “အိုး”

ယွီရှင်း “မင်းကို ပြောပြမယ်! The Asian Principal of Chicly က ခု​လေးတင် ငါ့ကိုဆက်သွယ်လာတယ်.. မင်းကို သူတို့ရဲ့  Dust coat  အတွက် Spokesman ဖြစ်စေချင်တယ်တဲ့!”

T/N>>> Dust coat ဆိုတာ ဒူးနား​လောက်ထိ ရှည်တဲ့ ကုတ်အကျီအ​ပေါ်ထပ်မျိုး​ကိုခေါ်တာပါ
ကိုရီးယားကား​တွေမှာ အိုပါး​တွေဝတ်တတ်တဲ့ပုံစံမျိုး
Spokesman က​တော့ ဘရန်းတခုကို ကိုယ်စားပြု​ကြော်ငြာ​ပေးရတဲ့သူ​ပေါ့

Chicly ဆိုတာ ပြင်သစ်အခြေစိုက် lux ဘရန်းတခုဖြစ်ပြီး သူတို့နိုင်ငံဈေးကွက်ထဲ ဝင်လာတာ ဒီနှစ်ပိုင်းလေးမှာတင် ဖြစ်သည်။ သူ့အဓိကပစ်မှတ်ကတော့ ပညာတက်ရုံးဝန်ထမ်းတွေကိုဖြစ်၏။ luxury ဘရန်းများနှင့် နှိုင်းယှဉ်လို့မရသော်လည်း သူ့မှာလဲ သူ့ကိုယ်ပိုင်စတိုင်နှင့်သူပင်။

ပြီးတော့ ခုချိန်မှာ Chicly က ယွီချင့်ဟွမ်နဲ့ ပူးပေါင်းချင်တယ်!ယွီရှင်းမှာ အတန်ငယ် စိတ်လွတ်သွားသယောင်ဖြစ်လို့နေ၏!

“ပြီးတော့ ငါသူတို့ကို ကတိပေးလိုက်ပြီးပြီ.. မင်းမနက်ဖြန်မနက်အားတာ ငါသိတယ်.. ငါတို့ လူရွေးပွဲသွားရအောင် ဒါဆို!”

“သူတို့.... သူတို့က ကျွန်တော့အကြောင်းဘယ်လိုသိတာလဲ?”

ယွီချင့်ဟွမ်သည် စိတ်ရှုပ်ထွေးနေသလိုဖြစ်နေ၏။

သူ့လို မျက်နှာတောင်သိပ်မဖော်သေးပြရ​သေးသည့် မျက်နှာသစ်တယောက်ကို  Chicly က  Spokesman အ​နေနဲ့ရွေးတယ်!

သူပြန်လည်မွေးဖွားပြီးချိန် ကံကောင်းလွန်းနေတာ​ကြောင့်ဖြစ်ကောင်းဖြစ်နိုင်​သော်လည်း ခုချိန်မှာတော့ သူအ​နေနှင့် စိတ်အေးသက်သာမနေနိုင်တော့ပေ။

“အိုး...ဒီလိုကွာ”

ယွီရှင်းမှာ လက်ခုပ်တီးလိုက်ရင်း

“ငါမင်းကိုပြောသား မင်းကကံအရမ်းကောင်းတဲ့ခွေးသားလေးလို့!

တနေ့က Asian principal of Chicly က မင်းရဲ့ "The line of life and death" က ဦးဆုံးပုံ
တွေကို Weibo မှာ ​မမျှော်လင့်ပဲတွေ့သွားပြီး မင်းက သူတို့ရဲ့ကုတ်အကျီအသစ်အတွက် အရမ်းလိုက်ဖက်သင့်​တော်တယ်ဆိုပြီး လူ​ရွေးပွဲဝင်​ဖြေဖို့ ​မျှော်လင့်​နေတာ"

တကယ်ကြီး ?!

အတန်ကြာ​လေး တိတ်ဆိတ်​နေပြီးလျှင် ယွီချင့်ဟွမ်မှ ယွီရှင်းထံသို့လှည့်ကာ စိတ်မပါလက်မပါဖြင့်​ပြောလိုက်သည်။

"ဒီနားမှာ ဘုရား​ကျောင်းတခုခုများရှိတယ် ကြားမိ​သေးလား?ကျွန်​တော်အ​မွှေးတိုင်ပူ​ဇော်ချင်လို့"

​ဒါမှသာ သူ့အ​နေနဲ့ ​ကောင်းကင်ဘုံကို ဒီထူးဆန်း​ပွေလီလှတဲ့ ကံ​ကောင်းမှုကြီးကို ပြန်ရုပ်သိမ်း​ပေးဖို့ တောင်းဆိုနိုင်လိမ့်မယ်!

အမှန်တကယ်​တော့ ဒီအနုပညာ​လောကထဲ သူ့မှာရည်မှန်းချက်ရယ်လို့သတ်သတ်မှတ်မှတ်မရှိခဲ့​ပေ။သူအ​နေနှင့် သာမာန်ရိုးရှင်းတဲ့လူတ​ယောက်သာဖြစ်ချင်တာကို ဘာ​တွေက ဒီ​လောက်​တောင်ခဲယဥ်း​နေရပါလိမ့်?

"မဟုတ်​သေးဘူး ချင့်ဟွမ်" ယွီရှင်းမှညီးညူမြည်တမ်းလိုက်၏။

"မင်းလိုလူက ကံ​ကောင်းဖို့ အ​မွှေးတိုင်ဆက်ပူ​ဇော်​နေဦးမယ်ဆို ငါတို့အတွက်က​ကော?"

တ​အောင့်​လောက်ရပ်တန့်​နေပြီး​သော် သူသည် ယွီချင့်ဟွမ် ဘာ​တွေကြံစည်​နေတယ်ဆိုတာ
သိ​နေသလိုပုံဖြင့် သူ့အား မရိုးမ​ဖြောင့်ကြည့်လာ၏။

"မင်း ထီထိုးဖို့ရှိ​သေးလား? ဒီတ​ခေါက် ငါ့ကို​ခေါ်​နော်!"

ယွီချင့်ဟွမ်မှာ သူ့နဖူးသူပြန်ပွတ်လိုက်ရင်း

"ဆရာသမား ကျွန်​တော် ဒီတ​ခေါက်မဝယ်​သေးဘူး နားလိုက်​တော့"

"​ကောင်းပါပြီ" ယွီရှင်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။

သူ ​နောက်ထပ်နည်းနည်း​လောက်ထပ်မေးဖို့လုပ်လိုက်စဥ်မှာ တစုံတခုကိုရုတ်တရက်သတိရသွားပြီး ရပ်တန့်သွား၏။

ထို့​နောက်တွင်ပြန်လှည့်လို့လာပြီး သူ့ဖုန်းအားယွီချင့်ဟွမ်​ရှေ့တွင်ချိန်ကာ

"ချင့်ဟွမ် ပို့စ်တခုလုပ်လိုက်!"

ယွီချင့်ဟွမ်မှာ အကျင့်ပါစွာ ပို့စ်တခုချက်ချင်း​ပေးလိုက်၏။

ယွီရှင်းမှ ထိုပုံကိုရိုက်ယူပြီးတာနှင့် သူကလှမ်း​မေးလိုက်သည်။

" ဒီပုံကဘာအတွက်လဲ Chicly က ​တောင်းဆိုထားတာလား?"

"ဘယ်ဟုတ်ပါ့မလဲ"

ယွီရှင်းမှာ ယွီချင့်ဟွမ်အား ပြုံးကြည့်နေရင်းက ကျိုး​ကြောင်းဆီ​လျော်စွာဆိုလိုက်သည်မှာ

"ငါမင်းပုံကို ​ရွှေငါးလာဘ်​ကောင်​အ​နေနဲ့ Weibo မှာ သုံးမလို့"

ယွီချင့်ဟွမ်, "..."

.,.,..,.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N >>> update  အရမ်းကြာသွားတာ ဒီကြားထဲ​ နေမ​ကောင်းတာ​ရော ပါဆင်နယ်ကိစ္စ​လေး​တွေနဲ့ပါ
ရှုပ်​​ထွေးနေလို့ပါ အတက်နိုင်ဆုံး မြန်မြန်တင်​ပေးမယ်​နော် မွမွ 😘
Koi မသိလို့ ​ပြောပြ​ပေးတဲ့ ကျဲ​တွေ​ကျေးဇူးပါ

☆☆☆☆☆☆☆☆☆☆☆☆☆☆

[Zawgyi]

[Unicode]

အမွန္ေတာ့ ေဟာ္ခြၽီခုံေနရာမွာ ေရွ႕ဆုံးတန္းတြင္ သိသာထင္ရွားစြာရွိေနေသာ္လည္း သူကေတာ့
ထိုခုံကိုရွာမေတြ႕ေပ။

ေလယာဥ္မယ္​ေတြအိတ္တင္သည့္စင္ေတြကို စတင္စစ္ေဆးခ်ိန္ေတာင္ေရာက္ရွိေတာ့မည္ ျဖစ္ေသာ္လည္း ေဟာ္ခြၽီက​ေတာ့ သူ႔ခုံေနရာကို ရွာမေတြ႕ေသးေပ။ျဖစ္ခ်င္ေတာ့ ယခုတေခါက္ သိပၸံပညာရွင္အုပ္စုအဖြဲ႕မွာလည္း သူနဲ႔မရင္းႏွီးသူမ်ားျဖစ္လို႔ေနသည္။

ေဟာ္ခြၽီမွေလယာဥ္ခန္းထဲ ဟိုဘက္သြားလိုက္ ဒီဘက္လာလိုက္ျဖစ္ေနတာျမင္ေသာ္ သူတို႔ဟာ ဉာဏ္ႀကီးရွင္ေဟာ္ခြၽီက တစုံတခုကို ေလးေလးနက္နက္စဥ္းစားေတြးေခၚေနတာျဖစ္ရမည္ ဟူ၍မွတ္ထင္လိုက္ၿပီး သူတို႔ရင္ထဲတြင္ေတာ့ ဉာဏ္ႀကီးရွင္ေတြဆိုတာ သာမာန္ေညာင္ညလူေတြႏွင့္အ​ေတာ္ေလးကိုကြဲျပားျခားနားပါလားလို႔သက္ျပင္းခ်ေနမိရင္း အားလုံးက သူ(ေဟာ္ခြၽီ)အား ႏႈတ္ခြန္းဆက္ေနၾကသည္။

“ဟိုင္း ပေရာ္ဖက္ဆာေဟာ္!”

“ပေရာ္ဖက္ဆာေဟာ္ မင္းနဲ႔ေတြ႕ဆုံရတာ တကယ့္ကို
ဂုဏ္ယူဝမ္းေျမာက္စရာပါပဲ!”

“ပေရာ္ဖက္ဆာေဟာ္ တကယ္လို႔မ်ား... ေျပာခ်င္တာကေလ မင္းမွာအခ်ိန္ေလးမ်ားရွိခဲ့ရင္ Astrophysics အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ငါတို႔ေဆြးေႏြးလို႔ရႏိုင္မလား?”

........

ေဟာ္ခြၽီမွာ ယဥ္ေက်းပ်ဴငွာေသာ လူငယ္တဦးျဖစ္၏။ ထို႔ေၾကာင့္ တစုံတေယာက္က သူ႔အား စကားဆိုလာသည့္အခါတိုင္း ျပန္လည္တုံ႔ျပန္သည့္အေနျဖင့္ ေခါင္းညိတ္ျပကာရပ္တန႔္‌တန႔္သြားရသည္။

သူ႔မ်က္ႏွာသြင္ျပင္မွာ တေလးတနက္ျဖစ္သြားသည့္အခါတိုင္း အေတာ္ေလးထင္ေယာင္ထင္မွားျဖစ္လြယ္ကာ ေခ်ာေမာတည္ၾကည္ခန႔္ညားေန၏။ ထို႔ေၾကာင့္ ျဖတ္သြားျဖတ္လာသူတိုင္းမွာ သူ၏အက်ပ္အတည္းျပသနာကိုသတိမမူမိၾကေပ။

ေနာက္ဆုံးတြင္ ခ်န္းယာဖခင္မွာ တခုခုမူမမွန္ျဖစ္ေနတာကိုသတိျပဳမိသြားၿပီး သူ႔ဆီအေျပးသြားလို႔ သူ႔ထိုင္ခုံေနရာမွာ သြားေရာက္ေနရာခ်ထားေပးလိုက္ရသည္။

အမွန္တကယ္ေတာ့ သူ႔သမီးေဟာ္ခြၽီနဲ႔စကားစျမည္​ေျပာဆိုေနတာကို သူအကုန္ေတြ႕ၿပီးျဖစ္သည္။ သူ႔အေနႏွင့္ သူ႔သမီးကို ေစာေစာစီးစီး ခ်စ္သူရည္းစား ထားမွာမ်ိဳးကို ခြင့္ျပဳဖို႔စိတ္ကူးမရွိခဲ့ေပ။ သို႔ေသာ္ ထိုသူဟာ ေဟာ္ခြၽီဆိုရင္ေတာ့ျဖင့္ ကိစၥကတမ်ိဳးတဖုံ ျဖစ္​ေကာင္းျဖစ္သြားႏိုင္၏။

ေဟာ္ခြၽီမွာ ငယ္႐ြယ္ၿပီးေခ်ာေမာခန႔္ညားေသာ  ႐ူပေဗဒပညာရွင္တေယာက္ျဖစ္ၿပီး ေတာက္ပေသာအနာဂတ္ရွိသည္။ထို႔အျပင္ သူ႔တြင္ၾကင္နာသနားတက္ေသာ စိတ္ႏွလုံးရွိေသး၏။ သူ႔သမက္အေနျဖင့္ေတာ့ စံျပအေလာင္းအလ်ာပင္။ ​ဒါတင္မက ေဟာ္ခြၽီ၏မ်ိဳး႐ိုးဗီဇမွာ ႏွစ္တစ္ရာေလာက္ေနမွတခါပဲ ေတြ႕ႏိုင္တာမ်ိဳးျဖစ္သည္။

ၿပီး​ေတာ့ သူတို႔မွာသာကေလးေတြရွိလာခဲ့ရင္ ေဟာ္ခြၽီလို ၿပိဳင္ဘက္ကင္းတဲ့ဉာဏ္ႀကီးရွင္တေယာက္ ျဖစ္လို႔ေနမွာမလြဲပင္!

သူဟာ အေတြးေတြကိုေတာက္ေလွ်ာက္အလိုလိုက္
ထားသည္ျဖစ္ေသာေၾကာင့္ သူ႔သမီး ေဟာ္ခြၽီႏွင့္ စကားစျမည္ေျပာဆိုေနတာကို တားဆီးပိတ္ပင္ခဲ့ျခင္းမရွိေပ။ သို႔ေသာ္ မေမွ်ာ္လင့္ထားသည္မွာ ေဟာ္ခြၽီက သူ႔သမီးအေပၚ လုံးဝစိတ္ဝင္စားမႈမရွိတာပင္!

ခ်န္းယာဖခင္မွာ ေဟာ္ခြၽီ၏ဆြဲေဆာင္မႈရွိေသာ
ေဘးတ​ေစာင္းမ်က္ႏွာကို ခိုးၾကည့္လိုက္၏။ ထို႔ေနာက္ သူ႔မ်က္လုံးမ်ားကိုကစားလိုက္ကာ သူ၏ ဦးသူစားစတမ္း ဟူ​ေသာ ​ေဆာင္ပုဒ္ကို ေကာင္းေကာင္းအသုံးခ်ရမည္ဟု ဆုံးျဖတ္လိုက္ၿပီး ဒီမ်ိဳးေကာင္းမ်ိဳးသန္႔ေလးကို အိမ္အ​ေရာက္အပါေခၚသြားဖို႔ ႀကိဳးပမ္းေတာ့သည္။

သူ႔သမီး က်ရႈံးခဲ့မွ​ေတာ့ ရတယ္​ေလ ! ငါကိုယ္တိုင္ သူကို အလဲထိုးအႏိုင္ယူရတာေပါ့!

“အဟမ္း! အဟမ္း!”

ခ်န္းယာဖခင္မွာ ေဟာ္ခြၽီ၏အာ႐ုံကို ဆြဲေဆာင္သည့္အေနျဖင့္ ေခ်ာင္းအသာဟန္႔လိုက္၏။

ႏွေျမာစရာေကာင္းသည္မွာ ေဟာ္ခြၽီသည္ သူ႔ဖုန္းေပၚ
တြင္သာ အလုံးစုံအာ႐ုံက်ေရာက္​ေနၿပီး သူ႔အား လုံးဝကိုလစ္လ်ဴရႈထားေလသည္!

ေဟာ္ခြၽီမွာမထြက္ခြာလာခင္ ေဟာ္ယုံထံမွ စာတိုဘယ္လိုပို႔ရမယ္ဆိုတာကို ထပ္ခါထပ္ခါသင္ယူခဲ့ေလသည္။ ခုခ်ိန္မွာ သူဟာ သူ႔စာအုပ္တြင္ေရးမွတ္ထားသည့္မွတ္စုမ်ားအတိုင္း ကိုး႐ိုးကားယားႏိုင္စြာျဖင့္ စာ႐ိုက္ေနေလ၏။

အခ်ိန္မလုံေလာက္မွာ စိုးရိမ္ပူပန္ေနသည့္အတြက္ သူ႔တကိုယ္လုံးေခြၽးတၿပိဳက္ၿပိဳက္က်ေနခဲ့သည္။စိတ္တုန္ရီေျခာက္ျခားေလေလ အမွားေတြပိုလုပ္မိေလ
ေလျဖစ္လာရ၏။

စာအနည္းငယ္ပို႔လိုက္ေသာ္လည္း အကုန္လုံးက အလြဲလြဲအမွားမွား​ေတြျဖစ္​ေနသည္။

“ပေရာ္ဖက္ဆာေဟာ္ မင္းအခုစာပို႔ေနတာလား?”

ခ်န္းယာဖခင္မွာ ေစာင့္​ေနရင္းေစာင့္​ေနရင္းျဖင့္ စိတ္မရွည္ေတာ့ႏိုင္ေတာ့ပဲ သူ႔ဘက္ကစကားစတင္ေျပာဆိုလိုက္ေတာ့သည္။

“အမ္း”

ေဟာ္ခြၽီမွာ ေခါင္းကိုငုံ႔ထားရင္းကပဲ ခြန္းတုံ႔ျပန္လိုက္သည္။ အမွန္တကယ္ေတာ့ သူ႔လက္ဖဝါးျပင္မွာ ေခြၽးေတြႏွင့္လုံးဝစြတ္စိုလို႔ေနေလၿပီ။

ခက္လိုက္တာ! စာ​ေလးတေစာင္ပို႔ဖို႔က တကယ္ခက္ခဲနက္နဲတာပဲ!

“ငါကူညီ​ေကာင္း ကူညီေပးႏိုင္တယ္” ခ်န္းယာဖခင္မွာ ဆိုလိုက္သည္။ တေအာင့္ေလာက္ရပ္တန႔္ေနၿပီးမွ သူက မာနကိုခဝါခ်လို႔ ထပ္ေပါင္းဆိုလိုက္သည္မွာ
“ငါက စာပို႔တဲ့ေနရာမွာ ကြၽမ္းက်င္ပညာရွင္အဆင့္ပဲ”

ထိုစာေၾကာင္းက ေဟာ္ခြၽီ၏အာ႐ုံကို ေအာင္ျမင္စြာဆြဲေဆာင္ႏိုင္ခဲ့သည္။ သူကခ်က္ခ်င္းပဲလွည့္ၾကည့္လာကာ သူ႔ဖုန္းအားခ်န္းယာဖခင္လက္ထဲသို႔ တည္ၾကည္ေလးနက္စြာထည့္ေပးလိုက္ၿပီး 

“ခင္ဗ်ားကိုအလုပ္ရႈပ္ေစမိၿပီ”

“ကိစၥမရွိဘူး! ကိစၥမရွိဘူး!”

ခ်န္းယာဖခင္မွာ ေကာင္းမြန္တဲ့အျမင္ေလးတခု ေဟာ္ခြၽီစိတ္ႏွလုံးထဲ သူခ်န္ထားရစ္ႏိုင္ခဲ့ၿပီလို႔ ေတြးမိလိုက္ကာ ၿပဳံးေပ်ာ္စြာျဖင့္ ဖုန္းကိုယူလိုက္ၿပီး ကတိေပးလိုက္သည္။

“ဘာအေၾကာင္းေရးရမွာလဲ? ႐ြတ္သာျပလိုက္... ငါစာ႐ိုက္တာေရလည္ျမန္တယ္!”

ေဟာ္ခြၽီမွာသူ႔ႏႈတ္ခမ္းသူသပ္လိုက္ၿပီး ၿပဳံးလိုက္ေသာ္ သူ႔ညာဘက္ပါးျပင္ကပါးခ်ိဳင့္ေလးေပၚလာရသည္။

“အိုေက”

“ပေရာ္ဖက္ဆာေဟာ္”
ခ်န္းယာဖခင္မွာ စာ႐ိုက္ေနရင္းျဖင့္ သူ႔အား ရင္းႏွီးကြၽမ္းဝင္လာဖို႔ ႀကိဳးပမ္းေန၏။
“ငါ့သမီးကို မင္းဘယ္လို သေဘာရလဲ?”

ေဟာ္ခြၽီမွာ သူ႔အားေယာင္နနျဖင့္ၾကည့္လိုက္ၿပီး သူဘာေျပာခ်င္တယ္ဆိုတာ လုံးလုံးသေဘာမေပါက္ေပ။

ခ်န္းယာဖခင္မွာ ေဟာ္ခြၽီအေၾကာင္း အတန္ငယ္ၾကားဖူးသည္။ထိုအတြက္ေၾကာင့္ သူ႔ေမးခြန္းဟာ အတန္ငယ္မသင့္ေလ်ာ္ပဲ တဖက္သူနားလည္ဖို႔ ခက္ခဲေနတာျဖစ္​ေကာင္းျဖစ္ႏိုင္တယ္ေတြးမိၿပီးခ်က္ခ်င္းပဲေနာက္တနည္းေျပာင္း​ေျပာလိုက္သည္။

“မင္းနဲ႔စကားေျပာခဲ့တဲ့မိန္းကေလးက ငါ့သမီးပါ.. မင္းသူ႔ကိုဘယ္လိုျမင္လဲ?”

ေဟာ္ခြၽီ, “?”

ေဟာ္ခြၽီမွာ ခ်န္ယာဖခင္ကဘာ​ေျပာခ်င္ေနတယ္ဆိုတာ ခုထိသေဘာမေပါက္ေသးေပ။ သူက
ကသိက​ေအာက္ျဖစ္စြာျဖင့္ ႏႈတ္ခမ္းကိုဖိကိုက္လိုက္၏။

သူ႔ဦးေႏွာက္ကို အၾကမ္းပတမ္းအလုပ္ေပးၿပီးခါမွ ေနာက္ဆုံးတြင္ တစုံတေယာက္က သူ႔ကေလးကို မင္းေရွ႕ေခၚလာျပတာက တကယ္ေတာ့ သူ႔ကေလးကို ခ်ီးမြမ္း​ေပးေစခ်င္တာ... လို႔ သူ႔အကိုႏွစ္
ေျပာျပဖူးတာကို အမွတ္ရသြားသည္။

ထိုသို႔ေတြးမိတာႏွင္ ေဟာ္ခြၽီမွာခ်န္းယာဖခင္ပခုံးအား တည္ၾကည္စြာျဖင့္ အသာပုတ္လိုက္ၿပီး
"ဂုဏ္ယူပါတယ္!”

ခ်န္းယာဖခင္, “…”

ထိုစကားေၾကာင့္ အခ်ိန္အေတာ္ၾကာၾကာတိုင္ေအာင္ နင္လို႔သြား​ေခ်သည့္ ခ်န္းယာဖခင္မွာ စာတလြဲေတြ ပို႔မိလုနီးပါးျဖစ္လို႔သြားေခ်၏။

ေဟာ္ခြၽီ၏ရတက္မေအးျဖစ္ေနသည့္ မ်က္လုံးေတြကို အမွတ္တမဲ့ျဖင့္ ႐ုတ္တရက္ျမင္လိုက္ခါမွ သူမွားသြားတယ္ဆိုတာသတိျပဳမိၿပီး အခ်ိန္မီျပင္ဆင္လိုက္ႏိုင္သည္။

ခ်န္းယာဖခင္မွာ ယခုအခ်ိန္မွာေတာ့ အ​ေတာ္​ေလး အာ႐ုံ​ေနာက္စိတ္ေတြရႈပ္ေထြးေနရေလၿပီ။

သူလိုခ်င္တာ စမတ္က်တဲ့သမက္ေလးတေယာက္ရယ္ပါ ...ဘာလို႔ဒီေလာက္ေတာင္ ခက္ခဲေနပါလိမ့္?

ေဒါသအရွိန္၏ တိုက္တြန္းႏႈိး​ေဆာ္မႈျဖင့္ သူ႔စိတ္ရင္းအမွန္ကို ဖုံးကြယ္မေနေတာ့ပဲ တိုက္႐ိုက္သာေျပာေတာ့မယ္ ဆုံးျဖတ္လိုက္၏။

“ပေရာ္ဖက္ဆာေဟာ္ ငါ့သမီးက ဟြာတကၠသိုလ္မွာ ႐ူပေဗဒပညာရပ္ကို သင္ယူေနတာ...မင္းမွာ ခ်စ္သူရည္းစားရွိလား? ငါမင္းကို သူနဲ႔မိတ္ဆက္ေပးရင္ေကာ ဘယ္လိုသေဘာရလဲ?”

တခဏေလာက္ရပ္တန႔္လိုက္ၿပိး သူကေသြးေဆာင္ဖ်ားေယာင္းေသာ ​ေလသံျဖင့္ ဆက္လက္ေျပာဆိုလာသည္။

“ၿပီးရင္ မင္းတို႔ စာအတူတူေလ့လာလို႔ရတယ္ စမ္းသပ္ခ်က္ေတြလည္း တူတူလုပ္လို႔ရတယ္... ဒါက အႀကံေကာင္းေလး မဟုတ္လား?”

“ကြၽန္ေတာ္တို႔က ဘာလို႔ စာအတူတူေလ့လာရမွာလဲ?”
ေဟာ္ခြၽီမွာ  ခ်န္းယာဖခင္ကို ၾကည့္​ေနၿပီး ရႈပ္ေထြးစြာျဖင့္ ေမးလိုက္၏။
“ကြၽန္ေတာ့္ဘာသာ လုပ္ႏိုင္​ေနတာကို”

ခ်န္းယာဖခင္, “…”

သို႔ေသာ္လည္း သူက ေဟာ္ခြၽီကိုဆက္လက္ဘရိန္းဝက္ရွ္လို႔ေနသည္။

“မိန္းမနဲ႔ေယာက်ာ္းဆို​ေတာ့ အလုပ္လုပ္ရတာပိုလြယ္ကူသြားတာေပါ့”

“ဒါေပမယ့္ ကြၽန္ေတာ္တေယာက္တည္း စမ္းသပ္ခ်က္ေတြလုပ္ေနတာလဲ လြယ္ကူေနတာပဲေလ”
ေဟာ္ခြၽီက ႐ိုးစင္းစြာ ဆိုလိုက္၏။

ခ်န္းယာဖခင္, “…”

ထားလိုက္ေတာ့! သူေတာ့ ဒီသမက္အေလာင္းအလ်ာကို လက္ေလွ်ာ့လိုက္ေတာ့မယ္ေဟ့!အရည္အခ်င္းရွိတဲ့ သမက္တေယာက္ရတာ ဂုဏ္ယူစရာပါပဲ! ဒါေပမယ့္ အဲ့မတိုင္ခင္ ေဟာ္ခြၽီက သူ႔ကို ႐ူးသြပ္ေအာင္လုပ္ရင္လုပ္ မဟုတ္ရင္ သူအဲ့အခ်ိန္ေရာက္ခ်ိန္ထိ အသက္ရွိ​ေန​ေသးဦးမွ!

လူအိုႀကီးမွာ သူ႔ရင္ဘတ္ကို သူဖိ ထိုင္ခုံဆီသို႔ပစ္လွဲခ်လိုက္ၿပီး ႐ုတ္တရက္အားျဖင့္ နားလည္သြားသည္မွာ တခ်ိဳ႕​ေသာလူေတြက တဘဝလုံး စင္ဂယ္လ္ ျဖစ္ဖို႔ ကံပါလာၿပီးသားဆိုတာပင္။

႐ုပ္ရွင္႐ိုက္ကြင္းထဲတြင္ေတာ့ ယြီခ်င့္ဟြမ္မွာ အဖြဲ႕လိုက္ဇာတ္ဝင္ခန္းကို ခု​ေလးတင္ ႐ိုက္ကူးၿပီးစီးတာ ျဖစ္သည္။ စစ္ေျမျပင္မွာ ႐ြာနားနီးစပ္တြင္ ျဖစ္သည္။ တခ်ိဳ႕ေသာ ကေလးေတြမွာ မိုင္းကြင္းထဲ
မေတာ္တဆေရာက္သြားၾကၿပီး ႐ြာတဝက္ေလာက္နီးပါးမွာ ပေပါက္ကြဲပ်က္စီးေန၏။

ေက်ာက္ခ်င္းယြမ္၏ ဇာတ္ေကာင္ ဖန္းခ်န္းႏွင့္ ဝမ္ခ်န္ခ်န္၏ ဇာတ္ေကာင္ လဲ့ခ်န္ တို႔မွာ ခုေလးတင္ ေလယာဥ္ေပၚမွ ဆင္းသက္လာၿပီး ကယ္ဆယ္ေရးလုပ္ငန္းစဥ္ကို တန္းစတင္​ေတာ့သည္။

တည္ၾကည္ေလးနက္​ေနၿပီး တုန္ယင္​ေျခာက္ျခားေနၾကသည့္ ဆရာဝန္အုပ္စုလိုက္ၾကားထဲတြင္ မ်က္ႏွာမသာမယာျဖင့္ စစိတ္မပါလက္မပါပုံစံေပါက္ေန​ေသာ ရဲ႕ရွန္းမွာအထူး​ေပၚလြင္ထင္ရွားေန၏။

​ေနာက္ၿပီးရင္ ယြီခ်င့္ဟြမ္ထုတ္ေဖာ္ဖို႔လိုအပ္သည္မွာလည္း အခုလိုအၾကင္နာတရားကင္းမဲ့သည့္ အမူအရာခံစားခ်က္မ်ိဳးပင္။

လ်ိဳက်ားအန႔္မွာ ဇာတ္လမ္း႐ိုက္ကြက္ရွည္မ်ားကို ႐ိုက္ကူးရာတြင္ ထူးခြၽန္သည္။ ၿပီးရင္ သူ၏ ဇာတ္ကားမ်ားမွာလဲ မရႈပ္​ေထြး မဆန္းျပား ႐ိုးရွင္း​ေသာ ဇာတ္လမ္း႐ိုက္ကြက္ရွည္မ်ားျဖင့္ အလွအပရသ​ေဖာ္က်ဴးရာတြင္ နာမည္ႀကီး၏။ထို႔ေၾကာင့္ အုပ္စုလိုက္အခန္းမ်ား ႐ိုက္ကူးရာတြင္ သူသည္အေတာ္ေလးတင္းက်ပ္၏။

ေနာက္ဆုံး​ေအာင္ျမင္သြားခ်ိန္မွာ ယြီခ်င့္ဟြမ္ႏွင့္ တျခားသူမ်ားသည္ NG  (ကြာလတီမ​ေကာင္းတဲ့) အခန္းေတြ ေလးေခါက္ေတာင္ ျဖစ္ခဲ့ရသည္။ ထိုေၾကာင့္ ​ေနာက္ဆုံးတေခါက္ လ်ိဳက်ားအန႔္မွ အဆင္​ေျပၿပီလို႔ ေျပာသံၾကားလိုက္သည့္အခါမွသာ အားလုံး စိတ္သက္သာရာရသြား၏။

ယခုအဖြဲ႕လိုက္႐ိုက္ကူးေရးဇာတ္ဝင္ခန္းတြင္ ​ေက်ာက္ခ်င္းယြမ္ႏွင့္ဝမ္ခ်န္ခ်န္မွာ အဓိက အမ်ိဳးသားႏွင့္အမ်ိဳးသမီးဇာတ္ေဆာင္ျဖစ္သည္။ အခ်ိန္ႏွင့္တ​ေျပးညီ အသက္ေပါင္းမ်ားစြာကယ္တင္ရမည္ျဖစ္ရာ သူတို႔သည္အေလာတႀကီး ေရွ႕သို႔ ထပ္တလဲလဲေျပးလႊား​ေနရၿပီး ဒါကေတာ္ေတာ္ေလး အားအင္ေတြကို ကုန္ခမ္းေစ၏။ ေက်ာက္ခ်င္းယြမ္မွာ အဆင္ေျပေနေသးေသာ္လည္း ဝမ္ခ်န္ခ်န္မွာေတာ့ ၿပိဳလဲလုနီးပါးျဖစ္လို႔ေနေခ်ၿပီ။

ကံေကာင္းေထာက္မစြာျဖင့္ ယြီခ်င့္ဟြမ္က သူမအား ကူညီေထာက္ပံ့ေပးလိုက္ႏိုင္လို႔ပင္။ သို႔မဟုတ္ပါက သူမသည္ ေျမႀကီးေပၚ ဖင္ထိုင္လ်က္သားက်ၿပီး သ႐ုပ္ေဆာင္တေယာက္အေနနဲ႔ အရွက္ရစရာျဖစ္သြားမွာပင္။

“ေက်းဇူးပဲ ယြီ”

တိုင္ကိုမွီၿပီး စကၠန႔္အနည္းငယ္ၾကာအနားယူၿပီးေသာ္ ဝမ္ခ်န္ခ်န္မွာ နဂိုအတိုင္း သူမ၏တင့္တယ္က်က္သေရရွိမႈကို ျပန္လည္ရရွိသြား၏။

ထို႔ေနာက္တြင္ သူမကလွည့္ၾကည့္လာၿပီး ယြီခ်င့္ဟြမ္အားအၿပဳံးႏုႏုတခ်က္ၿပဳံးျပလိုက္ကာ

“မင္း တို႔ကိုေနာက္ထပ္တခါကူညီလိုက္ျပန္ၿပီ”

ယြီခ်င့္ဟြမ္ေရွ႕တြင္ သူမသည္ စီနီယာတေယာက္အေနျဖင့္ ဘယ္ေသာအခါမွပပလႊားလႊားမေနခဲ့ပဲ အေတာ္ေလးလိုက္ေလ်ာညီေထြရွိခဲ့သည္။

ယြီခ်င့္ဟြမ္မွာ ေခါင္းခါျပလိုက္ၿပီး

“ခ်န္က်ဲ ဒီလိုမေျပာပါနဲ႔ ...ဒါ​ေလာက္ေလးပဲ လုပ္ေပးႏိုင္တာကို”

“အို ​ေတာ္စမ္းပါ”

ဝမ္ခ်န္ခ်န္မွာၿပဳံးလိုက္ၿပီး သူမ၏ျဖဴေဖြးေခ်ာမြတ္
ေနသည့္လက္ဖဝါးျပင္ကို ယြီခ်င့္ဟြမ္ပခုံးထက္ တင္လိုက္ကာ

“အရင္တေခါက္တုန္းက ဒါ႐ိုက္တာလ်ိဳဆီက ဆူခံထိတုန္းကလည္း မင္းပဲငါ့ကို အရွက္မရေအာင္ ကူညီေျဖရွင္းေပးခဲ့တာပဲေလ”

ယြီခ်င့္ဟြမ္မွာ အတန္ငယ္အံအားသင့္တုန္လႈပ္သြားမိၿပီး ဝမ္ခ်န္ခ်န္ဘာကိုရည္ၫႊန္းခ်င္တယ္ဆိုတာကို ခ်က္ခ်င္းသေဘာေပါက္သြားရသည္။

လ်ိဳက်ားအန႔္ သူမကိုဆူပူေနတုန္းအခါက သူမသည္သူမ႐ိုက္ကူးရမည့္အပိုင္းကို ရပ္တန႔္လိုက္ကာ သူမဘာသာျပန္လည္သုံးသပ္ဆင္ျခင္ေနတုန္းမွာပဲ ယြီခ်င့္ဟြမ္က ပထမဆုံးရႈတင္ကိုေအာင္ျမင္စြာၿပီးေျမာက္သြားခဲ့ၿပီး လ်ိဳက်ားအန႔္ဆီက ခ်ီးက်ဳးမႈေတြကိုေတာင္ ရရွိခဲ့သည္။

သူသာအေတြ႕အႀကဳံရွိၿပီးသား သ႐ုပ္ေဆာင္တေယာက္ဆို ကိစၥမရွိေပ။ သို႔ေသာ္လည္း သူက ဒီေလာကထဲ လုံးလုံးလ်ားလ်ားကိုမ်က္ႏွာသစ္တေယာက္ျဖစ္ေန၏။ထိုအရာက ဝမ္ခ်န္ခ်န္ မ်က္ခြက္အား ျဖတ္႐ိုက္ခ်ခံရသလိုမ်ိဳး ျဖစ္သြားေစသည္။

“ခ်င့္ဟြမ္?”

သူအေတာ္ၾကာၾကာေလး ၿငိမ္သက္တိတ္ဆိတ္သြားသည္ကို ေတြ႕လိုက္ရေသာ္ သူမဟာ သူ႔လက္ကို သူ႔မ်က္လုံးမ်ားေရွ႕ေဝွ႔ယမ္းလိုက္ၿပီး သိမ္ေမြ႕ႏူးညံ့စြာ ေျပာလာသည္။

“တကယ္ေတာ့ ငါက မိတ္ေဆြအေပါင္းအသင္းေတြအေပၚ သစၥာရွိတယ္ေျပာရမယ္... ငါ့ကိုအကူအညီေပးထားသူမွန္သမွ်ကို ငါ့စိတ္ထဲ အၿမဲတမ္းထည့္ထားတယ္”

တခဏေလာက္ရပ္တန႔္ေနၿပီးေနာက္ သူမသည္ ယြီခ်င့္ဟြမ္မ်က္လုံးမ်ားကို ၿပဳံး႐ႊင္စြာစိုက္ၾကည့္ေနၿပီးလွ်င္

"ဒါေၾကာင့္ မင္းမွာကိစၥတခုခုရွိလာခဲ့ရင္ ငါ့ဆီလာႏိုင္တယ္”

ထိုသို႔ေျပာၿပီးတာႏွင့္ သူမသည္ ယြီခ်င့္ဟြမ္ပခုံးအား အသာပုတ္ကာ ေၾကာ့ေၾကာ့ေမာ့ေမာ့ ထြက္ခြာသြားေတာ့သည္။တင့္တယ္​ေျပျပစ္စြာထြက္ခြာသြားသည့္ သူမအားၾကည့္လို႔ ယြီခ်င့္ဟြမ္မွာ သူေတာ့ ဝမ္ခ်န္ခ်န္ကိုျပစ္မွားမိေခ်ၿပီဆိုၿပီး သက္ျပင္းအသာခ်လိုက္မိ၏။

သူသည္ တျခားမ်က္ႏွာသစ္ေတြလို ငတုံးတေယာက္ မဟုတ္ေပ။ ဝမ္ခ်န္ခ်န္ကို သူငယ္ခ်င္းေကာင္းတေယာက္လို႔ အမွန္တကယ္မွတ္ယူလိုက္ရင္ ဘယ္အခ်ိန္ မိုင္းတက္နင္းမိမလဲဆိုတာေတာင္ သိလိုက္ရမွာမဟုတ္​ေပ။

သူမကို ဘယ္လိုကိုင္တြယ္ေျဖရွင္းရမလဲေတြးေတာေနစဥ္ ယြီရွင္း၏စူးရွလွေသာ အသံနက္ႀကီးက ေနာက္ကေန ေပၚထြက္လာ၏။

“ခ်င့္ဟြမ္---ခ်င့္ဟြမ္!  ခ်င့္ဟြမ္!”

သူအလ်င္တေခါက္ ထီေပါက္တုန္းကအတိုင္း တထပ္တည္းပင္။

ငါအဲ့တေခါက္ၿပီးေတာ့ ထီလဲထပ္မထိုးထားပါဘူး! ဟူ၍ ယြီခ်င့္ဟြမ္မွာ ေတြးေတာေန၏။

ထိုအခ်ိန္မွာပဲ ယြီရွင္းမွာ သူ႔ေရွ႕တည့္တည့္သို႔ သူ၏ အဆီတစ္​ေနသည့္ မ်က္ႏွာႀကီးယမ္းခါေနကာ အေျပးေရာက္ခ်လာၿပီျဖစ္သည္။

"ခ်င့္ဟြမ္!”

ခ်င့္ဟြမ္လက္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားၿပီး ယြီရွင္းသည္ မ်က္လုံးမ်ားပင့္တင္လို႔ သူ႔အားၾကည့္လာသည္။

“ဆင္းရဲခ်မ္းသာ သူငယ္ခ်င္းေတြဆိုတာ အၿမဲတူတူရွိေနရမယ္!”

ယြီခ်င့္ဟြမ္, “ … လူသားဘာသာစကားနဲ႔ေျပာ!"

ယြီရွင္း “အိုး”

ယြီရွင္း “မင္းကို ေျပာျပမယ္! The Asian Principal of Chicly က ခု​ေလးတင္ ငါ့ကိုဆက္သြယ္လာတယ္.. မင္းကို သူတို႔ရဲ႕  Dust coat  အတြက္ Spokesman ျဖစ္ေစခ်င္တယ္တဲ့!”

T/N>>> Dust coat ဆိုတာ ဒူးနား​ေလာက္ထိ ရွည္တဲ့ ကုတ္အက်ီအ​ေပၚထပ္မ်ိဳး​ကိုေခၚတာပါ
ကိုရီးယားကား​ေတြမွာ အိုပါး​ေတြဝတ္တတ္တဲ့ပုံစံမ်ိဳး
Spokesman က​ေတာ့ ဘရန္းတခုကို ကိုယ္စားျပဳ​ေၾကာ္ျငာ​ေပးရတဲ့သူ​ေပါ့

Chicly ဆိုတာ ျပင္သစ္အေျခစိုက္ lux ဘရန္းတခုျဖစ္ၿပီး သူတို႔ႏိုင္ငံေဈးကြက္ထဲ ဝင္လာတာ ဒီႏွစ္ပိုင္းေလးမွာတင္ ျဖစ္သည္။ သူ႔အဓိကပစ္မွတ္ကေတာ့ ပညာတက္႐ုံးဝန္ထမ္းေတြကိုျဖစ္၏။ luxury ဘရန္းမ်ားႏွင့္ ႏႈိင္းယွဥ္လို႔မရေသာ္လည္း သူ႔မွာလဲ သူ႔ကိုယ္ပိုင္စတိုင္ႏွင့္သူပင္။

ၿပီးေတာ့ ခုခ်ိန္မွာ Chicly က ယြီခ်င့္ဟြမ္နဲ႔ ပူးေပါင္းခ်င္တယ္!ယြီရွင္းမွာ အတန္ငယ္ စိတ္လြတ္သြားသေယာင္ျဖစ္လို႔ေန၏!

“ၿပီးေတာ့ ငါသူတို႔ကို ကတိေပးလိုက္ၿပီးၿပီ.. မင္းမနက္ျဖန္မနက္အားတာ ငါသိတယ္.. ငါတို႔ လူေ႐ြးပြဲသြားရေအာင္ ဒါဆို!”

“သူတို႔.... သူတို႔က ကြၽန္ေတာ့အေၾကာင္းဘယ္လိုသိတာလဲ?”

ယြီခ်င့္ဟြမ္သည္ စိတ္ရႈပ္ေထြးေနသလိုျဖစ္ေန၏။

သူ႔လို မ်က္ႏွာေတာင္သိပ္မေဖာ္ေသးျပရ​ေသးသည့္ မ်က္ႏွာသစ္တေယာက္ကို  Chicly က  Spokesman အ​ေနနဲ႔ေ႐ြးတယ္!

သူျပန္လည္ေမြးဖြားၿပီးခ်ိန္ ကံေကာင္းလြန္းေနတာ​ေၾကာင့္ျဖစ္ေကာင္းျဖစ္ႏိုင္​ေသာ္လည္း ခုခ်ိန္မွာေတာ့ သူအ​ေနႏွင့္ စိတ္ေအးသက္သာမေနႏိုင္ေတာ့ေပ။

“အိုး...ဒီလိုကြာ”

ယြီရွင္းမွာ လက္ခုပ္တီးလိုက္ရင္း

“ငါမင္းကိုေျပာသား မင္းကကံအရမ္းေကာင္းတဲ့ေခြးသားေလးလို႔!

တေန႔က Asian principal of Chicly က မင္းရဲ႕ "The line of life and death" က ဦးဆုံးပုံ
ေတြကို Weibo မွာ ​မေမွ်ာ္လင့္ပဲေတြ႕သြားၿပီး မင္းက သူတို႔ရဲ႕ကုတ္အက်ီအသစ္အတြက္ အရမ္းလိုက္ဖက္သင့္​ေတာ္တယ္ဆိုၿပီး လူ​ေ႐ြးပြဲဝင္​ေျဖဖို႔ ​ေမွ်ာ္လင့္​ေနတာ"

တကယ္ႀကီး ?!

အတန္ၾကာ​ေလး တိတ္ဆိတ္​ေနၿပီးလွ်င္ ယြီခ်င့္ဟြမ္မွ ယြီရွင္းထံသို႔လွည့္ကာ စိတ္မပါလက္မပါျဖင့္​ေျပာလိုက္သည္။

"ဒီနားမွာ ဘုရား​ေက်ာင္းတခုခုမ်ားရွိတယ္ ၾကားမိ​ေသးလား?ကြၽန္​ေတာ္အ​ေမႊးတိုင္ပူ​ေဇာ္ခ်င္လို႔"

​ဒါမွသာ သူ႔အ​ေနနဲ႔ ​ေကာင္းကင္ဘုံကို ဒီထူးဆန္း​ေပြလီလွတဲ့ ကံ​ေကာင္းမႈႀကီးကို ျပန္႐ုပ္သိမ္း​ေပးဖို႔ ေတာင္းဆိုႏိုင္လိမ့္မယ္!

အမွန္တကယ္​ေတာ့ ဒီအႏုပညာ​ေလာကထဲ သူ႔မွာရည္မွန္းခ်က္ရယ္လို႔သတ္သတ္မွတ္မွတ္မရွိခဲ့​ေပ။သူအ​ေနႏွင့္ သာမာန္႐ိုးရွင္းတဲ့လူတ​ေယာက္သာျဖစ္ခ်င္တာကို ဘာ​ေတြက ဒီ​ေလာက္​ေတာင္ခဲယဥ္း​ေနရပါလိမ့္?

"မဟုတ္​ေသးဘူး ခ်င့္ဟြမ္" ယြီရွင္းမွညီးညဴျမည္တမ္းလိုက္၏။

"မင္းလိုလူက ကံ​ေကာင္းဖို႔ အ​ေမႊးတိုင္ဆက္ပူ​ေဇာ္​ေနဦးမယ္ဆို ငါတို႔အတြက္က​ေကာ?"

တ​ေအာင့္​ေလာက္ရပ္တန္႔​ေနၿပီး​ေသာ္ သူသည္ ယြီခ်င့္ဟြမ္ ဘာ​ေတြႀကံစည္​ေနတယ္ဆိုတာ
သိ​ေနသလိုပုံျဖင့္ သူ႔အား မ႐ိုးမ​ေျဖာင့္ၾကည့္လာ၏။

"မင္း ထီထိုးဖို႔ရွိ​ေသးလား? ဒီတ​ေခါက္ ငါ့ကို​ေခၚ​ေနာ္!"

ယြီခ်င့္ဟြမ္မွာ သူ႔နဖူးသူျပန္ပြတ္လိုက္ရင္း

"ဆရာသမား ကြၽန္​ေတာ္ ဒီတ​ေခါက္မဝယ္​ေသးဘူး နားလိုက္​ေတာ့"

"​ေကာင္းပါၿပီ" ယြီရွင္းမွာ စိတ္ပ်က္လက္ပ်က္ျဖင့္ ဆိုလိုက္၏။

သူ ​ေနာက္ထပ္နည္းနည္း​ေလာက္ထပ္ေမးဖို႔လုပ္လိုက္စဥ္မွာ တစုံတခုကို႐ုတ္တရက္သတိရသြားၿပီး ရပ္တန္႔သြား၏။

ထို႔​ေနာက္တြင္ျပန္လွည့္လို႔လာၿပီး သူ႔ဖုန္းအားယြီခ်င့္ဟြမ္​ေရွ႕တြင္ခ်ိန္ကာ

"ခ်င့္ဟြမ္ ပို႔စ္တခုလုပ္လိုက္!"

ယြီခ်င့္ဟြမ္မွာ အက်င့္ပါစြာ ပို႔စ္တခုခ်က္ခ်င္း​ေပးလိုက္၏။

ယြီရွင္းမွ ထိုပုံကို႐ိုက္ယူၿပီးတာႏွင့္ သူကလွမ္း​ေမးလိုက္သည္။

" ဒီပုံကဘာအတြက္လဲ Chicly က ​ေတာင္းဆိုထားတာလား?"

"ဘယ္ဟုတ္ပါ့မလဲ"

ယြီရွင္းမွာ ယြီခ်င့္ဟြမ္အား ၿပဳံးၾကည့္ေနရင္းက က်ိဳး​ေၾကာင္းဆီ​ေလ်ာ္စြာဆိုလိုက္သည္မွာ

"ငါမင္းပုံကို ​ေ႐ႊငါးလာဘ္​ေကာင္​အ​ေနနဲ႔ Weibo မွာ သုံးမလို႔"

ယြီခ်င့္ဟြမ္, "..."

.,.,..,.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N >>> update  အရမ္းၾကာသြားတာ ဒီၾကားထဲ​ ေနမ​ေကာင္းတာ​ေရာ ပါဆင္နယ္ကိစၥ​ေလး​ေတြနဲ႔ပါ
ရႈပ္​​ေထြးေနလို႔ပါ အတက္ႏိုင္ဆုံး ျမန္ျမန္တင္​ေပးမယ္​ေနာ္ မြမြ 😘
Koi မသိလို႔ ​ေျပာျပ​ေပးတဲ့ က်ဲ​ေတြ​ေက်းဇူးပါ

Pokračovať v čítaní

You'll Also Like

608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.3K 473 7
Author: Yu Tianjun [雨田君] Total Chapters: 141 English Translation- Chrysanthemum Garden Myanmar Translator- khin0625
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.4M 60.1K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...