Marmalade [Own Creation]

Bởi AnnaLynn666

32.5K 5.5K 233

Even I can get another you, my choice is only you. Xem Thêm

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

31

2.3K 190 33
Bởi AnnaLynn666

Unicode

သူ့ကျောင်းပိတ်ရက်များကို ပုံမှန်အတိုင်းဖြစ်လာလိမ့်မည်ဟု အားသစ်ထင်ခဲ့သည်။

"အန်ကယ်နဲ့အန်တီက ဘယ်လိုနေလဲ"

"အင်း... သူတို့က သူတစ်နေရာမှာ အသက်ရှင်နေတာက ကောင်းတာပေါ့လို့ပြောကြတယ်"

ခါတိုင်းကျောင်းပိတ်ရက်များကို အိမ်တွင်းအောင်းခြင်းဖြင့် ကျော်ဖြတ်ရသော်လည်း ယခု ကျောင်းပိတ်ရက်တွင် အားသစ် အပြင်ထွက်ဖြစ်၏။

"ဒါလေးနဲ့ပြီးသွားတာကို စိတ်ထဲမှာတစ်မျိုးပဲ သူတို့ကို မပြောဘဲ လုပ်လိုက်တာကို အပြစ်မတင် ကြဘူး"

မိဘများကို သူ့အမြွှာအကြောင်းပြောပြချိန်တွင် ရရှိလာသည့် တုံ့ပြန်မှုနှင့်ပတ်သက်ပြီး အားသစ်စိတ် ထဲတွင် ကျေနပ်မှုမရှိနေခဲ့။ သူ့စိတ်ထဲတွင် မိဘများ၏ တုံ့ပြန်မှုက အလွန်တည်ငြိမ်လွန်းနေပြီး တစ်ဖက်သူကို အရေးမစိုက်ဟု ခံစားနေရသည်။ ထို့ကြောင့် နိုင်းချင်းနှင့်အပြင်ထွက်လာသည့်အချိန်တွင် ခံစားနေရခြင်း များကို ထုတ်ပြောပြဖြစ်ခြင်းဖြစ်သည်။

"သူတို့ကပဲ သူ့ကိုအချိန်အကြာကြီးဆွဲခေါ်ထားခဲ့ကြတာမဟုတ်လား ဒီတိုင်း ဪ ဟုတ်လား ဆိုတာ မျိုးကြီးက သွေးမအေးလွန်းနေဘူးလား"

သူ့ပခုံးပေါ်မှီပြီးပြောနေသည့် အားသစ်ခေါင်းကို နိုင်းချင်းပြန်မှီချသည်။ ဆိုင်ကယ်စီးလာသဖြင့် ပွယောင်းယောင်းဖြစ်နေသည့် ဆံပင်များက ကြောင်မွှေးအိအိပေါ်သို့ ခေါင်းအပ်ထားသည့် ခံစားချက်မျိုးကို ခံစားရစေ၏။

"သူတို့က အဆိုးဆုံးကို တွေးထားပြီးသားလေ... နောက်ပြီး... အစ်ကို့ရှေ့မှာမို့ သူတို့တွေ သန်မာ ချင်ယောင်ဆောင်တာနေမှာပေါ့"

"ဒါပေမဲ့လည်း..."

"လူကြီးတွေက တစ်ခါခါကျရင် ဘာတွေတွေးမှန်းမသိပါဘူး ဒါကြောင့် စိတ်ထဲမထားပါနဲ့ နောက်ပြီး..."

အားသစ်ခေါင်းကို သူ လှည့်နမ်းချိန်တွင် အားသစ်သုံးနေကျ ခေါင်းလျှော်ရည်နံ့ကို နိုင်းချင်းရလိုက်၏။ စိတ်ငြိမ်ပြီး လူအလာနည်းသော ပိတ်ထားသည့် ကစားကွင်းဟောင်းတစ်ခု၊ မြို့ဟောင်းတစ်မြို့လုံးကို မြင်နိုင် သည့် ခုံတန်း၊ အပင်တချို့နှင့် အလေ့ကျပေါက်သော ပန်းပင်တချို့ကရသည့် အမွှေးနံ့နှင့် ငှက်တချို့မြည်သံက သူတို့နှစ်ဦးအတွက် Perfect Date Spot ကို ဖြစ်စေသည်။ နားအေးပါးအေး သူလာနေကျနေရာတစ်ခုကို တစ်ချိန်မှာ တစ်စုံတစ်ယောက်နှင့်အတူ လာဖြစ်လိမ့်မည်ဟု သူ မတွေးဖူးခဲ့။

"တခြားတစ်နေရာမှာ သူ ကောင်းကောင်းအသက်ရှင်နေတာက ကောင်းတယ်မဟုတ်ဘူးလား"

"ဒါပေမဲ့ ငါတို့က သူ့အကြောင်းကို ဘာမှမသိရဘူးလေ"

"အစ်ကိုက အရင်ဆုံးသူ့ကိုစွန့်လွှတ်လိုက်တာမဟုတ်ဘူးလား"

"ဒါပေမဲ့..."

နိုင်းချင်းသည် အားသစ်လက်ကို ကိုင်ကာအသာနမ်းသည်။

"စိတ်မပူပါနဲ့ အကုန်လုံးက ကောင်းဖို့အတွက်ဖြစ်လာကြတာပါ အချိန်တစ်ခုကိုပဲ ခဏစောင့်ရမှာ"

ငြိမ်နေသေးသည့် အားသစ်ကြောင့်နိုင်းချင်းဆက်ပြော၏။

"အချိန်ကျရင်အစ်ကိုနဲ့သူနဲ့ ထပ်တွေ့ရဦးမှာပါ အစ်ကိုတို့က ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတွေ မဟုတ်လား"

နိုင်းချင်း၏ လေပြေလေးနှင့် အားပေးစကားက အားသစ်၏ စိတ်ကို ငြိမ်သွားစေ၏။

"အင်းနော်... လောနေလို့လဲ ငါလည်းဘာမှမတတ်နိုင်ဘဲ"

"အင်း..."

နိုင်းချင်းနှင့်အတူ တနေကုန်ရှိနေပြီးနောက် ညတွင် နိုင်းချင်းသည် သူ့ကိုအိမ်ပြန်ပို့ပေးလေ၏။ ခြံဝ တွင်ရပ်ပြီး နိုင်းချင်းကို အားသစ်ကြည့်ကာ...

"တကယ်ပဲ အိမ်ထဲမဝင်တော့ဘူးလား"

ဆိုင်ကယ်ပေါ်မှမဆင်းလာဘဲ နိုင်းချင်းသည် လက်ညှိုးလေးကွေးကာ သူ့ကိုလာဖို့ အမူအရာပြ၏။

"ဘာလို့လဲ"

အနားသို့ သူရောက်သည့်အချိန်တွင် လက်ကိုဆွဲပြီးနောက် ဖြတ်ခနဲနမ်းလိုက်သည့် နိုင်းချင်းကြောင့် အားသစ်သူ့နှုတ်ခမ်းကို အုပ်၏။ နှုတ်ခမ်းပေါ်တွင် လေတိုးထားသဖြင့် အေးနေသည့် နှုတ်ခမ်းတစ်စုံ၏ အတွေ့ကို သူ ခံစားရနေသေးသည်။

"မင်း! တစ်ယောက်ယောက်မြင်ရင် ဘယ်လိုလုပ်မလဲ"

"နှုတ်ဆက်တာလေ... ဒါဆို ကျွန်တော်ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်"

ပြောပြီးသည်နှင့်ဆိုင်ကယ်မောင်းကာ လစ်ပြေးသွားသည့် နိုင်းချင်းကို အားသစ် အပြစ်ပြောချိန် မရလိုက်တော့။ အိမ်ထဲသို့ ဝင်လာသည့် အချိန်တွင် သူ့မျက်နှာထက်တွင် နိုင်းချင်း၏ အပြုအမူကြောင့် အပြုံးနွေးနွေးရှိနေခဲ့သည်။ အိမ်ရှေ့တွင် ရပ်ထားသည့် ကားကိုအားသစ် ကြည့်၏။ ဧည့်သည် ရောက်နေ သည်ဟု ထင်နေသော သူ့အထင်သည် မှန်နေခဲ့သည်။ ဖိနပ်ချွတ်သည့်နေရာတွင် လူစိမ်းဖိနပ်နှစ်ရံတွေ့သည်မို့ အားသစ်လှမ်းမေး၏။

"မေမေ အိမ်ကို ဧည့်သည်ရောက်နေတာလား"

ဧည့်ခန်းတွင်ထိုင်နေသူကို မြင်သည့်အချိန်တွင် အားသစ်၏ မျက်လုံးများဝိုင်းစက်သွားရသည်။ သောမတ်စ်နှင့်ဘေးတွင်ထိုင်နေသူက သူနှင့်ရုပ်ချင်းတူသည့် ကောင်ကလေးမဟုတ်ပါလား။

"အာ... သားပြန်လာပြီလား"

သူ့ကို မြင်သည်နှင့်မျက်ရည်ဝေ့နေသည့် မျက်လုံးများကို သုတ်ကာ မိခင်ဖြစ်သူသည် လာကြိုခဲ့သည်။ အားသစ်သည် သောမတ်စ်နှင့်သူ့အမြွှာညီငယ်ကို အံ့အားသင့်သည့် မျက်လုံးများဖြင့်သာ ကြည့်နေဖြစ်သည်။ သောမတ်စ်နှင့်ထိုကောင်လေးက ညနေစောင်းတွင်ရောက်လာခြင်းဖြစ်ပြီး သောမတ်စ်သည် သူ့မိဘများထံမှပါ သူ့အမြွှာညီငယ်ကို လာတောင်းခြင်းဖြစ်ပြီး ရံဖန်ရံခါတွင် သူတို့နှင့်ထိုကောင်လေးကို တွေ့ဆုံခွင့်ပြုမည့် အကြောင်း သဘောတူညီချက်ပေးထားသည်ဟု အားသစ်သိရသည်။ အေးအေးဆေးဆေး စကားပြောကြပြီး နောက် သူတို့ပြန်တော့မည့်အချိန်တွင် အားသစ်ပြန်ရောက်လာခြင်းဖြစ်သည်။

"မင်း သူနဲ့စကားပြောဦးမလား"

ပြန်ခါနီးမို့ သောမတ်စ်သည် အားသစ်နှင့်စကားပြောလိုသေးသလားဟု မေးသည်ကို ထိုကောင်လေး သည် ခေါင်းအသာယမ်း၏။

"ဒါဆိုကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်"

နှုတ်ဆက်ပြန်သွားသည့် သောမတ်စ်နှင့်သူ့ညီငယ်ကို အားသစ်သည် စကားတစ်ခွန်းမှ ပြော၍မရခဲ့။ တကယ်လို့ ပြောကြမည်ဆိုလျှင်တောင်မှ သူ ဘာပြောရမှန်းလည်း မသိ။

"သားခန္ဓာကိုယ်ထဲမှာ ရှိခဲ့တုန်းက မှတ်ဉာဏ်တွေ သူ့မှာမရှိတော့ဘူးပြောတယ်"

"ဟို ခဏ..."

ဘာပြောရမှန်းမသိသော်လည်း သူ စကားတော့ ပြောချင်သေးသည်။ ထို့ကြောင့် မိခင်ပြောပြနေ သည်ကို လျစ်လျူရှုကာ အပြင်သို့ထွက်လာ၏။ သောမတ်စ်ကို ကားတံခါးဖွင့်ပေးပြီးနောက် မောင်းသူဘက်ခြမ်း သို့ ပြန်လျှောက်လာသည့် သူ့အမြွှာကို အားသစ် လှမ်းခေါ်သည်။ သူစိမ်းတစ်ယောက်ကို မြင်ရသည့်အလား ခပ်စိမ်းစိမ်းမျက်လုံးများသည် သူ့ထံရောက်လာ၏။

"ဘာပြောရမှန်းမသိပေမဲ့... အခုလိုမျိုး အသက်ရှင်နေပေးတာ ကျေးဇူးတင်ပါတယ်"

ဆွဲဖက်ခံလိုက်ရသည့် ကောင်ကလေး၏ မျက်လုံးများသည် ဝိုင်းစက်သွား၏။

"တောင်းပန်ပါတယ် အချိန်အကြာကြီးမသိဘဲ ဒီအတိုင်းနေမိတဲ့အတွက် တောင်းပန်ပါတယ်"

လူချင်းခွာကာ သူ့ကို မှင်တက်ကာ ကြည့်နေသည့် ကောင်ကလေး၏ ပခုံးနှစ်ဖက်ကို သေချာကိုင်ကာ အားသစ်ပြုံး၏။

"ပျော်ရွှင်နေပါ..."

"ဘာလို့ ငိုနေတာလဲ ပျော်ရွှင်နေပါလို့ ပြောတဲ့လူက"

ထိုကောင်လေးသည် သူ့မျက်ရည်ကို သုတ်ပေးလာ၏။

"ငါပျော်ရွှင်နေပါတယ် ဒါကြောင့် ငါ့ကို လက်လွှတ်လိုက်ပါတော့"

ပြန်ဖက်ကာ ပြောသွားသည့် ကောင်ကလေးကို အားသစ်ကြည့်၏။

"မင်းနာမည်ကရော..."

ကောင်ကလေးသည် တစ်ချက်စဉ်းစားပြီးနောက် ပြန်ဖြေသည်။

"ပရော်ဖက်ဆာက ငါ့ကို အာသာလို့ခေါ်တယ်"

"အာသာ... ငါက အားသစ်ပါ"

"အင်း မင်းက ငါ့အစ်ကိုဆိုတာ ငါသိပါတယ်"

ထိုကောင်လေးသည် ရည်မွန်စွာသာ နှုတ်ဆက်၏။

"ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါမမှတ်မိပေမဲ့ ပရော်ဖက်ဆာက ငါ့မိသားစုအကြောင်းကို ပြောပြတယ် ဒါကြောင့် မင်းကိုငါ သိတယ်"

"ဒါပေမဲ့... မင်း ရှောပင်းမောမှာတုန်းက"

"အာ... အဲ့ဒါက..."

အာသာသည် လည်ပင်းကို ရှက်ရှက်ဖြင့် ပွတ်ကာ...

"အဲ့ဒါက ပရော်ဖက်ဆာနဲ့မင်းက ရင်းနှီးသလိုဖြစ်နေလို့..."

အားသစ်သည် အာသာ၏ စကားကို မျက်လုံးအဝိုင်းသားနှင့် နားထောင်နေရသည်။

"ငါသွားတော့မယ်... ပရော်ဖက်ဆာမှာ အလုပ်ရှိသေးလို့"

"အာ... အင်း ဟို ခဏ... ငါတို့ ဖုန်းနံပတ်ချင်းလဲထားလို့ရလား"

အားသစ်၏ ရင်းနှီးလိုမှုကို အာသာသည်မငြင်းခဲ့။ သူ့ဖုန်းကိုထုတ်ကာ...

"ရပါတယ်"

ဖုန်းနံပတ်ချင်းလဲပြီးနောက် ကားလေးသည် မောင်းထွက်သွားခဲ့သည်။ အားသစ်သည် ကားနောက်မြီး ကို မမြင်ရသည်အထိ ကြည့်ရင်းကျန်ခဲ့တော့၏။

ကားပေါ်တွင် သောမတ်စ်သည် ကားမောင်းနေသော ကောင်ကလေးကို ကြည့်၏။

"မင်းရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ခဲ့တာအတွက် နောင်တရလား"

သောမတ်စ်မျက်နှာထက်တွင် မကျေမနပ်ဖြစ်နေမှုများရှိနေ၏။ စိတ်မကြည်ဖြစ်နေသော သောမတ်စ်ကို အာသာမျက်လုံးထောင့်စွန်းများမှ ကြည့်ကာ...

"နောင်တမရပါဘူး..."

"မင်းက သူတို့နဲ့တအားခင်နေတော့ နောင်တများရသလားလို့"

ကလေးဆန်ဆန်သူ့ကို မကျေမနပ်ပြောနေသည့် သောမတ်စ်ကြောင့် အာသာ ခပ်တိုးတိုးရယ်၏။

"ပရော်ဖက်ဆာ"

"အင်း..."

"ဒီနေ့ ခေါက်ဆွဲပြုတ်စားမလား"

သောမတ်စ်ပြန်မဖြေ။ အပြင်သို့ စကားတစ်ခွန်းမှမပြောဘဲ ကြည့်နေခြင်းက သူ့ကို မကျေနပ်ကြောင်း ဖော်ပြနေခြင်းပေ။

"ကျွန်တော့်ကို ပရော်ဖက်ဆာပဲ ပိုင်တာမဟုတ်လား"

သောမတ်စ် ခေါင်းသည်ဆတ်ခနဲလှုပ်သွား၏။ သူ့ဘက်သို့ လှည့်ချင်သော်လည်း မလှည့်လာသည့် သောမတ်စ်ကြောင့် လမ်းရှင်းသည့်တစ်နေရာတွင် အာသာကားရပ်သည်။ ခါးပတ်ဖြုတ်ကာ သူ့ကို စကားမပြောသည့် အမျိုးသားဘက်သို့ ကိုယ်ကိုကိုင်းညွှတ်၏။ ကျောခိုင်းထားသူကို အသာဆွဲလှည့်ကာ...

"ကျွန်တော်က ပရော်ဖက်ဆာ အပိုင်ပဲမဟုတ်ဘူးလားလို့"

ခပ်စူးစူးအကြည့်ကိုသာ လက်ခံရရှိချိန်တွင် အာသာ ရယ်သည်။

"ဒယ်ဒီ... ဘာလို့ ကျွန်တော့်ကို စိတ်ဆိုးနေရတာလဲ... ကျွန်တော်က ဒယ်ဒီအပိုင်ဆိုတာ သိသားနဲ့ ဒယ်ဒီကလည်း ကျွန်တော့်အပိုင်ပဲမဟုတ်လား"

စိတ်ဆိုးပြေစပြုလာသည့် သောမတ်စ်ဘက်ကို အာသာကူးသည် ခုံကိုအနောက်သို့ မှီချရင်း သောမတ်စ်၏ မေးစေ့ကို လက်ချောင်းဖြင့် အသာပင့်မော့၏။

"ဟုတ်တယ်မဟုတ်လား..."

မေးခွန်းမေးသော်လည်း ပြန်ဖြေခွင့်ကိုမပေးခဲ့။ သူ့နှုတ်ခမ်းများက တစ်ဖက်သူကို စကားမဆိုနိုင်အောင် ပိတ်ဆို့ထားခဲ့သည်။

.......

"ဒီနေ့ သူတို့လာကြတယ်"

ညဘက်နိုင်းချင်းနှင့်ဖုန်းပြောသည့်အချိန်တွင် အားသစ်သည် သောမတ်စ်လာသည့်အကြောင်းကို နိုင်းချင်းကို ပြန်ပြောပြနေခဲ့သည်။

"သူတို့က အဆင်ပြေနေပုံပဲ..."

"အစ်ကို့အသံက ဘာဖြစ်လို့လဲ"

အသံမကောင်းသည်ကိုချက်ချင်းမှန်းနိုင်သည့် နိုင်းချင်းကြောင့် အားသစ် ခေါင်းငုံ့ကာပြုံး၏။

"ဒီအတိုင်း မေမေတို့နဲ့ပြန်ပြောပြီး ငါတို့ငိုဖြစ်ကြလို့"

အားသစ်သည် ရယ်၍ပြောပြ၏။

"ငါတို့တွေငိုကြတယ် ပြီးတော့ ငါတို့တွေ စိတ်သက်သာသွားကြတယ် မင်းပြောတဲ့အတိုင်းပဲ အကုန်လုံးက ကောင်းဖို့အတွက်ဖြစ်လာကြတာလိုပဲ... သူလည်း ပျော်ရွှင်နေလိမ့်မယ်လို့ ငါယုံတယ်"

"တကယ်ပဲ... ကျွန်တော်က မကောင်းတဲ့လူတစ်ယောက်ပဲ"

"ဟင်..."

"အစ်ကို့အိမ်နဲ့အတူပျော်နေတာတောင် ကျွန်တော်သဘောမကျဘူး"

ဖုန်းကိုင်နေသည့် အားသစ်မျက်နှာသည် တရှိန်းရှိန်းပူတက်လာ၏။

"ကျွန်တော့်ကြောင့်ပဲ ပျော်စေချင်တယ်... ဒါကြီးက တအားလွန်တယ်ဆိုပေမဲ့ ကျွန်တော့်ကြောင့်ပဲ ငိုပြီး ကျွန်တော့်ကြောင့်ပဲ ပျော်ပေးလို့မရဘူးလား"

"အာ..."

အားသစ်အသံတိုးတိုးပြု၏။ ပြီးမှ...

"ဒါက..."

သူ့မျက်နှာလေးသည် နီနေခဲ့သည်။

"တခြားလူတွေ ငါ့မိဘတွေတောင် မသိတဲ့ပုံစံနဲ့ ငါ့ကိုမင်းမြင်ဖူးပါတယ် ပြီးတော့..."

မွေ့ယာပေါ်တွင် ဒူးထောင်ထိုင်နေသည်မို့ မေးစေ့ကိုဒူးပေါ်တင်ကာ ခြေချောင်းလေးများကို သူ အသာကုတ်သည်။

"ဒါကိုမင်းတစ်ယောက်တည်း မြင်ရတာပါ... ဒါကြောင့် တအားစိတ်မပုတ်လို့ရမလား"

တစ်ဖက်မှ တော်တော်နှင့်အသံမကြားရ။

"ဟယ်လို... ဟယ်လို? နိုင်းချင်း..."

"အစ်ကို... ကျွန်‌တော်အခု အစ်ကို့ကို သိပ်တွေ့ချင်တာပဲ"

"အာ ဒါပေမဲ့ မိုးချုပ်နေပြီမဟုတ်ဘူးလား"

"ဆိုင်ကယ်အမြန်မောင်းလာရင် ဆယ့်ငါးမိနစ်လောက်ပဲ ကြာမှာ... ဒါကြောင့် ခဏလေးစောင့်ပါလား"

ပြောပြီးသည်နှင့် နိုင်းချင်းသည် ဖုန်းကိုချက်ချင်းချသွား၏။ ညအိပ်ဝတ်စုံဖြင့် အားသစ်သည်လည်း အိပ်ခန်းပြတင်းပေါက်ကတစ်ဆင့် လမ်းအပြင်ကို ကြည့်နေခဲ့သည်။ တကယ်ပဲ နိုင်းချင်းက လာမှာလား။ တကယ်ပဲရောက်လာမှာလား။ ဘာလို့လာမှာလား။ နိုင်းချင်းရောက်လာရင် သူ ဘယ်လိုလုပ်ရင်ကောင်းမလဲ။

စိတ်ထဲတွင် အတွေးများလာသည့်အခါတွင်တော့ အားသစ် မနေနိုင်တော့ အိမ်အောက်ထပ်သို့ ခိုးဆင်းလာတော့သည်။ မိဘများ အိပ်နေပြီမို့ ခြေအသာဖော့ကာ အိမ်ရှေ့တံခါးကိုဖွင့်ပြီး လမ်းမီးအောက်တွင် ရပ်စောင့်နေလိုက်၏။ ရာသီဥတုက ဆောင်းတွင်းမဟုတ်သေးသော်လည်း ညဘက်လေအေးက သူ့ကို အေးစေသည်။ အနွေးထည် မပါလာသည်ကို သတိရသွားပြီး ပြန်ယူဖို့စဉ်းစားသော်လည်း အချိန်မရွေးနိုင်းချင်း ရောက်လာသည်မို့ သူ ပေတေရပ်စောင့်နေလိုက်သည်။

"ဘာလို့ အပြင်ထွက်စောင့်နေတာလဲ"

နိုင်းချင်း ရောက်ရောက်ချင်းမြင်လိုက်ရသည်က လမ်းမီးအောက်တွင် သူ့ကို တစ်ယောက်တည်း ရပ်စောင့်နေသည့် အားသစ်ကိုပင်။ ချက်ချင်းပင် ဆိုင်ကယ်ပေါ်က ဆင်းကာ အားသစ်၏ ပါးနှစ်ဖက်ကို လက်ဖြင့်ကိုင်လိုက်၏။ သူထင်သည့်အတိုင်း အားသစ်၏ ပါးအိအိလေးများက အေးစက်နေပေသည်။

"အေးနေပြီ..."

အားသစ်လက်ကို သူ့လက်နှစ်ဖက်ဖြင့်အုပ်မိုးကာ အာငွေ့ဖြင့်‌နွေးစေ၏။

"သိပ်လည်း အေးတာမဟုတ်ပါဘူး"

အားသစ်၏ ပါးနှစ်ဖက်ကို လက်ဖြင့်သေချာအုပ်ကိုင်ကာ...

"ဒီလိုမှန်းသိရင် လာမယ်လို့ မပြောလိုက်ပါဘူး အစ်ကို အေးအေးကြီးထဲ ထွက်စောင့်နေမယ်ဆိုရင်"

"ဟီးဟီး အခုတော့ မင်းလာတယ်မဟုတ်လား"

သူ့ကိုရယ်၍ပြောသည့် အားသစ်ကို နိုင်းချင်း အသဲယားစွာကြည့်၏။ ထို့နောက် ဂျာကင်ထဲ လက်နှိုက်ကာ...

"အမှန်တကယ်တော့ သေသေချာချာပြောပြီးပေးချင်တာ... ဒါပေမဲ့ အစ်ကိုက ကျွန်တော့်ကို မနေနိုင်အောင် လုပ်လိုက်တော့"

"ငါဘာလုပ်လို့လဲ"

အားသစ်၏ မျက်လုံးများသည် နိုင်းချင်းထုတ်လာသည့် ကတ္တီပါဘူးလေးဆီသို့ ရောက်သွားတော့ သည်။ ထိုကတ္တီပါဘူးလေးထဲတွင် ဆင်တူမောင်းကွင်းနှစ်ခုသည် လှလှပပနေရာယူထား၏။

"အခုလိုမျိုးပြောတာကို အစ်ကို ဘယ်လိုထင်မလဲမသိပေမဲ့... အားသစ်... ကျွန်တော်နဲ့အတူ တစ်သက်လုံးအတူရှိပေးနိုင်မလားဟင်"

အားသစ်၏ မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုပေါ်လာ၏။

"ဘယ်တော့မှ မင်းကိုငါငြင်းနိုင်မယ်မထင်ပါဘူး"

သူ့အဖြေကို စောင့်နေသည့် နိုင်းချင်းကို အားသစ် ပြန်ဖြေသည်။

ဘယ်တော့မှ... ထိုကောင်လေးကို သူ ငြင်းနိုင်လိမ့်မည်မဟုတ်။ ထိုကောင်လေးက တစ်ချိန်တွင် သူ့ကို လမ်းခွဲပါရစေတော့ဟု ပြောလာလျှင်တောင် သူ ငြင်းနိုင်လိမ့်မည်မဟုတ်ပေ။ ဒီပြာရင့်ရင့်မျက်လုံး တွေနဲ့ ကောင်လေးရဲ့ ပြောစကားတိုင်းကို လက်ခံချင်လောက်အောင် သူ့နှလုံးသားက ဒီကောင်လေးနဲ့ ပတ်သက်လာရင် ပျော့ညံ့နိုင်လွန်းသည်။ ဒါကိုတော့ နိုင်းချင်းသိအောင် သူ ပြောဖြစ်လိမ့်မည်မဟုတ်။ မပြောဖြစ်လည်း သူ့အပြုအမူများကတစ်ဆင့် ထိုကောင်လေးက သိနိုင်လောက်သည်မဟုတ်လား။

သူ့လက်သူကြွယ်ကိုလက်စွပ်စွပ်ပေးပြီးနောက် နိုင်းချင်းသည် လက်သူကြွယ်ကိုပါ ငုံ့နမ်းခဲ့သည်။ ထို့နောက် သူ့ကိုစေ့စေ့ကြည့်၍...

"အစ်ကို့ကို ကျွန်တော် ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး ဒါကြောင့် အရင်ဆုံးကျောင်းအတူတူ ပြီးကြရအောင် အစ်ကိုဘွဲ့ယူတဲ့နေ့မှာ ကျွန်တော်ရှိနေပြီး ကျွန်တော်ဘွဲ့ယူတဲ့ နေ့မှာလည်း အစ်ကိုရှိပေးပါ... ပြီးရင် ကျွန်တော်တို့တွေ အလုပ်အတူတူလုပ်ကြရအောင်လေနော်..."

"ကျောင်းပဲအရင်ဆုံးအတူတူပြီးကြတာပေါ့"

ခပ်ပြုံးပြုံးဖြေသည့် အားသစ်ကို ကြည့်ပြီး နိုင်းချင်းစိတ်ထဲ မချင့်မရဲဖြစ်လာတော့သည်။ အမြဲတမ်း အားသစ်က သူ့စကားတိုင်းကို သဘောတူသည်ကို သူ သတိထားမိသည်။ အစပိုင်းတွင် သူက အားသစ်ကို သူ့ကိစ္စကြောင့်ချဉ်းကပ်ဖြစ်တာ ဖြစ်သော်လည်း အားသစ်၏ အပြုအမူတိုင်းက သူ့စိတ်ထဲသို့ ဝင်ရောက် လာခဲ့သည်။ နောက်ဆုံးတွင်တော့ အားသစ်သည် သူ့ဘဝမှ ထုတ်၍မရလောက်အောင် အမြစ်တွယ်သွားခဲ့၏။

"အင်း..."

ပြုံးပြီးနောက် အားသစ်မျက်နှာကို ဆွဲမော့ပြီး သူ့မျက်နှာကို ငုံ့၏။ အေးနေသည့် နှုတ်ခမ်းအိအိကို သူ အနွေးဓာတ်ပေးလိုက်တော့သည်။

နှစ်ဦးအတူတူ အမြဲတမ်း ထိုသို့အတူရှိနေနိုင်ဖို့ သူတို့ မျှော်လင့်နေကြ၏။ အနာဂတ်တွင် အတူတူ ရှိဖို့အတွက် ယနေ့ကစပြီး သူတို့ အတူရှိနေဖို့ ဆုံးဖြတ်လိုက်ခဲ့ကြသည်။

"ဒီနေ့ကစပြီး အတူတူရှိကြရအောင်"

နဖူးချင်းကပ်ကာ နိုင်းချင်းဆို၏။ သူ ရရှိလာသည်က အားသစ်၏ အပြုံးနှင့် ခေါင်းညိတ်မှုပါလေ။ ။

~Fin~

Zawgyi

သူ႔ေက်ာင္းပိတ္ရက္မ်ားကို ပုံမွန္အတိုင္းျဖစ္လာလိမ့္မည္ဟု အားသစ္ထင္ခဲ့သည္။

"အန္ကယ္နဲ႔အန္တီက ဘယ္လိုေနလဲ"

"အင္း... သူတို႔က သူတစ္ေနရာမွာ အသက္ရွင္ေနတာက ေကာင္းတာေပါ့လို႔ေျပာၾကတယ္"

ခါတိုင္းေက်ာင္းပိတ္ရက္မ်ားကို အိမ္တြင္းေအာင္းျခင္းျဖင့္ ေက်ာ္ျဖတ္ရေသာ္လည္း ယခု ေက်ာင္းပိတ္ရက္တြင္ အားသစ္ အျပင္ထြက္ျဖစ္၏။

"ဒါေလးနဲ႔ၿပီးသြားတာကို စိတ္ထဲမွာတစ္မ်ိဳးပဲ သူတို႔ကို မေျပာဘဲ လုပ္လိုက္တာကို အျပစ္မတင္ ၾကဘူး"

မိဘမ်ားကို သူ႔အႁမႊာအေၾကာင္းေျပာျပခ်ိန္တြင္ ရရွိလာသည့္ တုံ႔ျပန္မႈႏွင့္ပတ္သက္ၿပီး အားသစ္စိတ္ ထဲတြင္ ေက်နပ္မႈမရွိေနခဲ့။ သူ႔စိတ္ထဲတြင္ မိဘမ်ား၏ တုံ႔ျပန္မႈက အလြန္တည္ၿငိမ္လြန္းေနၿပီး တစ္ဖက္သူကို အေရးမစိုက္ဟု ခံစားေနရသည္။ ထို႔ေၾကာင့္ ႏိုင္းခ်င္းႏွင့္အျပင္ထြက္လာသည့္အခ်ိန္တြင္ ခံစားေနရျခင္း မ်ားကို ထုတ္ေျပာျပျဖစ္ျခင္းျဖစ္သည္။

"သူတို႔ကပဲ သူ႔ကိုအခ်ိန္အၾကာႀကီးဆြဲေခၚထားခဲ့ၾကတာမဟုတ္လား ဒီတိုင္း ဪ ဟုတ္လား ဆိုတာ မ်ိဳးႀကီးက ေသြးမေအးလြန္းေနဘူးလား"

သူ႔ပခုံးေပၚမွီၿပီးေျပာေနသည့္ အားသစ္ေခါင္းကို ႏိုင္းခ်င္းျပန္မွီခ်သည္။ ဆိုင္ကယ္စီးလာသျဖင့္ ပြေယာင္းေယာင္းျဖစ္ေနသည့္ ဆံပင္မ်ားက ေၾကာင္ေမႊးအိအိေပၚသို႔ ေခါင္းအပ္ထားသည့္ ခံစားခ်က္မ်ိဳးကို ခံစားရေစ၏။

"သူတို႔က အဆိုးဆုံးကို ေတြးထားၿပီးသားေလ... ေနာက္ၿပီး... အစ္ကို႔ေရွ႕မွာမို႔ သူတို႔ေတြ သန္မာ ခ်င္ေယာင္ေဆာင္တာေနမွာေပါ့"

"ဒါေပမဲ့လည္း..."

"လူႀကီးေတြက တစ္ခါခါက်ရင္ ဘာေတြေတြးမွန္းမသိပါဘူး ဒါေၾကာင့္ စိတ္ထဲမထားပါနဲ႔ ေနာက္ၿပီး..."

အားသစ္ေခါင္းကို သူ လွည့္နမ္းခ်ိန္တြင္ အားသစ္သုံးေနက် ေခါင္းေလွ်ာ္ရည္နံ႔ကို ႏိုင္းခ်င္းရလိုက္၏။ စိတ္ၿငိမ္ၿပီး လူအလာနည္းေသာ ပိတ္ထားသည့္ ကစားကြင္းေဟာင္းတစ္ခု၊ ၿမိဳ႕ေဟာင္းတစ္ၿမိဳ႕လုံးကို ျမင္ႏိုင္ သည့္ ခုံတန္း၊ အပင္တခ်ိဳ႕ႏွင့္ အေလ့က်ေပါက္ေသာ ပန္းပင္တခ်ိဳ႕ကရသည့္ အေမႊးနံ႔ႏွင့္ ငွက္တခ်ိဳ႕ျမည္သံက သူတို႔ႏွစ္ဦးအတြက္ Perfect Date Spot ကို ျဖစ္ေစသည္။ နားေအးပါးေအး သူလာေနက်ေနရာတစ္ခုကို တစ္ခ်ိန္မွာ တစ္စုံတစ္ေယာက္ႏွင့္အတူ လာျဖစ္လိမ့္မည္ဟု သူ မေတြးဖူးခဲ့။

"တျခားတစ္ေနရာမွာ သူ ေကာင္းေကာင္းအသက္ရွင္ေနတာက ေကာင္းတယ္မဟုတ္ဘူးလား"

"ဒါေပမဲ့ ငါတို႔က သူ႔အေၾကာင္းကို ဘာမွမသိရဘူးေလ"

"အစ္ကိုက အရင္ဆုံးသူ႔ကိုစြန႔္လႊတ္လိုက္တာမဟုတ္ဘူးလား"

"ဒါေပမဲ့..."

ႏိုင္းခ်င္းသည္ အားသစ္လက္ကို ကိုင္ကာအသာနမ္းသည္။

"စိတ္မပူပါနဲ႔ အကုန္လုံးက ေကာင္းဖို႔အတြက္ျဖစ္လာၾကတာပါ အခ်ိန္တစ္ခုကိုပဲ ခဏေစာင့္ရမွာ"

ၿငိမ္ေနေသးသည့္ အားသစ္ေၾကာင့္ႏိုင္းခ်င္းဆက္ေျပာ၏။

"အခ်ိန္က်ရင္အစ္ကိုနဲ႔သူနဲ႔ ထပ္ေတြ႕ရဦးမွာပါ အစ္ကိုတို႔က ဘယ္လိုပဲျဖစ္ျဖစ္ မိသားစုေတြ မဟုတ္လား"

ႏိုင္းခ်င္း၏ ေလေျပေလးႏွင့္ အားေပးစကားက အားသစ္၏ စိတ္ကို ၿငိမ္သြားေစ၏။

"အင္းေနာ္... ေလာေနလို႔လဲ ငါလည္းဘာမွမတတ္ႏိုင္ဘဲ"

"အင္း..."

ႏိုင္းခ်င္းႏွင့္အတူ တေနကုန္ရွိေနၿပီးေနာက္ ညတြင္ ႏိုင္းခ်င္းသည္ သူ႔ကိုအိမ္ျပန္ပို႔ေပးေလ၏။ ၿခံဝ တြင္ရပ္ၿပီး ႏိုင္းခ်င္းကို အားသစ္ၾကည့္ကာ...

"တကယ္ပဲ အိမ္ထဲမဝင္ေတာ့ဘူးလား"

ဆိုင္ကယ္ေပၚမွမဆင္းလာဘဲ ႏိုင္းခ်င္းသည္ လက္ညႇိဳးေလးေကြးကာ သူ႔ကိုလာဖို႔ အမူအရာျပ၏။

"ဘာလို႔လဲ"

အနားသို႔ သူေရာက္သည့္အခ်ိန္တြင္ လက္ကိုဆြဲၿပီးေနာက္ ျဖတ္ခနဲနမ္းလိုက္သည့္ ႏိုင္းခ်င္းေၾကာင့္ အားသစ္သူ႔ႏႈတ္ခမ္းကို အုပ္၏။ ႏႈတ္ခမ္းေပၚတြင္ ေလတိုးထားသျဖင့္ ေအးေနသည့္ ႏႈတ္ခမ္းတစ္စုံ၏ အေတြ႕ကို သူ ခံစားရေနေသးသည္။

"မင္း! တစ္ေယာက္ေယာက္ျမင္ရင္ ဘယ္လိုလုပ္မလဲ"

"ႏႈတ္ဆက္တာေလ... ဒါဆို ကြၽန္ေတာ္ျပန္ေရာက္ရင္ ဖုန္းဆက္လိုက္မယ္ေနာ္"

ေျပာၿပီးသည္ႏွင့္ဆိုင္ကယ္ေမာင္းကာ လစ္ေျပးသြားသည့္ ႏိုင္းခ်င္းကို အားသစ္ အျပစ္ေျပာခ်ိန္ မရလိုက္ေတာ့။ အိမ္ထဲသို႔ ဝင္လာသည့္ အခ်ိန္တြင္ သူ႔မ်က္ႏွာထက္တြင္ ႏိုင္းခ်င္း၏ အျပဳအမူေၾကာင့္ အၿပဳံးေႏြးေႏြးရွိေနခဲ့သည္။ အိမ္ေရွ႕တြင္ ရပ္ထားသည့္ ကားကိုအားသစ္ ၾကည့္၏။ ဧည့္သည္ ေရာက္ေန သည္ဟု ထင္ေနေသာ သူ႔အထင္သည္ မွန္ေနခဲ့သည္။ ဖိနပ္ခြၽတ္သည့္ေနရာတြင္ လူစိမ္းဖိနပ္ႏွစ္ရံေတြ႕သည္မို႔ အားသစ္လွမ္းေမး၏။

"ေမေမ အိမ္ကို ဧည့္သည္ေရာက္ေနတာလား"

ဧည့္ခန္းတြင္ထိုင္ေနသူကို ျမင္သည့္အခ်ိန္တြင္ အားသစ္၏ မ်က္လုံးမ်ားဝိုင္းစက္သြားရသည္။ ေသာမတ္စ္ႏွင့္ေဘးတြင္ထိုင္ေနသူက သူႏွင့္႐ုပ္ခ်င္းတူသည့္ ေကာင္ကေလးမဟုတ္ပါလား။

"အာ... သားျပန္လာၿပီလား"

သူ႔ကို ျမင္သည္ႏွင့္မ်က္ရည္ေဝ့ေနသည့္ မ်က္လုံးမ်ားကို သုတ္ကာ မိခင္ျဖစ္သူသည္ လာႀကိဳခဲ့သည္။ အားသစ္သည္ ေသာမတ္စ္ႏွင့္သူ႔အႁမႊာညီငယ္ကို အံ့အားသင့္သည့္ မ်က္လုံးမ်ားျဖင့္သာ ၾကည့္ေနျဖစ္သည္။ ေသာမတ္စ္ႏွင့္ထိုေကာင္ေလးက ညေနေစာင္းတြင္ေရာက္လာျခင္းျဖစ္ၿပီး ေသာမတ္စ္သည္ သူ႔မိဘမ်ားထံမွပါ သူ႔အႁမႊာညီငယ္ကို လာေတာင္းျခင္းျဖစ္ၿပီး ရံဖန္ရံခါတြင္ သူတို႔ႏွင့္ထိုေကာင္ေလးကို ေတြ႕ဆုံခြင့္ျပဳမည့္ အေၾကာင္း သေဘာတူညီခ်က္ေပးထားသည္ဟု အားသစ္သိရသည္။ ေအးေအးေဆးေဆး စကားေျပာၾကၿပီး ေနာက္ သူတို႔ျပန္ေတာ့မည့္အခ်ိန္တြင္ အားသစ္ျပန္ေရာက္လာျခင္းျဖစ္သည္။

"မင္း သူနဲ႔စကားေျပာဦးမလား"

ျပန္ခါနီးမို႔ ေသာမတ္စ္သည္ အားသစ္ႏွင့္စကားေျပာလိုေသးသလားဟု ေမးသည္ကို ထိုေကာင္ေလး သည္ ေခါင္းအသာယမ္း၏။

"ဒါဆိုကြၽန္ေတာ္တို႔ ျပန္လိုက္ပါဦးမယ္"

ႏႈတ္ဆက္ျပန္သြားသည့္ ေသာမတ္စ္ႏွင့္သူ႔ညီငယ္ကို အားသစ္သည္ စကားတစ္ခြန္းမွ ေျပာ၍မရခဲ့။ တကယ္လို႔ ေျပာၾကမည္ဆိုလွ်င္ေတာင္မွ သူ ဘာေျပာရမွန္းလည္း မသိ။

"သားခႏၶာကိုယ္ထဲမွာ ရွိခဲ့တုန္းက မွတ္ဉာဏ္ေတြ သူ႔မွာမရွိေတာ့ဘူးေျပာတယ္"

"ဟို ခဏ..."

ဘာေျပာရမွန္းမသိေသာ္လည္း သူ စကားေတာ့ ေျပာခ်င္ေသးသည္။ ထို႔ေၾကာင့္ မိခင္ေျပာျပေန သည္ကို လ်စ္လ်ဴရႈကာ အျပင္သို႔ထြက္လာ၏။ ေသာမတ္စ္ကို ကားတံခါးဖြင့္ေပးၿပီးေနာက္ ေမာင္းသူဘက္ျခမ္း သို႔ ျပန္ေလွ်ာက္လာသည့္ သူ႔အႁမႊာကို အားသစ္ လွမ္းေခၚသည္။ သူစိမ္းတစ္ေယာက္ကို ျမင္ရသည့္အလား ခပ္စိမ္းစိမ္းမ်က္လုံးမ်ားသည္ သူ႔ထံေရာက္လာ၏။

"ဘာေျပာရမွန္းမသိေပမဲ့... အခုလိုမ်ိဳး အသက္ရွင္ေနေပးတာ ေက်းဇူးတင္ပါတယ္"

ဆြဲဖက္ခံလိုက္ရသည့္ ေကာင္ကေလး၏ မ်က္လုံးမ်ားသည္ ဝိုင္းစက္သြား၏။

"ေတာင္းပန္ပါတယ္ အခ်ိန္အၾကာႀကီးမသိဘဲ ဒီအတိုင္းေနမိတဲ့အတြက္ ေတာင္းပန္ပါတယ္"

လူခ်င္းခြာကာ သူ႔ကို မွင္တက္ကာ ၾကည့္ေနသည့္ ေကာင္ကေလး၏ ပခုံးႏွစ္ဖက္ကို ေသခ်ာကိုင္ကာ အားသစ္ၿပဳံး၏။

"ေပ်ာ္႐ႊင္ေနပါ..."

"ဘာလို႔ ငိုေနတာလဲ ေပ်ာ္႐ႊင္ေနပါလို႔ ေျပာတဲ့လူက"

ထိုေကာင္ေလးသည္ သူ႔မ်က္ရည္ကို သုတ္ေပးလာ၏။

"ငါေပ်ာ္႐ႊင္ေနပါတယ္ ဒါေၾကာင့္ ငါ့ကို လက္လႊတ္လိုက္ပါေတာ့"

ျပန္ဖက္ကာ ေျပာသြားသည့္ ေကာင္ကေလးကို အားသစ္ၾကည့္၏။

"မင္းနာမည္ကေရာ..."

ေကာင္ကေလးသည္ တစ္ခ်က္စဥ္းစားၿပီးေနာက္ ျပန္ေျဖသည္။

"ပေရာ္ဖက္ဆာက ငါ့ကို အာသာလို႔ေခၚတယ္"

"အာသာ... ငါက အားသစ္ပါ"

"အင္း မင္းက ငါ့အစ္ကိုဆိုတာ ငါသိပါတယ္"

ထိုေကာင္ေလးသည္ ရည္မြန္စြာသာ ႏႈတ္ဆက္၏။

"ဘာေတြျဖစ္ခဲ့လဲဆိုတာကို ငါမမွတ္မိေပမဲ့ ပေရာ္ဖက္ဆာက ငါ့မိသားစုအေၾကာင္းကို ေျပာျပတယ္ ဒါေၾကာင့္ မင္းကိုငါ သိတယ္"

"ဒါေပမဲ့... မင္း ေရွာပင္းေမာမွာတုန္းက"

"အာ... အဲ့ဒါက..."

အာသာသည္ လည္ပင္းကို ရွက္ရွက္ျဖင့္ ပြတ္ကာ...

"အဲ့ဒါက ပေရာ္ဖက္ဆာနဲ႔မင္းက ရင္းႏွီးသလိုျဖစ္ေနလို႔..."

အားသစ္သည္ အာသာ၏ စကားကို မ်က္လုံးအဝိုင္းသားႏွင့္ နားေထာင္ေနရသည္။

"ငါသြားေတာ့မယ္... ပေရာ္ဖက္ဆာမွာ အလုပ္ရွိေသးလို႔"

"အာ... အင္း ဟို ခဏ... ငါတို႔ ဖုန္းနံပတ္ခ်င္းလဲထားလို႔ရလား"

အားသစ္၏ ရင္းႏွီးလိုမႈကို အာသာသည္မျငင္းခဲ့။ သူ႔ဖုန္းကိုထုတ္ကာ...

"ရပါတယ္"

ဖုန္းနံပတ္ခ်င္းလဲၿပီးေနာက္ ကားေလးသည္ ေမာင္းထြက္သြားခဲ့သည္။ အားသစ္သည္ ကားေနာက္ၿမီး ကို မျမင္ရသည္အထိ ၾကည့္ရင္းက်န္ခဲ့ေတာ့၏။

ကားေပၚတြင္ ေသာမတ္စ္သည္ ကားေမာင္းေနေသာ ေကာင္ကေလးကို ၾကည့္၏။

"မင္းရဲ႕မွတ္ဉာဏ္ေတြကို ဖ်က္ပစ္ခဲ့တာအတြက္ ေနာင္တရလား"

ေသာမတ္စ္မ်က္ႏွာထက္တြင္ မေက်မနပ္ျဖစ္ေနမႈမ်ားရွိေန၏။ စိတ္မၾကည္ျဖစ္ေနေသာ ေသာမတ္စ္ကို အာသာမ်က္လုံးေထာင့္စြန္းမ်ားမွ ၾကည့္ကာ...

"ေနာင္တမရပါဘူး..."

"မင္းက သူတို႔နဲ႔တအားခင္ေနေတာ့ ေနာင္တမ်ားရသလားလို႔"

ကေလးဆန္ဆန္သူ႔ကို မေက်မနပ္ေျပာေနသည့္ ေသာမတ္စ္ေၾကာင့္ အာသာ ခပ္တိုးတိုးရယ္၏။

"ပေရာ္ဖက္ဆာ"

"အင္း..."

"ဒီေန႔ ေခါက္ဆြဲျပဳတ္စားမလား"

ေသာမတ္စ္ျပန္မေျဖ။ အျပင္သို႔ စကားတစ္ခြန္းမွမေျပာဘဲ ၾကည့္ေနျခင္းက သူ႔ကို မေက်နပ္ေၾကာင္း ေဖာ္ျပေနျခင္းေပ။

"ကြၽန္ေတာ့္ကို ပေရာ္ဖက္ဆာပဲ ပိုင္တာမဟုတ္လား"

ေသာမတ္စ္ ေခါင္းသည္ဆတ္ခနဲလႈပ္သြား၏။ သူ႔ဘက္သို႔ လွည့္ခ်င္ေသာ္လည္း မလွည့္လာသည့္ ေသာမတ္စ္ေၾကာင့္ လမ္းရွင္းသည့္တစ္ေနရာတြင္ အာသာကားရပ္သည္။ ခါးပတ္ျဖဳတ္ကာ သူ႔ကို စကားမေျပာသည့္ အမ်ိဳးသားဘက္သို႔ ကိုယ္ကိုကိုင္းၫႊတ္၏။ ေက်ာခိုင္းထားသူကို အသာဆြဲလွည့္ကာ...

"ကြၽန္ေတာ္က ပေရာ္ဖက္ဆာ အပိုင္ပဲမဟုတ္ဘူးလားလို႔"

ခပ္စူးစူးအၾကည့္ကိုသာ လက္ခံရရွိခ်ိန္တြင္ အာသာ ရယ္သည္။

"ဒယ္ဒီ... ဘာလို႔ ကြၽန္ေတာ့္ကို စိတ္ဆိုးေနရတာလဲ... ကြၽန္ေတာ္က ဒယ္ဒီအပိုင္ဆိုတာ သိသားနဲ႔ ဒယ္ဒီကလည္း ကြၽန္ေတာ့္အပိုင္ပဲမဟုတ္လား"

စိတ္ဆိုးေျပစျပဳလာသည့္ ေသာမတ္စ္ဘက္ကို အာသာကူးသည္ ခုံကိုအေနာက္သို႔ မွီခ်ရင္း ေသာမတ္စ္၏ ေမးေစ့ကို လက္ေခ်ာင္းျဖင့္ အသာပင့္ေမာ့၏။

"ဟုတ္တယ္မဟုတ္လား..."

ေမးခြန္းေမးေသာ္လည္း ျပန္ေျဖခြင့္ကိုမေပးခဲ့။ သူ႔ႏႈတ္ခမ္းမ်ားက တစ္ဖက္သူကို စကားမဆိုႏိုင္ေအာင္ ပိတ္ဆို႔ထားခဲ့သည္။

.......

"ဒီေန႔ သူတို႔လာၾကတယ္"

ညဘက္ႏိုင္းခ်င္းႏွင့္ဖုန္းေျပာသည့္အခ်ိန္တြင္ အားသစ္သည္ ေသာမတ္စ္လာသည့္အေၾကာင္းကို ႏိုင္းခ်င္းကို ျပန္ေျပာျပေနခဲ့သည္။

"သူတို႔က အဆင္ေျပေနပုံပဲ..."

"အစ္ကို႔အသံက ဘာျဖစ္လို႔လဲ"

အသံမေကာင္းသည္ကိုခ်က္ခ်င္းမွန္းႏိုင္သည့္ ႏိုင္းခ်င္းေၾကာင့္ အားသစ္ ေခါင္းငုံ႔ကာၿပဳံး၏။

"ဒီအတိုင္း ေမေမတို႔နဲ႔ျပန္ေျပာၿပီး ငါတို႔ငိုျဖစ္ၾကလို႔"

အားသစ္သည္ ရယ္၍ေျပာျပ၏။

"ငါတို႔ေတြငိုၾကတယ္ ၿပီးေတာ့ ငါတို႔ေတြ စိတ္သက္သာသြားၾကတယ္ မင္းေျပာတဲ့အတိုင္းပဲ အကုန္လုံးက ေကာင္းဖို႔အတြက္ျဖစ္လာၾကတာလိုပဲ... သူလည္း ေပ်ာ္႐ႊင္ေနလိမ့္မယ္လို႔ ငါယုံတယ္"

"တကယ္ပဲ... ကြၽန္ေတာ္က မေကာင္းတဲ့လူတစ္ေယာက္ပဲ"

"ဟင္..."

"အစ္ကို႔အိမ္နဲ႔အတူေပ်ာ္ေနတာေတာင္ ကြၽန္ေတာ္သေဘာမက်ဘူး"

ဖုန္းကိုင္ေနသည့္ အားသစ္မ်က္ႏွာသည္ တရွိန္းရွိန္းပူတက္လာ၏။

"ကြၽန္ေတာ့္ေၾကာင့္ပဲ ေပ်ာ္ေစခ်င္တယ္... ဒါႀကီးက တအားလြန္တယ္ဆိုေပမဲ့ ကြၽန္ေတာ့္ေၾကာင့္ပဲ ငိုၿပီး ကြၽန္ေတာ့္ေၾကာင့္ပဲ ေပ်ာ္ေပးလို႔မရဘူးလား"

"အာ..."

အားသစ္အသံတိုးတိုးျပဳ၏။ ၿပီးမွ...

"ဒါက..."

သူ႔မ်က္ႏွာေလးသည္ နီေနခဲ့သည္။

"တျခားလူေတြ ငါ့မိဘေတြေတာင္ မသိတဲ့ပုံစံနဲ႔ ငါ့ကိုမင္းျမင္ဖူးပါတယ္ ၿပီးေတာ့..."

ေမြ႕ယာေပၚတြင္ ဒူးေထာင္ထိုင္ေနသည္မို႔ ေမးေစ့ကိုဒူးေပၚတင္ကာ ေျခေခ်ာင္းေလးမ်ားကို သူ အသာကုတ္သည္။

"ဒါကိုမင္းတစ္ေယာက္တည္း ျမင္ရတာပါ... ဒါေၾကာင့္ တအားစိတ္မပုတ္လို႔ရမလား"

တစ္ဖက္မွ ေတာ္ေတာ္ႏွင့္အသံမၾကားရ။

"ဟယ္လို... ဟယ္လို? ႏိုင္းခ်င္း..."

"အစ္ကို... ကြၽန္‌ေတာ္အခု အစ္ကို႔ကို သိပ္ေတြ႕ခ်င္တာပဲ"

"အာ ဒါေပမဲ့ မိုးခ်ဳပ္ေနၿပီမဟုတ္ဘူးလား"

"ဆိုင္ကယ္အျမန္ေမာင္းလာရင္ ဆယ့္ငါးမိနစ္ေလာက္ပဲ ၾကာမွာ... ဒါေၾကာင့္ ခဏေလးေစာင့္ပါလား"

ေျပာၿပီးသည္ႏွင့္ ႏိုင္းခ်င္းသည္ ဖုန္းကိုခ်က္ခ်င္းခ်သြား၏။ ညအိပ္ဝတ္စုံျဖင့္ အားသစ္သည္လည္း အိပ္ခန္းျပတင္းေပါက္ကတစ္ဆင့္ လမ္းအျပင္ကို ၾကည့္ေနခဲ့သည္။ တကယ္ပဲ ႏိုင္းခ်င္းက လာမွာလား။ တကယ္ပဲေရာက္လာမွာလား။ ဘာလို႔လာမွာလား။ ႏိုင္းခ်င္းေရာက္လာရင္ သူ ဘယ္လိုလုပ္ရင္ေကာင္းမလဲ။

စိတ္ထဲတြင္ အေတြးမ်ားလာသည့္အခါတြင္ေတာ့ အားသစ္ မေနႏိုင္ေတာ့ အိမ္ေအာက္ထပ္သို႔ ခိုးဆင္းလာေတာ့သည္။ မိဘမ်ား အိပ္ေနၿပီမို႔ ေျခအသာေဖာ့ကာ အိမ္ေရွ႕တံခါးကိုဖြင့္ၿပီး လမ္းမီးေအာက္တြင္ ရပ္ေစာင့္ေနလိုက္၏။ ရာသီဥတုက ေဆာင္းတြင္းမဟုတ္ေသးေသာ္လည္း ညဘက္ေလေအးက သူ႔ကို ေအးေစသည္။ အေႏြးထည္ မပါလာသည္ကို သတိရသြားၿပီး ျပန္ယူဖို႔စဥ္းစားေသာ္လည္း အခ်ိန္မေ႐ြးႏိုင္းခ်င္း ေရာက္လာသည္မို႔ သူ ေပေတရပ္ေစာင့္ေနလိုက္သည္။

"ဘာလို႔ အျပင္ထြက္ေစာင့္ေနတာလဲ"

ႏိုင္းခ်င္း ေရာက္ေရာက္ခ်င္းျမင္လိုက္ရသည္က လမ္းမီးေအာက္တြင္ သူ႔ကို တစ္ေယာက္တည္း ရပ္ေစာင့္ေနသည့္ အားသစ္ကိုပင္။ ခ်က္ခ်င္းပင္ ဆိုင္ကယ္ေပၚက ဆင္းကာ အားသစ္၏ ပါးႏွစ္ဖက္ကို လက္ျဖင့္ကိုင္လိုက္၏။ သူထင္သည့္အတိုင္း အားသစ္၏ ပါးအိအိေလးမ်ားက ေအးစက္ေနေပသည္။

"ေအးေနၿပီ..."

အားသစ္လက္ကို သူ႔လက္ႏွစ္ဖက္ျဖင့္အုပ္မိုးကာ အာေငြ႕ျဖင့္‌ေႏြးေစ၏။

"သိပ္လည္း ေအးတာမဟုတ္ပါဘူး"

အားသစ္၏ ပါးႏွစ္ဖက္ကို လက္ျဖင့္ေသခ်ာအုပ္ကိုင္ကာ...

"ဒီလိုမွန္းသိရင္ လာမယ္လို႔ မေျပာလိုက္ပါဘူး အစ္ကို ေအးေအးႀကီးထဲ ထြက္ေစာင့္ေနမယ္ဆိုရင္"

"ဟီးဟီး အခုေတာ့ မင္းလာတယ္မဟုတ္လား"

သူ႔ကိုရယ္၍ေျပာသည့္ အားသစ္ကို ႏိုင္းခ်င္း အသဲယားစြာၾကည့္၏။ ထို႔ေနာက္ ဂ်ာကင္ထဲ လက္ႏႈိက္ကာ...

"အမွန္တကယ္ေတာ့ ေသေသခ်ာခ်ာေျပာၿပီးေပးခ်င္တာ... ဒါေပမဲ့ အစ္ကိုက ကြၽန္ေတာ့္ကို မေနႏိုင္ေအာင္ လုပ္လိုက္ေတာ့"

"ငါဘာလုပ္လို႔လဲ"

အားသစ္၏ မ်က္လုံးမ်ားသည္ ႏိုင္းခ်င္းထုတ္လာသည့္ ကတၱီပါဘူးေလးဆီသို႔ ေရာက္သြားေတာ့ သည္။ ထိုကတၱီပါဘူးေလးထဲတြင္ ဆင္တူေမာင္းကြင္းႏွစ္ခုသည္ လွလွပပေနရာယူထား၏။

"အခုလိုမ်ိဳးေျပာတာကို အစ္ကို ဘယ္လိုထင္မလဲမသိေပမဲ့... အားသစ္... ကြၽန္ေတာ္နဲ႔အတူ တစ္သက္လုံးအတူရွိေပးႏိုင္မလားဟင္"

အားသစ္၏ မ်က္ႏွာထက္တြင္ ႏူးညံ့သိမ္ေမြ႕ေသာ အၿပဳံးတစ္ခုေပၚလာ၏။

"ဘယ္ေတာ့မွ မင္းကိုငါျငင္းႏိုင္မယ္မထင္ပါဘူး"

သူ႔အေျဖကို ေစာင့္ေနသည့္ ႏိုင္းခ်င္းကို အားသစ္ ျပန္ေျဖသည္။

ဘယ္ေတာ့မွ... ထိုေကာင္ေလးကို သူ ျငင္းႏိုင္လိမ့္မည္မဟုတ္။ ထိုေကာင္ေလးက တစ္ခ်ိန္တြင္ သူ႔ကို လမ္းခြဲပါရေစေတာ့ဟု ေျပာလာလွ်င္ေတာင္ သူ ျငင္းႏိုင္လိမ့္မည္မဟုတ္ေပ။ ဒီျပာရင့္ရင့္မ်က္လုံး ေတြနဲ႔ ေကာင္ေလးရဲ႕ ေျပာစကားတိုင္းကို လက္ခံခ်င္ေလာက္ေအာင္ သူ႔ႏွလုံးသားက ဒီေကာင္ေလးနဲ႔ ပတ္သက္လာရင္ ေပ်ာ့ညံ့ႏိုင္လြန္းသည္။ ဒါကိုေတာ့ ႏိုင္းခ်င္းသိေအာင္ သူ ေျပာျဖစ္လိမ့္မည္မဟုတ္။ မေျပာျဖစ္လည္း သူ႔အျပဳအမူမ်ားကတစ္ဆင့္ ထိုေကာင္ေလးက သိႏိုင္ေလာက္သည္မဟုတ္လား။

သူ႔လက္သူႂကြယ္ကိုလက္စြပ္စြပ္ေပးၿပီးေနာက္ ႏိုင္းခ်င္းသည္ လက္သူႂကြယ္ကိုပါ ငုံ႔နမ္းခဲ့သည္။ ထို႔ေနာက္ သူ႔ကိုေစ့ေစ့ၾကည့္၍...

"အစ္ကို႔ကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထားခဲ့မွာမဟုတ္ဘူး ဒါေၾကာင့္ အရင္ဆုံးေက်ာင္းအတူတူ ၿပီးၾကရေအာင္ အစ္ကိုဘြဲ႕ယူတဲ့ေန႔မွာ ကြၽန္ေတာ္ရွိေနၿပီး ကြၽန္ေတာ္ဘြဲ႕ယူတဲ့ ေန႔မွာလည္း အစ္ကိုရွိေပးပါ... ၿပီးရင္ ကြၽန္ေတာ္တို႔ေတြ အလုပ္အတူတူလုပ္ၾကရေအာင္ေလေနာ္..."

"ေက်ာင္းပဲအရင္ဆုံးအတူတူၿပီးၾကတာေပါ့"

ခပ္ၿပဳံးၿပဳံးေျဖသည့္ အားသစ္ကို ၾကည့္ၿပီး ႏိုင္းခ်င္းစိတ္ထဲ မခ်င့္မရဲျဖစ္လာေတာ့သည္။ အၿမဲတမ္း အားသစ္က သူ႔စကားတိုင္းကို သေဘာတူသည္ကို သူ သတိထားမိသည္။ အစပိုင္းတြင္ သူက အားသစ္ကို သူ႔ကိစၥေၾကာင့္ခ်ဥ္းကပ္ျဖစ္တာ ျဖစ္ေသာ္လည္း အားသစ္၏ အျပဳအမူတိုင္းက သူ႔စိတ္ထဲသို႔ ဝင္ေရာက္ လာခဲ့သည္။ ေနာက္ဆုံးတြင္ေတာ့ အားသစ္သည္ သူ႔ဘဝမွ ထုတ္၍မရေလာက္ေအာင္ အျမစ္တြယ္သြားခဲ့၏။

"အင္း..."

ၿပဳံးၿပီးေနာက္ အားသစ္မ်က္ႏွာကို ဆြဲေမာ့ၿပီး သူ႔မ်က္ႏွာကို ငုံ႔၏။ ေအးေနသည့္ ႏႈတ္ခမ္းအိအိကို သူ အေႏြးဓာတ္ေပးလိုက္ေတာ့သည္။

ႏွစ္ဦးအတူတူ အၿမဲတမ္း ထိုသို႔အတူရွိေနႏိုင္ဖို႔ သူတို႔ ေမွ်ာ္လင့္ေနၾက၏။ အနာဂတ္တြင္ အတူတူ ရွိဖို႔အတြက္ ယေန႔ကစၿပီး သူတို႔ အတူရွိေနဖို႔ ဆုံးျဖတ္လိုက္ခဲ့ၾကသည္။

"ဒီေန႔ကစၿပီး အတူတူရွိၾကရေအာင္"

နဖူးခ်င္းကပ္ကာ ႏိုင္းခ်င္းဆို၏။ သူ ရရွိလာသည္က အားသစ္၏ အၿပဳံးႏွင့္ ေခါင္းညိတ္မႈပါေလ။ ။

~Fin~

Đọc tiếp

Bạn Cũng Sẽ Thích

5.9K 262 13
Time travel storyေလး + ေတြပါမယ္" Time travel storyလေး + တွေပါမယ်( Zaw gyi and Uni ) ❤
1.2M 65K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
351K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"