Marmalade [Own Creation]

By AnnaLynn666

32.5K 5.5K 233

Even I can get another you, my choice is only you. More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31

30

826 154 4
By AnnaLynn666

Unicode

ပထမနှစ်ဝက်ဖြေပြီးသည့်နေ့တွင်တော့ ကျောင်းသားတို့သည် အိမ်သို့ပြန်ကြရ၏။ သို့သော်လည်း ပထမနှစ်ကောင်ကလေးကတော့ တတိယနှစ်ကောင်ကလေး၏ အခန်းထဲသို့ ကျူးကျော်ဝင်ရောက်နေခဲ့သည်။

"မင်း မပြန်ဘူးလား"

ခုတင်စွန်းတွင်ထိုင်ကာ သူ့ကိုပေါင်ပေါ်တင်ထားပြီး လည်ပင်းကို အသာကိုက်ခဲနေသည့် နိုင်းချင်းကို အားသစ် အသက်ကိုခဲရာခဲဆစ်ရှုနေရသည့် အသံမျိုးဖြင့်မေး၏။ သူတို့နှစ်ဦး၏ ထွက်သက်တိုင်းသည် လေးလံ နေခဲ့သည်။

"မနက်ဖြန်မှာပြန်မယ်လေ"

ပြောပြီးနောက် သူ့ကိုခေါင်းမော့စေပြီး လည်ဇလုတ်ကို အသာကိုက်သည့် နိုင်းချင်းကြောင့် အားသစ် ခပ်တိုးတိုးညည်း၏။ နှစ်ဦးလုံး ကျောင်းယူနီဖောင်းမလဲရသေးသဖြင့် အားသစ်၏ ရှပ်အဖြူသည် ဘောင်းဘီ ထဲကထွက်ကာ ဖရိုဖရဲဖြစ်နေပြီး နိုင်းချင်း၏ လက်များကတော့ သူ့ရှပ်အဖြူအောက် ခါးတွင် ရှိနေသည်။ နိုင်းချင်းသည် တစ်ဖက်လက်က သူ့ခါးကိုကိုင်ထားပြီး တစ်ဖက်လက်မှ ချောမွတ်သော သူ့ဗိုက်သွယ်သွယ်ကို ညင်သာစွာပွတ်သပ်နေခဲ့၏။

"စာမေးပွဲမပြီးမချင်း မတွေ့ကြဘူးလို့ အစ်ကိုက ဘယ်လိုများ ဆုံးဖြတ်ထားတာလဲ"

လည်ပင်းကော်လံကို ဆွဲခွာကာ ညှပ်ရိုးသို့ခပ်ဖွဖွငုံ့နမ်းပြီး ပိုင်ကြောင်းအမှတ်အသားပြုနေသည့် နိုင်းချင်းကြောင့် အားသစ်၏ သိစိတ်များသည် ဝေဝါးနေရတော့သည်။ ဒီကောင်လေးကို တားလည်း တားချင်တယ် တားဖို့ကလည်း အားမရှိဘူး။

"မင်း စာကျက်ဖို့အာရုံမရမှာစိုးလို့ အ! နိုင်းချင်း..."

အပြစ်တင်သံတိုးတိုးကြောင့် နိုင်းချင်းသည် သူကိုက်လိုက်သည့် အားသစ်၏ ညှပ်ရိုးနေရာကို အသာဖွဖွပြန်လျက်ပေးနေခဲ့သည်။

"ကျွန်တော်က အစ်ကို့ကို သတိရတာကြောင့် စာပိုမလုပ်မှာကို မတွေးဘူးလား"

"ဒါပေမဲ့..."

အားသစ်၏ မျက်လုံးထောင့်စွန်းများတွင် မျက်ရည်စတို့ပင် ဝေ့နေခဲ့ပြီ။ နိုင်းချင်း၏ သူ့ကိုနာအောင် ကိုက်လိုက်မနာတော့အောင် အသာဖွဖွလျက်ပေးလိုက် လုပ်နေခြင်းက သူ့ခံစားချက်များကို အမြင့်သို့ဆွဲခေါ် လာလိုက် အောက်သို့ပစ်ချလိုက်နှင့်။

"စာလုပ်တာကို အနှောင့်အယှက်မဖြစ်စေပါဘူးလို့ ခဏခဏလည်း ပြောတာကို... နားမထောင်တဲ့ အစ်ကို့ကို ဘယ်လိုအပြစ်ပေးရမလဲပြောကြည့်"

ပထမနှစ်ကောင်ကလေးသည် သူ့လည်ပင်းထက်က လည်စီးကြိုးကို ဆွဲဖြုတ်လာ၏။ ကြားခံမျက်မှန် မပါသည့် အပြာရင့်ရောင်မျက်လုံးများသည် သားရဲတစ်ကောင်က သားကောင်ကို အမဲဖြတ်တော့မည့်အလား တောက်ပနေခဲ့သည်။

တကယ်တော့ငါက မစားပါနဲ့လို့တောင် တွန်းကန်ဖို့ စိတ်ကူးမရှိပါလား။ သူစားမယ်ဆိုရင်တောင် အင်းလို့ချက်ချင်းနီးပါး ခေါင်းညိတ်ဖြစ်မဲ့ဟာကို...။

သူ့ခန္ဓာကိုယ်၏ ပွင့်လင်းရိုးသားလွန်းသည့် တုံ့ပြန်မှုကို တွေးပြီး အားသစ် ဘာသာမှတ်ချက်ချသည်။

"ဘာလုပ်မလို့လဲ"

သူ့လက်ကိုပူးပြီး လည်စီးဖြင့် ချီလိုက်သည့် နိုင်းချင်းကို အားသစ် ကြည့်သည်။

နိုင်းချင်းက သူ့ကို ဘာလုပ်ချင်လို့လဲ။ ပေါင်ပေါ်တင်ထားရာက ခုတင်ပေါ်သို့ သူ့ကို ပစ်ချလိုက်ပြီး အပေါ်က မိုးလိုက်သည့် နိုင်းချင်းကို အားသစ် တဖြတ်ဖြတ်ခတ်ကာ ကြည့်သည်။ လက်နှစ်ဖက်ပူးစီး ခံထားရကာ ခုတင်ပေါ်တွင် ဘေးတစ်စောင်းခွေခွေလေး လှဲနေပြီး အပေါ်က သူမိုးထားခြင်းကြောင့် အိကျနေ သည့် မွေ့ယာကြောင့် အားသစ်က ဂွမ်းအိအိထဲ နစ်နေသူတစ်ယောက်လို ဖြစ်နေတော့သည်။

"ဘာလုပ်မယ်ထင်လို့လဲ"

ကိုယ်ကိုကိုင်းချပြီးနောက် အားသစ်၏ နားတစ်ဖက်ကို အသာကိုက်၏။

"အာ... အာ... မဟုတ်ဘူးလေ"

မသိမသာရုန်းကန်နေသည့် အားသစ်ကြောင့် နိုင်းချင်း အားသစ်ဘေးတွင် လှဲချကာ မျက်နှာချင်းဆိုင် လိုက်၏။ သူ့ လည်စီးဖြင့် ချည်နှောင်ထားသည့် အားသစ်လက်ကိုဆွဲယူကာ သူ့နှုတ်ခမ်းနားတွင်တေ့ထားပြီး...

"ဘာလို့လဲ"

ဘာဆက်ဖြစ်မည်ဆိုသည်ကို အားသစ်သိပြီးသားပေ။ စာမေးပွဲနောက်ဆုံးနေ့ သူ့ကိုအတူပြန်ဖို့ ပြောပြီးအခန်းထဲထိ လိုက်လာသည်ဆိုကတည်းက ဘာဖြစ်လာတော့မည်ဆိုသည်ကို သိနေသော်လည်း အားသစ်စိတ်ထဲတွင် မစိုးရိမ်ဘဲမနေနိုင်။

"မင်း မနက်ဖြန်မနက်အိမ်ပြန်မှာမဟုတ်ဘူးလား"

မျက်လွှာချကာ လေသံသဲ့သဲ့ဖြင့် နိုင်းချင်းကို သူ မေးသည်။ မျက်နှာချင်းမဆိုင်နိုင်သဖြင့် မျက်လွှာချ ကာမှ သူ့မျက်လုံးများက အပေါ်ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားသည့် နိုင်းချင်း၏ ရင်ဘတ်ဆီသို့ ရောက်သွား တော့၏။ သူ့လောက်မဖြူသော်လည်း နိုင်းချင်း၏ အသားက ပျားရည်ရောင်ကဲ့သို့ ရွှေဝါရောင် ဘက်သို့ သွားသည်။ အားသစ် မျက်နှာသည် ပို၍ရဲလာတော့၏။

"တ... တကယ်လို့ မင်း မနက်ဖြန်မှ ပြန်မယ်ဆိုရင်လည်း ငါတို့တွေ အရင်ဆုံး ရေမိုးချိုး ညနေစာလေး စားသင့်တယ်မထင်ဘူးလား"

အားသစ်၏ မျက်နှာသည် နီသထက်ပို၍နီလာတော့၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးက မျက်နှာထိ တက်နေသလားဟု ထင်ရလောက်အောင် အားသစ်မျက်နှာသည် နီစွေးလာတော့သည်။ နိုင်းချင်းသည် ရှက်ကာမလုပ်တတ်မကိုင်တတ်ဖြင့် ပြောမိပြောရာပြောနေသော အားသစ်ကို ဇိမ်ခံကာ သေချာစိုက်ကြည့်နေ လိုက်သည်။ နိုင်းချင်းသာ မျက်လုံးပြာများနှင့်ကျားနက်တစ်ကောင်ဆိုလျှင် သူ့အမြီးသည် အားသစ်ခါးကို ရစ်ပတ်နေလောက်ပြီး သူသည် စားခါနီးသားကောင်လေးကို မစားခင် ကျီးစားနေသယောင် ဖြစ်နေလိမ့်မည်။

"ည... ညက တစ်ညလုံးရှိသေးတာမဟုတ်ဘူးလား ဒါကြောင့် လောဖို့မလိုပါဘူး"

အားသစ်အသံသည် တိုးသထက်တိုးသွား၏။ ခေါင်းသည်လည်း ငုံ့သထက်ငုံ့လာပြီး မျက်နှာကို လက်နှင့်အုပ်ဖို့အတွက် လက်မှာပူးကာစည်းနှောင်ခံထားရသည်မို့ သူ့မျက်နှာကို လက်နှင့်အုပ်ပြီး ဖွက်လို့ မရနိုင်။ ထို့အတွက် သူ့ဘေးတွင်တစောင်းလှဲကာ သူ့ကိုကြည့်နေသော နိုင်းချင်း၏ ရင်ခွင်ထဲသို့ တိုးပြီး မျက်နှာကို ဖွက်လိုက်ရတော့သည်။

နိုင်းချင်း : ......

တကယ်ပဲ အားသစ်က သူ့ကို ရေမိုးချိုးညနေစာအရင်စားဖို့အတွက် လှုံ့ဆော်နေတာရော ဟုတ်ရဲ့လား။

နိုင်းချင်းခမျာသူ့ကိုယ်သူ အတော်စဉ်းစားပြီးချုပ်တီးနေရ၏။ သူကသာ ရှေ့ဆက်ချင်လျှင် ဆက်၍ ရနိုင်သော်လည်း အားသစ်၏ စကားကို တစ်ခါတရံနားထောင်ဖို့ လိုသည်ဟု ပြန်တွေးလိုက်သည်။

အမြဲတမ်းအလိုလိုက်နေပြီး ကြာရင် ငါတအားဆိုးတယ်ဆိုပြီး ငါ့ကို ပစ်သွားရင် ဘယ်လိုလုပ်မလဲ။

ပထမနှစ်ကောင်ကလေးသည် စိတ်ထဲတွင် လွန်ဆွဲပြီးနောက်တော့ အားသစ်ကို စွေ့ခနဲကောက်မသည်။

"ဘာ... ဘာလုပ်မလို့လဲ"

သတို့သမီးလေးတစ်ယောက်လို ပွေ့ချီခံလိုက်ရသည်မို့ အားသစ် ရုတ်တရက် လန့်သွားရရှာ၏။

"ရေချိုးပြီး ညနေစာအရင်စားကြမယ်ဆို မရုန်းနဲ့နော် အစ်ကို့ကို ကျွန်တော် လွတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"

နိုင်းချင်းက သူ့ထက်အရပ်ရှည်သော်လည်း သူက သေးသွယ်သော ယောကျာ်းလေးတစ်ယောက် မဟုတ်သည်မို့ သူ့ခန္ဓာကိုယ်အလေးချိန်က ရှိသင့်သလောက်ရှိပေသည်။

"ချပေးလေ!"

"မချပေးပါဘူး ရေချိုးမလို့လေ"

"ဘယ်... ဘယ်ကို မင်းကပါဝင်မှာလဲ"

"အတူတူချိုးတော့ အချိန်ကုန်မသက်သာဘူးလား"

"မင်းအခန်းမင်းပြန်ချိုးလို့ရတာပဲ"

"မချိုးချင်ဘူး..."

ထိုစကားအဆုံးတွင်တော့ ရေချိုးခန်းတံခါးသည် ပိတ်သွားတော့၏။ သိပ်မကြာခင်တွင်တော့ အားသစ်၏ ညည်းသံတိုးတိုးနှင့် နိုင်းချင်းကို ဆူပူသံသဲ့သဲ့တို့သည် ရေသံနှင့်အပြိုင်ထွက်လာလေတော့သည်။

"စိတ်ဆိုးနေသေးတုန်းလား"

သူ့ကို မကြည့်ဘဲ ညနေစာကိုသာ ငုံ့စားနေသည့် အားသစ်ကိုကြည့်နေသည့် နိုင်းချင်းမျက်နှာက ပြုံးစိစိ။ ညနေစာမစားဘဲ မေးထောက်ပြီးသူ့ကို ကြည့်နေသည့် နိုင်းချင်းကို အားသစ်မျက်စောင်း တစ်ချက်ရွယ်ပြီး မျက်နှာလွှဲသွားသည်။ မကျေနပ်ကြောင်းကို အစာသာစားနေပြီး စကားမပြောခြင်းဖြင့် ထုတ်ဖော်နေသည့် အသံတိတ်ဆန္ဒပြမှုကြောင့် နိုင်းချင်း ရယ်သည်။ အားသစ်၏ ခပ်ထန့်ထန့်သာ ရှိသေးသော အရှေ့ဆံပင်များကို အသာကိုင်ကာ...

"တကယ်တော့ ခြောက်အောင်သုတ်ပြီးမှ ကျွန်တော်တို့ လာလိုက်ရမှာ မဟုတ်ရင် အစ်ကိုအအေးပတ် သွားရင် ဘယ်လိုလုပ်မလဲ"

"ငါတို့လည်း ညနေစာငတ်ရုံပဲရှိတော့တယ်"

အားသစ်၏ မကျေမနပ်ဘုတောပြောဆိုမှုကြောင့် နိုင်းချင်းသည် လက်ကိုရုတ်ပြီး အားသစ်ကို ပြန်ကြည့်သည်။ ရေချိုးခန်းထဲတွင် ကြာသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး သူ့ကိုအားသစ်မကျေမနပ် ဖြစ်နေ သည်ကိုကြည့်ပြီး အသဲတယားယားဖြစ်လာတော့၏။ ဘေးဘီဝဲယာကို ကြည့်လိုက်ချိန်တွင် နှစ်ဝက်စာမေးပွဲ ပြီးသွားသဖြင့် ပြန်သွားကြသူများသည့်အပြင် သူတို့လာသည့်အချိန်က နောက်ကျနေပြီမို့ ဆိုင်ထဲတွင် သူတို့ နှစ်ဦးသာ ရှိနေသည်။ ထို့အပြင် ဆိုင်ရှိအလုပ်သမားများသည်လည်း ထောင့်တစ်နေရာတွင် အေးဆေး နားနေပြီး ဆိုင်သိမ်းဖို့ကို အစပျိုးနေပြီမို့ သူတို့ထိုင်သည့်အနားတွင် မည်သူမျှ မရှိနေခဲ့။

"မင်း!"

မျက်နှာချင်းဆိုင်ထိုင်နေရာမှထပြီး သူ့ဘေးတွင်ဝင်ထိုင်ပြီး ပါးကိုရွှတ်ခနဲ နမ်းလိုက်သည့် နိုင်းချင်း ကြောင့် အားသစ် မာန်မဲဖို့ပြင်တော့၏။

"အစ်ကိုကလည်း ခဏလေးပဲ ကြာတာကို ပြီးတော့ အစ်ကိုလည်း စိတ်ပါလက်ပါရှိခဲ့ပြီးတော့"

နိုင်းချင်း၏ ကျေနပ်ပြုံးနှင့်မျက်နှာကို ဆွဲကုတ်လိုက်ချင်စိတ်ပေါ်သွားသော်လည်း နိုင်းချင်းပြောသည် က အမှန်မို့ အားသစ် ညနေစာကိုသာ ငုံ့စားနေရရှာသည်။

တကယ်ပဲ ပြောစရာစကားမရှိပါဘူး။ တကယ်လည်း သူကိုယ်တိုင် စိတ်ပါလက်ပါနဲ့ နိုင်းချင်းကို ဖက်တွယ်ထားခဲ့တာပါ။

ရေချိုးခန်းထဲရှိအဖြစ်အပျက်များကို တွေးမိချိန်တွင် အားသစ်မျက်နှာသည် ရဲတက်သွားတော့သည်။ မရည်ရွယ်ဘဲ သူ့မျက်လုံးများက နိုင်းချင်း၏ ဘောင်းဘီခွကြားကို ရောက်သွားရ၏။ တကယ်ပဲ သူတို့က ဘယ်လိုများ နေခဲ့ကြတာလဲ။ ရေပဲချိုးမယ်ဆိုပြီးတော့။

"ဘာတွေတွေးနေတာလဲ"

ခက်ရင်းကို ကိုက်ထားပြီး ပြန်မချသည့် သူ့နားအနားသို့ ကပ်ပြောသည့် နိုင်းချင်းကြောင့် အားသစ် လက်ထဲက ခက်ရင်းပြုတ်ကျသွားတော့သည်။ မျက်နှာတစ်ခုလုံးရဲတွတ်သွားကာ...

"ဘာမှမတွေးပါဘူး... ဘာမှမတွေးပါဘူး... ဘာမှမတွေးပါဘူး"

ခေါင်းပြုတ်ထွက်မတတ်ယမ်းခါနေသည့် အားသစ်ကို ကြည့်ပြီး နိုင်းချင်းရယ်သည်။

"ပေါင်တွေနာနေသေးလား"

ဂရုတစိုက်နှင့်ခပ်တိုးတိုးမေးလာသော နိုင်းချင်းကြောင့် အားသစ် ခေါင်းငုံ့သွား၏။ ပန်းကန်ထဲ ခေါင်းစိုက်တော့မတတ်ငုံ့သွားပြီးနောက် ခပ်ဖြည်းဖြည်း သူခေါင်းယမ်းသည်။

"ဟင့်အင်း... နည်းနည်းပါပဲ"

"အင်း... ဒီညတော့ အစ်ကို့အခန်းမှာပဲ ကျွန်တော် အိပ်မယ်နော်"

နိုင်းချင်းကို လှည့်မကြည့်သော်လည်း အားသစ် ခေါင်းကို ခပ်ဖြည်းဖြည်းညိတ်ပြဖြစ်သည်။ နိုင်းချင်းသည် သူ့ပခုံးပေါ်သို့ မှီချလာလိုက်၏။

"ဘာလို့ဆို ဒီနေ့က ဒီအဆောင်မှာ နေရမဲ့ နောက်ဆုံးရက်မဟုတ်လား ဒုတိယနှစ်ဝက်စလာရင် အစ်ကို့ကို မိုးလင်းတာနဲ့ မြင်ရတော့မှာမဟုတ်ဘူး"

နိုင်းချင်း၏ ကပ်တိုးချွဲနေမှုကြောင့် အားသစ်၏ စိတ်လှုပ်ရှားနေခြင်းသည် တဖြည်းဖြည်း ပြေလျော့ လာကာ နိုင်းချင်း ခေါင်းကိုအသာပြန်မှီလိုက်၏။ အသင့်မှာပေးထားသည့် Milk Tea ဘူးကို ကိုင်သောက်ကာ...

"ဘာလဲ မင်းလည်း ကျောင်းဝန်းထဲမှာပဲ နေဦးမှာကို"

"ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ အဆောင်တစ်ဆောင်ခြားထားမှာလေ"

"ခြားထားလည်း ထားပေါ့ မင်းလာချင်ရင် အမြဲတမ်း ငါ့အခန်းလာလို့ရနေတာပဲ"

"ဟိုမှာအဆောင်ခန်းပဲ ယူထားပြီး လူက အစ်ကိုနဲ့လာနေရမလား... ဒါမှမဟုတ်... ကျွန်တော်တို့ အပြင်မှာ အခန်းငှားနေကြမလား... အစ်ကိုနဲ့အတူတူနေမယ်လေ"

"အာ... ဘာလဲ တစ်နှစ်ပဲကုန်တော့မှာကို... ဒုတိယနှစ်ဝက်က ဘယ်လောက်ကြာမှာမို့လဲ"

"ဒါပေမဲ့ ကျွန်တော်မှ အစ်ကိုနဲ့အဝေးကြီးမနေချင်တာ ဒုတိယနှစ်ဝက်ဆိုတာလည်း နှစ်ဝက်ပဲ"

"ဟမ်း ငါတို့အဆောင်ကြား ဒုတိယအဆောင်ပဲခြားတာလေ"

"ဒါပေမဲ့လည်း အစ်ကို့ကို မနက်လင်းတာနဲ့မတွေ့ရတော့ဘူးလေ"

အားသစ်အနည်းငယ်စဉ်းစားပြီးနောက် Milk Tea ဘူးကို ပြန်ချကာ နိုင်းချင်းဘက်လှည့်ပြီး ခေါင်းကို အသာနမ်း၏။

"အင်း... ငါ့အခန်းမှာလာနေချင်နေပေါ့ အခန်းမျှသုံးပေးလို့ရတာပဲ..."

အမြဲတမ်း... အမြဲတမ်း ဒီကောင်လေးကို သူ အလိုလိုက်ချင်တော့တယ်။ တအားလွယ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရပေမဲ့ နိုင်းချင်းနဲ့ပတ်သက်ရင် သူက အလိုလိုကို ခပ်လွယ်လွယ်လူတစ်ယောက် ဖြစ်သွားတော့တာပဲ။

နိုင်းချင်း ခေါင်းပြန်ထောင်လာကာ အားသစ်ကို ကြည့်သည်။ စကားကောင်းပြောနေရာက ရုတ်တရက်ထလာသည့် နိုင်းချင်းကို အားသစ်လည်း အူကြောင်ကြောင် ပြန်ကြည့်၏။

"ကျွန်တော်တို့ အခု အဆောင်ပြန်ရအောင်"

"ဟမ်..."

"အခုချိန်မှာ အစ်ကို့ကို ကျွန်တော် သေလောက်အောင်နမ်းချင်နေတာ"

အားသစ် မျက်နှာတစ်ခုလုံးက နီရဲသွားရတော့သည်။ အဆောင်... ညဘက်အဆောင်ကို ပြန်ရောက်ရင် သူတို့ဘာဖြစ်ကြမယ်ဆိုတာက စဉ်းစားစရာတောင် မလိုဘူးမဟုတ်လား။

အဆောင်ပြန်ရောက်ပြီးသည်နှင့် တံခါးဝတွင်ပင် နိုင်းချင်း၏ နှုတ်ခမ်းများကို သူ လက်ခံရရှိခဲ့သည်။ ဦးဆောင်အနမ်းပေးသူ ပထမနှစ်ကောင်ကလေးသည် တံခါးကိုပိတ်လိုက်ပြီးနောက် တံခါးဝတွင် အားသစ်ကို မှီထားကာ အချိန်အတော်ကြာ နမ်းနေသေး၏။

"ခုတင်ပေါ်သွားရအောင်လေ"

အားသစ်၏ နားရွက်ကိုအသာကိုက်ကာ သူ တောင်းဆိုသည်။ ပျော့ခွေနေသည့် ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဖက်လုံးရင်ခွင်ထဲတွင် မှီတွယ်ထားရသူသည် ခေါင်းကိုသာညိတ်နိုင်၏။ သူ့ကို ချီနိုင်သောကောင်ကလေးသည် ပွေ့ချီကာ ခုတင်ထက်သို့ အသာချပေးသည်။

"... အံဆွဲထဲမှာ..."

ခုတင်ဘေးခုံအံဆွဲကို နိုင်းချင်းဖွင့်ပြီးနောက် အားသစ်ကို ကြည့်သည်။ နိုင်းချင်း၏ မျက်လုံးများက အားသစ်မျက်နှာကို တရှိန်းရှိန်းပူသွားစေ၏။

"မင်း... တစ်ရက်ကျရင်တော့ မင်း ငါ့အခန်းမှာ လာအိပ်မှာပဲဆိုပြီး ဝယ်ထားလိုက်တာ"

စတုရန်းပုံဘူးလေးကို ကိုင်ကြည့်ပြီးနောက် နိုင်းချင်းပြုံးသည်။

"ဒါအကုန်လုံးကို သုံးလို့ရတယ်မဟုတ်လား"

"ဒါကဘယ်လိုတောင် လူမဆန်တာလဲ"

ထွက်ပြေးချင်စိတ်ပေါက်သွားကာ အားသစ် ချက်ချင်းနီးပါး ထထိုင်ကာ ခုတင်ခေါင်းရင်းဆီသို့ ရွေ့သွား၏။ စောင်ကိုမပြီး ကိုယ်တွင်ကပ်ထားသည်မို့ မသိလျှင် နိုင်းချင်းကပဲ သူ့ကို အဓမ္မပြုနေသယောင်။

"အခုမှတော့ ထွက်ပြေးလည်းမရတော့ဘူး"

"မင်း... မင်း တစ်ထုပ်လုံးကြီးကုန်ဖို့ကတော့ မဖြစ်နိုင်ဘူး"

အကြောက်အကန်ငြင်းနေသော်လည်း အားသစ်၏ ငြင်းဆန်မှုမှာ အရာမထင်ခဲ့။

နံနက်နေမထွက်ခင်တွင် အားသစ် နိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ မြင်ရသည်က အိပ်နေသည့် နိုင်းချင်းဖြစ်၏။ မျက်မှန်မတပ်ထားသော နိုင်းချင်းကို သေချာစိုက်ကြည့်ပြီးနောက် သူပြုံးသည်။ သူ့ကိုဖက်ထားသည့် လက်ကိုအသာဖယ်ပြီး ရေချိုးခန်းဘက်သို့သွားဖို့အတွက် ခုတင်ပေါ်က ဆင်း၏။ ခြေထောက်တွင် အားမရှိတော့သည်မို့ ဝုန်းခနဲပြုတ်ကျသွားကာ ထိုအသံက အိပ်နေသေးသည့် တစ်စုံတစ်ယောက်ကို နိုးသွားစေတော့သည်။

နံနက်နေပင်မထွက်သေးသလို ပေးထားသည့် Alarm လည်းမမြည်သေးသည်မို့ နိုင်းချင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့၏။ ညက ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့် သူ အိပ်ယာ မထချင်သေး။ သို့သော် တစ်စုံတစ်ခုပြုတ်ကျသွားသံကို ကြားလိုက်ရသည့်အပြင် နံဘေးသို့ စမ်းကြည့်သည့် အချိန်တွင် သူ့ဘေးတွင် အိပ်နေသူ မရှိတော့သဖြင့် မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖြင့် နိုင်းချင်း ဖွင့်လိုက်ရ၏။ ထိုအချိန်တွင် သူ မြင်လိုက်ရသည်က ခုတင်ကို မှီပြီး ပုံ့ပုံ့လေးကြမ်းပေါ်တွင် ထိုင်နေသည့် အားသစ်ကိုပေ။

"အစ်ကို ဘာဖြစ်လို့လဲ"

အိပ်မှုံစုံဖွားဖြင့် နိုင်းချင်း၏ အသံက အားသစ်ကို ဒိတ်ခနဲရင်ခုန်သွားစေ၏။

"ဟင့်အင်း ဘာမှမဖြစ်ဘူး ဒီတိုင်း"

ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အားမရှိနေလို့ဆိုတာကို နိုင်းချင်းကို သူ ဘယ်မျက်နှာနဲ့ ပြောထွက် မှာလဲလေ။ မပြောသည့်တိုင် နိုင်းချင်းသည် အားသစ်ပြဿနာကို သိသွား၏။ တစ်ဖက်သူ အဆင်မပြေ ဖြစ်နေခြင်းက သူ့ကြောင့်ဖြစ်သည်ကို နိုင်းချင်း သဘောတကျဖြင့်...

"ကျွန်တော် ချီမယ်လေ ရေချိုးခန်းဘက်သွားမလို့မဟုတ်လား"

ခုတင်ပေါ်က ဆင်းပြီး သူ့ကိုချီလိုက်သည့် နိုင်းချင်းကို အားသစ် မလုပ်ဖို့ပြောချင်သော်လည်း သူ့ခြေထောက်များက အားမရှိသည့်အပြင် သူကိုယ်တိုင်ကလည်း နိုင်းချင်း၏ ဂရုစိုက်မှုကို ခံချင်သည်မို့ သိပ်ပြီးထူးထွေက ငြင်းဆန်မနေတော့။

အပေါ်ဝတ်မပါဘဲ ဘောင်းဘီတိုကိုယ်စီဖြင့် သူတို့သည် ရေချိုးခန်းသို့ ရောက်လာတော့သည်။

"ဘာလို့အစောကြီးထနေတာလဲ"

အိမ်သာဖုံးပေါ်တွင်ထိုင်ရင်း သူ မျက်နှာသစ်ဖို့လုပ်နေသည်ကို ကြည့်ပြီး နိုင်းချင်းမေး၏။

"မင်း ပြန်ဖို့အတွက် မနက်စာသွားဝယ်ပေးမလို့လေ ပြီးတော့ ငါလည်းပြန်တော့မှာ"

အားသစ်သည် မှန်ကို မကြည့်ရဲသလို နိုင်းချင်းကိုလည်း မကြည့်ရဲ။ မှန်ထဲရှိ သူ့ပုံရိပ်ကို မြင်ရသည်ကို သူ ရှက်နေတော့သည်။ သူ့ ခန္ဓာကိုယ်အရှေ့ခြမ်းတစ်ခြမ်းလုံးက ခြင်ကိုက်သလို အနီစက်များဖြင့် ပြည့်နေခဲ့ သည်။ ရှက်၍ခေါင်းငုံ့ပြန်တော့လည်း ပေါင်တစ်ဝိုက်တွင်လည်း အစက်အပျောက်များနှင့် ကိုက်ရာများက နေရာယူထားသေးဆဲ။ သွားတိုက်ဆေးထက်နေသည့် လက်ချောင်းများပင် ကိုက်ရာတချို့နှင့်။

"နိုင်းချင်း နောက်ဆို နည်းနည်းလေး ထိန်းလို့မရဘူးလား ဟမ်"

အားသစ်၏ မကျေမနပ်သံပိစိလေးကြောင့် သူ အလှဆင်ချင်တိုင်းဆင်ထားသည့် ခန္ဓာကိုယ်ကို ကျေကျေနပ်နပ်ကြည့်နေသည့် နိုင်းချင်းသည် ခေါင်းလေးမော့လာ၏။

"ဘာကိုလဲ ခု လမ်းမလျှောက်နိုင်တာလား ကျွန်တော် သွားဝယ်ပေးမှာပေါ့ အစ်ကိုသွားဝယ်စရာ မလိုပါဘူး"

"မဟုတ်ပါဘူး ငါ့တစ်ကိုယ်လုံးကိုလည်း ကြည့်ပါဦး ရစရာကို မရှိဘူး"

မကျေမနပ်ဖြစ်နေသော်လည်း ဒေါသပင်မထွက်နိုင်သည့် အားသစ်ကို ကြည့်ပြီး နိုင်းချင်း ပြုံးသည်။

"စိတ်ဆိုးတာလား"

အားသစ် ပြန်မဖြေ။

"စိတ်ဆိုးတာလားလို့ အစ်ကို စိတ်ဆိုးတယ်ဆိုရင် ကျွန်တော်ထပ်လုပ်မှာမဟုတ်ပါဘူး"

ထိုအခါကျတော့မှ အားသစ်သည် အသံတင်းတင်းဖြင့်...

"စိတ်ဆိုးတယ်တော့မဟုတ်ပေမဲ့ အခုကျ ငါဘယ်လိုအပြင်ထွက်ရမှာလဲ လည်ပင်းတွေရောပဲ"

ထိုင်နေရာကထပြီး နိုင်းချင်းသည် သူ့ကိုဖက်လာခဲ့သည်။ ရင်ဘတ်ချင်းအပ်သွားသည့်အပြင် အဝတ်လည်းမပါသည်မို့ အားသစ်သည် နိုင်းချင်း၏ ရင်ခုန်သံကိုလည်း ကောင်းကောင်းကြားနိုင်ပေ၏။ နိုင်းချင်း၏ လက်တစ်ဖက်က သူ့ခါးတွင်ရှိပြီး တစ်ဖက်လက်က သူ့ကျောကို အသာပွတ်သပ်နေသည်။

"ဒီနားလေးမှာ လွတ်နေသေးတယ် ခုနက ကျွန်တော် ကြည့်ရင်းမြင်လိုက်ရတာ"

သူ့ရှေ့တွင် ထိုင်ချလိုက်သည့် နိုင်းချင်းကို အားသစ် မျက်လုံးအဝိုင်းသားဖြင့် ကြည့်သည်။ လက်ထောက်ထားသည့် နေရာသို့ နိုင်းချင်းသည် အသာဖွဖွနမ်း၏။

"ဒီနားလေးမှာ လွတ်နေသေးတာ"

သူ့ခါးကို သေချာဖက်ပြီး ခါးတွင်မျက်နှာအပ်ထားသည့် နိုင်းချင်းကြောင့် အားသစ်လက်တစ်ဖက်ကို ကိုယ့်နှုတ်ခမ်းကိုယ်တွင်အပ်ကာ တစ်ဖက်လက်က နိုင်းချင်း၏ ခေါင်းကို ကိုင်ထားလိုက်ရသည်။

"ငါတို့မနက်စာစားရဦးမှာ... ပြန်လည်း ပြန်ဖို့ရှိသေးတယ်လေ"

တော်တော်နှင့် သူ့ခါးကို မလွှတ်ပေးသည့် နိုင်းချင်းကို အားသစ် အသံတိုးတိုးဖြင့် တိုးလျှိုးသည်။ နိုင်းချင်းကို မတားနိုင်လျှင် ဒီတစ်နေ့ သူတို့အဆောင်ကနေ ပြန်ဖြစ်လိမ့်မည်မဟုတ်။

"အစ်ကို့ကို ကျွန်တော်လွမ်းနေမှာ... ကျောင်းပိတ်ရက်တွေမှာ"

"အင်း..."

မနက်စာကိုသွားဝယ်ပေးချင်သူက သူဖြစ်သော်လည်း သွားဝယ်ပေးသူက နိုင်းချင်းဖြစ်နေခဲ့သည်။ ခုံတွင် ကူရှင်ထူထူနှင့်ထိုင်နေရပြီး နိုင်းချင်း ပြင်ဆင်ပေးနေသည်ကို ကြည့်နေရင်းက အားသစ်သည် သောမတ်စ်တို့ကို တွေ့ခဲ့တာကို အမှတ်ရသွားတော့၏။

"နိုင်းချင်း"

"ဟင်..."

သူ့အတွက် Milk Tea နှင့် ခေါက်ဆွဲချပေးသည့် ကောင်လေးကို အားသစ်ကြည့်သည်။

"စာမေးပွဲမဖြေခင်တုန်းက ပရော်ဖက်ဆာကို တွေ့ခဲ့တယ်"

နိုင်းချင်းမျက်လုံးများစူးတောက်လာသည်ဟု အားသစ်ခံစားလိုက်ရ၏။ သူတွေ့ခဲ့သည့်အကြောင်းကို အသေးစိတ်ပြောပြလိုက်တော့ နိုင်းချင်းသည် သူ့ဘေးတွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ ပေါင်ပေါ်သို့ ခေါင်းတင်ကာ...

"သူက အစ်ကို့ကို တစ်ခုခုထပ်ပြီးလုပ်မှာကို စိုးရိမ်နေတာ"

"ပရော်ဖက်ဆာက လူကောင်းတစ်ယောက်ပါ"

"အင်း ကျွန်တော့်အတွက်တော့ မဟုတ်ခဲ့ဘူး"

"အင်းပါ မင်းစိတ်ပူနေတာကို ငါသိပါတယ်... ငါထင်နေတာက... သူနဲ့အတူရှိနေတဲ့ ငါနဲ့တူတဲ့ ကောင်လေး အဲ့ဒါကငါ့ရဲ့ညီလေး ဖြစ်နေမလားလို့"

"ဖြစ်နေတော့ရော..."

နိုင်းချင်းသည် သူ့ပေါင်ပေါ်တွင်မေးတင်ကာ...

"အစ်ကိုက သူ့ကို ပေးလိုက်ပြီမဟုတ်ဘူးလား"

"ပရော်ဖက်ဆာက သူ့ကို ကောင်းကောင်းဆက်ဆံမယ်လို့ထင်လား သူက ဘာလို့ ငါ့ကိုမမှတ်မိ တာလဲ"

"ဒါကသူပဲသိမှာမဟုတ်ဘူးလား"

"အင်း..."

အားသစ်သည် သက်ပြင်းရှိုက်ပြီးနောက်...

"ဘယ်လိုပဲဖြစ်ဖြစ် သူပျော်နေမယ်လို့ ငါယုံပါတယ်"

နိုင်းချင်းမော့ကြည့်ချိန်တွင် သူ့ကိုငုံ့ကြည့်နေသော အားသစ်နှင့် အကြည့်ချင်းဆုံသွားရ၏။

"အင်း သူပျော်နေမှာ..."

ထိုင်ရာက ရပ်ပြီးနောက် အားသစ်၏ မျက်နှာကို အသာကိုင်၏။

"တကယ် ပျော်နေမှာ ဒါကြောင့် အစ်ကို စိတ်မပူနဲ့တော့"

အားသစ်၏ နှုတ်ခမ်းကို နိုင်းချင်းငုံ့နမ်းရင်း ပြောသည်။ အားသစ်၏ လက်ကို သူ သေချာတွဲထား၏။ အားသစ်နှုတ်မှ သူ မဟုတ်သည့် အခြားသူများ အကြောင်းထွက်လာခြင်းနှင့်ပတ်သက်ပြီး သဝန်တိုတတ်သည့် အကျင့်ကို သူ့ကိုယ်သူ ပြင်ရလိမ့်ဦးမည်ထင်သည်။ သို့သော်လည်း အခုက သူတို့စတွဲကာစမို့ ဘယ်လောက်ပဲ အူတိုတတ်တတ် ဒါကအပြစ်တစ်ခု မဖြစ်လာလောက်ဘူးမဟုတ်လားလေ။

Zawgyi

ပထမႏွစ္ဝက္ေျဖၿပီးသည့္ေန႔တြင္ေတာ့ ေက်ာင္းသားတို႔သည္ အိမ္သို႔ျပန္ၾကရ၏။ သို႔ေသာ္လည္း ပထမႏွစ္ေကာင္ကေလးကေတာ့ တတိယႏွစ္ေကာင္ကေလး၏ အခန္းထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္ေနခဲ့သည္။

"မင္း မျပန္ဘူးလား"

ခုတင္စြန္းတြင္ထိုင္ကာ သူ႔ကိုေပါင္ေပၚတင္ထားၿပီး လည္ပင္းကို အသာကိုက္ခဲေနသည့္ ႏိုင္းခ်င္းကို အားသစ္ အသက္ကိုခဲရာခဲဆစ္ရႈေနရသည့္ အသံမ်ိဳးျဖင့္ေမး၏။ သူတို႔ႏွစ္ဦး၏ ထြက္သက္တိုင္းသည္ ေလးလံ ေနခဲ့သည္။

"မနက္ျဖန္မွာျပန္မယ္ေလ"

ေျပာၿပီးေနာက္ သူ႔ကိုေခါင္းေမာ့ေစၿပီး လည္ဇလုတ္ကို အသာကိုက္သည့္ ႏိုင္းခ်င္းေၾကာင့္ အားသစ္ ခပ္တိုးတိုးညည္း၏။ ႏွစ္ဦးလုံး ေက်ာင္းယူနီေဖာင္းမလဲရေသးသျဖင့္ အားသစ္၏ ရွပ္အျဖဴသည္ ေဘာင္းဘီ ထဲကထြက္ကာ ဖ႐ိုဖရဲျဖစ္ေနၿပီး ႏိုင္းခ်င္း၏ လက္မ်ားကေတာ့ သူ႔ရွပ္အျဖဴေအာက္ ခါးတြင္ ရွိေနသည္။ ႏိုင္းခ်င္းသည္ တစ္ဖက္လက္က သူ႔ခါးကိုကိုင္ထားၿပီး တစ္ဖက္လက္မွ ေခ်ာမြတ္ေသာ သူ႔ဗိုက္သြယ္သြယ္ကို ညင္သာစြာပြတ္သပ္ေနခဲ့၏။

"စာေမးပြဲမၿပီးမခ်င္း မေတြ႕ၾကဘူးလို႔ အစ္ကိုက ဘယ္လိုမ်ား ဆုံးျဖတ္ထားတာလဲ"

လည္ပင္းေကာ္လံကို ဆြဲခြာကာ ညႇပ္႐ိုးသို႔ခပ္ဖြဖြငုံ႔နမ္းၿပီး ပိုင္ေၾကာင္းအမွတ္အသားျပဳေနသည့္ ႏိုင္းခ်င္းေၾကာင့္ အားသစ္၏ သိစိတ္မ်ားသည္ ေဝဝါးေနရေတာ့သည္။ ဒီေကာင္ေလးကို တားလည္း တားခ်င္တယ္ တားဖို႔ကလည္း အားမရွိဘူး။

"မင္း စာက်က္ဖို႔အာ႐ုံမရမွာစိုးလို႔ အ! ႏိုင္းခ်င္း..."

အျပစ္တင္သံတိုးတိုးေၾကာင့္ ႏိုင္းခ်င္းသည္ သူကိုက္လိုက္သည့္ အားသစ္၏ ညႇပ္႐ိုးေနရာကို အသာဖြဖြျပန္လ်က္ေပးေနခဲ့သည္။

"ကြၽန္ေတာ္က အစ္ကို႔ကို သတိရတာေၾကာင့္ စာပိုမလုပ္မွာကို မေတြးဘူးလား"

"ဒါေပမဲ့..."

အားသစ္၏ မ်က္လုံးေထာင့္စြန္းမ်ားတြင္ မ်က္ရည္စတို႔ပင္ ေဝ့ေနခဲ့ၿပီ။ ႏိုင္းခ်င္း၏ သူ႔ကိုနာေအာင္ ကိုက္လိုက္မနာေတာ့ေအာင္ အသာဖြဖြလ်က္ေပးလိုက္ လုပ္ေနျခင္းက သူ႔ခံစားခ်က္မ်ားကို အျမင့္သို႔ဆြဲေခၚ လာလိုက္ ေအာက္သို႔ပစ္ခ်လိုက္ႏွင့္။

"စာလုပ္တာကို အေႏွာင့္အယွက္မျဖစ္ေစပါဘူးလို႔ ခဏခဏလည္း ေျပာတာကို... နားမေထာင္တဲ့ အစ္ကို႔ကို ဘယ္လိုအျပစ္ေပးရမလဲေျပာၾကည့္"

ပထမႏွစ္ေကာင္ကေလးသည္ သူ႔လည္ပင္းထက္က လည္စီးႀကိဳးကို ဆြဲျဖဳတ္လာ၏။ ၾကားခံမ်က္မွန္ မပါသည့္ အျပာရင့္ေရာင္မ်က္လုံးမ်ားသည္ သားရဲတစ္ေကာင္က သားေကာင္ကို အမဲျဖတ္ေတာ့မည့္အလား ေတာက္ပေနခဲ့သည္။

တကယ္ေတာ့ငါက မစားပါနဲ႔လို႔ေတာင္ တြန္းကန္ဖို႔ စိတ္ကူးမရွိပါလား။ သူစားမယ္ဆိုရင္ေတာင္ အင္းလို႔ခ်က္ခ်င္းနီးပါး ေခါင္းညိတ္ျဖစ္မဲ့ဟာကို...။

သူ႔ခႏၶာကိုယ္၏ ပြင့္လင္း႐ိုးသားလြန္းသည့္ တုံ႔ျပန္မႈကို ေတြးၿပီး အားသစ္ ဘာသာမွတ္ခ်က္ခ်သည္။

"ဘာလုပ္မလို႔လဲ"

သူ႔လက္ကိုပူးၿပီး လည္စီးျဖင့္ ခ်ီလိုက္သည့္ ႏိုင္းခ်င္းကို အားသစ္ ၾကည့္သည္။

ႏိုင္းခ်င္းက သူ႔ကို ဘာလုပ္ခ်င္လို႔လဲ။ ေပါင္ေပၚတင္ထားရာက ခုတင္ေပၚသို႔ သူ႔ကို ပစ္ခ်လိုက္ၿပီး အေပၚက မိုးလိုက္သည့္ ႏိုင္းခ်င္းကို အားသစ္ တျဖတ္ျဖတ္ခတ္ကာ ၾကည့္သည္။ လက္ႏွစ္ဖက္ပူးစီး ခံထားရကာ ခုတင္ေပၚတြင္ ေဘးတစ္ေစာင္းေခြေခြေလး လွဲေနၿပီး အေပၚက သူမိုးထားျခင္းေၾကာင့္ အိက်ေန သည့္ ေမြ႕ယာေၾကာင့္ အားသစ္က ဂြမ္းအိအိထဲ နစ္ေနသူတစ္ေယာက္လို ျဖစ္ေနေတာ့သည္။

"ဘာလုပ္မယ္ထင္လို႔လဲ"

ကိုယ္ကိုကိုင္းခ်ၿပီးေနာက္ အားသစ္၏ နားတစ္ဖက္ကို အသာကိုက္၏။

"အာ... အာ... မဟုတ္ဘူးေလ"

မသိမသာ႐ုန္းကန္ေနသည့္ အားသစ္ေၾကာင့္ ႏိုင္းခ်င္း အားသစ္ေဘးတြင္ လွဲခ်ကာ မ်က္ႏွာခ်င္းဆိုင္ လိုက္၏။ သူ႔ လည္စီးျဖင့္ ခ်ည္ေႏွာင္ထားသည့္ အားသစ္လက္ကိုဆြဲယူကာ သူ႔ႏႈတ္ခမ္းနားတြင္ေတ့ထားၿပီး...

"ဘာလို႔လဲ"

ဘာဆက္ျဖစ္မည္ဆိုသည္ကို အားသစ္သိၿပီးသားေပ။ စာေမးပြဲေနာက္ဆုံးေန႔ သူ႔ကိုအတူျပန္ဖို႔ ေျပာၿပီးအခန္းထဲထိ လိုက္လာသည္ဆိုကတည္းက ဘာျဖစ္လာေတာ့မည္ဆိုသည္ကို သိေနေသာ္လည္း အားသစ္စိတ္ထဲတြင္ မစိုးရိမ္ဘဲမေနႏိုင္။

"မင္း မနက္ျဖန္မနက္အိမ္ျပန္မွာမဟုတ္ဘူးလား"

မ်က္လႊာခ်ကာ ေလသံသဲ့သဲ့ျဖင့္ ႏိုင္းခ်င္းကို သူ ေမးသည္။ မ်က္ႏွာခ်င္းမဆိုင္ႏိုင္သျဖင့္ မ်က္လႊာခ် ကာမွ သူ႔မ်က္လုံးမ်ားက အေပၚၾကယ္သီးသုံးလုံးေလာက္ျဖဳတ္ထားသည့္ ႏိုင္းခ်င္း၏ ရင္ဘတ္ဆီသို႔ ေရာက္သြား ေတာ့၏။ သူ႔ေလာက္မျဖဴေသာ္လည္း ႏိုင္းခ်င္း၏ အသားက ပ်ားရည္ေရာင္ကဲ့သို႔ ေ႐ႊဝါေရာင္ ဘက္သို႔ သြားသည္။ အားသစ္ မ်က္ႏွာသည္ ပို၍ရဲလာေတာ့၏။

"တ... တကယ္လို႔ မင္း မနက္ျဖန္မွ ျပန္မယ္ဆိုရင္လည္း ငါတို႔ေတြ အရင္ဆုံး ေရမိုးခ်ိဳး ညေနစာေလး စားသင့္တယ္မထင္ဘူးလား"

အားသစ္၏ မ်က္ႏွာသည္ နီသထက္ပို၍နီလာေတာ့၏။ ခႏၶာကိုယ္တစ္ခုလုံးရွိေသြးက မ်က္ႏွာထိ တက္ေနသလားဟု ထင္ရေလာက္ေအာင္ အားသစ္မ်က္ႏွာသည္ နီေစြးလာေတာ့သည္။ ႏိုင္းခ်င္းသည္ ရွက္ကာမလုပ္တတ္မကိုင္တတ္ျဖင့္ ေျပာမိေျပာရာေျပာေနေသာ အားသစ္ကို ဇိမ္ခံကာ ေသခ်ာစိုက္ၾကည့္ေန လိုက္သည္။ ႏိုင္းခ်င္းသာ မ်က္လုံးျပာမ်ားႏွင့္က်ားနက္တစ္ေကာင္ဆိုလွ်င္ သူ႔အၿမီးသည္ အားသစ္ခါးကို ရစ္ပတ္ေနေလာက္ၿပီး သူသည္ စားခါနီးသားေကာင္ေလးကို မစားခင္ က်ီးစားေနသေယာင္ ျဖစ္ေနလိမ့္မည္။

"ည... ညက တစ္ညလုံးရွိေသးတာမဟုတ္ဘူးလား ဒါေၾကာင့္ ေလာဖို႔မလိုပါဘူး"

အားသစ္အသံသည္ တိုးသထက္တိုးသြား၏။ ေခါင္းသည္လည္း ငုံ႔သထက္ငုံ႔လာၿပီး မ်က္ႏွာကို လက္ႏွင့္အုပ္ဖို႔အတြက္ လက္မွာပူးကာစည္းေႏွာင္ခံထားရသည္မို႔ သူ႔မ်က္ႏွာကို လက္ႏွင့္အုပ္ၿပီး ဖြက္လို႔ မရႏိုင္။ ထို႔အတြက္ သူ႔ေဘးတြင္တေစာင္းလွဲကာ သူ႔ကိုၾကည့္ေနေသာ ႏိုင္းခ်င္း၏ ရင္ခြင္ထဲသို႔ တိုးၿပီး မ်က္ႏွာကို ဖြက္လိုက္ရေတာ့သည္။

ႏိုင္းခ်င္း : ......

တကယ္ပဲ အားသစ္က သူ႔ကို ေရမိုးခ်ိဳးညေနစာအရင္စားဖို႔အတြက္ လႈံ႕ေဆာ္ေနတာေရာ ဟုတ္ရဲ႕လား။

ႏိုင္းခ်င္းခမ်ာသူ႔ကိုယ္သူ အေတာ္စဥ္းစားၿပီးခ်ဳပ္တီးေနရ၏။ သူကသာ ေရွ႕ဆက္ခ်င္လွ်င္ ဆက္၍ ရႏိုင္ေသာ္လည္း အားသစ္၏ စကားကို တစ္ခါတရံနားေထာင္ဖို႔ လိုသည္ဟု ျပန္ေတြးလိုက္သည္။

အၿမဲတမ္းအလိုလိုက္ေနၿပီး ၾကာရင္ ငါတအားဆိုးတယ္ဆိုၿပီး ငါ့ကို ပစ္သြားရင္ ဘယ္လိုလုပ္မလဲ။

ပထမႏွစ္ေကာင္ကေလးသည္ စိတ္ထဲတြင္ လြန္ဆြဲၿပီးေနာက္ေတာ့ အားသစ္ကို ေစြ႕ခနဲေကာက္မသည္။

"ဘာ... ဘာလုပ္မလို႔လဲ"

သတို႔သမီးေလးတစ္ေယာက္လို ေပြ႕ခ်ီခံလိုက္ရသည္မို႔ အားသစ္ ႐ုတ္တရက္ လန႔္သြားရရွာ၏။

"ေရခ်ိဳးၿပီး ညေနစာအရင္စားၾကမယ္ဆို မ႐ုန္းနဲ႔ေနာ္ အစ္ကို႔ကို ကြၽန္ေတာ္ လြတ္က်သြားရင္ ဘယ္လိုလုပ္မလဲ"

ႏိုင္းခ်င္းက သူ႔ထက္အရပ္ရွည္ေသာ္လည္း သူက ေသးသြယ္ေသာ ေယာက်ာ္းေလးတစ္ေယာက္ မဟုတ္သည္မို႔ သူ႔ခႏၶာကိုယ္အေလးခ်ိန္က ရွိသင့္သေလာက္ရွိေပသည္။

"ခ်ေပးေလ!"

"မခ်ေပးပါဘူး ေရခ်ိဳးမလို႔ေလ"

"ဘယ္... ဘယ္ကို မင္းကပါဝင္မွာလဲ"

"အတူတူခ်ိဳးေတာ့ အခ်ိန္ကုန္မသက္သာဘူးလား"

"မင္းအခန္းမင္းျပန္ခ်ိဳးလို႔ရတာပဲ"

"မခ်ိဳးခ်င္ဘူး..."

ထိုစကားအဆုံးတြင္ေတာ့ ေရခ်ိဳးခန္းတံခါးသည္ ပိတ္သြားေတာ့၏။ သိပ္မၾကာခင္တြင္ေတာ့ အားသစ္၏ ညည္းသံတိုးတိုးႏွင့္ ႏိုင္းခ်င္းကို ဆူပူသံသဲ့သဲ့တို႔သည္ ေရသံႏွင့္အၿပိဳင္ထြက္လာေလေတာ့သည္။

"စိတ္ဆိုးေနေသးတုန္းလား"

သူ႔ကို မၾကည့္ဘဲ ညေနစာကိုသာ ငုံ႔စားေနသည့္ အားသစ္ကိုၾကည့္ေနသည့္ ႏိုင္းခ်င္းမ်က္ႏွာက ၿပဳံးစိစိ။ ညေနစာမစားဘဲ ေမးေထာက္ၿပီးသူ႔ကို ၾကည့္ေနသည့္ ႏိုင္းခ်င္းကို အားသစ္မ်က္ေစာင္း တစ္ခ်က္႐ြယ္ၿပီး မ်က္ႏွာလႊဲသြားသည္။ မေက်နပ္ေၾကာင္းကို အစာသာစားေနၿပီး စကားမေျပာျခင္းျဖင့္ ထုတ္ေဖာ္ေနသည့္ အသံတိတ္ဆႏၵျပမႈေၾကာင့္ ႏိုင္းခ်င္း ရယ္သည္။ အားသစ္၏ ခပ္ထန႔္ထန႔္သာ ရွိေသးေသာ အေရွ႕ဆံပင္မ်ားကို အသာကိုင္ကာ...

"တကယ္ေတာ့ ေျခာက္ေအာင္သုတ္ၿပီးမွ ကြၽန္ေတာ္တို႔ လာလိုက္ရမွာ မဟုတ္ရင္ အစ္ကိုအေအးပတ္ သြားရင္ ဘယ္လိုလုပ္မလဲ"

"ငါတို႔လည္း ညေနစာငတ္႐ုံပဲရွိေတာ့တယ္"

အားသစ္၏ မေက်မနပ္ဘုေတာေျပာဆိုမႈေၾကာင့္ ႏိုင္းခ်င္းသည္ လက္ကို႐ုတ္ၿပီး အားသစ္ကို ျပန္ၾကည့္သည္။ ေရခ်ိဳးခန္းထဲတြင္ ၾကာသြားသည့္ကိစၥႏွင့္ပတ္သက္ၿပီး သူ႔ကိုအားသစ္မေက်မနပ္ ျဖစ္ေန သည္ကိုၾကည့္ၿပီး အသဲတယားယားျဖစ္လာေတာ့၏။ ေဘးဘီဝဲယာကို ၾကည့္လိုက္ခ်ိန္တြင္ ႏွစ္ဝက္စာေမးပြဲ ၿပီးသြားသျဖင့္ ျပန္သြားၾကသူမ်ားသည့္အျပင္ သူတို႔လာသည့္အခ်ိန္က ေနာက္က်ေနၿပီမို႔ ဆိုင္ထဲတြင္ သူတို႔ ႏွစ္ဦးသာ ရွိေနသည္။ ထို႔အျပင္ ဆိုင္ရွိအလုပ္သမားမ်ားသည္လည္း ေထာင့္တစ္ေနရာတြင္ ေအးေဆး နားေနၿပီး ဆိုင္သိမ္းဖို႔ကို အစပ်ိဳးေနၿပီမို႔ သူတို႔ထိုင္သည့္အနားတြင္ မည္သူမွ် မရွိေနခဲ့။

"မင္း!"

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရာမွထၿပီး သူ႔ေဘးတြင္ဝင္ထိုင္ၿပီး ပါးကို႐ႊတ္ခနဲ နမ္းလိုက္သည့္ ႏိုင္းခ်င္း ေၾကာင့္ အားသစ္ မာန္မဲဖို႔ျပင္ေတာ့၏။

"အစ္ကိုကလည္း ခဏေလးပဲ ၾကာတာကို ၿပီးေတာ့ အစ္ကိုလည္း စိတ္ပါလက္ပါရွိခဲ့ၿပီးေတာ့"

ႏိုင္းခ်င္း၏ ေက်နပ္ၿပဳံးႏွင့္မ်က္ႏွာကို ဆြဲကုတ္လိုက္ခ်င္စိတ္ေပၚသြားေသာ္လည္း ႏိုင္းခ်င္းေျပာသည္ က အမွန္မို႔ အားသစ္ ညေနစာကိုသာ ငုံ႔စားေနရရွာသည္။

တကယ္ပဲ ေျပာစရာစကားမရွိပါဘူး။ တကယ္လည္း သူကိုယ္တိုင္ စိတ္ပါလက္ပါနဲ႔ ႏိုင္းခ်င္းကို ဖက္တြယ္ထားခဲ့တာပါ။

ေရခ်ိဳးခန္းထဲရွိအျဖစ္အပ်က္မ်ားကို ေတြးမိခ်ိန္တြင္ အားသစ္မ်က္ႏွာသည္ ရဲတက္သြားေတာ့သည္။ မရည္႐ြယ္ဘဲ သူ႔မ်က္လုံးမ်ားက ႏိုင္းခ်င္း၏ ေဘာင္းဘီခြၾကားကို ေရာက္သြားရ၏။ တကယ္ပဲ သူတို႔က ဘယ္လိုမ်ား ေနခဲ့ၾကတာလဲ။ ေရပဲခ်ိဳးမယ္ဆိုၿပီးေတာ့။

"ဘာေတြေတြးေနတာလဲ"

ခက္ရင္းကို ကိုက္ထားၿပီး ျပန္မခ်သည့္ သူ႔နားအနားသို႔ ကပ္ေျပာသည့္ ႏိုင္းခ်င္းေၾကာင့္ အားသစ္ လက္ထဲက ခက္ရင္းျပဳတ္က်သြားေတာ့သည္။ မ်က္ႏွာတစ္ခုလုံးရဲတြတ္သြားကာ...

"ဘာမွမေတြးပါဘူး... ဘာမွမေတြးပါဘူး... ဘာမွမေတြးပါဘူး"

ေခါင္းျပဳတ္ထြက္မတတ္ယမ္းခါေနသည့္ အားသစ္ကို ၾကည့္ၿပီး ႏိုင္းခ်င္းရယ္သည္။

"ေပါင္ေတြနာေနေသးလား"

ဂ႐ုတစိုက္ႏွင့္ခပ္တိုးတိုးေမးလာေသာ ႏိုင္းခ်င္းေၾကာင့္ အားသစ္ ေခါင္းငုံ႔သြား၏။ ပန္းကန္ထဲ ေခါင္းစိုက္ေတာ့မတတ္ငုံ႔သြားၿပီးေနာက္ ခပ္ျဖည္းျဖည္း သူေခါင္းယမ္းသည္။

"ဟင့္အင္း... နည္းနည္းပါပဲ"

"အင္း... ဒီညေတာ့ အစ္ကို႔အခန္းမွာပဲ ကြၽန္ေတာ္ အိပ္မယ္ေနာ္"

ႏိုင္းခ်င္းကို လွည့္မၾကည့္ေသာ္လည္း အားသစ္ ေခါင္းကို ခပ္ျဖည္းျဖည္းညိတ္ျပျဖစ္သည္။ ႏိုင္းခ်င္းသည္ သူ႔ပခုံးေပၚသို႔ မွီခ်လာလိုက္၏။

"ဘာလို႔ဆို ဒီေန႔က ဒီအေဆာင္မွာ ေနရမဲ့ ေနာက္ဆုံးရက္မဟုတ္လား ဒုတိယႏွစ္ဝက္စလာရင္ အစ္ကို႔ကို မိုးလင္းတာနဲ႔ ျမင္ရေတာ့မွာမဟုတ္ဘူး"

ႏိုင္းခ်င္း၏ ကပ္တိုးခြၽဲေနမႈေၾကာင့္ အားသစ္၏ စိတ္လႈပ္ရွားေနျခင္းသည္ တျဖည္းျဖည္း ေျပေလ်ာ့ လာကာ ႏိုင္းခ်င္း ေခါင္းကိုအသာျပန္မွီလိုက္၏။ အသင့္မွာေပးထားသည့္ Milk Tea ဘူးကို ကိုင္ေသာက္ကာ...

"ဘာလဲ မင္းလည္း ေက်ာင္းဝန္းထဲမွာပဲ ေနဦးမွာကို"

"ဒါေပမဲ့ ကြၽန္ေတာ္တို႔ၾကားမွာ အေဆာင္တစ္ေဆာင္ျခားထားမွာေလ"

"ျခားထားလည္း ထားေပါ့ မင္းလာခ်င္ရင္ အၿမဲတမ္း ငါ့အခန္းလာလို႔ရေနတာပဲ"

"ဟိုမွာအေဆာင္ခန္းပဲ ယူထားၿပီး လူက အစ္ကိုနဲ႔လာေနရမလား... ဒါမွမဟုတ္... ကြၽန္ေတာ္တို႔ အျပင္မွာ အခန္းငွားေနၾကမလား... အစ္ကိုနဲ႔အတူတူေနမယ္ေလ"

"အာ... ဘာလဲ တစ္ႏွစ္ပဲကုန္ေတာ့မွာကို... ဒုတိယႏွစ္ဝက္က ဘယ္ေလာက္ၾကာမွာမို႔လဲ"

"ဒါေပမဲ့ ကြၽန္ေတာ္မွ အစ္ကိုနဲ႔အေဝးႀကီးမေနခ်င္တာ ဒုတိယႏွစ္ဝက္ဆိုတာလည္း ႏွစ္ဝက္ပဲ"

"ဟမ္း ငါတို႔အေဆာင္ၾကား ဒုတိယအေဆာင္ပဲျခားတာေလ"

"ဒါေပမဲ့လည္း အစ္ကို႔ကို မနက္လင္းတာနဲ႔မေတြ႕ရေတာ့ဘူးေလ"

အားသစ္အနည္းငယ္စဥ္းစားၿပီးေနာက္ Milk Tea ဘူးကို ျပန္ခ်ကာ ႏိုင္းခ်င္းဘက္လွည့္ၿပီး ေခါင္းကို အသာနမ္း၏။

"အင္း... ငါ့အခန္းမွာလာေနခ်င္ေနေပါ့ အခန္းမွ်သုံးေပးလို႔ရတာပဲ..."

အၿမဲတမ္း... အၿမဲတမ္း ဒီေကာင္ေလးကို သူ အလိုလိုက္ခ်င္ေတာ့တယ္။ တအားလြယ္ေနတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ခံစားေနရေပမဲ့ ႏိုင္းခ်င္းနဲ႔ပတ္သက္ရင္ သူက အလိုလိုကို ခပ္လြယ္လြယ္လူတစ္ေယာက္ ျဖစ္သြားေတာ့တာပဲ။

ႏိုင္းခ်င္း ေခါင္းျပန္ေထာင္လာကာ အားသစ္ကို ၾကည့္သည္။ စကားေကာင္းေျပာေနရာက ႐ုတ္တရက္ထလာသည့္ ႏိုင္းခ်င္းကို အားသစ္လည္း အူေၾကာင္ေၾကာင္ ျပန္ၾကည့္၏။

"ကြၽန္ေတာ္တို႔ အခု အေဆာင္ျပန္ရေအာင္"

"ဟမ္..."

"အခုခ်ိန္မွာ အစ္ကို႔ကို ကြၽန္ေတာ္ ေသေလာက္ေအာင္နမ္းခ်င္ေနတာ"

အားသစ္ မ်က္ႏွာတစ္ခုလုံးက နီရဲသြားရေတာ့သည္။ အေဆာင္... ညဘက္အေဆာင္ကို ျပန္ေရာက္ရင္ သူတို႔ဘာျဖစ္ၾကမယ္ဆိုတာက စဥ္းစားစရာေတာင္ မလိုဘူးမဟုတ္လား။

အေဆာင္ျပန္ေရာက္ၿပီးသည္ႏွင့္ တံခါးဝတြင္ပင္ ႏိုင္းခ်င္း၏ ႏႈတ္ခမ္းမ်ားကို သူ လက္ခံရရွိခဲ့သည္။ ဦးေဆာင္အနမ္းေပးသူ ပထမႏွစ္ေကာင္ကေလးသည္ တံခါးကိုပိတ္လိုက္ၿပီးေနာက္ တံခါးဝတြင္ အားသစ္ကို မွီထားကာ အခ်ိန္အေတာ္ၾကာ နမ္းေနေသး၏။

"ခုတင္ေပၚသြားရေအာင္ေလ"

အားသစ္၏ နား႐ြက္ကိုအသာကိုက္ကာ သူ ေတာင္းဆိုသည္။ ေပ်ာ့ေခြေနသည့္ ခႏၶာကိုယ္တစ္ခုလုံးကို တစ္ဖက္လုံးရင္ခြင္ထဲတြင္ မွီတြယ္ထားရသူသည္ ေခါင္းကိုသာညိတ္ႏိုင္၏။ သူ႔ကို ခ်ီႏိုင္ေသာေကာင္ကေလးသည္ ေပြ႕ခ်ီကာ ခုတင္ထက္သို႔ အသာခ်ေပးသည္။

"... အံဆြဲထဲမွာ..."

ခုတင္ေဘးခုံအံဆြဲကို ႏိုင္းခ်င္းဖြင့္ၿပီးေနာက္ အားသစ္ကို ၾကည့္သည္။ ႏိုင္းခ်င္း၏ မ်က္လုံးမ်ားက အားသစ္မ်က္ႏွာကို တရွိန္းရွိန္းပူသြားေစ၏။

"မင္း... တစ္ရက္က်ရင္ေတာ့ မင္း ငါ့အခန္းမွာ လာအိပ္မွာပဲဆိုၿပီး ဝယ္ထားလိုက္တာ"

စတုရန္းပုံဘူးေလးကို ကိုင္ၾကည့္ၿပီးေနာက္ ႏိုင္းခ်င္းၿပဳံးသည္။

"ဒါအကုန္လုံးကို သုံးလို႔ရတယ္မဟုတ္လား"

"ဒါကဘယ္လိုေတာင္ လူမဆန္တာလဲ"

ထြက္ေျပးခ်င္စိတ္ေပါက္သြားကာ အားသစ္ ခ်က္ခ်င္းနီးပါး ထထိုင္ကာ ခုတင္ေခါင္းရင္းဆီသို႔ ေ႐ြ႕သြား၏။ ေစာင္ကိုမၿပီး ကိုယ္တြင္ကပ္ထားသည္မို႔ မသိလွ်င္ ႏိုင္းခ်င္းကပဲ သူ႔ကို အဓမၼျပဳေနသေယာင္။

"အခုမွေတာ့ ထြက္ေျပးလည္းမရေတာ့ဘူး"

"မင္း... မင္း တစ္ထုပ္လုံးႀကီးကုန္ဖို႔ကေတာ့ မျဖစ္ႏိုင္ဘူး"

အေၾကာက္အကန္ျငင္းေနေသာ္လည္း အားသစ္၏ ျငင္းဆန္မႈမွာ အရာမထင္ခဲ့။

နံနက္ေနမထြက္ခင္တြင္ အားသစ္ ႏိုးလာခဲ့သည္။ မ်က္လုံးဖြင့္လိုက္သည္ႏွင့္ သူ ျမင္ရသည္က အိပ္ေနသည့္ ႏိုင္းခ်င္းျဖစ္၏။ မ်က္မွန္မတပ္ထားေသာ ႏိုင္းခ်င္းကို ေသခ်ာစိုက္ၾကည့္ၿပီးေနာက္ သူၿပဳံးသည္။ သူ႔ကိုဖက္ထားသည့္ လက္ကိုအသာဖယ္ၿပီး ေရခ်ိဳးခန္းဘက္သို႔သြားဖို႔အတြက္ ခုတင္ေပၚက ဆင္း၏။ ေျခေထာက္တြင္ အားမရွိေတာ့သည္မို႔ ဝုန္းခနဲျပဳတ္က်သြားကာ ထိုအသံက အိပ္ေနေသးသည့္ တစ္စုံတစ္ေယာက္ကို ႏိုးသြားေစေတာ့သည္။

နံနက္ေနပင္မထြက္ေသးသလို ေပးထားသည့္ Alarm လည္းမျမည္ေသးသည္မို႔ ႏိုင္းခ်င္းသည္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနခဲ့၏။ ညက ျပင္းထန္သည့္ ေလ့က်င့္ခန္းလုပ္ထားျခင္းေၾကာင့္ သူ အိပ္ယာ မထခ်င္ေသး။ သို႔ေသာ္ တစ္စုံတစ္ခုျပဳတ္က်သြားသံကို ၾကားလိုက္ရသည့္အျပင္ နံေဘးသို႔ စမ္းၾကည့္သည့္ အခ်ိန္တြင္ သူ႔ေဘးတြင္ အိပ္ေနသူ မရွိေတာ့သျဖင့္ မ်က္လုံးကို မဖြင့္ခ်င္ဖြင့္ခ်င္ျဖင့္ ႏိုင္းခ်င္း ဖြင့္လိုက္ရ၏။ ထိုအခ်ိန္တြင္ သူ ျမင္လိုက္ရသည္က ခုတင္ကို မွီၿပီး ပုံ႔ပုံ႔ေလးၾကမ္းေပၚတြင္ ထိုင္ေနသည့္ အားသစ္ကိုေပ။

"အစ္ကို ဘာျဖစ္လို႔လဲ"

အိပ္မႈံစုံဖြားျဖင့္ ႏိုင္းခ်င္း၏ အသံက အားသစ္ကို ဒိတ္ခနဲရင္ခုန္သြားေစ၏။

"ဟင့္အင္း ဘာမွမျဖစ္ဘူး ဒီတိုင္း"

ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလုံး အားမရွိေနလို႔ဆိုတာကို ႏိုင္းခ်င္းကို သူ ဘယ္မ်က္ႏွာနဲ႔ ေျပာထြက္ မွာလဲေလ။ မေျပာသည့္တိုင္ ႏိုင္းခ်င္းသည္ အားသစ္ျပႆနာကို သိသြား၏။ တစ္ဖက္သူ အဆင္မေျပ ျဖစ္ေနျခင္းက သူ႔ေၾကာင့္ျဖစ္သည္ကို ႏိုင္းခ်င္း သေဘာတက်ျဖင့္...

"ကြၽန္ေတာ္ ခ်ီမယ္ေလ ေရခ်ိဳးခန္းဘက္သြားမလို႔မဟုတ္လား"

ခုတင္ေပၚက ဆင္းၿပီး သူ႔ကိုခ်ီလိုက္သည့္ ႏိုင္းခ်င္းကို အားသစ္ မလုပ္ဖို႔ေျပာခ်င္ေသာ္လည္း သူ႔ေျခေထာက္မ်ားက အားမရွိသည့္အျပင္ သူကိုယ္တိုင္ကလည္း ႏိုင္းခ်င္း၏ ဂ႐ုစိုက္မႈကို ခံခ်င္သည္မို႔ သိပ္ၿပီးထူးေထြက ျငင္းဆန္မေနေတာ့။

အေပၚဝတ္မပါဘဲ ေဘာင္းဘီတိုကိုယ္စီျဖင့္ သူတို႔သည္ ေရခ်ိဳးခန္းသို႔ ေရာက္လာေတာ့သည္။

"ဘာလို႔အေစာႀကီးထေနတာလဲ"

အိမ္သာဖုံးေပၚတြင္ထိုင္ရင္း သူ မ်က္ႏွာသစ္ဖို႔လုပ္ေနသည္ကို ၾကည့္ၿပီး ႏိုင္းခ်င္းေမး၏။

"မင္း ျပန္ဖို႔အတြက္ မနက္စာသြားဝယ္ေပးမလို႔ေလ ၿပီးေတာ့ ငါလည္းျပန္ေတာ့မွာ"

အားသစ္သည္ မွန္ကို မၾကည့္ရဲသလို ႏိုင္းခ်င္းကိုလည္း မၾကည့္ရဲ။ မွန္ထဲရွိ သူ႔ပုံရိပ္ကို ျမင္ရသည္ကို သူ ရွက္ေနေတာ့သည္။ သူ႔ ခႏၶာကိုယ္အေရွ႕ျခမ္းတစ္ျခမ္းလုံးက ျခင္ကိုက္သလို အနီစက္မ်ားျဖင့္ ျပည့္ေနခဲ့ သည္။ ရွက္၍ေခါင္းငုံ႔ျပန္ေတာ့လည္း ေပါင္တစ္ဝိုက္တြင္လည္း အစက္အေပ်ာက္မ်ားႏွင့္ ကိုက္ရာမ်ားက ေနရာယူထားေသးဆဲ။ သြားတိုက္ေဆးထက္ေနသည့္ လက္ေခ်ာင္းမ်ားပင္ ကိုက္ရာတခ်ိဳ႕ႏွင့္။

"ႏိုင္းခ်င္း ေနာက္ဆို နည္းနည္းေလး ထိန္းလို႔မရဘူးလား ဟမ္"

အားသစ္၏ မေက်မနပ္သံပိစိေလးေၾကာင့္ သူ အလွဆင္ခ်င္တိုင္းဆင္ထားသည့္ ခႏၶာကိုယ္ကို ေက်ေက်နပ္နပ္ၾကည့္ေနသည့္ ႏိုင္းခ်င္းသည္ ေခါင္းေလးေမာ့လာ၏။

"ဘာကိုလဲ ခု လမ္းမေလွ်ာက္ႏိုင္တာလား ကြၽန္ေတာ္ သြားဝယ္ေပးမွာေပါ့ အစ္ကိုသြားဝယ္စရာ မလိုပါဘူး"

"မဟုတ္ပါဘူး ငါ့တစ္ကိုယ္လုံးကိုလည္း ၾကည့္ပါဦး ရစရာကို မရွိဘူး"

မေက်မနပ္ျဖစ္ေနေသာ္လည္း ေဒါသပင္မထြက္ႏိုင္သည့္ အားသစ္ကို ၾကည့္ၿပီး ႏိုင္းခ်င္း ၿပဳံးသည္။

"စိတ္ဆိုးတာလား"

အားသစ္ ျပန္မေျဖ။

"စိတ္ဆိုးတာလားလို႔ အစ္ကို စိတ္ဆိုးတယ္ဆိုရင္ ကြၽန္ေတာ္ထပ္လုပ္မွာမဟုတ္ပါဘူး"

ထိုအခါက်ေတာ့မွ အားသစ္သည္ အသံတင္းတင္းျဖင့္...

"စိတ္ဆိုးတယ္ေတာ့မဟုတ္ေပမဲ့ အခုက် ငါဘယ္လိုအျပင္ထြက္ရမွာလဲ လည္ပင္းေတြေရာပဲ"

ထိုင္ေနရာကထၿပီး ႏိုင္းခ်င္းသည္ သူ႔ကိုဖက္လာခဲ့သည္။ ရင္ဘတ္ခ်င္းအပ္သြားသည့္အျပင္ အဝတ္လည္းမပါသည္မို႔ အားသစ္သည္ ႏိုင္းခ်င္း၏ ရင္ခုန္သံကိုလည္း ေကာင္းေကာင္းၾကားႏိုင္ေပ၏။ ႏိုင္းခ်င္း၏ လက္တစ္ဖက္က သူ႔ခါးတြင္ရွိၿပီး တစ္ဖက္လက္က သူ႔ေက်ာကို အသာပြတ္သပ္ေနသည္။

"ဒီနားေလးမွာ လြတ္ေနေသးတယ္ ခုနက ကြၽန္ေတာ္ ၾကည့္ရင္းျမင္လိုက္ရတာ"

သူ႔ေရွ႕တြင္ ထိုင္ခ်လိုက္သည့္ ႏိုင္းခ်င္းကို အားသစ္ မ်က္လုံးအဝိုင္းသားျဖင့္ ၾကည့္သည္။ လက္ေထာက္ထားသည့္ ေနရာသို႔ ႏိုင္းခ်င္းသည္ အသာဖြဖြနမ္း၏။

"ဒီနားေလးမွာ လြတ္ေနေသးတာ"

သူ႔ခါးကို ေသခ်ာဖက္ၿပီး ခါးတြင္မ်က္ႏွာအပ္ထားသည့္ ႏိုင္းခ်င္းေၾကာင့္ အားသစ္လက္တစ္ဖက္ကို ကိုယ့္ႏႈတ္ခမ္းကိုယ္တြင္အပ္ကာ တစ္ဖက္လက္က ႏိုင္းခ်င္း၏ ေခါင္းကို ကိုင္ထားလိုက္ရသည္။

"ငါတို႔မနက္စာစားရဦးမွာ... ျပန္လည္း ျပန္ဖို႔ရွိေသးတယ္ေလ"

ေတာ္ေတာ္ႏွင့္ သူ႔ခါးကို မလႊတ္ေပးသည့္ ႏိုင္းခ်င္းကို အားသစ္ အသံတိုးတိုးျဖင့္ တိုးလွ်ိဳးသည္။ ႏိုင္းခ်င္းကို မတားႏိုင္လွ်င္ ဒီတစ္ေန႔ သူတို႔အေဆာင္ကေန ျပန္ျဖစ္လိမ့္မည္မဟုတ္။

"အစ္ကို႔ကို ကြၽန္ေတာ္လြမ္းေနမွာ... ေက်ာင္းပိတ္ရက္ေတြမွာ"

"အင္း..."

မနက္စာကိုသြားဝယ္ေပးခ်င္သူက သူျဖစ္ေသာ္လည္း သြားဝယ္ေပးသူက ႏိုင္းခ်င္းျဖစ္ေနခဲ့သည္။ ခုံတြင္ ကူရွင္ထူထူႏွင့္ထိုင္ေနရၿပီး ႏိုင္းခ်င္း ျပင္ဆင္ေပးေနသည္ကို ၾကည့္ေနရင္းက အားသစ္သည္ ေသာမတ္စ္တို႔ကို ေတြ႕ခဲ့တာကို အမွတ္ရသြားေတာ့၏။

"ႏိုင္းခ်င္း"

"ဟင္..."

သူ႔အတြက္ Milk Tea ႏွင့္ ေခါက္ဆြဲခ်ေပးသည့္ ေကာင္ေလးကို အားသစ္ၾကည့္သည္။

"စာေမးပြဲမေျဖခင္တုန္းက ပေရာ္ဖက္ဆာကို ေတြ႕ခဲ့တယ္"

ႏိုင္းခ်င္းမ်က္လုံးမ်ားစူးေတာက္လာသည္ဟု အားသစ္ခံစားလိုက္ရ၏။ သူေတြ႕ခဲ့သည့္အေၾကာင္းကို အေသးစိတ္ေျပာျပလိုက္ေတာ့ ႏိုင္းခ်င္းသည္ သူ႔ေဘးတြင္ ဒူးတစ္ဖက္ေထာက္ထိုင္ကာ ေပါင္ေပၚသို႔ ေခါင္းတင္ကာ...

"သူက အစ္ကို႔ကို တစ္ခုခုထပ္ၿပီးလုပ္မွာကို စိုးရိမ္ေနတာ"

"ပေရာ္ဖက္ဆာက လူေကာင္းတစ္ေယာက္ပါ"

"အင္း ကြၽန္ေတာ့္အတြက္ေတာ့ မဟုတ္ခဲ့ဘူး"

"အင္းပါ မင္းစိတ္ပူေနတာကို ငါသိပါတယ္... ငါထင္ေနတာက... သူနဲ႔အတူရွိေနတဲ့ ငါနဲ႔တူတဲ့ ေကာင္ေလး အဲ့ဒါကငါ့ရဲ႕ညီေလး ျဖစ္ေနမလားလို႔"

"ျဖစ္ေနေတာ့ေရာ..."

ႏိုင္းခ်င္းသည္ သူ႔ေပါင္ေပၚတြင္ေမးတင္ကာ...

"အစ္ကိုက သူ႔ကို ေပးလိုက္ၿပီမဟုတ္ဘူးလား"

"ပေရာ္ဖက္ဆာက သူ႔ကို ေကာင္းေကာင္းဆက္ဆံမယ္လို႔ထင္လား သူက ဘာလို႔ ငါ့ကိုမမွတ္မိ တာလဲ"

"ဒါကသူပဲသိမွာမဟုတ္ဘူးလား"

"အင္း..."

အားသစ္သည္ သက္ျပင္းရႈိက္ၿပီးေနာက္...

"ဘယ္လိုပဲျဖစ္ျဖစ္ သူေပ်ာ္ေနမယ္လို႔ ငါယုံပါတယ္"

ႏိုင္းခ်င္းေမာ့ၾကည့္ခ်ိန္တြင္ သူ႔ကိုငုံ႔ၾကည့္ေနေသာ အားသစ္ႏွင့္ အၾကည့္ခ်င္းဆုံသြားရ၏။

"အင္း သူေပ်ာ္ေနမွာ..."

ထိုင္ရာက ရပ္ၿပီးေနာက္ အားသစ္၏ မ်က္ႏွာကို အသာကိုင္၏။

"တကယ္ ေပ်ာ္ေနမွာ ဒါေၾကာင့္ အစ္ကို စိတ္မပူနဲ႔ေတာ့"

အားသစ္၏ ႏႈတ္ခမ္းကို ႏိုင္းခ်င္းငုံ႔နမ္းရင္း ေျပာသည္။ အားသစ္၏ လက္ကို သူ ေသခ်ာတြဲထား၏။ အားသစ္ႏႈတ္မွ သူ မဟုတ္သည့္ အျခားသူမ်ား အေၾကာင္းထြက္လာျခင္းႏွင့္ပတ္သက္ၿပီး သဝန္တိုတတ္သည့္ အက်င့္ကို သူ႔ကိုယ္သူ ျပင္ရလိမ့္ဦးမည္ထင္သည္။ သို႔ေသာ္လည္း အခုက သူတို႔စတြဲကာစမို႔ ဘယ္ေလာက္ပဲ အူတိုတတ္တတ္ ဒါကအျပစ္တစ္ခု မျဖစ္လာေလာက္ဘူးမဟုတ္လားေလ။

Continue Reading

You'll Also Like

458K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
242K 36.2K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
108K 11.5K 13
ခ်စ္သည္ထက္ပိုေသာ တစ္ရက္တြင္ ~
3K 492 27
"ဘာမဟုတ်တဲ့ Rover gpကို ရှုံးရအောင် ငါက ဘာမို့လို့လဲ မှတ်ထား Kim Jongin ငါ Doh Kyungsoo က လုံး၀အရှုံးမကြိုက်ဘူး" "sryပဲ Dog Kyungsoo ကိုယ်ကလည်း အမြဲအ...