At 8:30pm
လင္းနက္ႏွင့္ဘတ္စ္ကားဂိတ္တြင္
လမ္းခြဲခဲ့ၾကၿပီး
လမ္းထိပ္ရွိ ေဆးဆိုင္ တစ္ခုတြင္
အေမ့အတြက္ေဆးတစ္ခ်ိဳ႕ဝင္ဝယ္ကာ
ေျခလွမ္းတို႔ကို အိမ္ဆီဦးတည္လိုက္သည္။
ဒီအခ်ိန္ဆို အေမ တံခါးနားမွာ
ထိုင္ေစာင့္ေနေရာေပါ့...
အေဖမရိွေတာ့တဲ့ တစ္ဦးတည္းေသာသားေလးက်ြန္ေတာ့္ကို အေမဟာ ဘယ္ေသာအခါမွ
စိတ္ခ်တယ္ဆိုတာ မရိွခဲ့...
တစ္ခါတစ္ေလ အိမ္ျပန္ေနာက္က်ရင္ေတာင္
ေဘးအိမ္ကလူေတြ အကူအညီနဲ႔
အလုပ္ထိလိုက္လာတတ္တာမ်ိဳး...
အေမ့အေၾကာင္းကို ေတြးမိေတာ့
ၿပံဳးလိုက္မိရင္း ေျခလွမ္းေတြကို
ႏွစ္ဆ ျမန္လိုက္သည္။
ကြၽန္ေတာ္တို႔လမ္းမွာ
နည္းနည္းေခ်ာင္က်တာေၾကာင့္ အိမ္ျပန္ခ်ိန္ဆို
လမ္းေပၚတြင္ လူသြားလူလာေတာင္
သိပ္မရိွတတ္ေတာ့ေပ။
အေတြးေတြနဲ႔ ေလ်ွာက္လာေနတုန္း
တစ္ေနရာေရာက္ေတာ့
ရုတ္တရက္ဆိုသလို ေကာင္းကင္မွ
မိုးစက္မ်ားက အဆက္မျပတ္
ရြာခ်လာေတာ့သည္။
ထီးမပါလာတာေၾကာင့္
အနီးအနားမွာ မိုးခိုစရာ
လိုက္ရွာၾကၫ့္လိုက္ေတာ့
ပ
ိတ္သြားၿပီျဖစ္ေသာ
စာအုပ္ဆိုင္တစ္ဆိုင္အေရ႔ွတြင္
အမိုးေလးရိွေနတာႏွင့္ ေျပးဝင္ခိုလိုက္သည္။
အထဲေရာက္ေတာ့
အက်ီေပၚတြင္ အနည္းငယ္ တြဲခိုေနေသာ
မိုးေရေတြကို လက္ျဖင့္ခါခ်ေနရင္း
ေဘးတြင္ လူတစ္ေယာက္ရိွေနသည္ကို
သတိမထားမိပဲ ထိုလူ႔ကို လက္ဖ်ားႏွင့္
သြားရိုက္မိသည္။
" အာ ေတာင္းပန္ပါတယ္
လူရိွမွန္းသတိမထားမိလိုက္လို႔ပါ "
သ်ိဳငဆက္ အားနာနာနဲ႔ ေျပာလိုက္ေပမယ့္
တစ္ဖက္မွ ျပန္ေျပာဖို႔ေနေနသာ
လွၫ့္ေတာင္ၾကၫ့္မလာေပ။
ထို႔ေၾကာင့္ သ္်ိင္းဆက္လည္း
ေခါင္းျပန္လွၫ့္ကာ လမ္းမထက္ကိုပဲ
အၾကၫ့္ပို႔ထားလိုက္ေတာ့သည္။
မိုးက သည္းသထက္သည္းလာၿပီး
ေလေအးေတြကလည္း
တစိမ့္စိမ့္တိုက္ခတ္ေနသည္။
မလွမ္းမကမ္းက လမ္းမီးတိုင္ေလးက
မိုးေရထဲတြင္ အံတုၿပီး
အလင္းေပးေနလို႔ေတာ္ေသးသည္။
အမိုးမွ တဆင့္ ေျမျပင္ေပၚသို႔
လိမ့္ဆင္းသြားေသာ မိုးေရစက္မ်ားကို
ၾကၫ့္ေနရင္း အေၾကာင္းမဲ့
ေဘးခ်င္းယွဉ္ရပ္ေနေသာလူဆီ
ေခါင္းေစာင္းၾကၫ့္မိသြားသည္။
အေမွာင္က်တဲ့ ဘက္ျခမ္းမွာ
တစ္ကိုယ္လံုး အနက္ေရာင္ဝတ္ၿပီး
ရပ္ေနမွေတာ့ ဝင္လာတုန္းက မေတြ ့မိတာ
ျဖစ္သင့္ပါတယ္ေလ။
ဦးထုပ္အနက္ေရာင္ကို
ခပ္ငိုက္ငိုက္ေဆာင္းထားၿပီး
ရွပ္အက်ီအနက္ကို ေဘာင္းဘီအနက္နဲ႔
တြဲဝတ္ထားသည္မွာ
ရွည္လ်ားေသာ အရပ္ေၾကာင့္
အေမွာင္ထဲမွာပင္ အလြန္Smartက်ေနသည္။
အက်ီလက္ကို တံေတာင္ဆစ္ထိ
ေခါက္တင္ထားေသာေၾကာင့္
ေဖြးျဖဴေနေသာ အသားအေရေပၚတြင္
ေသြးေၾကာမ်ားက အထင္းသား..
" ဟင္!
ပိုင္ရွင္မသိတဲ့ ကြၽန္ေတာ့္ အၾကၫ့္တို႔
တစ္ေနရာသို႔ ေရာက္ေသာအခါ
မ်က္ဝန္းမ်ား ျပဴ းက်ယ္သြားရသည္။
ေသြးေၾကာမ်ား ထင္းေနေသာ
လက္သြယ္သြယ္ေတြၾကားကေန
ေျမျပင္ေပၚကိုတေတာက္ေတာက္နဲ႔
စီးက်ေနတာ
မဟုတ္မွလြဲေရာ ေသြးေတြမ်ားလား..?
" ဒီမွာ...လက္က ေသြးေတြ ထြက္ေနတယ္ "
"......"
သ်ိဳင္းဆက္စိုးရိမ္တႀကီး ေမးလိုက္ေပမယ့္
ထိုလူမွာ မလႈပ္ၿမဲအတိုင္းပင္...
သူမသိတာလား??မျဖစ္ႏိုင္ပါဘူး...
အဲ့ေလာက္အမ်ားႀကီး
ေဒါက္ေလ်ွာက္စ္ီးက်ေနတာကို...
" ဒီ..ဒီမွာ...လက္မွာ ေသြးေတြ အမ်ားႀကီး ထြက္ေနတယ္လို႔..ခင္ဗ်ားဒီအတိုင္းရပ္ေနရင္
ေသြးထြက္လြန္ၿပီး ဒုကၡေရာက္လိမ့္မယ္ "
"...."
သ်ိဳင္းဆက္ သူ႔အနားတိုးကာ
ထပ္မံေျပာလိုက္ေတာ့ ဦးထုပ္ေအာက္က
ၿငိမ္သက္ေနတဲ့ သူ႔မ်က္လံုးေတြ
စတင္လႈပ္ရွားလာၿပီး လွၫ့္ၾကၫ့္လာသည္။
သ်ိဳင္းဆက္ ထိုလူ႔ရဲ့ ေအးစက္စက္
မ်က္လံုးေတြနဲ႔ ဆံုမိတဲ့အခ်ိန္တြင္ေတာ့
တစ္ကိုယ္လံုး ၾကက္သီးမ်ားထကာ
တစ္စံုတစ္ရာကို ေၾကာက္ရြံ႔ေနသလို
ခံစားခ်က္မ်ိဳးႀကီး ျဖစ္ေပၚလာေတာ့သည္။
ထို႔ေၾကာင့္ အၾကၫ့္ေတြကို ဖယ္ခြာလိုက္ၿပီး
" ခင္ဗ်ားလက္ ...."
" ထြက္သြား ..."
" ဗ်ာ "
" ... "
" ေတာင္းပန္ပါတယ္....ကြၽန္ေတာ္က
တစ္ေယာက္ေယာက္ ဒုကၡေရာက္ေနရင္
မကူညီပဲမေနတတ္လို႔ "
သ်ိဳင္းဆက္ ထိုသို႔ေျပာကာ
သူ႔လက္ကို လွမ္းဆြဲလိုက္ၿပီး
ေသြးထြက္ေနတဲ့ ေနရာကို လွန္ေလွာ
ရွာၾကၫ့္လိုက္ေတာ့...
လက္ဖဝါးအလည္တၫ့္တၫ့္တြင္
တစ္ခုခုနွင့္ ရွထားသၫ့္ပံုပင္..
၂လက္မေလာက္ကြဲေနကာ
ေသြးမ်ားကစိမ႔္ထြက္ေနသည္။
သ်ိဳင္းဆက္ သူ႔လက္ကို မလႊတ္ပဲ
က်န္လက္တစ္ဖက္ျဖင့္ လြယ္အိတ္ဇစ္ကိုဖြင့္ကာ လက္ကိုင္ပုဝါ တစ္ထည္ ထုတ္လိုက္သည္။
ထို႔ေနာက္
လက္ကိုင္ပုဝါကို သံုးေခါက္ေခါက္လိုက္ၿပီး
ဒါဏ္ရာကို ပိတ္ကာ စည္းေပးေတာ့
တစ္ခ်က္မွ နာသၫ့္ပံုမေပၚ....
မိမိကိုသာစိုက္ၾကၫ့္ေနတာကို
မ်က္ဝန္းေထာင့္ကေန ေတြ ့ေနရသည္။
သ်ိဳင္းဆက္လက္ကိုင္ပုဝါကို
ေသခ်ာ ခ်ည္ေပးလိုက္ၿပီး...
" ရၿပီ ...မိုးလည္း စဲၿပီဆိုေတာ့
ေဆးခန္းျဖစ္ျဖစ္သြားျပလိုက္ပါ
တစ္လမ္းေက်ာ္မွာ 24နာရီ ေဆးခန္းတစ္ခု
ရိွတယ္.... "
".........."
" ဒါဆို ဂရုစိုက္ပါ ကြၽန္ေတာ္ သြားေတာ့မယ္ "
ဦးထုပ္ေအာက္က စိုက္ၾကၫ့္ေနတဲ့
မ်က္ဝန္းပိုင္ရွင္ကို ႏႈတ္ဆက္ၿပီး
လြယ္အိတ္ကို ေသခ်ာျပန္လြယ္ကာ
အိမ္ျပန္ဖို႔ ေျခလွမ္းျပင္ရေတာ့သည္။
အိမ္မွာ အေမကေစာင့္ေနတာ ၾကာေနၿပီမို႔
စိတ္ပူေနေလာက္ၿပီေလ။
သ်ိဳင္းဆက္ စာအုပ္ဆိုင္ကေန ထြက္ဖို႔
ျပင္လိုက္ခ်ိန္တြင္
က
ားအနက္ေရာင္ ၄ စီးက
အရိွန္ျပင္းစြာ အေရ႔ွသို႔ ထိုးဝင္လာသည္။
ထို့ေနာက္ ကားေတြထဲကေန
ေထာင္ေထာင္ေမာင္းေမာင္းနဲ့
လူ၁၀ေယာက္ေက်ာ္ခန႔္ ထြက္လာၿပီး
ေသနတ္ေတြ ကိုင္ေဆာင္ကာ သ်ိဳင္းဆက္တို႔ကို
ဝိုင္းထားလိုက္ၾကသည္။
ျမန္ဆန္လြန္းၿပီး မႀကံဳဖူးေသာ အေျခအေနကို
မ်က္ျမင္ေတြ ့လိုက္ရေသာေၾကာင့္
သ်ိဳင္းဆက္ ေၾကာင္အန္းသြားကာ...
" ဘာ... ဘာေတြ ျဖစ္ "
" အေနာက္မွာေန"
တည္ၾကည္စြာ ထြက္ေပၚလာေသာ
သူ႔အသံဩဩႏွင့္အတူ
လက္ကိုပါ လွမ္းဆြဲခံလိုက္ရၿပီး
သူ႔ေက်ာျပင္ေနာက္သို႔ ပို႔ျခင္းခံလိုက္ရသည္။
ခပ္ဖြဖြကိုင္ထားေသာ သူ႔လက္ကို
လႊတ္လိုက္ၿပီးေနာက္ ေဘာင္းဘီအိတ္ထဲမွ
ဖုန္းကိုထုတ္ကာ ကြၽန္ေတာ့္အား
အေနာက္ကေန ကမ္းေပးေနျပန္သည္။
ဖုန္းကိုလွမ္းယူလိုက္ေတာ့ အေနာက္သို႔ ေခါင္းအနည္းငယ္ေစာင္းၾကၫ့္လာၿပီး
" Powerဖြင့္ၿပီး 1 ကိုေခၚ "
" ဗ်ာ..199 ကို ေခၚရမွာ မဟုတ္ဘူးလား "
" အခ်ိန္မရိွဘူး "
သ်ိဳင္းဆက္ သူ႔ေနာက္ေက်ာကိုသာ
နားမလည္ႏိုင္စြာ ၾကၫ့္ေနမိသည္။
သူဘာကို ေျပာခ်င္တာလဲ?
ၿပီးေတာ့ အဲ့လူေတြက ဘယ္သူေတြလဲ...
ဘာပဲျဖစ္ျဖစ္ ဒီလိုအေျခအေနမွာ
သူေျပာတဲ့ အတိုင္း လုပ္ရံုအျပင္မတတ္ႏိုင္....
ကြၽန္ေတာ့္ကို ေသနတ္ေတြၾကားမွာ
သူ႔ကိုယ္နဲ႔ ကာေပးထားတဲ့
လူတစ္ေယာက္ကိုေတာ့ ယံုလို႔ရတယ္မလား...
သ်ိဳင္းဆက္ powerခလုတ္ကို ႏိွပ္ကာ
screen လင္းလာမွာ စိုး၍
ကိုယ္ႏွင့္ခန ကပ္ထားလိုက္သည္။
ျပီးမွ သူ႔ကိုယ္ႏွင့္ကြယ္ကာ
No 1ကို ႏိွပ္ကာေခၚေနတုန္း...
" ဇက္! "
ဝိုင္းထားတဲ့ လူေတြၾကားကေန
လူတစ္ေယာက္ တိုးထြက္လာၿပီး ေခၚလိုက္တဲ့ အသံေၾကာင့္ သ်ိဳင္းဆက္ လန႔္ျဖန့္သြားကာ
ဖုန္းကို ေဘာင္းဘီအိတ္ထဲ
အတင္းထိုးထၫ့္လိုက္ရသည္။
ထိုလူက ပစၥတို တစ္လတ္ကို ကိုင္ကာ
ဇက္ဆိုေသာသူနား ကပ္လာၿပီး....
" မေတြ ့ရတာေတာင္ အေတာ္ၾကာၿပီပဲ...
ဂူေအာင္းေနတတ္တဲ့ က်ားတစ္ေကာင္ကို
ဒီလိုေနရာမွာ တစ္ေကာင္တည္း ေတြ ့ရလိမ့္မယ္လို႔ မထင္ထားဘူး ဟက္! "
" ဘာလိုခ်င္လို႔လဲ "
" မင္းရဲ့အေလာင္း "
ထိုလူသည္ ေျပာၿပီးၿပီးခ်င္း
လက္ထဲရိွ ေသနတ္ကို
သူ႔နဖူးတၫ့္တၫ့္ကို ခ်ိန္လိုက္ၿပီး
ေမာင္းတင္လိုက္ေသာအခါ
ေနာက္မွ လူမ်ားကလည္း တဆက္တည္း
ေသနတ္ေတြကို ေမာင္းတင္လိုက္ၾကသည္။
ၿပီးေနာက္ ထိုလူက ေလွာင္ရယ္ေသာ အၿပံဳးတစ္ခု ၿပံဳးလိုက္ရင္း
" ေနာက္ဆံုအေနနဲ႔ဘာေျပာခ်င္ေသးလဲ ဇက္! "
ေသနတ္နဲ႔လူရဲ့ အေမးကို
ဇက္က မ်က္ႏွာခ်င္းဆိုင္ရိွ
တိုက္ေခါင္မိုးေပၚ လွမ္းၾကၫ့္လိုက္ၿပီး
တစ္လံုးခ်င္း တည္ၿငိမ္စြာေျဖလိုက္သည္။
"မင္းငါ့ကို အခုမပစ္ရင္
ခနေန မင္းေသရတာ့မယ္ "
ဇက္ရဲ့စကားေၾကာင့္ ေသနတ္နဲ႔လူက
မ်က္ခံုးေတြ တြန႔္က်ိဳးသြားကာ တိုက္ေခါင္မိုးေပၚ
လွမ္းၾကၫ့္ဖို႔ျပင္လိုက္ခ်ိန္ ေသနတ္သံ
သံုးခ်က္ၾကားလိုက္ရၿပီး အနီးနားရိွ
လမ္းမီးတိုင္မ်ား အက္ကြဲက်ကုန္ကာ
ေဘးပတ္ဝန္းက်င္တြင္ ခ်က္ခ်င္းဆိုသလို
အေမွာင္က်သြားေလသည္။
ထို႔ေနာက္ တစ္ေယာက္ေယာက္ရဲ့
နာက်င္စြာ ေအာ္ညည္းသံကို ၾကားလိုက္ရၿပီး
ေသနတ္သံ ေျမာက္မ်ားစြာက နားထဲ
လံုးဝင္လာတာေၾကာင့္ သ်ိဳင္းဆက္
ထိတ္လန႔္မႈႏွင့္ အတူမ်က္စိစံုမိွတ္၍
နားႏွစ္ဖက္အုပ္ကာ ထိုင္ခ်လိုက္သည္။
ဘာေတျြဖစ္ကုန္တာလဲ..
သူ႔ကို ပစ္လိုက္ၿပီလား?
သူ... ေသသြားၿပီလား....?
သ်ိဳင္းဆက္ ဆူညံလြန္းေသာ အသံေတြၾကား
ေၾကာက္စိတ္ေၾကာင့္ မ်က္ရည္မ်ား
စီးက်လာၿပီး ေျခေထာက္ေတြပင္
လႈပ္မရေတာ့ပဲ ေလးပင္လာသည္။
ထိုခ်ိန္ ရုတ္တရက္
ကိုယ္ကို ဆြဲေပြ ့ခ်ီခံလိုက္ရေသာေၾကာင့္
မ်က္စိဖြင့္ၾကၫ့္လိုက္တာ့ ...
" ခင္..ခင္ဗ်ား....မေသဘူး? "
ဒါဆို ခုနက ေသနတ္သံေတြက...
ဘယ္သူ႔ကို ပစ္လိုက္တာလဲ???
သ်ိဳင္းဆက္ ရုတ္ရုတ္သဲသဲ ျဖစ္ေနေသာ
လူအုပ္ႀကီးကို လွမ္းၾကၫ့္ဖို႔ ျပင္လိုက္ခ်ိန္
ဇက္က သူ႔ခႏၶာကိုယ္ႏွင့္ လွၫ့္ကာ
ကြယ္လိုက္ၿပီး
ခပ္လွမ္းလွမ္းတြင္ ရပ္ထားေသာ
ကားတစ္စီးဆီ ေခၚေဆာင္လာသည္။
ထိုကားနားတြင္ လူတစ္ေယာက္ရပ္ေနၿပီး
ကားတံခါးအား အဆင္သင့္ဖြင့္ေပးထားသည္။
ဇက္သည္ သ်ိဳင္းဆက္အား ေပြ့ခ်ီလ်ွက္ပင္
ကားထဲသို႔ ဝင္ထိုင္ကာ သ်ိဳင္းဆက္ကို
ေဘးဘက္သို႔ အသာေလး ခ်ေပးလိုက္သည္။
" ဆရာ...သူကဘယ္သူလဲ.. "
အေရ႔ွဘက္မွ အသံေၾကာင့္ သ်ိဳင္းဆက္ ၾကၫ့္လိုက္ေတာ့ ဦးထုပ္အနက္ေရာင္
က
ုတ္အက်ီအနက္ေရာင္ႏွင့္ လူတစ္ေယာက္က
ကားစတီယာတိုင္ကို ကိုင္ကာ
ေနာက္ၾကၫ့္မွန္ကေနတဆင့္
သ်ိဳင္းဆက္ကိုစူးစမ္းသလိုၾကၫ့္ေနသည္။
" သူ႔အိမ္ကိုေမာင္း "
ဇက္စကားေၾကာင့္ အေရ႔ွကလူက ခန
တိတ္ဆိတ္သြားၿပီး....
" ေဟး...မင္းအိမ္က ဘယ္နားမွာလဲ "
" တၫ့္တၫ့္သြားၿပီး ေလးခြဆိုင္ဆို
ေရာက္ပါၿပီ"
ကြၽန္ေတာ့္စကားဆံုးသည္နွင့္ အေရ႔ွမွ လူက ကားတံခါးေတြ ေလာ့ခ်ၿပီး
စက္ႏႈိးကာ စတင္ထြက္ခြာေတာ့သည္။
ကားထဲက Airconေၾကာင့္ေရာ
မိုးေရစိုးထားတာေတြေၾကာင့္ေရာ
သ်ိဳင္းဆက္ ေအးကာ ခႏၶာကိုယ္ပင္
အနည္းငယ္တုန္ယင္ေနသည္။
ျဖစ္ပ်က္သြားေသာ အေျခအေနေတြကို
ထိတ္လန႔္စြာ ျပန္ေတြးရင္း
ေအးစက္ေနေသာ လက္ႏွစ္ဖက္ကို
စိတ္ေျပလိုေျပညား အခ်င္းခ်င္း
ဆုပ္နယ္ေနမိေတာ့သည္။
အိမ္ကိုသာ ျမန္ျမန္ေရာက္ပါေစလို႔ပဲ
စိတ္ထဲက အႀကိမ္ႀကိမ္ဆုေတာင္းေနမိသည္။
ထိုအခ်ိန္ ေနြးေထြးေသာ ကုတ္အက်ီ
တစ္ထည္က သ်ိဳင္းဆက္ကိုယ္ေပၚ
ေရာက္လာၿပီး...
" ကိုယ္မင္းကို ထြက္သြားလို႔ ေျပာခဲ့တယ္ေလ "
"ဗ်ာ... ဒါဆို..ဒီလိုေတြ ျဖစ္လာေတာ့မွာကို
ခင္ဗ်ား ႀကိဳသိေနခဲ့တာလား "
ကြၽန္ေတာ့္အေမးကို
သူက ခပ္ဟဟရယ္ရင္း ေျဖသည္။
" ဒါေတြက ျဖစ္ေနက်ပါ "
ျဖစ္ေနက်???
ဒါ့ေၾကာင့္ သူက ေသနတ္ေတြေရ႔ွမွာ
တည္တည္ၿငိမ္ၿငိမ္နဲ႔ ေနႏိုင္ခဲ့တာလား...
ကြၽန္ေတာ္ သူ႔ကိုနားမလည္ႏိုင္စြာ
ၾကၫ့္ေနမိသည္။
သူကဘယ္သူမို႔ ဟိုလူေတြက သူ႔ကို
သတ္ခ်င္ေနရတာလဲ??
သူက မေကာင္းတဲ့အလုပ္ေတြ လုပ္တဲ့လူလား?
ေမးခြန္းမ်ားစြာနဲ႔ စိုက္ၾကၫ့္ေနရင္းမွ
သူ႔လည္ပင္းရိွ တက္တူးတစ္ခုကို
ကြၽန္ေတာ္ သတိထားမိသြားသည္။
တက္တူးပံုစံမွာ လည္ပင္းအေရ႔ွဘက္တြင္
ရိွသည္။
လည္ဇလုတ္ေအာက္တြင္ ဓါးရွည္တစ္လတ္ပံု
ရိွၿပီး ထိုဓါးရွည္ရဲ့ ေဘးႏွစ္လက္တြင္
ျပန႔္ကားထြက္ေနေသာ အေတာင္ပံ ႏွစ္ဖက္
လည္းပါရိွသည္။
တက္တူးကို စိတ္ဝင္စားေနတုန္း
ဆံပင္စပ္ကို လာထိတဲ့ အထိအေတြ့ေၾကာင့္
ေမာ့ၾကၫ့္လိုက္ေတာ့
သူဟာ ကြၽန္ေတာ့္အနားတိုးကပ္လာကာ
ေရစိုေနလို႔ ဖြာက်ေနတဲ့ ကြၽန္ေတာ့္
ဆံပင္ေတြကို လက္နဲ႔ ထိၾကၫ့္လာၿပီး
" မင္းက အလွေမြးတဲ့ ေခြးေပါက္ေလးနဲ႔တူတယ္
ကိုယ္မင္းကို အိမ္မွာ ေမြးထားခ်င္တယ္ "
"......."
ရုတ္တရက္ ေျပာလိုက္ေသာ သူ႔စကားကို
ကြၽန္ေတာ္ နားမလည္၍ ေၾကာင္ၾကၫ့္
ေနစဉ္မွာပင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ့
မ်က္နွာေတြဟာ
ဝင္ေလထြက္ေလေတြကိုေတာင္
အခ်င္းခ်င္း သတိျပဳမိေလာက္တဲ့ထိ နီးကပ္ေနခဲ့ေလၿပီ။
ကြၽန္ေတာ္ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔
သူ႔ကို တြန္းဖယ္လိုက္ေတာ့ သူကၿပံဳးၿပီး
ကြၽန္ေတာ့္ကို စိုက္ၾကၫ့္ေနျပန္သည္။
ထို႔ေၾကာင့္...
" ကားရပ္ေပးပါ..
ကြၽန္ေတာ္ ဒီမွာပဲ ဆင္းေတာ့မယ္"
အေရ႔ွက လူကို သ်ိဳင္းဆက္ လွမ္းေျပာလိုက္ၿပီး
သူ႔ကုတ္အက်ီအား ခြၽတ္ကာ ေဘးတြင္ခ်ထားလိုက္သည္။
ခနအၾကာတြင္ ကားရပ္သြားသည္ႏွင့္
ကားတံခါးဖြင့္ကာ ကြၽန္ေတာ္ ေျပးဆင္း
လိုက္ေတာ့သည္။
ထူးဆန္းတယ္ အဲ့လူရဲ့ အၿပံဳးေတြ....
ၿပီးေတာ့ သူ႔မ်က္လံုးေတြကလည္း
ေၾကာက္ဖို႔လည္းေကာင္းတယ္။
~~~~Thank~~~~
At 8:30pm
လင်းနက်နှင့်ဘတ်စ်ကားဂိတ်တွင်
လမ်းခွဲခဲ့ကြပြီး
လမ်းထိပ်ရှိ ဆေးဆိုင် တစ်ခုတွင်
အမေ့အတွက်ဆေးတစ်ချို့ဝင်ဝယ်ကာ
ခြေလှမ်းတို့ကို အိမ်ဆီဦးတည်လိုက်သည်။
ဒီအချိန်ဆို အမေ တံခါးနားမှာ
ထိုင်စောင့်နေရောပေါ့...
အဖေမရှိတော့တဲ့ တစ်ဦးတည်းသောသားလေးကျွန်တော့်ကို အမေဟာ ဘယ်သောအခါမှ
စိတ်ချတယ်ဆိုတာ မရှိခဲ့...
တစ်ခါတစ်လေ အိမ်ပြန်နောက်ကျရင်တောင်
ဘေးအိမ်ကလူတွေ အကူအညီနဲ့
အလုပ်ထိလိုက်လာတတ်တာမျိုး...
အမေ့အကြောင်းကို တွေးမိတော့
ပြုံးလိုက်မိရင်း ခြေလှမ်းတွေကို
နှစ်ဆ မြန်လိုက်သည်။
ကျွန်တော်တို့လမ်းမှာ
နည်းနည်းချောင်ကျတာကြောင့် အိမ်ပြန်ချိန်ဆို
လမ်းပေါ်တွင် လူသွားလူလာတောင်
သိပ်မရှိတတ်တော့ပေ။
အတွေးတွေနဲ့ လျှောက်လာနေတုန်း
တစ်နေရာရောက်တော့
ရုတ်တရက်ဆိုသလို ကောင်းကင်မှ
မိုးစက်များက အဆက်မပြတ်
ရွာချလာတော့သည်။
ထီးမပါလာတာကြောင့်
အနီးအနားမှာ မိုးခိုစရာ
လိုက်ရှာကြည့်လိုက်တော့
ပိတ်သွားပြီဖြစ်သော
စာအုပ်ဆိုင်တစ်ဆိုင်အရှေ့တွင်
အမိုးလေးရှိနေတာနှင့် ပြေးဝင်ခိုလိုက်သည်။
အထဲရောက်တော့
အကျီပေါ်တွင် အနည်းငယ် တွဲခိုနေသော
မိုးရေတွေကို လက်ဖြင့်ခါချနေရင်း
ဘေးတွင် လူတစ်ယောက်ရှိနေသည်ကို
သတိမထားမိပဲ ထိုလူ့ကို လက်ဖျားနှင့်
သွားရိုက်မိသည်။
" အာ တောင်းပန်ပါတယ်
လူရှိမှန်းသတိမထားမိလိုက်လို့ပါ "
သျိုင်းဆက် အားနာနာနဲ့ ပြောလိုက်ပေမယ့်
တစ်ဖက်မှ ပြန်ပြောဖို့နေနေသာ
လှည့်တောင်ကြည့်မလာပေ။
ထို့ကြောင့် သျိုင်းဆက်လည်း
ခေါင်းပြန်လှည့်ကာ လမ်းမထက်ကိုပဲ
အကြည့်ပို့ထားလိုက်တော့သည်။
မိုးက သည်းသထက်သည်းလာပြီး
လေအေးတွေကလည်း
တစိမ့်စိမ့်တိုက်ခတ်နေသည်။
မလှမ်းမကမ်းက လမ်းမီးတိုင်လေးက
မိုးရေထဲတွင် အံတုပြီး
အလင်းပေးနေလို့တော်သေးသည်။
အမိုးမှ တဆင့် မြေပြင်ပေါ်သို့
လိမ့်ဆင်းသွားသော မိုးရေစက်များကို
ကြည့်နေရင်း အကြောင်းမဲ့
ဘေးချင်းယှဉ်ရပ်နေသောလူဆီ
ခေါင်းစောင်းကြည့်မိသွားသည်။
အမှောင်ကျတဲ့ ဘက်ခြမ်းမှာ
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ပြီး
ရပ်နေမှတော့ ဝင်လာတုန်းက မတွေ့မိတာ
ဖြစ်သင့်ပါတယ်လေ။
ဦးထုပ်အနက်ရောင်ကို
ခပ်ငိုက်ငိုက်ဆောင်းထားပြီး
ရှပ်အကျီအနက်ကို ဘောင်းဘီအနက်နဲ့
တွဲဝတ်ထားသည်မှာ
ရှည်လျားသော အရပ်ကြောင့်
အမှောင်ထဲမှာပင် အလွန်Smartကျနေသည်။
အကျီလက်ကို တံတောင်ဆစ်ထိ
ခေါက်တင်ထားသောကြောင့်
ဖွေးဖြူနေသော အသားအရေပေါ်တွင်
သွေးကြောများက အထင်းသား..
" ဟင်!
ပိုင်ရှင်မသိတဲ့ ကျွန်တော့် အကြည့်တို့
တစ်နေရာသို့ ရောက်သောအခါ
မျက်ဝန်းများ ပြူးကျယ်သွားရသည်။
သွေးကြောများ ထင်းနေသော
လက်သွယ်သွယ်တွေကြားကနေ
မြေပြင်ပေါ်ကိုတတောက်တောက်နဲ့
စီးကျနေတာ
မဟုတ်မှလွဲရော သွေးတွေများလား..?
" ဒီမှာ...လက်က သွေးတွေ ထွက်နေတယ် "
"......"
သျိုင်းဆက်စိုးရိမ်တကြီး မေးလိုက်ပေမယ့်
ထိုလူမှာ မလှုပ်မြဲအတိုင်းပင်...
သူမသိတာလား??မဖြစ်နိုင်ပါဘူး...
အဲ့လောက်အများကြီး
တောက်လျှောက်စ်ီးကျနေတာကို...
" ဒီ..ဒီမှာ...လက်မှာ သွေးတွေ အများကြီး ထွက်နေတယ်လို့..ခင်ဗျားဒီအတိုင်းရပ်နေရင်
သွေးထွက်လွန်ပြီး ဒုက္ခရောက်လိမ့်မယ် "
"...."
သျိုင်းဆက် သူ့အနားတိုးကာ
ထပ်မံပြောလိုက်တော့ ဦးထုပ်အောက်က
ငြိမ်သက်နေတဲ့ သူ့မျက်လုံးတွေ
စတင်လှုပ်ရှားလာပြီး လှည့်ကြည့်လာသည်။
သျိုင်းဆက် ထိုလူ့ရဲ့ အေးစက်စက်
မျက်လုံးတွေနဲ့ ဆုံမိတဲ့အချိန်တွင်တော့
တစ်ကိုယ်လုံး ကြက်သီးများထကာ
တစ်စုံတစ်ရာကို ကြောက်ရွံ့နေသလို
ခံစားချက်မျိုးကြီး ဖြစ်ပေါ်လာတော့သည်။
ထို့ကြောင့် အကြည့်တွေကို ဖယ်ခွာလိုက်ပြီး
" ခင်ဗျားလက် ...."
" ထွက်သွား ..."
" ဗျာ "
" ... "
" တောင်းပန်ပါတယ်....ကျွန်တော်က
တစ်ယောက်ယောက် ဒုက္ခရောက်နေရင်
မကူညီပဲမနေတတ်လို့ "
သျိုင်းဆက် ထိုသို့ပြောကာ
သူ့လက်ကို လှမ်းဆွဲလိုက်ပြီး
သွေးထွက်နေတဲ့ နေရာကို လှန်လှော
ရှာကြည့်လိုက်တော့...
လက်ဖဝါးအလည်တည့်တည့်တွင်
တစ်ခုခုနှင့် ရှထားသည့်ပုံပင်..
၂လက်မလောက်ကွဲနေကာ
သွေးများကစိမ့်ထွက်နေသည်။
သျိုင်းဆက် သူ့လက်ကို မလွှတ်ပဲ
ကျန်လက်တစ်ဖက်ဖြင့် လွယ်အိတ်ဇစ်ကိုဖွင့်ကာ လက်ကိုင်ပုဝါ တစ်ထည် ထုတ်လိုက်သည်။
ထို့နောက်
လက်ကိုင်ပုဝါကို သုံးခေါက်ခေါက်လိုက်ပြီး
ဒါဏ်ရာကို ပိတ်ကာ စည်းပေးတော့
တစ်ချက်မှ နာသည့်ပုံမပေါ်....
မိမိကိုသာစိုက်ကြည့်နေတာကို
မျက်ဝန်းထောင့်ကနေ တွေ့နေရသည်။
သျိုင်းဆက်လက်ကိုင်ပုဝါကို
သေချာ ချည်ပေးလိုက်ပြီး...
" ရပြီ ...မိုးလည်း စဲပြီဆိုတော့
ဆေးခန်းဖြစ်ဖြစ်သွားပြလိုက်ပါ
တစ်လမ်းကျော်မှာ 24နာရီ ဆေးခန်းတစ်ခု
ရှိတယ်.... "
".........."
" ဒါဆို ဂရုစိုက်ပါ ကျွန်တော် သွားတော့မယ် "
ဦးထုပ်အောက်က စိုက်ကြည့်နေတဲ့
မျက်ဝန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး
လွယ်အိတ်ကို သေချာပြန်လွယ်ကာ
အိမ်ပြန်ဖို့ ခြေလှမ်းပြင်ရတော့သည်။
အိမ်မှာ အမေကစောင့်နေတာ ကြာနေပြီမို့
စိတ်ပူနေလောက်ပြီလေ။
သျိုင်းဆက် စာအုပ်ဆိုင်ကနေ ထွက်ဖို့
ပြင်လိုက်ချိန်မှာပဲ
ကားအနက်ရောင် ၄ စီးက
အရှိန်ပြင်းစွာ အရှေ့သို့ ထိုးဝင်လာသည်။
ထို့နောက် ကားတွေထဲကနေ
ထောင်ထောင်မောင်းမောင်းနဲ့
လူ၁၀ယောက်ကျော်ခန့် ထွက်လာပြီး
သေနတ်တွေ ကိုင်ဆောင်ကာ သျိုင်းဆက်တို့ကို
ဝိုင်းထားလိုက်ကြသည်။
မြန်ဆန်လွန်းပြီး မကြုံဖူးသော အခြေအနေကို
မျက်မြင်တွေ့လိုက်ရသောကြောင့်
သျိုင်းဆက် ကြောင်အန်းသွားကာ...
" ဘာ... ဘာတွေ ဖြစ် "
" အနောက်မှာနေ"
တည်ကြည်စွာ ထွက်ပေါ်လာသော
သူ့အသံဩဩနှင့်အတူ
လက်ကိုပါ လှမ်းဆွဲခံလိုက်ရပြီး
သူ့ကျောပြင်နောက်သို့ ပို့ခြင်းခံလိုက်ရသည်။
ခပ်ဖွဖွကိုင်ထားသော သူ့လက်ကို
လွှတ်လိုက်ပြီးနောက် ဘောင်းဘီအိတ်ထဲမှ
ဖုန်းကိုထုတ်ကာ ကျွန်တော့်အား
အနောက်ကနေ ကမ်းပေးနေပြန်သည်။
ဖုန်းကိုလှမ်းယူလိုက်တော့ အနောက်သို့ ခေါင်းအနည်းငယ်စောင်းကြည့်လာပြီး
" Powerဖွင့်ပြီး 1 ကိုခေါ် "
" ဗျာ..199 ကို ခေါ်ရမှာ မဟုတ်ဘူးလား "
" အချိန်မရှိဘူး "
သျိုင်းဆက် သူ့နောက်ကျောကိုသာ
နားမလည်နိုင်စွာ ကြည့်နေမိသည်။
သူဘာကို ပြောချင်တာလဲ?
ပြီးတော့ အဲ့လူတွေက ဘယ်သူတွေလဲ...
ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ
သူပြောတဲ့ အတိုင်း လုပ်ရုံအပြင်မတတ်နိုင်....
ကျွန်တော့်ကို သေနတ်တွေကြားမှာ
သူ့ကိုယ်နဲ့ ကာပေးထားတဲ့
လူတစ်ယောက်ကိုတော့ ယုံလို့ရတယ်မလား...
သျိုင်းဆက် powerခလုတ်ကို နှိပ်ကာ
screen လင်းလာမှာ စိုး၍
ကိုယ်နှင့်ခန ကပ်ထားလိုက်သည်။
ပြီးမှ သူ့ကိုယ်နှင့်ကွယ်ကာ
No 1ကို နှိပ်ကာခေါ်နေတုန်း...
" ဇက်! "
ဝိုင်းထားတဲ့ လူတွေကြားကနေ
လူတစ်ယောက် တိုးထွက်လာပြီး ခေါ်လိုက်တဲ့ အသံကြောင့် သျိုင်းဆက် လန့်ဖြန့်သွားကာ
ဖုန်းကို ဘောင်းဘီအိတ်ထဲ
အတင်းထိုးထည့်လိုက်ရသည်။
ပစ်စတိုတစ်လတ် ကိုင်ထားသော ထိုလူက
ဇက်ဆိုသော ကျွန်တော့ရှေ့ကလူဆီ ကပ်လာပြီး..
" မတွေ့ရတာတောင် အတော်ကြာပြီပဲ...
ဂူအောင်းနေတတ်တဲ့ ကျားတစ်ကောင်ကို
ဒီလိုနေရာမှာ တစ်ကောင်တည်း တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ဟက်! "
" ဘာလိုချင်လို့လဲ "
" မင်းရဲ့အလောင်း "
ထိုလူက ပြောပြီးပြီးချင်း
လက်ထဲရှိ သေနတ်ကို
သူ့နဖူးတည့်တည့်ကို ချိန်လိုက်ပြီး
မောင်းတင်လိုက်သောအခါ
နောက်မှ လူများကလည်း တစ်ဆက်တည်း
သေနတ်တွေကို မောင်းတင်လိုက်ကြသည်။
ပြီးနောက် ထိုလူက လှောင်ရယ်သော အပြုံးတစ်ခု ပြုံးလိုက်ရင်း
" နောက်ဆုံအနေနဲ့ဘာပြောချင်သေးလဲ ဇက်! "
သေနတ်နဲ့လူရဲ့ အမေးကို
ဇက်က မျက်နှာချင်းဆိုင်ရှိ
တိုက်ခေါင်မိုးပေါ် လှမ်းကြည့်လိုက်ပြီး
တစ်လုံးချင်း တည်ငြိမ်စွာဖြေလိုက်သည်။
"မင်းငါ့ကို အခုမပစ်ရင်
ခနေန မင်းသေရတာ့မယ် "
ဇက်ရဲ့စကားကြောင့် သေနတ်နဲ့လူက
မျက်ခုံးတွေ တွန့်ကျိုးသွားကာ တိုက်ခေါင်မိုးပေါ်
လှမ်းကြည့်ဖို့ပြင်လိုက်ချိန် သေနတ်သံ
သုံးချက်ကြားလိုက်ရပြီး အနီးနားရှိ
လမ်းမီးတိုင်များ အကုန်ကျကွဲသွားကာ
ဘေးပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို
အမှောင်ကျသွားလေသည်။
ထို့နောက် တစ်ယောက်ယောက်ရဲ့
နာကျင်စွာ အော်ညည်းသံကို ကြားလိုက်ရပြီး
သေနတ်သံ မြောက်များစွာက နားထဲ
လုံးဝင်လာတာကြောင့် သျိုင်းဆက်
ထိတ်လန့်မှုနှင့် အတူမျက်စိစုံမှိတ်၍
နားနှစ်ဖက်အုပ်ကာ ထိုင်ချလိုက်သည်။
ဘာတွေဖစ်ကုန်တာလဲ..
သူ့ကို ပစ်လိုက်ပြီလား?
သူ... သေသွားပြီလား....?
သျိုင်းဆက် ဆူညံလွန်းသော အသံတွေကြား
ကြောက်စိတ်ကြောင့် မျက်ရည်များ
စီးကျလာပြီး ခြေထောက်တွေပင်
လှုပ်မရတော့ပဲ လေးပင်လာသည်။
ထိုစဉ် ရုတ်တရက်
ကိုယ်ကို ဆွဲပွေ့ချီခံလိုက်ရသောကြောင့်
မျက်စိဖွင့်ကြည့်လိုက်တာ့ ...
" ခင်..ခင်ဗျား....မသေဘူးပေါ့ "
ဒါဆို ခုနက သေနတ်သံတွေက...
ဘယ်သူ့ကို ပစ်လိုက်တာလဲ???
သျိုင်းဆက် ရုတ်ရုတ်သဲသဲ ဖြစ်နေသော
လူအုပ်ကြီးကို လှမ်းကြည့်ဖို့ ပြင်လိုက်ချိန်
ဇက်က သူ့ခန္ဓာကိုယ်နှင့် လှည့်ကာ
ကွယ်လိုက်ပြီး
ခပ်လှမ်းလှမ်းတွင် ရပ်ထားသော
ကားတစ်စီးဆီ ခေါ်ဆောင်လာသည်။
ထိုကားနားတွင် လူတစ်ယောက်ရပ်နေပြီး
ကားတံခါးအား အဆင်သင့်ဖွင့်ပေးထားသည်။
ဇက်သည် သျိုင်းဆက်အား ပွေ့ချီလျှက်ပင်
ကားထဲသို့ ဝင်ထိုင်ကာ သျိုင်းဆက်ကို
ဘေးဘက်သို့ အသာလေး ချပေးလိုက်သည်။
" ဆရာ...သူကဘယ်သူလဲ.. "
အရှေ့ဘက်မှ အသံကြောင့် သျိုင်းဆက် ကြည့်လိုက်တော့ ဦးထုပ်အနက်ရောင်
ကုတ်အကျီအနက်ရောင်နှင့် လူတစ်ယောက်က
ကားစတီယာတိုင်ကို ကိုင်ကာ
နောက်ကြည့်မှန်ကနေတဆင့်
သျိုင်းဆက်ကိုစူးစမ်းသလိုကြည့်နေသည်။
" သူ့အိမ်ကိုမောင်း "
ဇက်စကားကြောင့် အရှေ့ကလူက ခန
တိတ်ဆိတ်သွားပြီး....
" ဟေး...မင်းအိမ်က ဘယ်နားမှာလဲ "
" တည့်တည့်သွားပြီး လေးခွဆိုင်ဆို
ရောက်ပါပြီ"
ကျွန်တော့်စကားဆုံးသည်နှင့် အရှေ့မှ လူက ကားတံခါးတွေ လော့ချပြီး
စက်နှိုးကာ စတင်ထွက်ခွာတော့သည်။
ကားထဲက Airconကြောင့်ရော
မိုးရေစိုးထားတာတွေကြောင့်ရော
သျိုင်းဆက် အေးကာ ခန္ဓာကိုယ်ပင်
အနည်းငယ်တုန်ယင်နေသည်။
ဖြစ်ပျက်သွားသော အခြေအနေတွေကို
ထိတ်လန့်စွာ ပြန်တွေးရင်း
အေးစက်နေသော လက်နှစ်ဖက်ကို
စိတ်ပြေလိုပြေညား အချင်းချင်း
ဆုပ်နယ်နေမိတော့သည်။
အိမ်ကိုသာ မြန်မြန်ရောက်ပါစေလို့ပဲ
စိတ်ထဲက အကြိမ်ကြိမ်ဆုတောင်းနေမိသည်။
ထိုအချိန် နွေးထွေးသော ကုတ်အကျီ
တစ်ထည်က သျိုင်းဆက်ကိုယ်ပေါ်
ရောက်လာပြီး...
" ကိုယ်မင်းကို ထွက်သွားလို့ ပြောခဲ့တယ်လေ "
"ဗျာ... ဒါဆို..ဒီလိုတွေ ဖြစ်လာတော့မှာကို
ခင်ဗျား ကြိုသိနေခဲ့တာလား "
ကျွန်တော့်အမေးကို
သူက ခပ်ဟဟရယ်ရင်း ဖြေသည်။
" ဒါတွေက ဖြစ်နေကျပါ "
ဖြစ်နေကျ???
ဒါ့ကြောင့် သူက သေနတ်တွေရှေ့မှာ
တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်ခဲ့တာလား...
ကျွန်တော် သူ့ကိုနားမလည်နိုင်စွာ
ကြည့်နေမိသည်။
သူကဘယ်သူမို့ ဟိုလူတွေက သူ့ကို
သတ်ချင်နေရတာလဲ??
သူက မကောင်းတဲ့အလုပ်တွေ လုပ်တဲ့လူလား?
မေးခွန်းများစွာနဲ့ စိုက်ကြည့်နေရင်းမှ
သူ့လည်ပင်းရှိ တက်တူးတစ်ခုကို
သျိုင်းဆက် သတိထားမိသွားသည်။
တက်တူးပုံစံမှာ လည်ပင်းအရှေ့ဘက်တွင်
ရှိသည်။
လည်ဇလုတ်အောက်တွင် ဓါးရှည်တစ်လတ်ပုံ
ရှိပြီး ထိုဓါးရှည်ရဲ့ ဘေးနှစ်လက်တွင်
ပြန့်ကားထွက်နေသော အတောင်ပံ နှစ်ဖက်
လည်းပါရှိသည်။
တက်တူးကို စိတ်ဝင်စားနေတုန်း
ဆံပင်စပ်ကို လာထိတဲ့ အထိအတွေ့ကြောင့်
မော့ကြည့်လိုက်တော့
သူဟာ ကျွန်တော့်အနားတိုးကပ်လာကာ
ရေစိုနေလို့ ဖွာကျနေတဲ့ ကျွန်တော့်
ဆံပင်တွေကို လက်နဲ့ ထိကြည့်လာပြီး
" မင်းက အလှမွေး တဲ့ ခွေးပေါက်လေးနဲ့တူတယ်
ကိုယ်မင်းကို အိမ်မှာ မွေးထားချင်တယ် "
"......."
ရုတ်တရက် ပြောလိုက်သော သူ့စကားကို
ကျွန်တော် နားမလည်၍ ကြောင်ကြည့်
နေစဉ်မှာပင် ကျွန်တော်တို့နှစ်ယောက်ရဲ့
မျက်နှာတွေဟာ
ဝင်လေထွက်လေတွေကိုတောင်
အချင်းချင်း သတိပြုမိလောက်တဲ့ထိ နီးကပ်နေခဲ့လေပြီ။
ကျွန်တောိ ကြောက်ကြောက်လန့်လန့်နဲ့
သူ့ကို တွန်းဖယ်လိုက်တော့ သူကပြုံးပြီး
ကျွန်တော့်ကို စိုက်ကြည့်နေပြန်သည်။
" ကားရပ်ပေးပါ..
ကျွန်တော် ဒီမှာပဲ ဆင်းတော့မယ်"
အရှေ့က လူကို သျိုင်းဆက် လှမ်းပြောလိုက်ပြီး
သူ့ကုတ်အကျီအား ချွတ်ကာ ဘေးတွင်ချထားလိုက်သည်။
ခနအကြာတွင် ကားရပ်သွားသည်နှင့်
ကားတံခါးဖွင့်ကာ ကျွန်တော် ပြေးဆင်း
လိုက်တော့သည်။
ထူးဆန်းတယ် အဲ့လူရဲ့ အပြုံးတွေ....
ပြီးတော့ သူ့မျက်လုံးတွေကလည်း အေးစက်စက်နဲ့ ကြောက်ဖို့လည်းကောင်းတယ်။
~~~~Thank~~~~