Only for you{မမအတွက်သာ} >>Uni...

Par authorSu

226K 11.2K 1.3K

Unicode ~~~ အဝေ့ရဲ့ အသွေးအသား၊စိတ်ဝိဉာဉ် နှလုံးသားတစ်ခုလုံးတင်မကဘဲ ခုန်နေတဲ့နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်း... Plus

Character 1' Introduction (U+Z)
Character 2' Introduction (U+Z)
Part 1 {Unicode}
Part 1 {Zawgyi}
Part 2 {Unicode}
Part 3 {Unicode}
Part 3 {Zawgyi}
Part 4 {Unicode}
Part 4 {Zawgyi}
Part 5 {Unicode}
Part 5 {Zawgyi}
Part 6 {Unicode}
Part 6 {Zawgyi}
Part 7 {Unicode}
Part 7 {Zawgyi}
Part 8 {Unicode}
Part 8 {Zawgyi}
Part 9 {Unicode}
Part 9 {Zawgyi}
Part 10 {Unicode}
Part 10 {Zawgyi}
Part 11 {Unicode}
Part 11 {Zawgyi}
Part 12 {Unicode}
Part 12 {Zawgyi}
Part 13 {Unicode}
Part 13 {Zawgyi}
Part 14 {Unicode}
Part 14 {Zawgyi}
Part 15 {Unicode}
Part 15 {Zawgyi}
Part 16 {Unicode}
Part 16 {Zawgyi}
Part 17 {Unicode}
Part 17 {Zawgyi}
Part 18 {Unicode}
Part 18 {Zawgyi}
Part 19 {Unicode}
Part 19 {Zawgyi}
Part 20 {Unicode}
Part 20 {Zawgyi}
Part 21 {Unicode}
Part 21 {Zawgyi}
Part 22 {Unicode}
Part 22 {Zawgyi}
Part 23 {Unicode}
Part 23 {Zawgyi}
Part 24 {Unicode}
Part 24 {Zawgyi}
Part 25 {Unicode}
Part 25 {Zawgyi}
Part 26 {Unicode}
Part 26{Zawgyi}
Part 27 {Unicode}
Part 27 {Zawgyi}
Part 28 {Unicode} 🔸Final🔸
Part 28 {Zawgyi} 🔸 Final 🔸

Part 2 {Zawgyi}

2K 57 0
Par authorSu

'ဆောင်း'နဲ့'ထိပ်ထားစံဝေ'တို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အတန်ကြာစိုက်ကြည့်နေမိကြရင်း-

'ဆောင်း' အခုမှမြင်ဖူးသော သူမရဲ့အိမ်ထောင်ဖက်လောင်းလေးရဲ့ရုပ်ကို တစ်ခုမကျန်လိုက်ကြည့်သွားမိသည်။ဂျင်းပြဲဘောင်းဘီရှည်ကိုမှ ကော်လံပါတဲ့အပြာနုရောင်လက်ရှည်အင်္ကျီလေးနဲ့တွဲဝတ်ထားပြီး('ထိပ်ထားစံဝေ'က အမြဲတမ်းပဲ အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်ကိုတွဲဝတ်လေ့ရှိပါတယ်)၊ဆံပင်ကတော့ ကျောလယ်လောက်အထိရှည်ကာအညိုရောင်ဆိုးထားပါသည်။နဖူးကိုဖော်ထားပြီးအနောက်ကိုလှန်ထားတဲ့ဆံပင်စတိုင်လေးနဲ့ 'ထိပ်ထားစံဝေ'ကိုကြည့်ရတာ ကျော့ရှင်းချောမောလို့နေပါတော့သည်။သူမရဲ့မျက်နှာပေါက်လေးဟာဆိုရင်လည်း မျက်ခုံးမွှေးကောင်းကောင်း၊မျက်လုံးလေးက မျက်ရစ်လေးနှစ်ထပ်နဲ့ နှာတံလေးကတော့လုံးလုံးလေးဖြစ်ကာ နှုတ်ခမ်းလေးကမထူမပါး၊အပေါ်ကိုကွေးညွတ်မလိုဖြစ်နေပြီး ပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းလေးနဲ့ 'ထိပ်ထားစံဝေ'ဟာ မြင်သူတိုင်းကြွေဆင်းသွားစေမယ့်ရုပ်ဆင်းအင်္ဂါရှိသူလေးဖြစ်နေကာ 'ဆောင်း'ကဒီလောက်ထိမထင်ထားတော့ ခဏငေးကြည့်သွားမိသည်။🙂

ဒီလိုမပေါ်လာခင်က 'ဆောင်း'.'ထိပ်ထားစံဝေ'ကို အမြင်ကပ်ပြီးစိတ်ဆိုးမလိုဖြစ်နေခဲ့ပေမယ့် သူမကိုကြည့်နေတဲ့ကြင်နာတဲ့မျက်ဝန်းလေးတွေကြောင့် အမြင်ကပ်နေတာတွေကဘယ်ရောက်သွားမှန်းမသိတော့ပါ။ဘယ်လိုမှန်းမသိ 'ထိပ်ထားစံဝေ'ကိုတွေ့မိမိချင်း ချစ်ခင်နှစ်လိုစရာကောင်းနေလေတော့ 'ဆောင်း' ကိုယ့်ရဲ့ညီမလေးတစ်ယောက်လိုချစ်ခင်စိတ်ဖြစ်ပေါ်သွားသည်။

'ထိပ်ထားစံဝေ'အဖို့လည်း မျက်ဝန်းလှလှပိုင်ရှင်လေးကို တစ်ချက်ကလေးမှမျက်တောင်မခတ်ဘဲမှင်သက်စွာကြည့်နေခဲ့မိသည်။အသားလေးကဖြူဖွေးနုအုပြီး မြန်မာဝတ်စုံအနက်ရောင်ဇာဝမ်းဆက်လေးနဲ့ဆိုတော့ ထင်းလင်းပြီး 'ဆောင်း'ဟာအရမ်းလှပလွန်းနေတာပေါ့။နက်မှောင်သန်စွမ်းနေတဲ့ 'ဆောင်း'ရဲ့ပိတုန်းရောင်ဆံကေသာလေးဟာ ခါးအထိတောင်ရှည်နေလေတော့ ကျက်သရေရှိပြီးကို ချောမောလှပနေတော့တာပါ။'ဆောင်း'ကအမြဲတမ်း ရှေ့ဆံပင်မြိတ်ကိုနဖူးပေါ်မှာအုပ်ချထားလေ့ရှိပါတယ်။

နောက်ပြီး 'ဆောင်း'ရဲ့မျက်ဝန်းလေးတွေဟာ သာမန်ထက်အနည်းငယ်ဝိုင်းစက်ပြီး မျက်တောင်ရှည်လေးတွေကလဲ အဝေးကကြည့်ရင်တောင် ကော့ညွှတ်ပြီးအရမ်းလှပပါတယ်။'ဆောင်း'ရဲ့နှာခေါင်းလေးကတော့ ချွန်ချွန်လေးနဲ့ နှုတ်ခမ်းလေးကတော့ပါးပါးလေးပါ။အခုခေတ်မိန်းကလေးတွေလို ဟော့ဟော့ရမ်းရမ်းမနေပေမယ့် မြင်ရသူတိုင်းစွဲလမ်းချစ်ခင်သွားရအောင်ကို 'ဆောင်း'ဟာနတ်သမီးလေးတစ်ပါးလိုလှပတဲ့သူရယ်ပါ။အဲ့ဒီလိုမျိုး အကြည့်မလွှဲချင်လောက်အောင်ညှို့ယူထားတဲ့ သူမရဲ့သတို့သမီးလောင်းလေးကိုကြည့်ကာ 'ထိပ်ထားစံဝေ'ကျောက်ရုပ်ကြီးလိုဖြစ်နေခဲ့ကာ_

'မမ....မမ ပါလား'

အပေါက်ဝနားမှာပဲစုံရပ်နေခဲ့ကာ နှုတ်မှလည်းအသံမထွက်ဘဲ နှုတ်ခမ်းလေးလှုပ်ပြီး 'မမ'လို့ရေရွတ်နေမိသည်။အဲ့ဒီလိုရေရွတ်မိတိုင်း 'ထိပ်ထားစံဝေ'ရဲ့နှလုံးခုန်သံတွေဟာ တစ်ဆပြီးတစ်ဆမြန်ဆန်လာရသည်။

"ဟဲ့...ဝေလေး...သမီး...ဘာလို့ မတ်တပ်ကြီးရပ်နေတာတုန်း...လာထိုင်လေ မေ့သမီးရဲ့"

သူမအမေခေါ်မှ ပြန်လည်သတိဝင်လာကာ အမေ့ရဲ့ဘေးနားမှာ 'ထိပ်ထားစံဝေ'ကပ်ထိုင်လိုက်သည်။သူမထိုင်တာက 'ဆောင်း'နဲ့မျက်နှာချင်းဆိုင်ပေါ့။စားပွဲရဲ့ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းမှာ တစ်မိသားစုဆီမျက်နှာချင်းဆိုင်ထိုင်နေကြတာပါ။

"တီခင်...မတွေ့တာကြာပြီ..နေကောင်းတယ်မလားရှင့်"

'ထိပ်ထားစံဝေ'က 'ဒေါ်ခင်သန္တာ'ကိုနှုတ်ဆက်လိုက်သည်။

"နေကောင်းပါ့ သမီးလေးရယ်...ဝေလေးကတော့ မတွေ့တဲ့အတောအတွင်းမှာ ပိုပိုချောပိုပိုလှလာပါလားနော်"

"ဟီး...ကျေးဇူးပါ တီခင်...တီခင်တို့ကို သမီးစောင့်ခိုင်းရသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်နော်"

"အမေလး...ရပါတယ် ဝေလေးရဲ့...စကားပြောချိန်တောင် ရသွားတာပေါ့...တီခင်နဲ့ ပပကပြောစရာတွေအများကြီးရှိနေတာလေ"

"ဟုတ်"

"ဒါနဲ့ ဝေလေးကဘယ်သွားရတာတုန်း...သူငယ်ချင်းကို ကူညီဖို့သွားတာဆို...ဝေလေးရဲ့သူငယ်ချင်းက ဆိုးဆိုးဝါးဝါးများဖြစ်လို့လား"

"ဆိုးဆိုးဝါးဝါးရယ်တော့မဟုတ်ပါဘူး တီခင်...သမီးသူငယ်ချင်းက နယ်ကနေမန္တလေးကိုသင်တန်းလာတက်တာဆိုတော့လေ...အဲ့ဒါ လျှောက်သွားရင်းလမ်းပျောက်နေလို့တဲ့..သမီးကို လှမ်းအကူအညီတောင်းတာ...သမီးက မအားဘူး.ဘေးကလူတွေကို အကူအညီတောင်းပြီးလမ်းမေးလိုက်ဆိုတာကို..မမေးရဲဘူးတဲ့လေ...အဲ့ဒါနဲ့ ကိုယ်တိုင်သွားပြီးအဆောင်ထိလိုက်ပို့ပေးခဲ့ရလို့ပါ"

သူမအမေနဲ့စကားပြောနေတဲ့ကောင်မလေးကိုကြည့်ကာ 'ဆောင်း'.'ထိပ်ထားစံဝေ'ကို လူကြီးတွေနဲ့စကားပြောတာယဉ်ကျေးသားပဲဟု မှတ်ချက်ချနေမိသည်။

"တီခင့်ဝေလေးကတော့ အမြဲတမ်းကယ်တင်ရှင်မလေးပဲ"

"အများအကျိုးဆောင် ကုမ္ပဏီထောင်ပေးရင်တော့ အောင်မြင်မှာသေချာတယ်"

'ထိပ်ထားစံဝေ'အေမက သမီးကိုမျက်စောင်းထိုးကာ ဝင်ပြောလိုက်သည်။

"မေမေကလဲ..."

အမေစိတ်ဆိုးနေတော့ 'ထိပ်ထားစံဝေ'ကကပ်ဖက်ပြီးချွဲလိုက်သည်။

"ဖယ်စမ်းပါ...အခုမွ လာချွဲမနေနဲ့...မေမေ့ကို ကလေးလိုလာလုပ်မနေနဲ့...တော်ကြာ မမက သမီးကိုကလေးရှိသေးတယ်ဆိုပြီး လက်မထပ်ချင်တော့ဘဲဖြစ်နေလိမ့်မယ်...ရင့်ကျက်အောင်နေစမ်းပါ"

ယောက္ခမလောင်းက သူမကိုရည်ရွယ်ပြီးပြောနေတာဆိုတော့ 'ဆောင်း'ပြုံးပြလိုက်ရသည်။

"ဝေလေး...မေ့သမီး...မမက သမီးလက်ထပ်ရမယ့်သူလေ"

"ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ် မမ"

အမေကမိတ်ဆက်ပေးတော့ 'ထိပ်ထားစံဝေ'က 'ဆောင်း'ကိုလှမ်းနှုတ်ဆက်လိုက်သည်။'ဆောင်း'ကေတာ့ နှုတ်ဆက်တာကိုအသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းလေးငြိမ့်ပြပြီးပဲပြုံးပြလိုက်သည်။

"ပပေရ...ပပပဲ ကလေးတွေသဘောမတူမှာစိုးရိမ်နေခဲ့တာမဟုတ်ဘူး...ခင်လဲ ဝေလေးကလက်ခံပါ့မလားဆိုပြီး တွေးနေတာ...တော်သေးတာပေါ့.ကလေးတွေက ခင်တို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးကြလို့"

"ဟုတ်တယ် ခင်"

"ဒါနဲ့...ဝေလေးကို တီခင်ကကိုယ်တိုင်မေးချင်သေးတယ်...ဝေလေးက လက်ထပ်ပေးမယ့်ကိစ္စကိုလက်ခံတယ်မလားဟင်"

'ဆောင်း'ရဲ့အမေက 'ထိပ်ထားစံဝေ'ကိုမေးလိုက်သောအခါ 'ဆောင်း'ကအဖြေကိုသေချာလေးနားစိုက်ထောင်နေမိသည်။'ဆောင်း'က လက်မခံပါစေနဲ့ဆိုတဲ့မျှော်လင့်ချက်တွေအပြည့်နဲ့ မျက်လုံးလေးအဝိုင်းသားဖြင့် 'ထိပ်ထားစံဝေ'ကိုလှမ်းကြည့်နေလေသည်။

'ထိပ်ထားစံဝေ'ကလည်း အဲ့ဒီမျက်ဝန်းလေးတွေကပြောချင်တာတွေရိပ်မိနေတော့ ခဏသာ'ဆောင်း'ကိုပြန်ကြည့်ပြီး၊သူမရဲ့သတို့သမီးလောင်းလေး စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ချက်ချင်းမျက်နှာလွှဲကာ လူကြီးတွေဘက်သို့ လှည့်ဖြေလိုက်သည်။

"လက်ခံပါတယ် တီခင်...သမီး လက်ခံပါတယ်...လူကြီးတွေကကောင်းမယ်ထင်လို့စီစဉ်ကြတာ သမီးမှာကန့်ကွက်စရာမရှိပါဘူး"

"ဝေလေးက လိမ္မာလိုက်တာ"

'ဆောင်း'ရဲ့အမေကတော့ချီးကျူးစကားပြောလိုက်ပေမယ့်၊'ဆောင်း'ခမျာတော့ မျှော်လင့်ချက်တွေပျက်သွားရလို့ သက်ပြင်းလေးသာခိုးချလိုက်ရသည်။😌😌

"ခင်ရယ်...ကလေး၂ယောက်လုံးကလက်ခံတယ်ဆိုတော့ ပပတို့အချိန်ဆွဲစရာလဲ အကြောင်းမရှိတော့ဘူး...အျမန်ဆုံး နေ့ကောင်းရက်သာရွေးပြီး ဒီလထဲမှာပဲလက်ထပ်ပေးလိုက်ကြရအောင်လေ...ဘယ္လိုလဲ...ပပက အလျင်အရမ်းလိုနေပြီ...တော်ကြာ အချိန်ကြာသွားလို့ သမီးဆောင်းလေးကလက်မထပ်ချင်တော့မှာကို စိတ်ပူလို့...အမြန်ဆုံးလက်ထပ်ပေးထားမှ ပပစိတ္ခ်မွာ"

"အမေလး...ဟုတ်ပါပြီ ပပရယ်...ခင့်မှာ အသိဗေဒင်ဆရာတစ်ယောက်ရှိတယ်...သူ့ဆီသွားပြီး ဒီလထဲကအကောင်းဆုံးရက်တစ်ရက်ကို ရွေးခိုင်းကြတာပေါ့"

"အင်း.ကောင်းတယ် ခင်...ဒါပေမယ့် သမီးလေးဆောင်းကကော အဆင်ပြေပါ့မလား...သမီးရဲ့လုပ်ငန်းက ရက်ရမရမသိဘဲနဲ့ လူကြီးတွေစိတ်တိုင်းကျလုပ်သလိုများဖြစ်နေမလား"

"ဆောင်းအဆင်ပြေပါတယ် အန္တီ"

ယောက္ခမလောင်းဖြစ်သူ'ဒေါ်ပပဖြိုး'က သူမကိုစိတ်ပူပေးနေတော့ 'ဆောင်း'ကသဘောမတူပေမယ့်လည်း ကောင်းအောင်ဖြေလိုက်ရတော့တာပေါ့။သူမရဲ့အမေကြောင့် 'ဆောင်း'ကအရာအားလုံးကို အလျှော့ပေးဖို့ဆုံးဖြတ်ခဲ့ပြီးပါပြီလေ။

"တော်သေးတာပေါ့...ပြီးတော့...ဘယ့်နှယ့် အန္တီလဲ သမီးလေးရဲ့...မကြာခင်ပဲ လက်ထပ်ပြီးတစ်မိသားစုထဲဖြစ်ကြတော့မယ့်ဟာ...အန်တီလို့ မခေါ်ပါနဲ့တော့..မေမေလို့ ခေါ်ပါ.နော်...အခုကတည်းက နှုတ်ကျိုးသွားအောင် မေမေလို့ခေါ်ကြည့်ပါလား သမီးဆောင်းလေး"

"ဟုတ်ကဲ့...မေ...မေ.မေ"

"အိုး...နားထောင်လို့ ကောင်းလိုက်တာနော်...မှတ်ထားနော်...မေမေတို့ကို ဖေဖေနဲ့မေမေလို့ပဲ ခေါ်ရမယ်"

'ဆောင်း'က မခေါ်တတ်ခေါ်တတ်ခေါ်လိုက်တော့ 'ဒေါ်ပပဖြိုး'အရမ်းပျော်သွားပါသည်။

"ကဲ...ဒါဆိုလဲ ဝေလေးကလဲ တီခင်တို့ကို သူစိမ်းတွေလိုမျိုးမခေါ်နဲ့တော့...ဒီနေ့ကစပြီး ဖေဖေမေမေလို့ပြောင်းခေါ်တော့..ဟုတ်ပြီလား"

"ဟုတ် မေမေ"

"သူ့ကျတော့ လွယ်လိုက်တာနော်...ဘယ်လိုသန္ဓနေဲ့မွေးလာမှန်းကိုမသိပါဘူး...ဒီလိုကေလးကို ကိုယ်ဝန်ဆောင်ခဲ့မိတာရှက်မိပါတယ် ခင်ရယ်"

'ဒေါ်ပပဖြိုး'က သမီးဖြစ်သူကိုစနေတော့ အားလုံးဝိုင်းရယ်ပြီးသဘောကျနေကြရသည်။😀😀

"ခင်ရေ..ကလေးတွေကို လက်ထပ်ပြီးရင်တော့ အိမ်ခွဲနေခိုင်းရင်ကောင်းမယ်ထင်တယ်နော်"

"ဟုတ်တယ် ပပ...အိမ်ခွဲနေခိုင်းတာ ကောင်းတယ်...အိမ်ထောင်ရေးတစ်ခုမှာ သူစိမ်းတွေရှိရင်မကောင်းဘူးလေ...မိဘေတြဆိုတာလဲ အိမ်ထောင်ကျပြီးရင်သူစိမ်းလိုပဲမဟုတ်လား...ပြီးကျတော့ ခင်တို့ကလေးတွေကရင်းနှီးမှုလဲမရှိသေးဘဲနဲ့ လက်ထပ်လိုက်ရတာဆိုတော့...၂ယောက်ထဲအိမ်ခွဲနေရင် ပိုရင်းနှီးပြီးမြန်မြန်သံယောဇဉ်တိုးတာပေါ့"

"ဒါဆိုရင်တော့ မြို့ထဲမှာကျွန်တော်ဆောက်ထားတဲ့တိုက်တစ်တိုက်ရှိတယ်...အဲ့ဒီတိုက္က ဘယ်သူမွလဲမေနရေသးဘူး...ဆောက်ပြီး အသစ်စက်စက်ကြီးရှိသေးတယ်...အဲ့ဒီတိုက္ကို ကလေးတွေအတွက်လက်ဖွဲ့လိုက်မယ်ဗျာ"

"ဟာ...ကိုထွန်း..ခင်ဗျား ဒီလိုတော့မလုပ်နဲ့လေဗျာ...ကျွန်တော်တို့ကလေးတွေအတွက် ကျွန်တော်လဲလက်ဖွဲ့ချင်တာပေါ့...ကျွန်တော်လဲ မြို့ထဲမှာဝယ်ထားတဲ့တိုက်ရှိတယ်ဗျ...ကျွန်တော့်တိုက်ကိုသာ လက်ဖွဲ့အဖြစ်ယူခိုင်းလိုက်ပါ"

အစက နှစ်ကိုယ်တည်းစကားပြောနေကြတဲ့အဖေနှစ်ယောက်က လက်ဖွဲ့ကိစ္စကျမှဝင်ပါလာပြီး နေရာလုနေကြပါသည်။

"ကျွန်တော့်လက်ဖွဲ့ကိုပဲယူခိုင်းလိုက်ပါ ကိုကျော်ဇောရာ...ဒီမှာလာပြီးတော့ မကပ်ပါနဲ့"

"ဘယ္က ကပ်ရမှာလဲဗျ...ကျွန်တော်လဲ တစ်ခုခုလုပ်ပေးချင်သေးတယ်လေဗျာ...ကိုထွန်းက တိုက်ကိုလက်ဖွဲ့ပေးလိုက်တယ်ဆိုတော့ ကျွန်တော်ကဘာပေးရတော့မှာလဲ...ကျွန်တော့်သမီးလေး မျက်နှာငယ်မှာပေါ့"

"အဲ့ဒီလို မတွေးနဲ့လေဗျာ...ဘယ်သူပေးပေး ကျွန်တော်တို့က တစ်မိသားစုထဲဖြစ်သွားပြီလေ"

"မရဘူးဗ်ာ"

"ဒါနဲ့ ကိုကျော်ဇောရဲ့တိုက်က လူနေပြီးသားလား..မြေကွက်ဝယ်ပြီးကိုယ့်ဟာကိုယ်ဆောက်ထားတာလား...ပြောပါဦး"

"အဲ...လူနေပြီးသားတိုက်ပေါ့...ဘာလို့လဲဗျ"

"အဲ့ဒီမွာ တွေ့တာပဲ...ဘယ်သူက လက်ဖွဲ့ပေးသင့်သလဲဆိုတာ ရှင်းသွားပြီပေါ့ဗျာ...ကိုကျော်ဇောပဲ စဉ်းစားကြည့်လေ...ကျွန်တော်တို့ကလေးတွေက အခုမှလက်ထပ်ကြမယ့်ကြင်စဦးလေးတွေ...သူတို့ရဲ့အမှတ်တရလေးတွေကို တိုက်အသစ်ကလေးထဲမှာပဲ ဖန်တီးသင့်တာမဟုတ်လား...သူများနေပြီးသားတိုက်ကြီးမှာ သူများတွေရဲ့အငွေ့အသက်တွေနဲ့ဆိုတော့ ဘယ်ကြည်နူးစရာကောင်းတော့မလဲလို့...နော်..အဲ့ဒီတော့...ကျွန်တော့်တိုက်ကိုပဲ ယူခိုင်းမယ်"

"ဒါ ကိုထွန်း.သပ်သပ်ညစ်ပြီး လျှောက်ပြောတာပဲဗျ"

"ကဲပါ...ယောကျာ်းကြီးတွေဖြစ်ပြီး စကားနိုင်လုနေလိုက်ကြတာ...ကျွန်မအထင်တော့ ကလေးတွေကိုတိုက်အသစ်မှာပဲ နေခိုင်းတာ ကောင်းမယ်ထင်တယ် ကိုကျော်ဇောမောင်...ဒီတိုက္တစ္ခုထဲ လက်ဖွဲ့စရာရှိတာမဟုတ်ပါဘူး ကိုကျော်ဇောမောင်ရဲ့...ကျွန်မ အကြံပေးမယ်နော်...ကျွန်မတို့တိုက်ကလေ ဆောက်ပဲဆောက်ရသေးတာ.အထဲမွာ ဘာပရိဘောဂမှလဲမထည့်ရသေးဘူး..ဘာမွကို မရွိတာ...တိုက်အခွံသက်သက်ကြီးပဲပေါ့နော်...အဲ့ဒီတော့ ကိုကျော်ဇောမောင်က တိုက်မှာထားမယ့်ပစ္စည်းတွေ.အိမ်ထောင်ပရိဘောဂတွေကို ကလေးတွေစိတ်တိုင်းကျဝယ်ပေးပြီး လက်ဖွဲ့ပေးလိုက်ပေါ့...မကောင်းဘူးလား"

'ဒေါ်ပပဖြိုး'က ဝင်အကြံပေးလိုက်တော့ 'ဦးကျော်ဇောမောင်'ကခဏစဉ်းစားပြီး-

"ဒါပေမယ့် ပမာဏအရမ်းနည်းနေမှာပေါ့...ကျွန်တော့်သမီးကို အများကြီးပေးချင်တာလေ"

သူ့သမီးလေး'ဆောင်း'ကို မျက်နှာငယ်မှာအရမ်းစိုးရိမ်နေရှာတာ။

"ဖေဖေရယ်...တွေးရင်သာ နည်းနေတာပါ...တကယ်ဝယ်လိုက်ရင် အများကြီးပါဖေဖေရဲ့...မေမေတို့က ကလေးတွေအတွက် brandတွေပဲဝယ်ပေးကြမယ်လေ...ဒါဆိုရင်တော့ ဖေဖေပေးချင်တဲ့အများကြီးဖြစ်သွားပါပြီ...တကယ်လို့ ဖေဖေကဒီ့ထက်များချင်သေးတယ်ဆိုရင်တော့ မင်္ဂလာပွဲကုန်ကျစရိတ်တွေအကုန်လုံးကို တာဝန်ယူလိုက်...ဒါဆိုရင် ဖြစ်တယ်မဟုတ်လား"

"ဟုတ်သားပဲ...ကျွန်တော့်မိန်းမပြောသလိုပဲ အဲ့ဒီကုန်ကျစရိတ်တွေအကုန်လုံးကို ကျွန်တော်ကလက်ဖွဲ့အဖြစ်ပေးမယ်ဗျာ"

မိန်းမဝင်ပြောပေးတော့မှ 'ဦးကျော်ဇောမောင်'စိတ်တိုင်းကျသွားတော့သည်။

"ကျွန်မတို့လဲ သမီးရဲ့မင်္ဂလာပွဲအတွက်ပါချင်သေးတာ...ဒါပေမယ့်လဲ ကိုကျော်ဇောမောင်စိတ်ကျေနပ်အောင်လို့ လက်ခံလိုက်ပါ့မယ်လေ"

"ကျေးဇူးတင်ပါတယ်ဗျာ"

အခုတော့ လူကြီးတွေရဲ့ညှိနှိုင်းမှုက အဆင်ပြေသွားခဲ့ပါပြီ။

ထို့နောက် လူကြီးတွေကရောက်တတ်ရာရာတွေ စကားကောင်းနေကြတုန်း 'ဆောင်း'နဲ့'ထိပ်ထားစံဝေ'ကေတာ့ ဘေးနားလေးမှာကိုယ်စီ, ကုပ်ကုပ်ကလေးထိုင်နေကြရှာသည်။တစ်အောင့်လောက်ကြာတော့ ကြမ်းပြင်ကိုမလှုပ်မယှက်ငုံ့ကြည့်ပြီးငေးနေတဲ့'ဆောင်း'ကို 'ထိပ်ထားစံဝေ'ကလှမ်းပြီးခိုးကြည့်ကာ သူမရဲ့ဟိုးငယ်ငယ်ကအတိတ်တွေဆီသို့ ရောက်ရှိသွားပါတော့သည်။

**************************************

{{{
လွန်ခဲ့သောနှစ်တွေဆီက 'ထိပ်ထားစံဝေ' ၇တနျးအရှယျတုနျးကပေါ့။သူမတကျနတေဲ့အခွခေံပညာအထကျတန်းကျောင်းတစ်ကျောင်းမှာ 'ဆောင်း'ကလဲတက်ရောက်ခဲ့ပါတယ်။အဲ့ဒီတုန်းက 'ဆောင်း'ကဆယ်တန်းတောင်ရောက်နေခဲ့ပါပြီ။'ဆောင်း'က သာမန်ကျောင်းသူလေးတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး၊စာမှာလဲ နံပါတ္တစ္ထိပ်ဆုံးက၊အလွမွာလဲ နံပါတ်တစ်ထိပ်ဆုံးက၊သဘောကောင်းတဲ့နေရာမှာလဲ နံပါတ္တစ္ထိပ်ဆုံးက၊အဲ့ဒီလို အရာရာမှာထိပ်ဆုံးကျောင်းသူလေးပါ။တစ်ကျောင်းလုံးက'ဆောင်း'ကို ငေးမောအားကျကာသဘောကျရတဲ့အထဲမှာ 'ထိပ်ထားစံဝေ'လည်းပါခဲ့ပါသည်။

"အဲ...မမဆောင်းသခင်တော့...လွလိုက္တာ"

"ချစ်စရာလေးဟာ"

"မမလို လှချင်လိုက်တာ"

"ဘယ်လိုကုသိုလ်တွေများ လုပ်ခဲ့လဲမသိဘူး"

'ဆောင်း'ကျောင်းရောက်လို့ ကျောင်းဝင်းထဲဝင်ပြီဆိုတာနဲ့ ကျောင်းဝင်းထဲကရော၊ကျောင်းခန်းထဲကရော ရှိရှိသမျှကျောင်းသားတွေအကုန်လုံးက ကိုယ့်Idolရောက်လာသလိုမျိုး အလုအယက်ဝိုင်းကြည့်ကြပါတော့သည်။

"ဟဲ့..ဟဲ့ ထိပ္ထား...မမဆောင်းသခင် လာပြီဟ...နင် လာမကြည့်တော့ဘူးလား"

"မြန်မြန်လာကြည့်ဟ...သူ့အခန်းထဲ ဝင်သွားတော့မယ်"

"လာပြီ.လာပြီ...ဖယ်ပေးစမ်း"

'ဆောင်း'ကျောင်းထဲဝင်ခိုက် သူငယ်ချင်းတွေကလဲခေါ်ရသေး၊ဇွတ်အတင်းဆွဲဖယ်ကာ 'ထိပ်ထားစံဝေ' အတန်းပြတင်းပေါက်လေးကနေ ခေါင်းပြူကာလှမ်းကြည့်လိုက်သည်။

"ဖြည်းဖြည်းလုပ်ပါ မသာမရဲ့...သူ့ကိုလဲ ခေါ်ပြရသေး...နင်တွန်းတာ လဲတော့မလို့ဟဲ့"

"ဆောရီးပါဟာ...ငါ.မမကို မမြင်လိုက်ရမှာစိုးလို့ပါ...မမက အတန်းထဲဝင်သွားရင် ငါမတွေ့ရတော့ဘူးလေဟာ"

"ဟွန်း.."

"ဟဲ့...မမဆောင်းသခင်ရဲ့အနောက်မှာက queenပဲဟ...ငါတို့ကျောင်းရဲ့အလှလေး၂ယောက်ကို တစ်ခါတည်းကြည့်ရတာမိုက်လိုက်တာ"

"အေးဟ...ဒါပေမယ့် ငါပြောဦးမယ်.သိလား...မမတို့၂ယောက်လုံးက လှတာသိပါတယ်...ဒါပေမယ့် queenထက် မမဆောင်းသခင်ကပိုလှတာလေ...အဲ့ဒီတော့ မမဆောင်းသခင်ကqueenဖြစ်သင့်တာကိုဟာ...အဲ့ဒါလေးတော့ ငါသဘောမကျဘူးဟ"

"ဟုတ်တယ်..ငါကောပဲ...queenက အလှပြင်လို့သာလှတာ.ဒီအတိုင်းဆို သိပ်မလှဘူးရယ်...ငါတို့ မမနတ်သမီးလေးကတော့ ဘယ်လိုနေနေလှပြီးသား...အဲ့ဒါကို...queenမဟုတ်ဘူးနော်...ဘာလို့လဲ"

"အေးလေ...ငါလဲ အဲ့ဒါနားမလည်တာ...မမဆောင်းသခင်ဆို နတ်သမီးလေးအတိုင်းပဲအရမ်းလှတာ..သဘောကလဲကောင်းသေး...ငါတို့အငယ်တွေအပေါ်ဆို အရမ်းသဘောကောင်းတယ်...ပြီးတော့ စာကလဲတော်တယ်.အမြဲတမ်း အဆင့်တစ်ပဲ...queenကက် လှတာလေးတစ်ခုပဲ..သဘောလုံးဝမကောင်းဘူး...ဆရာမေတြကိုဆို အေသဖားတာ..အငယ်တွေဆို ဟိုလိုခိုင်း.ဒီလိုခိုင်းနဲ့..အနိုင်ကျင့်တယ်...သူ့ရှေ့ဆို ဘယ်သူမှဖြတ်မသွားရဲဘူး...ခေါ်ခိုင်းတတ်လို့လေ...တကယ်တော့ အကုန်လုံးကောင်းတဲ့ ငါတို့မမနတ်သမီးလေးက queenဖြစ်ရမှာ"

('ဆောင်း'က အငယ်လေးတွေကြားမှာ မမနတ်သမီးဆိုပြီးအမည်တွင်တယ်လေ။ဘာလို့ဆို 'ဆောင်း'ကမူလတန်းအရွယ်ကလေးတွေတွေ့ရင် ချိုချဉ်လေးတွေထုတ်ပေးတတ်သည်။ပြီးတော့ သူမ,သွားနေတဲ့လမ်းမှာ အငယ်လေးတွေကနှုတ်ဆက်ရင် ပြန်နှုတ်ဆက်ပြီးပြုံးပြတတ်ပါသည်။ကတောက်ကဆဖြစ်တတ်လေ့ရှိတဲ့အလယ်တန်းလေးတွေကိုတွေ့ရင်လဲ နားလည်အောင်ဝင်ဆုံးမကာ ပြေလည်အောင်လုပ်ပေးတတ်ပါသည်။အဲ့ဒါတွေကြောင့် တစ်ကျောင်းလုံးကဝိုင်းချစ်ကြရပြီး နတ်သမီးလေးလို့အခေါ်ခံရတာပါ။😍😍)

သူမရဲ့သူငယ်ချင်းသုံးယောက်က တစ်ယောက်တစ်ပေါက်စီပြောနေတုန်း 'ထိပ်ထားစံဝေ'က သူမရဲ့မမကိုငေးနေရတာနဲ့ ဝင်မပြောအားပါဘူး။သူမရဲ့မမ အတန်းထဲဝင်သွားပြီးမှပဲ-

"ဟာ...နင်တို့ မသိဘူးလား...ဆရာမေတြကလဲ မမကိုqueenအဖြစ်သတ်မှတ်ပေးမလို့လေ...မမက အဲ့ဒါတွေကခေါင်းရှုပ်လို့.စာကိုပဲ အဓိကထားလုပ်ချင်လို့ပါဆိုပြီး တောင်းပန်လို့ ဆရာမေတြကဒုတိယလွတဲ့ မမqueenကိုပဲ queenအဖြစ်သတ်မှတ်ပေးလိုက်တာလေ"

"ဟုတ္လား...နင်က သိလှချည်လားထိပ်ထား"

"ဒီလိုပဲလေ"

"သူသိတာမ်ား ဆန်းသလားဟဲ့...မမဆောင်းသခင်အကြောင်း သူ.မသိတာဘာရှိလို့လဲ"

"နင် ဘယ္ကေနဘယ္လိုသိလာတာလဲ...မှန်မှန်ပြော"

"ဟာ...ငါက ဒီအတိုင်းပဲဆရာမတွေဆီက ကြားတာပါ...ဘာပဲပြောပြော ငါပြောချင်တာက..ဘယ်လိုတွေပဲ queenကိုသတ်မှတ်မှတ်..ငါတို့အတွက်တော့ မမဆောင်းသခင်ကqueenပဲ..ဟုတ္တယ္မလား"

"ဟုတ်တယ်"

"မှန်တယ်"

'ဆောင်း'အကြောင်းပြောလိုက်ပြီဆိုတာနဲ့ အကုန်လုံးကစိတ်ချင်းတူသူတွေဖြစ်သွားကြရော။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ရက်တွင် မုန့်စားကျောင်းဆင်းချိန်၌ မုန့်ဆိုင်လေးတစ်ဆိုင်ရှေ့တွင် 'ထိပ်ထားစံဝေ'ဘာဝယ်စားရမလဲကြည့်နေသည်။နောက်ဆုံးတော့ တစ်ဗူးထဲသာကျန်တော့တဲ့ ပေါက်ပေါက်ဗူးလေးကိုသာ ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီး လှမ်းအယူ၊သူမနဲ့အတူတူ ပေါက်ပေါက်ဗူးကိုတစ်ပြိုင်ထဲလှမ်းယူလိုက်တဲ့ သွယ်လျနေတဲ့လက်လေးတစ်ဖက်ကိုတွေ့လိုက်ရသည်။ထို့နောက် ဘယ်သူလဲဆိုပြီးသိချင်စိတ်နဲ့မျက်နှာကို 'ထိပ္ထား'မော့ကြည့်လိုက်တော့ သူမရဲ့မမဖြစ်နေပါရော။😉😉

"မ.မ.ဆောင်း.သ.ခင်"

သူမ,အံ့ဩသြား၍ နာမည်ကိုတောင်တစ်လုံးချင်းစီပဲခေါ်နိုင်တော့သည်။သူမတို့အမြဲလှမ်းကြည့်နေရတဲ့ မမလွလွေလးဟာ သူမနဲ့အနီးကပ်ရပ်နေတော့ ရင်တွေတောင်တုန်နေသည်။

"ညီမေလး ဝယ်စားမလို့လား...ဒါဆို ညီမလေးယူလိုက်နော်...အန္တီ...ပေါက်ပေါက်က နောက်၁ဗူးလောက် မရှိတော့ဘူးလား"

"မရှိတော့ဘူး ဆောင်းရေ...ဒါ နောက်ဆုံးလက်ကျန်လေးပဲ"

'ဆောင်း'ကနာမည်ကြီးဆိုတော့ ဈေးသည်တွေကအစသိတယ်လေ။

"ကဲ...ဒါ နောက်ဆုံးဗူးတဲ့...ညီမေလးပဲ ယူလိုက်တော့နော်"

"ဟင့်အင်း...မမ ယူပါ...ညီမေလး မယူတော့ဘူး"

"ဟင်...ဘာလို့လဲ...ညီမလေးစားချင်လို့ ဝယ္တာမဟုတ္လား"

"စားတော့စားချင်ပေမယ့်...မမပဲ ယူပါ...မမကိုပဲ ပေးချင်လို့"

"အ.ဟင်း"

သူမထက်ငယ်တဲ့အငယ်လေးက သူမကိုအလျှော့ပေးနေတော့ 'ဆောင်း'ချစ်တဲ့စိတ်နဲ့ရယ်လိုက်သည်။

"မမကို မပေးပါနဲ့...ညီမလေးစားချင်တယ်ဆိုတော့ ညီမလေးယူလိုက်နော်...မမက ကိစ္စမရှိဘူး..တခြားဟာတွေ စားလိုက်မယ်လေ...ဟုတ်ပြီလား"

"ဒါပေမယ့်..."

"မမကို စိတ်မပူပါနဲ့ညီမလေးရဲ့...နော်...မမက ရတယ်ရယ်...အဲ...ညီမေလး ကြားဖူးတယ်မလား...အကြီးဆိုတာ အငယ်ကိုအလျှော့ပေးရမယ်လို့လေ...မမကအကြီးဆိုတော့ ညီမလေးကအငယ်မို့လို့ အလျှော့ပေးတာ...မမက ကိုယ့်ညီမလေးကိုဦးစားပေးတာမို့လို့ ယူလိုက်နော်...မမစကားကို နားထောင်မယ်မဟုတ်လား...အငယ်ဆိုတာ အကြီးစကားကိုနားထောင်ရတယ်လေ"

"ဟုတ်...ဒါဆို ကျေးဇူးတင်ပါတယ်ရှင့်"

"ရပါတယ်ရှင့်"

အငယ်လေးကိုစချင်စိတ်နဲ့ ကာရန်ညီအောင် 'ဆောင်း'လိုက်ပြောလိုက်တော့ ကလေးကရှက်သွားတာပေါ့။😉

"တီတီ..ဘယ်လောက်လဲရှင့်"

"ငါးရာ ကေလး"

ဈေးသည်ကငွေamountပြောလိုက်တော့ 'ထိပ္ထား'လက်ထဲကပိုက်ဆံကို ပြန်ကြည့်လိုက်သည်။မပြည့်၊သုံးရာပဲ ရှိလေသည်။သူမရဲ့ထူပူသွားတဲ့ပုံစံလေးကြောင့် 'ဆောင်း'ချက်ချင်းရိပ်မိသွားတာပေါ့။

"ငါးရာမပြည့်လို့လား ညီမေလး"

"ဟုတ်"

"ဘယ်လောက်ရှိတာလဲဟင်..ညီမေလးမွာ"

"သုံးရာထဲ မမ"

"အင်း...ဒါဆို မမက၂ရာစိုက်ပေးလိုက်မယ်နော်"

"ဒါပေမယ့် မေမေကမှာထားတယ်...သူများတွေဆီက ဘာမွမယူရဘူးတဲ့"

လိမ္မာတဲ့အငယ်လေးကိုတွေ့နေရတာမို့ 'ဆောင်း'ပြုံးမိရသည်။

"မမက သူမ်ားမွမဟုတ္တာပဲ...မမက ညီမလေးရဲ့မမမို့လို့ ယူလို့ရတယ်..ဟုတ်ပြီလား...မယူဘူးဆို မမကိုညီမေလးက အစ်မမတော်ချင်လို့လို့မှတ်လိုက်ရမှာပဲ...ဒါဆို မမတော်တော်စိတ်မကောင်းဖြစ်ရမှာ...မမကို အစ်မမတော်ချင်ဘူးပေါ့"

"တော်ချင်တယ်"

"ဒါဆို မမစိုက်ပေးမယ်...ယူလိုက်..အိုကေလား"

"ဟုတ်"

"လိမ္မာလိုက်တာ"

'ဆောင်း'အများကြီးချော့ပြောမှပဲ ပေါက်ပေါက်ဗူးလေးတစ်ဗူးကိုဝယ်ပေးလို့ရတော့သည်။

"ကျေးဇူးတင်ပါတယ်ရှင့် မမ"

မုန့်လေး,လက်ထဲရောက်တော့ 'ထိပ္ထား'က ထပ်ပြီးကျေးဇူးတင်စကားဆိုပြန်သည်။

"ရပါတယ် ညီမလေးရဲ့...ဒါနဲ့..ညီမေလးက တစ်ယောက်ထဲမုန့်ထွက်ဝယ်တာလား...သူငယ်ချင်းတွေကရော..."

"ဟိုးမွာ...လာနေကြပြီ မမ"

"အော်..အင်း.အင်း...ဒါဆို သူငယ်ချင်းတွေနဲ့အတူတူသွားတော့နော်...မုန့်စားတက်ချိန်တောင်ရောက်တော့မယ်..အတန်းထဲ မြန်မြန်သွားကြနော်...တော်ကြာ နောက်ကျလို့ ဆရာမကဆူနေလိမ့်မယ်"

"ဟုတ်ကဲ့ မမ"

"စာကြိုးစားနော်"

"ဟုတ်"

သူမရဲ့မမထွက်သွားတာကို မျက်စိတစ်ဆုံးငေးကြည့်ကာ 'ထိပ္ထား'ကျန်ရစ်ခဲ့သည်။စကားမပြောဖူးခင်၊အနီးကပ်လူချင်းမတွေ့ခင်ကတည်းက အရမ်းသဘောကျပါတယ်ဆိုနေမှ အခုတော့ သူမ,မမရဲ့ကြင်နာတတ်မှုလေးတွေကြောင့် 'ထိပ္ထား'စိတ်အာရုံတွေထဲမှာ မမကအမြဲတမ်းစိုးမိုးထားခဲ့ပါတော့သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"မမဆောင်းသခင်ကို အကဆရာမကခေါ်ခိုင်းလိုက်လို့ပါရှင့်"

'ထိပ္ထား'တို့၇တန်းသင်တဲ့ဆရာမတွေထဲက အကဆရာမကအတန်းဝင်တုန်း ၁၀တန်းက'ဆောင်း'ကိုသွားခေါ်ခိုင်းတာကြောင့် 'ထိပ္ထား'လာခေါ်ရခြင်းဖြစ်သည်။ထို့နောက် 'ဆောင်း'ကအတန်းထဲကဆရာမကိုခွင့်တောင်းကာ 'ထိပ္ထား'နဲ့အတူတူ၇တန်းဆောင်သို့လိုက်လာခဲ့သည်။အစက မမနဲ့တွေ့ရမှာမို့'ထိပ္ထား'အရမ်းပျော်နေခဲ့ပေမယ့် တွေ့လိုက်တော့ကျတော့ 'ဆောင်း'ကသူမကိုမမှတ်မိဘူးလေ။အဲ့ဒီတော့ 'ထိပ္ထား'လေးဝမ်းနည်းအားငယ်နေခဲ့တာပေါ့။'ဆောင်း'အနေနဲ့ကလည်း အဲ့ဒီလိုမျိုးသူမ,မုန့်ဝယ်ကျွေးဖူးတဲ့အငယ်တွေကအများကြီးဆိုတော့ ကွဲကွဲပြားပြားမမှတ်မိခဲ့တာပါ။

"အတူတူ လျှောက်ကြမယ်လေ...အေနာက္က မလိုက်ပါနဲ့ညီမလေးရဲ့"

"ဟုတ်"

'ထိပ္ထား'က 'ဆောင်း'ရဲ့အနောက်လေးကနေပဲ လိုက်လာနေတော့ 'ဆောင်း'ကအတူတူယှဉ်ပြီးလမ်းလျှောက်ဖို့ပြောလိုက်ရသည်။တကယ်တော့ အတူတူမလျှောက်ရဲလို့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ရက်တုန်းက queenကိုဒီလိုပဲ အကဆရာမကခေါ်ခိုင်းလို့ 'ထိပ္ထား'လာခေါ်ခဲ့ရသေးသည်။အဲ့ဒီတုန်းက 'ထိပ္ထား'ကအတူတူယှဉ်လျှောက်မိတော့-

"ဟဲ့...ကလေးဖြစ်ပြီး အကြီးနဲ့အတူတူလမ်းလျှောက်စရာလား..အေနာက္ကေနပဲ လိုက်ခဲ့...ငါ့ရဲ့အလှတွေ မပေါ်ဘဲနေမယ်...သြား..သြား"

အဲ့လိုမျိုးအပြောခံခဲ့ရလို့ သူမရဲ့မမလဲမကြိုက်ဘူးထင်ပြီး အေနာက္ကေနလိုက္လာခဲ့တာပါ။

"အခုက အကဆရာမရဲ့အချိန်လား"

"ဟုတ်"

"အော်...မကြာခင် စုံညီပွဲတော်လုပ်တော့မှာမို့လို့ ပါချင်လားမေးမလို့ထင်တယ်...မပါချင်ပေမယ့် ဇွတ်ပါခိုင်းမှာပဲ...ညီမလေးကော...စုံညီမွာ ပါမွာလား"

"ဟုတ်..ပါမွာ"

"ဟုတ္လား...ညီမလေးတို့က ဘာအကလဲ"

"ညီမလေးတို့က ရှမ်းအက,ကရမွာ မမ"

"တော်တော်လှမှာပဲ...အခု အကတွေစသင်နေပြီလား"

"ဟုတ်"

လျှောက်လာရင်းနဲ့ ၇တနျးဆောငျရှေ့ရောကျပွီဆိုတော့ သူမတို့တွေ စကားစ,ပြတ်သွားကြသည်။

"စာကြိုးစားနော်"

အတန်းထဲမဝင်သေးခင် သူမရဲ့မမကအဲ့ဒီစကားလေးမဖြစ်မနေပြောခဲ့ပါသေးသည်။

('ဆောင်း'ရဲ့သာမန်ပြောလိုက်တဲ့စကားလေးဟာ 'ထိပ္ထား'အတွက်တော့အားဆေးကြီးဖြစ်ကာ ကြိုးစားချင်စိတ်တွေဖြစ်ပေါ်စေခဲ့ပါသည်။'ဆောင်း'စိတ်နဲ့ သူမ,စာကြိုးစားခဲ့တာ ဆယ်တန်းအထိတော့နှစ်ချင်းပေါက်အောင်မြင်ခဲ့ပါသည်။တက္ကသိုလ်ရောက်မှသာ ကျောင်းပျော်ကြီးဖြစ်ကာ နှစ်နှစ်တစ်တန်းတက်ပြီး ၈နှစ်ကြီးများတောင် တက်ခဲ့သော'ထိပ္ထား'ပါ။)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွန်ပျူတာချိန်တွင် 'ထိပ္ထား'တို့၇တန်းတွေ ကွန်ပျူတာခန်းသို့ရောက်နေကြသည်။ဒီနေ့ရဲ့ ကွန်ပျူတာချိန်မှာဂိုက်လုပ်ပေးကာ ကူညီပေးမယ့်သူကတော့ 'ဆောင်း'ဖြစ်လို့နေပါတယ်။တာဝန်ကြီးရယ်လို့တော့မဟုတ်ပါဘူး၊'ဆောင်း'ကကွန်ပျူတာသုံးစရာရှိတာနဲ့ ကွန်ပျူတာခန်းထဲရောက်နေတုန်း အငယ်တွေရဲ့အတန်းချိန်နဲ့သွားတိုက်နေတာမို့ ဆရာမ,နားရအောင်လို့ သူမကလိုက်ကူညီပေးနေတာပါ။

'ဆောင်း'ကတစ်ယောက်ပြီးတစ်ယောက်လိုက်ပြပေးရင်း 'ထိပ္ထား'ဆီသို့ရောက်လာပါသည်။

"သူပြထားတဲ့အတိုင်း အသားလေးတွေကိုလှီး..ပြီးကျရင် အရွက်လေးတွေဆိုရင် ဘေးဘက်ကိုဒီလိုဆွဲခွာရတယ်...နော် ညီမေလး"

mouseကိုင်ကျွမ်းအောင်လို့ ဟင်းလှီးတဲ့ဂိမ်းကို ကလေးတွေအား 'ဆောင်း'ကဆော့ခိုင်းနေသည်။နမူနာပြတဲ့အနေနဲ့ 'ဆောင်း'က 'ထိပ္ထား'ရဲ့mouseကိုင်ထားတဲ့လက်ကလေးအပေါ်အုပ်မိုးပြီး သူမရဲ့လက်ကိုတင်ကာဆော့ပြနေသည်။

(အဲ့ဒီအချိန်ကစလို့ 'ထိပ္ထား'ရဲ့ရင်ခုန်သံတွေဟာ ကျယ်လောင်မြည်ဟီးသွားရပြီး ဘာမှန်းမသိတဲ့အမျိုးအမည်တစ်ခု ရင်ဘတ်ထဲမှာခံစားသွားရပါသည်။နောက်ပိုင်းမှာ 'ဆောင်း'ကိုအဝေးကမြင်လိုက်ရုံနဲ့တင်၊ဒါမှမဟုတ် ဓာတ်ပုံလေးမြင်လိုက်ရုံနဲ့တင် 'ထိပ္ထား'ရဲ့နှလုံးခုန်သံတွေသာ ဒုန်းစိုင်းခုန်ပြီးကျယ်လောင်မြည်ဟီးတတ်လေ့ရှိပါသည်။ကျန်တဲ့အချိန်တွေမှာ ဘယ်သူတွေနဲ့တွေ့တွေ့ နှလုံးခုန်သံဟာပုံမှန်ပေမယ့် သူမရဲ့မမကိုတွေ့လိုက်တာနဲ့ကဆုန်ပေါက်ခုန်တတ်တာ သူမနှလုံးသားရဲ့အကျင့်တစ်ခုလိုဖြစ်လာခဲ့ပါတော့သည်။'ထိပ္ထား'ရဲ့နှလုံးသားက မမတစ်ယောက်ထဲအတွက်သီးသန့်ဖြစ်တည်နေတာပေါ့။😍😍)

"အဲ့လိုလေး လုပ်နော်...မမ တခြားသူတွေကိုလိုက်ပြလိုက်ဦးမယ်...မသိတာရှိရင် မမကိုခေါ်လိုက်နော်"

"ဟုတ်"

တခြားသူတွေကို လိုက်လံသင်ပြပေးနေတဲ့မမကိုလှမ်းကြည့်ကာ 'ထိပ္ထား'မှာဂိမ်းထဲအာရုံမရောက်နိုင်။အဲ့ဒီကွန်ပျူတာချိန်တစ်ချိန်လုံး သူမရဲ့မမကိုသာပြုံးပြီးငေးကြည့်နေခဲ့ပါသည်။😍
}}}

**************************************

အတိတ်အကြောင်းတွေပြန်တွေးရင်း 'ထိပ္ထား' ကိုယ်ငယ်ငယ်တုန်းကအဖြစ်ကလေးတွေကိုသတိရကာ ပြုံးမိသည်။သူမကသာ မမနဲ့ပတ်သက်ရင်တစ်ခုမကျန်အကုန်လုံးမှတ်မိနေပေမယ့် မမကတော့သူမကိုမှတ်မိဟန်မတူ။ကျောင်းအတူတူတက်နေတဲ့အချိန်ကတောင် သူမကိုမမှတ်မိတာ၊ဒီလောက်အချိန်အကြာကြီးနေမှပြန်တွေ့ရတော့ ပိုဆိုးပေါ့လို့ 'ထိပ္ထား'တွေးမိသည်။

ငယ်ငယ်တုန်းကလိုဆို သူမကိုမမှတ်မိလို့ဝမ်းနည်းမိမှာပေမယ့်၊အခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။

'ကူညီခံရဖူးတဲ့လူအတြက္က ကိုယ့်ကိုကူညီပေးလိုက်တဲ့လူတစ်ယောက်ထဲကိုမှတ်မိနိုင်ပေမယ့်..လူတိုင်းကိုအမြဲတမ်းကူညီပေးနေတဲ့လူအတွက်ကကျတော့ လူတွေကများလွန်းလို့ ဘယ်မှတ်မိနိုင်ပါ့မလဲလေ...ငါ့အတွက် မမဆီကအကူအညီရဖူးလို့ မမကိုထူးခြားတဲ့သူအနေနဲ့ထူးပြီးမှတ်မိနေပေမယ့်...မမအတြက္ကေတာ့ ငါက သာမန်သမားရိုးကျလူတစ်ယောက်ပဲမဟုတ်လား...မမကူညီပေးခဲ့ဖူးတဲ့ ညီမလေးတွေထဲကညီမလေးတစ်ယောက်ပဲကိုး'

အဲ့ဒီလိုမျိုး 'ထိပ္ထား'အရွယ်ရောက်လာတော့ နားလည်ပေးတတ်လာခဲ့ပြီလေ။'ထိပ္ထား'၈တန်းရောက်တော့ 'ဆောင်း'ကဆယ်တန်းအောင်သွားပြီမို့လို့ မရှိတော့ဘူးလေ။ဒါပေမယ့် သူမရဲ့မမကိုမမြင်ရလို့ဆိုပြီး မေ့သွားမယ်မထင်ပါနဲ့၊အဲ့ဒီကတည်းကနေအခုအချိန်အထိ တစ်ရက်ကလေးမှမေ့တဲ့ရက်မရှိခဲ့ပါဘူး။

ကျောင်းတက်တဲ့အရွယ်တုန်းကတော့ ကိုယ့်ကိုယ်ကို 'ထိပ္ထား'မသိခဲ့ပေမယ့် တက္ကသိုလ်လဲရောက်လာရော သူမရဲ့နှလုံးသားကိုသတိထားမိသွားခဲ့ပါပြီ။သူမဟာ မမကိုချစ်နေမိခဲ့တာ၊သူမရဲ့နှလုံးသားဟာ မမအတွက်ပဲဆိုတာကိုပေါ့။ဒါပေမယ့် အတင်းကြီးလုပ်ကြံပြီးတော့ မမအနားမကပ်ချင်တာနဲ့ အဝေးကနေပဲသတင်းလေးနားစွင့်ပြီး 'ထိပ္ထား'အမြဲနေနေခဲ့ပါတယ်။သူမရဲ့အချစ်စစ်ရင်မမနဲ့ ကံကြမ္မာကတွေ့ခွင့်ပေးလိမ့်မယ်ဆိုပြီးမှတ်ယူကာ ကံကိုပုံအပ်ကာအမြဲတမ်းစောင့်နေခဲ့သည်။ဒီလိုနဲ့ ဒီအချိန်မှာတော့ မိဘတွေရဲ့ကောင်းမှုကြောင့်နဲ့ မမနဲ့လက်ထပ်ဖို့ဖြစ်လာတော့ သူမသိပ်ချစ်ပြီးစောင့်နေရတဲ့မမမို့လို့ 'ထိပ္ထား'ပျော်လို့မဆုံး။

အခုတော့ ငိုင်ငိုင်လေးဖြစ်နေတဲ့သူမရဲ့မမကိုခိုးကြည့်ပြီး တစ်ခုတွေးမိသွားသည်။အချစ်နဲ့စတဲ့အိမ်ထောင်ရေးမဟုတ်တော့ မမပျော်ပါ့မလားလို့လေ။'ဆောင်း'မပျော်မရွှင်ဖြစ်နေတာမြင်ရတော့ 'ထိပ္ထား'စိတ်မကောင်းဖြစ်ရသည်။ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ကိုယ်ချစ်တဲ့မမကိုတွေ့ပြီးမှတော့ ဘယ်သူကလွှတ်ပေးဖို့စိတ်ကူးရှိနိုင်ပါ့မလဲ။သူမရဲ့အချစ်တွေနဲ့ အတတ်နိုင်ဆုံးပျော်အောင်ထားဖို့ ကြိုးစားရန်သာ 'ထိပ္ထား'စိတ်ဆုံးဖြတ်လိုက်ပါသည်။

"စကားကေတာ့ ပြောလို့ကောင်းတယ်ခင်ရေ..လူကြီးတွေလေပေါနေတာနဲ့ ကလေးတွေတော့ပျင်းနေတော့မယ်ထင်တယ်"

"ဟုတ်ပါ့...ဒါဆို ခင်တို့ပြန်တော့မယ် ပပ"

"ဘာလို့လဲ...ညစာအတူတူစားပြီးမှ ပြန်တာမဟုတ်ဘူး"

"ခင် မိတ်ဆွေတွေနဲ့ပန်းချီသွားဆွဲစရာလေးရှိလို့ပါ ပပရယ်...နောက်တစ်ခုမှပေါ့..နော်"

"ခင် ပန်းချီဆွဲနေတာလား...ဒီတစ်ခါ ဘာပုံလေးလဲ"

"ခင် နေဝင်ဆည်းဆာပုံလေး ဆွဲနေတယ်...ဦးပိန်ရဲ့နေဝင်ဆည်းဆာလေ...အဲ့ဒါ နေမဝင်ခင် အျမန်သြားမွ...တော်ကြာ လွတ်သွားမှာစိုးလို့"

"အင်း.ဟုတ်ပါတယ်...ခင့်ရဲ့အနုပညာကို နှောင့်ယှက်သလိုဖြစ်နေလိမ့်မယ်..သွားတော့နော်...နောက်တစ်ခါတော့ ကိစ္စတွေအကုန်ဖြတ်ပြီးလာနော်"

"အင်းပါ ပပရယ်...ခင် ကတိပေးပါတယ်"

ထို့နောက် 'ဆောင်း'တို့မိသားစုကို 'ထိပ္ထား'တို့မိသားစုတွေက ကားအထိလိုက်ပို့နှုတ်ဆက်နေကြသည်။

"ခင်ရေ...ဘယ်နေ့ ဗေဒင်ဆရာဆီသွားမှာလဲ...သွားမယ့်ရက်ကိုလဲ ပြောဦးနော်...ပြီးတော့ မြန်မြန်သွားကြမယ်...ပပက အမြန်လက်ထပ်ပေးချင်လှပြီ"

"စိတ္ခ်ပါ ပပရယ်"

"ကိုကျော်ဇော...ကျွန်တော်တို့ တစ်ရက်လောက်golfသွားရိုက်ရအောင်လေ...ခင်ဗျားမဆော့တာကြာနေပြီနော်"

အထဲမှာလဲဒီလောက်ပြောထားတာကို အပြန်ကျတော့လဲ လူကြီးတွေကစကားတွေပြောလို့မပြီးနိုင်သေး။'ဆောင်း'နဲ့'ထိပ္ထား'ကေတာ့ ကားဘေးနားမှာ အတူတူမတ်တပ်ရပ်စောင့်နေကြရသည်။

"အေဝ"

"အ..အ.ဝေ?.."

ထိုစဉ် 'ဆောင်း'က အဝေဆိုပြီးခေါ်လိုက်တော့ 'ထိပ္ထား'မျက်လုံးလေးပြူးသွားရသည်။

"အဲ...အေဝ..အေဝက အဲ့ဒီလိုခေါ်တာမကြိုက်ဘူးလား...ဒီအတိုင်းပဲ မမက...အေဝက မမထက်ငယ်တာမို့လို့ အဖျားဆွတ်ခေါ်လိုက်တာပါ...လူကြီးတွေက ဝေလေးလို့ခေါ်နေကြတော့လေ...အဲ့ဒီလိုခေါ်ဖို့ကျတော့လဲ ဖေဖေမေမေတို့အရွယ်တွေမှ ခေါ်တာကောင်းတယ်ထင်လို့...အဲ့ဒါကြောင့်မို့ ဝေလေးလို့ခေါ်ရင်ကျတော့လဲ အရမ်းအသက်ကြီးသွားသလိုပဲ..ဝေလို့၁လုံးထဲခေါ်ပြန်ရင်လဲ အရမ်းနုနေတယ်မဟုတ်လား...အဝေလို့ခေါ်တာကျ ငယ်တဲ့သူကိုခေါ်တဲ့နာမည်လေးပဲဆိုတော့လေ...အ.ထည့်ပြီးခေါ်လို့ နှိမ်ပြီးခေါ်တယ်လို့တော့ မထင်နဲ့နော်...အဝေလို့ခေါ်တာမကြိုက်ဘူးဆို မမ.မခေါ်တော့ပါဘူး"

"ကြိုက်တယ်!...ဝေ ကြိုက်ပါတယ်...အဲ့ဒီလိုလေးပဲ ခေါ်ပါ"

မခေါ်တော့မှာစိုးလို့ပြန်ပြောလိုက်တာ အသံတောင်နည်းနည်းကျယ်သွားလို့ 'ဆောင်း'မျက်လုံးလေးဝိုင်းသွားရသည်။😄😄

"အော်...အင်း..အင်းပါ"

"ဝေက အဲ့ဒီလိုခေါ်တာတစ်ခါမှမကြားဖူးတော့ ရုတ်တရက်မို့ တစ်မျိုးဖြစ်သွားလို့ပါ"

"ဟုတ္လား...ဘယ်သူကမွ အဲ့ဒီလိုမခေါ်ဖူးဘူးလား...ဒါဆို..ဆို.."

"ရတယ်!...ကိစ္စမရှိပါဘူး မမရဲ့...ဘယ်သူမှမခေါ်ဖူးဘူးဆိုပေမယ့် ဝေအရမ်းကြိုက်တယ်...နာမည်လေးက ချစ်စရာလေးလေ...မမက အဝေလို့ပဲခေါ်ပါ"

'ထိပ္ထား'က သူမရဲ့မမတစ်ယောက်ထဲသီးသန့်ခေါ်တဲ့နာမည်လေးရတော့ အပျော်ကြီးပျော်ကာပြုံးစပ်စပ်နဲ့လုပ်နေတော့ 'ဆောင်း'အနည်းငယ်လန့်လာရပြီး ခေါင်းလေးသာအသာအယာညိတ်ပြလိုက်သည်။

"အေဝ..အဝေ့ကိုလေ...မမ မေးချင်တာလေးရှိလို့...အဲ့ဒါ.."

"ဟုတ်...မေးလေ"

"ဟို...အေဝက ဒီလက်ထပ်ရမယ့်ကိစ္စကို ဘာလို့လက်ခံလိုက်ရတာလဲဟင်"

"ဘာလို့လဲဆိုတော့..ဝေ ခုနတုန်းကပြောခဲ့သလိုပဲလေ...လူကြီးတွေက ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်ဘူးမလား...သူတို့သေချာစဉ်းစားပြီး ဆုံးဖြတ်ခဲ့ကြတာဆိုတော့...ဝေ့မှာ ငြင်းစရာလဲမရှိဘူး.ကန့်ကွက်စရာလဲမရှိဘူးလေ...ကုန်ကုန်ပြောရရင် ဝေ့မှာနစ်နာစရာဘာတစ်ခုမှမရှိဘူးမလား"

"ဒါပေမယ့်လဲ...."

လိုချင်တဲ့အဖြေမရလို့စိတ်ဓာတ်ကျသွားတဲ့မမကိုကြည့်ကာ 'ထိပ္ထား'နှစ်သိမ့်ပေးချင်ပေမယ့်လဲမတတ်နိုင်။

"ဒါ့ထက်...အေဝ့မွာ...အေဝ့မွာ ချစ်သူတွေဘာတွေမရှိဘူးလားဟင်"

'ဆောင်း'ကအဲ့ဒီလိုမေးလိုက်တော့ 'ထိပ္ထား'ကပြုံးပြုံးလေးနဲ့ သူမရဲ့မမကိုကြည့်နေခဲ့သည်။'ဆောင်း'ကေတာ့ ထပ်ပြီးမျှော်လင့်ချက်တွေအပြည့်နဲ့ 'ထိပ္ထား'နှုတ်ကထွက်လာမယ့်အဖြေကိုစောင့်စားရင်း မျက်လုံးချင်းဆိုင်ပြီးကြည့်နေခဲ့ပါသည်။🙁🙁

##################################

ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏

👋👋

Continuer la Lecture

Vous Aimerez Aussi

16.2K 932 31
Cringe worthy Oneshots, please shoot me 🙂
341K 9.8K 48
"He stares at me nonchalantly while leaning against my wall. He slowly walks towards me. What was he going to do? He looks down at me and slowly move...
Her Secret Par Ayo

Roman d'amour

10.8M 250K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
92K 3.5K 26
Reanne and Jayden had another mind blowing adventure with laughter and jokes with their pack and family members and some scary moments with their ene...