Unicode Version
"ဟွန်း... ဟွန်း သတိရလာပြီလား။ အဆင်ပြေရဲ့လား ဟွန်း"
ဆေးရုံခန်းထဲ ဝင်ဝင်ချင်း မြင်လိုက်ရသည်က ငုတ်တုတ် ထိုင်နေသော ကလေးငယ်...
တည်တင်းနေသော မျက်နှာက ဘာတွေကိုများ အလိုမကျ ဖြစ်နေပါလိမ့်။
"ခေါင်းကြည်ရဲ့လား ဟွန်း။ နေရထိုင်ရရော အဆင်ပြေရဲ့လား။ ခဏ ကိုယ် ဒေါက်တာ့ကို သွားခေါ်လိုက်မယ်"
ထထွက်ရန် ပြင်နေသော ကျွန်တော့်ကို လာဟန့်တန်းသော ခပ်အေးအေး လက်တစ်စုံ...
"ခုနကလေးတင် လာစစ်ဆေးသွားတာ။ သွားထပ်မခေါ်နဲ့တော့"
"အာ အဲ့ဒီလိုလား။ ဆောရီး ကိုယ်က ဟွန်း သတိရလာရင် စားဖို့ သွားဝယ်နေတာ။ ဟွန်း ဗိုက်ဆာပြီလား.... စားတော့မလား"
ခေါင်းခါပြပြီး ကျွန်တော့်အား ကျောပေး လှဲနေသော ကလေးငယ်ကြောင့် ဝမ်းနည်းလာသလိုပင်။
"ဟွန်း ကိုယ့်ကို စိတ်ဆိုးနေတာလား။ ကိုယ် တောင်းပန်ပါတယ်။ ကိုယ်သာ နောက်မကျရင် ဟွန်း အခုလိုတွေ ခံစားရမှာ မဟုတ်ဘူး။ နောက်မဖြစ်စေရဘူးနော်။ ကိုယ့်ကို ကြည့်ပါဦး"
ခပ်ဖွဖွ ဆွဲလှည့်လိုက်လေတော့ ကလေးငယ်၏ မျက်ဝန်း တစ်စုံဟာ မျက်ရည်များ ရစ်သိုင်းလို့။
"ဟွန်း ဘာလို့ ငိုနေတာလဲ ဟမ်။ ဘယ်နေရာကများ နေလို့ မကောင်းလို့လဲ။ တစ်ခုခု ပြောပါဥိးကွာ....ကိုယ် အရမ်း စိတ်တွေ ပူနေပြီ"
သူ့မျက်ရည်တို့ကြောင့် လူက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ ရင်ဘတ်ထဲ၌လည်း ဝမ်းနည်းရိပ်တို့ကြောင့် လေးပင် ဆို့နင့်လာ၏။
"ကျွန်တော်လေ.... အိပ်မက်ရှည်ကြီး တစ်ခုကို မက်ခဲ့တယ်။ တကယ့်ကို အရှည်ကြီးပဲ။ Hyungသိလား.... အိပ်မက်ထဲက ဂျီဟွန်းဆိုတဲ့ ကောင်လေးကလည်း အွန်းဟိုဆိုတဲ့ ကောင်လေးကို Hyungလို့ ခေါ်တာ"
သွားပြီ။ သူ မှတ်မိသွားပြီ။ သေချာသည်။ ကလေးငယ် ကျွန်တော့်ကို မုန်းနေလောက်ပြီ။
"Hyungရော.... အဲ့ဒီ အိပ်မက် မက်ဖူးလား"
"အင်း"
ကျွန်တော့်၏ လေးတိလေးကန် အဖြေကို ကလေးငယ်က ခေါင်းတစ်ချက် ညိတ်ကာ အသိအမှတ် ပြု၏။
"ဘယ်တုန်းက မက်ခဲ့တာလဲHyung.... ကျွန်တော့်ကိုတောင် မပြောပြခဲ့ပါလား။ Hyungက လျှိုလိုက်တာ"
ဒါဘယ်လို အခြေအနေကြီးလဲ...
တကယ်ဆို ဟွန်းက ကျွန်တော့်ကို မကျေနပ်ချက်တွေ ပြောပြီး ပေါက်ကွဲရမှာလေ။ ဘာလို့ သူ သည်လောက်တောင် အေးဆေးနေရတာလဲ....
"ကိုယ် တောင်းပန်ပါတယ် ဟွန်း.... ကိုယ် တကယ်ကို မင်းအပေါ်မှာ ရက်စက်မိခဲ့တယ်။ ခွင့်လွှတ်ပေးပါလို့လည်း မတောင်းဆိုချင်ဘူး။ ဒါပေမဲ့... ကိုယ့်ကို ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့နော်။ အဲ့ဒါလေး တစ်ခုတော့ လိုက်လျောပေးပါ"
ကလေးငယ်ဟာ သူ့မျက်ရည်များ မကျလာစေရန် မျက်တောင်တို့ကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ကျွန်တော့် စကားတို့ကို နားထောင်ပေးရှာသည်။
"ကျွန်တော် အခု ဘာဆက်လုပ်ရတော့မှာလဲ Hyung...."
"ဟွန်း ကြိုက်တာသာ လုပ်ပါ။ ကိုယ် လက်ခံဖို့ အသင့်ပါ။ ပြီးတော့ အရမ်း မငိုပါနဲ့။ ခုမှ သတိရခါစမို့ စိတ်ကို အေးဆေး အနားယူပါလား ဟွန်းရယ်"
မျက်ရည်တို့ကို ခပ်ဖွဖွ သုတ်ပေးရင်း ချော့မော့ပြောလေတော့ သူက နွမ်းလျလျ ပြုံးပြ၏။
"ကျွန်တော် ဘာလုပ်လုပ် Hyungက လက်ခံမယ်ပေါ့..."
"အင်း ကိုယ်် လက်ခံမယ်"
"ဒါဆို ကျွန်တော်တို့ လမ်းခွဲကြမယ် Hyung"
ရင်ဘတ်ထဲက ဆစ်ခနဲ ကျဥ်တက်သွားသလိုပင်။ ဘယ်လောက်ပင် ခံနိုင်ရည် ရှိအောင် ကြိုတင် ပြင်ဆင်ထားပါသော်ငြား လက်တွေ့တွင်တော့ ခံနိုင်ရည်မရှိခဲ့။
"ဟွန်းပဲ ကိုယ့်ကို သေတောင် မထားသွားဘူးဆို။ မင်း ကတိ ပေးခဲ့တယ်လေ"
တုန်ယင်နေသော လေသံကို အတတ်နိုင်ဆုံး ထိန်းရင်း ပြောနေသော ကျွန်တော့်ပုံစံဟာ ပျော့တိပျော့ဖတ် လူတစ်ယောက်နှင့်များ တူနေလေမလား....
တူလည်း မတတ်နိုင်။ သည်ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့်တွင် ခံနိုင်စွမ်းအား လုံးဝ မရှိ။
"အဲ့ဒါက ကျွန်တော် မသိခင်က ပေးခဲ့မိတဲ့ကတိလေ။ Hyungလည်း သိတာပဲ။ ကျွန်တော် ဒါတွေကိုသာ မှတ်မိရင် ကတိ ပေးပါ့မလား"
ကလေးငယ်ရယ်လေ.... ကျွန်တော့်ရင်ကို သူ့စကားဆူးများဖြင့် တတိတိကို ထိုးဆွနေတော့တာပဲ။
နာကျင်လိုက်တာ...
"အဲ့လောက်တောင်လား.... ကိုယ်က မင်းရဲ့ အတိတ်ကို အဲ့ဒီလောက်တောင် အဆိပ်သင့်စေခဲ့တာလား။ ကိုယ် အရမ်း ခံရခက်တာပဲ ဟွန်းရယ်။ မင်း သိလား... ဒီနေရာက တဆစ်ဆစ်ကို နာကျင်နေတယ်"
သူ့ဖဝါး နုနုလေးကို ကျွန်တော့် ဘယ်ဘက်ရင်ဘတ်ပေါ် တင်ပေးလိုက်လေတော့ သူက အံကို တင်းတင်း ကြိတ်ကာ ရုန်းသည်။
"ကျွန်တော်လည်း အဲ့ဒီလို ဖြစ်ချင်ပါ့မလား။ ကျွန်တော်လည်း......"
ဆက်မပြောတော့ဘဲ တရှုံ့ရှုံ့ ငိုနေသော ကလေးငယ်ကြောင့် နာကျင်မှုတွေက နှစ်ဆ တိုးလာသလိုပင်။
ကျွန်တော့်ကြောင့် သူ အကြိမ်ကြိမ် ငိုခဲ့ပြီးပြီ။ မရေမတွက်နိုင်အောင်လည်း နာကျင်ခဲ့ရပြီးပြီ။ သည့်ထက်ပိုပြီး သူ့အနားတွင် ကျွန်တော် မရှိသင့်တော့။
"မငိုပါနဲ့တော့ ဟွန်းရယ်.... မင်း ဖြစ်စေချင်တဲ့အတိုင်း လိုက်လျောပေးပါ့မယ်။ ပြီးတော့ မင်းအနားကနေ ကိုယ် ထွက်သွားပေးပါ့မယ်။ မင်း ပျော်ပျော်ရွှင်ရွှင် နေရမယ်နော်"
မျက်ရည်များကြားမှ အားယူပြုံးရင်း ကလေးငယ်၏ နဖူးကို ခပ်ဖွဖွ နမ်းကာ ကျွန်တော် ထွက်လာခဲ့လိုက်သည်။
ပျော်ပျော်ရွှင်ရွှင် ရှင်သန်ပါ ကိုယ့်ရဲ့ ဟွန်းငယ်....
~~~~~~~~~~~~~~~
"အွန်းလေးကို အဲ့ဒီလောက်တောင် မုန်းခဲ့တာလား သားငယ်"
"မ မဟုတ်ပါဘူး။ ကျွန်တော် Hyungကို တစ်ခါမှ မမုန်းခဲ့ဖူးပါဘူး"
ပျာပျာသလဲ ငြင်းနေသော ကျွန်တော့်ကို သူက နားမလည်နိုင်စွာ ကြည့်နေသည်။
"ဒါဆို သူနဲ့ ဘာလို့ လမ်းခွဲခဲ့တာလဲ"
ဘယ်လို... သူက ကျွန်တော်နဲ့ Hyung တွဲနေသည်ကိုပါ သိသည်တဲ့လား။ သူ စိတ်မဆိုးဘူးလား။ ကျွန်တော်တို့က...
"လမ်းက ခွဲရမှာပေါ့.... ကျွန်တော်တို့က ဖြစ်မှ မဖြစ်နိုင်တာ"
တိုးလျလျ အသံနှင့် ပြောလိုက်လေတော့ သူက မျက်မှောင်ကြီး ကုပ်ကာ ကျွန်တော့်အား ကြည့်နေပြန်သည်။
"ဘာကို မဖြစ်နိုင်တာလဲ သားငယ်"
ဘုရားသခင်... သူ အတော် ရစ်သည်။ ဘာကို မဖြစ်နိုင်တာလဲဆိုတာ အသိသာကြီးရယ်ပါ။
"ကျွန် ကျွန်တော်တို့က ညီအစ်ကိုတွေလေ။ အမေမတူပေမယ့်...."
ဆက်မပြောတော့ဘဲ ခေါင်းငိုက်စိုက်နေသော ကျွန်တော့်ပုံစံကိုသာ ဘေးလူ မြင်သွားလျှင် သနားသွားနိုင်သည်။
မတတ်နိုင်။ လူက စိတ်ဓာတ် အတော် ကျနေ၏။
"အဲ့ဒါအတွက်ကြောင့်ဆို မပူပါနဲ့ သားငယ်ရဲ့။ မင်းတို့က ဘာသွေးသားမှ မတော်စပ်ပါဘူး"
"ဟမ် ဘာ ဘာကိုဘဲ"
မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ပြန်မေးနေသော ကျွန်တော့်ပုံစံဟာ သူ့အတွက် ရယ်စရာများ ကောင်းနေလေလားမသိ။ သူ ရယ်နေတာများ မျက်လုံးများပင် မှိတ်သည်။
"ဟုတ်တယ်။ DNAက သားအမေ အင်ထုသွားတာ။ Appa ထပ်စစ်ပြီးပြီ။ Appaနဲ့သားက ဘာသွေးသား ဆက်နွှယ်မှုမှ မရှိဘူး"
"ဒါ ဒါဆို သူရော... ကျွန်တော့်အမေရော"
ကွက်ခနဲ ပျက်သွားသော သူ့မျက်နှာဟာ ဘာ့ကြောင့်များပါလိမ့်။
"ဟန်နီ ဆုံးသွားပြီ သားငယ်"
"သြော်....."
သည်တစ်ခွန်းတည်းသာ ကျွန်တော် တုံ့ပြန် လိုက်မိသည်။ သူ(မ) ဆုံးသွားပြီဟု ကြားလိုက်ရပြန်တော့လည်း လူက စိတ်တော့မကောင်း။
"ဒါကြောင့် အွန်းလေးနဲ့ လမ်းခွဲစရာ မလိုဘူး သားငယ်။ မင်းတို့ နှစ်ယောက်ကို Appaက သဘောတူပြီးသားပါ။ အွန်းလေးက သားငယ်ကို စစတွေ့ချင်းတည်းက သဘောကျနေခဲ့တာ"
"ကျွန် ကျွန်တော့်ကို Hyungကလေ...."
မယုံကြည်နိုင်စွာ မေးလိုက်မိသည်။
Hyungက ကျွန်တော့်ကို မုန်းနေခဲ့တာပါ။ အမြဲလိုလို ဘုဘောက်တွေသာ ပြောခဲ့တာပါ။
"ဟုတ်တယ် သားငယ်.... ရော့ ဒါလေး ဖတ်ကြည့်။ အွန်းလေးရဲ့ ခံစားချက်တွေအားလုံး ဒီထဲမှာ ပါတယ်"
စားပွဲပေါ်ရှိ အဖုံးညိုညိုဖြင့် ဒိုင်ယာရီစာအုပ်လေးကို ကြည့်ရင်း ဘာ့ကြောင့်ရယ်များ ကျွန်တော် ရင်တွေ ခုန်လာရပါလိမ့်။
~~~~~To Be Continued~~~~~
A/N
Hyungရဲ့ diary onlyကို special episode အနေနဲ့ ကိုယ်ရေးပေးပါ့မယ်နော်🤍
နှစ်ပိုင်းလောက်ပဲ ကျန်တော့တယ်။ နေ့လည်လောက်မှ ဆက်တင်ပေးမယ်နော်။ မျက်ရိုး ကိုက်လာလို့
Write with heart
Thanks for reading
1.7.21/Thursday
___________________________________________________
Zawgyi Version
"ဟြန္း... ဟြန္း သတိရလာၿပီလား။ အဆင္ေျပရဲ့လား ဟြန္း"
ေဆး႐ုံခန္းထဲ ဝင္ဝင္ခ်င္း ျမင္လိုက္ရသည္က ငုတ္တုတ္ ထိုင္ေနေသာ ကေလးငယ္...
တည္တင္းေနေသာ မ်က္ႏွာက ဘာေတြကိုမ်ား အလိုမက် ျဖစ္ေနပါလိမ့္။
"ေခါင္းၾကည္ရဲ့လား ဟြန္း။ ေနရထိုင္ရေရာ အဆင္ေျပရဲ့လား။ ခဏ ကိုယ္ ေဒါက္တာ့ကို သြားေခၚလိုက္မယ္"
ထထြက္ရန္ ျပင္ေနေသာ ကၽြန္ေတာ့္ကို လာဟန႔္တန္းေသာ ခပ္ေအးေအး လက္တစ္စုံ...
"ခုနကေလးတင္ လာစစ္ေဆးသြားတာ။ သြားထပ္မေခၚနဲ႔ေတာ့"
"အာ အဲ့ဒီလိုလား။ ေဆာရီး ကိုယ္က ဟြန္း သတိရလာရင္ စားဖို႔ သြားဝယ္ေနတာ။ ဟြန္း ဗိုက္ဆာၿပီလား.... စားေတာ့မလား"
ေခါင္းခါျပၿပီး ကၽြန္ေတာ့္အား ေက်ာေပး လွဲေနေသာ ကေလးငယ္ေၾကာင့္ ဝမ္းနည္းလာသလိုပင္။
"ဟြန္း ကိုယ့္ကို စိတ္ဆိုးေနတာလား။ ကိုယ္ ေတာင္းပန္ပါတယ္။ ကိုယ္သာ ေနာက္မက်ရင္ ဟြန္း အခုလိုေတြ ခံစားရမွာ မဟုတ္ဘူး။ ေနာက္မျဖစ္ေစရဘူးေနာ္။ ကိုယ့္ကို ၾကည့္ပါဦး"
ခပ္ဖြဖြ ဆြဲလွည့္လိုက္ေလေတာ့ ကေလးငယ္၏ မ်က္ဝန္း တစ္စုံဟာ မ်က္ရည္မ်ား ရစ္သိုင္းလို႔။
"ဟြန္း ဘာလို႔ ငိုေနတာလဲ ဟမ္။ ဘယ္ေနရာကမ်ား ေနလို႔ မေကာင္းလို႔လဲ။ တစ္ခုခု ေျပာပါဥိးကြာ....ကိုယ္ အရမ္း စိတ္ေတြ ပူေနၿပီ"
သူ႔မ်က္ရည္တို႔ေၾကာင့္ လူက ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေတာ့။ ရင္ဘတ္ထဲ၌လည္း ဝမ္းနည္းရိပ္တို႔ေၾကာင့္ ေလးပင္ ဆို႔နင့္လာ၏။
"ကၽြန္ေတာ္ေလ.... အိပ္မက္ရွည္ႀကီး တစ္ခုကို မက္ခဲ့တယ္။ တကယ့္ကို အရွည္ႀကီးပဲ။ Hyungသိလား.... အိပ္မက္ထဲက ဂ်ီဟြန္းဆိုတဲ့ ေကာင္ေလးကလည္း အြန္းဟိုဆိုတဲ့ ေကာင္ေလးကို Hyungလို႔ ေခၚတာ"
သြားၿပီ။ သူ မွတ္မိသြားၿပီ။ ေသခ်ာသည္။ ကေလးငယ္ ကၽြန္ေတာ့္ကို မုန္းေနေလာက္ၿပီ။
"Hyungေရာ.... အဲ့ဒီ အိပ္မက္ မက္ဖူးလား"
"အင္း"
ကၽြန္ေတာ့္၏ ေလးတိေလးကန္ အေျဖကို ကေလးငယ္က ေခါင္းတစ္ခ်က္ ညိတ္ကာ အသိအမွတ္ ျပဳ၏။
"ဘယ္တုန္းက မက္ခဲ့တာလဲHyung.... ကၽြန္ေတာ့္ကိုေတာင္ မေျပာျပခဲ့ပါလား။ Hyungက လၽွိုလိုက္တာ"
ဒါဘယ္လို အေျခအေနႀကီးလဲ...
တကယ္ဆို ဟြန္းက ကၽြန္ေတာ့္ကို မေက်နပ္ခ်က္ေတြ ေျပာၿပီး ေပါက္ကြဲရမွာေလ။ ဘာလို႔ သူ သည္ေလာက္ေတာင္ ေအးေဆးေနရတာလဲ....
"ကိုယ္ ေတာင္းပန္ပါတယ္ ဟြန္း.... ကိုယ္ တကယ္ကို မင္းအေပၚမွာ ရက္စက္မိခဲ့တယ္။ ခြင့္လႊတ္ေပးပါလို႔လည္း မေတာင္းဆိုခ်င္ဘူး။ ဒါေပမဲ့... ကိုယ့္ကို ေက်းဇူးျပဳၿပီး မမုန္းလိုက္ပါနဲ႔ေနာ္။ အဲ့ဒါေလး တစ္ခုေတာ့ လိုက္ေလ်ာေပးပါ"
ကေလးငယ္ဟာ သူ႔မ်က္ရည္မ်ား မက်လာေစရန္ မ်က္ေတာင္တို႔ကို ပုတ္ခတ္ ပုတ္ခတ္ လုပ္ရင္း ကၽြန္ေတာ့္ စကားတို႔ကို နားေထာင္ေပးရွာသည္။
"ကၽြန္ေတာ္ အခု ဘာဆက္လုပ္ရေတာ့မွာလဲ Hyung...."
"ဟြန္း ႀကိဳက္တာသာ လုပ္ပါ။ ကိုယ္ လက္ခံဖို႔ အသင့္ပါ။ ၿပီးေတာ့ အရမ္း မငိုပါနဲ႔။ ခုမွ သတိရခါစမို႔ စိတ္ကို ေအးေဆး အနားယူပါလား ဟြန္းရယ္"
မ်က္ရည္တို႔ကို ခပ္ဖြဖြ သုတ္ေပးရင္း ေခ်ာ့ေမာ့ေျပာေလေတာ့ သူက ႏြမ္းလ်လ် ျပဳံးျပ၏။
"ကၽြန္ေတာ္ ဘာလုပ္လုပ္ Hyungက လက္ခံမယ္ေပါ့..."
"အင္း ကိုယ္္ လက္ခံမယ္"
"ဒါဆို ကၽြန္ေတာ္တို႔ လမ္းခြဲၾကမယ္ Hyung"
ရင္ဘတ္ထဲက ဆစ္ခနဲ က်ဥ္တက္သြားသလိုပင္။ ဘယ္ေလာက္ပင္ ခံနိုင္ရည္ ရွိေအာင္ ႀကိဳတင္ ျပင္ဆင္ထားပါေသာ္ျငား လက္ေတြ႕တြင္ေတာ့ ခံနိုင္ရည္မရွိခဲ့။
"ဟြန္းပဲ ကိုယ့္ကို ေသေတာင္ မထားသြားဘူးဆို။ မင္း ကတိ ေပးခဲ့တယ္ေလ"
တုန္ယင္ေနေသာ ေလသံကို အတတ္နိုင္ဆုံး ထိန္းရင္း ေျပာေနေသာ ကၽြန္ေတာ့္ပုံစံဟာ ေပ်ာ့တိေပ်ာ့ဖတ္ လူတစ္ေယာက္ႏွင့္မ်ား တူေနေလမလား....
တူလည္း မတတ္နိုင္။ သည္ကိစၥႏွင့္ ပတ္သက္ၿပီး ကၽြန္ေတာ့္တြင္ ခံနိုင္စြမ္းအား လုံးဝ မရွိ။
"အဲ့ဒါက ကၽြန္ေတာ္ မသိခင္က ေပးခဲ့မိတဲ့ကတိေလ။ Hyungလည္း သိတာပဲ။ ကၽြန္ေတာ္ ဒါေတြကိုသာ မွတ္မိရင္ ကတိ ေပးပါ့မလား"
ကေလးငယ္ရယ္ေလ.... ကၽြန္ေတာ့္ရင္ကို သူ႔စကားဆူးမ်ားျဖင့္ တတိတိကို ထိုးဆြေနေတာ့တာပဲ။
နာက်င္လိုက္တာ...
"အဲ့ေလာက္ေတာင္လား.... ကိုယ္က မင္းရဲ့ အတိတ္ကို အဲ့ဒီေလာက္ေတာင္ အဆိပ္သင့္ေစခဲ့တာလား။ ကိုယ္ အရမ္း ခံရခက္တာပဲ ဟြန္းရယ္။ မင္း သိလား... ဒီေနရာက တဆစ္ဆစ္ကို နာက်င္ေနတယ္"
သူ႔ဖဝါး ႏုႏုေလးကို ကၽြန္ေတာ့္ ဘယ္ဘက္ရင္ဘတ္ေပၚ တင္ေပးလိုက္ေလေတာ့ သူက အံကို တင္းတင္း ႀကိတ္ကာ ႐ုန္းသည္။
"ကၽြန္ေတာ္လည္း အဲ့ဒီလို ျဖစ္ခ်င္ပါ့မလား။ ကၽြန္ေတာ္လည္း......"
ဆက္မေျပာေတာ့ဘဲ တရွုံ႔ရွုံ႔ ငိုေနေသာ ကေလးငယ္ေၾကာင့္ နာက်င္မွုေတြက ႏွစ္ဆ တိုးလာသလိုပင္။
ကၽြန္ေတာ့္ေၾကာင့္ သူ အႀကိမ္ႀကိမ္ ငိုခဲ့ၿပီးၿပီ။ မေရမတြက္နိုင္ေအာင္လည္း နာက်င္ခဲ့ရၿပီးၿပီ။ သည့္ထက္ပိုၿပီး သူ႔အနားတြင္ ကၽြန္ေတာ္ မရွိသင့္ေတာ့။
"မငိုပါနဲ႔ေတာ့ ဟြန္းရယ္.... မင္း ျဖစ္ေစခ်င္တဲ့အတိုင္း လိုက္ေလ်ာေပးပါ့မယ္။ ၿပီးေတာ့ မင္းအနားကေန ကိုယ္ ထြက္သြားေပးပါ့မယ္။ မင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရမယ္ေနာ္"
မ်က္ရည္မ်ားၾကားမွ အားယူျပဳံးရင္း ကေလးငယ္၏ နဖူးကို ခပ္ဖြဖြ နမ္းကာ ကၽြန္ေတာ္ ထြက္လာခဲ့လိုက္သည္။
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရွင္သန္ပါ ကိုယ့္ရဲ့ ဟြန္းငယ္....
~~~~~~~~~~~~~~~
"အြန္းေလးကို အဲ့ဒီေလာက္ေတာင္ မုန္းခဲ့တာလား သားငယ္"
"မ မဟုတ္ပါဘူး။ ကၽြန္ေတာ္ Hyungကို တစ္ခါမွ မမုန္းခဲ့ဖူးပါဘူး"
ပ်ာပ်ာသလဲ ျငင္းေနေသာ ကၽြန္ေတာ့္ကို သူက နားမလည္နိုင္စြာ ၾကည့္ေနသည္။
"ဒါဆို သူနဲ႔ ဘာလို႔ လမ္းခြဲခဲ့တာလဲ"
ဘယ္လို... သူက ကၽြန္ေတာ္နဲ႔ Hyung တြဲေနသည္ကိုပါ သိသည္တဲ့လား။ သူ စိတ္မဆိုးဘူးလား။ ကၽြန္ေတာ္တို႔က...
"လမ္းက ခြဲရမွာေပါ့.... ကၽြန္ေတာ္တို႔က ျဖစ္မွ မျဖစ္နိုင္တာ"
တိုးလ်လ် အသံႏွင့္ ေျပာလိုက္ေလေတာ့ သူက မ်က္ေမွာင္ႀကီး ကုပ္ကာ ကၽြန္ေတာ့္အား ၾကည့္ေနျပန္သည္။
"ဘာကို မျဖစ္နိုင္တာလဲ သားငယ္"
ဘုရားသခင္... သူ အေတာ္ ရစ္သည္။ ဘာကို မျဖစ္နိုင္တာလဲဆိုတာ အသိသာႀကီးရယ္ပါ။
"ကၽြန္ ကၽြန္ေတာ္တို႔က ညီအစ္ကိုေတြေလ။ အေမမတူေပမယ့္...."
ဆက္မေျပာေတာ့ဘဲ ေခါင္းငိုက္စိုက္ေနေသာ ကၽြန္ေတာ့္ပုံစံကိုသာ ေဘးလူ ျမင္သြားလၽွင္ သနားသြားနိုင္သည္။
မတတ္နိုင္။ လူက စိတ္ဓာတ္ အေတာ္ က်ေန၏။
"အဲ့ဒါအတြက္ေၾကာင့္ဆို မပူပါနဲ႔ သားငယ္ရဲ့။ မင္းတို႔က ဘာေသြးသားမွ မေတာ္စပ္ပါဘူး"
"ဟမ္ ဘာ ဘာကိုဘဲ"
မ်က္လုံးျပဴး မ်က္ဆန္ျပဴးျဖင့္ ျပန္ေမးေနေသာ ကၽြန္ေတာ့္ပုံစံဟာ သူ႔အတြက္ ရယ္စရာမ်ား ေကာင္းေနေလလားမသိ။ သူ ရယ္ေနတာမ်ား မ်က္လုံးမ်ားပင္ မွိတ္သည္။
"ဟုတ္တယ္။ DNAက သားအေမ အင္ထုသြားတာ။ Appa ထပ္စစ္ၿပီးၿပီ။ Appaနဲ႔သားက ဘာေသြးသား ဆက္ႏႊယ္မွုမွ မရွိဘူး"
"ဒါ ဒါဆို သူေရာ... ကၽြန္ေတာ့္အေမေရာ"
ကြက္ခနဲ ပ်က္သြားေသာ သူ႔မ်က္ႏွာဟာ ဘာ့ေၾကာင့္မ်ားပါလိမ့္။
"ဟန္နီ ဆုံးသြားၿပီ သားငယ္"
"ေၾသာ္....."
သည္တစ္ခြန္းတည္းသာ ကၽြန္ေတာ္ တုံ႔ျပန္ လိုက္မိသည္။ သူ(မ) ဆုံးသြားၿပီဟု ၾကားလိုက္ရျပန္ေတာ့လည္း လူက စိတ္ေတာ့မေကာင္း။
"ဒါေၾကာင့္ အြန္းေလးနဲ႔ လမ္းခြဲစရာ မလိုဘူး သားငယ္။ မင္းတို႔ ႏွစ္ေယာက္ကို Appaက သေဘာတူၿပီးသားပါ။ အြန္းေလးက သားငယ္ကို စစေတြ႕ခ်င္းတည္းက သေဘာက်ေနခဲ့တာ"
"ကၽြန္ ကၽြန္ေတာ့္ကို Hyungကေလ...."
မယုံၾကည္နိုင္စြာ ေမးလိုက္မိသည္။
Hyungက ကၽြန္ေတာ့္ကို မုန္းေနခဲ့တာပါ။ အျမဲလိုလို ဘုေဘာက္ေတြသာ ေျပာခဲ့တာပါ။
"ဟုတ္တယ္ သားငယ္.... ေရာ့ ဒါေလး ဖတ္ၾကည့္။ အြန္းေလးရဲ့ ခံစားခ်က္ေတြအားလုံး ဒီထဲမွာ ပါတယ္"
စားပြဲေပၚရွိ အဖုံးညိဳညိဳျဖင့္ ဒိုင္ယာရီစာအုပ္ေလးကို ၾကည့္ရင္း ဘာ့ေၾကာင့္ရယ္မ်ား ကၽြန္ေတာ္ ရင္ေတြ ခုန္လာရပါလိမ့္။
~~~~~To Be Continued~~~~~
A/N
Hyungရဲ့ diary onlyကို special episode အေနနဲ႔ ကိုယ္ေရးေပးပါ့မယ္ေနာ္🤍
ႏွစ္ပိုင္းေလာက္ပဲ က်န္ေတာ့တယ္။ ေန႔လည္ေလာက္မွ ဆက္တင္ေပးမယ္ေနာ္။ မ်က္ရိုး ကိုက္လာလို႔
Write with heart
Thanks for reading
1.7.21/Thursday
___________________________________________________