Unicode
အခန်း(၂၇၄) - ပေ့ရှီနဲ့လျှန်လျှန်
ထိုအထူးအခန်းအနားကိုဆင်နွှဲရန်အတွက်အတွင်းစည်း,အပြင်စည်းတပည့်များအားလုံး,တောင်သခင်ထံမှာငွေကြေးအမြောက်အမြားရရှိခဲ့ကြသည်။သူတို့မျက်နှာများကအပြုံးပန်းဝေနေကြပြီးလင်ရွှမ်းဇီရဲ့ရောက်ရှိလာမှုအားသဘာဝကျကျပင်ကြိုဆိုကြလေသည်။အကယ်၍လင်ရွှမ်းဇီသာလူတိုင်းရှေ့မှာမဟာအကြီးအကဲလင်ယွဲ့ကအသိအမှတ်ပြုထားတဲ့တံခါးပိတ်တပည့်မဟုတ်ဘူးဆိုရင်သူတို့တွေသေချာပေါက်ပိုတောင်ပျော်ကြလိမ့်မည်။
သို့သော်လည်းလူအနည်းငယ်သာလင်ရွှမ်းဇီကိုအမှန်တကယ်မနာလိုဖြစ်ကြတာပင်။တကယ်တော့လည်းမဟာအကြီးအကဲလန်ယွဲ့အပေါ်သူတို့ရဲ့နားလည်မှုအားအခြေခံရရင်အကယ်၍မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီကိုတပည့်အဖြစ်လက်မခံဘူးဆိုရင်တောင်သူ့ရဲ့တပည့်အဖြစ်လက်ခံရဖို့အတွက်သူတို့အလှည့်ရောက်လာမှာမဟုတ်ဘူးလေ။
ညကောင်းကင်ယံမှာလကမြင့်မြင့်ချိတ်ဆွဲတဲ့အချိန်လင်ရွှမ်းဇီကဝိုင်ခွက်အားကိုင်ရင်းချီတုံချတုံဖြင့်သူ့ကိုယ်သူရေရွတ်နေမိသည်မှာယန်ထျန်းဟန်ကမဟာအကြီးအကဲဟွိုင်ယွီကိုတွေ့ပြီးသွားပြီလားမတွေ့သေးဘူးလားဆိုတဲ့အကြောင်းကိုဖြစ်သည်။ထိုအချိန်မှာသူ့လည်ပင်းကိုတစ်စုံတစ်ယောက်ကရုတ်တရက်ဖက်လာပြီးသူ့ကိုဖိချလာတဲ့လေးလံသောလူတစ်ယောက်ရဲ့ဖိအားကိုခံလိုက်ရသည်။
လင်ရွှမ်းဇီကတစ်ဖက်လူအားနောက်ကိုတိုက်ရိုက်လွင့်ထွက်သွားစေရန်အလျင်အမြန်ပြန်တိုက်ခိုက်လိုက်သည်။သို့သော်အေးစက်တဲ့ဖန်သားကသာသူ့နှုတ်ခမ်းကိုထိသွား၏။
"ဂိုဏ်းတူညီငယ်လေး,ဒီနေ့လေကိုကိုက...အေ့,ကိုကိုအရမ်းပျော်တယ်!"
ဝမ်ရိထုန်ကလင်ရွှမ်းဇီရဲ့ပုခုံးအားဆုပ်ကိုင်ထားပြီးဝိုင်များအားသူ့ပါးစပ်ထဲအတင်းလောင်းထည့်ပေးရန်ကြံစည်ကာရေရွတ်နေသည်။
"သောက်ကျိုးနည်း,ကောင်စုတ်လေး,မင်းကလက်မှုပညာရှင်လည်းဖြစ်နေသေးတာကိုး...အရှက်မရှိလိုက်တာ,မင်းကတစ်ခြားသူတွေကိုအခုဘယ်လိုများဆက်ရှင်သန်စေချင်နေတာလဲ?ငါကြားတာမင်းကကောင်းကင်တောင်ထွတ်မြို့မှာအရမ်းကိုနာမည်ကြီးနေပြီဆို...ပြီးတော့အခုတိုက်ကြီးငါးတိုက်လုံးကလည်းမင်းနာမည်ကိုသိနေကြပြီ....ကျွတ်စ်,နောက်တစ်ခေါက်အဲ့ဒီလိုကောင်းတဲ့ကိစ္စမျိုးရှိရင်ငါ့ကိုပါမင်းနဲ့အတူခေါ်သွားဖို့သတိရနော်၊အိုး....ဒါပေမဲ့ဒီဝိုင်ခွက်ကတကယ်ကောင်းတာပဲ...ဒီတစ်ရက်တော့ကိုကိုနဲ့အတူနောက်တစ်လှည့်ထပ်သောက်ဖို့အဖော်ပြုပေး!"
လင်ရွှမ်းဇီမှာရွေးချယ်စရာမရှိပဲသူ့ပါးစပ်ထဲဝမ်ရိထုန်ထိုးထည့်နေတဲ့ဝိုင်များအားသောက်လိုက်ရသည်။ဝမ်ရိထုန်ရဲ့စိတ်ကအရမ်းကြီးမူးရစ်မနေတော့ပေ။သူသောက်လိုက်တာကိုမြင်တော့ချက်ချင်းပင်ရွှင်လန်းစွာရယ်မောရင်းသူ့ကိုနောက်တစ်ခွက်ထပ်ထည့်ပေးလာသည်။
လင်ရွှမ်းဇီရဲ့မျက်နှာကတော့ကူကယ်ရာမဲ့မှုများနဲ့ပြည့်နှက်နေသည်။သူကအနားမှာကြည့်နေတဲ့ဟိုင်ခွမ်းလောင်အားအကူအညီတောင်းခံရန်ကြည့်လိုက်သည်။
ဟိုင်ခွမ်းလောင်ကအဓိကဟောခန်းမထဲကတိုင်လုံးတစ်ခုကိုမှီထားရင်းသူ့လက်ထဲကသလင်းရောင်ဖန်ခွက်အားတွေးတွေးဆဆဖြင့်ဝှေ့ယမ်းပြကာပြုံးလေသည်။
"လောင်ဝူကမူးရင်အမြဲတမ်းအဲ့ဒီအတိုင်းပဲ...လုပ်လို့ရနိုင်တာဘာမှမရှိဘူးပြီးတော့ငါလည်းမကူညီနိုင်ဘူး"
ထိုအခွင့်အရေးအားအခွင့်ကောင်းယူ၍လင်ရွှမ်းဇီသည်တွယ်ကပ်နေသည့်ဝမ်ရိထုန်လက်ထဲကဝိုင်ခွက်ကိုအောက်ချရန်ထပ်မံဖိအားပေးလိုက်ပြန်သည်။
ကျန်းဖုန်းထင်ကတော့မူးတာတောင်စဉ်းစားဆင်ခြင်မှုရှိပြီးကြင်နာတတ်သောသူဖြစ်နေဆဲပင်။လင်ရွှမ်းဇိရဲ့အဝတ်အစားများကဝမ်ရိထုန်ကြောင့်ကျွတ်တော့မတတ်ဖြစ်နေတာကိုမြင်တော့အလျင်အမြန်ပြေးလာပြီးဝမ်ရိထုန်လက်မောင်းအားဆွဲကာလင်ရွှမ်းဇီရဲ့ကျောကုန်းပေါ်ကနေဆွဲချဖို့ကြိုးစားသည်။သို့သော်ဝမ်ရိထုန်ကတော့လင်ရွှမ်းဇီရဲ့လည်ပင်းအားတွယ်ကပ်နေဆဲဖြစ်ပြီးရေရွတ်နေ၏။
"မသွားချင်ဘူး,ငါ့ရဲ့ဂျူနီယာညီငယ်လေးနဲ့နှလုံးသားချင်းစကားပြောဦးမှာ..ငါအခုဂျူနီယာညီငယ်လေးရှိသွားပြီ:ဒါကငါ့ရဲ့ဂျူနီယာညီငယ်လေးကွ!အနာဂတ်မှာကိုကိုကမင်းကိုကာကွယ်ပေးမယ်နော်,အေ့..."
ဝမ်ရိထုန်ကလေတက်နေသည်။ဝိဉာဏ်ဝိုင်ကမနှစ်မြို့စရာအနံ့အသက်မရှိပဲမွှေးပျံ့သည့်ရနံ့သာရှိသော်လည်းထိုအသံကလင်ရွှမ်းဇီရဲ့နားထဲဝင်လာတဲ့အချိန်မှာတော့သူကထခုန်မိတော့မတတ်ပင်ဖြစ်သွားရသည်။
"ကောင်းပြီကောင်းပြီ,ဒီရက်တွေအတွင်းမင်းရဲ့ဂျူနီယာညီလေးကမင်းကြောင့်ပဲစိတ်ပိုင်းဆိုင်ရာအရိပ်တစ်ခုရလာတော့မယ်"
ခေါင်းကိုက်နေရင်းဖြင့်ပင်ကျန်းဖုန်းထင်ကသူ့လက်များအားဝမ်ရိထုန်ရဲ့ချိုင်းကြားထဲထည့်လိုက်ပြီးသူ့အားမချင်သော်လည်းဝမ်ရိထုန်ကတော့ရုတ်တရက်သူ့ယားကြောကိုထိလိုက်သလိုမျိုးရုတ်တရက်ထရယ်တော့သည်သူ့ခန္တာကိုယ်ကလင်ရွှမ်းဇီအားပွတ်သပ်နေရင်းဖြင့်တွန့်လိမ်နေ၏။
လင်ရွှမ်းဇီသည်နောက်ဆုံးတော့သည်းမခံနိုင်တော့ပဲမတ်တပ်ထရပ်ကာထိုလူအားဘေးသို့ဆွဲချရန်ပြင်လိုက်တဲ့အချိန်မှာပေ့ရှစ်ထျန်းကအမူအယာမဲ့စွာဖြင့်လျှောက်လာသည်ကိုမြင်လိုက်ရသည်။ပေ့ရှစ်ထျန်းသည်အခန်းအနားကျင်းပရာတစ်လျှောက်လုံးများမျက်နှာသာခဏလေးလာပြခဲ့တာဖြစ်သည်။ပြီးနောက်မှာတော့ဘယ်သူမှမသိတဲ့နေရာတစ်ခုခုကိုတိတ်တဆိတ်ထွက်သွားပြီးဓားရေးသွားလေ့ကျင့်နေသည်။
ပေ့ရှစ်ထျန်းကသူ့ဓားကိုတိုက်ရိုက်ဆွဲထုတ်လိုက်ပြီးဝမ်ရိထုန်ရဲ့လည်ပင်းဆီဦးတည်လိုက်သည်။
ဝမ်ရိထုန်ကလေးညှို့ကလွှတ်လိုက်သောမြှားတစ်စင်းလိုပင်...ချွမ်းဆိုတဲ့အသံတစ်ခုနဲ့အတူရုတ်တရက်တစ်ဖက်လှည့်လိုက်ပြီးသူအမြဲတမ်းဘေးမှာဆောင်ထားတတ်သည့်ဓားကိုဆွဲထုတ်လိုက်ကာပေ့ရှစ်ထျန်းရဲ့ဓားအားဖိချလိုက်၏။သူတို့ကခဏလောက်တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြသည်။ပေ့ရှစ်ထျန်းကသူ့ဓားကိုပြန်ဆွဲထုတ်ချင်သော်လည်းသူကပြင်းထန်တဲ့အင်အားတစ်ခုနဲ့ဖိထားခံရပြီးတစ်လက်မတောင်ရွှေ့လို့မရဘူးဆိုတာသိသွားရသည်။
"မင်းကများငါ့ကိုဓားတင်ရဲတယ်:ငါကဒါကိုဒီအတိုင်းကျော်ချပေးလိုက်မယ်လို့ထင်နေတာလား?"
သိပ်ပြီးမူးနေပုံမပေါ်သည့်ဝမ်ရိထုန်ရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးတစ်စုံကပေ့ရှစ်ထျန်းအားမှေးကျဉ်း၍ကြည့်လိုက်သည်။သူကနှုတ်ခမ်းကိုအေးစက်စက်ကွေးညွှတ်လိုက်ရင်းဖြင့်ခတ်မတ်မတ်ရပ်လိုက်ရင်းသူ့အင်အားကိုအနည်းငယ်တိုးလိုက်ကာသူ့ဓားအောက်မှာဖိခံထားရသည့်ခပ်ဖျော့ဖျော့အနီရောင်ဓားအားအနည်းငယ်အောက်သို့ပိုပြီးကျသွားစေလိုက်သည်။
အခန်းထဲရှိလေထုကတင်းမာလာပြီးကျန်းဖုန်းထင်ရဲ့အနည်းငယ်ရီဝေဝေဖြစ်နေမှုကလည်းပျောက်ကွယ်သွားရ၏။သူကအလျင်အမြန်ပင်အနားတိုးသွားသည်။
"ဘာလုပ်နေကြတာလဲ?ရိထုန်,မင်းရဲ့'*ပေ့ရှီ'ကိုဖယ်ထားလိုက်စမ်း,ရှောင်းထျန်း,မင်းကရောဘယ်လိုများလျှန်လျှန်ကိုမင်းရဲ့ဂျူနီယာညီငယ်လေးပေါ်တင်နိုင်ရတာလဲ?"
"မင်းကသောက်ရေးမပါအောင်လျှန်လျှန်ကိုသုံးရဲသေးတယ်ပေါ့လေ?" ဝမ်ရိထုန်ရဲ့မျက်လုံးများကရုတ်တရက်သွေးကြောများထင်းလာပြီးချက်ချင်းပင်ပေ့ရှစ်ထျန်းရဲ့လက်ကောက်ဝတ်အားဓားနဲ့ထိုးလိုက်သည်။သူကမူးနေပေမယ့်ဓားကိုကိုင်ထားတဲ့လက်ကအနည်းငယ်မျှပင်မတုန်ယင်နေပေ။သူကပေ့ရှစ်ထျန်းရဲ့လက်ကောက်ဝတ်အားခုတ်ဖြတ်ချတော့မယ့်ပုံပေါ်နေသည်။
သို့သော်လည်းပေ့ရှစ်ထျန်းကဒီအတိုင်းနေရာမှာပဲရပ်နေပြီးရိုက်နေတာဆူနေတာအားခံမှာမဟုတ်ပေ။သူကလျှန်လျှန်အားရုတ်တရက်ပြန်ရုတ်သိမ်းလိုက်ပြီးသူ့ပုံသဏ္ဍာန်ကလျင်မြန်စွာဆုတ်ခွာသွားသည်။တစ်ချိန်တည်းမှာပင်သူ့ဓားကလေလယ်မှာပန်းသဏ္ဍာန်ဖြစ်ပေါ်၍လျှန်လျှန်အားသူ့ရှေ့မှာအလျားလိုက်ပုံစံထားလိုက်ကာဝမ်ရိထုန်ဆီကတိုက်ခိုက်မှုအနည်းငယ်ကိုခံယူလိုက်သည်။ဝမ်ရိထုန်ကလည်းကျွံမထွက်သွားခဲ့ပဲရှေ့ကိုတိုးလိုက်ကာပေ့ရှစ်ထျန်းနဲ့အတူတိုက်ခိုက်မှုအချို့အားကျယ်လောင်သည့်အသံများနဲ့အပြန်အလှန်ရိုက်ခတ်လိုက်၏။
ကျန်းဖုန်းထင်ရဲ့မျက်နှာကချက်ချင်းပင်မဲမှောင်သွားပြီးဒေါသတကြီးပြောတော့သည်။
"မင်းတို့ကောင်တွေကတမင်တကာကိုပြဿနာရှာနေကြတာပဲ!နှစ်ယောက်လုံး,ရပ်လိုက်ကြစမ်း!"
သို့သော်ဝမ်ရိထုန်ကမူးတစ်ဝက်နိုးတစ်ဝက်ဖြစ်နေပြီးဘာစကားကိုမှနားမထောင်ပေ။ပေ့ရှစ်ထျန်းကလည်းမသေချင်သလိုနာလည်းမနာချင်ပေ။သဘာဝကျကျပင်နှစ်ယောက်လုံးမရပ်တန့်ကြတာကြောင့်ထိုမကျဉ်းမကျယ်အခန်းထဲမှာပဲနှစ်ယောက်သားတိုက်ခိုက်နေကြသည်။
သိသာနေတာကပေ့ရှစ်ထျန်းသည်ဝမ်ရိထုန်ရဲ့တိုက်ခိုက်မှုများအားဒီအတိုင်းကာပဲကာကွယ်နေတာဖြစ်ပြီးဝမ်ရိထုန်အားအပြန်အလှန်တိုက်နေတာမဟုတ်ကြောင်းပင်။သို့သော်လည်းဝမ်ရိထုန်ကသာအနည်းငယ်အလုပ်အရမ်းကြိုးစားနေသလိုဖြစ်နေလေတယ်..မမျော်လင့်ပဲသူကသတ်ဖြတ်သည့်လှုပ်ရှားမှုတစ်ချို့ပင်ထုတ်သုံးလာသည်။
အဲ့ဒါကကိစ္စများကိုပိုမိုပြီးဆိုးဝါးလာစေသည်။
ကျန်းဖုန်းထင်ကသူ့ဓားကိုဆွဲထုတ်တော့မယ့်အချိန်မှာပဲမူလကဘေးမှာရပ်ပြီးတစ်ဖက်လူရဲ့ကံမကောင်းမှုကိုဝမ်းသာအားရဖြစ်ကာတစ်လောကလုံးကိုပရမ်းပတာဖြစ်စေချင်နေသလိုမျိုးကြည့်နေသည့်ဟိုင်ခွမ်းလောင်ကကျန်းဖုန်းထင်ရဲ့လုပ်ရပ်ကိုမြင်လိုက်တာကြောင့်ကျန်းဖုန်းထင်,ဓားကိုကိုင်ပြီးသုံးတော့မှာကိုအလျင်အမြန်တားမြစ်လိုက်သည်။
"စီနီယာအကိုကြီး,ဒီအတိုင်းနားနေပါ;ကျွန်တော်လုပ်လိုက်ပါ့မယ်"
ထိုသို့ဖြင့်ပင်ဟိုင်ခွမ်းလောင်ကငွေနှင့်အပြာရောင်ရောစပ်ကြာပွတ်တစ်ခုအားလေထုပါးပါးထဲကနေဆွဲထုတ်လိုက်ကာတိုက်ပွဲမှာပါဝင်လိုက်သည်။
လင်ရွှမ်းဇီကအတွေ့အကြုံရှိပြီးအသိပညာများသော်လည်းအခုချိန်မှာတော့သူလည်းအနည်းငယ်မူးသွားမိ၏။
စကားလုံးအနည်းငယ်နဲ့ပဲရန်ပွဲကိုအစပြုပြီးသူတို့အဖေတွေကိုသတ်ထားတဲ့ရန်သူတော်ကြီးတွေလိုမျိုးတစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်ဖို့စိတ်အားထက်သန်နေကြတယ်..ပြောတော့နစ်မြှုပ်ဓားတောင်ထွက်ကတပည့်တွေကကြားကဆက်ဆံရေးကအရမ်းကိုခိုင်မာတယ်ဆို-အမှန်ကျတော့ဒါတွေအားလုံးကဟန်ဆောင်နေတာသက်သက်ပဲများလား?
ဟိုင်ခွမ်းလောင်ကပွတ်တိုက်ကာဝင်ချလာသည်။ပေ့ရှစ်ထျန်းကချက်ချင်းသူ့တိုက်ခိုက်မှုကိုပြန်ရုပ်သိမ်းလိုက်သော်လည်းဝမ်ရိထုန်ကတော့တိုက်ပွဲရဲ့ရန်လိုချင်းကအနိုင်ရသွားပြီဖြစ်တာကြောင့်သူ့မျက်လုံးများကနီရဲနေသည်မှာပေ့ရှစ်ထျန်းရဲ့ကျင့်ကြံမှုတစ်ခုလုံးကိုဖျတ်ဆီးပစ်ချင်နေသလိုပင်။ဟိုင်ခွမ်းလောင်သည်သူ့တိုက်ခိုက်မှုများကိုလွတ်လပ်စွာမလုပ်ဆောင်နိုင်တော့ဘူးဆိုတာကိုမြင်သည့်အခါလျှာကိုကိုက်လိုက်ပြီးသူ့ဝိဉာဏ်ချီတစ်ချို့ကိုစတင်အသုံးပြုရတော့သည်။
သူ့ကြာပွတ်ကမြွေတစ်ကောင်လိုကခုန်နေပြီးဝမ်ရိထုန်ရဲ့ဓားရိုးအားချိတ်တွယ်လိုက်၏။ဝမ်ရိထုန်ကသူ့စွမ်းအားများကိုအသုံးပြုချင်နေသေးသည်။ဟိုင်ခွမ်းလောင်ရဲ့'လုံလောက်ပြီ'ဆိုတဲ့အသံကိုကျယ်လောင်စွာကြားမှသာအကြောပိတ်ခံလိုက်ရသလိုမျိုးအေးခဲသွား၏။
သူ့လက်ထဲကပေ့ရှီသည်လည်းကြာပွတ်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။
'ချွမ်း'ဟူသည့်နက်ရှိုင်းသောအသံတစ်ခုနှင့်အတူပေ့ရှီကမြေပြင်ပေါ်ပြုတ်ကျသွားသည်။မူလကအသံသိပ်မကျယ်သော်လည်းဘယ်သူမှမစကားမပြောတဲ့တိတ်ဆိတ်သောအခန်းထဲမှာတော့အတော်လေးရုတ်တရက်ဆန်သွားသည်။
ဝမ်ရိထုန်ကမြေပြင်ပေါ်ကဓားကိုတိတ်တဆိတ်ငုံ့ကြည့်လိုက်ပြီးခဏမျှရပ်တန့်သွား၏။ထို့နောက်ဘေးတစ်ဖက်ကိုယိုင်ထိုးယိုင်ထိုးနဲ့တိုးသွားရင်းသိပ်မကြာခင်ပဲမျက်လုံးများမှိတ်ကျသွား၍လဲကျကာသတိမေ့သွားတော့သည်။
သို့သော်လည်းမြေပြင်နဲ့မထိတွေ့သွားပေ။
သူကပေ့ရှစ်ထျန်းရဲ့လက်မောင်းထဲပြုတ်ကျသွားသည်။ဒါမှမဟုတ်ပိုပြီးတိတိကျကျပြောရရင်တော့ပေ့ရှစ်ထျန်းကလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီးဝမ်ရိထုန်ရဲ့ကျောကုန်းအားလက်ဖဝါးဖြင့်ထောက်ကန်ပေးလိုက်ခြင်းဖြစ်သည်။တစ်ခြားအစိတ်အပိုင်းတွေကတော့...ပေ့ရှစ်ထျန်းကထိုငမူးငရူးရဲ့အင်္ကျီစလေးကိုတောင်မထိလေဘူး
ဟိုင်ခွမ်းလောင်ကစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးရှေ့ထွက်ကာကူညီပေးချင်သည့်ရည်ရွယ်ချက်လုံးဝမရှိပဲမတ်တပ်ရပ်နေသည်။
"ဒီကောင်စုတ်လေးနှစ်ယောက်ကတော့ပြဿနာကိုဘယ်လိုမျိုးရှာရမလဲဆိုတာကောင်းကောင်းသိနေတာပဲအကယ်၍ဆရာသာဒီအကြောင်းကိုသိသွားရင်သူတို့တွေသေချာပေါက်သေအောင်အပြစ်ပေးခံရလိမ့်မယ်"
ကျန်းဖုန်းထင်ကမျက်မှောင်ကျုံ့ရင်းဖြင့်ပေ့ရှစ်ထျန်းနားကိုရောက်လာသည်။
"မင်းတို့နှစ်ယောက်ကတကယ်ပဲဘာကိစ္စရှိနေကြတာလဲ?"
ပုံမှန်ဆိုရင်ဒါကတစ်ယောက်နဲ့တစ်ယောက်အပေါက်ဆိုးဆိုးပြောဆိုကြခြင်းသာဖြစ်သည်။အကယ်၍သူတို့သာတကယ်ပဲကိုယ့်ဓားကိုဆွဲထုတ်တာဆိုရင်ကျန်းဖုန်းထင်ကဒါကိုသာမာန်လိုမျိုးဆက်ဆံမှာမဟုတ်ပေ။
ဝမ်ရိထုန်ကရွှံနွှံလိုမျိုးပျော့ပျောင်းနေသည်။ထိုဝိုင်ခွက်တွေကိုသောက်တုန်းကတော့ဘာမှသိပ်မခံစားခဲ့ရပေမယ့်နောက်ပိုင်းသက်ရောက်မှုကတော့အတော်လေးပြင်းထန်လှသည်။အခုတော့ထိုနောက်ပိုင်းသက်ရောက်မှုကသူ့ကိုရိုက်ခတ်လာပြီးဝမ်ရိထုန်ရဲ့မူးရူးနေတဲ့အဆင့်ကကျော်လွန်သွားကာချက်ချင်းမျက်လုံးများမှိတ်၍အိပ်ပျော်သွားခြင်းဖြစ်သည်။
ပေ့ရှစ်ထျန်းကတော့ရှားရှားပါးပါးကူကယ်ရာမဲ့နေတဲ့အမူအယာဖြစ်နေပြီးကျန်းဖုန်းထင်နဲ့ဟိုင်ခွမ်းလောင်အားကြည့်နေသည်။
ဟိုင်ခွမ်းလောင်ကနှာခေါင်းရှုံ့သည်။
"မင်းရှာတဲ့ပြဿနာကိုယ့်ဘာသာကိုယ်ဖြေရှင်း"
ပေ့ရှစ်ထျန်းမှာထိုနူးနူးညံ့ညံ့ရွှံတုန်းလေးအားအလျားလိုက်သယ်ရုံသာရှိတော့သည်။သို့သော်သူထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲကျန်းဖုန်းထင်ကသူ့ကိုရပ်တန့်စေ၏။
"ခဏနေဦး" ကျန်းဖုန်းထင်ကမျက်မှောင်ကျုံ့လိုက်ပြီးကြည့်ရတာမကျေမနပ်ဖြစ်နေပုံရသည်။
"တကယ်ပဲဘာတွေအတိအကျဖြစ်သွားတာလဲ?မင်းမသွားခင်ငါ့ကိုသေချာရှင်းအောင်ပြောခဲ့"
ပေ့ရှစ်ထျန်းကကျန်းဖုန်းထင်ကိုကြည့်ပြီးခဏလောက်တိတ်ဆိတ်နေပြီးမှပြန်ဖြေသည်။
"သူ့မျက်လုံးထဲမှာကကျွန်တော့ကအဆင်ပြေတယ်လို့မခံစားရလို့ဖြစ်ပါလိမ့်မယ်"
"ဘယ်လိုအမှိုက်စကားလဲ" ဟိုင်ခွမ်းလောင်ကမျက်လုံးလှန်ပြသည်။
"မင်းရဲ့အကြီးဆုံးစီနီယာအကိုကြီးနဲ့ငါကအကန်းဒါမှမဟုတ်အရူးတွေလို့များထင်နေတာလား?လောင်ဇီလည်းမင်းကိုမျက်လုံးထဲအဆင်ပြေတယ်လို့မခံစားရပေမယ့်အဲ့ဒါကလည်းမင်းကတစ်နေကုန်စိတ်ထဲမှာဓားကျင့်ကြံဖို့ပဲအတွေးရှိနေပြီးလူသားဆန်တဲ့နှလုံးသားကိုထည့်သွင်းမထားလို့သဘောမကျတာလေဒါပေမဲ့ဝမ်ရိထုန်ကမင်းကိုမြင်တဲ့အချိန်မှာတော့သူကသူ့အဖေကိုသတ်ထားတဲ့ရန်သူတစ်ယောက်လိုကိုဖြစ်နေတာ"
ဟိုင်ခွမ်းလောင်ကရုတ်တရက်မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီးပေ့ရှစ်ထျန်းအားအန္တာရယ်ရှိစွာစိုက်ကြည့်လိုက်သည်။
"မင်းကဝမ်ရိထုန်ကိုမလုပ်သင့်တဲ့တစ်စုံတစ်ရာများလုပ်ထားလို့လား?"
စိုးရိမ်ထိတ်လန့်ခြင်းတစ်ခုကပေ့ရှစ်ထျန်းရဲ့မျက်နှာပေါ်ဖြတ်ပြေးသွားသည်။
"ကျွန်တော်ကသူ့ကိုဘာများလုပ်နိုင်မှာမို့လို့လဲ?ဓားနဲ့ပတ်သတ်တဲ့သူ့အစွမ်းကကျွန်တော့ထက်မသာလွန်ဘူးဆိုပေမယ့်ကျွန်တော်နဲ့ညီတူလောက်ရှိနေတာလေ"
ဟိုင်ခွမ်းလောင်သည်ပေ့ရှစ်ထျန်းရဲ့အနည်းငယ်စိတ်ရှုပ်ထွေးနေသောမျက်နှာအားကြည့်ရင်းသူ့ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မတတ်ပင်ခံစားလိုက်ရသည်။သူကလက်ကိုသာဝှေ့ယမ်းပြလိုက်တော့၏။
"ကောင်းပြီ,ကောင်းပြီ,မင်းဒီကောင်စုတ်လေးနဲ့ကိုယ့်ဘာသာကိုယ်ဖြေရှင်းတော့:သူ့ကိုတစ်နေရာရာမှာသွားပစ်ထုတ်ထားလိုက်ငါကတော့သူ့ကိုဂရုစိုက်ဖို့ပျင်းတယ်"
နှစ်ခွန်းလောက်ထပ်ဆဲဆိုပြီးနောက်ဟိုင်ခွမ်းလောင်ကကျန်းဖုန်းထင်ဘက်ကိုလှည့်လိုက်သည်။
"စီနီယာအကိုကြီးကျွန်တော်တို့လည်းလူစုခွဲကြတာပေါ့"
တစ်ချိန်လုံးစောင့်ကြည့်နေသည့်လင်ရွှမ်းဇီသည်လည်းနောက်ဆုံးတော့မတ်တပ်ရပ်လိုက်ပြီးအနားကိုလျှောက်လာသည်။
"ညလည်းမှောင်နေပြီ..စီနီယာအကိုကြီးနှစ်ယောက်လုံးလည်းအရင်ဆုံးအနားယူဖို့ပြန်လိုက်သင့်ပါတယ်"
ကျန်းဖုန်းထင်ကတော့အတော်လေးကူကယ်ရာမဲ့နေသလိုပင်။
"မင်းကိုဟာသတွေမြင်စေမိပြီ..အခုကမင်းဒီမှာရှိတဲ့ပထမဆုံးရက်ပဲရှိသေးတာ:အဲ့ဒါကမင်းကိုမကြောက်လန့်သွားစေဖို့မျှော်လင့်ပါတယ်?"
လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ပြုံးသည်။
"ကျွန်တော့သတ္တိကအဲ့ဒိလောက်မငယ်ပါဘူး"
ဟိုင်ခွမ်းလောင်ကသူ့ကိုတစ်ချက်လှမ်းကြည့်သည်။
"အကယ်၍အဲ့ဒါကသိပ်မငယ်ဘူးဆိုရင်ခုဏကဘာဖြစ်လို့အဲ့ဒီလောက်အဝေးကြီးမှာသွားပုန်းနေတာလဲ?ငါ့အမြင်အရတော့သူတို့နှစ်ယောက်လုံးကဓားကျင့်ကြံသူတွေဖြစ်ပြီးမင်းကလည်းဓားကျင့်ကြံသူပဲလေ...မင်းကသာသူတို့နှစ်ယောက်ကိုအရင်ဆုံးရပ်တန့်စေတဲ့သူဖြစ်သင့်တာ"
လင်ရွှမ်းဇီကအလျင်မလိုစွာဖြင့်ရှင်းပြသည်။
"သူတို့နှစ်ယောက်ထဲမှာတစ်ယောက်ကသတ်ဖြတ်ချင်တဲ့ရည်ရွယ်ချက်ရှိနေပြီးတစ်ခြားတစ်ဖက်ကတော့မတိုက်ခိုက်ချင်ဘူး...သတ်ဖြတ်ချင်တဲ့တစ်ယောက်ကလည်းမူးနေတဲ့သူအဲ့ဒီအချိန်မှာမတိုက်ခိုက်ချင်တဲ့သူကကျတော့မမူးတဲ့သူ...အခြေခံအားဖြင့်တော့အဲ့ဒီရန်ပွဲကဒီထက်ပိုပြီးကြီးထွားလာမှာမဟုတ်ဘူး"
ပြီးတော့လည်းသူ့လက်ထဲမှာဓားမှမရှိတာ..
လင်ရွှမ်းဇီကဓားမသုံးပဲနဲ့နှစ်ယောက်သားကိုရပ်တန့်စေနိုင်မယ့်တစ်ခြားနည်းလမ်းရှိသော်လည်းသူတို့နှစ်ယောက်ကိုဒဏ်ရာမရစေရဘူးလို့တော့အာမမခံနိုင်ပေ
ထို့ကြောင့်လင်ရွှမ်းဇီကမလှုပ်ရှားတာဖြစ်သည်။
ပေ့ရှစ်ထျန်းကတော့ဝမ်ရိထုန်ကိုသယ်ရင်းဖြင့်တံခါးဆီလျှောက်သွားနေပြီဖြစ်သည်။
ရုတ်တရက်သူ့ခန္တာကိုယ်ကအေးခဲသွားသည်။
တံခါးဆီသို့လင်ရွှမ်းဇီလှမ်းကြည့်လိုက်တော့အကြောင်းအရင်းအားသိသွားလေသည်။
"ဆရာ" ပေ့ရှစ်ထျန်းကနှုတ်ဆက်လိုက်သည်။
သူကဝမ်ရိထုန်ကိုလက်မောင်းထဲမှာသယ်ထားတာဖြစ်သောကြောင့်ဦးညွှတ်ဖို့အဆင်မပြေဖြစ်နေသည်။ထို့ကြောင့်ဝမ်ရိထုန်အားမြေပြင်ပေါ်ပဲတိုက်ရိုက်ချလိုက်၏။
မမျှော်လင့်ပဲမူးပြီးအိပ်ပျော်နေရမယ့်ဝမ်ရိထုန်သည်မြေပြင်ကိုထိလိုက်သည့်နှင့်တစ်ပြိုင်နက်သူ့ကိုသူလှန်ချလိုက်သည်မှာငါးကြင်းတစ်ကောင်လိုပင်။သူကသူ့ရှေ့မှာရပ်နေသည့်မဟာအကြီးအကဲလန်ယွဲ့အားတောင့်တင်းစွာဖြင့်ဦးညွှတ်လိုက်သည်။
"ဆရာ"
မဟာအကြီးအကဲလန်ယွဲ့ကသူတို့နှစ်ယောက်ကိုဒီအတိုင်းအေးစက်စက်သာကြည့်နေပြီးအစောတုန်းကမြင်ကွင်းအားမျက်မြင်တွေ့သွားကြောင်းသိသာနေသည်။
ဝမ်ရိထုန်ကသူ့အရေပြားကိုထူထူထားပြီးဆက်ပြောသည်။
"ဆရာ,ဒီလောက်နောက်ကျနေပြီဘယ်လိုဖြစ်လို့များဒီမှာရှိနေသေးတာပါလဲ?"
မဟာအကြီးအကဲလန်ယွဲ့ကသူ့ကိုလစ်လျူရှုလိုက်ပြီးလူနှစ်ယောက်လုံးအားဖြတ်ကာအခန်းထဲဝင်သွားသည်။
တစ်ခြားသူများသည်လည်းဆက်တိုက်ဦးညွှတ်နှုတ်ဆက်ကြသော်လည်းလင်ရွှမ်းဇီဦးညွှတ်လိုက်တဲ့အချိန်မှာတော့မဟာအကြီးအကဲလန်ယွဲ့ကသူ့ဦးညွှတ်မှုကိုတမင်သက်သက်ရှောင်လိုက်သည်။
မဟာအကြီးအကဲလန်ယွဲ့ကပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်၏
"ဒီနေ့ငါတို့အကုန်လုံးဒီမှာရှိနေတာပဲ"
ကျန်းဖုန်းထင်ကပြောသည်။
"ဆရာ့မှာဘာများသင်ကြားစရာရှိလို့ပါလဲ?"
"ဒီနေ့ငါဟွားရုန်ကိုတပည့်အဖြစ်လက်ခံလိုက်ပြီဆိုပေမယ့်သူ့ကိုပထမဆုံးတွေ့ဆုံတဲ့လက်ဆောင်မပေးရသေးဘူးလေ...အဲ့ဒါမဖြစ်သင့်ဘူး"
ပထမဆုံးတွေ့ဆုံခြင်းမှာဆရာကတပည့်ကိုပေးသောလက်ဆောင်သည်တပည့်ကဆရာအားသူရဲ့ဆရာတစ်ယောက်အဖြစ်တရားဝင်လက်ခံလိုက်တာနဲ့ပေးသောလက်ဆောင်လိုမျိုးပင် -အဲ့ဒါအားလုံးကဓလေ့ထုံးတမ်းနဲ့အစဉ်အလာများပင်။
တစ်ချို့သောမိသားစုမှတပည့်များဆိုရင်တစ်ချို့လူများရဲ့တပည့်အဖြစ်လက်ခံရရှိစေရန်အဖိုးမဖြတ်နိုင်သောရတနာများပင်ပေးအပ်ကြသည်။သို့သော်လည်းမဟာအကြီးအကဲလန်ယွဲ့ကတော့စည်းမျဉ်းစည်းကမ်းကိုများစွာမထုတ်ထားပေ။သူကလင်ရွှမ်းဇီဆီကနေကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့မှော်လက်နက်တစ်ချို့သာလက်ခံသည်။အဲ့ဒါကမဟာအကြီးအကဲလန်ယွဲ့အတွက်အလွန်ရှားပါးတဲ့ပစ္စည်းမဟုတ်ပေမယ့်သူ့အတွက်အရေးကြီးဆုံးအရာကတပည့်ရဲ့ကြင်နာတတ်သောရည်ရွယ်ချက်များဖြစ်သည်။
"ငါမူလကတော့တွေ့ဆုံခြင်းလက်ဆောင်အဖြစ်မင်းအတွက်ဇီဂဲဓားရှာပေးဖို့ရည်ရွယ်ထားတာဒါပေမဲ့အခုပြန်စဉ်းစားလိုက်တော့အဲ့ဒီဓားကိုကိုင်ရတာကမင်းအတွက်အထူးအဓိပ္ပါယ်ဆောင်မှာစိုးမိတယ်ပြီးတော့မင်းဘာသာမင်းရှာတွေ့လိမ့်မယ်"
လင်ရွှမ်းဇီကအနည်းငယ်ထိတ်လန့်သွားပြီးမှခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့,ကျွန်တော်ဇီဂဲဓားကိုကိုယ့်ဘာသာကိုယ်ရှာမှာပါ"
=====================
Translator's Note
*'ပေ့ရှီ'ကဝမ်ရိထုန်ရဲ့ဓားနာမည်ပါ အဓိပ္ပါယ်က 'ဝမ်းနည်းကြေကွဲဖွယ်တေးသံ' တဲ့
*လျှန်လျှန်ကပေ့ရှစ်ထျန်းရဲ့ဓားနာမည်ပါရှေ့အပိုင်းမှာရှင်းပြပြီးသားပါ။
*ဒီဂိုဏ်းက သင်္ဘောတွေအများကြီးပဲဘယ်သူ့ကိုဘယ်သူနဲ့ ship ချင်ကြလဲ? ship ချင်တဲ့အတွဲလေးတွေ မန့်ခဲ့ကြပါလားအပျော်ပေါ့။😁
====================
Next Episode
ဆရာလက်ဆောင်ပေးတဲ့ဓား
=====================
Zawgyi
အခန္း(၂၇၄) - ေပ့ရွီနဲ႔လွ်န္လွ်န္
ထိုအထူးအခန္းအနားကိုဆင္ႏႊဲရန္အတြက္အတြင္းစည္း,အျပင္စည္းတပည့္မ်ားအားလံုး,ေတာင္သခင္ထံမွာေငြေၾကးအေျမာက္အျမားရရွိခဲ့ၾကသည္။သူတို႔မ်က္ႏွာမ်ားကအျပံဳးပန္းေဝေနၾကၿပီးလင္ရႊမ္းဇီရဲ႔ေရာက္ရွိလာမႈအားသဘာဝက်က်ပင္ႀကိဳဆိုၾကေလသည္။အကယ္၍လင္ရႊမ္းဇီသာလူတိုင္းေရွ႕မွာမဟာအႀကီးအကဲလင္ယြဲ႔ကအသိအမွတ္ျပဳထားတဲ့တံခါးပိတ္တပည့္မဟုတ္ဘူးဆိုရင္သူတို႔ေတြေသခ်ာေပါက္ပိုေတာင္ေပ်ာ္ၾကလိမ့္မည္။
သို႔ေသာ္လည္းလူအနည္းငယ္သာလင္ရႊမ္းဇီကိုအမွန္တကယ္မနာလိုျဖစ္ၾကတာပင္။တကယ္ေတာ့လည္းမဟာအႀကီးအကဲလန္ယြဲ႔အေပၚသူတို႔ရဲ႔နားလည္မႈအားအေျခခံရရင္အကယ္၍မဟာအႀကီးအကဲလန္ယြဲ႔ကလင္ရႊမ္းဇီကိုတပည့္အျဖစ္လက္မခံဘူးဆိုရင္ေတာင္သူ႔ရဲ႔တပည့္အျဖစ္လက္ခံရဖို႔အတြက္သူတို႔အလွည့္ေရာက္လာမွာမဟုတ္ဘူးေလ။
ညေကာင္းကင္ယံမွာလကျမင့္ျမင့္ခ်ိတ္ဆြဲတဲ့အခ်ိန္လင္ရႊမ္းဇီကဝိုင္ခြက္အားကိုင္ရင္းခ်ီတံုခ်တံုျဖင့္သူ႔ကိုယ္သူေရရြတ္ေနမိသည္မွာယန္ထ်န္းဟန္ကမဟာအႀကီးအကဲဟြိဳင္ယြီကိုေတြ႕ၿပီးသြားၿပီလားမေတြ႕ေသးဘူးလားဆိုတဲ့အေၾကာင္းကိုျဖစ္သည္။ထိုအခ်ိန္မွာသူ႔လည္ပင္းကိုတစ္စံုတစ္ေယာက္က႐ုတ္တရက္ဖက္လာၿပီးသူ႔ကိုဖိခ်လာတဲ့ေလးလံေသာလူတစ္ေယာက္ရဲ႔ဖိအားကိုခံလိုက္ရသည္။
လင္ရႊမ္းဇီကတစ္ဖက္လူအားေနာက္ကိုတိုက္႐ိုက္လြင့္ထြက္သြားေစရန္အလ်င္အျမန္ျပန္တိ္ုက္ခိုက္လိုက္သည္။သို႔ေသာ္ေအးစက္တဲ့ဖန္သားကသာသူ႔ႏႈတ္ခမ္းကိုထိသြား၏။
"ဂိုဏ္းတူညီငယ္ေလး,ဒီေန႔ေလကိုကိုက...ေအ့,ကိုကိုအရမ္းေပ်ာ္တယ္!"
ဝမ္ရိထုန္ကလင္ရႊမ္းဇီရဲ႔ပုခံုးအားဆုပ္ကိုင္ထားၿပီးဝိုင္မ်ားအားသူ႔ပါးစပ္ထဲအတင္းေလာင္းထည့္ေပးရန္ၾကံစည္ကာေရရြတ္ေနသည္။
"ေသာက္က်ိဳးနည္း,ေကာင္စုတ္ေလး,မင္းကလက္မႈပညာရွင္လည္းျဖစ္ေနေသးတာကိုး...အရွက္မရွိလိုက္တာ,မင္းကတစ္ျခားသူေတြကိုအခုဘယ္လိုမ်ားဆက္ရွင္သန္ေစခ်င္ေနတာလဲ?ငါၾကားတာမင္းကေကာင္းကင္ေတာင္ထြတ္ၿမိဳ႔မွာအရမ္းကိုနာမည္ႀကီးေနၿပီဆို...ၿပီးေတာ့အခုတိုက္ႀကီးငါးတိုက္လံုးကလည္းမင္းနာမည္ကိုသိေနၾကၿပီ....ကၽြတ္စ္,ေနာက္တစ္ေခါက္အဲ့ဒီလိုေကာင္းတဲ့ကိစၥမ်ိဳးရွိရင္ငါ့ကိုပါမင္းနဲ႔အတူေခၚသြားဖို႔သတိရေနာ္၊အိုး....ဒါေပမဲ့ဒီဝိုင္ခြက္ကတကယ္ေကာင္းတာပဲ...ဒီတစ္ရက္ေတာ့ကိုကိုနဲ႔အတူေနာက္တစ္လွည့္ထပ္ေသာက္ဖို႔အေဖာ္ျပဳေပး!"
လင္ရႊမ္းဇီမွာေရြးခ်ယ္စရာမရွိပဲသူ႔ပါးစပ္ထဲဝမ္ရိထုန္ထိုးထည့္ေနတဲ့ဝိုင္မ်ားအားေသာက္လိုက္ရသည္။ဝမ္ရိထုန္ရဲ႔စိတ္ကအရမ္းႀကီးမူးရစ္မေနေတာ့ေပ။သူေသာက္လိုက္တာကိုျမင္ေတာ့ခ်က္ခ်င္းပင္ရႊင္လန္းစြာရယ္ေမာရင္းသူ႔ကိုေနာက္တစ္ခြက္ထပ္ထည့္ေပးလာသည္။
လင္ရႊမ္းဇီရဲ႔မ်က္ႏွာကေတာ့ကူကယ္ရာမဲ့မွဳမ်ားနဲ႔ျပည့္ႏွက္ေနသည္။သူကအနားမွာၾကည့္ေနတဲ့ဟိုင္ခြမ္းေလာင္အားအကူအညီေတာင္းခံရန္ၾကည့္လိုက္သည္။
ဟိုင္ခြမ္းေလာင္ကအဓိကေဟာခန္းမထဲကတိုင္လံုးတစ္ခုကိုမွီထားရင္းသူ႔လက္ထဲကသလင္းေရာင္ဖန္ခြက္အားေတြးေတြးဆဆျဖင့္ေဝွ႕ယမ္းျပကာျပံဳးေလသည္။
"ေလာင္ဝူကမူးရင္အၿမဲတမ္းအဲ့ဒီအတိုင္းပဲ...လုပ္လို႔ရႏိုင္တာဘာမွမရွိဘူးၿပီးေတာ့ငါလည္းမကူညီႏိုင္ဘူး"
ထိုအခြင့္အေရးအားအခြင့္ေကာင္းယူ၍လင္ရႊမ္းဇီသည္တြယ္ကပ္ေနသည့္ဝမ္ရိထုန္လက္ထဲကဝိုင္ခြက္ကိုေအာက္ခ်ရန္ထပ္မံဖိအားေပးလိုက္ျပန္သည္။
က်န္းဖုန္းထင္ကေတာ့မူးတာေတာင္စဥ္းစားဆင္ျခင္မႈရွိၿပီးၾကင္နာတတ္ေသာသူျဖစ္ေနဆဲပင္။လင္ရႊမ္းဇိရဲ႔အဝတ္အစားမ်ားကဝမ္ရိထုန္ေၾကာင့္ကၽြတ္ေတာ့မတတ္ျဖစ္ေနတာကိုျမင္ေတာ့အလ်င္အျမန္ေျပးလာၿပီးဝမ္ရိထုန္လက္ေမာင္းအားဆြဲကာလင္ရႊမ္းဇီရဲ႔ေက်ာကုန္းေပၚကေနဆြဲခ်ဖို႔ႀကိဳးစားသည္။သို႔ေသာ္ဝမ္ရိထုန္ကေတာ့လင္ရႊမ္းဇီရဲ႔လည္ပင္းအားတြယ္ကပ္ေနဆဲျဖစ္ၿပီးေရရြတ္ေန၏။
"မသြားခ်င္ဘူး,ငါ့ရဲ႔ဂ်ဴနီယာညီငယ္ေလးနဲ႔ႏွလံုးသားခ်င္းစကားေျပာဦးမွာ..ငါအခုဂ်ဴနီယာညီငယ္ေလးရွိသြားၿပီ:ဒါကငါ့ရဲ႔ဂ်ဴနီယာညီငယ္ေလးကြ!အနာဂတ္မွာကိုကိုကမင္းကိုကာကြယ္ေပးမယ္ေနာ္,ေအ့..."
ဝမ္ရိထုန္ကေလတက္ေနသည္။ဝိဉာဏ္ဝိုင္ကမႏွစ္ၿမိဳ႔စရာအနံ့အသက္မရွိပဲေမြႊးပ်ံ႔သည့္ရနံ႔သာရွိေသာ္လည္းထိုအသံကလင္ရႊမ္းဇီရဲ႔နားထဲဝင္လာတဲ့အခ်ိန္မွာေတာ့သူကထခုန္မိေတာ့မတတ္ပင္ျဖစ္သြားရသည္။
"ေကာင္းၿပီေကာင္းၿပီ,ဒီရက္ေတြအတြင္းမင္းရဲ႔ဂ်ဴနီယာညီေလးကမင္းေၾကာင့္ပဲစိတ္ပိုင္းဆိုင္ရာအရိပ္တစ္ခုရလာေတာ့မယ္"
ေခါင္းကိုက္ေနရင္းျဖင့္ပင္က်န္းဖုန္းထင္ကသူ႔လက္မ်ားအားဝမ္ရိထုန္ရဲ႕ခ်ိဳင္းၾကားထဲထည့္လိုက္ၿပီးသူ႔အားမခ်င္ေသာ္လည္းဝမ္ရိထုန္ကေတာ့႐ုတ္တရက္သူ႔ယားေၾကာကိုထိလိုက္သလိုမ်ိဳး႐ုတ္တရက္ထရယ္ေတာ့သည္သူ႔ခႏာၱကိုယ္ကလင္ရႊမ္းဇီအားပြတ္သပ္ေနရင္းျဖင့္တြန္႔လိမ္ေန၏။
လင္ရႊမ္းဇီသည္ေနာက္ဆံုးေတာ့သည္းမခံႏိုင္ေတာ့ပဲမတ္တပ္ထရပ္ကာထိုလူအားေဘးသို႔ဆြဲခ်ရန္ျပင္လိုက္တဲ့အခ်ိန္မွာေပ့ရွစ္ထ်န္းကအမူအယာမဲ့စြာျဖင့္ေလွ်ာက္လာသည္ကိုျမင္လိုက္ရသည္။ေပ့ရွစ္ထ်န္းသည္အခန္းအနားက်င္းပရာတစ္ေလွ်ာက္လံုးမ်ားမ်က္ႏွာသာခဏေလးလာျပခဲ့တာျဖစ္သည္။ၿပီးေနာက္မွာေတာ့ဘယ္သူမွမသိတဲ့ေနရာတစ္ခုခုကိုတိတ္တဆိတ္ထြက္သြားၿပီးဓားေရးသြားေလ့က်င့္ေနသည္။
ေပ့ရွစ္ထ်န္းကသူ႔ဓားကိုတိုက္႐ိုက္ဆြဲထုတ္လိုက္ၿပီးဝမ္ရိထုန္ရဲ႔လည္ပင္းဆီဦးတည္လိုက္သည္။
ဝမ္ရိထုန္ကေလးၫွိဳ႔ကလႊတ္လိုက္ေသာႁမွားတစ္စင္းလိုပင္...ခၽြမ္းဆိုတ့ဲအသံတစ္ခုနဲ႔အတူ႐ုတ္တရက္တစ္ဖက္လွည့္လိုက္ၿပီးသူအၿမဲတမ္းေဘးမွာေဆာင္ထားတတ္သည့္ဓားကိုဆြဲထုတ္လိုက္ကာေပ့ရွစ္ထ်န္းရဲ႔ဓားအားဖိခ်လိုက္၏။သူတို႔ကခဏေလာက္တစ္ေယာက္နဲ႔တစ္ေယာက္စိုက္ၾကည့္ေနၾကသည္။ေပ့ရွစ္ထ်န္းကသူ႔ဓားကိုျပန္ဆြဲထုတ္ခ်င္ေသာ္လည္းသူကျပင္းထန္တဲ့အင္အားတစ္ခုနဲ႔ဖိထားခံရၿပီးတစ္လက္မေတာင္ေရႊ႕လို႔မရဘူးဆိုတာသိသြားရသည္။
"မင္းကမ်ားငါ့ကိုဓားတင္ရဲတယ္:ငါကဒါကိုဒီအတိုင္းေက်ာ္ခ်ေပးလိုက္မယ္လို႔ထင္ေနတာလား?"
သိပ္ၿပီးမူးေနပံုမေပၚသည့္ဝမ္ရိထုန္ရဲ႔မက္မြန္ပြင့္သ႑ာန္မ်က္လံုးတစ္စံုကေပ့ရွစ္ထ်န္းအားေမွးက်ဥ္း၍ၾကည့္လိုက္သည္။သူကႏႈတ္ခမ္းကိုေအးစက္စက္ေကြးၫႊတ္လိုက္ရင္းျဖင့္ခတ္မတ္မတ္ရပ္လိုက္ရင္းသူ႔အင္အားကိုအနည္းငယ္တိုးလိုက္ကာသူ႔ဓားေအာက္မွာဖိခံထားရသည့္ခပ္ေဖ်ာ့ေဖ်ာ့အနီေရာင္ဓားအားအနည္းငယ္ေအာက္သို႔ပိုၿပီးက်သြားေစလိုက္သည္။
အခန္းထဲရွိေလထုကတင္းမာလာၿပီးက်န္းဖုန္းထင္ရဲ႔အနည္းငယ္ရီေဝေဝျဖစ္ေနမႈကလည္းေပ်ာက္ကြယ္သြားရ၏။သူကအလ်င္အျမန္ပင္အနားတိုးသြားသည္။
"ဘာလုပ္ေနၾကတာလဲ?ရိထုန္,မင္းရဲ႔'*ေပ့ရွီ'ကိုဖယ္ထားလိုက္စမ္း,ေရွာင္းထ်န္း,မင္းကေရာဘယ္လိုမ်ားလွ်န္လွ်န္ကိုမင္းရဲ႔ဂ်ဴနီယာညီငယ္ေလးေပၚတင္ႏိုင္ရတာလဲ?"
"မင္းကေသာက္ေရးမပါေအာင္လွ်န္လွ်န္ကိုသံုးရဲေသးတယ္ေပါ့ေလ?" ဝမ္ရိထုန္ရဲ႔မ်က္လံုးမ်ားက႐ုတ္တရက္ေသြးေၾကာမ်ားထင္းလာၿပီးခ်က္ခ်င္းပင္ေပ့ရွစ္ထ်န္းရဲ႔လက္ေကာက္ဝတ္အားဓားနဲ႔ထိုးလိုက္သည္။သူကမူးေနေပမယ့္ဓားကိုကိုင္ထားတဲ့လက္ကအနည္းငယ္မွ်ပင္မတုန္ယင္ေနေပ။သူကေပ့ရွစ္ထ်န္းရဲ႔လက္ေကာက္ဝတ္အားခုတ္ျဖတ္ခ်ေတာ့မယ့္ပံုေပၚေနသည္။
သို႔ေသာ္လည္းေပ့ရွစ္ထ်န္းကဒီအတိုင္းေနရာမွာပဲရပ္ေနၿပီး႐ိုက္ေနတာဆူေနတာအားခံမွာမဟုတ္ေပ။သူကလွ်န္လွ်န္အား႐ုတ္တရက္ျပန္႐ုတ္သိမ္းလိုက္ၿပီးသူ႔ပံုသ႑ာန္ကလ်င္ျမန္စြာဆုတ္ခြာသြားသည္။တစ္ခ်ိန္တည္းမွာပင္သူ႔ဓားကေလလယ္မွာပန္းသ႑ာန္ျဖစ္ေပၚ၍လွ်န္လွ်န္အားသူ႔ေရွ႕မွာအလ်ားလိုက္ပံုစံထားလိုက္ကာဝမ္ရိထုန္ဆီကတိုက္ခိုက္မႈအနည္းငယ္ကိုခံယူလိုက္သည္။ဝမ္ရိထုန္ကလည္းကၽြံမထြက္သြားခဲ့ပဲေရွ႕ကိုတိုးလိုက္ကာေပ့ရွစ္ထ်န္းနဲ႔အတူတိုက္ခိုက္မႈအခ်ိဳ႔အားက်ယ္ေလာင္သည့္အသံမ်ားနဲ႔အျပန္အလွန္႐ိုက္ခတ္လိုက္၏။
က်န္းဖုန္းထင္ရဲ႔မ်က္ႏွာကခ်က္ခ်င္းပင္မဲေမွာင္သြားၿပီးေဒါသတႀကီးေျပာေတာ့သည္။
"မင္းတို႔ေကာင္ေတြကတမင္တကာကိုျပႆနာရွာေနၾကတာပဲ!ႏွစ္ေယာက္လံုး,ရပ္လိုက္ၾကစမ္း!"
သို႔ေသာ္ဝမ္ရိထုန္ကမူးတစ္ဝက္ႏိုးတစ္ဝက္ျဖစ္ေနၿပီးဘာစကားကိုမွနားမေထာင္ေပ။ေပ့ရွစ္ထ်န္းကလည္းမေသခ်င္သလိုနာလည္းမနာခ်င္ေပ။သဘာဝက်က်ပင္ႏွစ္ေယာက္လံုးမရပ္တန္႔ၾကတာေၾကာင့္ထိုမက်ဥ္းမက်ယ္အခန္းထဲမွာပဲႏွစ္ေယာက္သားတိုက္ခိုက္ေနၾကသည္။
သိသာေနတာကေပ့ရွစ္ထ်န္းသည္ဝမ္ရိထုန္ရဲ႔တိုက္ခိုက္မွဳမ်ားအားဒီအတိုင္းကာပဲကာကြယ္ေနတာျဖစ္ၿပီးဝမ္ရိထုန္အားအျပန္အလွန္တိုက္ေနတာမဟုတ္ေၾကာင္းပင္။သို႔ေသာ္လည္းဝမ္ရိထုန္ကသာအနည္းငယ္အလုပ္အရမ္းႀကိဳးစားေနသလိုျဖစ္ေနေလတယ္..မေမ်ာ္လင့္ပဲသူကသတ္ျဖတ္သည့္လႈပ္ရွားမႈတစ္ခ်ိဳ႔ပင္ထုတ္သံုးလာသည္။
အဲ့ဒါကကိစၥမ်ားကိုပိုမိုၿပီးဆိုးဝါးလာေစသည္။
က်န္းဖုန္းထင္ကသူ႔ဓားကိုဆြဲထုတ္ေတာ့မယ့္အခ်ိန္မွာပဲမူလကေဘးမွာရပ္ၿပီးတစ္ဖက္လူရဲ႔ကံမေကာင္းမွဳကိုဝမ္းသာအားရျဖစ္ကာတစ္ေလာကလံုးကိုပရမ္းပတာျဖစ္ေစခ်င္ေနသလိုမ်ိဳးၾကည့္ေနသည့္ဟိုင္ခြမ္းေလာင္ကက်န္းဖုန္းထင္ရဲ႔လုပ္ရပ္ကိုျမင္လိုက္တာေၾကာင့္က်န္းဖုန္းထင္,ဓားကိုကိုင္ၿပီးသံုးေတာ့မွာကိုအလ်င္အျမန္တားျမစ္လိုက္သည္။
"စီနီယာအကိုႀကီး,ဒီအတိုင္းနားေနပါ;ကၽြန္ေတာ္လုပ္လိုက္ပါ့မယ္"
ထိုသို႔ျဖင့္ပင္ဟိုင္ခြမ္းေလာင္ကေငြႏွင့္အျပာေရာင္ေရာစပ္ၾကာပြတ္တစ္ခုအားေလထုပါးပါးထဲကေနဆြဲထုတ္လိုက္ကာတိုက္ပြဲမွာပါဝင္လိုက္သည္။
လင္ရႊမ္းဇီကအေတြ႕အၾကံဳရွိၿပီးအသိပညာမ်ားေသာ္လည္းအခုခ်ိန္မွာေတာ့သူလည္းအနည္းငယ္မူးသြားမိ၏။
စကားလံုးအနည္းငယ္နဲ႔ပဲရန္ပြဲကိုအစျပဳၿပီးသူတို႔အေဖေတြကိုသတ္ထားတဲ့ရန္သူေတာ္ႀကီးေတြလိုမ်ိဳးတစ္ေယာက္နဲ႔တစ္ေယာက္သတ္ျဖတ္ဖို႔စိတ္အားထက္သန္ေနၾကတယ္..ေျပာေတာ့နစ္ႁမွဳပ္ဓားေတာင္ထြက္ကတပည့္ေတြကၾကားကဆက္ဆံေရးကအရမ္းကိုခိုင္မာတယ္ဆို-အမွန္က်ေတာ့ဒါေတြအားလံုးကဟန္ေဆာင္ေနတာသက္သက္ပဲမ်ားလား?
ဟိုင္ခြမ္းေလာင္ကပြတ္တိုက္ကာဝင္ခ်လာသည္။ေပ့ရွစ္ထ်န္းကခ်က္ခ်င္းသူ႔တိုက္ခိုက္မႈကိုျပန္႐ုပ္သိမ္းလိုက္ေသာ္လည္းဝမ္ရိထုန္ကေတာ့တိုက္ပြဲရဲ႔ရန္လိုခ်င္းကအႏိုင္ရသြားၿပီျဖစ္တာေၾကာင့္သူ႔မ်က္လံုးမ်ားကနီရဲေနသည္မွာေပ့ရွစ္ထ်န္းရဲ႔က်င့္ၾကံမႈတစ္ခုလံုးကိုဖ်တ္ဆီးပစ္ခ်င္ေနသလိုပင္။ဟိုင္ခြမ္းေလာင္သည္သူ႔တိုက္ခိုက္မွဳမ်ားကိုလြတ္လပ္စြာမလုပ္ေဆာင္ႏိုင္ေတာ့ဘူးဆိုတာကိုျမင္သည့္အခါလွ်ာကိုကိုက္လိုက္ၿပီးသူ႔ဝိဉာဏ္ခ်ီတစ္ခ်ိဳ႔ကိုစတင္အသံုးျပဳရေတာ့သည္။
သူ႔ၾကာပြတ္ကေႁမြတစ္ေကာင္လိုကခုန္ေနၿပီးဝမ္ရိထုန္ရဲ႔ဓား႐ိုးအားခ်ိတ္တြယ္လိုက္၏။ဝမ္ရိထုန္ကသူ႔စြမ္းအားမ်ားကိုအသံုးျပဳခ်င္ေနေသးသည္။ဟိုင္ခြမ္းေလာင္ရဲ႔'လံုေလာက္ၿပီ'ဆိုတဲ့အသံကိုက်ယ္ေလာင္စြာၾကားမွသာအေၾကာပိတ္ခံလိုက္ရသလိုမ်ိဳးေအးခဲသြား၏။
သူ႔လက္ထဲကေပ့ရွီသည္လည္းၾကာပြတ္၏ဖမ္းဆီးျခင္းကိုခံလိုက္ရသည္။
'ခၽြမ္း'ဟူသည့္နက္႐ွိဳင္းေသာအသံတစ္ခုႏွင့္အတူေပ့ရွီကေျမျပင္ေပၚျပဳတ္က်သြားသည္။မူလကအသံသိပ္မက်ယ္ေသာ္လည္းဘယ္သူမွမစကားမေျပာတဲ့တိတ္ဆိတ္ေသာအခန္းထဲမွာေတာ့အေတာ္ေလး႐ုတ္တရက္ဆန္သြားသည္။
ဝမ္ရိထုန္ကေျမျပင္ေပၚကဓားကိုတိတ္တဆိတ္ငံု႔ၾကည့္လိုက္ၿပီးခဏမွ်ရပ္တန္႔သြား၏။ထို႔ေနာက္ေဘးတစ္ဖက္ကိုယိုင္ထိုးယိုင္ထိုးနဲ႔တိုးသြားရင္းသိပ္မၾကာခင္ပဲမ်က္လံုးမ်ားမွိတ္က်သြား၍လဲက်ကာသတိေမ့သြားေတာ့သည္။
သို႔ေသာ္လည္းေျမျပင္နဲ႔မထိေတြ႕သြားေပ။
သူကေပ့ရွစ္ထ်န္းရဲ႔လက္ေမာင္းထဲျပဳတ္က်သြားသည္။ဒါမွမဟုတ္ပိုၿပီးတိတိက်က်ေျပာရရင္ေတာ့ေပ့ရွစ္ထ်န္းကလက္တစ္ဖက္ကိုဆန္႔ထုတ္လိုက္ၿပီးဝမ္ရိထုန္ရဲ႔ေက်ာကုန္းအားလက္ဖဝါးျဖင့္ေထာက္ကန္ေပးလိုက္ျခင္းျဖစ္သည္။တစ္ျခားအစိတ္အပိ္ုင္းေတြကေတာ့...ေပ့ရွစ္ထ်န္းကထိုငမူးင႐ူးရဲ႔အက်ႌစေလးကိုေတာင္မထိေလဘူး
ဟိုင္ခြမ္းေလာင္ကစိတ္သက္သာရာရစြာသက္ျပင္းခ်လိုက္ၿပီးေရွ႕ထြက္ကာကူညီေပးခ်င္သည့္ရည္ရြယ္ခ်က္လံုးဝမရွိပဲမတ္တပ္ရပ္ေနသည္။
"ဒီေကာင္စုတ္ေလးႏွစ္ေယာက္ကေတာ့ျပႆနာကိုဘယ္လိုမ်ိဳးရွာရမလဲဆိုတာေကာင္းေကာင္းသိေနတာပဲအကယ္၍ဆရာသာဒီအေၾကာင္းကိုသိသြားရင္သူတို႔ေတြေသခ်ာေပါက္ေသေအာင္အျပစ္ေပးခံရလိမ့္မယ္"
က်န္းဖုန္းထင္ကမ်က္ေမွာင္က်ံဳ႔ရင္းျဖင့္ေပ့ရွစ္ထ်န္းနားကိုေရာက္လာသည္။
"မင္းတို႔ႏွစ္ေယာက္ကတကယ္ပဲဘာကိစၥရွိေနၾကတာလဲ?"
ပံုမွန္ဆိုရင္ဒါကတစ္ေယာက္နဲ႔တစ္ေယာက္အေပါက္ဆိုးဆိုးေျပာဆိုၾကျခင္းသာျဖစ္သည္။အကယ္၍သူတို႔သာတကယ္ပဲကိုယ့္ဓားကိုဆြဲထုတ္တာဆိုရင္က်န္းဖုန္းထင္ကဒါကိုသာမာန္လိုမ်ိဳးဆက္ဆံမွာမဟုတ္ေပ။
ဝမ္ရိထုန္ကရႊံႏႊံလိုမ်ိဳးေပ်ာ့ေပ်ာင္းေနသည္။ထိုဝိုင္ခြက္ေတြကိုေသာက္တုန္းကေတာ့ဘာမွသိပ္မခံစားခဲ့ရေပမယ့္ေနာက္ပိုင္းသက္ေရာက္မွဳကေတာ့အေတာ္ေလးျပင္းထန္လွသည္။အခုေတာ့ထိုေနာက္ပိုင္းသက္ေရာက္မႈကသူ႔ကို႐ိုက္ခတ္လာၿပီးဝမ္ရိထုန္ရဲ႔မူး႐ူးေနတဲ့အဆင့္ကေက်ာ္လြန္သြားကာခ်က္ခ်င္းမ်က္လံုးမ်ားမွိတ္၍အိပ္ေပ်ာ္သြားျခင္းျဖစ္သည္။
ေပ့ရွစ္ထ်န္းကေတာ့ရွားရွားပါးပါးကူကယ္ရာမဲ့ေနတဲ့အမူအယာျဖစ္ေနၿပီးက်န္းဖုန္းထင္နဲ႔ဟိုင္ခြမ္းေလာင္အားၾကည့္ေနသည္။
ဟိုင္ခြမ္းေလာင္ကႏွာေခါင္းရွံဳ႔သည္။
"မင္းရွာတဲ့ျပႆနာကိုယ့္ဘာသာကိုယ္ေျဖရွင္း"
ေပ့ရွစ္ထ်န္းမွာထိုႏူးႏူးညံ့ညံ့ရႊံတုန္းေလးအားအလ်ားလိုက္သယ္ရံုသာရွိေတာ့သည္။သို႔ေသာ္သူထြက္သြားဖို႔ျပင္လိုက္တဲ့အခ်ိန္မွာပဲက်န္းဖုန္းထင္ကသူ႔ကိုရပ္တန္႔ေစ၏။
"ခဏေနဦး" က်န္းဖုန္းထင္ကမ်က္ေမွာင္က်ံု႔လိုက္ၿပီးၾကည့္ရတာမေက်မနပ္ျဖစ္ေနပံုရသည္။
"တကယ္ပဲဘာေတြအတိအက်ျဖစ္သြားတာလဲ?မင္းမသြားခင္ငါ့ကိုေသခ်ာရွင္းေအာင္ေျပာခဲ့"
ေပ့ရွစ္ထ်န္းကက်န္းဖုန္းထင္ကိုၾကည့္ၿပီးခဏေလာက္တိတ္ဆိတ္ေနၿပီးမွျပန္ေျဖသည္။
"သူ႔မ်က္လံုးထဲမွာကကၽြန္ေတာ့ကအဆင္ေျပတယ္လို႔မခံစားရလို႔ျဖစ္ပါလိမ့္မယ္"
"ဘယ္လိုအမွိုက္စကားလဲ" ဟိုင္ခြမ္းေလာင္ကမ်က္လံုးလွန္ျပသည္။
"မင္းရဲ႔အႀကီးဆံုးစီနီယာအကိုႀကီးနဲ႔ငါကအကန္းဒါမွမဟုတ္အ႐ူးေတြလို႔မ်ားထင္ေနတာလား?ေလာင္ဇီလည္းမင္းကိုမ်က္လံုးထဲအဆင္ေျပတယ္လို႔မခံစားရေပမယ့္အဲ့ဒါကလည္းမင္းကတစ္ေနကုန္စိတ္ထဲမွာဓားက်င့္ၾကံဖို႔ပဲအေတြးရွိေနၿပီးလူသားဆန္တဲ့ႏွလံုးသားကိုထည့္သြင္းမထားလို႔သေဘာမက်တာေလဒါေပမဲ့ဝမ္ရိထုန္ကမင္းကိုျမင္တဲ့အခ်ိန္မွာေတာ့သူကသူ႔အေဖကိုသတ္ထားတဲ့ရန္သူတစ္ေယာက္လိုကိုျဖစ္ေနတာ"
ဟိုင္ခြမ္းေလာင္က႐ုတ္တရက္မ်က္လံုးမ်ားကိုေမွးက်ဥ္းလိုက္ၿပီးေပ့ရွစ္ထ်န္းအားအႏာၱရယ္ရွိစြာစိုက္ၾကည့္လိုက္သည္။
"မင္းကဝမ္ရိထုန္ကိုမလုပ္သင့္တဲ့တစ္စံုတစ္ရာမ်ားလုပ္ထားလို႔လား?"
စိုးရိမ္ထိတ္လန္႔ျခင္းတစ္ခုကေပ့ရွစ္ထ်န္းရဲ႔မ်က္ႏွာေပၚျဖတ္ေျပးသြားသည္။
"ကၽြန္ေတာ္ကသူ႔ကိုဘာမ်ားလုပ္ႏိုင္မွာမို႔လို႔လဲ?ဓားနဲ႔ပတ္သတ္တဲ့သူ႔အစြမ္းကကၽြန္ေတာ့ထက္မသာလြန္ဘူးဆိုေပမယ့္ကၽြန္ေတာ္နဲ႔ညီတူေလာက္ရွိေနတာေလ"
ဟိုင္ခြမ္းေလာင္သည္ေပ့ရွစ္ထ်န္းရဲ႔အနည္းငယ္စိတ္ရႈပ္ေထြးေနေသာမ်က္ႏွာအားၾကည့္ရင္းသူ႔ေခါင္းတစ္ခုလံုးေပါက္ကြဲထြက္ေတာ့မတတ္ပင္ခံစားလိုက္ရသည္။သူကလက္ကိုသာေဝွ႕ယမ္းျပလိုက္ေတာ့၏။
"ေကာင္းၿပီ,ေကာင္းၿပီ,မင္းဒီေကာင္စုတ္ေလးနဲ႔ကိုယ့္ဘာသာကိုယ္ေျဖရွင္းေတာ့:သူ႔ကိုတစ္ေနရာရာမွာသြားပစ္ထုတ္ထားလိုက္ငါကေတာ့သူ႔ကိုဂ႐ုစိုက္ဖို႔ပ်င္းတယ္"
ႏွစ္ခြန္းေလာက္ထပ္ဆဲဆိုၿပီးေနာက္ဟိ္ုင္ခြမ္းေလာင္ကက်န္းဖုန္းထင္ဘက္ကိုလွည့္လိုက္သည္။
"စီနီယာအကိုႀကီးကၽြန္ေတာ္တို႔လည္းလူစုခြဲၾကတာေပါ့"
တစ္ခ်ိန္လံုးေစာင့္ၾကည့္ေနသည့္လင္ရႊမ္းဇီသည္လည္းေနာက္ဆံုးေတာ့မတ္တပ္ရပ္လိုက္ၿပီးအနားကိုေလွ်ာက္လာသည္။
"ညလည္းေမွာင္ေနၿပီ..စီနီယာအကိုႀကီးႏွစ္ေယာက္လံုးလည္းအရင္ဆံုးအနားယူဖို႔ျပန္လိုက္သင့္ပါတယ္"
က်န္းဖုန္းထင္ကေတာ့အေတာ္ေလးကူကယ္ရာမဲ့ေနသလိုပင္။
"မင္းကိုဟာသေတြျမင္ေစမိၿပီ..အခုကမင္းဒီမွာရွိတဲ့ပထမဆံုးရက္ပဲရွိေသးတာ:အဲ့ဒါကမင္းကိုမေၾကာက္လန္႔သြားေစဖို႔ေမွ်ာ္လင့္ပါတယ္?"
လင္ရႊမ္းဇီကခပ္ေဖ်ာ့ေဖ်ာ့ျပံဳးသည္။
"ကၽြန္ေတာ့သတၱိကအဲ့ဒိေလာက္မငယ္ပါဘူး"
ဟိုင္ခြမ္းေလာင္ကသူ႔ကိုတစ္ခ်က္လွမ္းၾကည့္သည္။
"အကယ္၍အဲ့ဒါကသိပ္မငယ္ဘူးဆိုရင္ခုဏကဘာျဖစ္လို႔အဲ့ဒီေလာက္အေဝးႀကီးမွာသြားပုန္းေနတာလဲ?ငါ့အျမင္အရေတာ့သူတို႔ႏွစ္ေယာက္လံုးကဓားက်င့္ၾကံသူေတြျဖစ္ၿပီးမင္းကလည္းဓားက်င့္ၾကံသူပဲေလ...မင္းကသာသူတို႔ႏွစ္ေယာက္ကိုအရင္ဆံုးရပ္တန္႔ေစတ့ဲသူျဖစ္သင့္တာ"
လင္ရႊမ္းဇီကအလ်င္မလိုစြာျဖင့္ရွင္းျပသည္။
"သူတို႔ႏွစ္ေယာက္ထဲမွာတစ္ေယာက္ကသတ္ျဖတ္ခ်င္တဲ့ရည္ရြယ္ခ်က္ရွိေနၿပီးတစ္ျခားတစ္ဖက္ကေတာ့မတိုက္ခိုက္ခ်င္ဘူး...သတ္ျဖတ္ခ်င္တဲ့တစ္ေယာက္ကလည္းမူးေနတဲ့သူအဲ့ဒီအခ်ိန္မွာမတိုက္ခိုက္ခ်င္တဲ့သူကက်ေတာ့မမူးတဲ့သူ...အေျခခံအားျဖင့္ေတာ့အဲ့ဒီရန္ပြဲကဒီထက္ပိုၿပီးႀကီးထြားလာမွာမဟုတ္ဘူး"
ၿပီးေတာ့လည္းသူ႔လက္ထဲမွာဓားမွမရွိတာ..
လင္ရႊမ္းဇီကဓားမသံုးပဲနဲ႔ႏွစ္ေယာက္သားကိုရပ္တန္႔ေစႏိုင္မယ့္တစ္ျခားနည္းလမ္းရွိေသာ္လည္းသူတို႔ႏွစ္ေယာက္ကိုဒဏ္ရာမရေစရဘူးလို႔ေတာ့အာမမခံႏိုင္ေပ
ထို႔ေၾကာင့္လင္ရႊမ္းဇီကမလႈပ္ရွားတာျဖစ္သည္။
ေပ့ရွစ္ထ်န္းကေတာ့ဝမ္ရိထုန္ကိုသယ္ရင္းျဖင့္တံခါးဆီေလွ်ာက္သြားေနၿပီျဖစ္သည္။
႐ုတ္တရက္သူ႔ခႏာၱကိုယ္ကေအးခဲသြားသည္။
တံခါးဆီသို႔လင္ရႊမ္းဇီလွမ္းၾကည့္လိုက္ေတာ့အေၾကာင္းအရင္းအားသိသြားေလသည္။
"ဆရာ" ေပ့ရွစ္ထ်န္းကႏႈတ္ဆက္လိုက္သည္။
သူကဝမ္ရိထုန္ကိုလက္ေမာင္းထဲမွာသယ္ထားတာျဖစ္ေသာေၾကာင့္ဦးၫႊတ္ဖို႔အဆင္မေျပျဖစ္ေနသည္။ထို႔ေၾကာင့္ဝမ္ရိထုန္အားေျမျပင္ေပၚပဲတိုက္႐ိုက္ခ်လိုက္၏။
မေမွ်ာ္လင့္ပဲမူးၿပီးအိပ္ေပ်ာ္ေနရမယ့္ဝမ္ရိထုန္သည္ေျမျပင္ကိုထိလိုက္သည့္ႏွင့္တစ္ၿပိဳင္နက္သူ႔ကိုသူလွန္ခ်လိုက္သည္မွာငါးၾကင္းတစ္ေကာင္လိုပင္။သူကသူ႔ေရွ႕မွာရပ္ေနသည့္မဟာအႀကီးအကဲလန္ယြဲ႔အားေတာင့္တင္းစြာျဖင့္ဦးၫႊတ္လိုက္သည္။
"ဆရာ"
မဟာအႀကီးအကဲလန္ယြဲ႔ကသူတို႔ႏွစ္ေယာက္ကိုဒီအတိုင္းေအးစက္စက္သာၾကည့္ေနၿပီးအေစာတုန္းကျမင္ကြင္းအားမ်က္ျမင္ေတြ႕သြားေၾကာင္းသိသာေနသည္။
ဝမ္ရိထုန္ကသူ႔အေရျပားကိုထူထူထားၿပီးဆက္ေျပာသည္။
"ဆရာ,ဒီေလာက္ေနာက္က်ေနၿပီဘယ္လိုျဖစ္လို႔မ်ားဒီမွာရွိေနေသးတာပါလဲ?"
မဟာအႀကီးအကဲလန္ယြဲ႔ကသူ႔ကိုလစ္လ်ဴရွဳလိုက္ၿပီးလူႏွစ္ေယာက္လံုးအားျဖတ္ကာအခန္းထဲဝင္သြားသည္။
တစ္ျခားသူမ်ားသည္လည္းဆက္တိုက္ဦးၫႊတ္ႏႈတ္ဆက္ၾကေသာ္လည္းလင္ရႊမ္းဇီဦးၫႊတ္လိုက္တဲ့အခ်ိန္မွာေတာ့မဟာအႀကီးအကဲလန္ယြဲ႔ကသူ႔ဦးၫႊတ္မႈကိုတမင္သက္သက္ေရွာင္လိုက္သည္။
မဟာအႀကီးအကဲလန္ယြဲ႔ကပတ္ဝန္းက်င္အားလွည့္ပတ္ၾကည့္လိုက္၏
"ဒီေန႔ငါတို႔အကုန္လံုးဒီမွာရွိေနတာပဲ"
က်န္းဖုန္းထင္ကေျပာသည္။
"ဆရာ႔မွာဘာမ်ားသင္ၾကားစရာရွိလို႔ပါလဲ?"
"ဒီေန႔ငါဟြား႐ုန္ကိုတပည့္အျဖစ္လက္ခံလိုက္ၿပီဆိုေပမယ့္သူ႔ကိုပထမဆံုးေတြ႕ဆံုတဲ့လက္ေဆာင္မေပးရေသးဘူးေလ...အဲ့ဒါမျဖစ္သင့္ဘူး"
ပထမဆံုးေတြ႕ဆံုျခင္းမွာဆရာကတပည့္ကိုေပးေသာလက္ေဆာင္သည္တပည့္ကဆရာအားသူရဲ႔ဆရာတစ္ေယာက္အျဖစ္တရားဝင္လက္ခံလိုက္တာနဲ႔ေပးေသာလက္ေဆာင္လိုမ်ိဳးပင္ -အဲ့ဒါအားလံုးကဓေလ့ထံုးတမ္းနဲ႔အစဥ္အလာမ်ားပင္။
တစ္ခ်ိဳ႔ေသာမိသားစုမွတပည့္မ်ားဆိုရင္တစ္ခ်ိဳ႔လူမ်ားရဲ႔တပည့္အျဖစ္လက္ခံရရွိေစရန္အဖိုးမျဖတ္ႏိ္ုင္ေသာရတနာမ်ားပင္ေပးအပ္ၾကသည္။သို႔ေသာ္လည္းမဟာအႀကီးအကဲလန္ယြဲ႔ကေတာ့စည္းမ်ဥ္းစည္းကမ္းကိုမ်ားစြာမထုတ္ထားေပ။သူကလင္ရႊမ္းဇီဆီကေနကိုယ့္ကိုကိုယ္ကာကြယ္ႏိုင္တဲ့ေမွာ္လက္နက္တစ္ခ်ိဳ႔သာလက္ခံသည္။အဲ့ဒါကမဟာအႀကီးအကဲလန္ယြဲ႔အတြက္အလြန္ရွားပါးတဲ့ပစၥည္းမဟုတ္ေပမယ့္သူ႔အတြက္အေရးႀကီးဆံုးအရာကတပည့္ရဲ႔ၾကင္နာတတ္ေသာရည္ရြယ္ခ်က္မ်ားျဖစ္သည္။
"ငါမူလကေတာ့ေတြ႕ဆံုျခင္းလက္ေဆာင္အျဖစ္မင္းအတြက္ဇီဂဲဓားရွာေပးဖို႔ရည္ရြယ္ထားတာဒါေပမဲ့အခုျပန္စဥ္းစားလိုက္ေတာ့အဲ့ဒီဓားကိုကိုင္ရတာကမင္းအတြက္အထူးအဓိပၸါယ္ေဆာင္မွာစိုးမိတယ္ၿပီးေတာ့မင္းဘာသာမင္းရွာေတြ႕လိမ့္မယ္"
လင္ရႊမ္းဇီကအနည္းငယ္ထိတ္လန္႔သြားၿပီးမွေခါင္းညိတ္ျပသည္။
"ဟုတ္ကဲ့,ကၽြန္ေတာ္ဇီဂဲဓားကိုကိုယ့္ဘာသာကိုယ္ရွာမွာပါ"
=======================
Translator's Note
*'ေပ့ရွီ'ကဝမ္ရိထုန္ရဲ႔ဓားနာမည္ပါအဓိပါၸယ္က 'ဝမ္းနည္းေၾကကြဲဖြယ္ေတးသံ' တဲ့
*လွ်န္လွ်န္ကေပ့ရွစ္ထ်န္းရဲ႔ဓားနာမည္ပါေရွ႕အပိုင္းမွာရွင္းျပၿပီးသားပါ။
*ဒီဂိုဏ္းက သေဘၤာေတြအမ်ားႀကီးပဲဘယ္သူ႔ကိုဘယ္သူနဲ႔ ship ခ်င္ၾကလဲ? ship ခ်င္တဲ့အတြဲေလးေတြ မန္႔ခဲ့ၾကပါလားအေပ်ာ္ေပါ့။😁
=======================
Next Episode
ဆရာလက္ေဆာင္ေပးတဲ့ဓား
=======================