The One I Like Is You [Own Cr...

By AnnaLynn666

17.2K 2.6K 100

A High School Boys Love Short Story. More

Synopsis
1
2
3
4
5
6
8
9
10
Author Notes

7

863 200 13
By AnnaLynn666

Unicode

"မင်းက ဘာကို ချောင်းနေတာလဲ"

ကျောင်းထဲမဝင်သေးဘဲ ကျောင်းရှေ့မှာရပ်ပြီး ဟိုချောင်းဒီချောင်း လုပ်နေတဲ့ ခန့်ညားမောင်ကို သူ့ သူငယ်ချင်းက အော်တယ်။

"ချီး!"

ကိုယ့်အာရုံနဲ့ကိုယ် အန္တရာယ်လွတ်မလွတ် အကဲခတ်နေတဲ့ ယုန်တစ်ကောင် အခြောက် လှန့်ခံလိုက်ရသလိုပဲ ခန့်ညားမောင် ထခုန်မိသွားတော့တယ်။

"သေမလို့ ငါ့ကိုလာခြောက်နေတာလား ရဲဝင်းသားရဲ့!"

အဖေနာမည်ခေါ် တုတ်ခံလိုက်ရတဲ့ ရဲထွဋ်မျက်လုံးပဲ အရင်လှန်လိုက်တယ်။ ပြီးတော့ ခန့်ညားမောင်ကို ပြန်ကြည့်တယ်။

"မင်းကို ဟိုကောင်က စာပေးတယ်ဆို"

"ဘာ... ဘာစာလဲ"

"လားလားလားလားတွေ ပြောမနေစမ်းပါနဲ့ မင်းကိုစာပေးလိုက်တာ လူတိုင်းမြင်တယ် နောက်ဆုံးတော့ ဒီကောင်က သတ္တိတွေကောင်းပြီး မင်းညီမကို မင်းဆီကနေ တစ်ဆင့်စာပေး လိုက်တာလား"

တကယ်တော့ ကျောင်းသားတွေရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ဦးနှောက်ထဲမှာ ဝေယံကိုကိုက ခန့်ညားမောင်ကို စာပေးတယ်ဆိုတာ ခန့်ညားမောင်ကို ပေးတာမဟုတ်ဘဲ မြတ်နိုးမောင်ကို ပေးတာလို့ပဲ အော်တိုဘာသာပြန်ကြတယ်။ ကိုယ့်ဘာသာ မလုံမလဲဖြစ်နေတာကြောင့်သာ ခန့်ညားမောင် မျက်နှာက ချက်ချင်း နီရဲသွားတာ။

"ဟမ့်"

ခန့်ညားမောင် ဘာပြန်ဖြေရမှန်းမသိတော့တာကြောင့် နှာပဲမှုတ်လိုက်ရတော့တယ်။ စဉ်းစားကြည့်လေ။ သူ့ညီမကို သူကတစ်ဆင့် စာပေးခံရတယ်ဆိုတာရော ဝေယံကိုကိုက သူ့ကို စာပေးပါတယ်ဆိုတာရော ဘယ်တစ်ခု ကမှ သူ့အတွက် အကောင်းမရှိနိုင်ဘူးမဟုတ်လား။

"မင်းညီမက ဘာတဲ့လဲ"

ကျောင်းက ကျောင်းသားတွေတင်မဟုတ်ဘူး။ ခန့်ညားမောင်ရဲ့ သူငယ်ချင်းတွေကပါ ဝေယံကိုကိုနဲ့ ပတ်သက်ပြီး မြတ်နိုးမောင် ဘယ်လိုသဘောရှိလဲဆိုတာကို စိတ်ဝင်စားကြတယ်။ တကယ်တော့ ဝေယံကိုကိုက စံပြကျောင်းသားပေမဲ့ ပုကွကွမျက်မှန်နဲ့စာကြမ်းပိုး ညှဉ်းသိုးသိုး လိုတော့ မဟုတ်ဘူး။ သန့်သန့်ပြန့်ပြန့် ထောင်ထောင်မောင်းမောင်းနဲ့ သူ့ဘာသာ ကြည့်ကောင်း တဲ့မျက်မှန်နဲ့ စာကြမ်းပိုးတစ်ကောင်ရှိတယ်။ ပြီးပြည့်စုံမှု ဆိုတာက ဝေယံကိုကိုအတွက်လို့ လည်း ပြောလို့ရတယ်။ ကြည့်ကောင်းတယ်၊ စာတော်တယ်၊ လူကြီးတွေကို သိတတ်တယ်။

"ဘယ်တော့မှ သူနဲ့သဘောတူမှာမဟုတ်ဘူး!"

"မင်းသဘောမတူလည်း မင်းညီမကြိုက်ရင် ဘာတတ်နိုင်မှာမို့လဲ"

"ငါ့ညီမကလည်း သူ့ကို မကြိုက်ပါဘူး"

"ငါ့ကို မင်းညီမကြိုက်ဖို့လည်း မလိုပါဘူး"

ကျောင်းအပေါက်ဝမှာရပ်ပြီး ရဲထွဋ်နဲ့ ရန်ဖြစ်ကောင်းနေတဲ့ ခန့်ညားမောင်က အသံကြား တာနဲ့ အစားခံရမှာ ကြောက်တဲ့ယုန်သူငယ်လေးလို ရဲထွဋ်အနောက်ကို ဝင်ပြေးသွားတော့တယ်။

"မင်းက ဘာလို့ ကျောင်းရောက်နေပြီး ကျောင်းထဲ မဝင်လာရတာလဲ"

ဝေယံကိုကိုက ခန့်ညားမောင်ရဲ့ အားကိုးခံလိုက်ရတဲ့ ရဲထွဋ်ကို မကြည်သလိုကြည့်တယ်။ ဘယ်ကောင်လေးကတော့ ကိုယ့်ကောင်လေးက ကိုယ့်အားမကိုးဘဲ တခြားလူကို အားကိုးတာ မြင်ရတာ သဘောကျနိုင်မှာလဲ။

"ငါ့ဘာသာ မဝင်လာချင်လို့ပေါ့"

ရဲထွဋ်အနောက်ကနေ ခန့်ညားမောင်က ပြန်အော်တယ်။ ရဲထွဋ်ကတော့ ဝေယံကိုကိုနဲ့ ခန့်ညားမောင်ကို နားမလည်ခဲ့ဘူး။ စာပေးခံရတာ ညီမလုပ်တဲ့သူပေမဲ့ ဘာလို့ခန့်ညားမောင်က သူဖြစ်နေသလို ကြောက်နေရတာလဲ။ နောက်ပြီး ဝေယံကိုကိုကလည်း 'ကြိုက်ဖို့မလိုပါဘူး'လို့ ပြောသေးတယ်။ တကယ်ပဲ တချို့စာတော်တဲ့ကောင်တွေ ဦးနှောက်ကို သူ လိုက်လို့ရယ် မမီနိုင်တော့ပါဘူး။

"ဘာလို့ မဝင်လာတာလဲ မင်းနဲ့မနက်စာစားဖို့ စောစောလာထားတာ မနက်စာတောင် မစားရသေးဘူး"

ဝေယံကိုကိုရဲ့ ခပ်တည်တည်စကားတွေကို သေချာနားလည်ဖို့အတွက် ခန့်ညားမောင်ရဲ့ ဦးနှောက်လေးက အတော်လေးကို အလုပ်လုပ်လိုက်ရရှာတယ်။ သူက ဘာလို့ ဝေယံကိုကိုနဲ့ မနက်စာအတူ စားပေးရမှာလဲ။ သူတို့ရဲ့ ဆက်ဆံရေးက ဘာမို့လို့တုန်း။

"မင်းဘာသာ မစားလာတာ ငါနဲ့ဘာဆိုင်လဲ"

ရဲထွဋ်ကတော့ သူ့နောက်ကအော်တဲ့လူကိုတစ်လှည့် ခပ်တည်တည်ပြောနေတဲ့လူကို တစ်လှည့် ကြောင်တောင်တောင်နဲ့ ကြည့်တယ်။ သူတို့က ဘယ်သူတွေလဲ၊ ဘယ်ကလဲ၊ ဘာကြောင့်ဒီလိုတွေပြောနေတာလဲ။ လုံးလုံးကို သူနားမလည်နိုင်ဘူး။

"အ!"

ဗိုက်အောင့်တဲ့ပုံစံမျိုးနဲ့ ဝေယံကိုကိုက ခါးကိုကိုင်းပြီး သူ့ဗိုက်ကိုဖိလိုက်တယ်။ အစကနေ အဆုံးအထိ ရဲထွဋ်နောက်မှာပုန်းနေတဲ့ ခန့်ညားမောင်က ဝုန်းဆို ဝေယံကိုကို နားရောက် သွားရော။ ကိုယ်ကိုကိုင်းထားတဲ့ ဝေယံကိုကိုရဲ့ လက်မောင်းကို သူ ကိုင်ပြီး ဆဲဆိုတော့တယ်။

"-ီးလားကွာ အစာအိမ်မကောင်းတာကို ဘာဖြစ်လို့ ငါ့ကိုလာစောင့်နေရတာလဲ"

"မင်းနဲ့စားမလို့ပေါ့"

ရဲထွဋ်မျက်ခုံးပင့်တယ်။ ဝေယံကိုကိုက မြတ်နိုးမောင်ကို စာပေးတာလား၊ ခန့်ညားမောင် ကိုစာပေးတာလား။ ဝေယံကိုကိုက ဘယ်သူ့ကိုကြိုက်တာလဲ။ ပြီးတော့ ခန့်ညားမောင်ကရော ဘယ်သူ့ကို ကြိုက်နေတာလဲ။

ရုတ်တရက်ကြီး ဒီနှစ်ကောင်တွဲခုတ်သွားရင် ကျန်ရစ်ခဲ့ရမဲ့ နှမအလှလေး မြတ်နိုးမောင်ကို ရဲထွဋ်တာဝန်ယူပေးချင်စိတ် တဖွားဖွားပေါ် သွားရတော့တယ်။ သူ့အတွေး တွေကို ကလိန်ကကျစ် ကောင်တစ်ကောင်ရဲ့ လက်ဖဝါးပေါ်ရောက်နေတဲ့ ငတုံးကောင်လေး သိရင်တော့ ကျိန်းသေပေါက် ကျိန်ဆဲမှာပါပဲ။

"ဒီကောင်နဲ့ငါ မနက်စာစားလိုက်ဦးမယ်"

ခန့်ညားမောင်က ရဲထွဋ်ကို ပြောတယ်။

"အေးအေး"

ရဲထွဋ်လည်း အေးအေးဆေးဆေးပဲ 'အေးအေး' လိုက်ရတော့တာပေါ့။ မစားပါနဲ့လို့ ပြောရအောင်လည်း သူက ခန့်ညားမောင်ရဲ့ညီမ အစ်ကိုကို အူပုတ်မဲ့ မြတ်နိုးမောင်မဟုတ်သလို သူတို့နှစ်ကောင်နဲ့လည်း လိုက်စားချင် စိတ်မရှိနေဘူး။ လိုက်စားရင် သူက အူကြောင်ကြောင်နဲ့ မဆိုင်တဲ့လူ ဖြစ်နေပြီး စိတ်နာနေရမှာကို သူ ကောင်းကောင်းသိတယ်။ ရဲထွဋ်က တခြားကောင် တွေရောက်နေလောက်မဲ့ အတန်းဘက်ကို ခြေဦးလှည့်လိုက်တယ်။ နောက်ဆုံးအနေနဲ့ ထွက်သွားတဲ့ ကောင်လေးနှစ်ယောက်ဘက်ကို ကြည့်လိုက်တဲ့ အချိန်မှာ သူ့ကို ပြုံးသလိုမပြုံး သလို မျက်နှာမျိုးနဲ့လှည့်ကြည့်တဲ့ ဝေယံကိုကိုကို မြင်လိုက်ရတယ်။

'ငါကဘာလုပ်လို့ သူက ငါ့ကို မကျေနပ်ရတာလဲ' ရဲထွဋ် နားမလည်နိုင်ခဲ့ဘူး။ ခန့်ညားမောင် ငတုံးကောင်ကတော့ ဝေယံကိုကိုလက်ထဲ လုံးပါးပါးလောက်တယ်လို့ ရဲထွဋ် ထင်နေခဲ့တယ်။

"ဒီနေ့ဟိုကောင်က ကျောင်းမလာဘူးလား"

အမြွှာနှစ်ကောင်က အတန်းထဲဝင်လာတဲ့ သူ့ကိုစီးမေးတယ်။

"လာတယ် မုန့်ဈေးတန်းသွားနေလို့"

"လိုက်သွားပြီး ငါတို့လည်း တစ်ခုခုစားရအောင်လေ"

အစားနဲ့ပတ်သက်လာရင် တိုင်ပင်စရာမလိုတဲ့ အမြွှာနှစ်ကောင်က ခုံကနေ ထတယ်။

"နေဦး နေ့ခင်းမှပဲ မစားဘူးလား"

ရုတ်တရက် ဝေယံကိုကိုနဲ့ခန့်ညားမောင်ကို ပြန်တွေးမိပြီး ရဲထွဋ်တားလိုက်တယ်။ သူ့စိတ်ထဲ စုံတွဲတစ်တွဲကို သွားနှောင့်ယှက်မဲ့ လူတွေကို တားလိုက်မိတယ်လို့များ ဘာကြောင့် ထင်လိုက်မိတာလဲ။

"ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး"

ရဲထွဋ်က စဉ်းစားတယ်။ ပြီးတော့ အမြွှာနှစ်ကောင်ကို ပြန်ကြည့်ပြီး...

"ဒါနဲ့ မနေ့က စာပေးတဲ့ ကိစ္စလေ"

"အမ်း ဝေယံကိုကိုက မခေဘူးနော် ဟိုကောင့်ညီမကို ဟိုကောင်ကနေ တစ်ဆင့် စာပေးလိုက်တာ"

ကဲကြည့်... အကုန်လုံးက ဒီလိုပဲတွေးတာမဟုတ်လား။ သူ့လိုပဲတွေးကြမှာပဲလေ။ ဒါပေမဲ့ မနက်တုန်းက မြင်ကွင်းက သူ့စိတ်ကို မသေချာစေဘူး။

"အဲ့စာက သူ့ညီမကို ပေးတာ သေချာလို့လား"

"အမ်"

အမြွှာနှစ်ကောင်က အံ့ဩတကြီး သူ့ကိုကြည့်တယ်။ ရဲထွဋ်က ခေါင်းကို ကုတ်ပြီး...

"တကယ်ပဲ အဲ့ကောင်ညီမကို ပေးတာလားလို့"

"သူ့ညီမကို မပေးလို့ အဲ့ကောင်ကို ပေးရမှာလား"

ပြောပြီး တဟားဟားနဲ့ အော်ရယ်လိုက်တဲ့ အမြွှာနှစ်ကောင်ကို ရဲထွဋ်က မျက်နှာသေနဲ့ပဲ စိုက်ကြည့်နေတယ်။ ကိုယ့်ဟာနဲ့ကိုယ် ရယ်နေကြရင်းနဲ့ အမြွှာနှစ်ကောင်က အရယ်ရပ် လိုက်တယ်။

"ဘာလဲ ဒီကောင့်ကိုပေးတာလား"

သရဲတွေ့သလိုပြူးပြူးပျာပျာနဲ့ မေးလာတဲ့ နှစ်ကောင်ကို ရဲထွဋ်က မပြောချင်တော့တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

"တကယ်ကြီးလား"

အတင်းမေးတာကြောင့် ရှောင်နေလို့မရတော့တဲ့ အတူတူ ရဲထွဋ် မဖြေချင်ဖြေချင်နဲ့ မှတ်ချက်ပေးရပါရော။

"ထင်တာ... ငါကသူ့ကိုပေးတယ်လို့ထင်တာ"

"မင်းက ဘာလို့ထင်တာလဲ"

"မနက်ကပေါ့"

ရဲထွဋ်က သူ့သူငယ်ချင်းတွေကို တိုးတိုးတိတ်တိတ်ပြောပြတယ်။ ပြီးတော့ သူတို့ သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကို ဘာပြောလို့ပြောရမှန်းမသိတဲ့ မျက်နှာတွေနဲ့ကြည့် လိုက်ကြတယ်။ ယောကျာ်းလေးကျောင်း ဖြစ်တာကြောင့် အချစ်တော်တွေကိစ္စကို သူတို့တွေ ဘယ်လိုမှသိပ်မနေပါဘူး။ တွဲစရာ မိန်းကလေးလှလှလေးတွေလည်း မရှိတာကြောင့် ယောကျာ်း လေးတွေက ကွေးကုန်ပြီး ယောကျာ်းလေး အချင်းချင်း ရင်ခုန်တတ်ကြတယ်လေ။ မိန်းကလေး ကျောင်းကလည်း ဘာများထူးခြားလို့လဲ။ တကယ်တော့ ဒါတွေအကုန်လုံးက မျိုးတူတွေချင်းပဲ ထားတဲ့ စနစ်ကြောင့်ပါပဲ။ သူတို့မှာ မျိုးမတူတာမှမရှိတာ။ တူတာကိုပဲ ကြိုက်ရတော့မှာပေါ့။

ဒါပေမဲ့... ခန့်ညားမောင်က လှတပတ မိန်းကလေးလို ကောင်လေးတစ်ယောက် မဟုတ်ဘူး။ ဒါကို ဝေယံကိုကိုက ဘယ်လိုစိတ်ဝင်စားသွားလဲဆိုတာကို သူတို့ စဉ်းစားလို့တောင် မရဘူး။ တကယ်တော့ ဒီကောင်လေးတွေက သူတို့သူငယ်ချင်းကို အခြားယောကျာ်းလေး တစ်ယောက်က စိတ်ဝင်စားပြီး သူတို့သူငယ်ချင်းက အခြားယောကျာ်းလေးတစ်ယောက်ကို ပြန်စိတ်ဝင်စားတာကို ပူတာမဟုတ်ဘဲ သူတို့ကောင်က စိတ်ဝင်စားချင်စရာကောင်လေး မဟုတ် တာကို ဘာလို့များ စိတ်ဝင်စားတာလဲ ဆိုပြီး တွေးပူကြတာပဲဖြစ်တယ်။

"မင်းက ဗိုက်မအောင့်တော့ဘူးလား"

ခပ်အေးအေး မုန့်တီသောက်နေတဲ့ ဝေယံကိုကိုကို ခန့်ညားမောင် အထူးတဆန်း ကြည့်တယ်။

"ဒါတွေက အစာအိမ်နဲ့တည့်လို့လား"

ပြန်မဖြေဘဲ မုန့်တီသောက်ဖို့လုပ်နေတဲ့ ဝေယံကိုကိုရဲ့ဇွန်းပေါ် သူ့ဇွန်းတင်လိုက်တယ်။

"ငါပြောနေတာကို တကယ်ဆို အစာပျော့ပျော့ပဲ စားရမှာမဟုတ်ဘူးလား"

"ငါဗိုက်မအောင့်ပါဘူး"

ဝေယံကိုကိုက ဇွန်းချင်းဖယ်ပြီး ခန့်ညားမောင်ကို ပြန်ပြောတယ်။

"ဟမ် မင်းပဲ ကျောင်းပေါက်ဝမှာ"

"မင်းနဲ့အတူမနက်စာစားရအောင်လေ"

မူယာမာယာများတာကို အရှက်မဲ့မဲ့ဝန်ခံတဲ့ ဝေယံကိုကိုအတွက် ခန့်ညားမောင်မှာ စကား မရှိတော့ဘူး။ အရင်လို ဝုန်းခနဲထပေါက်ကွဲရမဲ့အစား သူ့မျက်နှာတစ်ပြင်လုံးက နီရဲသွား တော့တယ်။

"မင်း!"

ဟန်ကိုယ်ဖို့ ကြိမ်းလိုက်ပေမဲ့ သူ့အသံက မာထန်မှုမရှိဘူး။ ဝေယံကိုကိုရဲ့ နှုတ်ခမ်းတွေက အပြုံးပန်းတွေနဲ့ ဒီငှက်စိတ်တိုလေးကို ယဉ်ပါးအောင်လုပ်ဖို့က အနမ်းမဟုတ်တဲ့အနမ်းတစ်ပွင့်နဲ့ ရည်းစားစောင်တစ်စောင်လောက်ပဲ လိုမယ်လို့ သူ တစ်ခါလေးတောင် မစဉ်းစားခဲ့ဖူးဘူး။

"ဘယ်တော့ ငါ့ကို အဖြေပြန်ပေးမှာလဲ"

ဝေယံကိုကိုက ခပ်အေးအေးပဲမေးတယ်။ မသိရင် သူတို့က မုန့်တီဆိုင်မှာမဟုတ်ဘဲ နှစ်ယောက်တည်း အေးအေးဆေးဆေးရှိနေသလိုပါပဲ။ ခန့်ညားမောင်က ရှက်ရှက်နဲ့ စကားပြန် မပြောဘဲ မုန့်တီစားနေတော့တယ်။ ခေါင်းမဖော်နိုင်အောင် မုန့်တီသောက်နေတဲ့ ခန့်ညားမောင် ကိုမုန့်တီသည်ကြီးက သဘောတကျနဲ့ ကြည့်တယ်။ ဘယ်ဈေးသည်မဆို ကိုယ့်လက်ရာကို ခေါင်းမဖော်တန်းစားတာကို သဘောကျကြတယ် မဟုတ်လား။

"သားလေး ဟင်းရည်ယူဦးမလား"

အန်တီကြီးက ချစ်စနိုးနဲ့ လူဆိုးကောင်လေးကို မေးတယ်။ မျက်နှာနီနီနဲ့ လူဆိုး ကောင်လေးဟာ အန်တီကြီးကို ခေါင်းပဲညိတ်ပြနိုင်ခဲ့တယ်။ ဝေယံကိုကိုကတော့ ရှက်တာ ကြောင့်အစားတွေပဲ လွှတ်စားနေတဲ့ ခန့်ညားမောင်ကို ပြုံးပြုံးလေးကြည့်ပြီး ငေးနေလို့ပေါ့။ မနက်ပိုင်းဟာ ဒီလိုနဲ့ကုန်ဆုံးသွားခဲ့တယ်။

ညနေပိုင်းမှာ ခန့်ညားမောင်က စောင့်နေတဲ့ သူ့ညီမဆီကို ပြေးရတော့တယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ထက်အရင် စောရောက်နေခဲ့တယ်။ ဘာလို့ဒီကောင်က အမြဲတမ်း သူ့ရှေ့က ရောက်နေတာလဲလို့ ခန့်ညားမောင် တွေးမိတော့တယ်။ အခုကရောဘာလဲ။ သူ့ကို စာပေးပြီးတာတောင် ဘာလို့ ဝေယံကိုကိုက ဒီမှာ ရှိနေရပြန်တာလဲ။ သူ စဉ်းစားမရဘူး။ ဝေယံကိုကိုက မကျေနပ်တဲ့ မျက်နှာနဲ့ လှမ်းကြည့်တော့ ဝေယံကိုကိုက သူ့ကို အပြုံးနုနု ပေးတယ်။ ပြုံးခဲတာကြောင့် ဝေယံကိုကိုရဲ့ အပြုံးတွေကို လက်ခံရရှိတိုင်းမှာ ခန့်ညားမောင် ရင်မှာတဒိုင်းဒိုင်း ခုန်နေတော့တယ်။ ဒုက္ခသူတော့ စာတစ်စောင်နဲ့တင် ပျော်ကျနေပြီလား။ သနားစရာကောင်းတဲ့ ခန့်ညားမောင်လေးဟာ ရင်တဖိုဖိုနဲ့တွေးရှာတယ်။

"ကိုကို"

"အင်း..."

"အဲ့ဒီကောင်က ငါတို့နောက်ကို လိုက်ဦးမှာလား နင်ပြောတော့ သူ့ကို ရှင်းထုတ်မှာဆို"

အပြန်လမ်းမှာ မြတ်နိုးမောင်က စိတ်မရှည်တဲ့လေသံနဲ့ အစ်ကိုဖြစ်သူကို ပြောတယ်။ မြတ်နိုးမောင်ရဲ့ မျက်လုံးတွေက အေးတိအေးစက်နဲ့။ သူမက ရန်လိုတဲ့ အကြည့်တွေကို အနောက်ကလိုက်နေတဲ့ ဝေယံကိုကိုဆီကို ပို့တယ်။ တစ်လျှောက်လုံး သူတို့နောက်က လိုက်နေ တဲ့ဝေယံကိုကိုရဲ့ မျက်လုံးတွေက ခန့်ညားမောင်ဆီမှာပဲ ရှိနေတယ်ဆိုတာကို မြတ်နိုးမောင် သိပါတယ်။ အစ်ကိုဖြစ်သူရဲ့ ငြိမ်နေမှုကြီးကိုကြည့်ပြီး မြတ်နိုးမောင်ရဲ့ မျက်လုံးတွေက မှေးကျဉ်း သွားတော့တယ်။ ချာခနဲလှည့်ပြီး ခြေလှမ်းကျဲတွေက အနောက်ကလိုက်နေတဲ့ ဝေယံကိုကိုဆီ ဦးတည်သွားတော့တာပေါ့။

"အငယ်မ"

ညီမလေးကဘာကြောင့် ဝေယံကိုကိုဆီကို လှည့်သွားလဲဆိုတာကို ခန့်ညားမောင် နားမလည်ဘူး။ ဝေယံကိုကိုက ညီမလေးကို လိုက်နေတာ မဟုတ်တာကြောင့် ညီမလေး စကားပြောတာနဲ့ပတ်သက်ပြီး ဝေယံကိုကို ရင်ခုန်လိမ့်မှာမဟုတ်တာကိုလည်း သူ သိတယ်။

"ဟေ့ နင်"

မြတ်နိုးမောင်က ရင့်ရင့်သီးသီးပဲ ဝေယံကိုကိုကို ခေါ်တယ်။ တစ်နှစ်ပဲငယ်တဲ့ ကောင်မလေးရဲ့ ခက်ခက်ထန်ထန်စကားလုံးကို ဝေယံကိုကိုက သိမ်မွေ့တဲ့အသံနဲ့ပဲ တုံ့ပြန် လေရဲ့။

"အင်း"

"ငါ့အစ်ကိုကို လိုက်ကြည့်နေတာရပ်လိုက်တော့"

ဒီမိန်းကလေးက လူတစ်ယောက်ကိုအကဲခတ်တာ တော်တဲ့ထဲမှာပါတယ်လို့ ဝေယံကိုကို တွေးတယ်။

"ဘယ်လိုလုပ်ရမလဲ"

ဝေယံကိုကိုက မေးတယ်။ သူ့ကိုမျက်မှောင်ကြုတ်ကြည့်နေတဲ့ မြတ်နိုးမောင်ကို ကျီစား ချင်တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ပြုံးဖြစ်ရဲ့။

"မင်းအစ်ကိုက ငါ့ကို အဖြေပြန်မပေးသေးဘူး"

ဝေယံကိုကိုရဲ့ စကားအဆုံးမှာ ခန့်ညားမောင်က သူ့မျက်နှာကို ဘယ်နားသွားထားရ တော့မှန်း မသိတော့ဘူး။ သူ့ညီမကတော့ သူ့ကို စိတ်ကောက်တော့မယ်။ လျှို့ဝှက်ချက်တွေ မရှိပါဘူးဆိုတဲ့ သူတို့မောင်နှမကြားကို သူက စာတစ်စောင်အရင်ဝှက်ဖြစ်ခဲ့တယ်။ ဒုက္ခ သူတော့ မြတ်နိုးမောင်နွှာတာကို ကောင်းကောင်းကြီး ခံရတော့မှာပဲ။ ခန့်ညားမောင်ဟာ ဝေယံကိုကိုကို အရေခွံဆုတ်ချင်တဲ့ မျက်လုံးတွေနဲ့ ရင်တဒိတ်ဒိတ်ခုန်နေတဲ့ ကြားကနေ ကြည့်ဖြစ်ခဲ့ပါတယ်။ ညနေခင်း... ခန့်ညားမောင်အတွက်တော့ ဒီညနေခင်းဟာ ကံဆိုးခဲ့တာပဲ။ အင်းဟုတ်ချင်မှ လည်း ဟုတ်မှာပါလေ။

Zawgyi

"မင္းက ဘာကို ေခ်ာင္းေနတာလဲ"

ေက်ာင္းထဲမဝင္ေသးဘဲ ေက်ာင္းေရွ႕မွာရပ္ၿပီး ဟိုေခ်ာင္းဒီေခ်ာင္း လုပ္ေနတဲ့ ခန႔္ညားေမာင္ကို သူ႔ သူငယ္ခ်င္းက ေအာ္တယ္။

"ခ်ီး!"

ကိုယ့္အာ႐ုံနဲ႔ကိုယ္ အႏၲရာယ္လြတ္မလြတ္ အကဲခတ္ေနတဲ့ ယုန္တစ္ေကာင္ အေျခာက္ လွန႔္ခံလိုက္ရသလိုပဲ ခန႔္ညားေမာင္ ထခုန္မိသြားေတာ့တယ္။

"ေသမလို႔ ငါ့ကိုလာေျခာက္ေနတာလား ရဲဝင္းသားရဲ႕!"

အေဖနာမည္ေခၚ တုတ္ခံလိုက္ရတဲ့ ရဲထြဋ္မ်က္လုံးပဲ အရင္လွန္လိုက္တယ္။ ၿပီးေတာ့ ခန႔္ညားေမာင္ကို ျပန္ၾကည့္တယ္။

"မင္းကို ဟိုေကာင္က စာေပးတယ္ဆို"

"ဘာ... ဘာစာလဲ"

"လားလားလားလားေတြ ေျပာမေနစမ္းပါနဲ႔ မင္းကိုစာေပးလိုက္တာ လူတိုင္းျမင္တယ္ ေနာက္ဆုံးေတာ့ ဒီေကာင္က သတၱိေတြေကာင္းၿပီး မင္းညီမကို မင္းဆီကေန တစ္ဆင့္စာေပး လိုက္တာလား"

တကယ္ေတာ့ ေက်ာင္းသားေတြရဲ႕ ေျဖာင့္မတ္မွန္ကန္တဲ့ ဦးေႏွာက္ထဲမွာ ေဝယံကိုကိုက ခန႔္ညားေမာင္ကို စာေပးတယ္ဆိုတာ ခန႔္ညားေမာင္ကို ေပးတာမဟုတ္ဘဲ ျမတ္ႏိုးေမာင္ကို ေပးတာလို႔ပဲ ေအာ္တိုဘာသာျပန္ၾကတယ္။ ကိုယ့္ဘာသာ မလုံမလဲျဖစ္ေနတာေၾကာင့္သာ ခန႔္ညားေမာင္ မ်က္ႏွာက ခ်က္ခ်င္း နီရဲသြားတာ။

"ဟမ့္"

ခန႔္ညားေမာင္ ဘာျပန္ေျဖရမွန္းမသိေတာ့တာေၾကာင့္ ႏွာပဲမႈတ္လိုက္ရေတာ့တယ္။ စဥ္းစားၾကည့္ေလ။ သူ႔ညီမကို သူကတစ္ဆင့္ စာေပးခံရတယ္ဆိုတာေရာ ေဝယံကိုကိုက သူ႔ကို စာေပးပါတယ္ဆိုတာေရာ ဘယ္တစ္ခု ကမွ သူ႔အတြက္ အေကာင္းမရွိႏိုင္ဘူးမဟုတ္လား။

"မင္းညီမက ဘာတဲ့လဲ"

ေက်ာင္းက ေက်ာင္းသားေတြတင္မဟုတ္ဘူး။ ခန႔္ညားေမာင္ရဲ႕ သူငယ္ခ်င္းေတြကပါ ေဝယံကိုကိုနဲ႔ ပတ္သက္ၿပီး ျမတ္ႏိုးေမာင္ ဘယ္လိုသေဘာရွိလဲဆိုတာကို စိတ္ဝင္စားၾကတယ္။ တကယ္ေတာ့ ေဝယံကိုကိုက စံျပေက်ာင္းသားေပမဲ့ ပုကြကြမ်က္မွန္နဲ႔စာၾကမ္းပိုး ညႇဥ္းသိုးသိုး လိုေတာ့ မဟုတ္ဘူး။ သန႔္သန႔္ျပန႔္ျပန႔္ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ သူ႔ဘာသာ ၾကည့္ေကာင္း တဲ့မ်က္မွန္နဲ႔ စာၾကမ္းပိုးတစ္ေကာင္ရွိတယ္။ ၿပီးျပည့္စုံမႈ ဆိုတာက ေဝယံကိုကိုအတြက္လို႔ လည္း ေျပာလို႔ရတယ္။ ၾကည့္ေကာင္းတယ္၊ စာေတာ္တယ္၊ လူႀကီးေတြကို သိတတ္တယ္။

"ဘယ္ေတာ့မွ သူနဲ႔သေဘာတူမွာမဟုတ္ဘူး!"

"မင္းသေဘာမတူလည္း မင္းညီမႀကိဳက္ရင္ ဘာတတ္ႏိုင္မွာမို႔လဲ"

"ငါ့ညီမကလည္း သူ႔ကို မႀကိဳက္ပါဘူး"

"ငါ့ကို မင္းညီမႀကိဳက္ဖို႔လည္း မလိုပါဘူး"

ေက်ာင္းအေပါက္ဝမွာရပ္ၿပီး ရဲထြဋ္နဲ႔ ရန္ျဖစ္ေကာင္းေနတဲ့ ခန႔္ညားေမာင္က အသံၾကား တာနဲ႔ အစားခံရမွာ ေၾကာက္တဲ့ယုန္သူငယ္ေလးလို ရဲထြဋ္အေနာက္ကို ဝင္ေျပးသြားေတာ့တယ္။

"မင္းက ဘာလို႔ ေက်ာင္းေရာက္ေနၿပီး ေက်ာင္းထဲ မဝင္လာရတာလဲ"

ေဝယံကိုကိုက ခန႔္ညားေမာင္ရဲ႕ အားကိုးခံလိုက္ရတဲ့ ရဲထြဋ္ကို မၾကည္သလိုၾကည့္တယ္။ ဘယ္ေကာင္ေလးကေတာ့ ကိုယ့္ေကာင္ေလးက ကိုယ့္အားမကိုးဘဲ တျခားလူကို အားကိုးတာ ျမင္ရတာ သေဘာက်ႏိုင္မွာလဲ။

"ငါ့ဘာသာ မဝင္လာခ်င္လို႔ေပါ့"

ရဲထြဋ္အေနာက္ကေန ခန႔္ညားေမာင္က ျပန္ေအာ္တယ္။ ရဲထြဋ္ကေတာ့ ေဝယံကိုကိုနဲ႔ ခန႔္ညားေမာင္ကို နားမလည္ခဲ့ဘူး။ စာေပးခံရတာ ညီမလုပ္တဲ့သူေပမဲ့ ဘာလို႔ခန႔္ညားေမာင္က သူျဖစ္ေနသလို ေၾကာက္ေနရတာလဲ။ ေနာက္ၿပီး ေဝယံကိုကိုကလည္း 'ႀကိဳက္ဖို႔မလိုပါဘူး'လို႔ ေျပာေသးတယ္။ တကယ္ပဲ တခ်ိဳ႕စာေတာ္တဲ့ေကာင္ေတြ ဦးေႏွာက္ကို သူ လိုက္လို႔ရယ္ မမီႏိုင္ေတာ့ပါဘူး။

"ဘာလို႔ မဝင္လာတာလဲ မင္းနဲ႔မနက္စာစားဖို႔ ေစာေစာလာထားတာ မနက္စာေတာင္ မစားရေသးဘူး"

ေဝယံကိုကိုရဲ႕ ခပ္တည္တည္စကားေတြကို ေသခ်ာနားလည္ဖို႔အတြက္ ခန႔္ညားေမာင္ရဲ႕ ဦးေႏွာက္ေလးက အေတာ္ေလးကို အလုပ္လုပ္လိုက္ရရွာတယ္။ သူက ဘာလို႔ ေဝယံကိုကိုနဲ႔ မနက္စာအတူ စားေပးရမွာလဲ။ သူတို႔ရဲ႕ ဆက္ဆံေရးက ဘာမို႔လို႔တုန္း။

"မင္းဘာသာ မစားလာတာ ငါနဲ႔ဘာဆိုင္လဲ"

ရဲထြဋ္ကေတာ့ သူ႔ေနာက္ကေအာ္တဲ့လူကိုတစ္လွည့္ ခပ္တည္တည္ေျပာေနတဲ့လူကို တစ္လွည့္ ေၾကာင္ေတာင္ေတာင္နဲ႔ ၾကည့္တယ္။ သူတို႔က ဘယ္သူေတြလဲ၊ ဘယ္ကလဲ၊ ဘာေၾကာင့္ဒီလိုေတြေျပာေနတာလဲ။ လုံးလုံးကို သူနားမလည္ႏိုင္ဘူး။

"အ!"

ဗိုက္ေအာင့္တဲ့ပုံစံမ်ိဳးနဲ႔ ေဝယံကိုကိုက ခါးကိုကိုင္းၿပီး သူ႔ဗိုက္ကိုဖိလိုက္တယ္။ အစကေန အဆုံးအထိ ရဲထြဋ္ေနာက္မွာပုန္းေနတဲ့ ခန႔္ညားေမာင္က ဝုန္းဆို ေဝယံကိုကို နားေရာက္ သြားေရာ။ ကိုယ္ကိုကိုင္းထားတဲ့ ေဝယံကိုကိုရဲ႕ လက္ေမာင္းကို သူ ကိုင္ၿပီး ဆဲဆိုေတာ့တယ္။

"-ီးလားကြာ အစာအိမ္မေကာင္းတာကို ဘာျဖစ္လို႔ ငါ့ကိုလာေစာင့္ေနရတာလဲ"

"မင္းနဲ႔စားမလို႔ေပါ့"

ရဲထြဋ္မ်က္ခုံးပင့္တယ္။ ေဝယံကိုကိုက ျမတ္ႏိုးေမာင္ကို စာေပးတာလား၊ ခန႔္ညားေမာင္ ကိုစာေပးတာလား။ ေဝယံကိုကိုက ဘယ္သူ႔ကိုႀကိဳက္တာလဲ။ ၿပီးေတာ့ ခန႔္ညားေမာင္ကေရာ ဘယ္သူ႔ကို ႀကိဳက္ေနတာလဲ။

႐ုတ္တရက္ႀကီး ဒီႏွစ္ေကာင္တြဲခုတ္သြားရင္ က်န္ရစ္ခဲ့ရမဲ့ ႏွမအလွေလး ျမတ္ႏိုးေမာင္ကို ရဲထြဋ္တာဝန္ယူေပးခ်င္စိတ္ တဖြားဖြားေပၚ သြားရေတာ့တယ္။ သူ႔အေတြး ေတြကို ကလိန္ကက်စ္ ေကာင္တစ္ေကာင္ရဲ႕ လက္ဖဝါးေပၚေရာက္ေနတဲ့ ငတုံးေကာင္ေလး သိရင္ေတာ့ က်ိန္းေသေပါက္ က်ိန္ဆဲမွာပါပဲ။

"ဒီေကာင္နဲ႔ငါ မနက္စာစားလိုက္ဦးမယ္"

ခန႔္ညားေမာင္က ရဲထြဋ္ကို ေျပာတယ္။

"ေအးေအး"

ရဲထြဋ္လည္း ေအးေအးေဆးေဆးပဲ 'ေအးေအး' လိုက္ရေတာ့တာေပါ့။ မစားပါနဲ႔လို႔ ေျပာရေအာင္လည္း သူက ခန႔္ညားေမာင္ရဲ႕ညီမ အစ္ကိုကို အူပုတ္မဲ့ ျမတ္ႏိုးေမာင္မဟုတ္သလို သူတို႔ႏွစ္ေကာင္နဲ႔လည္း လိုက္စားခ်င္ စိတ္မရွိေနဘူး။ လိုက္စားရင္ သူက အူေၾကာင္ေၾကာင္နဲ႔ မဆိုင္တဲ့လူ ျဖစ္ေနၿပီး စိတ္နာေနရမွာကို သူ ေကာင္းေကာင္းသိတယ္။ ရဲထြဋ္က တျခားေကာင္ ေတြေရာက္ေနေလာက္မဲ့ အတန္းဘက္ကို ေျခဦးလွည့္လိုက္တယ္။ ေနာက္ဆုံးအေနနဲ႔ ထြက္သြားတဲ့ ေကာင္ေလးႏွစ္ေယာက္ဘက္ကို ၾကည့္လိုက္တဲ့ အခ်ိန္မွာ သူ႔ကို ၿပဳံးသလိုမၿပဳံး သလို မ်က္ႏွာမ်ိဳးနဲ႔လွည့္ၾကည့္တဲ့ ေဝယံကိုကိုကို ျမင္လိုက္ရတယ္။

'ငါကဘာလုပ္လို႔ သူက ငါ့ကို မေက်နပ္ရတာလဲ' ရဲထြဋ္ နားမလည္ႏိုင္ခဲ့ဘူး။ ခန႔္ညားေမာင္ ငတုံးေကာင္ကေတာ့ ေဝယံကိုကိုလက္ထဲ လုံးပါးပါးေလာက္တယ္လို႔ ရဲထြဋ္ ထင္ေနခဲ့တယ္။

"ဒီေန႔ဟိုေကာင္က ေက်ာင္းမလာဘူးလား"

အႁမႊာႏွစ္ေကာင္က အတန္းထဲဝင္လာတဲ့ သူ႔ကိုစီးေမးတယ္။

"လာတယ္ မုန႔္ေဈးတန္းသြားေနလို႔"

"လိုက္သြားၿပီး ငါတို႔လည္း တစ္ခုခုစားရေအာင္ေလ"

အစားနဲ႔ပတ္သက္လာရင္ တိုင္ပင္စရာမလိုတဲ့ အႁမႊာႏွစ္ေကာင္က ခုံကေန ထတယ္။

"ေနဦး ေန႔ခင္းမွပဲ မစားဘူးလား"

႐ုတ္တရက္ ေဝယံကိုကိုနဲ႔ခန႔္ညားေမာင္ကို ျပန္ေတြးမိၿပီး ရဲထြဋ္တားလိုက္တယ္။ သူ႔စိတ္ထဲ စုံတြဲတစ္တြဲကို သြားေႏွာင့္ယွက္မဲ့ လူေတြကို တားလိုက္မိတယ္လို႔မ်ား ဘာေၾကာင့္ ထင္လိုက္မိတာလဲ။

"ဘာလို႔လဲ"

"ဘာမွမဟုတ္ပါဘူး"

ရဲထြဋ္က စဥ္းစားတယ္။ ၿပီးေတာ့ အႁမႊာႏွစ္ေကာင္ကို ျပန္ၾကည့္ၿပီး...

"ဒါနဲ႔ မေန႔က စာေပးတဲ့ ကိစၥေလ"

"အမ္း ေဝယံကိုကိုက မေခဘူးေနာ္ ဟိုေကာင့္ညီမကို ဟိုေကာင္ကေန တစ္ဆင့္ စာေပးလိုက္တာ"

ကဲၾကည့္... အကုန္လုံးက ဒီလိုပဲေတြးတာမဟုတ္လား။ သူ႔လိုပဲေတြးၾကမွာပဲေလ။ ဒါေပမဲ့ မနက္တုန္းက ျမင္ကြင္းက သူ႔စိတ္ကို မေသခ်ာေစဘူး။

"အဲ့စာက သူ႔ညီမကို ေပးတာ ေသခ်ာလို႔လား"

"အမ္"

အႁမႊာႏွစ္ေကာင္က အံ့ဩတႀကီး သူ႔ကိုၾကည့္တယ္။ ရဲထြဋ္က ေခါင္းကို ကုတ္ၿပီး...

"တကယ္ပဲ အဲ့ေကာင္ညီမကို ေပးတာလားလို႔"

"သူ႔ညီမကို မေပးလို႔ အဲ့ေကာင္ကို ေပးရမွာလား"

ေျပာၿပီး တဟားဟားနဲ႔ ေအာ္ရယ္လိုက္တဲ့ အႁမႊာႏွစ္ေကာင္ကို ရဲထြဋ္က မ်က္ႏွာေသနဲ႔ပဲ စိုက္ၾကည့္ေနတယ္။ ကိုယ့္ဟာနဲ႔ကိုယ္ ရယ္ေနၾကရင္းနဲ႔ အႁမႊာႏွစ္ေကာင္က အရယ္ရပ္ လိုက္တယ္။

"ဘာလဲ ဒီေကာင့္ကိုေပးတာလား"

သရဲေတြ႕သလိုျပဴးျပဴးပ်ာပ်ာနဲ႔ ေမးလာတဲ့ ႏွစ္ေကာင္ကို ရဲထြဋ္က မေျပာခ်င္ေတာ့တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္လိုက္တယ္။

"တကယ္ႀကီးလား"

အတင္းေမးတာေၾကာင့္ ေရွာင္ေနလို႔မရေတာ့တဲ့ အတူတူ ရဲထြဋ္ မေျဖခ်င္ေျဖခ်င္နဲ႔ မွတ္ခ်က္ေပးရပါေရာ။

"ထင္တာ... ငါကသူ႔ကိုေပးတယ္လို႔ထင္တာ"

"မင္းက ဘာလို႔ထင္တာလဲ"

"မနက္ကေပါ့"

ရဲထြဋ္က သူ႔သူငယ္ခ်င္းေတြကို တိုးတိုးတိတ္တိတ္ေျပာျပတယ္။ ၿပီးေတာ့ သူတို႔ သုံးေယာက္ တစ္ေယာက္ကိုတစ္ေယာက္ကို ဘာေျပာလို႔ေျပာရမွန္းမသိတဲ့ မ်က္ႏွာေတြနဲ႔ၾကည့္ လိုက္ၾကတယ္။ ေယာက်ာ္းေလးေက်ာင္း ျဖစ္တာေၾကာင့္ အခ်စ္ေတာ္ေတြကိစၥကို သူတို႔ေတြ ဘယ္လိုမွသိပ္မေနပါဘူး။ တြဲစရာ မိန္းကေလးလွလွေလးေတြလည္း မရွိတာေၾကာင့္ ေယာက်ာ္း ေလးေတြက ေကြးကုန္ၿပီး ေယာက်ာ္းေလး အခ်င္းခ်င္း ရင္ခုန္တတ္ၾကတယ္ေလ။ မိန္းကေလး ေက်ာင္းကလည္း ဘာမ်ားထူးျခားလို႔လဲ။ တကယ္ေတာ့ ဒါေတြအကုန္လုံးက မ်ိဳးတူေတြခ်င္းပဲ ထားတဲ့ စနစ္ေၾကာင့္ပါပဲ။ သူတို႔မွာ မ်ိဳးမတူတာမွမရွိတာ။ တူတာကိုပဲ ႀကိဳက္ရေတာ့မွာေပါ့။

ဒါေပမဲ့... ခန႔္ညားေမာင္က လွတပတ မိန္းကေလးလို ေကာင္ေလးတစ္ေယာက္ မဟုတ္ဘူး။ ဒါကို ေဝယံကိုကိုက ဘယ္လိုစိတ္ဝင္စားသြားလဲဆိုတာကို သူတို႔ စဥ္းစားလို႔ေတာင္ မရဘူး။ တကယ္ေတာ့ ဒီေကာင္ေလးေတြက သူတို႔သူငယ္ခ်င္းကို အျခားေယာက်ာ္းေလး တစ္ေယာက္က စိတ္ဝင္စားၿပီး သူတို႔သူငယ္ခ်င္းက အျခားေယာက်ာ္းေလးတစ္ေယာက္ကို ျပန္စိတ္ဝင္စားတာကို ပူတာမဟုတ္ဘဲ သူတို႔ေကာင္က စိတ္ဝင္စားခ်င္စရာေကာင္ေလး မဟုတ္ တာကို ဘာလို႔မ်ား စိတ္ဝင္စားတာလဲ ဆိုၿပီး ေတြးပူၾကတာပဲျဖစ္တယ္။

"မင္းက ဗိုက္မေအာင့္ေတာ့ဘူးလား"

ခပ္ေအးေအး မုန႔္တီေသာက္ေနတဲ့ ေဝယံကိုကိုကို ခန႔္ညားေမာင္ အထူးတဆန္း ၾကည့္တယ္။

"ဒါေတြက အစာအိမ္နဲ႔တည့္လို႔လား"

ျပန္မေျဖဘဲ မုန႔္တီေသာက္ဖို႔လုပ္ေနတဲ့ ေဝယံကိုကိုရဲ႕ဇြန္းေပၚ သူ႔ဇြန္းတင္လိုက္တယ္။

"ငါေျပာေနတာကို တကယ္ဆို အစာေပ်ာ့ေပ်ာ့ပဲ စားရမွာမဟုတ္ဘူးလား"

"ငါဗိုက္မေအာင့္ပါဘူး"

ေဝယံကိုကိုက ဇြန္းခ်င္းဖယ္ၿပီး ခန႔္ညားေမာင္ကို ျပန္ေျပာတယ္။

"ဟမ္ မင္းပဲ ေက်ာင္းေပါက္ဝမွာ"

"မင္းနဲ႔အတူမနက္စာစားရေအာင္ေလ"

မူယာမာယာမ်ားတာကို အရွက္မဲ့မဲ့ဝန္ခံတဲ့ ေဝယံကိုကိုအတြက္ ခန႔္ညားေမာင္မွာ စကား မရွိေတာ့ဘူး။ အရင္လို ဝုန္းခနဲထေပါက္ကြဲရမဲ့အစား သူ႔မ်က္ႏွာတစ္ျပင္လုံးက နီရဲသြား ေတာ့တယ္။

"မင္း!"

ဟန္ကိုယ္ဖို႔ ႀကိမ္းလိုက္ေပမဲ့ သူ႔အသံက မာထန္မႈမရွိဘူး။ ေဝယံကိုကိုရဲ႕ ႏႈတ္ခမ္းေတြက အၿပဳံးပန္းေတြနဲ႔ ဒီငွက္စိတ္တိုေလးကို ယဥ္ပါးေအာင္လုပ္ဖို႔က အနမ္းမဟုတ္တဲ့အနမ္းတစ္ပြင့္နဲ႔ ရည္းစားေစာင္တစ္ေစာင္ေလာက္ပဲ လိုမယ္လို႔ သူ တစ္ခါေလးေတာင္ မစဥ္းစားခဲ့ဖူးဘူး။

"ဘယ္ေတာ့ ငါ့ကို အေျဖျပန္ေပးမွာလဲ"

ေဝယံကိုကိုက ခပ္ေအးေအးပဲေမးတယ္။ မသိရင္ သူတို႔က မုန႔္တီဆိုင္မွာမဟုတ္ဘဲ ႏွစ္ေယာက္တည္း ေအးေအးေဆးေဆးရွိေနသလိုပါပဲ။ ခန႔္ညားေမာင္က ရွက္ရွက္နဲ႔ စကားျပန္ မေျပာဘဲ မုန႔္တီစားေနေတာ့တယ္။ ေခါင္းမေဖာ္ႏိုင္ေအာင္ မုန႔္တီေသာက္ေနတဲ့ ခန႔္ညားေမာင္ ကိုမုန႔္တီသည္ႀကီးက သေဘာတက်နဲ႔ ၾကည့္တယ္။ ဘယ္ေဈးသည္မဆို ကိုယ့္လက္ရာကို ေခါင္းမေဖာ္တန္းစားတာကို သေဘာက်ၾကတယ္ မဟုတ္လား။

"သားေလး ဟင္းရည္ယူဦးမလား"

အန္တီႀကီးက ခ်စ္စႏိုးနဲ႔ လူဆိုးေကာင္ေလးကို ေမးတယ္။ မ်က္ႏွာနီနီနဲ႔ လူဆိုး ေကာင္ေလးဟာ အန္တီႀကီးကို ေခါင္းပဲညိတ္ျပႏိုင္ခဲ့တယ္။ ေဝယံကိုကိုကေတာ့ ရွက္တာ ေၾကာင့္အစားေတြပဲ လႊတ္စားေနတဲ့ ခန႔္ညားေမာင္ကို ၿပဳံးၿပဳံးေလးၾကည့္ၿပီး ေငးေနလို႔ေပါ့။ မနက္ပိုင္းဟာ ဒီလိုနဲ႔ကုန္ဆုံးသြားခဲ့တယ္။

ညေနပိုင္းမွာ ခန႔္ညားေမာင္က ေစာင့္ေနတဲ့ သူ႔ညီမဆီကို ေျပးရေတာ့တယ္။ ဒါေပမဲ့ တစ္စုံတစ္ေယာက္က သူ႔ထက္အရင္ ေစာေရာက္ေနခဲ့တယ္။ ဘာလို႔ဒီေကာင္က အၿမဲတမ္း သူ႔ေရွ႕က ေရာက္ေနတာလဲလို႔ ခန႔္ညားေမာင္ ေတြးမိေတာ့တယ္။ အခုကေရာဘာလဲ။ သူ႔ကို စာေပးၿပီးတာေတာင္ ဘာလို႔ ေဝယံကိုကိုက ဒီမွာ ရွိေနရျပန္တာလဲ။ သူ စဥ္းစားမရဘူး။ ေဝယံကိုကိုက မေက်နပ္တဲ့ မ်က္ႏွာနဲ႔ လွမ္းၾကည့္ေတာ့ ေဝယံကိုကိုက သူ႔ကို အၿပဳံးႏုႏု ေပးတယ္။ ၿပဳံးခဲတာေၾကာင့္ ေဝယံကိုကိုရဲ႕ အၿပဳံးေတြကို လက္ခံရရွိတိုင္းမွာ ခန႔္ညားေမာင္ ရင္မွာတဒိုင္းဒိုင္း ခုန္ေနေတာ့တယ္။ ဒုကၡသူေတာ့ စာတစ္ေစာင္နဲ႔တင္ ေပ်ာ္က်ေနၿပီလား။ သနားစရာေကာင္းတဲ့ ခန႔္ညားေမာင္ေလးဟာ ရင္တဖိုဖိုနဲ႔ေတြးရွာတယ္။

"ကိုကို"

"အင္း..."

"အဲ့ဒီေကာင္က ငါတို႔ေနာက္ကို လိုက္ဦးမွာလား နင္ေျပာေတာ့ သူ႔ကို ရွင္းထုတ္မွာဆို"

အျပန္လမ္းမွာ ျမတ္ႏိုးေမာင္က စိတ္မရွည္တဲ့ေလသံနဲ႔ အစ္ကိုျဖစ္သူကို ေျပာတယ္။ ျမတ္ႏိုးေမာင္ရဲ႕ မ်က္လုံးေတြက ေအးတိေအးစက္နဲ႔။ သူမက ရန္လိုတဲ့ အၾကည့္ေတြကို အေနာက္ကလိုက္ေနတဲ့ ေဝယံကိုကိုဆီကို ပို႔တယ္။ တစ္ေလွ်ာက္လုံး သူတို႔ေနာက္က လိုက္ေန တဲ့ေဝယံကိုကိုရဲ႕ မ်က္လုံးေတြက ခန႔္ညားေမာင္ဆီမွာပဲ ရွိေနတယ္ဆိုတာကို ျမတ္ႏိုးေမာင္ သိပါတယ္။ အစ္ကိုျဖစ္သူရဲ႕ ၿငိမ္ေနမႈႀကီးကိုၾကည့္ၿပီး ျမတ္ႏိုးေမာင္ရဲ႕ မ်က္လုံးေတြက ေမွးက်ဥ္း သြားေတာ့တယ္။ ခ်ာခနဲလွည့္ၿပီး ေျခလွမ္းက်ဲေတြက အေနာက္ကလိုက္ေနတဲ့ ေဝယံကိုကိုဆီ ဦးတည္သြားေတာ့တာေပါ့။

"အငယ္မ"

ညီမေလးကဘာေၾကာင့္ ေဝယံကိုကိုဆီကို လွည့္သြားလဲဆိုတာကို ခန႔္ညားေမာင္ နားမလည္ဘူး။ ေဝယံကိုကိုက ညီမေလးကို လိုက္ေနတာ မဟုတ္တာေၾကာင့္ ညီမေလး စကားေျပာတာနဲ႔ပတ္သက္ၿပီး ေဝယံကိုကို ရင္ခုန္လိမ့္မွာမဟုတ္တာကိုလည္း သူ သိတယ္။

"ေဟ့ နင္"

ျမတ္ႏိုးေမာင္က ရင့္ရင့္သီးသီးပဲ ေဝယံကိုကိုကို ေခၚတယ္။ တစ္ႏွစ္ပဲငယ္တဲ့ ေကာင္မေလးရဲ႕ ခက္ခက္ထန္ထန္စကားလုံးကို ေဝယံကိုကိုက သိမ္ေမြ႕တဲ့အသံနဲ႔ပဲ တုံ႔ျပန္ ေလရဲ႕။

"အင္း"

"ငါ့အစ္ကိုကို လိုက္ၾကည့္ေနတာရပ္လိုက္ေတာ့"

ဒီမိန္းကေလးက လူတစ္ေယာက္ကိုအကဲခတ္တာ ေတာ္တဲ့ထဲမွာပါတယ္လို႔ ေဝယံကိုကို ေတြးတယ္။

"ဘယ္လိုလုပ္ရမလဲ"

ေဝယံကိုကိုက ေမးတယ္။ သူ႔ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ေနတဲ့ ျမတ္ႏိုးေမာင္ကို က်ီစား ခ်င္တဲ့ မ်က္လုံးေတြနဲ႔ၾကည့္ၿပီး ၿပဳံးျဖစ္ရဲ႕။

"မင္းအစ္ကိုက ငါ့ကို အေျဖျပန္မေပးေသးဘူး"

ေဝယံကိုကိုရဲ႕ စကားအဆုံးမွာ ခန႔္ညားေမာင္က သူ႔မ်က္ႏွာကို ဘယ္နားသြားထားရ ေတာ့မွန္း မသိေတာ့ဘူး။ သူ႔ညီမကေတာ့ သူ႔ကို စိတ္ေကာက္ေတာ့မယ္။ လွ်ိဳ႕ဝွက္ခ်က္ေတြ မရွိပါဘူးဆိုတဲ့ သူတို႔ေမာင္ႏွမၾကားကို သူက စာတစ္ေစာင္အရင္ဝွက္ျဖစ္ခဲ့တယ္။ ဒုကၡ သူေတာ့ ျမတ္ႏိုးေမာင္ႏႊာတာကို ေကာင္းေကာင္းႀကီး ခံရေတာ့မွာပဲ။ ခန႔္ညားေမာင္ဟာ ေဝယံကိုကိုကို အေရခြံဆုတ္ခ်င္တဲ့ မ်က္လုံးေတြနဲ႔ ရင္တဒိတ္ဒိတ္ခုန္ေနတဲ့ ၾကားကေန ၾကည့္ျဖစ္ခဲ့ပါတယ္။ ညေနခင္း... ခန႔္ညားေမာင္အတြက္ေတာ့ ဒီညေနခင္းဟာ ကံဆိုးခဲ့တာပဲ။ အင္းဟုတ္ခ်င္မွ လည္း ဟုတ္မွာပါေလ။

Continue Reading

You'll Also Like

2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
432K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
459K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."