Marmalade [Own Creation]

AnnaLynn666

32.5K 5.5K 233

Even I can get another you, my choice is only you. Еще

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31

24

629 151 5
AnnaLynn666

Unicode

"အာ မင်းလည်း လာနားထောင်တာလား"

အကြံတစ်ခုရှိနေသည်မို့ အားသစ်သည် နိုင်းချင်းကို တွေ့သည်နှင့် ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်သည်။ အားသစ်၏ တရင်းတနှီးဆက်ဆံပုံက နိုင်းချင်းကို အံ့အားသင့်သွားစေ၏။ သူ့စိတ်ထဲတွင်လည်း ပျော်သွားတော့သည်။

အစ်ကိုအားသစ်က ငါ့ကို နောက်ဆုံးတော့ ပွင့်ပွင့်လင်းလင်း ဆက်ဆံလာပြီပေါ့။

"ငါ... သူနဲ့အတူထိုင်လိုက်မယ်..."

နောက်ဆုံးတန်းသို့သွားမည့် နိုင်းချင်းအနောက်ကလိုက်ဖို့အတွက် ခပ်တည်တည်နှင့် အားသစ်သည် သူ့သူငယ်ချင်းများကို လှည့်နှုတ်ဆက်၏။ အားသစ်၏ သူငယ်ချင်းများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသလို နိုင်းချင်းနှင့်အတူပါလာသည့် သူငယ်ချင်းများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။ ထို့နောက် နိုင်းချင်းနှင့်အားသစ်နှစ်ဦးကလွဲပြီး သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒါကဘယ်လိုအခြေအနေမျိုးများလဲ ဟု သူတို့ကိုယ်စီတွေးဖြစ်ကြ၏။ 'ဘာလဲ ဒီစီနီယာက ငါတို့ကို လာပြီးဒုက္ခပေးမှာလား' ပထမနှစ်များသည် ထိုသို့လည်းထပ်တွေးဖြစ်ကြသေးသည်။

ခန့်ညီသည် တစ်ချက်ပြုံးပြီးနောက် သူငယ်ချင်းများကို ကြည့်ကာ...

"နိုင်းချင်းဘာသာပဲ အစ်ကိုအားသစ်နဲ့ ထိုင်လိုက်တော့ ငါတို့က သက်သက်သွားထိုင်ကြမယ်လေ"

တတိယနှစ်များက အလျှိုလျှိုထွက်သွားကြပြီးနောက်တွင်တော့ ပထမနှစ်များသည်လည်း အကြံထုတ်ရတော့၏။ နဂိုကတည်းက စာသင်ချိန်တွင် စီနီယာတစ်ယောက်နှင့်အတူမထိုင်ချင်သည့် ကျောင်းသားများသည် ခန့်ညီ၏ အကြံဉာဏ်ကို ခပ်မြန်မြန်သာ သဘောတူလိုက်ကြသည်။ အားသစ်သည် သူ့ကို ကပ်ရောဂါတစ်ခုသဖွယ် ရှောင်သွားသည့် ဂျူနီယာများကို ကြောင်အစွာ ကြည့်၏။

"သူတို့က ငါ့ကိုရှောင်ကြတာလား"

"အင်းပေါ့ မဟုတ်ရင် ကျွန်တော်တို့ ဘယ်စကားများလို့ရပါ့မလဲ"

နိုင်းချင်း၏ ပွင့်လင်းလှသောအဖြေကြောင့် အားသစ် ရင်နာသလို ခံစားလိုက်ရရှာသည်။

"ငါလည်းစကားများမလို့ပဲကို..."

အားသစ်ကို နိုင်းချင်းကြည့်၏။ အားသစ်သည် မျက်လွှာချကာ ငြိမ်နေပေသည်။ စာသင်ခန်းထဲတွင် မဟုတ်ဘဲ နှစ်ယောက်တည်းအတူရှိနေသည့် အချိန်တစ်ခုတွင်ဆိုလျှင် အားသစ်၏ နဖူးကို နမ်းမိလောက် သည်ဟု သူထင်သည်။

"ကျွန်တော်နဲ့များမလား"

"အင်း..."

ခပ်တိုးတိုးမေးသည့်အသံကို အားသစ်လည်း လေပျော့လေးဖြင့်သာ တုံ့ပြန်၏။ ထိုသို့ဖြင့် နှစ်ဦးသား အနောက်ဆုံးတန်းတွင် နေရာယူထားလိုက်ကြသည်။ သိပ်မကြာခင်တွင်တော့ သောမတ်စ်သည် သင်ခန်းစာ ပို့ချရန်အတွက် စာသင်ခန်းထဲသို့ ဝင်ရောက်လာ၏။

မျိုးရိုးဗီဇနှင့်စွမ်းရည်များအကြောင်းကို လေ့လာသူဖြစ်ပြီး ကျော်ကြားထင်ရှားသူလည်းဖြစ်သည့် သောမတ်စ်အချိန်တွင် ကျောင်းသားပေါင်းမြောက်မြားစွာ လာခဲ့ကြသည်။ ဆေးလောကအသိုင်းအဝိုင်းတွင်တော့ သောမတ်စ်သည် ရူးနှမ်းသောပါမောက္ခတစ်ဦးအဖြစ် အမည်ဆိုးနှင့်ကျော်ကြားပြီး ထူးချွန်လွန်းသည့် ပါရမီရှင် တစ်ဦးဖြစ်သည့် သူ့ကိုမည်သူမျှ အရေးယူခြင်း မရှိခဲ့။

သောမတ်စ်ကိုမြင်သည့်အချိန်တွင်စားပွဲပေါ်တွင် ထားထားသည့် လက်ကိုနိုင်းချင်း လက်သီးတင်းတင်း ဆုတ်လိုက်မိသည်။ အချိန်တို့က ကြာမြင့်နေပြီဆိုသော်လည်း ငယ်စဉ်တုန်းက ကြုံတွေ့ထားမှုကို သူ မမေ့နိုင်သေး။

"မင်း ဘာဖြစ်လို့လဲ"

လက်သီးတင်းတင်းဆုတ်ထားသည့် သူ့လက်ကို ဘောပင်ဖြင့် လှမ်းတို့မေးသည့် အားသစ်ကို နိုင်းချင်း လှည့်ကြည့်၏။ စိတ်ပူနေပုံရသည့် ခပ်နွေးနွေးအကြည့်များက တင်းကြပ်နေသည့် သူ့စိတ်ကိုသက်သာရာရ သွားစေသည်။

"အစ်ကိုက ပရော်ဖက်ဆာသောမတ်စ်ကို ဘယ်လိုမြင်လဲ"

အားသစ်သည် နိုင်ငံခြားသွေးနှောဆရာဝန်ကို လှမ်းကြည့်သည်။ စင်ပေါ်ရှိသူသည် သူ့ကိုယ်သူ မိတ်ဆက်နေပြီး သူ့ကျွမ်းကျင်ရာအကြောင်းကို စပြောပြနေ၏။

"ကြောက်စရာကောင်းလောက်အောင် တော်တယ်လို့ပြောရမလားပဲ"

အားသစ်၏ မှတ်ချက်ကြောင့် နိုင်းချင်း မသိမသာပြုံး၏။

"ကောလဟလတွေက သူက ကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖူးတယ်တဲ့"

နိုင်းချင်းခပ်အေးအေးပြောပြ၏။

"တကယ်လား"

အားသစ်၏ တအံ့တဩ မေးလာမှုကြောင့် နိုင်းချင်းခေါင်းညိတ်သည်။

"အင်း သူ ကုသပေးနေရတဲ့ ကလေးကို စမ်းသပ်ဖို့အတွက် ပြန်ပေးဆွဲတာ"

"မင်းက ဘယ်လိုလုပ်သိတာလဲ"

"ကျွန်တော်နဲ့တော်တော်ရင်းနှီးလို့ပေါ့"

စိတ်ဝင်တစားနားထောင်နေသည့် အားသစ်ကို ကြည့်ပြီး နိုင်းချင်းပြုံးသည်။

"အစ်ကိုက သူ့လက်ချာနားမထောင်တော့ဘူးလား"

နိုင်းချင်းပြောပြနေသည်ကို သေချာနားထောင်နေရင်းက အားသစ် အရှေ့ဘက် Projector ကို ပြန် ကြည့်၏။ သူ့ဖုန်းကို မေးငေါ့ပြပြီး...

"သင်ခန်းစာတွေ ငါrecord ဖမ်းထားတယ် မင်းပြောတာကို ဆက်နားထောင်လို့ရတယ်"

အားသစ်စကားက နိုင်းချင်းကိုအသဲတယားယားဖြစ်သွားစေ၏။ ဘေးဘီကိုတစ်ချက်ကြည့်ပြီးနောက် အားလုံးသူ့အာရုံနှင့်သူဖြစ်နေသည့် ကျောင်းသားများကို ကြည့်ပြီးနောက် စာအုပ်ကိုဖွင့်ကာ သူတို့နှစ်ဦး မျက်နှာနားသို့ ကာချလိုက်တော့၏။

"မင်းဘာလုပ်..."

မျက်ခုံးများတွန့်ချိုးကာ မေးလာသည့် အားသစ် စကားမဆုံးခင်တွင် သူ့နှုတ်ခမ်းတို့သည် တစ်ဖက် သူ၏ နှုတ်ခမ်းတို့ဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရရှာသည်။ တစ်စက္ကန့်လောက်သာ ထိခတ်သွားသော်လည်း သူ့နားထဲတွင်ပို့ချနေသော စာသင်ကြားနေသံတို့ကိုပါ မကြားနိုင်တော့။

"မင်း..."

သူ ရန်မတွေ့နိုင်ခင် နိုင်းချင်းသည် ကိုယ့်နှုတ်ခမ်းကိုယ် လက်ညှိုးဖြင့်အသာတင်ကာ တိုးတိုးနေဖို့ အမူအရာလုပ်ပြ၏။ စာအုပ်ကိုပိတ်ပြီး နေရာတကျပြန်ချကာ...

"တိုးတိုးနေလေ... သူများတွေ အနှောင့်အယှက်ဖြစ်သွားဦးမယ်"

လုပ်ရမည့် အရာတစ်ခုကို လုပ်လိုက်သည့် သူတစ်ယောက်အလား အေးဆေးတည်ငြိမ်စွာ နိုင်းချင်း ပြော၏။ အားသစ်သည် နိုင်းချင်းကို ကြည့်မနေတော့ဘဲ ခေါင်းကို စာသင်နေသည့် Projector ဘက်သို့သာ ကြည့်နေလိုက်တော့သည်။ ဘေးတိုက်အနေအထားတွင် ရဲနေသည့် ပါးမို့မို့ကို မြင်နေရသည်မို့ နိုင်းချင်း ထပ်ပြုံးဖြစ်သည်။

ဖြစ်နိုင်ရင်... ဖောင်းနေတဲ့ပါးကို အသာကိုက်ဆွဲပစ်ချင်တယ်။ နှမြောစရာက ဒါကစာသင်ခန်းဖြစ်နေ တာပဲ။

"သူက ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတယ်... ဒီလူက တကယ်တော်တဲ့ဆရာဝန်ပါ... ဒါပေမဲ့ သူက ရူးနှမ်းနေတဲ့ဆရာဝန်လည်း ဟုတ်တယ်"

နိုင်းချင်းကို မကြည့်တော့ဘူးဟု ဆုံးဖြတ်ထားသည့်ကြားက နိုင်းချင်းပြောပြသည့် အကြောင်းအရာက သူ့ကို စိတ်ဝင်စားသွားစေပြန်သည်။

"ကလေးကို သူက ဘာလို့ ပြန်ပေးဆွဲတာလဲ"

"ကလေးရဲ့ ခန္ဓာကိုယ်ကို သူ စိတ်ဝင်စားလို့ပေါ့"

အားသစ်၏ တစ်မျိုးဖြစ်သွားသည့် မျက်နှာကိုကြည့်ပြီး နိုင်းချင်းရယ်သည်။ ခုံပေါ်တွင်ထားထားသည့် အားသစ်လက်ကို အသာဆွဲဆိတ်ကာ

"ဘာတွေလျှောက်တွေးနေတာလဲ... အစ်ကိုလည်း သိတဲ့အတိုင်း ကျွန်တော်တို့တွေရဲ့ခန္ဓာကိုယ်က စွမ်းအားရှင်ဖြစ်နိုင်တဲ့ ခန္ဓာကိုယ်... စွမ်းအားရှင်မဖြစ်နိုင်တဲ့ခန္ဓာကိုယ်ဆိုတာမျိုးရှိတယ်လေ..."

"အင်း"

"အဲ့ဒီကလေးက သာမန်ခန္ဓာကိုယ်မှာ Passive Ability ရှိနေလို့"

အားသစ်၏ မျက်လုံးများဝိုင်းစက်သွားခဲ့၏။ ထိုအချိန်တွင် ဒေါက်တာသောမတ်စ်၏ သင်ခန်းစာ ပို့ချနေမှုသည်လည်း တိုက်ဆိုင်စွာပင် သူတို့ပြောနေသည့် အကြောင်းအရာဖြစ်နေတော့သည်။ စာသင်စင် ဘက်သို့ အားသစ်လှမ်းကြည့်ချိန်တွင် ဒေါက်တာသောမတ်စ်က သူတို့ဘက်ကို လှမ်းကြည့်နေချေ၏။

သူတို့ဘက်... အတိအကျပြောရရင် နိုင်းချင်းကို ကြည့်နေတယ်လို့ သူ ပြောရမလား။

နိုင်းချင်းဘက်ကို သူ လှည့်ကြည့်ချိန်တွင် နိုင်းချင်း၏ လက်သီးများကျစ်ကျစ်ဆုတ်ထားသည်ကို အားသစ် တွေ့လိုက်ရပြန်သည်။

"နိုင်းချင်း?"

လက်သီးဆုတ်ထားသည့် နိုင်းချင်းလက်ကို အားသစ် အသာလှမ်းကိုင်လိုက်ချိန်တွင် နိုင်းချင်းသည် သူ့လက်ကို ပြန်ကိုင်လာ၏။

"စာသင်ခန်းကြီးထဲ အစ်ကိုက အခုလိုမျိုး စလာမယ်မထင်ဘူး"

သူ့လက်ချောင်းများကြားထဲယှက်ဝင်လာသည့် နိုင်းချင်းလက်ကို အားသစ်ရုန်း၏။ ရုန်းမရချိန်တွင် သူဘာလုပ်ရမှန်းမသိတော့။ ထိုအချိန်တွင် နိုင်းချင်းသည် သူတို့လက်ကိုစာသင်ခုံအောက်ထဲ ဆွဲထည့်လိုက် တော့သည်။ စာသင်ခန်းအတွင်း လက်ခိုးကိုင်ရသည့် ခံစားချက်သည် အားသစ်၏ မျက်နှာတစ်ခုလုံးကို ပူနွေးနေစေ၏။

"အဲ့ဒီကလေးက စွမ်းအားရှင်တစ်ယောက်ဖြစ်ဖို့အဆင်မပြေတဲ့အပြင်ကို သူက Passive Ability နဲ့ပါ မွေးလာတယ်... ကလေးရဲ့အိမ်က သူတို့ကလေး သေမှာစိုးရိမ်တာကြောင့် ဒေါက်တာသောမတ်စ်ကို အထူးကု အနေနဲ့ငှားခဲ့တယ်... ကလေးက မသေခဲ့တဲ့အပြင် Passive Ability ကို အချိန်တိုင်း အသုံးပြုထားသလို ဖြစ်တာက ဒေါက်တာကို ပိုပြီးစိတ်ဝင်စားသွားစေတယ် ပြီးတော့ ကလေးက အနာအဆာနဲ့စွမ်းအားရှင် ဖြစ်နေတာပဲ"

"ကျွန်တော်တို့တွေက ဘာကြောင့် စွမ်းရည်တွေကို တစ်ချိန်လုံးအသုံးမပြုနိုင်ကြတာလဲ? တစ်ချိန်လုံး အသုံးပြုနေနိုင်ရင် ကျွန်တော်တို့တွေက ဘယ်လိုမျိုးလုပ်နိုင်ကြမလဲ"

ဒေါက်တာသောမတ်စ်၏ မေးခွန်းသည် စာသင်ခန်းအတွင်း ပျံ့လွင့်နေခဲ့၏။ အားသစ်၏ အာရုံတို့သည် အခြားလူတစ်ယောက်၏ ခန္ဓာကိုယ်အပူချိန်ကို ခံစားနိုင်သည့် သူ့လက်နှင့် နိုင်းချင်း၏ ပြောပြမှုတွင်သာ ရှိနေခဲ့သည်။

"စွမ်းရည်ကို ကျွန်တော်တို့က တစ်ချိန်လုံးအသုံးမပြုနိုင်တာက ကျွန်တော်တို့ရဲ့ အာရုံကြောနဲ့ ခန္ဓာကိုယ်က ရေရှည်မခံနိုင်လို့ ကျွန်တော်တို့က စွမ်းရည်ကို အသုံးမပြုနိုင်ကြတာ..."

ဒေါက်တာသောမတ်စ်နှင့်နိုင်းချင်း၏ ရှင်းပြသံသည် တစ်ထပ်တည်း ကျနေခဲ့သည်။

"ဒါပေမဲ့ အဲ့ဒီကလေးက တစ်ချိန်လုံးသူ့ရဲ့ Passive Ability ကို အသုံးပြုနိုင်နေတယ် ဒါကိုစိတ်ဝင်စား သွားတဲ့ ဒေါက်တာက အဲ့ဒီကလေးကို ပြန်ပေးဆွဲခဲ့တယ်"

"ကလေးကရော..."

ကိုယ်နှင့်မသိသော်လည်း အမှန်တကယ်ပင် စိုးရိမ်ပူပန်နေမှုက အားသစ်မျက်နှာနှင့်မျက်လုံးထဲတွင် အထင်းသား။ ခပ်တည်တည်နှင့်အေးစက်သလို နေတတ်သော်လည်း တစ်ခုခုဆိုလျှင် စိတ်ပူစိုးရိမ်တတ်သည့် အားသစ်ကို ဘာကြောင့်များ သူ သဘောကျသွားမှန်း မပြောတတ်။ ထိုမျက်လုံးလေးများကြောင့်ဟုပဲ ဆိုရ လေမလား။ အကြည့်လွှဲကာ စာသင်နေသည့် စင်ထံသို့ နိုင်းချင်း လှမ်းကြည့်သည်။ နှုတ်ခမ်းထောင့်စွန်းသည် မသိမသာကော့ညွှတ်သွား၏။ အေးစက်ရန်လိုသည့် နိုင်းချင်း၏ အပြုံးကို အားသစ် သတိမထားမိခဲ့။

"ကလေးက အန္တရာယ်ကင်းတယ်... သူ့မိဘတွေနဲ့အတူရှိနေတာပေါ့... ဒါပေမဲ့..."

နိုင်းချင်းသည် မျက်လွှာချကာ ခုန်အောက်တွင် ကိုင်ထားသောအားသစ်လက်ကို ခပ်တင်းတင်း ဆုတ်ကိုင်လိုက်သည်။ အားသစ်သည် နိုင်းချင်းကို ကြည့်နေသော်လည်း မျက်လွှာချထားသည့် မျက်ဝန်းကို ဖတ်၍မရ။

"သူက ဆရာဝန်တွေကို မယုံတော့ဘူး... သူ့အခင်ဆုံးသူငယ်ချင်းကိုတောင် သူ မယုံနိုင်ဘူး ဒါကြောင့် ကလေးက ဆရာဝန်တစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တယ်"

အားသစ်စိတ်ထဲတွင် ဝမ်းနည်းသလိုခံစားလိုက်ရသည်။

"ဆရာဝန်တိုင်းက အဲ့လိုမဟုတ်ပါဘူး"

"အင်း အစ်ကို ဆရာဝန်ဖြစ်လာရင်ပေါ့"

အံ့အားမှင်တက်စွာ နိုင်းချင်းကို အားသစ်ကြည့်သည်။ သူစကားတစ်ခွန်းမှ ပြန်မပြောနိုင်ခင်တွင် အတန်းလွှတ်ခေါင်းလောင်းသံကို ကြားလိုက်ရ၏။ တစ်လျှောက်လုံးတွဲထားသည့် သူ့လက်ကို နိုင်းချင်းသည် လွှတ်ပေးလာခဲ့သည်။

"ကျွန်တော် သွားလိုက်ဦးမယ်နော်"

"ဟို... ငါတို့ညနေကျရင် ညနေစာ အတူစားကြမလား"

သူ့သူငယ်ချင်းများဘက်လှမ်းကြည့်ပြီး လာမည်ဟု အချက်ပြပြီးနောက် အားသစ်ကို နိုင်းချင်း ပြန်ကြည့်သည်။

"အင်း ညနေစာ အတူစားကြမယ်လေ အစ်ကိုရဲ့အတန်းရှေ့ကျွန်တော်စောင့်နေလိုက်မယ်"

"အာ... မလို..."

တစ်ခုခုစဉ်းစားပြီးနောက် အားသစ် ခေါင်းညိတ်လိုက်၏။

"အင်း ဟုတ်ပြီလေ"

သူ့အာရုံနှင့်သူ ရှုပ်ယှက်ခတ်နေကြသည့် ကျောင်းသားများကို တစ်ချက်ကြည့်ပြီးနောက် နိုင်းချင်း ကိုယ့်အိတ်ကိုယ် ဆွဲယူလိုက်ကာ အားသစ်ပါးကို ရွှတ်ခနဲနမ်းသွားသေး၏။ ပါးတစ်ဖက်ကိုကိုင်ပြီး လှစ်ခနဲ ပြေးဆင်းသွားသည့် ပထမနှစ်ကောင်လေးကို အားသစ် အံ့ဩတကြီးလှမ်းကြည့်သည်။

"ဟေ့ကောင် အားသစ်! လာတော့လေ"

အတန်းထဲတွင် လူလည်းမရှိတော့သည်မို့ အားသစ်၏ သူငယ်ချင်းများသည်လည်း လှမ်းအော်လာ၏။ ထိုအခါကျတော့မှ သတိဝင်လာကာ သူ့သူငယ်ချင်းများဘက် အားသစ် ပြန်ကြည့်သည်။ သူငယ်ချင်း ကောင်များ မြင်သွားလေလားဟူသည့် စိတ်ဖြင့် ရင်ခုန်ကာ ရှက်စိတ်ကြောင့် မျက်နှာရဲတက်လာတော့သည်။

"မင်းတို့ တွဲနေကြတာလား"

နေ့လည်စာစားဖို့အတွက် ကန်တင်းသို့သွားနေသည့် လမ်းတွင် သူငယ်ချင်းများ၏ စပ်စုမှုကို ခံရ ချိန်တွင် အားသစ်တစ်ယောက် ကျောပိုးအိတ်ဇစ်ဖွင့်ပြီးသာ သူ့မျက်နှာကို ဖွက်ထားလိုက်ချင်တော့သည်။

"အာ... မင်းတောင် ကျောင်းမပြီးခင် ဘဲရသွားပြီ"

ယခုခေတ်တွင် ယောကျာ်းလေးအချင်းချင်း လက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုလာကြ၏။ ကမ္ဘာ့လူဦးရေအဆမတန်တိုးပွားလာမှုကို ထိန်းချုပ်ရန်အတွက် လိင်တူလက်ထပ်ခြင်းကို တစ်ကမ္ဘာလုံးသည် ပုံမှန်လက်ထပ်ခြင်းအလား ခွင့်ပြုထားသည်မို့ လိင်တူချစ်ခြင်းနှင့်ပတ်သက်လျှင် ကွယ်ဝှက်ထားရမည့် အကြောင်းလုံးလုံးမရှိတော့ပေ။

အားသစ်သည် ခေါင်းသာငုံ့ထားပြီး ပြန်မဖြေ။

"အမယ် အတန်းထဲ အနမ်းခံတုန်းကခံပြီး အခုမှ ရှက်နေ"

အုပ်စုထဲရှိ အာကျယ်ကောင်ဖြစ်သော ဉာဏ်လင်းကို အားသစ် မျက်စောင်းထိုးသည်။

"ဟိုကောင်လေးက မင်းကို ဘယ်လိုလိုက်တာလဲ"

စပ်စုစိန်လည်းဖြစ်သည့် ဉာဏ်လင်းသည် အားသစ်၏ မျက်စောင်းကို လျစ်လျူရှုကာ ဆက်၍စပ်စု၏။

"ဘာလို့ဖြေရမှာလဲ"

"ဪ..."

သွားနေရင်းနှင့် အားသစ်သည် အသံတိုးတိုးဖြင့်...

"ငါနဲ့သူနဲ့ တွဲလို့မဖြစ်သေးဘူး ဒါကသူ့ကိုငါ စိတ်ဆိုးအောင် လုပ်တော့မှာမို့..."

အားသစ်၏ ခပ်တိုးတိုးပြောနေသည့် အသံကိုမကြားလိုက်ရသဖြင့် ဉာဏ်လင်းအနောက်သို့ လှည့်ကြည့်သည်။

"မင်း ဘာပြောလိုက်တာလဲ"

"ဟင့်အင်း ငယ်ကျွန်ကြီး ငါ့အတွက် နို့တီးပါဝယ်ခဲ့"

"မင်းဘာသာ မသယ်ဘူးလား"

"အိုး မင်းသယ်ပါလား"

အားသစ်၏ ဗိုလ်ကျမှုကို အသားကျနေပြီးသားမို့ ယနေ့သွားဝယ်ဖို့အလှည့်ကျသည့် ဉာဏ်လင်းနှင့် အခြားနှစ်ယောက်သည် အတူထွက်သွားလိုက်ကြသည်။ မဝယ်ဖြစ်သည့် သူတို့တစ်စုကတော့ ခုံတွင် ငြိမ်သက်စွာထိုင်ကာ ကိုယ်စီဖုန်းသုံးနေလိုက်ကြ၏။

ဒါက... နိုင်းချင်းအကြောင်းများဖြစ်မလား။

စာသင်ခန်းအတွင်းပြောပြခဲ့သော ကလေးတစ်ယောက်အကြောင်းကို အားသစ် သေချာတွေးနေသည်။ သောမတ်စ်က နိုင်းချင်းကို လိုက်ကြည့်နေသည်ဟု သူ ခံစားရသည်က အမှန်များလား။ ထိုအတွေးက အားသစ်ကို ပူပန်စေ၏။

နိုင်းချင်းကို သောမတ်စ်က ထပ်ပြီးတစ်ခုခုလုပ်ဦးမလား။

ပထမနှစ်ကျောင်းသားများ ကန်တင်းသို့သွားသည့် လမ်းတွင်တော့...

"ငါခဏလေး စကားပြောလိုက်ဦးမယ်"

ကျောင်းဝန်းရှိ ခုံတန်းတစ်ခုတွင် ထိုင်နေသည့် အမျိုးသားထံသို့ နိုင်းချင်း ထွက်လာလိုက်သည်။

"စောင့်ရဦးမလား"

သူငယ်ချင်းများ၏ လှမ်းအော်မေးမှုကို နိုင်းချင်းခေါင်းယမ်းပြ၏။

"ငါ့အတွက် တစ်ခုခုယူထားပေး ငါအမှီလိုက်ခဲ့မယ်"

ပြောပြီးသည်နှင့် ခုံတန်းတွင် ပျင်းတိပျင်းရွဲထိုင်နေသော အပေါ်ကြယ်သီးနှစ်လုံးဖြုတ်ထားသည့် အမျိုးသားဆီသို့ နိုင်းချင်းဦးတည်လိုက်၏။

"မင်းတောင် အတော်ကြီးနေပြီပဲ"

ထိုအမျိုးသားသည် သူ့ကို အရာအားလုံးကိုညည်းငွေ့နေသူတစ်ယောက်၏ မျက်နှာမျိုးဖြင့် နှုတ်ဆက်သည်။ စာသင်ချိန်တွင် လေးနက်တည်ကြည်ပြီး လေးစားဖွယ်ကောင်းသည့် မျက်နှာထားမျိုးရှိခဲ့ သည့် ထိုအမျိုးသားက သောမတ်စ်ပါဟု မြင်သည့်သူတို့သည် ယုံနိုင်ကြလိမ့်မည်မဟုတ်။

"ဘာလို့ ခင်ဗျားဒီကို ပြန်လာတာလဲ"

"ဘာလို့လဲ ငါကပြန်မလာရဘူးလား"

ယခင်တုန်းက သူ့ကိုကြောက်သည့်ကလေးငယ်လေး၏ အေးစက်သော မျက်လုံးများကို သောမတ်စ် ကြည့်သည်။ အရွယ်ရောက်လာသည့် ပျိုမြစ်သောသားရိုင်းလေးက သူ့ကို စိတ်လှုပ်ရှားစေသည်။

"မင်းရဲ့ခန္ဓာကိုယ်က ဒီအချိန်ထိ ခံနိုင်နေသေးတာကို ငါအံ့ဩလို့မဆုံးဘူး... ဒါပေမဲ့ ငါခန့်မှန်းထားတဲ့ အတိုင်းဆိုရင် မင်းက အသက်၂၀ ထက်တော့ ပိုမနေရတော့ဘူးမို့လား မင်းရဲ့စွမ်းရည်ကို မထိန်းချုပ်နိုင်ဘူး ဆိုရင်လေ ဒါကြောင့်ပဲ ငါခွဲစိတ်မှုလုပ်ခဲ့တာ ကြည့်ရတာ ငါ့ခွဲစိတ်မှုက အောင်မြင်ပုံပဲ အခုချိန်ထိ ကျန်းမာ နေပုံထောက်သေးရင် အမှန်ဆို အသက် ၂၀ ပြည့်လို့ မသေသေးဘူးဆိုရင်တောင် မင်းက ယိုယွင်း အဆင့်ကို ရောက်နေရမှာမဟုတ်လား"

ရယ်ဟဟ မေးသည့် သောမတ်စ်ကြောင့် နိုင်းချင်း၏ မျက်နှာသည် ကြောက်ဖို့ကောင်းလောက်အောင် အေးစက်ခက်ထန်သွားခဲ့သည်။ တင်းတင်းဆုတ်ထားသည့်လက်သီးကို သောမတ်စ်မျက်နှာဆီသို့ ပို့လွှတ်လိုက် ချင်သော်လည်း သူ မလုပ်နိုင်။ ကျောင်းပရဝဏ်ထဲ ရန်ဖြစ်၍မရဘူးမဟုတ်လား။

"ဒါပေမဲ့... မင်းဘေးက ကောင်လေးကလည်း စိတ်ဝင်စားဖို့ကောင်းသားပဲ... သူက တစ်ခုခုတော့ ထူးခြားမယ်လို့ ငါခံစားရတယ်"

"ခင်ဗျားနောက်မှာ အခုဘယ်သူမှ မရှိတော့ဘူး ဒါကြောင့် မရဲတင်းစမ်းနဲ့"

အားသစ်အတွက် နိုင်းချင်း အလွန်အမင်း စိုးရိမ်သွားရတော့သည်။ သောမတ်စ်၏ ရူးနှမ်းမှု အကြောင်းကို သူ အသိဆုံးမဟုတ်ပါလား။

Zawgyi

"အာ မင္းလည္း လာနားေထာင္တာလား"

အႀကံတစ္ခုရွိေနသည္မို႔ အားသစ္သည္ ႏိုင္းခ်င္းကို ေတြ႕သည္ႏွင့္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏႈတ္ဆက္သည္။ အားသစ္၏ တရင္းတႏွီးဆက္ဆံပုံက ႏိုင္းခ်င္းကို အံ့အားသင့္သြားေစ၏။ သူ႔စိတ္ထဲတြင္လည္း ေပ်ာ္သြားေတာ့သည္။

အစ္ကိုအားသစ္က ငါ့ကို ေနာက္ဆုံးေတာ့ ပြင့္ပြင့္လင္းလင္း ဆက္ဆံလာၿပီေပါ့။

"ငါ... သူနဲ႔အတူထိုင္လိုက္မယ္..."

ေနာက္ဆုံးတန္းသို႔သြားမည့္ ႏိုင္းခ်င္းအေနာက္ကလိုက္ဖို႔အတြက္ ခပ္တည္တည္ႏွင့္ အားသစ္သည္ သူ႔သူငယ္ခ်င္းမ်ားကို လွည့္ႏႈတ္ဆက္၏။ အားသစ္၏ သူငယ္ခ်င္းမ်ားက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္ၾကသလို ႏိုင္းခ်င္းႏွင့္အတူပါလာသည့္ သူငယ္ခ်င္းမ်ားသည္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ၾကသည္။ ထို႔ေနာက္ ႏိုင္းခ်င္းႏွင့္အားသစ္ႏွစ္ဦးကလြဲၿပီး သူတို႔အခ်င္းခ်င္း တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။

ဒါကဘယ္လိုအေျခအေနမ်ိဳးမ်ားလဲ ဟု သူတို႔ကိုယ္စီေတြးျဖစ္ၾက၏။ 'ဘာလဲ ဒီစီနီယာက ငါတို႔ကို လာၿပီးဒုကၡေပးမွာလား' ပထမႏွစ္မ်ားသည္ ထိုသို႔လည္းထပ္ေတြးျဖစ္ၾကေသးသည္။

ခန႔္ညီသည္ တစ္ခ်က္ၿပဳံးၿပီးေနာက္ သူငယ္ခ်င္းမ်ားကို ၾကည့္ကာ...

"ႏိုင္းခ်င္းဘာသာပဲ အစ္ကိုအားသစ္နဲ႔ ထိုင္လိုက္ေတာ့ ငါတို႔က သက္သက္သြားထိုင္ၾကမယ္ေလ"

တတိယႏွစ္မ်ားက အလွ်ိဳလွ်ိဳထြက္သြားၾကၿပီးေနာက္တြင္ေတာ့ ပထမႏွစ္မ်ားသည္လည္း အႀကံထုတ္ရေတာ့၏။ နဂိုကတည္းက စာသင္ခ်ိန္တြင္ စီနီယာတစ္ေယာက္ႏွင့္အတူမထိုင္ခ်င္သည့္ ေက်ာင္းသားမ်ားသည္ ခန႔္ညီ၏ အႀကံဉာဏ္ကို ခပ္ျမန္ျမန္သာ သေဘာတူလိုက္ၾကသည္။ အားသစ္သည္ သူ႔ကို ကပ္ေရာဂါတစ္ခုသဖြယ္ ေရွာင္သြားသည့္ ဂ်ဴနီယာမ်ားကို ေၾကာင္အစြာ ၾကည့္၏။

"သူတို႔က ငါ့ကိုေရွာင္ၾကတာလား"

"အင္းေပါ့ မဟုတ္ရင္ ကြၽန္ေတာ္တို႔ ဘယ္စကားမ်ားလို႔ရပါ့မလဲ"

ႏိုင္းခ်င္း၏ ပြင့္လင္းလွေသာအေျဖေၾကာင့္ အားသစ္ ရင္နာသလို ခံစားလိုက္ရရွာသည္။

"ငါလည္းစကားမ်ားမလို႔ပဲကို..."

အားသစ္ကို ႏိုင္းခ်င္းၾကည့္၏။ အားသစ္သည္ မ်က္လႊာခ်ကာ ၿငိမ္ေနေပသည္။ စာသင္ခန္းထဲတြင္ မဟုတ္ဘဲ ႏွစ္ေယာက္တည္းအတူရွိေနသည့္ အခ်ိန္တစ္ခုတြင္ဆိုလွ်င္ အားသစ္၏ နဖူးကို နမ္းမိေလာက္ သည္ဟု သူထင္သည္။

"ကြၽန္ေတာ္နဲ႔မ်ားမလား"

"အင္း..."

ခပ္တိုးတိုးေမးသည့္အသံကို အားသစ္လည္း ေလေပ်ာ့ေလးျဖင့္သာ တုံ႔ျပန္၏။ ထိုသို႔ျဖင့္ ႏွစ္ဦးသား အေနာက္ဆုံးတန္းတြင္ ေနရာယူထားလိုက္ၾကသည္။ သိပ္မၾကာခင္တြင္ေတာ့ ေသာမတ္စ္သည္ သင္ခန္းစာ ပို႔ခ်ရန္အတြက္ စာသင္ခန္းထဲသို႔ ဝင္ေရာက္လာ၏။

မ်ိဳး႐ိုးဗီဇႏွင့္စြမ္းရည္မ်ားအေၾကာင္းကို ေလ့လာသူျဖစ္ၿပီး ေက်ာ္ၾကားထင္ရွားသူလည္းျဖစ္သည့္ ေသာမတ္စ္အခ်ိန္တြင္ ေက်ာင္းသားေပါင္းေျမာက္ျမားစြာ လာခဲ့ၾကသည္။ ေဆးေလာကအသိုင္းအဝိုင္းတြင္ေတာ့ ေသာမတ္စ္သည္ ႐ူးႏွမ္းေသာပါေမာကၡတစ္ဦးအျဖစ္ အမည္ဆိုးႏွင့္ေက်ာ္ၾကားၿပီး ထူးခြၽန္လြန္းသည့္ ပါရမီရွင္ တစ္ဦးျဖစ္သည့္ သူ႔ကိုမည္သူမွ် အေရးယူျခင္း မရွိခဲ့။

ေသာမတ္စ္ကိုျမင္သည့္အခ်ိန္တြင္စားပြဲေပၚတြင္ ထားထားသည့္ လက္ကိုႏိုင္းခ်င္း လက္သီးတင္းတင္း ဆုတ္လိုက္မိသည္။ အခ်ိန္တို႔က ၾကာျမင့္ေနၿပီဆိုေသာ္လည္း ငယ္စဥ္တုန္းက ႀကဳံေတြ႕ထားမႈကို သူ မေမ့ႏိုင္ေသး။

"မင္း ဘာျဖစ္လို႔လဲ"

လက္သီးတင္းတင္းဆုတ္ထားသည့္ သူ႔လက္ကို ေဘာပင္ျဖင့္ လွမ္းတို႔ေမးသည့္ အားသစ္ကို ႏိုင္းခ်င္း လွည့္ၾကည့္၏။ စိတ္ပူေနပုံရသည့္ ခပ္ေႏြးေႏြးအၾကည့္မ်ားက တင္းၾကပ္ေနသည့္ သူ႔စိတ္ကိုသက္သာရာရ သြားေစသည္။

"အစ္ကိုက ပေရာ္ဖက္ဆာေသာမတ္စ္ကို ဘယ္လိုျမင္လဲ"

အားသစ္သည္ ႏိုင္ငံျခားေသြးေႏွာဆရာဝန္ကို လွမ္းၾကည့္သည္။ စင္ေပၚရွိသူသည္ သူ႔ကိုယ္သူ မိတ္ဆက္ေနၿပီး သူ႔ကြၽမ္းက်င္ရာအေၾကာင္းကို စေျပာျပေန၏။

"ေၾကာက္စရာေကာင္းေလာက္ေအာင္ ေတာ္တယ္လို႔ေျပာရမလားပဲ"

အားသစ္၏ မွတ္ခ်က္ေၾကာင့္ ႏိုင္းခ်င္း မသိမသာၿပဳံး၏။

"ေကာလဟလေတြက သူက ကေလးတစ္ေယာက္ကို ျပန္ေပးဆြဲဖူးတယ္တဲ့"

ႏိုင္းခ်င္းခပ္ေအးေအးေျပာျပ၏။

"တကယ္လား"

အားသစ္၏ တအံ့တဩ ေမးလာမႈေၾကာင့္ ႏိုင္းခ်င္းေခါင္းညိတ္သည္။

"အင္း သူ ကုသေပးေနရတဲ့ ကေလးကို စမ္းသပ္ဖို႔အတြက္ ျပန္ေပးဆြဲတာ"

"မင္းက ဘယ္လိုလုပ္သိတာလဲ"

"ကြၽန္ေတာ္နဲ႔ေတာ္ေတာ္ရင္းႏွီးလို႔ေပါ့"

စိတ္ဝင္တစားနားေထာင္ေနသည့္ အားသစ္ကို ၾကည့္ၿပီး ႏိုင္းခ်င္းၿပဳံးသည္။

"အစ္ကိုက သူ႔လက္ခ်ာနားမေထာင္ေတာ့ဘူးလား"

ႏိုင္းခ်င္းေျပာျပေနသည္ကို ေသခ်ာနားေထာင္ေနရင္းက အားသစ္ အေရွ႕ဘက္ Projector ကို ျပန္ ၾကည့္၏။ သူ႔ဖုန္းကို ေမးေငါ့ျပၿပီး...

"သင္ခန္းစာေတြ ငါrecord ဖမ္းထားတယ္ မင္းေျပာတာကို ဆက္နားေထာင္လို႔ရတယ္"

အားသစ္စကားက ႏိုင္းခ်င္းကိုအသဲတယားယားျဖစ္သြားေစ၏။ ေဘးဘီကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ အားလုံးသူ႔အာ႐ုံႏွင့္သူျဖစ္ေနသည့္ ေက်ာင္းသားမ်ားကို ၾကည့္ၿပီးေနာက္ စာအုပ္ကိုဖြင့္ကာ သူတို႔ႏွစ္ဦး မ်က္ႏွာနားသို႔ ကာခ်လိုက္ေတာ့၏။

"မင္းဘာလုပ္..."

မ်က္ခုံးမ်ားတြန႔္ခ်ိဳးကာ ေမးလာသည့္ အားသစ္ စကားမဆုံးခင္တြင္ သူ႔ႏႈတ္ခမ္းတို႔သည္ တစ္ဖက္ သူ၏ ႏႈတ္ခမ္းတို႔ျဖင့္ ပိတ္ဆို႔ျခင္းခံလိုက္ရရွာသည္။ တစ္စကၠန႔္ေလာက္သာ ထိခတ္သြားေသာ္လည္း သူ႔နားထဲတြင္ပို႔ခ်ေနေသာ စာသင္ၾကားေနသံတို႔ကိုပါ မၾကားႏိုင္ေတာ့။

"မင္း..."

သူ ရန္မေတြ႕ႏိုင္ခင္ ႏိုင္းခ်င္းသည္ ကိုယ့္ႏႈတ္ခမ္းကိုယ္ လက္ညႇိဳးျဖင့္အသာတင္ကာ တိုးတိုးေနဖို႔ အမူအရာလုပ္ျပ၏။ စာအုပ္ကိုပိတ္ၿပီး ေနရာတက်ျပန္ခ်ကာ...

"တိုးတိုးေနေလ... သူမ်ားေတြ အေႏွာင့္အယွက္ျဖစ္သြားဦးမယ္"

လုပ္ရမည့္ အရာတစ္ခုကို လုပ္လိုက္သည့္ သူတစ္ေယာက္အလား ေအးေဆးတည္ၿငိမ္စြာ ႏိုင္းခ်င္း ေျပာ၏။ အားသစ္သည္ ႏိုင္းခ်င္းကို ၾကည့္မေနေတာ့ဘဲ ေခါင္းကို စာသင္ေနသည့္ Projector ဘက္သို႔သာ ၾကည့္ေနလိုက္ေတာ့သည္။ ေဘးတိုက္အေနအထားတြင္ ရဲေနသည့္ ပါးမို႔မို႔ကို ျမင္ေနရသည္မို႔ ႏိုင္းခ်င္း ထပ္ၿပဳံးျဖစ္သည္။

ျဖစ္ႏိုင္ရင္... ေဖာင္းေနတဲ့ပါးကို အသာကိုက္ဆြဲပစ္ခ်င္တယ္။ ႏွေျမာစရာက ဒါကစာသင္ခန္းျဖစ္ေန တာပဲ။

"သူက ကေလးတစ္ေယာက္ကို ျပန္ေပးဆြဲတယ္... ဒီလူက တကယ္ေတာ္တဲ့ဆရာဝန္ပါ... ဒါေပမဲ့ သူက ႐ူးႏွမ္းေနတဲ့ဆရာဝန္လည္း ဟုတ္တယ္"

ႏိုင္းခ်င္းကို မၾကည့္ေတာ့ဘူးဟု ဆုံးျဖတ္ထားသည့္ၾကားက ႏိုင္းခ်င္းေျပာျပသည့္ အေၾကာင္းအရာက သူ႔ကို စိတ္ဝင္စားသြားေစျပန္သည္။

"ကေလးကို သူက ဘာလို႔ ျပန္ေပးဆြဲတာလဲ"

"ကေလးရဲ႕ ခႏၶာကိုယ္ကို သူ စိတ္ဝင္စားလို႔ေပါ့"

အားသစ္၏ တစ္မ်ိဳးျဖစ္သြားသည့္ မ်က္ႏွာကိုၾကည့္ၿပီး ႏိုင္းခ်င္းရယ္သည္။ ခုံေပၚတြင္ထားထားသည့္ အားသစ္လက္ကို အသာဆြဲဆိတ္ကာ

"ဘာေတြေလွ်ာက္ေတြးေနတာလဲ... အစ္ကိုလည္း သိတဲ့အတိုင္း ကြၽန္ေတာ္တို႔ေတြရဲ႕ခႏၶာကိုယ္က စြမ္းအားရွင္ျဖစ္ႏိုင္တဲ့ ခႏၶာကိုယ္... စြမ္းအားရွင္မျဖစ္ႏိုင္တဲ့ခႏၶာကိုယ္ဆိုတာမ်ိဳးရွိတယ္ေလ..."

"အင္း"

"အဲ့ဒီကေလးက သာမန္ခႏၶာကိုယ္မွာ Passive Ability ရွိေနလို႔"

အားသစ္၏ မ်က္လုံးမ်ားဝိုင္းစက္သြားခဲ့၏။ ထိုအခ်ိန္တြင္ ေဒါက္တာေသာမတ္စ္၏ သင္ခန္းစာ ပို႔ခ်ေနမႈသည္လည္း တိုက္ဆိုင္စြာပင္ သူတို႔ေျပာေနသည့္ အေၾကာင္းအရာျဖစ္ေနေတာ့သည္။ စာသင္စင္ ဘက္သို႔ အားသစ္လွမ္းၾကည့္ခ်ိန္တြင္ ေဒါက္တာေသာမတ္စ္က သူတို႔ဘက္ကို လွမ္းၾကည့္ေနေခ်၏။

သူတို႔ဘက္... အတိအက်ေျပာရရင္ ႏိုင္းခ်င္းကို ၾကည့္ေနတယ္လို႔ သူ ေျပာရမလား။

ႏိုင္းခ်င္းဘက္ကို သူ လွည့္ၾကည့္ခ်ိန္တြင္ ႏိုင္းခ်င္း၏ လက္သီးမ်ားက်စ္က်စ္ဆုတ္ထားသည္ကို အားသစ္ ေတြ႕လိုက္ရျပန္သည္။

"ႏိုင္းခ်င္း?"

လက္သီးဆုတ္ထားသည့္ ႏိုင္းခ်င္းလက္ကို အားသစ္ အသာလွမ္းကိုင္လိုက္ခ်ိန္တြင္ ႏိုင္းခ်င္းသည္ သူ႔လက္ကို ျပန္ကိုင္လာ၏။

"စာသင္ခန္းႀကီးထဲ အစ္ကိုက အခုလိုမ်ိဳး စလာမယ္မထင္ဘူး"

သူ႔လက္ေခ်ာင္းမ်ားၾကားထဲယွက္ဝင္လာသည့္ ႏိုင္းခ်င္းလက္ကို အားသစ္႐ုန္း၏။ ႐ုန္းမရခ်ိန္တြင္ သူဘာလုပ္ရမွန္းမသိေတာ့။ ထိုအခ်ိန္တြင္ ႏိုင္းခ်င္းသည္ သူတို႔လက္ကိုစာသင္ခုံေအာက္ထဲ ဆြဲထည့္လိုက္ ေတာ့သည္။ စာသင္ခန္းအတြင္း လက္ခိုးကိုင္ရသည့္ ခံစားခ်က္သည္ အားသစ္၏ မ်က္ႏွာတစ္ခုလုံးကို ပူေႏြးေနေစ၏။

"အဲ့ဒီကေလးက စြမ္းအားရွင္တစ္ေယာက္ျဖစ္ဖို႔အဆင္မေျပတဲ့အျပင္ကို သူက Passive Ability နဲ႔ပါ ေမြးလာတယ္... ကေလးရဲ႕အိမ္က သူတို႔ကေလး ေသမွာစိုးရိမ္တာေၾကာင့္ ေဒါက္တာေသာမတ္စ္ကို အထူးကု အေနနဲ႔ငွားခဲ့တယ္... ကေလးက မေသခဲ့တဲ့အျပင္ Passive Ability ကို အခ်ိန္တိုင္း အသုံးျပဳထားသလို ျဖစ္တာက ေဒါက္တာကို ပိုၿပီးစိတ္ဝင္စားသြားေစတယ္ ၿပီးေတာ့ ကေလးက အနာအဆာနဲ႔စြမ္းအားရွင္ ျဖစ္ေနတာပဲ"

"ကြၽန္ေတာ္တို႔ေတြက ဘာေၾကာင့္ စြမ္းရည္ေတြကို တစ္ခ်ိန္လုံးအသုံးမျပဳႏိုင္ၾကတာလဲ? တစ္ခ်ိန္လုံး အသုံးျပဳေနႏိုင္ရင္ ကြၽန္ေတာ္တို႔ေတြက ဘယ္လိုမ်ိဳးလုပ္ႏိုင္ၾကမလဲ"

ေဒါက္တာေသာမတ္စ္၏ ေမးခြန္းသည္ စာသင္ခန္းအတြင္း ပ်ံ႕လြင့္ေနခဲ့၏။ အားသစ္၏ အာ႐ုံတို႔သည္ အျခားလူတစ္ေယာက္၏ ခႏၶာကိုယ္အပူခ်ိန္ကို ခံစားႏိုင္သည့္ သူ႔လက္ႏွင့္ ႏိုင္းခ်င္း၏ ေျပာျပမႈတြင္သာ ရွိေနခဲ့သည္။

"စြမ္းရည္ကို ကြၽန္ေတာ္တို႔က တစ္ခ်ိန္လုံးအသုံးမျပဳႏိုင္တာက ကြၽန္ေတာ္တို႔ရဲ႕ အာ႐ုံေၾကာနဲ႔ ခႏၶာကိုယ္က ေရရွည္မခံႏိုင္လို႔ ကြၽန္ေတာ္တို႔က စြမ္းရည္ကို အသုံးမျပဳႏိုင္ၾကတာ..."

ေဒါက္တာေသာမတ္စ္ႏွင့္ႏိုင္းခ်င္း၏ ရွင္းျပသံသည္ တစ္ထပ္တည္း က်ေနခဲ့သည္။

"ဒါေပမဲ့ အဲ့ဒီကေလးက တစ္ခ်ိန္လုံးသူ႔ရဲ႕ Passive Ability ကို အသုံးျပဳႏိုင္ေနတယ္ ဒါကိုစိတ္ဝင္စား သြားတဲ့ ေဒါက္တာက အဲ့ဒီကေလးကို ျပန္ေပးဆြဲခဲ့တယ္"

"ကေလးကေရာ..."

ကိုယ္ႏွင့္မသိေသာ္လည္း အမွန္တကယ္ပင္ စိုးရိမ္ပူပန္ေနမႈက အားသစ္မ်က္ႏွာႏွင့္မ်က္လုံးထဲတြင္ အထင္းသား။ ခပ္တည္တည္ႏွင့္ေအးစက္သလို ေနတတ္ေသာ္လည္း တစ္ခုခုဆိုလွ်င္ စိတ္ပူစိုးရိမ္တတ္သည့္ အားသစ္ကို ဘာေၾကာင့္မ်ား သူ သေဘာက်သြားမွန္း မေျပာတတ္။ ထိုမ်က္လုံးေလးမ်ားေၾကာင့္ဟုပဲ ဆိုရ ေလမလား။ အၾကည့္လႊဲကာ စာသင္ေနသည့္ စင္ထံသို႔ ႏိုင္းခ်င္း လွမ္းၾကည့္သည္။ ႏႈတ္ခမ္းေထာင့္စြန္းသည္ မသိမသာေကာ့ၫႊတ္သြား၏။ ေအးစက္ရန္လိုသည့္ ႏိုင္းခ်င္း၏ အၿပဳံးကို အားသစ္ သတိမထားမိခဲ့။

"ကေလးက အႏၲရာယ္ကင္းတယ္... သူ႔မိဘေတြနဲ႔အတူရွိေနတာေပါ့... ဒါေပမဲ့..."

ႏိုင္းခ်င္းသည္ မ်က္လႊာခ်ကာ ခုန္ေအာက္တြင္ ကိုင္ထားေသာအားသစ္လက္ကို ခပ္တင္းတင္း ဆုတ္ကိုင္လိုက္သည္။ အားသစ္သည္ ႏိုင္းခ်င္းကို ၾကည့္ေနေသာ္လည္း မ်က္လႊာခ်ထားသည့္ မ်က္ဝန္းကို ဖတ္၍မရ။

"သူက ဆရာဝန္ေတြကို မယုံေတာ့ဘူး... သူ႔အခင္ဆုံးသူငယ္ခ်င္းကိုေတာင္ သူ မယုံႏိုင္ဘူး ဒါေၾကာင့္ ကေလးက ဆရာဝန္တစ္ေယာက္ျဖစ္လာေအာင္ ႀကိဳးစားခဲ့တယ္"

အားသစ္စိတ္ထဲတြင္ ဝမ္းနည္းသလိုခံစားလိုက္ရသည္။

"ဆရာဝန္တိုင္းက အဲ့လိုမဟုတ္ပါဘူး"

"အင္း အစ္ကို ဆရာဝန္ျဖစ္လာရင္ေပါ့"

အံ့အားမွင္တက္စြာ ႏိုင္းခ်င္းကို အားသစ္ၾကည့္သည္။ သူစကားတစ္ခြန္းမွ ျပန္မေျပာႏိုင္ခင္တြင္ အတန္းလႊတ္ေခါင္းေလာင္းသံကို ၾကားလိုက္ရ၏။ တစ္ေလွ်ာက္လုံးတြဲထားသည့္ သူ႔လက္ကို ႏိုင္းခ်င္းသည္ လႊတ္ေပးလာခဲ့သည္။

"ကြၽန္ေတာ္ သြားလိုက္ဦးမယ္ေနာ္"

"ဟို... ငါတို႔ညေနက်ရင္ ညေနစာ အတူစားၾကမလား"

သူ႔သူငယ္ခ်င္းမ်ားဘက္လွမ္းၾကည့္ၿပီး လာမည္ဟု အခ်က္ျပၿပီးေနာက္ အားသစ္ကို ႏိုင္းခ်င္း ျပန္ၾကည့္သည္။

"အင္း ညေနစာ အတူစားၾကမယ္ေလ အစ္ကိုရဲ႕အတန္းေရွ႕ကြၽန္ေတာ္ေစာင့္ေနလိုက္မယ္"

"အာ... မလို..."

တစ္ခုခုစဥ္းစားၿပီးေနာက္ အားသစ္ ေခါင္းညိတ္လိုက္၏။

"အင္း ဟုတ္ၿပီေလ"

သူ႔အာ႐ုံႏွင့္သူ ရႈပ္ယွက္ခတ္ေနၾကသည့္ ေက်ာင္းသားမ်ားကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ႏိုင္းခ်င္း ကိုယ့္အိတ္ကိုယ္ ဆြဲယူလိုက္ကာ အားသစ္ပါးကို ႐ႊတ္ခနဲနမ္းသြားေသး၏။ ပါးတစ္ဖက္ကိုကိုင္ၿပီး လွစ္ခနဲ ေျပးဆင္းသြားသည့္ ပထမႏွစ္ေကာင္ေလးကို အားသစ္ အံ့ဩတႀကီးလွမ္းၾကည့္သည္။

"ေဟ့ေကာင္ အားသစ္! လာေတာ့ေလ"

အတန္းထဲတြင္ လူလည္းမရွိေတာ့သည္မို႔ အားသစ္၏ သူငယ္ခ်င္းမ်ားသည္လည္း လွမ္းေအာ္လာ၏။ ထိုအခါက်ေတာ့မွ သတိဝင္လာကာ သူ႔သူငယ္ခ်င္းမ်ားဘက္ အားသစ္ ျပန္ၾကည့္သည္။ သူငယ္ခ်င္း ေကာင္မ်ား ျမင္သြားေလလားဟူသည့္ စိတ္ျဖင့္ ရင္ခုန္ကာ ရွက္စိတ္ေၾကာင့္ မ်က္ႏွာရဲတက္လာေတာ့သည္။

"မင္းတို႔ တြဲေနၾကတာလား"

ေန႔လည္စာစားဖို႔အတြက္ ကန္တင္းသို႔သြားေနသည့္ လမ္းတြင္ သူငယ္ခ်င္းမ်ား၏ စပ္စုမႈကို ခံရ ခ်ိန္တြင္ အားသစ္တစ္ေယာက္ ေက်ာပိုးအိတ္ဇစ္ဖြင့္ၿပီးသာ သူ႔မ်က္ႏွာကို ဖြက္ထားလိုက္ခ်င္ေတာ့သည္။

"အာ... မင္းေတာင္ ေက်ာင္းမၿပီးခင္ ဘဲရသြားၿပီ"

ယခုေခတ္တြင္ ေယာက်ာ္းေလးအခ်င္းခ်င္း လက္ထပ္ျခင္းကို တရားဝင္ခြင့္ျပဳလာၾက၏။ ကမာၻ႔လူဦးေရအဆမတန္တိုးပြားလာမႈကို ထိန္းခ်ဳပ္ရန္အတြက္ လိင္တူလက္ထပ္ျခင္းကို တစ္ကမာၻလုံးသည္ ပုံမွန္လက္ထပ္ျခင္းအလား ခြင့္ျပဳထားသည္မို႔ လိင္တူခ်စ္ျခင္းႏွင့္ပတ္သက္လွ်င္ ကြယ္ဝွက္ထားရမည့္ အေၾကာင္းလုံးလုံးမရွိေတာ့ေပ။

အားသစ္သည္ ေခါင္းသာငုံ႔ထားၿပီး ျပန္မေျဖ။

"အမယ္ အတန္းထဲ အနမ္းခံတုန္းကခံၿပီး အခုမွ ရွက္ေန"

အုပ္စုထဲရွိ အာက်ယ္ေကာင္ျဖစ္ေသာ ဉာဏ္လင္းကို အားသစ္ မ်က္ေစာင္းထိုးသည္။

"ဟိုေကာင္ေလးက မင္းကို ဘယ္လိုလိုက္တာလဲ"

စပ္စုစိန္လည္းျဖစ္သည့္ ဉာဏ္လင္းသည္ အားသစ္၏ မ်က္ေစာင္းကို လ်စ္လ်ဴရႈကာ ဆက္၍စပ္စု၏။

"ဘာလို႔ေျဖရမွာလဲ"

"ဪ..."

သြားေနရင္းႏွင့္ အားသစ္သည္ အသံတိုးတိုးျဖင့္...

"ငါနဲ႔သူနဲ႔ တြဲလို႔မျဖစ္ေသးဘူး ဒါကသူ႔ကိုငါ စိတ္ဆိုးေအာင္ လုပ္ေတာ့မွာမို႔..."

အားသစ္၏ ခပ္တိုးတိုးေျပာေနသည့္ အသံကိုမၾကားလိုက္ရသျဖင့္ ဉာဏ္လင္းအေနာက္သို႔ လွည့္ၾကည့္သည္။

"မင္း ဘာေျပာလိုက္တာလဲ"

"ဟင့္အင္း ငယ္ကြၽန္ႀကီး ငါ့အတြက္ ႏို႔တီးပါဝယ္ခဲ့"

"မင္းဘာသာ မသယ္ဘူးလား"

"အိုး မင္းသယ္ပါလား"

အားသစ္၏ ဗိုလ္က်မႈကို အသားက်ေနၿပီးသားမို႔ ယေန႔သြားဝယ္ဖို႔အလွည့္က်သည့္ ဉာဏ္လင္းႏွင့္ အျခားႏွစ္ေယာက္သည္ အတူထြက္သြားလိုက္ၾကသည္။ မဝယ္ျဖစ္သည့္ သူတို႔တစ္စုကေတာ့ ခုံတြင္ ၿငိမ္သက္စြာထိုင္ကာ ကိုယ္စီဖုန္းသုံးေနလိုက္ၾက၏။

ဒါက... ႏိုင္းခ်င္းအေၾကာင္းမ်ားျဖစ္မလား။

စာသင္ခန္းအတြင္းေျပာျပခဲ့ေသာ ကေလးတစ္ေယာက္အေၾကာင္းကို အားသစ္ ေသခ်ာေတြးေနသည္။ ေသာမတ္စ္က ႏိုင္းခ်င္းကို လိုက္ၾကည့္ေနသည္ဟု သူ ခံစားရသည္က အမွန္မ်ားလား။ ထိုအေတြးက အားသစ္ကို ပူပန္ေစ၏။

ႏိုင္းခ်င္းကို ေသာမတ္စ္က ထပ္ၿပီးတစ္ခုခုလုပ္ဦးမလား။

ပထမႏွစ္ေက်ာင္းသားမ်ား ကန္တင္းသို႔သြားသည့္ လမ္းတြင္ေတာ့...

"ငါခဏေလး စကားေျပာလိုက္ဦးမယ္"

ေက်ာင္းဝန္းရွိ ခုံတန္းတစ္ခုတြင္ ထိုင္ေနသည့္ အမ်ိဳးသားထံသို႔ ႏိုင္းခ်င္း ထြက္လာလိုက္သည္။

"ေစာင့္ရဦးမလား"

သူငယ္ခ်င္းမ်ား၏ လွမ္းေအာ္ေမးမႈကို ႏိုင္းခ်င္းေခါင္းယမ္းျပ၏။

"ငါ့အတြက္ တစ္ခုခုယူထားေပး ငါအမွီလိုက္ခဲ့မယ္"

ေျပာၿပီးသည္ႏွင့္ ခုံတန္းတြင္ ပ်င္းတိပ်င္း႐ြဲထိုင္ေနေသာ အေပၚၾကယ္သီးႏွစ္လုံးျဖဳတ္ထားသည့္ အမ်ိဳးသားဆီသို႔ ႏိုင္းခ်င္းဦးတည္လိုက္၏။

"မင္းေတာင္ အေတာ္ႀကီးေနၿပီပဲ"

ထိုအမ်ိဳးသားသည္ သူ႔ကို အရာအားလုံးကိုညည္းေငြ႕ေနသူတစ္ေယာက္၏ မ်က္ႏွာမ်ိဳးျဖင့္ ႏႈတ္ဆက္သည္။ စာသင္ခ်ိန္တြင္ ေလးနက္တည္ၾကည္ၿပီး ေလးစားဖြယ္ေကာင္းသည့္ မ်က္ႏွာထားမ်ိဳးရွိခဲ့ သည့္ ထိုအမ်ိဳးသားက ေသာမတ္စ္ပါဟု ျမင္သည့္သူတို႔သည္ ယုံႏိုင္ၾကလိမ့္မည္မဟုတ္။

"ဘာလို႔ ခင္ဗ်ားဒီကို ျပန္လာတာလဲ"

"ဘာလို႔လဲ ငါကျပန္မလာရဘူးလား"

ယခင္တုန္းက သူ႔ကိုေၾကာက္သည့္ကေလးငယ္ေလး၏ ေအးစက္ေသာ မ်က္လုံးမ်ားကို ေသာမတ္စ္ ၾကည့္သည္။ အ႐ြယ္ေရာက္လာသည့္ ပ်ိဳျမစ္ေသာသား႐ိုင္းေလးက သူ႔ကို စိတ္လႈပ္ရွားေစသည္။

"မင္းရဲ႕ခႏၶာကိုယ္က ဒီအခ်ိန္ထိ ခံႏိုင္ေနေသးတာကို ငါအံ့ဩလို႔မဆုံးဘူး... ဒါေပမဲ့ ငါခန႔္မွန္းထားတဲ့ အတိုင္းဆိုရင္ မင္းက အသက္၂၀ ထက္ေတာ့ ပိုမေနရေတာ့ဘူးမို႔လား မင္းရဲ႕စြမ္းရည္ကို မထိန္းခ်ဳပ္ႏိုင္ဘူး ဆိုရင္ေလ ဒါေၾကာင့္ပဲ ငါခြဲစိတ္မႈလုပ္ခဲ့တာ ၾကည့္ရတာ ငါ့ခြဲစိတ္မႈက ေအာင္ျမင္ပုံပဲ အခုခ်ိန္ထိ က်န္းမာ ေနပုံေထာက္ေသးရင္ အမွန္ဆို အသက္ ၂၀ ျပည့္လို႔ မေသေသးဘူးဆိုရင္ေတာင္ မင္းက ယိုယြင္း အဆင့္ကို ေရာက္ေနရမွာမဟုတ္လား"

ရယ္ဟဟ ေမးသည့္ ေသာမတ္စ္ေၾကာင့္ ႏိုင္းခ်င္း၏ မ်က္ႏွာသည္ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ေအးစက္ခက္ထန္သြားခဲ့သည္။ တင္းတင္းဆုတ္ထားသည့္လက္သီးကို ေသာမတ္စ္မ်က္ႏွာဆီသို႔ ပို႔လႊတ္လိုက္ ခ်င္ေသာ္လည္း သူ မလုပ္ႏိုင္။ ေက်ာင္းပရဝဏ္ထဲ ရန္ျဖစ္၍မရဘူးမဟုတ္လား။

"ဒါေပမဲ့... မင္းေဘးက ေကာင္ေလးကလည္း စိတ္ဝင္စားဖို႔ေကာင္းသားပဲ... သူက တစ္ခုခုေတာ့ ထူးျခားမယ္လို႔ ငါခံစားရတယ္"

"ခင္ဗ်ားေနာက္မွာ အခုဘယ္သူမွ မရွိေတာ့ဘူး ဒါေၾကာင့္ မရဲတင္းစမ္းနဲ႔"

အားသစ္အတြက္ ႏိုင္းခ်င္း အလြန္အမင္း စိုးရိမ္သြားရေတာ့သည္။ ေသာမတ္စ္၏ ႐ူးႏွမ္းမႈ အေၾကာင္းကို သူ အသိဆုံးမဟုတ္ပါလား။

Продолжить чтение

Вам также понравится

The Challenge of Love (OC) Eaint Shin Sitt

Любовные романы

444K 16.6K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
5.9K 262 13
Time travel storyေလး + ေတြပါမယ္" Time travel storyလေး + တွေပါမယ်( Zaw gyi and Uni ) ❤
22.5K 2.2K 8
Original Author - Changdictator
25.7K 1.7K 49
ដោយសារតែការចង់ឈ្នះចង់ចាញ់គ្នាក្នុងមុខជំនួញបានធ្វើអោយ ថេយ៉ុង នឹង យ៉ុនហ្គី ក្លាយជាសត្រូវសុីសាច់ហុតសាច់នឹងគ្នា។ ពួកគេតែងលួចវាយឆ្មក់គ្នាទៅវិញទៅមកមិន ឈប់...