ရူးခါနေအောင်ချစ်ရသူ(Completed)

By Pann_Yaung_Seik_Kuu

117K 4.3K 56

မင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိ... More

Characters Introducing
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Introduction (Zawgyi)
Part-1(Zawgyi)
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Season 2 has been published

Part-2

819 40 0
By Pann_Yaung_Seik_Kuu


"လက်ထပ်ရမယ် ဟုတ်လားအဘွား"

"ကျွန်တော်ပြောပီးပီလေ လက်မထပ်ချင်သေးဘူးလို့ ခုဟာက ဟိုဘက်မိန်းကလေးကလည်း ကျွန်တော့်ထက် ၇နှစ်လောက်ငယ်တယ်လေဗျာ"

ဗြုန်းစားကြီးပြောလိုက်သော စကားကြောင့် စစ်အံ့သြ သွားရသည်။

"မင်းအဘွားတို့မျက်နှာပျက်အောင်မလုပ်နဲ့ ခုဟာကလည်း တူ ကမ္ဘာမြေခြားရဲ့ သမီးတစ်ယောက်ပဲ ကမ္ဘာမြေခြားမှာ သားနှစ်ယောက်သမီးနှစ်ယောက်ရှိတယ် ငါက မင်းနဲ့သင့်တော်မယ်ထင်တဲ့ သမီးတစ်ယောက်ကို ငါကိုယ်တိုင်ခေါင်းခေါက်ရွေးမယ်""

ဒေါ် စိန်မိုးစက် စီးပွားရေးအရ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အသိမိတ်ဆွေလည်း ဖြစ်သည့် မောင်ကမ္ဘာမြေခြားတို့မိသားစုနှင့် တိုင်ပင်ထားပြီးသားဖြစ်သည်။ ကြိုမပြောဘဲ သေချာစီစဉ်ထားသောကြောင့် စစ်မျက်မှောင်ကြုံသွားသည်။

"ဒီတစ်ပတ်အတွင်းသွားတောင်းမယ် ငြင်းဖို့မကြိုးစားနဲ့"

အဘွားဖြစ်သူ၏တစ်ချက်မိန့်အာဏာကြောင့်မင်းစစ်သည် မယားသည့်ခေါင်းအား လက်ဖြင့်ကုပ်နေမိသည်။အမှန်ဆိုလျှင် သူအိမ်ထောင်မပြုချင်။နောက်ထပ်မည်သူ့ကိုမ ထပ်မချစ်နိုင်တော့၍ဖြစ်သည်။
သူ့ရဲ့ပထမအချစ်သည်လွဲခဲ့ရသည်။နောက်ထပ်လည်းထပ်မချစ်ချင်တော့ ။နှလုံးသားကိုသော့ခတ်ကာထားချင်သည်။

Golden Villa

"ဒါဆိုမမရှေး(ရှေးရိုးကမ္ဘာ) နဲ့စေ့စပ်ပေးမှာပေါ့ ဟုတ်လား မမရှေးတော့ဈေးဦးပေါက်ပီ"

မိသားစု ထမင်းဝိုင်းလေးထဲ အချိုပွဲတည်းနေကြတုန်း စကားစမြည်ပြောကြရင်းမှ မမရှေးနှင့် စေ့စပ်မည့် ကိစ္စအား ကြားတော့ အသွင်ခြား ခရင်းလေးကိုင်ထားရင်း ရယ်ပြုံးပြုံးနှင့်ဆိုသည်။ ဒေါ်ရှုမငြီးကလည်း ပန်းသီးများအား အစိတ်လေးတေစိတ်နေသည်။ ဦးကမ္ဘာမြေခြား....ရှုမငြီးနှင့် ရှေးရိုးကမ္ဘာတို့ကတဖက်၊ အသွင်ခြားနှင့် ကာရန်ခြားက တဖက်ထိုင်နေကြသည်။ ထိုစားပွဲဝိုင်းထဲမရှိသူမှာ နယ်ရှိုးသွားနေသည့် ကမ္ဘာရန်ရှင်းဖြစ်လေသည်။

"သွင်ကလည်း မမ မလက်မထပ်ချင်သေးတာ ခုဟာကတစ်ပတ်အတွင်းစေ့စပ်တာကြီးက မဟုတ်သေးပါဘူး"

"ဒယ်ဒီတို့ကလည်းမငြင်းချင်ဘူး ဘွားစိန်ကို သူ့မြေးက သမီးထက်ခုနှစ် နှစ်လောက်ကြီးမယ် မောင်စစ်သည်က မိန်းမအရှုပ်အရှင်းအတော်ကင်းတယ်။သူရဲ့UG Entertainment ကသားရန်(ကမ္ဘာရန်ရှင်း)ရဲ့ main sponsor companyတစ်ခု။ ဒယ်ဒီတို့နဲ့လည်းစီးပွားရေးပါတနာတေ အစကတော့ သမီးလေးသွင်နဲ့ပြောမလို့ပဲ မောင်စစ်အနေနဲ့သမီး သွင်နဲ့အဆင်ပြေမယ်မထင်လို့လေ"

""သွင်က ဘာဆိုင်လို့""

အသွင်ခြားနှင့်ဆိုသောကြောင့် မျက်လုံးဝိုင်းလေးနှင့်မော့ကြည့်နေရင်းမှ အမှီပါသည့် ကုလားထိုင်အား ကိုယ်နွဲ့၍ မှီထားသည်။ လာဗင်ဒါရောင်ဆန်ဆန် စိုးထားသည့် ခရမ်းဖျော့ဖျော့ ဆံပင်ရှည်တေအားလည်း ဖြန့်ထားသလို သူမပုံစံက အိမ်နေရင်းနဲ့တောင် Bad girlစတိုင်ဖြစ်နေသည်။

"အကိုစစ်သည်နဲ့ ရှေးနဲ့က လိုက်ဖက်ပါတယ်"

ကာရန်ခြားကဝင်ပြောသည်။အသွင်ခြားနှင့်ဒေါ်ရှုမငြီးကတော့ ခေါင်းတငြိမ့်ငြိမ့်။ရှေးရိုးကတော့ခေါင်းသာခါ၍ companyသွားရန်ပြင်သည်။

ရှေးရိုးထွက်သွားတော့ ကာရန်ခြားနှင့်အသွင်ခြားသာကျန်ခဲ့သည်။

"ကိုကြီးရော ဖူးစာဖက်မလာသေးဘူးလား မြားနတ်မောင်ကလည်း လူပျိုကြီးကိုမေ့နေတာလားမသိ"

"မိအသွင်ခြား နင်သာမဆိုးနဲ့ တစ်နေ့ကိုရဲစခန်းဘယ်နှခေါက်လောက်ဝင်ထွက်နေတာလဲ ခုထိဝေ့လည်ကြောင်ပတ်လုပ်နေတုန်း"

ရန်ပွဲတိုင်းလို လိုလည်း အသွင်ခြားမပါတာမရှိ။ သူငယ်ချင်းတစ်ယောက်ဖြစ်သည့် ရဲမေကတောင် အသွင်ခြားအား ကြည့်မရတော့သည်က ရဲစခန်းအား ကိုယ့်အိမ်လို ခဏတိုင်းအလှည်အပတ်ထွက်နေ၍။

"ဟာcaptainကြီးကလည်း လူပျိုကြီးပိုက်ဆံဖြုန်းပေးတါလေ ဘာလဲမကြိုက်ဘူးလား ရဲစခန်းကလည်းသူတို့အရင်ရန်စလို့ါပ ဟဲဟဲ"

ကာရန်ခြားမှာ လေယာဉ်pilotတစ်ယောက်ဖြစ်သူမို့ အသွင်ခြားနှင့် လေးနှစ် လောက်ကွာသည်။ အသွင်ခြားမှာ 24နှစ်ထဲဝင်နေပြီဖြစ်ပြီး ကာရန်ခြားက နှစ်ဆယ့်ရှစ်နှစ်ကျော်နေပြီဖြစ်သည်။

"နင့်ကိုနင်မိန်းကလေးဆိုတာရောသိသေးရဲ့လား"

""သိသားပဲ""

မျက်စိတစ်ဖက်ကိုမှိတ် လျှာအား ထုတ်ပြ၍ ရွဲ့ဖြေသည်။ ဦးခြားတို့လင်မယားကတော့ ဘာမှဝင်မပြော။ ပြုံး၍သာကြည့်နေလေသည်။

ကျောင်းတွင်းကန်တင်းတစ်ခု၌ သူငယ်ချင်းခုနှစ်ယောက်လောက်စုထိုင်နေကြသည်။ကန်တင်းဆိုသည့်အတိုင်းအသံက ဆူညံနေသည်။uniကျောင်းသူတေဆိုတော့ကိုယ့်အုပ်စု သူ့အုပ်စုနှင့်ထိုင်ကြသည်။သစ်ပင်ဝါးရိပ်တစ်ခုအတွင်း သီးသန့်ရှိနေကြသည့် သူငယ်ချင်းငါးယောက်ကတော့ ကန်တင်းနှင့်အလှမ်းဝေးတါအောင် အသံတို့က ကြားနေရသည်။

"နင်တစ်ကဒ်ချ"

"+4တဲ့ အကျင့်မကောင်းကြတာငါ့မာကဒ်တေများနေပီ"

"နင့်အလှည့် မရှိရင်တစ်ကဒ်ဆွဲ"

"UNO"

"ဟာ ရှိုင်းစုတ်"

"UNO Game"

"တော်ပီနောက်ခါမဆော့တော့ဘူး"

ကေသွယ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

""နင် အ,တာကို""

""ဘာမှ ငါ မအ,ဘူး နင်ညစ်တာ""

UNOဆော့နေကြကာ ခဏခဏဂိမ်းနေသော ရှိုင်းအား မျက်စောင်းခဲထားရင်း နှုတ်ခမ်းက အလိုလို ထော်လာသည်။

ဆုမွန်ကတော့

"ငါ့ကိုကြီးလာနေပီ နေ့လည်နှစ်ချိန်ပျက်မယ် roll callလေး"

"ကြွကြွ သူ့ကိုကြီး ကိုကြီးနဲ့ faမ မှ အားမနာ"

မွန်သဲကဝင်ပြောသည်။ကျန်သူများကဘာမမပြောတော့.....။Finalကျောင်းသူများဖြစ်သည့်အလျောက် အတန်းချိန်က အခြားအတန်းလောက်မများ။ကျောင်းသည်လည်းဖွင့်စဆိုတော့စာသိပ်မသင်သေး။ကျောင်းအထာနပ်နေပီဖြစ်၍ roll callလောက်ကအေးဆေး။

"နင် စာစစ်တာမပီးသေးဘူးလား"

ကေသွယ်ကဘေးတွင်ထိုင်နေသောမိုင့်(မိုင်ဝေး)ကိုမေးလိုက်သည်။

"ပီးတော့မာပါ guideအမှီလေးပီးမှအဆင်ပြေမာ အဲ့ကလေးအမေက ငါ့ကိုသိပ်မကြည်ချင်တော့ဘူး"

အားလုံးထဲမှ ကွဲထွက်နေပြီး ဗလာစာအုပ်အား သဲကြီးမဲကြီး မှင်နီကိုင် စစ်နေသော မိုင့်အား ကြည့်ကာ ကေသွယ်က

"ဘာလားဟ"

"ငါကနောက်ကျတာကိုအမြဲတမ်း ပြီး တော့ငါလဲအလုပ်မရှိလို့သာလုပ်ရတာ လစာကနည်းနေတယ်"

အိမ်ခေါ်သင်သည့်ဂိုက်တစ်ခုကို မိုင်ဝင်လုပ်နေခြင်းဖြစ်ပြီး ဘွဲ့မရသေးသောကြောင့် လစာက ညစ်ချင်ကြသည်။ ဒါကို ကြားနေကျဖြစ်နေသော ကေသွယ်က ထိုအခါမှ စကားလွှဲဟန်ပြင်သည်။

"အေးပါဟာ ငါတို့(.....)cafeသွားရအောင် ငါbubble teaသောက်ချင်တယ်"

"ရှိုင်းကိုခေါ်သွားလိုက်လေ ငါမလိုက်တော့ဘူး"

"နင့်အတွက်ဘာဝယ်ခဲ့ရမလဲ"

"မဝယ်ပါနဲ့တော့ ငါမသောက်ချင်ဘူး "

I'm so lonely I'm so lonely...

"ဟဲလို"

"ဟဲလိုရှောင်မိုင်"

ဖုန်းစကာရင်အား တစ်ချက်ပြန်ကြည့်ရင်း နားသို့ကပ်နားထောင်လိုက်သည်။

"ဟုတ် ဦးကြီးပြော"

"............"

မိုင်phအားချ၍ စိတ်ပျက်စွာရေရွတ်မိသည်။အချိန်သိပ်မကြာပေမဲ့ လိုရာဆွဲပြောသွားသော ဦးလေးကြီး၏ စကားများတွင် လက်ထပ်ပွဲဆိုတာကိုသာ နားထဲဝင်ပြီး တင်ကျန်ခဲ့သည်။ဘွဲ့တောင်မရသေးဘဲ မင်္ဂလာဆောင်ဖို့လာတိုက်တွန်းနေသောကြောင့် ဖုန်းကိုကြည့်ကာ အခြောက်ကပ်ရယ်သည်။

"လက်ထပ်ပွဲ...... အဟက်"

Anniversary Party

နှင်းဆီစံအိမ်၏ခြံဝန်းထဲ၌စပေါ့မီးများနှင့်အတူ ညစာစားပွဲတစ်ခု။ဇနီးမောင်နှံနှစ်ဦး၏တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားနှင့်အတူမွေးနေ့ပွဲအားတစ်ချိန်တည်းကျင်းပနေသည်။လူကုံထံ အသိုင်းအဝိုင်းတစ်ခုဖြစ်သောကြောင့် ညရောင်မီးများနှင့်ပွဲတက်ဂါဝန်ကြီးနှင့်လှနေကြသောမိန်းမပျိုများ။ယောက်ျားသားများကလည်းခန့်ညားစွာဝတ်ဆင်ထားကြသည်။

"ဟျောင့် စစ်သည်မင်းလာမည်လို့တော့ထင်သား"

"လာရမှာပေါ့ကွာ"

"အခုလာပေးတါကျေးဇူးတင်ပါတယ်နော်ကိုစစ်"

Roseက ဝင်ပြောသည်။Roseက အနီရောင်ဖဲစဂါဝန်ကြီးကိုဝတ်ဆင်ထားပြီး လက်တစ်ဖက်က သူ့ခင်ပွန်းဖြစ်သူလက်မောင်းအားချိတ်တွယ်ထားသည်။ညအလှနှင့်အတူလှပါသည်။

မင်းစစ်သည်ကတော့တစ်ချိန်က ရင်ခုန်ခဲ့ဖူးသော နှလုံးသားတစ်စုံကြောင့် တစ်ချက်သာကြည့်၍ ဘေးနားရှိသော ဝိုင်ခွက်အားကောက်ယူသောက်လိုက်သည်။

"ဟော် ခြင်းတို့တောင်လာပါလား"

စစ်သည်လှည့်ကြည့်လိုက်သောအခါသူ့၏အချစ်ဆုံးသူငယ်ချင်းစစ်မှန်ခြင်း။သူတို့နှစ်ယောက်သည်ငယ်ငယ်တည်းက ပုခုံးဖက်ပေါင်းလာသည့် သူများ။သွားတူ လာတူပင်။လွန်ခဲ့သောငါးနှစ်ကမှ Parisသို့အလုပ်ဖြင့်ထွက်သွားသည်။ခုကြတော့လည်း ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသည်။

မင်းစစ်သည်နှင့်စစ်မှန်ခြင်းသည်အကျင့်စရိုက်တော်တော်များများတူသည်။အကြိုက်ချင်းတူသည်။ဝါသနာခြင်းလည်းတူသည်။ညီအကိုလည်းတော်သည်။စစ်အဘွားနှင့်ခြင်းအဘွားနှင့်က ညီအမအရင်းပင်။သို့သော်မတူညီသည်က သူတို့နှလုံးသားရေးရာနှင့်ခံယူချက်အကျင့်စရိုက်များ။

"ဆော်ရီးစစ် ငါရောက်လာတာမပြောမိဘူး ဘွားကခုချက်ချင်းခေါ်လို့"

"အဟွန့် လက်ထပ်ဖို့ပဲမဟုတ်လား"

"သိပီးရော ငါလည်းနောက်ရက်မန်းလေးဆင်းရမယ် သတို့သမီးလောင်းသွားကြည့်ရတော့မယ်"

"တူတူပါပဲ အကြပ်ကိုင်ပုံချင်းပဲမတူတာ"

"အေး မင်းကရောဘယ်သူတဲ့လဲ ငါကတော့ တောသူမလေးလို့ပြောတာပဲငါထက်လည်းဆယ်နှစ်တောင်ငယ်တယ်ဘယ်လိုစိတ်ကူးနဲ့ဘွားတို့ပေးစားချင်ရတာလဲ ငါတော့ကီးကိုက်မာ မဟုတ်တာသေချာတယ်"

"ဦး ကမ္ဘာမြေခြားရဲ့သမီး"

ခြင်းကမျက်ခုံးတစ်ချက်သာပင့်၍ရယ်သည်။

"မင်းရဲ့ရေခဲနှလုံးသားကိုအရည်ပျော်အောင်လုပ်ပေးနိုင်မည်လို့တော့မထင်"

Partyပွဲတစ်နေရာ၌မူ

"ကျစ် နေရခက်လိုက်တာ"

"DDနင်လာပီလား ငါ့မွေးနေ့လက်ဆောင်ကရော"

"ရော့ ငါနေရခက်နေပီ ဘာလို့သီးသန့်မလုပ်တာလဲ အရင်လိုDjမတီးရတာတော့အဆင်မပြေဘူးကွာ ကျစ်"

"မမRoseကိုငါမနိုင်ဘူးဟ ပေါင်းလုပ်တဲ့ Djကတော့တီးခိုင်းမယ်လို့ပြောတယ် လူကြီးတေပြန်သွားရင်9:30လောက်ဆိုပြန်ပါပီ။"

"သောက်စရာဘာရှိလဲ ခဏနေမှ အဝတ်လဲတော့မယ်"

"ဟိုဘက်မှာရှိတယ် လာငါလိုက်ပို့မယ်"

"ဟင်.....ဦး"

"ဟမ် နင်ဘာတေပြောနေတလဲ"

"သက်ထား ဟိုနားမာရပ်တေတဲ့လူနှစ်ယောက်ကိုသိလား"

"အော် ဦးမင်းစစ်သည်နဲ့ဦးစစ်မှန်ခြင်းပဲ"

"အညိုရောင်ဝတ်ထားတာက ဦးမင်းစစ်သည်တဲ့ UGရဲ့CEO တော်တော်ချောတယ် ဒါမဲ့ သူကမိန်းကလေးတေလုံးဝစိတ်မဝင်စားဘူးတဲ့ သူကအလုပ်ဂျိုး အချိနိပြည့်အလုပ်တေနဲ့ပြီးတော့ လျှို့ဝှက်ချက်တစ်ခုရှိတယ်ဟ သူကခုထိငါ့အမကိုကြိုက်တုန်း"

"ဦးစစ်မှန်ခြင်းကတော့Parisမှာ  နေတာများတယ် သူတို့နှစ်ယောက်က ညီအကိုတော်တယ်လေ သူတို့က King Villaရဲ့အမွေဆက်ခံသူတွေ"

သက်ထားမှာစပ်စုသူပီပီတော်တော်များများသိသည်။သက်ထားကတော့ဘေးကနေပြောနေသည် အသွင်ခြားကတော့ကြားတစ်ချက် မကြားတစ်ချက်။နားထဲတွင်လည်း
"ငါ့အမRoseကို ခုထိကြိုက်တုန်း"
က ပဲ့တင်ထပ်လျက်။ မင်းစစ်သည် နှုတ်ခမ်းပါးရဲရဲလေးမှ တိုးတိုးလေးရေရွက်လျက်။ ဦးနှောက်ကလည်းအလုပ်ပေးနေသည်။

သူချစ်ရတဲ့ဦးနှလုံးလေးကိုချဉ်းကပ်ဖို့အကြံဥာဏ်များ။ သို့သော်ထွက်မလာ။မိုက်က အသံတစ်ခုကြောင့်တွေးလက်စများရပ်သွားသည်။

"ကြွရောက်လာကြတဲ့လူကြီးမင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။အခုပွဲလေးက ကျွန်မတို့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အပြင် ကျွန်မ ညီမလေးရဲ့23နှစ်မြောက်မွေးနေ့လည်းဖြစ်ပါတယ်ရှင့် အဲ့တာကြောင့် "

"ဖျတ်"

ဖတ်ကြပါအုန်း ငိုချင်လိုက်တာ viewerလေးတွေသိပ်နည်းလွန်းလို့😬

ချစ်ခြင်းဖြင့်......ပန်းရောင်စိတ်ကူး

Continue Reading

You'll Also Like

4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
829K 23.6K 15
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
240K 6.9K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...