Part-13

3.2K 162 1
                                    

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၁၃

"ကိုကို"

ပထမဆုံးသောကလေးပါးစပ်မခေါ်ဆိုလိုက်တဲ့နူးညံပီးတိုးညှင်းလှတဲ့အသံ.....။စွန်လုပ်ရန် ဝါးချောင်းကိုဓားနဲ့သွေးနေတဲ့ စစ်သည်ရဲ့လက်က တွန့်ခနဲရပ်သွားသည်။
ကလေးကိုကြည့်လိုက်တော့မျက်လုံးအဝိုင်းသားလေးနဲ့ကြည့်နေသည်။စစ်သည် သွားတန်းလေးဖွေးနေအောင်ပြုံးကာ

"ပြောလေ ကလေးဘာလိုချင်လို့လဲ"

" ဝက်ဝံရုပ်လေးလိုချင်တယ်"

"ရစေရမယ်ဗျာ အခုလိုချင်တာလား"

"အင်း"

နှုတ်ခမ်းလေးတင်းတင်းစေ့ကာ အသံလေးထွက်ရုံခေါင်းငြိမ့်ပြသည်။စစ် ဂါဝန်ဖားဖားလေးနဲ့ကလေးကို ဒန်းပေါ်ကနေ ခါးမချီမ၍ ဆင်ဝင်အောက်သို့ခေါ်သွားသည်။ ဦးတည်ရာက အရုပ်ဆိုင်သို့.......

အရုပ်ဆိုင်ကိုရောက်တော့ သူမလေးက ပန်းရောင်ဝက်ဝံရုပ်လေးကို လက်ညှိုးထိုးပြသည်။သူမအရပ်လောက်ရှိသော ဝက်ဝံရုပ်လေးကိုတစ်လှည့် သူ့အားတလှည့်ကြည့်ကာ မျက်လုံးဝိုင်းလေးနှင့် ပြုံးပြ၍ ကြည့်နေသည်။

စစ်တစ်နေကုန်ကလေးနှင့် လျှောက်ပတ်ပီး သူမလေးစားချင်တာ လုပ်ချင်တာများကို မငြိုမငြင်ဖြည့်ဆည်းပေးသည်။သူမလေးကလည်း သူ့နားသာ ကပ်သည်။ဘယ်သွားသွား လက်လေးကမလွှတ်....။တွဲထားတာကြာလို့ ချွေးစီးတေထွက်လာလျှင် စစ်ရဲ့တစ်ဖက်သို့ရွေ့သွားပီး ကျန်တစ်ဖက်ကို တွဲသည်။သူမလေး၏ အသက်က ဆယ့်လေးနှစ်လောက်ရှိသော်လည်း ကိုယ်လုံးလေးက သေးသေးကျစ်ကျစ်မို့ အူးယားစရာ.....။သူလိုချင်တာရလျှင် သွားတက်လေးပေါ်အောင်ပင် ပြုံးပြသည်။

"ကိုကိုဒီကိုဘာလုပ်ဖို့ခေါ်လာတာလဲ"

"ကိုကိုက စကိတ်စီးမလို့လေ စီးမာလား ကိုကိုသင်ပေးမယ်"

စစ်တစ်နေ့နဲ့တစ်နေ့သူမလေးကိုသာ အချိန်ပေးသည်။အုပ်ထိန်းသူများဆီမ သေချာ​ပြောယူ၍ သူ့နားတွင် အမြဲခေါ်ထားသည်။စတွေ့တုန်းကနှင့်မတူတော့......
နည်းနည်းပြောရဲဆိုရဲလာသည်....။
သူမလေးမျက်နှာကလည်းပြုံးရယ်လာသည်။
အခုလည်း သူအမြဲသွားနေကျ နေရာတစ်ရာ....။
ပန်းခြံကြားလမ်းထဲက. လမ်းကျဥ်းကျဥ်းလေး.....။
ထိုနေရာက လူသိပ်မများလို့ သူနဲ့ခြင်း အမြဲလိုလိုစကိတ်စီးနေကျနေရာတစ်ခုပင်.....။သူတို့ကျောင်းပြေးတိုင်း ဒီမာလာစီးနေကျပင်.....။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now