Simplicity of love √Complete...

Par Zante7

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... Plus

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 16
ep 17
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Extra
Christmas🎄

ep 15

7.6K 742 37
Par Zante7

#Unicode
ဂျွန်ကြာဇံကြော်နေတုန်း
ထယ်ယောင်းမီးဖိုခန်းအပေါက်ကနေရပ်ကြည့်နေမိသည်။
တကယ်ကိုဂျွန်ဟင်းချက်နေတဲ့
ပုံစံကအရမ်းကြည့်ကောင်းသည်။
ဘယ်အချိန်ပဲကြည့်ကြည့်
မိမိုက်နေသောကျွန်တော့်ဂျွန်။

"ဘေဘီလေး ဗိုက်ဆာနေပြီလား
ပြီးတော့မယ်နော်"

အနားကိုရောက်လာပြီး
နောက်ကနေခါးကိုဖက်ထားကာ
ဟင်းမွှေနေတဲ့ဂျောင်ဂုလက်ကြားထဲကနေ ခေါင်းလေးဝင်လာပြီးကြည့်နေသော
ကောင်လေး။

"မွှေးနေတာပဲ"

"ဒါပေါ့ ရှယ်ကြော်ထားတာ"

"ကြာဇံကြော်အနံ့ကိုပြောတာ
မဟုတ်ဘူး ဂျွန်ရဲ့ကိုယ်သင်းနံ့လေး
ကိုပြောတာ"

ကြာဇံကြော်ရလို့ ပန်းကန်ထဲကိုထည့်ပြီး
မီးဖိုမီးကိုပိတ်ရသည်။
ရင်ဘက်ကိုလာနမ်းနေသောအဆိုးလေးကိုလျစ်လျူရှု့ဖို့ကမလွယ်ဘူးလေ။
ခါးကနေပွေ့ချီလိုက်တော့ခြေထောက်ကိုအငြိမ်မနေလှုပ်ခတ်နေလေရဲ့။

"ဘေဘီက ကိုယ့်ကိုလာ စနေတာပဲ"

"အာ....မဟုတ်ပါဘူး ဟီး....
ယားတယ်လို့"

ကလိထိုးတော့အော်ရယ်နေသည်။
အခုလိုနေတာကမှ ဘေဘီရဲ့ပုံမှန်စိတ်အခြေအနေ။
စိတ်ရှုပ်ပြီးအဆင်မပြေဖြစ်သွားမှာကို
ဂျောင်ဂုစိုးရိမ်နေရသည်။
ညနေစာကြာဇံကြော်စားပြီးတာနဲ့
အိမ်တံခါးတွေပိတ်ပြီး
အပေါ်ထပ်ကအခန်းထဲမှာသာ
ဘေဘီကစာကြည့်နေသလို
ဂျောင်ဂုကလဲစာရင်းတွေစစ်နေရသည်။

"ဟယ်လို ဘိုမီပြော..."

ဂျောင်ဂုစာရင်းစစ်နေတုန်းကုတင်ပေါ်မှာစာလုပ်နေသောဘေဘီကသူ့သူငယ်ချင်းနဲ့ဖုန်းပြောနေတာဖြစ်လို့
အာရုံမထားမိ။
ခဏအကြာမှာ ဂျွန်ဆိုပြီးအော်သံနဲ့အတူအနားကိုရောက်လာသည်။

"ဒီမှာကြည့်ပါအုံး mediaသမားတွေ
ကတင်ထားကြတယ်.....
Jeon groupရဲ့CEOက
အမျိုးသမီးတစ်ယောက်နဲ့ဆေးရုံကိုအတူလာတဲ့အကြောင်း
ပြီးတော့အဲ့မိန်းကလေးက
CEOဂျွန်နဲ့ဆေးကျောင်းတက်ထဲက
တွဲနေခဲ့တယ်ဆိုတာပါ အကုန်ပါနေတယ်"

ဂျောင်ဂုမျက်ခုံးပင့်မိသွားရသည်။
ဘေဘီဖုန်းလာပြတော့မှသူကြည့်လိုက်မိတာ။
သူနဲ့ရာအင်းရဲ့ အရင်ကပုံတွေလည်းများစွာတင်ထားသေးသည်။
ဂျောင်ဂုကိုမီဒီယာသမားတွေက
စီးပွားရေးမှာအောင်မြင်တဲ့လူငယ်တစ်ဦးအဖြစ်အသိအမှတ်ပြုပြီး
အမြဲနောက်ယောင်ခံလိုက်ကာ
သတင်းတွေရေးတင်နေတက်သည်။
ရာအင်းကလည်းအောင်မြင်တဲ့
လူငယ်တစ်ယောက်ဆိုတော့သူတို့အလွတ်မပေးကြ။

"ဒီမှာကြည့်အုံး
ဘာလို့ဂျွန်ကသူ့လက်ကိုဆွဲထားရတာလဲ ဒါမနက်ကဆေးရုံမှာရိုက်ထားတဲ့ပုံ"

ဘေဘီကပြောလည်းပြော
ဖုန်းကိုစားပွဲပေါ်ပြစ်တင်ပေးသည်။
မျက်နှာကမကြည်တော့။
မနက်ကဆေးရုံကိုလိုက်ပို့တော့
ရာအင်းကလက်ကိုလာကိုင်လို့
အားပေးတဲ့သဘောနဲ့ပြန်ပြီးလက်ဆွဲခေါ်သွားမိတာ။

"ဘေဘီမပူနဲ့ ကိုယ်ဘာမှမပတ်သတ်ကြောင်းရှင်းလိုက်မယ်"

"ရှင်းရင် ရာအင်းကရောဂါကြောင့်
ဆေးရုံတက်ရတာကို ကူညီပေးတာပါဆိုပြီးတစ်ခါတည်းပြော....
မသိရင်ကလေးရှိနေလို့ ဆေးရုံလာပြတာလား ဘာလားတွေရေးနေကြတယ်"

"အဲ့ဒါကသူ့ကိုယ်ရေးကိုယ်တာ
ဘေဘီရဲ့ ကိုယ်ကပြောလိုက်တော့
မကောင်းဘူးလေ"

"ဂျွန်! စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါရဲ့နဲ့
ကျွန်တော်ကဘာလုပ်ဆိုတာကို
လမ်းကြောင်းပြပေးရမယ့်သူမဟုတ်တာနားလည်တယ် ဒါကအခုလိုလုပ်မှရမှာ ဂျွန်ရဲ့သိက္ခာကိုယ်ကျင့်တရားဆိုတာရှိသေးတယ်"

ထယ်ယောင်းတကယ်စိတ်တိုပါသည်။
အမြဲတမ်းရာအင်းဘက်ကိုစဉ်းစားပေးနေတာ။
သူ့ဆိုရင်ကြတော့ ဒါမလုပ်နဲ့
ဟိုမသွားရဆိုတဲ့ အမိန့်တွေကို
ခပ်ပြတ်ပြတ်
ပြောခဲ့ပြီးတော့။

"ကိုယ်သေချာဖြေရှင်းလိုက်ပါမယ်
ဒီကိစ္စကို"

ဂျောင်ဂုကပြောပြီးတာနဲ့ ရာအင်းကိုဖုန်းခေါ်ရသည်။
လက်တစ်ဖက်ကဘေဘီကိုဆွဲခေါ်ပြီး
သူ့ပေါင်ပေါ်ထိုင်ခိုင်းထားရတယ်။
ဒါလေးကထွက်သွားပြီး ညကလို
သောင်းကျန်းနေရင်မလွယ်။

"ရာအင်းရေ social media
မှာသတင်းတွေပျံ့နေတယ်
နင့်ကိုငါဆေးရုံလိုက်ပို့ပေးတာ
ကိုတစ်မျိုးထင်နေကြတယ်
ငါကဘာမှမပတ်သတ်ကြောင်းရေးမှရမယ် အဲ့ဒါလှမ်းပြောတာ"

"အေးပါ ငါ့ရောဂါအကြောင်းတော့
မပြောပါနဲ့မေမေတို့သိသွားမှာစိုးလို့"

သူကဘာဖြစ်နေတာလဲ။
ဂျွန်နဲ့သူဆေးရုံသွားတဲ့သတင်းက
သူ့ဆွေမျိုးတွေသိလို့ သူ့မိဘတွေလည်းသိလောက်ရောပေါ့။
မေးလာရင်သူကဘာပြန်ပြောမလဲမသိ။
ဘယ်ခေတ်မှာနေ,နေကြတာမလို့လဲ။
ဂျွန်ကလည်း အေးပါတဲ့။

"ဂျွန် ဘာလို့အေးလို့ပြောလိုက်တာလဲ
အခုကိစ္စကသူ့အသိုင်းအဝိုင်းလဲ
သိလောက်ပြီပေါ့"

"ဘေဘီရကွာ အဲ့ဒါသူ့ကိစ္စလေ
အဓိက,ကကိုယ်နဲ့သူမပတ်သတ်တာသိသွားကြရင်ရပြီမဟုတ်လား"

"အဲ့လိုမထိတထိဖြေရှင်းနေတာက
လူတွေကိုပိုပြီးလျှို့ဝှက်ထားသလိုပဲလေ"

ဂျောင်ဂု စိတ်ရှုပ်လာတော့တယ်။
ဘာမှမဟုတ်တဲ့ကိစ္စကို
ဘေဘီကအတွေးတွေပွားနေတော့တာ။

"အဲ့ဒါဆိုဘယ်လိုလုပ်ပေးရမှာလဲပြော
ဟိုလိုလည်းမဟုတ် ဒီလိုလည်းမဟုတ်နဲ့
ဘေဘီ့စိတ်ကြိုက်ပဲပြောတော့"

"စိတ်ကြိုက်ပြောတော့ရော
လက်ခံလို့လား အခုမှစိတ်မရှည်သလို
လာအော်မနေနဲ့ အဲ့ဒါဂျွန်ရဲ့အရှုပ်ထုပ်တွေ"

ထယ်ယောင်းတကယ်စိတ်မရှည်တော့။
သူ့အရှုပ်ထုပ်တွေကိုလိုက်ရှင်းနေရတာနဲ့ကိုအခုရက်ပိုင်းရန်ဖြစ်နေရတာ။
ကုတင်ပေါ်တက်လာပြီးဖုန်းသုံးနေတော့လည်း အဲ့သတင်းတွေသာမြင်နေရတယ်။

"ဘေဘီ ဒီမှာကြည့်ကိုယ့်အကောင့်မှာ
ရေးတင်ထားတယ် ဖတ်ကြည့်အုံး"

"မကြည့်ဘူး ရေးချင်တာသာရေးတော့"

ထယ်ယောင်းဖုန်းယူပြီးရေချိုးခန်းထဲသွားလိုက်သည်။
ပြီးမှဂျွန်ရဲ့အကောင့်မှာဝင်ကြည့်လိုက်သည်။
သူနဲ့ရာအင်းက သူငယ်ချင်းတွေသာဖြစ်ကြောင်း။
ဆေးရုံကိုသွားတာကသပ်သပ်အကြောင်းကြောင့်ဖြစ်ပြီး
မီဒီယာတွေကရေးနေသလိုမဟုတ်ကြောင်း မဟုတ်မမှန်ရေးနေပါက
တရားစွဲမည်ဖြစ်သလို
သူ့မှာချစ်ရတဲ့သူရှိပြီး
လပ်ထပ်ဖို့ထိဖြစ်နေပြီဆိုတာကို
ရေးတင်ထားသည်။
ဒါပေမယ့်လည်းရေးတဲ့သူတွေက
ရေးနေကြတုန်း။
ရာအင်းကိုအကျပ်ကိုင်ပြီး
ဆေးရုံခေါ်သွားတာလားဘာလားနဲ့။
ခက်ရချည်ရဲ့ သူတို့မမလေးက
အကျပ်ကိုင်ခံမယ့်ရုပ်နဲ့များတူနေလို့လားအံ့ဩစရာ။

"လာအိပ်တော့ဘေဘီ မဟုတ်တာတွေ
လျှောက်ကြည့်မနေတော့နဲ့
သူတို့အလုပ်မဟုတ်တိုင်း
ဝင်ရေးနေကြတာ"

"ဘယ်သူကကြည့်နေလို့လဲ
မကြည့်ပါဘူးအဲ့စာကို..."

ဂျောင်ဂုအသာလေးရယ်နေမိသည်။
သူ့ကလေးက ကလေးသာသာအပြုအမူတွေလုပ်နေပြီး
သူ့ကိုပြန်ပတ်နေသေးသည်။
အနိုင်လိုချင်နေတော့လည်း
ကိုယ်ကအရှုံးပေးရတော့မှာပေါ့။

"ဟုတ်ပြီ ဟုတ်ပြီ မိုးတွေရွာနေတာ
လာတော့အိပ်ကြမယ်"

ကုတင်ပေါ်တက်လာပြီး
ရင်ဘက်ကိုထုရိုက်သေးသည်။
ပြီးတော့မှစောင်အောက်ဝင်လာပြီး
အိပ်နေသည်။
စိတ်သာကောက်နေတာ
ခါးကိုဖက်ထားတဲ့လက်လေးတွေက
လျော့မသွား။
ဒါလေးက ကလေးဆန်လွန်းပြီး
အရမ်းချစ်ဖို့ကောင်းနေရော။

**********
မနက်ရောက်တော့ဂျွန်ကကျောင်းလိုက်ပို့သလိုအပြန်ကိုလည်းလာကြိုပြီး
ဆေးရုံကိုဝင်သည်။

"လာဘေဘီ သွားကြမယ်လေ"

"မလိုက်ချင်ပါဘူးဆိုနေ...."

"ဘေဘီလိုက်လို့မီဒီယာသမားတွေ
တွေ့တော့လည်းပိုကောင်းတာပေါ့"

ထယ်ယောင်းလည်းဂျောင်ဂုလက်ဆွဲရာနောက်ပါလာခဲ့ရသည်။
ရာအင်းအခန်းထဲမှာ သူတို့သူငယ်ချင်း
ဆရာဝန်တွေလည်းရှိနေကြတယ်။

"ဂျောင်ဂုရေ နင့်သတင်းကတော့
ပါလာတာ ရှင်းမရကိုဖြစ်လို့"

"အေးဟာ ငါလည်းခေါင်းတွေကြီးသွားတယ် ငါ့ဘေဘီကိုလည်းကြောက်ရသေး"

ဂျွန်ကသူ့သူငယ်ချင်းတွေနဲ့
ရယ်ရယ်မောမောပြောနေပေမယ့်
ကျွန်တော်မနေတတ်။
မသိရင်ကျွန်တော်ကအရမ်းအနိုင်ယူသလိုဖြစ်ပြီး မလေးစားရာရောက်တာပေါ့။
စကားပြောနေကြရင်းနဲ့မျက်ရိုးတွေကိုက်တဲ့အကြောင်းပြောတော့
ဂျွန်မျက်လုံးစမ်းသပ်ဖို့ သူ့သူငယ်ချင်းတွေကခေါ်လို့လိုက်သွားသည်။
ကျွန်တော်ကသပ်သပ်နေခဲ့တာ။

"မင်းကထယ်ယောင်းပဲ
တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ် ‌ကျွန်တော်လည်းတွေ့ချင်နေတာ
ဂျွန်နဲ့သတင်းတွေတက်လာတော့
အမဘက်ကမဟုတ်ကြောင်း
မဖြေရှင်းဘူးလား"

စဝင်လာထဲက သူ့ကိုသေချာကြည့်နေတာပါလို့သတိထားမိနေတာ။
ကောင်လေးက သူ့ကိုအကဲခက်နေတာပဲ။

"ဖြေရှင်းမလို့ပါပဲ ဒါပေမယ့်
တို့ရောဂါဖြစ်တာကိုဘယ်သူ့ကိုမှအသိမပေးချင်လို့ပဲ"

"အော်....အမရယ်ရောဂါဖြစ်တာ
ဖုံးကွယ်စရာမှမလိုတာ ကျွန်တော့်အထင်ပြောတာပါ.."

"ငါက ဘဝမှာဘာအမဲစက်မှမရှိချင်တဲ့သူဖြစ်ချင်တာ ပညာအရည်အချင်း
အောင်မြင်မှု့ ငါလက်ထပ်မယ့်သူဟာ
ဟိုး..အမြင့်ဆုံးကအရာတွေမှဖြစ်မှာ
အဲ့ဒါကြောင့် ကြိုးစားခဲ့ရတာ
ငါ့မှာရောဂါဖြစ်နေတာသိခဲ့ရင်
သူငယ်ချင်းတွေကအစ
မာနကြီးနေတဲ့ငါ့ကိုခနဲ့ကြလိမ့်မယ်"

သူ့ဘဝမှာ သူပျော်ဖို့ကိုမတွေးပဲနေလာတာလို့ ထယ်ယောင်းမှတ်ယူလိုက်သည်။
ရောဂါဖြစ်တယ်ဆိုရင်နွေးနွေးထွေးထွေးနဲ့သူငယ်ချင်းတွေကဖေးမကြမှာမလွဲ။
ဒါကိုသူကတစ်ဖက်သက်အတွေးနဲ့
သူ့ကိုလှောင်မှာစိုးရိမ်နေတာပဲ။

"အမရယ် အဲ့လိုတွေးတတ်တဲ့အမက
ဂျွန်နဲ့ဟိုထင် ဒီထင်ကြမစိုးရိမ်ဘူးလား
အမလက်ထပ်မယ့်သူတွေ့တဲ့အခါ
ဒါကအပြစ်ပြောစရာဖြစ်လာလိမ့်မယ်"

"မင်းက ငယ်ပါသေးတယ်"

"ဟုတ်တယ် ကျွန်တော်ကငယ်ပေမယ့်
ဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့
ခေါင်းမာတယ် ဂျွန်ကကျွန်တော့်အပိုင်
ကျွန်တော့်ဘဝဆိုတာအမသိရင်ရပြီ"

ရာအင်းကိုပြုံးပြကာ ဂျောင်ဂုရဲ့
ဖုန်းတွေကားသော့တွေယူပြီးထွက်သွားဖို့ပြင်နေသည်။

"ဂျောင်ဂုငါ့ကိုလာနှုတ်ဆက်အုံးမှာလေ
နင်ဘာလို့ဒါတွေယူနေတာလဲ"

"ကျွန်တော်ကမသွားတော့နဲ့လို့ပြောရင်
ဂျွန်ကမသွားဘူးဆိုတာအမ မသိဘူးပဲ
ဂျပန်သွားဖို့ပါတနာကောင်မလေးပါတုန်းကလဲ ကျွန်တော်သိရတယ်
အမကိုကူညီဖို့လည်း ကျွန်တော့်ကို
ပြောပြပြီးအရင်ဆုံးအသိပေးတာ
ကျွန်တော်မသိပဲ ဂျွန်ကဘာမှမလုပ်ဘူး
ခဏနေကျွန်တော်အမရောဂါအကြောင်းကို ဖွင့်ပြောတော့မှာ....
ဘာလို့ဆို သတင်းမှားတွေကိုဖြေရှင်းဖို့
မသိရင် အမကကိုယ်ဝန်ရှိလို့ဆေးရုံတက်ရတယ်ထင်နေကြတာ
သိရဲ့သားနဲ့အမကလည်းငြိမ်နေတယ်"

"ဂျောင်ဂု ဖြေရှင်းပြီးရပြီလေ
ငါ့ရောဂါကဘာကြောင့်...."

"အမရောဂါကမကြာခင်ကောင်းလာတော့မှာ ပြန်ကောင်းဖို့ကရာခိုင်နှုန်းများတယ်တဲ့လေ ကျွန်တော်ကတော့ပြောမှာပဲ"

သူမစကားကိုဆုံးအောင်ပြောခွင့်မပေး။
ပြောနေသောမျက်နှာအနေအထား
လေသံကသူကအသာစီးရနေသလိုမျိုးပါလားဒီကောင်လေးက။

"WHOရဲ့ထုတ်ပြန်ချက်မှာသိလိုက်ရတာတစ်နှစ်မှာ လူပေါင်း၈သိန်းဟာ
ကိုယ့်ကိုယ်ကို သတ်သေနေကြတယ်တဲ့
ကျွန်တော်တို့နိုင်ငံက ကမ္ဘာပေါ်မှာ
ကိုယ့်ကိုယ်ကိုသတ်သေမှု့
အများဆုံးစာရင်းဝင်အဆင့်၁၀မှာရှိနေတယ်တဲ့"

"အဲ့ဒါကငါနဲ့ဘာဆိုင်လို့လာပြောနေတာလဲ"

"သိပ်ကိုဆိုင်တာပေါ့အမရဲ့
အဲ့လို သတ်သေမှု့အများဆုံးစာရင်းထဲပါနေပေမယ့် စိတ်ကျရောဂါဆေးဝါးသောက်သုံးမှု့မှာတော့OECD အဖွဲ့ဝင်၃၇နိုင်ငံထဲမှာ ဒုတိယမြောက်အနည်းဆုံးတဲ့ စိတ်ကျရောဂါရနေတာကိုဆေးမကု ဆေးဝါးမသောက်သုံးပဲနေနေကြလို့ OECDကသုံးသပ်သွားတာကတော့ ဆေးကုဖို့ခက်ခဲနေတာ ကျန်းမာရေးနဲ့ပတ်သတ်လို့ဝန်မခံရဲတာ လူတွေရဲ့ခွဲခြားဆက်ဆံခံရမှာကြောက်တဲ့အချက်တွေကြောင့်ဆိုပြီး
သုံးသပ်တယ် အမနဲ့တိုက်ဆိုင်
နေလို့လေ
ကိုယ်ဖြစ်နေတာကို မိသားစုအသိုင်းအဝိုင်းကိုဖွင့်ပြောပြ
ကူညီဖေးမကြရင်းနေသွားရတာပဲလေ
အမသာတကယ်လို့နောက်ဆုံးအချိန်ဆိုတာကြမှ အမမိသားစုကသိကြရင်
ယူကြုံးမရဖြစ်နေလိမ့်မယ်.....
သူတို့ပျော်မယ်လို့အမထင်နေတာလား
ပြီးတော့ အမလည်းအခုဆိုအားငယ်အထီးကျန်နေရတယ်မလား
မိဘတွေကိုဖွင့်ပြောပြီး
နွေးထွေးမှု့ရယူလိုက်ပါ
အမနေကောင်းပြီးဒီထက်ပိုအောင်မြင်တဲ့ဘဝကိုရပါစေ ကျွန်တော်တို့နောက်မှလာခဲ့ပါမယ်"

ရာအင်းကိုပြောပြသွားတဲ့ကောင်လေးကိုကြည့်ပြီး နောင်တမရခင်သူမရဲ့
မေမေစီဖုန်းခေါ်လိုက်မိသည်။
တကယ်ကို ဂျောင်ဂုရဲ့ကောင်လေးက
သာမန်မဟုတ်ဘူးပဲ...။

Simplicity 🏝
Zante 💜

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်....

#Zawgyi
ဂြၽန္ၾကာဇံေၾကာ္ေနတုန္း
ထယ္ေယာင္းမီးဖိုခန္းအေပါက္ကေနရပ္ၾကည့္ေနမိသည္။
တကယ္ကိုဂြၽန္ဟင္းခ်က္ေနတဲ့
ပုံစံကအရမ္းၾကည့္ေကာင္းသည္။
ဘယ္အခ်ိန္ပဲၾကည့္ၾကည့္
မိမိုက္ေနေသာကြၽန္ေတာ့္ဂြၽန္။

"ေဘဘီေလး ဗိုက္ဆာေနၿပီလား
ၿပီးေတာ့မယ္ေနာ္"

အနားကိုေရာက္လာၿပီး
ေနာက္ကေနခါးကိုဖက္ထားကာ
ဟင္းေမႊေနတဲ့ေဂ်ာင္ဂုလက္ၾကားထဲကေန ေခါင္းေလးဝင္လာၿပီးၾကည့္ေနေသာ
ေကာင္ေလး။

"ေမႊးေနတာပဲ"

"ဒါေပါ့ ရွယ္ေၾကာ္ထားတာ"

"ၾကာဇံေၾကာ္အနံ႔ကိုေျပာတာ
မဟုတ္ဘူး ဂြၽန္ရဲ႕ကိုယ္သင္းနံ႔ေလး
ကိုေျပာတာ"

ၾကာဇံေၾကာ္ရလို႔ ပန္းကန္ထဲကိုထည့္ၿပီး
မီးဖိုမီးကိုပိတ္ရသည္။
ရင္ဘက္ကိုလာနမ္းေနေသာအဆိုးေလးကိုလ်စ္လ်ဴရႈ႕ဖို႔ကမလြယ္ဘူးေလ။
ခါးကေနေပြ႕ခ်ီလိုက္ေတာ့ေျခေထာက္ကိုအၿငိမ္မေနလႈပ္ခတ္ေနေလရဲ႕။

"ေဘဘီက ကိုယ့္ကိုလာ စေနတာပဲ"

"အာ....မဟုတ္ပါဘူး ဟီး....
ယားတယ္လို႔"

ကလိထိုးေတာ့ေအာ္ရယ္ေနသည္။
အခုလိုေနတာကမွ ေဘဘီရဲ႕ပုံမွန္စိတ္အေျခအေန။
စိတ္ရႈပ္ၿပီးအဆင္မေျပျဖစ္သြားမွာကို
ေဂ်ာင္ဂုစိုးရိမ္ေနရသည္။
ညေနစာၾကာဇံေၾကာ္စားၿပီးတာနဲ႔
အိမ္တံခါးေတြပိတ္ၿပီး
အေပၚထပ္ကအခန္းထဲမွာသာ
ေဘဘီကစာၾကည့္ေနသလို
ေဂ်ာင္ဂုကလဲစာရင္းေတြစစ္ေနရသည္။

"ဟယ္လို ဘိုမီေျပာ..."

ေဂ်ာင္ဂုစာရင္းစစ္ေနတုန္းကုတင္ေပၚမွာစာလုပ္ေနေသာေဘဘီကသူ႔သူငယ္ခ်င္းနဲ႔ဖုန္းေျပာေနတာျဖစ္လို႔
အာ႐ုံမထားမိ။
ခဏအၾကာမွာ ဂြၽန္ဆိုၿပီးေအာ္သံနဲ႔အတူအနားကိုေရာက္လာသည္။

"ဒီမွာၾကည့္ပါအုံး mediaသမားေတြ
ကတင္ထားၾကတယ္.....
Jeon groupရဲ႕CEOက
အမ်ိဳးသမီးတစ္ေယာက္နဲ႔ေဆး႐ုံကိုအတူလာတဲ့အေၾကာင္း
ၿပီးေတာ့အဲ့မိန္းကေလးက
CEOဂြၽန္နဲ႔ေဆးေက်ာင္းတက္ထဲက
တြဲေနခဲ့တယ္ဆိုတာပါ အကုန္ပါေနတယ္"

ေဂ်ာင္ဂုမ်က္ခုံးပင့္မိသြားရသည္။
ေဘဘီဖုန္းလာျပေတာ့မွသူၾကည့္လိုက္မိတာ။
သူနဲ႔ရာအင္းရဲ႕ အရင္ကပုံေတြလည္းမ်ားစြာတင္ထားေသးသည္။
ေဂ်ာင္ဂုကိုမီဒီယာသမားေတြက
စီးပြားေရးမွာေအာင္ျမင္တဲ့လူငယ္တစ္ဦးအျဖစ္အသိအမွတ္ျပဳၿပီး
အၿမဲေနာက္ေယာင္ခံလိုက္ကာ
သတင္းေတြေရးတင္ေနတက္သည္။
ရာအင္းကလည္းေအာင္ျမင္တဲ့
လူငယ္တစ္ေယာက္ဆိုေတာ့သူတို႔အလြတ္မေပးၾက။

"ဒီမွာၾကည့္အုံး
ဘာလို႔ဂြၽန္ကသူ႔လက္ကိုဆြဲထားရတာလဲ ဒါမနက္ကေဆး႐ုံမွာ႐ိုက္ထားတဲ့ပုံ"

ေဘဘီကေျပာလည္းေျပာ
ဖုန္းကိုစားပြဲေပၚျပစ္တင္ေပးသည္။
မ်က္ႏွာကမၾကည္ေတာ့။
မနက္ကေဆး႐ုံကိုလိုက္ပို႔ေတာ့
ရာအင္းကလက္ကိုလာကိုင္လို႔
အားေပးတဲ့သေဘာနဲ႔ျပန္ၿပီးလက္ဆြဲေခၚသြားမိတာ။

"ေဘဘီမပူနဲ႔ ကိုယ္ဘာမွမပတ္သတ္ေၾကာင္းရွင္းလိုက္မယ္"

"ရွင္းရင္ ရာအင္းကေရာဂါေၾကာင့္
ေဆး႐ုံတက္ရတာကို ကူညီေပးတာပါဆိုၿပီးတစ္ခါတည္းေျပာ....
မသိရင္ကေလးရွိေနလို႔ ေဆး႐ုံလာျပတာလား ဘာလားေတြေရးေနၾကတယ္"

"အဲ့ဒါကသူ႔ကိုယ္ေရးကိုယ္တာ
ေဘဘီရဲ႕ ကိုယ္ကေျပာလိုက္ေတာ့
မေကာင္းဘူးေလ"

"ဂြၽန္! စီးပြားေရးလုပ္ေနတဲ့လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ေနပါရဲ႕နဲ႔
ကြၽန္ေတာ္ကဘာလုပ္ဆိုတာကို
လမ္းေၾကာင္းျပေပးရမယ့္သူမဟုတ္တာနားလည္တယ္ ဒါကအခုလိုလုပ္မွရမွာ ဂြၽန္ရဲ႕သိကၡာကိုယ္က်င့္တရားဆိုတာရွိေသးတယ္"

ထယ္ေယာင္းတကယ္စိတ္တိုပါသည္။
အၿမဲတမ္းရာအင္းဘက္ကိုစဥ္းစားေပးေနတာ။
သူ႔ဆိုရင္ၾကေတာ့ ဒါမလုပ္နဲ႔
ဟိုမသြားရဆိုတဲ့ အမိန႔္ေတြကို
ခပ္ျပတ္ျပတ္
ေျပာခဲ့ၿပီးေတာ့။

"ကိုယ္ေသခ်ာေျဖရွင္းလိုက္ပါမယ္
ဒီကိစၥကို"

ေဂ်ာင္ဂုကေျပာၿပီးတာနဲ႔ ရာအင္းကိုဖုန္းေခၚရသည္။
လက္တစ္ဖက္ကေဘဘီကိုဆြဲေခၚၿပီး
သူ႔ေပါင္ေပၚထိုင္ခိုင္းထားရတယ္။
ဒါေလးကထြက္သြားၿပီး ညကလို
ေသာင္းက်န္းေနရင္မလြယ္။

"ရာအင္းေရ social media
မွာသတင္းေတြပ်ံ႕ေနတယ္
နင့္ကိုငါေဆး႐ုံလိုက္ပို႔ေပးတာ
ကိုတစ္မ်ိဳးထင္ေနၾကတယ္
ငါကဘာမွမပတ္သတ္ေၾကာင္းေရးမွရမယ္ အဲ့ဒါလွမ္းေျပာတာ"

"ေအးပါ ငါ့ေရာဂါအေၾကာင္းေတာ့
မေျပာပါနဲ႔ေမေမတို႔သိသြားမွာစိုးလို႔"

သူကဘာျဖစ္ေနတာလဲ။
ဂြၽန္နဲ႔သူေဆး႐ုံသြားတဲ့သတင္းက
သူ႔ေဆြမ်ိဳးေတြသိလို႔ သူ႔မိဘေတြလည္းသိေလာက္ေရာေပါ့။
ေမးလာရင္သူကဘာျပန္ေျပာမလဲမသိ။
ဘယ္ေခတ္မွာေန,ေနၾကတာမလို႔လဲ။
ဂြၽန္ကလည္း ေအးပါတဲ့။

"ဂြၽန္ ဘာလို႔ေအးလို႔ေျပာလိုက္တာလဲ
အခုကိစၥကသူ႔အသိုင္းအဝိုင္းလဲ
သိေလာက္ၿပီေပါ့"

"ေဘဘီရကြာ အဲ့ဒါသူ႔ကိစၥေလ
အဓိက,ကကိုယ္နဲ႔သူမပတ္သတ္တာသိသြားၾကရင္ရၿပီမဟုတ္လား"

"အဲ့လိုမထိတထိေျဖရွင္းေနတာက
လူေတြကိုပိုၿပီးလွ်ိဳ႕ဝွက္ထားသလိုပဲေလ"

ေဂ်ာင္ဂု စိတ္ရႈပ္လာေတာ့တယ္။
ဘာမွမဟုတ္တဲ့ကိစၥကို
ေဘဘီကအေတြးေတြပြားေနေတာ့တာ။

"အဲ့ဒါဆိုဘယ္လိုလုပ္ေပးရမွာလဲေျပာ
ဟိုလိုလည္းမဟုတ္ ဒီလိုလည္းမဟုတ္နဲ႔
ေဘဘီ့စိတ္ႀကိဳက္ပဲေျပာေတာ့"

"စိတ္ႀကိဳက္ေျပာေတာ့ေရာ
လက္ခံလို႔လား အခုမွစိတ္မရွည္သလို
လာေအာ္မေနနဲ႔ အဲ့ဒါဂြၽန္ရဲ႕အရႈပ္ထုပ္ေတြ"

ထယ္ေယာင္းတကယ္စိတ္မရွည္ေတာ့။
သူ႔အရႈပ္ထုပ္ေတြကိုလိုက္ရွင္းေနရတာနဲ႔ကိုအခုရက္ပိုင္းရန္ျဖစ္ေနရတာ။
ကုတင္ေပၚတက္လာၿပီးဖုန္းသုံးေနေတာ့လည္း အဲ့သတင္းေတြသာျမင္ေနရတယ္။

"ေဘဘီ ဒီမွာၾကည့္ကိုယ့္အေကာင့္မွာ
ေရးတင္ထားတယ္ ဖတ္ၾကည့္အုံး"

"မၾကည့္ဘူး ေရးခ်င္တာသာေရးေတာ့"

ထယ္ေယာင္းဖုန္းယူၿပီးေရခ်ိဳးခန္းထဲသြားလိုက္သည္။
ၿပီးမွဂြၽန္ရဲ႕အေကာင့္မွာဝင္ၾကည့္လိုက္သည္။
သူနဲ႔ရာအင္းက သူငယ္ခ်င္းေတြသာျဖစ္ေၾကာင္း။
ေဆး႐ုံကိုသြားတာကသပ္သပ္အေၾကာင္းေၾကာင့္ျဖစ္ၿပီး
မီဒီယာေတြကေရးေနသလိုမဟုတ္ေၾကာင္း မဟုတ္မမွန္ေရးေနပါက
တရားစြဲမည္ျဖစ္သလို
သူ႔မွာခ်စ္ရတဲ့သူရွိၿပီး
လပ္ထပ္ဖို႔ထိျဖစ္ေနၿပီဆိုတာကို
ေရးတင္ထားသည္။
ဒါေပမယ့္လည္းေရးတဲ့သူေတြက
ေရးေနၾကတုန္း။
ရာအင္းကိုအက်ပ္ကိုင္ၿပီး
ေဆး႐ုံေခၚသြားတာလားဘာလားနဲ႔။
ခက္ရခ်ည္ရဲ႕ သူတို႔မမေလးက
အက်ပ္ကိုင္ခံမယ့္႐ုပ္နဲ႔မ်ားတူေနလို႔လားအံ့ဩစရာ။

"လာအိပ္ေတာ့ေဘဘီ မဟုတ္တာေတြ
ေလွ်ာက္ၾကည့္မေနေတာ့နဲ႔
သူတို႔အလုပ္မဟုတ္တိုင္း
ဝင္ေရးေနၾကတာ"

"ဘယ္သူကၾကည့္ေနလို႔လဲ
မၾကည့္ပါဘူးအဲ့စာကို..."

ေဂ်ာင္ဂုအသာေလးရယ္ေနမိသည္။
သူ႔ကေလးက ကေလးသာသာအျပဳအမူေတြလုပ္ေနၿပီး
သူ႔ကိုျပန္ပတ္ေနေသးသည္။
အႏိုင္လိုခ်င္ေနေတာ့လည္း
ကိုယ္ကအရႈံးေပးရေတာ့မွာေပါ့။

"ဟုတ္ၿပီ ဟုတ္ၿပီ မိုးေတြ႐ြာေနတာ
လာေတာ့အိပ္ၾကမယ္"

ကုတင္ေပၚတက္လာၿပီး
ရင္ဘက္ကိုထု႐ိုက္ေသးသည္။
ၿပီးေတာ့မွေစာင္ေအာက္ဝင္လာၿပီး
အိပ္ေနသည္။
စိတ္သာေကာက္ေနတာ
ခါးကိုဖက္ထားတဲ့လက္ေလးေတြက
ေလ်ာ့မသြား။
ဒါေလးက ကေလးဆန္လြန္းၿပီး
အရမ္းခ်စ္ဖို႔ေကာင္းေနေရာ။

**********
မနက္ေရာက္ေတာ့ဂြၽန္ကေက်ာင္းလိုက္ပို႔သလိုအျပန္ကိုလည္းလာႀကိဳၿပီး
ေဆး႐ုံကိုဝင္သည္။

"လာေဘဘီ သြားၾကမယ္ေလ"

"မလိုက္ခ်င္ပါဘူးဆိုေန...."

"ေဘဘီလိုက္လို႔မီဒီယာသမားေတြ
ေတြ႕ေတာ့လည္းပိုေကာင္းတာေပါ့"

ထယ္ေယာင္းလည္းေဂ်ာင္ဂုလက္ဆြဲရာေနာက္ပါလာခဲ့ရသည္။
ရာအင္းအခန္းထဲမွာ သူတို႔သူငယ္ခ်င္း
ဆရာဝန္ေတြလည္းရွိေနၾကတယ္။

"ေဂ်ာင္ဂုေရ နင့္သတင္းကေတာ့
ပါလာတာ ရွင္းမရကိုျဖစ္လို႔"

"ေအးဟာ ငါလည္းေခါင္းေတြႀကီးသြားတယ္ ငါ့ေဘဘီကိုလည္းေၾကာက္ရေသး"

ဂြၽန္ကသူ႔သူငယ္ခ်င္းေတြနဲ႔
ရယ္ရယ္ေမာေမာေျပာေနေပမယ့္
ကြၽန္ေတာ္မေနတတ္။
မသိရင္ကြၽန္ေတာ္ကအရမ္းအႏိုင္ယူသလိုျဖစ္ၿပီး မေလးစားရာေရာက္တာေပါ့။
စကားေျပာေနၾကရင္းနဲ႔မ်က္႐ိုးေတြကိုက္တဲ့အေၾကာင္းေျပာေတာ့
ဂြၽန္မ်က္လုံးစမ္းသပ္ဖို႔ သူ႔သူငယ္ခ်င္းေတြကေခၚလို႔လိုက္သြားသည္။
ကြၽန္ေတာ္ကသပ္သပ္ေနခဲ့တာ။

"မင္းကထယ္ေယာင္းပဲ
ေတြ႕ရတာဝမ္းသာပါတယ္"

"ဟုတ္ ‌ကြၽန္ေတာ္လည္းေတြ႕ခ်င္ေနတာ
ဂြၽန္နဲ႔သတင္းေတြတက္လာေတာ့
အမဘက္ကမဟုတ္ေၾကာင္း
မေျဖရွင္းဘူးလား"

စဝင္လာထဲက သူ႔ကိုေသခ်ာၾကည့္ေနတာပါလို႔သတိထားမိေနတာ။
ေကာင္ေလးက သူ႔ကိုအကဲခက္ေနတာပဲ။

"ေျဖရွင္းမလို႔ပါပဲ ဒါေပမယ့္
တို႔ေရာဂါျဖစ္တာကိုဘယ္သူ႔ကိုမွအသိမေပးခ်င္လို႔ပဲ"

"ေအာ္....အမရယ္ေရာဂါျဖစ္တာ
ဖုံးကြယ္စရာမွမလိုတာ ကြၽန္ေတာ့္အထင္ေျပာတာပါ.."

"ငါက ဘဝမွာဘာအမဲစက္မွမရွိခ်င္တဲ့သူျဖစ္ခ်င္တာ ပညာအရည္အခ်င္း
ေအာင္ျမင္မႈ႕ ငါလက္ထပ္မယ့္သူဟာ
ဟိုး..အျမင့္ဆုံးကအရာေတြမွျဖစ္မွာ
အဲ့ဒါေၾကာင့္ ႀကိဳးစားခဲ့ရတာ
ငါ့မွာေရာဂါျဖစ္ေနတာသိခဲ့ရင္
သူငယ္ခ်င္းေတြကအစ
မာနႀကီးေနတဲ့ငါ့ကိုခနဲ႔ၾကလိမ့္မယ္"

သူ႔ဘဝမွာ သူေပ်ာ္ဖို႔ကိုမေတြးပဲေနလာတာလို႔ ထယ္ေယာင္းမွတ္ယူလိုက္သည္။
ေရာဂါျဖစ္တယ္ဆိုရင္ေႏြးေႏြးေထြးေထြးနဲ႔သူငယ္ခ်င္းေတြကေဖးမၾကမွာမလြဲ။
ဒါကိုသူကတစ္ဖက္သက္အေတြးနဲ႔
သူ႔ကိုေလွာင္မွာစိုးရိမ္ေနတာပဲ။

"အမရယ္ အဲ့လိုေတြးတတ္တဲ့အမက
ဂြၽန္နဲ႔ဟိုထင္ ဒီထင္ၾကမစိုးရိမ္ဘူးလား
အမလက္ထပ္မယ့္သူေတြ႕တဲ့အခါ
ဒါကအျပစ္ေျပာစရာျဖစ္လာလိမ့္မယ္"

"မင္းက ငယ္ပါေသးတယ္"

"ဟုတ္တယ္ ကြၽန္ေတာ္ကငယ္ေပမယ့္
ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာေတာ့
ေခါင္းမာတယ္ ဂြၽန္ကကြၽန္ေတာ့္အပိုင္
ကြၽန္ေတာ့္ဘဝဆိုတာအမသိရင္ရၿပီ"

ရာအင္းကိုၿပဳံးျပကာ ေဂ်ာင္ဂုရဲ႕
ဖုန္းေတြကားေသာ့ေတြယူၿပီးထြက္သြားဖို႔ျပင္ေနသည္။

"ေဂ်ာင္ဂုငါ့ကိုလာႏႈတ္ဆက္အုံးမွာေလ
နင္ဘာလို႔ဒါေတြယူေနတာလဲ"

"ကြၽန္ေတာ္ကမသြားေတာ့နဲ႔လို႔ေျပာရင္
ဂြၽန္ကမသြားဘူးဆိုတာအမ မသိဘူးပဲ
ဂ်ပန္သြားဖို႔ပါတနာေကာင္မေလးပါတုန္းကလဲ ကြၽန္ေတာ္သိရတယ္
အမကိုကူညီဖို႔လည္း ကြၽန္ေတာ့္ကို
ေျပာျပၿပီးအရင္ဆုံးအသိေပးတာ
ကြၽန္ေတာ္မသိပဲ ဂြၽန္ကဘာမွမလုပ္ဘူး
ခဏေနကြၽန္ေတာ္အမေရာဂါအေၾကာင္းကို ဖြင့္ေျပာေတာ့မွာ....
ဘာလို႔ဆို သတင္းမွားေတြကိုေျဖရွင္းဖို႔
မသိရင္ အမကကိုယ္ဝန္ရွိလို႔ေဆး႐ုံတက္ရတယ္ထင္ေနၾကတာ
သိရဲ႕သားနဲ႔အမကလည္းၿငိမ္ေနတယ္"

"ေဂ်ာင္ဂု ေျဖရွင္းၿပီးရၿပီေလ
ငါ့ေရာဂါကဘာေၾကာင့္...."

"အမေရာဂါကမၾကာခင္ေကာင္းလာေတာ့မွာ ျပန္ေကာင္းဖို႔ကရာခိုင္ႏႈန္းမ်ားတယ္တဲ့ေလ ကြၽန္ေတာ္ကေတာ့ေျပာမွာပဲ"

သူမစကားကိုဆုံးေအာင္ေျပာခြင့္မေပး။
ေျပာေနေသာမ်က္ႏွာအေနအထား
ေလသံကသူကအသာစီးရေနသလိုမ်ိဳးပါလားဒီေကာင္ေလးက။

"WHOရဲ႕ထုတ္ျပန္ခ်က္မွာသိလိုက္ရတာတစ္ႏွစ္မွာ လူေပါင္း၈သိန္းဟာ
ကိုယ့္ကိုယ္ကို သတ္ေသေနၾကတယ္တဲ့
ကြၽန္ေတာ္တို႔ႏိုင္ငံက ကမာၻေပၚမွာ
ကိုယ့္ကိုယ္ကိုသတ္ေသမႈ႕
အမ်ားဆုံးစာရင္းဝင္အဆင့္၁၀မွာရွိေနတယ္တဲ့"

"အဲ့ဒါကငါနဲ႔ဘာဆိုင္လို႔လာေျပာေနတာလဲ"

"သိပ္ကိုဆိုင္တာေပါ့အမရဲ႕
အဲ့လို သတ္ေသမႈ႕အမ်ားဆုံးစာရင္းထဲပါေနေပမယ့္ စိတ္က်ေရာဂါေဆးဝါးေသာက္သုံးမႈ႕မွာေတာ့OECD အဖြဲ႕ဝင္၃၇ႏိုင္ငံထဲမွာ ဒုတိယေျမာက္အနည္းဆုံးတဲ့ စိတ္က်ေရာဂါရေနတာကိုေဆးမကု ေဆးဝါးမေသာက္သုံးပဲေနေနၾကလို႔ OECDကသုံးသပ္သြားတာကေတာ့ ေဆးကုဖို႔ခက္ခဲေနတာ က်န္းမာေရးနဲ႔ပတ္သတ္လို႔ဝန္မခံရဲတာ လူေတြရဲ႕ခြဲျခားဆက္ဆံခံရမွာေၾကာက္တဲ့အခ်က္ေတြေၾကာင့္ဆိုၿပီး
သုံးသပ္တယ္ အမနဲ႔တိုက္ဆိုင္
ေနလို႔ေလ
ကိုယ္ျဖစ္ေနတာကို မိသားစုအသိုင္းအဝိုင္းကိုဖြင့္ေျပာျပ
ကူညီေဖးမၾကရင္းေနသြားရတာပဲေလ
အမသာတကယ္လို႔ေနာက္ဆုံးအခ်ိန္ဆိုတာၾကမွ အမမိသားစုကသိၾကရင္
ယူႀကဳံးမရျဖစ္ေနလိမ့္မယ္.....
သူတို႔ေပ်ာ္မယ္လို႔အမထင္ေနတာလား
ၿပီးေတာ့ အမလည္းအခုဆိုအားငယ္အထီးက်န္ေနရတယ္မလား
မိဘေတြကိုဖြင့္ေျပာၿပီး
ေႏြးေထြးမႈ႕ရယူလိုက္ပါ
အမေနေကာင္းၿပီးဒီထက္ပိုေအာင္ျမင္တဲ့ဘဝကိုရပါေစ ကြၽန္ေတာ္တို႔ေနာက္မွလာခဲ့ပါမယ္"

ရာအင္းကိုေျပာျပသြားတဲ့ေကာင္ေလးကိုၾကည့္ၿပီး ေနာင္တမရခင္သူမရဲ႕
ေမေမစီဖုန္းေခၚလိုက္မိသည္။
တကယ္ကို ေဂ်ာင္ဂုရဲ႕ေကာင္ေလးက
သာမန္မဟုတ္ဘူးပဲ...။

Simplicity 🏝
Zante 💜

ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္....

Continuer la Lecture

Vous Aimerez Aussi

186K 16.4K 22
တကယ္​လို႔အခ်ိန္​​ေတြသာ ​ေနာက္​ျပန္​လွည္​့ႏိုင္​ခဲ့ရင္​.... တကယ်လို့အချိန်တွေသာ နောက်ပြန်လှည့်နိုင်ခဲ့ရင်.... BTS Fanfiction Boy×Boy Jungkook × Taehy...
1.3M 45.9K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
89.2K 6.4K 16
[Uni & Zawgyi] Completed "ကျွန်တော့်ကိုတစ်လပဲအချိန်ပေးပါ..တစ်လအတွင်းမှလူကြီးကျွန်တော့်ကိုပြန်မချစ်လာခဲ့ရင်..ကျွန်တော််လူကြီးအနားကနေ..အပြီးပိုင်ထွက်သွ...
9.9K 753 16
"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"