Chapter 10
Luke ရဲ့ လျှာတွေ ကျွန်တော့် ပါးစပ်ထဲ ဝင်လာချိန်က စလို့ ကင်မရာဟာ ကျွန်တော့်နောက် တောက်လျှောက် လိုက်ပါတော့တယ် ။
အဲ... နေပါဦး ။
ကင်မရာဆိုတာထက်စာရင် မျက်လုံး တစ်စုံလို့ ပြောရင် ပိုမှန်လိမ့်မယ် ။
Mcqueen ရဲ့ မျက်လုံးတစ်စုံ ။
ကျွန်တော့် လှုပ်ရှားရာ မှန်သမျှကို လိုက်ကြည့်နေတဲ့ Mcqueen ရဲ့ မျက်လုံးတစ်စုံ ။
Mcqueen ရဲ့ အကြည့်တွေကြောင့် ကျွန်တော့်စိတ်တွေ ပိုမို ထကြွလာရသလိုပါပဲ ။
Luke က bottom ထိုင်ခြင်းဟာ သူ့ရဲ့ ကျွမ်းကျင်တဲ့ အလုပ်တစ်ခု ဖြစ်သည့်အလား သူ့ စွမ်းရည်တွေကို ပြပါတော့တယ် ။
Luke က ကျွန်တော့် ပစ္စည်းကို စုပ်ငုံပေးနေချိန်မှာ Mcqueen နဲ့ ကျွန်တော် မျက်လုံးချင်း ထပ်ဆုံကြပါတယ် ။
ကျွန်တော် အကြည့်လွှဲလိုက်ပြီး Luke အပေါ်ကိုပဲ အာရုံထားလိုက်တယ် ။
Luke ရဲ့ ချယ်ရီဝလေးက ထိန်းထိန်းသိမ်းသိမ်းနေခဲ့တဲ့ ပုံပေါ်တယ် ။
အရမ်းကြီး ကျယ်မနေသလို ပုံလည်း ပျက်မနေပါဘူး ။
ဒါပေမယ့် ၃၅ နှစ်အရွယ် Bottom တစ်ယောက် ဖြစ်တာနဲ့အညီ အရမ်းတော့လည်း ကျပ်မနေပြန်ဘူး ။
လုပ်လို့ကောင်းရုံ အနေအထားမို့ ကျွန်တော် လုပ်ရတာ အတားအဆီး မဖြစ်သလို ထိုးသွင်းလို့ အတော်လေး အဆင်ပြေလှတယ် ။
နောက်ဆုံး Luke ရဲ့ အပေါက်ထဲက ကျွန်တော့် ပစ္စည်းကို ဆွဲထုတ်ပြီး ကွန်ဒုံးကို ချွတ်ကာ Luke တင်ပါးပေါ်မှာ ကျွန်တော့်ရဲ့ အရည်တွေ ပန်းထုတ်ပြီးချိန်မှာတော့ ရိုက်ကွင်းလည်း ပြီးသွားခဲ့ပါတော့တယ် ။
" သိပ်ကောင်းတယ်... အားလုံး အဆင်ပြေတယ်... "
Mcqueen က ရိုက်ကွင်းတစ်ခုလုံးကို ခြုံငုံပြီး ချီးကျူးပါတယ် ။
ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ကျွန်တော့်ကို စူးစူးရဲရဲ ကြည့်နေဆဲ ။
" ရော့... ဒါလေးယူလိုက်... "
Luke က လာပေးလို့ သူ့ visiting card ကို ကျွန်တော် ယူလိုက်ပါတယ် ။
" မင်းလည်း New York မှာပဲ နေတယ်လို့ ကြားတယ်... ဘီယာလေး ဘာလေး တူတူ သောက်ချင်ရင် ကိုယ့်ကို ဖုန်းဆက်လိုက်လေ... "
" အာ... ဟုတ်... "
Luke က ကျွန်တော့်ကို အပြင်မှာ ဒိတ်ဖို့ ခေါ်နေတာပါလား ။
ကျွန်တော့် အဖြေက စိတ်ပါလက်ပါ မရှိလှတာကြောင့် Luke စိတ်ပျက်သွားပုံရပါတယ် ။
" ကိုယ်လည်း နောက်ကျနေပြီမို့ သွားဦးမယ်နော်... "
Luke က နှုတ်ဆက်ပြီး ပြန်သွားပါတယ် ။
ကျွန်တော် ရေဝင်ချိုးပြီး ပြန်ထွက်လာတော့ Janine က အခန်းထဲ ဝင်လာပါတယ် ။
" ဟေး... Ed ရေ... ဒီနေ့ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ... ဒါနဲ့ ... ဗိုက်ဆာပြီလား... ?"
" အာ... အချိန်တောင် အဲ့လောက် ရှိသွားပြီလား... ?"
" ဒီမှာပဲ တို့ရယ် Mcqueen ရယ်နဲ့ တူတူ ညစာ စားသွားပါလား... ?"
ကျွန်တော် တွေးတွေးဆဆ ပြန်ဖြေလိုက်တယ် ။
" Ummm... Mcqueen အဆင်ပြေရင် ကျွန်တော်လည်း ရပါတယ်... "
ကျွန်တော်တို့ အောက်ထပ် ဆင်းလာတော့ Mcqueen လည်း သူ့အခန်းကနေ ထွက်ပြီး ဆင်းလာပါတယ် ။
" Mcqueen... ဒီည ညစာကို Ed ကိုပါ ခေါ်ကျွေးလိုက်ရင် ဘယ်လိုလဲ... ?"
Janine က Mcqueen ကို တွေ့တာနဲ့ စမေးပါတယ် ။
Mcqueen က ခုနကလိုပဲ ကျွန်တော့်ကို နားလည်ရခက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ဖြေတယ် ။
" Ed အဆင်ပြေရင် ကိုယ်လည်း ပြေပါတယ်... "
" နှစ်ယောက်စလုံးက တစ်လေသံတည်း ထွက်တာပဲ..."
Janine က ရယ်ရင်း ပြောတယ် ။
" Ed... ဘာများ ထူးထူးခြားခြား စားချင်တာ ရှိလဲ... ကိုယ်က သိပ်တော်တဲ့ စားဖိုမှူးနော်... "
Mcqueen က ပြုံးရင်း မေးပါတယ် ။
" အာ... ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်... "
Mcqueen ရဲ့ လက်ရာက မဆိုးလှပါဘူး ။
ကျွန်တော်တို့ ၃ ယောက် ပြောင်နေအောင် စားလိုက်နိုင်တယ် ။
ထမင်းစားပြီးတော့ Mcqueen က ဝိုင်တစ်ပုလင်း ယူလာပါတယ် ။
Janine က Mcqueen ရဲ့ အခွေထားတဲ့ စင်ကို မွှေနှောက်နေလေရဲ့ ။
" Mcqueen... ဒါက အသစ်ဝယ်ထားတဲ့ အခွေလား...?"
Janine က မေးလိုက်တယ် ။
" အင်း... ဟုတ်တယ်... ဒါပေမယ့် ကားကတော့ အသစ်မဟုတ်ပါဘူး... ဟိုးအရင်က ကားအဟောင်းပါ... "
" ဘာကားကြီးလဲ? "
" Mala Noche"
Mcqueen က ကျွန်တော့်ဘက် လှည့်လာပြီး မေးပါတယ် ။
" Ed ကော အဲ့ကားကို သိလား... ?"
" ဟိုးအရင်တုန်းက ကြည့်ဖူးပါတယ်... "
" Ed ရဲ့ ရုပ်ရှင် အကြိုက်က ထူးခြားတာပဲ... "
Mcqueen က မျက်လုံးလေးတွေ မှေးတဲ့အထိ ပြုံးရင်း ပြောပါတယ် ။
" အကယ်၍ စိတ်မရှိဘူး ဆိုရင် ကိုယ်နဲ့ တူတူ နောက်တစ်ကြိမ် ကြည့်ကြရအောင်လေ... "
Mcqueen က ဝိုင်ခွက်ကို ကျွန်တော့်လက်ထဲ ထည့်ပေးရင်း မေးပါတယ် ။
ကျွန်တော်တို့ ရုပ်ရှင် တူတူထိုင်ကြည့်ကြပါတယ် ။
ရုပ်ရှင်က ကျွန်တော် ကြည့်ဖူးပြီးသားမို့ Mcqueen ဘက်ကို အာရုံစိုက်ပြီး ကြည့်လိုက်မိတယ် ။
Mcqueen က တီဗီကို ကြည့်မနေဘူး ။
သူ့မျက်လုံးတွေက စားပွဲပေါ်ကို အဓိပ္ပါယ်မဲ့ ကြည့်နေသလိုပါပဲ ။
ကြည့်ရတာ Mcqueen ရဲ့ အတွေးတွေက တခြားတစ်နေရာကို ရောက်နေပုံ ပေါ်ပါတယ် ။
ကျွန်တော် Mcqueen အကြောင်းအများကြီး မသိပါဘူး ။
ဒါပေမယ့် တစ်ခါတစ်လေမှာတော့ သူဟာ သူ့အတွေးထဲသူ လွင့်မျောနေတယ်လို့ ခံစားမိတယ် ။
ကျွန်တော် ဝိုင်ကို တစ်ကျိုက်မော့လိုက်တယ် ။
Mcqueen လို လိုရာအကုန်ရနိုင်ပြီး ပြည့်စုံပုံပေါက်တဲ့ ယောကျ်ား တစ်ယောက်ကို ဘယ်အရာကများ ချုပ်ကိုင်ထားနိုင်ပါလိမ့် ။
ကျွန်တော် သိလိုပါသည် ။
ကျွန်တော် သူ့ကို ကြည့်နေတာကို သတိထားမိသွားဟန်တူပါတယ် ။
Mcqueen က လှည့်လာပြီး မေးတယ် ။
" Ed... ပျင်းနေပြီလား... ?"
ကျွန်တော် ခေါင်းခါလိုက်တယ် ။
" ဟား... ပျင်းဖို့ အချိန် မရတော့ဘူး... sex အခန်း ရောက်လာပြီ Ed ရေ... "
ရုပ်ရှင်ကို တစ်ဖန် စိတ်ဝင်တစား ပြန်ကြည့်နေတဲ့ Ed ကို ကျွန်တော် ခိုးကြည့်မိပြန်တယ် ။
ဝိုင်လည်း အတော်လေး ဝင်သွားပြီမို့ ကျွန်တော့် မျက်နှာတွေ ရဲနေခဲ့ပြီ ။
ရုပ်ရှင်ပြီးတော့ ကျွန်တော် အတော်လေး မူးနေခဲ့ပြီ ။
အောက်ထပ်ကို Janine နဲ့ အတူ ဒယိမ်းဒယိုင် လမ်းလျှောက်ဆင်းလာလိုက်တယ် ။
" Ed... Ed သိပ်မူးနေပြီ... Mcqueen က Ed အိမ်ကို ကားနဲ့ လိုက်ပို့ပေးလိမ့်မယ်... "
" မလိုဘူး Janine... ကျွန်တော် ကိုယ့်ဘာသာ ပြန်နိုင်တယ်... "
ကျွန်တော် ဝိုင်ကိုပဲ အပြစ်တင်လိုက်မိတယ် ။
ဒီဝိုင်က ဘာလို့ ဒီလောက်တောင် မူးရတာပါလိမ့် ။
ကျွန်တော် ခြေသုံးလေးလှမ်း လှမ်းပြီးနောက်မှာ ရုတ်တရက် ခြေခွင်ပြီး လဲကျမလို ဖြစ်သွားသည် ။
လဲကျသွားမည် ထင်သော်လည်း အနောက်က တစ်စုံတစ်ယောက်က ကျွန်တော့်ကို ခါးမှ လှမ်းဖက်ပြီး ထိန်းပေးထားသည်ကို ခံစားလိုက်ရသည် ။
ကျွန်တော် မှုန်တိမှုန်ဝါး မော့ကြည့်လိုက်တော့ Mcqueen ။
Mcqueen က ကျွန်တော့်ခါးကို ဖက်ထား၍ ကျွန်တော်က Mcqueen ရင်ခွင်ထဲ မှီနွဲ့စွာ ရောက်နေလေသည် ။
" ကိုယ့်ကို မင်းအိမ် ပြန်လိုက်ပို့ခွင့်ပြုပါ Ed... ဟုတ်ပြီလား? ... မင်းကြည့်ရတာ အတော်လေး မူးနေပြီ... "
Mcquenn ၏ မျက်နှာနှင့် ကျွန်တော့် မျက်နှာတို့ နီးကပ်စွာ ရှိနေကြသည် ။
ကျွန်တော့်ရင်တွေ တဒိတ်ဒိတ် ခုန်နေသည်မှာ ခုနက သောက်ထားသော ဝိုင်၏ အရှိန်ကြောင့်ပင် ဖြစ်မည်ဟု ကျွန်တော် လွှဲချပစ်လိုက်မိသည် ။