"ေကာင္ေလး ငါသြားေတာ့မယ္"
ေဒၚအံ့မင္းရဲ့ နွဳတ္ဆက္တဲ့ အႀကည့္ေတြေႀကာင့္ သက္ပံု နည္းနည္းေတာ့ဝမ္းနည္းသြား၏။ အိမ္မက္ေတြထဲမွာ အျမဲ တပူပူတညံညံလာဒုကၡေပးတက္ေသာ
ေဒၚအံ့မင္း သည္ အရင္လို ျဖဴေလ်ာ္ေသာ အသားေရ ေတြမဟုတ္ေတာ့။
အျမဲတမ္းျပဴးက်ယ္ေနေသာ မ်က္လံုးအိမ္သည္ ယခုအခါမွာေတာ့ေကာ့ရႊန္းေနေသာ မ်က္ေတာင္မ်ားနဲ ့အသက္သံုးဆယ္အရြယ္ မိန္းမလွေလးတစ္ေယာက္အသြင္ျဖစ္လို ့ေနေလျပီ။
" ေဒၚအံ့မင္း ! "
နွဳတ္ဆက္ပီးထြက္ခြာသြားတဲ့ ေက်ာျပင္ကို ႀကည့္ကာ သက္ပံု အေလာတႀကီးေခၚဆိုလိုက္သည္။
လွည့္ႀကည့္လာတဲ့ ေဒၚအံ့မင္းဟာ
က်က္သေရရွိေသာ ျမန္မာအမ်ိဳးသမီးတစ္ေယာက္ရဲ့ ပံုပန္းသ႑ာန္ကအျပည့္။
နုညံ့သည္။ တင့္တယ္သည္။
"ေက်းဇူးတင္ပါတယ္ "
သက္ပံုရဲ့ စကားေႀကာင့္ ေဒၚအံ့မင္းသည္ ျပံဳးျပလာကာ ခ်ိဳႀကည္ေသာအသံျဖင့္
" ငါကလည္း မင္းကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္"
တေရြ ့ေရြ ့တိုးဝင္ ေပ်ာက္ကြယ္သြားတဲ့
ျမဴဆိုင္ေတြကိုေငးရင္း သက္ပံု လြတ္လပ္ေပါ့ပါးသြားသေယာင္။
"ေကာင္းတဲ့ ဘံုဘဝကို ေရာက္နိုင္ပါေစ
ေဒၚအံ့မင္း "
တိုးတိတ္စြာ ဆုေတာင္းသံသည္
ေလထဲမွာ ေပ်ာက္ကြယ္သြားေပမဲ့
ေဒၚအံ့မင္းႀကားနိုင္ေကာင္းပါရဲ့။
"သက္ပံု…သက္ပံု အိပ္ေနရင္ပိုမူးလိမ့္မယ္။ ထေတာ့ ထမင္းစားရေအာင္"
လည္ပင္ေတြကိုလက္နဲ ့ပြတ္ေပးလိုက္ ။နားထင္ေတြကိုနွိပ္ေပးလိုက္လုပ္ေနတဲ့ ေကာင္းခ်ီေႀကာင့္ သက္ပံု လိွဳိင္းမူးေနတာနဲ ့ေမွးခနဲအိပ္ေပ်ာ္သြား၏။
ေကာင္းခ်ီေပါင္ေပၚကေနေခါင္းတင္အိပ္ေနတဲ့အတိုင္း ခ်က္ျခင္း မထနိုင္ေသး။
မ်က္လံုးကိုေမွးႀကည့္ကာ
" ေစာေစာကေလာက္ေတာ့မမူးေတာ့ပါဘူး။ ငါအိပ္ေပ်ာ္သြားတယ္။ sorryေပါင္ေတြ က်ဥ္ေနလား"
ေကာင္းခ်ီ သက္ပံုရဲ့ ဆံပင္ေတြကို လက္နဲ ့သပ္တင္ေပးလိုက္သည္။ ဒီလို
လွဳိင္းမူးတက္မွန္းသိရင္ ေရလမ္းခရီးကေန ရွပ္ေျပးစီးျပီးခရီး မသြားပါ။
ခုေတာ့ သက္ပံုတစ္ေယာက္
လွဳိင္းမူးေလျပီ။
"မက်ဥ္ပါဘူး ခင္ဗ်ားရယ္……
ထေတာ့မလား။ ေဒၚေလးတို ့ထမင္းစားဖို ့ျပင္ေနႀကပီ"
"အင္း"
ေကာင္းခ်ီ ဆြဲထူေပးတာမို ့အလိုက္သင့္လွဲေနရာမွ ထ ထိုင္လိုက္သည္။
အထူးခန္းမို ့ေစ်းလဲႀကီးသလို ကိုယ့္မိသားစုေတြႀကီးပဲ လြတ္လပ္စြာ ေနလို ့ရသည္။
အလာတုန္းက ေရလယ္ေခါင္ကို
စက္ေလွနဲ ့လာကာ အခုလိုက္ပါစီးနင္းခဲ့ေသာ အျမန္ယာဥ္ ေခၚ ရွပ္ေျပးကိုတားၿပီး မႏၱေလးကို လာခဲ့ရသည္။
ေကာင္းခ်ီတို ့တံငါကုန္းရြာကို ကမ္းကိုကပ္ပီး ခရီးသည္ မတင္တာေႀကာင့္
လိုက္ပါခ်င္ရင္ခုလို ေရလယ္ကို သြားကာ ေလွနဲ ့ကပ္ပီး လိုက္ရသည္။
ကေလးေတြကအစ ေရကူးတက္သည္
မို ့သြက္သြက္လက္လက္ ေမာ္ေတာ္ေပၚကို ေျပာင္းတက္နိုင္ေပမဲ့ သက္ပံုကေတာ့မတူပါ။
ေႀကာက္ဒူးတုန္ကာ ေလွေပၚကေန
ရွပ္ေျပးေပၚ တက္ဖို ့ကို ေကာင္းခ်ီခမ်ာ
မနည္းတင္ေပးခဲ့ရသည္။
အေပၚေရာက္ေတာ့လည္း ေတာ္ေတာ္ နဲ ့
ေနသားမက်။ လွဳိင္းမူးတာေၾကာင့္အန္လိုက္
ေရေသာက္လိုက္နဲ ့အေတာ္ေလးေပ်ာ့ေခြေန၏။
ေဒၚေလးတို ့တသိုက္ကေတာ့
ေပ်ာ္ေပ်ာ္ႀကီးခရီးသြားဖို ့ေတြးထားပံုရ၏။
ပါလာသမ်ွ ျခင္းေတြက သံုးျခင္းထပ္မနည္း။
အဝတ္အိတ္ေတြက သက္သက္ပါကာ
ျခင္းသံုးျခင္းကေတာ့စားစရာအျပည့္ျဖစ္သည္။
ခ်ိဳင့္ႀကီးခ်ိဳင့္ငယ္နဲ ့မုန္ ့ပဲသေရစာအျပည့္ပါသည္မို ့စားလိုက္က်ေသာက္လိုက္က်နဲ ့အေပ်ာ္ႀကီးေပ်ာ္ေနႀကသည္။
"သက္ပံုေရာ့ သရက္သီးသုပ္ေလးနည္းနည္းစားလိုက္ "
ခ်ိဳင့္ေတြထုတ္ကာ စားဖို ့ခင္းက်င္းေနတဲ့
ေဒၚေလးေအးႀကည္က သက္ပံုလက္ထဲ
ခုမွသုပ္ေပးထားတဲ့ သရက္သီးပန္းကန္ကိုကမ္းေပးလာသည္။
မ်က္စိေရွ ့ေတြ သုပ္လိုက္တာမို ့သာ
လတ္ဆတ္မွန္းလက္ခံလိုက္ရသည္။
ဘယ္သူသိမွာလဲ ခရီးသြားတာကို
ႀကက္သြန္နီလွီးတဲ့ဓားေပါက္စကိုပါ ထည့္ယူခဲ့မွန္း။
အလိုက္တသင့္ သက္ပံုယူစားလိုက္မွ
မူးေနတဲ့ေခါင္းကႀကည္သြားသည္။
ျမသက္တို ့ေမာင္နွမေတြကေတာ့ ခ်ိဳင့္ထဲက ထမင္းေတြခူးခပ္ကာ ရွပ္ေျပးအျမန္ယာဥ္ရဲ့ အထူးခန္းမွာ ထမင္းစားဖို ့ျပင္ေနႀကသည္။
ပုဆိုးအေဟာင္းေလးကို ႀကမ္းေပၚမွာ
ခင္းက်င္းထားသည္မို ့ေအာက္ကိုအေတာ္သင့္ေပပြမွာေတာ့မစိုးရိမ္ရ။
စီးကာစက လွဳိင္းမူးသလို ခံစားရေပမဲ့
ရွပ္ေျပးက ကားစီးရတာထပ္ေတာ့
လူပင္ပန္းသက္သာသည္။
"ဘာေတြခ်က္လာတာလဲေဒၚေလး"
"အစံုပဲ။ သရက္သီးကေတာ့
မင္းအပင္က။ ႀကက္သားျပဳတ္ေႀကာ္။ ဂ်ီသားလာေရာင္းတာေတြ ့လို ့
ႀကက္သြန္နီေလးနဲ ့ေမႊေႀကာ္လုပ္လိုက္တယ္။ အရည္ေသာက္ေတာ့ မလုပ္ခဲ့ဘူး။ ဖိတ္တာဘာညာနဲ ့ညစ္ပတ္မွာစိုးလို ့ေလ။လည္နင္..တက္ရင္ေရေႏြးဓာတ္ဘူး ထည့္ယူခဲ့တယ္..အဲ့ဒါနဲ ့စား။ ဒါက လက္ဖက္သုပ္။
ထမင္းစားပီး အခ်ိဳတည္းရေအာင္။
အေအးေသာက္ခ်င္အေအးေရာပါတယ္။ "
စံုစိေနေအာင္ ခင္းက်င္းထားတဲ့ထမင္းဝိုင္းကိုႀကည့္ပီးသက္ပံု ျပံဳးခ်င္ခ်င္။
တက္ႀကြေနတာမ်ား ဖိုးသားကအစပဲ။
ခ်က္ထားတဲ့ဟင္းေတြက အမ်ိဳးအေရတြက္သာ နည္းတာ။ ႀကက္သားေႀကာ္ဆိုရင္ မႏၱေလးထိ စားလို ့ရေအာင္ နွစ္ပိသာေတာင္ေႀကာ္ခဲ့သည္တဲ့။ ဂ်ီသားေထာင္းေႀကာ္ကလဲ ခ်ိဳင့္နဲ ့သံုးဆင့္။
"ရတယ္ေဒၚေလး။ က်ြန္ေတာ္တို ့နွစ္ေယာက္ကို တစ္ပန္းကန္ပဲေပး။ "
ခရီးသြားတာမို ့အစံုပါေပမဲ့ ပန္းကန္ကေတာ့အမ်ားႀကီးမယူခဲ့။ ကေလးေတြကေတာ့ ျဖစ္သလို ခ်ိဳင့္ဖံုးေလးေတြနဲ ့စားေနသည္မို ့ေကာင္းခ်ီသူတို ့အတြက္ ပန္းကန္တခ်ပ္သာေတာင္းလိုက္သည္။
ေဒၚေလးျမရင္ကေသခ်ာ လက္ေဆးပီး
ႀကက္သားေႀကာ္ကထြက္တဲ့ ဆီနဲ ့ဆားအနည္းငယ္ထည့္ကာ နွယ္ေပးထားတဲ့ ထမင္းဆီဆမ္းဝါဝါေလးသည္ စားခ်င္သဖြယ္အျပည့္။
ေရေႏြးပူပူကို အရင္ငဲွ ့ထားကာ
ထမင္းဆီဆမ္းကို စကားတေျပာေျပာနဲ ့
စားရသည့္အရသာသည္ဘာနဲ ့မွမတူေပ။
လွဳင္းမူးတာကလည္း သက္ပံုအေတာ္ႀကီးသက္သာသြားပီျဖစ္သည္။
နွစ္ေယာက္အတူဆိုတာထပ္ အမ်ိဳးေတြ
နဲ ့ေႏြးေထြးစြာခရီးသြားရတဲ့ ခံစားခ်က္သည္ သက္ပံု ကို အေတာ္ႀကီး သေဘာက်ေစ၏။
ေကာင္းခ်ီအမ်ိဳးတို ့သည္ သက္ပံုကို
သူစိမ္းတစ္ေယာက္လို မထင္ေတာ့ပံုပင္။
အႀကည့္တို ့ကအစ ကိုယ္တူကိုယ္သားတစ္ေယာက္လိုမို ့ေနရထိုင္ရခက္ခဲတာမ်ိဳးမရွိေပ။
"ေဒၚေလးတို ့နဲ ့ခရီးသြားရတာေပ်ာ္စရာႀကီး။ ေနာက္နွစ္ေတြလည္း မၾကာခဏ ခုလို
ေလး ခရီးအတူသြားရေအာင္"
"အမေလး သက္ပံုရယ္။ အဆင္းကိုဘီးတက္ျပန္ပီ။ မင္းညီ…ဖိုးသားကဒါမ်ိဳးဆို
ညွိေနစရာေတာင္မလိုဘူး။ ေမးႀကည့္ျမရင္ကို ။ ခရီးတခါသြားဖို ့အေရး။
ညကလည္း ဒင္းကို တညလံုးအိပ္ခိုင္းလို ့မရဘူးတဲ့"
"အာ ေဒၚေလးကလဲ။ က်ြန္ေတာ္ ေပ်ာ္လြန္းလို ့အိပ္မရတာပါဗ်ာ။ တခါမွခရီးမွမသြားဘူးတာ။ "
ဖိုးသားကျပံဳးစိစိေလးဝင္ေျပာေပးမဲ့
သက္ပံုမရယ္ရက္ပါ။ စိတ္မေကာင္းသြားသည္ေႀကာင့္။
"ေအးပါ။ ေနာက္နွစ္ေတြစီးပြားေရးအဆင္ေျပရင္ လိုက္ပို ့မွာေပါ့။ ေဒၚေလးတို ့
လည္း အသက္ႀကီးေနပီဆိုေတာ့ ဒူးေတြဘာေတြေကာင္းတုန္း ..က်ိဳက္ထီးရုိးဘုရားဖူးလိုက္ပို ့ေပးမယ္။ ဟုတ္ျပီလား"
"ေဟးး ။ ကိုသက္က အေကာင္းဆံုးပဲ"
ဝမ္းသာအားရအသံေတြက ျမသက္တို ့
ေမာင္နွမအျပင္ ကိုထက္မိန္းမေလးဆီကပါ ထြက္လာတာမို ့သက္ပံုပါေရာေယာင္
ရယ္မိလိုက္သည္။
"သက္ပံု ထမင္းစား"
ပါးစပ္နားကပ္လာတဲ့ ထမင္းလုတ္ကို
ငံု ့စားရင္းခပ္တိုးတိုးနားနားကပ္ကာေခၚလိုက္သည္။
"ေကာင္းခ်ီ "
"ဗ်ာ"
ထူးရုံပဲထူးကာ ႀကက္သားေႀကာ္ကို စိတ္ဝင္တစား ငံု ့ပီးဇြန္းနဲ ့ဖဲ့ေနတာေႀကာင့္ သက္ပံု နွဳတ္ခမ္းကိုကိုက္ပီးျငိမ္ေနရသည္။
ေဘးတေစာင္းျမင္ေနရတဲ့ စိမ္းေနေသာ
နားထင္စပ္က ဖိကပ္နမ္းခ်င္စရာအတိ။
ေယာက်ာ္းတစ္ေယာက္ကရုပ္ရည္ေခ်ာေမာမူ ့ထပ္ တခါတခါ ခုလိုရိပ္သင္ပီးခါစ
နားထင္စပ္ေလးကပိုပီး စိတ္လွဳပ္ရွားဖို ့
ေကာင္းမွန္း ဒီလို လူစံုတဲ့အခ်ိန္မွသိစရာလား။
ဒုကၡပဲ အေပါ့သြားခ်င္ေနျပီ။
ေယာက်ာ္းလုပ္သူကကို အီစီကလီလုပ္ခ်င္တာေတာင္ လူေတြကအမ်ားႀကီးရွိေနသည့္အျပင္ ရွဴးပါေပါက္ခ်င္ေနေသးသည္။
"ေကာင္းခ်ီလို ့။ "
"ဗ်ာ……ေျပာေလသက္ပံုရာ နားေထာင္ေနတာကို"
"နားပဲမေထာင္နဲ ့ဒီဖက္ကိုလွည့္"
စိတ္ဝင္စားေနတဲ့ ႀကက္သားဖဲ့ျခင္းအလုပ္သည္ သက္ပံုရဲ့ျငဴစူသံေလးေႀကာင့္
ခ်က္ျခင္းရပ္သြားသည္။
"ကဲေျပာ…ခ်စ္တဲ့ သက္ပံုေလးဘာေတြအလိုမက်ျဖစ္ေနတာလဲ"
ဝိုင္းဖြဲ ့စားေသာက္ေနႀကတဲ့ ထမင္းဝိုင္းမွာ တိုးတိုးတိတ္တိတ္ေျပာေနႀကတဲ့စကားတို ့ကိုမႀကားမိဘူးဆိုရင္ေတာင္
ျမင္ေတာ့ျမင္ရမွာပင္။
"ငါ ရွဴးေပါက္ခ်င္လို ့အဲ့ဒါဘယ္လိုလုပ္ရမွာလဲ။ လုပ္ပါဦး"
ေအာင့့္ထားတာႀကာပီမို ့သက္ပံုမ်က္နွာေလးရွဳံ ့မဲ့ေန၏။
"ေဟာဗ်ာ ။ ေျပာတာမဟုတ္ဘူး။ လာလာ အိမ္သာလိုက္ပို ့ေပးမယ္။ "
"ဘယ္သြားရမွာလဲငါမသြားရဲဘူး"
"လာပါဗ်ာ ေႀကာက္စရာမွမဟုတ္တာ။
ရွပ္ေျပးေနာက္ျမွီးမွာ အိမ္သာပါတယ္။ လာ သြားရေအာင္"
ပန္းကန္းကိုခ်ကာလက္ကိုအတင္းလာဆြဲေနတာမို ့ေဒၚေလးတို ့ကပါႀကည့္လာ၏။
"အေပါ့အပါးဆိုတာ ေအာင့္ထားလို ့မေကာင္းဘူး။ သြားသြား "
ေဒၚေလးေအးႀကည္အသံေႀကာင့္ နွဳတ္ခမ္းဆူပီး ထလိုက္ရသည္။
ရွက္စရာေကာင္းလိုက္တာ ။
တိုးတိုးေျပာတာေတာင္ႀကားႀကသည္။
အခန္းဆိုတာ ဟိုတယ္ေတြလိုမ်ိဳးအိပ္ယာပါတဲ့အခန္းမဟုတ္။
ေမာ္ေတာ္ထိပ္ပိုင္းမွာ ထည့္ထားသည့္
ရုိးရုိးအခန္းလြတ္တခုမို ့မတ္တပ္ေတာင္ရပ္မရတဲ့ အမိုးနွိမ့္နွိမ့္နဲ ့ေနရာတခုသာ။
အိပ္ရင္လည္း အကုန္စုေပါင္းထိကပ္အိပ္မွဆန္ ့သည္။
ေအာက္ဖက္မွာေတာ့ ခရီးသည္ေတြထိုင္စီးလို ့ရေအာင္ ခံုေတြလုပ္ေပးထားသည္
မို ့ကိုထက္တို ့လင္မယားနဲ ့ျမသက္
တို ့ ေမာင္နွမက ထမင္းမစားခင္ကအဲ့ဒီမွာသြားထိုင္ႀကသည္။
အခန္းကေန ေျခခ်လိုက္တာနဲ ့
ရွပ္ေျပးေမာ္ေတာ္ရဲ့ ေဘးေလ်ွာက္လမ္းေလးက ေပၚေရာက္သည္။ အဲ့ဒီ သိပ္မက်ယ္တဲ့ ေလ်ွာက္လမ္းေလးကေန
ေနာက္ေဖး စက္ေမာင္းတဲ့ေနရာထိ လမ္းသြားဖို ့ကို သက္ပံုမလုပ္ရဲ ။
"မသြားရဲဘူးေကာင္းခ်ီ"
"မေႀကာက္ရပါဘူးသက္ပံုရာ။
က်ြန္ေတာ္ေဘးမွာရွိတယ္။ ရဲရဲသြား"
လူသြားလမ္းသာသာ လမ္းေလးကို ေလ်ွာက္ဖို ့သက္ပံု သတိၱမရွိ။
ေႀကာက္ရြံေပမဲ့ ခါးမွာ ျမဲျမံစြာ ဆုပ္ကိုင္လာတဲ့ လက္တစံုေႀကာင့္ အားတင္းပီး ဒူးတုန္စြာေနရာမွေရြ ့ရသည္။
အျမန္နဲ ့ေမာင္းနွင္ေနတာေႀကာင့္
ေရအလ်ွင္သည္ စီးဆင္းေနကာ
တခ်က္တခ်က္ လာစင္လာတဲ့ ေရေအးေအးက ေျခဖမိုးမွာ ေနရာလာယူေသးသည္။
တစ္ေယာက္စာေတာင္ မနည္းသြားရတဲ့ လမ္းက်ဥ္းေလးမွာ သက္ပံုက ေရွ ့ကေနတေရြ ့ေရြ ့သြားေနပီး ေကာင္းခ်ီက ေနာက္ကေန ေခါင္မိုးလက္ရန္းကို လက္တဖက္နဲ ့ကိုင္ကာ က်န္လက္တဖက္က သက္ပံု ခါးကို ျပဳတ္မက်သြားေအာင္ ဖက္ထားရသည္။
အေနာက္ေရာက္ေတာ့ သက္ပံု အေတာ္ႀကီးဒူးတုန္ေနေလပီ။
အေပါ့သြားဖို ့အိမ္သာထဲေတာင္ မနည့္ထည့္ေပးလိုက္ရသည္။
ကေလး ရွဴးတည္ေပးသလိုခံစားခ်က္ေႀကာင့္ ရင္ခုန္စိတ္လွဳပ္ရွားမူ ့ကမရပ္ေတာ့။
အျပံဳးအရယ္နည္းပါးေသာ နွဳတ္ခမ္းတစံုက အခ်စ္နဲ ့ေတြ ့ေတာ့ ေျဖာင့္တန္းသြားတဲ့နွဳတ္ခမ္းေထာင့္ခ်ိဳးေလးက မူလေနရာသို ့ျပန္မေရာက္ခ်င္ေတာ့။
သူ တကယ္ကို သက္ပံုေလးကိုခ်စ္၏။
ျမတ္နိုးစရာေကာင္းတဲ့ အမ်ိဳးသားက
ဘာလုပ္လုပ္ ေငးေမာႀကည့္ေနစရာေကာင္းသူပင္။
ခ်စ္တဲ့အိမ္စည္။
>>>>>><<<<<<<
"ကောင်လေး ငါသွားတော့မယ်"
ဒေါ်အံ့မင်းရဲ့ နှုတ်ဆက်တဲ့ အကြည့်တွေကြောင့် သက်ပုံ နည်းနည်းတော့ဝမ်းနည်းသွား၏။ အိမ်မက်တွေထဲမှာ အမြဲ တပူပူတညံညံလာဒုက္ခပေးတက်သော
ဒေါ်အံ့မင်း သည် အရင်လို ဖြူလျော်သော အသားရေ တွေမဟုတ်တော့။
အမြဲတမ်းပြူးကျယ်နေသော မျက်လုံးအိမ်သည် ယခုအခါမှာတော့ကော့ရွှန်းနေသော မျက်တောင်များနဲ့ အသက်သုံးဆယ်အရွယ် မိန်းမလှလေးတစ်ယောက်အသွင်ဖြစ်လို့ နေပီ။
" ဒေါ်အံ့မင်း ! "
နှုတ်ဆက်ပီးထွက်ခွာသွားတဲ့ ကျောပြင်ကို ကြည့်ကာ သက်ပုံ အလောတကြီးခေါ်ဆိုလိုက်သည်။
လှည့်ကြည့်လာတဲ့ ဒေါ်အံ့မင်းဟာ
ကျက်သရေရှိသော မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကအပြည့်။
နုညံ့သည်။ တင့်တယ်သည်။
"ကျေးဇူးတင်ပါတယ် "
သက်ပုံရဲ့ စကားကြောင့် ဒေါ်အံ့မင်းသည် ပြုံးပြလာကာ ချိုကြည်သောအသံဖြင့်
" ငါကလဲ မင်းကိုကျေးဇူးတင်ပါတယ်"
တရွေ့ ရွေ့ တိုးဝင် ပျောက်ကွယ်သွားတဲ့
မြူဆိုင်တွေကိုငေးရင်း သက်ပုံ လွတ်လပ်ပေါ့ပါးသွားသယောင်။
"ကောင်းတဲ့ ဘုံဘဝကို ရောက်နိုင်ပါစေ
ဒေါ်အံ့မင်း "
တိုးတိတ်စွာ ဆုတောင်းသံသည်
လေထဲမှာ ပျောက်ကွယ်သွားပေမဲ့
ဒေါ်အံ့မင်းကြားနိုင်ကောင်းပါရဲ့။
"သက်ပုံ…သက်ပုံ အိပ်နေရင်ပိုမူးလိမ့်မယ်။ ထတော့ ထမင်းစားရအောင်"
လည်ပင်တွေကိုလက်နဲ့ ပွတ်ပေးလိုက် ။နားထင်တွေကိုနှိပ်ပေးလိုက်လုပ်နေတဲ့ ကောင်းချီကြောင့် သက်ပုံ လှိုင်းမူးနေတာနဲ့ မှေးကနဲအိပ်ပျော်သွား၏။
ကောင်းချီပေါင်ပေါ်ကနေခေါင်းတင်အိပ်နေတဲ့အတိုင်း ချက်ခြင်း မထနိုင်သေး။
မျက်လုံးကိုမှေးကြည့်ကာ
" စောစောကလောက်တော့မမူးတော့ပါဘူး။ ငါအိပ်ပျော်သွားတယ်။ sorryပေါင်တွေ ကျဉ်နေလား"
ကောင်းချီ သက်ပုံရဲ့ ဆံပင်တွေကို လက်နဲ့ သပ်တင်ပေးလိုက်သည်။ ဒီလို
လှိုင်းမူးတက်မှန်းသိရင် ရေလမ်းခရီးကနေ ရှပ်ပြေးစီးပြီး မသွားပါ။
ခုတော့ သက်ပုံတစ်ယောက် လှိုင်းမူးလေပီ။
"မကျဉ်ပါဘူး ခင်များရယ်……
ထတော့မလား။ ဒေါ်လေးတို့ ထမင်းစားဖို့ ပြင်နေကြပီ"
"အင်း"
ကောင်းချီ ဆွဲထူပေးတာမို့ အလိုက်သင့်လှဲနေရာမှ ထ ထိုင်လိုက်သည်။
အထူးခန်းမို့ ဈေးလဲကြီးသလို ကိုယ့်မိသားစုတွေကြီးပဲ လွတ်လပ်စွာ နေလို့ ရသည်။
အလာတုန်းက ရေလယ်ခေါင်ကို
စက်လှေနဲ့ လာကာ အခုလိုက်ပါစီးနင်းခဲ့သော အမြန်ယာဉ် ခေါ် ရှပ်ပြေးကိုတားကာ မန္တလေးကို လာခဲ့ရသည်။
ကောင်းချီတို့ တံငါကုန်းရွာကို ကမ်းကိုကပ်ပီး ခရီးသည် မတင်တာကြောင့်
လိုက်ပါချင်ရင်ခုလို ရေလယ်ကို သွားကာ လှေနဲ့ ကပ်ပီး လိုက်ရသည်။
ကလေးတွေကအစ ရေကူးတက်သည်
မို့ သွက်သွက်လပ်လပ် မော်တော်ပေါ်ကို ပြောင်းတက်နိုင်ပေမဲ့ သက်ပုံကတော့မတူပါ။
ကြောက်ဒူးတုန်ကာ လှေပေါ်ကနေ
ရှပ်ပြေးပေါ် တက်ဖို့ ကို ကောင်းချီခမျာ
မနည်းတင်ပေးခဲ့ရသည်။
အပေါ်ရောက်တော့လဲ တော်တော် နဲ့
နေသားမကျ။ လှိုင်းမူးတာနဲ့ အန်လိုက်
ရေသောက်လိုက်နဲ့ အတော်လေးပျော့ခွေနေ၏။
ဒေါ်လေးတို့ တသိုက်ကတော့
ပျော်ပျော်ကြီးခရီးသွားဖို့ တွေးထားပုံရ၏။
ပါလာသမျှ ခြင်းတွေက သုံးခြင်းထပ်မနည်း။
အဝတ်အိတ်တွေက သက်သက်ပါကာ
ခြင်းသုံးခြင်းကတော့စားစရာအပြည့်ဖြစ်သည်။
ချိုင့်ကြီးချိုင့်ငယ်နဲ့ မုန့် ပဲသရေစာအပြည့်ပါသည်မို့ စားလိုက်ကျသောက်လိုက်ကျနဲ့ အပျော်ကြီးပျော်နေကြသည်။
"သက်ပုံရော့ သရက်သီးသုပ်လေးနည်းနည်းစားလိုက် "
ချိုင့်တွေထုတ်ကာ စားဖို့ ခင်းကျင်းနေတဲ့
ဒေါ်လေးအေးကြည်က သက်ပုံလက်ထဲ
ခုမှသုပ်ပေးထားတဲ့ သရက်သီးပန်းကန်ကိုကမ်းပေးလာသည်။
မျက်စိရှေ့ တွေ သုပ်လိုက်တာမို့ သာ
လတ်ဆတ်မှန်းလက်ခံလိုက်ရသည်။
ဘယ်သူသိမှာလဲ ခရီးသွားတာကို
ကြက်သွန်နီလှီးတဲ့ဓားပေါက်စကိုပါ ထည့်ယူခဲ့မှန်း။
အလိုက်တသင့် သက်ပုံယူစားလိုက်မှ
မူးနေတဲ့ခေါင်းကကြည်သွားသည်။
မြသက်တို့ မောင်နှမတွေကတော့ ချိုင့်ထဲက ထမင်းတွေခူးခပ်ကာ ရှပ်ပြေးအမြန်ယာဉ်ရဲ့ အထူးခန်းမှာ ထမင်းစားဖို့ ပြင်နေကြသည်။
ပုဆိုးအဟောင်းလေးကို ကြမ်းပေါ်မှာ
ခင်းကျင်းထားသည်မို့ အောက်ကိုအတော်သင့်ပေပွမှာတော့မစိုးရိမ်ရ။
စီးကာစက လှိုင်းမူးသလို ခံစားရပေမဲ့
ရှပ်ပြေးက ကားစီးရတာထပ်တော့
လူပင်ပန်းသက်သာသည်။
"ဘာတွေချက်လာတာလဲဒေါ်လေး"
"အစုံပဲ။ သရက်သီးကတော့
မင်းအပင်က။ ကြက်သားပြုတ်ကြော်။ ဂျီသားလာရောင်းတာတွေ့ လို့
ကြက်သွန်နီလေးနဲ့ မွှေကြော်လုပ်လိုက်တယ်။ အရေသောက်တော့ မလုပ်ခဲ့ဘူး။ ဖိတ်တာဘာညာနဲ့ ညစ်ပတ်မှာစိုးလို့
ရေနွေးဓာတ်ဘူးတော့ ထည့်ယူခဲ့တယ်။အဲ့ဒါနဲ့ စား။ ဒါက လက်ဖက်သုပ်။
ထမင်းစားပီး အချိုတည်းရအောင်။
အအေးသောက်ချင်အအေးရောပါတယ်။ "
စုံစိနေအောင် ခင်းကျင်းထားတဲ့ထမင်းဝိုင်းကိုကြည့်ပီးသက်ပုံ ပြုံးချင်ချင်။
တက်ကြွနေတာများ ဖိုးသားကအစပဲ။
ချက်ထားတဲ့ဟင်းတွေက အမျိုးအရေတွက်သာ နည်းတာ။ ကြက်သားကြော်ဆိုရင် မန္တလေးထိ စားလို့ ရအောင် နှစ်ပိသာတောင်ကြော်ခဲ့သည်တဲ့။ ဂျီသားထောင်းကြော်ကလဲ ချိုင့်နဲ့ သုံးဆင့်။
"ရတယ်ဒေါ်လေး။ ကျွန်တော်တို့ နှစ်ယောက်ကို တစ်ပန်းကန်ပဲပေး။ "
ခရီးသွားတာမို့ အစုံပါပေမဲ့ ပန်းကန်ကတော့အများကြီးမယူခဲ့။ ကလေးတွေကတော့ ဖြစ်သလို ချိုင့်ဖုံးလေးတွေနဲ့ စားနေသည်မို့ ကောင်းချီသူတို့ အတွက် ပန်းကန်တချပ်သာတောင်းလိုက်သည်။
ဒေါ်လေးမြရင်ကသေချာ လက်ဆေးပီး
ကြက်သားကြော်ကထွက်တဲ့ ဆီနဲ့ ဆားအနည်းငယ်ထည့်ကာ နှယ်ပေးထားတဲ့ ထမင်းဆီဆမ်းဝါဝါလေးသည် စားချင်သဖွယ်အပြည့်။
ရေနွေးပူပူကို အရင်ငှဲ့ ထားကာ
ထမင်းဆီဆမ်းကို စကားတပြောပြောနဲ့
စားရသည့်အရသာသည်ဘာနဲ့ မှမတူ။
လှုင်းမူးတာကလဲ သက်ပုံအတော်ကြီးသက်သာသွားပီဖြစ်သည်။
နှစ်ယောက်အတူဆိုတာထပ် အမျိုးတွေ
နဲ့ နွေးထွေးစွာခရီးသွားရတဲ့ ခံစားချက်သည် သက်ပုံ ကို အတော်ကြီး သဘောကျစေ၏။
ကောင်းချီအမျိုးတို့ သည် သက်ပုံကို
သူစိမ်းတစ်ယောက်လို မထင်တော့ပုံပင်။
အကြည့်တို့ ကအစ ကိုယ်တူကိုယ်သားတစ်ယောက်လိုမို့ နေရထိုင်ရခက်ခဲတာမျိုးမရှိပေ။
"ဒေါ်လေးတို့ နဲ့ ခရီးသွားရတာပျော်စရာကြီး။ နောက်နှစ်တွေလဲ ခနခန ခုလိုခရီးသွားရအောင်"
"အမလေး သက်ပုံရယ်။ အဆင်းကိုဘီးတက်ပြန်ပီ။ မင်းညီ…ဖိုးသားကဒါမျိုးဆို
ညှိနေစရာတောင်မလိုဘူး။ မေးကြည့်မြရင်ကို ။ ခရီးတခါသွားဖို့ အရေး။
ညကလဲ တညလုံးအိပ်ခိုင်းလို့ မရဘူးတဲ့"
"အာ ဒေါ်လေးကလဲ။ ကျွန်တော် ပျော်လွန်းလို့ အိပ်မရတာပါဗျာ။ တခါမှခရီးမှမသွားဘူးတာ။ "
ဖိုးသားကပြုံးစိစိလေးဝင်ပြောပေးမဲ့
သက်ပုံမရယ်ရက်ပါ။ စိတ်မကောင်းသွားသည်ကြောင့်။
"အေးပါ။ နောက်နှစ်တွေစီးပွားရေးအဆင်ပြေရင် လိုက်ပို့ မှာပေါ့။ ဒေါ်လေးတို့
လဲ အသက်ကြီးနေပီ။ ဒူးတွေဘာတွေကောင်းတုန်း ။ ကျိုက်ထီးရိုးဘုရားဖူးလိုက်ပို့ ပေးမယ်။ ဟုတ်ပီလား"
"ဟေးး ။ ကိုသက်က အကောင်းဆုံးပဲ"
ဝမ်းသာအားရအသံတွေက မြသက်တို့
မောင်နှမအပြင် ကိုထက်မိန်းမလေးဆီကပါ ထွက်လာတာမို့ သက်ပုံပါရောရောင်
ရယ်မိလိုက်သည်။
"သက်ပုံ ထမင်းစား"
ပါးစပ်နားကပ်လာတဲ့ ထမင်းလုတ်ကို
ငုံ့ စားရင်းခပ်တိုးတိုးနားနားကပ်ကာခေါ်လိုက်သည်။
"ကောင်းချီ "
"ဗျာ"
ထူးရုံပဲထူးကာ ကြက်သားကြော်ကို စိတ်ဝင်တစား ငုံ့ ပီးဇွန်းနဲ့ ဖဲ့နေတာကြောင့် သက်ပုံ နှုတ်ခမ်းကိုကိုက်ပီးငြိမ်နေရသည်။
ဘေးတစောင်းမြင်နေရတဲ့ စိမ်းနေသော
နားထင်စပ်က ဖိကပ်နမ်းချင်စရာအတိ။
ယောကျာ်းတစ်ယောက်ကရုပ်ရည်ချောမောမူ့ ထပ် တခါတခါ ခုလိုရိပ်သင်ပီးခါစ
နားထင်စပ်လေးကပိုပီး စိတ်လှုပ်ရှားဖို့
ကောင်းမှန်း ဒီလို လူစုံတဲ့အချိန်မှသိစရာလား။
ဒုက္ခပဲ အပေါ့သွားချင်ပီ။
ယောကျာ်းလုပ်သူကကို အီစီကလီလုပ်ချင်တာတောင် လူတွေကအများကြီးရှိနေတာအပြင် ရှူးပါပေါက်ချင်နေသေးသည်။
"ကောင်းချီလို့ ။ "
"ဗျာ……ပြောလေသက်ပုံရာ နားထောင်နေတာကို"
"နားပဲမထောင်နဲ့ ဒီဖက်ကိုလှည့်"
စိတ်ဝင်စားနေတဲ့ ကြက်သားဖဲ့ခြင်းအလုပ်သည် သက်ပုံရဲ့ငြူစူသံလေးကြောင့်
ချက်ခြင်းရပ်သွားသည်။
"ကဲပြော…ချစ်တဲ့ သက်ပုံလေးဘာတွေအလိုမကျဖြစ်နေတာလဲ"
ဝိုင်းဖွဲ့ စားသောက်နေကြတဲ့ ထမင်းဝိုင်းမှာ တိုးတိုးတိတ်တိတ်ပြောနေကြတဲ့စကားတို့ ကိုမကြားမိဘူးဆိုရင်တောင်
မြင်တော့မြင်ရမှာပင်။
"ငါ ရှူးပေါက်ချင်လို့ အဲ့ဒါဘယ်လိုလုပ်ရမှာလဲ။ လုပ်ပါအုန်း"
အောင့်ထားတာကြာပီမို့ သက်ပုံမျက်နှာလေးရှုံ့ မဲ့နေ၏။
"ဟောဗျာ ။ ပြောတာမဟုတ်ဘူး။ လာလာ အိမ်သာလိုက်ပို့ ပေးမယ်။ "
"ဘယ်သွားရမှာလဲငါမသွားရဲဘူး"
"လာပါဗျာ ကြောက်စရာမှမဟုတ်တာ။
ရှပ်ပြေးနောက်မြှီးမှာ အိမ်သာပါတယ်။ လာ သွားရအောင်"
ပန်းကန်းကိုချကာလက်ကိုအတင်းလာဆွဲနေတာမို့ ဒေါ်လေးတို့ ကပါကြည့်လာ၏။
"အပေါ့အပါးဆိုတာ အောင့်ထားလို့ မကောင်းဘူး။ သွားသွား "
ဒေါ်လေးအေးကြည်အသံကြောင့် နှုတ်ခမ်းဆူပီး ထလိုက်ရသည်။
ရှက်စရာကောင်းလိုက်တာ ။
တိုးတိုးပြောတာတောင်ကြားကြသည်။
အခန်းဆိုတာ ဟိုတယ်တွေလိုမျိုးအိပ်ယာပါတဲ့အခန်းမဟုတ်။
မော်တော်ထိပ်ပိုင်းမှာ ထည့်ထားသည့်
ရိုးရိုးအခန်းလွတ်တခုမို့ မတ်တပ်တောင်ရပ်မရတဲ့ အမိုးနှိမ့်နှိမ့်နဲ့ နေရာတခုသာ။
အိပ်ရင်လဲ အကုန်စုပေါင်းထိကပ်အိပ်မှဆန့် သည်။
အောက်ဖက်မှာလဲ ခရီးသည်တွေထိုင်စီးလို့ ရအောင် ခုံတွေလုပ်ပေးထားသည်
မို့ ကိုထက်တို့ လင်မယားနဲ့ မြသက်
တို့ မောင်နှမက ထမင်းမစားခင်ကအဲ့ဒီမှာသွားထိုင်ကြသည်။
အခန်းကနေ ခြေချလိုက်တာနဲ့
ရှပ်ပြေးမော်တော်ရဲ့ ဘေးလျှောက်လမ်းလေးက ပေါ်ရောက်သည်။ အဲ့ဒီ သိပ်မကျယ်တဲ့ လျှောက်လမ်းလေးကနေ
နောက်ဖေး စက်မောင်းတဲ့နေရာထိ လမ်းသွားဖို့ ကို သက်ပုံမလုပ်ရဲ ။
"မသွားရဲဘူးကောင်းချီ"
"မကြောက်ရပါဘူးသက်ပုံရာ။
ကျွန်တော်ဘေးမှာရှိတယ်။ ရဲရဲသွား"
လူသွားလမ်းသာသာ လမ်းလေးကို လျှောက်ဖို့ သက်ပုံ သတ္တိမရှိ။
ကြောက်ရွံပေမဲ့ ခါးမှာ မြဲမြံစွာ ဆုပ်ကိုင်လာတဲ့ လက်တစုံကြောင့် အားတင်းပီး ဒူးတုန်စွာနေရာမှရွေ့ ရသည်။
အမြန်နဲ့ မောင်းနှင်နေတာကြောင့်
ရေအလျှင်သည် စီးဆင်းနေကာ
တချက်တချက် လာစင်လာတဲ့ ရေအေးအေးက ခြေဖမိုးမှာ နေရာလာယူသေးသည်။
တစ်ယောက်စာတောင် မနည်းသွားရတဲ့ လမ်းကျဉ်းလေးမှာ သက်ပုံက ရှေ့ ကနေတရွေ့ ရွေ့ သွားနေပီး ကောင်းချီက နောက်ကနေ ခေါင်မိုးလက်ရန်းကို လက်တဖက်နဲ့ ကိုင်ကာ ကျန်လက်တဖက်က သက်ပုံ ခါးကို ပြုတ်မကျသွားအောင် ဖက်ထားရသည်။
အနောက်ရောက်တော့ သက်ပုံ အတော်ကြီးဒူးတုန်နေလေပီ။
အပေါ့သွားဖို့ အိမ်သာထဲတောင် မနည့်ထည့်ပေးလိုက်ရသည်။
ကလေး ရှူးတည်ပေးသလိုခံစားချက်ကြောင့် ရင်ခုန်စိတ်လှုပ်ရှားမူ့ ကမရပ်တော့။
အပြုံးအရယ်နည်းပါးသော နှုတ်ခမ်းတစုံက အချစ်နဲ့ တွေ့ တော့ ဖြောင့်တန်းသွားတဲ့နှုတ်ခမ်းထောင့်ချိုးလေးက မူလနေရာသို့ ပြန်မရောက်ချင်တော့။
သူ တကယ်ကို သက်ပုံလေးကိုချစ်၏။
မြတ်နိုးစရာကောင်းတဲ့ အမျိုးသားက
ဘာလုပ်လုပ် ငေးမောကြည့်နေစရာကောင်းသူ။
ချစ်တဲ့အိမ်စည်။