စေလိုရာစေ...
(Unicode)
မှော်စက္ခ အိမ်မှာ သူရောက်နေတာ တစ်လရှိသွားပြီ။အခုချိန်ထိ ထွက်ပြေးဖို့ လမ်းစရှာခဲ့ပေမယ့် ဉာဏ်ပြေးတဲ့ လူဆိုးကောင်က သူ့အိမ်အတွင်းက လွဲလို့ အပြင်ကို ခြေတစ်လှမ်းရွေ့လို့မရ။
အိမ်ထဲမှာလည်း အခန်းပေါင်းမရေတွက်နိုင်အောင်ရှိသည့်အထဲက ထမင်းစားခန်း စာကြည့်ခန်းနဲ့ အိပ်ခန်းသာ ဝင်လို့ရသည်။ကျန်သည့် အခန်းတွေက မျက်နှာစကန်ဖတ် စနစ်နဲ့ ထိန်းချုပ်ထားသည်။
အိမ်က နေရာတော်တော်များများကို မှန်နဲ့သာ အလှဆင်ထားပြီး သူတို့အိပ်ခန်း မျက်နှာကြတ်ကလည်း လိုရင်လိုသလို မှန်အကြည်ပုံစံ ပြောင်းလဲနိုင်သည်။
ပြီးတော့ ထူးခြားတာက လေညှင်း ရောက်နေတဲ့နေရာက လူနေအိမ်ခြေမရှိတဲ့ တောအုပ်မကျတကျ နေရာတစ်ခု။အပြင်ဘက် ဝရန်တာ လေးကနေ ပတ်ဝန်းကျင်ကို ငေးကြည့်ရင် စိမ်းစိမ်းစိုစို သစ်ပင်ကြီးအချို့နဲ့ လေတိုက်တိုင်း ပါလာတဲ့ ပန်းအနံ့ စိမ်းရွေရွေလေးက စိတ်ကို အေးချမ်းစေသည်။သို့ပေမယ့် သူမအေးချမ်းနိုင်။
ဒီနေရာလေးက လေညှင်းရဲ့ စိတ်ကူးထဲက အိမ်လေးဖြစ်ပေမယ့် မချစ်မနှစ်သက်သူနဲ့ အတူတူနေရတဲ့ ဒုက္ခက ဝဋ်ခံနေရသလိုပဲ။
လေညှင်းမကြိုက်တဲ့ ခြိမ်းခြောက်စကားတွေ မလွန်ဆန်နိုင်ခဲ့တဲ့ အထိအတွေ့တွေ့ လူဆိုးကောင်အတွက် နိဗ္ဗာန် သူ့အတွက်ကတော့ အရှင်လတ်လတ်ကျတဲ့ ငရဲပဲ။တစ်လတိတိ အမေနဲ့ဦးလေးဆီက အဆက်သွယ်မရသလို လေညှင်းလည်း ဖုန်းမရှိတာကြောင့် ဆက်သွယ်လို့မရ။
အခုချိန်ဆို မေမေ သူ့ကို စိတ်ပူနေမလား ဒါမှမဟုတ် မိဘစကားနားမထောင်တဲ့ သားမိုက်ဆိုပြီး စိတ်နာနေပြီလား။မေမေ့ကို အကြောင်းစုံ ရှင်းပြချင်တယ်။အခုလောလောဆယ်တော့ မဖြစ်နိုင်သေးသည်မို့။
"အသေးလေး..အပြင်ခဏ ထွက်ခဲ့ဦး"
အခန်းအပြင်က လူဆိုးကောင်ရဲ့ ခေါ်သံကြားရပြီးနောက် လေညှင်း အခန်းအပြင် ထွက်လာတော့ လူဆိုးကောင်က ဘယ်ရောက်သွားလဲမသိ။
လူကိုခေါ်ပြီးတော့ ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့က လျောက်သွားေတာ အရိပ်တောင်မတွေ့ရတော့။ဒါ သူအရပ်ရှည်တိုင်း လူကို သက်သက်နှိမ်တာ။
လူဆိုးကောင်ကို လိုက်ရှာတာ
မတွေ့တဲ့အဆုံး နှစ်ဆယ့်လေးနာရီ သူ့ကို စောင့်ကြည့်ဖို့ တာဝန်ပေးထါးတဲ့ မိုးစက်ကိုပဲ မေးလိုက်သည်။
္"မိုးစက်..မင်းဆရာ ဘယ်ရောက်သွားလဲ..ငါ့ကိုခေါ်ပြီးတော့..လူက လှစ်ခနဲပျောက်သွားလို့"
"ပန်းရုံဘက် မှာပါ..အကိုလေး"
စိတ်ဆိုးတာတောင် ချစ်ဖို့ကောင်းနေတဲ့ အကိုလေးကို ဆရာတန်းတန်းစွဲသွားတာ မိုးစက် မအံ့ဩတော့။ လက်ချောင်းလေးတွေဆို ရှည်သွယ်သွယ်လေးနဲ့ လှလွန်းတာကြောင့် အကိုလေးက တကယ်လည်း နုနုရွရွ နဲ့ ယောက်ျားချင်းတောင် ငေးကြည့်ရတဲ့ အလှတရား ပိုင်ဆိုင်ထားသည်။
မိုးစက်ပြောတဲ့ ပန်းရုံလေးက အိမ်ရဲ့ဘေးဘက်မှာ အဆောင်သီးသန့်ထုတ်ထားပြီး အထဲဝင်သွားရင် တန်ဖိုးကြီး သစ်ခွမျိုးစိတ်တွေ အလှဆင်တဲ့ နွယ်ပင် စိမ်းစိမ်းလေးတွေ ကို နံရံကပ်စိုက်ပျိုးထားပြီး အလယ်မှာတော့ အပန်းဖြေ အနားယူလို့ရအောင် ကျောက်သားစားပွဲ အသေးလေးတစ်ခုနဲ့ သစ်သားထိုင်ခုံပုလေး နှစ်ခုံချထားသည်။
"ဆရာ!!"
လေညှင်း ပန်းရုံဘက်ခြမ်းရောက်တော့ ရင်းနှိးတဲ့ အသံကြားလိုက်တာနဲ့ မျက်လုံးက အလိုလို လိုက်ရှာမိပြီးသား။
"ဟင်!..မိနွယ်...ဒီကိုဘယ်လိုလုပ်"
"ဆရာရယ်...မတွေ့ရတာ တစ်လတောင်ရှိပြီ ဆရာသိလား..မိနွယ်မှာလေ..ဆရာ့ဆီက ဖုန်းလာမလားလို့ မျှော်လိုက်ရတာ..ဟော..မိနွယ်ဆက်တော့လည်း စက်ပိတ်ထားတယ်နဲ့..
ပြီးတော့..ရပ်ကွက်ထဲက ဆရာ့လူနာတွေကလည်း ဆေးခန်းမဖွင့်သေးဘူးလားဆိုပြီး..တမေးတည်းမေးနေတာ..တကယ်ပြောတာ..မိနွယ်..ဆရာ့ကို အခုလိုပြန်တွေ့လိုက်ရတာ..ဝမ်းသာမဆုံးဘူး.."
"ဟုတ်ပါပြီ..မိနွယ်ရယ်..ဖြည်းဖြည်းပြောပါ..ဒါနဲမိနွယ် ဒီကိုဘယ်လိုသိပြီး ရောက်လာတာလဲဆိုတာ ပြောဦး"
"ကျုပ်ခေါ်လာတာ!"
"ဘာ!!မင်း သူ့ကို ဘာလုပ်မလို့လဲ..ဟမ်..မိနွယ်က အသက် မပြည့်သေးတဲ့ ကလေးတစ်ယောက်နော်..မင်းမဟုတ်တာ လုပ်မယ်မကြံနဲ့..မှော်စက္ခ!"
"ဟား..ခင်ဗျားလေးက ကျုပ် တစ်ယောက်ယောက်ကို ခေါ်လာတာနဲ့..ကားတင်ပြေး အဟွာလုပ်ဖို့ပဲ ထင်နေသလား..ဟင်..စိတ်ချ..ကျုပ်က ခင်ဗျားတစ်ယောက်ကိုပဲ ရိုးမြေကျ လက်တွဲသွားမှာ..စိတ်မပူနဲ့"
"မှော်စက္ခ!!မင်း ကလေးအရှေ့မှာ..ပေါက်ကရတွေ မပြောစမ်းနဲ့..ငါမေးတာဖြေ..ငါ့အမေနဲ့ဦးလေး မဟုတ်ပဲ..မိနွယ်ကို ဘာလို့ ဒီခေါ်လာတာလဲ"
"ဒီလိုပါ..ဆရာရဲ့...အကိုစက္ခက မိနွယ်ကို အိမ်မှာ
အချက်အပြုတ် အိမ်မှုကိစ္စလုပ်ဖို့ ခေါ်လာတာပါ..ပြီးတော့ အကိုစက္ခက မိနွယ် မောင်လေးတွေကိုလည်း ကျောင်းစရိတ် နေရေးထိုင်ရေး ပညာသင်စရိတ်ကအစ တာဝန်ယူပေးထါး တယ်လေ..ဟီး..ဟီး..အဲ့ဒါကြောင့်"
အစကတော့ လူဆိူးကောင်ကို မိနွယ်ကိုေခါ်လာလို့ ဆူညံပူညံလုပ်မလို့ပဲ။အခုမိနွယ်က အဆင်ပြေပြီး ပျော်နေတာမြင်တော့ ထွက်လုနီးနီး ဒေါသက ကြက်ပျောက်ငှက်ပျောက်။မှော်စက္ခ
ဆေးခန်းမှာ လာပြီး ဆွဲလားရမ်းလားလုပ်တုန်းက တိုင်မယ့်တောမယ့် မိနွယ် ဘယ်ရောက်သွားပါလဲ။တော်တော် အပြောင်းလဲမြန်တဲ့ မိနွယ်ပါလေ။
"ဆရာ..ဒီနေ့ဘာစားချင်လဲ..မိနွယ်ဘာချက်ပေးရမလဲ..ကြိုက်တာပြောနော်..မိနွယ်က မြန်မာထမင်းဟင်း အကုန်ချက်တတ်တယ်"
"ရတယ်..မိနွယ်..အခုမှ ရောက်တာမလား..နားနားနေနေ နေလိုက်ဦး.."
"..စံအိမ်ထဲသာ ဝင်သွားလိုက်..အဲ့မှာ ငါ့တပည့်မိုးစက်..မင်းနေရမယ့်အခန်းနဲ့ အိမ်အတွင်းပိုင်း ကို လိုက်ပြပေးလိမ့်မယ်"
"ဟုတ်..ကိုလေး စက္ခ"
မိနွယ် အိမ်ထဲ ဝင်သွားတော့ လေညှင်း သဘောကျတဲ့ သစ်ခွပန်းလေးတွေကို တစ်ပင်ချင်း လိုက်ကြည့်မိသည်။အခုချိန် အရင်လို ဖုန်းသာ လက်ထဲရှိနေရင် ရူ့ထောင့်အမျိုးမျိုးကနေ မှတ်တမ်းတင်ထားမိမှာ။
လေညှင်းက သစ်ခွပန်းလေးတွေကို ငယ်ငယ်လေးကတည်းက နှစ်သက်ခဲ့သည်။
ဒါကြောင့်လည်း အိမ်က ပန်းခြံလေးမှာ သစ်ခွရောင်စုံလေးတွေကလွဲလို့ အခြားပန်းမျိုးစိတ်တွေ မရှိသလောက် ရှားသည်။
"သဘောကျလား"
"ဆိုပါတော့ ဒါနဲ့..ဒီမျိုးစိတ်တွေက တော်တော်တန်ဖိုးကြီးမှာပဲ..စိုက်ထားတာကြာပြီလား"
"ဝယ်ထားတာ"
"ဘယ်လို!.."
"ခင်ဗျား ကြိုက် မှန်းသိလို့..သစ်ခွခြံတစ်ခြံလုံး ဝယ်ရွေ့ထားတာ"
လေညှင်း သစ်ခွပန်းလေးတွေ သဘောကျတာ သူဘယ်လိုသိနေပါလိမ့်။
"ငါ..သစ်ခွပန်းတွေကို နှစ်သက်တယ်လို့..မင်းက ဘာကြောင့် တပ်အပ်ပြောနိုင်တာလဲ"
"အဟင်း..ကျုပ် အထောက်အထားမပြလည်း..အခု ခင်ဗျားမျက်လုံးထဲမှာ မြင်နေရတာပဲ..ဘယ်လိုသိလည်းဆိုတာ ပြောဖို့လိုသေးလို့လား"
ထို့နောက် ပန်းရုံလေးအလယ်က ခုံပုလေးမှာ ဝင်ထိုင်လိုက်တော့ မှော်စက္ခက လေညှင်းရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး ခုံပေါ်တင်ထားတဲ့ လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်လာသည်။
"ကျုပ် အသေးလေးကို သိပ်ချစ်တယ်..မဟုတ်ဘူး..ချစ်တယ်ဆိုတဲ့စကားထက် နက်ရှိုင်းတဲ့ စကားလုံးရှိသေးရင် ဒီဘယ်ဘက်ရင်အုံကို အပိုင်စားရထားတဲ့ ခင်ဗျားလေးကိုပဲ ပေးအပ်ချင်တာ..ခင်ဗျားသိလား..ကျုပ်က မိဘမဲ့...တစ်ခါစွန့်ပစ်ခံရဖူးတယ်..
.ဘယ်သူ့ကိုမှ မေတ္တာမထားဖူးသလို
ချစ်ခြင်းမေတ္တာကို
ဘယ်သူ့ဆီကမှ မတောင့်တခဲ့ဖူးဘူး..ဘာလို့လဲ..အစစအရာရာ ပြီးပြည့်စုံနေပြီဖြစ်တဲ့
ကျုပ်ဘဝမှာ ဒါတွေမလိုအပ်ခဲ့လို့..မလိုချင်ဘူး..ကိုယ်ချစ်တဲ့သူဆီက နောက်တစ်ကြိမ်စွန့်ပစ်ခံရမှာကို မလိုလားဘူး...
ဒါပေမယ့်..ခင်ဗျား..ခင်ဗျားလေးကိုတော့..ကျုပ်ပထမဆုံး မက်မောမိခဲ့တယ်...အသေးလေးက ကျုပ်ရဲ့ တစ်ခုတည်းသော အားနည်းချက်လေး..
...ပိုင်ဆိုင်ချင်တယ်..ထွေးပွေ့ချင်တယ်..ကာကွယ်စောင့်ရှောက်ပေးချင်တယ်.."
ငြိမ်ပြီး နားထောင်နေတဲ့ သူ့ရှေ့က အသေးလေးရဲ့ နဖူးပြေပြေလေးကို မြတ်နိုးစိတ်လေးနဲ့ အနမ်းခြွေဖို့ ကြံလိုက်တော့ ဒေါသအိုးလေးက ခေါင်းကိုစောင်း၍ ရှောင်တိမ်းသည်။
"ကျုပ်ကို နည်းနည်းလေးတောင် မချစ်ပေးနိုင်ဘူးလား.."
ငြင်းတယ်လည်းမဆို လက်ခံတဲ့အရိပ်ယောင်လည်း မပြသည့် အသေးလေးက ခေါင်းငုံ့ပြီး နူတ်ဆိတ်၍သာနေသည်။
"ပြော..ခင်ဗျားအချစ်ကို ရဖို့ ကျုပ်ဘာလုပ်ပေးရမလဲ..ဘယ်လိုနေပေးရမလဲ..ခင်ဗျားစိတ်ထဲရှိတဲ့အတိုင်း ပြောပြပေး..တစ်ခုပဲ..ခင်ဗျားအနားက ထွက်သွားဖို့ တောင်းဆိုတာကလွဲလို့..ကျန်တာအကုန် လိုက်လျောပေးမယ်"
"ဟင့်အင်း..ငါအာမ မခံနိုင်ဘူး..မင်း အသက်ကိုပေးမယ်ဆိုရင်တောင် ငါမင်းကို ချစ်လာမယ်မထင်ဘူး..မှော်စက္ခ.အချစ်ဆိုတာ ကိုယ်လိုသလို
ပုံသွင်းယူလို့ရမယ်ထင်နေရင်..မင်းမှားနေပြီ..မှော်စက္ခ..ငါ့နှလုံးသားက အဲ့ဒီလောက်စျေးမပေါဘူး"
"ကျုပ်ယုံတယ်..တနေ့ကျရင် ခင်ဗျားရဲ့စိတ်ေရာခန္ဓာပါ ကျုပ်ပဲ အပိုင်ရလိမ့်မယ်..အဲ့လိုဖြစ်လာအောင်လည်း ကျုပ် သက်သေပြမယ်..အသေးလေး"
နှစ်ယောက်သား အကြည့်ချင်းခဏဆုံပြီးနောက် မှော်စက္ခရဲ့ မြွေ တစ်ကောင်လို ညို့ငင်နိုင်စွမ်းတဲ့ အကြည့်စူးတွေကို ကြာကြာရင်မဆိုင်နိုင်လို့ ဦးဆုံးမျက်လွှာချရသည့်သူကလည်း လေညှင်းကိုယ်တိုင်ပါပဲ။
#Thanks for reading😍😘
Syringa
**************************************
ေစလိုရာေစ...
(Zawgyi)
ေမွာ္စကၡ အိမ္မွာ သူေရာက္ေနတာ တစ္လရွိသြားၿပီ။အခုခ်ိန္ထိ ထြက္ေျပးဖို႔ လမ္းစရွာခဲ့ေပမယ့္ ဉာဏ္ေျပးတဲ့ လူဆိုးေကာင္က သူ့အိမ္အတြင္းက လြဲလို႔ အျပင္ကို ေျခတစ္လွမ္းေရြ႕လို႔မရ။
အိမ္ထဲမွာလည္း အခန္းေပါင္းမေရတြက္ႏိုင္ေအာင္ရွိသည့္အထဲက ထမင္းစားခန္း စာၾကည့္ခန္းနဲ႔ အိပ္ခန္းသာ ဝင္လို႔ရသည္။က်န္သည့္ အခန္းေတြက မ်က္ႏွာစကန္ဖတ္ စနစ္နဲ႔ ထိန္းခ်ဳပ္ထားသည္။
အိမ္က ေနရာေတာ္ေတာ္မ်ားမ်ားကို မွန္နဲ႔သာ အလွဆင္ထားၿပီး သူတို႔အိပ္ခန္း မ်က္ႏွာၾကတ္ကလည္း လိုရင္လိုသလို မွန္အၾကည္ပုံစံ ေျပာင္းလဲႏိုင္သည္။
ၿပီးေတာ့ ထူးျခားတာက ေလညႇင္း ေရာက္ေနတဲ့ေနရာက လူေနအိမ္ေျခမရွိတဲ့ ေတာအုပ္မက်တက် ေနရာတစ္ခု။အျပင္ဘက္ ဝရန္တာ ေလးကေန ပတ္ဝန္းက်င္ကို ေငးၾကည့္ရင္ စိမ္းစိမ္းစိုစို သစ္ပင္ႀကီးအခ်ိဳ႕နဲ႔ ေလတိုက္တိုင္း ပါလာတဲ့ ပန္းအနံ႔ စိမ္းေရြေရြေလးက စိတ္ကို ေအးခ်မ္းေစသည္။သို႔ေပမယ့္ သူမေအးခ်မ္းႏိုင္။
ဒီေနရာေလးက ေလညႇင္းရဲ႕ စိတ္ကူးထဲက အိမ္ေလးျဖစ္ေပမယ့္ မခ်စ္မႏွစ္သက္သူနဲ႔ အတူတူေနရတဲ့ ဒုကၡက ဝဋ္ခံေနရသလိုပဲ။
ေလညႇင္းမႀကိဳက္တဲ့ ၿခိမ္းေျခာက္စကားေတြ မလြန္ဆန္ႏိုင္ခဲ့တဲ့ အထိအေတြ႕ေတြ႕ လူဆိုးေကာင္အတြက္ နိဗၺာန္ သူ့အတြက္ကေတာ့ အရွင္လတ္လတ္က်တဲ့ ငရဲပဲ။တစ္လတိတိ အေမနဲ႔ဦးေလးဆီက အဆက္သြယ္မရသလို ေလညႇင္းလည္း ဖုန္းမရွိတာေၾကာင့္ ဆက္သြယ္လို႔မရ။
အခုခ်ိန္ဆို ေမေမ သူ့ကို စိတ္ပူေနမလား ဒါမွမဟုတ္ မိဘစကားနားမေထာင္တဲ့ သားမိုက္ဆိုၿပီး စိတ္နာေနၿပီလား။ေမေမ့ကို အေၾကာင္းစုံ ရွင္းျပခ်င္တယ္။အခုေလာေလာဆယ္ေတာ့ မျဖစ္ႏိုင္ေသးသည္မို႔။
"အေသးေလး..အျပင္ခဏ ထြက္ခဲ့ဦး"
အခန္းအျပင္က လူဆိုးေကာင္ရဲ႕ ေခၚသံၾကားရၿပီးေနာက္ ေလညႇင္း အခန္းအျပင္ ထြက္လာေတာ့ လူဆိုးေကာင္က ဘယ္ေရာက္သြားလဲမသိ။
လူကိုေခၚၿပီးေတာ့ ေျခလွမ္းက်ဲႀကီးေတြနဲ႔ ေရွ႕က ေလ်ာက္သြားေတာ အရိပ္ေတာင္မေတြ႕ရေတာ့။ဒါ သူအရပ္ရွည္တိုင္း လူကို သက္သက္ႏွိမ္တာ။
လူဆိုးေကာင္ကို လိုက္ရွာတာ
မေတြ႕တဲ့အဆုံး ႏွစ္ဆယ့္ေလးနာရီ သူ့ကို ေစာင့္ၾကည့္ဖို႔ တာဝန္ေပးထါးတဲ့ မိုးစက္ကိုပဲ ေမးလိုက္သည္။
္"မိုးစက္..မင္းဆရာ ဘယ္ေရာက္သြားလဲ..ငါ႔ကိုေခၚၿပီးေတာ့..လူက လွစ္ခနဲေပ်ာက္သြားလို႔"
"ပန္း႐ုံဘက္ မွာပါ..အကိုေလး"
စိတ္ဆိုးတာေတာင္ ခ်စ္ဖို႔ေကာင္းေနတဲ့ အကိုေလးကို ဆရာတန္းတန္းစြဲသြားတာ မိုးစက္ မအံ့ဩေတာ့။ လက္ေခ်ာင္းေလးေတြဆို ရွည္သြယ္သြယ္ေလးနဲ႔ လွလြန္းတာေၾကာင့္ အကိုေလးက တကယ္လည္း ႏုႏုရြရြ နဲ႔ ေယာက္က်ားချင္းေတာင္ ေငးၾကည့္ရတဲ့ အလွတရား ပိုင္ဆိုင္ထားသည္။
မိုးစက္ေျပာတဲ့ ပန္း႐ုံေလးက အိမ္ရဲ႕ေဘးဘက္မွာ အေဆာင္သီးသန္႔ထုတ္ထားၿပီး အထဲဝင္သြားရင္ တန္ဖိုးႀကီး သစ္ခြမ်ိဳးစိတ္ေတြ အလွဆင္တဲ့ ႏြယ္ပင္ စိမ္းစိမ္းေလးေတြ ကို နံရံကပ္စိုက္ပ်ိဳးထားၿပီး အလယ္မွာေတာ့ အပန္းေျဖ အနားယူလို႔ရေအာင္ ေက်ာက္သားစားပြဲ အေသးေလးတစ္ခုနဲ႔ သစ္သားထိုင္ခုံပုေလး ႏွစ္ခုံခ်ထားသည္။
"ဆရာ!!"
ေလညႇင္း ပန္း႐ုံဘက္ျခမ္းေရာက္ေတာ့ ရင္းႏွိးတဲ့ အသံၾကားလိုက္တာနဲ႔ မ်က္လုံးက အလိုလို လိုက္ရွာမိၿပီးသား။
"ဟင္!..မိႏြယ္...ဒီကိုဘယ္လိုလုပ္"
"ဆရာရယ္...မေတြ႕ရတာ တစ္လေတာင္ရွိၿပီ ဆရာသိလား..မိႏြယ္မွာေလ..ဆရာ့ဆီက ဖုန္းလာမလားလို႔ ေမွ်ာ္လိုက္ရတာ..ေဟာ..မိႏြယ္ဆက္ေတာ့လည္း စက္ပိတ္ထားတယ္နဲ႔..
ၿပီးေတာ့..ရပ္ကြက္ထဲက ဆရာ့လူနာေတြကလည္း ေဆးခန္းမဖြင့္ေသးဘူးလားဆိုၿပီး..တေမးတည္းေမးေနတာ..တကယ္ေျပာတာ..မိႏြယ္..ဆရာ့ကို အခုလိုျပန္ေတြ႕လိုက္ရတာ..ဝမ္းသာမဆုံးဘူး.."
"ဟုတ္ပါၿပီ..မိႏြယ္ရယ္..ျဖည္းျဖည္းေျပာပါ..ဒါနဲမိႏြယ္ ဒီကိုဘယ္လိုသိၿပီး ေရာက္လာတာလဲဆိုတာ ေျပာဦး"
"က်ဳပ္ေခၚလာတာ!"
"ဘာ!!မင္း သူ့ကို ဘာလုပ္မလို႔လဲ..ဟမ္..မိႏြယ္က အသက္ မျပည့္ေသးတဲ့ ကေလးတစ္ေယာက္ေနာ္..မင္းမဟုတ္တာ လုပ္မယ္မႀကံနဲ႔..ေမွာ္စကၡ!"
"ဟား..ခင္ဗ်ားေလးက က်ဳပ္ တစ္ေယာက္ေယာက္ကို ေခၚလာတာနဲ႔..ကားတင္ေျပး အဟြာလုပ္ဖို႔ပဲ ထင္ေနသလား..ဟင္..စိတ္ခ်..က်ဳပ္က ခင္ဗ်ားတစ္ေယာက္ကိုပဲ ႐ိုးေျမက် လက္တြဲသြားမွာ..စိတ္မပူနဲ႔"
"ေမွာ္စကၡ!!မင္း ကေလးအေရွ႕မွာ..ေပါက္ကရေတြ မေျပာစမ္းနဲ႔..ငါေမးတာေျဖ..ငါ႔အေမနဲ႔ဦးေလး မဟုတ္ပဲ..မိႏြယ္ကို ဘာလို႔ ဒီေခၚလာတာလဲ"
"ဒီလိုပါ..ဆရာရဲ႕...အကိုစကၡက မိႏြယ္ကို အိမ္မွာ
အခ်က္အျပဳတ္ အိမ္မႈကိစၥလုပ္ဖို႔ ေခၚလာတာပါ..ၿပီးေတာ့ အကိုစကၡက မိႏြယ္ ေမာင္ေလးေတြကိုလည္း ေက်ာင္းစရိတ္ ေနေရးထိုင္ေရး ပညာသင္စရိတ္ကအစ တာဝန္ယူေပးထါး တယ္ေလ..ဟီး..ဟီး..အဲ့ဒါေၾကာင့္"
အစကေတာ့ လူဆိူးေကာင္ကို မိႏြယ္ေကိုခၚလာလို႔ ဆူညံပူညံလုပ္မလို႔ပဲ။အခုမိႏြယ္က အဆင္ေျပၿပီး ေပ်ာ္ေနတာျမင္ေတာ့ ထြက္လုနီးနီး ေဒါသက ၾကက္ေပ်ာက္ငွက္ေပ်ာက္။ေမွာ္စကၡ
ေဆးခန္းမွာ လာၿပီး ဆြဲလားရမ္းလားလုပ္တုန္းက တိုင္မယ့္ေတာမယ့္ မိႏြယ္ ဘယ္ေရာက္သြားပါလဲ။ေတာ္ေတာ္ အေျပာင္းလဲျမန္တဲ့ မိႏြယ္ပါေလ။
"ဆရာ..ဒီေန႔ဘာစားခ်င္လဲ..မိႏြယ္ဘာခ်က္ေပးရမလဲ..ႀကိဳက္တာေျပာေနာ္..မိႏြယ္က ျမန္မာထမင္းဟင္း အကုန္ခ်က္တတ္တယ္"
"ရတယ္..မိႏြယ္..အခုမွ ေရာက္တာမလား..နားနားေနေန ေနလိုက္ဦး.."
"..စံအိမ္ထဲသာ ဝင္သြားလိုက္..အဲ့မွာ ငါ႔တပည့္မိုးစက္..မင္းေနရမယ့္အခန္းနဲ႔ အိမ္အတြင္းပိုင္း ကို လိုက္ျပေပးလိမ့္မယ္"
"ဟုတ္..ကိုေလး စကၡ"
မိႏြယ္ အိမ္ထဲ ဝင္သြားေတာ့ ေလညႇင္း သေဘာက်တဲ့ သစ္ခြပန္းေလးေတြကို တစ္ပင္ခ်င္း လိုက္ၾကည့္မိသည္။အခုခ်ိန္ အရင္လို ဖုန္းသာ လက္ထဲရွိေနရင္ ႐ူ့ေထာင့္အမ်ိဳးမ်ိဳးကေန မွတ္တမ္းတင္ထားမိမွာ။
ေလညႇင္းက သစ္ခြပန္းေလးေတြကို ငယ္ငယ္ေလးကတည္းက ႏွစ္သက္ခဲ့သည္။
ဒါေၾကာင့္လည္း အိမ္က ပန္းၿခံေလးမွာ သစ္ခြေရာင္စုံေလးေတြကလြဲလို႔ အျခားပန္းမ်ိဳးစိတ္ေတြ မရွိသေလာက္ ရွားသည္။
"သေဘာက်လား"
"ဆိုပါေတာ့ ဒါနဲ႔..ဒီမ်ိဳးစိတ္ေတြက ေတာ္ေတာ္တန္ဖိုးႀကီးမွာပဲ..စိုက္ထားတာၾကာၿပီလား"
"ဝယ္ထားတာ"
"ဘယ္လို!.."
"ခင္ဗ်ား ႀကိဳက္ မွန္းသိလို႔..သစ္ခြၿခံတစ္ၿခံလုံး ဝယ္ေရြ႕ထားတာ"
ေလညႇင္း သစ္ခြပန္းေလးေတြ သေဘာက်တာ သူဘယ္လိုသိေနပါလိမ့္။
"ငါ..သစ္ခြပန္းေတြကို ႏွစ္သက္တယ္လို႔..မင္းက ဘာေၾကာင့္ တပ္အပ္ေျပာႏိုင္တာလဲ"
"အဟင္း..က်ဳပ္ အေထာက္အထားမျပလည္း..အခု ခင္ဗ်ားမ်က္လုံးထဲမွာ ျမင္ေနရတာပဲ..ဘယ္လိုသိလည္းဆိုတာ ေျပာဖို႔လိုေသးလို႔လား"
ထို႔ေနာက္ ပန္း႐ုံေလးအလယ္က ခုံပုေလးမွာ ဝင္ထိုင္လိုက္ေတာ့ ေမွာ္စကၡက ေလညႇင္းေရွ႕မွာ ဒူးေထာက္ထိုင္လိုက္ၿပီး ခုံေပၚတင္ထားတဲ့ လက္ဖဝါးႏွစ္ဖက္ကို ဆုပ္ကိုင္လာသည္။
"က်ဳပ္ အေသးေလးကို သိပ္ခ်စ္တယ္..မဟုတ္ဘူး..ခ်စ္တယ္ဆိုတဲ့စကားထက္ နက္ရႈိင္းတဲ့ စကားလုံးရွိေသးရင္ ဒီဘယ္ဘက္ရင္အုံကို အပိုင္စားရထားတဲ့ ခင္ဗ်ားေလးကိုပဲ ေပးအပ္ခ်င္တာ..ခင္ဗ်ားသိလား..က်ဳပ္က မိဘမဲ့...တစ္ခါစြန္႔ပစ္ခံရဖူးတယ္..
.ဘယ္သူ့ကိုမွ ေမတၱာမထားဖူးသလို
ခ်စ္ျခင္းေမတၱာကို
ဘယ္သူ့ဆီကမွ မေတာင့္တခဲ့ဖူးဘူး..ဘာလို႔လဲ..အစစအရာရာ ၿပီးျပည့္စုံေနၿပီျဖစ္တဲ့
က်ဳပ္ဘဝမွာ ဒါေတြမလိုအပ္ခဲ့လို႔..မလိုခ်င္ဘူး..ကိုယ္ခ်စ္တဲ့သူဆီက ေနာက္တစ္ႀကိမ္စြန္႔ပစ္ခံရမွာကို မလိုလားဘူး...
ဒါေပမယ့္..ခင္ဗ်ား..ခင္ဗ်ားေလးကိုေတာ့..က်ဳပ္ပထမဆုံး မက္ေမာမိခဲ့တယ္...အေသးေလးက က်ဳပ္ရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ေလး..
...ပိုင္ဆိုင္ခ်င္တယ္..ေထြးေပြ႕ခ်င္တယ္..ကာကြယ္ေစာင့္ေရွာက္ေပးခ်င္တယ္.."
ၿငိမ္ၿပီး နားေထာင္ေနတဲ့ သူ့ေရွ႕က အေသးေလးရဲ႕ နဖူးေျပေျပေလးကို ျမတ္ႏိုးစိတ္ေလးနဲ႔ အနမ္းေႁခြဖို႔ ႀကံလိုက္ေတာ့ ေဒါသအိုးေလးက ေခါင္းကိုေစာင္း၍ ေရွာင္တိမ္းသည္။
"က်ဳပ္ကို နည္းနည္းေလးေတာင္ မခ်စ္ေပးႏိုင္ဘူးလား.."
ျငင္းတယ္လည္းမဆို လက္ခံတဲ့အရိပ္ေယာင္လည္း မျပသည့္ အေသးေလးက ေခါင္းငုံ႔ၿပီး ႏူတ္ဆိတ္၍သာေနသည္။
"ေျပာ..ခင္ဗ်ားအခ်စ္ကို ရဖို႔ က်ဳပ္ဘာလုပ္ေပးရမလဲ..ဘယ္လိုေနေပးရမလဲ..ခင္ဗ်ားစိတ္ထဲရွိတဲ့အတိုင္း ေျပာျပေပး..တစ္ခုပဲ..ခင္ဗ်ားအနားက ထြက္သြားဖို႔ ေတာင္းဆိုတာကလြဲလို႔..က်န္တာအကုန္ လိုက္ေလ်ာေပးမယ္"
"ဟင့္အင္း..ငါအာမ မခံႏိုင္ဘူး..မင္း အသက္ကိုေပးမယ္ဆိုရင္ေတာင္ ငါမင္းကို ခ်စ္လာမယ္မထင္ဘူး..ေမွာ္စကၡ.အခ်စ္ဆိုတာ ကိုယ္လိုသလို
ပုံသြင္းယူလို႔ရမယ္ထင္ေနရင္..မင္းမွားေနၿပီ..ေမွာ္စကၡ..ငါ႔ႏွလုံးသားက အဲ့ဒီေလာက္ေစ်းမေပါဘူး"
"က်ဳပ္ယုံတယ္..တေန႔က်ရင္ ခင္ဗ်ားရဲ႕ေစိတ္ရာခႏၶာပါ က်ဳပ္ပဲ အပိုင္ရလိမ့္မယ္..အဲ့လိုျဖစ္လာေအာင္လည္း က်ဳပ္ သက္ေသျပမယ္..အေသးေလး"
ႏွစ္ေယာက္သား အၾကည့္ခ်င္းခဏဆုံၿပီးေနာက္ ေမွာ္စကၡရဲ႕ ေႁမြ တစ္ေကာင္လို ညိဳ႕ငင္ႏိုင္စြမ္းတဲ့ အၾကည့္စူးေတြကို ၾကာၾကာရင္မဆိုင္ႏိုင္လို႔ ဦးဆုံးမ်က္လႊာခ်ရသည့္သူကလည္း ေလညႇင္းကိုယ္တိုင္ပါပဲ။
#Thanks for reading😍😘
Syringa
**************************************