Flying Gulls Never Land [ဘာသာ...

By noya_shimizu

542K 71.4K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... More

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
23.2
Stay Safe
24
25
26
27 - LADY JUSTICE
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?
39- I CAN WIN ANYWAYS
40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
53 - THE MARTYR [NSFW⚠️]
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
59- I'LL THINK ABOUT IT
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

28- DO ME A FAVOR

4.6K 887 91
By noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

CH28 - DO ME A FAVOR

ဖြစ်စဥ်ဖြစ်ပွားရာနေရာတစ်ခုလုံးကား ဟစ်အော်သံ ၊ ငိုကြွေးသံတို့ဖြင့် ပဲ့တင်ခတ်ကာ ပရမ်းပတာအခြေအနေမျိုးပင် ။ ထို့ပြင် လုံ့လဝီရိယရှိလှသော သတင်းသမားတို့၏  ဓာတ်ပုံရိုက်သံတဖျတ်ဖျတ်ကလည်း မရပ်မနားအဆက်မပြတ်ထွက်ပေါ်လာလျက် ။

"မင်း..မင်းတို့ အဆင်ပြေရဲ့လား ? "

မလှမ်းမကမ်းတစ်နေရာမှနေ၍ မော့ချိုးကလှမ်းပြောလိုက်ခြင်း ။ အလျင်စလိုပြေးလာရသောမော့ချိုးမှာ အသားအရောင်ဖြူဖတ်ဖြူရောင်ဖြစ်နေရုံသာမက မျက်ဝန်းအစုံတို့မှာလည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေလျက် ။

"ကျွန်တော်တို့အဆင်ပြေပါတယ်...အာ့"

အမြန်ခြေကုန်သုတ်ပြေးလာရခြင်းကြောင့်ပေလား သို့မဟုတ် ဖြစ်ပျက်ခဲ့သည့်အရာများကပင် သူ့ကိုမနှစ်မြို့ဖြစ်စေခြင်းကြောင့်လားတော့မသိ ။ ရိတကျွမ့်မှာ စကားပြောနေရင်းပင် အော့အန်ချင်သလိုဖြစ်လာတော့သည် ။ သို့သည့်တိုင် ရိတကျွမ့်က မော့ချိုးအား လက်ဝှေ့ယမ်းပြကာ သူအဆင်ပြေကြောင်း ၊ ဤသည်မှာကိစ္စကြီးမဟုတ်ကြောင်း အချက်ပြနေသေးသည် ။

"ဘာတွေ ဖြစ်ကုန်ကြတာလဲ ? "

တစတစပြန်လည်စုဝေးလာပြီဖြစ်သော လှေကားထစ်များပေါ်ရှိ လူအုပ်ကြီးကို အားစိုက်ကြည့်ရင်း မော့ချိုးက မေးလာတော့သည် ။

လုဖုန်းအနေနှင့်လည်း ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာများကို နားလည်သဘောပေါက်လိုလှသည် ။

လုဖုန်း သူ့နောက်ကျောဘက်ရှိ မြင်ကွင်းကိုကြည့်ရန် ကိုယ်ကိုလှည့်လိုက်သည် ။ အချိန်ခဏတာမျှသာရှိသေးသည် ။ ရှန့်မင်အော်ကား ယခင် လုဖုန်းတွေ့မြင်ခဲ့သောနေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ ။ လုဖုန်းမတ်တပ်ရပ်ကာ ဟိုဟိုသည်သည်ရှာနေမိ၏ ။ နောက်ဆုံး အတော်အတန်ဝေးကွာလှသောထောင့်တစ်နေရာတွင် တိုးဝင်ပျောက်ကွယ်သွားတော့မည့် ရှန့်မင်အော်၏နောက်ကျောဘက်ကို မြင်လိုက်ရသည့်အချိန်အထိ ။

"ဒီမှာခဏစောင့်ကြဦး ငါကိစ္စတစ်ချို့..သွားဖြေရှင်းလိုက်ဦးမယ် "

လုဖုန်း ရိတကျွမ့်နှင့်မော့ချိုးတို့နှစ်ယောက်ကို နောက်ချန်ထားခဲ့ကာ အလျင်အမြန်ပင် ရှန့်မင်အော်နောက်သို့ ပြေးလိုက်ရတော့သည်။

လုဖုန်း ထိုထောင့်နေရာကို ချိုးကွေ့လိုက်သောအခါ လုဖုန်းရှေ့တွင်ရှိနေသည်ကား တရားရုံးကားပါကင်ပင် ။ လုဖုန်းပြေးသွားချိန်တွင်  ရှန့််မင်အော်မှာ ကားထဲရောက်နှင့်နေပြီးသားဖြစ်လေ၏ ။ ကားလီဗာနင်းရန် စက္ကန့်ပိုင်းအလိုဟု ပြောလျှင်လည်းမမှား ။

လုဖုန်း ရှန့်မင်အော်ထွက်သွားမည်ကို တားနိုင်မည် , မတားနိုင်မည်က မသေချာ ။ ထို့ကြောင့် များများစားစားမတွေးတော့ဘဲ ကားရှေ့သာပစ်ဝင်ကာ လမ်းကိုပိတ်ရပ်ထားလိုက်တော့သည် ။
သူ့ကိုမြင်သွားသော ရှန့်မင်အော်က ကားစက်သတ်မည့်ဟန်မပြ ၊ သို့သော် သူ့ကို ကားနှင့်တော့မတိုက်ခဲ့ပေ ။

ကားမောင်းသူထိုင်ရာဘက်ခြမ်းသို့ပြေးသွားရင်း မှန်ပြတင်းကိုချပေးရန် ရှန့်မင်အော်အား လက်ဟန်​ခြေဟန်ပြလိုက်သည် ။ အမောတကောပြေးလာရသောကြောင့် ဟောဟဲလိုက်နေသည်တော့အမှန် ။

ခဏတာမျှကြာသောအခါ အနက်ရောင်ကားမှန်က အောက်သို့နိမ့်ဆင်းလာပြီး ရှန့်မင်အော်၏ချောမောလှသောရုပ်ရည်က ထွက်ပေါ်လာတော့သည် ။

"ဘာလိုချင်လို့လဲ ?"

လုဖုန်း ကားမှန်ပြတင်းပေါက်များထက် တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ကာ အသက်ကိုဝဝရှူလျက် ရှန့်မင်အော်ကို မေးလိုက်တော့သည် ။

"အကို ဘာတွေလုပ်ခဲ့တာလဲ ?"

ရှန့်မင်အော်က မျက်ခုံးတစ်ဖက်ပင့်ပြ၏ ။ မသိလျှင် လုဖုန်းပြောရန်ကြိုးစားနေသည့်အရာကို သူနားမလည်သည့်အတိုင်းပင် ။

ခံပြင်းခြင်း ၊ အားမလိုအားမရဖြစ်ခြင်းလှိုင်းတံပိုးတို့ကား လုဖုန်းရင်ထဲ တလိမ့်လိမ့်လှိုက်တက်လာခဲ့၏ ။ ထို့ပြင် သူ့အနေနှင့် ဝေ့လည်ကြောင်ပတ်လုပ်ချင်စိတ်လည်း ရှိမနေလေရာ ပြတ်ပြတ်သားသားပွင့်ပွင့်လင်းလင်းပင် မေးချလိုက်တော့သည် ။

"အရင်ရုံးချိန်းတုန်းက အကို အဲ့အမျိုးသမီးကိုဘာပြောလိုက်တာလဲ?"

ရှန့်မင်အော်ကား လုဖုန်းစကားကိုနားထောင်နေရင်းပင် ကားစတီယာရင်ပေါ် လက်ညှိုးဖြင့် စည်းချက်ကျကျ အသာပုတ်၏ ။ တစ်နည်းအားဖြင့် သူ၏စိတ်ရှည်သည်းခံမှုအတိုင်းအတာကို ဖော်ပြနေခြင်း ။ လက်ချောင်းများဖြင့် စည်းချက်လိုက်ခြင်းများလာလေလေ ကိုယ်တွင်းကျန်ရှိနေသော စိတ်ရှည်သည်းခံမှုက ပိုပိုနည်းလာလေလေပင် ။

"အမျိုးသမီး?"

ရှန့်မင်အော်၏အပြစ်ကင်းဟန် သရုပ်ဆောင်မှုမျိုးကို လုဖုန်းအရင်က မတွေ့မြင်ဖူးခဲ့လျှင် ယခု ရှန့်မင်အော်​ကို လုဖုန်းယုံချင်ယုံမိလိမ့်မည်။

လုဖုန်း တရားရုံးအဝင်ဝဘက်ကို ညွှန်ပြကာ ပြောမိသည် ။အသံကျယ်၍ကျယ်သွားမှန်းမသိအောင် မိမိကိုယ်တိုင်တောင် ထိန်းမထားနိုင်တော့ ။

"ရှေ့က ကြမ်းပြင်ပေါ်မှာလဲနေတဲ့အမျိုးသမီး ၊ အင်္ကျီအနက်ရောင်ဝတ်ထားတဲ့အမျိုးသမီး ၊ လွန်ခဲ့တဲ့ရုံးချိန်းသုံးခေါက်စလုံး အဲ့အမျိုးသမီးရောက်လာတယ် ၊ ပြီးတော့ တရားခွင်ခဏနားတဲ့အချိန်မှာ အဲ့အမျိုးသမီးက အကိုနဲ့အတူ ဆေးလိပ်သောက်နေတာလေ ၊ အကိုမမှတ်မိဘူးလို့ ကျွန်တော့်ကိုမပြောနဲ့! "

လုဖုန်း ဒေါသထွက်နေသည် တစ်ချိန်တည်းမှာပင် ကြောက်ရွံထိတ်လန့်မှုကိုပါ ခံစားနေရ၏ ။
ယခု လုဖုန်းခံစားနေရသော ခံစားချက်အလုံးစုံသည် မကြာသောအချိန်ကမှဖြစ်သွားသော ထိတ်လန့်ဖွယ်အဖြစ်အပျက်နှင့် အနည်းငယ်မျှသာ သက်ဆိုင်နေသည်ဟုဆိုလျှင်မမှား ။

လောကျန်းယွင် သေသေမသေသေ ၊ မည်သို့ပင် သေသေ ၊ မည်သည့်အချိန်တွင်ပင် သေသေ လုဖုန်းစိတ်မဝင်စား ။ တရားမျှတမှုက အနိုင်ရချင်နေ မရချင်နေ ၊ ဤလူ့ဘောင်လောက,က တရားမျှတပါစေ မမျှတပါစေ လုဖုန်းဂရုမစိုက် ။

လုဖုန်းဂရုစိုက်သောအရာသည် ဤကိစ္စတွင် ရှန့်မင်အော်ပါဝင်ပတ်သက်နေသလား မပတ်သက်နေသလားဆိုသည်ကိုပင် ။

လုဖုန်း မည်သို့ပင်စဥ်းစားပါစေ ၊ နားမလည်နိုင် ။ တရားမျှတမှုအတွက်ပေလား သို့တည်းမဟုတ် လုဖုန်းအား ကာကွယ်ရန်အတွက်ပေလား ? မည်သို့သောအကြောင်းပြချက်မျိုးကိုလုဖုန်းတွေးတွေး အားလုံးသည်မဖြစ်နိုင်သော ရယ်စရာကောင်းသောအရာများပင် ။

"oh"

လုဖုန်းဆီမှ သတိပေးခံလိုက်ရပြီးနောက် ရှန့်မင်အော်မှာလွန်ခဲ့သောအဖြစ်အပျက်တို့ကို ပြန်လည်အမှတ်ရသွားပုံပင် ။

"အရင်တစ်ခေါက်တုန်းက ငါတို့ ဒီတိုင်း ဆေးလိပ်အတူသောက်ခဲ့ရုံပဲ ၊ ပြီးတော့ စကားအလဲအလှယ်လေးနည်းနည်းလုပ်ခဲ့တာ "

ထိုခဏချက်ချင်းမှာပဲ လုဖုန်း၏နှလုံးသားက လည်ချောင်းထဲသို့ ဆန်တက်လာသကဲ့သို့ ခံစားလိုက်ရ၏ ။

"အကို အဲ့အမျိုးသမီးကို ဘာတွေပြောလိုက်တာလဲ ?"

ရှန့်မင်အော်၏မျက်ဝန်းများကား အနက်ရောင်တို့ရပ်နားခိုဝင်နေသည့်နှယ် ပိန်းပိတ်နက်မှောင်လျက် ။ အချိန်အတော်ကြာတိတ်ဆိတ်နေကာ လုဖုန်းအား စိုက်ကြည့်နေခဲ့ပါ၏ ။

ထိုကဲ့သို့သော တိတ်ဆိတ်ငြိမ်သက်မှုမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အခါ လုဖုန်း၏ခံစားချက်များမှာ ပို၍ပင် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏ ။

"အကို ဘယ်လိုစောက်စကားတွေသွားပြောလိုက်တာလဲ?"

လုဖုန်း သည်းခံနိုင်စွမ်းမရှိတော့ ။ ကားတံခါးကို လက်ဖြင့်ရိုက်ကာ ထပ်မံမေးခွန်းထုတ်မိသည် ။ ကြံရာမရဖြစ်ခြင်းအငွေ့အသက်တို့သည် သူ၏အသံတွင် အဖျားခတ်လျက် ။

"အမှန်တရား"

ရှန့်မင်အော်က ထိုစကားစုကိုသာ တုံ့ပြန်ပြောဆိုလာခဲ့၏ ။

လုဖုန်း ခေတ္တမျှကြက်သေသေသွားခဲ့သည် ။ ရှန့်မင်အော်၏စကားကို တုံ့ပြန်ဖို့ရာစကားလုံးများကို ရုန်းကန်ရှာဖွေနေခဲ့လျက် ။

"အကို တမင်ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ "

လုဖုန်း၏စိတ်ခံစားချက်အလုံးစုံသည် ပရမ်းပတာအုတ်အော်သောင်းနင်းဖြစ်လျက် ။ ပထမ ဝင်ပေါက်နားတွင်လဲကျနေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက သူ့အမြင်အာရုံထဲထင်ဟပ်သည် ။ ထို့နောက်တွင်ကား သူလွန်ခဲ့သော၁၀နှစ်ကသတ်ခဲ့မိသော ချီးယန် ။

"အကိုက အဲ့လိုအရာတွေမှာ အမြဲတော်နေတာလေ"

အခြားသူများကို သူ့အတွက် မသန့်ရှင်းသောအလုပ်များကို လုပ်စေခြင်း၌လည်းကောင်း ၊ အခြားသူများကို စကားများဖြင့်လှည့်ဖျားခြင်း၌လည်းကောင်း ရှန့်မင်အော်က ထူးကဲသာလွန်သောအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားတတ်၏ ။ လွန်ခဲ့သော၁၀နှစ်က လုဖုန်းသိသိရက်နှင့်ပင် တမင်လိုလိုလားလားလုပ်ပေးခဲ့ခြင်းကို အသာထား ။ ယနေ့ဖြစ်ရပ်၏နောက်ကွယ်မှ အကြောင်းပြချက်ကား မည်သည်နည်း ?  ရှန့်မင်အော်ကိုပင် အခြားတစ်ဖက်သို့ရောက်သွားရလေအောင် လောကျန်းယွင် ဘာလုပ်ခဲ့သနည်း ?

ကားစတီယာရင်ပေါ်ရိုက်ခတ်နေသော ရှန့်မင်အော်၏လက်ညှိုးထံမှ လှုပ်ရှားမှုတို့ရပ်တန့်သွား၏ ။ အကြည့်တို့မှာ တဖြည်းဖြည်းအေးစက်လာနေခဲ့သည့်အပြင် နှုတ်ခမ်းထောင့်စွန်းတို့ကလည်း ပြက်ရယ်ပြုဟန် အထက်သို့ တွန့်ကွေး၏ ။

နှလုံးသားအစုံပြုတ်ကျသွားသကဲ့သို့ လုဖုန်းခံစားလိုက်ရသည် ။

"မင်းပြောတာမှန်တယ် ၊ ငါကအဲ့လိုအရာတွေမှာ တော်တယ်လေ ၊ အရင်ကပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် အပြစ်အနာအဆာမရှိအောင် လုပ်နိုင်ခဲ့တယ်"

ရှန့်မင်အော်က ရက်ရက်ရောရောပင် ဝန်ခံလာခဲ့၏ ။

"မကောင်းမှုတွေကျူးလွန်တာက ငါ့ကိုတစ်ခြားအရာတွေနဲ့မတူအောင်ကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးတယ်ဆိုတာရောပေါ့ "

လုဖုန်း အမှတ်တမဲ့ပင် ကားပြတင်းဘောင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည် ။ ရှန့်မင်အော်၏စကားလုံးများက လုဖုန်းအား စိတ်ရှုပ်ထွေးလမ်းပျောက်စေသည် ။ တစ်ချိန်တည်းမှာပင် ရှန့်မင်အော်၏စကားများသည် အမှန်တကယ်နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှလာခဲ့ခြင်းလား သို့တည်းမဟုတ် လုဖုန်းကိုတမင်တိုက်ခိုက်ချင်၍သာ ပြောနေခြင်းလားကိုလည်း သိရှိနိုင်ဖို့ရန် လုဖုန်းရုန်းကန်နေရသေးသည် ။

"အဖေမဆုံးခင်တုန်းက အကို့ကိုလာပြောခဲ့သလဲဆိုတာ အကိုမှတ်မိသေးလား ? အကိုက အရမ်းကောင်းတဲ့လူတစ်ယောက်ဖြစ်လာမှာလို့ အဖေပြောခဲ့တာလေ ၊ အကိုမှတ်မိလား ?

လုဖုန်း မိမိကိုယ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ရှန့်မင်အော်၏တံတောင်ဆစ်ကိုပါ ဆွဲယူလိုက်မိသည် ။

ခံစားချက်အစွန်းအထင်းတို့ကိုပယ်ဖျက်လိုက်သောကြောင့်လားမသိ ။ ရှန့်မင်မျက်နှာထက်ရှိ အမူအရာတို့မှာ တဖြည်းဖြည်းလွင့်စင်ကုန်၏ ။ ထို့ပြင် စကားတစ်ခွန်းထပ်မဆိုတော့ဘဲ လုဖုန်းကိုသာ စိုက်ကြည့်လာတော့သည် ။

ထိုအခိုက်အတန့်တွင် လုဖုန်း၏အဖေဖြစ်သူအကြောင်းထည့်ပြောလိုက်ခြင်းကား နည်းလမ်းကောင်းတစ်ခုပေ ။ သို့သော် တစ်ခါတရံ ပြောင်းပြန်အကျိုးသက်ရောက်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်၏ ။ ရှန့်မင်အော်၏ဖြစ်တည်မှုသည် အနာရောဂါများကိုကုသပေးနိုင်သော ဆေးတစ်စက်နှင့် တူပေ၏ ။ သို့သော် တစ်ချိန်တည်းမှာပင် လုဖုန်းတို့၏နှလုံးသားဝယ် ထင်ကျန်ရစ်သော အမာရွတ်ဟောင်းနှင့်လည်း အလားသဏ္ဍာန်တူနေပေသေး၏ ။

ရှန့်မင်အော်၏ကားထံမှ ထိတ်လန့်ဖွယ် ဟိန်းဟောက်သံက ထွက်ပေါ်လာ၏ ။ ဘေးကရပ်ကြည့်နေသူတို့ကို ဟိန်းဟောက်မာန်ဖီသော သားရဲတိရစ္ဆာန်တစ်ကောင်အလား ။

"သွားခွင့်ပြုဦး "

ရှန့်မင်အော်က လုဖုန်းလက်ကို ဖယ်ရှားကာ ထွက်သွားဖို့ပြင်၏ ။ စိတ်ရှည်ခြင်းတရားတို့ ကုန်စင်သွားဟန် ။ ဤကိစ္စကို လုဖုန်းနှင့် ဆက်လက်ဆွေးနွေးလိုခြင်းမရှိတော့ဟန် ။

လုဖုန်းလက်သီးကိုမြှောက်ကာ ပြတင်းပေါက်ဘောင်ဆီသို့ ဦးတည်ထုရိုက်လိုက်သည် ။ ထုံကျင်မှုက လက်တစ်လျှောက်ပျံ့နှံ့လျက် ။ တစ်ချိန်တည်းမှာပင် မသိစိတ်၏စေ့ဆော်မှုအရ ခြေနှစ်လှမ်းနောက်ဆုတ်လိုက်မိသေး၏ ။

ကားပြတင်းမှန်ကို အပြည့်အဝတင်လို့မပြီးသေးခင်မှာပင် ငွေ​ဖြူရောင်ကားလေးက လေ၏အရှိန်ဖြင့် နောက်ဘက်တွင် ဖုန်မှုန့်တို့ကိုသာချန်ရစ်လျက် ကားပါကင်အတွင်းမှ ထွက်ခွာသွားတော့သည် ။

"Fuck ! "

လုဖုန်း လက်ခုံကိုအသာနိပ်နှယ်ရင်း ကားနောက်ခြမ်းဆီမှထွက်လာသောအငွေ့တို့ကိုသာ ငေးစိုက်ကြည့်နေမိလျက် ။ တစ်ချိန်တည်းမှာပင် ခံပြင်းမှုတို့ဖြင့် လေကိုခြေထောက်ဖြင့် ကန်မိလေသည် ။

လောကျန်းယွင်ကိုမူ ဆေးရုံအရေးပေါ်ဋ္ဌာနသို့ပို့ဆောင်ကာ ကယ်တင်ရန် သုံးရက်တိုင်တိုင်ကြိုးစားခဲ့ကြ၏ ။ သို့သော် မအောင်မြင်ခဲ့ ။ တရားခံက မထင်မှတ်ထားပဲ ကွယ်လွန်သွားသောအခါ အမှုကိစ္စသည်လည်း အဆုံးသတ်သွားခဲ့ရလေသည် ။

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးကား ခဏချက်ချင်းမှာပင် အွန်လိုင်းရှာဖွေမှုအများဆုံးဖြစ်သွားခဲ့ရပြီး ကောလဟာလများမှာလည်း ဖောင်းပွနေခဲ့လျက် ။ လောကျန်းယွင်၏ ရည်းစားဟောင်း ၊ Anti fan ၊ အလုပ်ဖြုတ်ခံရသောဝန်ထမ်းစသဖြင့် အမျိုးမျိုးထင်ကြေးပေးကြ၏ ။ ထိုထင်ကြေးပေးမှုများကား လေပွေပမာခဏတာမျှသာ ။ အကြောင်းအရင်းကား အချိန်ကိုက်ပို့စ်တင်သောစနစ်ဖြင့် ပို့စ်တစ်ခုက Weiboတွေတက်လာသောကြောင့်ပင် ။
(ဘယ်ရက်ဘယ်နာရီမှတော့ဖြင့် ပို့စ်ကိုတင်မယ်ဆိုပြီး schedule လုပ်ထားတာမျိုးပါ )

ပို့စ်တင်သူ၏IDမှာ 'လဲ့လဲ့ရဲ့မေမေဟန်ယ' ဖြစ်ကာ သူမကား အသက်၃၆အရွယ် နိုက်ကလပ်မှအကမယ်တစ်ဦးလည်းဖြစ်၏ ။ သူမတွင် သူမအသက်နှစ်ဆယ်အရွယ်ကမွေးဖွားခဲ့သော သားတစ်ယောက်ရှိပြီး ထိုသားလေး၏ဖခင်ဖြစ်သူကိုကား မသိရချေ ။ သူမ၏သားသာ အသက်ရှင်နေသေးလျှင် ထိုကောင်လေးသည် အသက်ဆယ့်ခြောက်နှစ်ဝန်းကျင်လောက်ရှိပေလိမ့်မည်။

'လျှင်'ဟူသော စကားလုံးကိုသုံးထားခြင်းကား အခြားကြောင့်မဟုတ် ။ သူမ၏သားလေးသည် လွန်ခဲ့သောနွေဦးရာသီကပင် ကိုယ့်ကိုယ်ကိုသတ်သေခဲ့သောကြောင့်ဖြစ်၏ ။

လောကျန်းယွင်ကိုသတ်သူမှာ သူမဖြစ်ကြောင်း သူမ၏သေဆုံးမှုကိုလည်း ကြိုတင်သိမြင်ထားခဲ့ကြောင်းပါ ဝန်ခံထား၏ ။ သူမစိတ်ထဲတွင် အကြိမ်ထောင်ပေါင်းများစွာ ကြံရွယ်ခဲ့ပြီးဖြစ်သော သူမ၏လက်စားချေမှု မကျရှုံးစေဖို့ရန် သူမ,မျှော်လင့်သည် ။ ထို့ပြင် ဤကမ္ဘာလောက,က တရားမျှတမှုကို မပေးစွမ်းနိုင်လျှင် သူမကိုယ်တိုင်ရှာဖွေမည်ဟုလည်း ရေးသားထားခဲ့၏ ။

အချိန်ကိုက်တင်ရန်စီစဥ်ထားခဲ့သော Weibo ပို့စ်တစ်ခုဟုဆိုခြင်းထက် ဤအရာကား မိမိကိုယ်ကိုသတ်မသေမီရေးသားခဲ့​သေတမ်းစာတစ်စောင်နှင့်ပင် ပို၍တူနေ၏ ။ ထို့ပြင် ဤကမ္ဘာအတွက် သူမနောက်ဆုံးအနေဖြင့် ချန်ရစ်ထားခဲ့သောအရာဟုဆိုလျှင်လည်း မမှား ။

ပို့စ်တစ်ခုလုံးသည် စာလုံးပေါင်းထောင်ချီရှည်လျားပြီး သွေးစက် မျက်ရည်စက်တို့ဖြင့် ပင်ပင်ပန်းပန်းရေးထားသည့်အလား ။ ထို့ပြင် သူမကျူးလွန်ထားသောလူသတ်မှု၏နောက်ကွယ်မှအကြောင်းအရင်းကိုလည်း အသေးစိတ်ကျကျရေးထားသေး၏ ။

သူမ၏သား'ဟန်လဲ့'ကား လွန်ခဲ့သောနှစ်နွေဦးရာသီတွင် အဆောက်အအုံပေါ်မှခုန်ချကာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့သည် ။ အစပထမ၌ သူမအနေဖြင့် သူမ၏သားလေးကို လုံလောက်သောဂရုစိုက်မှုမပေးနိုင်ခြင်းကြောင့် သို့မဟုတ် အထက်တန်းကျောင်းစာမေးပွဲများ၏ဖိအားများကြောင့် ဤကဲ့သို့ဖြစ်ရပ်ဆိုးများဖြစ်ပွားခဲ့သည်ဟု သူမထင်ခဲ့မိသည် ။ တစ်လျှောက်လုံး နောင်တ,တရားများကိုသာ ပွေ့ပိုက်ကာ တခြားသောဖြစ်နိုင်ချေများကိုထည့်မစဥ်းစားမိခဲ့ ။

ဟန်လဲ့သည်ကား လောကျန်းယွင်၏အမာခံပရိတ်သတ်တစ်ယောက် ။ နံရံထက်ရှိ ပိုစတာများ ၊ ဖုန်းWallpaperမှအစ ကီးချိန်းပါမကျန် လောကျန်းယွင်၏ပုံရိပ်များပင် ။  လောကျန်းယွင်ကိုရူးရူးမူးမူတမ်းတမ်းကြိုက်နှစ်သက်ရုံသာမက လောကျန်းယွင်အကြောင်း မကောင်းပြောသူတစ်ယောက်တစ်လေကိုမှ သည်းခံနေတတ်သူမဟုတ် ။

တစ်ခါက မိခင်ဖြစ်သူ'ဟန်ယ'က သူမ၏သားဖြစ်သူအား စနောက်သည့်သဘောဖြင့် လောကျန်းယွင်အားဝေဖန်သည့်သဘော စကားအနည်းငယ်ပြောခဲ့ဖူးသည် ။ ထိုအချိန်မှစ'ဟန်လဲ့'က မိခင်ဖြစ်သူကို ၃ရက်လောက်စကားမပြောတော့ ။ ဟန်ယကလည်း သူမ၏သားဖြစ်သူမှာ လောကျန်းယွင်အား မည်မျှချစ်ခင်နှစ်သက်ကြောင်း သိရှိထားပြီးဖြစ်ရာ သူမသားဖြစ်သူ၏ဒိုင်ယာရီစာအုပ်နှင့်အတူ လောကျန်းယွင်နှင့်ပတ်သက်သမျှအရာအားလုံးကိုပါ အတူထုပ်ပိုးပေးထားခဲ့သေး၏ ။

တစ်နှစ်ကျော်ကြာသွားပြီးသည့်တိုင် ရင်ထဲမှဒဏ်ရာဒဏ်ချက်ကား အပြည့်အဝမပျောက်သေး ၊ နောင်တတရားနှင့် နာကျင်မှုတို့ကား သူမရင်ထဲဆက်လက်နေရာယူထားခဲ့ဆဲပင် ။ သို့သည်တိုင် ဟန်ယတစ်ယောက် ဘဝကို ကြိုးကြိုးစားစား တက်တက်ကြွကြွဖြင့် ဆက်လက်ဖြတ်သန်းနေခဲ့ပါသေး၏ ။

လောကျန်းယွင်က အမျိုးသားပရိတ်သတ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဆိုသော အထူးသတင်းမျိုးက သူမ၏စိတ်အာရုံကိုဖမ်းစားသွားခဲ့၏ ။ သတင်းထုတ်လွှင့်ချက် အချက်အလက်များက သူမကိုအာရုံစိုက်စေရန် တွန်းအားပေးသည်ဟုဆိုလျှင်လည်းမမှား ။

သတင်းများကိုသိရလေလေ သူမစိတ်ထဲ ခံစားချက်မကောင်းတော့ ။ ဤသို့သောခံစားချက်မျိုးက မိခင်တစ်ဦး၌သာဖြစ်ပေါ်လိမ့်မည်ဖြစ်သောခံစားချက်မျိုးပင် ။ ထိုနေ့က သူမ အိမ်သို့အလျင်အမြန်ပြန်ကာ ကြောက်ကြောက်လန့်လန့်နှင့်ပင် သားဖြစ်သူပစ္စည်းများထည့်သိမ်းထားသောသေတ္တာကို မှောက်ချကာ သားဖြစ်သူ၏ဒိုင်ယာရီစာအုပ်ကို လှန်ကြည့်မိသည် ။

စာအုပ်ထဲရှိအကြောင်းအရာများကို ဖတ်ရှူပြီးနောက် သူမသားဖြစ်သူကိုယ့်ကိုယ်ကိုသတ်သေစဥ်ကထက်ပင် ပိုလွန်သော စိတ်ပျက်အားငယ်ခြင်းမျိုးကို ခံစားလိုက်ရ၏ ။

အသက်ဆယ့်ငါးနှစ်သာရှိသေးသော သူမ၏သားဖြစ်သူ ဟန်လဲ့သည်လည်း သူတစ်ပါးအားထိခိုက်စေတတ်သော လောကျန်းယွင်၏လက်ထဲသို့ ကျဆင်းခဲ့ရလေသည် ။

သို့သော် ဟန်လဲ့သည် မော့ချိုးနှင့်မတူ ကွဲပြားခြားနားနေခဲ့၏ ။ လောကျန်းယွင်ကို ချစ်မြတ်နိုးလှသော ဟန်လဲ့မှာ အကြမ်းဖက်မှု အားသုံးမှုတို့၏ဓားစာခံဖြစ်ခဲ့ရသည်တောင်မှ စိတ်နာကျင်မှုမျိုးမရှိခဲ့ ၊ ထိုအစား အထက်ဖော်ပြပါအရာများသည် သူတို့နှစ်ယောက်အချစ်များဖန်တီးပြုလုပ်စဥ်အတွင်း သူ၏တာဝန်ဟုသာမှတ်ယူထားခဲ့၏ ။ လောကျန်းယွင်က သူနှင့်တွေ့ရန်ပြောဆိုသည့်အခါတိုင်းလည်း ဟန်လဲ့မှာ တစိမ့်စိမ့်တွေးကာကြည်နူးနေတတ်၏။ ပျားရည်ကဲ့သို့ချိုမြိန်လှသည်ဟု သူတွေးထားသော သူတို့နှစ်ဦးကြားမှချစ်ခြင်းမေတ္တာအကြား အလုံးစုံနစ်မြုပ်သွားခဲ့သည်ဟုဆိုနိုင်ပေသည် ။ 

သို့သော် လောကျန်းယွင်၏အလိုဆန္ဒကား ရိုးရိုးရှင်းရှင်းမဟုတ်နိုင်ခဲ့ ။ တစ်ဖက်လူက စကားကိုနာခံပြီး စိတ်ဆန္ဒလည်းပါနေသောအခါ သူ့အနေနှင့် ပျင်းလာခဲ့ပုံရသည် ။ ဤသို့နှင့် ဟန်လဲ့ကို စိတ်ကုန်လာသော လောကျန်းယွင်မှာ ဟန်လဲ့၏အဆက်အသွယ်နံပါတ်များအားလုံးကို Blacklistထဲထည့်ကာ ဟန်လဲ့အား အပြီးတိုင်စွန့်ပစ်သွားခဲ့တော့၏ ။

သူတို့နှစ်ယောက်တွဲနေသည့်ကာလအတွင်း တက်ကြွပျော်ရွှင်နေခဲ့သော ဟန်လဲ့မှာ ဤဇာတ်လမ်းကြီးအဆုံးသတ်သွားသောအခါတွင်လည်း ပိုလို့ပင် ဝမ်းနည်းပက်လက် ယူကြုံးမရဖြစ်ရ၏ ။

လောကျန်းယွင်က သူ့ကိုစွန့်ပစ်သွားရသည့်အကြောင်းကို ဟန်လဲ့လုံးဝနားမလည်နိုင်ခဲ့ ။ ထို့ပြင် ဤကိစ္စ၏နောက်ကွယ်တွင် အထင်လွဲမှု ကြီးကြီးမားမားရှိလိမ့်မည်ဟု ဟန်လဲ့က တထစ်ချယုံကြည်ထားခဲ့၏ ။

ဟန်လဲ့တစ်ယောက် လောကျန်းယွင်ကို အရူးအမူးပင်ရှာဖွေခဲ့သေးသည် ။ သို့သော် အလယ်တန်းကျောင်းသားအရွယ်သာရှိသေးသော ဟန်လဲ့၏ ပတ်ဝန်းကျင်အဆက်အသွယ်ကား အတန်းဖော်များသာ ။ ထို့ကြောင့် လောကျန်းယွင်ကိုဆက်သွယ်မိဖို့ရန်ကား ဟန်လဲ့၏လုပ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သောအရာပင် ။

အသည်းကွဲခြင်းနှင့်အတူ ကပ်ပါလာသော စိတ်ပိက်အားငယ်ခြင်းများ ၊ ဆော့ကစားခံရခြင်း စွန့်ပစ်ခံရခြင်း၏အကျိုးဆက် နာကျင်မှုများက အသက်ဆယ့်ငါးနှစ်သာရှိသေးသောထိုကောင်လေးကို ချောက်ကမ်းပါးစွန်းသို့ရောက်အောင် တွန်းပို့ခဲ့လေသည်။

နေ့လည်စာစားချိန်တွင် အဆောက်အအုံပေါ်မှခုန်ချကာ သူ၏ငယ်ရွယ်သောဘဝကို သူကိုယ်တိုင်ပင်အဆုံးသတ်ခဲ့၏။ ချန်ရစ်ခဲ့သောအရာဟူ၍ နောက်ဆုံးချိန်အတွေးတို့ကိုရေးသားထားသော စာလုံးအရေအတွက်တစ်ရာပင်မပြည့်သည့် ရိုးရိုးရှင်းရှင်းမှတ်စုတိုတစ်ခုသာ ။

သူ၏မိခင်ဖြစ်သူအနေနှင့်မူ တစ်နှစ်ကျော်ကြာပြီးမှပင် အမှန်တရားကို သိခဲ့ရ၏ ။

"ကျွန်မကလေး ၊ ကျွန်မကလေးက အသက်၁၅နှစ်ပဲရှိသေးတယ် ၊ အခု သူဘယ်တော့မှကြီးပြင်းလာမှမဟုတ်တော့ဘူး ၊ ကြီးပြင်းလာဖို့အခွင့်အရေးလည်းမရှိတော့ဘူး ၊ အနာဂတ်က လှပတဲ့အရာတွေအားလုံး သူနဲ့သက်ဆိုင်မှုမရှိတော့ဘူး ၊ အထက်တန်းကျောင်းတို့ တက္ကသိုလ်တို့လည်း တက်ခွင့်မရတော့ဘူး ၊ တစ်ခြားသူတွေလက်ထပ်ပြီး ပထမဆုံးကလေးကိုပွေ့ချီခွင့်ရတဲ့အချိန် ကျွန်မသားလေးကတော့ ခြောက်ပေနက်တဲ့​အေးစက်စက်မြေကြီးထဲမှာပဲ နေ့တိုင်း အထီးကျန်မှုကိုခံစားရင်း လှဲနေရတော့မှာ ၊ ဒါပေမဲ့ လောကျန်းယွင်ကျတော့ရော ? သူ့မှာ ပိုက်ဆံလည်းရှိတယ် အာဏာလည်းရှိတယ် ၊ သူလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရမနေဘူး"

"လွန်ခဲ့တဲ့ဆယ်နှစ် ၊ နှစ်ပေါင်းများစွာကတည်းက ကျွန်မသားလေးကို ဒီအခြေအနေမျိုးနဲ့ထားနိုင်အောင် ကျွန်မပင်ပင်ပန်းပန်းနဲ့ငွေတွေစုခဲ့တယ် ၊ ကျွန်မ တစ်ခါမှ သူများကိုထိခိုက်အောင်မလုပ်ခဲ့ဖူးဘူး ၊ အဲ့လိုပဲ ကျွန်မသားလေးကလည်း သူ့ဘဝမှာမကောင်းတာမလုပ်ခဲ့ဖူးဘူး ၊ ဒါပေမဲ့ ဘာလို့ ကောင်းကင်ဘုံက ကျွန်မတို့ကိုကောင်းချီးမင်္ဂလာမပေးရတာလဲ ? လောကျန်းယွင်က တစ်ယောက်ပြီးတစ်ယောက်ထိခိုက်အောင်လုပ်တယ် ၊ ဒါပေမဲ့ သူ့လုပ်ရပ်တွေအတွက် ဘာအပြစ်မှ အပေးမခံရဘူး ၊ တရားခုံရုံးကလည်း လောကျန်းယွင်ကိုပြစ်ဒဏ်ပေးဖို့အတွက် ခက်ခဲပြီးငြီးငွေ့ဖို့ကောင်းတဲ့လုပ်ငန်းအဆင့်ဆင့်နဲ့ ၊ အဆုံးမှာ လောကျန်းယွင်တစ်ယောက် ထောင်ထဲမှာ၂နှစ် ဒါမှမဟုတ် နှစ်တော်တော်များများလောက် အေးဆေးထိုင်နေရုံပဲဆိုတာမျိုးဖြစ်သွားလိမ့်မယ် ၊ အဆိုးဆုံးပြောရရင် သူလုံးဝပြစ်ဒဏ်ကျမခံရတာမျိုးလည်းဖြစ်နိုင်တယ် ၊ ကျွန်မ အဲ့ဒါကိုလုံးဝလက်မခံနိုင်ဘူး ၊ ကျွန်မကလေးက သူ့အနာဂတ်ကို ဆုံးရှုံးခဲ့ပြီးပြီ ၊ လောကျန်းယွင်က ဘဝကို သူအလိုရှိသလိုနေနေတာမျိုးက ဖြစ်သင့်သလား ? သူ့လုပ်ရပ်အတွက် သူပြန်ပေးဆပ်ရမယ် ၊ သူသေရမယ်!!"

ဟန်ယ၏သေတမ်းကိုဖတ်ရှူပြီးသော လျိုရွဲ့၏မျက်နှာထက် မျက်ရည်တို့ကကျဆင်းနေခဲ့၏ ။ လပ်တော့ပ်ဘေးတွင်လည်း အသုံးပြုပြီးသော တစ်သျှူးတို့မှာ တောင့်ပို့သဖွယ် စုပုံလျက်။

"သနားဖို့ကောင်းလိုက်တာ ၊ လောကျန်းယွင်က ဘယ်လိုဖြစ်လို့ အဲ့လိုဆန်ကုန်မြေလေးတစ်ကောင်ဖြစ်နေရတာလဲ ? ကလေးက အသက်၁၅နှစ်ပဲရှိသေးတာကို ဘယ်လိုတောင်လုပ်ရက်တာ "

လုဖုန်းအနေနှင့် မော့ချိုးအား ပထမဦးဆုံးသားကောင်ဟုထင်ခဲ့မိသည် ။ သို့သော် တကယ်တမ်း ပထမဦးဆုံးသားကောင်ဖြစ်ခဲ့သူကား ဟန်လဲ့ပင် ။

ဤအမှုကိစ္စကြောင့်ပင် အွန်လိုင်းပေါ်၌လှုပ်ရှားမှုတစ်ခုထွက်ပေါ်လာခဲ့သည် ။ အမျိုးသားနစ်နာသူများပါအကျုံးဝင်စေရန် တရားဥပဒေအရလက်ခံထားသော မုဒိန်းမှု၏အနက်အဓိပ္ပာယ်ကို ပြောင်းလဲပေးရန် လူအချို့က မျှော်လင့်လာကြ၏ ။ ထိုလှုပ်ရှားမှု၏ရလဒ်က အနာဂတ်ကာလတွင် မသေချာသော်ငြား မျှော်လင့်ချက်ရောင်ခြည်ရေးရေးမျှကိုတော့ မြင်နေရချေပြီ ။

တရားဥပဒေကား မရေမတွက်နိုင်သော အနစ်နာခံမှုများမှတစ်ဆင့် ပြည့်စုံကောင်းမွန်လာခဲ့သည် ။ လူတို့၏သွေးစက် ၊ မျက်ရည်စက်များသည် ပုံကြီးချဲ့လွန်းသည့်အရာများမဟုတ်ခဲ့။

လုဖုန်း နာရီကိုတစ်ချက်ကြည့်လိုက်သည် ။ အချိန်က ၈နာရီထိုးခါနီးဖြစ်လေရာ လုဖုန်း လက်ထဲရှိမဂ္ဂဇင်းကိုပိတ်လိုက်ပြီး အလုပ်မှပြန်ရန် အသင့်ပြင့်ရတော့သည် ။

"နိုင်ငံရေးသဘောတရားအရ မှန်ချင်မှမှန်မယ်ဆိုပေမဲ့ မစ္စဟန်က လူ့အသိုင်းအဝိုင်းထဲက မကောင်းတဲ့ဖြစ်တည်မှုတစ်ခုကို ရှင်းထုတ်လိုက်တာပဲ "

လျိုရွဲ့ကလက်နှစ်ဖက်ကိုစုကာ ဆုတောင်းဟန်ပြုလုပ်ပြီးနောက်

"မစ္စဟန် နဲ့ ဟန်လဲ့ငြိမ်းချမ်းစွာအနားယူပါ ၊ နောက်ဘဝမှာ မကောင်းတဲ့သူတွေနဲ့ ကင်းဝေးကြပါစေ ၊ အာမင် "

လောကျန်းယွင်ကိစ္စအဆုံးသတ်သွားသည်နှင့် သူနှင့်ရှန့်မင်အော်လည်း အဆက်အသွယ်ပြတ်သွားခဲ့၏ ။ သည်တစ်ခေါက် ရှန့်မင်အော်ကိုမတွေ့ရသည်မှာ ယခင်ထက်စာလျှင် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာမြင့်လိမ့်မည်ဟု လုဖုန်းထင်ခဲ့မိသည် ။

သို့သော် တစ်ခါတစ်ရံ အဖြစ်အပျက်များက တိုက်ဆိုင်လွန်းတတ်၏ ။ လုဖုန်း၏မည်သို့သောအခက်အခဲကိုမှ မဖြစ်စေချင်သည့်တိုင် သူ့အနီးပတ်ဝန်းကျင်မှလူများက ပြဿနာကို မွှေနှောက်ရှာဖွေကြ၏ ။

လုဖုန်း၏ လက်ကိုင်ဖုန်းက မရပ်မနား စတင်တုန်ခါလာသော ညအချိန်ကပင် ဇာတ်လမ်းစလေသည် ။

အစပထမ၌ လုဖုန်းမှင်သေသေ မူးနောက်နောက်ဖြစ်နေမိသေးသည် ။ ထို့နောက် ဖုန်းမျက်နှာပြင်ပေါ် သေချာကြည့်ပါမှ ရှန်းရှောင်ရှဲထံမှ ဖုန်းခေါ်နေခြင်း ။ လုဖုန်း အရေးမကြီးလောက်ဟုတွေးကာ အစက မကိုင်ဘဲထားမည်ဟု လုပ်လိုက်သေး၏ ။ သို့သော် ဖုန်းတစ်ကောလ်ပြီးတစ်ကောလ်ခေါ်ဆိုလာသောအခါ လုဖုန်းမကိုင်လို့မရတော့ ။ သည်ပုံအတိုင်းဆိုလျှင် လုဖုန်းမကိုင်မချင်း တစ်ညလုံးဖုန်းခေါ်နေပေလိမ့်မည် ။

"ဘာဖြစ်တာလဲ ...."

နောက်ဆုံးတွင် သူဖုန်းကောက်ကိုင်လိုက်ရတော့၏ ။ ဖုန်းပြောနေသည့်တိုင် အိပ်ချင်မူးတူးအသံကမပျောက်သေး ။

ရှန်းရှောင်ရှဲအနေဖြင့် သူဖုန်းကိုင်လိမ့်မည်မဟုတ်ဟုထင်ကား စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည် ။ ရုတ်တရက် လုဖုန်းအသံကိုကြားလိုက်ရသောအခါ ရှန်းရှောင်ရှဲတစ်ယောက် ခေတ္တမျှကြက်သေသေသွားပြီး စကားလုံးများပါပျောက်ဆုံးကုန်သည် ။

"ဖုန်းကော ၊ နောက်ဆုံးတော့ အကိုဖုန်းကိုင်ပြီပဲ "

ရှန်းရှောင်ရှဲ၏အသံမှတစ်ဆင့် တစ်ခုခုဖြစ်နေသည်ကို အထင်အရှားခံစားနေရသည် ။

လုဖုန်း ထထိုင်ကာ စိတ်ရှည်ရှည်ထား၍ ရှန်းရှောင်ရှဲကို မေးမြန်းရတော့သည် ။

"ဘာဖြစ်တာလဲ ?"

"စန်းကော ၊ စန်းကောကို ဖမ်းသွားကြပြီ"

ရှန်းရှောင်ရှဲတစ်ယောက် စိတ်မရှည်ဖြစ်နေရုံသာမက တစ်ချိန်တည်းမှာပင် ဒေါသလည်းထွက်နေခဲ့ပါသေး၏ ။

"ကျွန်တော်တို့ ဘာလုပ်သင့်လဲ ? "

ရှန်းရှောင်ရှဲ၏ ပြောပြချက်အရ ဝေ့ရှဲက ညဘက်ပိုင်း ရှန်းရှောင်ရှဲနှင့်အတူ လမ်းဘေးဆိုင်ငယ်လေးများမှ တစ်ခုခုဝယ်စားရန် ထွက်လာခဲ့သည် ။ သို့သော် ထိုဆိုင်ငယ်လေးများရှိရာလမ်းကား ကားရပ်ရန်အတွက် အခက်အခဲရှိသည်ဖြစ်ရာ ဝေ့ရှဲက ရှန်းရှောင်ရှဲအား စားစရာသွားဝယ်ခိုင်းကာ သူကိုယ်တိုင်ကမူ ကားပေါ်၌ထိုင်စောင့်ရင်းကျန်ရစ်ခဲ့၏ ။

အသားကင်များဝယ်ကာ ရှန်းရှောင်ရှဲပြန်လာစဥ် လမ်း၏တစ်ဖက်ခြမ်း၌ ရဲကား၂စီးရပ်ထားသည်ကိုတွေ့လိုက်ရ၏ ။ ရှန်းရှောင်ရှဲထင်လိုက်မိသည်မှာ ဝေ့ရှဲတစ်ယောက် ကားကိုတရားဥပဒေနှင့်အညီမဟုတ်ဘဲ ရပ်ထားမိသောကြောင့် ကရိန်းဖြင့်ကားကိုဆွဲဖို့ပြင်နေသည်ဟူ၍ ။

သို့သော် ရှန်းရှောင်ရှဲအနီးသို့ရောက်သောအခါမှ မြေပြင်ပေါ်တွင် လက်ထိပ်ခတ်ခံထားရသော ဝေ့ရှဲကိုတွေ့လိုက်ရတော့သည် ။ ရဲများ၏ပြောစကားအရ ဝေ့ရှဲကတစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့သည်တဲ့လေ ။

ရှန်းရှောင်ရှဲတစ်ယောက် ထိတ်လန့်ကာ မအော်ရုံတမယ် မေးမိတော့သည် ။

"သူ ဘယ်သူ့ကိုထိခိုက်အောင် လုပ်လိုက်မိလို့လဲ ?"

ရဲအရာရှိက လမ်းတစ်ဖက်ခြမ်းမှ သက်လတ်ပိုင်းလူတစ်ဦးကိုညွှန်ပြ၏ ။ နှာခေါင်းကိုလက်ဖြင့်အုပ်ကိုင်ထားသော ထိုလူ၏ရင်ဘတ်ပေါ်တွင်လည်း အနီရောင်သွေးကွက်တို့စွန်းထင်းလျက် ။

"ဟိုမှာတွေ့လား ၊ အဲ့လူကသူ့ဘာသာနေနေတာကို မင်းသူငယ်ချင်းက သွားရိုက်တာ "

ဝေ့ရှဲကား အကြောင်းအရင်းမရှိဘဲ အကြမ်းဖက်မှုမျိုးကို အသုံးချမည့်သူမျိုးမဟုတ်မှန်း ရှန်းရှောင်ရှဲသိသည်။
ထို့ကြောင့် အခြေအနေကိုရှင်းပြဖို့ကြိုးစားပါသည့်တိုင် ရဲအရာရှိက သူ့စကားကိုလက်မခံဘဲ ဝေ့ရှဲကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့တော့၏ ။ ရှန်းရှောင်ရှဲကား အသားကင်ချောင်းများကိုသာကိုင်ထားရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ နောက်ဆုံးတွင် လုဖုန်းအား ဖုန်းဆက်လာခဲ့ခြင်းပင် ။

ညသန်းခေါင်အချိန်ကြီး တစ်စုံတစ်ယောက်ကို အချုပ်ခန်းထဲမှ သွားထုတ်ရပေဦးမည် ။ လုဖုန်း အသက်ဝဝရှူကာ စိတ်ငြိမ်အောင် ကြိုးစားစုစည်းလိုက်သည် ။

"အရင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထား ၊ ဘယ်ရဲစခန်းကိုခေါ်သွားတာလဲ မင်းသိလား ? မင်း အဲ့ကိုအရင်သွားပြီး ငါ့ကိုစောင့်နေနှင့် ၊ ငါ တတ်နိုင်သလောက် အမြန်ဆုံးလိုက်ခဲ့မယ် "

ရှန်းရှောင်ရှဲနှင့် ဖုန်းပြောပြီးနောက် လုဖုန်း Contact List ထဲမှ ရှန့်မင်အော်၏ဖုန်းနံပါတ်ကို လိုက်ရှာနေမိသည် ။ ခဏတာမျှ တွန့်ဆုတ်နေခဲ့မိသော်ငြား နောက်ဆုံးတွင်မူ ရှန့်မင်အော်အား ဖုန်းခေါ်ဖို့ရန်သာ လုဖုန်းရွေးချယ်လိုက်၏ ။

လုဖုန်းသိသူများထဲတွင် ရှေ့နေရှေ့ရပ်အလုပ်၌ ကျွမ်းကျင်သူ အခုလိုအချိန်မျိုးတွင် အားကိုးနိုင်သူသည် ရှန့်မင်အော်တစ်ယောက်တည်းသာ ။

အချိန်ကား မနက်၁နာရီပင် ရှိချေပြီ ။ ရှန့်မင်အော်အနေနှင့်လည်း ဤအချိန်လောက်ဆိုလျှင် ဖုန်းပိတ်ကာအနားယူနေလောက်သည် ။ ရှန့်မင်အော်ဖုန်းကိုခေါ်နေစဥ်အတွင်းလည်း လုဖုန်း၌ မျှော်လင့်ချက်ဟူ၍သိပ်မရှိလှ ၊ ရရ,မရရ စမ်းခေါ်ကြည့်သည့်သဘောသာ ။

ဝေ့ရှဲတစ်ယောက် ဤမျှထိကံကောင်းလိမ့်မည်ဟု လုဖုန်းထင်မထားခဲ့ ။ ကံအကြောင်းဖန်လေတော့ ရှန့်မင်အော်မှာ ထိုအချိန် မအိပ်သေးပေ ။ ဖုန်းမကိုင်ဘဲ အကြာကြီးထားထားသော်ငြား နောက်ဆုံးတွင်တော့ ရှန့်မင်အော်ဖုန်းကောက်ကိုင်လိုက်ပါ၏ ။

"ကျွန်တော့်ကို တစ်ခုလောက်ကူညီပေး"

လုဖုန်း ရှန့်မင်အော်စကားပြောလာမည်ကို မစောင့်တော့ဘဲ သူအရင် ဦးကာပြောလိုက်သည် ။

ရှန့်မင်အော်တစ်ယောက် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်နေပုံရသည် ။ သူ့စကားသံများမှာပင် မောဟိုက်သံတို့က စွန်းထင်းပါဝင်လျက် ။

"ဘာလို့ မင်းကိုကူညီရမှာလဲ ?"

ရှန့်မင်အော် ဤကဲ့သို့ပြောလာမည်ကို လုဖုန်းသိပြီးသားပင် ။

"ကျွန်တော် အကို့ဝန်ထမ်းတစ်ယောက်ကို ကယ်ခဲ့ဖူးတယ် ၊ အခုကူညီပေးမှာကို အပြန်အလှန်လို့ သဘောထားလိုက် ၊ အချုပ်ခန်းထဲရောက်နေတဲ့သူကိုသွားထုတ်ဖို့လောက်ပဲ ကူညီစေချင်တာ..."
(ရှေ့နေရုံးခန်းမှာတုန်းက စာရေးမလေးကို အမူးသမားက အရက်ပုလင်းနဲ့ရိုက်မယ်လုပ်တုန်းက ဝင်ကူညီပေးလိုက်တဲ့အခန်း )

ရှန့်မင်အော်က လုဖုန်းစကားကို ဖြတ်ပြောလာခဲ့သည် ။

"မင်းအပေါ်အကြွေးတင်နေတာ ငါ့ဝန်ထမ်းလေ ၊ သူမကိုသွားရှာပြီး ပြန်ဆပ်ခိုင်းလိုက် "

လုဖုန်း အံကိုတင်းတင်းကြိတ်ထားမိသည် ။ လက်ထဲရှိဖုန်းကလည်း အားနှင့်ဆုပ်ကိုင်ထားမှုကြောင့် ကွဲကြေလုမတတ် ။ မကြာသောအချိန်တွင် ရှန့်မင်အော်ဖုန်းချလိုက်မည်ကို လုဖုန်းစိုးရိမ်မိသည်ဖြစ်ရာ ကောင်းကောင်းမွန်မွန်ညှိနှိုင်းခြင်းဟူသောနည်းလမ်းမျိုးကို လုဖုန်းစဥ်းစားဖို့အချိန်မရှိတော့ ။ ထို့ကြောင့် သူ၏ကိုယ်ပိုင်မူဟန်အတိုင်း တဲ့တိုးတုံးထိသာပြောချလိုက်တော့သည် ။

"အဲ့နေ့ညက တစ်ညလုံးကျွန်တော့်ကိုလုပ်သွားခဲ့တာ အကိုမလား ?  ပြည့်တန်ဆာတစ်ယောက်ကို သူတို့ဝန်ဆောင်မှုအတွက်ပေးတယ်လို့သဘောထားပြီး ကျွန်တော့်ကိုလာကူညီ ၊ ဟုတ်ပြီလား !"

T/N
လောကျန်းယွင်နေရာမှာ ဘောကျန်းယွင်လို့ပဲရိုက်ရိုက်နေမိတာ ကီးဘုတ်ကစိတ်ထဲဝင်ကြည့်နေသလား အောက်မေ့ရ 😃✋️

ဒါနဲ့ အခါအခွင့်သင့်လို့ ပြောပါဦးမယ်
အခုကာလမှာ မတရားမှုကို အားပေးထောက်ခံတဲ့သူတွေရှိတယ်
အဲ့လူတွေကိုပဲ ထပ်ပြီးမစွန့်ခွာနိုင် အဲ့လူရဲ့အမြင်မှားနေမှုကိုပဲ မျက်စိစုံမှိတ်ပြီးလက်ခံပေးနေတဲ့သူတွေရှိတယ်
တရားမျှတမှုမှာ မျက်နှာကြီးရာဟင်းဖတ်ပါလို့ရပါသလား ? တရားမျှတမှုမှာ ကိုယ်ကြိုက်တဲ့သူမို့ ခွင့်လွှတ်ပါတယ်လို့ ရှိပါသလား ? ဒီလောကထဲမှာလည်း မြင်နေတွေ့နေရတယ် XD

လူသတ်သမားကို အားပေးထောက်ခံသူဟာလည်း သွယ်ဝိုက်သောနည်းအားဖြင့် လူသတ်သမားပါပဲ
အခုချိန်ထိ လူသတ်သမား စခတွေကိုမှန်တယ်ထင်နေသေးတဲ့သူတွေ နိုယာ့စာတွေကို လာမဖတ်မနေပါနဲ့
နိုယာ့မှာ စာဖတ်သူများများစားစားလည်းမရှိပါဘူး ဒါပေမဲ့ လောက်တစ်ကောင်လျော့သွားလည်း ဝမ်းနည်းမနေပါဘူး
ရိုင်းသွားလည်း မတတ်နိုင်ပါ
Note ရှည်သွားတယ် Gomen
နောက်အပိုင်းပြန်တွေ့ပါမယ်

ZAWGYI

CH28 - DO ME A FAVOR

ျဖစ္စဥ္ျဖစ္ပြားရာေနရာတစ္ခုလုံးကား ဟစ္ေအာ္သံ ၊ ငိုေႂကြးသံတို႔ျဖင့္ ပဲ့တင္ခတ္ကာ ပရမ္းပတာအေျခအေနမ်ိဳးပင္ ။ ထို႔ျပင္ လုံ႕လဝီရိယရွိလွေသာ သတင္းသမားတို႔၏  ဓာတ္ပုံရိုက္သံတဖ်တ္ဖ်တ္ကလည္း မရပ္မနားအဆက္မျပတ္ထြက္ေပၚလာလ်က္ ။

"မင္း..မင္းတို႔ အဆင္ေျပရဲ႕လား ? "

မလွမ္းမကမ္းတစ္ေနရာမွေန၍ ေမာ့ခ်ိဳးကလွမ္းေျပာလိုက္ျခင္း ။ အလ်င္စလိုေျပးလာရေသာေမာ့ခ်ိဳးမွာ အသားအေရာင္ျဖဴဖတ္ျဖဴေရာင္ျဖစ္ေန႐ုံသာမက မ်က္ဝန္းအစုံတို႔မွာလည္း ေၾကာက္႐ြံ႕မႈမ်ားႏွင့္ ျပည့္ႏွက္ေနလ်က္ ။

"ကြၽန္ေတာ္တို႔အဆင္ေျပပါတယ္...အာ့"

အျမန္ေျခကုန္သုတ္ေျပးလာရျခင္းေၾကာင့္ေပလား သို႔မဟုတ္ ျဖစ္ပ်က္ခဲ့သည့္အရာမ်ားကပင္ သူ႕ကိုမႏွစ္ၿမိဳ႕ျဖစ္ေစျခင္းေၾကာင့္လားေတာ့မသိ ။ ရိတကြၽမ့္မွာ စကားေျပာေနရင္းပင္ ေအာ့အန္ခ်င္သလိုျဖစ္လာေတာ့သည္ ။ သို႔သည့္တိုင္ ရိတကြၽမ့္က ေမာ့ခ်ိဳးအား လက္ေဝွ႕ယမ္းျပကာ သူအဆင္ေျပေၾကာင္း ၊ ဤသည္မွာကိစၥႀကီးမဟုတ္ေၾကာင္း အခ်က္ျပေနေသးသည္ ။

"ဘာေတြ ျဖစ္ကုန္ၾကတာလဲ ? "

တစတစျပန္လည္စုေဝးလာၿပီျဖစ္ေသာ ေလွကားထစ္မ်ားေပၚရွိ လူအုပ္ႀကီးကို အားစိုက္ၾကည့္ရင္း ေမာ့ခ်ိဳးက ေမးလာေတာ့သည္ ။

လုဖုန္းအေနႏွင့္လည္း ယခုေလးတင္ ျဖစ္ပ်က္ခဲ့သည့္အရာမ်ားကို နားလည္သေဘာေပါက္လိုလွသည္ ။

လုဖုန္း သူ႕ေနာက္ေက်ာဘက္ရွိ ျမင္ကြင္းကိုၾကည့္ရန္ ကိုယ္ကိုလွည့္လိုက္သည္ ။ အခ်ိန္ခဏတာမွ်သာရွိေသးသည္ ။ ရွန့္မင္ေအာ္ကား ယခင္ လုဖုန္းေတြ႕ျမင္ခဲ့ေသာေနရာမွ ေပ်ာက္ကြယ္သြားခဲ့ေလၿပီ ။ လုဖုန္းမတ္တပ္ရပ္ကာ ဟိုဟိုသည္သည္ရွာေနမိ၏ ။ ေနာက္ဆုံး အေတာ္အတန္ေဝးကြာလွေသာေထာင့္တစ္ေနရာတြင္ တိုးဝင္ေပ်ာက္ကြယ္သြားေတာ့မည့္ ရွန့္မင္ေအာ္၏ေနာက္ေက်ာဘက္ကို ျမင္လိုက္ရသည့္အခ်ိန္အထိ ။

"ဒီမွာခဏေစာင့္ၾကဦး ငါကိစၥတစ္ခ်ိဳ႕..သြားေျဖရွင္းလိုက္ဦးမယ္ "

လုဖုန္း ရိတကြၽမ့္ႏွင့္ေမာ့ခ်ိဳးတို႔ႏွစ္ေယာက္ကို ေနာက္ခ်န္ထားခဲ့ကာ အလ်င္အျမန္ပင္ ရွန့္မင္ေအာ္ေနာက္သို႔ ေျပးလိုက္ရေတာ့သည္။

လုဖုန္း ထိုေထာင့္ေနရာကို ခ်ိဳးေကြ႕လိုက္ေသာအခါ လုဖုန္းေရွ႕တြင္ရွိေနသည္ကား တရား႐ုံးကားပါကင္ပင္ ။ လုဖုန္းေျပးသြားခ်ိန္တြင္  ရွန့္္မင္ေအာ္မွာ ကားထဲေရာက္ႏွင့္ေနၿပီးသားျဖစ္ေလ၏ ။ ကားလီဗာနင္းရန္ စကၠန့္ပိုင္းအလိုဟု ေျပာလွ်င္လည္းမမွား ။

လုဖုန္း ရွန့္မင္ေအာ္ထြက္သြားမည္ကို တားနိုင္မည္ , မတားနိုင္မည္က မေသခ်ာ ။ ထို႔ေၾကာင့္ မ်ားမ်ားစားစားမေတြးေတာ့ဘဲ ကားေရွ႕သာပစ္ဝင္ကာ လမ္းကိုပိတ္ရပ္ထားလိုက္ေတာ့သည္ ။
သူ႕ကိုျမင္သြားေသာ ရွန့္မင္ေအာ္က ကားစက္သတ္မည့္ဟန္မျပ ၊ သို႔ေသာ္ သူ႕ကို ကားႏွင့္ေတာ့မတိုက္ခဲ့ေပ ။

ကားေမာင္းသူထိုင္ရာဘက္ျခမ္းသို႔ေျပးသြားရင္း မွန္ျပတင္းကိုခ်ေပးရန္ ရွန့္မင္ေအာ္အား လက္ဟန္​ေျခဟန္ျပလိုက္သည္ ။ အေမာတေကာေျပးလာရေသာေၾကာင့္ ေဟာဟဲလိုက္ေနသည္ေတာ့အမွန္ ။

ခဏတာမွ်ၾကာေသာအခါ အနက္ေရာင္ကားမွန္က ေအာက္သို႔နိမ့္ဆင္းလာၿပီး ရွန့္မင္ေအာ္၏ေခ်ာေမာလွေသာ႐ုပ္ရည္က ထြက္ေပၚလာေတာ့သည္ ။

"ဘာလိုခ်င္လို႔လဲ ?"

လုဖုန္း ကားမွန္ျပတင္းေပါက္မ်ားထက္ တင္းတင္းက်ပ္က်ပ္ခ်ဳပ္ကိုင္ကာ အသက္ကိုဝဝရႉလ်က္ ရွန့္မင္ေအာ္ကို ေမးလိုက္ေတာ့သည္ ။

"အကို ဘာေတြလုပ္ခဲ့တာလဲ ?"

ရွန့္မင္ေအာ္က မ်က္ခုံးတစ္ဖက္ပင့္ျပ၏ ။ မသိလွ်င္ လုဖုန္းေျပာရန္ႀကိဳးစားေနသည့္အရာကို သူနားမလည္သည့္အတိုင္းပင္ ။

ခံျပင္းျခင္း ၊ အားမလိုအားမရျဖစ္ျခင္းလွိုင္းတံပိုးတို႔ကား လုဖုန္းရင္ထဲ တလိမ့္လိမ့္လွိုက္တက္လာခဲ့၏ ။ ထို႔ျပင္ သူ႕အေနႏွင့္ ေဝ့လည္ေၾကာင္ပတ္လုပ္ခ်င္စိတ္လည္း ရွိမေနေလရာ ျပတ္ျပတ္သားသားပြင့္ပြင့္လင္းလင္းပင္ ေမးခ်လိဳက္ေတာ့သည္ ။

"အရင္႐ုံးခ်ိန္းတုန္းက အကို အဲ့အမ်ိဳးသမီးကိုဘာေျပာလိုက္တာလဲ?"

ရွန့္မင္ေအာ္ကား လုဖုန္းစကားကိုနားေထာင္ေနရင္းပင္ ကားစတီယာရင္ေပၚ လက္ညွိုးျဖင့္ စည္းခ်က္က်က် အသာပုတ္၏ ။ တစ္နည္းအားျဖင့္ သူ၏စိတ္ရွည္သည္းခံမႈအတိုင္းအတာကို ေဖာ္ျပေနျခင္း ။ လက္ေခ်ာင္းမ်ားျဖင့္ စည္းခ်က္လိုက္ျခင္းမ်ားလာေလေလ ကိုယ္တြင္းက်န္ရွိေနေသာ စိတ္ရွည္သည္းခံမႈက ပိုပိုနည္းလာေလေလပင္ ။

"အမ်ိဳးသမီး?"

ရွန့္မင္ေအာ္၏အျပစ္ကင္းဟန္ သ႐ုပ္ေဆာင္မႈမ်ိဳးကို လုဖုန္းအရင္က မေတြ႕ျမင္ဖူးခဲ့လွ်င္ ယခု ရွန့္မင္ေအာ္​ကို လုဖုန္းယုံခ်င္ယုံမိလိမ့္မည္။

လုဖုန္း တရား႐ုံးအဝင္ဝဘက္ကို ၫႊန္ျပကာ ေျပာမိသည္ ။အသံက်ယ္၍က်ယ္သြားမွန္းမသိေအာင္ မိမိကိုယ္တိုင္ေတာင္ ထိန္းမထားနိုင္ေတာ့ ။

"ေရွ႕က ၾကမ္းျပင္ေပၚမွာလဲေနတဲ့အမ်ိဳးသမီး ၊ အကၤ်ီအနက္ေရာင္ဝတ္ထားတဲ့အမ်ိဳးသမီး ၊ လြန္ခဲ့တဲ့႐ုံးခ်ိန္းသုံးေခါက္စလုံး အဲ့အမ်ိဳးသမီးေရာက္လာတယ္ ၊ ၿပီးေတာ့ တရားခြင္ခဏနားတဲ့အခ်ိန္မွာ အဲ့အမ်ိဳးသမီးက အကိုနဲ႕အတူ ေဆးလိပ္ေသာက္ေနတာေလ ၊ အကိုမမွတ္မိဘူးလို႔ ကြၽန္ေတာ့္ကိုမေျပာနဲ႕! "

လုဖုန္း ေဒါသထြက္ေနသည္ တစ္ခ်ိန္တည္းမွာပင္ ေၾကာက္႐ြံထိတ္လန့္မႈကိုပါ ခံစားေနရ၏ ။
ယခု လုဖုန္းခံစားေနရေသာ ခံစားခ်က္အလုံးစုံသည္ မၾကာေသာအခ်ိန္ကမွျဖစ္သြားေသာ ထိတ္လန့္ဖြယ္အျဖစ္အပ်က္ႏွင့္ အနည္းငယ္မွ်သာ သက္ဆိုင္ေနသည္ဟုဆိုလွ်င္မမွား ။

ေလာက်န္းယြင္ ေသေသမေသေသ ၊ မည္သို႔ပင္ ေသေသ ၊ မည္သည့္အခ်ိန္တြင္ပင္ ေသေသ လုဖုန္းစိတ္မဝင္စား ။ တရားမွ်တမႈက အနိုင္ရခ်င္ေန မရခ်င္ေန ၊ ဤလူ႕ေဘာင္ေလာက,က တရားမွ်တပါေစ မမွ်တပါေစ လုဖုန္းဂ႐ုမစိုက္ ။

လုဖုန္းဂ႐ုစိုက္ေသာအရာသည္ ဤကိစၥတြင္ ရွန့္မင္ေအာ္ပါဝင္ပတ္သက္ေနသလား မပတ္သက္ေနသလားဆိုသည္ကိုပင္ ။

လုဖုန္း မည္သို႔ပင္စဥ္းစားပါေစ ၊ နားမလည္နိုင္ ။ တရားမွ်တမႈအတြက္ေပလား သို႔တည္းမဟုတ္ လုဖုန္းအား ကာကြယ္ရန္အတြက္ေပလား ? မည္သို႔ေသာအေၾကာင္းျပခ်က္မ်ိဳးကိုလုဖုန္းေတြးေတြး အားလုံးသည္မျဖစ္နိုင္ေသာ ရယ္စရာေကာင္းေသာအရာမ်ားပင္ ။

"oh"

လုဖုန္းဆီမွ သတိေပးခံလိုက္ရၿပီးေနာက္ ရွန့္မင္ေအာ္မွာလြန္ခဲ့ေသာအျဖစ္အပ်က္တို႔ကို ျပန္လည္အမွတ္ရသြားပုံပင္ ။

"အရင္တစ္ေခါက္တုန္းက ငါတို႔ ဒီတိုင္း ေဆးလိပ္အတူေသာက္ခဲ့႐ုံပဲ ၊ ၿပီးေတာ့ စကားအလဲအလွယ္ေလးနည္းနည္းလုပ္ခဲ့တာ "

ထိုခဏခ်က္ခ်င္းမွာပဲ လုဖုန္း၏ႏွလုံးသားက လည္ေခ်ာင္းထဲသို႔ ဆန္တက္လာသကဲ့သို႔ ခံစားလိုက္ရ၏ ။

"အကို အဲ့အမ်ိဳးသမီးကို ဘာေတြေျပာလိုက္တာလဲ ?"

ရွန့္မင္ေအာ္၏မ်က္ဝန္းမ်ားကား အနက္ေရာင္တို႔ရပ္နားခိုဝင္ေနသည့္ႏွယ္ ပိန္းပိတ္နက္ေမွာင္လ်က္ ။ အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနကာ လုဖုန္းအား စိုက္ၾကည့္ေနခဲ့ပါ၏ ။

ထိုကဲ့သို႔ေသာ တိတ္ဆိတ္ၿငိမ္သက္မႈမ်ိဳးႏွင့္ ထိပ္တိုက္ရင္ဆိုင္လိုက္ရသည့္အခါ လုဖုန္း၏ခံစားခ်က္မ်ားမွာ ပို၍ပင္ ေၾကာက္႐ြံ႕ထိတ္လန့္မႈတို႔ျဖင့္ ျပည့္ႏွက္လာခဲ့၏ ။

"အကို ဘယ္လိုေစာက္စကားေတြသြားေျပာလိုက္တာလဲ?"

လုဖုန္း သည္းခံနိုင္စြမ္းမရွိေတာ့ ။ ကားတံခါးကို လက္ျဖင့္ရိုက္ကာ ထပ္မံေမးခြန္းထုတ္မိသည္ ။ ႀကံရာမရျဖစ္ျခင္းအေငြ႕အသက္တို႔သည္ သူ၏အသံတြင္ အဖ်ားခတ္လ်က္ ။

"အမွန္တရား"

ရွန့္မင္ေအာ္က ထိုစကားစုကိုသာ တုံ႕ျပန္ေျပာဆိုလာခဲ့၏ ။

လုဖုန္း ေခတၱမွ်ၾကက္ေသေသသြားခဲ့သည္ ။ ရွန့္မင္ေအာ္၏စကားကို တုံ႕ျပန္ဖို႔ရာစကားလုံးမ်ားကို ႐ုန္းကန္ရွာေဖြေနခဲ့လ်က္ ။

"အကို တမင္ရည္႐ြယ္ခ်က္နဲ႕ လုပ္ခဲ့တာ "

လုဖုန္း၏စိတ္ခံစားခ်က္အလုံးစုံသည္ ပရမ္းပတာအုတ္ေအာ္ေသာင္းနင္းျဖစ္လ်က္ ။ ပထမ ဝင္ေပါက္နားတြင္လဲက်ေနေသာ အနက္ေရာင္ဝတ္စုံဝတ္အမ်ိဳးသမီးက သူ႕အျမင္အာ႐ုံထဲထင္ဟပ္သည္ ။ ထို႔ေနာက္တြင္ကား သူလြန္ခဲ့ေသာ၁၀ႏွစ္ကသတ္ခဲ့မိေသာ ခ်ီးယန္ ။

"အကိုက အဲ့လိုအရာေတြမွာ အၿမဲေတာ္ေနတာေလ"

အျခားသူမ်ားကို သူ႕အတြက္ မသန့္ရွင္းေသာအလုပ္မ်ားကို လုပ္ေစျခင္း၌လည္းေကာင္း ၊ အျခားသူမ်ားကို စကားမ်ားျဖင့္လွည့္ဖ်ားျခင္း၌လည္းေကာင္း ရွန့္မင္ေအာ္က ထူးကဲသာလြန္ေသာအရည္အခ်င္းမ်ိဳးကို ပိုင္ဆိုင္ထားတတ္၏ ။ လြန္ခဲ့ေသာ၁၀ႏွစ္က လုဖုန္းသိသိရက္ႏွင့္ပင္ တမင္လိုလိုလားလားလုပ္ေပးခဲ့ျခင္းကို အသာထား ။ ယေန႕ျဖစ္ရပ္၏ေနာက္ကြယ္မွ အေၾကာင္းျပခ်က္ကား မည္သည္နည္း ?  ရွန့္မင္ေအာ္ကိုပင္ အျခားတစ္ဖက္သို႔ေရာက္သြားရေလေအာင္ ေလာက်န္းယြင္ ဘာလုပ္ခဲ့သနည္း ?

ကားစတီယာရင္ေပၚရိုက္ခတ္ေနေသာ ရွန့္မင္ေအာ္၏လက္ညွိုးထံမွ လႈပ္ရွားမႈတို႔ရပ္တန့္သြား၏ ။ အၾကည့္တို႔မွာ တျဖည္းျဖည္းေအးစက္လာေနခဲ့သည့္အျပင္ ႏႈတ္ခမ္းေထာင့္စြန္းတို႔ကလည္း ျပက္ရယ္ျပဳဟန္ အထက္သို႔ တြန့္ေကြး၏ ။

ႏွလုံးသားအစုံျပဳတ္က်သြားသကဲ့သို႔ လုဖုန္းခံစားလိုက္ရသည္ ။

"မင္းေျပာတာမွန္တယ္ ၊ ငါကအဲ့လိုအရာေတြမွာ ေတာ္တယ္ေလ ၊ အရင္ကပဲျဖစ္ျဖစ္ အခုပဲျဖစ္ျဖစ္ အျပစ္အနာအဆာမရွိေအာင္ လုပ္နိုင္ခဲ့တယ္"

ရွန့္မင္ေအာ္က ရက္ရက္ေရာေရာပင္ ဝန္ခံလာခဲ့၏ ။

"မေကာင္းမႈေတြက်ဴးလြန္တာက ငါ့ကိုတစ္ျခားအရာေတြနဲ႕မတူေအာင္ကို ေပ်ာ္႐ႊင္မႈေတြ ယူေဆာင္လာေပးတယ္ဆိုတာေရာေပါ့ "

လုဖုန္း အမွတ္တမဲ့ပင္ ကားျပတင္းေဘာင္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားမိသည္ ။ ရွန့္မင္ေအာ္၏စကားလုံးမ်ားက လုဖုန္းအား စိတ္ရႈပ္ေထြးလမ္းေပ်ာက္ေစသည္ ။ တစ္ခ်ိန္တည္းမွာပင္ ရွန့္မင္ေအာ္၏စကားမ်ားသည္ အမွန္တကယ္ႏွလုံးသား၏အနက္ရွိုင္းဆုံးေနရာမွလာခဲ့ျခင္းလား သို႔တည္းမဟုတ္ လုဖုန္းကိုတမင္တိုက္ခိုက္ခ်င္၍သာ ေျပာေနျခင္းလားကိုလည္း သိရွိနိုင္ဖို႔ရန္ လုဖုန္း႐ုန္းကန္ေနရေသးသည္ ။

"အေဖမဆုံးခင္တုန္းက အကို႔ကိုလာေျပာခဲ့သလဲဆိုတာ အကိုမွတ္မိေသးလား ? အကိုက အရမ္းေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာမွာလို႔ အေဖေျပာခဲ့တာေလ ၊ အကိုမွတ္မိလား ?

လုဖုန္း မိမိကိုယ္ကိုမထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ရွန့္မင္ေအာ္၏တံေတာင္ဆစ္ကိုပါ ဆြဲယူလိုက္မိသည္ ။

ခံစားခ်က္အစြန္းအထင္းတို႔ကိုပယ္ဖ်က္လိုက္ေသာေၾကာင့္လားမသိ ။ ရွန့္မင္မ်က္ႏွာထက္ရွိ အမူအရာတို႔မွာ တျဖည္းျဖည္းလြင့္စင္ကုန္၏ ။ ထို႔ျပင္ စကားတစ္ခြန္းထပ္မဆိုေတာ့ဘဲ လုဖုန္းကိုသာ စိုက္ၾကည့္လာေတာ့သည္ ။

ထိုအခိုက္အတန့္တြင္ လုဖုန္း၏အေဖျဖစ္သူအေၾကာင္းထည့္ေျပာလိုက္ျခင္းကား နည္းလမ္းေကာင္းတစ္ခုေပ ။ သို႔ေသာ္ တစ္ခါတရံ ေျပာင္းျပန္အက်ိဳးသက္ေရာက္မႈလည္း ျဖစ္ေကာင္းျဖစ္နိုင္၏ ။ ရွန့္မင္ေအာ္၏ျဖစ္တည္မႈသည္ အနာေရာဂါမ်ားကိုကုသေပးနိုင္ေသာ ေဆးတစ္စက္ႏွင့္ တူေပ၏ ။ သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ လုဖုန္းတို႔၏ႏွလုံးသားဝယ္ ထင္က်န္ရစ္ေသာ အမာ႐ြတ္ေဟာင္းႏွင့္လည္း အလားသ႑ာန္တူေနေပေသး၏ ။

ရွန့္မင္ေအာ္၏ကားထံမွ ထိတ္လန့္ဖြယ္ ဟိန္းေဟာက္သံက ထြက္ေပၚလာ၏ ။ ေဘးကရပ္ၾကည့္ေနသူတို႔ကို ဟိန္းေဟာက္မာန္ဖီေသာ သားရဲတိရစာၦန္တစ္ေကာင္အလား ။

"သြားခြင့္ျပဳဦး "

ရွန့္မင္ေအာ္က လုဖုန္းလက္ကို ဖယ္ရွားကာ ထြက္သြားဖို႔ျပင္၏ ။ စိတ္ရွည္ျခင္းတရားတို႔ ကုန္စင္သြားဟန္ ။ ဤကိစၥကို လုဖုန္းႏွင့္ ဆက္လက္ေဆြးေႏြးလိုျခင္းမရွိေတာ့ဟန္ ။

လုဖုန္းလက္သီးကိုျမႇောက္ကာ ျပတင္းေပါက္ေဘာင္ဆီသို႔ ဦးတည္ထုရိုက္လိုက္သည္ ။ ထုံက်င္မႈက လက္တစ္ေလွ်ာက္ပ်ံ့ႏွံ႕လ်က္ ။ တစ္ခ်ိန္တည္းမွာပင္ မသိစိတ္၏ေစ့ေဆာ္မႈအရ ေျခႏွစ္လွမ္းေနာက္ဆုတ္လိုက္မိေသး၏ ။

ကားျပတင္းမွန္ကို အျပည့္အဝတင္လို႔မၿပီးေသးခင္မွာပင္ ေငြ​ျဖဴေရာင္ကားေလးက ေလ၏အရွိန္ျဖင့္ ေနာက္ဘက္တြင္ ဖုန္မႈန့္တို႔ကိုသာခ်န္ရစ္လ်က္ ကားပါကင္အတြင္းမွ ထြက္ခြာသြားေတာ့သည္ ။

"Fuck ! "

လုဖုန္း လက္ခုံကိုအသာနိပ္ႏွယ္ရင္း ကားေနာက္ျခမ္းဆီမွထြက္လာေသာအေငြ႕တို႔ကိုသာ ေငးစိုက္ၾကည့္ေနမိလ်က္ ။ တစ္ခ်ိန္တည္းမွာပင္ ခံျပင္းမႈတို႔ျဖင့္ ေလကိုေျခေထာက္ျဖင့္ ကန္မိေလသည္ ။

ေလာက်န္းယြင္ကိုမူ ေဆး႐ုံအေရးေပၚ႒ာနသို႔ပို႔ေဆာင္ကာ ကယ္တင္ရန္ သုံးရက္တိုင္တိုင္ႀကိဳးစားခဲ့ၾက၏ ။ သို႔ေသာ္ မေအာင္ျမင္ခဲ့ ။ တရားခံက မထင္မွတ္ထားပဲ ကြယ္လြန္သြားေသာအခါ အမႈကိစၥသည္လည္း အဆုံးသတ္သြားခဲ့ရေလသည္ ။

အနက္ေရာင္ဝတ္စုံဝတ္အမ်ိဳးသမီးကား ခဏခ်က္ခ်င္းမွာပင္ အြန္လိုင္းရွာေဖြမႈအမ်ားဆုံးျဖစ္သြားခဲ့ရၿပီး ေကာလဟာလမ်ားမွာလည္း ေဖာင္းပြေနခဲ့လ်က္ ။ ေလာက်န္းယြင္၏ ရည္းစားေဟာင္း ၊ Anti fan ၊ အလုပ္ျဖဳတ္ခံရေသာဝန္ထမ္းစသျဖင့္ အမ်ိဳးမ်ိဳးထင္ေၾကးေပးၾက၏ ။ ထိုထင္ေၾကးေပးမႈမ်ားကား ေလေပြပမာခဏတာမွ်သာ ။ အေၾကာင္းအရင္းကား အခ်ိန္ကိုက္ပို႔စ္တင္ေသာစနစ္ျဖင့္ ပို႔စ္တစ္ခုက Weiboေတြတက္လာေသာေၾကာင့္ပင္ ။
(ဘယ္ရက္ဘယ္နာရီမွေတာ့ျဖင့္ ပို႔စ္ကိုတင္မယ္ဆိုၿပီး schedule လုပ္ထားတာမ်ိဳးပါ )

ပို႔စ္တင္သူ၏IDမွာ 'လဲ့လဲ့ရဲ႕ေမေမဟန္ယ' ျဖစ္ကာ သူမကား အသက္၃၆အ႐ြယ္ နိုက္ကလပ္မွအကမယ္တစ္ဦးလည္းျဖစ္၏ ။ သူမတြင္ သူမအသက္ႏွစ္ဆယ္အ႐ြယ္ကေမြးဖြားခဲ့ေသာ သားတစ္ေယာက္ရွိၿပီး ထိုသားေလး၏ဖခင္ျဖစ္သူကိုကား မသိရေခ် ။ သူမ၏သားသာ အသက္ရွင္ေနေသးလွ်င္ ထိုေကာင္ေလးသည္ အသက္ဆယ့္ေျခာက္ႏွစ္ဝန္းက်င္ေလာက္ရွိေပလိမ့္မည္။

'လွ်င္'ဟူေသာ စကားလုံးကိုသုံးထားျခင္းကား အျခားေၾကာင့္မဟုတ္ ။ သူမ၏သားေလးသည္ လြန္ခဲ့ေသာေႏြဦးရာသီကပင္ ကိုယ့္ကိုယ္ကိုသတ္ေသခဲ့ေသာေၾကာင့္ျဖစ္၏ ။

ေလာက်န္းယြင္ကိုသတ္သူမွာ သူမျဖစ္ေၾကာင္း သူမ၏ေသဆုံးမႈကိုလည္း ႀကိဳတင္သိျမင္ထားခဲ့ေၾကာင္းပါ ဝန္ခံထား၏ ။ သူမစိတ္ထဲတြင္ အႀကိမ္ေထာင္ေပါင္းမ်ားစြာ ႀကံ႐ြယ္ခဲ့ၿပီးျဖစ္ေသာ သူမ၏လက္စားေခ်မႈ မက်ရႈံးေစဖို႔ရန္ သူမ,ေမွ်ာ္လင့္သည္ ။ ထို႔ျပင္ ဤကမာၻေလာက,က တရားမွ်တမႈကို မေပးစြမ္းနိုင္လွ်င္ သူမကိုယ္တိုင္ရွာေဖြမည္ဟုလည္း ေရးသားထားခဲ့၏ ။

အခ်ိန္ကိုက္တင္ရန္စီစဥ္ထားခဲ့ေသာ Weibo ပို႔စ္တစ္ခုဟုဆိုျခင္းထက္ ဤအရာကား မိမိကိုယ္ကိုသတ္မေသမီေရးသားခဲ့​ေသတမ္းစာတစ္ေစာင္ႏွင့္ပင္ ပို၍တူေန၏ ။ ထို႔ျပင္ ဤကမာၻအတြက္ သူမေနာက္ဆုံးအေနျဖင့္ ခ်န္ရစ္ထားခဲ့ေသာအရာဟုဆိုလွ်င္လည္း မမွား ။

ပို႔စ္တစ္ခုလုံးသည္ စာလုံးေပါင္းေထာင္ခ်ီရွည္လ်ားၿပီး ေသြးစက္ မ်က္ရည္စက္တို႔ျဖင့္ ပင္ပင္ပန္းပန္းေရးထားသည့္အလား ။ ထို႔ျပင္ သူမက်ဴးလြန္ထားေသာလူသတ္မႈ၏ေနာက္ကြယ္မွအေၾကာင္းအရင္းကိုလည္း အေသးစိတ္က်က်ေရးထားေသး၏ ။

သူမ၏သား'ဟန္လဲ့'ကား လြန္ခဲ့ေသာႏွစ္ေႏြဦးရာသီတြင္ အေဆာက္အအုံေပၚမွခုန္ခ်ကာ ကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံစည္ခဲ့သည္ ။ အစပထမ၌ သူမအေနျဖင့္ သူမ၏သားေလးကို လုံေလာက္ေသာဂ႐ုစိုက္မႈမေပးနိုင္ျခင္းေၾကာင့္ သို႔မဟုတ္ အထက္တန္းေက်ာင္းစာေမးပြဲမ်ား၏ဖိအားမ်ားေၾကာင့္ ဤကဲ့သို႔ျဖစ္ရပ္ဆိုးမ်ားျဖစ္ပြားခဲ့သည္ဟု သူမထင္ခဲ့မိသည္ ။ တစ္ေလွ်ာက္လုံး ေနာင္တ,တရားမ်ားကိုသာ ေပြ႕ပိုက္ကာ တျခားေသာျဖစ္နိုင္ေခ်မ်ားကိုထည့္မစဥ္းစားမိခဲ့ ။

ဟန္လဲ့သည္ကား ေလာက်န္းယြင္၏အမာခံပရိတ္သတ္တစ္ေယာက္ ။ နံရံထက္ရွိ ပိုစတာမ်ား ၊ ဖုန္းWallpaperမွအစ ကီးခ်ိန္းပါမက်န္ ေလာက်န္းယြင္၏ပုံရိပ္မ်ားပင္ ။  ေလာက်န္းယြင္ကို႐ူး႐ူးမူးမူတမ္းတမ္းႀကိဳက္ႏွစ္သက္႐ုံသာမက ေလာက်န္းယြင္အေၾကာင္း မေကာင္းေျပာသူတစ္ေယာက္တစ္ေလကိုမွ သည္းခံေနတတ္သူမဟုတ္ ။

တစ္ခါက မိခင္ျဖစ္သူ'ဟန္ယ'က သူမ၏သားျဖစ္သူအား စေနာက္သည့္သေဘာျဖင့္ ေလာက်န္းယြင္အားေဝဖန္သည့္သေဘာ စကားအနည္းငယ္ေျပာခဲ့ဖူးသည္ ။ ထိုအခ်ိန္မွစ'ဟန္လဲ့'က မိခင္ျဖစ္သူကို ၃ရက္ေလာက္စကားမေျပာေတာ့ ။ ဟန္ယကလည္း သူမ၏သားျဖစ္သူမွာ ေလာက်န္းယြင္အား မည္မွ်ခ်စ္ခင္ႏွစ္သက္ေၾကာင္း သိရွိထားၿပီးျဖစ္ရာ သူမသားျဖစ္သူ၏ဒိုင္ယာရီစာအုပ္ႏွင့္အတူ ေလာက်န္းယြင္ႏွင့္ပတ္သက္သမွ်အရာအားလုံးကိုပါ အတူထုပ္ပိုးေပးထားခဲ့ေသး၏ ။

တစ္ႏွစ္ေက်ာ္ၾကာသြားၿပီးသည့္တိုင္ ရင္ထဲမွဒဏ္ရာဒဏ္ခ်က္ကား အျပည့္အဝမေပ်ာက္ေသး ၊ ေနာင္တတရားႏွင့္ နာက်င္မႈတို႔ကား သူမရင္ထဲဆက္လက္ေနရာယူထားခဲ့ဆဲပင္ ။ သို႔သည္တိုင္ ဟန္ယတစ္ေယာက္ ဘဝကို ႀကိဳးႀကိဳးစားစား တက္တက္ႂကြႂကြျဖင့္ ဆက္လက္ျဖတ္သန္းေနခဲ့ပါေသး၏ ။

ေလာက်န္းယြင္က အမ်ိဳးသားပရိတ္သတ္တစ္ဦးကို အဓမၼျပဳက်င့္သည္ဆိုေသာ အထူးသတင္းမ်ိဳးက သူမ၏စိတ္အာ႐ုံကိုဖမ္းစားသြားခဲ့၏ ။ သတင္းထုတ္လႊင့္ခ်က္ အခ်က္အလက္မ်ားက သူမကိုအာ႐ုံစိုက္ေစရန္ တြန္းအားေပးသည္ဟုဆိုလွ်င္လည္းမမွား ။

သတင္းမ်ားကိုသိရေလေလ သူမစိတ္ထဲ ခံစားခ်က္မေကာင္းေတာ့ ။ ဤသို႔ေသာခံစားခ်က္မ်ိဳးက မိခင္တစ္ဦး၌သာျဖစ္ေပၚလိမ့္မည္ျဖစ္ေသာခံစားခ်က္မ်ိဳးပင္ ။ ထိုေန႕က သူမ အိမ္သို႔အလ်င္အျမန္ျပန္ကာ ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ပင္ သားျဖစ္သူပစၥည္းမ်ားထည့္သိမ္းထားေသာေသတၱာကို ေမွာက္ခ်ကာ သားျဖစ္သူ၏ဒိုင္ယာရီစာအုပ္ကို လွန္ၾကည့္မိသည္ ။

စာအုပ္ထဲရွိအေၾကာင္းအရာမ်ားကို ဖတ္ရႉၿပီးေနာက္ သူမသားျဖစ္သူကိုယ့္ကိုယ္ကိုသတ္ေသစဥ္ကထက္ပင္ ပိုလြန္ေသာ စိတ္ပ်က္အားငယ္ျခင္းမ်ိဳးကို ခံစားလိုက္ရ၏ ။

အသက္ဆယ့္ငါးႏွစ္သာရွိေသးေသာ သူမ၏သားျဖစ္သူ ဟန္လဲ့သည္လည္း သူတစ္ပါးအားထိခိုက္ေစတတ္ေသာ ေလာက်န္းယြင္၏လက္ထဲသို႔ က်ဆင္းခဲ့ရေလသည္ ။

သို႔ေသာ္ ဟန္လဲ့သည္ ေမာ့ခ်ိဳးႏွင့္မတူ ကြဲျပားျခားနားေနခဲ့၏ ။ ေလာက်န္းယြင္ကို ခ်စ္ျမတ္နိုးလွေသာ ဟန္လဲ့မွာ အၾကမ္းဖက္မႈ အားသုံးမႈတို႔၏ဓားစာခံျဖစ္ခဲ့ရသည္ေတာင္မွ စိတ္နာက်င္မႈမ်ိဳးမရွိခဲ့ ၊ ထိုအစား အထက္ေဖာ္ျပပါအရာမ်ားသည္ သူတို႔ႏွစ္ေယာက္အခ်စ္မ်ားဖန္တီးျပဳလုပ္စဥ္အတြင္း သူ၏တာဝန္ဟုသာမွတ္ယူထားခဲ့၏ ။ ေလာက်န္းယြင္က သူႏွင့္ေတြ႕ရန္ေျပာဆိုသည့္အခါတိုင္းလည္း ဟန္လဲ့မွာ တစိမ့္စိမ့္ေတြးကာၾကည္ႏူးေနတတ္၏။ ပ်ားရည္ကဲ့သို႔ခ်ိဳၿမိန္လွသည္ဟု သူေတြးထားေသာ သူတို႔ႏွစ္ဦးၾကားမွခ်စ္ျခင္းေမတၱာအၾကား အလုံးစုံနစ္ျမဳပ္သြားခဲ့သည္ဟုဆိုနိုင္ေပသည္ ။ 

သို႔ေသာ္ ေလာက်န္းယြင္၏အလိုဆႏၵကား ရိုးရိုးရွင္းရွင္းမဟုတ္နိုင္ခဲ့ ။ တစ္ဖက္လူက စကားကိုနာခံၿပီး စိတ္ဆႏၵလည္းပါေနေသာအခါ သူ႕အေနႏွင့္ ပ်င္းလာခဲ့ပုံရသည္ ။ ဤသို႔ႏွင့္ ဟန္လဲ့ကို စိတ္ကုန္လာေသာ ေလာက်န္းယြင္မွာ ဟန္လဲ့၏အဆက္အသြယ္နံပါတ္မ်ားအားလုံးကို Blacklistထဲထည့္ကာ ဟန္လဲ့အား အၿပီးတိုင္စြန့္ပစ္သြားခဲ့ေတာ့၏ ။

သူတို႔ႏွစ္ေယာက္တြဲေနသည့္ကာလအတြင္း တက္ႂကြေပ်ာ္႐ႊင္ေနခဲ့ေသာ ဟန္လဲ့မွာ ဤဇာတ္လမ္းႀကီးအဆုံးသတ္သြားေသာအခါတြင္လည္း ပိုလို႔ပင္ ဝမ္းနည္းပက္လက္ ယူႀကဳံးမရျဖစ္ရ၏ ။

ေလာက်န္းယြင္က သူ႕ကိုစြန့္ပစ္သြားရသည့္အေၾကာင္းကို ဟန္လဲ့လုံးဝနားမလည္နိုင္ခဲ့ ။ ထို႔ျပင္ ဤကိစၥ၏ေနာက္ကြယ္တြင္ အထင္လြဲမႈ ႀကီးႀကီးမားမားရွိလိမ့္မည္ဟု ဟန္လဲ့က တထစ္ခ်ယဳံၾကည္ထားခဲ့၏ ။

ဟန္လဲ့တစ္ေယာက္ ေလာက်န္းယြင္ကို အ႐ူးအမူးပင္ရွာေဖြခဲ့ေသးသည္ ။ သို႔ေသာ္ အလယ္တန္းေက်ာင္းသားအ႐ြယ္သာရွိေသးေသာ ဟန္လဲ့၏ ပတ္ဝန္းက်င္အဆက္အသြယ္ကား အတန္းေဖာ္မ်ားသာ ။ ထို႔ေၾကာင့္ ေလာက်န္းယြင္ကိုဆက္သြယ္မိဖို႔ရန္ကား ဟန္လဲ့၏လုပ္နိုင္စြမ္းထက္ ေက်ာ္လြန္ေနခဲ့ေသာအရာပင္ ။

အသည္းကြဲျခင္းႏွင့္အတူ ကပ္ပါလာေသာ စိတ္ပိက္အားငယ္ျခင္းမ်ား ၊ ေဆာ့ကစားခံရျခင္း စြန့္ပစ္ခံရျခင္း၏အက်ိဳးဆက္ နာက်င္မႈမ်ားက အသက္ဆယ့္ငါးႏွစ္သာရွိေသးေသာထိုေကာင္ေလးကို ေခ်ာက္ကမ္းပါးစြန္းသို႔ေရာက္ေအာင္ တြန္းပို႔ခဲ့ေလသည္။

ေန႕လည္စာစားခ်ိန္တြင္ အေဆာက္အအုံေပၚမွခုန္ခ်ကာ သူ၏ငယ္႐ြယ္ေသာဘဝကို သူကိုယ္တိုင္ပင္အဆုံးသတ္ခဲ့၏။ ခ်န္ရစ္ခဲ့ေသာအရာဟူ၍ ေနာက္ဆုံးခ်ိန္အေတြးတို႔ကိုေရးသားထားေသာ စာလုံးအေရအတြက္တစ္ရာပင္မျပည့္သည့္ ရိုးရိုးရွင္းရွင္းမွတ္စုတိုတစ္ခုသာ ။

သူ၏မိခင္ျဖစ္သူအေနႏွင့္မူ တစ္ႏွစ္ေက်ာ္ၾကာၿပီးမွပင္ အမွန္တရားကို သိခဲ့ရ၏ ။

"ကြၽန္မကေလး ၊ ကြၽန္မကေလးက အသက္၁၅ႏွစ္ပဲရွိေသးတယ္ ၊ အခု သူဘယ္ေတာ့မွႀကီးျပင္းလာမွမဟုတ္ေတာ့ဘူး ၊ ႀကီးျပင္းလာဖို႔အခြင့္အေရးလည္းမရွိေတာ့ဘူး ၊ အနာဂတ္က လွပတဲ့အရာေတြအားလုံး သူနဲ႕သက္ဆိုင္မႈမရွိေတာ့ဘူး ၊ အထက္တန္းေက်ာင္းတို႔ တကၠသိုလ္တို႔လည္း တက္ခြင့္မရေတာ့ဘူး ၊ တစ္ျခားသူေတြလက္ထပ္ၿပီး ပထမဆုံးကေလးကိုေပြ႕ခ်ီခြင့္ရတဲ့အခ်ိန္ ကြၽန္မသားေလးကေတာ့ ေျခာက္ေပနက္တဲ့​ေအးစက္စက္ေျမႀကီးထဲမွာပဲ ေန႕တိုင္း အထီးက်န္မႈကိုခံစားရင္း လွဲေနရေတာ့မွာ ၊ ဒါေပမဲ့ ေလာက်န္းယြင္က်ေတာ့ေရာ ? သူ႕မွာ ပိုက္ဆံလည္းရွိတယ္ အာဏာလည္းရွိတယ္ ၊ သူလုပ္ခဲ့တဲ့အရာေတြအတြက္ ေနာင္တရမေနဘူး"

"လြန္ခဲ့တဲ့ဆယ္ႏွစ္ ၊ ႏွစ္ေပါင္းမ်ားစြာကတည္းက ကြၽန္မသားေလးကို ဒီအေျခအေနမ်ိဳးနဲ႕ထားနိုင္ေအာင္ ကြၽန္မပင္ပင္ပန္းပန္းနဲ႕ေငြေတြစုခဲ့တယ္ ၊ ကြၽန္မ တစ္ခါမွ သူမ်ားကိုထိခိုက္ေအာင္မလုပ္ခဲ့ဖူးဘူး ၊ အဲ့လိုပဲ ကြၽန္မသားေလးကလည္း သူ႕ဘဝမွာမေကာင္းတာမလုပ္ခဲ့ဖူးဘူး ၊ ဒါေပမဲ့ ဘာလို႔ ေကာင္းကင္ဘုံက ကြၽန္မတို႔ကိုေကာင္းခ်ီးမဂၤလာမေပးရတာလဲ ? ေလာက်န္းယြင္က တစ္ေယာက္ၿပီးတစ္ေယာက္ထိခိုက္ေအာင္လုပ္တယ္ ၊ ဒါေပမဲ့ သူ႕လုပ္ရပ္ေတြအတြက္ ဘာအျပစ္မွ အေပးမခံရဘူး ၊ တရားခုံ႐ုံးကလည္း ေလာက်န္းယြင္ကိုျပစ္ဒဏ္ေပးဖို႔အတြက္ ခက္ခဲၿပီးၿငီးေငြ႕ဖို႔ေကာင္းတဲ့လုပ္ငန္းအဆင့္ဆင့္နဲ႕ ၊ အဆုံးမွာ ေလာက်န္းယြင္တစ္ေယာက္ ေထာင္ထဲမွာ၂ႏွစ္ ဒါမွမဟုတ္ ႏွစ္ေတာ္ေတာ္မ်ားမ်ားေလာက္ ေအးေဆးထိုင္ေန႐ုံပဲဆိုတာမ်ိဳးျဖစ္သြားလိမ့္မယ္ ၊ အဆိုးဆုံးေျပာရရင္ သူလုံးဝျပစ္ဒဏ္က်မခံရတာမ်ိဳးလည္းျဖစ္နိုင္တယ္ ၊ ကြၽန္မ အဲ့ဒါကိုလုံးဝလက္မခံနိုင္ဘူး ၊ ကြၽန္မကေလးက သူ႕အနာဂတ္ကို ဆုံးရႈံးခဲ့ၿပီးၿပီ ၊ ေလာက်န္းယြင္က ဘဝကို သူအလိုရွိသလိုေနေနတာမ်ိဳးက ျဖစ္သင့္သလား ? သူ႕လုပ္ရပ္အတြက္ သူျပန္ေပးဆပ္ရမယ္ ၊ သူေသရမယ္!!"

ဟန္ယ၏ေသတမ္းကိုဖတ္ရႉၿပီးေသာ လ်ိဳ႐ြဲ႕၏မ်က္ႏွာထက္ မ်က္ရည္တို႔ကက်ဆင္းေနခဲ့၏ ။ လပ္ေတာ့ပ္ေဘးတြင္လည္း အသုံးျပဳၿပီးေသာ တစ္သ်ႉးတို႔မွာ ေတာင့္ပို႔သဖြယ္ စုပုံလ်က္။

"သနားဖို႔ေကာင္းလိုက္တာ ၊ ေလာက်န္းယြင္က ဘယ္လိုျဖစ္လို႔ အဲ့လိုဆန္ကုန္ေျမေလးတစ္ေကာင္ျဖစ္ေနရတာလဲ ? ကေလးက အသက္၁၅ႏွစ္ပဲရွိေသးတာကို ဘယ္လိုေတာင္လုပ္ရက္တာ "

လုဖုန္းအေနႏွင့္ ေမာ့ခ်ိဳးအား ပထမဦးဆုံးသားေကာင္ဟုထင္ခဲ့မိသည္ ။ သို႔ေသာ္ တကယ္တမ္း ပထမဦးဆုံးသားေကာင္ျဖစ္ခဲ့သူကား ဟန္လဲ့ပင္ ။

ဤအမႈကိစၥေၾကာင့္ပင္ အြန္လိုင္းေပၚ၌လႈပ္ရွားမႈတစ္ခုထြက္ေပၚလာခဲ့သည္ ။ အမ်ိဳးသားနစ္နာသူမ်ားပါအက်ဳံးဝင္ေစရန္ တရားဥပေဒအရလက္ခံထားေသာ မုဒိန္းမႈ၏အနက္အဓိပၸာယ္ကို ေျပာင္းလဲေပးရန္ လူအခ်ိဳ႕က ေမွ်ာ္လင့္လာၾက၏ ။ ထိုလႈပ္ရွားမႈ၏ရလဒ္က အနာဂတ္ကာလတြင္ မေသခ်ာေသာ္ျငား ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေရးေရးမွ်ကိုေတာ့ ျမင္ေနရေခ်ၿပီ ။

တရားဥပေဒကား မေရမတြက္နိုင္ေသာ အနစ္နာခံမႈမ်ားမွတစ္ဆင့္ ျပည့္စုံေကာင္းမြန္လာခဲ့သည္ ။ လူတို႔၏ေသြးစက္ ၊ မ်က္ရည္စက္မ်ားသည္ ပုံႀကီးခ်ဲ့လြန္းသည့္အရာမ်ားမဟုတ္ခဲ့။

လုဖုန္း နာရီကိုတစ္ခ်က္ၾကည့္လိုက္သည္ ။ အခ်ိန္က ၈နာရီထိုးခါနီးျဖစ္ေလရာ လုဖုန္း လက္ထဲရွိမဂၢဇင္းကိုပိတ္လိုက္ၿပီး အလုပ္မွျပန္ရန္ အသင့္ျပင့္ရေတာ့သည္ ။

"နိုင္ငံေရးသေဘာတရားအရ မွန္ခ်င္မွမွန္မယ္ဆိုေပမဲ့ မစၥဟန္က လူ႕အသိုင္းအဝိုင္းထဲက မေကာင္းတဲ့ျဖစ္တည္မႈတစ္ခုကို ရွင္းထုတ္လိုက္တာပဲ "

လ်ိဳ႐ြဲ႕ကလက္ႏွစ္ဖက္ကိုစုကာ ဆုေတာင္းဟန္ျပဳလုပ္ၿပီးေနာက္

"မစၥဟန္ နဲ႕ ဟန္လဲ့ၿငိမ္းခ်မ္းစြာအနားယူပါ ၊ ေနာက္ဘဝမွာ မေကာင္းတဲ့သူေတြနဲ႕ ကင္းေဝးၾကပါေစ ၊ အာမင္ "

ေလာက်န္းယြင္ကိစၥအဆုံးသတ္သြားသည္ႏွင့္ သူႏွင့္ရွန့္မင္ေအာ္လည္း အဆက္အသြယ္ျပတ္သြားခဲ့၏ ။ သည္တစ္ေခါက္ ရွန့္မင္ေအာ္ကိုမေတြ႕ရသည္မွာ ယခင္ထက္စာလွ်င္ အခ်ိန္ကာလအတိုင္းအတာတစ္ခုအထိ ၾကာျမင့္လိမ့္မည္ဟု လုဖုန္းထင္ခဲ့မိသည္ ။

သို႔ေသာ္ တစ္ခါတစ္ရံ အျဖစ္အပ်က္မ်ားက တိုက္ဆိုင္လြန္းတတ္၏ ။ လုဖုန္း၏မည္သို႔ေသာအခက္အခဲကိုမွ မျဖစ္ေစခ်င္သည့္တိုင္ သူ႕အနီးပတ္ဝန္းက်င္မွလူမ်ားက ျပႆနာကို ေမႊေႏွာက္ရွာေဖြၾက၏ ။

လုဖုန္း၏ လက္ကိုင္ဖုန္းက မရပ္မနား စတင္တုန္ခါလာေသာ ညအခ်ိန္ကပင္ ဇာတ္လမ္းစေလသည္ ။

အစပထမ၌ လုဖုန္းမွင္ေသေသ မူးေနာက္ေနာက္ျဖစ္ေနမိေသးသည္ ။ ထို႔ေနာက္ ဖုန္းမ်က္ႏွာျပင္ေပၚ ေသခ်ာၾကည့္ပါမွ ရွန္းေရွာင္ရွဲထံမွ ဖုန္းေခၚေနျခင္း ။ လုဖုန္း အေရးမႀကီးေလာက္ဟုေတြးကာ အစက မကိုင္ဘဲထားမည္ဟု လုပ္လိုက္ေသး၏ ။ သို႔ေသာ္ ဖုန္းတစ္ေကာလ္ၿပီးတစ္ေကာလ္ေခၚဆိုလာေသာအခါ လုဖုန္းမကိုင္လို႔မရေတာ့ ။ သည္ပုံအတိုင္းဆိုလွ်င္ လုဖုန္းမကိုင္မခ်င္း တစ္ညလုံးဖုန္းေခၚေနေပလိမ့္မည္ ။

"ဘာျဖစ္တာလဲ ...."

ေနာက္ဆုံးတြင္ သူဖုန္းေကာက္ကိုင္လိုက္ရေတာ့၏ ။ ဖုန္းေျပာေနသည့္တိုင္ အိပ္ခ်င္မူးတူးအသံကမေပ်ာက္ေသး ။

ရွန္းေရွာင္ရွဲအေနျဖင့္ သူဖုန္းကိုင္လိမ့္မည္မဟုတ္ဟုထင္ကား စိတ္ပ်က္လက္ပ်က္ျဖစ္ေနပုံရသည္ ။ ႐ုတ္တရက္ လုဖုန္းအသံကိုၾကားလိုက္ရေသာအခါ ရွန္းေရွာင္ရွဲတစ္ေယာက္ ေခတၱမွ်ၾကက္ေသေသသြားၿပီး စကားလုံးမ်ားပါေပ်ာက္ဆုံးကုန္သည္ ။

"ဖုန္းေကာ ၊ ေနာက္ဆုံးေတာ့ အကိုဖုန္းကိုင္ၿပီပဲ "

ရွန္းေရွာင္ရွဲ၏အသံမွတစ္ဆင့္ တစ္ခုခုျဖစ္ေနသည္ကို အထင္အရွားခံစားေနရသည္ ။

လုဖုန္း ထထိုင္ကာ စိတ္ရွည္ရွည္ထား၍ ရွန္းေရွာင္ရွဲကို ေမးျမန္းရေတာ့သည္ ။

"ဘာျဖစ္တာလဲ ?"

"စန္းေကာ ၊ စန္းေကာကို ဖမ္းသြားၾကၿပီ"

ရွန္းေရွာင္ရွဲတစ္ေယာက္ စိတ္မရွည္ျဖစ္ေန႐ုံသာမက တစ္ခ်ိန္တည္းမွာပင္ ေဒါသလည္းထြက္ေနခဲ့ပါေသး၏ ။

"ကြၽန္ေတာ္တို႔ ဘာလုပ္သင့္လဲ ? "

ရွန္းေရွာင္ရွဲ၏ ေျပာျပခ်က္အရ ေဝ့ရွဲက ညဘက္ပိုင္း ရွန္းေရွာင္ရွဲႏွင့္အတူ လမ္းေဘးဆိုင္ငယ္ေလးမ်ားမွ တစ္ခုခုဝယ္စားရန္ ထြက္လာခဲ့သည္ ။ သို႔ေသာ္ ထိုဆိုင္ငယ္ေလးမ်ားရွိရာလမ္းကား ကားရပ္ရန္အတြက္ အခက္အခဲရွိသည္ျဖစ္ရာ ေဝ့ရွဲက ရွန္းေရွာင္ရွဲအား စားစရာသြားဝယ္ခိုင္းကာ သူကိုယ္တိုင္ကမူ ကားေပၚ၌ထိုင္ေစာင့္ရင္းက်န္ရစ္ခဲ့၏ ။

အသားကင္မ်ားဝယ္ကာ ရွန္းေရွာင္ရွဲျပန္လာစဥ္ လမ္း၏တစ္ဖက္ျခမ္း၌ ရဲကား၂စီးရပ္ထားသည္ကိုေတြ႕လိုက္ရ၏ ။ ရွန္းေရွာင္ရွဲထင္လိုက္မိသည္မွာ ေဝ့ရွဲတစ္ေယာက္ ကားကိုတရားဥပေဒႏွင့္အညီမဟုတ္ဘဲ ရပ္ထားမိေသာေၾကာင့္ ကရိန္းျဖင့္ကားကိုဆြဲဖို႔ျပင္ေနသည္ဟူ၍ ။

သို႔ေသာ္ ရွန္းေရွာင္ရွဲအနီးသို႔ေရာက္ေသာအခါမွ ေျမျပင္ေပၚတြင္ လက္ထိပ္ခတ္ခံထားရေသာ ေဝ့ရွဲကိုေတြ႕လိုက္ရေတာ့သည္ ။ ရဲမ်ား၏ေျပာစကားအရ ေဝ့ရွဲကတစ္စုံတစ္ေယာက္ကို ရည္႐ြယ္ခ်က္ရွိရွိ ကိုယ္ထိလက္ေရာက္တိုက္ခိုက္ခဲ့သည္တဲ့ေလ ။

ရွန္းေရွာင္ရွဲတစ္ေယာက္ ထိတ္လန့္ကာ မေအာ္႐ုံတမယ္ ေမးမိေတာ့သည္ ။

"သူ ဘယ္သူ႕ကိုထိခိုက္ေအာင္ လုပ္လိုက္မိလို႔လဲ ?"

ရဲအရာရွိက လမ္းတစ္ဖက္ျခမ္းမွ သက္လတ္ပိုင္းလူတစ္ဦးကိုၫႊန္ျပ၏ ။ ႏွာေခါင္းကိုလက္ျဖင့္အုပ္ကိုင္ထားေသာ ထိုလူ၏ရင္ဘတ္ေပၚတြင္လည္း အနီေရာင္ေသြးကြက္တို႔စြန္းထင္းလ်က္ ။

"ဟိုမွာေတြ႕လား ၊ အဲ့လူကသူ႕ဘာသာေနေနတာကို မင္းသူငယ္ခ်င္းက သြားရိုက္တာ "

ေဝ့ရွဲကား အေၾကာင္းအရင္းမရွိဘဲ အၾကမ္းဖက္မႈမ်ိဳးကို အသုံးခ်မည့္သူမ်ိဳးမဟုတ္မွန္း ရွန္းေရွာင္ရွဲသိသည္။
ထို႔ေၾကာင့္ အေျခအေနကိုရွင္းျပဖို႔ႀကိဳးစားပါသည့္တိုင္ ရဲအရာရွိက သူ႕စကားကိုလက္မခံဘဲ ေဝ့ရွဲကို ၎တို႔ႏွင့္အတူ ေခၚေဆာင္သြားခဲ့ေတာ့၏ ။ ရွန္းေရွာင္ရွဲကား အသားကင္ေခ်ာင္းမ်ားကိုသာကိုင္ထားရင္း ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိဘဲ ေနာက္ဆုံးတြင္ လုဖုန္းအား ဖုန္းဆက္လာခဲ့ျခင္းပင္ ။

ညသန္းေခါင္အခ်ိန္ႀကီး တစ္စုံတစ္ေယာက္ကို အခ်ဳပ္ခန္းထဲမွ သြားထုတ္ရေပဦးမည္ ။ လုဖုန္း အသက္ဝဝရႉကာ စိတ္ၿငိမ္ေအာင္ ႀကိဳးစားစုစည္းလိုက္သည္ ။

"အရင္ဆုံး စိတ္ကိုၿငိမ္ၿငိမ္ထား ၊ ဘယ္ရဲစခန္းကိုေခၚသြားတာလဲ မင္းသိလား ? မင္း အဲ့ကိုအရင္သြားၿပီး ငါ့ကိုေစာင့္ေနႏွင့္ ၊ ငါ တတ္နိုင္သေလာက္ အျမန္ဆုံးလိုက္ခဲ့မယ္ "

ရွန္းေရွာင္ရွဲႏွင့္ ဖုန္းေျပာၿပီးေနာက္ လုဖုန္း Contact List ထဲမွ ရွန့္မင္ေအာ္၏ဖုန္းနံပါတ္ကို လိုက္ရွာေနမိသည္ ။ ခဏတာမွ် တြန့္ဆုတ္ေနခဲ့မိေသာ္ျငား ေနာက္ဆုံးတြင္မူ ရွန့္မင္ေအာ္အား ဖုန္းေခၚဖို႔ရန္သာ လုဖုန္းေ႐ြးခ်ယ္လိုက္၏ ။

လုဖုန္းသိသူမ်ားထဲတြင္ ေရွ႕ေနေရွ႕ရပ္အလုပ္၌ ကြၽမ္းက်င္သူ အခုလိုအခ်ိန္မ်ိဳးတြင္ အားကိုးနိုင္သူသည္ ရွန့္မင္ေအာ္တစ္ေယာက္တည္းသာ ။

အခ်ိန္ကား မနက္၁နာရီပင္ ရွိေခ်ၿပီ ။ ရွန့္မင္ေအာ္အေနႏွင့္လည္း ဤအခ်ိန္ေလာက္ဆိုလွ်င္ ဖုန္းပိတ္ကာအနားယူေနေလာက္သည္ ။ ရွန့္မင္ေအာ္ဖုန္းကိုေခၚေနစဥ္အတြင္းလည္း လုဖုန္း၌ ေမွ်ာ္လင့္ခ်က္ဟူ၍သိပ္မရွိလွ ၊ ရရ,မရရ စမ္းေခၚၾကည့္သည့္သေဘာသာ ။

ေဝ့ရွဲတစ္ေယာက္ ဤမွ်ထိကံေကာင္းလိမ့္မည္ဟု လုဖုန္းထင္မထားခဲ့ ။ ကံအေၾကာင္းဖန္ေလေတာ့ ရွန့္မင္ေအာ္မွာ ထိုအခ်ိန္ မအိပ္ေသးေပ ။ ဖုန္းမကိုင္ဘဲ အၾကာႀကီးထားထားေသာ္ျငား ေနာက္ဆုံးတြင္ေတာ့ ရွန့္မင္ေအာ္ဖုန္းေကာက္ကိုင္လိုက္ပါ၏ ။

"ကြၽန္ေတာ့္ကို တစ္ခုေလာက္ကူညီေပး"

လုဖုန္း ရွန့္မင္ေအာ္စကားေျပာလာမည္ကို မေစာင့္ေတာ့ဘဲ သူအရင္ ဦးကာေျပာလိုက္သည္ ။

ရွန့္မင္ေအာ္တစ္ေယာက္ ျပင္းျပင္းထန္ထန္ေလ့က်င့္ခန္းလုပ္ေနပုံရသည္ ။ သူ႕စကားသံမ်ားမွာပင္ ေမာဟိုက္သံတို႔က စြန္းထင္းပါဝင္လ်က္ ။

"ဘာလို႔ မင္းကိုကူညီရမွာလဲ ?"

ရွန့္မင္ေအာ္ ဤကဲ့သို႔ေျပာလာမည္ကို လုဖုန္းသိၿပီးသားပင္ ။

"ကြၽန္ေတာ္ အကို႔ဝန္ထမ္းတစ္ေယာက္ကို ကယ္ခဲ့ဖူးတယ္ ၊ အခုကူညီေပးမွာကို အျပန္အလွန္လို႔ သေဘာထားလိုက္ ၊ အခ်ဳပ္ခန္းထဲေရာက္ေနတဲ့သူကိုသြားထုတ္ဖို႔ေလာက္ပဲ ကူညီေစခ်င္တာ..."
(ေရွ႕ေန႐ုံးခန္းမွာတုန္းက စာေရးမေလးကို အမူးသမားက အရက္ပုလင္းနဲ႕ရိုက္မယ္လုပ္တုန္းက ဝင္ကူညီေပးလိုက္တဲ့အခန္း )

ရွန့္မင္ေအာ္က လုဖုန္းစကားကို ျဖတ္ေျပာလာခဲ့သည္ ။

"မင္းအေပၚအေႂကြးတင္ေနတာ ငါ့ဝန္ထမ္းေလ ၊ သူမကိုသြားရွာၿပီး ျပန္ဆပ္ခိုင္းလိုက္ "

လုဖုန္း အံကိုတင္းတင္းႀကိတ္ထားမိသည္ ။ လက္ထဲရွိဖုန္းကလည္း အားႏွင့္ဆုပ္ကိုင္ထားမႈေၾကာင့္ ကြဲေၾကလုမတတ္ ။ မၾကာေသာအခ်ိန္တြင္ ရွန့္မင္ေအာ္ဖုန္းခ်လိဳက္မည္ကို လုဖုန္းစိုးရိမ္မိသည္ျဖစ္ရာ ေကာင္းေကာင္းမြန္မြန္ညွိႏွိုင္းျခင္းဟူေသာနည္းလမ္းမ်ိဳးကို လုဖုန္းစဥ္းစားဖို႔အခ်ိန္မရွိေတာ့ ။ ထို႔ေၾကာင့္ သူ၏ကိုယ္ပိုင္မူဟန္အတိုင္း တဲ့တိုးတုံးထိသာေျပာခ်လိဳက္ေတာ့သည္ ။

"အဲ့ေန႕ညက တစ္ညလုံးကြၽန္ေတာ့္ကိုလုပ္သြားခဲ့တာ အကိုမလား ?  ျပည့္တန္ဆာတစ္ေယာက္ကို သူတို႔ဝန္ေဆာင္မႈအတြက္ေပးတယ္လို႔သေဘာထားၿပီး ကြၽန္ေတာ့္ကိုလာကူညီ ၊ ဟုတ္ၿပီလား !"

T/N
ေလာက်န္းယြင္ေနရာမွာ ေဘာက်န္းယြင္လို႔ပဲရိုက္ရိုက္ေနမိတာ ကီးဘုတ္ကစိတ္ထဲဝင္ၾကည့္ေနသလား ေအာက္ေမ့ရ 😃✋️

ဒါနဲ႕ အခါအခြင့္သင့္လို႔ ေျပာပါဦးမယ္
အခုကာလမွာ မတရားမႈကို အားေပးေထာက္ခံတဲ့သူေတြရွိတယ္
အဲ့လူေတြကိုပဲ ထပ္ၿပီးမစြန့္ခြာနိုင္ အဲ့လူရဲ႕အျမင္မွားေနမႈကိုပဲ မ်က္စိစုံမွိတ္ၿပီးလက္ခံေပးေနတဲ့သူေတြရွိတယ္
တရားမွ်တမႈမွာ မ်က္ႏွာႀကီးရာဟင္းဖတ္ပါလို႔ရပါသလား ? တရားမွ်တမႈမွာ ကိုယ္ႀကိဳက္တဲ့သူမို႔ ခြင့္လႊတ္ပါတယ္လို႔ ရွိပါသလား ? ဒီေလာကထဲမွာလည္း ျမင္ေနေတြ႕ေနရတယ္ XD

လူသတ္သမားကို အားေပးေထာက္ခံသူဟာလည္း သြယ္ဝိုက္ေသာနည္းအားျဖင့္ လူသတ္သမားပါပဲ
အခုခ်ိန္ထိ လူသတ္သမား စခေတြကိုမွန္တယ္ထင္ေနေသးတဲ့သူေတြ နိုယာ့စာေတြကို လာမဖတ္မေနပါနဲ႕
နိုယာ့မွာ စာဖတ္သူမ်ားမ်ားစားစားလည္းမရွိပါဘူး ဒါေပမဲ့ ေလာက္တစ္ေကာင္ေလ်ာ့သြားလည္း ဝမ္းနည္းမေနပါဘူး
ရိုင္းသြားလည္း မတတ္နိုင္ပါ
Note ရွည္သြားတယ္ Gomen
ေနာက္အပိုင္းျပန္ေတြ႕ပါမယ္

Continue Reading

You'll Also Like

340K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
157K 19.7K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
660K 57.9K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...