BROKEN-SEASON|1|(COMPLETED)

By Philip_K

53.2K 4.6K 582

ကြေမွပျက်စီးနေသော.... More

Intro-zawgyi
Part(1)-zawgyi
Part(2)-zawgyi
Part(3)-zawgyi
Part(4)-zawgyi
Part(5)-zawgyi
Part(6)-zawgyi
Part(7)-zawgyi
Part(8)-zawgyi
Part(9)-zawgyi
Part(10)-zawgyi
Part(11)-zawgyi
Part(12)-zawgyi
Part(13)-zawgyi
Part(14)-zawgyi
Part(15) zawgyi
Final Part(zawgyi)
Season 2
Intro(unicode)
Part-1(unicode)
Part-2(unicode)
Part-3(unicode)
Part-4(unicode)
Part-5(unicode)
Part-6(unicode)
Part-8(unicode)
Part-9(unicode)
Part-10(unicode)
Part-11(unicode)
Part-12(unicode)
Part-13(unicode)
Part-14(unicode)
Part-15(unicode)
Final (unicode)

Part-7(unicode)

100 9 0
By Philip_K

ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။

------------------------♥------------------------------

မနက်ကbaekhyun နဲ့မေပယ်လ်ပင်အောက်
စကားပြောပြီးတော့ သူ
အတန်းချိန်တွေလည်းသွားမတက်ဖြစ်။

အိမ်လည်းမပြန်ပဲ ဟန်မြစ်ဘေးမှာသာ
တစ်ချိန်လုံးနေဖြစ်ခဲ့သည်။

ထိလူသားနှင့်သူ့အကြောင်းတွေးရင်း
စိတ်ထဲမှာမွန်းကြပ်လာသည်။

အစပထမတွေ့ခဲ့ချိန်က ထိုလူသားမှာ
ရည်းစားရှိခဲ့ပါလျှင် ရှေ့ဆက်မတိုးဖို့
ဆုံးဖြတ်ထားပြီးသား။

အခုတော့အားလုံးနောက်ကျသွားပြီ။
နောက်ကျတယ်ဆိုပေမယ့် ရပ်တန့်လိုက်လျှင်
လည်းဖြစ်နိုင်သေးပေမယ့် သည်အခြေအနေရောက်မှ သူ မရပ်တန့်ပစ်ချင်။

Wu yifanဟုခေါ်သော တရုတ်လူမျိုးအား
တစ်ဘဝစာပိုင်ဆိုင်ချင်သည်။
ထိုလူနှင့်အတူ အချိန်များကုန်ဆုံးချင်သည်။
နောက်ဆုံးထိုလူသား၏နှလုံးသားကိုလည်း
ပိုင်ဆိုင်ချင်မိသည်။

မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် နောက်မဆုတ်ချင်။
ထိုလူသား၏ ရည်းစား သို့မဟုတ်
တစ်ဖက်သတ်ချစ်ရသူထက် သာလွန်စွာချစ်ပြပြီး
ထိုလူ့၏အချစ်များသူ့ထံရောက်လာစေရန်ပဲ
သူကြိုးစားချင်သည်။

မိန်းမတစ်ယောက်နှင့်ပြိုင်ပြီး ထိုလူ့ကို
လုရမည်ဆိုသည်မှာတော့
အနည်းငယ်ရှက်ဖို့ကောင်းမည်။

သို့သော်...သို့သော်....

ထိုလူသားအားပိုင်ဆိုင်ဖို့အရာအားလုံးစွန့်လွှတ်ရန်
အဆင်သင့်ဖြစ်နေခဲ့ပြီးသားပေမို့~~~~

-----------------------------------------------------------

စာသင်ခန်းထဲမှ ထိုလူသားအားကြည့်ရသည်မှာ
သိပ်ကိုဆွဲဆောင်မှုရှိတာ။

တစ်ခုခုကိုအာရုံစိုက်နေတဲ့ထိုလူ့ရဲ့ပုံစံဟာ
ဘာနဲ့မှနှိုင်းယှဉ်မရလောက်အောင်ကို
စမတ်ကျနေတတ်၏။

ထိုလူသား၏ဘေးနားမှာထိုင်နေသော
Yixing hyungက ထိုလူ့ကိုလက်တို့်ပြီး
သူ ရှိတဲ့နေရာကိုမျက်စပစ်ပြတော့ ထိုလူက
သူ့ထံတစ်ချက်ကြည့်ပြီးပြုံးပြတယ်။

ရပါပြီ..သည်လောက်ဆိုပြည့်စုံပြီ
မနေ့ကတစ်ဖက်သောဖုန်းမှ ထိုလူ၏ချစ်ရသူ
မိန်းကလေး ကိုလည်းဂရုမမူ။
မနက်ကအထိနောက်ဆုတ်ပစ်ဖို့လှုပ်ဆော်နေတဲ့
ဦးနှောက်ထဲမှဆဲလ်များကိုလည်း
လျစ်လျူရှုလိုက်နိုင်ပြီ။

သူ့အတွက်သီးသန့်ဖြစ်တည်ပေးတဲ့
ထိုလူသားရဲ့ အပြုံးတစ်ပွင့်ဟာ
ထိုမျှလောက်အထိစွမ်းဆောင်နိုင်ပါရဲ့~~~~~

"စောင့်နေရတာကြာသွားလား chanyeol"

စာသင်ခန်းမှဆရာထွက်သွားသော
သုတ်သုတ်ပြာပြာနှင့်သူ့ထံအပြေးလာတဲ့
ထိုလူသားဟာ သူ့နှလုံးသားအားလှုပ်ကိုင်
နိုင်ပါသေးသည်။

"ဟင့်အင်းမကြာသေးပါဘူး"

သူ၏မူပိုင် ပါးချိုင့်ကလေးအား
နင့်ဝင်သည်အထိပြုံးပြရင်း
ပြန်ဖြေနေသော်လည်း လက်တွေ့တွင်
သူ့ခြေဖဝါးများကျင်နေပြီဖြစ်သည်။

စာသင်ချိန်တစ်ချိန်စာ(လေးဆယ့်ငါးမိနစ်စာ)
လောက်မတ်တပ်ရပ်ခဲ့ရသည်မို့ ခြေထောက်မှာ
မနည်းက်ုိအားတင်းပြီး ရပ်နေရတာ...

"ကိုကြီး!"

စူးရှရှမိန်းကလေးအသံကြောင့်
နှစ်ယောက်လုံးတစ်ပြိုင်နက်လှည့်ကြည့်မိတော့
တစ်ဖက်သောသူက yoon...

"ကိုကြီး...ညနေကျရင် yoonတို့အိမ်ကို
လာခဲ့နော် ထမင်းဖိတ်ကျွေးတာ
ကိုကြီးအမေရောအဖေရောလည်းလာကြမှာ
Phဆက်တာမကိုင်လို့ yoonကိုလာပြောခိုင်းတာ
သွားပြီနော်...."

ပြောချင်သည့်စကားအား တောက်လျောက်မနားတမ်းပြောပြီး အဖြေကိုပင်မစောင့်ပဲ ခပ်သုတ်သုတ် ထွက်ပြေးသွားသော yoonအား
သူကြောင်ကြည့်နေမိသည်။
တဆိတ်...yoonမျက်ဝန်းထဲမှာ
မျက်ရည်တွေ တွေ့သလားလို့...

ဪ yoonအမေဆူတာခံထားရတယ်နဲ့
တူပါတယ်။

"သွားကြမလားchanyeol ကိုယ် ဗိုက်ဆာနေပြီ"

လွင့်မြော
နေသောအာရုံအား ထ်ုိလူသားအသံကပြန်စုစေပြီး ခြေလှမ်းတို့ရဲ့ဦးတည်ရာက canteenဆီသို့~~~

"မနေ့ညက အိမ်ကိုကောင့းကောင်းပြန်ရောက်ရဲ့လား chanyeol"

"ဟုတ်...ဟုတ်ကဲ့..ရောက်ပါတယ်.."

"ကိုယ်ပြောတာက ပထမပြန်ရောက်ခြင်း
မဟုတ်ဘူးနော်...ကိုယ့်အခန်းထဲကို
တိတ်တိတ်လေးခိုးဝင်လာတယ် ဖုန်းပြောတာ
အထိနားထောင်ပြီးမှပြန်သွားတာကိုပြောတာ။"

"အဟွတ်...အဟွတ်..."

ရုတ်တရက် ဆန်သောထိုလူ့စကားများကြောင့်
သောက်လက်စ ရေပင် သည်းသွားရသည်။

ထိုလူ...ညကသူပြန်လာခဲ့သည်ကိုသိသတဲ့လား။

"အဲ့လောက်ထိမလန့်ပါနဲ့
မနေ့ကဖုန်းပြောနေရင်းအသံကြားလိုထွက်ကြည့်တော့မင်းပြန်သွားတာကို တွေ့လိုက်လို့ပါ"

ထိုလူသားကတော့တည်ငြိမ်စွာနဲ့ပဲ
စားလက်စထမင်းအားဟန်မပြတ်စားနိုင်ပေမယ့်
သူ့စိတ်ထဲမှာတော့လအတွေးပေါင်းစုံဖြတ်ပြေးနေတယ်။

ငါ့မှာကြိုက်နေတဲ့လူရှိတာမင်းသိပြီမလား
အဲ့တော့ မင်းနဲ့ငါ့ရဲ့ ဟန်ဆောင်ရည်းစားလုပ်ခြင်းကိုသည်မှာပဲရပ်တန့်လိုက်ကြရအောင်လို့
ပြောမလားဟုတွေးရင်း သူအသက်ရှူမဝ
တော့။

တောင်းပန်ပါတယ် နှလုံးသားကိုမပိုင်ဆိုင်ရရင်တောင်မှ ထိုလူ့အနားမှဘယ်လိုပုံစံမျိုးနဲ့မဆိုရှိနေချင်ပါရဲ့...

ဘုရားသခင် ကျွန်တော့်ရဲ့ဆုတောင်းကိုကြားနိုင်ပါစေ။

"ဒါနဲ့...babyအကြောင့်မင်းလည်းသိချင်နေမှာပေါ့"

ဟင့်အင်း မသိပါရစေနဲ့လို့ သူ
ပြောလိုက်ချင်ပေမယ့် အာစေးကပ်သလို
ဖြစ်နေတဲ့ နှုတ်ခမ်းများကြောင့် မည်သည့်စကားမှထွက်ကျမလာခဲ့~~~

"Babyကကိုရီးယားလူမျိုးလေ babyကသိပ်ချစ်ဖို့ကောင်းတာ..."

ဒါဆို ကိုရီးယားလူမျိုးဖြစ်တဲ့ကျွန်တော်ကရော
ကိုကို့ မျက်လုံးထဲ ဘယ်လိုများဖြစ်နေခဲ့မလဲ?

"Babyကို ကိုယ်စတွေ့တော့ Social app
တစ်ခုပေါ်မှာလေ...ရီတော့ရီရသားသူက
Tom boyလေးရယ်"

နာကျင်လိုက်တာ...နှလုံးသားက
သာမန်အချိန် ထိုလူရယ်နေရင်
သိပ်ကိုကျေနပ်မိပေမယ့်...
အဲ့ဒီ့ သက်ရှိမိန်းကလေးအကြောင်းပြော
ရင်း ရယ်နေတဲ့ ထိုလူ့ကြောင့်
ဝဲဘက်ရင်အုံက တဆစ်ဆစ်နာသည်။

"Babyနဲ့ရင်းနှီးမှုရပြီး တစ်လလောက်ကြာတော့ သူ့ကို ကိုယ်ကကြိုက်နေကြောင်းဖွင့်ပြောဖြစ်တယ်...အစကတော့ငြင်းတာပေါ့
Blockတောင်သွားတာ..နောက်ပိုင်းကိုယ်အကြိမ်
ကြိမ်တောင်းပန်တော့မှပြန်ခေါ်တာ
အခုကိုယ့်မှာ မျှော်လင့်ချက်ရှိတယ် babyကိုယ်ကြိုတစ်နေ့ပြန်ကြိုက်လာမှာ"

ကိုကိုရယ်...ကျွန်တော်ကကိုကို့ကို သိပ်ချစ်တာရယ်။ စိတ်မပူပါနဲ့ကိုကို...မကြာခင်မှာကိုကိုလည်း
ကျွန်တော့်ကိုပြန်ချစ်လာအောင်ကျွန်တော်ကြိုးစားမှာပါ။

လို့ သူ မျှော်လင့်တကြီးပြောခဲ့စဉ်က
လိင်တူဆန်တဲ့ချစ်ခြင်းကိုမနှစ်သက်ဘူးလို့ငြင်းရင်း
သူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးခဲ့တဲ့ ထိုလူက
တစ်စုံတစ်ယောက်အပေါ်မှာကျတော့ ထပ်တူညီတဲ့မျှော်လင့်ချက်မျိုး ပြန်ထား တတ်သတဲ့လား...

"Babyက ကိုရီးယားမှာ ကိုယ်က
တရုတ်မှာဆိုတော့အနေဝေးတယ်လေ
အဲ့တော့ ကိုရီးယားကိုscholarရအောင်ဖြေခဲ့တာ"

ထိုလူသားကိုသူနဲ့ပေးတွေ့စေခဲ့လို့
ညတိုင်းကျေးဇူးတင်နေမိတဲ့
ဘုရားသခင်က်ိုပဲအပြစ်တင်ရမလိုလို။

ထိုလူသားကို
ကိုရီးယားကိုလာစေတဲ့အထိ
ဆွဲဆောင်နိုင်ပါတဲ့ ထိုသက်ရှိမိန်းကလေးကိုပဲ
ကျေးဇူးတင်ရတော့မလိုလို.....

.

"ပျော်လားကိုကို"

"ဟင်.."

"ဪ..အဲ့သည့်tom အဲ့လေထားပါတော့
မိန်းကလေးလို့ပဲပြောလိုက်တော့မယ်။
ကိုကိုချစ်တဲ့မိန်းကလေးအကြောင်းပြောရတော့
ပြောလား ကိုကို"

"ဒါပေါ့ chanyeolရ "

"ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲ ကိုကို?"

"ဘာကိုပြောချင်တာလဲ"

"ဪ..ကိုကိုနဲ့ကျွန်တော့်ရဲ့ ဟန်ဆောင်ထားတဲ့ relationshipကို ဘာဆက်လုပ်ရင်
ကောင်းမလဲလို့"

"ဒါများchanyeolရယ် babyဆီက
အဖြေမရခင်အထိတော့ မင်းကိုယ့်ဘေးမှာနေလို့ရပါသေးတယ်

လွယ်လိုက်တာ...
လူတစ်ယောက်ရဲ့အချစ်ကိုမရခင်
တစ်ခြားလူယောက်ကိုအစားထိုးနိုင်သတဲ့လား။

ဘုရားသခင်ကသူ့ဆုတောင်းကိုကြားခဲ့သည်ထင့်
ထိုလူ့ဘေးကနေ အလွယ်တကူဖယ်ထုတ်မသွားခဲ့။

သို့သော်
တိုးညှင်းသောသူ့အသံကြောင့်
ထိုလူသား၏နှလုံးသားကိုပိုင်ဆိုင်ရပါစေဟူသော
ဆုတောင်းကိုတော့ ဘုရားသခင်မကြားနိုင်ခဲ့။

တတိယမြောက်ကြေမွပျက်စီးသွားသော
သူ့နှလုံးသားလေးကပြောတယ်
ထိုလူသားကိုသိပ်ချစ်တာပဲတဲ့ ~~

----------------------Broken----------------------

To.....Be.......Continued

By Philip_K

ပျင်းနေကြပြီလား?

Continue Reading

You'll Also Like

151K 17.2K 16
လေရူးတိုက်​တဲ့​နွေဦး... သစ်​ရွက်​မ​ကြွေ​သော​လမ်း​ပေါ်မှာ မင်းကိုစ​တွေ့ခဲ့ တာ​ ကောင်​​လေး...~ March/15 Cv By - Bernal_XianB လရေူးတိုကျတဲ့နှဦေး... သ...
99.9K 16.1K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
26K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...