A Vet's Pet (Hajeongwoo/RuJeo...

By sunnyisnaychi

13.5K 2.3K 170

မိုးရေထဲမှာ လမ်းလျှောက်နေခဲ့သည်။ ကြောင်လေး ၂ ကောင်ကိုတွေ့သည်။ စိတ်ပူစွာနဲ့ ဆေးခန်းကိုလိုက်ရှာရင်း ... တိမွေးက... More

1 (unicode)
1 (Zawgyi)
2 (unicode)
2 (zawgyi)
3 (unicode)
3 (zawgyi)
4 (unicode)
4 (zawgyi)
5 (unicode)
5 (zawgyi)
6 (unicode)
6 (zawgyi)
7 (unicode)
7 (zawgyi)
8 (unicode)
8 ( zawgyi)
9 (unicode)
9 (zawgyi)
10 (unicode)
10 (zawgyi)
11 (unicode)
11 (zawgyi)
12 (unicode)
12 (zawgyi)
13 (unicode)
13 (zawgyi)
14 (unicode)
14 (zawgyi)
15 (unicode)
15 (zawgyi)
16 (unicode)
16 (zawgyi)
17 (unicode)
17 (zawgyi)
18 (unicode)
19 (unicode)
19 (zawgyi)
20 (U+Z)
21 (U+Z)
22 ( U +Z )
23 ( U + Z )
24 ( U+Z)
25 (U+Z)
26 ( U+Z )
27 ( U +Z )
28 End (U + Z)

18 (zawgyi)

119 12 3
By sunnyisnaychi

“စာမေးပွဲဖြေပြီးရင် ဂိတ်ဝမှာ သေချာရှာ ဆရာစောင့်နေမယ်” လို့စာပို့ထားတာမို့ စာမေးပွဲဖြေပြီး တဲ့နောက် အမြန်ပြေးထွက်ပြီး ဂိတ်ဝမှာ ရှာရတော့သည်။

ဘယ်နေရာမှာ ဘယ်လိုရပ်နေပြီး ဘယ်လိုများလာရှာမလဲပေါ့..

ပန်းစည်းလေးများကိုင်ထားမလား? အအေးဘူးလေးများကိုင်ထားမလား? ပေါင်မုန့်ထည့်တဲ့ စက္ကူအိတ်လေးများထိုင်ထားမလားဆိုပြီး ယောက်ျားလေးတိုင်းကို လိုက်ကြည့်နေမိသည်။

ဘေးလွယ်အိတ်ကိုအရှေ့မှာပိုက်ထားရင်း ဆရာ့ကိုရှာနေပေမယ့် မတွေ့။

‘လွယ်လွယ်ကူကူရှာလို့ရမယ့်နေရာမှာ မရှိရင် ဘယ်မှာပါလိမ့်’

ကျောင်းတံခါးဝကနေထွက်လာပြီး အပြင်ကလမ်းမပေါ်မှာ ဘယ်ညာကြည့်မိသည်။  တကယ်တော့ ဆရာက ပန်းစည်းတွေ အအေးဘူးတွေ ဘာမှကိုင်မလာခဲ့။ ကားတစ်စီးဘေးမှာသာရပ်စောင့်နေခဲ့သည်။

ကားကိုနောက်ပြန်မှီထားပြီး ဘောင်းဘီအိတ်ထဲကိုလက်ထည့်ထားပုံက မြင်နေကြပုံစံနဲ့ကွဲထွက်နေတော့ ကြည့်လို့မဝ။ အသစ်အဆန်းဖြစ်နေပေမယ့် ရိုးမသွားမယ့် ပုံစံလေးမို့ ဖုန်းထုတ်ပြီး ဓာတ်ပုံအမြန်ရိုက်လိုက်သည်။

‘ဆရာ့’

‘ဟာနာ’

အကယ်၍သူမသာ ဇာတ်ကားထဲက အဓိက ဇာတ်ဆောင်မင်းသမီးသာဆိုရင် သူ ဂျောင်ဝူးဆီပြေးလာတဲ့ပုံကို slow motion နဲ့ရိုက်ပြလိမ့်မည်ထင်သည်။ တကယ့်လက်တွေ့ဆိုပေမယ့် သူမကမကြာခင်မှာ ဂျောင်ဝူးဘဝရဲ့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တော့မှာမို့ ဒါတွေစိတ်မဝင်စားတော့ပါ။

‘ဆရာ့ကိုလိုက်ရှာနေတာ’

‘ကားကဒီမှာပဲရပ်လို့ရတော့ ဒီမှာပဲစောင့်နေလိုက်တော့တာလေ’

‘ဟုတ်…’ သူမက ချစ်စရာအကောင်းဆုံးဖြစ်အောင်ပြုံးပြလိုက်ပါသည်။ ဂျောင်ဝူးတစ်ယောက်ဒီအပြုံးမှာ ကျရှုံးသွားဖို့ကိုလည်းမျှော်လင့်သည်။

‘ကားပေါ်တက်...ပန်းခြံထဲမှာ မုန့်သွားစားကြတာပေါ့...ညနေလည်းစောင်းနေပြီဆိုတော့’

‘အိုကေ’

ဂျောင်ဝူးကတံခါးဖွင့်ပေးတော့ ဟာနာက အလိုက်သင့်ကားထဲကိုဝင်လိုက်သည်။ ဂျောင်ဝူးများ ခါးပတ်ပတ်ပေးမလားဆိုတဲ့အတွေးနဲ့ ခါးပတ်ကိုမပတ်သေး။ ဖုန်းကြည့်သလိုလို ပစ္စည်းရှာသလိုလိုနဲ့ အချိန်ဆွဲနေလိုက်သည်။

ဂျောင်ဝူးကလည်းကားထဲဝင်လာပြီးစက်နှိုးလိုက်သည်။

‘ဒါဆို သွားတော့မယ်နော်...ခါးပတ်ပတ်လိုက်ဦး’

‘ဪ ဟုတ်’

သူ့ဘာသာသူပဲ ပတ်လိုက်ရပါသည်။

//   ///   ////

တစ်ခါတည်းပန်းခြံကိုတန်းသွားရင် ဘာမှလုပ်စရာမရှိမှာစိုးလို့ အနားက မားကတ်ထဲအရင်ဝင်လိုက်သည်။ မိန်းကလေးတွေရဲ့ စိတ်နဲ့သဘောထားကို ဈေးအတူတူဝယ်ကြည့်ရင်သိတယ်တဲ့။ ဒီလိုနဲ့ သူဟာနာရဲ့စိတ်ထားလေးကိုစမ်းသပ်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

သူနဲ့တကယ်လိုက်ဖက်တဲ့ အမျိုးသမီးလားဆိုတာ ဒီနေ့တစ်နေ့တည်းမှာတင်သိချင်မိသည်။ ဒါမှလည်း ရှေ့ဆက်တိုးသင့်မတိုးသင့်စဉ်းစားမိမှာကိုး။

ကားရပ်ပြီး ခါးပတ်ဖြုတ်ကာဆင်းလိုက်ပေမယ့် ဟာနာကဆင်းမလာသေးတာမို့ ဘာဖြစ်လို့လဲဆိုပြီး ပြတင်းပေါက်မှန်ကို သွားခေါက်ပြီးမေးကြည့်လိုက်ရသည်။ တော်သေးတာပေါ့ ဘာမှမဖြစ်ဘူးတဲ့။ နောက်မှစဉ်းစားမိတာက သူတံခါးဖွင့်ပေးတာများစောင့်နေတာလားဆိုပြီး..

စဉ်းစားမိတဲ့အချိန်မှာတော့ ဟာနာကဆင်းလာပြီးနေပြီ။

*ပတ်ဂျောင်ဝူး မင်းကွာ...ဒီလိုအလိုက်သိတတ်ပုံမျိုးနဲ့ရည်းစားရတော့မှာပဲ*

‘ဟာနာ ဘာစားချင်လဲ..စားချင်တဲ့ဆိုင်သွားလိုက်’

‘ဟုတ်’

အဲ့မှာပြဿနာကစတက်တော့သည်။ ဂျောင်ဝူးကလမ်းလျှောက်ရင် ခြေတစ်ခါလှမ်းရင် ၂ ပေလောက်ကအသာလေး။ ဟာနာကတော့ ခပ်စိတ်စိတ်ပဲလှမ်းပြီး ဖြည်းဖြည်းချင်းလျှောက်သည်။
ယောက်ျားလေးတွေက နဂိုကတည်းက လမ်းလျှောက်မြန်တာမို့ ကောင်မလေးတွေနဲ့အတူလမ်းလျှောက်တဲ့အခါ သူတို့ဘက်ကိုစဉ်းစားပေးဖို့ စိတ်ကူးလိုက်သည်။

နဂို ၂ ပေခြေလှမ်းကို ထက်ဝက်လျှော့ချလိုက်ပြီး ၁ ပေမပြည့်တပြည့်ခြေလှမ်းနဲ့ ဟာနာဘေးကနေ အတူ‌လျှောက်ပေးလိုက်သည်။

“နဂိုကတည်းက ဟာနာလမ်းလျှောက်တာဒီလိုပဲလား..ဆေးခန်းမှာတော့ ဒီလိုမဟုတ်သလိုပဲ...ဒီနေ့မှ နှေးနေတာများလား…” လို့စိတ်ထဲကနေတွေးနေမိသေးသည်။

‘ဆရာ...ဟိုဆိုင်လေးထဲခဏဝင်ဦးမယ်’

‘အင်း ဝင်လေ’

အင်္ကျီဆိုင်ထဲဝင်တော့ ဟာနာက မိန်းကလေးဝတ်တွေကြည့်နေတုန်း ဂျောင်ဝူးက ယောက်ျားလေးအင်္ကျီဘက်သွားကြည့်လိုက်သည်။

အဖြူရောင် စပို့ရှပ် ကို အနားသပ်က အပြာရောင်လိုင်းလေးတွေနဲ့။
ကော်လံလည်းပါတော့ တန်းကနေထုတ်ပြီး အပြင်ထုတ်ကြည့်လိုက်သည်။

‘အင်း လှသားပဲ ဆိုဒ်ကလည်းကွက်တိ….ဈေးက…’

ကတ်ပြားကိုလှန်ကြည့်လိုက်တော့ ဝမ် ၇ သောင်း ၃ ထောင် လို့ရေးထားသည်။

‘ဈေးကနည်းတာလား များတာလား… ၇သောင်းဆိုတော့ နည်းများနေလား’

ဘယ်လိုပဲဖြစ်ဖြစ် ဒီအင်္ကျီကိုတော့ တကယ်ကြိုက်နေတာမို့ ယူခဲ့ချင်သည်။

‘အစ်မ...ဒါလေး ပေးပါ’

‘ဟုတ်ကဲ့ ဆိုဒ်နဲ့အရောင်ကြည့်ဦးမလား’

‘မကြည့်တော့ပါဘူး ဒါလေးပဲကြိုက်လို့ပါ’

‘ဟုတ်ကဲ့’

ဂျောင်ဝူးကတစ်ထည်ရွေးလိုက်ပြီးပေမယ့် ဟာနာကတော့ အရွေးမရပ်သေး။

ပိုက်ဆံရှင်းပြီး ဟာနာအနားကို ကပ်ပြီးမေးလိုက်သည်။

‘ရွေးလို့ရပြီလား’

‘ဟင့်အင်း...ကြိုက်တာမတွေ့ဘူး...မယူတော့ဘူး ဆရာ’

‘အိုကေ … ဒါဆိုလည်းထွက်ကြမယ်လေ’

ဂျောင်ဝူးလက်ထဲက အိတ်ကိုမြင်သွားတော့ ဟာနာကတစ်ခုခုမေးမလိုနဲ့မမေးတောာ့။
မသိမသာကြိတ်ပြုံးပြီး ဂျောင်ဝူးဘေးကနေဆက်လျှောက်သွားသည်။

‘အခုမှညနေစောင်းပဲရှိသေးတာဆိုတော့ မုန့်ပဲစားလိုက်မယ်နော် ဆရာ’

‘အင်း ရတယ် ကြိုက်တာစား’

Waffle ဆိုင်ကိုဝင်လိုက်ပြီး တစ်ယောက်တစ်ခုမှာလိုက်သည်။ အေးအေးလူလူဆိုတော့ ဆိုင်မှာပဲထိုင်စားဖြစ်ကြသည်။

ဂျောင်ဝူးက သရက်သီးနဲ့….ဟာနာက ဘလူးဘယ်ရီနဲ့….

‘စာမေးပွဲဖြေနိုင်ရဲ့လားတောင် သေချာမမေးရသေးဘူး...ဘယ်လိုလဲ’

‘အင်း….ဖြေနိုင်ပါတယ် ဆရာ့ရဲ့ဟာနာပဲကို’

ဂျောင်ဝူးကြားအောင်တမင်တကာပြောလိုက်ပေမယ့် ဂျောင်ဝူးကကြားလိုက်လား မကြားလိုက်လားတော့ သူမ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တွေ့ဖို့ခေါ်တာက ဂျောင်ဝူးကိုယ်တိုင်ဆိုတော့ တစ်ခုခုများပြောမလို့လားဆိုပြီး မျှော်လင့်ထားခဲ့သည်။ ဘယ်အချိန်မှာများပြောမှာပါလိမ့်။

‘ဒါဆို နောက်နေ့တွေ ပုံမှန်အတိုင်းပဲ ဆေးခန်းမှာ ပြန်ဆင်းတော့မှာပေါ့’

‘ကျောင်းပိတ်ပြီဆိုတော့...တစ်နေ့လုံးတောင်လုပ်လို့ရပြီ။ ဆရာ လခတော့ တိုးပေးရမယ်နော်’

‘ဟားဟား တစ်နေ့လုံးတော့မလိုပါဘူး...နေ့တစ်ဝက်လောက်ဆိုရင်တောင် တော်တော်အကူအညီဖြစ်နေပါပြီ’

တကယ်တမ်းကျ ဂျောင်ဝူး ဟာနာ့ကိုထင်သလောက် ပြောစရာမရှိ။ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး မုန့်အတူတူစားနေရပေမယ့်လည်း ဇာတ်လမ်းတွေထဲကလို နှုတ်ခမ်းတွေကို သုတ်ပေးလိုစိတ်မဖြစ်။

စိတ်ထဲမှာ ဟာနာက တမင်ကို သူ့နှုတ်ခမ်းတွေပေအောင်စားနေသည်လို့တောင်ထင်မိသည်။ ဒါပေမယ့် ဟာနာကဒီလိုမိန်းကလေးမျိုးမဟုတ်တာ ဂျောင်ဝူးသိသည်။

‘ဟာနာ နှုတ်ခမ်းကိုသုတ်လိုက်ဦး’

သုတ်တော့မပေးလိုက်ပေမယ့် တစ်ရှူးကိုတော့ ယူပေးလိုက်သည်။

‘ဒီလိုဆိုတော့ မသိရင် Blind date လာတွေ့ရသလိုပဲနော်’ ဟာနာကပြော‌တော့ ဂျောင်ဝူးကလည်း ခေါင်းညိမ့်ပြလိုက်သည်။ ကသိကအောက်ဖြစ်နေတဲ့လေထုက နည်းနည်းတော့ ပြေသွားသလို။

‘ဒါဆိုလည်း blind date ပဲထားကြတာပေါ့’

‘တကယ်ပြောတာလား ဆရာ’

‘အင်း...blind date ဆို သူတို့ဘာတွေပြောတတ်ကြလဲ’

ဟာနာက မေးထောက်ပြီး စဉ်းစားဟန်ပြုရင်း..

‘တစ်ယောက်အကြောင်း တစ်ယောက်သိအောင်မေးကြတာပေါ့’

‘အိုကေ ဒါဆို တစ်ယောက်တစ်လှည့်မေးကြမယ်လေ’

‘အင်း ဆရာအရင်စမေး’

‘အကြိုက်ဆုံးအစားအစာ’

‘ထမင်းလိပ်..ဆရာကရော’

‘ကြက်ကြော်…’ ဖြေပြီးကာမှ ထပ်တွေးလိုက်မိသည်က ဟရုတိုသာဆို ‘စုကိရကိ’ လို့များဖြေမလားဆိုတာပါပဲ။

‘ဒါဆို ဟာနာမေးမယ်နော်...ဒီတစ်ခါ ပြိုင်တူဖြေရမယ်နော်’

‘အင်း’

‘ကြောင်လား ခွေးလား’

ဟာနာ - ခွေး
ဂျောင်ဝူး - ကြောင်

‘ပထမဆုံးမေးခွန်းဆိုအဲ့လိုပဲ ဆရာမေးမယ်နော်’

‘ဟုတ်’

‘တောင်လား ကမ်းခြေလား’

ဟာနာ - ကမ်းခြေ
ဂျောင်ဝူး - ကမ်းခြေ

အဖြေတူသွားတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်လိုက်မိကြသည်။

‘ပြောသားပဲ ပထမဆုံးမေးခွန်းမို့လို့ပါဆို’

‘ဒါဆို ဟာနာမေးမယ်နော်’

‘အင်း’

‘သူဖွင့်ပြောတာစောင့်မှာလား...ကိုယ်ကအရင်ဖွင့်ပြောမှာလား’

ဟာနာ - စောင့်မယ်
ဂျောင်ဝူး - အရင်ဖွင့်ပြောမယ်

ဟာနာလိုချင်တာလည်း ဒီအဖြေပဲမို့ ဒီတစ်ခေါက်အဖြေမတူတာကို စိတ်မကောင်းမဖြစ်တော့။
ဆရာသာ မြန်မြန်ဖွင့်ပြောလိုက်ပါတော့ လို့စိတ်ထဲကနေ ကျယ်လောင်စာတောင်းဆိုနေမိသည်။

ဆရာကြွေအောင်လည်း အခုအထိဆို အမျိုးမျိုးကြိုးစားခဲ့ပြီးပြီ။
‘ဆရာ့ဘက်က အချက်မပြသေးတာ ငါ့ကိုများမကြိုက်လို့လား…’ ဆိုပြီး ကယောင်ခြောက်ချားတွေတောင်တွေးမိသည်အထိ။

‘စားပြီးရင် ပန်းခြံထဲသွားကြမယ်လေ..လမ်းလျှောက်ရင်း လေလေးဘာလေးရှူရတာပေါ့’

‘ဟုတ်’

ပန်းခြံထဲကိုအတူသွားရင်း လက်ကိုင်သင့်လား...မကိုင်သင့်ဘူးလား...သူနဲ့တွဲသင့်လား မတွဲသင့်ဘူးလားဆိုပြီး ဂျောင်ဝူးအတွေးများရပြန်သည်။

တစ်ခါမှမချစ်ဖူးလို့များ ရင်ခုန်လို့ခုန်နေမှန်းကိုမသိတာလား?
သဘောကျလို့တွဲတာနဲ့ တွဲရင်းနဲ့သဘောကျသွားတာ ဘာကွာလို့လဲ?

ပန်းခြံထဲမှာလမ်းလျှောက်ရင်း တစ်ယောက်ကလည်းလက်ကိုင်သင့်မကိုင်သင့်တွေဝေနေသလို တစ်ယောက်ကလည်း ဘယ်ချိန်များသူ့ကိုဖွင့်ပြောမလဲဆိုပြီး ရင်ခုန်နေသည်။

ညနေစောင်း နေဝင်လို့ မှောင်ရိပ်သန်းနေပြီဆိုပေမယ့် ကလေးတွေကအခုထိပြေးလွှားဆော့ကစားနေတုန်း။ အားကစားလုပ်တဲ့သူတွေကလည်းလုပ်တုန်း။ ညဘက်ကို သက်သက်လာပြီး အဖွဲ့လိုက်စကားပြောနေကြတဲ့ အုပ်စုတွေကလည်း ရှိတုန်း။

လမ်းလျှောက်စရာ လျှောက်လမ်းဘေးနားက ရေပိုက်သေးသေးလေးတွေက ညနေဘက် ရေလောင်းဖို့ ကွက်ကြားစီ ဖောက်ထွက်နေသည်။

‘ဟာနာ ဒီဘက်တိုး’

ဂျောင်ဝူးက ဟာနာ့လက်မောင်းကိုဆွဲလိုက်လိုက်ချင်းမှာပဲ သူမဘေးက ရေပိုက်ခေါင်းသေးသေးလေးကနေ ရေတွေပန်းထွက်လာသည်။

သူ့ဘက်ကိုဆွဲတိုးလိုက်မိတာကြောင့် ဂျောင်ဝူးရင်ခွင်ထဲကိုရောက်နေတဲ့ ဟာနာက ပါးလေးများနီရဲသွားသည်။

မျက်လွှာချထားပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ ဟာနာကို ဂျောင်ဝူးကငုံ့ကြည့်ရင်း

‘ပတ်ဂျောင်ဝူး...အခုအချိန်ပဲ...ဒါအချိန်ကောင်းပဲ...ဒီအချိန်ပြောလိုက်တော့’ လို့စိတ်ထဲကနေ ရာဇသံပေးနေသည်။

ဟာနာမကြားအောင်သက်ပြင်းတိုးတိုးလေးချလိုက်ပြီး

"ဟာနာ...မင်းကိုပြောစရာရှိတယ်"

အနေအထားကိုပြင်လိုက်သည်။ ဟာနာ့ပုခုံး ၂ ဖက်ကို ဆုပ်ကိုင်လိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ထားလိုက်သည်။

"ဟာနာ...မင်းကိုငါ…"

"ဂျောင်ဝူး!!!"

"ပတ်ဂျောင်ဝူး!!!!!!"

အရေးကောင်းမှ ဒိန်းဒေါင်းဖျက်တာ ဘယ်သူလဲလို့ မျက်ထောင့်နီနဲ့ကြည့်လိုက်မိသူက ဟာနာ။

ဂျောင်ဝူးကတော့ ဒီအသံကိုရင်းနှီးနေပြီးသားမို့ အနောက်ကိုသာလှည့်ကြည့်လိုက်သည်။

သူ့ဆီကို အရှိန်မြန်မြန်နဲ့ပြေးလာတဲ့ ဟရုတို။ လမ်းပေါ်က ကလေးတွေ လူကြီးတွေကိုမတိုက်မိအောင် ရှောင်ရင်း သူ့ဆီကိုပြေးလာတဲ့ ဟရုတို။

ဆံပင်တွေက ဝဲသွားလိုက် ပြန်ကျလိုက်နဲ့ ချောပါတယ်ဆိုတဲ့ ရူပါကို အရောင်အဝါတွေ ထွန်းလင်းပေးနေပြန်သည်။

"ဂျောင်…...ဝူး……"

ဟရုတိုက သူ့နားရောက်တော့ရပ်လိုက်ပြီး ဟောဟဲလိုက်နေ၍ နာမည်ကိုတောင် တစ်လုံးချင်းခေါ်နေရသည်။

"ရုတို...မင်း ဘယ်လို"

‌ဟရုတိုက ဂျောင်ဝူးရဲ့လက်ကို လက်ကောက်ဝတ်ကနေကိုင်လိုက်ပြီး

"လိုက်ခဲ့" လို့တစ်ခွန်းတည်းပြောကာ ဆွဲခေါ်သွားတော့သည်။

"ဟင် ဆရာ ဘယ်သွားမလို့လဲ"

ဟာနာက အနောက်ကနေပြောတော့ ဂျောင်ဝူးက ဟရုတိုလက်ကိုပြန်ဆွဲပြီး ခဏရပ်လိုက်သည်။

"ရုတို ဘာလို့လဲ...အရေးမကြီးရင် နောက်မှ.."

"ဟင့်အင်း ကြီးတယ် အရမ်းအရမ်းကြီးတယ်"

"ဘာလို့လဲ...ဟာနာ့ကိုပါခေါ်ခဲ့မယ်လေ"

"ဟင့်အင်း!! မရဘူး...ငါ့...ငါ့ကြောင်လေး ….ကောင်မလေးလေ...ဗိုက် ဗိုက်"

"ဘာ...သူကဗိုက်ကြီးနေတာလား...ကလေးမွေးတော့မှာလား"

"အင်...အင်းးး ဟုတ်မယ်ထင်တယ် ဟုတ်တယ် အဲ့တော့ မြန်မြန်လာ"

"ဟာနာ့ကိုတစ်ယောက်တည်းထားခဲ့လို့မဖြစ်ဘူးလေ...သူ့ပါခေါ်"

"ရတယ် ဆရာ...ဟာနာ ဒီကနေပြန်လိုက်လို့ရတယ် စိတ်မပူပါနဲ့ မြန်မြန်သွားတော့လေ"

"အင်း ဒါဆို သတိထား‌ပြန်နော်"

ဟာနာကိုထားခဲ့ပြီး ဟရုတိုခေါ်ရာနောက်ကို ဂျောင်ဝူးလိုက်လာခဲ့သည်။

"ရုတို...ရုတို...လက်ကိုလွှတ်ဦးလေကွ"

ဂျောင်ဝူးက အနောက်ကနေလိုက်ရင်း အော်ပြောလိုက်တော့ ဟရုတိုကချက်ချင်းလွှတ်လိုက်သည်။

ဟရုတိုကအရှေ့မှာ ဂျောင်ဝူးကအနောက်မှာ။ ဒါပေမယ့် ဂျောင်ဝူးဘက်ကိုလုံးဝလှည့်မကြည့်။

'ငါ့မှာကားပါတယ်...ငါ့ကားနဲ့သွားလိုက်မယ်လေနော် စက်ဘီးကိုပါကားပေါ်တင်လိုက်"

"မလိုတော့ဘူး"

"ဟင် ကောင်မလေးကရော.."

"မင်းက...ငါခေါ်တော့ကျမလိုက်ဘဲနဲ့….ဟာနာကလိုက်သွားဆိုတော့မှ လိုက်လာတယ်"

အခုမှ ဟရုတိုက နောက်လှည့်ကြည့်လိုက်ပြီး

"ငါကိုကမှားတာပါ...မလာခဲ့သင့်ဘူး...မင်းဒီလိုလုပ်မှာပဲဆိုတာ သိသိရက်နဲ့ကိုလာမိတဲ့ ငါကိုကအရူးပါ"

"ရုတို မင်းဘာတွေပြောနေတာလဲ...ဘာဖြစ်လို့လဲဟမ်...ငါ့ကိုပြောလေ"

"ပြောမှသိမယ့် မင်းကိုတော့ ပြောသာပြလိုက်ချင်တယ်။ ဒါပေမယ့် ငါပဲအရူးအဖြစ်မခံနိုင်ဘူး။ ဟာနာ့ဆီပြန်သွားလိုက်တော့ ငါမင်းကိုမလိုတော့ဘူး"

သူတစ်ယောက်တည်းပြောပြီး ထွက်သွားဖို့ပြင်နေတဲ့ ဟရုတိုရဲ့ရှေ့ကို ဂျောင်ဝူးက အမြန်ရောက်အောင်သွားပြီး လမ်းပိတ်လိုက်သည်။

"ရုတို..မင်းဒီကိုဘာလို့လာတာလဲ"

"ဖယ်"

"ငါမေးနေတာဖြေလေ...ဘာလို့လာတာလဲ"

"....."

"မဖြေမချင်း ထွက်သွားဖို့မကြံနဲ့" ဘေးကနေကျော်ဖြတ်သွားဖို့လုပ်နေတဲ့ ဟရုတိုကိုလက်လှမ်း‌ဆွဲလိုက်သည်။

"ငါအခုနေပြောလိုက်ရင် မင်းခံစားရမယ့် နောက်ဆက်တွဲတွေကို ခံနိုင်ရည်ရှိပါ့မလား"

"ဘာမဆိုပဲ"

"အင်းပေါ့လေ မင်းကမှမချစ်တာဘဲ...၁ ပတ်လောက်ပဲရှော့ခ်ရပြီး ပုံမှန်ပြန်ဖြစ်သွားမှာပဲကို"

ဟရုတိုက ပြန်ဖြေရင်းနဲ့ ရယ်လိုက်သည်။

"ဘာကို ငါကမချစ်တာလဲ"

"မင်းလေ...မင်းမှ ငါ့ကိုမချစ်တာ"

"ဟမ်"

"တွေ့လား ဟားဟား လန့်သွားတာပဲလေ"

"ငါကမင်းကိုမချစ်ရအောင် မင်းကရော ငါ့ကိုချစ်နေလို့လား"

"အင်း"  ဟရုတိုက ရယ်မနေတော့ အတည်ငြိမ်ဆုံးအသံနဲ့ မျက်နှာထားကိုတည်ကာ ပြန်ဖြေလိုက်သည်။

"ချစ်တယ်"

ဘာမှပြန်မပြောတဲ့ ဂျောင်ဝူးကို လက်လွှတ်ထားခဲ့ပြီး ထွက်လာခဲ့လိုက်သည်။

ပြီးဆုံးသွားပါပြီ။ နောက်ဆုံးတော့လည်းပြောလိုက်ရတာပဲ။
မင်းရဲ့အချစ်က နိဒါန်းမရေးခင်ကတည်းက အဆုံးသတ်သွားပြီပဲ ဟရုတို။

--------- A Vet's Pet ------------

တူဘီကိုတိမ်ညွန့်

အားလုံးဘေးကင်းပါစေ 💕




Continue Reading

You'll Also Like

1.2M 53.3K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
937K 57.5K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
814K 18.6K 47
In wich a one night stand turns out to be a lot more than that.
433K 13K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...