Thantophobia

By EstellaHnin

36.4K 1.9K 42

လွတ်ထွက်သွားမှာ​စိုးထိတ်ရုံနဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားရခြင်းတွေပါ။ ဆုံးရှုံးရမှာသာမကြောက်တတ်ခဲ့ရင် နာကျင်ရခြင... More

Part: 1
Part: 2
Part: 3
Part: 4
Part: 5
Part: 6
Part: 7
Part: 9
Part: 10
Part : 11
Part: 12
Part: 13
Final Part
gl

Part: 8

1.6K 119 3
By EstellaHnin

တစ်ပတ်လုံးလုံးစိမ်းကားနေတဲ့မိုးကချက်ချင်းမှိုင်းလာပုံထောက် မိုးရွာတော့မည်ပေါ့။ အုံဆိုင်းဆိုင်းနဲ့တိတ်တဆိတ်ပတ်ဝန်းကျင်အခြေအနေ​က တစ်စုံတစ်ရာကို ပြင်းပြင်းပြပြသတိရစေသည်။ ပြတင်းပေါက်မှာရပ်ရင်းတစ်ဖွဲဖွဲရွာလာသည့်မိုးရေစက်တွေကို ပန်လက်ဖြင့်အသာထိတွေ့နေမိတော့ အေးစက်စက်နဲ့စိုစွတ်မူ့ကရင်ဘက်ထဲထိ စိမ့်သွားသလိုပင်။

ဒီရက်ပိုင်း စိတ်ရောကိုယ်ပါအဆင်မပြေဘူး၊ အထိန်းချုပ်ခံစိတ်တွေက အထုအထောင်းခံထားရသလိုပဲ၊ မသိစိတ်ကတိုးဝင်လို့ အသိစိတ်တွေဖယ်တောက်လိုက်တော့ အရာရာဟာလွမ်းမောစရာအတိ အထူးသဖြင့် ဒီလိုမိုးရာသီမှာပေါ့ ကိုယ့်ရဲ့အိမ်လေးဖြစ်ပေးခဲ့သူကို တသသနဲ့မျှော်တွေးမိပါရဲ့လေ။ ကိုယ်ကတစ်စုံတစ်ယောက်ရဲ့ရင်ဘက်ထဲမှာမိုးပြေးလေးတစ်ခုဖြစ်သွားခဲ့ပြီထင်ပါတယ်...ကိုယ်ကဆိုးတဲ့လူပါ မယ်ရယ် မယ့်အပေါ်မတရားတဲ့လူပေါ့၊ တစ်ကယ်ဆို သေချာပေါက်မယ့်ရဲ့ဘဝထဲမှာအခြေတကျနေထိုင်ချင်ခဲ့ဖူးပေမယ့် ရင်ခုန်သံနောက်ကွယ်က ရင်ထိတ်သံတွေကိုမေ့လျော့သွားခဲ့မိတာပါ။

"ပန်!! ဘာလုပ်နေတာလဲ"

အနောက်ကနေခါးတစ်ဝိုက်ကိုဖက်တွယ်လျှက် ပုခုံးကြားထဲမျက်နှာလေးဝှက်ရင်းမေးလာတဲ့ဝိုင်းကြောင့် အတွေးစတွေက အလိုလိုဖြက်တောက်မိရဲ့သား။

"ဟင့်အင်း!! ဒီတိုင်းပဲ"

"ငါကိစ္စရှိလို့အပြင်သွားရမယ်.."

ဆံနွယ်လေးတွေနမ်းရှိုက်ပြီးပြောလေတဲ့ဝိုင်း လူကနေရခက်သလို ခန္တာကိုယ်ကိုကျုံ့လိုက်မိသည်။

"ပန်! ငါလေ အခုBarတစ်ခုဖွင့်ဖို့စီစဥ်နေတယ်သိလား..နင်လိုက်ကြည့်ချင်လားဟင်"

"ငါဘယ်မှမသွားချင်ဘူးဝိုင်း"

"အင်းပါ...အဲ့တာဆိုလည်းနေခဲ့နော် ငါနင့်အတွက်မာလာရှမ်းကောဝယ်ထားတယ်။ စားလိုက်ဦး"

မိုးအေးအေးလေးနဲ့ဆို အစားလေးတစ်ခုခုစားလိုက်ရမှဆိုတဲ့ ပန့်ရဲ့ငယ်အကျင့် ဝိုင်းက ပန့်အတွက်ဆိုဒီလိုမျိုး ထောင့်ပေါင်းစုံကစေ့စပ်တဲ့လူမျိုး။

"အင်းပါ..နင်အခုသွားတော့မှာလား"

"အင်း ! ဟို..ငါ ငါနင့်ကိုစိတ်ချမယ်နော်ပန်"

ဟိုတနေ့ကလို ထွက်များသွားမလားစိုးရမ်စိတ်နဲ့ စိတ်မချတာမှန်ပေမယ့် ပန်မကြိုက်တဲ့လူတွေကိုမခေါ်ထားခဲ့သလို မရဲတရဲနဲ့မှာရှာသည်။ ဝိုင်းကပန်နဲ့ပက်သတ်ပြီး အမှန်တကယ်ပင်ကြောက်ရွံ့မူ့တွေပြည့်လျှံနေခဲ့ပုံ။

"နင်သွားစရာရှိတာသာဖြောင့်ဖြောင့်သွားပါ"

ရုတ်တရက်ဝိုင်းရဲ့အကြည့်တွေက ပန့်ရဲ့လက်ကောက်ဝတ်က ဟန်းချိန်းလေးဆီသို့အရောက် ပန်ကမသိမသာ လက်ကိုနောက်သို့ရုတ်လိုက်သည်။ ဒါ မယ်ပေးထားတဲ့မွေးနေ့လက်ဆောင်လေးမို့လို့ ဝိုင်းမေးလာခဲ့ရင် မရှင်းပြချင်။ သို့သော် ဘာမှမပြောပဲဝိုင်းက ခပ်သာသာလေးသာပြုံးပြ၍ထွက်သွားခဲ့သည်။

ထို့နောက် ပန်သည်ဝိုင်းအခန်းထဲသို့ပြေး၍ သူမရဲ့ဖုန်းကိုအသည်းအသန်ရှာဖွေလေသည်။ အတော်အတန်ရှာဖွေပြီးသည်နှင့် အံဆွဲတစ်ခုအတွင်းဖုန်းကိုရှာတွေ့ခဲ့လေတော့
အမြန်စစ်ကြည့်ရာ မယ့်ထံမှ မပြန်ဖြစ်ခဲ့တဲ့massageတွေနဲ့ မကိုင်ဖြစ်ခဲ့တဲ့ဖုန်းcallတွေမှအပြည့် မျက်ရည်တို့ကဖိတ်ခေါ်စရာမလိုပါပဲ ချက်ခြင်းဝဲတတ်လာခဲ့သည်။ ရုတ်ခြည်းပင် ခိုင်မာသွားတဲ့ဆုံးဖြတ်ချက်တို့ကြောင့် ပန်အိမ်ကနေပြေးထွက်သွားခဲ့သည် ခြေလှမ်းတွေရဲ့ဦးတည်မူ့ မယ့်ဆီသို့။

______Thantophobia____

လမ်းတစ်လျောက် မယ့်ထံဖုန်းခေါ်နေမယ့် ဖုန်းကမကိုင်လာ ကိုယ့်နဲ့ဝေးနေတဲ့အတော်အတွင်း သူနေထိုင်ရာအရပ်မှာရွှင်ရွှင်လန်းလန်းမှရှိပါရဲ့လား ကျေးဇူးပြုပြီးအဆင်ပြေနေပေးပါမယ်...
မယ့်ရဲ့companyထဲသို့ဝင်ဝင်ချင်းrespectionက ဝန်ထမ်းကောင်မလေးတစ်ယောက်ထံ အရင်ဆုံး မယ်နဲ့တွေ့ခွင့်တောင်းမိသည်။

"မယ်နရီနဲ့တွေ့ချင်လို့ပါ"

"ကြိုချိန်းထားတာရှိလားဟင်"

"မရှိပါဘူး..ပန်လာတွေ့တယ်လို့ပြောပေးပါ"

နွမ်းလျလျနဲ့ပန်ရဲ့အပြောနောက် သဘောကောင်းတဲ့ဝန်ထမ်းကောင်မလေးက မယ့်ထံဖုန်းခေါ်ပေးခဲ့သည်။

"ဟဲလို! မမယ်ရှင့် ဧည့်သည်တစ်ယောက်ကတွေ့ခွင့်တောင်းနေပါတယ်...ပန်တဲ့"

"...."

"ဟဲလို!! ဟဲလို!!.."

မယ့်ဆီကပြန်ဖြေသံမကြားပဲ ကျသွားတဲ့ဖုန်းရယ်ပါ၊ ကြည့်ရတာ မယ်ကပန်နဲ့မတွေ့ချင်တော့ဘူးထင်ပါရဲ့လေ။

"ဟို..ဖုန်းကကျသွားလို့ ထပ်ခေါ်ပေးရမလား"

အားတုံ့အားနာပြောတဲ့ ဝန်ထမ်းကောင်မလေးကို ပန်ကပြုံး၍သာခေါင်းခါပြလိုက်သည်။

"ဟင့်အင်း! နေပါစေတော့"

မမြင်ချင်တော့ဘူးဆိုပါတော့ သေချာပေါက်ဖြစ်သင့်ပါတယ်မယ်။
ဝမ်းနည်းစိတ်နဲ့အတူ အားလျော့သွားတဲ့​ခြေအစုံတို့ဖြင့် companyထဲမှလှည့်ထွက်လိုက်စဥ်

"ပန်...!!!!"

နောက်ကျောကနေ ပီပီပြင်ပြင်အော်ခေါ်လိုက်သည့်ဒီအသံ...
companyတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသလို ပန်သည်လည်း အံသြစွာပင်ဖြည်းညင်းစွာလှည့်ကြည့်လိုက်လေတော့ ပန်ထံသို့​အမောတကောပြေးလာပါတဲ့မယ်....
ထို့နောက်..
​အားရဝမ်းသာဖက်ပစ်လိုက်တဲ့ကိုယ်ခန္တာသေးသေး... ပန် မယ့်ရင်ခွင်ထဲနစ်မြုပ်သွားရလေသည်။

"လွမ်းလိုက်ရတာ..တစ်ကယ့်ကို မယ်လွမ်းလိုက်ရတာပန်ရယ်"

ဆို့ဆို့နစ်နစ်ပြောနေတဲ့စကားသံတွေမှာ လွမ်းခြင်း စိုးရိမ်ခြင်း ချစ်ခြင်းတို့ရဲ့အတိုင်းအတာကိုမှန်းဆနိုင်ပါသည်။
ဒီလိုနဲ့ မယ်သည်ဝန်ထမ်းတွေကိုတောင်ဂရုမစိုက်မိ အချိန်အတိုင်းအတာတစ်ခုထိ ဒီမိန်းကလေးကိုပွေ့ဖက်ကာဖြင့်

// //
မျက်နှာချင်းဆိုင်, ရှေ့မှာcoffeeတစ်ခွက်စီချလို့ တိတ်ဆိတ်ခြင်းကိုပန်ကအရင်ဖြိုခွင်းသည်။

"မယ်..ဒီအတောအတွင်းအဆင်ပြေရဲ့လား"

"အင်း...ပြေတာပေါ့! မယ်က အဆင်ပြေပါတယ်ပန်ရဲ့"

ငြင်ငြင်သာသာပဲ လိမ်ပြောလိုက်သည်။
ဖြူစင်တဲ့မုသားပဲဖြစ်မှာပါ၊ ဒီကြားထဲအတော်လေးပြိုလဲခဲ့ပေမယ့် မချမ်းမြေ့ဖြစ်သွားမယ့် မင်းစိတ်လေးအတွက် ကိုယ်သေချာပေါက်ညာပြောမှာပါ။

"တော်ပါသေးတယ်...ပန်ကစိတ်ပူနေတာ"

"မယ့်ကိုစိတ်မပူပါနဲ့! ပန်ရောနေကောင်းရဲ့လား....ဝိုင်းနဲ့ရောအဆင်ပြေရဲ့လား"

ဝိုင်းနာမည်ပါလာ၍ မသက်မသာဖြစ်သွားသည့်စိတ်ကိုပန်ကထိန်းလိုက်သည်။

"အင်း...ဝိုင်းနဲ့ကအဆင်ပြေပါတယ်"

ပြုံးလိုက်တဲ့မယ့်အပြုံးက ဟန်ဆောင်မူ့သက်သက်သာ။

"ဒါနဲ့မယ်!..ဝိုင်း မယ့်ကိုရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့တာတွေအတွက် ပန်ကပဲတောင်းပန်ပါတယ်နော်။ ဝိုင်းက ပန်နဲ့ပက်သတ်ပြီးအထိမခံဆိုပေမယ့် သူကစိတ်ရင်းကောင်းတဲ့လူပါ
မယ် ဝိုင်းကိုအရမ်းစိတ်မဆိုးပါနဲ့နော်"

ပန်ကဆိုတော့ မယ်က ခပ်သာသာရယ်လိုက်သည်။ ပြီးနောက်

"မယ်စိတ်မဆိုးပါဘူးပန်ရဲ့..တွေးကြည့်ရင် မယ်တောင်ပန့်ကိုဒီလောက်ထိချစ်တာ ငယ်ငယ်ထဲကနီးနီးကပ်ကပ်နေခဲ့တဲ့ဝိုင်းဆိုပိုဆိုးမှာပေါ့...
ဝိုင်းကချစ်တဲ့ပုံစံပဲမှားနေခဲ့တာပါ မယ်သူ့ကိုနားလည်ပေးလို့ရပါတယ်"

မယ့်ရဲ့စိတ်က ဒီလိုမျိုးနူ့ညံ့ပါသည်။ အရာရာတိုင်းကိုဖြည့်တွေးပေးနိုင်တာမျိုး
မယ်နဲ့ယှဥ်ရင် ဝိုင်းကလုံးဝဆန့်ကျင့်ဘက်ပေမယ့် ငယ်ငယ်လေးထဲက ပန့်အပေါ်လိုလေးသေးမရှိ ဂရုစိုက်ပေးခဲ့တဲ့ဝိုင်းကိုအပြစ်မတင်လိုပါ၊ ဘယ်လိုပင် ပန့် ကိုဝိုင်းက ပုံစံသွင်းထားတယ်ပြောပြောစိတ်ရင်းအမှန်နဲ့ ဝိုင်း ပန့်ကိုချစ်တာ ရာခိုင်နှုန်းပြည့်တာထက်ကိုပိုမှန်နေသည်မို့လို့လေ။

"ဒါပေမယ့်ပန်။ မယ်ဝိုင်းကိုနားလည်ပေးပေမယ့် ပန်ကမယ်ချစ်ရတဲ့သူမို့လို ပန်ထိခိုက်မှာတော့စိုးရိမ်တယ်"

မယ့်ရဲ့အချစ်တွေကိုနက်နက်နဲနဲမြင်နေရတဲ့ပန်က စိတ်ကိုပြင်ဆင်စွာ အပွင့်လင်းဆုံးစကားတို့ကိုဖွင့်ချလိုက်သည်။

"ပန် တောင်းပန်ပါတယ်..ပန်ကိုယ့်ရင်ဘက်ကိုယ်မရိုးသားနိုင်ခဲ့တာအတွက်! ပန် မယ့်ဆီ ဘယ်လောက်ပဲခိုဝင်ချင်နေပါစေ၊ ပန်လေ ဝိုင်းကိုထားခဲ့လို့မရဘူးမယ်ရယ်"

မျှော်လင့်ချက်ကင်းလွတ်သွားသလိုမယ့်မျက်ဝန်းတွေက ချက်ခြင်းမျက်ရည်ကြည်တွေတွဲခိုလာခဲ့သည်။
တစ်ကယ်တော့ ပန်ကဝိုင်းနဲ့ပက်သတ်ရင် အငိုလွယ်အရှိုက်ခက်ခဲ့ပါတယ် ဘယ်လောက်ပဲရုန်းထွက်ချင်ချင် လက်တွေ့မှာမလုပ်နိုင်တာမျိုး
ပန့်ဘဝမှာ ဝိုင်းမရှိလည်းဖြစ်သွားခဲ့ပေမယ့် ဝိုင်းအတွက်တော့ ပန်မရှိလို့ဘယ်တုန်းကမှမဖြစ်ခဲ့ပါဘူးလေ။

ခေါင်းလေးငုံကာ စီးကျလာတဲ့မျက်ရည်တွေကိုအသာထိန်း အက်ကွဲနေတဲ့အသံတို့ကိုမြိုချပြီး တုန်ရီနေတဲ့နှုတ်ခမ်းပါးကတစ်ဆင့် အတတ်နိုင်ဆုံးမယ်ပြုံးလိုက်သည်။

"ပန် မတောင်းပန်ပါနဲ့..မယ့်အပြစ်ပါ၊
ပန့်ကိုအတော်လေးနောက်ကျမှရှာတွေ့ခဲ့တဲ့မယ့်ရဲ့အပြစ်ပါ မယ့်ရဲ့အမှားပါ"

ကိုယ့်ကိုယ်ကိုအပြစ်တင်စကားတို့ဆိုရင်း မယ်ကထိန်းမထားနိုင်စွာ မျက်ရည်တို့ကအဆက်မပြက်ကျဆင်းလာခဲ့သည်။
ဆို့တတ်လာတဲ့ ဝမ်းနည်းမူ့ကြောင့် ပန်ပါးစပ်ကိုလက်နှစ်ဖက်ဖြင့်အုပ်လိုက်ပြီးမှ

"မလိုအပ်သင့်တဲ့ပန့်ကို...မယ့်ရင်ထဲကထုတ်လိုက်ပါ"

ထို့နောက် ပန်သည်ဆိုင်ထဲမှပြေးထွက်သွားခဲ့သည်။

"ပန်!! ပန်!! နေပါဦး ပန်! "

ပြေးထွက်ခဲ့သည့် ပန်အနောက်သို့ တစ်ကြော်ကြော်လှမ်းခေါ်ရင်းမယ်ပြေးလိုက်ခဲ့ရာ လမ်းတစ်နေရာသို့အရောက် ပန်ရပ်လိုက်သည်။ညနေစောင်းလို့မှောင်ရီပျိုးစအချိန် လူရှင်းနေ၍ မိုးလေတိုက်ခက်လို့ သစ်ပင်တွေကယိမ်းနွဲ့လျှက်။
ပန်က ရပ်ကာမယ့်ကိုလှည့်ကြည့်တော့ မနီးမဝေးကမယ်သည် လေပြေတွေ​ကြားရွှေအိုရောင်ဆံနွယ်တွေလွင့်နေသလို ဖြူနုနုမျက်နှာချောချောမှာ မျက်ရည်ကြည်တွေကအပြည့် နှာခေါင်းထိပ်လေးနဲ့ပါးပြင်လေးကလည်းရဲလို့ ။ထို့နောက် မယ်ကအဲ့ဒီမနီးမဝေးလေးကနေပန်ကြားနိုင်မယ့်အသံအကျယ်ဖြင့် လှမ်းပြောသည်..။

"မယ့်ဆီဖုန်းဆက်ပါ၊ တစ်ခုခုအဆင်မပြေခဲ့ရင်ပေါ့ coffeeဖျော်ရင်းရေများသွားခဲ့ရင်ဖြစ်ဖြစ် ၊တစ်စုံတစ်ယောက်ကနာကျင်စေခဲ့ရင်ဖြစ်ဖြစ် မွန်းကြပ်လာရင်မယ့်ဆီဖုန်းလေးပဲဆက်လိုက်ပါ၊ မနေနိုင်တော့ရင်ပြေးထွက်ခဲ့ပါပန် ၊ကိုယ်ကရှိနေမှာပါ"

အစပိုင်းတော့ ရူးကြောင်ကြောင်နိုင်တယ်ထင်ရပေမယ့် မယ့်ရဲ့စကားတို့ကတည်ကြည်လေးနက်စွာပင်။

"မယ်! "

ဝေ့ဝဲတတ်လာတဲ့မျက်ရည်တွေက ပါးပြင်ပေါ်သို့လျှံကျကုန်သည့်ပန်သည် မထိန်းထားတော့ပဲ မယ်ထံသို့တစ်ရှိန်ထိုးပြေးကာ မယ့်ခါးလေးကိုဖက်၍ ရင်ခွင်ထဲမျက်နှာလေးအပ်လို့ တစ်သိမ့်သိမ့်ရှိုက်ငိုရှာပါသည်။

"မငိုပါနဲ့ပန်ရယ်.. မယ်ရှိပါတယ် မယ်ကပန့်အတွက်အမြဲရှိနေမှာပါ"

ပန့်ခေါင်းလေးကိုပုတ်၍ မယ့်သည်လည်း မျက်ရည်တို့တွင်တွင်စီးကျစွာ ချော့မြူသည်။

မင်းတစ်ယောက်ကလွဲရင် ကိုယ့်ဘဝမှာဘာမှသိပ်ပြီးမယ်မယ်ရရတောင့်တခဲ့တာမရှိပါဘူး။တစ်ကယ်တော့ ဒီတိုင်းချစ်နေရုံလေးပဲဆိုတာကိုယ်ကိုယ့်ကိုညာမိခဲ့တာဖြစ်လိမ့်မယ်။
စတင်ဆုံစည်းခဲ့တဲ့နေ့ရက်ထဲက ​ငေးကြည့်နေခဲ့ရတဲ့ဒီလူသားလေး မထွက်သွားခင်ခဏတာလေးမှာ နွေးထွေးစွာပွေ့ဖက်ရင်း ကြင်နာစွာနဖူးပြင်လေးနမ်းရှိုက်မိပါသည်။

ပန့်လက်လေးဆုပ်ကိုင်ပြီး တစ်ချိန်ကအိမ်ပြန်ချိန်တွေအတူလျောက်ခဲ့တဲ့လမ်းလေးအတိုင်း တစ်လှမ်းချင်းလျှောက်လို့လေ
ခံစားချက်တွေကတော့ အရင်ကနဲ့မတူတော့ပါဘူး။
တစ်ဖြည်းဖြည်းနဲ့ နေဝင်ပြီ မိုးချုပ်လို့လည်းလာလေပြီ။
တွဲထားတဲ့လက်တွေကိုဖြုတ်မှဖြစ်မယ်။ခြေလှမ်းတွေကိုမရွေ့ချင်ဘူး။
သူမအပြန်ခက်စေမယ့် မျက်ရည်တွေကိုထိန်းထားလိုက်ပါတယ်။
မနက်ဖြန်တွေကမသေချာတော့ဘူး။
ဒဏ်ရာတွေက ရင်ကိုရေငွေ့ရိုက်တယ်
မင်းလေးတော့ပျော်ပါစေ ပန်ရယ်။

မယ့်ကိုနှုတ်ဆက်ပြီး Taxiလေးငှားပြီးသာပြန်ခဲ့ပါတယ် ဒီထက်ပိုပြီးမယ့်ကိုလိုက်မပို့စေချင်တော့သည်မို့လို့။

မတူညီတဲ့လမ်းတွေကလာခဲ့ကြတာပါပဲ လမ်းဆုံတစ်နေရာ တွေ့ဆုံလို့နှုတ်ဆက်ခဲ့ကြတဲ့လူတွေအဖြစ်သာသဘောထားပေးပါ။ ဘာအတွက်ကြောင့်ပဲ လွမ်းရသည်ဖြစ်စေ နာကျင်ရသည်ဖြစ်စေ အားလုံးဟာ ဇတ်ဆရာအလိုကျ ကပြနေရတဲ့ဇာတ်ကောင်တွေကြီးပါပဲ။

_____Thantophobia____
T.B.C

Continue Reading

You'll Also Like

251K 10K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
904K 30.8K 110
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
131K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။