မုန့်သုန်လေရဲ့ ရူးရူးမိုက်မိုက်တိုက်ခက်မူ့တွေကြောင့် လေနှင်ရာအတိုင်းလွင့်မျောနေတဲ့ရွက်ဝါတစ်ချို့ကိုငေးမောကြည့်ရင်း
နေ့ရက်တစ်ခုရဲ့နေမဝင်ခင်နှုတ်ဆက်ပြဇတ် ဖြစ်သော ညနေဆည်းဆာချိန်ကရောက်ရှိလို့လာပြန်တယ်။
အခုဆို သူနေထိုင်ရာနိုင်ငံလေးက နှင်းတွေအုပ်ဆိုင်းလို့ အရမ်းများအေးနေမလား အအေးကြိုက်တဲ့သူက နွေးနွေးထွေးထွေးရော နေနေရဲ့လား။
လိုအပ်မယ်မထင်တဲ့ ပူပန်မူ့တစ်ချို့တလေက တစ်ခါတလေရင်ကိုအတော်လေးအနိုင်ယူပြန်တယ်။
တစ်ချိန်က သူ နင်းတဲ့စက်ဘီးအနီရောင်လေးအနောက်ထိုင်ခုံမှာထိုင်လို့ ကျော်ဖြက်ခဲ့ဖူးတဲ့ အတိတ်ကညနေခင်းတွေကိုလွမ်းမိပါတယ်။
သူမကို မေ့မေ့ပျောက်ပျောက်ရှင်သန်နေမိတဲ့နေ့စွဲတွေရှိသလို ပြင်းပြင်းပျပျလွမ်းစွတ်မိတဲ့ နေ့စွဲတွေကလည်း မနည်းမနောပါပဲလေ။
သူ့ကြောင့်ပျော်ရွှင်ခဲ့ရတာတွေ ရယ်မောခဲ့ရတာတွေ တစ်ခါတစ်လေ အားကိုးတစ်ကြီး ဖတ်တွယ်ခဲ့ဖူးတာတွေ
ဝမ်းနည်းဖြစ်တဲ့ညတွေမှာ ရင်ခွင်ထဲတိုးဝှေ့လို့ အိပ်စက်ခြင်းဆီကူးဖြတ်ခဲ့တာတွေ ။ဖျားနာချိန်တိုင်း ဂျီကျတတ်တဲ့ကိုယ့်ကိုသူဘယ်တော့မှမငြိုငြင်ခဲ့တာတွေ
တွေးမိတွေးရာ ပြန်တွေးမိတဲ့အတိတ်တိုင်းမှာ သူမအမြဲရှိနေခဲ့သလို ရင်ထဲမှာလည်းသူမ အမြဲရှိနေခဲ့တာပါ။
အခုဆို ပန် အိမ်ကြီးကထွက်လာခဲ့တာ ၃နှစ် မျက်နှာတစ်ချက်မှအငြိုးအနွမ်းမခံအလိုလိုက်ခဲ့တဲ့ သူမနဲ့ဝေးကွာခဲ့တာလည်း၃နှစ် ။
လူလည်းရှင်း ဆိုင်ပိတ်ရမယ့်အချိန်လည်းရောက်၍ ဆိုင်လေးပိတ်ကာ မယ် ပေးထားတဲ့ အိမ်လေးသို့ပြန်ခဲ့ပါသည်။
နေဝင်အပြီး မှောင်ရီပျိုးစအချိန်ဖြစ်လို့ လမ်းမီးတွေ ထိန်နေပါသော်လည်းအိမ်ကတော့ မှောင်မဲနေသည်။
တံခါးဖွင့်၍ အိမ်ထဲသို့ဝင်လိုက်တဲ့ခြေလှမ်းအစမှာပင် ၊ခေါင်းပေါ်သို့ကျရောက်လာတဲ့ တစ်ခုခုကြောင့်မော့ကြည့်လိုက်တော့ အဆက်မပြက်ပြုတ်ကျလာတဲ့ ပူဗောင်းတွေ....ထို့နောက်
"ရွီး!! ဖောင်း!!!
Happy Birthday ကြယ်ပွင့်ပန်!! "
အိမ်ထဲမှ ရုတ်တရက်လူအုပ်နဲ့အတူ မီးများလည်း လင်းလက်ခဲ့သည်။
ဟုတ်သားပဲ ဒီနေ့ပန့်မွေးနေ့...အခုမှကိုယ်နဖူးကိုယ်ပြန်ရိုက်မိရင်း မွေးနေ့ကိုသတိရတော့သည်။
"Happy Birthday to you...Happy Birthday to you...Happy Birthday dear Pan Pan.. Happy Birthday to you"
လူကြားထဲမှာ ဖယောင်းတိုင်လေးတွေထွန်ညှိထားတဲ့ မွေးနေ့ကိတ်လေးကိုင်ဆောင်လျှက် ပန့်ရှေ့သို့တစ်လှမ်းချင်းရောက်ရှိလာသူမှာ မယ်နရီ ။
ပန် အံ့သြဝမ်းသာလွန်း၍ မျက်ရည်များပင်ရစ်သိုင်းလာခဲ့သည်။
"ဟေး...မွေးနေ့ရှင်ကမငိုရဘူးနော်! ဆုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်ပါဦး"
ပန် မျက်လုံးလေးမှိတ်ကာ တောင်းဆုတစ်ခုပြုပြီး မီးမှုတ်လိုက်သည်။
"ပန် အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ မွေးနေ့လေးကိုသတိတရလေးလုပ်ပေးကြလို့"
"ကြည့်ပါဦး..ပန်လေးက ချစ်ဖို့ကောင်းလိုက်တာ မမယ်ရယ်"
ဘေးက ချီးကျူးစကားကြောင့် မယ်ပြုံးကာ ပန့်လက်လေးဆွဲကိုင်လိုက်သည်။
"ဒါပေါ့!! ဘယ်သူမို့လို့လဲ မယ့်ရဲ့ပန်လေးပဲလေ"
"ပန်ရေ..မယ်ကလေ တစ်ပတ်အလိုလောက်ထဲက ပန့်မွေးနေ့အတွက်ကြိတ်စီစဥ်နေတာ"
မယ့်ရဲ့ မန်နေဂျာဖြစ်သူ မသက်ကပြောလေတော့ ပန် မယ့်လက်မောင်းကိုအသာထုလိုက်မိသည်။
"ဟုတ်လား မယ်! ပန့်ကိုတောင်အသိမပေးဘူးနော်"
"supriseဖြစ်စေချင်ပါတယ်ဆို ဘယ်အသိပေးလို့ဖြစ်ပါ့မလဲ"
မယ်ကဆိုတော့ ပန်က မျက်စောင်းလှလှလေးထိုးလေတယ်။ ဒီမိန်းကလေးကိုချစ်ရတာများ မျက်စောင်းလေးကအစ ဖြုတ်သိမ်းထားချင်မိတာမျိုး သူမရဲ့အပြုအမူတစ်ခုချင်းစီတိုင်းကိုရင်ခုန်ရလွန်းလို့ လူကမရူးသေးသည်ကကံကောင်းလွန်းလို့သာဖြစ်လိမ့်မည်။
"ကဲ စားစရာတွေအဆင်သင့်ဖြစ်နေပြီ...စားကြသောက်ကြရအောင်"
စားပွဲအရှည်ပေါ် အကင်မျိုးစုံ ဝိုင်ပုလင်းတွေစီတန်း၍ ပန့်မွေးနေ့ကို ဒီလိုလေးသတိတရလုပ်ပေးကြသည်။
"ကဲ!! ပန့်ရဲ့မွေးနေ့လေးကို စိတ်ရောကိုယ်ရောနှစ်ပြီး ကူညီပေးကြတဲ့ မယ့်ရဲ့ဝန်ထမ်းတွေကိုကျေးဇူးတင်တဲ့အနေနဲ့ မယ်က လစာထဲမှာဘောနပ်(စ်)ထည့်ပေးမယ်!"
"ဝေး !!"
မယ့်စကားကြောင့် အားလုံးက ဝမ်းပန်းတသာနဲ့ လက်ခုပ်ထတီးကြသည်။ မယ်ကဒီလိုလူမျိုးပါ လူတိုင်းရဲ့ပျော်ရွှင်ခြင်းတွေကိုသိပ်အလေးထားတတ်တာမျိုး...
မွေးနေ့လေးအပြီး လူတွေအကုန်ပြန်ကုန်တော့ ပန်းကန်လေးတွေသိမ်းနေတဲ့ ပန့်အနားသို့သွား၍ ကိုယ်လုံးသေးသေးလေးကိုဆွဲလှည့်လိုက်သည်၊ ထို့နောက်လက်ကောက်ဝတ်ဖြူဖြူလေးကိုကိုင်၍ မြတ်မြတ်နိုးနိုးဝတ်ဆင်ပေးတဲ့ ဟန်းချိန်းလေး စိန်လေးတွေဖြိုးဖြိုးဖျက်ဖျက်လက်လို့ အတော်လေးလှပပြီး ကြည့်လိုက်တာနဲ့တန်ဖိုးကြီးမှန်းသိသာသည်။
"မယ်!! ဒါက !?"
"မွေးနေ့လက်ဆောင်လေပန်ရဲ့"
"အာ..ပန်မယူပါရစေနဲ့မယ်ရယ် ပန်အားနာလို့ ပြန်ယူထားလိုက်ပါနော်"
ပန်က အားနာနာနဲ့ပြောတော့ မယ်ကပန့်လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"မဟုတ်တာပဲ ပန်ကလည်း! မယ်ကမွေးနေ့မလို့လက်ဆောင်ပေးတာကို ငြင်းရင်ဒီမျက်နှာချောချောလေးကရုပ်ဆိုးလိမ့်နော်"
"မွေးနေ့လက်ဆောင်ဆိုပေမယ့် ဒီလောက်တန်ဖိုးကြီးတာမျိုးကြတော့ ပန်လက်ခံဖို့အဆင်မပြေဘူးလေမယ်ရယ်"
"ပန်နော်! ပန်မယူရင် ဘယ်လိုလုပ်မလဲ မယ်ကလည်းဒီလိုမိန်းကလေးဆန်တာမျိုးမဝတ်တတ်ဘူး..ဆိုင်ကိုသွားပြန်ပေးလည်း ဆိုင်ရှင်က မယ့်ကိုရိုက်မှာပေါ့လို့"
နှုတ်ခမ်းဆူကာ မျက်နှာလေးငယ်၍ ပန်မယူယူအောင်တမင်ရွတ်နောက်နောက်ပြောလေတော့ ပန်ရယ်လိုက်မိသည်။
"ဟုတ်ပါပြီ...ဒါဆိုလည်းပန်တန်ဖိုးထားပြီးဝတ်မယ်နော်"
ဒီတော့မှ မယ်ကျေကျေနပ်နပ်ပြုံးတော့သည်။
"Happy Birthdayနော်..ကိုယ့်ရဲ့ကလေးလေး အသက်တစ်နှစ်ပိုကြီးလာပြီ"
ပန် မယ့်မျက်နှာလေးကိုကြည့်၍ အနူ့ညံ့ဆုံးပြုံးမိပါရဲ့...ပန့်ရဲ့ ပြည့်စုံခြင်းတွေကိုရှာဖွေ၍ ဖြည့်ဆီးပေးတတ်တဲ့ မယ့်ကိုလေ ပန်သိပ်ကျေးဇူးတင်မိသလို အားလည်းနာမိတယ်
ပန့်အပေါ် သိပ်ကြီးကောင်းလွန်းတော့ မယ့်ရဲ့ ပေးဆပ်ခြင်းတွေနဲ့ တူညီတဲ့ တုံ့ပြန်မူ့မျိုးပြန်မပေးနိုင်မိမှာ သိပ်ကြောက်မိပြန်သည်။
** ** **
ခပ်နွေးနွေးနေရောင်ခြည်ကပါးပြင်ပေါ်ထိုးကျလာတော့ မဖွင့်နိုင်သေးတဲ့မျက်ဝန်းများရဲ့ဆန္ဒအလျောက် ပြန်လည်အိပ်ပျော်သွားခဲ့သည်။ ဒီနေ့လေးဆိုင်ပိတ်တာ အေးအေးဆေးအိပ်မည်ပေါ့။ ထို့စဥ်...
"တင်းတောင်! တင်းတောင်! "
ခြံရှေ့က အဆက်မပြက်ခေါ်နေတဲ့bellသံကိုကြားသော်ငြားဥပက္ခာပြုမိသည်အထိအိပ်စက်ခြင်းက ကြီးစိုးနေလေ၏။
"တင်းတောင်!! တင်းတောင်!! '
ထပ်မံကြားလာရသော bellသံကြောင့် လူကနည်းနည်လူးလွန့်လာရသည်။
"ဘယ်သူလဲ အဲ့လောက်ထိခေါ်နေရအောင် မယ်လား! မယ်ဆို ဒီတိုင်းဝင်လာရနေတာကို"
အတွေးနဲ့အတူ ထပ်မံ မှေးခနဲငိုက်သွားစဥ်...
"ပန်!!!! ပန်ရေ.... ကြယ်ပွင့်ပန်!!!!!! "
ခြံရှေ့မှ မိမိနာမည်ကို အော်ခေါ်နေသံကြားလေတော့ တစ်ရင်းတစ်နှီးဖြစ်လှတဲ့အသံကြောင့် လူက ဆက်ခနဲ ငုတ်တုတ်ထထိုင်လိုက်ပြီး ပြတင်းပေါက်သို့ အပြေးအလွားသွားအကြည့်တွင်...မြင်လိုက်ရသည့်ပုံရိပ်ကြောင့် နှုတ်ဖျားတွင်အလိုအလျောက်ထွက်သွားရသည့် အမည်နာမ က...
"ဝိုင်း...!! "
T.B.C