(Book-2)အမြင့်မြတ်ဆုံး ကောင်း...
By Xiao_Yiii
709K 152K 8.6K
ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More
Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
4.1K 912 51
By Xiao_Yiii
Unicode
အခန်း(၂၇၃) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
ဆုမိုသည်အစီအစဉ်များ တွက်ချက်မှုများနဲ့ ပြည့်ဝနေသော်လည်းအောက်ခြေလိုင်းမရှိတဲ့သူတစ်ယောက်တော့မဟုတ်ပေ။
သူကခြေလှမ်းတိုင်းကို ခိုင်မာအောင်ပြုလုပ်ပြီး ခြေတစ်လှမ်းလှမ်းတိုင်း နောက်လာမယ့်ခြေလှမ်းတစ်ရာကို ကြိုတင်တွက်ဆထားတတ်တဲ့သူဖြစ်၏။သူ့နည်းစနစ်များကထူးခြားပြီး နားလည်ဖို့ခက်ခဲသော်လည်း အဆုံးမှာတော့လင်ရွှမ်းဇီရဲ့ရင်ထဲမှာ စိတ်ဝင်စားဆုံးလူတစ်ယောက်ဖြစ်နေဆဲပင်။
သို့သော်ဆုမိုကအရာရာတိုင်းကိုလိုက်ရှင်းပြနေရသည်အား သဘောမကျတဲ့သူမျိုးဖြစ်သည်။ အကယ်၍သူလုပ်လိုက်တယ်ဆိုရင်လည်း လုပ်လိုက်တယ်ပဲ...အဲ့ဒါကလင်ရွှမ်းဇီသိတယ်ဆိုရင်လည်းအဆင်ပြေတယ် အကယ်၍မသိဘူးဆိုရင်လည်းဘာမှမဖြစ်ဘူး...သူကရလဒ်တစ်ခုတည်းကိုသာလိုချင်သူတစ်ယောက်ဖြစ်ပြီး ကျန်သည့်အရာများကဘာမှကိုမဟုတ်ပေ။
သူ့အတိတ်ဘဝမှာတုန်းက,လင်ရွှမ်းဇီ ထိုပစ္စည်းများကိုလက်မခံခဲ့ဘူးဆိုတာကိုလည်းဆုမိုအစောကတည်းကသိပြီးသားဖြစ်လိမ့်မည်။ထို့ကြောင့်နောက်ပိုင်းမှာသူကယန်ထျန်းဟန်ကိုရှာခဲ့ပြီးလင်ရွှမ်းဇီစွန့်ပစ်ခဲသမျှငွေကြေးများနဲ့မှော်လက်နက်အားလုံးကိုယန်ထျန်းဟန်ဆီကိုပဲထိုးထည့်ပေးခဲ့သည်။
ထိုအချိန်တုန်းက,ယန်ထျန်းဟန်မှာကြိုးရဲ့အစွန်းသို့ရောက်လုနီးပါးဖြစ်နေခဲ့တာပင်။သူ့ရဲ့မာနကလင်ရွှမ်းဇီနဲ့နှိုင်းယှဉ်လို့မရတာကြောင့်,သူကအရမ်းကိုငယ်ရွယ်တာကြောင့်,လင်ရွှမ်းဇီကိုဂရုစိုက်ပေးရမယ့်တာဝန်ကိုသူပုခုံးထမ်းသင့်တယ်လို့တွေးခဲ့သည်။ထို့ကြောင့်လည်းထို'လက်ဆောင်များ'ကိုတိတ်တဆိတ်လက်ခံခဲ့ပြီးဆုမိုအားကျေးဇူးတင်ခဲ့၏။
ယန်ထျန်းဟန်ကထိုမှော်လက်နက်များနဲ့ငွေကြေးများအားယူလိုက်ပြီးလင်ရွှမ်းဇီအားသူ့ဘဝရဲ့အမှောက်မိုက်ဆုံးနဲ့အခက်ခဲဆုံးအချိန်အပိုင်းအခြားကိုဖြတ်သန်းစေခဲ့သည်။နောက်ပိုင်းမှာတော့လင်ရွှမ်းဇီသည်သူနေ့တိုင်းစားနေခဲ့ရတဲ့ခန္တာဖြည့်တင်းဆေးလုံးများကယန်ထျန်းဟန်,ယွမ်ထျန်းဝမ်ဆီကရထားတာတွေမှန်းသိသွားခဲ့သည်။ယန်ထျန်းဟန်ကသူ့ကိုအရှက်ခွဲရန်အပြင်လူနဲ့ပူးပေါင်းကြံစည်တယ်လို့ခံစားခဲ့ရတာကြောင့်ယန်ထျန်းဟန်အပေါ်မကျေနပ်မှုများကပိုပြီးနက်ရှိုင်းသွားတော့သည်။
အတိတ်ရဲ့ထိုအသေးစိတ် အပိုင်းကလင်ရွှမ်းဇိရဲ့စိတ်အနက်ရှိုင်းဆုံးနေရာမှာမေ့ထားခံရလုနီးပါးဖြစ်နေခဲ့သည်။သို့သော်,အခုပြောခဲ့တဲ့မဟာအကြီးအကဲလန်ယွဲ့၏စကားများကြောင့်ထိုမှတ်ဉာဏ်ကသံကြိုးများကိုချိုးဖြတ်ကာသူ့စိတ်ထဲဝင်ရောက်လာခဲ့ပြီးအဆုံးမဲ့စွာလှည့်ပတ်နေ၏။
လင်ရွှမ်းဇီသည်သူ့ကိုယ်သူသာတိတ်တဆိတ်ကျိန်ဆဲမိသည်
အဲ့ဒီအချိန်တုန်းကသူတကယ်ပဲသူ့အတွက်ဘာကကောင်းလဲဆိုတာကိုမသိခဲ့တာပဲ!
လင်ရွှမ်းဇီရဲ့နှလုံးသားထဲမှာဝမ်းနည်းကြေကွဲမှုများအဆက်မပြတ်ဖြစ်ပေါ်လာရ၏။ဆုမိုအပေါ်ထားတဲ့သူ့ရဲ့ကျေးဇူးတင်မှုနဲ့လေးစားမှုသည်လည်းပိုပြီးနက်ရှိုင်းလာခဲ့သည်။ယန်ထျန်းဟန်အပေါ်ထားတဲ့သူ့ရဲ့အပြစ်ရှိစိတ်နဲ့ချစ်မြတ်နိုးမှုများကလည်းပိုပြီးနက်ရှိုင်းလာသည်ပင်။
ရိုးရိုးသားသားပြောရရင်သူတကယ်ပဲယန်ထျန်းဟန်ကိုမေးလိုက်ချင်တယ်-သူ့အတိတ်ဘဝမှာတုန်းက,သူကဒီလောက်တောင်ကြောက်စရာကောင်းပြီးစုတ်ပျက်သတ် ပုတ်သိုးနေတဲ့အမှိုက်တစ်ထုတ်ဖြစ်ခဲ့တာကိုယန်ထျန်းဟန်ကသူ့ကိုဘယ်လိုများမြင်ခဲ့လဲလို့?
သို့သော်လည်းဒီဘဝရဲ့ယန်ထျန်းဟန်ကတော့သူ့ကိုယ်သူအတိတ်ဘဝရဲ့မြင်ကွင်းနဲ့အခြေအနေထဲမှာထည့်နိုင်စရာနည်းလမ်းမရှိတာကြောင့်သူ့ကိုတကယ့်အဖြေအစစ်ပေးနိုင်မယ်မထင်ဘူး
ဆုမိုရဲ့ကိစ္စကဒီအတိုင်းတိုတောင်းလှတဲ့ကြားဖြတ်တစ်ခုသာဖြစ်သည်။တကယ်တမ်းကတော့အရာရာတိုင်းကအရေးကြီးတယ်လို့သတ်မှတ်လို့ရနိုင်သည်။အကယ်၍လင်ရွှမ်းဇိရဲ့တက်ကြွတဲ့စုံစမ်းစစ်ဆေးမှုကြောင့်သာမဟုတ်ပါရင်မဟာအကြီးအကဲလန်ယွဲ့သည်လည်းအပိုစကားပြောမည်မဟုတ်ပေ။
ကြားဖြတ်ကိစ္စကိုပြောပြီးနောက်မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီရဲ့ကံကြမ္မာကြယ်စင်အကြောင်းဆက်ပြောပြသည်။
"ဒါပေမယ့်တစ်နေ့ကြတော့,လမ်းကြောင်းမှာရုတ်တရက်အပြောင်းအလဲပေါ်လာပြီးဘေးပတ်ပတ်လည်မှာခြံရံနေတဲ့အရံကြယ်စင်တစ်ချို့ထွက်ခွာသွားသလိုနောက်ထပ်ဝန်းရံနေတဲ့အရံကြယ်စင်အသစ်တွေပါပေါ်ထွက်လာခဲ့တယ်...အဲ့ဒါတင်မကဘူးကံကြမ္မာကြယ်စင်ရဲ့လမ်းကြောင်းကလည်းအကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီးပရမ်းပတာဖြစ်မှုတွေရှုပ်ထွေးမှုတွေပေါ်လာတယ်...ငါတောင်လမ်းကြောင်းပုံစံတွေကိုမမြင်ရတော့ဘူး...အဲ့ဒီလိုမျိုးကအတိတ်တုန်းကနတ်ဝိဇ္ဇာလမ်းကြောင်းမှာတစ်ခါမှမဖြစ်ခဲ့ဖူးဘူး"
ကောင်းကင်ဘုံကိုယ်ထည်များကသူတို့ရဲ့လှုပ်ရှားမှုများပင်ဖြစ်သည်။တကယ်တော့လူတစ်ယောက်ရဲ့ကံကြမ္မာဆိုတာေမွေးဖွားစဉ်ကတည်းကဆုံးဖြတ်ပြီးသားပင်။မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီရဲ့ကံကြမ္မာကြယ်စင်အားအမြဲဂရုပြုလေ့လာခဲ့ပြီးသူ့ရဲ့အနာဂတ်ဖြစ်ရပ်တိုးတက်ပြောင်းလဲမှုများကိုလည်းအာရုံစိုက်ထားခဲ့သည်။သူကအခါအားလျော်စွာလည်းခွဲထုတ်တာခွဲခြားတာတွေလုပ်တတ်သေး၏။ထို့ကြောင့်သူကဒီခေါင်းစဉ်နဲ့ပတ်သတ်ရင်တော့အတော်လေးကိုနက်နက်ရှိုင်းရှိုင်းနားလည်တယ်ဟုခေါ်ဆိုနိုင်သည်။
နက္ခတ်ဗေဒင်နှင့်ရှေ့ဖြစ်ဟောခြင်းတွင်ပင်မကြယ်စင်၊အရံကြယ်စင်၊ဦးတည်ရာနှင့်အံဝင်ခွင်ကျမှု၊ဂြိုလ်ပတ်လမ်းကြောင်း၊ကောင်းကင်ကိုယ်ထည်နဲ့ရှုထောင့်များစသဖြင့်မရေမတွက်နိုင်သည့်အရေးကြီးသောအစိတ်အပိုင်းများစွာရှိသည်။မည်သည့်ပြောင်းလဲမှုမဆို,အလွန်သေးငယ်သောပြောင်းလဲမှုလေးကပင်ကံကြမ္မာလမ်းကြောင်းကိုပြောင်းလဲစေလိမ့်မည်။
လူတစ်ယောက်ရဲ့ကံကြမ္မာတစ်ခုလုံးကဒီလိုတစ်ညတည်းနဲ့ပရမ်းပတာအခြေအနေကိုပစ်ထည့်ခံလိုက်ရခြင်းအားမျက်မြင်တွေ့ရခြင်းသည်မဟာအကြီးအကဲလန်ယွဲ့အတွက်တော့ပထမဆုံးပင်။တစ်စုံတစ်ယောက်ကကြယ်စင်ဇယားကိုခေါင်းကနေ စလှန်လိုက်သလိုမျိုးသူ့ကိုယ်ပိုင်မျက်လုံးနဲ့မြင်ခဲ့ရခြင်းဖြစ်သည်။ထိုအခြေအနေအားသူ့အနေနဲ့ခေါင်းနဲ့အမြီးပင်မခွဲနိုင်ပေ။
သို့သော်လည်းအဲ့ဒါကရိုးရှင်းလှတဲ့အစပိုင်းမျှသာဖြစ်ခဲ့၏။ထိုအချိန်ကစပြီးမှေးမှိန်နေသည့်ကြယ်စင်ဇယားသည်သူ့ဗဟိုချက်ကနေအပြင်ကိုပျံ့နှံ့လာခဲ့သည်။နက္ခတ်ဗေဒကိုသုံးပြီးဝေဖန်ပိုင်းခြားတွက်ချက်နိုင်ခဲ့သည့်ညကောင်းကင်ယံတစ်ခုလုံးသည်လည်းပရမ်းပတာပုံရိပ်အဖြစ်လျင်မြန်စွာဆင်းသက်လာခဲ့သည်။လူများစွာရဲ့ကံကြမ္မာအားလုံးပြောင်းလဲသွားခဲ့သည်။
မဟာအကြီးအကဲလန်ယွဲ့သည်အံ့သြတုန်လှုပ်သွားရင်းဖြင့်ပရောဖက်များအတွက်ထူးခြားတဲ့သဘာဝအသိအမှတ်ပြုစွမ်းရည်ကိုအသုံပြုလိုက်တဲ့အခါသူအိပ်နေစဉ်မှာပင်ကမ္ဘာတစ်ခုလုံးကမသိနိုင်တဲ့အင်အားစုကြီးတစ်ခုကြောင့်ပြောင်းလဲသွားခဲ့သည်ဟုခံစားခဲ့ရသည်။
ထိုအင်အားစုကအတိအကျဘာလဲဆိုတာ ဒါမှမဟုတ်ဘယ်လိုစွမ်းရည်မျိုးကဒီလောက်အစွမ်းထက်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားပြီးကောင်းကင်နိယာမသဘောတရားနှင့်ကံကြမ္မာကိုဆန့်ကျင်ပြောင်းလဲနိုင်နေတာလဲဆိုတာကိုသူမသိပေ။သူလည်းထိုအကြောင်းအရင်းအားခွဲခြားရန်ကြိုးစားခဲ့သော်လည်းကောင်းကင်ဘုံတာအိုဆီမှသတိပေးခံခဲ့ရပြီးအားကောင်းလှတဲ့တန်ပြန်မှုကိုခံစားခဲ့ရသည်။
မဟာအကြီးအကဲလန်ယွဲ့အနေနဲ့သေချာနိုင်တဲ့တစ်ခုတည်းသောအရာကထိုကြယ်စင်ဇယားတစ်ခုလုံးပရမ်းပတာဖြစ်သွားခြင်းသည်လင်ရွှမ်းဇီနဲ့ဆက်စပ်မှုရှိနေသည်ဆိုတာကိုပင်။
မဟာအကြီးအကဲလန်ယွဲ့၏စိတ်ရှုပ်ထွေးနေမှုနဲ့ဆန့်ကျင်ဘက်ပင်လင်ရွှမ်းဇီကတော့ထိုဇာတ်ကြောင်းတစ်ခုလုံးကိုကြားတဲ့အချိန်မှာအကုန်လုံးနားလည်သွားခဲ့သည်။
ဒီလိုကံကြမ္မာအပြောင်းအလဲကြီးဖြစ်သွားရတဲ့အဓိကအကြောင်းအရင်းနှင့်ကြယ်စင်ဇယားရှိကောင်းကင်ကိုယ်ထည် ဂြိုလ်ပတ်လမ်းများအားလုံးပြောင်းလဲသွားခြင်းဟာဘာကြောင့်ဆိုတာကိုသူ့လောက်ဘယ်သူမှပိုမသိနိုင်ပေ။
'ကမ္ဘာနောက်ပြန်ကြေးမုံ'သည်မူလတုန်းကကောင်းကင်နှင့်မြေကြီးမှာပရမ်းပတာဖြစ်နေဆဲအချိန်တွင်ကြီးမားသည့်စွမ်းအားနဲ့သန့်စင်ထားတဲ့အရံမှော်ကိရိယာတစ်ခုဖြစ်ပြီး၎င်း၏ပျောက်ဆုံးနေသောထောင့်များနဲ့အက်ကွဲကြောင်းများကိုလင်ရွှမ်းဇီရဲ့ဝိဉာဉ်စွမ်းအားအကုန်လုံးကိုယူပြီးပြန်ပြင်ဆင်ခဲ့တာကြောင့်အဆုံးမှာသူကပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်,'ကမ္ဘာနောက်ပြန်ကြေးမုံ'ကအချိန်လှည်းဘီးကိုလည်ပတ်စေပြီးအစကိုပြန်သွားစေတဲ့အချိန်မှာလင်ရွှမ်းဇိရဲ့ကံကြမ္မာတစ်ခုတည်းပြောင်းလဲသွားခဲ့ခြင်းမဟုတ်ခဲ့ပေ။
တစ်ခြားစကားနဲ့ပြောရရင်တော့,လင်ရွှမ်းဇီက'ကမ္ဘာနောက်ပြန်ကြေးမုံ'ကိုသုံးပြီးကောင်းကင်ဘုံကိုငြင်းပယ်ကာကံကြမ္မာများကိုပြောင်းလဲခဲ့ခြင်းဖြစ်သည်။ပြောင်းလဲနေတဲ့ကံကြမ္မာများနဲ့သူကတိုက်ရိုက်ကိုသက်ဆိုင်နေခြင်းပင်။သို့သော်လည်းမဟာအကြီးအကဲလန်ယွဲ့ပြောသလိုဆိုရင်သူ့ကံကြမ္မာကအလွန်ကိုမြင့်မြတ်ပြီးလူအများကြားမှာကြီးကျယ်မြင့်မားသည့်သူတစ်ယောက်ဖြစ်နေသည်။ထို့ကြောင့်လည်း,သူ့ကံကြမ္မာကိုပြောင်းလဲခြင်းဟာကြယ်စင်ဇယားတစ်ခုလုံးကိုလှုပ်ခါစေခဲ့သည်။
ဒီနေ့မတိုင်ခင်ထိလင်ရွှမ်းဇီဟာသူ့ကံကြမ္မာကဒီလောက်များပြားလှတဲ့လူများရဲ့ကံတရားများကိုအကျိုးသက်ရောက်စေလိမ့်မယ်လို့တစ်ခါမှမတွေးဘူးခဲ့ပေ။
လင်ရွှမ်းဇီရဲ့ခံစားချက်များကအနည်းငယ်ရှုပ်ထွေးနေသည်။ကံကြမ္မာကိုပြောင်းလဲချင်ခဲ့တဲ့သူ့မူလရည်ရွယ်ချက်ကအလွန်ရိုးရှင်းသည်-အဲ့ဒါကယန်ထျန်းဟန်ကိုနောက်တစ်ဖန်ပြန်လည်မွေးဖွားစေပြီးဘယ်တော့မှအချစ်မခံခဲ့ရပဲ,သူနက်နက်ရှိုင်းရှိုင်းဂရုစိုက်ရသည့်ထိုကလေးအပေါ်သူလုပ်ခဲ့သမျှနာကျင်မှုအားလုံးကိုပြန်ပေးဆပ်ချင်ခဲ့ခြင်းတစ်ခုတည်းသာ
သို့သော်လည်းကံကြမ္မာပြောင်းလဲခြင်း၏အကျိုးဆက်ကသိပ်မရိုးရှင်းပေ။
လင်ရွှမ်းဇီသူ့ရဲ့အတွေးများဆီကပြန်ရောက်လာတဲ့အချိန်မှာမဟာအကြီးအကဲလန်ယွဲ့၏အရာရာကိုမြင်နိုင်သလိုမျိုးတိတ်ဆိတ်ငြိမ်သက်လှတဲ့မျက်လုံးများနဲ့တွေ့ဆုံသွားရသည်။
လင်ရွှမ်းဇီကခဏလောက်ရပ်တန့်သွားပြီးမှသူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်လိုက်သည်။
"ဆရာ,အားဟန်ရဲ့ကံကြမ္မာကြယ်စင်ရောဘယ်လိုမျိုးအတိအကျပြောင်းလဲသွားလဲပြောပြလို့ရနိုင်မလား?"
မဟာအကြီးအကဲလန်ယွဲ့ကယန်ထျန်းဟန်ရဲ့ကံကြမ္မာပြောင်းလဲမှုအပေါ်အာရုံမစိုက်ထားစရာအကြောင်းမရှိကြောင်းသူသေချာပေါက်သိနေသည်။
မဟာအကြီးအကဲလန်ယွဲ့သည်လည်းမအံ့သြပေ။လင်ရွှမ်းဇီကယန်ထျန်းဟန်အပေါ်ဘယ်လိုဆက်ဆံလဲဆိုတာကိုသူ့မျက်လုံးနဲ့အတိအကျမမြင်ရပေမယ့်ဆုမိုဆီကကြားထားတဲ့စကားတွေကနေ(၇၀)သို့မဟုတ်(၈၀%)လောက်ထိတော့ခန့်မှန်းလို့ရနိုင်သည်။
ယန်ထျန်းဟန်အပေါ်လင်ရွှမ်းဇီရဲ့စိတ်ပူပန်မှုကသူ့ကိုယ်သူအပေါ်ပူပန်မှုထက်ပင်ကျော်လွန်သေးသည်။
"အဲ့ဒါကလည်းငါ့ကိုစိတ်အနှောင့်အယှက်ပေးတယ်" မဟာအကြီးအကဲလန်ယွဲ့ကဆို၏။
လင်ရွှမ်းဇီသည်သူ့ခန္တာကိုယ်ကိုအနည်းငယ်လှုပ်ရှားလိုက်မိသည်။
"ဘယ်လိုလဲ?"
မဟာအကြီးအကဲလန်ယွဲ့ကမျက်မှောင်ကျုံ့လိုက်ရင်းစိတ်ရှုပ်ထွေးနေပုံရသည်။
"ယန်ထျန်းဟန်ရဲ့ကံကြမ္မာကြယ်စင်ကမင်းကံကြမ္မာကိုကြည့်ရတာလောက်မခက်ခဲဘူး...မင်းနဲ့သူကသဘာဝရန်သူတွေပဲပြိးတော့သူ့ကံကြမ္မာကမူလတုန်းကတည်းကသေဆုံးခြင်းကိုသာဦးတည်နေတဲ့မျှော်လင့်စရာမရှိတဲ့ကံတရားပဲ..ဒါပေမဲ့ကြယ်စင်ဇယားပြောင်းလဲပြီးကတည်းကသူ့ရဲ့ကံကြမ္မာကြယ်စင်ဘေးမှာခရမ်းရောင်ချီတွေဝိုင်းပတ်နေတယ်...ရှင်းရှင်းကြီးကိုငါသူ့ကံတရားကိုကြည့်လို့မရတော့ဘူးပြီးတော့သူ့ရဲ့သေဆုံးခြင်းအတိတ်နိမိတ်ကိုလည်းမမြင်ရတော့ဘူး...ဒါပေမဲ့,အဲ့ဒါကမင်းနဲ့ကျင့်ကြံရေးကမ္ဘာတစ်ခုလုံးအတွက်တော့ကောင်းတဲ့အရာမဟုတ်ဘူး"
ထိုစကားကိုကြားတော့လင်ရွှမ်းဇီမှာနောက်ဆုံးစိတ်သက်သာရာရစွာဖြင့်သက်ပြင်းရှည်ကြီးချမိသွားသည်။
သူကပြုံးလိုက်၏။
"ဆရာ,အားဟန်ရဲ့သေဆုံးခြင်းအဆုံးသတ်ပြောင်းလဲသွားခြင်းကကျင့်ကြံရေးလောကတစ်ခုလုံးအတွက်မကောင်းတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ကျွန်တော့အတွက်ကတော့သေချာပေါက်အကောင်းဆုံးအရာပါပဲ"
လင်ရွှမ်းဇီကိုခဏမျှစစ်ဆေးပြီးနောက်မှာမဟာအကြီးအကဲလန်ယွဲ့သည်သူ့နှုတ်ခမ်းအားအနည်းငယ်ကွေးတက်လိုက်ပြီးမရှင်းလင်းသည့်အပြုံးတစ်ခုပြုံးလာသည်။
"မင်းအနာဂတ်မှာလည်းအဲ့ဒီလိုပဲပြောနိုင်ဖို့မျှော်လင့်ပါတယ်"
"သေချာပေါက်ပါပဲ" လင်ရွှမ်းဇီကခေါင်းညိတ်ပြသည်။
"ဆရာလည်းဒီနေ့ကျွန်တော့ကိုပြောခဲ့သမျှအကြောင်းအရင်းတွေကိုဘယ်သူ့ကိုမှမပြောဖို့မျှော်လင့်ပါတယ်"
မဟာအကြီးအကဲလန်ယွဲ့ကလှောင်ပြောင်သည့်အပြုံးတစ်ခုပြုံးလိုက်သော်လည်းအဲ့ဒါကလင်ရွှမ်းဇီအားမရည်ညွှန်းပေ။
"မင်းစိတ်ပူတာအရမ်းများနေပြီ,ငါတို့လိုရှေ့ဖြစ်ဟောသူပရောဟိတ်တွေအတွက်ကအဲ့ဒီနတ်ဝိဇ္ဇာအတတ်ဆိုတာငါတို့ရဲ့ဘဝသက်တမ်းကိုတိုစေတယ်...'ကောင်းကင်ဘုံရဲ့လျို့ဝှက်ဆန်းကြယ်မှုကဖော်ပြလို့မဖြစ်ဘူး'ဆိုတဲ့စကားလိုပေါ့...သေချာပေါက်ဒီလိုကောင်းကင်ဘုံကချမှတ်ထားတဲ့ကံကြမ္မာတွေကိုလူတိုင်းဆီလျှောက်ပြောစရာမရှိဘူး"
လင်ရွှမ်းဇီကပြုံးသည်။
"ဆရာ,တကယ်တော့ကျွန်တော်ကနတ်ဝိဇ္ဇာပညာရှင်တွေကိုဘယ်တုန်းကမှကောင်းတဲ့အမြင်မရှိခဲ့ဘူး"
လင်ရွှမ်းဇီကထိုကဲ့သို့သောပရောဟိတ်များကိုအတော်လေးအထင်အမြင်သေးတာဖြစ်သည်။လွန်ခဲ့တဲ့နှစ်များစွာတုန်းကမဟာအကြီးအကဲလန်ယွဲ့သည်သူ့နားကိုချဉ်းကပ်ပြီးသူ့အနာဂတ်ကိုဟောကာလင်ရွှမ်းဇီအားနစ်မြှုပ်ဓားတောင်ထွတ်မှာကျင့်ကြံဖို့လိုက်ပါရန်မေးမြန်းခဲ့သည်။သို့သော်ထိုအချိန်တုန်းကတော့လင်ရွှမ်းဇီသည်ထိုလူအားလုံးကတစ်ခြားသူရဲ့အနာဂတ်ကိုအမှားတွေပြောပြီးလိမ်နေတဲ့သူတွေလို့ခံစားခဲ့ရသည်။သူကမဟာအကြီးအကဲလန်ယွဲ့ကိုပြတ်သားစွာငြင်းဆိုခဲ့၏ -ဒါသည်ပရောဟိတ်များအားသူမယုံကြည်ခြင်းကြောင့်ပင်။
နောက်ပိုင်းမှာတော့ယန်ထျန်းဟန်ရဲ့အကြောင်းနဲ့နောက်ခံများအပြင်သူ့ကလေးဘဝအတွေ့အကြုံများကိုလင်ရွှမ်းဇီကလေ့လာသိခဲ့ပြီးနောက်မှာတော့ယန်ထျန်းဟန်ရဲ့ကံကြမ္မာကိုဖော်ထုတ်ခဲ့တဲ့သူများအားရွံမုန်းခဲ့သည်။
သူ့အားဟန်လေးကိုလူတိုင်းရိုက်နှက်ချင်နေတဲ့လမ်းဘေးကြွက်တစ်ကောင်လိုမျိုး၊ယင်ကောင်တွေအကုန်ပစ်မှတ်ထားတဲ့အသားဆူဖြိုးဖြိုးတစ်ခုလိုမျိုးဖြစ်အောင်လုပ်ခဲ့သည်လေ။
ကောင်းကင်ဘုံရဲ့လျို့ဝှက်ဆန်းကြယ်မှုကြီးကိုမြင်တွေ့ရတာနဲ့ပဲလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲနိုင်ဖို့အခွင့်အရေးရှိတယ်လို့ဘာလို့များအဲ့ဒီလိုလူတွေကထင်ခဲ့ရတာလဲ?
ခါးသက်လှတဲ့ဘဝသင်ခန်းစာများစွာကိုကျော်ဖြတ်ပြီးနောက်မှာတော့ထိုအနာဂတ်ဟောတဲ့ပရောဟိတ်များကတကယ့်လူလိမ်တွေကြီးပဲတော့မဟုတ်ဘူးဆိုတာကိုလင်ရွှမ်းဇီနားလည်ခဲ့ရသည်။သူတို့ကတကယ့်ကိုကောင်းကင်ဘုံတာအိုအားမြင်နိုင်ကြ၏။ထို့ကြောင့်လည်းနောက်ဆုံးမှာသူ့ရဲ့ကန့်သတ်ထားတဲ့အမြင်ကျဉ်းမြောင်းမှုကိုရပ်တန့်လိုက်ပြီးသူတို့ကိုအထင်အမြင်သေးခြင်းအားလည်းရပ်ပစ်လိုက်သည်။
မဟာအကြီးအကဲလန်ယွဲ့သည်လည်းလင်ရွှမ်းဇိရဲ့ပရောဟိတ်များကိုငြင်းဆိုခြင်းကဘယ်ကနေလာလဲဆိုတာကိုသိပုံပေါ်သည်။
"ယန်ထျန်းဟန်ကလေးဘဝတုန်းကခံစားခဲ့ရတဲ့နတ်ဝိဇ္ဇာအခင်းအကျင်းဆိုတဲ့ဟာကိုငါကိုယ်တိုင်မတွေ့ကြုံခဲ့ရပေမယ့်ဆုမိုဖော်ပြတာကိုတော့ကြားဘူးပါတယ်..နယ်မြေကြီးကိုးခုကအကြီးဆုံးကောင်းကင်ဘုံမျိုးနွယ်စုကိုးခုအနေနဲ့ပရောဟိတ်မိသားစုဆိုတာကကောင်းကင်ဘုံတာအိုနဲ့အနီးကပ်ဆုံးဆက်သွယ်မှုပဲ...ကောင်းကင်ဘုံရဲ့လျို့ဝှက်ချက်တွေကိုရှာဖွေလေ့လာပြီးနယ်မြေကြီးကိုးခုကိုအကြီးအကျယ်ထိတ်လန့်စေနိုင်မယ့်သဲလွန်စတွေကိုကြိုတင်ဖမ်းယူရတာတွေနဲ့သူတို့တွေမဖြစ်ပွားခင်မှာဖြစ်နိုင်ခြေမှန်သမျှကိုသတ်ပစ်ရမှာကပရောဟိတ်မိသားစုတွေရဲ့လုပ်ငန်းဆောင်တာနဲ့တာဝန်တွေပဲ....တကယ်တော့လည်းသူတို့ဒီလိုလုပ်တာကနားလည်ပေးလို့ရပါတယ်"
လင်ရွှမ်းဇီကကဲ့ရဲ့လှောင်ပြောင်ဟန်ကိုဖော်ပြပြီးအေးစက်စက်ပြောသည်။
"အားဟန်ကရောဒီလိုကံကြမ္မာမျိုးကိုရွေးချယ်ချင်လို့လား?အကယ်၍သာပရောဟိတ်မိသားစုကနေသူကထူးခြားတဲ့မီးဖိုဆိုတာနဲ့ဖျတ်စီးခြင်းကြယ်စင်ဆိုတဲ့အကြောင်းကိုကောလဟာလမဖြန့်ခဲ့ရင်ဘယ်လိုလုပ်အားဟန်ကဒီလောက်များပြားလှတဲ့အင်အားစုတွေရဲ့ပစ်မှတ်ဖြစ်လာမှာလဲ?ဘယ်သူသိမှာလဲ,နယ်မြေကြီးကိုးခုကရော,အဲဒီလိုဖြစ်လာတာသူတို့တွေသာဆိုရင်ဆက်ပြီးအေးဆေးနေနိုင်မှာလားဆိုတာ"
"နယ်မြေကြီးကိုးခုမှာလည်းပရောဟိတ်မိသားစုကိုဒီလိုအလားတူစကားတွေနဲ့ဝေဖန်တဲ့သူတွေအများကြီးရှိတယ်...သေချာပေါက်အဲ့ဒီလိုဖြစ်နိုင်ခြေရှိတာပေါ့" မဟာအကြီးအကဲလန်ယွဲ့ကခေါင်းကိုခါယမ်းရင်းတည်ငြိမ်စွာဆက်ပြောသည်။
"ဒါပေမဲဖြစ်နိုင်ခြေကအရမ်းနည်းပါးတယ်...ပရောဟိတ်မိသားစုအတွက်ကဒီလိုကြီးမားလှတဲ့ပြောင်းလဲမှုမျိုးကြီးထွားလာမှာကိုလစ်လျူရှုထားဖို့မဖြစ်နိုင်ဘူး...ထပ်ပေါင်းပြောရရင်,ဒီလိုကြီးမားလှတဲ့နတ်ဝိဇ္ဇာအခင်းအကျင်းမျိုးကိုထုတ်လာပြီးဒီလိုအရေးကြီးလှတဲ့ခန့်မှန်းချက်ကိုလူသိထင်ရှားထုတ်ဖော်ပြောတယ်ဆိုတာက - ငါစိုးရိမ်တာတော့အဲ့ဒီနတ်ဝိဇ္ဇာအခင်းအကျင်းမှာပါဝင်ခဲ့တဲ့ပရောဟိတ်တွေအကုန်လုံးအခုချိန်မှာတော်တော်များပြားလှတဲ့တန်ပြန်မှုတွေကိုခံစားနေရလောက်ပြီ..အများဆုံးဖြစ်နိုင်တာသူတို့တွေသေတာဖြစ်ဖြစ်ဒဏ်ရာရတာဖြစ်ဖြစ်,ဖြစ်သွားကြလိမ့်မယ်...ဒီဘဝမှာတော့အကယ်၍သူတို့သာအခွင့်အလမ်းကောင်းကြီးကြီးမားမားမရခဲ့ရင်သူတို့ရဲ့ကျင့်ကြံမှုကလုံးဝမသန်မစွမ်းဖြစ်သွားလောက်ပြီ"
လင်ရွှမ်းဇီမှာထိတ်လန့်တုန်လှုပ်သွားမိသည်။
ပရောဟိတ်မိသားစုတွေကဒီလောက်ကြီးမားတဲ့တန်ကြေးကိုပေးဆပ်ရမယ်လို့သူဘယ်တုန်းကမှမထင်ထားခဲ့မိဘူး!
သူ့အတိတ်ဘဝတုန်းကနယ်မြေကြိးကိုးခုကိုသွားတဲ့အချိန်မှာပရောဟိတ်မိသားစုနဲ့ပတ်သတ်တဲ့ကောလဟာလတွေအများကြီးမကြားခဲ့ရတော့တာအံ့သြစရာမရှိတော့ဘူး...ဖြစ်နိုင်တာအဲ့ဒီအချိန်မှာအဲ့ဒီမိသားစုကလောက,ကမ္ဘာကနေအတင်းအကြပ်အငြိမ်းစားယူလိုက်ရပြီးတံခါးပိတ်တရားကျင့်နေကြရတာဖြစ်လိမ့်မယ်...
"အဲ့ဒါထိုက်တန်လို့လား?"
"အဲ့ဒါကထိုက်တန်လားမထိုက်တန်ဘူးလားဆိုတာကတစ်ဦးချင်းဆီရဲ့လိုက်စားမှုအပေါ်မူတည်တယ်" မဟာအကြီးအကဲလန်ယွဲ့ကခပ်ဖျော့ဖျော့ပြုံးရင်းဆက်ပြောသည်။
"ငါထင်တာတော့မင်းပရောဟိတ်တွေအပေါ်မှာအမုန်းတရားတွေသိမ်းဆည်းထားပုံပဲ?"
လင်ရွှမ်းဇီရဲ့မျက်လုံးများနစ်မြှုပ်သွားပြီးအံကိုကြိတ်လိုက်သည်။
"သူတို့ဘယ်လမ်းကြောင်းလျှောက်လဲဆိုတာကျွန်တော်ဂရုမစိုက်ဘူး:ဘယ်လိုပဲဖြစ်နေပါစေ,ကျွန်တော်နဲ့တော့မတူဘူး...အနှေးနဲ့အမြန်ကျွန်တော်သူတို့ဆီကရှင်းပြချက်တောင်းမှာပဲ"
"ဒါဆိုလည်းမြန်မြန်လေးသန်မာလာအောင်လုပ်လေ" မဟာအကြီးအကဲလန်ယွဲ့သည်သူနဲ့အလုပ်တူသည့်ထိုပရောဟိတ်များဘာဖြစ်မလဲဆိုတဲ့အပေါ်မှာသနားညှာတာခြင်းအလျင်းမရှိပေ။
သူတို့ကသူတို့လမ်းသူတို့ရှာတာဆိုတော့ဖြစ်လာမယ့်အကျိုးဆက်လည်းကိုယ့်ဘာသာခံကြချေ....
"မင်းနယ်မြေကြိးကိုးခုကိုဝင်ရောက်ဖို့အရည်အချင်းပြည့်မှီသွားရင်,အဲ့ဒီအချိန်မှသာမင်းဒီလိုစကားမျိုးပြောဖို့အရည်အချင်းပြည့်မှီမှာ"
"ဟုတ်ကဲ့" လင်ရွှမ်းဇီကမဟာအကြီးအကဲလန်ယွဲ့ကိုကြည့်လိုက်သည်။
"ဆရာ,ကျွန်တော့ကိုကူညီမယ်ထင်တယ်"
"မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ငါသေချာပေါက်မင်းကိုလစ်လျူရှုထားစရာအကြောင်းမရှိဘူး" မဟာအကြီးအကဲလန်ယွဲ့ကသဘောတူသည်။
"ဒါပေမဲ့ငါကအရမ်းတင်းကြပ်တယ်နော်,အကယ်၍အများကြီးနာကျင်ခံစားရတာတို့ပင်ပန်းတာတို့ဖြစ်လာမှမငိုနဲ့"
လင်ရွှမ်းဇီကပြုံးသည်။
"သေချာပေါက်အဲ့ဒါဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"
မဟာအကြီးအကဲလန်ယွဲ့ကတော့လမ်းတစ်ဝက်လောက်ရောက်မှအနိုင်ရလာတဲ့ထိုတပည့်ငယ်လေးအားအလွန်အမင်းကျေနပ်အားရနေမိသည်။
လင်ရွှမ်းဇီကျိုးပျက်ဓားတောင်ထွတ်မှာရှိတုန်းကဆိုရင်ကျိုးပျက်ဓားတောင်ထွတ်ကအဲ့ဒီလူအိုစုတ်လေးကအမြဲတမ်းသူ့ရှေ့မှာကိုယ်ရေသွေးနေခဲ့တာ...ပြီးတော့လင်ရွှမ်းဇီရဲ့ဓားလမ်းကြောင်းကအရမ်းကိုထူးချွန်လွန်းတော့သူကအမြဲတမ်းနက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့တစ်ခြားဓားသုံးဖော်ထက်ရှေ့ကိုခုန်ကျော်ပြီးဦးဆောင်နေခဲ့သေးတယ်...အဲ့ဒီတော့နစ်မြှုပ်ဓားတောင်ထွတ်ကအမြဲတမ်းလူတွေအမြင်မှာအားနည်းသလိုမျိုးခံစားရစေတယ်...
အခုလင်ရွှမ်းဇီ,ဒီကိုရောက်လာပြီဆိုတော့ဒီနှစ်နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ကျောင်းအပ်မှုစာရင်းမှာအညွှန့်ကောင်းလေးတွေအများကြီးခေါ်လာနိုင်တော့မယ်
တောင်သုံးလုံးကဂိုဏ်းတစ်ခုတည်းကဖြစ်သော်လည်းအပြိုင်အဆိုင်များလှသည့်ဆက်ဆံရေးများဖြစ်သည်။နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာသာအရင်းအမြစ်များစွာရှိခြင်းဖြစ်တာကြောင့်တောင်သုံးလုံးကသူတို့ကိုရရှိရန်ပြိုင်ဆိုင်ခြင်းကအံ့အားသင့်စရာမဟုတ်ပေ။
ထပ်ပေါင်းပြောရရင်လင်ရွှမ်းဇီကနစ်မြှုပ်ဓားတောင်ထွတ်အတွက်ကြီးမားလှတဲ့အကူအညီကိုယူလာပေးသည်။
နက်ရှိုင်းကောင်းကင်ရဲ့ဓားလေးဖော်လုံးကနစ်မြှုပ်ဓားတောင်ထွတ်မှာကြီးပဲလေ...အဲ့ဒါရဲ့အဓိပ္ပါယ်ကပြောစရာတောင်မလိုတော့ဘူး
မဟာအကြီးအကဲလန်ယွဲ့နဲ့လင်ရွှမ်းဇီတို့ရဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုအပြီး,တစ်ယောက်နဲ့တစ်ယောက်နက်နက်ရှိုင်းရှိုင်းနားလည်လာခဲ့သည့်ထိုညမှာပဲနစ်မြှုပ်ဓားတောင်ထွတ်တစ်ခုလုံးတွင်မဟာအကြီးအကဲလန်ယွဲ့၏တံခါးပိတ်တပည့်လေးအတွက်ကြိုဆိုရေးအခန်းအနားကိုပြုလုပ်ကြလေသည်။
=========================
တည်းဖြတ်သူရဲ့ပြဇာတ်ငယ်လေး:
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက
ကျိုးပျက်ဓားတောင်ထွတ် , :ဟားဟား,ငါတို့မှာကြီးကျယ်မြင့်မြတ်တဲ့အလှလေးရှိတယ်ကွ!
နစ်မြှုပ်ဓားတောင်ထွတ် , သူကအနာဂတ်မှာငါတို့လူဖြစ်လာမှာပဲ!မင်းတို့သူ့ကိုဘယ်တော့မှရမှာမဟုတ်ဘူး!
ကျိုးပျက်ဓားတောင်ထွတ် ,ဘယ်တော့မှ!သူကအင်အားကြီးလွန်းတယ်,သူ့အလှတရားကကောင်းကင်ဘုံကျော်လွန်တယ်!
နစ်မြှုပ်ဓားတောင်ထွတ် ,သူကငါတို့နဲ့ကံတရားဆက်စပ်နေတာ!
တတိယတောင်ထွတ်, တည်းဖြတ်သူဆီကနာမည်အမေ့ခံခဲ့ရသူ : QQငါတို့လည်းအလှလေးလိုတယ်လေ
====================
Translator's Note
အားဟန်ရဲ့ကံကြမ္မာကြယ်စင်ဘေးမှာခရမ်းရောင်ချီတွေဝိုင်းပတ်နေတယ်ဆိုတာက ရွှမ်းဇီကခရမ်းရောင်ချီပိုင်ရှင်မြင့်မြတ်တဲ့ကံကြမ္မာကြယ်စင်ပါ အရင်ကကံကြမ္မာအတိုင်းဆိုရင်အားဟန်ကသေမှာဆိုပေမယ့် ပြန်လည်မွေးဖွားလာတဲ့အချိန်မှာတော့ရွှမ်းဇီရဲ့ ခရမ်းရောင်ချီတွေကအားဟန်ကိုစောင့်ရှောက်လိုက်တဲ့အတွက် ဘေးကင်းသွားတဲ့ပုံစံမျိုးပါပဲ။ နားမလည်ရင်ပြန်မေးပါနော်။ရှုပ်မှာစိုလို့
====================
Zawgyi