Hodophiles
By Mayti687
13.7K 1.7K 17.7K
Creation for TOL Family More
🖤New Wave❤️
💛White Wishes🕊️
🏔️📸📸
🖤Fly to Auckland❤️
🔥
🖤 Auckland Day Trip 2❤️
🖤Love❤️
🖤 Hobbiton Tour❤️
🖤 Reach For The Stars❤️
🍯 Honey Rainbow🌈
🖤 Golden Love❤️
🖤 Happy Hiking❤️
🖤 Two Steps from Hell❤️
💛HBD J&S🕊️
🖤Aroha❤️
🖼️🖼️🖼️
🖤Lucky Charm@Me❤️
🖤Kia ora❤️
💔
🖤 Broken is Beautiful_1❤️
CamperVan
🖤 Campervan Tour_1❤️
🖤Big Buzz & Lake Wanaka❤️
🖤 Broken is Beautiful-2❤️
🖼️🖼️🖼️
🖤 Superheroes❤️
🖤❤️💛🕊️
🖤 Endure Love❤️
🏞️🏞️🏞️
🖤Apricity❤️
🖤 Apricity-1❤️
🖤 Apricity-2❤️
❄️✨🎄
🖤 Apricity-3❤️
🖤 Apricity-4❤️
🖤 Apricity-5❤️
❄️ Rovaniemi Day-1 ✨
🖤 Apricity-6❤️
🖤 Apricity-7❤️
❄️✨
🖤 Apricity-8❤️
🖤Apricity-9❤️
🖤 Apricity-10❤️
🖤 Apricity-11❤️
✨Ice Desert✨
✨Ice Desert -1✨
✨Ice Desert- 2✨
✨Ice Desert -3✨
✨Ice Desert -4✨
Day 1 Memo
✨Ice Desert -5✨
✨Ice Desert -6✨
🖤❤️💛🕊️✨
✨Ice Desert -7✨
✨Ice Desert -8✨
✨Hello✨
✨Ice Desert -9✨
✨ Moments To Memories ✨
To my North ✨
Comeback 🖤❤️💛🕊️
🖤 Auckland Day Trip 1❤️
324 42 409
By Mayti687
Unicode
🖤 Auckland Day Trip 1❤️
မပူမအေး မျှတသော အခန်းလေထုထဲဝယ် ကျွန်တော်ချစ်သော အသက်ရှူသံလေးတွေက ဝေ့ဝဲလို့။
မျက်လုံးတို့ကို ဖွင့်ကြည့်တော့ မိုးလင်းခါနီး မိုးဖွဲကျတာနဲ့ ကြုံဆုံနေလို့ မှန်ပြတင်းနားကပ်ကာ မှန်ကိုလက်ဝါးပြင်နဲ့ ထိကပ်လိုက်တော့ အေးချမ်းခြင်းကို ခံစားရသည်။
ကိုကိုကတော့ နိုးတဲ့ချိန်မှ ထသွားမယ်ဆိုပေမဲ့ ရာသီဥတုအနေအထားအရရော ဒီကလေးတွေအတွက်ပါ ကြည့်ရမှာမို့ မနေ့ကပြောထားတဲ့ Kiwi Tuk Tukဆိုတဲ့ Auckland မြို့တွင်းလှည့်ပတ်ကြည့်ရှူမဲ့ခရီးစဉ်လေးကိုပဲ ဖုန်းထဲကနေ Bookingလှမ်းလိုက်သည်။
သူက ၂၄နာရီserviceပေးတာမို့ mobile ticket စနစ်နဲ့ လက်မှတ်ဖြတ်ပြီး ငွေလွှဲငွေချေကိစ္စပြီးတော့ လာကြိုရမည့် အချိန်ကို မေးလာတာမို့ ၁၀နာရီလို့သာပြောလိုက်သည်။ တစ်နာရီစာ private tourအတွက် ရတဲ့ဝန်ဆောင်မှုတွေက ဟိုတယ်ထိ အကြိုအပို့၊ Driver, Guide နဲ့ food & drinksတဲ့။
ရာသီဥတုအခြေအနေအရတော့မိုးရွာလိုက်နေသာလိုက် တလှည့်စီဖြစ်နေမှာမို့ ဘန်ကောက်မှာတည်းက စီစဉ်လာတဲ့ မိုးကာအပါးလေးတွေဝတ်ကြရမှာပေါ့။ ထီးကလည်း သားနဲ့သမီးအတွက်ကအစ အကုန်ပြင်ဆင်ခဲ့ပြီးသားမို့ ကိုယ့်ထီးကိုယ်ယူရုံပါပဲ။
သူတို့ပေးထားတဲ့ ခရီးစဉ်လမ်းကြောင်း ခဏဖတ်နေတုံး တံခါးခေါက်သံသဲ့သဲ့ကြားရတော့ တံခါးထဖွင့်ပေးလိုက်သည်။ဒါက ဒီအခန်းရဲ့ဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ wake up serviceပါ။ မနက်ဝေလီဝေလင်းလေးမှာ ကော်ဖီပူပူလေးနဲ့ sandwichကို ‌သပ်ရပ်လှပတဲ့ ဗန်းလေးထဲထည့်ပြီး လာပို့ပေးတာမို့ ကျေးဇူးတင်ကြောင်းပြောပြီး လက်ခံထားလိုက်သည်။
ကော်ဖီဗန်းလေးချပြီး အပြင်လှမ်းကြည့်တော့ မိုးကတိတ်သွားပြီး အရုဏ်တက်နေခြည်တို့က ဝါရွှေရောင်အလင်းနဲ့ ကောင်းကင်ပြင်မှာ နေရာယူနေကြပြီမို့ ကျွန်တော်လည်း မျက်နှာမသစ်သေးခင် ဒီနေ့ ခရီးအတွက် ပြင်စရာရှိတာ ပြင်ဆင်ထားလိုက်သည်။
သားနဲ့သမီးရဲ့ ကျောပိုးအိတ်ထဲမှာ ရေဘူး ခေါက်ထီးအသေးလေးနဲ့ သူတို့အန်ချင်တာဖြစ်ဖြစ် ထည့်ချင်တာရှိရင်ဖြစ်ဖြစ်ထည့်ဖို့ ziplock bagလေးတွေတစ်အိတ်စီထည့် အစာကြေဆေးလို ပလာစတာလိုလေးတွေ တစ်စုံစာစီဘူးလေးတွေနဲ့ထည့်ပြီး ဝတ်ရမဲ့အဝတ်အစားနဲ့ ဖိနပ်တွေပါတစ်ခါတည်းထုတ်ပြီး ပြင်ဆင်ထားလိုက်သည်။
ကလေးတွေ‌ပြီးတော့ ကျွန်တော်နဲ့ကိုကို့အတွက်လည်း ကလေးတွေကိုပြင်သလိုပဲ တစ်စုံစာစီပြင်ရသည်။ ပြင်နေတုံးရှိသေး နောက်ကနေပွေ့ဖက်လာတဲ့ ကျွန်တော်မြတ်နိုးတဲ့လက်တွေရယ် ဂုတ်ပေါ်ကျလာတဲ့ အနမ်းတွေရယ်ကြောင့် မျက်နှာမသစ်ရသေးခင်မှာပဲ လူကလန်းဆန်းသွားပါပြီ။
❤️Kiwi Tuk Tuk ကို baby bookingလုပ်ထားပြီးပြီ ကိုကို မနက်၁၀နာရီ လာခေါ်မယ်တဲ့
🖤အချစ်ကလေးက အရမ်းအားကိုးရတာပဲ ကိုကိုတို့ရေချိုးဖို့ ရေသွားစပ်လိုက်ဦးမယ်နော်
ရေချိုးဖို့ရေနွေးသွားစပ်ပြီးပြန်ထွက်လာတော့ သူပွေ့ခေါ်ရာနောက်လိုက်ရသည်။ မနက်ခင်းအေးအေးမှာ သူစပ်ပေးတဲ့ရေနွေးနွေးထဲ သူနဲ့အတူဝင်စိမ်နေရတဲ့ ခံစားချက်က ရင်ခုန်စရာအပြည့်နဲ့ပါ။ မျက်နှာချင်းဆိုင်ထိုင်ပြီး ကျွန်တော့်လည်ပင်းကို အုပ်ကိုင်လာတော့ အသည်းယားလို့ သူ့ရင်ဘတ်က တက်တူးကို ပြေးနမ်းလိုက်သည်။
ကျွန်တော့်အတွက်ထာဝရတည်ရှိနေမဲ့ မွေးနေ့လက်ဆောင်လေးမို့လို့ရော ဖေဖေ့ရဲ့အငွေ့အသက်တွေရှိနေတာလေးဖြစ်နေတာကြောင့်ပါ သိပ်တန်ဖိုးထားရလွန်းတဲ့ တက်တူးလေးဖြစ်နေတာပါ။
ချုပ်ထိန်းထားပုံရတဲ့ အကြင်နာအနမ်းတချို့က လေပွေဝဲသလို ကျွန်တော့်ခန္ဓာအနှံ့ဖြန့်ကျက်လာတော့ မျက်လုံးစုံမှိတ် နှုတ်ခမ်းကို တင်းတင်းစေ့လို့ အရှက်သည်းစွာ ခံယူရသည်။ ခရီးသွားတဲ့အခါတိုင်း အတူမနေဖြစ်ပေမဲ့ သူဖန်ဆင်းတဲ့ အနမ်းမုန်တိုင်းကနေတော့ ဘယ်သောအခါမှစက်ကွင်းမလွတ်ဘူးလေ။
နှင်းဆီပန်းနံ့လေးသင်းနေတဲ့ ရေထဲမှာ ခံနိုင်ရည်မကျန်လောက်အောင် အနမ်းခံရလည်း ကျွန်တော်ကပြုံးပြုံးလေးနဲ့ပျော်နေတာပဲ။ သူနမ်းတာခံရတိုင်း ရန်တွေ့တဲ့အခါရှိပေမဲ့ ကျွန်တော့်အပြုံးကတော့ အမြဲဖြစ်တည်နေတာမျိုးလေ။
❤️ကိုကို မတော်သေးဘူးလား အေးလာပြီ
🖤အင်း ပါးလေးတစ်ဖဲ့လောက် ကိုက်ပါရစေဦး
ရင်ခုန်ခြင်းတွေ မောလျခြင်းတွေ ရယ်မောခြင်းတွေက သူ့အနမ်းဆေးစက်ချရာ အရုပ်ထင်ရတဲ့ ပန်းချီလိုပါပဲ။
❤️ချစ်တယ်
🖤ပိုချစ်တယ် ထ ထ အမြန်လက်စသတ်ရအောင် ကလေးတွေလည်း လုပ်ပေးရဦးမယ်
နှစ်ယောက်သား ကိုယ်လက်သန့်စင်ကိစ္စဝိစ္စအပြီးမှာတော့ bathrobeဝတ်လျက်သားနဲ့ပဲ သားနဲ့သမီးကို နှိုးလို့ ရေနွေးလေးနဲ့ ရေချိုးပေးရသည်။သားအဖတွေ ရေချိုးလို့ပြီးကြမှ အလုအယက် အဝတ်လဲကြရတာကလည်း ဒီမိသားစုရဲ့ အစဉ်အလာမပျက်တဲ့ ပရမ်းပတာဖြစ်စဉ်လေးပေါ့ဗျာ။
ထုတ်ပေးထားတဲ့အဝတ်တွေကို ဆင်လိုက်ကျားလိုက် ဖြဲရဲထိုးထည့် ဝတ်နေတာက ဘာကြောင့်မှန်းမသိ။
❤️ကိုကိုတို့သားအဖတွေ ဘာဖြစ်နေတာလဲ အဝတ်ဝတ်တာ နောက်ကဘာကောင်လိုက်နေလို့လဲ
🖤ဟိုဘက်ခန်းကကောင်တွေကို နှိုးရမယ်လေ ပြီးတော့ ဗိုက်ဆာပြီကွ
💛 အားးးး တော်တေးတယ်
❤️ဘာဖြစ်လို့လဲ သား
💛တားတား နှာမောင်းရေး ဇစ်နဲ့ ဆွဲမိတော့မရို့ ရင်တေတုန်ရိုက်တာ
🖤❤️ခွီးးးးးး
🕊️တိုတို့မှာ နှာမောင်းပါရို့ရား
💛နင်တိပါဘူး ခရေးက ခရေးရိုနေ
🖤အမလေး သောက်ကျိုးနည်း ငါ့အလုံးတွေ ယူသုံးနေတာ ဟားဟားဟား
🕊️မတိရို့ မေးတာကို ကြီးကျယ်ရိုက်တာ ဟွန်းးး ပြော နေပေါ့
🖤ဟိုဘက်အခန်းသွားနှိုးလိုက်ဦးမယ် အကုန်လုံးပြီးရင်ကော်ဖီဆင်းသောက်မယ်ဟေ့
ကိုကိုဟိုဘက်အခန်းသွားနှိုးနေတုံး မနက်ကလာပို့ထားတဲ့ sandwichကို သားနဲ့သမီးကိုကျွေးရသည်။ လက်ထဲမုန့်ကိုယ်စီကိုင်ရင်း သူတို့အကိုနဲ့အမကို ပြေးကြည့်တော့ နောက်ကလိုက်ရသေးသည်။
Black နဲ့ Beautifulတို့ကတော့ စောစောစီးစီး အင်္ကျီကိုယ်စီဝတ်ပြီး ကျော့ကော့လို့ ဟိုတယ်က သူတို့အတွက်စီစဉ်ပေးထားတဲ့ အစာခွက်လှတပတလေးတွေနဲ့ သာယာနေကြပြီ။ P'Mike တို့လည်း အဆင်သင့်ဖြစ်နေပြီဆိုချိန်မှာ မနက် ၉နာရီကျော်ပြီမို့ အကုန်လုံး တစ်ကိုယ်စာ ကျောပိုးအိတ်ကိုယ်စီလွယ် မိုးကာဝတ်တဲ့လူကဝတ် အိတ်ထဲထည့်သူကထည့် ထီးကိုယ်စီနဲ့ အခန်းတံခါးပိတ်လို့ Receptionမှာ သော့အပ်ခဲ့ပြီး မနက်စာဝင်စားရသည်။
မနက်စာစား ကော်ဖီလေးသောက်ပြီး သားနဲ့သမီးကို အပေါ့အပါးသွားဖို့လိုက်ပို့ပြီး ခဏနေတော့ ဟိုတယ်ရှေ့ထွက်လို့ Tuk Tukလာအကြိုကို အုပ်စုလိုက်ထွက်စောင့်ကြတော့သည်။ အခုလက်ရှိတည်းနေတဲ့ဟိုတယ်က Aucklandရဲ့ အချက်အချာကျတဲ့နေရာမှာရှိနေသလို Sky Tower ဆိုတဲ့ အဆောက်အဦးနဲ့လည်း နီးနီးလေးမို့ ကျွန်တော့်မှာအားကျခြင်းများစွာနဲ့ မော့ကြည့်ရသေးသည်။
Towerပေါ်မှာက မှန်ချပ်တွေပေါ်ကနေ ဖြတ်လျှောက်တဲ့ Sky walkအပြင် Sky jumpလို့ခေါ်တဲ့ Bungee jumpပါလုပ်လို့ရတယ်လေ။ ဒီတစ်သက်လုပ်ချင်ရက်နဲ့ မဖြစ်နိုင်မတတ်နိုင်တဲ့ အရာထဲမှာ အဲ့ဒါလည်းပါတာမို့ ခုလိုငေးနေရုံအပြင် ဘာတတ်နိုင်မလဲလေ။
💙ရာသီဥတုက အနေတော်လေးပဲနော် ကိုယ်တွေအတွက်အေးတယ်ဆိုပေမဲ့ ဒီကလူတွေအတွက်တော့ သာမန်ပဲအေးတာနေမယ်
"ကို ရှိနေလို့ နွေးတာ ကောင်လေးရ"
"ဒီခရီးမှာ ထီး‌တစ်ချောင်းနဲ့ အရိုးထုတ်ရမဲ့လူက ငါပဲပါတာပါ ဒီကောင်တွေနဲ့ကတော့လား..."
P'Chen က မကြားတကြားမကျေမနပ်ပြောတော့ ဝိုင်းရယ်ကြလို့ သူ့ဗိုက်ကြီးပါလှုပ်အောင်လိုက်ရယ်တော့သည်။လူ ၇ယောက် ခွေး ၂ကောင်နဲ့ ဒီအုပ်စုက ဘယ်နေရာသွားသွား အရှက်မရှိတာကထိပ်ဆုံးကနေမှာပါ။ ရယ်စရာရှိလည်း ဟန်မှမဆောင်တတ်ကြတော့ ဘေးကလမ်းသွားလမ်းလာတွေပါ ကိုယ်တွေကြည့်ပြီး ပြုံးစိစိဖြစ်ကုန်ပြီ။
🖤သူများအရပ်ဒေသရောက်ရင် ဆင်ဆင်ခြင်ခြင်ရယ်ကြဟေ့ သိက္ခာသမာဓိလေးနဲ့ ရယ်
💛ဘရို ရယ်ရမှာရဲ
🕊️ပါးဂျပ်ပိတ်ရယ်ရမှာရား
🖤ဒီလိုလေး ရယ်
ပါးစပ်ကို လက်ဝါးလေးနဲ့ကာလို့ ရယ်ပြကာမှ သူ့ကြည့်ပြီး ကလေးနှစ်ကောင်က အော်ရယ်လိုက်တာ ဝက်ဝက်ကွဲမို့ ပိုဆိုးပါလေရော။
🖤ပြောကာမှ ပိုဆိုး ဒီကောင်တွေတော့
❤️ ဟော ဟိုမှာလာပြီ
Tuk Tuk က ကိုယ်တွေစောင့်နေတဲ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပြီး Guide က လူစေ့တက်စေ့သာမက ခွေးတွေကိုပါနှုတ်ဆက်တော့ နွေးထွေးမှုကို ခံစားရသည်။ Tuk Tukပေါ်တက်ထိုင်တော့ ချန်ချန်နဲ့ ကလေးတွေကတစ်တွဲ ကျွန်တော်တို့လေးယောက်က တစ်ခုံစီပေါ့။
စထွက်တာနဲ့ Guide က Aucklandမြို့သမိုင်းကို အကျဉ်းချူပ်ရှင်းပြတာကို နားထောင်ရင်း ကိုကိုက ကင်မရာနဲ့ တဖြတ်ဖြတ်မှတ်တမ်းတင်တော့သည်။
Auckland ဟာ နယူးဇီလန်ရဲ့ North Island မှာရှိတဲ့ အဓိကမြို့တော်တစ်ခုဖြစ်ပြီး Maori ဘာသာစကားအရ Tāmaki Makaurau လို့ခေါ်တယ်တဲ့။
A/N Māori ဆိုတာက Auckland မှာနေထိုင်တဲ့ လူမျိုးစုပါ
အဓိက ဆိပ်ကမ်းနှစ်ခုရှိပြီး သွားလာလည်ပတ်စရာနေရာကောင်းများစွာနဲ့ ခရီးသွားလာရေးလုပ်ငန်းအတွက်အကျိုးပြုတဲ့ လူဦးရေထူထပ်တဲ့မြို့ဖြစ်ကြောင်း ရှင်းပြတာနားထောင်ရင်း အားလုံး ခေါင်းလေးတွေကို လည်နေအောင် ငေးမောနေရသည်။
ပထမဆုံးရောက်သွားတဲ့နေရာကတော့ Quay Streetမှာရှိတဲ့ Auckland waterfront ဖြစ်ပြီး ခေတ်မီမြို့ပြပုံရိပ်တွေအပြည့်နဲ့ စားသောက်ဆိုင်တန်းတွေ ခရီးသွားတွေအတွက်ဆွဲဆောင်မှုရှိတဲ့ နေရာတွေနဲ့ ပြည့်နှက်နေသည်။ ခရီးစဉ်လမ်းကြောင်းကြာချိန်က တစ်နာရီပဲဖြစ်လို့ ဒီနေရာမှာ ဓာတ်ပုံရိုက်ဖို့ ၁၀မိနစ်အချိန်ပေးတာမို့ လှပတဲ့နေရာတွေမှာ အုပ်စုလိုက်ရော ကလေးတွေချည်း သီးသန့်ပါဓာတ်ပုံရိုက်ပြီး နောက်တစ်နေရာရွှေ့ရသည်။
တစ်နာရီစာပဲ ရွေးရတဲ့အကြောင်းကတော့ နက်ဖြန်သွားရမဲ့ခရီးအတွက် ခွန်အားချွေတာတာ ဖြစ်သလို ဒါပြီးရင် နေ့လယ်စာစားအပြီးမှာ သားနဲ့သမီးကို Aquariumတစ်ခုဆီ လိုက်ပြရမှာမို့လို့ပါ။ Aquariumမှာတော့ ကလေးတွေပျော်ရမဲ့ activityလေးတွေလည်းရှိနေတာမို့ ဒီခရီးကို အကျဉ်းပဲချူံးပြီး တစ်နာရီစာ သက်တောင့်သက်သာသွားရအောင် စီစဉ်လိုက်တာပါ။
နောက်တစ်နေရာကတော့ Princes Warfဆိုတဲ့ နေရာဖြစ်ပြီးလှပတဲ့ Sea view ကို ငေးမောကြည့်ရှုလို့ရတဲ့နေရာပေါ့။ Princes Warf apartmentတွေကိုလည်း ဒီမလာခင်ညက တည်းဖို့ စုံစမ်းပါသေးတယ်။ အရမ်းလှတဲ့ အပြာရောင်ပင်လယ်နောက်ခံနဲ့ မြို့ပြဆိပ်ကမ်းအတွဲအစပ်ရယ်ကို ငေးရင်း နိုးထရမဲ့ မနက်ခင်းအတွက် Cruise ship ပုံစံ ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ Princes Warf apartmentတွေက ဈေးအစားစားနဲ့ပါ။ service animalsသာလက်ခံမယ်ဆိုလို့ လက်လျှော့လိုက်ရပြီး မတည်းလိုက်ရတာပါ။
🖤ဒီကောင်တွေ pets လက်မခံလို့ပေါ့ကွာ နို့မို့ဆို ငါ့babyက ‌ဒီမှာတည်းရမှာ
❤️အင်းလေ ဘယ်တတ်နိုင်မလဲ ကိုကိုနဲ့တူတူ ဘယ်နေရာနေရနေရ အဆင်ပြေတယ် အဓိကက babyတို့  ကလေးတွေပျော်ဖို့ပဲ
ပင်လယ်ပြာနဲ့ အဖြူရောင်ရွက်လှေတွေကို နောက်ခံထားလို့ သားနဲ့သမီးရယ် ပါပီတွေရယ်က ပျော်ပျော်ရွှင်ရွှင် ပုံစံပေါင်းစုံနဲ့ ဓာတ်ပုံအရိုက်ခံနေကြတော့လည်း ကျေနပ်ရတာပါပဲ။ ဒီနေရာက ရှည်လျားကျယ်ပြန့်တဲ့ Auckland waterfrontရဲ့ အကောင်းဆုံးအလှဆုံးလို့ဆိုရမဲ့ နေရာမို့ ခရီးသွားတွေကတော့ပြည့်နေသည်။
အဲ့ဒီမှာ ၁၅မိနစ်အချိန်ကုန်ပြီး နောက်တစ်နေရာဆက်ရွေ့ကြသည်။ ဒီတစ်ခါရောက်လာတာကတော့ နာမည်ကျော် Albert park ဖြစ်ပြီး ဒေသမျိုးရင်း သစ်ပင်ကြီးတွေနဲ့ အရိပ်အာဝါသကောင်း သာယာအေးမြတဲ့နေရာပေါ့။ ဒီနေရာမှာလည်း ဆယ်မိနစ်ပဲဆိုလို့ လှပတဲ့ ‌သစ်ပင်ကြီးတွေရှိတဲ့ လျှောက်လမ်းတစ်နေရာမှာ ခဏလျှောက်ပြီး ဓာတ်ပုံရိုက်ကြသည်။
"အကိုလေးတို့ ဒါပြီးရင် နေ့လယ်စာစားပြီး ငါးပြတိုက်သွားကြမယ်မှတ်လား"
🖤အေး အဲ့ကျရင် ငါ့ခွေးတွေခေါ်လို့မရတော့ဘူး အဲ့ဒါမင်းတို့ ဘယ်လိုစီစဉ်မလဲ
"ငါတော့ ငါးပြတိုက်မလိုက်တော့ဘူး ဒီပန်းခြံကြီး စိတ်ဝင်စားနေတာ ငါခွေးထိန်းရင်း ဒီထဲအေးအေးချမ်းချမ်းလမ်းလျှောက်နေခဲ့မယ်"
"ကျွန်တော်တို့ရောပဲ ဒီထဲနေခဲ့မယ် အကိုလေး အေးပြီး နေလို့ကောင်းတယ် "
❤️အဲ့လိုအဆင်ပြေတယ်ဆိုလည်း နေခဲ့ကြလေ ဟိုကပြီးရင် ဒီကိုတန်းလာခဲ့မယ်
🖤ကောင်းတယ် ဒါပေမဲ့ မင်းတို့ ဒီမှာ ဘီယာဘာညာတောင် သောက်မရဘူးနော် နယူးဇီလန်က အရက်သေစာကို ခုလို public areaတွေမှာ အလွယ်တကူသယ်ယူသောက်သုံးခွင့်မပြုထားဘူး
သူတို့ခွင့်ပြုထားတဲ့ နေရာမှာပဲ ဆေးလိပ်အရက်သောက်ခွင့်ရှိတာ
💙စိတ်ချပါ ကျွန်တော်တို့ မသောက်ပါဘူး သူ့လည်း ကျွန်တော်ထိန်းလိုက်ပါ့မယ်
"ကိုက ဘာလုပ်လို့လဲ ညီကလည်း"
"ရှုပ်တယ် ငါ့ကောင်တွေရေ ကိုက်လွှတ်စမ်းကွာ ဒီဖျတ်ဖျတ်လူးနှစ်ကောင်ကို"
💛ရန်ဖစ်နေနဲ့နော် ကြားရား တူညားအိမ်မှာ ကောင်းကောင်းနေရတယ်တဲ့
🕊️တိုတိုနဲ့ မမကိုရဲ ဂုစိုက်နော် ဂျဂါးတေပဲ ညားနေနဲ့
"ဟုတ်ကဲ့ပါခင်ဗျားးးး အမလေး ငါလေ...."
ချန်ချန်ရဲ့ ကြိတ်မနိုင်ခဲမရ လေသံကြားမှာ နောက်တစ်ခါထပ်ရယ်ကြတာလဲ ဆူဆူညံညံနဲ့ပါပဲ။အချိန်ပြည့်လို့ နောက်တစ်နေရာဆက်သွားတာက ကျွန်တော်တို့ ဟိုတယ်နားမှာပဲရှိတဲ့ Sky Towerကိုပါ။ Main attractionလို့ခေါ်ရလောက်အောင် ခမ်းနားတဲ့ မိုးမျှော်တာဝါကြီးနဲ့ ခေတ်ဟောင်းခေတ်သစ် အဆောက်အဦးအနုလက်ရာဒီဇိုင်းတွေကို လမ်းတစ်လျှောက်မြင်တွေ့ခဲ့ရပြီး guide ပေးထားတဲ့ bookletထဲက ပုံလေးတွေ ကြည့်လို့ လွန်ခဲ့တဲ့ အနှစ်တစ်ရာက Aucklandနဲ့ ယခုမျက်မှောက်ခေတ် Aucklandကို နှိုင်းယှဉ်ကြည့်ရတဲ့အရသာက ခံစားချက်အသစ်ကိုပေးစွမ်းပါသည်။
ဓာတ်ပုံရိုက်လည်ပတ်လို့ပြီးတော့ ဟိုတယ်ရှေ့အရောက်ပြန်ပို့ပေးတာမို့ ကျေးဇူးတင်ကြောင်း ပြောပြီး ဟိုတယ်ထဲပြန်ဝင်လာခဲ့ကြသည်။ Reception မှာ အခန်းသော့ပြန်ယူနေကြတုံး ‌ဖန်ခွက်လေးထဲကတော့ထိုးထည့်ပေးထားတဲ့ စာရွက်လေး‌တွေ တွေ့တော့ ဘာရယ်မဟုတ် ယူလာခဲ့လိုက်သည်။ ကြော်ငြာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကြည့်ရတာပေါ့လေ။
အကုန်လုံး ကိုယ်စီအခန်းထဲဝင်လို့ ဝတ်ထားတာတွေမလဲခင် ခဏကျောဆန့်နေတုံး ယူလာတဲ့စာရွက်လေးဖတ်ကြည့်တော့ Taboo စာရွက်လေးဖြစ်နေသည်။
Tabooဆိုတာက နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့လိုက်နာကျင့်သုံးရမဲ့ အရေးကြီးကျင့်ဝတ်နဲ့ သတိပြုဆင်ခြင်ရှောင်ရှားရမဲ့ မလုပ်သင့်တဲ့အရာမျိုးကိုဆိုလိုတာပါ။ ဒီစာရွက်ကလေးထဲမှာတော့ နယူးဇီလန်နိုင်ငံမှာ လိုက်နာရမဲ့ Dos and Don'ts အချက်အလက်တွေကို ခရီးသွားတည်းခိုသူတွေဖတ်လို့ရအောင် ထား‌ပေးထားတာပါ။
ဖတ်မယ်ကြံတုံး ဟိုဘက်ခန်းကလူတွေက သူတို့အခန်းသော့ပိတ်ပြီး ခွေးစာခွက်လေးတွေကိုင်လို့ ကျွန်တော်တို့အခန်းဘက်ကူးလာတော့ အကုန်လုံးသိအောင် ‌ဖတ်ပြဖို့ ဆုံးဖြတ်လိုက်သည်။
❤️အကုန်လုံး ခဏလောက်နား‌ထောင်ပေးကြဦး ဒီမှာTabooစာရွက်လေးတွေ့လို့ လိုက်နာရမှာနဲ့ ရှောင်ရမှာတွေ ဖတ်ပြမလို့
🕊️တဘူး က ဘာရဲ
🖤Taboo ဆိုတာက ဒါလေ
သူ့လက်ထဲကမုန့်ကို ကိုကိုက ပြောပြောဆိုဆိုနဲ့ လုတော့ မျက်စောင်းတွေလှိမ့်ထိုးတော့တာပါပဲ။
🖤Taboo ဆိုတာ သူများအိမ်ရောက်ရင် လိုက်နာရမှာနဲ့ မလုပ်ရမဲ့အရာတွေပဲ အခု ဒီဒီတို့ ရောက်နေတာက သူများနိုင်ငံ သူများနေရာလေ
💛တားတားတိဘီ အိမ်ရှင်က မရုပ်နဲ့ဆို ရုပ်ရဘူး ဟိုရေ ချီးကမ်းချက်တေကို ပြောတာ မှတ်ရား
❤️ဟုတ်ပကွာ စည်းကမ်းတွေကို ပြောတာ နားထောင်နော်
သူရေးပြထားတာက ဆေးလိပ်ကို public transportတွေနဲ့ လူသွားများတဲ့နေရာတွေ စားသောက်ဆိုင်တွေမှာ သောက်ခွင့်မပြုဘူးတဲ့
🖤ခုနက ကိုကိုပြောသလိုပဲပေါ့
❤️ဟုတ်တယ် ပြီးတော့ ဒီမှာထူးဆန်းတာက tip မပေးရဘူးတဲ့ အဲ့ဒါသူတို့ရဲ့ ရိုးရာထုံးစံမဟုတ်ဘူးတဲ့
ပုံမှန်ဆို စားသောက်ဆိုင်ဖြစ်ဖြစ် ဟိုတယ်တွေမှာပဲဖြစ်ဖြစ် ဝန်ထမ်းတွေကို tipပေးကြတယ်မဟုတ်လား ဒီမှာက လုံးဝလုံးဝမပေးရပါဘူးတဲ့ ခြွင်းချက်အနေနဲ့ ဝန်ဆောင်မှုက အရမ်းကောင်းမွန်လွန်းတဲ့အခါမှသာ ပေးနိုင်ပါတယ်တဲ့ ပုံမှန်လိုပေးမယ်ဆိုရင် ရိုင်းတယ်လို့ သတ်မှတ်ကြတာလား မသိဘူးနော်
💙ဖြစ်လောက်တယ် P'....
❤️အရေးမကြီးတာတွေကျော်ချမယ်နော် အရေးကြီးတာလောက်ပဲဖတ်ပြမယ်
လမ်းလယ်ကောင်တက်ပြီး ဓာတ်ပုံရိုက်တာမျိုး မလုပ်ရပါတဲ့ ပြီးတော့ ထူးဆန်းလိုက်တာ Redက ဒီနိုင်ငံရဲ့ Taboo colorတဲ့ လက်ဆောင်ပေးရင် အနီရောင်ပါကင်စနဲ့ ထုပ်ပိုးပေးတာမျိုး လုံးဝမလုပ်ရပါဘူးတဲ့
အရေးကြီးသေးတာတစ်ခုက ဒီကလူတွေက ခေါင်းနဲ့ဆံပင်ကို မဆင်မခြင်ထိတာကိုင်တာမကြိုက်ဘူးတဲ့ အထူးသဖြင့် ရိုသေလေးစားရမဲ့လူမျိုးတွေကို အဲ့လိုအပြုအမူမျိုး မလုပ်သင့်ဘူးပေါ့ဗျာ
မလုပ်ရမဲ့ဟာတွေက ဒီလောက်ပါပဲ ငါတို့ကခရီးသွားဧည့်သည်တွေဆိုတော့ သူတို့ဘက်ကအလိုက်သင့်ပေးတဲ့ဝန်ဆောင်မှုတွေနဲ့အဆင်ပြေပါတယ် အဓိကက ခုနကပြောတဲ့ဟာတွေကို မကျူးလွန်မိဖို့ပဲ
🖤ပေး baby လေး အာညောင်းနေပြီ ကိုကို ဆက်ဖတ်ပြလိုက်မယ်
လုပ်ရမဲ့ဟာတွေကတော့ ဒီမှာလူတစ်ဦးနဲ့ စတင်တွေ့ဆုံနှုတ်ဆက်တဲ့အခါ မျက်လုံးအကြည့်ချင်းဆုံပါတဲ့ လက်ချည်းပဲ ဆွဲရမ်းမနေနဲ့ပေါ့ကွာ
ဒီကိုအလုပ်ကိစ္စနဲ့ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ်ရောက်နေလို့ ပွဲလမ်းသဘင်တက်စရာရှိတဲ့အခါ ပွဲနဲ့လိုက်ဖက်သင့်တော်တဲ့အဝတ်အစားကိုပဲ ဝတ်ဆင်ပါတဲ့
တစ်စုံတစ်ယောက်က သင့်ကို အကင်ကင်စားဖို့ ဖိတ်တယ်ဆိုရင် ကိုယ့်ဟာကိုယ် beerသယ်သွားဖို့ မမေ့ပါနဲ့တဲ့
Māoriလူမျိုးတွေ သီးသန့်နေတဲ့နယ်မြေထဲ သွားရောက်လည်ပတ်တဲ့အခါ သူတို့နယ်မြေကလူတွေသတ်မှတ်ထားတဲ့စည်းကမ်းကို အတိအကျလိုက်နာ‌ပေးပါတဲ့
အစားအသောက်စားပြီးတဲ့အခါ လက်ကိုစားပွဲပေါ်တင်ထားလို့ရပေမဲ့ တံတောင်ဆစ်ထောက်ပြီး မနေရဘူးတဲ့ သားနဲ့သမီး ကြားတယ်နော်
ပြီးတော့ဒီနယူးဇီလန်မှာက kiwiဆိုတဲ့စကားလုံးက နယူးဇီလန်သားတွေကို လှောင်ပြောင်ခေါ်ဝေါ်တဲ့စကားလုံး မဟုတ်ပါဘူးတဲ့
နယူးဇီလန်သားတွေကိုယ်တိုင်ကိုက သူတို့ကိုယ်သူတို့ kiwiလို့ သုံးနှုန်းတတ်တယ်ဆိုတာကို သိထားပေးပါတဲ့ ဒါပဲ ကုန်ပြီ
❤️ok ကုန်ရင် အဝတ်လဲမယ်ဗျို့ Blackတို့ကို ဒီမှာပဲ သိပ်ထားခဲ့မှာလား
"ဟုတ် စားသောက်ပြီးမှ ပြန်လာခေါ်လိုက်မယ်လေ ပန်းခြံသွားဖို့"
ကိုယ်တွေပြောတာသာနောက်ကျနေသေး သူတို့က ကုတင်ပေါ်တောင်တက်ပြီး အိပ်နေကြပြီမို့ အဝတ်လဲစရာရှိတာလဲပြီး ဟိုတယ်နားက နာမည်ကြီး Tony's Steak & Seafood Restaurantသို့ ထွက်ခဲ့ကြပါတော့သည်။
🖤❤️🖤❤️
ဟိုတယ်နဲ့ ဆိုင်က နီးနီးလေးမို့ အေးအေးသက်သာလမ်းလျှောက်သွားကြပြီး ဆိုင်ရောက်တော့ စားသုံးသူတွေက သူ့ခုံလေးတွေနဲ့ အစုအဖွဲ့လိုက်မို့ အေးအေးဆေးဆေးရှိပါသည်။
Seafood နဲ့ steakကို အသား အစုံရသလို  အရက် ဘီယာ ဝိုင်တို့ပါရတာမို့ အတော်လေးအဆင်ပြေတဲ့အပြင် ထိုင်လိုက်တာနဲ့ Kid Menuဆိုပြီး စာရွက်နှစ်ရွက်နဲ့ ရောင်စုံခဲတံတွေလာချပေးတော့ ကလေးတွေကအကြိုက်တွေ့လို့။
စာရွက်ရဲ့ ဘယ်ဘက်အခြမ်းမှာက သူတို့ဆေးခြယ်စရာပုံလေးတွေနဲ့ puzzleလေးတွေလုပ်ပေးထားပြီး ညာဘက်အခြမ်းမှာက ကလေးတွေအတွက်သီးသန့်မှာယူနိုင်မဲ့စားစရာနဲ့ဈေးနှုန်းတို့ကို ဖော်ပြထားတာပါ။
Steak ဆိုင်ဆိုတော့ menuထဲမှာပါတဲ့ Kiddie Fillet ဆိုတဲ့ဟာနဲ့ အချိုပွဲကတော့ ရေခဲမုန့်နဲ့ အအေးတစ်ခွက်ပေါ့။ ကျွန်တော်က မှာပေးနေတုံး babyမှာ သူ့သားသမီးတွေနဲ့ လက်မလည်အောင်ဖြစ်နေပါပြီ။
စာလုံးရှာတာတွေမေးတဲ့လူနဲ့ ဆေးခြယ်တာလှလားမေးတဲ့လူနဲ့သူ့မှာ သူစားမဲ့ဟာတောင် မကြည့်နိုင်ဖြစ်နေတာမို့ သူ့မျက်လုံးရှေ့ Menu bookလေးထိုးပြတော့ ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ကြည့်လို့။
❤️babyနဲ့ မတည့်တာတွေပဲ များနေတာလေ ကိုကိုပဲရွေးပေးပါ ကိုကိုရွေးပေးတာပဲ စားမယ်
🖤ကိုကို ဆေးတိုက်မှာပေါ့  ရွေးပါ ဒါလေးစားမလား Seafood platterတဲ့ ပုစွန်အသားလေးပဲဆိုတော့ အဆင်ပြေတယ် နော်
သူစားဖို့ရွေးပေးပြီးတော့ ကိုယ်နဲ့ကျန်တဲ့သုံးယောက်က steakတို့ သိုးသားတို့ အဆင်ပြေရာမှာပြီး ဝိုင်သောက်သူကသောက် ဘီယာသောက်သူကသောက်ပေါ့။
သားနဲ့သမီးအတွက်မှာထားတာတွေရတော့ steakကို အနေတော်လေးတွေတုံးပေးပြီး ဆော့တာရပ်ခိုင်းရသေးသည်။ အာလူးချောင်းကြော်နဲ့ အသားဖတ်လေးတွေကို ခက်ရင်းနဲ့ထိုးကော်ပြီး ဝါးစားနေတဲ့ ပါးဖောင်းကြီးတွေကို မနေနိုင်မထိုင်နိုင်နမ်းမိသေးတော့ သူတိူ့ဟာ လုစားမယ်ထင်ပြီး လူကို တွန်းထုတ်နေကြတာပါ။
အကုန်လုံးကလည်း မတူတဲ့ဟင်းပွဲတစ်မျိုးစီမှာပြီး သူ့ဟာ ခပ်မြည်း ငါ့ဟာခပ်မြည်းနဲ့ စားပွဲဝိုင်းမှာ လက်တွေရှုပ်ယှက်ခတ်နေတော့ ကြိတ်ရယ်ရသေးသည်။ အမဲသားsteakကိုမှ အပေါ်က မှိုကိုအနှစ်ဖြစ်‌အောင် ချက်ပြီး ဆမ်းထားတာလေးကို babyက သဘောကျတယ်ပြောတော့ P'Chenက သေချာစားကြည့်ပြီး အိမ်ရောက်ရင် သူပြန်လုပ်ကျွေးမယ်ဆိုလို့ အစားပုတ်လေးက သဘောကိုကျလို့။
🖤စားကောင်းလား ငါ့သားနဲ့သမီး ဒီဒီ့ကို ပြောပါဦး
💛ရမ်းကောင်းတာ ကုန်ဝါးရင် ထပ်စားရို့ရရား
❤️မုန့်စားရဦးမယ်လေ သားရဲ့
🕊️ချန်ချန် အိမ်ရောက်ရင် ဒီရို‌ချက်ပေးနော် ရသာရှိရှိရေးရေ မီးငယ်ရမ်းကြိုက်တာ
"အေးပါကွာ ချန်ချန် ချက်ကျွေးမှာပေါ့ ခုကြိုက်တာတွေမှတ်ထား သိလား"
စားသောက်ပြီးကြတော့ ကျွန်တော်တို့က သောက်စရာကိုယ်စီနဲ့ပေမဲ့ babyက သူ့အသီးဖျော်ရည်ကို မကြည့်ဘဲ သူများသောက်တာလိုက်ငေးနေလို့ ကိုယ်တိုင်ပဲ တစ်ငုံဆိုပြီး သေချာပါးစပ်ထဲအရောက်တိုက်မှပဲ စိတ်ကျေနပ်သွားတာပါ။ သူ့လက်ထဲသာ ထည့်ပေးလိုက်ရင် တစ်ငုံဆိုပြီး တစ်ခွက်လုံးကုန်အောင်သောက်မဲ့ကောင်လေးလေ။
စားပြီး သွားရမဲ့ နေရာတွေရှိနေသေးတာမို့ ခဏနားပြီးရှင်းပြီးတာနဲ့ ဆိုင်ထဲကထွက်ပြီး လမ်းခွဲကြရသည်။ ဟိုတယ်ပြန်ပြီး ပါပီတွေကိုခေါ်ကာ ပန်းခြံပတ်မဲ့သူတွေကတစ်ဖွဲ့ Aquarium သွားမဲ့ ကျွန်တော်တို့လေးယောက်ကတစ်ဖွဲ့ပေါ့ဗျာ။
🖤ငါ့ကောင်တို့ရေ Let's go
💛🕊️လက်ချဂိုးးးးး
တူညီတက်ကြွသော ခြေလှမ်းတို့ဟာ အမှတ်တရတို့ဖန်တီးဖို့ ရှေ့ကိုလှမ်းနေကြသလို ဆုပ်ကိုင်ထားတဲ့လက်အစုံဟာလည်း အဖိုးတန်လေးတို့ရဲ့ ဆန္ဒမှန်သမျှ ပုံဖော်ပေးဖို့ အသင့်အနေအထားမှာ ရှိနေခဲ့ပြီးသားပေါ့ဗျာ။
#Hodophiles
#May🌻
သူတို့သွားခဲ့တဲ့နေရာတွေနဲ့ အစားအသောက်ပုံလေးတွေကို Unicode‌ ရော Zawgyi ဖတ်တဲ့သူပါကြည့်လို့ရအောင် အလယ်မှာ ထည့်ပေးထားပါတယ်။ ဖတ်လို့ တစ်စုံတစ်ရာရရင် စာရေးတဲ့သူကို အားနာတဲ့အနေနဲ့ တစ်ခုခုမှတ်ချက်ပြုခဲ့ပါ။
🚨မှတ်ချက်မပေးချင်ရင်တော့ silentပဲ ဖတ်သွားပါ ဘာvoteမှ မပေးပါနဲ့🚨
🔥လိုချင်တာက voteမဟုတ်တာမို့ starလေးနှိပ်ပြီး ဒီတိုင်းထားခဲ့တာမျိုး လုံးဝလုံးဝလုံးဝ မလုပ်ကြပါနဲ့🔥
သေချာလေး မေတ္တာရပ်ခံပါတယ်နော် မြန်မာလိုလေးလည်း ရေးထားပါတယ် နားလည်အောင်လို့လေ။ Choice ပေးထားတာတောင်မှ တမင်ကို voteပဲပေးသွားရင်တော့လည်း 🙂
နောက်တစ်ပိုင်းကတော့ တစ်ရက်ခြားပြီးမှ ရမှာပါ။အာရုံကြောအားနည်းနေတာမို့ လက်နှစ်ဖက်လုံးက ဒဏ်ပြန်ထနေတာမို့ပါ။ တန်ဖိုးထားပြီးဖတ်ပေးချစ်ပေးတဲ့လူတွေကိုတော့ ကျေးဇူးအများကြီး တင်ပါတယ်နော်🤍
Zawgyi
🖤 Auckland Day Trip 1❤️
❤️ချစ်တယ်
💛 အားးးး တော်တေးတယ်
❤️ဘာဖြစ်လို့လဲ သား
🖤❤️ခွီးးးးးး
💛ဘရို ရယ်ရမှာရဲ
🖤ဒီလိုလေး ရယ်
❤️ ဟော ဟိုမှာလာပြီ