Unicode
✨Ice Desert -3✨
Day 1 🐧(Part-1)
ညသန်းခေါင်ကျော် သာမန်အားဖြင့် လူအများစု အိပ်မောကျနေကြမဲ့အချိန်မှာ ဒီအိမ်ထဲကလူတွေကတော့ အထုပ်ကိုယ်စီပြင်လို့ တက်ကြွနေကြပါပြီ။ ည 12ကျော်ပြီမို့ မနက် သုံးနာရီလေယာဉ်ပေါ်ရောက်ဖို့ရာ ခဏနေ အိမ်ကနေထွက်မှ ဖြစ်တော့မယ်မဟုတ်လား။ အကုန်လုံး ကြိုတင်ပြင်ဆင်ပြီးသားပေမဲ့ တကယ်သွားရမယ်ဆိုတော့လည်း ဘာကိုမှန်းမသိ ပြာယာခတ်စိတ်လှုပ်ရှားကြတာက ထုံးစံပဲလေ။
လူကြီးတွေက အထုပ်တွေသယ်ရစစ်ရနဲ့ အလုပ်များနေသလို ကလေးသုံးယောက်ကလည်း အိမ်က ခွေးတွေနဲ့ ဘဲကို နှုတ်ဆက်ရင်း အလုပ်များနေကြတာ ဆူညံလို့။ အဆိုးဆုံးကတော့ ဘဲမမ မမSmileပါပဲ။
🕊️မမ အသက်ကြီးလာမှ ညီမလေးကို ခေါ်သွားမယ်နော် အဟင့်ခုတော့ ခဏခွဲနေကြရမှာ ချန်ချန်တို့ ဘဲငယ်ကို ဂရုစိုက်နော် ဘယ်ကိုမှလည်း လျှောက်မလည်စေနဲ့နော်
"ဘဲကောင်လေး လာရင် မိတ်ဆက်ပေးလိုက်မယ်ကွာ"
🕊️ဟမ်းးးးးးးးးး အဟင့် အဟင့်
💙ကလေး ခရီးသွားခါနီး ဘာလို့ ငိုအောင်လုပ်နေတာလဲဗျာ ခင်ဗျားကလည်း
💛မိုက်မိုက်ကို ရိုက်လိုက်ပြီ အင့်ဟာ
"လာပါကွာ မိုက်မိုက်က ချစ်လို့စတာပါ ဒီတူမလေးတစ်ယောက်တည်းရှိတာကို မငိုနဲ့ တိတ်တိတ် ဘဲဘဲကို သေချာစောင့်ရှောက်ထားမှာပေါ့ ဘာမှစိတ်မပူနဲ့နော်"
Mike က ပြာပြာသလဲ ကောက်ချီလို့ ချော့နေတော့လည်း လွှတ်သာထားလိုက်ပါသည်။ ရန်ဖြစ်လည်းသူတို့ ပြန်ချစ်လည်းသူတို့ပဲလေ။ Mikeက အမြဲအနွံတာခံသလို ကလေးတွေကလည်း သံယောဇဉ်ရှိကြတာပဲမို့ သူတို့ဒီလို စလိုက်ရန်ဖြစ်လိုက်က ရိုးနေပါပြီ။
🍀ကဲ ready ဖြစ်ရင် ကားပေါ်တက်ကြဟေ့
🍍ငါ့ကားပေါ် အဆင်ပြေတဲ့လူ တက်လို့ရတယ်နော်
🖤ဒီရက်ထဲ အိမ်မှာ ညလာလာအိပ်ပေးကြပါဦးကွာ အိမ်ကသုံးယောက်ပျင်းနေမှာစိုးလို့
🍍မင်း ငါ့ကို အဲ့ဒါပြောနေတာ အခေါက်ရေ ကိုးသိန်းကိုးသောင်းကိုးထောင်လောက်ရှိနေပြီ လာနေပါမယ်ဆို ယီးဖြစ်နေတာလား
