Clarity || Minsung FF||

By ReddyBombax

18.3K 2.3K 497

Warning: This story is not as simple as you think. Read at your own risk cos' it might leave you dizzy. I d... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 (Part 2) / SPIN-OFF1
Chapter 23 // FINAL
Clarity ရှင်းတမ်း
Spin-Off2// All About The Daddy's Admirer

Chapter 6

671 94 28
By ReddyBombax

ရာသီဥတုဟာ အရင်နေ့များကအတိုင်း အုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သိသိသာသာ ပူအိုက်လို့နေသည်။ သို့တည်းမဟုတ် Minho စိတ်လှုပ်ရှားမှုကြောင့် ချွေးပြန်နေခြင်းလည်းဖြစ်နိုင်သည်။

စက်ဘီးကို နေရာတွင် သေသေချာချာရပ်လိုက်ပြီးသည့်နောက် နဖူးမှ ချွေးစများကို လက်ဖြင့်ဖိသုတ်လိုက်ပြီး ကျောင်းထဲဝင်ရန်ပြင်သည်။ ကျောင်းသို့ ပြန်ရောက်လာရသည့် ခံစားချက်က ဒီတစ်ချိန်တွင်တော့ သူ့ကို အနေရခက်နေစေသည်။ ကျောင်းသို့ မည်သို့မျှမခံစားရဘဲ ပေါ့ပေါ့ပါးပါးလာနိုင်သည့် နေ့ရက်များက Minho အတွက် ကုန်လွန်သွားခဲ့လေဟန် တူ၏။

​စက်ဘီးနင်းလာခဲ့စဥ်တစ်လျှောက်လုံး နားထဲထည့်ထားခဲ့သော နားကြပ်ကို ဖြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိချိန်တွင် မလှမ်းမကမ်း၌ နံရံကိုမှီကာ ရပ်နေသော Han Jisung ကိုတွေ့ရသည်။

မည်သို့မည်ပုံတုံ့ပြန်ရကောင်းမှန်း ဦးနှောက်က အဖြေမပေးနိုင်သည့်အလျှောက် ခြေလှမ်းတို့မှာ ရုတ်တရက်တုန့်ဆိုင်းသွားပြီး နောက်ပင်ပြန်လှည့်ရမည်လားဟု တွေဝေစပြုလာသည်။

Jisung သူ့ဆီသို့ တည့်တည့်မတ်မတ်ရောက်လာပြီး စကားစလိမ့်မည်ဟုထင်လိုက်မိသော်လည်း လက်တွေ့က ကွဲပြားသည်။ သူ့ကိုတွေ့လိုက်ချိန်တွင် ငါးစက္ကန့်ခန့်စိုက်ကြည့်ပြီးသည့်နောက် ရပ်နေရာမှ ထွက်သွားလေ၏။

အနက်ရောင်ကျောပြင်က Minho ကို နေမထိထိုင်မသာဖြစ်စေသည်။ ကျောင်းမတက်ဖြစ်သည့်ရက်တွင် ဒီကောင်လေးကို ပြောရမည့်စကားများအား ကျောင်းဆုပေးပွဲတွင် ဟောပြောရမည့် ကျောင်းသားခေါင်းဆောင်ကဲ့သို့ စကားစီပြင်ဆင်ခဲ့သော်လည်း ယခုလို လစ်လျူရှုခံလိုက်ရခြင်းက အခံရခက်စေသည်ထင်၏။

သို့သော်လည်း သူ့ဘက်မှစ၍ Jisung ကို ချဥ်းကပ်ရန်၊ စကားစရန်ဆိုသည်မှာလည်း မည်သို့နည်းနှင့်မျှမဖြစ်နိုင်ဟု တွေးမိသည်။

Minho ခေါင်းတစ်ချက်ခါပစ်လိုက်ကာ အရောင်စုံနေသော အတွေးများ၊ ခံစားချက်များကို တွန်းထုတ်လိုက်သည်။ Jisung ထွက်သွားသည့်လမ်းနှင့် ဆန့်ကျင်ဘက် သူ့အတန်းရှိရာသို့ ဦးတည်လိုက်၏။

"ဝူဟူးးးး Mr.Lee ပြန်ရောက်လာပါပြီ။"

အတန်းထဲသို့ဝင်၍ နေရာတွင် လွယ်အိတ်ကိုပစ်ချပြီး ဝင်ထိုင်လိုက်ချိန်တွင် Changbin က အသံကျယ်ကျယ်နှင့်ထပြောသည်။

Minho တုန့်ပြန်စကားမဆိုဘဲ လွယ်အိတ်ထဲမှ သမိုင်းဖတ်စာအုပ်အထူကြီးကိုထုတ်ကာ ဘယ်နှကြိမ်ဖတ်ဖတ်နားမလည်နိုင်သော တိုက်ပွဲအကြောင်းကို နောက်တစ်ကြိမ် အကြမ်းဖျင်းဖတ်ကြည့်ရန်ပြင်သည်။ ​ကျောင်းသားတစ်ယောက်အတွက်အရေးမပါသော ကိစ္စများနှင့် အချိန်ကုန်နေရန်မှာ နှမြောဖွယ်ကောင်းကြောင်း ဖိုးသခွားဆန်ဆန်တွေးလိုက်မိခြင်းကြောင့်ဖြစ်သည်။ တွေးလိုက်သည်ဆိုသည်ထက် ကိုယ့်ကိုကိုယ်အာရုံများလိုက်စေသည်ဟုဆိုခြင်းက ပိုမှန်နိုင်သည်။

"နေကောင်းသွားပြီလား။"

ပေါင်မုန့်တစ်လုံးကို ပျင်းပျင်းရိရိဝါးနေသော Chan က ပါးစပ်ထဲမှအစာများ ကမန်းကတမ်းမြိုချ၍ မေးလာသည်ကို 'အင်း' ဟုသာဆို၍ ခေါင်းငြိမ့်ပြမိသည်။

"မင်းရောက်လာလို့တိုင်ရဦးမယ်။"

Changbin က ခုံတစ်လုံးကို သူ့ဘေးနားဆွဲကာ ဝင်ထိုင်ရင်းဆိုသည်။

"ဘာကိုလဲ။"

"မင်းကောင်လေးလေ။"

"ဘယ်က ငါ့ကောင်လေးလဲ။"

"မင်းငါတို့ကို မိတ်ဆက်ပေးထားတဲ့ Han Jisung ကိုပြောတာ။ မနေ့က မင်းမရှိတာနဲ့ အချိုးကချက်ချင်းပြောင်းသွားတာနော်။ ငါနဲ့ Chan က ကန်တင်းမှာ သူ့ကိုတွေ့တော့ အတူတူလာစားဖို့ပြောတာကို ခေါင်းတစ်ချက်ခါပြပြီး ထွက်သွားတာ။ အဲ့ကလေးကဘာလား။"

Minho ကသက်မတစ်ချက်ကိုသာ စိတ်မပါတပါရှိုက်ထုတ်သည်။

"အဲ့ကောင်လေးက ဘာလားဆိုတာကို ငါလည်း မသိဘူး Seo Changbin ရာ။ ခေါင်းတွေလည်းကိုက်လှပြီ။"

Changbin မှာ သူ၏ တုံ့ပြန်ပုံကို နားမလည်နိုင်ဟန် မျက်လုံးကို ပုတ်ခတ်ကာသာ ကြည့်နေသည်။

"ပြီးတော့ Han Jisung က ငါ့ကောင်လေးမဟုတ်တာမို့ နောက်ဆို ငါ့ကောင်လေးလို့မပြောပါနဲ့။"

Changbin မှာ ပြောစရာစကားပင် ပျောက်ဆုံးသွားကာ Minho ကို လစ်လျူရှုလိုက်ပြီး Chan ဘက်သို့ပြန်လှည့်လာသည်။

"ငါဒီနေ့ မင်းအိမ်လိုက်ခဲ့မယ်။ Game ကစားရအောင်။"

"လိုက်ချင်ရင်လိုက်ခဲ့။ Game တော့မကစားနိုင်သေးဘူး။ ကြည့်လက်စ drama ဆက်ကြည့်ရဦးမှာ။"

"ဘာ drama လဲ။ ဟို လူဆယ့်ငါးယောက်သတ်ထားတဲ့ psychopath ကို အခုထိမမိနိုင်သေးတဲ့ ရဲအရူးတွေအကြောင်းရိုက်ထားတဲ့ကားလား။"

"ရဲတွေကမညံ့ပါဘူး။ အဲ့ psychopath ကိုကတော်လွန်းနေတာ။"

Changbin က Chan စကားကိုလက်မခံ။ ခေါင်းကိုတွင်တွင်ခါသည်။

"လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်တုန်းကတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ အခုခေတ်မှာ psychopath ဆိုရင်တောင် အမှုနှစ်ခုလောက်ဖြစ်ပြီးရင်ကို မိကြတာပဲ။"

"Psychopath ဆိုတာ လျှော့တွက်လို့ရတာမျိုးမှမဟုတ်ဘဲ Changbin ရာ။"

စာအုပ်ထဲတွင်ပင် အာရုံစိုက်ထားသည်ဟု ထင်ရသော Minho က ထိုတစ်ခွန်းအားဝင်ပြောတော့ Chan နှင့် Changbin မှာ အချင်းချင်းမျက်စပစ်ပြ၍ စကားခေါင်းစဥ်ပြောင်းလိုက်တော့သည်။

Minho သည်လည်း ခေါင်းထဲရောက်မလာနိုင်သော စာလုံးများကြားတွင်သာ အာရုံကို မြှုပ်နှံထားလိုက်တော့၏။

အတန်းချိန်ပြီး၍ အခန်းထဲမှ ထွက်လာချိန်တွင်လည်း မျှော်လင့်ထားသော အရိပ်ကလေးအားမတွေ့ရ။ ကန်တင်းတွင်လည်း သူ့အားကျောခိုင်းထားသော ကျောပြင်ကိုသာ မသိမသာအကြည့်ရောက်ရသည်။

နေရာတစ်ခုတွင် အစတည်းက ရှိမနေသော အရာကို ထိုနေရာတွင်ရှိမနေပါလားဟုတွေး၍ ဟာတာတာဖြစ်ရသည်ဆိုသော ခံစားချက်က စစ်မှန်နိုင်ပါသလား။ သူ့ဘဝထဲတွင် ထိုအရိပ်လေးက အရိပ်လေးမျှသာဖြစ်ခဲ့သည်လေ။ သို့ဆိုလျှင် အဘယ်ကြောင့် ယခု သူ့စိတ်ထဲ ဟာတာတာခံစားနေရပါသနည်း။

မီးတောက်ထဲသို့ နောက်ထပ်လောင်စာတစ်ခုကို ထပ်၍လောင်းထည့်ပေးနေသည့် မြင်ကွင်းကိုမြင်ရတော့ Minho လက်ကို ကိုယ်တိုင်ပင်မသိလိုက်ဘဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ကန်တင်းတွင် တစ်ယောက်တည်းထိုင်နေသော အရိပ်လေးနားသို့ သူကြည့်မရသော၊ အမြင်ကပ်သော Hwang Hyunjin က ချဥ်းကပ်လာသည်ကို မြင်ရသည်။ Jisung ကနှင်မပစ်ဘဲ ထိုသူနှင့် တစ်ဝိုင်းတည်းဆက်၍ ထိုင်နေသည်။

စကားအချို့ကို အပြန်အလှန်ပြောနေကြပုံရသည်။ ဟက်ဟက်ပက်ပက်ရှိလှဟန်မပေါ်သော်ငြား Minho သဘောမကျပါ။ အဘယ်ကြောင့် သဘောမကျရသလဲဆိုသည်ကိုလည်း မသိပါ။ Hwang Hyunjin ဖြစ်နေသည်ကြောင့်လား။ သို့တည်းမဟုတ် Han Jisung ဖြစ်နေသည်ကြောင့်လား။

အနည်းငယ်သာစားရသေးသော ခေါက်ဆွဲကို အမှိုက်ပုံးထဲပင် ပစ်ခဲ့လိုက်ပြီး ကိုလာတစ်ဘူးလုံးကို တစ်ကျိုက်တည်းမော့သောက်ပစ်ကာ အတန်းသို့ပြန်လာခဲ့လိုက်သည်။

သဘောမကျပါ။ ဘဝတွင် ကိစ္စကြီးကြီးမားမားများကြုံရချိန်တွင်တောင် တည်ငြိမ်နေခဲ့သော်လည်း ဘာမဟုတ်သည့်လူတစ်ယောက်ကြောင့် နေ့နေ့ညညအာရုံများ ယောက်ယက်ခတ်နေရခြင်းကို သဘောမကျပါ။

ကျောင်းစာများကိုပင် အပေါ်ယံသာ အာရုံစိုက်နိုင်ခြင်းကို သဘောမကျပါ။ သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်စကားမပြောနိုင်တော့ခြင်းကို သဘောမကျပါ။

ကျောင်းဆင်းချိန်တွင် ကျောင်းပေါက်ဝ၌ တစ်စုံတစ်ယောက်ရပ်စောင့်နေမည်ဟု ထင်ခဲ့သော်လည်း မည်သူမျှရှိမနေခြင်းကို ပို၍ သဘောမကျပါ။

"အဲ့လို လွယ်လွယ်နဲ့နောက်ဆုတ်သွားမယ်ဆိုရင် ဘာလို့အစတည်းက လာပြောပြီး အာရုံနောက်အောင်လုပ်ရတာလဲ။ Lee Minho...Lee Minho။ သူနောက်ကလိုက်မနေတော့တာကို ပျော်နေရမှာလေ။ ဘာတွေ အတွေးများနေတာလဲ။"

စက်ဘီးကို လက်နှင့်ဖြေးဖြေးတွန်းရင်း ကျောင်းဝန်းထဲမှ ထွက်လာချိန်၌ နှုတ်မှ ရေရွတ်ရင်း ပါးတစ်ဖက်ကို ခပ်နာနာရိုက်ချလိုက်မိသည်။

စက်ဘီးကိုနင်းချင်စိတ်မရှိသောကြောင့် တွန်းလျက်ပင် လေးလေးလံလံလျှောက်လာနေရင်းမှ တစ်နေရာအရောက်တွင် ခြေလှမ်းများ လုံးဝရပ်တန့်သွားရသည်။

ကစားကွင်းအသေးစားလေး၏ ဒန်းပေါ်တွင် မလှုပ်မယှက်ထိုင်နေသော အရိပ်ကလေး။ Minho များများစားစားတွေးတောမနေတော့ဘဲ စက်ဘီးကိုဒေါက်ထောက်လိုက်ပြီး အရိပ်လေးအနီးသို့ ချဥ်းကပ်သွားမိသည်။

သူရောက်လာသည်ကို Jisung ကိုသတိထားမိချိန်တွင် တစ်ချက်သာ မော့ကြည့်သည်။ ထို့နောက် မြေကြီးပေါ်သို့ပင် ပြန်စိုက်ကြည့်နေပြန်၏။Minho သူ့ဘေးရှိ ဒန်းပေါ်တွင် ဝင်ထိုင်လိုက်သည်။

ရာသီဥတုက မပူမအိုက်အနေအထားမျိုး။ ကောင်းကင်က အလင်းရောင်လျော့နည်းသွားသော်လည်း အပြာရောင်လဲ့လဲ့ ကြည်လင်၍ လှနေတုန်း။ လေနွေးနွေးများက ဝေ့၍ တိုက်ခတ်နေ၏။

Jisung ၏ ဘေးတွင် ဝင်ထိုင်လိုက်မိချိန်တွင် ထိုအရာများကို Minho သတိထားလိုက်မိသည်။  ရှုပ်ထွေးနေသည့်အရာများ ပြေလျော့သွား၍ အသေးစိတ်အရာများကို သတိထားမိခြင်းဟုဆို၍ ရမရတော့ မသိ။

"Hwang Hyunjin နဲ့ခင်သွားတာလား။"

Minho မေးလိုက်သော မေးခွန်းကို Jisung ကြားတော့ သူ့ကိုမော့ကြည့်လာသည်။ ထို့နောက် ခပ်ပါးပါးပြုံး၏။ အဖြေပြန်ပေးဖို့ကိုတော့ မေ့လျော့နေပုံရသည်။ သက်ဆိုင်မှုမရှိသော မေးခွန်းတစ်ခုကို တန်ပြန်မေးလာသည်။

"ဘာလို့ ကျောင်းမတက်ရတာလဲ။ ကျွန်တော့်ကို အဲ့လောက်တောင်မတွေ့ချင်ဘူးဖြစ်သွားတာလား။"

Minho မျက်လုံးအိမ်များ ကဏာမငြိမ်ဖြစ်သွားသည်။

"မင်းနဲ့ဘာဆိုင်လို့လဲ။ ငါ့ဘာသာငါ နေမကောင်းလို့မတက်တာ။"

"ဒါဆို အရင်နေ့တွေကရော? ဘာလို့ကျွန်တော့်ကိုရှောင်နေလဲ။"

"မင်းဘာလို့ ဒီနေ့အရမ်းစကားများနေတာလဲ။ မင်းအဲ့လောက်စကားပြောတာ ငါတစ်ခါမှမမြင်ဖူးဘူး။"

Jisung က ပြောချင်နေသည့်စကားများကို မြိုချလိုက်ရသည့်နှယ် သက်ပြင်းချလိုက်ကာ သူ့ဆီမှ အကြည့်လွှဲသွားသည်။ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်တော့ ထွက်မသွားသေးစေရန်အလို့ငှာ မေးခွန်းတစ်ခုကို မြန်မြန်ဆန်ဆန်မေးလိုက်မိသည်။

"မင်းကရော ငါ့ကို ဘာလို့ရှောင်နေတာလဲ။ ဒီနေ့တစ်နေ့လုံး မင်းကိုဘာလို့မတွေ့ရတာလဲ။"

သူ့ထုံးစံအတိုင်း မေးခွန်းကို ပြန်မဖြေ။ ခြေလှမ်းတို့ကိုသာ ရပ်တန့်လိုက်ပြီး Minho ကိုပြန်လှည့်ကြည့်လာသည်။

"ဟိုတစ်နေ့ကပြောတဲ့စကားနဲ့ မင်းလုပ်ခဲ့တဲ့ကိစ္စက ငါ့ကိုတမင်ရှုပ်နေတာမဟုတ်လား။ တကယ်မရည်ရွယ်ဘူးမဟုတ်လား။"

"ကျွန်တော့်စိတ်ရင်းပါ။"

ရာသီဥတုနှင့် ဆန့်ကျင်စွာ Minho လက်ဖျားများ အေးစက်လာရသည်။

"ခင်ဗျားကို ကျွန်တော် စိတ်ရင်းနဲ့သဘောကျတယ်။ သဘောကျတာမို့လို့ သဘောကျကြောင်းပြောသင့်တယ်လို့တွေးခဲ့မိတယ်။ ကျွန်တော့်စိတ်ထဲကပေါ်လာတဲ့အတိုင်းလုပ်ခဲ့မိတယ်။ ဒါပေမဲ့ အဲ့ဒီ့လုပ်ရပ်က ခင်ဗျားကို စိတ်အနှောင့်အယှက်ပေးနေနိုင်တယ်လို့ ဦးလေးကပြောတယ်။ ခင်ဗျား ကျွန်တော့်ကို လုံးဝမမြင်ချင်တော့တာ ဖြစ်နိုင်တယ်လို့ ဦးလေးကပြောတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားကို မြင်ချင်တယ်။ ခင်ဗျားကို မမြင်ရရင် မနေနိုင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်ကပဲ ခင်ဗျားကိုကြည့်နေမယ်။ ခင်ဗျားက ကျွန်တော့်ကို ​မမြင်ချင်ဘူးဆိုရင် မမြင်ရအောင် ကျွန်တော်ရှောင်ပေးမယ်။"

Jisung တရစပ်ပြောသွားသော စကားများကို Minho လိုက်နိုင်အောင်ကြိုးစားနေရသည်။ အလွန်လျင်မြန်လွန်းသည်တော့ မဟုတ်သော်ငြား Jisung ထိုသို့ စကားအများကြီး တရစပ်ပြောခြင်းနှင့် အသားမကျသေးသောကြောင့် ဖြစ်မည်။

"မင်းကို ဘယ်သူကရှောင်ခိုင်းနေလို့လဲ။ တကယ်ရှောင်ရမယ့်သူကိုကျ မရှောင်ဘဲနဲ့ လက်ခံထားတယ်မဟုတ်ဘူးလား။"

"သဝန်တိုနေတာလား။"

"ဘာ?"

"ခင်ဗျား အခုကျွန်တော်နဲ့စကားပြောနေတာ Hwang Hyunjin နဲ့ကျွန်တော့်ကိုတွဲတွေ့လိုက်လို့မဟုတ်လား။ သဝန်တိုနေတာလား။"

Minho လည်ချောင်းတို့ ရုတ်တရက်ခြောက်ကပ်လာသည်။ Jisung မှာမူ ထိုစကားများကို Minho အားအကြည့်တစ်ချက်မလွှဲဘဲ စိုက်ကြည့်ကာ ဆိုနေခြင်းဖြစ်၏။

"ရူးနေလို့ ငါက သဝန်တိုရမှာ..."

စကားကိုဆုံးအောင်နားမထောင်ပါဘဲ Minho ကိုကျောခိုင်းကာ ထွက်သွားရန်ပြင်နေသော Jisung ကို လှမ်းတားလိုက်သည်။

"နေဦး​လေ။ မင်းနဲ့ငါစကားပြောလို့မပြီးသေး..."

ရုတ်တရက်ပြန်လှည့်လာကာ Minho ဆီသို့ ဒေါသတကြီးဦးတည်လာနေသော Jisung ကြောင့် ပါးစပ်ကိုပင် ချက်ချင်းပိတ်လိုက်မိသည်။ Minho ၏မျက်လုံးများထဲ သေသေချာချာစိုက်ကြည့်နေသော Jisung မှာ သူနှင့်အလွန်နီးကပ်သော အနေအထားတွင်ရှိနေသည်။

"ကျွန်တော်အခုသွားမှဖြစ်မယ်။ ခင်ဗျားနဲ့အတူတူအကြာကြီးဆက်ရှိနေရင် ကျွန်တော့်ရဲ့ ဆန္ဒတွေကို ထိန်းချုပ်လို့ရနိုင်မယ်မထင်ဘူး။"

"ဘာဆန္ဒတွေလဲ။"

"ခင်ဗျားကို နမ်းချင်လာလိမ့်မယ်။ ဖက်ချင်လာလိမ့်မယ်။ ခင်ဗျားရဲ့မျက်နှာကို အကြာကြီး ထိုင်ကြည့်ချင်နေလာလိမ့်မယ်။"

အကြည့်များကို ရှောင်ဖယ်လိုက်ပြီး ရင်ဘတ်ကို ခပ်ပြင်းပြင်းတွန်းထုတ်လိုက်မိသည်။

"ငါ...ငါ...ယောက်ျားလေးတွေကို သဘောကျလားဆိုတာ ငါမသိဘူး။"

"ခင်ဗျား မေးရမယ့်မေးခွန်းက ခင်ဗျား ကျွန်တော့်ကိုသဘောကျလားဆိုတာပါ။ ပြီးတော့ သဘောမကျတဲ့လူတစ်ယောက်ကို သဝန်တိုနိုင်သလားလို့ပေါ့။"

Minho ထိုနေရာတွင် ဆက်ရပ်မနေနိုင်တော့ဘဲ လှည့်ထွက်လာခဲ့ကာ စက်ဘီးကို အားကုန်နင်း၍ အိမ်သို့ပြန်လာခဲ့၏။ လည်ချောင်းမှာ ခြောက်ကပ်နေတုန်း။ လက်ဖျားများမှာ အေးစက်နေတုန်း။

အိမ်ရောက်ချိန်တွင် သူ့ကိုယ်ပိုင်အခန်းထဲသို့ မသွားဘဲ Jeongin အခန်းထဲသို့ ပြေးဝင်သွားကာ သူ့ကုတင်ပေါ်တက်ထိုင်တော့ Jeongin က ရန်ဖြစ်လိုဟန် စောင်ကြည့်လာသည်။

"ချွေးတွေထွက်နေတဲ့ အင်္ကျီနဲ့ကို သူများ ကုတင်ပေါ် ဘာလို့တက်ထိုင်တာတုန်း။"

"Yang Jeongin..."

Minho က သူ့စကားကိုဂရုမစိုက်။ သူ့နာမည်ကိုသာ ဆောင့်ဆောင့်အောင့်အောင့်ခေါ်ကာ မေးလိုသော မေးခွန်းကို မေးလာတော့ Jeongin နှာခေါင်းရှုံ့၍ ခေါင်းသာကုတ်မိတော့သည်။

"သဘောမကျတဲ့လူတစ်ယောက်ကို သဝန်တိုတယ်ဆိုတာ ဖြစ်နိုင်လား။"

Minho သက်ပြင်းသာနာနာချမိပါသည်။ အဖြေမရနိုင်သော မေးခွန်းတစ်ခုက သူ့အားနှိပ်စက်ရန် အတွေးထဲသို့ အိမ်ပြောင်းလာပြီဖြစ်သောကြောင့် သက်ပြင်းသာ နာနာချမိပါတော့သည်။

.........................................

Quiz 6 for Chapter 6

Lee Minho က "သဘောမကျတဲ့လူတစ်ယောက်ကို သဝန်တိုတယ်ဆိုတာ ဖြစ်နိုင်လား။" ဆိုတဲ့မေးခွန်းကို သင့်အားမေးလာလျှင် မည်သို့ တုန့်ပြန်မည်နည်း။

#BlessMeByRecommendingThisStory
#ReddyBombax














ရာသီဥတုဟာ အရင္ေန႕မ်ားကအတိုင္း အုံ႕ဆိုင္းေနျခင္းမရွိေတာ့ဘဲ သိသိသာသာ ပူအိုက္လို႔ေနသည္။ သို႔တည္းမဟုတ္ Minho စိတ္လႈပ္ရွားမႈေၾကာင့္ ေခြၽးျပန္ေနျခင္းလည္းျဖစ္နိုင္သည္။

စက္ဘီးကို ေနရာတြင္ ေသေသခ်ာခ်ာရပ္လိုက္ၿပီးသည့္ေနာက္ နဖူးမွ ေခြၽးစမ်ားကို လက္ျဖင့္ဖိသုတ္လိုက္ၿပီး ေက်ာင္းထဲဝင္ရန္ျပင္သည္။ ေက်ာင္းသို႔ ျပန္ေရာက္လာရသည့္ ခံစားခ်က္က ဒီတစ္ခ်ိန္တြင္ေတာ့ သူ႕ကို အေနရခက္ေနေစသည္။ ေက်ာင္းသို႔ မည္သို႔မွ်မခံစားရဘဲ ေပါ့ေပါ့ပါးပါးလာနိုင္သည့္ ေန႕ရက္မ်ားက Minho အတြက္ ကုန္လြန္သြားခဲ့ေလဟန္ တူ၏။

​စက္ဘီးနင္းလာခဲ့စဥ္တစ္ေလွ်ာက္လုံး နားထဲထည့္ထားခဲ့ေသာ နားၾကပ္ကို ျဖဳတ္လိုက္ၿပီး ပတ္ဝန္းက်င္ကိုၾကည့္လိုက္မိခ်ိန္တြင္ မလွမ္းမကမ္း၌ နံရံကိုမွီကာ ရပ္ေနေသာ Han Jisung ကိုေတြ႕ရသည္။

မည္သို႔မည္ပုံတုံ႕ျပန္ရေကာင္းမွန္း ဦးႏွောက္က အေျဖမေပးနိုင္သည့္အေလွ်ာက္ ေျခလွမ္းတို႔မွာ ႐ုတ္တရက္တုန့္ဆိုင္းသြားၿပီး ေနာက္ပင္ျပန္လွည့္ရမည္လားဟု ေတြေဝစျပဳလာသည္။

Jisung သူ႕ဆီသို႔ တည့္တည့္မတ္မတ္ေရာက္လာၿပီး စကားစလိမ့္မည္ဟုထင္လိုက္မိေသာ္လည္း လက္ေတြ႕က ကြဲျပားသည္။ သူ႕ကိုေတြ႕လိုက္ခ်ိန္တြင္ ငါးစကၠန့္ခန့္စိုက္ၾကည့္ၿပီးသည့္ေနာက္ ရပ္ေနရာမွ ထြက္သြားေလ၏။

အနက္ေရာင္ေက်ာျပင္က Minho ကို ေနမထိထိုင္မသာျဖစ္ေစသည္။ ေက်ာင္းမတက္ျဖစ္သည့္ရက္တြင္ ဒီေကာင္ေလးကို ေျပာရမည့္စကားမ်ားအား ေက်ာင္းဆုေပးပြဲတြင္ ေဟာေျပာရမည့္ ေက်ာင္းသားေခါင္းေဆာင္ကဲ့သို႔ စကားစီျပင္ဆင္ခဲ့ေသာ္လည္း ယခုလို လစ္လ်ဴရႈခံလိုက္ရျခင္းက အခံရခက္ေစသည္ထင္၏။

သို႔ေသာ္လည္း သူ႕ဘက္မွစ၍ Jisung ကို ခ်ဥ္းကပ္ရန္၊ စကားစရန္ဆိုသည္မွာလည္း မည္သို႔နည္းႏွင့္မွ်မျဖစ္နိုင္ဟု ေတြးမိသည္။

Minho ေခါင္းတစ္ခ်က္ခါပစ္လိုက္ကာ အေရာင္စုံေနေသာ အေတြးမ်ား၊ ခံစားခ်က္မ်ားကို တြန္းထုတ္လိုက္သည္။ Jisung ထြက္သြားသည့္လမ္းႏွင့္ ဆန့္က်င္ဘက္ သူ႕အတန္းရွိရာသို႔ ဦးတည္လိုက္၏။

"ဝူဟူးးးး Mr.Lee ျပန္ေရာက္လာပါၿပီ။"

အတန္းထဲသို႔ဝင္၍ ေနရာတြင္ လြယ္အိတ္ကိုပစ္ခ်ၿပီး ဝင္ထိုင္လိုက္ခ်ိန္တြင္ Changbin က အသံက်ယ္က်ယ္ႏွင့္ထေျပာသည္။

Minho တုန့္ျပန္စကားမဆိုဘဲ လြယ္အိတ္ထဲမွ သမိုင္းဖတ္စာအုပ္အထူႀကီးကိုထုတ္ကာ ဘယ္ႏွႀကိမ္ဖတ္ဖတ္နားမလည္နိုင္ေသာ တိုက္ပြဲအေၾကာင္းကို ေနာက္တစ္ႀကိမ္ အၾကမ္းဖ်င္းဖတ္ၾကည့္ရန္ျပင္သည္။ ​ေက်ာင္းသားတစ္ေယာက္အတြက္အေရးမပါေသာ ကိစၥမ်ားႏွင့္ အခ်ိန္ကုန္ေနရန္မွာ ႏွေျမာဖြယ္ေကာင္းေၾကာင္း ဖိုးသခြားဆန္ဆန္ေတြးလိုက္မိျခင္းေၾကာင့္ျဖစ္သည္။ ေတြးလိုက္သည္ဆိုသည္ထက္ ကိုယ့္ကိုကိုယ္အာ႐ုံမ်ားလိုက္ေစသည္ဟုဆိုျခင္းက ပိုမွန္နိုင္သည္။

"ေနေကာင္းသြားၿပီလား။"

ေပါင္မုန့္တစ္လုံးကို ပ်င္းပ်င္းရိရိဝါးေနေသာ Chan က ပါးစပ္ထဲမွအစာမ်ား ကမန္းကတမ္းၿမိဳခ်၍ ေမးလာသည္ကို 'အင္း' ဟုသာဆို၍ ေခါင္းၿငိမ့္ျပမိသည္။

"မင္းေရာက္လာလို႔တိုင္ရဦးမယ္။"

Changbin က ခုံတစ္လုံးကို သူ႕ေဘးနားဆြဲကာ ဝင္ထိုင္ရင္းဆိုသည္။

"ဘာကိုလဲ။"

"မင္းေကာင္ေလးေလ။"

"ဘယ္က ငါ့ေကာင္ေလးလဲ။"

"မင္းငါတို႔ကို မိတ္ဆက္ေပးထားတဲ့ Han Jisung ကိုေျပာတာ။ မေန႕က မင္းမရွိတာနဲ႕ အခ်ိဳးကခ်က္ခ်င္းေျပာင္းသြားတာေနာ္။ ငါနဲ႕ Chan က ကန္တင္းမွာ သူ႕ကိုေတြ႕ေတာ့ အတူတူလာစားဖို႔ေျပာတာကို ေခါင္းတစ္ခ်က္ခါျပၿပီး ထြက္သြားတာ။ အဲ့ကေလးကဘာလား။"

Minho ကသက္မတစ္ခ်က္ကိုသာ စိတ္မပါတပါရွိုက္ထုတ္သည္။

"အဲ့ေကာင္ေလးက ဘာလားဆိုတာကို ငါလည္း မသိဘူး Seo Changbin ရာ။ ေခါင္းေတြလည္းကိုက္လွၿပီ။"

Changbin မွာ သူ၏ တုံ႕ျပန္ပုံကို နားမလည္နိုင္ဟန္ မ်က္လုံးကို ပုတ္ခတ္ကာသာ ၾကည့္ေနသည္။

"ၿပီးေတာ့ Han Jisung က ငါ့ေကာင္ေလးမဟုတ္တာမို႔ ေနာက္ဆို ငါ့ေကာင္ေလးလို႔မေျပာပါနဲ႕။"

Changbin မွာ ေျပာစရာစကားပင္ ေပ်ာက္ဆုံးသြားကာ Minho ကို လစ္လ်ဴရႈလိုက္ၿပီး Chan ဘက္သို႔ျပန္လွည့္လာသည္။

"ငါဒီေန႕ မင္းအိမ္လိုက္ခဲ့မယ္။ Game ကစားရေအာင္။"

"လိုက္ခ်င္ရင္လိုက္ခဲ့။ Game ေတာ့မကစားနိုင္ေသးဘူး။ ၾကည့္လက္စ drama ဆက္ၾကည့္ရဦးမွာ။"

"ဘာ drama လဲ။ ဟို လူဆယ့္ငါးေယာက္သတ္ထားတဲ့ psychopath ကို အခုထိမမိနိုင္ေသးတဲ့ ရဲအ႐ူးေတြအေၾကာင္းရိုက္ထားတဲ့ကားလား။"

"ရဲေတြကမညံ့ပါဘူး။ အဲ့ psychopath ကိုကေတာ္လြန္းေနတာ။"

Changbin က Chan စကားကိုလက္မခံ။ ေခါင္းကိုတြင္တြင္ခါသည္။

"လြန္ခဲ့တဲ့ႏွစ္သုံးဆယ္ေလာက္တုန္းကေတာ့ ဟုတ္ေကာင္းဟုတ္လိမ့္မယ္။ အခုေခတ္မွာ psychopath ဆိုရင္ေတာင္ အမႈႏွစ္ခုေလာက္ျဖစ္ၿပီးရင္ကို မိၾကတာပဲ။"

"Psychopath ဆိုတာ ေလွ်ာ့တြက္လို႔ရတာမ်ိဳးမွမဟုတ္ဘဲ Changbin ရာ။"

စာအုပ္ထဲတြင္ပင္ အာ႐ုံစိုက္ထားသည္ဟု ထင္ရေသာ Minho က ထိုတစ္ခြန္းအားဝင္ေျပာေတာ့ Chan ႏွင့္ Changbin မွာ အခ်င္းခ်င္းမ်က္စပစ္ျပ၍ စကားေခါင္းစဥ္ေျပာင္းလိုက္ေတာ့သည္။

Minho သည္လည္း ေခါင္းထဲေရာက္မလာနိုင္ေသာ စာလုံးမ်ားၾကားတြင္သာ အာ႐ုံကို ျမႇုပ္ႏွံထားလိုက္ေတာ့၏။

အတန္းခ်ိန္ၿပီး၍ အခန္းထဲမွ ထြက္လာခ်ိန္တြင္လည္း ေမွ်ာ္လင့္ထားေသာ အရိပ္ကေလးအားမေတြ႕ရ။ ကန္တင္းတြင္လည္း သူ႕အားေက်ာခိုင္းထားေသာ ေက်ာျပင္ကိုသာ မသိမသာအၾကည့္ေရာက္ရသည္။

ေနရာတစ္ခုတြင္ အစတည္းက ရွိမေနေသာ အရာကို ထိုေနရာတြင္ရွိမေနပါလားဟုေတြး၍ ဟာတာတာျဖစ္ရသည္ဆိုေသာ ခံစားခ်က္က စစ္မွန္နိုင္ပါသလား။ သူ႕ဘဝထဲတြင္ ထိုအရိပ္ေလးက အရိပ္ေလးမွ်သာျဖစ္ခဲ့သည္ေလ။ သို႔ဆိုလွ်င္ အဘယ္ေၾကာင့္ ယခု သူ႕စိတ္ထဲ ဟာတာတာခံစားေနရပါသနည္း။

မီးေတာက္ထဲသို႔ ေနာက္ထပ္ေလာင္စာတစ္ခုကို ထပ္၍ေလာင္းထည့္ေပးေနသည့္ ျမင္ကြင္းကိုျမင္ရေတာ့ Minho လက္ကို ကိုယ္တိုင္ပင္မသိလိုက္ဘဲ က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။

ကန္တင္းတြင္ တစ္ေယာက္တည္းထိုင္ေနေသာ အရိပ္ေလးနားသို႔ သူၾကည့္မရေသာ၊ အျမင္ကပ္ေသာ Hwang Hyunjin က ခ်ဥ္းကပ္လာသည္ကို ျမင္ရသည္။ Jisung ကႏွင္မပစ္ဘဲ ထိုသူႏွင့္ တစ္ဝိုင္းတည္းဆက္၍ ထိုင္ေနသည္။

စကားအခ်ိဳ႕ကို အျပန္အလွန္ေျပာေနၾကပုံရသည္။ ဟက္ဟက္ပက္ပက္ရွိလွဟန္မေပၚေသာ္ျငား Minho သေဘာမက်ပါ။ အဘယ္ေၾကာင့္ သေဘာမက်ရသလဲဆိုသည္ကိုလည္း မသိပါ။ Hwang Hyunjin ျဖစ္ေနသည္ေၾကာင့္လား။ သို႔တည္းမဟုတ္ Han Jisung ျဖစ္ေနသည္ေၾကာင့္လား။

အနည္းငယ္သာစားရေသးေသာ ေခါက္ဆြဲကို အမွိုက္ပုံးထဲပင္ ပစ္ခဲ့လိုက္ၿပီး ကိုလာတစ္ဘူးလုံးကို တစ္က်ိဳက္တည္းေမာ့ေသာက္ပစ္ကာ အတန္းသို႔ျပန္လာခဲ့လိုက္သည္။

သေဘာမက်ပါ။ ဘဝတြင္ ကိစၥႀကီးႀကီးမားမားမ်ားႀကဳံရခ်ိန္တြင္ေတာင္ တည္ၿငိမ္ေနခဲ့ေသာ္လည္း ဘာမဟုတ္သည့္လူတစ္ေယာက္ေၾကာင့္ ေန႕ေန႕ညညအာ႐ုံမ်ား ေယာက္ယက္ခတ္ေနရျခင္းကို သေဘာမက်ပါ။

ေက်ာင္းစာမ်ားကိုပင္ အေပၚယံသာ အာ႐ုံစိုက္နိုင္ျခင္းကို သေဘာမက်ပါ။ သူငယ္ခ်င္းမ်ားႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စကားမေျပာနိုင္ေတာ့ျခင္းကို သေဘာမက်ပါ။

ေက်ာင္းဆင္းခ်ိန္တြင္ ေက်ာင္းေပါက္ဝ၌ တစ္စုံတစ္ေယာက္ရပ္ေစာင့္ေနမည္ဟု ထင္ခဲ့ေသာ္လည္း မည္သူမွ်ရွိမေနျခင္းကို ပို၍ သေဘာမက်ပါ။

"အဲ့လို လြယ္လြယ္နဲ႕ေနာက္ဆုတ္သြားမယ္ဆိုရင္ ဘာလို႔အစတည္းက လာေျပာၿပီး အာ႐ုံေနာက္ေအာင္လုပ္ရတာလဲ။ Lee Minho...Lee Minho။ သူေနာက္ကလိုက္မေနေတာ့တာကို ေပ်ာ္ေနရမွာေလ။ ဘာေတြ အေတြးမ်ားေနတာလဲ။"

စက္ဘီးကို လက္ႏွင့္ေျဖးေျဖးတြန္းရင္း ေက်ာင္းဝန္းထဲမွ ထြက္လာခ်ိန္၌ ႏႈတ္မွ ေရ႐ြတ္ရင္း ပါးတစ္ဖက္ကို ခပ္နာနာရိုက္ခ်လိဳက္မိသည္။

စက္ဘီးကိုနင္းခ်င္စိတ္မရွိေသာေၾကာင့္ တြန္းလ်က္ပင္ ေလးေလးလံလံေလွ်ာက္လာေနရင္းမွ တစ္ေနရာအေရာက္တြင္ ေျခလွမ္းမ်ား လုံးဝရပ္တန့္သြားရသည္။

ကစားကြင္းအေသးစားေလး၏ ဒန္းေပၚတြင္ မလႈပ္မယွက္ထိုင္ေနေသာ အရိပ္ကေလး။ Minho မ်ားမ်ားစားစားေတြးေတာမေနေတာ့ဘဲ စက္ဘီးကိုေဒါက္ေထာက္လိုက္ၿပီး အရိပ္ေလးအနီးသို႔ ခ်ဥ္းကပ္သြားမိသည္။

သူေရာက္လာသည္ကို Jisung ကိုသတိထားမိခ်ိန္တြင္ တစ္ခ်က္သာ ေမာ့ၾကည့္သည္။ ထို႔ေနာက္ ေျမႀကီးေပၚသို႔ပင္ ျပန္စိုက္ၾကည့္ေနျပန္၏။Minho သူ႕ေဘးရွိ ဒန္းေပၚတြင္ ဝင္ထိုင္လိုက္သည္။

ရာသီဥတုက မပူမအိုက္အေနအထားမ်ိဳး။ ေကာင္းကင္က အလင္းေရာင္ေလ်ာ့နည္းသြားေသာ္လည္း အျပာေရာင္လဲ့လဲ့ ၾကည္လင္၍ လွေနတုန္း။ ေလႏြေးႏြေးမ်ားက ေဝ့၍ တိုက္ခတ္ေန၏။

Jisung ၏ ေဘးတြင္ ဝင္ထိုင္လိုက္မိခ်ိန္တြင္ ထိုအရာမ်ားကို Minho သတိထားလိုက္မိသည္။  ရႈပ္ေထြးေနသည့္အရာမ်ား ေျပေလ်ာ့သြား၍ အေသးစိတ္အရာမ်ားကို သတိထားမိျခင္းဟုဆို၍ ရမရေတာ့ မသိ။

"Hwang Hyunjin နဲ႕ခင္သြားတာလား။"

Minho ေမးလိုက္ေသာ ေမးခြန္းကို Jisung ၾကားေတာ့ သူ႕ကိုေမာ့ၾကည့္လာသည္။ ထို႔ေနာက္ ခပ္ပါးပါးၿပဳံး၏။ အေျဖျပန္ေပးဖို႔ကိုေတာ့ ေမ့ေလ်ာ့ေနပုံရသည္။ သက္ဆိုင္မႈမရွိေသာ ေမးခြန္းတစ္ခုကို တန္ျပန္ေမးလာသည္။

"ဘာလို႔ ေက်ာင္းမတက္ရတာလဲ။ ကြၽန္ေတာ့္ကို အဲ့ေလာက္ေတာင္မေတြ႕ခ်င္ဘူးျဖစ္သြားတာလား။"

Minho မ်က္လုံးအိမ္မ်ား ကဏာမၿငိမ္ျဖစ္သြားသည္။

"မင္းနဲ႕ဘာဆိုင္လို႔လဲ။ ငါ့ဘာသာငါ ေနမေကာင္းလို႔မတက္တာ။"

"ဒါဆို အရင္ေန႕ေတြကေရာ? ဘာလို႔ကြၽန္ေတာ့္ကိုေရွာင္ေနလဲ။"

"မင္းဘာလို႔ ဒီေန႕အရမ္းစကားမ်ားေနတာလဲ။ မင္းအဲ့ေလာက္စကားေျပာတာ ငါတစ္ခါမွမျမင္ဖူးဘူး။"

Jisung က ေျပာခ်င္ေနသည့္စကားမ်ားကို ၿမိဳခ်လိဳက္ရသည့္ႏွယ္ သက္ျပင္းခ်လိဳက္ကာ သူ႕ဆီမွ အၾကည့္လႊဲသြားသည္။ ထိုင္ေနရာမွ မတ္တပ္ရပ္လိုက္ေတာ့ ထြက္မသြားေသးေစရန္အလို႔ငွာ ေမးခြန္းတစ္ခုကို ျမန္ျမန္ဆန္ဆန္ေမးလိုက္မိသည္။

"မင္းကေရာ ငါ့ကို ဘာလို႔ေရွာင္ေနတာလဲ။ ဒီေန႕တစ္ေန႕လုံး မင္းကိုဘာလို႔မေတြ႕ရတာလဲ။"

သူ႕ထုံးစံအတိုင္း ေမးခြန္းကို ျပန္မေျဖ။ ေျခလွမ္းတို႔ကိုသာ ရပ္တန့္လိုက္ၿပီး Minho ကိုျပန္လွည့္ၾကည့္လာသည္။

"ဟိုတစ္ေန႕ကေျပာတဲ့စကားနဲ႕ မင္းလုပ္ခဲ့တဲ့ကိစၥက ငါ့ကိုတမင္ရႈပ္ေနတာမဟုတ္လား။ တကယ္မရည္႐ြယ္ဘူးမဟုတ္လား။"

"ကြၽန္ေတာ့္စိတ္ရင္းပါ။"

ရာသီဥတုႏွင့္ ဆန့္က်င္စြာ Minho လက္ဖ်ားမ်ား ေအးစက္လာရသည္။

"ခင္ဗ်ားကို ကြၽန္ေတာ္ စိတ္ရင္းနဲ႕သေဘာက်တယ္။ သေဘာက်တာမို႔လို႔ သေဘာက်ေၾကာင္းေျပာသင့္တယ္လို႔ေတြးခဲ့မိတယ္။ ကြၽန္ေတာ့္စိတ္ထဲကေပၚလာတဲ့အတိုင္းလုပ္ခဲ့မိတယ္။ ဒါေပမဲ့ အဲ့ဒီ့လုပ္ရပ္က ခင္ဗ်ားကို စိတ္အႏွောင့္အယွက္ေပးေနနိုင္တယ္လို႔ ဦးေလးကေျပာတယ္။ ခင္ဗ်ား ကြၽန္ေတာ့္ကို လုံးဝမျမင္ခ်င္ေတာ့တာ ျဖစ္နိုင္တယ္လို႔ ဦးေလးကေျပာတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားကို ျမင္ခ်င္တယ္။ ခင္ဗ်ားကို မျမင္ရရင္ မေနနိုင္ဘူး။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ကပဲ ခင္ဗ်ားကိုၾကည့္ေနမယ္။ ခင္ဗ်ားက ကြၽန္ေတာ့္ကို ​မျမင္ခ်င္ဘူးဆိုရင္ မျမင္ရေအာင္ ကြၽန္ေတာ္ေရွာင္ေပးမယ္။"

Jisung တရစပ္ေျပာသြားေသာ စကားမ်ားကို Minho လိုက္နိုင္ေအာင္ႀကိဳးစားေနရသည္။ အလြန္လ်င္ျမန္လြန္းသည္ေတာ့ မဟုတ္ေသာ္ျငား Jisung ထိုသို႔ စကားအမ်ားႀကီး တရစပ္ေျပာျခင္းႏွင့္ အသားမက်ေသးေသာေၾကာင့္ ျဖစ္မည္။

"မင္းကို ဘယ္သူကေရွာင္ခိုင္းေနလို႔လဲ။ တကယ္ေရွာင္ရမယ့္သူကိုက် မေရွာင္ဘဲနဲ႕ လက္ခံထားတယ္မဟုတ္ဘူးလား။"

"သဝန္တိုေနတာလား။"

"ဘာ?"

"ခင္ဗ်ား အခုကြၽန္ေတာ္နဲ႕စကားေျပာေနတာ Hwang Hyunjin နဲ႕ကြၽန္ေတာ့္ကိုတြဲေတြ႕လိုက္လို႔မဟုတ္လား။ သဝန္တိုေနတာလား။"

Minho လည္ေခ်ာင္းတို႔ ႐ုတ္တရက္ေျခာက္ကပ္လာသည္။ Jisung မွာမူ ထိုစကားမ်ားကို Minho အားအၾကည့္တစ္ခ်က္မလႊဲဘဲ စိုက္ၾကည့္ကာ ဆိုေနျခင္းျဖစ္၏။

"႐ူးေနလို႔ ငါက သဝန္တိုရမွာ..."

စကားကိုဆုံးေအာင္နားမေထာင္ပါဘဲ Minho ကိုေက်ာခိုင္းကာ ထြက္သြားရန္ျပင္ေနေသာ Jisung ကို လွမ္းတားလိုက္သည္။

"ေနဦး​ေလ။ မင္းနဲ႕ငါစကားေျပာလို႔မၿပီးေသး..."

႐ုတ္တရက္ျပန္လွည့္လာကာ Minho ဆီသို႔ ေဒါသတႀကီးဦးတည္လာေနေသာ Jisung ေၾကာင့္ ပါးစပ္ကိုပင္ ခ်က္ခ်င္းပိတ္လိုက္မိသည္။ Minho ၏မ်က္လုံးမ်ားထဲ ေသေသခ်ာခ်ာစိုက္ၾကည့္ေနေသာ Jisung မွာ သူႏွင့္အလြန္နီးကပ္ေသာ အေနအထားတြင္ရွိေနသည္။

"ကြၽန္ေတာ္အခုသြားမွျဖစ္မယ္။ ခင္ဗ်ားနဲ႕အတူတူအၾကာႀကီးဆက္ရွိေနရင္ ကြၽန္ေတာ့္ရဲ႕ ဆႏၵေတြကို ထိန္းခ်ဳပ္လို႔ရနိုင္မယ္မထင္ဘူး။"

"ဘာဆႏၵေတြလဲ။"

"ခင္ဗ်ားကို နမ္းခ်င္လာလိမ့္မယ္။ ဖက္ခ်င္လာလိမ့္မယ္။ ခင္ဗ်ားရဲ႕မ်က္ႏွာကို အၾကာႀကီး ထိုင္ၾကည့္ခ်င္ေနလာလိမ့္မယ္။"

အၾကည့္မ်ားကို ေရွာင္ဖယ္လိုက္ၿပီး ရင္ဘတ္ကို ခပ္ျပင္းျပင္းတြန္းထုတ္လိုက္မိသည္။

"ငါ...ငါ...ေယာက္်ားေလးေတြကို သေဘာက်လားဆိုတာ ငါမသိဘူး။"

"ခင္ဗ်ား ေမးရမယ့္ေမးခြန္းက ခင္ဗ်ား ကြၽန္ေတာ့္ကိုသေဘာက်လားဆိုတာပါ။ ၿပီးေတာ့ သေဘာမက်တဲ့လူတစ္ေယာက္ကို သဝန္တိုနိုင္သလားလို႔ေပါ့။"

Minho ထိုေနရာတြင္ ဆက္ရပ္မေနနိုင္ေတာ့ဘဲ လွည့္ထြက္လာခဲ့ကာ စက္ဘီးကို အားကုန္နင္း၍ အိမ္သို႔ျပန္လာခဲ့၏။ လည္ေခ်ာင္းမွာ ေျခာက္ကပ္ေနတုန္း။ လက္ဖ်ားမ်ားမွာ ေအးစက္ေနတုန္း။

အိမ္ေရာက္ခ်ိန္တြင္ သူ႕ကိုယ္ပိုင္အခန္းထဲသို႔ မသြားဘဲ Jeongin အခန္းထဲသို႔ ေျပးဝင္သြားကာ သူ႕ကုတင္ေပၚတက္ထိုင္ေတာ့ Jeongin က ရန္ျဖစ္လိုဟန္ ေစာင္ၾကည့္လာသည္။

"ေခြၽးေတြထြက္ေနတဲ့ အကၤ်ီနဲ႕ကို သူမ်ား ကုတင္ေပၚ ဘာလို႔တက္ထိုင္တာတုန္း။"

"Yang Jeongin..."

Minho က သူ႕စကားကိုဂ႐ုမစိုက္။ သူ႕နာမည္ကိုသာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ေခၚကာ ေမးလိုေသာ ေမးခြန္းကို ေမးလာေတာ့ Jeongin ႏွာေခါင္းရႈံ႕၍ ေခါင္းသာကုတ္မိေတာ့သည္။

"သေဘာမက်တဲ့လူတစ္ေယာက္ကို သဝန္တိုတယ္ဆိုတာ ျဖစ္နိုင္လား။"

Minho သက္ျပင္းသာနာနာခ်မိပါသည္။ အေျဖမရနိုင္ေသာ ေမးခြန္းတစ္ခုက သူ႕အားႏွိပ္စက္ရန္ အေတြးထဲသို႔ အိမ္ေျပာင္းလာၿပီျဖစ္ေသာေၾကာင့္ သက္ျပင္းသာ နာနာခ်မိပါေတာ့သည္။

.........................................

Quiz 6 for Chapter 6

Lee Minho က "သေဘာမက်တဲ့လူတစ္ေယာက္ကို သဝန္တိုတယ္ဆိုတာ ျဖစ္နိုင္လား။" ဆိုတဲ့ေမးခြန္းကို သင့္အားေမးလာလွ်င္ မည္သို႔ တုန့္ျပန္မည္နည္း။

#BlessMeByRecommendingThisStory
#ReddyBombax

Continue Reading

You'll Also Like

17.8K 1.5K 20
Oh shitt...! Are we In Love ? ┈┈┈┈┈┈┈┈ ꜰʟᴜꜰꜰ ꜰʀɪᴇɴᴅꜱ ᴛᴏ ʟᴏᴠᴇʀꜱ ᴍᴜᴛᴜᴀʟ ᴘɪɴɴɪɴɢ ʜᴜʀᴛ/ᴄᴏᴍꜰᴏʀᴛ Written in Burmese♡
3.8K 432 3
𝖡𝖾𝗇𝗃𝖺𝗆𝗂𝗇 & 𝖩𝗈𝗁𝗇𝗇𝗒 𝖡𝗋𝖺𝗇𝖽𝗈 | 𝐒 𝐇 𝐎 𝐑 𝐓 𝐒 𝐓 𝐎 𝐑 𝐘
2.6K 163 22
the story started with love❣️
38.5K 2.9K 32
There are two Kingdoms namely the Angel Kingdom which rules the skies and the Vampire Kingdom which rules the land. In between, them was a place wher...