Flying Gulls Never Land [ဘာသာ...

By noya_shimizu

534K 71K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... More

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
23.2
Stay Safe
24
25
26
28- DO ME A FAVOR
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?
39- I CAN WIN ANYWAYS
40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
53 - THE MARTYR [NSFW⚠️]
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
59- I'LL THINK ABOUT IT
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

27 - LADY JUSTICE

4.9K 854 71
By noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

CH27 - LADY JUSTICE

ဝမ်ရှန်းက မေးခွန်းမေးမြန်းခြင်းအမှုကို ဆက်လက်လုပ်ဆောင်၏ ။

"မစ္စတာလု ၊ အခုအမှုကိစ္စမှာပါတဲ့ နောက်ထပ်ခံရသူတစ်ယောက်နဲ့ ခင်ဗျားနဲ့က ကျောင်းတုန်းကသူငယ်ချင်းတွေနော် ၊ မှန်ရဲ့လား ? "

"ဟုတ်ပါတယ် "

"ကျွန်တော်သတိထားမိသလောက်ဆို လွန်ခဲ့တဲ့၁၀နှစ်ကျော်အတွင်းမှာ ခင်ဗျားတို့နှစ်ယောက် အဆက်အသွယ်မရှိခဲ့ကြဘူး "

"လွန်ခဲ့တဲ့နှစ် ဆောင်းရာသီမှာမှ ကျွန်တော်တို့နှစ်ယောက်ပြန်တွေ့ခဲ့ကြတာပါ "

ဝမ်ရှန်း၏မျက်နှာအမူအရာကား သံသယတစ်ခုကြောင့် ပြောင်းသွားခဲ့သည့်ဟန် ။

"ခင်ဗျားတို့နှစ်ယောက်အဆက်အသွယ်မရှိတာ ဆယ်နှစ်ကျော်ပြီ ၊ ဒါပေမဲ့ ခင်ဗျားက သူငယ်ချင်းလို့တောင်ပြောလို့မရတဲ့ အတန်းဖော်ဟောင်းတစ်ယောက်အတွက် ခင်ဗျားကိုယ်တိုင် ပါဝင်ပတ်သက်တာ ထုတ်ဖော်ပြောဆိုတာတွေလုပ်ခဲ့တယ် ၊ ရိုးရိုးသားသားပြောရရင် အတော်လေးမြင်ရခဲ့တဲ့ဖြစ်ရပ်မျိုးပဲ ၊ ပြီးတော့ မစ္စတာလုအနေနဲ့ ကျွန်တော့်အမှုသည်နဲ့အတူ ဧဒင်ဥယျာဥ်ကလပ်ထဲဝင်သွားတုန်းက ဘယ်လိုရည်ရွယ်ချက်မျိုး တွန်းအားပေးမှုမျိုးရှိနေခဲ့တာလဲ ၊ တစ်ခုခုဖြစ်ဖို့ ကြိုတင်ခန့်မှန်းထားတယ်ဆိုတာကတော့ ထင်ရှားတယ် ၊ ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားကဖုန်းကိုဖွက်ထားပြီး နောက်ပိုင်းတရားရုံးမှာတငါသွင်းလို့ရအောင် မှတ်တမ်းရိုက်ထားခဲ့တာဆိုတော့ "

မန့်ရွှမ်ကျွင်း၏ခန့်မှန်းချက်များ မှန်ကန်သည်ဟုဆိုရမည် ။ တရားခံရှေ့နေက လုဖုန်းနှင့်မော့ချိုးအကြားဆက်ဆံရေးကိုပုံကြီးချဲ့ကာ လုဖုန်း၏ထွက်ဆိုချက်အပေါ်  ယုံကြည်၍ရမရထောက်ပြချင်နေခြင်းပင် ။

လုဖုန်း ရှေ့နေဝမ်အား ပြန်သာပြုံးပြမိသည် ။ အလျင်စလိုအသည်းအသန် ကြားဖြတ်ပြောခြင်းမျိုးမဟုတ်ဘဲ အချိန်ယူကာ မိမိကိုယ်ကိုကာကွယ်ရန် ကြိုးစားနေခြင်းဟုပြောလျှင်လည်းမမှားပေ ။

"ကျွန်တော်ပြောနိုင်တာကတော့ ခင်ဗျားမှာသူငယ်ချင်းမရှိလောက်ဘူးထင်တယ် "

လုဖုန်းစကားအဆုံးမှာပင် ခုံသမာဓိအဖွဲ့နှင့် ပရိတ်သတ်များထံမှ ရယ်သံတိုးသဲ့သဲ့ထွက်ပေါ်လာတော့၏ ။ ဝမ်ရှန်း၏မျက်နှာအမူအရာကား ယခင်အတိုင်းတည်ငြိမ်နေဆဲပင် ။ သို့သည့်တိုင် ဟာသတစ်ခု၏အရင်းခံပစ်မှတ်ဖြစ်သွားရခြင်းအပေါ်  စိတ်အနှောင့်အယှက်ဖြစ်မှုက သူ့မျက်လုံးတွင် ထင်ထင်ရှားရှား ရောင်ပြန်ဟပ်၏ ။

ယခုလက်ရှိ တရားရုံး၌ရောက်နေခြင်းသာမဟုတ်လျှင် လုဖုန်း စကားလုံးအချို့ ထပ်ပေါင်းထည့်မိလိမ့်ဦးမည် ။ ဝမ်ရှန်းတစ်ယောက်လည်း အနာပေါ်တုတ်ကျသူတစ်ဦးနှင့်ပင် ပို၍တူပေဦးမည် ။

"ကျောင်းတုန်းက ကျွန်တော်တို့အတန်းပိုင်ဆရာမက ကျွန်တော့်ကိုမော့ချိုးရဲ့တွဲဖက်လုပ်ခိုင်းခဲ့တာ ၊ မော့ချိုးကို စာနဲ့ပတ်သက်ပြီးကူညီဖို့အတွက် ၊ ကျွန်တော်က သူ့ကိုစာကူလုပ်ပေးရတယ် ၊ ပြီးတော့ သူ့ကိုအနိုင်ကျင့်သူတွေရန်ကနေ ကာကွယ်ပေးရတယ် ၊ ကျွန်တော့်မှာ ပြစ်မှုမှတ်တမ်းရှိတယ်ဆိုပေမဲ့ အဲ့အချိန်တုန်းက ကျောင်းမှာကျွန်တော့်အဆင့်တွေက တော်တော်ကောင်းတယ် ၊ ပြီးတော့ တခြားအတန်းဖော်တွေကိုလည်း လိုလိုလားလားကူညီပေးဖို့အသင့်ပဲ "

တရားလိုဘက်ခြမ်းမှခုံတန်းရှည်ပေါ်ထိုင်နေသော မော့ချိုးကို လုဖုန်းတစ်ချက်ကြည့်လိုက်သည် ။ မော့ချိုး၏မျက်လုံးထောင့်များမှာနီရဲနေခဲ့ပြီး နောက်တစ်ကြိမ်ထပ်မံငိုကြွေးတော့မည့်ဟန် ။

"ပြီးတော့ အထူးသဖြင့် မော့ချိုးရဲ့အကျင့်စရိုက်က တသီးတသန့်နေတတ်တယ် ၊ စိတ်ထိခိုက်လွယ်တယ် ၊ ပထမတုန်းက ဒီကိစ္စကို ရဲကိုဖြေရှင်းခိုင်းဖို့ သူ့ကိုကျွန်တော်ဖျောင်းဖျခဲ့သေးတယ် ၊ ဒါပေမဲ့ သူကျောင်းသားဘဝမှာ ခံစားခဲ့ရတဲ့အနိုင်ကျင့်တာတွေကြောင့် မော့ချိုးက လူတွေသူ့ကိုမြင်ကြမလဲဆိုတာအပေါ် အရမ်းဂရုစိုက်တယ် အလေးထားတယ် ၊ အဲ့ဒါကြောင့် ဒီိကိစ္စကို ကျွန်တော်ကိုယ်တိုင်ဖြေရှင်းပေးချင်ခဲ့တာ "

ဝမ်ရှန်းကား လုဖုန်းတစ်ယောက် ဤစကားလုံးများပြောလာမည်ကိုပင် စောင့်ဆိုင်းနေခဲ့ပုံပေါ်သည် ။ ထို့ကြောင့် ဝမ်ရှန်းစကားမပြောခင် နှုတ်ခမ်းဟဖို့ပြင်နေစဥ်မှာပင် လုဖုန်းတစ်ယောက် ထပ်မံ၍စကားဆိုလိုက်တော့သည် ။

"ဒီနည်းလမ်းက လုံးဝစမတ်မဖြစ်တာတော့ဟုတ်တယ် ၊ တုန်လှုန်ဖို့ကောင်းတဲ့အကြမ်းဖက်မှုတစ်ခုအတွက် ကျွန်တော့်ကို အစမ်းသပ်ခံဖြစ်သွားစေတယ် ၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရဲခေါ်လိုက်တာကသာ ပထမဆုံးလုပ်ရပ်ဖြစ်သင့်တာ ၊ ဘာပဲဖြစ်ဖြစ် ဥပဒေက တရားမျှတမှုကိုဖော်ဆောင်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် "

လုဖုန်း ခုံသမာဓိအဖွဲ့ဝင်လူကြီးများအား ကြည့်လိုက်သည် ။ တစ်ပြိုင်နက်တည်းမှာပင် ခံစားချက်အလုံးစုံကို စကားလုံးများကြား ဦးတည်ထည့်သွင်းလျက် ။

"ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ၊ ယောက်ျားကိုကြိုက်သည်ဖြစ်စေ မိန်းမကိုကြိုက်သည်ဖြစ်စေ ဒါမှမဟုတ် လူဘယ်လောက်နဲ့အိပ်ခဲ့အိပ်ခဲ့ အဲ့ဒီအကြောင်းအရာတွေအကုန်လုံးက တခြားသူတစ်ယောက်ရဲ့အကြမ်းဖက်ခံရဖို့ အကြောင်းပြချက်တွေမဟုတ်ဘူး "

အမျိုးသမီးငယ်များနှင့်ဖွဲ့စည်းထားသော ခုံသမာဓိအဖွဲ့မှာ လုဖုန်းစကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ထောက်ခံကြ၏ ။
ဝမ်ရှန်း၏မျက်နှာအမူအရာကား ပိုလို့ပင်ဆိုးရွာလာလျက် ။သူမျှော်လင့်မထားသော လုဖုန်း၏စကားအချို့က သူ့အရှိန်ကိုပါ ပျက်စီးစေခဲ့ဟန်ရသည် ။

သို့သော် ဝမ်ရှန်းကဲ့သို့ ပြိုင်ဘက်ကင်းရှေ့နေတစ်ယောက်အဖို့ မည်သည့်အခြေအနေနှင့်မဆို လိုက်လျောညီထွေပြင်ဆင်နိုင်ခြင်းဟူသောအရာ၌ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပေလိမ့်မည် ။ ဝမ်ရှန်းက လောကျန်းယွင်မှာ အနုပညာအသိုင်းအဝန်းအတွင်း ဂုဏ်သတင်းကောင်းရှိရုံသာမက အိပ်ရာပေါ်တွင် အကြမ်းဖက်ခြင်းကဲ့သို့သော ကောလဟာလမျိုးတစ်ခါမှမထွက်ဖူးကြောင်းပြောဆိုလာတော့သည် ။ ခုံသမာဓိအဖွဲ့ဝင်လူကြီးများရှေ့တွင် လောကျန်းယွင်မှာ မှားယွင်းစွပ်စွဲခံရသော အပြစ်ကင်းသည့်လူကြီးလူကောင်းတစ်ယောက်ဟူသောပုံရိပ်မျိုးရအောင် မရမနေကြိုးစားပုံဖော်နေခြင်းဟု ဆိုလျှင်လည်းမမှား ။

တရားခွင်နောက်ပိုင်းတွင်မူ တရားလိုရှေ့နေနှင့် တရားခံရှေ့နေတို့က ခေါက်တုံ့ခေါက်ပြန် အပြန်အလှန်စစ်မေးကြပြီး စစ်မြေပြင်ထက်မှ မတိုးသာမဆုတ်သာ သရေအခြေအနေမျိုးတွင် ကျရောက်နေကြတော့၏ ။

မန့်ရွှမ်ကျွင်းကား အမျိုးမျိုးသောသက်သေတို့ကို ချပြ၏ ။ မော့ချိုး၏Private Blog မှတစ်ဆင့် လောကျန်းယွင်၏လုပ်ရပ်များက  မော့ချိုး၏ခန္ဓာကိုယ်နှင့်စိတ်ကို မည်သို့အကျိုးသက်ရောက်မှုရှိခဲ့ပုံကို ထောက်ပြလေသည် ။ အချိန်ကာလအားဖြင့် မော့ချိုးတစ်ယောက် လောကျန်းယွင်နှင့်အတူ ကြည်နူးဖွယ်ရာဆက်ဆံရေးတစ်ခုတည်ဆောက်ခဲ့သည့်အချိန်မှစ မိမိကိုယ်ကိုသတ်သေရန်ကြိုးပမ်းသည့်အချိန်အထိ ။

"နှစ်လအတွင်းမှာ မော့ချိုးက လောကျန်းယွင်ဆီကနေ ရုပ်ပိုင်းဆိုင်ရာလိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ် ၊ ပြီးတော့ အဲ့လိုကိစ္စတွေမှာလည်း မှတ်တမ်းယူထားတာက ဆယ်ကြိမ်ထက်မနည်းဘူး ၊ သူ့မှာနောက်ဆုံးသွားစရာနေရာဆိုလို့ သူ့ရဲ့အွန်လိုင်းBlogပဲရှိတော့တယ် ၊ ပြောရရင် သူကလွဲပြီး ဘယ်သူမှရှာဖွေမတွေ့နိုင်တဲ့နေရာတစ်ခုပေါ့ "

မန့်ရွှမ်ကျွင်းက စာသားတစ်ချို့ကိုကောက်ယူကာ စတင်ဖတ်ရှုတော့၏ ။

"ကျွန်တော် အရမ်းကြောက်တယ် ၊ ရုတ်တရက်ကြီး သူကကျွန်တော်မမှတ်မိနိုင်တော့တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ် ၊ ကျွန်တော်ဘာလုပ်သင့်လဲ ? ဘယ်သူမှလည်း မကူညီနိုင်ကြဘူး ၊ ယိုယွင်းပျက်စီးသွားတော့မယ်လို့ ခံစားနေရတယ် ၊ အရမ်းနာကျင်တယ် ၊ သူ့ဆီကနေလွတ်မြောက်အောင် ကျွန်တော်ဘာလုပ်ဖို့လိုအပ်လဲ ? "

လောကျန်းယွင်၏မျက်နှာအမူအရာကား  နောင်တရခြင်းအရိပ်အရောင်တို့ကင်းမဲ့လျက် ၊ တရားစွဲဆိုခံရသူဘက်ခြမ်းရှိ ခုံတန်းရှည်တွင်ထိုင်လျက် အမှုမထားသလိုပင်  သေချာပြင်ဆင်ထားသော လက်ချောင်းနှင့်လက်သည်းတို့ကိုသာ ကြည့်ရှူနေခဲ့၏ ။

မန့်ရွှမ်ကျွင်းက ဖိုင်တစ်ခုကိုလေထဲကိုင်မြှောက်ပြလာ၏ ။

"ကျွန်မအခု ကျွမ်းကျင်သူတစ်ယောက်ရဲ့ထင်မြင်ချက်ကို သက်သေအဖြစ်တင်ပြချင်ပါတယ် ၊ ကျွန်မလက်ထဲမှာရှိနေတာဟာ စိတ်ပညာကျွမ်းကျင်သူတစ်ယောက်ရဲ့ ​ပြောဆိုထားမှုဖြစ်ပါတယ် ၊ မော့ချိုးအနေနဲ့ စိတ်ကျရောဂါဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရပြီးတော့ ရေရှည်စိတ်ရောဂါကုထုံးတွေလိုအပ်တယ်လို့ဆိုထားပါတယ် "

ထိုအချိန်မှာပင် နောက်ဆုံးတန်းတွင်ထိုင်နေသောလူထုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က မတ်တပ်ရပ်ကာ လူအများကြားဖြတ်လျှောက်သွားလေသည် ။ လုဖုန်းလှမ်းကြည့်လိုက်သောအခါ တခြားသူမဟုတ်ဘဲ လုဖုန်းမြင်တွေ့ခဲ့ပြီးဖြစ်သော အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီးဖြစ်နေတော့၏ ။ ခေါင်းကိုငုံ့လျက် တရားရုံးထဲမှထွက်ခွာသွားသူထိုအမျိုးသမီး၏ မျက်နှာအသွင်အပြင်ကား ဆံနွယ်ရှည်များဖြင့် ကားဆီးနေခဲ့၏ ။

ယခုတစ်ယောက်ကြားနာခြင်းကား နှစ်နာရီခန့်မျှကြာမြင့်ပေသည် ။ ယခင်အကြိမ်ကဲ့သို့ပင် တရားရုံးထဲမှ လောကျန်းယွင်ထွက်လာသည်နှင့်တစ်ပြိုင်နက် သတင်းမီဒီယာများ၏ စုပြုံတိုးဝှေ့ခြင်းကိုခံရတော့၏ ။

နောက်တစ်ကြိမ်ကြားနာစစ်ဆေးမှုမှာ နောက်ငါးရက်အကြာတွင်စတင်မည် ။ မန့်ရွှမ်ကျွင်းကား ၎င်းအတွက် အရမ်းကြီးစိုးရိမ်ပူပန်နေခြင်းမျိုးမရှိ ။ တိုက်ပွဲစတင်ရုံသာရှိသေးသည် ။ အဆုံးသတ်တွင် လုဖုန်းတို့ဘက်က နိုင်မည်ဟူ၍ ရှုမြင်သုံးသပ်ချက်ကလည်း ဖြစ်နိုင်ချေရှိပေ၏။

မန့်ရွှမ်ကျွင်း၏ 'အနိုင်ရခြင်း'ဟူသောအရာအပေါ်ထားရှိသော ထင်မြင်ချင်နှင့် လုဖုန်းနားလည်လက်ခံထားပုံတို့ကွာခြားလိမ့်မည်ဟု လုဖုန်းအမြဲတွေးခဲ့ဖူးသည် ။ ခုံသမာဓိအဖွဲ့ဝင်များမှ လောကျန်းယွင်အား အပြစ်ရှိသည်ဟုမြင်လျှင်ပင် တရားလိုရှေ့နေတစ်ယောက်၏အလုပ်နှင့်တာဝန်မှာ အပြည့်အဝပြီးဆုံးသွားပြီဖြစ်သည် ။ သို့သော် လောကျန်းယွင်ကို ဆိုင်းငံ့ပြစ်ဒဏ်သာချမှတ်လိုက်ပါလျှင် ထိုအရာက လောကျန်းယွင်ကို အနည်းငယ်မျှပင် အနှောင့်အယှက်ဖြစ်စေနိုင်မည်မဟုတ် ။ လုဖုန်းအတွက်မူ ထိုအရာသည် ပြီးပြည့်စုံကောင်းမွန်သော 'အနိုင်ရခြင်း'မျိုးမဖြစ်လာနိုင်ပေ ။

အစပထမ ဤကိစ္စတွင် သူကိုယ်တိုင်ဝင်ပါခဲ့ရခြင်းမှာ တရားဥပဒေကိုပြန်လည်ယူဆောင်လာရန်ဆိုသည်ထက် ရှန့်မင်အော်နှင့်ပြိုင်ဆိုင်မှုကြောင့်ဆိုလျှင် ပိုမှန်ပေလိမ့်မည် ။ သို့သော် ယခုကားမတူတော့ပြီ ။ အဆုံးတွင် လောကျန်းယွင်ပြစ်ဒဏ်မခံရလျှင် လုဖုန်း သေလောက်အောင် ခံပြင်းရလိမ့်မည် ။

"ဟော့ပေါ့သွားစားရအောင် ၊ အဲ့ဒီဆန်ကုန်မြေလေးကောင်ရဲ့အနံ့တွေပျောက်အောင်လို့ "

ရိတကျွမ့်က တရားရုံးထဲမှထွက်လာသော မော့ချိုးကိုလှမ်းခေါ်ကာ လုဖုန်း၏ပုခုံးများထက် လက်ကိုတင်လျက်ပြောလာခဲ့သည် ။

"ဆန်ကုန်မြေလေးကောင်ရဲ့အနံ့တွေ ? " လုဖုန်းက ပြန်မေးလိုက်ခြင်း ။

"ကျွန်တော်တို့ အဲ့ဆန်ကုန်မြေလေး လောကျန်းယွင်နဲ့အတူ အခန်းတစ်ခန်းထဲမှာ အကြာကြီးနေခဲ့တာ သူ့ရဲ့ရွံစရာကောင်းတဲ့အနံ့အသက်တွေ ကျွန်တော်တို့ကိုယ်မှာစွဲနေလောက်ရောပေါ့ ၊ ကျွန်တော် စန်းကောနဲ့ရှောင်ရှဲကို အရင်သွားပြီး ခုံယူထားဖို့ပြောထားပြီးပြီ ၊ ကျွန်တော်တို့ဆိုင်ကို တစ်ခါတည်း တန်းသွားလို့ရတယ် "

မော့ချိုးကိုကြည့်ရသည်မှာ သိပ်၍သက်တောင့်သက်သာရှိပုံမရ ။ မော့ချိုးကား အပေါင်းအသင်းဝင်ဆံ့လှသောလူမျိုးမဟုတ်မှန်း လုဖုန်းသိထားပြီဖြစ်လေရာ မရင်းနှီးလှသောလူတစ်စုနှင့်အတူ မုန့်ထွက်စားဖို့ခေါ်ခြင်းမျိုးက ကြီးမားသောတောင်းဆိုမှုတစ်ခုလိုပင် ။

ရိုးရိုးသားသားဆိုရလျှင် လုဖုန်း၌လည်း မော့ချိုးအား ပြောစရာစကားများများစားစားမရှိလှ ။ နောက်ဆုံးတွင် သူတို့၏စကားဝိုင်းထဲမှ မော့ချိုးအားချန်ရစ်ထားသကဲ့သို့ဖြစ်နေပေလိမ့်မည် ။ ထိူ့ကြောင့် အစကတည်းက သူတို့နှင့်အတူလိုက်ခဲ့ရန် အတင်းအကျပ်မခေါ်သည်က ပိုကောင်းမည်ဟု လုဖုန်းတွေးနေမိသည် ။

သို့ဖြစ်ရာ မော့ချိုးအား မလိုက်ချင်လျှင် အတင်းအကြပ်လိုက်ခဲ့ဖို့မလိုကြောင်း ယင်းအစား အိမ်ကိုပြန်ကာအနားယူနိုင်ကြောင်း လုဖုန်းပြောလိုက်၏ ။

မော့ချိုးပုံကိုကြည့်ရသည်မှာ သေဒဏ်မှကင်းလွတ်သွားသူတစ်ယောက်နှယ် ။ သို့သည့်တိုင် ယဥ်ယဥ်ကျေးကျေးစကားပြန်ရင်းနှင့်ပင်သူ၏မျက်နှာအမူအရာကို ဖုံးကွယ်ဖို့ရာ ကြိုးစားနေသေးသည် ။

"တောင်းပန်ပါတယ် ၊ ငါဒီနေ့ နည်းနည်းပင်ပန်းနေလို့ နောက်တစ်ခါနောက်တစ်ခါကျရင် အကုန်လုံးနဲ့လိုက်ခဲ့ပါ့မယ် "

မော့ချိုးကား လုဖုန်းတို့ကိုနှုတ်ဆက်စကားဆိုပြီးနောက် အခြားတစ်ဘက်သို့လှည့်ကာ ထွက်ခွာဖို့ပြင်သည် ။ သို့သော်အရာမမြောက်လိုက် ။ မော့ချိုးခြေတစ်လှမ်းလှမ်းပြီးနောက်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြက်သေသေသကဲ့သို့ တောင့်မတ်သွားခဲ့ပြီး ခြေလှမ်းတို့သည်ပင် နောက်သို့ပြန်ဆုတ်နေသယောင် ။

လုဖုန်း မော့ချိုးကြည့်နေရာနေရာကို တစ်ချက်လှမ်းကြည့်လိုက်သည် ။ တရားရုံးထဲမှထွက်ခွာလာသော ရှန့်မင်အော် ။ သူ့နောက်တွင် ဝူရိကလည်းတစ်ပါတည်းလိုက်ပါလာခဲ့၏ ။

တရားရုံးတွင်၌ လူများလွန်းသဖြင့် ပိတ်လှောင်မွန်းကြပ်ခဲ့ပုံရသည် ။ ရှန့်မင်အော်က အပေါ်အင်္ကျီကိုချွတ်ကာ တံတောင်ဆစ်ကွေးထက်တွင်သာ ချိတ်တင်ထားခဲ့၏ ။ ဝတ်ဆင်ထားသော ခဲပြာရောင်ရှပ်အင်္ကျီကလည်း သန့်ရှင်းသပ်ရပ်စွာ ပေါ်လွင်နေလျက် ။ အပေါ်မှအောက်သည့်တိုင် ကြယ်သီးတိုင်းကိုသေသေချာချာတပ်ဆင်ထားခဲ့ပြီး ခေါင်းနှင့်လက်မှလွဲ၍ တခြားနေရာမှ အသားအရေကို တစ်လက်မတောင်မှမမြင်ရချေ ။

လုဖုန်းအားမြင်သွားသောဝူရိက နှုတ်ဆက်သည့်သဘောဖြင့် လက်ဝှေ့ယမ်းပြလာခဲ့၏ ။ ရှန့်မင်အော်ကား ဝူရိ၏လုပ်ရပ်ကို လုံးဝဥဿုံလျစ်လျှူရှုထားခဲ့ပြီး အကြည့်တို့ကမယိမ်းယိုင်စွာ လုဖုန်းရှိရာဘက်သို့ တစ်ချက်ကြည့်လာခဲ့ခြင်းပင်မရှိ ။

"အကိုဖြစ်သူကိုခေါ်ပြီး အတူသွားကြရင်ရောဘယ်လိုလဲ ? "
လုဖုန်း၏ပုခုံးကို တံတောင်ဖြင့်တို့ကာမေးလာခဲ့သော ရိတကျွမ့် ။

လုဖုန်း ရိတကျွမ့်အား တခြားကမ္ဘာမှလာသောဂြိုလ်မျိုးစိတ်တစ်ခုနှယ်ကြည့်လိုက်ပြီး

"မင်းရူးနေလား ? "

ရှန့်မင်အော်အား သူတို့နှင့်အတူဟော့ပေါ့လိုက်စားရန် သွားခေါ်ခဲ့ပါလျှင် လုဖုန်းအားသူ့မြင်ကွင်းထဲမှ ချက်ချင်းထွက်သွားရန်ပြောလာမည့်အရေးက ကိုးဆယ်ရာခိုင်နှုန်းလောက်သေချာသည် ။ ရိုးရိုးသားသားပြောရလျှင် ဝတ်စုံအပြည့် ၊ သင့်တင့်ကောင်းမွန်သော သားရေရှူးဖိနပ်ဝတ်ဆင်ထားသော ရှန့်မင်အော်တစ်ယောက် အများသူငှာနှင့်အတူ ဟော့ပေါ့ထိုင်စားနေပုံကို ပုံဖော်ကြည့်ဖို့ရန် လုဖုန်းအတွက်ခက်ခဲလွန်းလှသည် ။ တစ်ချိန်လုံးအသောက်အစားအပျော်အပါးကိုရှောင်ကြဥ်ထိန်းသိမ်းလာသူတစ်ယောက်နှယ် မျက်နှာအမူအရာမျိုးကလည်း တစ်ခုအပါအဝင်ပေ ။

ယခုထိတောင်မှ ဟိုကိစ္စကိုလုပ်နေခဲ့စဥ်အတွင်း ရှန့်မင်အော်တစ်ယောက် မည်သို့မည်ပုံဖြစ်နေမည်ကို လုဖုန်းပုံဖော်ကြည့်၍မရနိုင်သေး ။

ထိုကဲ့သို့သောအရာမျိုးက ကိုယ်တိုင်မျက်မြင်,မြင်တွေ့ခဲ့ရသည်မျိုးမဟုတ်လျှင် လုဖုန်း၏ညံ့ဖျင်းလှသော စိတ်ကူးပုံဖော်နိုင်စွမ်းမျိုးနှင့် တွေးမြင်မကြည့်နိုင် ။

ရိတကျွမ့်ကား သူ့နှာခေါင်းသူတို့ထိကာ ရယ်သွမ်းသွေးရင်း ပြောလာခဲ့၏ ။

"အဲ့ဒါဆို ကျွန်တော်သူ့ဆီကိုသွားပြီး စကားနှစ်လုံးပဲပြောခဲ့မယ် ၊ ကျွန်တော့်ကိုဒီမှာစောင့်နေ အိုခေ"

ရိကကျွမ့်ကား လုဖုန်း၏တုံ့ပြန်မှုကိုပင်မစောင့် ၊ ပြောပြီးပြီးချင်းပင် ရှန့်မင်အော်ရှိရာသို့ လှစ်ခနဲဦးတည်ပြေးသွားတော့သည် ။

လုဖုန်း အဝေးမှမြင်နေရသည် ။ ရိတကျွမ့်တစ်ယောက် ရှန့်မင်အော်နား ချဥ်းကပ်ရင်း မျက်နှာချိုသွေးလျက် ဖုန်းကိုထုတ်ယူလိုက်၏ ။ ရှန့်မင်အော်နှင့်အဆက်အသွယ်လုပ်ရန် နံပါတ်အချက်အလက်တို့တောင်းခံနေပုံပင် ။
ရှန့်မင်အော်ကား ရိတကျွမ့်ကိုလက်ခံစကားပြောပုံမရ ၊ ထိုအစား ခေါင်းကိုနောက်ဘက်လှည့်ကာ ဝူရိကို စကားပြောနေသည်ကိုသာတွေ့ရ၏ ။ ထို့နောက်တွင်မူ ဝူရိက သူ့အိတ်ကပ်ထဲမှ လိပ်စာကဒ်တစ်ခုကိုထုတ်ကာ ရိတကျွမ့်ဆီပေးလာခဲ့ပါ၏ ။

ရိတကျွမ့်မှာ လိပ်စာကဒ်ကိုလက်ခံရင်းပင် အစွမ်းကုန်ပြုံးထားလျက် ရှန့်မင်အော်ကို အခါခါခေါင်းညိတ်ပြကာ ဝူရိနှင့်ရှန့်မင်အော်တို့ထွက်သွားသည်ကို ကြည့်နေခဲ့လေသည် ။

"မင်း ဘာလုပ်နေတာလဲ ? "

ရွှင်ပျသောမျက်နှာအမူအရာဖြင့် သူရှိရာဘက်ပြန်ပြေးလာသော ရိတကျွမ့်ကိုကြည့်ကာ လုဖုန်းက လှမ်းစ၏ ။

"မင်း ဝူရိ ဒါမှမဟုတ် ငါ့အကိုအပေါ် ခံစားချက်တွေရှိနေတာလား ?"

"ကျွန်တော်က ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? အခုက အမှုကိစ္စကြောင့်သက်သက်ပဲ ၊ ရှေ့နေရှန့်က ဒီနယ်ပယ်မှာပရော်ဖက်ရှင်နယ်မို့လို့ သူ့အထင်အမြင်ကိုမေးကြည့်ချင်ရုံပဲ ၊ နာမည်မရှိတဲ့သတင်းသမားပေါက်စဖြစ်ရတာ အရမ်းခက်ခဲတယ် ၊ စားပွဲပေါ်စားစရာရောက်ဖို့တောင် မနည်းရုန်းကန်နေရတာ "

ရိတကျွမ့်က သက်ပြင်းချ၏ ၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းလက္ခဏာကား သူ့အသံတွင် အထင်းသားပါဝင်နေလျက် ။

"အနုပညာအသိုင်းအဝိုင်းထဲမှာ အလုပ်လုပ်လာခဲ့တဲ့ကျွန်တော်က တစ်နေ့မှာတရားရုံးအမှုတစ်ခုနောက်လိုက်နေရပြီး အဲ့ကိစ္စထဲပတ်သက်နေတဲ့လူအားလုံးကို နောက်ယောင်ခံနေရလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ၊ ဘဝက တကယ်ပဲခက်ခဲလိုက်တာ "

ပွက်လောရိုက်စေသော ၊ လူထု၏အာရုံစိုက်မှုကိုအရယူထားနိုင်သော ဖြစ်စဥ်များအတွက် သတင်းဋ္ဌာနများအားလုံး အပြိုင်အဆိုင်သတင်းယူရခြင်းမှာ မလွှဲမရှောင်နိုင်သောကိစ္စတစ်ခုပင် ။ သတင်းအစီအရင်များအားလုံး အတူတူနီးပါးဖြစ်နေချိန်တွင် တစ်ယောက်ကိုတစ်ယောက်ကျော်တက်နိုင်ရန် သတင်းသမားများမှာ ရှိသမျှပရိယာယ် ရှိသမျှအဆက်အသွယ်တို့ကို ထုတ်သုံးရတော့၏ ။

ဖြစ်စဥ်ဖြစ်ပွားခဲ့သောနေရာအပြင်ဘက်တွင် စတည်းချ၍စောင့်ကြည့်ခြင်းဟူသော အရာမျိုးမှာ လူတိုင်းမျှော်လင့်ထားပြီးသော အခြေခံကျသော သာမန်လှုပ်ရှားမှုမျိုးသာ ။ သို့သော် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ ဝေဖန်ပိုင်းခြားချက်မျိုးပါဝင်သောဆောင်းပါးတစ်ပုဒ်ကား သိသာထင်ရှား၍အရာရောက်မည်မှာဧကန်ပင် ။

အစပထမ ရိတကျွမ့်၏ကုမ္ပဏီသည် အတင်းအဖျင်းရေးသည့်မဂ္ဂဇင်းစာစောင်မျိုးမဟုတ် ။ နာမည်ကြီးသူများနောက်တကောက်ကောက်လိုက်ကာသတင်းယူတတ်သောပါပါရာဇီများ၏ရည်ရွယ်ချက်ကား စာဖတ်သူများအနေဖြင့် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်ပင် ။ တစ်ချိန်တည်းမှာပင် ကုမ္ပဏီအနေနှင့်လည်း နာမည်ကြီးသတင်းများအပေါ် လူစိတ်ဝင်စားမှုကို အခွင့်ကောင်းယူကာ အမြတ်ထုတ်နိုင်သေး၏ ။

ယခင်ထုတ်ဝေခဲ့ပြီးသော သတင်းဆောင်းပါးများအားလုံးကား ရောင်းကောင်းရန်သာရည်ရွယ်၍ ရသမျှသတင်းအချက်အလက်တို့ကို ဇာတ်လမ်းပမာချဲ့ကားဖန်တီးထားကြခြင်းမျိုးသာ ။ ဤကဲ့သို့ ချဥ်းကပ်ရေးသားနည်းမျိုးကိုလည်း လောကျန်းယွင်၏ပရိတ်သတ်များက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြ၏ ။

သို့သော် ရိတကျွမ့်၏နောက်ဆုံးထွက် သတင်းဆောင်းပါးများမှာ မတူကွဲပြားနေခဲ့၏ ။ အဖြစ်အပျက်ဖြစ်စဥ်၏အချိန်ကာလကို အသေအချာရှင်းရှင်းလင်းလင်း ဖော်ပြထားရုံသာမက ယခင်ရုံးချိန်းတွင် တရားလိုဘက်နှင့်တရားခံဘက်အပြိုင်အဆိုင်အဆိုပြုကြသည့်အရာများကိုပါ ထည့်သွင်းဖော်ပြထား၏ ။ ထိုမျှမကသေး ။ စိတ်ကြီးဝင်ဟန် အထက်စီးဆန်ဟန်အပြည့်နေရာယူထားသော မျက်နှာအမူအရာမျိုးဖြင့် ခုံတန်းရှည်ပေါ်ထိုင်နေသည့် လောကျန်းယွင်၏ခဲခြစ်ပုံကြမ်းပါ ပါဝင်သည်  ။ ထို့ပြင် စာရေးနည်းစာရေးဟန်ကလည်း ယခင်အဆင့်နိမ့်သတင်းဆောင်းပါးမျှနှင့် အလွန့်အလွန်ကွဲပြားခြားနားနေ၏ ။

ထိုသတင်းဆောင်းပါးမှာ အချကိအလက်များနှင့် ပြည့်စုံနှံ့စပ်နေသည့်တိုင် လောကျန်းယွင်၏ပရိတ်သတ်များက ဆောင်းပါးနာမည်ကြီးခြင်း အရောင်းသွက်ခြင်းရပ်တန့်အောင်ကြိုးစားကြ၏ ။

"ရှေ့နေတစ်ယောက်က ဒီလိုမျိုးကောက်ချက်ချပါတယ် ၊ ဒုတိ​ယမြောက်သားကောင် တစ်နည်းအားဖြင့် ခံရသူထွက်ပေါ်လာခြင်းက တရားလိုဘက်ကို ဘယ်လိုမျိုးအကျိုးကျေးဇူးမှဖြစ်ပေါ်စေမှာမဟုတ်ဘူး ၊ အဲ့ဒီအစား ပထမခံရသူအပေါ်ထားတဲ့ ခုံသမာဓိအဖွဲ့ ရဲ့ယုံကြည်မှုကိုတောင် ထိခိုက်စေလိမ့်မယ် ၊ ပြီးတော့ တရားခံဘက်ကို ပိုပြီးရွေးချယ်ခွင့်တွေ အလားအလာတွေ ပေးလိုက်သလိုပဲ ၊ ကျစ် ဒီရှေ့နေရဲ့သုံးသပ်ချက်က ဘာလို့ရင်းနှီးသလိုခံစားနေရပါလိမ့်... "

လုဖုန်း ကွန်ပျူတာရှေ့ထိုင်ကာ ပါးစပ်၌စီးကရက်ကိုခဲလျက် ဆောင်းပါးကိုဆက်ဖတ်မည်ပြုသည် ။

အမှုကိစ္စများတွင်ပါဝင်သော တရားလိုရှေ့နေ ၊ တရားခံရှေ့နေ ၊ တရားသူကြီးတို့ကိုသာ အာရုံစိုက်သည့် တခြားသောသတင်းများနှင့်မတူညီစွာ ရိတကျွမ့်၏ဆောင်းပါးကမူ အနုပညာနယ်ပယ်အကြောင်းဗဟုသုတများများစားစားမရှိသူ ပြည်သူလူထုအတွက်ပင် အဆင်ပြေလှ၏ ။ လောကျန်းယွင်၏မွေးဖွားချိန်မှစ ကလေးဘဝ ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို မည်ကဲ့သို့စတင်ခဲ့ပုံတို့ကိုပါ ဖော်ပြထားသေးသည် ။

လောကျန်းယွင်ကား အခြေခိုင်သောမိသားစုမှ လာခဲ့သူဖြစ်ပြီး သူ၏ဘိုးဘေးဘီဘင်တို့မှာ အစဥ်အဆက်ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်လာသူများပင် ။ အမေဖြစ်သူနှင့် ဦးလေးဖြစ်သူနှစ်ယောက်စလုံးမှာ သံတမန်များဖြစ်ကြပြီး လွန်ခဲ့သော၅နှစ် လောကျန်းယွင်အနုပညာလောကသို့ဝင်ရောက်သည့်အချိန်မှစ သူ၏အနုပညာလမ်းကြောင်းကား ချောချောမွေ့မွေ့သာ ။

ချောမောလှသောရုပ်ရည် ဘဝင်ခိုက်စရာကောင်းသောသရုပ်ဆောင်ချက်မှလွဲ၍ သူ၏အောင်မြင်မှုမှာ နောက်ခံအသိုင်းအဝိုင်းကြောင့်ဟုမှတ်ယူနိုင်ပေသည် ။ အဆိုးဝါးဆုံးအခြေအနေမှာပင်လျှင် လောကျန်းယွင်၌လုပ်စရာဟူ၍ အနုပညာလောကမှစွန့်ခွာကာ အိမ်ပြန်ပြီးအမွေဆက်ခံလိုက်ရုံပင် ။ ထို့နောက် ချမ်းသာကြွယ်ဝသောအမွေဆက်ခံသူအဖြစ် ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းရင်း မကောင်းမှုလုပ်ရပ်တို့ကို  ဆက်လုပ်ပေလိမ့်မည် ။

လုဖုန်းရှုံးနိမ့်နိုင်ကိန်းကြုံရလိမ့်မည်ဟု ရှန့်မင်အော်ကောက်ချက်ချခဲ့ခြင်းကို သူမအံ့သြတော့ ။

ပမာဏအနည်းငယ်ရှိလှသောတရားမျှတမူအတွက် အပြန်အလှန်အနေဖြင့် တန်ဖိုးကြီးကြီးမားမားပေးဆပ်နေရခြင်း ။ အဆုံးသောဘဝတွင် လောကျန်းယွင်၌စွန်းထင်ကျန်သောအမှတ်လက္ခဏာသည် လက်သည်းခွံအောက်ခြေရှိ အဖြူရောင်လခြမ်းကွေးသဏ္ဍာန်နှင့်ပင် နှိုင်းယှဥ်၍မစွမ်းသာပေ ။

တတိယမြောက်ကြားနာစစ်ဆေးမည့်ရက် ။ ရှန့်မင်အော်က ယခင်မူလနေရာတွင်ထိုင်နေခဲ့ပြီး ရိတကျွမ့်ကလည်း ထိုနည်း၎င်းပင် ၊ သို့သော် ဝူရိကတော့ ကြားနာခြင်းသို့မတက်ရောက်ခဲ့ ။
လုဖုန်း လူထုပရိသတ်ထိုင်နေရာနောက်ဆုံးတန်းဆီသို့တစ်ချက်ဝေ့ကြည့်မိသည် ။ ယခင်ကြားနားစစ်ဆေးမှုများတွင်တက်ရောက်ခဲ့သောအနက်ရောင်ဝတ်စုံနှငိ့အမျိုးသမီးမှာ အခုထိမရောက်သေးကြောင်းတွေ့လိုက်ရ၏ ။

ယခင်အခေါက်က လုဖုန်း၏ထွက်ဆိုချက်များမှန်မမှန်အပေါ်   ဝမ်ရှန်း၏အရှိန်မြင့်လာသောမေးခွန်းများကြောင့် မန့်ရွှမ်ကျွင်း၌ရွေးချယ်စရာမရှိတော့ဘဲ တုံ့ပြန်တိုက်ခိုက်မှုတစ်ခုစတင်ရန် ပြင်ဆင်ရတော့သည် ။ လုဖုန်း ချင်းဝမ်ထောင်တွင် ပြစ်ဒဏ်ကျခံနေစဥ်အခါက ကြီးကြပ်ခဲ့သော ထောင်ကြီးကြပ်ရေးမှူးတစ်ယောက်ကို မန့်ရွှမ်ကျွင်းက ဆင့်ခေါ်ခဲ့၏ ။

ထောင်မှထွက်ခွာလာသည့်နေ့၌ လောင်ဟွမ်နှင့်နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ဖြစ်လိမ့်မည်မဟုတ်ဟု လုဖုန်းထင်ခဲ့ဖူးသည် ။ မည်သူက ထင်အံ့မည်နည်း ? တစ်နှစ်မပြည့်သေးသောအချိန်ကာလတွင် လုဖုန်း လောင်ဟွမ်နှင့်ပြန်လည်ဆုံတွေ့ရသည် ။ တရားရုံးအတွင်း ကိုးရိုးကားရားနိုင်လှသော အခင်းအကျင်းမျိုးပင် ။

"လုဖုန်းက ရိုးသားတဲ့လူတစ်ယောက်လို့ ထင်ပါသလား ? "

"ဟုတ်ကဲ့ "

"လုဖုန်းကို ဘယ်လိုမြင်သလဲဆိုတာ ထပ်ပြောပေးလို့ရမလား ? "

လောင်ဟွမ်က ပုခုံးတစ်ချက်တွန့်ပြီးနောက် ဆက်ပြောလာခဲ့၏ ။

"သူက နှလုံးသားနူးညံ့တဲ့လူမျိုး ၊ ဒါပေမဲ့ အဲ့ဒါကို သူဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး ၊ ပြီးတော့ သူအမြဲတမ်းတခြားသူကို ကူညီချင်စိတ်ရှိတယ်ဆိုတာရောပဲ ၊ ဒါပေမဲ့ အခန်းနံပါတ်၆၇က ဒီကလေးက တခြားကောက်ကျစ်ယုတ်မာတဲ့ရာဇဝတ်သားတွေနဲ့မတူဘူးဆိုတာတော့ လူတိုင်းသိတယ် "

လုဖုန်း တရားလိုဘက်ခြမ်းရှိ ခုံတန်းရှည်ပေါ်ထိုင်နေရင်းပင် လောင်ဟွမ်၏မှတ်ချက်စကားများကြောင့် မျက်နှာပူလာသလိုပင် ။ လောင်ဟွမ်က သူ့ကိုအမြင်ကြည်သည် နှစ်သက်သည်ဆိုသည်ကိုတော့ လုဖုန်းသိသည် ။ သို့သော် ဤကဲ့သို့ထင်မြင်ချက်မျိုးရှိနေလိမ့်မည်ဟု လုဖုန်းမတွေးဖူးခဲ့ ။

မန့်ရွှမ်ကျွင်းကဆက်ပြော၏ ။

"လုဖုန်းက သူ့ရဲ့ရိုးသားတဲ့အတွေးအမြင်တွေကနေ ရှောင်ပြေးတွန့်ဆုတ်မယ့်သူမျိုးမဟုတ်ပါဘူး ၊ အဲ့ဒီအရာကပဲ သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ လူ့ကျင်ဝတ်သိက္ခာကို မီးမောင်းထိုးပြနေပါတယ် ၊ ပြီးတော့ အလိမ်အညာတွေ လှည့်ဖျားမှုတွေကိုသုံးပြီး ပန်းတိုင်ဖြစ်မြောက်အောင် လုပ်မယ့်လူစားမျိုးလည်းမဟုတ်ပါဘူး ၊ ခုံသမာဓိအဖွဲ့ဝင်များအနေနဲ့ လူအများကြားပြသတဲ့သဏ္ဍာန်နဲ့ တစ်ယောက်တည်းရှိတဲ့အခါသူတို့ကိုယ်သူတို့ခံယူထားတဲ့သဏ္ဍာန်အကြား ကွာခြားမှုတွေရှိတာကို နားလည်နိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် ၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ဘက်မလိုက်ဖို့ ပမထုတ်ဖို့လည်း တောင်းဆိုချင်ပါတယ် ၊ ပြီးတော့ လုဖုန်းဘက်ကတင်သွင်းလာတဲ့ မျက်မြင်သက်သေထွက်ဆိုချက်ကိုရောပေါ့ ၊ ကျေးဇူးတင်ပါတယ် "

မေးခွန်းမေးရန် အလှည့်ကျသောဝမ်ရှန်းက မတ်တပ်ထရပ်လိုက်ကာ အင်္ကျီကော်လံကို အနေအထားကျအောင်ပြုပြင်လိုက်သည် ။

"မစ္စတာဟွမ်အနေနဲ့ ထောင်ကြီးကြပ်ရေးမှူးလုပ်ခဲ့တာ ဘယ်နှနှစ်ရှိပါပြီလဲ ?"

"အနှစ်နှစ်ဆယ်ပါ "

"ပြီးတော့ လုဖုန်းကိုရော ဘယ်နှနှစ်လောက်ကြီးကြပ်ခဲ့ရပါသလဲ ?"

"ရှစ်နှစ်ပါ ၊ သူ့အသက်၁၈အရွယ်ကနေစပြီးတော့ "
"လုဖုန်း ဘယ်လိုကြီးပြင်းလာသလဲကိုမြင်တွေ့ခဲ့ရတာဆိုတော့ မစ္စတာဟွမ်အနေနဲ့ သူ့အပေါ်အတော်ဂရုဏာသက်မိမှာပဲ "

"ဒါပေမဲ့ ကျွန်တော်အနေနဲ့ ပုဂ္ဂိုလ်ရေးနဲ့အများသူငှာကိစ္စကို ခံစားချက်တွေထည့်မတွက်ဘဲ ကွဲကွဲပြားပြား ခွဲခြားနိုင်တုန်းပါပဲ "

ဝမ်ရှန်းကား ရိုးရှင်းသာမေးခွန်းများနှင့်ပင်အစပြု၏ ။ သို့သော် သူ၏အစွယ်တို့ကို ဖြည်းဖြည်းချင်းလှစ်ဟပြရန်ရည်ရွယ်ချက်ဖြင့် မေးခွန်းများကိုလည်း ဖြည်းညင်းစွာအရှိန်တင်၏ ။

"လုဖုန်းအနေနဲ့ ပြစ်ဒဏ်ကျခံနေတုန်းမှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခံရဖူးတာများရှိပါသလား ?"

လောင်ဟွမ်က ခေတ္တမျှစဥ်းစားပြီးနောက် အဖြေပေးလာ၏ ။

"ရှိခဲ့ဖူးပါတယ် "

ဝမ်ရှန်း၏အမူအရာကား သွေးနံ့ကိုခြေရာခံမိသည့် ငါးမန်းတစ်ကောင်နှယ်ပြောင်းလဲသွားခဲ့၏ ။ ကြည့်ရသည်မှာ ပို၍စိတ်လှုပ်ရှားလာနေဟန် ။ ပြိုင်ဘက်ကင်းရှေ့နေတစ်ယောက်ဖြစ်သောဝမ်ရှန်းအနေဖြင့် မည်သို့သောအခွင့်အရေးမျိုးကိုမှ လက်လွှတ်လိမ့်မည်မဟုတ်ချေ ။

"အမှားကျူးလွန်မိတဲ့ထောင်သားတွေပဲ တိုက်ပိတ်ခံရတယ်ဆိုတာ မှန်ပါသလား ? "

လောင်ဟွမ်ကား ဤမေးခွန်းကိုမဖြေချင်မှန်းသိသာလှ၏ ။ သို့သော် တရားသူကြီးကလည်း ထိုမေးခွန်းကိုဖြေဖို့ရန် စတင်တွန်းအားပေးလာချေပြီ ။

"မျက်မြင်သက်သေ ၊ ဒီမေးခွန်းကိုဖြေရပါမယ်"

အခြားရွေးချယ်စရာလမ်းမကျန်တော့သော လောင်ဟွမ်မှာ နောက်ဆုံးတွင် ခေါင်းညိတ်အဖြေပေးလိုက်ဖို့ရန်သာ တတ်နိုင်တော့သည် ။

"ဟုတ်ပါတယ်"

ဝမ်ရှန်းမျက်နှာထက် ကျေနပ်ဟန်အပြုံးတစ်ခုထွက်ပေါ်လာ၏ ။ လက်ရှိအခြေအနေမှာ တရားခံဘက်ကအားသာနေသည်ဟု ဆိုနိုင်သောကြောင့်ပင် ။ သို့သော် သူက မေးခွန်းမေးခြင်းကို ရပ်လိုက်ခြင်းမရှိ ။

"ဘာအတွက် တိုက်ပိတ်ခံခဲ့ရတာပါလဲ ?"

လုဖုန်းတိုက်ပိတ်ခံရသည့်အကြောင်းအရင်းကို ခုံသမာဓိအဖွဲ့လူကြီးများ၏နားဆီသို့ ပေါက်ရောက်စေခဲ့လျှင် ထိုအကြောင်းအရင်းကမည်မျှပင် သေးငယ်နေပါစေ သူ့အနေနှင့်ဇာတ်ကြောင်းပြန်လှန်ကာ လုဖုန်းအားကိုယ်ကျင့်တရားနှင့်နောင်တကင်းမဲ့သူတစ်ယောက်အဖြစ် ပုံသွင်းမည်ဟု ဝမ်ရှန်းကတွေးထားပုံရသည် ။

လောင်ဟွမ်က လက်ချောင်းများကိုယှက်နွယ်ကာ ခုံပေါ်တင်လိုက်၏ ။ သူ၏အသံတွင် စိတ်အနှောင့်အယှက်ဖြစ်ဟန်က ရေးရေးထင်နေလျက်။

"ထောင်သားငါးထောက်က ကောင်လေးတစ်ယောက်ကို ဝိုင်းပြီးမုဒိမ်းကျင့်တာကို ဝင်တားလိုက်လို့ပါ  ၊ အဲ့တုန်းက အဲ့ကောင်လေးက ၁၈နှစ်ပဲရှိသေးတယ် ၊ ပြီးတော့ ထောင်သားအသစ်ပဲ ၊ အဲ့ကိစ္စက လုဖုန်းအပေါ်အပြစ်တင်လို့မရဘူးဆိုပေမဲ့ စည်းမျဥ်းကစည်းမျဥ်းပဲလေ ၊ နောက်ဆုံး အဲ့ကိစ္စမှာပါတဲ့သူအကုန် တိုက်ပိတ်ခံခဲ့ရတာပဲ "

"Wow"

မန့်ရွှမ်ကျွင်းက အသံခပ်တိုးတိုးဖြင့် မှတ်ချက်ပြုသည် ။ ဝမ်ရှန်းပြုလုပ်လိုက်သောအမှားအပေါ် ဝမ်းသာအားရသည်ဆိုလျှင်လည်း မမှား။

"ဘယ်လောက်တောင် ကောင်းလိုက်တဲ့မေးခွန်းလဲ "

လုဖုန်း လူထုပရိတ်သတ်ကြားထိုင်နေသော ရှန့်မင်အော်ကို ကြည့်လိုက်မိ၏ ။ မေးကိုအတန်ငယ်မော့ကာ လက်နှစ်ဖက်လုံး ယှက်သွယ်ပိုက်ထားသော ရှန့်မင်အော်၏မျက်ဝန်းများထဲတွင် မသေချာမှု မနှစ်မြို့မှုတို့ ပြည့်နှက်နေလျက် ။ တေးသွားတို့ဖြင့် လှလှပပကြွကြွရွရွတီးခတ်နေသော သံစုံသီးဝိုင်းတစ်ခုအတွင်း အံံဝင်မကျသောမကိုက်ညီသော အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး တီးခတ်မှုတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင် ။

ဝမ်ရှန်းကလည်း ထိုအရာကိုကောင်းစွာသဘောပေါက်သည် ။ ထိုမေးခွန်းကိုသူမမေးခဲ့သင့် ၊ သို့သော် ကျွံသောစကားပြန်နှုတ်မရသကဲ့သို့ပင် သူ့မေးခွန်းဆီမှ ထိခိုက်နစ်နာမှုသည်ကား တစ်ပတ်ပြန်လည်ခဲ့ပြီးဖြစ်လေသည် ။

ထို့ကြောင့် ဝမ်ရှန်းအနေဖြင့် ဘယ်လိုမှမတတ်နိုင်တော့ဘဲ မှောင်မိုက်မိုက်အမူအရာဖြင့်သာ စစ်ဆေးမေးမြန်းခြင်းကိုဆက်လက်ပြုလုပ်ရတော့၏ ။ သူပြုလုပ်ခဲ့မိသော ခါးသက်သက်အမှားတစ်ခုကို အောင့်သက်သက်ဖြင့်မြိုသိပ်ထားခဲ့ရသည်ကတော့ အမှန်ပင် ။

ကြားနာစစ်ဆေးမှုပြီးသောအခါ လောကျန်းယွင်က maskကိုတပ်ဆင်ကာ မြန်မြန်ထွက်ခွာသွားတော့သည် ။ ရိတကျွမ့်ကား ဓာတ်ပုံရိုက်ရန်အတွက် လောကျန်းယွင်နောက်မှလိုက်ပါသွားခဲ့ပြီး လုဖုန်းနှင့်မော့ချိုးတို့နှစ်ယောက်သားမှာ တရားရုံးမှမထွက်မီ ခေတ္တမျှစောင့်ဆိုင်းနေကြသေးသည် ။ တစ်နည်း လောကျန်းယွင်နှင့် ခပ်ခွာခွာနေနိုင်ရန်ပင် ။

နောက်တစ်ကြိမ် စစ်ဆေးကြားနာမှုကား နောက်ဆုံးရုံးချိန်းပင် ။ လောကျန်းယွင် အပြစ်ရှိမရှိ ထိုရုံးချိန်းတွင် ပေါ်ပေါက်ပေလိမ့်မည် ။

တရားရုံးထဲနောက်ဆုံးကျန်ခဲ့သောလူများထဲမှ ရှန့်မင်အော်ထွက်ခွာတော့မည်ကို  မြင်လိုက်ရချိန် မော့ချိုးကို လုဖုန်းအသိပေးကာ ရှန့်မင်အော်ထံသို့ လှစ်ခနဲပြေးလာခဲ့မိ၏ ။

ရှန့်မင်အော်က သူ့အား မြင်ချင်မည်မဟုတ်ကြောင်း လုဖုန်းသိနေသည့်တိုင် ရှန့်မင်အော်အား နှောင့်ယှက်ချင်နေသည့်စိတ်ကို ဘယ်လိုမှထိန်းမရပေ ။ လုဖုန်း၏နောက်တီးနောက်တောက်အမူအရာများအား ရှန့်မင်အော်က မျက်မှောင်ကျုံ့ခြင်းကိုကြည့်ရခြင်းကသာလျှင် လုဖုန်း၏ထူးခြားလှသောဝါသနာတစ်ခုဖြစ်လာခဲ့သည် ။

"လေးစားရတဲ့ရှေ့နေရှန့်ခင်ဗျာ ၊ ဒီနေ့ကြားနာစစ်ဆေးမှုပြီးတဲ့နောက်မှာ ဒီအမှုဘယ်လိုဖြစ်မလဲဆိုတဲ့ ရှေ့နေရှန့်ရဲ့ထင်မြင်ချက်ကို ပြောင်းလဲမှာလား ?"

မရှိသောမိုက်ခရိုဖုန်းကို ရှိသယောင် လေထဲကိုင်မြှောက်ပြ၍ ရှန့်မင်အော်ရှေ့ထားကာ လုဖုန်းမေးလိုက်ခြင်း ။

ရှန့်မင်အော်က လုဖုန်းဘက်သို့တစ်ချက်စောင်းကြည့်ကာ တွန့်ဆုတ်ခြင်းအလျဥ်းမရှိဘဲ ခြေလှမ်းကျယ်ကျယ်ဖြင့် လှေကားထစ်များပေါ် ဆင်းလျှောက်သွားတော့၏ ။

ထိုအချိန်မှာပင် တရားရုံးအပြင်ဘက်မှ ဆူဆူညံညံအသံတစ်ချို့က ရုတ်ချည်းထွက်ပေါ်လာခဲ့၏။

လုဖုန်း အသံလာရာဘက်ဆီသို့ကြည့်လိုက်မိ၏ ။ လူအုပ်ထဲမှလူအသီးသီး၏မျက်နှာပေါ်တွက် ထိတ်လန့်အံ့သြခြင်းတို့က အထင်းသားပေါ်လွင်နေလျက် ။ မကောင်းသောခံစားချက်တို့က လုဖုန်းရင်ထဲလှိုက်တက်လာပြီးလျှင် လုဖုန်းလှေကားထစ်များမှတစ်ဆင့် အောက်ဆင်းကာမကြည့်ဘဲမနေနိုင်တော့ ။

လူအုပ်ကြားထဲတွင် လှေကားထစ်များပေါ်သို့တက်ရောက်ရန် ယိုင်တိယိုင်တိုင်ဖြင့် အသည်းအသန်ကြိုးစားနေရသော ရိတကျွမ့် ။ လုဖုန်း ဘာမှမစဥ်းစားနိုင်တော့ဘဲ ရိတကျွမ့်ကိုသွားကူရတော့သည် ။

လုဖုန်းရှေ့တွင် တရားရုံးဝန်ထမ်းများထဲမှတစ်ယောက်က အော်ဟစ်နေခဲ့၏ ။

"ကျွန်တော်ပြောတာကိုကြားရလား ? လက်နက်ကိုချလိုက်ပါ !"

အော်ဟစ်ဆူပူသံများက ဆက်တိုက်ထွက်ပေါ်နေခဲ့၏ ။ ထိုအချိန်မှာပင် ထင်းကနဲထွက်ပေါ်လာသော အမျိုးသမီး၏အော်ဟစ်ငိုကြွေးသံ ။ တစ်နည်းအားဖြင့် သောကပူလောင်မှုတို့ အမြစ်ယှက်တွယ်နေသော ငိုကြွေးသံ ။

"ငါ့သားလေး ၊ အမေသားကို လာရှာပြီ "

နောက်စက္ကန့်အနည်းငယ်မှာပင် သေနတ်ဖောက်သံသုံးချက်က ထွက်ပေါ်လာခဲ့၏ ။ လုဖုန်းအလျင်အမြန်ပင် ​ကြမ်းပြင်ပေါ်ဝပ်ချကာ အသံလာရာဆီသို့ လှမ်းကြည့်မိသည် ။

များပြားလှသောလူအုပ်များကြား အနက်ရောင်ဝတ်စုံ၏တစ်စွန်းတစ်စက မြေပြင်ပေါ်ကျရောက်နေခဲ့၏ ။ သွေးများဖြင့်စွန်းထင်းနေသောဓားတစ်ချောင်းက ပြုတ်ကျသွားစဥ်အချိန်ကိုက်ထွက်ပေါ်လာသောအသံ ။ သူမနှင့် မဝေးလွန်းသောနေရာတွင် ရှိနေခဲ့သည်က လောကျန်းယွင် ။ သွေးအိုင်ထဲလဲကျနေခဲ့ပြီး ရင်ဘတ်ဆီမှ အနီရောင်စွန်းပန်းချုံတို့က တစ်စတစ်စပွင့်ဖူးလာနေ၏ ။ မျက်နှာမှာသွေးရောင်မရှိတော့ ။ အနီးအနားမှသူများ သူ့အမည်ခေါ်နေသည်ကိုပင် ပြန်လည်မတုံ့ပြန်နိုင်တော့သော လောကျန်းယွင်။

လောကျန်းယွင်နှင့် အနီးဆုံးရှိနေသူဝမ်ရှန်း၏ခြေထောက်များမှာလည်း အားကုန်သွားဟန် ၊ လဲကျသွားပြီးနောက်ပိုင်း ပြန်ထနိုင်ခြင်းမရှိသေး ။

"ချီးလိုပဲ လန့်လိုက်တာ "

ရိတကျွမ့်၏မျက်နှာမှာဖျော့တော့နေခဲ့ပြီး တွားသွားကာ လုဖုန်းဘေးနားလာထိုင်၏ ။ ဖြစ်စဥ်ကို သမင်လည်ပြန်ကြည့်လျက် အသံကထိန်းမနိုင်သိမ်းမရအောင် တုန်ခါနေဆဲပင် ။

"အဲ့အမျိုးသမီးဘယ်ကလာလဲဆိုတာ ဘုရားသခင်ပဲသိလိမ့်မယ် ၊ ဘယ်သူမှမသိလိုက်ခင်မှာပဲ လောကျန်းယွင်က လေးငါးခြောက်ချက်လောက် ဓားနဲ့အထိုးခံရပြီးနေပြီ ၊ ဓားထိုးချက်တစ်ချက်စီတိုင်းက သေလောက်တယ် ၊ ပြီးတော့ အဲ့အမျိုးသမီးက သူ့သားကိုပြန်ပေးဆိုပြီးတော့ပဲအော်ဟစ်နေတာ ၊ ဘုရားသခင် သွေးထွက်သံယိုတွေချည်းပဲ ကျွန်တော်အန်မိတော့မယ်..."

လုဖုန်း နှုတ်ကိုဖွင့်ဟကာ တစ်စုံတစ်ခုကိုပြောချင်နေသော်ငြား ယခုလက်ရှိ သူ့နှလုံးသားတစ်ခုလုံး ရှုပ်ထွေးနေပြီဖြစ်သည် ။

လုဖုန်း လှေကားထစ်များပေါ်ငုတ်တုပ်ထိုင်ကာ အနက်ရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီးကို ကြည့်နေမိသည် ။ ကျည်ပေါက်ရာတို့ဖြင့် ထိုအမျိုးသမီးက နောက်ဆုံးထွက်သက်အထိ တစ်စုံတစ်ခုကို တမ်းတနေသကဲ့သို့ပင် ။ ရုတ်တရက်ဆန်စွာပင် ယခင်ကြားနာစစ်ဆေးမှုမှမြင်ကွင်းတစ်ခုကို လုဖုန်းပြန်တွေးမိသွားသည် ။

ထိုနေ့က ဆေးလိပ်သောက်ရန်သတ်မှတ်ထားသည့်နေရာသို့ လုဖုန်းရောက်စဥ် ထိုအမျိုးသမီးကရှန့်မင့်အော်နှင့်စကားပြောနေခဲ့သည်မလား ? "

သို့သော် ၎င်းတို့နှစ်ယောက်စကားပြောနေခဲ့လျှင်တောင်မှ အဘယ်သို့သော ရည်ရွယ်ချက်ကြောင့်နည်း ?

သူမအနေဖြင့် ရှန့်မင်အော်ထံမှ မီးခြစ်ငှားခြင်းမျိုးလည်းဖြစ်နိုင်သည် ။ ထိုအဖြစ်အပျက်နှင့် ယနေ့ဖြစ်ရပ်ကြား ဆက်နွယ်မှုတိတိပပမရှိခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏ ။ ယခု သူဘာတွေတွေးနေမိသလဲဆိုသည်ကိုတောင် လုဖုန်းမသိတော့ ။

လုဖုန်း ဘာကိုမှမတွေးတောဘဲ လှေကားထစ်များကိုသာ တွေတွေကြီးကြည့်နေမိသည် ။

တရားရုံးအဆောင်၏ မီးခိုးရောင်အရိပ်က လှေကားထစ်များပေါ် ကျရောက်နေ၏ ။ လူများဖြင့်ရှုပ်ယှက်ခတ်နေရုံသာမက လူတစ်ယောက်ချင်းစီ၏မျက်နှာတိုင်း၌ သနားဟန်တို့စွန်းထင်းလျက် ။ သို့သော် တစ်ယောက်သောသူကတော့ မပါဝင်ခဲ့။

လှေကားထစ်များ၏ထိပ်ဆုံး၌ရပ်နေခဲ့သော  ရှန့်မင်အော် ။ အကြည့်တို့ကိုအောက်စိုက်လျက် အထက်စီးမှနေ၍ ဖြစ်ပျက်သမျှအရာအားလုံးကိုကြည့်နေခဲ့သောရှန့်မင်အော် ။ မှုခင်းဖြစ်ရပ် ၊ အငြိုးအာဃာတ ၊ သွေးစွန်းထင်းခြင်း ၊ အကြမ်းဖက်ခြင်း စသည်တို့ကို တည်ငြိမ်အေးဆေးစွာကြည့်နေခဲ့သောအကြည့်တစ်ချက်။

ရေခဲတမျှအေးစက်လာသောစိတ်ခံစားချက်တို့က လုဖုန်းအား တရားရုံးရှေ့ရှိတရားစောင့်နတ်သမီးရုပ်ထုကို သတိရစေသည် ။ ဘယ်လက်တွင် တရားမျှတမှုနှင့် အမှန်တရားကိုကိုယ်စားပြုသော ချိန်ခွင်ကိုကိုင်ဆောင်ကာ ညာလက်တွင် တရားမျှတမှုမရှိမချင်းမရပ်တန့်ဟု အဓိပ္ပာယ်ရသည့် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော တရားစောင့်နတ်သမီး ။

နောက်ဆုံးမျက်လုံးကိုအဝတ်ဖြင့်စည်းထားခြင်းကား သူမသည် အမြဲတမ်း ဆင်ခြင်တုံတရားနှင့်ကျိုးကြောင်းဆက်စပ်နိုင်စွမ်းရှိရုံသာမက တခြားမဆိုင်သောဆူညံသံများက မလွှမ်းမိုးနိုင်သည့် အသံတစ်ခုအဖြစ်သက်သေထူလေသည် ။

T/N
စိတ်ဝင်စားစရာပဲဟေ့

ZAWGYI

CH27 - LADY JUSTICE

ဝမ္ရွန္းက ေမးခြန္းေမးျမန္းျခင္းအမႈကို ဆက္လက္လုပ္ေဆာင္၏ ။

"မစၥတာလု ၊ အခုအမႈကိစၥမွာပါတဲ့ ေနာက္ထပ္ခံရသူတစ္ေယာက္နဲ႕ ခင္ဗ်ားနဲ႕က ေက်ာင္းတုန္းကသူငယ္ခ်င္းေတြေနာ္ ၊ မွန္ရဲ႕လား ? "

"ဟုတ္ပါတယ္ "

"ကြၽန္ေတာ္သတိထားမိသေလာက္ဆို လြန္ခဲ့တဲ့၁၀ႏွစ္ေက်ာ္အတြင္းမွာ ခင္ဗ်ားတို႔ႏွစ္ေယာက္ အဆက္အသြယ္မရွိခဲ့ၾကဘူး "

"လြန္ခဲ့တဲ့ႏွစ္ ေဆာင္းရာသီမွာမွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ျပန္ေတြ႕ခဲ့ၾကတာပါ "

ဝမ္ရွန္း၏မ်က္ႏွာအမူအရာကား သံသယတစ္ခုေၾကာင့္ ေျပာင္းသြားခဲ့သည့္ဟန္ ။

"ခင္ဗ်ားတို႔ႏွစ္ေယာက္အဆက္အသြယ္မရွိတာ ဆယ္ႏွစ္ေက်ာ္ၿပီ ၊ ဒါေပမဲ့ ခင္ဗ်ားက သူငယ္ခ်င္းလို႔ေတာင္ေျပာလို႔မရတဲ့ အတန္းေဖာ္ေဟာင္းတစ္ေယာက္အတြက္ ခင္ဗ်ားကိုယ္တိုင္ ပါဝင္ပတ္သက္တာ ထုတ္ေဖာ္ေျပာဆိုတာေတြလုပ္ခဲ့တယ္ ၊ ရိုးရိုးသားသားေျပာရရင္ အေတာ္ေလးျမင္ရခဲ့တဲ့ျဖစ္ရပ္မ်ိဳးပဲ ၊ ၿပီးေတာ့ မစၥတာလုအေနနဲ႕ ကြၽန္ေတာ့္အမႈသည္နဲ႕အတူ ဧဒင္ဥယ်ာဥ္ကလပ္ထဲဝင္သြားတုန္းက ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳး တြန္းအားေပးမႈမ်ိဳးရွိေနခဲ့တာလဲ ၊ တစ္ခုခုျဖစ္ဖို႔ ႀကိဳတင္ခန့္မွန္းထားတယ္ဆိုတာကေတာ့ ထင္ရွားတယ္ ၊ ဘာျဖစ္လို႔လဲဆိုရင္ ခင္ဗ်ားကဖုန္းကိုဖြက္ထားၿပီး ေနာက္ပိုင္းတရား႐ုံးမွာတငါသြင္းလို႔ရေအာင္ မွတ္တမ္းရိုက္ထားခဲ့တာဆိုေတာ့ "

မန့္႐ႊမ္ကြၽင္း၏ခန့္မွန္းခ်က္မ်ား မွန္ကန္သည္ဟုဆိုရမည္ ။ တရားခံေရွ႕ေနက လုဖုန္းႏွင့္ေမာ့ခ်ိဳးအၾကားဆက္ဆံေရးကိုပုံႀကီးခ်ဲ့ကာ လုဖုန္း၏ထြက္ဆိုခ်က္အေပၚ  ယုံၾကည္၍ရမရေထာက္ျပခ်င္ေနျခင္းပင္ ။

လုဖုန္း ေရွ႕ေနဝမ္အား ျပန္သာၿပဳံးျပမိသည္ ။ အလ်င္စလိုအသည္းအသန္ ၾကားျဖတ္ေျပာျခင္းမ်ိဳးမဟုတ္ဘဲ အခ်ိန္ယူကာ မိမိကိုယ္ကိုကာကြယ္ရန္ ႀကိဳးစားေနျခင္းဟုေျပာလွ်င္လည္းမမွားေပ ။

"ကြၽန္ေတာ္ေျပာနိုင္တာကေတာ့ ခင္ဗ်ားမွာသူငယ္ခ်င္းမရွိေလာက္ဘူးထင္တယ္ "

လုဖုန္းစကားအဆုံးမွာပင္ ခုံသမာဓိအဖြဲ႕ႏွင့္ ပရိတ္သတ္မ်ားထံမွ ရယ္သံတိုးသဲ့သဲ့ထြက္ေပၚလာေတာ့၏ ။ ဝမ္ရွန္း၏မ်က္ႏွာအမူအရာကား ယခင္အတိုင္းတည္ၿငိမ္ေနဆဲပင္ ။ သို႔သည့္တိုင္ ဟာသတစ္ခု၏အရင္းခံပစ္မွတ္ျဖစ္သြားရျခင္းအေပၚ  စိတ္အေႏွာင့္အယွက္ျဖစ္မႈက သူ႕မ်က္လုံးတြင္ ထင္ထင္ရွားရွား ေရာင္ျပန္ဟပ္၏ ။

ယခုလက္ရွိ တရား႐ုံး၌ေရာက္ေနျခင္းသာမဟုတ္လွ်င္ လုဖုန္း စကားလုံးအခ်ိဳ႕ ထပ္ေပါင္းထည့္မိလိမ့္ဦးမည္ ။ ဝမ္ရွန္းတစ္ေယာက္လည္း အနာေပၚတုတ္က်သဴတစ္ဦးႏွင့္ပင္ ပို၍တူေပဦးမည္ ။

"ေက်ာင္းတုန္းက ကြၽန္ေတာ္တို႔အတန္းပိုင္ဆရာမက ကြၽန္ေတာ့္ကိုေမာ့ခ်ိဳးရဲ႕တြဲဖက္လုပ္ခိုင္းခဲ့တာ ၊ ေမာ့ခ်ိဳးကို စာနဲ႕ပတ္သက္ၿပီးကူညီဖို႔အတြက္ ၊ ကြၽန္ေတာ္က သူ႕ကိုစာကူလုပ္ေပးရတယ္ ၊ ၿပီးေတာ့ သူ႕ကိုအနိုင္က်င့္သူေတြရန္ကေန ကာကြယ္ေပးရတယ္ ၊ ကြၽန္ေတာ့္မွာ ျပစ္မႈမွတ္တမ္းရွိတယ္ဆိုေပမဲ့ အဲ့အခ်ိန္တုန္းက ေက်ာင္းမွာကြၽန္ေတာ့္အဆင့္ေတြက ေတာ္ေတာ္ေကာင္းတယ္ ၊ ၿပီးေတာ့ တျခားအတန္းေဖာ္ေတြကိုလည္း လိုလိုလားလားကူညီေပးဖို႔အသင့္ပဲ "

တရားလိုဘက္ျခမ္းမွခုံတန္းရွည္ေပၚထိုင္ေနေသာ ေမာ့ခ်ိဳးကို လုဖုန္းတစ္ခ်က္ၾကည့္လိုက္သည္ ။ ေမာ့ခ်ိဳး၏မ်က္လုံးေထာင့္မ်ားမွာနီရဲေနခဲ့ၿပီး ေနာက္တစ္ႀကိမ္ထပ္မံငိုေႂကြးေတာ့မည့္ဟန္ ။

"ၿပီးေတာ့ အထူးသျဖင့္ ေမာ့ခ်ိဳးရဲ႕အက်င့္စရိုက္က တသီးတသန့္ေနတတ္တယ္ ၊ စိတ္ထိခိုက္လြယ္တယ္ ၊ ပထမတုန္းက ဒီကိစၥကို ရဲကိုေျဖရွင္းခိုင္းဖို႔ သူ႕ကိုကြၽန္ေတာ္ေဖ်ာင္းဖ်ခဲ့ေသးတယ္ ၊ ဒါေပမဲ့ သူေက်ာင္းသားဘဝမွာ ခံစားခဲ့ရတဲ့အနိုင္က်င့္တာေတြေၾကာင့္ ေမာ့ခ်ိဳးက လူေတြသူ႕ကိုျမင္ၾကမလဲဆိုတာအေပၚ အရမ္းဂ႐ုစိုက္တယ္ အေလးထားတယ္ ၊ အဲ့ဒါေၾကာင့္ ဒီိကိစၥကို ကြၽန္ေတာ္ကိုယ္တိုင္ေျဖရွင္းေပးခ်င္ခဲ့တာ "

ဝမ္ရွန္းကား လုဖုန္းတစ္ေယာက္ ဤစကားလုံးမ်ားေျပာလာမည္ကိုပင္ ေစာင့္ဆိုင္းေနခဲ့ပုံေပၚသည္ ။ ထို႔ေၾကာင့္ ဝမ္ရွန္းစကားမေျပာခင္ ႏႈတ္ခမ္းဟဖို႔ျပင္ေနစဥ္မွာပင္ လုဖုန္းတစ္ေယာက္ ထပ္မံ၍စကားဆိုလိုက္ေတာ့သည္ ။

"ဒီနည္းလမ္းက လုံးဝစမတ္မျဖစ္တာေတာ့ဟုတ္တယ္ ၊ တုန္လႈန္ဖို႔ေကာင္းတဲ့အၾကမ္းဖက္မႈတစ္ခုအတြက္ ကြၽန္ေတာ့္ကို အစမ္းသပ္ခံျဖစ္သြားေစတယ္ ၊ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ ရဲေခၚလိုက္တာကသာ ပထမဆုံးလုပ္ရပ္ျဖစ္သင့္တာ ၊ ဘာပဲျဖစ္ျဖစ္ ဥပေဒက တရားမွ်တမႈကိုေဖာ္ေဆာင္ေပးလိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္ "

လုဖုန္း ခုံသမာဓိအဖြဲ႕ဝင္လူႀကီးမ်ားအား ၾကည့္လိုက္သည္ ။ တစ္ၿပိဳင္နက္တည္းမွာပင္ ခံစားခ်က္အလုံးစုံကို စကားလုံးမ်ားၾကား ဦးတည္ထည့္သြင္းလ်က္ ။

"ဘယ္လိုလူမ်ိဳးပဲျဖစ္ေနပါေစ ၊ ေယာက္်ားကိုႀကိဳက္သည္ျဖစ္ေစ မိန္းမကိုႀကိဳက္သည္ျဖစ္ေစ ဒါမွမဟုတ္ လူဘယ္ေလာက္နဲ႕အိပ္ခဲ့အိပ္ခဲ့ အဲ့ဒီအေၾကာင္းအရာေတြအကုန္လုံးက တျခားသူတစ္ေယာက္ရဲ႕အၾကမ္းဖက္ခံရဖို႔ အေၾကာင္းျပခ်က္ေတြမဟုတ္ဘူး "

အမ်ိဳးသမီးငယ္မ်ားႏွင့္ဖြဲ႕စည္းထားေသာ ခုံသမာဓိအဖြဲ႕မွာ လုဖုန္းစကားကို လက္ခံသည့္အေနျဖင့္ ေခါင္းညိတ္ေထာက္ခံၾက၏ ။
ဝမ္ရွန္း၏မ်က္ႏွာအမူအရာကား ပိုလို႔ပင္ဆိုး႐ြာလာလ်က္ ။သူေမွ်ာ္လင့္မထားေသာ လုဖုန္း၏စကားအခ်ိဳ႕က သူ႕အရွိန္ကိုပါ ပ်က္စီးေစခဲ့ဟန္ရသည္ ။

သို႔ေသာ္ ဝမ္ရွန္းကဲ့သို႔ ၿပိဳင္ဘက္ကင္းေရွ႕ေနတစ္ေယာက္အဖို႔ မည္သည့္အေျခအေနႏွင့္မဆို လိုက္ေလ်ာညီေထြျပင္ဆင္နိုင္ျခင္းဟူေသာအရာ၌ တစ္ဖက္ကမ္းခတ္ကြၽမ္းက်င္ေပလိမ့္မည္ ။ ဝမ္ရွန္းက ေလာက်န္းယြင္မွာ အႏုပညာအသိုင္းအဝန္းအတြင္း ဂုဏ္သတင္းေကာင္းရွိ႐ုံသာမက အိပ္ရာေပၚတြင္ အၾကမ္းဖက္ျခင္းကဲ့သို႔ေသာ ေကာလဟာလမ်ိဳးတစ္ခါမွမထြက္ဖူးေၾကာင္းေျပာဆိုလာေတာ့သည္ ။ ခုံသမာဓိအဖြဲ႕ဝင္လူႀကီးမ်ားေရွ႕တြင္ ေလာက်န္းယြင္မွာ မွားယြင္းစြပ္စြဲခံရေသာ အျပစ္ကင္းသည့္လူႀကီးလူေကာင္းတစ္ေယာက္ဟူေသာပုံရိပ္မ်ိဳးရေအာင္ မရမေနႀကိဳးစားပုံေဖာ္ေနျခင္းဟု ဆိုလွ်င္လည္းမမွား ။

တရားခြင္ေနာက္ပိုင္းတြင္မူ တရားလိုေရွ႕ေနႏွင့္ တရားခံေရွ႕ေနတို႔က ေခါက္တုံ႕ေခါက္ျပန္ အျပန္အလွန္စစ္ေမးၾကၿပီး စစ္ေျမျပင္ထက္မွ မတိုးသာမဆုတ္သာ သေရအေျခအေနမ်ိဳးတြင္ က်ေရာက္ေနၾကေတာ့၏ ။

မန့္႐ႊမ္ကြၽင္းကား အမ်ိဳးမ်ိဳးေသာသက္ေသတို႔ကို ခ်ျပ၏ ။ ေမာ့ခ်ိဳး၏Private Blog မွတစ္ဆင့္ ေလာက်န္းယြင္၏လုပ္ရပ္မ်ားက  ေမာ့ခ်ိဳး၏ခႏၶာကိုယ္ႏွင့္စိတ္ကို မည္သို႔အက်ိဳးသက္ေရာက္မႈရွိခဲ့ပုံကို ေထာက္ျပေလသည္ ။ အခ်ိန္ကာလအားျဖင့္ ေမာ့ခ်ိဳးတစ္ေယာက္ ေလာက်န္းယြင္ႏွင့္အတူ ၾကည္ႏူးဖြယ္ရာဆက္ဆံေရးတစ္ခုတည္ေဆာက္ခဲ့သည့္အခ်ိန္မွစ မိမိကိုယ္ကိုသတ္ေသရန္ႀကိဳးပမ္းသည့္အခ်ိန္အထိ ။

"ႏွစ္လအတြင္းမွာ ေမာ့ခ်ိဳးက ေလာက်န္းယြင္ဆီကေန ႐ုပ္ပိုင္းဆိုင္ရာလိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရတယ္ ၊ ၿပီးေတာ့ အဲ့လိုကိစၥေတြမွာလည္း မွတ္တမ္းယူထားတာက ဆယ္ႀကိမ္ထက္မနည္းဘူး ၊ သူ႕မွာေနာက္ဆုံးသြားစရာေနရာဆိုလို႔ သူ႕ရဲ႕အြန္လိုင္းBlogပဲရွိေတာ့တယ္ ၊ ေျပာရရင္ သူကလြဲၿပီး ဘယ္သူမွရွာေဖြမေတြ႕နိုင္တဲ့ေနရာတစ္ခုေပါ့ "

မန့္႐ႊမ္ကြၽင္းက စာသားတစ္ခ်ိဳ႕ကိုေကာက္ယူကာ စတင္ဖတ္ရႈေတာ့၏ ။

"ကြၽန္ေတာ္ အရမ္းေၾကာက္တယ္ ၊ ႐ုတ္တရက္ႀကီး သူကကြၽန္ေတာ္မမွတ္မိနိုင္ေတာ့တဲ့လူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားတယ္ ၊ ကြၽန္ေတာ္ဘာလုပ္သင့္လဲ ? ဘယ္သူမွလည္း မကူညီနိုင္ၾကဘူး ၊ ယိုယြင္းပ်က္စီးသြားေတာ့မယ္လို႔ ခံစားေနရတယ္ ၊ အရမ္းနာက်င္တယ္ ၊ သူ႕ဆီကေနလြတ္ေျမာက္ေအာင္ ကြၽန္ေတာ္ဘာလုပ္ဖို႔လိုအပ္လဲ ? "

ေလာက်န္းယြင္၏မ်က္ႏွာအမူအရာကား  ေနာင္တရျခင္းအရိပ္အေရာင္တို႔ကင္းမဲ့လ်က္ ၊ တရားစြဲဆိုခံရသူဘက္ျခမ္းရွိ ခုံတန္းရွည္တြင္ထိုင္လ်က္ အမႈမထားသလိုပင္  ေသခ်ာျပင္ဆင္ထားေသာ လက္ေခ်ာင္းႏွင့္လက္သည္းတို႔ကိုသာ ၾကည့္ရႉေနခဲ့၏ ။

မန့္႐ႊမ္ကြၽင္းက ဖိုင္တစ္ခုကိုေလထဲကိုင္ျမႇောက္ျပလာ၏ ။

"ကြၽန္မအခု ကြၽမ္းက်င္သူတစ္ေယာက္ရဲ႕ထင္ျမင္ခ်က္ကို သက္ေသအျဖစ္တင္ျပခ်င္ပါတယ္ ၊ ကြၽန္မလက္ထဲမွာရွိေနတာဟာ စိတ္ပညာကြၽမ္းက်င္သူတစ္ေယာက္ရဲ႕ ​ေျပာဆိုထားမႈျဖစ္ပါတယ္ ၊ ေမာ့ခ်ိဳးအေနနဲ႕ စိတ္က်ေရာဂါေဝဒနာကိုျပင္းျပင္းထန္ထန္ခံစားေနရၿပီးေတာ့ ေရရွည္စိတ္ေရာဂါကုထုံးေတြလိုအပ္တယ္လို႔ဆိုထားပါတယ္ "

ထိုအခ်ိန္မွာပင္ ေနာက္ဆုံးတန္းတြင္ထိုင္ေနေသာလူထုပရိတ္သတ္ထဲမွ တစ္စုံတစ္ေယာက္က မတ္တပ္ရပ္ကာ လူအမ်ားၾကားျဖတ္ေလွ်ာက္သြားေလသည္ ။ လုဖုန္းလွမ္းၾကည့္လိုက္ေသာအခါ တျခားသူမဟုတ္ဘဲ လုဖုန္းျမင္ေတြ႕ခဲ့ၿပီးျဖစ္ေသာ အနက္ေရာင္ဝတ္စုံႏွင့္အမ်ိဳးသမီးျဖစ္ေနေတာ့၏ ။ ေခါင္းကိုငုံ႕လ်က္ တရား႐ုံးထဲမွထြက္ခြာသြားသူထိုအမ်ိဳးသမီး၏ မ်က္ႏွာအသြင္အျပင္ကား ဆံႏြယ္ရွည္မ်ားျဖင့္ ကားဆီးေနခဲ့၏ ။

ယခုတစ္ေယာက္ၾကားနာျခင္းကား ႏွစ္နာရီခန့္မွ်ၾကာျမင့္ေပသည္ ။ ယခင္အႀကိမ္ကဲ့သို႔ပင္ တရား႐ုံးထဲမွ ေလာက်န္းယြင္ထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္ သတင္းမီဒီယာမ်ား၏ စုၿပဳံတိုးေဝွ႕ျခင္းကိုခံရေတာ့၏ ။

ေနာက္တစ္ႀကိမ္ၾကားနာစစ္ေဆးမႈမွာ ေနာက္ငါးရက္အၾကာတြင္စတင္မည္ ။ မန့္႐ႊမ္ကြၽင္းကား ၎အတြက္ အရမ္းႀကီးစိုးရိမ္ပူပန္ေနျခင္းမ်ိဳးမရွိ ။ တိုက္ပြဲစတင္႐ုံသာရွိေသးသည္ ။ အဆုံးသတ္တြင္ လုဖုန္းတို႔ဘက္က နိုင္မည္ဟူ၍ ရႈျမင္သုံးသပ္ခ်က္ကလည္း ျဖစ္နိုင္ေခ်ရွိေပ၏။

မန့္႐ႊမ္ကြၽင္း၏ 'အနိုင္ရျခင္း'ဟူေသာအရာအေပၚထားရွိေသာ ထင္ျမင္ခ်င္ႏွင့္ လုဖုန္းနားလည္လက္ခံထားပုံတို႔ကြာျခားလိမ့္မည္ဟု လုဖုန္းအၿမဲေတြးခဲ့ဖူးသည္ ။ ခုံသမာဓိအဖြဲ႕ဝင္မ်ားမွ ေလာက်န္းယြင္အား အျပစ္ရွိသည္ဟုျမင္လွ်င္ပင္ တရားလိုေရွ႕ေနတစ္ေယာက္၏အလုပ္ႏွင့္တာဝန္မွာ အျပည့္အဝၿပီးဆုံးသြားၿပီျဖစ္သည္ ။ သို႔ေသာ္ ေလာက်န္းယြင္ကို ဆိုင္းငံ့ျပစ္ဒဏ္သာခ်မွတ္လိုက္ပါလွ်င္ ထိုအရာက ေလာက်န္းယြင္ကို အနည္းငယ္မွ်ပင္ အေႏွာင့္အယွက္ျဖစ္ေစနိုင္မည္မဟုတ္ ။ လုဖုန္းအတြက္မူ ထိုအရာသည္ ၿပီးျပည့္စုံေကာင္းမြန္ေသာ 'အနိုင္ရျခင္း'မ်ိဳးမျဖစ္လာနိုင္ေပ ။

အစပထမ ဤကိစၥတြင္ သူကိုယ္တိုင္ဝင္ပါခဲ့ရျခင္းမွာ တရားဥပေဒကိုျပန္လည္ယူေဆာင္လာရန္ဆိုသည္ထက္ ရွန့္မင္ေအာ္ႏွင့္ၿပိဳင္ဆိုင္မႈေၾကာင့္ဆိုလွ်င္ ပိုမွန္ေပလိမ့္မည္ ။ သို႔ေသာ္ ယခုကားမတူေတာ့ၿပီ ။ အဆုံးတြင္ ေလာက်န္းယြင္ျပစ္ဒဏ္မခံရလွ်င္ လုဖုန္း ေသေလာက္ေအာင္ ခံျပင္းရလိမ့္မည္ ။

"ေဟာ့ေပါ့သြားစားရေအာင္ ၊ အဲ့ဒီဆန္ကုန္ေျမေလးေကာင္ရဲ႕အနံ႕ေတြေပ်ာက္ေအာင္လို႔ "

ရိတကြၽမ့္က တရား႐ုံးထဲမွထြက္လာေသာ ေမာ့ခ်ိဳးကိုလွမ္းေခၚကာ လုဖုန္း၏ပုခုံးမ်ားထက္ လက္ကိုတင္လ်က္ေျပာလာခဲ့သည္ ။

"ဆန္ကုန္ေျမေလးေကာင္ရဲ႕အနံ႕ေတြ ? " လုဖုန္းက ျပန္ေမးလိုက္ျခင္း ။

"ကြၽန္ေတာ္တို႔ အဲ့ဆန္ကုန္ေျမေလး ေလာက်န္းယြင္နဲ႕အတူ အခန္းတစ္ခန္းထဲမွာ အၾကာႀကီးေနခဲ့တာ သူ႕ရဲ႕႐ြံစရာေကာင္းတဲ့အနံ႕အသက္ေတြ ကြၽန္ေတာ္တို႔ကိုယ္မွာစြဲေနေလာက္ေရာေပါ့ ၊ ကြၽန္ေတာ္ စန္းေကာနဲ႕ေရွာင္ရွဲကို အရင္သြားၿပီး ခုံယူထားဖို႔ေျပာထားၿပီးၿပီ ၊ ကြၽန္ေတာ္တို႔ဆိုင္ကို တစ္ခါတည္း တန္းသြားလို႔ရတယ္ "

ေမာ့ခ်ိဳးကိုၾကည့္ရသည္မွာ သိပ္၍သက္ေတာင့္သက္သာရွိပုံမရ ။ ေမာ့ခ်ိဳးကား အေပါင္းအသင္းဝင္ဆံ့လွေသာလူမ်ိဳးမဟုတ္မွန္း လုဖုန္းသိထားၿပီျဖစ္ေလရာ မရင္းႏွီးလွေသာလူတစ္စုႏွင့္အတူ မုန့္ထြက္စားဖို႔ေခၚျခင္းမ်ိဳးက ႀကီးမားေသာေတာင္းဆိုမႈတစ္ခုလိုပင္ ။

ရိုးရိုးသားသားဆိုရလွ်င္ လုဖုန္း၌လည္း ေမာ့ခ်ိဳးအား ေျပာစရာစကားမ်ားမ်ားစားစားမရွိလွ ။ ေနာက္ဆုံးတြင္ သူတို႔၏စကားဝိုင္းထဲမွ ေမာ့ခ်ိဳးအားခ်န္ရစ္ထားသကဲ့သို႔ျဖစ္ေနေပလိမ့္မည္ ။ ထိူ႕ေၾကာင့္ အစကတည္းက သူတို႔ႏွင့္အတူလိုက္ခဲ့ရန္ အတင္းအက်ပ္မေခၚသည္က ပိုေကာင္းမည္ဟု လုဖုန္းေတြးေနမိသည္ ။

သို႔ျဖစ္ရာ ေမာ့ခ်ိဳးအား မလိုက္ခ်င္လွ်င္ အတင္းအၾကပ္လိုက္ခဲ့ဖို႔မလိုေၾကာင္း ယင္းအစား အိမ္ကိုျပန္ကာအနားယူနိုင္ေၾကာင္း လုဖုန္းေျပာလိုက္၏ ။

ေမာ့ခ်ိဳးပုံကိုၾကည့္ရသည္မွာ ေသဒဏ္မွကင္းလြတ္သြားသူတစ္ေယာက္ႏွယ္ ။ သို႔သည့္တိုင္ ယဥ္ယဥ္ေက်းေက်းစကားျပန္ရင္းႏွင့္ပင္သူ၏မ်က္ႏွာအမူအရာကို ဖုံးကြယ္ဖို႔ရာ ႀကိဳးစားေနေသးသည္ ။

"ေတာင္းပန္ပါတယ္ ၊ ငါဒီေန႕ နည္းနည္းပင္ပန္းေနလို႔ ေနာက္တစ္ခါေနာက္တစ္ခါက်ရင္ အကုန္လုံးနဲ႕လိုက္ခဲ့ပါ့မယ္ "

ေမာ့ခ်ိဳးကား လုဖုန္းတို႔ကိုႏႈတ္ဆက္စကားဆိုၿပီးေနာက္ အျခားတစ္ဘက္သို႔လွည့္ကာ ထြက္ခြာဖို႔ျပင္သည္ ။ သို႔ေသာ္အရာမေျမာက္လိုက္ ။ ေမာ့ခ်ိဳးေျခတစ္လွမ္းလွမ္းၿပီးေနာက္မွာပင္ သူ၏ခႏၶာကိုယ္တစ္ခုလုံးသည္ ၾကက္ေသေသသကဲ့သို႔ ေတာင့္မတ္သြားခဲ့ၿပီး ေျခလွမ္းတို႔သည္ပင္ ေနာက္သို႔ျပန္ဆုတ္ေနသေယာင္ ။

လုဖုန္း ေမာ့ခ်ိဳးၾကည့္ေနရာေနရာကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္ ။ တရား႐ုံးထဲမွထြက္ခြာလာေသာ ရွန့္မင္ေအာ္ ။ သူ႕ေနာက္တြင္ ဝူရိကလည္းတစ္ပါတည္းလိုက္ပါလာခဲ့၏ ။

တရား႐ုံးတြင္၌ လူမ်ားလြန္းသျဖင့္ ပိတ္ေလွာင္မြန္းၾကပ္ခဲ့ပုံရသည္ ။ ရွန့္မင္ေအာ္က အေပၚအကၤ်ီကိုခြၽတ္ကာ တံေတာင္ဆစ္ေကြးထက္တြင္သာ ခ်ိတ္တင္ထားခဲ့၏ ။ ဝတ္ဆင္ထားေသာ ခဲျပာေရာင္ရွပ္အကၤ်ီကလည္း သန့္ရွင္းသပ္ရပ္စြာ ေပၚလြင္ေနလ်က္ ။ အေပၚမွေအာက္သည့္တိုင္ ၾကယ္သီးတိုင္းကိုေသေသခ်ာခ်ာတပ္ဆင္ထားခဲ့ၿပီး ေခါင္းႏွင့္လက္မွလြဲ၍ တျခားေနရာမွ အသားအေရကို တစ္လက္မေတာင္မွမျမင္ရေခ် ။

လုဖုန္းအားျမင္သြားေသာဝူရိက ႏႈတ္ဆက္သည့္သေဘာျဖင့္ လက္ေဝွ႕ယမ္းျပလာခဲ့၏ ။ ရွန့္မင္ေအာ္ကား ဝူရိ၏လုပ္ရပ္ကို လုံးဝဥႆုံလ်စ္လ်ႉရႈထားခဲ့ၿပီး အၾကည့္တို႔ကမယိမ္းယိုင္စြာ လုဖုန္းရွိရာဘက္သို႔ တစ္ခ်က္ၾကည့္လာခဲ့ျခင္းပင္မရွိ ။

"အကိုျဖစ္သူကိုေခၚၿပီး အတူသြားၾကရင္ေရာဘယ္လိုလဲ ? "
လုဖုန္း၏ပုခုံးကို တံေတာင္ျဖင့္တို႔ကာေမးလာခဲ့ေသာ ရိတကြၽမ့္ ။

လုဖုန္း ရိတကြၽမ့္အား တျခားကမာၻမွလာေသာၿဂိဳလ္မ်ိဳးစိတ္တစ္ခုႏွယ္ၾကည့္လိုက္ၿပီး

"မင္း႐ူးေနလား ? "

ရွန့္မင္ေအာ္အား သူတို႔ႏွင့္အတူေဟာ့ေပါ့လိုက္စားရန္ သြားေခၚခဲ့ပါလွ်င္ လုဖုန္းအားသူ႕ျမင္ကြင္းထဲမွ ခ်က္ခ်င္းထြက္သြားရန္ေျပာလာမည့္အေရးက ကိုးဆယ္ရာခိုင္ႏႈန္းေလာက္ေသခ်ာသည္ ။ ရိုးရိုးသားသားေျပာရလွ်င္ ဝတ္စုံအျပည့္ ၊ သင့္တင့္ေကာင္းမြန္ေသာ သားေရရႉးဖိနပ္ဝတ္ဆင္ထားေသာ ရွန့္မင္ေအာ္တစ္ေယာက္ အမ်ားသူငွာႏွင့္အတူ ေဟာ့ေပါ့ထိုင္စားေနပုံကို ပုံေဖာ္ၾကည့္ဖို႔ရန္ လုဖုန္းအတြက္ခက္ခဲလြန္းလွသည္ ။ တစ္ခ်ိန္လုံးအေသာက္အစားအေပ်ာ္အပါးကိုေရွာင္ၾကဥ္ထိန္းသိမ္းလာသူတစ္ေယာက္ႏွယ္ မ်က္ႏွာအမူအရာမ်ိဳးကလည္း တစ္ခုအပါအဝင္ေပ ။

ယခုထိေတာင္မွ ဟိုကိစၥကိုလုပ္ေနခဲ့စဥ္အတြင္း ရွန့္မင္ေအာ္တစ္ေယာက္ မည္သို႔မည္ပုံျဖစ္ေနမည္ကို လုဖုန္းပုံေဖာ္ၾကည့္၍မရနိုင္ေသး ။

ထိုကဲ့သို႔ေသာအရာမ်ိဳးက ကိုယ္တိုင္မ်က္ျမင္,ျမင္ေတြ႕ခဲ့ရသည္မ်ိဳးမဟုတ္လွ်င္ လုဖုန္း၏ညံ့ဖ်င္းလွေသာ စိတ္ကူးပုံေဖာ္နိုင္စြမ္းမ်ိဳးႏွင့္ ေတြးျမင္မၾကည့္နိုင္ ။

ရိတကြၽမ့္ကား သူ႕ႏွာေခါင္းသူတို႔ထိကာ ရယ္သြမ္းေသြးရင္း ေျပာလာခဲ့၏ ။

"အဲ့ဒါဆို ကြၽန္ေတာ္သူ႕ဆီကိုသြားၿပီး စကားႏွစ္လုံးပဲေျပာခဲ့မယ္ ၊ ကြၽန္ေတာ့္ကိုဒီမွာေစာင့္ေန အိုေခ"

ရိကကြၽမ့္ကား လုဖုန္း၏တုံ႕ျပန္မႈကိုပင္မေစာင့္ ၊ ေျပာၿပီးၿပီးခ်င္းပင္ ရွန့္မင္ေအာ္ရွိရာသို႔ လွစ္ခနဲဦးတည္ေျပးသြားေတာ့သည္ ။

လုဖုန္း အေဝးမွျမင္ေနရသည္ ။ ရိတကြၽမ့္တစ္ေယာက္ ရွန့္မင္ေအာ္နား ခ်ဥ္းကပ္ရင္း မ်က္ႏွာခ်ိဳေသြးလ်က္ ဖုန္းကိုထုတ္ယူလိုက္၏ ။ ရွန့္မင္ေအာ္ႏွင့္အဆက္အသြယ္လုပ္ရန္ နံပါတ္အခ်က္အလက္တို႔ေတာင္းခံေနပုံပင္ ။
ရွန့္မင္ေအာ္ကား ရိတကြၽမ့္ကိုလက္ခံစကားေျပာပုံမရ ၊ ထိုအစား ေခါင္းကိုေနာက္ဘက္လွည့္ကာ ဝူရိကို စကားေျပာေနသည္ကိုသာေတြ႕ရ၏ ။ ထို႔ေနာက္တြင္မူ ဝူရိက သူ႕အိတ္ကပ္ထဲမွ လိပ္စာကဒ္တစ္ခုကိုထုတ္ကာ ရိတကြၽမ့္ဆီေပးလာခဲ့ပါ၏ ။

ရိတကြၽမ့္မွာ လိပ္စာကဒ္ကိုလက္ခံရင္းပင္ အစြမ္းကုန္ၿပဳံးထားလ်က္ ရွန့္မင္ေအာ္ကို အခါခါေခါင္းညိတ္ျပကာ ဝူရိႏွင့္ရွန့္မင္ေအာ္တို႔ထြက္သြားသည္ကို ၾကည့္ေနခဲ့ေလသည္ ။

"မင္း ဘာလုပ္ေနတာလဲ ? "

႐ႊင္ပ်ေသာမ်က္ႏွာအမူအရာျဖင့္ သူရွိရာဘက္ျပန္ေျပးလာေသာ ရိတကြၽမ့္ကိုၾကည့္ကာ လုဖုန္းက လွမ္းစ၏ ။

"မင္း ဝူရိ ဒါမွမဟုတ္ ငါ့အကိုအေပၚ ခံစားခ်က္ေတြရွိေနတာလား ?"

"ကြၽန္ေတာ္က ? ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ? အခုက အမႈကိစၥေၾကာင့္သက္သက္ပဲ ၊ ေရွ႕ေနရွန့္က ဒီနယ္ပယ္မွာပေရာ္ဖက္ရွင္နယ္မို႔လို႔ သူ႕အထင္အျမင္ကိုေမးၾကည့္ခ်င္႐ုံပဲ ၊ နာမည္မရွိတဲ့သတင္းသမားေပါက္စျဖစ္ရတာ အရမ္းခက္ခဲတယ္ ၊ စားပြဲေပၚစားစရာေရာက္ဖို႔ေတာင္ မနည္း႐ုန္းကန္ေနရတာ "

ရိတကြၽမ့္က သက္ျပင္းခ်၏ ၊ စိတ္အေႏွာင့္အယွက္ျဖစ္ျခင္းလကၡဏာကား သူ႕အသံတြင္ အထင္းသားပါဝင္ေနလ်က္ ။

"အႏုပညာအသိုင္းအဝိုင္းထဲမွာ အလုပ္လုပ္လာခဲ့တဲ့ကြၽန္ေတာ္က တစ္ေန႕မွာတရား႐ုံးအမႈတစ္ခုေနာက္လိုက္ေနရၿပီး အဲ့ကိစၥထဲပတ္သက္ေနတဲ့လူအားလုံးကို ေနာက္ေယာင္ခံေနရလိမ့္မယ္လို႔ ဘယ္သူက ထင္မိမွာလဲ ၊ ဘဝက တကယ္ပဲခက္ခဲလိုက္တာ "

ပြက္ေလာရိုက္ေစေသာ ၊ လူထု၏အာ႐ုံစိုက္မႈကိုအရယူထားနိုင္ေသာ ျဖစ္စဥ္မ်ားအတြက္ သတင္း႒ာနမ်ားအားလုံး အၿပိဳင္အဆိုင္သတင္းယူရျခင္းမွာ မလႊဲမေရွာင္နိုင္ေသာကိစၥတစ္ခုပင္ ။ သတင္းအစီအရင္မ်ားအားလုံး အတူတူနီးပါးျဖစ္ေနခ်ိန္တြင္ တစ္ေယာက္ကိုတစ္ေယာက္ေက်ာ္တက္နိုင္ရန္ သတင္းသမားမ်ားမွာ ရွိသမွ်ပရိယာယ္ ရွိသမွ်အဆက္အသြယ္တို႔ကို ထုတ္သုံးရေတာ့၏ ။

ျဖစ္စဥ္ျဖစ္ပြားခဲ့ေသာေနရာအျပင္ဘက္တြင္ စတည္းခ်၍ေစာင့္ၾကည့္ျခင္းဟူေသာ အရာမ်ိဳးမွာ လူတိုင္းေမွ်ာ္လင့္ထားၿပီးေသာ အေျခခံက်ေသာ သာမန္လႈပ္ရွားမႈမ်ိဳးသာ ။ သို႔ေသာ္ ကြၽမ္းက်င္ပညာရွင္တစ္ေယာက္၏ ေဝဖန္ပိုင္းျခားခ်က္မ်ိဳးပါဝင္ေသာေဆာင္းပါးတစ္ပုဒ္ကား သိသာထင္ရွား၍အရာေရာက္မည္မွာဧကန္ပင္ ။

အစပထမ ရိတကြၽမ့္၏ကုမၸဏီသည္ အတင္းအဖ်င္းေရးသည့္မဂၢဇင္းစာေစာင္မ်ိဳးမဟုတ္ ။ နာမည္ႀကီးသူမ်ားေနာက္တေကာက္ေကာက္လိုက္ကာသတင္းယူတတ္ေသာပါပါရာဇီမ်ား၏ရည္႐ြယ္ခ်က္ကား စာဖတ္သူမ်ားအေနျဖင့္ မည္သည့္အရာမ်ားျဖစ္ပ်က္ခဲ့သည္ကို အခ်ိန္ႏွင့္တစ္ေျပးညီသိရွိနိုင္ရန္ပင္ ။ တစ္ခ်ိန္တည္းမွာပင္ ကုမၸဏီအေနႏွင့္လည္း နာမည္ႀကီးသတင္းမ်ားအေပၚ လူစိတ္ဝင္စားမႈကို အခြင့္ေကာင္းယူကာ အျမတ္ထုတ္နိုင္ေသး၏ ။

ယခင္ထုတ္ေဝခဲ့ၿပီးေသာ သတင္းေဆာင္းပါးမ်ားအားလုံးကား ေရာင္းေကာင္းရန္သာရည္႐ြယ္၍ ရသမွ်သတင္းအခ်က္အလက္တို႔ကို ဇာတ္လမ္းပမာခ်ဲ့ကားဖန္တီးထားၾကျခင္းမ်ိဳးသာ ။ ဤကဲ့သို႔ ခ်ဥ္းကပ္ေရးသားနည္းမ်ိဳးကိုလည္း ေလာက်န္းယြင္၏ပရိတ္သတ္မ်ားက ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၾက၏ ။

သို႔ေသာ္ ရိတကြၽမ့္၏ေနာက္ဆုံးထြက္ သတင္းေဆာင္းပါးမ်ားမွာ မတူကြဲျပားေနခဲ့၏ ။ အျဖစ္အပ်က္ျဖစ္စဥ္၏အခ်ိန္ကာလကို အေသအခ်ာရွင္းရွင္းလင္းလင္း ေဖာ္ျပထား႐ုံသာမက ယခင္႐ုံးခ်ိန္းတြင္ တရားလိုဘက္ႏွင့္တရားခံဘက္အၿပိဳင္အဆိုင္အဆိုျပဳၾကသည့္အရာမ်ားကိုပါ ထည့္သြင္းေဖာ္ျပထား၏ ။ ထိုမွ်မကေသး ။ စိတ္ႀကီးဝင္ဟန္ အထက္စီးဆန္ဟန္အျပည့္ေနရာယူထားေသာ မ်က္ႏွာအမူအရာမ်ိဳးျဖင့္ ခုံတန္းရွည္ေပၚထိုင္ေနသည့္ ေလာက်န္းယြင္၏ခဲျခစ္ပုံၾကမ္းပါ ပါဝင္သည္  ။ ထို႔ျပင္ စာေရးနည္းစာေရးဟန္ကလည္း ယခင္အဆင့္နိမ့္သတင္းေဆာင္းပါးမွ်ႏွင့္ အလြန့္အလြန္ကြဲျပားျခားနားေန၏ ။

ထိုသတင္းေဆာင္းပါးမွာ အခ်ကိအလက္မ်ားႏွင့္ ျပည့္စုံႏွံ႕စပ္ေနသည့္တိုင္ ေလာက်န္းယြင္၏ပရိတ္သတ္မ်ားက ေဆာင္းပါးနာမည္ႀကီးျခင္း အေရာင္းသြက္ျခင္းရပ္တန့္ေအာင္ႀကိဳးစားၾက၏ ။

"ေရွ႕ေနတစ္ေယာက္က ဒီလိုမ်ိဳးေကာက္ခ်က္ခ်ပါတယ္ ၊ ဒုတိ​ယေျမာက္သားေကာင္ တစ္နည္းအားျဖင့္ ခံရသူထြက္ေပၚလာျခင္းက တရားလိုဘက္ကို ဘယ္လိုမ်ိဳးအက်ိဳးေက်းဇူးမွျဖစ္ေပၚေစမွာမဟုတ္ဘူး ၊ အဲ့ဒီအစား ပထမခံရသူအေပၚထားတဲ့ ခုံသမာဓိအဖြဲ႕ ရဲ႕ယုံၾကည္မႈကိုေတာင္ ထိခိုက္ေစလိမ့္မယ္ ၊ ၿပီးေတာ့ တရားခံဘက္ကို ပိုၿပီးေ႐ြးခ်ယ္ခြင့္ေတြ အလားအလာေတြ ေပးလိုက္သလိုပဲ ၊ က်စ္ ဒီေရွ႕ေနရဲ႕သုံးသပ္ခ်က္က ဘာလို႔ရင္းႏွီးသလိုခံစားေနရပါလိမ့္... "

လုဖုန္း ကြန္ပ်ဴတာေရွ႕ထိုင္ကာ ပါးစပ္၌စီးကရက္ကိုခဲလ်က္ ေဆာင္းပါးကိုဆက္ဖတ္မည္ျပဳသည္ ။

အမႈကိစၥမ်ားတြင္ပါဝင္ေသာ တရားလိုေရွ႕ေန ၊ တရားခံေရွ႕ေန ၊ တရားသူႀကီးတို႔ကိုသာ အာ႐ုံစိုက္သည့္ တျခားေသာသတင္းမ်ားႏွင့္မတူညီစြာ ရိတကြၽမ့္၏ေဆာင္းပါးကမူ အႏုပညာနယ္ပယ္အေၾကာင္းဗဟုသုတမ်ားမ်ားစားစားမရွိသူ ျပည္သူလူထုအတြက္ပင္ အဆင္ေျပလွ၏ ။ ေလာက်န္းယြင္၏ေမြးဖြားခ်ိန္မွစ ကေလးဘဝ ၊ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းကို မည္ကဲ့သို႔စတင္ခဲ့ပုံတို႔ကိုပါ ေဖာ္ျပထားေသးသည္ ။

ေလာက်န္းယြင္ကား အေျခခိုင္ေသာမိသားစုမွ လာခဲ့သူျဖစ္ၿပီး သူ၏ဘိုးေဘးဘီဘင္တို႔မွာ အစဥ္အဆက္ကုန္သြယ္ေရးလုပ္ငန္းကို လုပ္ကိုင္လာသူမ်ားပင္ ။ အေမျဖစ္သူႏွင့္ ဦးေလးျဖစ္သူႏွစ္ေယာက္စလုံးမွာ သံတမန္မ်ားျဖစ္ၾကၿပီး လြန္ခဲ့ေသာ၅ႏွစ္ ေလာက်န္းယြင္အႏုပညာေလာကသို႔ဝင္ေရာက္သည့္အခ်ိန္မွစ သူ၏အႏုပညာလမ္းေၾကာင္းကား ေခ်ာေခ်ာေမြ႕ေမြ႕သာ ။

ေခ်ာေမာလွေသာ႐ုပ္ရည္ ဘဝင္ခိုက္စရာေကာင္းေသာသ႐ုပ္ေဆာင္ခ်က္မွလြဲ၍ သူ၏ေအာင္ျမင္မႈမွာ ေနာက္ခံအသိုင္းအဝိုင္းေၾကာင့္ဟုမွတ္ယူနိုင္ေပသည္ ။ အဆိုးဝါးဆုံးအေျခအေနမွာပင္လွ်င္ ေလာက်န္းယြင္၌လုပ္စရာဟူ၍ အႏုပညာေလာကမွစြန့္ခြာကာ အိမ္ျပန္ၿပီးအေမြဆက္ခံလိုက္႐ုံပင္ ။ ထို႔ေနာက္ ခ်မ္းသာႂကြယ္ဝေသာအေမြဆက္ခံသူအျဖစ္ ဘဝကိုေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းရင္း မေကာင္းမႈလုပ္ရပ္တို႔ကို  ဆက္လုပ္ေပလိမ့္မည္ ။

လုဖုန္းရႈံးနိမ့္နိုင္ကိန္းႀကဳံရလိမ့္မည္ဟု ရွန့္မင္ေအာ္ေကာက္ခ်က္ခ်ခဲ့ျခင္းကို သူမအံ့ၾသေတာ့ ။

ပမာဏအနည္းငယ္ရွိလွေသာတရားမွ်တမူအတြက္ အျပန္အလွန္အေနျဖင့္ တန္ဖိုးႀကီးႀကီးမားမားေပးဆပ္ေနရျခင္း ။ အဆုံးေသာဘဝတြင္ ေလာက်န္းယြင္၌စြန္းထင္က်န္ေသာအမွတ္လကၡဏာသည္ လက္သည္းခြံေအာက္ေျခရွိ အျဖဴေရာင္လျခမ္းေကြးသ႑ာန္ႏွင့္ပင္ ႏွိုင္းယွဥ္၍မစြမ္းသာေပ ။

တတိယေျမာက္ၾကားနာစစ္ေဆးမည့္ရက္ ။ ရွန့္မင္ေအာ္က ယခင္မူလေနရာတြင္ထိုင္ေနခဲ့ၿပီး ရိတကြၽမ့္ကလည္း ထိုနည္း၎ပင္ ၊ သို႔ေသာ္ ဝူရိကေတာ့ ၾကားနာျခင္းသို႔မတက္ေရာက္ခဲ့ ။
လုဖုန္း လူထုပရိသတ္ထိုင္ေနရာေနာက္ဆုံးတန္းဆီသို႔တစ္ခ်က္ေဝ့ၾကည့္မိသည္ ။ ယခင္ၾကားနားစစ္ေဆးမႈမ်ားတြင္တက္ေရာက္ခဲ့ေသာအနက္ေရာင္ဝတ္စုံႏွငိ့အမ်ိဳးသမီးမွာ အခုထိမေရာက္ေသးေၾကာင္းေတြ႕လိုက္ရ၏ ။

ယခင္အေခါက္က လုဖုန္း၏ထြက္ဆိုခ်က္မ်ားမွန္မမွန္အေပၚ   ဝမ္ရွန္း၏အရွိန္ျမင့္လာေသာေမးခြန္းမ်ားေၾကာင့္ မန့္႐ႊမ္ကြၽင္း၌ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ တုံ႕ျပန္တိုက္ခိုက္မႈတစ္ခုစတင္ရန္ ျပင္ဆင္ရေတာ့သည္ ။ လုဖုန္း ခ်င္းဝမ္ေထာင္တြင္ ျပစ္ဒဏ္က်ခံေနစဥ္အခါက ႀကီးၾကပ္ခဲ့ေသာ ေထာင္ႀကီးၾကပ္ေရးမႉးတစ္ေယာက္ကို မန့္႐ႊမ္ကြၽင္းက ဆင့္ေခၚခဲ့၏ ။

ေထာင္မွထြက္ခြာလာသည့္ေန႕၌ ေလာင္ဟြမ္ႏွင့္ေနာက္တစ္ႀကိမ္ျပန္လည္ဆုံေတြ႕ျဖစ္လိမ့္မည္မဟုတ္ဟု လုဖုန္းထင္ခဲ့ဖူးသည္ ။ မည္သူက ထင္အံ့မည္နည္း ? တစ္ႏွစ္မျပည့္ေသးေသာအခ်ိန္ကာလတြင္ လုဖုန္း ေလာင္ဟြမ္ႏွင့္ျပန္လည္ဆုံေတြ႕ရသည္ ။ တရား႐ုံးအတြင္း ကိုးရိုးကားရားနိုင္လွေသာ အခင္းအက်င္းမ်ိဳးပင္ ။

"လုဖုန္းက ရိုးသားတဲ့လူတစ္ေယာက္လို႔ ထင္ပါသလား ? "

"ဟုတ္ကဲ့ "

"လုဖုန္းကို ဘယ္လိုျမင္သလဲဆိုတာ ထပ္ေျပာေပးလို႔ရမလား ? "

ေလာင္ဟြမ္က ပုခုံးတစ္ခ်က္တြန့္ၿပီးေနာက္ ဆက္ေျပာလာခဲ့၏ ။

"သူက ႏွလုံးသားႏူးညံ့တဲ့လူမ်ိဳး ၊ ဒါေပမဲ့ အဲ့ဒါကို သူဘယ္ေတာ့မွ ဝန္ခံမွာမဟုတ္ဘူး ၊ ၿပီးေတာ့ သူအၿမဲတမ္းတျခားသူကို ကူညီခ်င္စိတ္ရွိတယ္ဆိုတာေရာပဲ ၊ ဒါေပမဲ့ အခန္းနံပါတ္၆၇က ဒီကေလးက တျခားေကာက္က်စ္ယုတ္မာတဲ့ရာဇဝတ္သားေတြနဲ႕မတူဘူးဆိုတာေတာ့ လူတိုင္းသိတယ္ "

လုဖုန္း တရားလိုဘက္ျခမ္းရွိ ခုံတန္းရွည္ေပၚထိုင္ေနရင္းပင္ ေလာင္ဟြမ္၏မွတ္ခ်က္စကားမ်ားေၾကာင့္ မ်က္ႏွာပူလာသလိုပင္ ။ ေလာင္ဟြမ္က သူ႕ကိုအျမင္ၾကည္သည္ ႏွစ္သက္သည္ဆိုသည္ကိုေတာ့ လုဖုန္းသိသည္ ။ သို႔ေသာ္ ဤကဲ့သို႔ထင္ျမင္ခ်က္မ်ိဳးရွိေနလိမ့္မည္ဟု လုဖုန္းမေတြးဖူးခဲ့ ။

မန့္႐ႊမ္ကြၽင္းကဆက္ေျပာ၏ ။

"လုဖုန္းက သူ႕ရဲ႕ရိုးသားတဲ့အေတြးအျမင္ေတြကေန ေရွာင္ေျပးတြန့္ဆုတ္မယ့္သူမ်ိဳးမဟုတ္ပါဘူး ၊ အဲ့ဒီအရာကပဲ သူ႕ရဲ႕ကိုယ္က်င့္တရားနဲ႕ လူ႕က်င္ဝတ္သိကၡာကို မီးေမာင္းထိုးျပေနပါတယ္ ၊ ၿပီးေတာ့ အလိမ္အညာေတြ လွည့္ဖ်ားမႈေတြကိုသုံးၿပီး ပန္းတိုင္ျဖစ္ေျမာက္ေအာင္ လုပ္မယ့္လူစားမ်ိဳးလည္းမဟုတ္ပါဘူး ၊ ခုံသမာဓိအဖြဲ႕ဝင္မ်ားအေနနဲ႕ လူအမ်ားၾကားျပသတဲ့သ႑ာန္နဲ႕ တစ္ေယာက္တည္းရွိတဲ့အခါသူတို႔ကိုယ္သူတို႔ခံယူထားတဲ့သ႑ာန္အၾကား ကြာျခားမႈေတြရွိတာကို နားလည္နိုင္လိမ့္မယ္လို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္ ၊ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ် ဘက္မလိုက္ဖို႔ ပမထုတ္ဖို႔လည္း ေတာင္းဆိုခ်င္ပါတယ္ ၊ ၿပီးေတာ့ လုဖုန္းဘက္ကတင္သြင္းလာတဲ့ မ်က္ျမင္သက္ေသထြက္ဆိုခ်က္ကိုေရာေပါ့ ၊ ေက်းဇူးတင္ပါတယ္ "

ေမးခြန္းေမးရန္ အလွည့္က်ေသာဝမ္ရွန္းက မတ္တပ္ထရပ္လိုက္ကာ အကၤ်ီေကာ္လံကို အေနအထားက်ေအာင္ျပဳျပင္လိုက္သည္ ။

"မစၥတာဟြမ္အေနနဲ႕ ေထာင္ႀကီးၾကပ္ေရးမႉးလုပ္ခဲ့တာ ဘယ္ႏွႏွစ္ရွိပါၿပီလဲ ?"

"အႏွစ္ႏွစ္ဆယ္ပါ "

"ၿပီးေတာ့ လုဖုန္းကိုေရာ ဘယ္ႏွႏွစ္ေလာက္ႀကီးၾကပ္ခဲ့ရပါသလဲ ?"

"ရွစ္ႏွစ္ပါ ၊ သူ႕အသက္၁၈အ႐ြယ္ကေနစၿပီးေတာ့ "
"လုဖုန္း ဘယ္လိုႀကီးျပင္းလာသလဲကိုျမင္ေတြ႕ခဲ့ရတာဆိုေတာ့ မစၥတာဟြမ္အေနနဲ႕ သူ႕အေပၚအေတာ္ဂ႐ုဏာသက္မိမွာပဲ "

"ဒါေပမဲ့ ကြၽန္ေတာ္အေနနဲ႕ ပုဂၢိဳလ္ေရးနဲ႕အမ်ားသူငွာကိစၥကို ခံစားခ်က္ေတြထည့္မတြက္ဘဲ ကြဲကြဲျပားျပား ခြဲျခားနိုင္တုန္းပါပဲ "

ဝမ္ရွန္းကား ရိုးရွင္းသာေမးခြန္းမ်ားႏွင့္ပင္အစျပဳ၏ ။ သို႔ေသာ္ သူ၏အစြယ္တို႔ကို ျဖည္းျဖည္းခ်င္းလွစ္ဟျပရန္ရည္႐ြယ္ခ်က္ျဖင့္ ေမးခြန္းမ်ားကိုလည္း ျဖည္းညင္းစြာအရွိန္တင္၏ ။

"လုဖုန္းအေနနဲ႕ ျပစ္ဒဏ္က်ခံေနတုန္းမွာ တိုက္ပိတ္ျပစ္ဒဏ္ေပးခံရဖူးတာမ်ားရွိပါသလား ?"

ေလာင္ဟြမ္က ေခတၱမွ်စဥ္းစားၿပီးေနာက္ အေျဖေပးလာ၏ ။

"ရွိခဲ့ဖူးပါတယ္ "

ဝမ္ရွန္း၏အမူအရာကား ေသြးနံ႕ကိုေျခရာခံမိသည့္ ငါးမန္းတစ္ေကာင္ႏွယ္ေျပာင္းလဲသြားခဲ့၏ ။ ၾကည့္ရသည္မွာ ပို၍စိတ္လႈပ္ရွားလာေနဟန္ ။ ၿပိဳင္ဘက္ကင္းေရွ႕ေနတစ္ေယာက္ျဖစ္ေသာဝမ္ရွန္းအေနျဖင့္ မည္သို႔ေသာအခြင့္အေရးမ်ိဳးကိုမွ လက္လႊတ္လိမ့္မည္မဟုတ္ေခ် ။

"အမွားက်ဴးလြန္မိတဲ့ေထာင္သားေတြပဲ တိုက္ပိတ္ခံရတယ္ဆိုတာ မွန္ပါသလား ? "

ေလာင္ဟြမ္ကား ဤေမးခြန္းကိုမေျဖခ်င္မွန္းသိသာလွ၏ ။ သို႔ေသာ္ တရားသူႀကီးကလည္း ထိုေမးခြန္းကိုေျဖဖို႔ရန္ စတင္တြန္းအားေပးလာေခ်ၿပီ ။

"မ်က္ျမင္သက္ေသ ၊ ဒီေမးခြန္းကိုေျဖရပါမယ္"

အျခားေ႐ြးခ်ယ္စရာလမ္းမက်န္ေတာ့ေသာ ေလာင္ဟြမ္မွာ ေနာက္ဆုံးတြင္ ေခါင္းညိတ္အေျဖေပးလိုက္ဖို႔ရန္သာ တတ္နိုင္ေတာ့သည္ ။

"ဟုတ္ပါတယ္"

ဝမ္ရွန္းမ်က္ႏွာထက္ ေက်နပ္ဟန္အၿပဳံးတစ္ခုထြက္ေပၚလာ၏ ။ လက္ရွိအေျခအေနမွာ တရားခံဘက္ကအားသာေနသည္ဟု ဆိုနိုင္ေသာေၾကာင့္ပင္ ။ သို႔ေသာ္ သူက ေမးခြန္းေမးျခင္းကို ရပ္လိုက္ျခင္းမရွိ ။

"ဘာအတြက္ တိုက္ပိတ္ခံခဲ့ရတာပါလဲ ?"

လုဖုန္းတိုက္ပိတ္ခံရသည့္အေၾကာင္းအရင္းကို ခုံသမာဓိအဖြဲ႕လူႀကီးမ်ား၏နားဆီသို႔ ေပါက္ေရာက္ေစခဲ့လွ်င္ ထိုအေၾကာင္းအရင္းကမည္မွ်ပင္ ေသးငယ္ေနပါေစ သူ႕အေနႏွင့္ဇာတ္ေၾကာင္းျပန္လွန္ကာ လုဖုန္းအားကိုယ္က်င့္တရားႏွင့္ေနာင္တကင္းမဲ့သူတစ္ေယာက္အျဖစ္ ပုံသြင္းမည္ဟု ဝမ္ရွန္းကေတြးထားပုံရသည္ ။

ေလာင္ဟြမ္က လက္ေခ်ာင္းမ်ားကိုယွက္ႏြယ္ကာ ခုံေပၚတင္လိုက္၏ ။ သူ၏အသံတြင္ စိတ္အေႏွာင့္အယွက္ျဖစ္ဟန္က ေရးေရးထင္ေနလ်က္။

"ေထာင္သားငါးေထာက္က ေကာင္ေလးတစ္ေယာက္ကို ဝိုင္းၿပီးမုဒိမ္းက်င့္တာကို ဝင္တားလိုက္လို႔ပါ  ၊ အဲ့တုန္းက အဲ့ေကာင္ေလးက ၁၈ႏွစ္ပဲရွိေသးတယ္ ၊ ၿပီးေတာ့ ေထာင္သားအသစ္ပဲ ၊ အဲ့ကိစၥက လုဖုန္းအေပၚအျပစ္တင္လို႔မရဘူးဆိုေပမဲ့ စည္းမ်ဥ္းကစည္းမ်ဥ္းပဲေလ ၊ ေနာက္ဆုံး အဲ့ကိစၥမွာပါတဲ့သူအကုန္ တိုက္ပိတ္ခံခဲ့ရတာပဲ "

"Wow"

မန့္႐ႊမ္ကြၽင္းက အသံခပ္တိုးတိုးျဖင့္ မွတ္ခ်က္ျပဳသည္ ။ ဝမ္ရွန္းျပဳလုပ္လိုက္ေသာအမွားအေပၚ ဝမ္းသာအားရသည္ဆိုလွ်င္လည္း မမွား။

"ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ေမးခြန္းလဲ "

လုဖုန္း လူထုပရိတ္သတ္ၾကားထိုင္ေနေသာ ရွန့္မင္ေအာ္ကို ၾကည့္လိုက္မိ၏ ။ ေမးကိုအတန္ငယ္ေမာ့ကာ လက္ႏွစ္ဖက္လုံး ယွက္သြယ္ပိုက္ထားေသာ ရွန့္မင္ေအာ္၏မ်က္ဝန္းမ်ားထဲတြင္ မေသခ်ာမႈ မႏွစ္ၿမိဳ႕မႈတို႔ ျပည့္ႏွက္ေနလ်က္ ။ ေတးသြားတို႔ျဖင့္ လွလွပပႂကြႂကြ႐ြ႐ြတီးခတ္ေနေသာ သံစုံသီးဝိုင္းတစ္ခုအတြင္း အံံဝင္မက်ေသာမကိုက္ညီေသာ အသံတစ္ခုက ႐ုတ္တရက္ထြက္ေပၚလာၿပီး တီးခတ္မႈတစ္ခုလုံးကို ဖ်က္ဆီးပစ္လိုက္သကဲ့သို႔ပင္ ။

ဝမ္ရွန္းကလည္း ထိုအရာကိုေကာင္းစြာသေဘာေပါက္သည္ ။ ထိုေမးခြန္းကိုသူမေမးခဲ့သင့္ ၊ သို႔ေသာ္ ကြၽံေသာစကားျပန္ႏႈတ္မရသကဲ့သို႔ပင္ သူ႕ေမးခြန္းဆီမွ ထိခိုက္နစ္နာမႈသည္ကား တစ္ပတ္ျပန္လည္ခဲ့ၿပီးျဖစ္ေလသည္ ။

ထို႔ေၾကာင့္ ဝမ္ရွန္းအေနျဖင့္ ဘယ္လိုမွမတတ္နိုင္ေတာ့ဘဲ ေမွာင္မိုက္မိုက္အမူအရာျဖင့္သာ စစ္ေဆးေမးျမန္းျခင္းကိုဆက္လက္ျပဳလုပ္ရေတာ့၏ ။ သူျပဳလုပ္ခဲ့မိေသာ ခါးသက္သက္အမွားတစ္ခုကို ေအာင့္သက္သက္ျဖင့္ၿမိဳသိပ္ထားခဲ့ရသည္ကေတာ့ အမွန္ပင္ ။

ၾကားနာစစ္ေဆးမႈၿပီးေသာအခါ ေလာက်န္းယြင္က maskကိုတပ္ဆင္ကာ ျမန္ျမန္ထြက္ခြာသြားေတာ့သည္ ။ ရိတကြၽမ့္ကား ဓာတ္ပုံရိုက္ရန္အတြက္ ေလာက်န္းယြင္ေနာက္မွလိုက္ပါသြားခဲ့ၿပီး လုဖုန္းႏွင့္ေမာ့ခ်ိဳးတို႔ႏွစ္ေယာက္သားမွာ တရား႐ုံးမွမထြက္မီ ေခတၱမွ်ေစာင့္ဆိုင္းေနၾကေသးသည္ ။ တစ္နည္း ေလာက်န္းယြင္ႏွင့္ ခပ္ခြာခြာေနနိုင္ရန္ပင္ ။

ေနာက္တစ္ႀကိမ္ စစ္ေဆးၾကားနာမႈကား ေနာက္ဆုံး႐ုံးခ်ိန္းပင္ ။ ေလာက်န္းယြင္ အျပစ္ရွိမရွိ ထို႐ုံးခ်ိန္းတြင္ ေပၚေပါက္ေပလိမ့္မည္ ။

တရား႐ုံးထဲေနာက္ဆုံးက်န္ခဲ့ေသာလူမ်ားထဲမွ ရွန့္မင္ေအာ္ထြက္ခြာေတာ့မည္ကို  ျမင္လိုက္ရခ်ိန္ ေမာ့ခ်ိဳးကို လုဖုန္းအသိေပးကာ ရွန့္မင္ေအာ္ထံသို႔ လွစ္ခနဲေျပးလာခဲ့မိ၏ ။

ရွန့္မင္ေအာ္က သူ႕အား ျမင္ခ်င္မည္မဟုတ္ေၾကာင္း လုဖုန္းသိေနသည့္တိုင္ ရွန့္မင္ေအာ္အား ေႏွာင့္ယွက္ခ်င္ေနသည့္စိတ္ကို ဘယ္လိုမွထိန္းမရေပ ။ လုဖုန္း၏ေနာက္တီးေနာက္ေတာက္အမူအရာမ်ားအား ရွန့္မင္ေအာ္က မ်က္ေမွာင္က်ဳံ႕ျခင္းကိုၾကည့္ရျခင္းကသာလွ်င္ လုဖုန္း၏ထူးျခားလွေသာဝါသနာတစ္ခုျဖစ္လာခဲ့သည္ ။

"ေလးစားရတဲ့ေရွ႕ေနရွန့္ခင္ဗ်ာ ၊ ဒီေန႕ၾကားနာစစ္ေဆးမႈၿပီးတဲ့ေနာက္မွာ ဒီအမႈဘယ္လိုျဖစ္မလဲဆိုတဲ့ ေရွ႕ေနရွန့္ရဲ႕ထင္ျမင္ခ်က္ကို ေျပာင္းလဲမွာလား ?"

မရွိေသာမိုက္ခရိုဖုန္းကို ရွိသေယာင္ ေလထဲကိုင္ျမႇောက္ျပ၍ ရွန့္မင္ေအာ္ေရွ႕ထားကာ လုဖုန္းေမးလိုက္ျခင္း ။

ရွန့္မင္ေအာ္က လုဖုန္းဘက္သို႔တစ္ခ်က္ေစာင္းၾကည့္ကာ တြန့္ဆုတ္ျခင္းအလ်ဥ္းမရွိဘဲ ေျခလွမ္းက်ယ္က်ယ္ျဖင့္ ေလွကားထစ္မ်ားေပၚ ဆင္းေလွ်ာက္သြားေတာ့၏ ။

ထိုအခ်ိန္မွာပင္ တရား႐ုံးအျပင္ဘက္မွ ဆူဆူညံညံအသံတစ္ခ်ိဳ႕က ႐ုတ္ခ်ည္းထြက္ေပၚလာခဲ့၏။

လုဖုန္း အသံလာရာဘက္ဆီသို႔ၾကည့္လိုက္မိ၏ ။ လူအုပ္ထဲမွလူအသီးသီး၏မ်က္ႏွာေပၚတြက္ ထိတ္လန့္အံ့ၾသျခင္းတို႔က အထင္းသားေပၚလြင္ေနလ်က္ ။ မေကာင္းေသာခံစားခ်က္တို႔က လုဖုန္းရင္ထဲလွိုက္တက္လာၿပီးလွ်င္ လုဖုန္းေလွကားထစ္မ်ားမွတစ္ဆင့္ ေအာက္ဆင္းကာမၾကည့္ဘဲမေနနိုင္ေတာ့ ။

လူအုပ္ၾကားထဲတြင္ ေလွကားထစ္မ်ားေပၚသို႔တက္ေရာက္ရန္ ယိုင္တိယိုင္တိုင္ျဖင့္ အသည္းအသန္ႀကိဳးစားေနရေသာ ရိတကြၽမ့္ ။ လုဖုန္း ဘာမွမစဥ္းစားနိုင္ေတာ့ဘဲ ရိတကြၽမ့္ကိုသြားကူရေတာ့သည္ ။

လုဖုန္းေရွ႕တြင္ တရား႐ုံးဝန္ထမ္းမ်ားထဲမွတစ္ေယာက္က ေအာ္ဟစ္ေနခဲ့၏ ။

"ကြၽန္ေတာ္ေျပာတာကိုၾကားရလား ? လက္နက္ကိုခ်လိဳက္ပါ !"

ေအာ္ဟစ္ဆူပူသံမ်ားက ဆက္တိုက္ထြက္ေပၚေနခဲ့၏ ။ ထိုအခ်ိန္မွာပင္ ထင္းကနဲထြက္ေပၚလာေသာ အမ်ိဳးသမီး၏ေအာ္ဟစ္ငိုေႂကြးသံ ။ တစ္နည္းအားျဖင့္ ေသာကပူေလာင္မႈတို႔ အျမစ္ယွက္တြယ္ေနေသာ ငိုေႂကြးသံ ။

"ငါ့သားေလး ၊ အေမသားကို လာရွာၿပီ "

ေနာက္စကၠန့္အနည္းငယ္မွာပင္ ေသနတ္ေဖာက္သံသုံးခ်က္က ထြက္ေပၚလာခဲ့၏ ။ လုဖုန္းအလ်င္အျမန္ပင္ ​ၾကမ္းျပင္ေပၚဝပ္ခ်ကာ အသံလာရာဆီသို႔ လွမ္းၾကည့္မိသည္ ။

မ်ားျပားလွေသာလူအုပ္မ်ားၾကား အနက္ေရာင္ဝတ္စုံ၏တစ္စြန္းတစ္စက ေျမျပင္ေပၚက်ေရာက္ေနခဲ့၏ ။ ေသြးမ်ားျဖင့္စြန္းထင္းေနေသာဓားတစ္ေခ်ာင္းက ျပဳတ္က်သြားစဥ္အခ်ိန္ကိုက္ထြက္ေပၚလာေသာအသံ ။ သူမႏွင့္ မေဝးလြန္းေသာေနရာတြင္ ရွိေနခဲ့သည္က ေလာက်န္းယြင္ ။ ေသြးအိုင္ထဲလဲက်ေနခဲ့ၿပီး ရင္ဘတ္ဆီမွ အနီေရာင္စြန္းပန္းခ်ဳံတို႔က တစ္စတစ္စပြင့္ဖူးလာေန၏ ။ မ်က္ႏွာမွာေသြးေရာင္မရွိေတာ့ ။ အနီးအနားမွသူမ်ား သူ႕အမည္ေခၚေနသည္ကိုပင္ ျပန္လည္မတုံ႕ျပန္နိုင္ေတာ့ေသာ ေလာက်န္းယြင္။

ေလာက်န္းယြင္ႏွင့္ အနီးဆုံးရွိေနသူဝမ္ရွန္း၏ေျခေထာက္မ်ားမွာလည္း အားကုန္သြားဟန္ ၊ လဲက်သြားၿပီးေနာက္ပိုင္း ျပန္ထနိုင္ျခင္းမရွိေသး ။

"ခ်ီးလိုပဲ လန့္လိုက္တာ "

ရိတကြၽမ့္၏မ်က္ႏွာမွာေဖ်ာ့ေတာ့ေနခဲ့ၿပီး တြားသြားကာ လုဖုန္းေဘးနားလာထိုင္၏ ။ ျဖစ္စဥ္ကို သမင္လည္ျပန္ၾကည့္လ်က္ အသံကထိန္းမနိုင္သိမ္းမရေအာင္ တုန္ခါေနဆဲပင္ ။

"အဲ့အမ်ိဳးသမီးဘယ္ကလာလဲဆိုတာ ဘုရားသခင္ပဲသိလိမ့္မယ္ ၊ ဘယ္သူမွမသိလိုက္ခင္မွာပဲ ေလာက်န္းယြင္က ေလးငါးေျခာက္ခ်က္ေလာက္ ဓားနဲ႕အထိုးခံရၿပီးေနၿပီ ၊ ဓားထိုးခ်က္တစ္ခ်က္စီတိုင္းက ေသေလာက္တယ္ ၊ ၿပီးေတာ့ အဲ့အမ်ိဳးသမီးက သူ႕သားကိုျပန္ေပးဆိုၿပီးေတာ့ပဲေအာ္ဟစ္ေနတာ ၊ ဘုရားသခင္ ေသြးထြက္သံယိုေတြခ်ည္းပဲ ကြၽန္ေတာ္အန္မိေတာ့မယ္..."

လုဖုန္း ႏႈတ္ကိုဖြင့္ဟကာ တစ္စုံတစ္ခုကိုေျပာခ်င္ေနေသာ္ျငား ယခုလက္ရွိ သူ႕ႏွလုံးသားတစ္ခုလုံး ရႈပ္ေထြးေနၿပီျဖစ္သည္ ။

လုဖုန္း ေလွကားထစ္မ်ားေပၚငုတ္တုပ္ထိုင္ကာ အနက္ေရာင္ဝတ္စုံဝတ္ထားေသာအမ်ိဳးသမီးကို ၾကည့္ေနမိသည္ ။ က်ည္ေပါက္ရာတို႔ျဖင့္ ထိုအမ်ိဳးသမီးက ေနာက္ဆုံးထြက္သက္အထိ တစ္စုံတစ္ခုကို တမ္းတေနသကဲ့သို႔ပင္ ။ ႐ုတ္တရက္ဆန္စြာပင္ ယခင္ၾကားနာစစ္ေဆးမႈမွျမင္ကြင္းတစ္ခုကို လုဖုန္းျပန္ေတြးမိသြားသည္ ။

ထိုေန႕က ေဆးလိပ္ေသာက္ရန္သတ္မွတ္ထားသည့္ေနရာသို႔ လုဖုန္းေရာက္စဥ္ ထိုအမ်ိဳးသမီးကရွန့္မင့္ေအာ္ႏွင့္စကားေျပာေနခဲ့သည္မလား ? "

သို႔ေသာ္ ၎တို႔ႏွစ္ေယာက္စကားေျပာေနခဲ့လွ်င္ေတာင္မွ အဘယ္သို႔ေသာ ရည္႐ြယ္ခ်က္ေၾကာင့္နည္း ?

သူမအေနျဖင့္ ရွန့္မင္ေအာ္ထံမွ မီးျခစ္ငွားျခင္းမ်ိဳးလည္းျဖစ္နိုင္သည္ ။ ထိုအျဖစ္အပ်က္ႏွင့္ ယေန႕ျဖစ္ရပ္ၾကား ဆက္ႏြယ္မႈတိတိပပမရွိျခင္းမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္ေပ၏ ။ ယခု သူဘာေတြေတြးေနမိသလဲဆိုသည္ကိုေတာင္ လုဖုန္းမသိေတာ့ ။

လုဖုန္း ဘာကိုမွမေတြးေတာဘဲ ေလွကားထစ္မ်ားကိုသာ ေတြေတြႀကီးၾကည့္ေနမိသည္ ။

တရား႐ုံးအေဆာင္၏ မီးခိုးေရာင္အရိပ္က ေလွကားထစ္မ်ားေပၚ က်ေရာက္ေန၏ ။ လူမ်ားျဖင့္ရႈပ္ယွက္ခတ္ေန႐ုံသာမက လူတစ္ေယာက္ခ်င္းစီ၏မ်က္ႏွာတိုင္း၌ သနားဟန္တို႔စြန္းထင္းလ်က္ ။ သို႔ေသာ္ တစ္ေယာက္ေသာသူကေတာ့ မပါဝင္ခဲ့။

ေလွကားထစ္မ်ား၏ထိပ္ဆုံး၌ရပ္ေနခဲ့ေသာ  ရွန့္မင္ေအာ္ ။ အၾကည့္တို႔ကိုေအာက္စိုက္လ်က္ အထက္စီးမွေန၍ ျဖစ္ပ်က္သမွ်အရာအားလုံးကိုၾကည့္ေနခဲ့ေသာရွန့္မင္ေအာ္ ။ မႈခင္းျဖစ္ရပ္ ၊ အၿငိဳးအာဃာတ ၊ ေသြးစြန္းထင္းျခင္း ၊ အၾကမ္းဖက္ျခင္း စသည္တို႔ကို တည္ၿငိမ္ေအးေဆးစြာၾကည့္ေနခဲ့ေသာအၾကည့္တစ္ခ်က္။

ေရခဲတမွ်ေအးစက္လာေသာစိတ္ခံစားခ်က္တို႔က လုဖုန္းအား တရား႐ုံးေရွ႕ရွိတရားေစာင့္နတ္သမီး႐ုပ္ထုကို သတိရေစသည္ ။ ဘယ္လက္တြင္ တရားမွ်တမႈႏွင့္ အမွန္တရားကိုကိုယ္စားျပဳေသာ ခ်ိန္ခြင္ကိုကိုင္ေဆာင္ကာ ညာလက္တြင္ တရားမွ်တမႈမရွိမခ်င္းမရပ္တန့္ဟု အဓိပၸာယ္ရသည့္ ဓားတစ္လက္ကို ကိုင္ေဆာင္ထားေသာ တရားေစာင့္နတ္သမီး ။

ေနာက္ဆုံးမ်က္လုံးကိုအဝတ္ျဖင့္စည္းထားျခင္းကား သူမသည္ အၿမဲတမ္း ဆင္ျခင္တုံတရားႏွင့္က်ိဳးေၾကာင္းဆက္စပ္နိုင္စြမ္းရွိ႐ုံသာမက တျခားမဆိုင္ေသာဆူညံသံမ်ားက မလႊမ္းမိုးနိုင္သည့္ အသံတစ္ခုအျဖစ္သက္ေသထူေလသည္ ။

T/N
စိတ္ဝင္စားစရာပဲေဟ့

Continue Reading

You'll Also Like

129K 13.9K 86
ဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ...
208K 14.7K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
775K 50.4K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
316K 33.2K 105
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်