Just To Be With You [ Complet...

By call_me_Tylor

72.5K 6.6K 180

မင္းနဲ႔ အတူသာဆိုရင္ ... More

01
02
03
04
05
07
08
09
10
11
12
13
14
15
16
Final

06

3.9K 435 18
By call_me_Tylor

[Zawgyi]

ဒီေန႔ေတာ့ ရိေပၚက ကုမၸဏီကေန ကိုကို႔ဆီ အေစာႀကီးေရာက္လာခဲ့တယ္။ အေစာႀကီးဆိုေပမယ့္ ပံုမွန္ေရာက္လာခ်ိန္ထက္ကို နွစ္နာရီေလာက္ ေစာၿပီးေရာက္လာတာသာ ျဖစ္တယ္။

ရိေပၚရဲ႕ ခါးသာသာေလာက္သူရွိတဲ့ သစ္သားၿခံစည္းရိုးက တံခါးေလးကို ဖြင့္ဝင္လိုက္ေတာ့ ၿခံေထာင့္မွာ ငုတ္တုပ္ေလးထိုင္ေနသည့္ တလႈပ္လႈပ္အရိပ္ေလးကို ေတြ႕လိုက္ရတယ္။

" အခ်စ္ ~ "

ရိေပၚလွမ္းေခၚလိုက္ေတာ့ ထိုအရိပ္ေလးက ဆတ္ခနဲရိေပၚကို လွည့္ၾကည့္လာတယ္။ လက္ထဲမွာလဲ ေျမႀကီးဆြဲတဲ့ ေဂၚျပားအေသးေလးနဲ႔ လက္ကေလးကလဲ ႐ြံ႕ေတြေပပြလို႔ရယ္။

" ဝမ္ရိေပၚ ! "

" အင္း အခ်စ္ ... ဘာလုပ္ေနတာလဲ "

" ငါဒီဇိုင္းဆြဲရတာ ေညာင္းလာလို႔ ... ၿခံထဲဆင္းလမ္းေလွ်ာက္ရင္း ေပါင္းပင္ေတြရွင္းေနတာ "

" ေအာ ... ကိုယ္ကူေပးမယ္ အခ်စ္ "

ရိေပၚက ထိုင္ေနတဲ့ကိုကို႔နားကို ေလအလ်င္နဲ႔ ခပ္ျမန္ျမန္ပဲ ေရာက္သြားတယ္။ ကိုကိုကေတာ့ လက္ထဲမွာ ေဂၚျပားအေသးေလးကိုကိုင္လို႔ ရိေပၚကိုေၾကာင္ၾကည့္ေနတုန္းပဲ။

" ဘာေျပာမလို႔လဲ အခ်စ္ရဲ႕ ကိုယ့္ကိုၾကည့္ေနတာ "

" ဝမ္ရိေပၚ ... မင္းငါ့ကို အခ်စ္ အခ်စ္နဲ႔မေခၚစမ္းပါနဲ႔ ... ၾကက္သီးထလိုက္တာ "

" ဘာလို႔လဲ ကိုကိုရဲ႕ ... ကိုယ္ကခ်စ္လို႔ အခ်စ္လို႔ေခၚတာေလ "

" ေတာ္ပါ ... မင္းနဲ႔ငါနဲ႔ ဘာမွမဆိုင္ပဲနဲ႔ ... ငါေနရခက္တယ္ "

ငုတ္တုပ္ေလးထိုင္ကာ ေျမႀကီးေတြကိုေနရင္း ရိေပၚကိုလဲ မၾကည့္ပဲ နႈတ္ခမ္းေလးတေထာ္ေထာ္နဲ႔ ေျပာေနတဲ့ကိုကိုက ရိေပၚအတြက္ သိပ္ကို အသည္းယားစရာေကာင္းတဲ့ ပံုရိပ္ကေလးပဲ။

တစိမ့္စိမ့္ထိုင္ၾကည့္လို႔ မၿငီးေငြ႕ေစမယ့္ ရိေပၚရဲ႕ အလွတရားေလး။

" ေဟာ္ ... ကိုယ္နမ္းရင္ၿငိမ္ခံေနတာက်ေတာ့ေရာ "

ၿပံဳးစိစိနဲ႔ေျပာလိုက္တဲ့ ရိေပၚရဲ႕စကားေၾကာင့္ ယုန္ကေလးဆီကေန ယုန္မ်က္ေစာင္းေလးက ရိေပၚဆီ ဒိုင္းခနဲေရာက္လာခဲ့တယ္။

" အေျဖေပးေတာ့ အခ်စ္ရယ္ ... ကိုယ့္ကို ခ်စ္တယ္မလား ... ဟင္ ... ဟင္လို႔ အခ်စ္ ... ကိုယ္မေစာင့္နိုင္တာမဟုတ္ေပမယ့္ အခ်စ္ဆီကမလို႔ ျမန္ျမန္လိုခ်င္တယ္ေလ ... အခ်စ္ဆီက ခ်စ္တယ္ဆိုတဲ့စကား ၾကားခ်င္တယ္ေလ "

" ငါ ... ငါ "

" ေျပာေလ အခ်စ္ ... ခ်စ္တယ္မလားဟင္ "

ေဂၚျပားအေသးေလးကို ဆုပ္ကိုင္ထားတဲ့ လက္ေသးေသးေလးကို ရိေပၚက လွမ္းလို႔ဆုပ္ကိုင္လိုက္တယ္။ ရိေပၚထက္ အရပ္ရွည္ေနတာကလြဲရင္ တျခားအစိတ္အပိုင္းေလးေတြ ေသးငယ္တဲ့ကိုကိုက အခုလဲ ရိေပၚလက္ထဲမွာ လက္ေသးေသးေလးက အံဝင္ခြင္က်ပဲ။

" ငါမသိဘူး "

" ဟား ... အခ်စ္ရာ "

ရိေပၚလက္ထဲကေန မသိမသာရုန္းေနတဲ့ လက္ေသးေသးေလးကို ရိေပၚက ပိုတင္းတင္းဆုပ္ကိုင္ပစ္လိုက္တယ္။ ကိုကိုမူေနတာ မ်ားၿပီရယ္။

" ကိုယ္ရင္ေတြခုန္ေနတာ မခံစားမိဘူးလား အခ်စ္ရယ္ ... ဟင္ ~ "

" ...... "

" ကိုယ့္အခ်စ္ကဆိုးလိုက္တာကြာ "

ရိေပၚကိုၾကည့္ေနတဲ့ မ်က္ဝန္းညိဳေလးကို ရိေပၚကလဲ စိုက္ၾကည့္ပစ္လိုက္တယ္။ အၾကည့္ေတြကို လႊဲဖို႔ျပင္ေနတာေၾကာင့္ ရိေပၚက အားေနတဲ့လက္တစ္ဖက္နဲ႔ အခ်စ္ရဲ႕ မ်က္နွာေလးကို ထိန္းကိုင္လိုက္တယ္။

" အခ်စ္ဆီက အေျဖမရရင္ ကိုယ္မလႊတ္ေတာ့ဘူး "

" ဟင္ ဘာကို ... "

ငံုေထြးခံလိုက္ရတဲ့ နႈတ္ခမ္းအစံုေၾကာင့္ ေျပာလက္စ စကားကရပ္သြားရၿပီး ေရွာင္းက်န္႔ရဲ႕ မ်က္ဝန္းအစံုက ျပဴးက်ယ္သြားရတယ္။ အားေနတဲ့ လက္တစ္ဖက္နဲ႔ ရိေပၚရဲ႕ ရင္ဘတ္က်ယ္က်ယ္ကို ခပ္ဆဆတြန္းျပန္ေတာ့လဲ သန္လွတဲ့ ရိေပၚက တုတ္တုတ္မွကို မလႈပ္ဘူး။

" အြန္႔ ... ရိ . ေပၚ "

ရသေလာက္ ေခါင္းကိုအတင္းေစာင္းရင္း ရုန္းေတာ့လဲ ရိေပၚရဲ႕နာမည္ကို အသံထြက္ရံုေလာက္သာေခၚနိုင္ၿပီး နႈတ္ခမ္းအစံုၾကားကို ျပန္ၿပီးဆြဲသြင္းခံလိုက္ရျပန္တယ္။

" ဟင္းးး ... "

အခ်ိန္တစ္ခါၾကာေတာ့ ရိေပၚက ေရွာင္းက်န္႔ကို နမ္းေနရာကေနခြာသြားၿပီး တဖန္ဖိကပ္နမ္းျပန္တယ္။ ၿပီးေတာ့မွ ျပန္ခြာၿပီး အေမာေျဖသလို သက္ျပင္းရွည္ႀကီးကိုခ်တယ္။

" ရိေပၚ ... မင္းအရမ္းဆိုးတယ္ "

ေမာဟိုက္ေနတဲ့ ေလသံတိုးတိုေလးေၾကာင့္ ရိေပၚက ဟက္ခနဲရယ္လိုက္တယ္။ ပန္းပင္ေလးေတြၾကား အတူတူငုတ္တုပ္ထိုင္ေနရင္း ရိေပၚပင့္ကိုင္ထားမိတဲ့ မ်က္နွာေလးကိုလဲ မလႊတ္ေပးမိေသးဘူး။

" ကိုယ့္ကိုခ်စ္ရဲ႕သားနဲ႔ အခ်စ္ရယ္ ... အခ်စ္က ပိုဆိုးတာေပါ့ ... မဟုတ္ဘူးလား "

" ဟင့္အင္း "

မ်က္လႊာခ်လိုက္တာေၾကာင့္ မ်က္ေတာင္ဖ်ားေလးေတြ ခပ္အသိမ္းမွာ ရိေပၚမွာ ရင္ေတြတလွပ္လွပ္ပဲ။ ရိေပၚရဲ႕ အခ်စ္ရယ္ေလ။ အဲ့သည္ေလာက္ကို လွရသလား။

မေနနိုင္မထိုင္နိုင္ မ်က္နွာေလးကို ခပ္ေျဖးေျဖးျပန္ပင့္လို႔ နႈတ္ခမ္းေအာက္က မွဲ႔နက္ေလးရဲ႕တည္ေနရာကို တိုးကပ္လို႔ ဖိနမ္းပစ္မိျပန္တယ္။ ပြင့္ဟသြားတဲ့ နႈတ္ခမ္းအစံုကို ရိေပၚခံစားမိေပမယ့္ မွဲ႔နက္ကေလးကို ဖိနမ္းထားရာကေန မခြာမိေသးဘူး။

" ကိုယ္သိပ္ခ်စ္တာ မသိခ်င္ေယာင္မေဆာင္စမ္းနဲ႔ အခ်စ္ရယ္ "

" ရိေပၚ ~ ဖယ္ . ဖယ္ပါဦး "

" အင္းးး ... "

ရင္ခြင္ထဲမွာ တလႈပ္လႈပ္နဲ႔ ရုန္းေနတဲ့ ယုန္ကေလးေၾကာင့္ ရိေပၚက မတ္တပ္ထရပ္လိုက္တယ္။ ၿပီးေတာ့ ငုတ္တုပ္ကေလး ထိုင္ေနရာကေန ရိေပၚကို ေမ့ၾကည့္ေနတဲ့ ယုန္လံုးေလးကို ထိုင္ေနတဲ့အတိုင္း ေဆြ႕ခနဲေကာက္ေပြ႕လိုက္ေတာ့ ရိေပၚလက္ေပၚကို အလြယ္တကူပဲ ပါလာတယ္။

" ရိေပၚ ... ဝမ္ရိေပၚ ... ငါ့ကိုေအာက္ခ်ေပး ... ျပဳတ္က်လိမ့္မယ္လို႔ ... ဝမ္ရိေပၚ ! "

" အခ်စ္သာ ၿငိမ္ၿငိမ္ေနရင္ ျပဳတ္မက်ဘူးလို႔ ကိုယ္အာမခံတယ္ "

" ရိေပၚ !!! "

မ်က္လံုးေလးေတြကို တင္းေနေအာင္ ဖိမွိတ္ၿပီး ရိေပၚရဲ႕ ရင္ခြင္ထဲမွာ ေအာ္ေနတဲ့ ကိုကို႔ေၾကာင့္ ရိေပၚက မွီရာေခါင္းလံုးထက္က ဆံပင္ေလးေတြကို နမ္းပစ္တယ္။

" ကိုယ္ေစာေစာျပန္လာရတုန္းေလး အခ်စ္ဆီကို ေျပးလာတာကြာ ... အခ်စ္ကိုဖက္ထားပါရေစဦး "

" ငါဒီလို မေနတတ္ဘူးလို႔ ရိေပၚ "

" ေနာက္ဆို ေနတတ္သြားေအာင္ ကိုယ္ဖက္တာ ခဏခဏခံေလ ... ေနာ္ အခ်စ္ "

" ရား ... ဝမ္ရိေပၚ "

ရိေပၚက ကိုကို႔ကို ၿခံထဲကေန အိမ္ထဲထိ ေပြ႕ခ်ီရက္သားေလးနဲ႔ပဲ ေခၚလာခဲ့တယ္။ ဧည့္ခန္းထဲက ဆိုဖာေပၚကို ေျဖးေျဖးခ်င္း ခ်ေပးလိုက္ၿပီး ရိေပၚက အေပၚကေန အုပ္မိုးလိုက္တာေတာင္ ကိုကိုက မ်က္လံုးေတြကို ဖြင့္မလာေသးဘူး။

" အခ်စ္ ... ကိုယ့္ကိုၾကည့္ပါဦး အခ်စ္ရယ္ "

နား႐ြက္ဖ်ားကို အသာကိုက္လို႔ အနားကို ကပ္ေျပာတဲ့ ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္းက်န္႔ အေယာင္ေယာင္အမွားမွားနဲ႔ မ်က္လံုးဖြင့္ၾကည့္မိတယ္။ ေရွာင္းက်န္႔ကို စီးမိုးထားၿပီး ႐ႊန္း႐ႊန္းစားစား စိုက္ၾကည့္ေနတဲ့ ရိေပၚက နႈတ္ခမ္းဖ်ားေတြကလည္း ၿပံဳးေယာင္သမ္းေနေသးတယ္။

" သိပ္ခ်စ္တယ္ေနာ္ အခ်စ္ "

ရိေပၚစကားကိုၾကားေတာ့ ေရွာင္းက်န္႔ပါးေတြ ပူတက္လာတယ္။ ရိေပၚဆီကေန ခ်စ္စကားကို ဒီရက္ေတြအတြင္း ခဏခဏၾကားေနရေပမယ့္ ေရွာင္းက်န္႔အသားမက်ေသးဘူး။

ရိေပၚရဲ႕ ႏူးညံ့တဲ့ ႐ႊန္း႐ႊန္းစားစား အၾကည့္ေတြနဲ႔ ခ်ိဳသာတဲ့ ခ်စ္စကားေတြေၾကာင့္ ေရွာင္းက်န္႔နွလံုးသားက ကုန္းေပၚမွာ ငါးကေလးခုန္ေနသလို တဖ်တ္ဖ်တ္ပဲ။

" ကိုယ္အရမ္းေလာေနမိလားဟင္ ... ေျဖပါဦး အခ်စ္ "

" ဘာကို "

" ကိုယ့္အတြက္ေတာ့ မေလာဘူး အခ်စ္ရယ္ ... ကိုယ္မေစာင့္ခ်င္ေတာ့ဘူး ... စိတ္ရွိတိုင္း အခ်စ္ကို ေပြ႕ဖက္ခ်င္တယ္ ... နမ္းခ်င္တယ္ "

ရိေပၚစကားေၾကာင့္ ေရွာင္းက်န္႔ နွာေခါင္းေလးကို ရႈံ႕လိုက္မိတယ္။ အခုလဲ ေရွာင္းက်န္႔ကို ေပြ႕ခ်င္သလိုေပြ႕၊ ခ်ီခ်င္သလိုခ်ီေနတာ သူမဟုတ္တဲ့အတိုင္းကို ေျပာေနေတာ့တာပဲ။

" အသည္းယားေအာင္ မလုပ္နဲ႔ အခ်စ္ရယ္ "

မ်က္လံုးေလးေမွးေစးလို႔ ရိေပၚကို စိုက္ၾကည့္ေနၿပီး နွာေခါင္းေလး ရႈံ႕ထားတဲ့အခ်စ္ကို ရိေပၚက သိပ္အသည္းယားတာပဲ။ ရႈံ႕ထားတဲ့ နွာေခါင္းေလးကို သြားေတြနဲ႔ ခပ္ဖြဖြငံု႔ကိုက္လိုက္ေတာ့ လက္ကေလးနွစ္ဖက္က ရိေပၚကို တြန္းလာတယ္။

" ဝမ္ရိေပၚ ... မင္းက တကယ္လူဆိုးေကာင္ ... မင္းပဲငါ့ကို ဖက္ခ်င္သလိုဖက္၊ နမ္းခ်င္သလို နမ္းေနတာေလ "

" ခ်စ္လို႔ေလ "

ရိေပၚက ေရွာင္းက်န္႔ရဲ႕ လက္ေတြကိုဆြဲယူၿပီး လက္ေခ်ာင္းေတြကို တတိတိကိုက္လာတယ္။ နမ္းလိုက္ကိုက္လိုက္နဲ႔ ေရွာင္းက်န္႔ရဲ႕ လက္ေခ်ာင္းေလးေတြက ရိေပၚလက္ထဲမွာ ျပဳသမွ်ႏုေနရေတာ့တယ္။

" မခ်စ္ဘူး "

" အဟြန္း ... ဟုတ္လို႔လား "

" မခ်စ္ဘူး "

" ဟုတ္ရဲ႕လား အခ်စ္ရဲ႕ ... ဟင္ ~ "

ရိေပၚကေမးၿပီး ယုန္ကေလးကို အုပ္မိုးထားလ်က္ကေနပဲ နႈတ္ခမ္းေလးကို ဖိနမ္းလိုက္ ျပန္ခြာလိုက္ အခါခါလုပ္ေတာ့ ယုန္ကေလးက ၿပံဳးလာတယ္။

" ခ်စ္လား "

" မခ်စ္ဘူး "

" မခ်စ္ဘူးလား "

" လူဆိုးေကာင္ ! "

ရိေပၚရဲ႕အခ်စ္က ရိေပၚရဲ႕ရင္ဘတ္ကို လက္သီးဆုပ္ေသးေသးေလးေတြနဲ႔ ထုေတာ့တာပဲ။ ခ်စ္ရဲ႕သားနဲ႔ ရိေပၚရဲ႕အခ်စ္ကေလးက သိပ္ဆိုးတယ္။

" မင္းငါ့ကိုထားခဲ့ရင္ ေခါင္းရိုက္ခြဲမွာေနာ္ "

" ေၾကာက္စရာေကာင္းလိုက္တာ ကိုကိုရဲ႕ "

" အတည္ေျပာေနတာ "

" အင္း အဲ့ေတာ့ခ်စ္လား "

ပါးကေလးနွစ္ဖက္ကို တစ္လွည့္စီနမ္းေနရင္း ရိေပၚကေမးလိုက္တယ္။ ပါးနွစ္ဖက္ကို နမ္းလို႔ဝေတာ့ နႈတ္ခမ္းေအာက္က မွည့္ေလးကိုလဲ ငံု႔နမ္းေနရင္း အခ်စ္ကို မ်က္လံုးေလးလွန္ၾကည့္လိုက္တယ္။

" အြန္း ... "

" ဘာေျပာတာလဲ အခ်စ္ "

" ခ်စ္တယ္ေလ ရိေပၚရယ္ ... မင္းက မသိခ်င္ေယာင္ေဆာင္ၿပီး ျပန္မဆိုးပါနဲ႔ ... ငါရွက္လို႔ "

" ကို္ယ္သိပါတယ္ အခ်စ္ရဲ႕ ... အခ်စ္ဆီက ေျပာတာကို ၾကားခ်င္လို႔ေလ "

ရိေပၚရဲ႕အခ်စ္က ၿပံဳးေနတယ္။ ရိေပၚလဲ လိုက္ၿပံဳးမိတယ္။ အခ်စ္ရဲ႕ ဘယ္ဘက္ရင္အံုမွာ ခုန္လႈပ္ေနမႈက အေပၚကေန အုပ္မိုးလို႔ ရင္ဘတ္ခ်င္းအပ္ထားမိတဲ့ ရိေပၚရဲ႕ ရင္အစံုကိုပါ တိုးတိုက္တယ္။

" ကိုယ့္ကိုယံုေပးပါ အခ်စ္ "

" အင္း ... "

တစ္ခြန္းပဲေျပာလို႔ ေရွာင္းက်န္႔က ရိေပၚရဲ႕ရင္ခြင္ထဲ ေခါင္းေလးတိုးဝင္ပစ္လိုက္တယ္။ ရိေပၚကလဲ ေရွာင္းက်န္႔ကို တင္းေနေအာင္ ေပြ႕ပိုက္ထားတယ္။

ေရွာင္းက်န္႔ရဲ႕ဆံပင္ေတြၾကား တိုးတိုက္ေနတဲ့ ရိေပၚရဲ႕ နွာဖ်ားေလးကို ခံစားရတယ္။ ၿပီးေတာ့ ေလေငြ႕ေႏြးေႏြးေလးေရာ။

ေရွာင္းက်န္႔က ရိေပၚဆီမွာ နစ္ဝင္သြားခဲ့ၿပီ။ ရင္အစံုကလဲ ေႏြးေနခဲ့တယ္။

___________

To be continue ...

18 May,2021(Tue)
call_me_Tylor

[Unicode]

ဒီနေ့တော့ ရိပေါ်က ကုမ္ပဏီကနေ ကိုကို့ဆီ အစောကြီးရောက်လာခဲ့တယ်။ အစောကြီးဆိုပေမယ့် ပုံမှန်ရောက်လာချိန်ထက်ကို နှစ်နာရီလောက် စောပြီးရောက်လာတာသာ ဖြစ်တယ်။

ရိပေါ်ရဲ့ ခါးသာသာလောက်သူရှိတဲ့ သစ်သားခြံစည်းရိုးက တံခါးလေးကို ဖွင့်ဝင်လိုက်တော့ ခြံထောင့်မှာ ငုတ်တုပ်လေးထိုင်နေသည့် တလှုပ်လှုပ်အရိပ်လေးကို တွေ့လိုက်ရတယ်။

" အချစ် ~ "

ရိပေါ်လှမ်းခေါ်လိုက်တော့ ထိုအရိပ်လေးက ဆတ်ခနဲရိပေါ်ကို လှည့်ကြည့်လာတယ်။ လက်ထဲမှာလဲ မြေကြီးဆွဲတဲ့ ဂေါ်ပြားအသေးလေးနဲ့ လက်ကလေးကလဲ ရွံ့တွေပေပွလို့ရယ်။

" ဝမ်ရိပေါ် ! "

" အင်း အချစ် ... ဘာလုပ်နေတာလဲ "

" ငါဒီဇိုင်းဆွဲရတာ ညောင်းလာလို့ ... ခြံထဲဆင်းလမ်းလျှောက်ရင်း ပေါင်းပင်တွေရှင်းနေတာ "

" အော ... ကိုယ်ကူပေးမယ် အချစ် "

ရိပေါ်က ထိုင်နေတဲ့ကိုကို့နားကို လေအလျင်နဲ့ ခပ်မြန်မြန်ပဲ ရောက်သွားတယ်။ ကိုကိုကတော့ လက်ထဲမှာ ဂေါ်ပြားအသေးလေးကိုကိုင်လို့ ရိပေါ်ကိုကြောင်ကြည့်နေတုန်းပဲ။

" ဘာပြောမလို့လဲ အချစ်ရဲ့ ကိုယ့်ကိုကြည့်နေတာ "

" ဝမ်ရိပေါ် ... မင်းငါ့ကို အချစ် အချစ်နဲ့မခေါ်စမ်းပါနဲ့ ... ကြက်သီးထလိုက်တာ "

" ဘာလို့လဲ ကိုကိုရဲ့ ... ကိုယ်ကချစ်လို့ အချစ်လို့ခေါ်တာလေ "

" တော်ပါ ... မင်းနဲ့ငါနဲ့ ဘာမှမဆိုင်ပဲနဲ့ ... ငါနေရခက်တယ် "

ငုတ်တုပ်လေးထိုင်ကာ မြေကြီးတွေကိုနေရင်း ရိပေါ်ကိုလဲ မကြည့်ပဲ နှုတ်ခမ်းလေးတထော်ထော်နဲ့ ပြောနေတဲ့ကိုကိုက ရိပေါ်အတွက် သိပ်ကို အသည်းယားစရာကောင်းတဲ့ ပုံရိပ်ကလေးပဲ။

တစိမ့်စိမ့်ထိုင်ကြည့်လို့ မငြီးငွေ့စေမယ့် ရိပေါ်ရဲ့ အလှတရားလေး။

" ဟော် ... ကိုယ်နမ်းရင်ငြိမ်ခံနေတာကျတော့ရော "

ပြုံးစိစိနဲ့ပြောလိုက်တဲ့ ရိပေါ်ရဲ့စကားကြောင့် ယုန်ကလေးဆီကနေ ယုန်မျက်စောင်းလေးက ရိပေါ်ဆီ ဒိုင်းခနဲရောက်လာခဲ့တယ်။

" အဖြေပေးတော့ အချစ်ရယ် ... ကိုယ့်ကို ချစ်တယ်မလား ... ဟင် ... ဟင်လို့ အချစ် ... ကိုယ်မစောင့်နိုင်တာမဟုတ်ပေမယ့် အချစ်ဆီကမလို့ မြန်မြန်လိုချင်တယ်လေ ... အချစ်ဆီက ချစ်တယ်ဆိုတဲ့စကား ကြားချင်တယ်လေ "

" ငါ ... ငါ "

" ပြောလေ အချစ် ... ချစ်တယ်မလားဟင် "

ဂေါ်ပြားအသေးလေးကို ဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးကို ရိပေါ်က လှမ်းလို့ဆုပ်ကိုင်လိုက်တယ်။ ရိပေါ်ထက် အရပ်ရှည်နေတာကလွဲရင် တခြားအစိတ်အပိုင်းလေးတွေ သေးငယ်တဲ့ကိုကိုက အခုလဲ ရိပေါ်လက်ထဲမှာ လက်သေးသေးလေးက အံဝင်ခွင်ကျပဲ။

" ငါမသိဘူး "

" ဟား ... အချစ်ရာ "

ရိပေါ်လက်ထဲကနေ မသိမသာရုန်းနေတဲ့ လက်သေးသေးလေးကို ရိပေါ်က ပိုတင်းတင်းဆုပ်ကိုင်ပစ်လိုက်တယ်။ ကိုကိုမူနေတာ များပြီရယ်။

" ကိုယ်ရင်တွေခုန်နေတာ မခံစားမိဘူးလား အချစ်ရယ် ... ဟင် ~ "

" ...... "

" ကိုယ့်အချစ်ကဆိုးလိုက်တာကွာ "

ရိပေါ်ကိုကြည့်နေတဲ့ မျက်ဝန်းညိုလေးကို ရိပေါ်ကလဲ စိုက်ကြည့်ပစ်လိုက်တယ်။ အကြည့်တွေကို လွှဲဖို့ပြင်နေတာကြောင့် ရိပေါ်က အားနေတဲ့လက်တစ်ဖက်နဲ့ အချစ်ရဲ့ မျက်နှာလေးကို ထိန်းကိုင်လိုက်တယ်။

" အချစ်ဆီက အဖြေမရရင် ကိုယ်မလွှတ်တော့ဘူး "

" ဟင် ဘာကို ... "

ငုံထွေးခံလိုက်ရတဲ့ နှုတ်ခမ်းအစုံကြောင့် ပြောလက်စ စကားကရပ်သွားရပြီး ရှောင်းကျန့်ရဲ့ မျက်ဝန်းအစုံက ပြူးကျယ်သွားရတယ်။ အားနေတဲ့ လက်တစ်ဖက်နဲ့ ရိပေါ်ရဲ့ ရင်ဘတ်ကျယ်ကျယ်ကို ခပ်ဆဆတွန်းပြန်တော့လဲ သန်လှတဲ့ ရိပေါ်က တုတ်တုတ်မှကို မလှုပ်ဘူး။

" အွန့် ... ရိ . ပေါ် "

ရသလောက် ခေါင်းကိုအတင်းစောင်းရင်း ရုန်းတော့လဲ ရိပေါ်ရဲ့နာမည်ကို အသံထွက်ရုံလောက်သာခေါ်နိုင်ပြီး နှုတ်ခမ်းအစုံကြားကို ပြန်ပြီးဆွဲသွင်းခံလိုက်ရပြန်တယ်။

" ဟင်းးး ... "

အချိန်တစ်ခါကြာတော့ ရိပေါ်က ရှောင်းကျန့်ကို နမ်းနေရာကနေခွာသွားပြီး တဖန်ဖိကပ်နမ်းပြန်တယ်။ ပြီးတော့မှ ပြန်ခွာပြီး အမောဖြေသလို သက်ပြင်းရှည်ကြီးကိုချတယ်။

" ရိပေါ် ... မင်းအရမ်းဆိုးတယ် "

မောဟိုက်နေတဲ့ လေသံတိုးတိုလေးကြောင့် ရိပေါ်က ဟက်ခနဲရယ်လိုက်တယ်။ ပန်းပင်လေးတွေကြား အတူတူငုတ်တုပ်ထိုင်နေရင်း ရိပေါ်ပင့်ကိုင်ထားမိတဲ့ မျက်နှာလေးကိုလဲ မလွှတ်ပေးမိသေးဘူး။

" ကိုယ့်ကိုချစ်ရဲ့သားနဲ့ အချစ်ရယ် ... အချစ်က ပိုဆိုးတာပေါ့ ... မဟုတ်ဘူးလား "

" ဟင့်အင်း "

မျက်လွှာချလိုက်တာကြောင့် မျက်တောင်ဖျားလေးတွေ ခပ်အသိမ်းမှာ ရိပေါ်မှာ ရင်တွေတလှပ်လှပ်ပဲ။ ရိပေါ်ရဲ့ အချစ်ရယ်လေ။ အဲ့သည်လောက်ကို လှရသလား။

မနေနိုင်မထိုင်နိုင် မျက်နှာလေးကို ခပ်ဖြေးဖြေးပြန်ပင့်လို့ နှုတ်ခမ်းအောက်က မှဲ့နက်လေးရဲ့တည်နေရာကို တိုးကပ်လို့ ဖိနမ်းပစ်မိပြန်တယ်။ ပွင့်ဟသွားတဲ့ နှုတ်ခမ်းအစုံကို ရိပေါ်ခံစားမိပေမယ့် မှဲ့နက်ကလေးကို ဖိနမ်းထားရာကနေ မခွာမိသေးဘူး။

" ကိုယ်သိပ်ချစ်တာ မသိချင်ယောင်မဆောင်စမ်းနဲ့ အချစ်ရယ် "

" ရိပေါ် ~ ဖယ် . ဖယ်ပါဦး "

" အင်းးး ... "

ရင်ခွင်ထဲမှာ တလှုပ်လှုပ်နဲ့ ရုန်းနေတဲ့ ယုန်ကလေးကြောင့် ရိပေါ်က မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ ငုတ်တုပ်ကလေး ထိုင်နေရာကနေ ရိပေါ်ကို မေ့ကြည့်နေတဲ့ ယုန်လုံးလေးကို ထိုင်နေတဲ့အတိုင်း ဆွေ့ခနဲကောက်ပွေ့လိုက်တော့ ရိပေါ်လက်ပေါ်ကို အလွယ်တကူပဲ ပါလာတယ်။

" ရိပေါ် ... ဝမ်ရိပေါ် ... ငါ့ကိုအောက်ချပေး ... ပြုတ်ကျလိမ့်မယ်လို့ ... ဝမ်ရိပေါ် ! "

" အချစ်သာ ငြိမ်ငြိမ်နေရင် ပြုတ်မကျဘူးလို့ ကိုယ်အာမခံတယ် "

" ရိပေါ် !!! "

မျက်လုံးလေးတွေကို တင်းနေအောင် ဖိမှိတ်ပြီး ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ အော်နေတဲ့ ကိုကို့ကြောင့် ရိပေါ်က မှီရာခေါင်းလုံးထက်က ဆံပင်လေးတွေကို နမ်းပစ်တယ်။

" ကိုယ်စောစောပြန်လာရတုန်းလေး အချစ်ဆီကို ပြေးလာတာကွာ ... အချစ်ကိုဖက်ထားပါရစေဦး "

" ငါဒီလို မနေတတ်ဘူးလို့ ရိပေါ် "

" နောက်ဆို နေတတ်သွားအောင် ကိုယ်ဖက်တာ ခဏခဏခံလေ ... နော် အချစ် "

" ရား ... ဝမ်ရိပေါ် "

ရိပေါ်က ကိုကို့ကို ခြံထဲကနေ အိမ်ထဲထိ ပွေ့ချီရက်သားလေးနဲ့ပဲ ခေါ်လာခဲ့တယ်။ ဧည့်ခန်းထဲက ဆိုဖာပေါ်ကို ဖြေးဖြေးချင်း ချပေးလိုက်ပြီး ရိပေါ်က အပေါ်ကနေ အုပ်မိုးလိုက်တာတောင် ကိုကိုက မျက်လုံးတွေကို ဖွင့်မလာသေးဘူး။

" အချစ် ... ကိုယ့်ကိုကြည့်ပါဦး အချစ်ရယ် "

နားရွက်ဖျားကို အသာကိုက်လို့ အနားကို ကပ်ပြောတဲ့ ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့် အယောင်ယောင်အမှားမှားနဲ့ မျက်လုံးဖွင့်ကြည့်မိတယ်။ ရှောင်းကျန့်ကို စီးမိုးထားပြီး ရွှန်းရွှန်းစားစား စိုက်ကြည့်နေတဲ့ ရိပေါ်က နှုတ်ခမ်းဖျားတွေကလည်း ပြုံးယောင်သမ်းနေသေးတယ်။

" သိပ်ချစ်တယ်နော် အချစ် "

ရိပေါ်စကားကိုကြားတော့ ရှောင်းကျန့်ပါးတွေ ပူတက်လာတယ်။ ရိပေါ်ဆီကနေ ချစ်စကားကို ဒီရက်တွေအတွင်း ခဏခဏကြားနေရပေမယ့် ရှောင်းကျန့်အသားမကျသေးဘူး။

ရိပေါ်ရဲ့ နူးညံ့တဲ့ ရွှန်းရွှန်းစားစား အကြည့်တွေနဲ့ ချိုသာတဲ့ ချစ်စကားတွေကြောင့် ရှောင်းကျန့်နှလုံးသားက ကုန်းပေါ်မှာ ငါးကလေးခုန်နေသလို တဖျတ်ဖျတ်ပဲ။

" ကိုယ်အရမ်းလောနေမိလားဟင် ... ဖြေပါဦး အချစ် "

" ဘာကို "

" ကိုယ့်အတွက်တော့ မလောဘူး အချစ်ရယ် ... ကိုယ်မစောင့်ချင်တော့ဘူး ... စိတ်ရှိတိုင်း အချစ်ကို ပွေ့ဖက်ချင်တယ် ... နမ်းချင်တယ် "

ရိပေါ်စကားကြောင့် ရှောင်းကျန့် နှာခေါင်းလေးကို ရှုံ့လိုက်မိတယ်။ အခုလဲ ရှောင်းကျန့်ကို ပွေ့ချင်သလိုပွေ့၊ ချီချင်သလိုချီနေတာ သူမဟုတ်တဲ့အတိုင်းကို ပြောနေတော့တာပဲ။

" အသည်းယားအောင် မလုပ်နဲ့ အချစ်ရယ် "

မျက်လုံးလေးမှေးစေးလို့ ရိပေါ်ကို စိုက်ကြည့်နေပြီး နှာခေါင်းလေး ရှုံ့ထားတဲ့အချစ်ကို ရိပေါ်က သိပ်အသည်းယားတာပဲ။ ရှုံ့ထားတဲ့ နှာခေါင်းလေးကို သွားတွေနဲ့ ခပ်ဖွဖွငုံ့ကိုက်လိုက်တော့ လက်ကလေးနှစ်ဖက်က ရိပေါ်ကို တွန်းလာတယ်။

" ဝမ်ရိပေါ် ... မင်းက တကယ်လူဆိုးကောင် ... မင်းပဲငါ့ကို ဖက်ချင်သလိုဖက်၊ နမ်းချင်သလို နမ်းနေတာလေ "

" ချစ်လို့လေ "

ရိပေါ်က ရှောင်းကျန့်ရဲ့ လက်တွေကိုဆွဲယူပြီး လက်ချောင်းတွေကို တတိတိကိုက်လာတယ်။ နမ်းလိုက်ကိုက်လိုက်နဲ့ ရှောင်းကျန့်ရဲ့ လက်ချောင်းလေးတွေက ရိပေါ်လက်ထဲမှာ ပြုသမျှနုနေရတော့တယ်။

" မချစ်ဘူး "

" အဟွန်း ... ဟုတ်လို့လား "

" မချစ်ဘူး "

" ဟုတ်ရဲ့လား အချစ်ရဲ့ ... ဟင် ~ "

ရိပေါ်ကမေးပြီး ယုန်ကလေးကို အုပ်မိုးထားလျက်ကနေပဲ နှုတ်ခမ်းလေးကို ဖိနမ်းလိုက် ပြန်ခွာလိုက် အခါခါလုပ်တော့ ယုန်ကလေးက ပြုံးလာတယ်။

" ချစ်လား "

" မချစ်ဘူး "

" မချစ်ဘူးလား "

" လူဆိုးကောင် ! "

ရိပေါ်ရဲ့အချစ်က ရိပေါ်ရဲ့ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးတွေနဲ့ ထုတော့တာပဲ။ ချစ်ရဲ့သားနဲ့ ရိပေါ်ရဲ့အချစ်ကလေးက သိပ်ဆိုးတယ်။

" မင်းငါ့ကိုထားခဲ့ရင် ခေါင်းရိုက်ခွဲမှာနော် "

" ကြောက်စရာကောင်းလိုက်တာ ကိုကိုရဲ့ "

" အတည်ပြောနေတာ "

" အင်း အဲ့တော့ချစ်လား "

ပါးကလေးနှစ်ဖက်ကို တစ်လှည့်စီနမ်းနေရင်း ရိပေါ်ကမေးလိုက်တယ်။ ပါးနှစ်ဖက်ကို နမ်းလို့ဝတော့ နှုတ်ခမ်းအောက်က မှည့်လေးကိုလဲ ငုံ့နမ်းနေရင်း အချစ်ကို မျက်လုံးလေးလှန်ကြည့်လိုက်တယ်။

" အွန်း ... "

" ဘာပြောတာလဲ အချစ် "

" ချစ်တယ်လေ ရိပေါ်ရယ် ... မင်းက မသိချင်ယောင်ဆောင်ပြီး ပြန်မဆိုးပါနဲ့ ... ငါရှက်လို့ "

" ကိုယ်သိပါတယ် အချစ်ရဲ့ ... အချစ်ဆီက ပြောတာကို ကြားချင်လို့လေ "

ရိပေါ်ရဲ့အချစ်က ပြုံးနေတယ်။ ရိပေါ်လဲ လိုက်ပြုံးမိတယ်။ အချစ်ရဲ့ ဘယ်ဘက်ရင်အုံမှာ ခုန်လှုပ်နေမှုက အပေါ်ကနေ အုပ်မိုးလို့ ရင်ဘတ်ချင်းအပ်ထားမိတဲ့ ရိပေါ်ရဲ့ ရင်အစုံကိုပါ တိုးတိုက်တယ်။

" ကိုယ့်ကိုယုံပေးပါ အချစ် "

" အင်း ... "

တစ်ခွန်းပဲပြောလို့ ရှောင်းကျန့်က ရိပေါ်ရဲ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ပစ်လိုက်တယ်။ ရိပေါ်ကလဲ ရှောင်းကျန့်ကို တင်းနေအောင် ပွေ့ပိုက်ထားတယ်။

ရှောင်းကျန့်ရဲ့ဆံပင်တွေကြား တိုးတိုက်နေတဲ့ ရိပေါ်ရဲ့ နှာဖျားလေးကို ခံစားရတယ်။ ပြီးတော့ လေငွေ့နွေးနွေးလေးရော။

ရှောင်းကျန့်က ရိပေါ်ဆီမှာ နစ်ဝင်သွားခဲ့ပြီ။ ရင်အစုံကလဲ နွေးနေခဲ့တယ်။

___________

To be continue ...

18th May,2021(Tue)
call_me_Tylor

Continue Reading

You'll Also Like

39.1K 3.1K 56
《 Zawgyi + Unicode 》 သံယောဇဉ်တွေအများကြီးထဲမှ Baekhyun ဆိုတဲ့ သံယောဇဉ်လေးကိုတော့ဖြစ် ခိုင်ခိုင်မြဲမြဲ ရစ်ချည်ထားလိုက်ပြီ​ M-Preg! Start - 30 Jun 202...
5.3K 680 21
-Kim Jong In 21ရာစု ရဲ့ထူးချွန်တဲ့သု‌ေတသီလေး _Do Kyung Soo ဂျိုဆွနိးနိုင်ငံတော်ရဲ့ ထူးချွန်ထက်မြတ်တဲ့ အိမ်ရှေ့စံလေးတစ်ပါး။ ဒီလိုအချိန်ကာလခြင်းမတူညီတဲ...
45K 5.1K 23
သူ႔ရဲ႕~~~ ႏွလံုးခုန္​သံ​​ေလး~~~ Kim Jongin ~ Oh Sehun #SeKai #KaiHun 14.6.2018 ~ 1.5.2019