[Host OOC OOC!!!]
ဝမ်ဆေးထည့်ပေးနေတုန်း ကြားလိုက်ရသည့် Systemအသံကြောင့် ပရင်းလန့်သွားရသည်။
"ဘာ OOC လဲ System ''
[ပရင်း က တောကတက်လာတဲ့တောသား
ပြီးတော့ စွာကလိမာကလာ မယဉ်မကျေး
အရိုင်းတုံးလေး ပြီးတော့ ရိုးသားတယ် စကားကို ဘောက်ဆတ်ဆတ်ပြောတယ် အခုကျတော့ Host က ယဉ်ကျေးနေတယ် ]
"သြော ငါနားလည်ပြီ ဒါနဲ့ မင်းက နာမည်ရှိလား ''
[ဘာလုပ်မလို့လဲ Host ကျွန်မက နာမည်ရှိ အဲလေ မရှိပါဘူး ]
"မင်းကို အရှုပ်ထုပ်မ လို့ခေါ်မလို့ဟေ့ ''
[Host ကျွန်မကို ရန်စွာနေမယ့်အစား Points ရအောင် ရှေ့ကလူကို စွာပစ်လိုက်ပါ ]
"သူက ငါ့ကို ကူညီပေးတာလေ ငါကသူ့ကို ဘယ်လိုစွာရမှာလဲ ကျေးဇူးမတင်တဲ့အပြင်ဖင်လှန်ပြသလိုဖြစ်နေမှာပေါ့ ''
[ပြသင့်ရင်ပြရမှာပဲ Host Points ရဖို့အတွက်ပဲအရေးကြီးတယ် ဟုတ်တယ်မလား ]
"မင်းမှန်ပါတယ် ငါလုပ်လိုက်မယ် ''
ရှောင်ကျန်းသည် ပရင်း၏ Mood အပြည့်သွင်းကာ စိတ်ကို ကြိမ်ဖန်များစွာ အားတင်းလိုက်သည်။
*ငါက တောသား ငါကစွာတယ် ငါက ပရင်းပဲ
ဟုတ်တယ် *
ဝမ်သည် ဆေးထည့်ပေးပြီး မိန်းမငယ်လေးအား မော့ကြည့်လိုက်သည် ။
မျက်နှာကြည်ကြည်လေးနဲ့ သူမက သိပ်ကိုချောပြီး ချစ်ဖို့ကောင်းသည်။
အလိုမကျစွာ တွန့်ချိုးနေတဲ့ မျက်ခုံးအစုံက နက်မှောင်ထူထဲသည်။ နှင်းဆီဖူးနူတ်ခမ်းလွှာက စွဲမက်စရာပင်။
ကြည့်နေရင်း ရင်ဘတ်ထဲက လှုပ်ခတ်သွားသည်ကိုသတိထားမိလိုက်သည်။
"ဟိတ် ပြီးပြီ ''
ကိုယ့်ကိုယ်ကို စိတ်ထိန်းချုပ်ပြီး အတွေးနယ်ကျွံနေတဲ့သူမအား သတိပေးလိုက်သည်။
"အာ ပြီးပြီလား ကျေးဇူးပဲ သွားခွင့်ပြုပါအုန်း ဒါနဲ့ ခင်ဗျားကို လမ်းကြုံရင် ကျေးဇူး ပြန်ဆပ်မယ် ''
ဝမ် ဆွံ့အသွားရသည် ။ ကျေးဇူးဆပ်တာတောင် လမ်းကြုံမှတဲ့လား ။
[Congratulations Host 7 points ရပါတယ် ယခု Host ရဲ့ လက်ရှိPointsအရေအတွက် 57Points ပါ ကျားယို့ ]
"7Points တည်း ပေးပြီး ရာဝင်အိုးစကားတွေပြောနေပြန်ပြန်ပြီ ''
[စေတနာနဲ့ ဒီက 7points ပေးတာကို ဖင်လှန်ပြနေပြန်ပြီ တကယ်တည်း ၃ပွိုင့် ပိုပေးထားတာ သူများက ]
"အေးပါကွာ ကျေးဇူးအထူးတင်ရှိပါတယ် ကျေနပ်ပြီလား ''
[Host အပြင်မှာ ဇာတ်လိုက်က Host ကို လိုက်ရှာနေတယ် ]
"အာ ဟုတ်သားပဲ မေ့နေတာ သိပြီ ''
ပရင်းသည် မတ်တပ်ထရပ်ရန်ပြင်လိုက်သည်။
"အမယ်လေးဗျ ''
"ဘာဖြစ် အလျင်စလို ထရပ်တော့ လဲကျမှာပေါ့ လာ ကိုယ်ကူညီမယ် ''
ဝမ်သည် မိမိအား ရန်စွာပြီး ငြိမ်သက်လျက် ဘာစဉ်းစားနေတာလဲ မသိသည့် မိန်းမငယ်လေးအား ကြည့်နေမိသည် ။
အင်း ချစ်စရာလေးပဲ
ရုတ်တရက် ထရပ်ပြီး ဆိုဖာပေါ်ပြန်ထိုင်ကျသွားတဲ့ သူမကြောင့် အသိဝင်လာပြီး ပြောလိုက်သည် ။
"ရတယ် မလို အ ''
"မင်းက မလိုဘူးလေ ခြေထောက်က အကူအညီလိုနေတယ် ''
ပြန်ထရင်းလဲကျသွားတဲ့ ကိုယ်လေးကို ထိန်းပေးရင်း ပြောလိုက်တော့ ရင်ခွင်ထဲက မျက်စောင်းတခဲခဲ လုပ်နေသေးသည့် သူလေး။
"ဒါက ဘယ်လိုဖြစ်နေတာလဲ! !!''
"အစ်ကိုနွတ် ''
နွတ်သည် ပရင်းကို ရှာရင်း မတွေ့သည်မို့ ဝန်ထမ်းမလေးတစ်ဦးကို မေးပြီး ကုန်တိုက်၏ ပြောရေးဆိုခွင့်ရှိသူကို ရှာခိုင်းရန် စိတ်ကူးလိုက်သည်။
မန်နေဂျာ၏ ရုံးခန်းထဲရောက်တော့ မြင်လိုက်ရသည်က ပရင်းနှင့်လူတစ်ဦး ဖက်နေသည့်မြင်ကွင်း။
တစ်ဖက်လူဆီကနေ ပရင်းကို ဆွဲယူကာ
နွတ်မေးလိုက်သည်။
"ပရင်း ဒီလူက ပရင်းကို ဘာလုပ်လိုက်တာလဲ အစ်ကို့ကို ပြော ''
နွတ်သည်ပရင်းကို မေးနေပေမယ့် ဘေးက လူအား အရေးမလုပ်သလို ကြည့်တောင်မကြည့်ဖြစ်။
"သြော ဘယ်သူများလဲလို့ မိတ်ဆွေကြီး
ပရန်နွတ်ပဲ ''
ကြားလိုက်ရသည့် ခပ်သြသြအသံကြောင့်
နွတ်သည် နောက်ကိုလှည့်ကြည့်လိုက်သည်။
"မင်း ပရာစဝ်ဝမ် ''
ပြောရင်း နွတ်က ဝမ်ကို လက်သီးဖြင့် ထိုးလိုက်သည် ။
ပရင်းသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေရာမှ ရုတ်တရက်အထိုးခံလိုက်ရသည့်ကျေးဇူးရှင်ကို ကာကွယ်ဖို့ သတိရသည် ။
"ဘာလို့ ထိုးလိုက်တာလဲ အစ်ကိုဝမ် အဆင်ပြေရဲ့လား ''
"ပြေပါတယ် ကိုယ်ဘာမှမဖြစ်ဘူး ''
"အစ်ကိုနွတ် သူက ပရင်းကို ကူညီပေးတာ အစ်ကိုနွတ်က သိပ်စိတ်ပျက်ဖို့ကောင်းတယ် အစ်ကို့ကို ပရင်းဆေးထည့်ပေးမယ်နော် ''
"အင်း ကျေးဇူးပါကွာ ''
မိမိကို မျက်နှာထားတင်းတင်းနဲ့ ရန်စကားဆိုပြီး တစ်ဖက်လူကို ပြောတဲ့စကားက ချိုနေသည့်ပရင်းကို နွတ် စိတ်ထဲမှာ တမျိုးမနာလိုလာသည်။
ယခုအခြေအနေမှာ နွတ်က လူပိုတစ်ယောက်ဖြစ်နေသည်။
ဆေးထည့်ပေးပြီးနောက် ပရင်းက ဝမ်ကို ပြုံးပြရင်း ပြောလိုက်သည်က
"နောက်ဆို ကျေးဇူးဆပ်စရာမရှိတော့ဘူးနော် အစ်ကိုဝမ် ပရင်းတို့ ကျေပြီနော် ''
".....''
"ခွင့်ပြုပါအုန်း အစ်ကိုဝမ် ''
ပရင်းနဲ့နွတ်တံခါးပေါက်နားရောက်မှ ငြိမ်နေတဲ့ ဝမ်က စကားဆိုလာသည်။
"ဒါဆို လက်သီးတစ်ချက် ကျွေးသွားတဲ့
ခွန်ပရန်နွတ် ငါတို့ပြန်ဆုံကြတာပေါ့ ''
"အချိန်နေရာမရွေးဘူး ခွန်းပရာစဝ်ဝမ် ''
ထွက်သွားတဲ့ နှစ်ယောက်ကို ကြည့်ရင်း ဝမ်
ပြုံးလိုက်သည် ။ထို့နောက် ဖုန်းနံပါတ်တစ်ခုကို နိုပ်လိုက်သည်။
"အေး ရွိုင် ငါ့ကို လူတစ်ယောက် အကြောင်း စုံစမ်းပေး ''
".....''
"သူက ပရင်း တဲ့ နွတ်ကိုမင်းသိတယ်မလား ဘန်ကောက်မှာ နာမည်အကြီးဆုံးဆေးရုံပိုင်ရှင်လေ ''
"....''
"ဟုတ်တယ် အဲ့ဒီ နွတ်နဲ့သူမဘယ်လိုပတ်သတ်နေတာလဲ သိချင်လို့ ''
"....''
"Okay စိတ်ချမယ်နော် ရွိုင် ''
ဝမ်က ဖုန်းကို ချကာ အပြုံးမမည်သောအပြုံးကိုပြုံးသည်။
"ဟက် စိတ်ဝင်စားစရာပဲ ''
.................
နွတ်သည်ပရင်းကို ကျောင်းလိုက်အပ်ပေးပြီး ရွှေစံအိမ်သို့ပြန်လာခဲ့သည်။
တမျိုးတစ်ဖုံ ထူးဆန်းသော ခံစားချက်ကြီးကြောင့် နွတ်မှာပရင်းကို ဘာမှမပြောဘဲ စဉ်းစားနေမိသည်။
အိမ်ရှေ့ရောက်နေပြီ မို့ ကားရပ်ကာ
ပြောချင်နေသော စကားအချို့ကို ထုတ်ပြောလိုက်သည်။
"ပရင်း ပရာစဝ်ဝမ် နဲ့ မပတ်သတ်ပါနဲ့ ကိုယ်မကြိုက်ဘူး ''
"အစ်ကိုနွတ် ပရင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာ ဝင်စွက်ဖက်တာမျိုးမလုပ်ပါနဲ့ အစ်ကိုနွတ်က ပရင်းရဲ့ အုပ်ထိန်းသူလည်းမဟုတ်ဘူး အဲ့လိုမျိုး မဟုတ်တောင်မှ ပရင်းတို့ပတ်သတ်မှုက အဲ့လောက်မရင်းနှီးဘူး အစ်ကိုနွတ် ''
".......''
နွတ်ဘာမှမပြောနိုင်တော့ပေ။ ပရင်းစကားတွေက မှန်နေတာမို့။
ပရင်းသည် ဘာမှ အာရုံမထားနိုင်သေး။
ယခုလောလောဆယ် Points တက်လာသည့် တချွမ်ချွမ် ကလွမ်လွမ်သံသာ သူ့၏ မဟာနားသောတဆင်ဖွယ် သာယာသည့် သံစဉ်ဖြစ်နေသည်။
[ ရန်စွာသည့်အတွက် 15 points နွတ်က မိမိကို စိတ်ဝင်စားလာအောင်လုပ်ဆောင်နိုင်သည့်အတွက် 20points ဆိုတော့ points စုစုပေါင်း 35Points နဂို 57points နဲ့ဆိုရင် 92points Congratulations Host ]
"Thanks System သောက်အချေမ ရေ ''
System က ....အစက်ကလေးတွေပြသည်။
ဘာပြောရမှန်းမသိအောင် နင်သွားတာဖြစ်လိမ့်မယ် ။
"ပရင်း ''
"အင်း ''
"ကိုယ်နဲ့ မင်းက လက်ထပ်ရမှာ အဲ့တာ မသိဘူးလား ''
"ဘယ်လို မဖြစ်နိုင်တာ အစ်ကိုနွတ်က အစ်မမေရမ်နဲ့ လက်ထပ်ရမှာလေ ''
"ဖွားဖွားနုက ပြောတာ ကိုယ့်မိသားစုနဲ့ တိုင်ပင်ပြီးပြီ ''
"မဖြစ်ဘူး မဟုတ်ဘူး အစ်ကိုနွတ် လိမ်နေတာ ''
"ကိုယ်မလိမ်ဘူး မင်းကျောင်းပြီးတာနဲ့ အစ်ကိုနဲ့ လက်ထပ်ရမှာ ''
"ပရင်းကို အစ်ကိုနွတ် မကြိုက်သလို ပရင်းလည်း အစ်ကို့ကို သဘောမကျဘူး ''
"ဖွားဖွားစကား ကို ''
"ပရင်း နားမထောင်နိုင်တော့ဘူး ''
ပြောပြီး ကားပေါ်ကနေ အထုတ်တွေဆွဲကာ ဆင်းသွားသော ပရင်း ။
နွတ်လည်း သက်ပြင်းချကာ ကားကို မောင်းထွက်လာခဲ့သည်။
မေရမ်ကို နူတ်ဆက်ဖို့တောင်မေ့သည့်အထိ စိတ်ရှုပ်နေခဲ့သည်။
........
"ပြန်လာပြီလား ဘာတွေဝယ်ခဲ့လဲ ကြီးကြီးကို ပြပါအုန်း ''
"ကြီးမွန် ကြည့်ချင်ရင် ပရင်းနဲ့အခန်းထဲလိုက်ခဲ့ မင်စီ နင့်အတွက်လည်းပါတယ် လိုက်လာခဲ့နော် ''
မင်စီသည် ပရင်း၏ အစေခံအဖြစ် သခင်မကြီး နု တာဝန်ပေးထားသည့် မိန်းကလေးဖြစ်သည်။ ကြီးမွန်သည်
ပရင်းရောက်ခါစက အလုပ်အတူလုပ်ခဲ့ရသည့်အပြင် သားသမီးအရင်းအချာလိုဂရုစိုက်ပေးသော အိမ်မှုကိစ္စအကြီးအကဲ ဖြစ်သည်။
၃ယောက်သည် အခန်းထဲသို့ ပျော်ရွှင်စွာ ဝင်သွားကြသည် ဖြစ်၍မိမိတို့အားကြည့်နေသည့် မျက်လုံးအချို့အားမမြင်ခဲ့ ။
ရွှေစံအိမ်၌ အဖွဲ့နှစ်ဖွဲ့ရှိသည်။ မေရမ်အား ထောက်ခံအားပေးပြီးပရင်းအားမုန်းတီးကြသည့် အဖွဲ့နှင့် ပရင်းကို သနားသောအဖွဲ့ ဟူ၍။
...........
ဇီမေရမ် အခန်းထဲမှာ ဒေါသတကြီး
ပေါက်ကွဲနေသည်။
"အစ်ကိုနွတ်က ငါ့ကို နူတ်မဆက်ဘဲ ပြန်သွားတယ်ပေါ့ ဟိုကောင်မက ဘယ်လိုတွေ မြူစွယ်လိုက်သလဲမသိဘူး ခါ ငါပြောတဲ့အတိုင်း လုပ်ဆောင် ''
ခါ ဆိုသည့် ကောင်မလေးသည် မေရမ်အား ပြုံးပြကာ
"ဟုတ်ကဲ့ မမလေး ခါ့ကို သွားခွင့်ပြုပါအုန်း ''
"အင်း ''
မေရမ်သည် လှပသောမျက်နှာလေးဖြင့်
မလိုက်အောင် ကောက်ကျစ်စွာ ပြုံးလိုက်သည်။
..........
မနက်ခင်း၌ ပရင်းစောစီးစွာ ထကာ တစ်ကိုယ်ရည်သန့်ရှင်းပြင်ဆင်ပြီး ကျောင်းဝတ်စုံ လဲလိုက်သည်။
ထို့နောက် အောက်ထပ်ကို မနက်စာစားရန် ဆင်းလာခဲ့သည်။
"မင်္ဂလာပါရှင့် ဖွားဖွား ''
".....''
မျက်နှာတည်နှင့်ကြည့်လာသည့် အဖွားကြောင့် ထိုင်ရမည့်ဖင်တောင် တွန့်ဆုတ်သွားသည်။
ပရင်းလည်း ခုံမှာဝင်ထိုင်ကာ မနက်စာစားဖို့ပြင်သည်။
"ပရင်း နင်က အဒေါ်ကိုတောင်မနူတ်ဆက်နိုင်တော့အောင် ထောင်လွှားနေတာလား ''
"...''
"နီ မနက်စာစားချိန်မှာ ပြဿနာ မရှာနဲ့ ဒါက အိမ် လမ်းဘေးဇရပ်မဟုတ်ဘူး''
ဖွားဖွား၏ စကားက ထိရောက်သည် ။
အဒေါ်နီတစ်ယောက် ငြိမ်ကုပ်သွားပြီး မနက်စာကိုသာ စားနေလိုက်သည်။
မကျေနပ်တဲ့အရိပ်အယောင်များကိုမြင်နေရသော်လည်း ပရင်းက လစ်လျူရှု့ကာ ကိုယ့်မနက်စာကိုအေးဆေးစားနေလိုက်သည်။
"ပရင်း ''
"ဟုတ်ကဲ့ ဖွားဖွား ''
"ခဏနေ နွတ်ရောက်လာလိမ့်မယ် သူက နင့်ကို ကျောင်းလိုက်ပို့ပေးလိမ့်မယ် ''
"အစ်ကိုနွတ်လား ရတယ် ပရင်း ဘက်စ်ကားနဲ့သွား ''
နွတ်ဆိုသည့်နာမည်ကြောင့် ပြာပန်းခတ်ကာ လက်တကာကာနဲ့ ငြင်းနေသော
ပရင်းကို သခင်မကြီးနု က ဖြတ်ပြောလိုက်သည်။
" ရွှေစံအိမ်ရဲ့ မြေးမလေးက ဘက်စ်ကားနဲ့ကျောင်းတက်မယ် ဟုတ်လား ငါ့ကို သက်သက် သိက္ခာချနေတာလား ခွန်းပရင်း ''
"အဲ့လို မဟုတ်ပါဘူး ဖွားဖွား ပရင်းက ''
"ဘာမှ မပြောနဲ့ မကြားချင်ဘူး ငါ့စကားကို အာ မခံနဲ့ ''
"ဟို ပရင်း ဖွားဖွားကို ဝန်ခံစရာရှိပါတယ် အိမ်ကလူစုံနေတုန်းဆိုတော့ ''
"......''
စကားအဆုံး ပြုံကြည့်လာတဲ့ မျက်လုံးတွေက သူ့စကားကို သိချင်ကြပုံ ။
"တကယ်တော့ ပရင်းက ယောကျာ်း..''
"ယောကျာ်းလေးလို ဝတ်စားပြီးနေချင်တာမလား ''
ယောကျာ်းတစ်ယောက်ဖြစ်ကြောင်းဝန်ခံမယ် ကြံသော်လည်း ဖြတ်ပြောလာသော ဖွားဖွားကြောင့် စကားက အဆုံးမသတ်။ ပရင်းအပါအဝင် အဒေါ်တို့မိသာစုသုံးယောက်ကလည်း ဖွားဖွားကို ပြူးတူးပြဲတဲနဲ့ ကြည့်လေသည်။
ဖွားဖွား၏ မျက်နှာက ခန့်မှန်းရခက်သည်မို့ ဆိုလိုချက်ကို မည်သူမျှ နားမလည်ကြပေ။ မူလပရင်းသည်လည်း
နားလည်မည်မဟုတ်။သို့သော် ယခုက
ရှောင်ကျန်းဖြစ်နေသည်မို့ ဖွားဖွားက
ဝန်မခံစေချင်၍ ပိတ်ပြောမှန်းသိသာသည်။ ရှောင်ကျန်း နားမလည်တာတစ်ခုတော့ ရှိသည် ။
ဖွားဖွားက ပရင်း ယောကျာ်းလေးမှန်းသိနေခဲ့တာလား
ကြောင်ပြီး စဉ်းစားနေရင်း ပြန်ဖြေဖို့ကို သတိမရသေးသည့် ပရင်းအား ဖွားဖွားက ထပ်ပြောလာသည်။
"ပရင်း ကြိုက်သလိုနေလို့ရတယ် ငါခွင့်ပြုတယ် ဒါပေမယ့် ငါ့စကားကို နားထောင် နွတ်နဲ့အဆင်ပြေအောင်နေ
ကျောင်းပြီးရင် နွတ်နဲ့ စီစဉ်ပေးမယ် ''
ဖွားဖွား၏စကားကြောင့် ပရင်းအပါအဝင် အားလုံးမျက်နှာ ပျက်ယွင်းသွားသည် ။
အဆိုးဆုံးက ဇီမေရမ် ပင်ဖြစ်သည် ။
မျက်နှာကို အတော်ထိန်းကာ ဟန်မပျက်နေသော်လည်း ခက်ရင်းကို တင်းတင်းဆုပ်ထားသည်ကို ပရင်းသတိထားမိသည်။
*ဟူး ငါလေးဘဝက လွယ်ကူမနေဘူးရယ် *
ရှောင်ကျန်း သက်ပြင်းချကာ စိတ်ထဲကနေတွေးလိုက်မိသည်။
မကြာမီတွင် ရောက်လာသော
အစ်ကိုနွတ်က အိမ်သားတွေအားနူတ်ဆက်ပြီး ပရင်းကို ကျောင်းလိုက်ပို့ ပေးသည်။
.....
ကားထဲက လေထုခြောက်ကပ်နေမှုကို
ပရင်းရဲ့ စကားသံက ဖြိုခွင်းသည်။
"ငြင်းပေးပါ အစ်ကိုနွတ် ''
"....''
နားမလည်သလိုကြည့်လာသည့် နွတ်အား ပရင်းက ထပ်ပြောလိုက်သည်။
"ပရင်းတို့ကို ဖွားဖွားစီစဉ်ပေးမယ်ပြောတယ် ပရင်း အစ်ကိုနွတ်ကို လက်မထပ်ချင်ဘူး ဖွားဖွားက ပရင်းပြောလို့ရမှာမဟုတ်ဘူး အဲ့တော့ အစ်ကိုနွတ် ဘက်က ငြင်းပေးပါ ''
"ကိုယ်မငြင်းပေးဘူးဆိုရင်ရော ''
"ပရင်းလိုတောသူမ အရိုင်းအစိုင်းက အစ်ကိုနွတ်လို ဆရာဝန် အထက်တန်းစား လူယဉ်ကျေးနဲ့မလိုက်ဖက်ပါဘူး အစ်ကိုနွတ်က အစ်မမေရမ်လို အဆင့်အတန်းမြင့် မိန်းမလှလေးနဲ့ပဲ
လိုက်ဖက်ပါတယ် ''
"အဆင့်အတန်း? မလိုပါဘူး ပရင်းက အဆင့်အတန်းကို ဘာနဲ့တိုင်းတာ တာလဲ ''
"......''
" ငွေကြေး ရုပ်လှတာမလှတာ အဲ့တာတွေက အဓိကမကျပါဘူး ''
"......''
"တစ်နေ့ကျရင် ပရင်းကို အဆင့်အတန်းကဘာကိုဆိုလိုတာလဲဆိုတာ ကိုယ်က လက်တွေ့ပြမယ် အခုတော့ကျောင်းရောက်ပြီ ညနေလည်း ကိုယ်လာကြိုမယ်နော် ''
".....''
ပရင်း ဘာမှမပြောဘဲ ကားပေါ်က ဆင်းလာခဲ့သည်။
ကျောင်းထဲရောက်ပြီး ဝတ်ထားသည့် အဝတ်အစားတွေကိုကြည့်လိုက်သည်။
မဖြစ်သေးဘူး Locker ထဲက ဝတ်စုံနဲ့ အမြန်လဲရမယ် ကျောင်းတက်ဖို့အချိန်နည်းနည်းလိုသေးတယ်
ပရင်းသည် ဝတ်ထားသည့် မိန်းကလေးကျောင်းဝတ်စုံကိုလဲကာ ဂုတ်ပေါ်က ဆံပင်ရှည်တွေကို လက်ကောက်ဝတ်မှာပတ်ထားတဲ့ ခေါင်းစည်းကွင်း အမဲလေးနဲ့ စုပြီးစည်းလိုက်သည်။ Lockerထဲမှာ မိန်းကလေးအသုံးအဆောင်များကို သေချာသိမ်းဆည်းကာ စာသင်ဆောင်ဘက်ထွက်လာခဲ့သည်။
အရပ်ရှည်ပိန်သွယ်သည့် ပရင်းရဲ့မျက်နှာချောချောက ကျောင်းထဲက စီနီယာ အစ်ကိုအမနဲ့ ရွယ်တူတွေကြားမှာ
တစ်မဟုတ်ချင်းရေပန်းစားသွားသည်။
...............
"သူမက ရွှေစံအိမ်ရဲ့ မြေးမလေးပါ ပျောက်နေတာ ကြာပြီ ရောက်လာတာ မကြာသေးဘူး တစ်လလောက်ပဲရှိအုန်းမယ် ဒေါက်တာနွတ်နဲ့ က လက်ထပ်ဖို့ ရည်ရွယ်ထားတာ ပါ ''
"ဘာ ''
"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ သူဋ္ဌေး ''
"ဟင့်အင်း ဆက်ပြော ''
ရွိုင် လည်း ဘာမှ ပြောစရာမရှိကြောင်းပြောကာ ပရာစဝ်ဝမ်အား နူတ်ဆက်ပြီး ရုံးခန်းထဲက ထွက်လာခဲ့သည် ။
ဝမ်သည် အတွင်းရေးမှုး စကားများကို ကြားပြီး ရင်ထဲက အပူလုံးကြွလာရသည်။
"ငါက ဘာလို့ သူမအကြောင်းတွေ စုံစမ်းနေမိတာလဲ နွတ်နဲ့ လက်ထပ်မှာကိုငါက ဘာလို့ စိတ်တိုနေရတာလဲ ငါသူမကိုကြိုက်နေပြီလား ''
စာလုံးရေ 2742
အားဆေးမစသွားကြပါ ရေးစေချင်တဲ့ပုံစံမျိုးရှိရင် Private Message သို့မဟုတ် Comments ရေးပေးပါ
အားလုံး ကျေးဇူးပါ
ZawGyi
[Host OOC OOC!!!]
"ဘာ OOC လဲ System ''
ဟုတ်တယ် *
"ဟိတ် ပြီးပြီ ''
"အမယ်လေးဗျ ''
အင်း ချစ်စရာလေးပဲ
"ရတယ် မလို အ ''
"ဒါက ဘယ်လိုဖြစ်နေတာလဲ! !!''
"အစ်ကိုနွတ် ''
နွတ်မေးလိုက်သည်။
ပရန်နွတ်ပဲ ''
"မင်း ပရာစဝ်ဝမ် ''
"အင်း ကျေးဇူးပါကွာ ''
".....''
".....''
"....''
"....''
"ဟက် စိတ်ဝင်စားစရာပဲ ''
.................
".......''
"ပရင်း ''
"အင်း ''
"ဖွားဖွားစကား ကို ''
........
...........
ပေါက်ကွဲနေသည်။
"အင်း ''
..........
".....''
"...''
"ပရင်း ''
"ဟုတ်ကဲ့ ဖွားဖွား ''
"......''
နားလည်မည်မဟုတ်။သို့သော် ယခုက
.....
"....''
လိုက်ဖက်ပါတယ် ''
"......''
"......''
".....''
...............
"ဘာ ''
"ဟင့်အင်း ဆက်ပြော ''
စာလုံးရေ 2742
အားလုံး ကျေးဇူးပါ