စေလိုရာစေ...
(Unicode)
"ကလေး မနက်စာစားပြီးပြီလား..တစ်ခုခုမှာလေ"
"မမှာတော့ဘူး ကိုမျိုး..ခဏနေရင် လေညှင်းပြန်သွားရမှာ..အခုတောင် ဦးစံကြောင့် လေညှင်း
ထွက်လာလို့ရတာ"
"ကလေး..ကလေးရဲ့ မေမေက ကိုယ်တို့အကြောင်း သိသွားပြီမဟုတ်လား..ဒါဆို ဘာလို့ ကလေးကို မိန်းကလေး တစ်ယောက်နဲ့ ချက်ချင်း စေ့စပ်ပေးဖို့ စီစဥ်ရတာလဲ..ကလေးရော ကိုယ့်ကိုမချစ်တော့ဘူးလား...ဟင်..ကိုယ် ဘာတွေများ ထပ်ပြီး အပြစ်လုပ်မိသလဲ..ပြောပါ..ကလေးရယ်..ကိုယ်မင်းမရှိပဲမနေနိုင်တော့ဘူး..ကိုယ့်ကိုထားမသွားပါနဲ့"
"မဟုတ်ဘူး..လေညှင်း ကိုမျိုးကို ချစ်ပါတယ် သံယောဇဉ်လည်းရှိတယ်..ဒါပေမယ့် မေမေ့ကို မလွန်ဆန်နိုင်ဘူး..ကိုမျိုး..အစ်ကို့ကိုချစ်ပေမယ့် အချစ်အတွက်နဲ့ မေမေ့ရင်ကို ခြေစုံကန်ဖို့အင်အားမရှိတာ ..လေညှင်းကို ခွင့်လွှတ်ပေးပါ"
"ဟင်း..ဒီလိုလုပ်ပါလား..ကလေးရယ်..ကိုယ် ကလေးမေမေကို ကိုယ်တို့နှစ်ယောက် ကို ခွင့်ပြုပေးဖို့ လိုက်ပြောပေးမယ်လေ..ကိုယ်ဒူးထောက်ရလည်း အဆင်ပြေတယ် ကလေး"
"မဖြစ်နိုင်ဘူး..သားသမီးအရင်းဖြစ်တဲ့ လေညှင်းတောင် ပြောလို့မရတာ ကိုမျိုးဆိုရင် အခြေနေတွေက ဒီ့ထက်ပိုဆိုးလာယုံပဲ..မေမေ့အကြောင်း လေညှင်းသိတယ်.."
"...."
"လေညှင်းသွားတော့မယ်..ကိုမျိုး..ဖူးစာပါရင် တနေ့ပြန်ဆုံတွေ့ကြတာပေါ့..အခုတော့ လေညှင်းကို လက်လွတ်ပေးပါ..အင့်"
ပြောရင်း ဆို့တက်လာတဲ့ ဝမ်းနည်းစိတ်ကို မထိန်းချုပ်နိုင်ဘဲ တစ်ချက်ရှိုက်ရင်း ကိုမျိုးနဲ့ဝေးရာ ပြေးထွက်လာခဲ့တော့သညျ။
တောင်းပန်ပါတယ် ကိုမျိုး ဒီတစ်ကြိမ်တော့ လေညှင်းဘက်က အရင် စွန့်ခှာခွင့်ပြုပါ။
"ကလေး..ကလေး ခဏ နေပါဦး"
နောက်ကနေ ပြေးလိုက်လာသူကို လှည့်မကြည့်မိ ပါးပြင်ပေါ် နေရာယူလာတဲ့ မျက်ရည်စတွေသာ လက်ခုံနဲ့ ဖိသုတ်ရင်း ကားပေါ်တက်ဖို့ ပြင်လိုက်သည်။
လေညှင်းကို စိတ်မပြတ်သားအောင် မလုပ်ပါနဲ့ ကိုမျိုး။အခု ကိုမျိုးကို လှည့်ကြည့်မိရင် ယိုင်နဲ့ချင်နေတဲ့ စိတ်တွေ ပြိုလဲသွားနိုင်တာမို့။
"ဂျလောက်"
ကားကို စက်နိူးနေတုန်း lover seatမှာ အတင်းဝင်ထိုင်လာတဲ့ ကိုမျိုး။
"ဟင့်..ဘာလို့လိုက်လာရတာလဲဗျာ..ကျွန်တော်ပြောပြီးပြီလေ..ကိုမျိုးက ဘာဖြစ်ချင်သေးတာလဲ..အင့်..ဒီစေ့စပ်ပွဲကြောင့် လေညှင်းလည်း အရမ်းပင်ပန်းနေပါပြီ..အင့်..ကိုမျိုးကပါ ဒီလိုထပ်ပြီးတော့..ဟင့်"
ကလေးငယ်လေးတစ်ယောက်လို အော်ငိုနေတဲ့ သူ့ချစ်သူလေးကို ရင်ခွင်ထဲဆွဲထည့်ပြီး ချော့မြှူလိုက်တော့ ကေလးက သူ့ရင်ဘတ်ကိုတဘုန်းဘုန်းထုပြီး သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ဖို့ပြင်သည်။
သူသိတယ် ကလေးက သူ့ကိုချစ်ရက်နဲ့ လမ်းခွဲခဲ့တာ။ ဒါကြောင့် ကလေးတသက်လုံး စိတ်ဆင်းရဲရမှာကို မျိုးထက်သာ လက်ပိုက်ကြည့် မနေ
နိုင်ဘူး။ကလေးကို ဒီပတ်ဝန်းကျင်ကနေ ဘယ်သူ မှမသိတဲ့ အဝေးဆုံးတနေရာကို ခေါ်ဆောင်သွားမယ်။သူနဲ့နှစ်ယောက်အတူ ကြည်နူးစရာ နေ့ရက်လေးတွေကို အတူဖြတ်သန်းမယ်။
"ကလေး..ကလေးလည်း ကိုယ့်ကိုမခွဲချင်ဘူးမလား..သိတယ်..ကိုယ်သိတယ်..ကိုယ်လည်းပဲ ကလေးကိုအဆုံးရှုံးမခံနိုင်ဘူး ကလေးရယ်..ဒါကြောင့်..ဒါကြောင့် ကိုယ်တို့နှစ်ယောက် တစ်နေရာကို ထွက်ပြေးကြရအောင်..နော်"
"ကလေး..ဟင်..လိုက်မယ်မလား"
"ဟင့်..ဟင့်အင်း..မဖြစ်ဘူး..လေညှင်း မေမေ့ကိုမထားခဲ့နိုင်ဘူး.."
"ကလေးရယ်...ခက်တယ်ကွာ..ဟူး.."
တရှုံရှုံငိုနေတဲ့ ကလေးလေးကို အငိုတိတ်သွားသည်အထိ မျိုးထက်သာ စောင့်လိုက်ပြီး ပါးအိအိလေးပေါ်က ပုလဲဥလေးတွေကိုလည်း လက်မလေးနဲ့ ဖိသုတ်ပေးလိုက်ပြီးတော့..
"စိတ်ချမ်းသာမှာလား..ကိုယ်..ကိုယ် ကလေးကို
လက်လွတ်ပေးလိုက် ရင် ကလေးပျော်ရွင်နိုင်မှာလား..ဒါဆို..ကိုယ် ကလေးအနားကနေ အလိုက်တသိ ထွက်ခွာပေးပါ့မယ်.."
"အင့်..ဟင့်"
"မငိုနဲ့တော့..တိတ်ပါ..ကိုယ့်ကြောင့် ကလေးမျက်လုံးလေးတွေ အနာမခံပါနဲ့..တိတ်တော့..အစ်ကို့ကလေးလေး.."
နောက်ဆုံး နူတ်ဆက်အနမ်းအနေနဲ့ နဖူးလေးကို အသာဖိကပ်တော့ ကိုယ်လေးလှုပ်လာအောင် ရှိုက်နေတဲ့ ကလေးလေးက မျက်လွှာလေးအသာချလို့ အနမ်းတစ်ပွင့်ကို ကြည်ဖြူစွာ ဆောင်ကြဥ်းသည်။
"ဂျောက်!!ဂျလောက်!!"
"ဟက်!!!ငါ့မမြင်ကွယ်ရာမှာ သိပ်ကို ကြည်နူးနေကြတယ်ပေါ့!!..လာစမ်း!ဒီကို!"
အဖြစ်ပျက်က သိပ်ကို မြန်ဆန်လွန်းသည်။ကိုမျိူး လေညှင်းနဖူးကို နုတ်ခမ်းနဲ့ထိကပ်နေချိန်
တစ်ခဏအတွင်းမှာပဲ သူဟာ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ မှော်စက္ခလက်ထဲ ရောက်လို့သွားသည်။လက် မောင်းတစ်ဖက်ကို အတင်းဆုပ်ကိုင်ခံရတုကြောင့်..
"အ!..နာတယ်..လွွှတ်စမ်း..မှော်စက္ခ..ငါ့လက်ကို အခုလွှတ်!!"
"ဘာ..နာတယ်!!ဟုတ်လား..ဟက်..ကိုယ့်လူက အခြားသူနဲ့ ပလူးနေတာကို မြင်နေရတဲ့ ကျုပ်ခံစားရတဲ့ နာကျင်မှုနဲ့စာရင် ဒါက မဖြစ်စလောက်လေးပါ"
"ဟေ့ကောင်..မင်းဘယ်သူလဲ..ဘယ်ကကောင်လဲ ဟမ်..အခုချက်ချင်း ကလေး လက်ကို လွှတ်လိုက်!"
"ကျုပ်ဘာကောင်လဲ ခင်ဗျားသိစရာမလိုပါဘူး..
နောက်လည်း ကျုပ်တို့နှစ်ယောက်လုံး ခင်ဗျားနဲ့ပက်သက်ဖို့ ဘာစောက်ကြောင်းမှမရှိဘူး..အခုတော့ ကျုပ်လူကို လာမြူဆွယ်တဲ့အတွက် အပြစ်ပေးတါလေး ခံယူလိုက်ပါဦး..လာ..သွားမယ်!"
ရုန်းကန်နေတဲ့ အသေးလေးကို ဆွေ့ခနဲ့ ပွေ့ချီလိုက်ပြီး သူ့ကားဆီဦးတည်လိုက်တော့ စက္ခရဲ့ လူလေးငါးယောက်က မျိုးထက်သာ အနား ချက်ချင်း ရောက်သွားပြီး တိုက်ခိုက်တော့သည်။
"အား..မလုပ်ပါနဲ့..ကိုမျိုးကို မရိုက်ကြပါနဲ့..အဟင့်..လွှတ်..အခုချက်ချင်း ငါ့ကိုအောက်ချပေး..မှော်စက္ခ..ငါပြောနေတယ်လေ..အောက်ချပေးပးလို့...ကိုမျိုး..."
ခြေထောက်နှစ်ချောင်းကို တဖျတ်ဖျတ်လှုပ်ခါရင်း သူ့လက်က လွတ်အောင်ပြေးဖို့ကြံနေတဲ့ အသေးလေးကို ကားတံခါးဖွင့်ပြီး lover seatပေါ် အကြမ်းပတမ်း ပစ်တင်လိုက်သည်။
ဟုတ်တယ် စက္ခဒေါသတွေ ဂိတ်ဆုံးကိုရောက်နေပြီ။ဒီထက်ဆိုးလာရင် ဒီနေရာတင် ဟိုကောင်ရော အသေးလေးကိုပါ သူသတ်မိလိမ့်မယ်။
ကားမောင်းတဲ့ဘက်ကနေ ဝင်ထိုင်ပြီး တံခါးတွေအကုန် လော့ချပစ်လိုက်သည်။အသေးလေးကတော့ ထုံးစံအတိုင်း တံခါးဖွင့်ပေးဖို့ ကန်ကျောက်တုန်း။
"ခင်ဗျား ငြိမ်ငြိမ်နေနော်!!မဟုတ်ရင် ခင်ဗျား သိပ်ချစ်ပါတယ် ဆိုတဲ့ အဲ့ဒီအကောင်ကို ခင်ဗျားရှေ့တင် သတ်ပစ်လိုက် မှာ..ကျုပ်မလုပ်ရဲဘူး မထင်နဲ့!"
"ဟင့်..မင်းကို အရမ်းမုန်းတယ် မှော်စက္ခ!"
မုန်းတယ်ဆိုတဲ့စကားကို သူထပ်တလဲလဲ ပြောနေပေမယ့် မှော်စက္ခက ပန်းနဲ့ပေါက်နေသလားတောင် ထင်ရသည်။ရိုးရာမပျက် နူတ်ခမ်းစွန်းတစ်ဖက်က မြင့်တက်လျက်။
ရွံတယ်။အဲ့လို မချိပြုံးတွေကိုက အမြင်ကပ်စရာကောင်းလွန်းနေတာ။
"Ring...Ring...Ring"
"ဟ..ဟယ်လို..မေမေ"
"သား..ဘယ်အချိန်ရှိပြီလဲ..မလာသေးဘူးလား..ဒီမှာ နှစ်ဖက် ဆွေမျိုးတွေ အကုန်ရောက်နေကြပြီ..သားကိုစောင့်နေကြတာ..မြန်ုြမန်လာခဲ့တော့"
"မေမေ..သား.."
"ငါ့သား..လေညှင်းသွဲ့..မင်းမဟုတ်တာလုပ်ဖို့တော့ စိတ်မကူးနဲ့နော်..အေး..သားစိတ်ခံစားချက်တစ်ခုအတွက်နဲ့ ဒီအမေကို အရှက်ခွဲဖို့ ကြံစည်ထားရင်တော့..ဒီစေ့စပ်ပွဲက အမေ့ နောက်ဆုံးအချိန်ဖြစ်သွားလိမ့်မယ်"
"ဟင့်..မ..မဟုတ်ပါဘူး..မေမေ..သား အခုပြန် ပြန်လာလို့..မရ.."
"တီ"
စကားကို ဆုံးအောင် မပြောရသေးခင် ဖုန်းကို ဆွဲယူပြီး ပါဝါပိတ်ချလိုက်တဲ့ မှော်စက္ခ။
"မင်း..မင်းဘာလုပ်တာလဲ..မှော်စက္ခ..ပြန်ပေး..ငါ့ဖုန်း"
"ဟာ!!မင်း"
ပြန်တောင်းကာမှ ကားမှန်ချပြီး ဖုန်းကို လွင့်ပစ်လိုက်လေသည်။
"မင်း တော်တော်လွန်နေပြီနော်..မှော်စက္ခ..အခုရော ငါ့ကို ဘယ်ခေါ်လာတာလဲ..အခုချက်ချင်း ကားရပ်ပေး..ငါ စေ့စပ်ပွဲအမှီရောက် မှ ဖြစ်မယ်"
"အဟက်!! အခုထိ မသိသေးဘူးလား..ခင်ဗျားကို ကျုပ် ကားတင်ပြေးလာတာလေ..အဲ့ဒီစေ့စပ်ပွဲဆီ အသာတကြည်လွှတ်ပေးလိုက်ရအောင် ကျုပ် မျိုးထက်သာမဟုတ်ဘူး..ကျုပ်ဆိုတဲ့ကောင်က
လိုချင်ရင် အချိန်ဆွဲမနေဘူး..တခါတည်း အပိုင်သိမ်းမှာ..ခင်ဗျားမှတ်ထား!!"
"ဘာ!!ရပ်..ကားအခုရပ်လိုက်..ငါ့ဘဝကို မင်းလိုကောင်အတွက် စတေးမခံနိုင်ဘူး..ရပ်ပေး.."
ကားစတီယာရင်ကို အတင်းဆွဲကိုင်ပြီး လမ်းဘေးတနေရာ ဆွဲချနေတဲ့ အသေးလေးကို မှော်စက္ခ သည်းမခံနိုင်တော့။အသင့်ဆောင်ထားတဲ့ မေ့ဆေးအရည်ကို နှာခေါင်းအနားတေ့ပေးလိုက်တော့ ခုနက သောင်းကျန်းနေတဲ့ အသေးလေး မျက်လုံးတွေ မှေးစင်းပြီး သတိလစ်သွားသည်။
"ဒီလိုလုပ်မှ ခင်ဗျားကို ပိုင်ဆိုင်ရမှာမို့ပါ..ကျုပ်ကို ခွင့်မလွှတ်ပါနဲ့..သိပ်ချစ်တယ်..ကျုပ်ရဲ့အသေးလေး"
#Thanks for reading😍😘
Syringa
**************************************
စေလိုရာစေ...
(Zawgyi)
ထွက်လာလို့ရတာ"
"ကလေး..ကလေး မေမကေ ကိုယ်တို့အကြောင်း သိသွားပြီမဟုတ်လား..ဒါဆို ဘာလို့ ကလေးကို မိန်းကလေး တစ်ယောက်နဲ့ ချက်ချင်း စေ့စပ်ပေးဖို့ စီစဥ်ရတာလဲ..ကေလးေရာ ကိုယ့္ကိုမချစ်တော့ဘူးလား...ဟင်..ကိုယ် ဘာတွေများ ထပျပွီး အပွဈလုပျမိသလဲ..ပြောပါ..ကလေးရယ်..ကိုယ်မင်းမရှိပဲမနနေိုငျတော့ဘူး..ကိုယ့်ကိုထားမသွားပါနဲ့"
"မဟုတ်ဘူး..လေညှငျး ကိုမျိုးကို ချစ်ပါတယ် သံယောဇဉ်လည်းရှိတယ်..ဒါပေမယ့် မေမေ့ကို မလွန်ဆနျနိုငျဘူး..ကိုမျိုး..အစ်ကို့ကိုချစ်ပေမယ့် အချစ်အတွက်နဲ့ မေမေ့ရင်ကို ခြေစုံကန်ဖို့အင်အားမရှိတာ ..လေညှငျးကို ခွင့်လွှတ်ပေးပါ"
"မဖြစ်နိုင်ဘူး..သားသမီးအရင်းဖြစ်တဲ့ လေညှငျးင်းတောင် ပြောလို့မရတာ ကိုမျိုးဆိုရင် အခွနေတှေကေ ဒီ့ထကျပိုဆိုးလာယုံပဲ..မေမေ့အကြောင်း လေညှင်းသိတယ်.."
"...."
"ေလညှင်းသြားေတာ့မယ္..ကိုမ်ိဳး..ဖူးစာပါရင္ တနေ့ပြန်ဆုံတွေ့ကြတာပေါ့..အခုေတာ့ ေလညှင်းကို လက်လွတ်ပေးပါ..အင့်"
ပြောရင်း ဆို့တကျလာတဲ့ ဝမ်းနည်းစိတ်ကို မထိန်းချုပ်နိုင်ဘဲ တစ်ချက်ရှိုက်ရင်း ကိုမျိုးနဲ့ဝေးရါ ပြေးထွက်လာခဲ့တော့သညျ။
တောင်းပန်ပါတယ် ကိုမျိုး ဒီတစ်ကြိမ်တော့ လေညှငျးဘကျက အရင် စွန့်ခှာခွင့်ပြုပါ။
"ကလေး..ကလေး ခဏ နပေါဦး"
နောကျကနေ ပြေးလိုက်လာသူကို လှည့်မကြည့်မိ ပါးပြင်ပေါ် နေရာယူလာတဲ့ မျက်ရည်စတွေသာ လကျခုံနဲ့ ဖိသုတ်ရင်း ကားပေါ်တက်ဖို့ ပြင်လိုက်သည်။
ေလညှင်းကို စိတ္မပြတ်သားအောင် မလုပ်ပါနဲ့ ကိုမျိုး။အခု ကိုမျိုးကို လှည့်ကြည့်မိရင် ယိုင်နဲ့ခင်ြနေတဲ့ စိတ်တွေ ပြိုလဲသွားနိုင်တာမို့။
"ဂလြောကျ"
ကားကို စက်နိုးနေတုန်း lover seatမှာ အတင်းဝင်ထိုင်လာတဲ့ ကိုမျိုး။
နိုင်ဘူး။ကလေးကို ဒီပတ်ဝန်းကျင်ကနေ ဘယ်သူမှမသိတဲ့ အဝေးဆုံးတသျနရောကို ခေါ်ဆောင်သွားမယ်။သူနဲ့နှစ်ယောက်အတူ ကြည်နူးစရာ နေ့ရက်လေးတွေကို အတူဖြတျသနျးမယျ။
"ကလေး..ကလေးလည်း ကိုယ့်ကိုမခှဲချင်ဘူးမဟုတ်လား..သိတယ်..ကိုယ်သိတယ်..ကိုယ်လည်းပဲ ကလေးကိုအဆုံးရှုးံမခံနိုင်ဘူး ကလေးရယ်..ဒါကြောင့်..ဒါကြောင့် ကိုယ်တို့နှစ်ယောက် တဈနရောကို ထွက်ပြေးကြရအောငျ..နော်..
ကလေး..ဟင်..လိုက်မယ်မလား"