Once upon in April (boyxboy)C...

By Phanochi

19.6K 1.5K 169

"ချယ်ရီတွေဟာ ကြွေလွင့်ရင်း တီးတိုးပြောသွားကြတယ်...... သူ မင်းကို ကြည့်နေတယ်တဲ့။ ကျေနပ်မှုအပြည့်နဲ့ ကျွန်တေ... More

Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Chapter(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(28)
Part(30)
Part(31)
Part(32)
Part(33)
Part(34)
Part(35)
Part(36)
Part(37)
Part(38)
Final

Part(29)

274 33 5
By Phanochi

Unicode Version

"ဘာလိုလိုနဲ့ မင်းပျောက်နေတာ တစ်လတောင်  ပြည့်တော့မယ် လီဟွန်း.....
ဘယ်တွေများ ရောက်နေတာလဲကွာ။ ရောက်တဲ့ အရပ်မှာရော အဆင်ပြေရဲ့လား"


"မပြောမဆိုနဲ့ ပျောက်သွားတဲ့ မင်းကိုလေ ငါ အရမ်း စိတ်ပူတယ်။ စိတ်လည်း ဆိုးတယ်။ မင်း ငါ့ကို အရူး လုပ်ပေါင်းများပြီ။ ဒီတစ်ခါတော့ မင်းကို ခွင့်မလွှတ်နိုင်ဘူး။ တွေ့တာနဲ့ အပြစ်ပေးပစ်မှာ။ မင်း သေပြီသာမှတ် လီဟွန်း"


"ငါလေ  မင်းအိမ်ကို နေ့တိုင်းလာဖြစ်တယ်။  မင်း မရှိတဲ့ ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်း စကားတွေ ပြောရတာ အကျင့်လိုတောင် ဖြစ်နေပြီ။ အရူးနဲ့တူတယ်မလား.... Haha"

ကျွန်တော့်၏ ခြောက်ကပ်ကပ် ရယ်သံတို့က ကျွန်တော့်အား ပြန်လှောင်နေသလိုပင်။

"တကယ်လည်း အရူးပဲ။ မင်းမရှိတဲ့ဒီတစ်လအတွင်း ဘာပုံမှကို မဆွဲဖြစ်ဘူး။ Pianoလည်း မတီးချင်ဘူး။ ထိတောင် မထိဖြစ်ဘူး။ ငါ ဘာလုပ်နေတယ်လို့ မင်းထင်လဲ...... မင်းသာ သိရင် ရယ်မလားပဲ"

လီဟွန်း ရယ်၊ မရယ်တောာ့ မပြောတတ်။ လူကတော့ ပြောရင်း ပြုံးမိပြန်သည်။

"ငါ ကဗျာဆရာ ဖြစ်နေပြီ။ မင်းအကြောင်းတွေပဲ စာစီနေမိတယ် လီဟွန်းရာ....
ငါ မင်းကို လွမ်းလိုက်တာ"


"မင်းကိုများ ထပ်တွေ့ဦးမလားဆိုပြီး ကိုရီးယားမှာပဲ သောင်တင်နေတယ် သိလား။Hana Noonaတို့တောင် ပြန်သွားကြပြီ"


"ဒါပေမဲ့လေ..... ငါလည်း နောက်တစ်ပတ်လောက်နေရင် ပြန်တော့မယ်။ အဲ့မတိုင်ခင်တော့ မင်း ပြန်ပေါ်လာပေးပါ။ မင်း ပြန်ပေါ်လာရင် မင်းကိုပါ ငါခေါ်သွားမှာ။ ငါ အဲ့ဒီလောက်ထိကို ပြင်ဆင်ထားပြီးပြီ"


"ငါလေ မင်းကို အရမ်း လွမ်းတယ်။ အရမ်း အရမ်းပဲ....."


"ငါ မင်းကို သဘောကျတယ် လီဟွန်း.... သူငယ်ချင်း တစ်ယောက်ထက် ပိုပြီး....."

သူ မရှိတော့မှ သိလိုက်ရသော ကျွန်တော့်ရဲ့ ရင်ခုန်သံများအကြောင်း သက်ဆိုင်သူကတော့ မကြားပါလေ။

ကျွန်တော်ရယ်လေ..... လီဟွန်းကို သူငယ်ချင်းထက် ပိုပြီး ခံစားမိနေပြီ။

~

~

~

စိတ်ညစ်နေပါသည်ဆိုမှ ကားကပါ လာပျက်နေသည်။

Workshopကလည်း အနီးအနားတွင် မရှိ။ အသိ workshopကို ဖုန်းဆက်မည် ကြံတော့လည်း ဖုန်းအားက မရှိနှင့် ဟုတ်တော့ ဟုတ်နေပါပြီ။


Honk Honk

ကျွန်တော့်ဘေးတွင် လာရပ်ကာ ဟွန်းသံပေးနေသော အနက်ရောင် ကားတစ်စီး....

ကျသွားသော ကားမှန်နှင့်အတူ မြင်လိုက်ရသည်က ရင်းနှီးနေသယောင် ရှိသော မျက်နှာချောချော တစ်ခု။


သပ်သပ်ရပ်ရပ် ဖီးသင်ထားသော ငွေမှင်ရောင် ဆံနွယ်၊ မီးခိုးရောင် မျက်ဝန်းများနှင့်  v shapeမေးရိုး.....
ဘုရားသခင်   ထိုလူဟာ ကျွန်တော့်ရဲ့ တစ်ယောက်သော သူနှင့် တူလိုက်လေခြင်း။

ကားပေါ်မှ ဆင်းလာကာ ကျွန်တော့်ကားအား အကဲခတ်နေသည့် သူဟာ လီဟွန်းထက် မဆိုစလောက်လေး အရပ် ပိုရှည်၏။

ရှပ်လက်ရှည် အမည်းရောင်ကို ဘောင်းဘီထဲ မထည့်ဘဲ အပြင်ထုတ် ဝတ်ထားသည့် သူ့ပုံစံဟာ လီဟွန်းထက် အနည်းငယ်လည်း လူကြီး ပိုဆန်နေလေသည်။



"အဆင်ပြေရဲ့လား။ ကားပျက်သွားတာလား"


ကျွန်တော် နှစ်ခြိုက်ခဲ့ရသော ခပ်သြသြ အသံကလေး....

"ဟွန်း! လီဟွန်း မင်းမလား"


သည်လို ပြောလိုက်လေတော့ နားမလည်နိုင်သော မျက်ဝန်းများဖြင့် သူ ပြန်ကြည့်သည်။ လီဟွန်းနှင့် မတူသည်က ထိုမျက်ဝန်းများဟာ အူကြောင်ကြောင် ဆန်မနေ။


"လီဟွန်း?  ဘယ်က လီဟွန်းလဲ မသိပေမယ့်  မင်း လူမှားနေပြီ"


ကျွန်တော် လူမှားတာလား....

သို့တိုင်အောင်  ထိုသူနှင့် လီဟွန်း အတော့်ကို တူသည်။ 

"အာ တောင်းပန်ပါတယ်"


"ဟော တောင်းပန်ပြန်ပြီ။ ဘာအမှားမှ မလုပ်ဘဲ တောင်းပန်နေတတ်တုန်းပါလား"

ပြုံးယောင်သန်းရင်း ပြောနေသော သူ့တွင်လည်း လီဟွန်းကဲ့သို့  သွားစွယ်ကလေးများ ရှိသည်။ 

နာမည်တူ မရှား၊ လူတူ မရှားဆိုသည်ကို လက်ခံနိုင်သော်လည်း  သည်လောက်ထိ တူနေတာကတော့ ကျွန်တော့်အတွက် ကြုံတောင့်ကြုံခဲပင်။


"Workshopကို ဖုန်းဆက်ထားလား။ ကိုယ်က မပြင်ပေးတတ်လို့"


"အဲ့ဒါကလေ  ကျွန်တော့်ဖုန်းက အားကုန်သွားလို့။ အားတော့နာပါတယ်။  ဖုန်းလေး တစ်ကော(လ်)လောက်  ပေးဆက်လို့ရမလားခင်ဗျ"

မျက်နှာ ပူပူနှင့်ပင် အကူအညီ တောင်းလိုက်ရလေသည်။ 

သူကတော့  ပြုံးပြကာ သူ့ဖုန်းလေး ကမ်းပေး၏။ သူ့အပြုံးက  လီဟွန်းနှင့် တူသယောင် ရှိသော်ငြား  အနည်းငယ် ကွဲထွက်နေပြန်သည်။ 

ကျွန်တော်ပဲ လီဟွန်းကို အစွဲလမ်း လွန်နေတာများလား....

~

~

~

"ကျေးဇူးတင်ပါတယ်ခင်ဗျ"


"မဟုတ်တာ။ ဒီလောက်နဲ့တော့ ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုယ်လည်း အပန်းမှ မကြီးတာ"

ကျွန်တော် ကမ်းပေးသော ဖုန်းလေးကို  ပြန်ယူနေသော သူ့လက်ချောင်းတို့ဟာ အချိုးအဆစ် တိတိရိရိနှင့်  ရှည်သွယ်လွန်းလှသည်။ လီဟွန်း၏ လက်ချောင်းများနှင့်  ဆင်လိုက်လေခြင်း။

"အဆင်ပြေသွားပြီလား။ workshopက ဘာတဲ့လဲ"


"ဆယ့်ငါးမိနစ်အတွင်း ရောက်မယ်လို့တော့ ပြောတယ်"


"တော်သေးတာပေါ့။ တစ်ယောက်တည်း စောင့်လို့ အဆင်ပြေမလား။ ကိုယ် ကူစောင့်ပေးရမလား"


ဘာကြောင့်ရယ်မသိ။ သူ့စကားတို့ကြောင့် လူက  ပြုံးလိုက်မိသည်။


သူ့ပုံစံက မသိလျှင် မိန်းကလေး တစ်ယောက်ကို ပူပန်ပေးနေသည့်အလား....


"အာ  မဟုတ်တာ။  အဆင်ပြေပါတယ်ဗျ။ ခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်"


"ကောင်းပါပြီကွာ။ ဒါဆို ကိုယ့်ကို ခွင့်ပြုပါဦး"


"ဟုတ်ကဲ့ပါဗျ"


'ဝူး'ခနဲ မောင်းထွက်သွားသော ကားလေးကို ကြည့်ရင်း  ဘာ့ကြောင့်ရယ်များ ကျွန်တော် ရင်တွေ ခုန်နေပါလိမ့်။ ထိုသူက လီဟွန်းနှင့် တူလွန်းနေ၍များလား.... 

~~~~~~~~~~~~~~~

ကျန်နေခဲ့သော သူ့ကို ဘက်မှန်မှ  ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိသည်။ 

သူတောင်  အတော် အရွယ်ရောက်လာပြီ....

ခြောက်နှစ်.... ခြောက်နှစ်အတွင်း သည်ကလေး  ဘယ်တွေမှာများ ဘယ်လို ရှင်သန်နေခဲ့ပါလိမ့်။ ကျွန်တော့် ကလေးက ကောင်းကောင်းမွန်မွန်တော့ ကြီးပြင်းလာရှာသား။


သူ ကျွန်တော့်ကို မမှတ်မိတော့သော်ငြား  ကျွန်တော်ကတော့ သူ့ကို မမေ့။ ကျွန်တော့်ကို ခြောက်နှစ်တိုင်အောင် မေ့မြောစေခဲ့သူ။

သူ့ကြောင့်သာ မဟုတ်လျှင်  ကျွန်တော့် အိပ်မက်တွေကို သည်ခြောက်နှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်ခဲ့မှာ။ သူသာ အဲ့သည့်ညက  ရူးကြောင်ကြောင် အလုပ်တွေ မလုပ်ခဲ့ဘူးဆိုလျှင်.....


"မင်း အတိတ်ကို ပြန်သတိရမှဖြစ်မယ် ဟွန်း.....  မင်းဆီက  ကိုယ် ကြားချင်တာတွေ အများကြီးပဲ။ မင်းနဲ့ ကိုယ့်ဇာတ်လမ်းက  မပြီးသေးဘူး။ မကြာခင် ထပ်တွေ့ကြမယ်။ ပြီးတော့..... လီဟွန်းက ဘယ်သူလဲဆိုတာပါ မင်း ဖြေပေးရမယ်"

~

~

~

"မင်း oxygen ပြတ်သွားတာက Appaတို့ ထင်တဲ့အတိုင်းပဲ။ အဲ့ဒါက သွေးရိုးသားရိုး မဟုတ်ဘူး အွန်းလေး"

ဖုန်းထဲမှ Appaအသံက ဒေါသ ထွက်နေသယောင်.....

"Appa ဘာတွေ သိထားလို့လဲ"

"CCTV recordရခဲ့တယ် အွန်းလေး။ အဲ့ဒီနေ့က သားရဲ့ အခန်းကို လာစစ်ပေးတာ တာဝန်ကျတဲ့ ဆရာဝန် မဟုတ်ဘူး။ Appa သေချာ ထပ်စုံစမ်းခိုင်းထားတယ်"


"အဲ့ဒါ ကျွန်တော်ပဲ ကြည့်လုပ်လိုက်ပါ့မယ်။ Appaက အေးဆေး နားပါ။ ကိုယ့်ကျန်းမာရေးကိုပဲ ကိုယ် ဂရုစိုက်ပါ"



သည်လိုပြောလိုက်လေတော့ တစ်ဖက်မှ Appa၏ သက်ပြင်းချသံက ခပ်သဲ့သဲ့....

"အခုလည်း သတိဝိရိယနဲ့ နေစေချင်တယ် အွန်းလေး။ မပေါ့ဆနဲ့။ ဒါနဲ့...... သူ့ကို တွေ့ပြီးပြီလား"

"တွေ့ခဲ့တယ်။ ကောင်းကောင်း ကြီးပြင်းလာသားပဲ။ သူ့Ommaနဲ့ဆိုရင်တောင် ဒီလိုမျိုး အေးအေးချမ်းချမ်း ကြီးပြင်းလာနိုင်မှာ မဟုတ်ဘူး"


ကျွန်တော် ခပ်မဲ့မဲ့ ပြုံးရင်း ပြောလိုက်မိသည်။

သူ့Ommaနှင့်သာဆို သည်ကလေး ဖြောင့်ဖြောင့်မတ်မတ် ကြီးပြင်းလာနိုင်မှာမဟုတ်။  သူ(မ)၏ လမ်းစဥ်လိုက်ကာ မာယာကြွယ်ပြီး ဥာဏ်များနေမှာ ဧကန်မလွဲ။

ယခုလည်း ပြောလို့ရတာမဟုတ်။ များချင်များနေမှာ။ သည့်ပုတ်ထဲက သည်ပဲသာ ထွက်မှာ။


"ဂျီဟွန်းက အစကတည်းက လိမ္မာပြီး ဖြူစင်တဲ့ ကလေး တစ်ယောက်ပါ။ ဟန်နီ လုပ်ခဲ့တာတွေနဲ့ သူနဲ့ ဘာမှ မဆိုင်ဘူး အွန်းလေး။ မင်းရဲ့ တစ်ဖက်ပိတ် အတွေးတွေနဲ့ အမှားတွေ ထပ်မလုပ်မိပါစေနဲ့။ မင်း သူ့အပေါ် ညီတစ်ယောက်ထက် ပိုပြီး မြင်နေတာ Appaသိတယ်"


Appa၏ စကားတို့ကြောင့် ဟက်ခနဲ ရယ်လိုက်မိသည်။


"Appaကတော့လေ ကျွန်တော့်ကို ဗီလိန်ဇာတ် သွင်းနေတာပဲ"

"ဗီလိန်ဇာတ် သွင်းနေတာ မဟုတ်ဘူး အွန်းလေး.... မင်းရဲ့ ခံစားချက်တွေကို အမှောင် ဖုံးပြီး နောင်တ မရစေချင်တာ။ မင်းအတွက်က အချိန်မီသေးတယ်။ Appaလို နောင်တတရားတွေ မရစေချင်ဘူး"


Appa၏ နောက်ဆုံးပြောလိုက်သော စကားသံတို့က အက်ရှရှရယ်ပါ။


"Appaလည်း နောက်မကျသေးပါဘူး။ သူ့ကို ရှာကြည့်ပါ။ ကျွန်တော် ရှာပေးရမလား...."


"မရှာနဲ့ အွန်းလေး။ ဒါဆို Appa ဖုန်းချလိုက်တော့မယ်။ စောစောအိပ်ရမယ်လို့ ဆရာဝန်က မှာထားလို့။ သားလည်း ဂရုစိုက်။ Appa စိတ်ချမယ်"


"စိတ်ချပါ Appaရယ်။ ဒါဆို အေးအေးချမ်းချမ်း အိပ်ပါ"


တစ်ဖက်မှ ဘာမျှ တုံ့ပြန်မလာဘဲ ဖုန်းသာ ချသွား၏။

Appaကို ကြည့်ရတာ ထိုသူ့အပေါ် အတော် လေးနက်ပုံပင်။ Ommaနှင့် ဟိုမြေခွေးမအပေါ်တောင် Appa အဲ့သည့်လောက်ထိ မလေးနက်ခဲ့ဖူးချေ။

သတိရခါစ တစ်ပတ်အတွင်း ကျွန်တော် ဘာမျှ ရေရေရာရာ မမှတ်မိ။ ဆယ်ရက်မြောက်နေ့မှသာ ဟိုတစ်စ သည်တစ်စ စတင် မှတ်မိလာခြင်း။

အလုံးစုံ မှတ်မိလေတော့ ဟွန်းအကြောင်း မေးခဲ့စဥ်က Appaထံမှ ကြားလိုက်ရသည်က ထိုနေ့ညကတည်းက ပျောက်သွားသည်တဲ့။

နောက်ပြီး ထိုကလေးက ကျွန်တော်တို့နှင့် ဘာသွေးသားမျှ မတော်စပ်ဘူးတဲ့။ အားလုံးက ဟိုမြေခွေးမ လိမ်ဆင်ခဲ့တာတဲ့။

ဘယ်လောက်တောင် ယုတ်မာလိုက်လေသလဲ....

ပိုဆိုးသည်က ကျွန်တော့်၏ ဒိုင်ယာရီကို Appa ဖတ်လိုက်ခြင်း။  အနှီ ဒိုင်ယာရီမှတစ်ဆင့် ဟွန်းအပေါ် ထားခဲ့မိသော ခံစားချက်များအကြောင်း Appa သိသွားသည်။


"Appa မင်းကို နားလည်တယ်။ လူလူချင်း ချစ်တာဟာ လိင်သတ်မှတ်ချက် မလိုဘူး။ Appa မြတ်နိုးမိသွားသူဟာလည်း မိန်းကလေး တစ်ယောက်မဟုတ်ဘူး"

Appa အဲ့သည်လို ပြောတုန်းက အတော့်ကို အံ့အားသင့်ခဲ့ရသည်။ Appa၌လည်း ကျွန်တော့်လိုပင်...

ကန့်ကွက်မည်ဟု ထင်ထားခဲ့သော်လည်း မကန့်ကွက်သည့်အပြင် Appaက ဂျီဟွန်းကို နှစ်နှင့်ချီပြီး လိုက်ရှာနေခဲ့သည်ကိုပါ သိလိုက်ရတော့  ကျွန်တော်ဖြင့် ယုံကို မယုံနိုင်ခဲ့။


လွန်ခဲ့သည့် သုံးရက်လောက်ကမှ Hanaတို့၏ အကူအညီဖြင့် ထိုကလေးကို ရှာတွေ့ခဲ့၏။ အဲ့သည့်ကတည်းက ထိုကောင်လေးကို ကျွန်တော် တောက်လျှောက်ကို စောင့်ကြည့်နေခဲ့သည်။


သူ ဘယ်သွားသွား အနောက်မှ မသိမသာ လိုက်ကြည့်နေခဲ့သော်လည်း အမှုမဲ့ အမှတ်မဲ့ နေတတ်သော ထိုကလေးက သူ့နောက် လိုက်နေသည်ကိုပင် သတိမထားမိခဲ့။


သည်နေ့လည်း ထိုကလေး အိမ်စုတ်ကြီးထဲသို့ သွားပြန်သည်။ ကျွန်တော် စောင့်ကြည့်ခဲ့သော သုံးရက်လုံး သူ အဲ့သည့်သို့ မပြတ်မလပ်ကို သွား၏။


ဘာသွားသွား လုပ်မှန်းကို မသိ...


သူ ထွက်သွားတော့ အနှီ အိမ်ထဲ ဝင်ကြည့်ခဲ့မိသည်။ တစ်အိမ်လုံး ဟောင်းနွမ်းနေသော ထိုအိမ်ကြီးတွင် လူနေပုံမပေါ်။ ကြက်သီးများပင် ထလာသောကြောင့် ငါးမိနစ်ထက်ပိုပြီး မနေနိုင်ခဲ့။


ထိုအိမ်မှ အပြန်လမ်းတွင် သူ့ကားပျက်နေသည်နှင့် ပက်ပင်း တိုး၏။ လူက မနေနိုင်၊ မထိုင်နိုင် ကူမိပြန်သည်။

အစက ထိုကလေး ကျွန်တော့်ကို မမှတ်မိမချင်း အတတ်နိုင်ဆုံး လူလုံး ထွက်မပြဘဲ နေမည်ဟု ကြံရွယ်ထားခဲ့ခြင်း။


ယခုတော့ စိတ်ပြောင်းသွားပြီ။ သူ မြန်မြန် ပြန်မှတ်မိမှ ဖြစ်မည်။ ဒီထက်ပိုပြီး ကြာကြာ မစောင့်နိုင်တော့။


ကိုယ်တို့ အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီ ဟွန်း.....

~~~~~To Be Continued~~~~~


A/N
ဒီအပိုင်းက လီဟွန်း သူ့ကိုယ်ထဲ ဝင်ပြီး တစ်လ အကြာကို ရေးထားတာပါ။

ကလေးက Hyungကို လူအဖြစ် ပြန်တွေ့ချိန်မှာ  Hyungက (၂၅)နှစ်လောက် ရှိနေပါပြီ။ ဒီတော့   နည်းနည်းတော့ ဇဝေဇဝါ ဖြစ်တာပေါ့။ သူ့ လီဟွန်းနဲ့ ဆင်သလိုလိုနဲ့  ကွဲထွက်နေတော့......

ဒီတော့  Hyungက အရင်အကြောင်းပဲ  မှတ်မိတာနော်။  မသေချာဘူး။ ထင်တာ ပြောကြည့်တာ😆

ပြီးတော့ Hyungရဲ့ Appaကလည်း ကောင်လေး တစ်ယောက်နဲ့ ဘာဆိုလားပဲ👀
Hyung's Appaက ခုမှ (၄၆)နှစ်ပါနော်။ အဘိုးကြီးဆိုလို့ အိုကြီးအိုမလို့ မထင်ပါနဲ့။ သူ့ဘာသာ အိုပြီ ထင်နေတာ😆

မနက်ဖြန် တစ်ပိုင်း ထပ်upပေးမယ်နော်။ပြောထားတဲ့ အတိုင်း ဒါလေးက  ဒီလအပြီး တင်ပေးမှာပါ။ စိတ်ရှည်ရှည်နဲ့ ongoing လိုက်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်

ကိုယ် ဒီတလော ရက်ချိန်း မမှန်တာကိုတော့ နားလည်ပေးကြပါနော်။ တာဝန်ယူထားတာတွေက တစ်ခု၊ နှစ်ခု မကလို့ပါ။

Write with heart
Thanks for reading
See you Tmr
24.6.21/Thursday

_________________________________________________





Zawgyi Version

"ဘာလိုလိုနဲ႔ မင္းေပ်ာက္ေနတာ တစ္လေတာင္ ျပည့္ေတာ့မယ္ လီဟြန္း.....
ဘယ္ေတြမ်ား ေရာက္ေနတာလဲကြာ။ ေရာက္တဲ့ အရပ္မွာေရာ အဆင္ေျပရဲ့လား"


"မေျပာမဆိုနဲ႔ ေပ်ာက္သြားတဲ့ မင္းကိုေလ ငါ အရမ္း စိတ္ပူတယ္။ စိတ္လည္း ဆိုးတယ္။ မင္း ငါ့ကို အ႐ူး လုပ္ေပါင္းမ်ားၿပီ။ ဒီတစ္ခါေတာ့ မင္းကို ခြင့္မလႊတ္နိုင္ဘူး။ ေတြ႕တာနဲ႔ အျပစ္ေပးပစ္မွာ။ မင္း ေသၿပီသာမွတ္ လီဟြန္း"


"ငါေလ မင္းအိမ္ကို ေန႔တိုင္းလာျဖစ္တယ္။ မင္း မရွိတဲ့ ဒီအိမ္ႀကီးထဲမွာ တစ္ေယာက္တည္း စကားေတြ ေျပာရတာ အက်င့္လိုေတာင္ ျဖစ္ေနၿပီ။ အ႐ူးနဲ႔တူတယ္မလား.... Haha"

ကၽြန္ေတာ့္၏ ေျခာက္ကပ္ကပ္ ရယ္သံတို႔က ကၽြန္ေတာ့္အား ျပန္ေလွာင္ေနသလိုပင္။

"တကယ္လည္း အ႐ူးပဲ။ မင္းမရွိတဲ့ဒီတစ္လအတြင္း ဘာပုံမွကို မဆြဲျဖစ္ဘူး။ Pianoလည္း မတီးခ်င္ဘူး။ ထိေတာင္ မထိျဖစ္ဘူး။ ငါ ဘာလုပ္ေနတယ္လို႔ မင္းထင္လဲ......   မင္းသာ သိရင္ ရယ္မလားပဲ"

လီဟြန္း ရယ္၊ မရယ္ေတာာ့ မေျပာတတ္။ လူကေတာ့ ေျပာရင္း ျပဳံးမိျပန္သည္။

"ငါ ကဗ်ာဆရာ ျဖစ္ေနၿပီ။ မင္းအေၾကာင္းေတြပဲ  စာစီေနမိတယ္ လီဟြန္းရာ....
ငါ မင္းကို လြမ္းလိုက္တာ"


"မင္းကိုမ်ား ထပ္ေတြ႕ဦးမလားဆိုၿပီး ကိုရီးယားမွာပဲ ေသာင္တင္ေနတယ္ သိလား။Hana Noonaတို႔ေတာင္ ျပန္သြားၾကၿပီ"


"ဒါေပမဲ့ေလ..... ငါလည္း ေနာက္တစ္ပတ္ေလာက္ေနရင္ ျပန္ေတာ့မယ္။ အဲ့မတိုင္ခင္ေတာ့ မင္း ျပန္ေပၚလာေပးပါ။  မင္း ျပန္ေပၚလာရင္ မင္းကိုပါ ငါေခၚသြားမွာ။ ငါ အဲ့ဒီေလာက္ထိကို ျပင္ဆင္ထားၿပီးၿပီ"


"ငါေလ မင္းကို အရမ္း လြမ္းတယ္။ အရမ္း အရမ္းပဲ....."


"ငါ  မင္းကို သေဘာက်တယ္ လီဟြန္း....  သူငယ္ခ်င္း တစ္ေယာက္ထက္ ပိုၿပီး....."

သူ မရွိေတာ့မွ  သိလိုက္ရေသာ  ကၽြန္ေတာ့္ရဲ့ ရင္ခုန္သံမ်ားအေၾကာင္း သက္ဆိုင္သူကေတာ့ မၾကားပါေလ။

ကၽြန္ေတာ္ရယ္ေလ..... လီဟြန္းကို  သူငယ္ခ်င္းထက္ ပိုၿပီး ခံစားမိေနၿပီ။

~

~

~

စိတ္ညစ္ေနပါသည္ဆိုမွ ကားကပါ လာပ်က္ေနသည္။

Workshopကလည္း အနီးအနားတြင္ မရွိ။ အသိ workshopကို  ဖုန္းဆက္မည္ ႀကံေတာ့လည္း ဖုန္းအားက မရွိႏွင့္ ဟုတ္ေတာ့ ဟုတ္ေနပါၿပီ။


Honk Honk

ကၽြန္ေတာ့္ေဘးတြင္ လာရပ္ကာ ဟြန္းသံေပးေနေသာ အနက္ေရာင္ ကားတစ္စီး....

က်သြားေသာ ကားမွန္ႏွင့္အတူ ျမင္လိုက္ရသည္က  ရင္းႏွီးေနသေယာင္ ရွိေသာ မ်က္ႏွာေခ်ာေခ်ာ တစ္ခု။


သပ္သပ္ရပ္ရပ္ ဖီးသင္ထားေသာ ေငြမွင္ေရာင္ ဆံႏြယ္၊ မီးခိုးေရာင္ မ်က္ဝန္းမ်ားႏွင့္ v shapeေမးရိုး.....
ဘုရားသခင္ ထိုလူဟာ ကၽြန္ေတာ့္ရဲ့ တစ္ေယာက္ေသာ သူႏွင့္ တူလိုက္ေလျခင္း။

ကားေပၚမွ  ဆင္းလာကာ  ကၽြန္ေတာ့္ကားအား  အကဲခတ္ေနသည့္ သူဟာ  လီဟြန္းထက္ မဆိုစေလာက္ေလး အရပ္  ပိုရွည္၏။

ရွပ္လက္ရွည္ အမည္းေရာင္ကို ေဘာင္းဘီထဲ မထည့္ဘဲ အျပင္ထုတ္ ဝတ္ထားသည့္ သူ႔ပုံစံဟာ လီဟြန္းထက္ အနည္းငယ္လည္း လူႀကီး ပိုဆန္ေနေလသည္။



"အဆင္ေျပရဲ့လား။ ကားပ်က္သြားတာလား"


ကၽြန္ေတာ္ ႏွစ္ၿခိဳက္ခဲ့ရေသာ ခပ္ၾသၾသ အသံကေလး....

"ဟြန္း!  လီဟြန္း   မင္းမလား"


သည္လို ေျပာလိုက္ေလေတာ့  နားမလည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ သူ ျပန္ၾကည့္သည္။  လီဟြန္းႏွင့္ မတူသည္က ထိုမ်က္ဝန္းမ်ားဟာ အူေၾကာင္ေၾကာင္ ဆန္မေန။


"လီဟြန္း? ဘယ္က လီဟြန္းလဲ မသိေပမယ့္ မင္း လူမွားေနၿပီ"


ကၽြန္ေတာ္ လူမွားတာလား....

သို႔တိုင္ေအာင္ ထိုသူႏွင့္ လီဟြန္း အေတာ့္ကို တူသည္။

"အာ ေတာင္းပန္ပါတယ္"


"ေဟာ ေတာင္းပန္ျပန္ၿပီ။ ဘာအမွားမွ မလုပ္ဘဲ ေတာင္းပန္ေနတတ္တုန္းပါလား"

ျပဳံးေယာင္သန္းရင္း ေျပာေနေသာ သူ႔တြင္လည္း လီဟြန္းကဲ့သို႔ သြားစြယ္ကေလးမ်ား ရွိသည္။

နာမည္တူ မရွား၊ လူတူ မရွားဆိုသည္ကို လက္ခံနိုင္ေသာ္လည္း သည္ေလာက္ထိ တူေနတာကေတာ့ ကၽြန္ေတာ့္အတြက္ ၾကဳံေတာင့္ၾကဳံခဲပင္။


"Workshopကို ဖုန္းဆက္ထားလား။ ကိုယ္က မျပင္ေပးတတ္လို႔"


"အဲ့ဒါကေလ ကၽြန္ေတာ့္ဖုန္းက အားကုန္သြားလို႔။ အားေတာ့နာပါတယ္။ ဖုန္းေလး တစ္ေကာ(လ္)ေလာက္ ေပးဆက္လို႔ရမလားခင္ဗ်"

မ်က္ႏွာ ပူပူႏွင့္ပင္ အကူအညီ ေတာင္းလိုက္ရေလသည္။

သူကေတာ့ ျပဳံးျပကာ သူ႔ဖုန္းေလး ကမ္းေပး၏။ သူ႔အျပဳံးက လီဟြန္းႏွင့္ တူသေယာင္ ရွိေသာ္ျငား အနည္းငယ္ ကြဲထြက္ေနျပန္သည္။

ကၽြန္ေတာ္ပဲ လီဟြန္းကို အစြဲလမ္း လြန္ေနတာမ်ားလား....

~

~

~

"ေက်းဇူးတင္ပါတယ္ခင္ဗ်"


"မဟုတ္တာ။ ဒီေလာက္နဲ႔ေတာ့ ေက်းဇူးတင္စရာ မလိုပါဘူး။ ကိုယ္လည္း အပန္းမွ မႀကီးတာ"

ကၽြန္ေတာ္ ကမ္းေပးေသာ ဖုန္းေလးကို ျပန္ယူေနေသာ သူ႔လက္ေခ်ာင္းတို႔ဟာ အခ်ိဳးအဆစ္ တိတိရိရိႏွင့္ ရွည္သြယ္လြန္းလွသည္။ လီဟြန္း၏ လက္ေခ်ာင္းမ်ားႏွင့္ ဆင္လိုက္ေလျခင္း။

"အဆင္ေျပသြားၿပီလား။ workshopက ဘာတဲ့လဲ"


"ဆယ့္ငါးမိနစ္အတြင္း ေရာက္မယ္လို႔ေတာ့ ေျပာတယ္"


"ေတာ္ေသးတာေပါ့။ တစ္ေယာက္တည္း ေစာင့္လို႔ အဆင္ေျပမလား။ ကိုယ္ ကူေစာင့္ေပးရမလား"


ဘာေၾကာင့္ရယ္မသိ။ သူ႔စကားတို႔ေၾကာင့္ လူက ျပဳံးလိုက္မိသည္။


သူ႔ပုံစံက မသိလၽွင္ မိန္းကေလး တစ္ေယာက္ကို ပူပန္ေပးေနသည့္အလား....


"အာ မဟုတ္တာ။ အဆင္ေျပပါတယ္ဗ်။ ခုလို ကူညီေပးတာ ေက်းဇူးတင္ပါတယ္"


"ေကာင္းပါၿပီကြာ။ ဒါဆို ကိုယ့္ကို ခြင့္ျပဳပါဦး"


"ဟုတ္ကဲ့ပါဗ်"


'ဝူး'ခနဲ ေမာင္းထြက္သြားေသာ ကားေလးကို ၾကည့္ရင္း ဘာ့ေၾကာင့္ရယ္မ်ား ကၽြန္ေတာ္ ရင္ေတြ ခုန္ေနပါလိမ့္။ ထိုသူက လီဟြန္းႏွင့္ တူလြန္းေန၍မ်ားလား....

~~~~~~~~~~~~~~~

က်န္ေနခဲ့ေသာ သူ႔ကို ဘက္မွန္မွ ၾကည့္ရင္း ကၽြန္ေတာ္ ျပဳံးလိုက္မိသည္။

သူေတာင္ အေတာ္ အရြယ္ေရာက္လာၿပီ....

ေျခာက္ႏွစ္.... ေျခာက္ႏွစ္အတြင္း သည္ကေလး ဘယ္ေတြမွာမ်ား ဘယ္လို ရွင္သန္ေနခဲ့ပါလိမ့္။ ကၽြန္ေတာ့္ ကေလးက ေကာင္းေကာင္းမြန္မြန္ေတာ့ ႀကီးျပင္းလာရွာသား။


သူ ကၽြန္ေတာ့္ကို မမွတ္မိေတာ့ေသာ္ျငား ကၽြန္ေတာ္ကေတာ့ သူ႔ကို မေမ့။ ကၽြန္ေတာ့္ကို ေျခာက္ႏွစ္တိုင္ေအာင္ ေမ့ေျမာေစခဲ့သူ။

သူ႔ေၾကာင့္သာ မဟုတ္လၽွင္ ကၽြန္ေတာ့္ အိပ္မက္ေတြကို သည္ေျခာက္ႏွစ္အတြင္းမွာ အေကာင္အထည္ ေဖာ္နိုင္ခဲ့မွာ။ သူသာ အဲ့သည့္ညက ႐ူးေၾကာင္ေၾကာင္ အလုပ္ေတြ မလုပ္ခဲ့ဘူးဆိုလၽွင္.....


"မင္း အတိတ္ကို ျပန္သတိရမွျဖစ္မယ္ ဟြန္း..... မင္းဆီက ကိုယ္ ၾကားခ်င္တာေတြ အမ်ားႀကီးပဲ။ မင္းနဲ႔ ကိုယ့္ဇာတ္လမ္းက မၿပီးေသးဘူး။ မၾကာခင္ ထပ္ေတြ႕ၾကမယ္။ ၿပီးေတာ့..... လီဟြန္းက ဘယ္သူလဲဆိုတာပါ မင္း ေျဖေပးရမယ္"

~

~

~

"မင္း oxygen ျပတ္သြားတာက Appaတို႔ ထင္တဲ့အတိုင္းပဲ။  အဲ့ဒါက ေသြးရိုးသားရိုး မဟုတ္ဘူး အြန္းေလး"

ဖုန္းထဲမွ Appaအသံက ေဒါသ ထြက္ေနသေယာင္.....

"Appa ဘာေတြ သိထားလို႔လဲ"

"CCTV recordရခဲ့တယ္ အြန္းေလး။ အဲ့ဒီေန႔က  သားရဲ့ အခန္းကို လာစစ္ေပးတာ တာဝန္က်တဲ့  ဆရာဝန္ မဟုတ္ဘူး။ Appa ေသခ်ာ ထပ္စုံစမ္းခိုင္းထားတယ္"


"အဲ့ဒါ ကၽြန္ေတာ္ပဲ ၾကည့္လုပ္လိုက္ပါ့မယ္။ Appaက ေအးေဆး နားပါ။ ကိုယ့္က်န္းမာေရးကိုပဲ ကိုယ္ ဂ႐ုစိုက္ပါ"



သည္လိုေျပာလိုက္ေလေတာ့   တစ္ဖက္မွ Appa၏ သက္ျပင္းခ်သံက ခပ္သဲ့သဲ့....

"အခုလည္း  သတိဝိရိယနဲ႔ ေနေစခ်င္တယ္ အြန္းေလး။ မေပါ့ဆနဲ႔။  ဒါနဲ႔...... သူ႔ကို ေတြ႕ၿပီးၿပီလား"

"ေတြ႕ခဲ့တယ္။ ေကာင္းေကာင္း ႀကီးျပင္းလာသားပဲ။ သူ႔Ommaနဲ႔ဆိုရင္ေတာင္ ဒီလိုမ်ိဳး ေအးေအးခ်မ္းခ်မ္း ႀကီးျပင္းလာနိုင္မွာ မဟုတ္ဘူး"


ကၽြန္ေတာ္ ခပ္မဲ့မဲ့ ျပဳံးရင္း ေျပာလိုက္မိသည္။

သူ႔Ommaႏွင့္သာဆို သည္ကေလး ေျဖာင့္ေျဖာင့္မတ္မတ္ ႀကီးျပင္းလာနိုင္မွာမဟုတ္။ သူ(မ)၏ လမ္းစဥ္လိုက္ကာ မာယာႂကြယ္ၿပီး ဥာဏ္မ်ားေနမွာ ဧကန္မလြဲ။

ယခုလည္း ေျပာလို႔ရတာမဟုတ္။ မ်ားခ်င္မ်ားေနမွာ။ သည့္ပုတ္ထဲက သည္ပဲသာ ထြက္မွာ။


"ဂ်ီဟြန္းက  အစကတည္းက လိမၼာၿပီး ျဖဴစင္တဲ့ ကေလး တစ္ေယာက္ပါ။ ဟန္နီ လုပ္ခဲ့တာေတြနဲ႔  သူနဲ႔  ဘာမွ မဆိုင္ဘူး အြန္းေလး။  မင္းရဲ့ တစ္ဖက္ပိတ္ အေတြးေတြနဲ႔  အမွားေတြ ထပ္မလုပ္မိပါေစနဲ႔။ မင္း သူ႔အေပၚ ညီတစ္ေယာက္ထက္ ပိုၿပီး ျမင္ေနတာ  Appaသိတယ္"


Appa၏ စကားတို႔ေၾကာင့္  ဟက္ခနဲ ရယ္လိုက္မိသည္။ 


"Appaကေတာ့ေလ  ကၽြန္ေတာ့္ကို  ဗီလိန္ဇာတ္ သြင္းေနတာပဲ"

"ဗီလိန္ဇာတ္ သြင္းေနတာ မဟုတ္ဘူး အြန္းေလး....   မင္းရဲ့ ခံစားခ်က္ေတြကို  အေမွာင္ ဖုံးၿပီး ေနာင္တ မရေစခ်င္တာ။  မင္းအတြက္က  အခ်ိန္မီေသးတယ္။  Appaလို ေနာင္တတရားေတြ မရေစခ်င္ဘူး"


Appa၏ ေနာက္ဆုံးေျပာလိုက္ေသာ စကားသံတို႔က အက္ရွရွရယ္ပါ။


"Appaလည္း ေနာက္မက်ေသးပါဘူး။ သူ႔ကို ရွာၾကည့္ပါ။  ကၽြန္ေတာ္ ရွာေပးရမလား...."


"မရွာနဲ႔ အြန္းေလး။  ဒါဆို Appa ဖုန္းခ်လိုက္ေတာ့မယ္။ ေစာေစာအိပ္ရမယ္လို႔ ဆရာဝန္က မွာထားလို႔။ သားလည္း ဂ႐ုစိုက္။ Appa စိတ္ခ်မယ္"


"စိတ္ခ်ပါ Appaရယ္။ ဒါဆို ေအးေအးခ်မ္းခ်မ္း အိပ္ပါ"


တစ္ဖက္မွ  ဘာမၽွ တုံ႔ျပန္မလာဘဲ ဖုန္းသာ ခ်သြား၏။

Appaကို ၾကည့္ရတာ ထိုသူ႔အေပၚ အေတာ္ ေလးနက္ပုံပင္။ Ommaႏွင့္  ဟိုေျမေခြးမအေပၚေတာင္  Appa အဲ့သည့္ေလာက္ထိ မေလးနက္ခဲ့ဖူးေခ်။

သတိရခါစ တစ္ပတ္အတြင္း ကၽြန္ေတာ္ ဘာမၽွ ေရေရရာရာ မမွတ္မိ။  ဆယ္ရက္ေျမာက္ေန႔မွသာ  ဟိုတစ္စ သည္တစ္စ  စတင္ မွတ္မိလာျခင္း။

အလုံးစုံ မွတ္မိေလေတာ့   ဟြန္းအေၾကာင္း ေမးခဲ့စဥ္က Appaထံမွ  ၾကားလိုက္ရသည္က  ထိုေန႔ညကတည္းက ေပ်ာက္သြားသည္တဲ့။

ေနာက္ၿပီး ထိုကေလးက ကၽြန္ေတာ္တို႔ႏွင့္ ဘာေသြးသားမၽွ မေတာ္စပ္ဘူးတဲ့။ အားလုံးက ဟိုေျမေခြးမ  လိမ္ဆင္ခဲ့တာတဲ့။

ဘယ္ေလာက္ေတာင္ ယုတ္မာလိုက္ေလသလဲ....

ပိုဆိုးသည္က ကၽြန္ေတာ့္၏ ဒိုင္ယာရီကို Appa ဖတ္လိုက္ျခင္း။ အႏွီ ဒိုင္ယာရီမွတစ္ဆင့္  ဟြန္းအေပၚ  ထားခဲ့မိေသာ  ခံစားခ်က္မ်ားအေၾကာင္း  Appa သိသြားသည္။


"Appa မင္းကို နားလည္တယ္။  လူလူခ်င္း ခ်စ္တာဟာ လိင္သတ္မွတ္ခ်က္ မလိုဘူး။ Appa ျမတ္နိုးမိသြားသူဟာလည္း မိန္းကေလး တစ္ေယာက္မဟုတ္ဘူး"

Appa အဲ့သည္လို ေျပာတုန္းက အေတာ့္ကို အံ့အားသင့္ခဲ့ရသည္။  Appa၌လည္း ကၽြန္ေတာ့္လိုပင္...

ကန့္ကြက္မည္ဟု ထင္ထားခဲ့ေသာ္လည္း မကန့္ကြက္သည့္အျပင္  Appaက  ဂ်ီဟြန္းကို ႏွစ္ႏွင့္ခ်ီၿပီး လိုက္ရွာေနခဲ့သည္ကိုပါ သိလိုက္ရေတာ့ ကၽြန္ေတာ္ျဖင့္ ယုံကို မယုံနိုင္ခဲ့။


လြန္ခဲ့သည့္  သုံးရက္ေလာက္ကမွ  Hanaတို႔၏ အကူအညီျဖင့္ ထိုကေလးကို ရွာေတြ႕ခဲ့၏။ အဲ့သည့္ကတည္းက ထိုေကာင္ေလးကို ကၽြန္ေတာ္ ေတာက္ေလၽွာက္ကို ေစာင့္ၾကည့္ေနခဲ့သည္။


သူ ဘယ္သြားသြား အေနာက္မွ  မသိမသာ လိုက္ၾကည့္ေနခဲ့ေသာ္လည္း အမွုမဲ့ အမွတ္မဲ့ ေနတတ္ေသာ ထိုကေလးက  သူ႔ေနာက္ လိုက္ေနသည္ကိုပင္ သတိမထားမိခဲ့။


သည္ေန႔လည္း ထိုကေလး အိမ္စုတ္ႀကီးထဲသို႔  သြားျပန္သည္။   ကၽြန္ေတာ္ ေစာင့္ၾကည့္ခဲ့ေသာ သုံးရက္လုံး သူ အဲ့သည့္သို႔ မျပတ္မလပ္ကို သြား၏။


ဘာသြားသြား လုပ္မွန္းကို မသိ...


သူ ထြက္သြားေတာ့  အႏွီ အိမ္ထဲ ဝင္ၾကည့္ခဲ့မိသည္။ တစ္အိမ္လုံး ေဟာင္းႏြမ္းေနေသာ ထိုအိမ္ႀကီးတြင္ လူေနပုံမေပၚ။ ၾကက္သီးမ်ားပင္ ထလာေသာေၾကာင့္  ငါးမိနစ္ထက္ပိုၿပီး မေနနိုင္ခဲ့။


ထိုအိမ္မွ အျပန္လမ္းတြင္ သူ႔ကားပ်က္ေနသည္ႏွင့္ ပက္ပင္း တိုး၏။ လူက မေနနိုင္၊ မထိုင္နိုင္  ကူမိျပန္သည္။ 

အစက ထိုကေလး ကၽြန္ေတာ့္ကို မမွတ္မိမခ်င္း  အတတ္နိုင္ဆုံး လူလုံး ထြက္မျပဘဲ ေနမည္ဟု ႀကံရြယ္ထားခဲ့ျခင္း။


ယခုေတာ့  စိတ္ေျပာင္းသြားၿပီ။ သူ ျမန္ျမန္ ျပန္မွတ္မိမွ ျဖစ္မည္။ ဒီထက္ပိုၿပီး ၾကာၾကာ မေစာင့္နိုင္ေတာ့။


ကိုယ္တို႔ အခ်ိန္ေတြ အမ်ားႀကီး ျဖဳန္းခဲ့ၿပီးၿပီ ဟြန္း.....

~~~~~To Be Continued~~~~~


A/N
ဒီအပိုင္းက လီဟြန္း သူ႔ကိုယ္ထဲ ဝင္ၿပီး တစ္လ အၾကာကို ေရးထားတာပါ။

ကေလးက Hyungကို လူအျဖစ္ ျပန္ေတြ႕ခ်ိန္မွာ Hyungက (၂၅)ႏွစ္ေလာက္ ရွိေနပါၿပီ။ ဒီေတာ့ နည္းနည္းေတာ့ ဇေဝဇဝါ ျဖစ္တာေပါ့။ သူ႔ လီဟြန္းနဲ႔ ဆင္သလိုလိုနဲ႔ ကြဲထြက္ေနေတာ့......

ဒီေတာ့ Hyungက အရင္အေၾကာင္းပဲ မွတ္မိတာေနာ္။ မေသခ်ာဘူး။ ထင္တာ ေျပာၾကည့္တာ😆

ၿပီးေတာ့  Hyungရဲ့ Appaကလည္း ေကာင္ေလး တစ္ေယာက္နဲ႔  ဘာဆိုလားပဲ👀
Hyung's Appaက  ခုမွ (၄၆)ႏွစ္ပါေနာ္။ အဘိုးႀကီးဆိုလို႔ အိုႀကီးအိုမလို႔ မထင္ပါနဲ႔။ သူ႔ဘာသာ အိုၿပီ ထင္ေနတာ😆

မနက္ျဖန္ တစ္ပိုင္း ထပ္upေပးမယ္ေနာ္။ေျပာထားတဲ့ အတိုင္း ဒါေလးက ဒီလအၿပီး တင္ေပးမွာပါ။ စိတ္ရွည္ရွည္နဲ႔ ongoing လိုက္ေပးတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္

ကိုယ္ ဒီတေလာ ရက္ခ်ိန္း မမွန္တာကိုေတာ့ နားလည္ေပးၾကပါေနာ္။ တာဝန္ယူထားတာေတြက တစ္ခု၊ ႏွစ္ခု မကလို႔ပါ။

Write with heart
Thanks for reading
See you Tmr
24.6.21/Thursday

_________________________________________________

Continue Reading

You'll Also Like

276K 27.7K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
338K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်