ဆန်းဆန်းကြီး system

By thethmue1005

1M 122K 6.7K

ကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့ More

ဆန်းဆန်းကြီး system
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
New Fic
One shot
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Arc 5.19
Arc 5.20
Arc 6.1
Arc 6.2
Arc 6.3
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12
Arc 6.13

Arc 6.4

5.9K 813 28
By thethmue1005

Knock Knock Knock!!!!!

"ဦးငယ်ရေ... ဦးငယ်...
တံခါးလာဖွင့်ပေးပါအုံး "

"ဦးငယ်လို့..... ဦးငယ် "

အခန်းပြင်မှတူတော်မောင်၏ တစ်ကျော်ကျော် အော်ခေါ်သံကြောင့်
ဘယ်လိုပင် ​အိပ်မောကျနေပါစေ
ဆက်အိပ်ဖို့ မဖြစ်နိုင်တော့ပြီ
အိပ်ချင်မူးတူးကြောင့် မျက်လုံးတွေပွင့်ဖို့ပင် အတော်ကြိုးစားယူနေရသည့်အဖြစ်
ဘာတွေ အရေးကြီးနေမှန်းမသိတဲ့ တူတေယ်မောင်အား တစ်ချက်တော့ နာနာထုချင်သေးသည်

ကျွီ~~~~~

"ပိစိလေးးးးးးး "

တံခါးဖွင့်သည်နှင့်ချက်ချင်း အခန်းထဲပြေးဝင်လာတဲ့ peter
လတ်စသတ်တော့ သူ့အပင်လေးကြောင့်ကိုးး
အကဲပိုလိုက်တာဆိုပြီး လည်း အပြစ်မတင်ရက် ငယ်ငယ်ထဲက မိဘဆုံးပါးသွားပြီး
ခင်တွယ်ရာဆိုလို့ ကိုယ်တစ်ယောက်တည်း ရှိခဲ့ရာက အခုမိသားစုဝင်အသစ်လေးဖြစ်လာတော့မယ့် ပိစိကို သည်းသည်းလှုပ်နေတာ အလွန်တော့ မဟုတ်

"ဦးငယ်... ပိစိက ကြီးလာလိုက်တာ "

ကုတင်ပေါ်တင်ထားတဲ့ အပင်ငယ်ဆီ အပြေးရောက်လာပြီး မှတ်ချက်ပေးနေတဲ့ peterကြောင့်
Ton အပင်ငယ်ကို ခုမှသတိထားမိသည်
ပျက်ချင်နေသည့်မျက်နှာကို ထိန်းချုပ်ရတာ ထင်သလောက်မလွယ်ကူလှ
ညကပင် တစ်ပေကျော်ကျော် အရွယ်အစားလောက်သာ ရှိခဲ့သည့် ပိစိက
အခုတော့ သုံးပေကျော်ကျော်လောက်ထိ ကြီးထွားလာခဲ့သည်
ပုံမှန် အပင်လူသားဖြစ်စဥ်မှာ ယခုလို သိသိသာသာ ကြီးထွားလာဖို့ အနည်းဆုံး အချိန်သုံးလတော့ စောင့်ပေးရသည်
ပိစိကျမှ  ဘာလို့ တစ်ညတည်းလဲ
ပိစိရဲ့ တိုးတက်နှုန်းဟာ အရမ်းကို မြန်နေလွန်းသည်
သူ့ရဲ့လုပ်ဆောင်ချက်အားလုံးဟာ
အပင်လူသားလမ်းစဥ် အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်ခဲ့သော်လည်း
တစ်နေနေရာရာမှာတော့ မှားယွင်းနေတာ သေချာပြီ

"Peter ခနဖယ် ပိစိကို ဦးငယ် ကြည့်ပါရစေအုံး "

ဦးငယ်ရဲ့ မျက်နှာပျက်ချင်နေသည်ကို သတိထားမိတဲ့ Peterကလည်း
မငြင်းဆန်ဘဲ ထိုနေရာမှ ချက်ချင်း ဖယ်ပေးလိုက်သည်
အကယ်၍ သူဂျစ်ကျနေပါက ပိစိလေးတစ်ခုခု ဖြစ်သွားမှာ Peterလည်း စိုးရိမ်တတ်ပါသည်

Ton သူရဲ့ အပင်လူသားလေးအား အမြစ်မှသည် အပင်ထိပ်ဖျားထိ တစ်နေရာမကျန် စူးစမ်းကြည့်သော်လည်း ထူးဆန်းသည့်နေရာဟူ၍မရှိ
ကောင်းကောင်းကြီးထွားလာရုံသာ

"ပိ​စိလေး မင်းနေလို့ရောအဆင်ပြေနေရဲ့လား
မင်းရဲ့ ထူးခြားချက်တွေကို အကောင်းဘက်ကပဲ ဖြစ်စေချင်လိုက်တာ
ကောင်းကောင်းရှင်သန်လာပေးပါ ပိစိ "

Ton နဲ့ Peter​တို့ရဲ့ စေတနာတွေကို အတိုင်းသားမြင်နေရတဲ့ ရှောင်းကျန့်မှာ ပုံမှန်အတိုင်း ငြိမ်ငြိမ်လေး ဆက်မနေနိုင်တော့

"ကျနော် နေလို့ အဆင်ပြေပါတယ်
လူသားတို့ ထင်ထားတာထက် အများကြီး ပိုပြီးသန်မာတာမို့ မစိုးရိမ်ပါနဲ့ "

အပင်လေးရဲ့ တုံ့ပြန်စကားကြောင့်
အပြုံးတွေဖြစ်တည်လာတဲ့ Ton,Peterတို့နဲ့ထပ်တူ ရှောင်းကျန့်လည်း စိတ်ချမ်းသာရတယ်
တကယ်လည်း ရှောင်းကျန့်အတွက် နေလို့ အရမ်းအဆင်ပြေပါတယ်
တစ်ယောက်တည်း ပျင်းနေရတာကလွဲလို့
ဒါနဲ့ နေအုံး ​သူတို့ ပြောတဲ့ ပိစိလေးကြီးလာတယ်ဆိုတာ ဟောဒီက ရှောင်း​ကျန့်လေးကို ပြောတာမလား
ဘာလို့ နည်းနည်းမှ မခံစားမိရတာလဲ

*ဘယ်လိုဖြစ်တာလဲ xiao paing
Plant တုန်းက အပင်လူသားဖြစ်စဥ်နဲ့
ငါ့ရဲ့ အပင်လူသား ဖြစ်စဥ်က အတော်လေး ကွာနေတယ် မဟုတ်ဘူးလား *

*ဟုတ်ပါတယ် host
တိုးတက်မှုနှုန်းတွေကို Xiao Paing မြှင့်ပေးထားတာပါ *

*ပြဿနာရှိလို့လား
မတောင်းဆိုဘဲ သဘောတွေကောင်းနေတာဆိုတော့*

*အလိုက်သိတာလို့ခေါ်ပါတယ် host
အရင်တခေါက်ကပြောထားအတိုင်း
hostရဲ့ mission ကျန့်ကြာမှုက အ​ခြားတစ်ယောက်ပေါ်မှာ သက်ရောက်မှုရှိနေပါတယ်
ဒါကြောင့် missionကာလကို တတ်နုိင်သမျှ ချုံ့ပေးဖို့က Xiao Paing တာဝန်ပါ ပြီးမြောက်အောင်
ကြိုးစားဖို့ကတော့ host တာဝန်ပါ *

*ဘယ်သူ့အပေါ်လဲ *
အရင်တစ်ခေါက်က စိတ်ဖိစီးနေချိန်မို့ ဒီအကြောင်းအရာအား သေချာသတိမပြုမိခဲ့
ဒါကြောင့် ကြုံတုန်းမေးနေရခြင်း
ကိုယ့်အတွက်နဲ့တော့ တခြားလူအားမထိခိုက်စေချင်ပါ ကောင်းသောသက်ရောက်မှုဆို တော်သေး

*အဲ့တာထက် ခုချိန်မှာ ဟိုနှစ်ယောက်ကို အာရုံစိုက်ပေးဖို့လိုတယ်မထင်ဘူးလား
သူတို့ခမျာ hostလေး အတွက် စိတ်ပူပေးနေရှာတာ မျက်နှာသေးသေးလေးတွေပဲ ရှိတော့တယ် *

Xiao Paing ပြောတာကြောင့် ခုချိန်ထိ သူ့ဘေးမှ မခွာကြသေးသော လူနှစ်ယောက်အားကြည့်လိုက်တော့ အမှန်ပင် မျက်နှာမကောင်းကြ
အဆင်ပြေပါတယ် ပြောထားတာတောင် စိတ်မချဖြစ်နေသည့် ထိုလူသားများအား
ရှောင်းကျန့် အော်လွှတ်လိုက်သည်

"အားးးးး ဗိုက်ဆာလိုက်တာ" ဟူ၍ပင်
အရမ်းတွေ ဂရုစိုက်ပေးချင်နေတဲ့ လူသားများ ဂရုစိုက်ကြကုန်လော့

အပင်ငယ်လေးဆီမှ ထပ်မံ ထွက်ပေါ်လာသော အသံစူးစူးလေးကြောင့်် Tonနဲ့ Peter
တစ်ယောက်တစ်ယောက်ကြည့်လိုက်မိသည်
ထို့နောက်တွင်တော့
Tonမှ သတိဝင်လာသည့်နှယ် လက်ထိပ်လေးကို အပ်နှင့်ထိုးဖောက်လိုက်​ပြီးနောက်
အရင်လို မသေးငယ်တော့သော ပိစိ၏ ပင်စည်ပေါ်သို့ သက်ရောက်စေလိုက်တော့သည်

တပြိုင်တည်းမှာပဲ ရှောင်းကျန့်အပင်ခန္ဓာသည် သွေးတစ်စက်ရရုံမျှဖြင့် ခန္ဓာအတွင်းဆဲလ်များအထိ နွေးထွေးစေသည်
သို့သော် သူတောင်းဆိုနေတာ သွေးမဟုတ် သူ့အတွက် သာမန် အစားအစာများသာ

"Hey bro ကျနော် bloodကို မနိ(need)ဘူး
ပုံမှန် စားကောင်းသောက်ကောင်းကိုပဲ အိ(eat)ချင်တာ "

စားကောင်းသောက်ကောင်း
ပိစိပြောချင်တာဘာပါလိမ့်
တူဝရီး နှစ်ယောက် ခေါင်းချင်းဆိုင်ကာ စဥ်းစားခန်းဖွင့်ရတော့သည်

"ဦးငယ် ပိစိပြောတာ သားစားနေကျ မုန့်တွေလိုမျိုးကို ပြောတာလားပဲ "

Peterအတွေးကိုပြောပြပေမယ့် Tonက လက်မခံ

"မဖြစ်နိုင်ဘူး ပိစိက အပင်လေ
သူပြောတဲ့ စားကောင်းသောက်ကောင်းဆိုတာ အပင်အတွက် အရေးပါတာတစ်ခုခုကို ရည်ညွှန်းတာ ဖြစ်လိမ့်မယ် "

"မြေကြီးကို လိုနေတာများလား
ခုမှ ခွဲထားကာစ အချိန်ဆိုတော့လေ "

"ဟုတ်လောက်မယ် မြေ​ဆွေးလည်း ဖြစ်နိုင်တာပဲ
မြေသြဇာဆို ပိုတောင်ဖြစ်နိုင်သေး "

"ဟုတ်တယ် ဦးငယ် ဟုတ်တယ် ရေလေးရော "

"ဟုတ်ပီ ဒါဆို Peterလေးက ​နောက်ဖေးသစ်ရွက်မှိုက်တွေ စုပုံထားတဲ့ နေရာက မြေဆွေးနည်းနည်းရှာလာခဲ့ ရေ​တစ်ပုံးရော
ဦးငယ်က တက်တိုး ၁၅:၇:၈ သွားဝယ်လိုက်မယ် "

"Ok ဦးငယ် "

နှစ်ယောက်သား တိုးတိုးကြိတ်ကြိတ်နဲ့ တိုင်ပင်ပြီးသည့်နောက်တွင် အခန်းထဲမှအလျိုလျိုထွက်သွားကြသဖြင့်
ရှောင်းကျန့်မှာတော့ မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်လိုကိမိသည်
သူတို့ ငါ့အတွက် စားကောင်းသောက်ဖွယ်တွေ သွားရှာပေးကြတာ ဖြစ်မယ်
စိတ်ထားလေးကောင်းလိုက်ကြတာ
ခက်တာက ရှောင်းကျန့်လေးမှာ စားဖို့ ပါးစပ်မှ မရှိသေးပဲကိုးး အသံတောင် ဘယ်နေရာကနေ အပြင်ထွက်နေမှန်းမသိ

လက်ထဲကိုယ်စီ အထုပ်အသီးသီးပြန်ဝင်လာတဲ့ တူဝရီးကြောင့် ရှောင်းကျန့်မှာ စိတ်ဓာတ်ကျချင်ချင်ပင်ဖြစ်သွားရသည်
လူသားနှစ်ယောက်က စေတနာကောင်းလွန်းပေမယ့် ရှောင်းကျန့်လေးဆီမှာ စားဖို့ကံမှပါမလာတာ

🐰Xiao Paing 🐰

Updateကြာသွားတယ် သွေ့ပုချိ​ 😁

🐇Zawgyi🐇

Knock Knock Knock!!!!!

"ဦးငယ္ေရ... ဦးငယ္...
တံခါးလာဖြင့္ေပးပါအုံး "

"ဦးငယ္လို႔..... ဦးငယ္ "

အခန္းျပင္မွတူေတာ္ေမာင္၏ တစ္ေက်ာ္ေက်ာ္ ေအာ္ေခၚသံေၾကာင့္
ဘယ္လိုပင္ ​အိပ္ေမာက်ေနပါေစ
ဆက္အိပ္ဖို႔ မျဖစ္နိုင္ေတာ့ၿပီ
အိပ္ခ်င္မူးတူးေၾကာင့္ မ်က္လုံးေတြပြင့္ဖို႔ပင္ အေတာ္ႀကိဳးစားယူေနရသည့္အျဖစ္
ဘာေတြ အေရးႀကီးေနမွန္းမသိတဲ့ တူေတယ္ေမာင္အား တစ္ခ်က္ေတာ့ နာနာထုခ်င္ေသးသည္

ကြၽီ~~~~~

"ပိစိေလးးးးးးး "

တံခါးဖြင့္သည္ႏွင့္ခ်က္ခ်င္း အခန္းထဲေျပးဝင္လာတဲ့ peter
လတ္စသတ္ေတာ့ သူ႕အပင္ေလးေၾကာင့္ကိုးး
အကဲပိုလိုက္တာဆိုၿပီး လည္း အျပစ္မတင္ရက္ ငယ္ငယ္ထဲက မိဘဆုံးပါးသြားၿပီး
ခင္တြယ္ရာဆိုလို႔ ကိုယ္တစ္ေယာက္တည္း ရွိခဲ့ရာက အခုမိသားစုဝင္အသစ္ေလးျဖစ္လာေတာ့မယ့္ ပိစိကို သည္းသည္းလႈပ္ေနတာ အလြန္ေတာ့ မဟုတ္

"ဦးငယ္... ပိစိက ႀကီးလာလိုက္တာ "

ကုတင္ေပၚတင္ထားတဲ့ အပင္ငယ္ဆီ အေျပးေရာက္လာၿပီး မွတ္ခ်က္ေပးေနတဲ့ peterေၾကာင့္
Ton အပင္ငယ္ကို ခုမွသတိထားမိသည္
ပ်က္ခ်င္ေနသည့္မ်က္ႏွာကို ထိန္းခ်ဳပ္ရတာ ထင္သေလာက္မလြယ္ကူလွ
ညကပင္ တစ္ေပေက်ာ္ေက်ာ္ အ႐ြယ္အစားေလာက္သာ ရွိခဲ့သည့္ ပိစိက
အခုေတာ့ သုံးေပေက်ာ္ေက်ာ္ေလာက္ထိ ႀကီးထြားလာခဲ့သည္
ပုံမွန္ အပင္လူသားျဖစ္စဥ္မွာ ယခုလို သိသိသာသာ ႀကီးထြားလာဖို႔ အနည္းဆုံး အခ်ိန္သုံးလေတာ့ ေစာင့္ေပးရသည္
ပိစိက်မွ  ဘာလို႔ တစ္ညတည္းလဲ
ပိစိရဲ႕ တိုးတက္ႏႈန္းဟာ အရမ္းကို ျမန္ေနလြန္းသည္
သူ႕ရဲ႕လုပ္ေဆာင္ခ်က္အားလုံးဟာ
အပင္လူသားလမ္းစဥ္ အတိုင္း တစ္ေသြမတိမ္း ေဆာင္႐ြက္ခဲ့ေသာ္လည္း
တစ္ေနေနရာရာမွာေတာ့ မွားယြင္းေနတာ ေသခ်ာၿပီ

"Peter ခနဖယ္ ပိစိကို ဦးငယ္ ၾကည့္ပါရေစအုံး "

ဦးငယ္ရဲ႕ မ်က္ႏွာပ်က္ခ်င္ေနသည္ကို သတိထားမိတဲ့ Peterကလည္း
မျငင္းဆန္ဘဲ ထိုေနရာမွ ခ်က္ခ်င္း ဖယ္ေပးလိုက္သည္
အကယ္၍ သူဂ်စ္က်ေနပါက ပိစိေလးတစ္ခုခု ျဖစ္သြားမွာ Peterလည္း စိုးရိမ္တတ္ပါသည္

Ton သူရဲ႕ အပင္လူသားေလးအား အျမစ္မွသည္ အပင္ထိပ္ဖ်ားထိ တစ္ေနရာမက်န္ စူးစမ္းၾကည့္ေသာ္လည္း ထူးဆန္းသည့္ေနရာဟူ၍မရွိ
ေကာင္းေကာင္းႀကီးထြားလာ႐ုံသာ

"ပိ​စိေလး မင္းေနလို႔ေရာအဆင္ေျပေနရဲ႕လား
မင္းရဲ႕ ထူးျခားခ်က္ေတြကို အေကာင္းဘက္ကပဲ ျဖစ္ေစခ်င္လိုက္တာ
ေကာင္းေကာင္းရွင္သန္လာေပးပါ ပိစိ "

Ton နဲ႕ Peter​တို႔ရဲ႕ ေစတနာေတြကို အတိုင္းသားျမင္ေနရတဲ့ ေရွာင္းက်န့္မွာ ပုံမွန္အတိုင္း ၿငိမ္ၿငိမ္ေလး ဆက္မေနနိုင္ေတာ့

"က်ေနာ္ ေနလို႔ အဆင္ေျပပါတယ္
လူသားတို႔ ထင္ထားတာထက္ အမ်ားႀကီး ပိုၿပီးသန္မာတာမို႔ မစိုးရိမ္ပါနဲ႕ "

အပင္ေလးရဲ႕ တုံ႕ျပန္စကားေၾကာင့္
အၿပဳံးေတြျဖစ္တည္လာတဲ့ Ton,Peterတို႔နဲ႕ထပ္တူ ေရွာင္းက်န့္လည္း စိတ္ခ်မ္းသာရတယ္
တကယ္လည္း ေရွာင္းက်န့္အတြက္ ေနလို႔ အရမ္းအဆင္ေျပပါတယ္
တစ္ေယာက္တည္း ပ်င္းေနရတာကလြဲလို႔
ဒါနဲ႕ ေနအုံး ​သူတို႔ ေျပာတဲ့ ပိစိေလးႀကီးလာတယ္ဆိုတာ ေဟာဒီက ေရွာင္း​က်န့္ေလးကို ေျပာတာမလား
ဘာလို႔ နည္းနည္းမွ မခံစားမိရတာလဲ

*ဘယ္လိုျဖစ္တာလဲ xiao paing
Plant တုန္းက အပင္လူသားျဖစ္စဥ္နဲ႕
ငါ့ရဲ႕ အပင္လူသား ျဖစ္စဥ္က အေတာ္ေလး ကြာေနတယ္ မဟုတ္ဘူးလား *

*ဟုတ္ပါတယ္ host
တိုးတက္မႈႏႈန္းေတြကို Xiao Paing ျမႇင့္ေပးထားတာပါ *

*ျပႆနာရွိလို႔လား
မေတာင္းဆိုဘဲ သေဘာေတြေကာင္းေနတာဆိုေတာ့*

*အလိုက္သိတာလို႔ေခၚပါတယ္ host
အရင္တေခါက္ကေျပာထားအတိုင္း
hostရဲ႕ mission က်န့္ၾကာမႈက အ​ျခားတစ္ေယာက္ေပၚမွာ သက္ေရာက္မႈရွိေနပါတယ္
ဒါေၾကာင့္ missionကာလကို တတ္ႏုိင္သမွ် ခ်ဳံ႕ေပးဖို႔က Xiao Paing တာဝန္ပါ ၿပီးေျမာက္ေအာင္
ႀကိဳးစားဖို႔ကေတာ့ host တာဝန္ပါ *

*ဘယ္သူ႕အေပၚလဲ *
အရင္တစ္ေခါက္က စိတ္ဖိစီးေနခ်ိန္မို႔ ဒီအေၾကာင္းအရာအား ေသခ်ာသတိမျပဳမိခဲ့
ဒါေၾကာင့္ ႀကဳံတုန္းေမးေနရျခင္း
ကိုယ့္အတြက္နဲ႕ေတာ့ တျခားလူအားမထိခိုက္ေစခ်င္ပါ ေကာင္းေသာသက္ေရာက္မႈဆို ေတာ္ေသး

*အဲ့တာထက္ ခုခ်ိန္မွာ ဟိုႏွစ္ေယာက္ကို အာ႐ုံစိုက္ေပးဖို႔လိုတယ္မထင္ဘူးလား
သူတို႔ခမ်ာ hostေလး အတြက္ စိတ္ပူေပးေနရွာတာ မ်က္ႏွာေသးေသးေလးေတြပဲ ရွိေတာ့တယ္ *

Xiao Paing ေျပာတာေၾကာင့္ ခုခ်ိန္ထိ သူ႕ေဘးမွ မခြာၾကေသးေသာ လူႏွစ္ေယာက္အားၾကည့္လိုက္ေတာ့ အမွန္ပင္ မ်က္ႏွာမေကာင္းၾက
အဆင္ေျပပါတယ္ ေျပာထားတာေတာင္ စိတ္မခ်ျဖစ္ေနသည့္ ထိုလူသားမ်ားအား
ေရွာင္းက်န့္ ေအာ္လႊတ္လိုက္သည္

"အားးးးး ဗိုက္ဆာလိုက္တာ" ဟူ၍ပင္
အရမ္းေတြ ဂ႐ုစိုက္ေပးခ်င္ေနတဲ့ လူသားမ်ား ဂ႐ုစိုက္ၾကကုန္ေလာ့

အပင္ငယ္ေလးဆီမွ ထပ္မံ ထြက္ေပၚလာေသာ အသံစူးစူးေလးေၾကာင့္္ Tonနဲ႕ Peter
တစ္ေယာက္တစ္ေယာက္ၾကည့္လိုက္မိသည္
ထို႔ေနာက္တြင္ေတာ့
Tonမွ သတိဝင္လာသည့္ႏွယ္ လက္ထိပ္ေလးကို အပ္ႏွင့္ထိုးေဖာက္လိုက္​ၿပီးေနာက္
အရင္လို မေသးငယ္ေတာ့ေသာ ပိစိ၏ ပင္စည္ေပၚသို႔ သက္ေရာက္ေစလိုက္ေတာ့သည္

တၿပိဳင္တည္းမွာပဲ ေရွာင္းက်န့္အပင္ခႏၶာသည္ ေသြးတစ္စက္ရ႐ုံမွ်ျဖင့္ ခႏၶာအတြင္းဆဲလ္မ်ားအထိ ႏြေးေထြးေစသည္
သို႔ေသာ္ သူေတာင္းဆိုေနတာ ေသြးမဟုတ္ သူ႕အတြက္ သာမန္ အစားအစာမ်ားသာ

"Hey bro က်ေနာ္ bloodကို မနိ(need)ဘူး
ပုံမွန္ စားေကာင္းေသာက္ေကာင္းကိုပဲ အိ(eat)ခ်င္တာ "

စားေကာင္းေသာက္ေကာင္း
ပိစိေျပာခ်င္တာဘာပါလိမ့္
တူဝရီး ႏွစ္ေယာက္ ေခါင္းခ်င္းဆိုင္ကာ စဥ္းစားခန္းဖြင့္ရေတာ့သည္

"ဦးငယ္ ပိစိေျပာတာ သားစားေနက် မုန့္ေတြလိုမ်ိဳးကို ေျပာတာလားပဲ "

Peterအေတြးကိုေျပာျပေပမယ့္ Tonက လက္မခံ

"မျဖစ္နိုင္ဘူး ပိစိက အပင္ေလ
သူေျပာတဲ့ စားေကာင္းေသာက္ေကာင္းဆိုတာ အပင္အတြက္ အေရးပါတာတစ္ခုခုကို ရည္ၫႊန္းတာ ျဖစ္လိမ့္မယ္ "

"ေျမႀကီးကို လိုေနတာမ်ားလား
ခုမွ ခြဲထားကာစ အခ်ိန္ဆိုေတာ့ေလ "

"ဟုတ္ေလာက္မယ္ ေျမ​ေဆြးလည္း ျဖစ္နိုင္တာပဲ
ေျမၾသဇာဆို ပိုေတာင္ျဖစ္နိုင္ေသး "

"ဟုတ္တယ္ ဦးငယ္ ဟုတ္တယ္ ေရေလးေရာ "

"ဟုတ္ပီ ဒါဆို Peterေလးက ​ေနာက္ေဖးသစ္႐ြက္မွိုက္ေတြ စုပုံထားတဲ့ ေနရာက ေျမေဆြးနည္းနည္းရွာလာခဲ့ ေရ​တစ္ပုံးေရာ
ဦးငယ္က တက္တိုး ၁၅:၇:၈ သြားဝယ္လိုက္မယ္ "

"Ok ဦးငယ္ "

ႏွစ္ေယာက္သား တိုးတိုးႀကိတ္ႀကိတ္နဲ႕ တိုင္ပင္ၿပီးသည့္ေနာက္တြင္ အခန္းထဲမွအလ်ိဳလ်ိဳထြက္သြားၾကသျဖင့္
ေရွာင္းက်န့္မွာေတာ့ ေမွ်ာ္လင့္ခ်က္ေသးေသးေလးကို ဆုပ္ကိုင္လိုကိမိသည္
သူတို႔ ငါ့အတြက္ စားေကာင္းေသာက္ဖြယ္ေတြ သြားရွာေပးၾကတာ ျဖစ္မယ္
စိတ္ထားေလးေကာင္းလိုက္ၾကတာ
ခက္တာက ေရွာင္းက်န့္ေလးမွာ စားဖို႔ ပါးစပ္မွ မရွိေသးပဲကိုးး အသံေတာင္ ဘယ္ေနရာကေန အျပင္ထြက္ေနမွန္းမသိ

လက္ထဲကိုယ္စီ အထုပ္အသီးသီးျပန္ဝင္လာတဲ့ တူဝရီးေၾကာင့္ ေရွာင္းက်န့္မွာ စိတ္ဓာတ္က်ခ်င္ခ်င္ပင္ျဖစ္သြားရသည္
လူသားႏွစ္ေယာက္က ေစတနာေကာင္းလြန္းေပမယ့္ ေရွာင္းက်န့္ေလးဆီမွာ စားဖို႔ကံမွပါမလာတာ

🐰Xiao Paing 🐰

Updateၾကာသြားတယ္ ေသြ႕ပုခ်ိ​ 😁

Continue Reading

You'll Also Like

672K 23.2K 38
🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်
174K 21.8K 43
"ဘဝအဆက်ဆက်ဆိုတဲ့ စကားလုံးလေးကို ယုံကြည်ရဲ့လား လီဆာ" "မင်းရဲ့ နှုတ်က ထွက်ကျလာတဲ့ စကားလုံးမှန်သမျှကို ကိုယ်ယုံကြည်ပါတယ်" .... 🌻 {23 May 2021} 📒 {2...
273K 56.5K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
51.9K 3.2K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။