အပိုင်း - ၉
(အဲ့ဒီမြို့စားမင်းအသစ်ကို
ငါသွားတွေ့မယ်)
[ကိုလူချောလေး ပေါက်ကွဲနေပြီ]
သို့သော် သခင်ကြီးဝမ်းကမူ ခေါင်းဆောင်ကျောက် မည်သို့တွေးမည်မှန်း စိတ်ကိုမဝင်စားကြောင်း သိသာလှပါသည်။ စာအုပ်လေးကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့အရေး စာအုပ်ရောင်းသူများနှင့် အမြန်လောဆော်ပြီးတော့သာ အလုပ်ရှုပ်နေသည်။
ချောင်ဒိုက်မှာ စုတ်ချက်အကြီးကြီးတစ်ခုကိုသုံးကာ ဆန်ကြိတ်ရန်သုံးသော ဆုံလည်အရွယ်အစားလောက်ရှိသည့် "မသေမျိုး နတ်ဒေဝတာ အပါးတစ်ရာ" ဟူသော ပန်းချီကားချပ်ကြီးကို ဂရုတစိုက်ထိုင်ဆွဲနေသည်။ ထိုပန်းချီကားထဲတွင် ဒဏ္ဍာရီလာဇာတ်ကောင်များက တိမ်တိုက်ယာဥ်ပျံကိုစီးနှင်းကာ စီးဆင်းနေသော ရေစီးကြောင်းနှင့် မြူခိုးထုများပေါ် ပျံသန်းနေကြသည်၊ ထိုပန်းချီကားမှာ စာအုပ်ဝယ်လျှင် ရရှိမည့် အပိုလက်ဆောင်ဖြစ်သည်။ ထို့အပြင် ထိုပန်းချီကားထဲတွင် စစ်ဝတ်တန်ဆာစုံလင်စွာ ဝတ်ဆင်ထားသော ကျောက်ယွဲ့က ဗဟိုချက်မအကျဆုံးနေရာတွင် ရှိနေပြီး၊ သူ့ပတ်ပတ်လည်တွင် ဝန်းရံထားသော ရွှေရောင်အလင်းစက်ဝန်းမှာ မြင်ရသူအပေါင်း၏ မျက်စိများကိုပင် ကျိန်းစပ်သွားစေနိုင်သည်။
ထိုသတင်းကို လွှင့်လိုက်သည်နှင့်တစ်ပြိုင်နက် မြို့သူမြို့သားများမှာ စိတ်လှုပ်ရှားကြလွန်းပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကုန်ကာ အယောက်တိုင်းလိုလိုက မနက်မိုးလင်းကတည်းကပင် ရုံးတော်ရှေ့တွင် တက်ကြွရွှင်လန်းစွာ လာရောက်တန်းစီစောင့်ဆိုင်းကြသည်။ နောက်ကျသွားပါက စာအုပ်မရလိုက်မည်ကို စိုးထိတ်နေကြ၏။ ထန်ယွင်ခံတပ်တပည့်သားများနှင့် ရုံးတော်ဝန်ထမ်းများကလည်း စာအုပ်မှာယူမှုများကို သေသေချာချာ စီစဥ်ဆောင်ရွက်နေကြရာ စာအုပ်ဖြန့်ချိရေးမြင်ကွင်းမှာ လုံးဝသက်ဝင်လှုပ်ရှားနေကြသည်။ လူတိုင်းလူတိုင်းကလည်း ပျော်ရွှင်ကာ ဖျတ်လတ်တက်ကြွနေကြသည်မှာ နှစ်သစ်ကူးအချိန်သမယလေးအလား။
"အားလုံးပဲ ၊ မစိုးရိမ်လိုက်ကြပါနဲ့!!!!"
ဖြန့်ချိရေးတာဝန်ခံ မုချင်းရှန်းက ပြောလိုက်၏။
"စည်းကမ်းတကျ တန်းစီပေးကြပါ၊ လူတိုင်းလူတိုင်း စာအုပ်ရစေပါ့မယ်နော်။ ....အဒေါ်ကြီးဝမ် ၊ ခင်ဗျား လာပြီးတန်းစီနေတာ သုံးခါရှိပြီနော်။ ထပ်ယူခွင့်မပေးတော့ဘူး!!!!"
သူ့ဘေးနားတွင် ဓားကြီးပိုက်ထားသော ရှန့်ယွင်ကျယ်ရှိနေကာ မုချင်းရှန်းအတွက်ကိုယ်ရံတော်အဖြစ် ဝမ်းပန်းတသာ ကျေနပ်စွာ ခံယူထားလေ၏။
ဝမ်းလျိုနျဲန်လည်း ရုံးတော်မှထွက်လာကာ အဆုံးမရှိသော လူတန်းရှည်ကြီးကိုကြည့်ပြီး ပီတိဖြာနေ၏။
ထိုစဥ္ ပြောရဲဆိုရဲရှိသော မြို့သားတစ်ဦးက ဝမ်းလျိုနျဲန်အား မေးလာ၏။
"သခင်ကြီး၊ ဒီစာအုပ်က ဒုတိယတွဲရှိလာဦးမလားခင်ဗျ"
"အင်း ~ လူတိုင်းက ကြိုက်တယ်ဆိုရင်တော့ သေချာပေါက် ရှိလာမှာပေါ့။ နောက်သုံးလမဟုတ်ရင် လေးလမြောက်ကျ အတွဲသစ်တစိအုပ် ထပ်ထွက်ချင်ထွက်လာနိုင်တာပဲလေ "
ဝမ်းလျိုနျဲန်မှ ရွှင်မြူးတက်ကြွစွာ ဖြေလိုက်သောအခါ ထိုနေရာရှိလူများထံမှ ကောင်းချီးဩဘာပေးလိုက်ကြသည်၊ ထိုကောင်းချီးသံများမှာ မိုးခြိမ်းသံပမာ ဟိန်းထွက်ကျယ်လောင်သွားပေ၏။
****
"သုံးလတစ်ခါ မဟုတ်ရင် လေးလတစ်ခါ အတွဲသစ်ထပ်ထွက်မှာ ၊ ဟုတ်လား !!!! "
ထိုမြို့သူမြို့သားများကြား ကျောက်မုလျှိုမြောင်၏ လက်အောက်ငယ်သားများပါ ရောယှက်နေသည်မို့..... ဟုတ်ပါသည်၊ ကျောက်ယွဲ့လည်း ထိုအကြောင်းကို လျင်မြန်စွာပင် ကြားသိသွားကာ နဖူးပြင်က သွေးကြောများပင် တဒိန်းဒိန်းထခုန်သွားသည်။
"ဟုတ်ကဲ့၊ အားလုံးကလည်း အရမ်းပျော်လွန်းလို့ ကောင်းချီးဩဘာပေးနေကြတာပါ။ အဘွားအိုတွေ အဒေါ်ကြီးတွေကတောင် ပြောနေကြတယ်၊ သူတို့သာ အနှစ်နှစ်ဆယ်သုံးဆယ်လောက် ပြန်ငယ်လို့ကတော့ ခေါင်းဆောင်နဲ့ လက်ထပ်ရဖို့ သေမတတ် ရူးခါနေလောက်မှာပဲတဲ့ "
လုကျွေးမှာ တဟားဟားရယ်မိတော့သည်။
"ဒီမှာ ပုံတူပန်းချီပါ ရှိသေးတယ်ခင်ဗျ"
ထိုအထောက်တော်လေးမှာ အသက်ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ်ရှိ လူရွယ်လေးတစ္ဦးဖြစ်ကာ သူ့ဝတ်ရုံထဲမှ ပုံတူကိုထုတ်လိုက်ရင်း အတော်လေး မကျေမနပ်ဖြစ်နေဟန်ရ၏။
" တော်တော်လေး ကြိုးစားပမ်းစား ဆွဲထားကြရမယ့်ပုံပဲ။ ပြီးတော့ ကျွန်တော့်ဆီကနေ ဒီပုံကို စျေးနှုန်းအကြီးကြီးပေးပြီး ကမ်းလှမ်းလာတဲ့ လူကောင်ထွားထွား ယောက်ျားကြီးတစ်ယောက်လည်း ရှိသေး။ ပေးမဝယ်ဘူးဆိုတော့ အတင်းလုဖို့ ကြိုးစားသေးတယ်၊ အရမ်းကို ကြမ်းတမ်းတာပဲ "
ကျောက်ယွဲ့၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ခနဲ ဖြစ်သွားသည်။
"လူကောင်ထွားထွား ယောက်ျားကြီး.... ဟုတ်လား?"
လုကျွေးက ပန်းချီကားလိပ်ကို ဖြန့်ကြည့်လိုက်သည်။
"ဝိုး!!!!!!!!"
တပည့်ငယ်သားအယောက်တိုင်းမှာ အံ့ဩတကြီးဖြစ်သွားကြ၏။ ကျောက်ယွဲ့ကမူ ဘာမှမပြောနိုင်တော့ဘဲ ဆွံ့အသွားကာ မျက်လုံးကမူအပြူးသားဖြစ်ပြီး သူ့ထက်ပိုမိုတောက်ပသောပုံတူကို စိုက်ကြည့်ရင်း သွေးပွက်ပွက်အန်ချင်နေပြီဖြစ်၏။
လုကျွေးက သူ့ပခုံးကို ပုတ်ပေးလာ၏။
"ဟာသလို့ပဲ သဘောထားလိုက်ပါဗျာ။ အရင်တုန်းကလို မြို့ထဲ အတင်းအဖျင်းပြောခံရတာထက်စာရင် အခုအခြေအနေက မဆိုးလှပါဘူး"
ကျောက်ယွဲ့ အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။ ဤမြို့စားမင်းအသစ်မှာ မည်မျှပင် ရူးသွပ်မိုက်မဲပြနိုင်ကြောင်း သူ လုံးဝ သံသယမရှိတော့ပေ။ လိုအပ်လာလျှင် သူ့ကို မိန်းမသားအဖြစ် ပြောင်းလဲပစ်လိုက်ဖို့ လုံးဝဝန်လေးတွန့်ဆုတ်မည်ပင်မဟုတ်လောက်။
လုကျွေးက ထိုပုံတူပန်းချီနှင့် စာအုပ်ငယ်လေးကို သေတ္တာတစ်လုံးထဲတွင် ထည့်သိမ်းထားလိုက်သည်။ သို့နှင့် လအနည်းငယ်အတွင်းမှာပင် ထူထဲလှသော စာအုပ်ပုံကြီးအဖြစ်သို့ ပြောင်းလဲသွား၏။
******
"ငါ တောင်အောက်ဆင်းမယ်"
ကျောက်ယွဲ့ ကြေညာလိုက်သောအခါ လုကျွေးက အလွန်အံ့ဩသွား၏။
"အစိုးရရုံးတော်ဆီ သွားမလို့လား၊ ခေါင်းဆောင်ကြီး "
"ငါ အဲ့ဒီမြို့စားမင်းအသစ်နဲ့ သွားတွေ့မယ်"
ကျောက်ယွဲ့က အံတင်းတင်းကြိတ်ပြီးပြောလာ၏။ လုကျွေးကမူ ခေါင်းခါလိုက်ကာ ဆိုသည်။
"ဒါ ကောင်းတဲ့အကြံအစည်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်၊ အရမ်းများ လောနေသလားလို့။ ပြီးတော့ လူကြီးမင်းဝမ်းက ယွင်လန်မြို့ကနေ ပြောင်းလာတာဆိုတော့ သူ့ဘေးနားမှာ ကျွေ့ယင်တပ်သားတွေရှိနေမလားဆိုတာကို သေချာတပ်အပ် မသိရသေးဘူး "
"အေး၊ သူ့ကို ဒီကိစ္စ လုံးဝဆက်လုပ်ခွင့်မပြုနိုင်တော့ဘူး "
ကျောက်ယွဲ့ကလည်း သူ့ကိုယ်သူ ဘာဖြစ်နေမှန်း ဘယ်လိုရှင်းပြရမလဲမသိတော့။ ထို့နောက် လုကျွေးအား ဆက်ပြောလာ၏။
"မင်း စိတ်အေးအေးထား၊ ငါ ဘာလုပ်နေသလဲဆိုတာ ငါသိတယ်"
"ခေါင်းဆောင်"
လုကျွေးက စိုးရိမ်ကြောင့်ကြနေဆဲဖြစ်သည်။ သို့သော် ကျောက်ယွဲ့ကမူ အလျှော့ပေးရန် အစီအစဥ် လုံးဝမရှိ။ ထို့ကြောင့် လုကျွေးလည်း ဘာမှမတတ်သာတော့ဘဲ သက်ပြင်းသာချနိုင်တော့၏။
"ဟုတ်ပါပြီ၊ ကျွန်တော်လည်း လူတစ်ချို့ခေါ်ပြီး ရုံးတော်အပြင်ဘက်မှာ စောင့်ပေးနေပါ့မယ်။ ရုံးတော်ထဲမှာ ခေါင်းဆောင်ကို အလစ်ချောင်းတိုက်ခိုက်တာမျိုးရှိရင် ကျွန်တော်တို့ ဝင်ရှင်းလိုက်လို့ရတာပေါ့ "
****
ဆန်းမန်မြို့မှာ ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျသော နေရာမဟုတ်သဖြင့် ညချမ်းအချိန်မှာ လွန်စွာမှ တိတ်ဆိတ်နေလျက်ရှိသည်။ အချိန်နာရီကြေညာပေးသော ကင်းသမားများကလွဲ၍ အခြားလူရိပ်လူယောင်များ မရှိချေ။
ဝမ်းလျိုနျဲန်တစ်ယောက် စားပွဲတွင်ထိုင်ကာ အချိန်အတန်ကြာသည့်တိုင် စာဖတ်နေလျက်ရှိသည်။ သူ့မျက်လုံးများကို ပွတ်လိုက်ပြီး အနားပြန်သွားယူရန်ကြံလိုက်စဥ် ရုတ်တရက်ဆိုသလို ခြံဝန်းထဲတွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသောအသံများ ကြားလိုက်ရ၏။ ထို့ကြောင့်အပြင်ဝတ်ရုံကို အမြန်ခြုံလွှမ်းလိုက်ကာ အပြင်သို့ ထွက်လာလိုက်သည်။ လက်စသတ်တော့ ရှန့်ယွင်ကျယ်က အနက်ရောင်ဝတ်စုံဝတ်ထားသော ယောက်ျားတစ်ဦးနှင့် တိုက်ခိုက်နေခြင်းဖြစ်သည်ပဲ။ နှစ်ဘက်စလုံးက သိုင်းစွမ်းရည်မြင့်မားကြသည်မို့ လေထဲတိုက်ခိုက်နေကြသော သူတို့၏ သိုင်းကွက်များမှာ မျက်စိအမြင်ထဲတွင် ပသာဒဖြစ်လှပေ၏။
"ဘာဖြစ်နေတာလဲခင်ဗျာ"
မုချင်းရှန်းလည်း ထိုတိုက်ခိုက်သံကိုကြားလိုက်ရကာ အမြန်ပင် အပြင်ထွက်လာ၏။
ရှန့်ယွင်ကျယ်လည်း သူ၏မျက်ဝန်းထောင့်မှတစ်ဆင့် ထိုစာဂျပိုးနှစ်ယောက် တံခါးနားတွင်ယှဥ်တွဲရပ်ကာ မိမိတို့ဆီ ခေါင်းလေးမော့ကြည့်လာသည်ကို မြင်လိုက်ရတော့ ဘာကြောင့်ရယ်မှန်းမသိ ရယ်ချင်သွား၏။
"ခံတပ်သခင်ရှန့် !!!"
ကျောက်ယွဲ့က အံကြိတ်ပြီး အော်ပြောလာ၏။
"ကျုပ် ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ဘူး။ မြို့စားမင်းနဲ့ စကားနည်းနည်း ပြောစရာရှိရုံတင် "
ထို့နောက် သူနှင့်ရှန့်ယွင်ကျယ်တို့နှစ်ယောက်လည်း မြေပြင်ပေါ် ပြန်လည်သက်ဆင်းလာကြသည်။ ရုံးဝန်ထမ်းများကလည်း ဓားတိုများဝှေ့ရမ်းပြီး ချက်ချင်းရောက်ချလာကြ၏။
"ခဏနေဦး"
ဝမ်းလျိုနျဲန်၏ ဉာဏ္ရည်ဉာဏ်သွေးနှင့်တော့ ထိုယောက်ျားက မည်သူဖြစ်မှန်း သူ မမှန်းဆနိုင်ဘဲ နေပါ့မည်လား ။ တစ်ဖက်လူက မျက်နှာကို အဝတ်ဖြင့် ဖုံးထားနေပါစေဦး၊ ထိုမျက်ဝန်းများက မှတ်မိဖို့ရန် လွယ်ကူလှပေသည်။ ထို့ကြောင့် ဝမ်းလျိုနျဲန်က ဝမ်းသာစွာ ပြုံးလိုက်ကာ ဆို၏၏
"သူက ငါနဲ့တွေ့ဖို့အတွက် ဒီကိုလာခဲ့တာ"
ကျောက်ယွဲ့၏ မျက်ဝန်းများထံမှ ရုန့်ရင်းကြမ်းတမ်းလှသော အကြည့်တစ်ချက် သူ့ဆီ ကျရောက်လာ၏။
မုချင်းရှန်းကတော့ တုန်လှုပ်သွားသည်။
ရှန့်ယွင်ကျယ်ကမူ မကျေနပ်ချေ။ ထိန်းချုပ်ပြီး တိုက်နေရသည့်အပြင် ထိုယောက်ျားကို သူ လက်သီးစာမကျွေးလိုက်ရသည်ကို အတော် နောင်တရသွား၏။
သို့သော် သခင်ကြီးဝမ်းကမူ အမှုပင်မထားဘဲ ရုံးတော်အမှုထမ်းများအား လက်ဖက်ရည်ပါ ပြင်လာခိုင်းလိုက်သည်။
စင်စစ်မှာတော့ ကျောက်ယွဲ့၏အရည်အချင်းအရ ဤရုံးတော်ထဲ ခြေရာလက်ရာပင်မကျန်အောင် ခိုးဝင်လာ၍ရသည်၊ သို့သော်ငြား ရှန့်ယွင်ကျယ်နှင့် မတော်တဆ တိုးမိသွားသောအခါ စတင်တိုက်ခိုက်ဖြစ်ကြခြင်းဖြစ်၏။ သို့စေကာမူ လမ်းခုလတ်တွင် အတားအဆီးရှိလာသော်လည်း မိမိရည်ရွယ်သောလူနှင့် နောက်ဆုံးတွင် တွေ့ဆုံနိုင်ခဲ့သဖြင့် ဤခရီးက အလဟဿမဖြစ်တော့ချေ။
***
စာကြည့်ခန်းထဲဝယ်။
"ဒါက ကျွန်တော် ဆူကျုံးကနေ အထူးတလည် ယူဆောင်လာတဲ့ အယ်မိန်ချင်းယာတောင်က အကောင်းဆုံးလက်ဖက်ပါ"
ဝမ်းလျိုနျဲန်က စိတ်အားထက်သန်စွာ ပြောလာ၏။ ကျောက်ယွဲ့ကမူ လက်ဖက်ရည်သောက်ဖို့စိတ်ပင်မပါဘဲ စိတ်ရှုပ်စွာ တောင်းဆိုလာ၏။
"ခင်ဗျားကိုယ်ခင်ဗျား ဘာလုပ်နေတယ်လို့ ထင်နေသလဲ"
"ပြည်သူလူထုရဲ့အကျင့်စာရိတ္တကို တည့်မတ်ပြုပြင်ပေးတာပါ"
ဝမ်းလျိုနျဲန်၏လေသံမှာ ဖြောင့်မတ်တည်ကြည်သူတစ်ယောက်လို ဖြစ်နေ၏။
ကျောက်ယွဲ့ - "......."
ဤနေရာကိုမလာခင်မှာ သူတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းက မည်သို့်မည်ပုံစခန်းသွားမည်ကို ကျောက်ယွဲ့ ကြိုတင်တွေးဆထားပြီးသားဖြစ်သည်။ သူ့အတွေးထဲဝယ် ဝမ်းလျိုနျဲန်မှာ စာပေပညာရှင်တစ်ဦးအနေဖြင့်၊ သူတစ်ပါး၏ပုံတူကို ခွင့်ပြုချက်မတောင်းဘဲသုံးသော လူတစ်ယောက်အနေဖြင့် အနည်းဆုံးတော့ ဝမ်းလျိုနျဲန်၏စိတ်ထဲဝယ် အပြစ်ရှိသည်ဟု နည်းနည်းပါးပါးခံစားရလိမ့်မည်ဟု ကျောက်ယွဲ့တွေးထားခဲ့သည်။ သို့သော် တစ်ဖက်လူက ယခုလိုမျိုး နောင်တတစ်စက်မှမရှိဘဲ မျက်နှာပြောင်တိုက်လွန်းသည့်လူဖြစ်နေလိမ့်မည်ဟု သူ လုံးဝတွေးမထားခဲ့။
ထို့နောက် ဝမ်းလျိုနျဲန်က သူ့အား ချီးမွမ်းထောပနာပြုလာပြန်၏။
"ခေါင်းဆောင်က တကယ်ကိုပဲ ဂုဏ်ကျက်သရေရှိလှတယ်၊ တင့်တယ်ချောမောတယ်၊ ပူပန်ကြောင့်ကြမှုလည်းကင်းပြီး အမတနတ်ဘုရားလို မျက်နှာထားမျိုးရှိပေတယ်။ ဒီကလူတွေအကုန်လုံး ခေါင်းဆောင်ကို အရမ်းကိုချစ်ခင်ကြည်ညိုကြတယ် "
ကျောက်ယွဲ့ခေါင်းကြီး ချာချာလည်သွားသည်။ ဝမ်းလျိုနျဲန်က ဆက်ပြောလာ၏။
"ဒီနေ့ ကျွန်တော်တို့တွေ့ဖို့ ရေစက်ပါလာတာဆိုတော့ နောင်လည်း ထပ်တွေ့ဖို့ အကြောင်းဖန်လာမှာပဲ "
သူ့ဘဝတစ်လျှောက်လုံး တွေ့ကြုံဖူးသမျှထဲ ဤရေစက်သည် အဆိုးရွားဆုံးသော ရေစက်ဖြစ်လိမ့်မည်ဟု ကျောက်ယွဲ့တွေးလိုက်သည်။
"ဘာကြီး?"
ရှန့်ယွင်ကျယ်က မုချင်းရှန်းအား လေသံတိုးတိုးဖြင့် မေးလာ၏။
မုချင်းရှန်းက ဝမ်းလျိုနျဲန်ဘက် လှမ်းကြည့်လိုက်တော့ ဝမ်းလျိုနျဲန်က ကျောက်ယွဲ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရသည်၊ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလာ၏။
"နေ့ခင်းတုန်းက သခင်ကြီးပြောတဲ့ကိစ္စလေဗျာ၊ ရုံးတော်ရှေ့မှာ စင်မြင့်တစ်ခု ဆောက်လုပ်ချင်တယ်ဆိုတာ "
ထိုစကားကိုကြားတော့ ကျောက်ယွဲ့၏သွေးပြန်ကြောများ တွန့်ခနဲဖြစ်သွား၏။
ရှန့်ယွင်ကျယ်လည်း သိပ်နားမလည်ချေ။
"စင်မြင့်? "
"အင်း"
မုချင်းရှန်းက ခေါင်းညိတ်လိုက်ကာ ဆက်ဆို၏။
"ခေါင်းဆောင်ကို နေ့တိုင်း စင်မြင့်ပေါ် တက်ခိုင်းပြီး ပြည်သူတွေရဲ့ အိမ်တွင်းရေးပြဿနာအသေးအမွှားလေးတွေအကြောင်း လာပြီးဆွေးနွေးစေချင်တာလေ"
ရှန့်ယွင်ကျယ်မှာ ရယ်သံကို မနည်းထိန်းထားလိုက်၏။
ကျောက်ယွဲ့ကတော့ လက်ဖက်ရည်ခွက်ကို ဖျစ်ညှစ်ခွဲခြေပစ်လိုက်ပြီးဖြစ်သည်။
ဝမ်းလျိုနျဲန်က ခေါင်းခါပြီးပြောလာ၏။
"အဲ့အတွက် မဟုတ်ပါဘူး၊ တခြားကိစ္စအတွက်ပါ"
"ထပ်မပြောနဲ့တော့"
ကျောက်ယွဲ့က အေးစက်စွာပြောလာ၏။
"ကျွန်တော် ဘာအကြောင်းအရာကိုမှ သဘောမတူနိုင်ဘူး။ လူကြီးမင်းတစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာလုပ်နေလိုက်တော့"
"ဒီစကားကြောင့် ကျွန်တော်မနာကျင်ပါဘူး"
ဝမ်းလျိုနျဲန်က စာပေပညာရှင်တို့ထုံးစံ ခေါင်းမာကာ တဇွတ်ထိုးဆန်မှုကို ပြသလာ၏။ ကျောက်ယွဲ့က အံကြိတ်ထားသောသွားများကြားမှ ခံပြင်းစွာပြောလာသည်။
"အိပ်မက်မက်နေလိုက်"
"ခေါင်းဆောင်အတွက် ဒီမြို့ထဲ ကျွန်တော် စံအိမ်ဆောက်ပေးပါ့မယ် "
ပြောပြောဆိုဆို ဝမ်းလျိုနျဲန်က စက်ဝိုင်းပုံအကြီးကြီး ဝိုင်းပြလိုက်သည်။
"ဒီလောက်အကြီးကြီး ဆောက်ပေးမယ်!!!!!!"
ကျောက်ယွဲ့ - "......."
ရှန့်ယွင်ကျယ်ကမူ တံခါးဘောင်ကိုအားပြုထားကာ အားပါးတရရယ်နေ၏။
မုချင်းရှန်းကမူ ရယ်ရမလား ငိုရမလားမသိတော့။
"ဘယ်လိုလဲ၊ ခေါင်းဆောင်"
ဝမ်းလျိုနျဲန်က ကျောက်ယွဲ့အား မျှော်လင့်ချက်ကြီးစွာကြည့်လာ၏။ ကျောက်ယွဲ့က ဒေါသများကိုမျိုချလိုက်ကာ ပြောလိုက်သည်။
" တခြားလူရဲ့ပုံကိုသာ သုံးလိုက်ပါ၊ လူကြီးမင်း။ ခံတပ်သခင်ရှန့်ဆို ရွေးချယ်ဖို့သင့်တော်တဲ့လူတစ်ယောက်ပဲ"
"ဟာ၊ ခေါင်းဆောင်တော့ ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီဗျာ"
ရှန့်ယွင်ကျယ်မှာ ရယ်နေသည်ကို အတောသတ်နိုင်ဖို့ အချိန်အတော်ယူလိုက်ရသည်။
"နိမ့်ကျလှတဲ့ကျုပ်က ဂုဏ်ကျက်သရေထည်ဝါလွန်းတဲ့ ခေါင်းဆောင်ကျောက်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ္နိုင်မှာလဲဗျာ "
ဤနေ့ဤရက်မတိုင်ခင်တုန်းက စာသင်သားအယောက်တိုင်းကို ကျောက်ယွဲ့က " စာဂျပိုးများ" ဟုသာ ခေါ်ဆိုခဲ့သည်။
သို့သော် ယနေ့နောက်ပိုင်းမှာတော့ စာပေပညာရှင်များကို သူ အမျိုးအစားခွဲရတော့မည်ဖြစ်သည် ။
ရိုးရှင်းအေးဆေးသော ရိုးစင်းဖြောင့်မတ်သူများရှိသလို ရေငုံနှုတ်ပိတ် တိတ်ဆိတ်စွာနေတတ်ပြီး စကားအလွန်နည်းကြသူများလည်းရှိ၏။ ပြီးတော့သူ့ရှေ့မှောက်တွင် ရှိနေသော မြို့စားမင်းလို လူမျိုး။
သူ့ဆီမှအကျိုးအမြတ်ရအောင် ဂုတ်သွေးစုပ်နေလျက်သားနှင့် ကိုယ့်ကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု တထစ်ချယုံနေကြသူများ။
ဝမ်းလျိုနျဲန်က သူ့ကို ကြည့်ရင်းမေးလာ၏။
"ခေါင်းဆောင်က မြို့ရဲ့အရှေ့ဘက်ခြမ်းကိုကြိုက်သလား၊ အနောက်ဘက်ခြမ်းကို ကြိုက်သလား "
ကျောက်ယွဲ့က ဤကိစ္စကို ဆက်ပြီးသည်းမခံနိုင်တော့သည့်နှယ် အလေးအနက်ထားပြီး ပြောလိုက်သည်။
"နိမ့်ကျတဲ့ကျွန်တော်မျိုးအတွက် သခင်ကြီးဘက်က စံအိမ်ဆောက်လုပ်ပေးစရာ မလိုပါဘူး"
"အဲ့လိုမလုပ်နိုင်မှာ စိုးရွံ့မိပါတယ်"
ဝမ်းလျိုနျဲန်က ခေါင်းခါလိုက်ကာ ဆက်ဆို၏။
"ပန်ကွမ်းက တောပုန်းဓားပြတွေသောင်းကျန်းနေတဲ့ပြဿနာကို ချေမှုန်းဖို့အတွက် တာဝန်ရှိနေတယ်။ ကျောက်မုလျှိုမြောင်ကသာ စခန်းချရာနေရာကနေဖယ်ရှားပေးဖို့ ဆက်ပြီးငြင်းဆန်နေရင် နောင်တစ်ချိန်ကျ ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာမှာကို ပန်ကွမ်း စိုးရွံ့မိပါတယ်"
"ဟိုယောင်ယောင် ဒီယောင်ယောင်တွေလျှောက်လုပ်နေပေမယ့် လက်စသတ်တော့ သခင်ကြီး ကျွန်တော့်ကိုတွေ့ချင်တဲ့ အကြောင်းရင်းအစစ်က ဒါပဲဆိုပါတော့"
ကျောက်ယွဲ့က ပြစ်တင်ထေ့ငေါ့လိုက်သည်။
"ခင်ဗျားက ဓားပြမဟုတ်ဘူးဆိုရင် ဘာလို့ ဓားပြတွေရဲ့အသိုက်တွေကြား သွားအောင်းနေတာလဲ။ ဝမ်ထျဲန်းဟူလည်း သုတ်သင်ရှင်းလင်းခံလိုက်ရပြီ၊ တခြားဓားပြအဖွဲ့တွေကလည်း နောက်ထပ်အကြာကြီး ခေါင်းမာပြနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တကယ်လို့များ ခေါင်းဆောင်ကျောက်ကသာ အစိုးရဘက်ကလူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဓားပြတွေကို နှိမ်နင်းတဲ့နေရာမှာ အင်အားတစ်ဝက်ပဲ စိုက်ထုတ်ဖို့လိုတော့တယ်၊ ရလဒ္ကတော့ နဂိုကထက် နှစ်ဆတောင်ကောင်းသွားမယ်။ ကျွန်တော်တို့နဲ့ ဘာကြောင့်များ မပူးပေါင်းရမှာလဲ"
"ကျွန်တော် အစိုးရနဲ့ပတ်သက်တဲ့ကိစ္စထဲ ဝင်မပတ်သက်နိုင်ဘူး။ အခုလည်း မပတ်သက်ဘူး၊ နောင်လည်း ဘယ်တော့မှလာပတ်သက်မှာမဟုတ်ဘူး "
"ဒီပြဿနာက ဖြေရှင်းရလွယ်ပါတယ်"
ဝမ်းလျိုနျဲန်ကမူ လေပြေညှင်းပမာ သွက်လက်တက်ကြွနေဆဲဖြစ်သည်။ကျောက်ယွဲ့က သူ့ကို မျက်မှောင်ကြုတ်ပြီးကြည့်လာ၏။
"လွယ်တယ်၊ ဟုတ်လား"
"အစိုးရနဲ့ပူးပေါင်းလိုတဲ့ဆန္ဒ မရှိဘူးဆိုလည်း ထန်ယွင်ခံတပ်နဲ့ ပူးပေါင်းတယ်လို့ သဘောထားလိုက်ပေါ့။ ခင်ဗျားတို့နှစ်ဖွဲ့စလုံးက ကျန်းဟူသိုင်းလောကဂိုဏ်းတွေလေ။ ဒီလိုဆိုရင် ခေါင်းဆောင်ခံယူထားတဲ့ စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ရာလည်းမရောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်"
ဝမ်းလျိုနျဲန်ကတော့ လွန်စွာမှ ညှိနှိုင်းလိုက်လျောရလွယ်နေပေ၏။
မုချင်းရှန်းက ရှန့်ယွင်ကျယ်ကို တစ်ချက်ကြည့်လာ၏။ထို့နောက် ရှန့်ယွင်ကျယ်မှာ ဘယ်အရာကိုမဆို သဘောတူဖို့ အဆင်သင့်ဖြစ်သွားလေ၏။
သို့သော် ကျောက်ယွဲ့ကတော့ လုံးဝ သဘောမတူပါ။ ဝမ်းလျိုနျဲန်က ဆိုလာ၏။
"ကျွန်တော့်ကို အခုချက်ချင်း အဖြေပေးစရာမလိုပါဘူး၊ ခေါင်းဆောင်။ နောက်ထပ်ဆယ်ရက်အပြီး ကျွန်တော်တို့ပြန်ဆုံဖို့ ချိန်းဆိုထားလိုက်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။ ဒါဆို နောက်ဆယ်ရက်ကျ ဒီနေရာဒီအချိန်မှာပဲ ခေါင်းဆောင်ကို သေရည်ကောင်းကောင်းလေးနဲ့ ကျွန်တော်စောင့်မျှော်နေပါ့မယ် "
"ဘာကိစ္စ ကျွန်တော်က ခင်ဗျားစကားကို နားထောင်ရမှာလဲ"
ကျောက်ယွဲ့က အေးစက်ခက်ထန်စွာ ပြောလာ၏။
"ဘာလို့လဲဆိုတော့ ပန်ကွမ်းက ခုလေးတင် ဇာတ်လမ်းအသစ်စက်စက်လေးထပ်ရေးဖို့ စိတ်ကူးရထားတယ်လေ "
သူ့စကားနောက်ကွယ်ကဆိုလိုရင်းမှာ သိသာထင်ရှားလှသည်။
ခင်ဗျား သဘောမတူရင် ကျွန်တော်ကတော့ ခင်ဗျားအကြောင်းဇာတ်လမ်းတွေ ထပ်ရေးပြီးဖြန့်မှာပဲ။
ကျောက်ယွဲ့ - "....."
ဝမ်းလျိုနျဲန်ကတော့ သူ့ကို စိုက်ကြည့်နေ၏။
ကျောက်ယွဲ့ကတော့ အပြင်ထွက်သွားလေပြီ။
"မကြာမကြာ လာလည်ဦးနော်!!!!"
ဝမ်းလျိုနျဲန်က နွေးထွေးပျူငှာစွာ လှမ်းပြီးအော်ပြောလိုက်သေးသည်။ ကျောက်ယွဲ့ကမူ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ကာ ညဥ့်အမှောင်ထုထဲ ပျောက်ကွယ်သွား၏။
****
"အဆင်ပြေခဲ့သးလား၊ ခေါင်းဆောင်"
လုကျွေးက လျှို့ဝှက်အစောင့်တပ်သားများနှင့်အတူ ရုံးတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။
"တောင်ပေါ် ပြန်ကြမယ်!!!!"
ကျောက်ယွဲ့မျက်နှာတစ်ခုလုံး မည်းမှောင်နေလို့။
"မြို့စားမင်းက ရင်ဆိုင်ရတာ မလွယ်ဘူးလားခင်ဗျာ"
လုကျွေး ခန့်မှန်းကြည့်လိုက်သည်။
ကျောက်ယွဲ့က ကြာပွတ်ကို ခပ်ပြင်းပြင်းရိုက်လိုက်ကာ ကျောက်မုလျှိုမြောင်ဘက်သို့ ဒုန်းစိုင်းစီးနှင်သွား၏။
လုကျွေးက မြို့စားမင်းရုံးတော်ဘက် လှည့်ကြည့်လိုက်၏။ ဘာကြောင့်ရယ်မှန်းမသိ၊ သူ့ခေါင်းပါ လိုက်ကိုက်လာသည်ဟု ခံစားလိုက်ရသည်။
ဒီမြို့စားမင်းကတော့ စာနာမှုလည်းမရှိ၊ အလျှော့လည်းမပေးတတ်တဲ့ လူစားမျိုးပဲထင်တယ်၊ အင်း.......
******
2021.05.24.
Thz for waiting. 💕
*****
အပိုင္း - ၉
(အဲ့ဒီၿမိဳ႔စားမင္းအသစ္ကို
ငါသြားေတြ့မယ္)
[ကိုလူေခ်ာေလး ေပါက္ကြဲေနၿပီ]
သို႔ေသာ္ သခင္ႀကီးဝမ္းကမူ ေခါင္းေဆာင္ေက်ာက္ မည္သို႔ေတြးမည္မွန္း စိတ္ကိုမဝင္စားေၾကာင္း သိသာလွပါသည္။ စာအုပ္ေလးကို ပံုႏိွပ္ထုတ္ေဝႏိုင္ဖို႔အေရး စာအုပ္ေရာင္းသူမ်ားႏွင့္ အျမန္ေလာေဆာ္ၿပီးေတာ့သာ အလုပ္ရႈပ္ေနသည္။
ေခ်ာင္ဒိုက္မွာ စုတ္ခ်က္အႀကီးႀကီးတစ္ခုကိုသံုးကာ ဆန္ႀကိတ္ရန္သံုးေသာ ဆံုလည္အရြယ္အစားေလာက္ရိွသည့္ "မေသမ်ိဳး နတ္ေဒဝတာ အပါးတစ္ရာ" ဟူေသာ ပန္းခ်ီကားခ်ပ္ႀကီးကို ဂရုတစိုက္ထိုင္ဆြဲေနသည္။ ထိုပန္းခ်ီကားထဲတြင္ ဒ႑ာရီလာဇာတ္ေကာင္မ်ားက တိမ္တိုက္ယာဥ္ပ်ံကိုစီးႏွင္းကာ စီးဆင္းေနေသာ ေရစီးေၾကာင္းႏွင့္ ျမဴခိုးထုမ်ားေပၚ ပ်ံသန္းေနၾကသည္၊ ထိုပန္းခ်ီကားမွာ စာအုပ္ဝယ္လ်ွင္ ရရိွမည့္ အပိုလက္ေဆာင္ျဖစ္သည္။ ထို႔အျပင္ ထိုပန္းခ်ီကားထဲတြင္ စစ္ဝတ္တန္ဆာစံုလင္စြာ ဝတ္ဆင္ထားေသာ ေက်ာက္ယြဲ႔က ဗဟိုခ်က္မအက်ဆံုးေနရာတြင္ ရိွေနၿပီး၊ သူ႔ပတ္ပတ္လည္တြင္ ဝန္းရံထားေသာ ေရႊေရာင္အလင္းစက္ဝန္းမွာ ျမင္ရသူအေပါင္း၏ မ်က္စိမ်ားကိုပင္ က်ိန္းစပ္သြားေစႏိုင္သည္။
ထိုသတင္းကို လႊင့္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ၿမိဳ႔သူၿမိဳ႔သားမ်ားမွာ စိတ္လႈပ္ရွားၾကလြန္းၿပီး မထိန္းႏိုင္မသိမ္းႏိုင္ျဖစ္ကုန္ကာ အေယာက္တိုင္းလိုလိုက မနက္မိုးလင္းကတည္းကပင္ ရံုးေတာ္ေရ႔ွတြင္ တက္ႂကြရႊင္လန္းစြာ လာေရာက္တန္းစီေစာင့္ဆိုင္းၾကသည္။ ေနာက္က်သြားပါက စာအုပ္မရလိုက္မည္ကို စိုးထိတ္ေနၾက၏။ ထန္ယြင္ခံတပ္တပည့္သားမ်ားႏွင့္ ရံုးေတာ္ဝန္ထမ္းမ်ားကလည္း စာအုပ္မွာယူမႈမ်ားကို ေသေသခ်ာခ်ာ စီစဥ္ေဆာင္ရြက္ေနၾကရာ စာအုပ္ျဖန္႔ခ်ိေရးျမင္ကြင္းမွာ လံုးဝသက္ဝင္လႈပ္ရွားေနၾကသည္။ လူတိုင္းလူတိုင္းကလည္း ေပ်ာ္ရႊင္ကာ ဖ်တ္လတ္တက္ႂကြေနၾကသည္မွာ ႏွစ္သစ္ကူးအခ်ိန္သမယေလးအလား။
"အားလံုးပဲ ၊ မစိုးရိမ္လိုက္ၾကပါနဲ႔!!!!"
ျဖန္႔ခ်ိေရးတာဝန္ခံ မုခ်င္းရွန္းက ေျပာလိုက္၏။
"စည္းကမ္းတက် တန္းစီေပးၾကပါ၊ လူတိုင္းလူတိုင္း စာအုပ္ရေစပါ့မယ္ေနာ္။ ....အေဒၚႀကီးဝမ္ ၊ ခင္ဗ်ား လာၿပီးတန္းစီေနတာ သံုးခါရိွၿပီေနာ္။ ထပ္ယူခြင့္မေပးေတာ့ဘူး!!!!"
သူ႔ေဘးနားတြင္ ဓားႀကီးပိုက္ထားေသာ ရွန္႔ယြင္က်ယ္ရိွေနကာ မုခ်င္းရွန္းအတြက္ကိုယ္ရံေတာ္အျဖစ္ ဝမ္းပန္းတသာ ေက်နပ္စြာ ခံယူထားေလ၏။
ဝမ္းလ်ိဳန်ဲန္လည္း ရံုးေတာ္မွထြက္လာကာ အဆံုးမရိွေသာ လူတန္းရွည္ႀကီးကိုၾကည့္ၿပီး ပီတိျဖာေန၏။
ထိုစဥ္ ေျပာရဲဆိုရဲရိွေသာ ၿမိဳ႔သားတစ္ၪီးက ဝမ္းလ်ိဳန်ဲန္အား ေမးလာ၏။
"သခင္ႀကီး၊ ဒီစာအုပ္က ဒုတိယတြဲရိွလာၪီးမလားခင္ဗ်"
"အင္း ~ လူတိုင္းက ႀကိဳက္တယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ ရိွလာမွာေပါ့။ ေနာက္သံုးလမဟုတ္ရင္ ေလးလေျမာက္က် အတြဲသစ္တစိအုပ္ ထပ္ထြက္ခ်င္ထြက္လာႏိုင္တာပဲေလ "
ဝမ္းလ်ိဳန်ဲန္မွ ရႊင္ျမဴးတက္ႂကြစြာ ေျဖလိုက္ေသာအခါ ထိုေနရာရိွလူမ်ားထံမွ ေကာင္းခ်ီးဩဘာေပးလိုက္ၾကသည္၊ ထိုေကာင္းခ်ီးသံမ်ားမွာ မိုးၿခိမ္းသံပမာ ဟိန္းထြက္က်ယ္ေလာင္သြားေပ၏။
****
"သံုးလတစ္ခါ မဟုတ္ရင္ ေလးလတစ္ခါ အတြဲသစ္ထပ္ထြက္မွာ ၊ ဟုတ္လား !!!! "
ထိုၿမိဳ႔သူၿမိဳ႔သားမ်ားၾကား ေက်ာက္မုလ်ိႈေျမာင္၏ လက္ေအာက္ငယ္သားမ်ားပါ ေရာယွက္ေနသည္မို႔..... ဟုတ္ပါသည္၊ ေက်ာက္ယြဲ႔လည္း ထိုအေၾကာင္းကို လ်င္ျမန္စြာပင္ ၾကားသိသြားကာ နဖူးျပင္က ေသြးေၾကာမ်ားပင္ တဒိန္းဒိန္းထခုန္သြားသည္။
"ဟုတ္ကဲ့၊ အားလံုးကလည္း အရမ္းေပ်ာ္လြန္းလို႔ ေကာင္းခ်ီးဩဘာေပးေနၾကတာပါ။ အဘြားအိုေတြ အေဒၚႀကီးေတြကေတာင္ ေျပာေနၾကတယ္၊ သူတို႔သာ အႏွစ္ႏွစ္ဆယ္သံုးဆယ္ေလာက္ ျပန္ငယ္လို႔ကေတာ့ ေခါင္းေဆာင္နဲ႔ လက္ထပ္ရဖို႔ ေသမတတ္ ရူးခါေနေလာက္မွာပဲတဲ့ "
လုေကြၽးမွာ တဟားဟားရယ္မိေတာ့သည္။
"ဒီမွာ ပံုတူပန္းခ်ီပါ ရိွေသးတယ္ခင္ဗ်"
ထိုအေထာက္ေတာ္ေလးမွာ အသက္ဆယ့္ေျခာက္ ဆယ့္ခုနစ္အရြယ္ရိွ လူရြယ္ေလးတစ္ၪီးျဖစ္ကာ သူ႔ဝတ္ရံုထဲမွ ပံုတူကိုထုတ္လိုက္ရင္း အေတာ္ေလး မေက်မနပ္ျဖစ္ေနဟန္ရ၏။
" ေတာ္ေတာ္ေလး ႀကိဳးစားပမ္းစား ဆြဲထားၾကရမယ့္ပံုပဲ။ ၿပီးေတာ့ ကြၽန္ေတာ့္ဆီကေန ဒီပံုကို ေစ်းႏႈန္းအႀကီးႀကီးေပးၿပီး ကမ္းလွမ္းလာတဲ့ လူေကာင္ထြားထြား ေယာက္်ားႀကီးတစ္ေယာက္လည္း ရိွေသး။ ေပးမဝယ္ဘူးဆိုေတာ့ အတင္းလုဖို႔ ႀကိဳးစားေသးတယ္၊ အရမ္းကို ၾကမ္းတမ္းတာပဲ "
ေက်ာက္ယြဲ႔၏ ႏႈတ္ခမ္းေထာင့္စြန္းက တြန္႔ခနဲ ျဖစ္သြားသည္။
"လူေကာင္ထြားထြား ေယာက္်ားႀကီး.... ဟုတ္လား?"
လုေကြၽးက ပန္းခ်ီကားလိပ္ကို ျဖန္႔ၾကည့္လိုက္သည္။
"ဝိုး!!!!!!!!"
တပည့္ငယ္သားအေယာက္တိုင္းမွာ အံ့ဩတႀကီးျဖစ္သြားၾက၏။ ေက်ာက္ယြဲ႔ကမူ ဘာမွမေျပာႏိုင္ေတာ့ဘဲ ဆြံ႔အသြားကာ မ်က္လံုးကမူအျပဴးသားျဖစ္ၿပီး သူ႔ထက္ပိုမိုေတာက္ပေသာပံုတူကို စိုက္ၾကည့္ရင္း ေသြးပြက္ပြက္အန္ခ်င္ေနၿပီျဖစ္၏။
လုေကြၽးက သူ႔ပခံုးကို ပုတ္ေပးလာ၏။
"ဟာသလို႔ပဲ သေဘာထားလိုက္ပါဗ်ာ။ အရင္တုန္းကလို ၿမိဳ႔ထဲ အတင္းအဖ်င္းေျပာခံရတာထက္စာရင္ အခုအေျခအေနက မဆိုးလွပါဘူး"
ေက်ာက္ယြဲ႔ အသက္ျပင္းျပင္းရိႈက္ရႉလိုက္သည္။ ဤၿမိဳ႔စားမင္းအသစ္မွာ မည္မ်ွပင္ ရူးသြပ္မိုက္မဲျပႏိုင္ေၾကာင္း သူ လံုးဝ သံသယမရိွေတာ့ေပ။ လိုအပ္လာလ်ွင္ သူ႔ကို မိန္းမသားအျဖစ္ ေျပာင္းလဲပစ္လိုက္ဖို႔ လံုးဝဝန္ေလးတြန္႔ဆုတ္မည္ပင္မဟုတ္ေလာက္။
လုေကြၽးက ထိုပံုတူပန္းခ်ီႏွင့္ စာအုပ္ငယ္ေလးကို ေသတၲာတစ္လံုးထဲတြင္ ထည့္သိမ္းထားလိုက္သည္။ သို႔ႏွင့္ လအနည္းငယ္အတြင္းမွာပင္ ထူထဲလွေသာ စာအုပ္ပံုႀကီးအျဖစ္သို႔ ေျပာင္းလဲသြား၏။
******
"ငါ ေတာင္ေအာက္ဆင္းမယ္"
ေက်ာက္ယြဲ႔ ေၾကညာလိုက္ေသာအခါ လုေကြၽးက အလြန္အံ့ဩသြား၏။
"အစိုးရရံုးေတာ္ဆီ သြားမလို႔လား၊ ေခါင္းေဆာင္ႀကီး "
"ငါ အဲ့ဒီၿမိဳ႔စားမင္းအသစ္နဲ႔ သြားေတြ့မယ္"
ေက်ာက္ယြဲ႔က အံတင္းတင္းႀကိတ္ၿပီးေျပာလာ၏။ လုေကြၽးကမူ ေခါင္းခါလိုက္ကာ ဆိုသည္။
"ဒါ ေကာင္းတဲ့အႀကံအစည္မဟုတ္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္၊ အရမ္းမ်ား ေလာေနသလားလို႔။ ၿပီးေတာ့ လူႀကီးမင္းဝမ္းက ယြင္လန္ၿမိဳ႔ကေန ေျပာင္းလာတာဆိုေတာ့ သူ႔ေဘးနားမွာ ေကြၽ့ယင္တပ္သားေတြရိွေနမလားဆိုတာကို ေသခ်ာတပ္အပ္ မသိရေသးဘူး "
"ေအး၊ သူ႔ကို ဒီကိစၥ လံုးဝဆက္လုပ္ခြင့္မျပဳႏိုင္ေတာ့ဘူး "
ေက်ာက္ယြဲ႔ကလည္း သူ႔ကိုယ္သူ ဘာျဖစ္ေနမွန္း ဘယ္လိုရွင္းျပရမလဲမသိေတာ့။ ထို႔ေနာက္ လုေကြၽးအား ဆက္ေျပာလာ၏။
"မင္း စိတ္ေအးေအးထား၊ ငါ ဘာလုပ္ေနသလဲဆိုတာ ငါသိတယ္"
"ေခါင္းေဆာင္"
လုေကြၽးက စိုးရိမ္ေၾကာင့္ၾကေနဆဲျဖစ္သည္။ သို႔ေသာ္ ေက်ာက္ယြဲ႔ကမူ အေလ်ွာ့ေပးရန္ အစီအစဥ္ လံုးဝမရိွ။ ထို႔ေၾကာင့္ လုေကြၽးလည္း ဘာမွမတတ္သာေတာ့ဘဲ သက္ျပင္းသာခ်ႏိုင္ေတာ့၏။
"ဟုတ္ပါၿပီ၊ ကြၽန္ေတာ္လည္း လူတစ္ခ်ိဳ႕ေခၚၿပီး ရံုးေတာ္အျပင္ဘက္မွာ ေစာင့္ေပးေနပါ့မယ္။ ရံုးေတာ္ထဲမွာ ေခါင္းေဆာင္ကို အလစ္ေခ်ာင္းတိုက္ခိုက္တာမ်ိဳးရိွရင္ ကြၽန္ေတာ္တို႔ ဝင္ရွင္းလိုက္လို႔ရတာေပါ့ "
****
ဆန္းမန္ၿမိဳ႔မွာ ကူးသန္းေရာင္းဝယ္ေရး အခ်က္အျခာက်ေသာ ေနရာမဟုတ္သျဖင့္ ညခ်မ္းအခ်ိန္မွာ လြန္စြာမွ တိတ္ဆိတ္ေနလ်က္ရိွသည္။ အခ်ိန္နာရီေၾကညာေပးေသာ ကင္းသမားမ်ားကလြဲ၍ အျခားလူရိပ္လူေယာင္မ်ား မရိွေခ်။
ဝမ္းလ်ိဳန်ဲန္တစ္ေယာက္ စားပြဲတြင္ထိုင္ကာ အခ်ိန္အတန္ၾကာသည့္တိုင္ စာဖတ္ေနလ်က္ရိွသည္။ သူ႔မ်က္လံုးမ်ားကို ပြတ္လိုက္ၿပီး အနားျပန္သြားယူရန္ႀကံလိုက္စဥ္ ရုတ္တရက္ဆိုသလို ၿခံဝန္းထဲတြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ တိုက္ခိုက္ေနၾကေသာအသံမ်ား ၾကားလိုက္ရ၏။ ထို႔ေၾကာင့္အျပင္ဝတ္ရံုကို အျမန္ၿခံဳလႊမ္းလိုက္ကာ အျပင္သို႔ ထြက္လာလိုက္သည္။ လက္စသတ္ေတာ့ ရွန္႔ယြင္က်ယ္က အနက္ေရာင္ဝတ္စံုဝတ္ထားေသာ ေယာက္်ားတစ္ၪီးႏွင့္ တိုက္ခိုက္ေနျခင္းျဖစ္သည္ပဲ။ ႏွစ္ဘက္စလံုးက သိုင္းစြမ္းရည္ျမင့္မားၾကသည္မို႔ ေလထဲတိုက္ခိုက္ေနၾကေသာ သူတို႔၏ သိုင္းကြက္မ်ားမွာ မ်က္စိအျမင္ထဲတြင္ ပသာဒျဖစ္လွေပ၏။
"ဘာျဖစ္ေနတာလဲခင္ဗ်ာ"
မုခ်င္းရွန္းလည္း ထိုတိုက္ခိုက္သံကိုၾကားလိုက္ရကာ အျမန္ပင္ အျပင္ထြက္လာ၏။
ရွန္႔ယြင္က်ယ္လည္း သူ၏မ်က္ဝန္းေထာင့္မွတစ္ဆင့္ ထိုစာဂ်ပိုးႏွစ္ေယာက္ တံခါးနားတြင္ယွဥ္တြဲရပ္ကာ မိမိတို႔ဆီ ေခါင္းေလးေမာ့ၾကည့္လာသည္ကို ျမင္လိုက္ရေတာ့ ဘာေၾကာင့္ရယ္မွန္းမသိ ရယ္ခ်င္သြား၏။
"ခံတပ္သခင္ရွန္႔ !!!"
ေက်ာက္ယြဲ႔က အံႀကိတ္ၿပီး ေအာ္ေျပာလာ၏။
"က်ဳပ္ ဘယ္သူ႔ကိုမွ ထိခိုက္ေစဖို႔ မရည္ရြယ္ဘူး။ ၿမိဳ႔စားမင္းနဲ႔ စကားနည္းနည္း ေျပာစရာရိွရံုတင္ "
ထို႔ေနာက္ သူႏွင့္ရွန္႔ယြင္က်ယ္တို႔ႏွစ္ေယာက္လည္း ေျမျပင္ေပၚ ျပန္လည္သက္ဆင္းလာၾကသည္။ ရံုးဝန္ထမ္းမ်ားကလည္း ဓားတိုမ်ားေဝ႔ွရမ္းၿပီး ခ်က္ခ်င္းေရာက္ခ်လာၾက၏။
"ခဏေနၪီး"
ဝမ္းလ်ိဳန်ဲန္၏ ဉာဏ္ရည္ဉာဏ္ေသြးႏွင့္ေတာ့ ထိုေယာက္်ားက မည္သူျဖစ္မွန္း သူ မမွန္းဆႏိုင္ဘဲ ေနပါ့မည္လား ။ တစ္ဖက္လူက မ်က္ႏွာကို အဝတ္ျဖင့္ ဖံုးထားေနပါေစၪီး၊ ထိုမ်က္ဝန္းမ်ားက မွတ္မိဖို႔ရန္ လြယ္ကူလွေပသည္။ ထို႔ေၾကာင့္ ဝမ္းလ်ိဳန်ဲန္က ဝမ္းသာစြာ ၿပံဳးလိုက္ကာ ဆို၏၏
"သူက ငါနဲ႔ေတြ့ဖို႔အတြက္ ဒီကိုလာခဲ့တာ"
ေက်ာက္ယြဲ႔၏ မ်က္ဝန္းမ်ားထံမွ ရုန္႔ရင္းၾကမ္းတမ္းလွေသာ အၾကည့္တစ္ခ်က္ သူ႔ဆီ က်ေရာက္လာ၏။
မုခ်င္းရွန္းကေတာ့ တုန္လႈပ္သြားသည္။
ရွန္႔ယြင္က်ယ္ကမူ မေက်နပ္ေခ်။ ထိန္းခ်ဳပ္ၿပီး တိုက္ေနရသည့္အျပင္ ထိုေယာက္်ားကို သူ လက္သီးစာမေကြၽးလိုက္ရသည္ကို အေတာ္ ေနာင္တရသြား၏။
သို႔ေသာ္ သခင္ႀကီးဝမ္းကမူ အမႈပင္မထားဘဲ ရံုးေတာ္အမႈထမ္းမ်ားအား လက္ဖက္ရည္ပါ ျပင္လာခိုင္းလိုက္သည္။
စင္စစ္မွာေတာ့ ေက်ာက္ယြဲ႔၏အရည္အခ်င္းအရ ဤရံုးေတာ္ထဲ ေျခရာလက္ရာပင္မက်န္ေအာင္ ခိုးဝင္လာ၍ရသည္၊ သို႔ေသာ္ျငား ရွန္႔ယြင္က်ယ္ႏွင့္ မေတာ္တဆ တိုးမိသြားေသာအခါ စတင္တိုက္ခိုက္ျဖစ္ၾကျခင္းျဖစ္၏။ သို႔ေစကာမူ လမ္းခုလတ္တြင္ အတားအဆီးရိွလာေသာ္လည္း မိမိရည္ရြယ္ေသာလူႏွင့္ ေနာက္ဆံုးတြင္ ေတြ့ဆံုႏိုင္ခဲ့သျဖင့္ ဤခရီးက အလဟႆမျဖစ္ေတာ့ေခ်။
***
စာၾကည့္ခန္းထဲဝယ္။
"ဒါက ကြၽန္ေတာ္ ဆူက်ံဳးကေန အထူးတလည္ ယူေဆာင္လာတဲ့ အယ္မိန္ခ်င္းယာေတာင္က အေကာင္းဆံုးလက္ဖက္ပါ"
ဝမ္းလ်ိဳန်ဲန္က စိတ္အားထက္သန္စြာ ေျပာလာ၏။ ေက်ာက္ယြဲ႔ကမူ လက္ဖက္ရည္ေသာက္ဖို႔စိတ္ပင္မပါဘဲ စိတ္ရႈပ္စြာ ေတာင္းဆိုလာ၏။
"ခင္ဗ်ားကိုယ္ခင္ဗ်ား ဘာလုပ္ေနတယ္လို႔ ထင္ေနသလဲ"
"ျပည္သူလူထုရဲ့အက်င့္စာရိတၲကို တည့္မတ္ျပဳျပင္ေပးတာပါ"
ဝမ္းလ်ိဳန်ဲန္၏ေလသံမွာ ေျဖာင့္မတ္တည္ၾကည္သူတစ္ေယာက္လို ျဖစ္ေန၏။
ေက်ာက္ယြဲ႔ - "......."
ဤေနရာကိုမလာခင္မွာ သူတို႔၏ ပထမဆံုးအႀကိမ္ေတြ့ဆံုျခင္းက မည္သို႔္မည္ပံုစခန္းသြားမည္ကို ေက်ာက္ယြဲ႔ ႀကိဳတင္ေတြးဆထားၿပီးသားျဖစ္သည္။ သူ႔အေတြးထဲဝယ္ ဝမ္းလ်ိဳန်ဲန္မွာ စာေပပညာရွင္တစ္ၪီးအေနျဖင့္၊ သူတစ္ပါး၏ပံုတူကို ခြင့္ျပဳခ်က္မေတာင္းဘဲသံုးေသာ လူတစ္ေယာက္အေနျဖင့္ အနည္းဆံုးေတာ့ ဝမ္းလ်ိဳန်ဲန္၏စိတ္ထဲဝယ္ အျပစ္ရိွသည္ဟု နည္းနည္းပါးပါးခံစားရလိမ့္မည္ဟု ေက်ာက္ယြဲ႔ေတြးထားခဲ့သည္။ သို႔ေသာ္ တစ္ဖက္လူက ယခုလိုမ်ိဳး ေနာင္တတစ္စက္မွမရိွဘဲ မ်က္ႏွာေျပာင္တိုက္လြန္းသည့္လူျဖစ္ေနလိမ့္မည္ဟု သူ လံုးဝေတြးမထားခဲ့။
ထို႔ေနာက္ ဝမ္းလ်ိဳန်ဲန္က သူ႔အား ခ်ီးမြမ္းေထာပနာျပဳလာျပန္၏။
"ေခါင္းေဆာင္က တကယ္ကိုပဲ ဂုဏ္က်က္သေရရိွလွတယ္၊ တင့္တယ္ေခ်ာေမာတယ္၊ ပူပန္ေၾကာင့္ၾကမႈလည္းကင္းၿပီး အမတနတ္ဘုရားလို မ်က္ႏွာထားမ်ိဳးရိွေပတယ္။ ဒီကလူေတြအကုန္လံုး ေခါင္းေဆာင္ကို အရမ္းကိုခ်စ္ခင္ၾကည္ညိုၾကတယ္ "
ေက်ာက္ယြဲ႔ေခါင္းႀကီး ခ်ာခ်ာလည္သြားသည္။ ဝမ္းလ်ိဳန်ဲန္က ဆက္ေျပာလာ၏။
"ဒီေန့ ကြၽန္ေတာ္တို႔ေတြ့ဖို႔ ေရစက္ပါလာတာဆိုေတာ့ ေနာင္လည္း ထပ္ေတြ့ဖို႔ အေၾကာင္းဖန္လာမွာပဲ "
သူ႔ဘဝတစ္ေလ်ွာက္လံုး ေတြ့ႀကံဳဖူးသမ်ွထဲ ဤေရစက္သည္ အဆိုးရြားဆံုးေသာ ေရစက္ျဖစ္လိမ့္မည္ဟု ေက်ာက္ယြဲ႔ေတြးလိုက္သည္။
"ဘာႀကီး?"
ရွန္႔ယြင္က်ယ္က မုခ်င္းရွန္းအား ေလသံတိုးတိုးျဖင့္ ေမးလာ၏။
မုခ်င္းရွန္းက ဝမ္းလ်ိဳန်ဲန္ဘက္ လွမ္းၾကည့္လိုက္ေတာ့ ဝမ္းလ်ိဳန်ဲန္က ေက်ာက္ယြဲ႔အား ၿပံဳးျပေနသည္ကို ေတြ့လိုက္ရသည္၊ ထို႔ေနာက္ ေလသံတိုးတိုးျဖင့္ ျပန္ေျဖလာ၏။
"ေန့ခင္းတုန္းက သခင္ႀကီးေျပာတဲ့ကိစၥေလဗ်ာ၊ ရံုးေတာ္ေရ႔ွမွာ စင္ျမင့္တစ္ခု ေဆာက္လုပ္ခ်င္တယ္ဆိုတာ "
ထိုစကားကိုၾကားေတာ့ ေက်ာက္ယြဲ႔၏ေသြးျပန္ေၾကာမ်ား တြန္႔ခနဲျဖစ္သြား၏။
ရွန္႔ယြင္က်ယ္လည္း သိပ္နားမလည္ေခ်။
"စင္ျမင့္? "
"အင္း"
မုခ်င္းရွန္းက ေခါင္းညိတ္လိုက္ကာ ဆက္ဆို၏။
"ေခါင္းေဆာင္ကို ေန့တိုင္း စင္ျမင့္ေပၚ တက္ခိုင္းၿပီး ျပည္သူေတြရဲ့ အိမ္တြင္းေရးျပႆနာအေသးအမႊားေလးေတြအေၾကာင္း လာၿပီးေဆြးေနြးေစခ်င္တာေလ"
ရွန္႔ယြင္က်ယ္မွာ ရယ္သံကို မနည္းထိန္းထားလိုက္၏။
ေက်ာက္ယြဲ႔ကေတာ့ လက္ဖက္ရည္ခြက္ကို ဖ်စ္ၫွစ္ခြဲေျခပစ္လိုက္ၿပီးျဖစ္သည္။
ဝမ္းလ်ိဳန်ဲန္က ေခါင္းခါၿပီးေျပာလာ၏။
"အဲ့အတြက္ မဟုတ္ပါဘူး၊ တျခားကိစၥအတြက္ပါ"
"ထပ္မေျပာနဲ႔ေတာ့"
ေက်ာက္ယြဲ႔က ေအးစက္စြာေျပာလာ၏။
"ကြၽန္ေတာ္ ဘာအေၾကာင္းအရာကိုမွ သေဘာမတူႏိုင္ဘူး။ လူႀကီးမင္းတစ္ေယာက္တည္း ကိုယ့္ဘာသာကိုယ္ လုပ္ခ်င္ရာလုပ္ေနလိုက္ေတာ့"
"ဒီစကားေၾကာင့္ ကြၽန္ေတာ္မနာက်င္ပါဘူး"
ဝမ္းလ်ိဳန်ဲန္က စာေပပညာရွင္တို႔ထံုးစံ ေခါင္းမာကာ တဇြတ္ထိုးဆန္မႈကို ျပသလာ၏။ ေက်ာက္ယြဲ႔က အံႀကိတ္ထားေသာသြားမ်ားၾကားမွ ခံျပင္းစြာေျပာလာသည္။
"အိပ္မက္မက္ေနလိုက္"
"ေခါင္းေဆာင္အတြက္ ဒီၿမိဳ႔ထဲ ကြၽန္ေတာ္ စံအိမ္ေဆာက္ေပးပါ့မယ္ "
ေျပာေျပာဆိုဆို ဝမ္းလ်ိဳန်ဲန္က စက္ဝိုင္းပံုအႀကီးႀကီး ဝိုင္းျပလိုက္သည္။
"ဒီေလာက္အႀကီးႀကီး ေဆာက္ေပးမယ္!!!!!!"
ေက်ာက္ယြဲ႔ - "......."
ရွန္႔ယြင္က်ယ္ကမူ တံခါးေဘာင္ကိုအားျပဳထားကာ အားပါးတရရယ္ေန၏။
မုခ်င္းရွန္းကမူ ရယ္ရမလား ငိုရမလားမသိေတာ့။
"ဘယ္လိုလဲ၊ ေခါင္းေဆာင္"
ဝမ္းလ်ိဳန်ဲန္က ေက်ာက္ယြဲ႔အား ေမ်ွာ္လင့္ခ်က္ႀကီးစြာၾကည့္လာ၏။ ေက်ာက္ယြဲ႔က ေဒါသမ်ားကိုမ်ိဳခ်လိုက္ကာ ေျပာလိုက္သည္။
" တျခားလူရဲ့ပံုကိုသာ သံုးလိုက္ပါ၊ လူႀကီးမင္း။ ခံတပ္သခင္ရွန္႔ဆို ေရြးခ်ယ္ဖို႔သင့္ေတာ္တဲ့လူတစ္ေယာက္ပဲ"
"ဟာ၊ ေခါင္းေဆာင္ေတာ့ က်ဳပ္ကို ေျမႇာက္ပင့္လြန္းေနပါၿပီဗ်ာ"
ရွန္႔ယြင္က်ယ္မွာ ရယ္ေနသည္ကို အေတာသတ္ႏိုင္ဖို႔ အခ်ိန္အေတာ္ယူလိုက္ရသည္။
"နိမ့္က်လွတဲ့က်ဳပ္က ဂုဏ္က်က္သေရထည္ဝါလြန္းတဲ့ ေခါင္းေဆာင္ေက်ာက္နဲ႔ ဘယ္လိုလုပ္ၿပီး ယွဥၷိုင္မွာလဲဗ်ာ "
ဤေန့ဤရက္မတိုင္ခင္တုန္းက စာသင္သားအေယာက္တိုင္းကို ေက်ာက္ယြဲ႔က " စာဂ်ပိုးမ်ား" ဟုသာ ေခၚဆိုခဲ့သည္။
သို႔ေသာ္ ယေန့ေနာက္ပိုင္းမွာေတာ့ စာေပပညာရွင္မ်ားကို သူ အမ်ိဳးအစားခြဲရေတာ့မည္ျဖစ္သည္ ။
ရိုးရွင္းေအးေဆးေသာ ရိုးစင္းေျဖာင့္မတ္သူမ်ားရိွသလို ေရငံုႏႈတ္ပိတ္ တိတ္ဆိတ္စြာေနတတ္ၿပီး စကားအလြန္နည္းၾကသူမ်ားလည္းရိွ၏။ ၿပီးေတာ့သူ႔ေရ႔ွေမွာက္တြင္ ရိွေနေသာ ၿမိဳ႔စားမင္းလို လူမ်ိဳး။
သူ႔ဆီမွအက်ိဳးအျမတ္ရေအာင္ ဂုတ္ေသြးစုပ္ေနလ်က္သားႏွင့္ ကိုယ့္ကိုယ္ကို ေျဖာင့္မတ္မွန္ကန္သည္ဟု တထစ္ခ်ယံုေနၾကသူမ်ား။
ဝမ္းလ်ိဳန်ဲန္က သူ႔ကို ၾကည့္ရင္းေမးလာ၏။
"ေခါင္းေဆာင္က ၿမိဳ႔ရဲ့အေရ႔ွဘက္ျခမ္းကိုႀကိဳက္သလား၊ အေနာက္ဘက္ျခမ္းကို ႀကိဳက္သလား "
ေက်ာက္ယြဲ႔က ဤကိစၥကို ဆက္ၿပီးသည္းမခံႏိုင္ေတာ့သည့္ႏွယ္ အေလးအနက္ထားၿပီး ေျပာလိုက္သည္။
"နိမ့္က်တဲ့ကြၽန္ေတာ္မ်ိဳးအတြက္ သခင္ႀကီးဘက္က စံအိမ္ေဆာက္လုပ္ေပးစရာ မလိုပါဘူး"
"အဲ့လိုမလုပ္ႏိုင္မွာ စိုးရြံ႔မိပါတယ္"
ဝမ္းလ်ိဳန်ဲန္က ေခါင္းခါလိုက္ကာ ဆက္ဆို၏။
"ပန္ကြမ္းက ေတာပုန္းဓားျပေတြေသာင္းက်န္းေနတဲ့ျပႆနာကို ေခ်မႈန္းဖို႔အတြက္ တာဝန္ရိွေနတယ္။ ေက်ာက္မုလ်ိႈေျမာင္ကသာ စခန္းခ်ရာေနရာကေနဖယ္ရွားေပးဖို႔ ဆက္ၿပီးျငင္းဆန္ေနရင္ ေနာင္တစ္ခ်ိန္က် ပ်က္စီးဆံုးရႈံးမႈေတျြဖစ္လာမွာကို ပန္ကြမ္း စိုးရြံ႔မိပါတယ္"
"ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ေတြေလ်ွာက္လုပ္ေနေပမယ့္ လက္စသတ္ေတာ့ သခင္ႀကီး ကြၽန္ေတာ့္ကိုေတြ့ခ်င္တဲ့ အေၾကာင္းရင္းအစစ္က ဒါပဲဆိုပါေတာ့"
ေက်ာက္ယြဲ႔က ျပစ္တင္ေထ့ေငါ့လိုက္သည္။
"ခင္ဗ်ားက ဓားျပမဟုတ္ဘူးဆိုရင္ ဘာလို႔ ဓားျပေတြရဲ့အသိုက္ေတြၾကား သြားေအာင္းေနတာလဲ။ ဝမ္ထ်ဲန္းဟူလည္း သုတ္သင္ရွင္းလင္းခံလိုက္ရၿပီ၊ တျခားဓားျပအဖြဲ႔ေတြကလည္း ေနာက္ထပ္အၾကာႀကီး ေခါင္းမာျပႏိုင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ တကယ္လို႔မ်ား ေခါင္းေဆာင္ေက်ာက္ကသာ အစိုးရဘက္ကလူနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ဆႏၵရိွတယ္ဆိုရင္ ဓားျပေတြကို ႏိွမ္နင္းတဲ့ေနရာမွာ အင္အားတစ္ဝက္ပဲ စိုက္ထုတ္ဖို႔လိုေတာ့တယ္၊ ရလဒၠေတာ့ နဂိုကထက္ ႏွစ္ဆေတာင္ေကာင္းသြားမယ္။ ကြၽန္ေတာ္တို႔နဲ႔ ဘာေၾကာင့္မ်ား မပူးေပါင္းရမွာလဲ"
"ကြၽန္ေတာ္ အစိုးရနဲ႔ပတ္သက္တဲ့ကိစၥထဲ ဝင္မပတ္သက္ႏိုင္ဘူး။ အခုလည္း မပတ္သက္ဘူး၊ ေနာင္လည္း ဘယ္ေတာ့မွလာပတ္သက္မွာမဟုတ္ဘူး "
"ဒီျပႆနာက ေျဖရွင္းရလြယ္ပါတယ္"
ဝမ္းလ်ိဳန်ဲန္ကမူ ေလေျပၫွင္းပမာ သြက္လက္တက္ႂကြေနဆဲျဖစ္သည္။ေက်ာက္ယြဲ႔က သူ႔ကို မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လာ၏။
"လြယ္တယ္၊ ဟုတ္လား"
"အစိုးရနဲ႔ပူးေပါင္းလိုတဲ့ဆႏၵ မရိွဘူးဆိုလည္း ထန္ယြင္ခံတပ္နဲ႔ ပူးေပါင္းတယ္လို႔ သေဘာထားလိုက္ေပါ့။ ခင္ဗ်ားတို႔ႏွစ္ဖြဲ႔စလံုးက က်န္းဟူသိုင္းေလာကဂိုဏ္းေတြေလ။ ဒီလိုဆိုရင္ ေခါင္းေဆာင္ခံယူထားတဲ့ စည္းမ်ဥ္းစည္းကမ္းကို ခ်ိဳးေဖာက္ရာလည္းမေရာက္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္"
ဝမ္းလ်ိဳန်ဲန္ကေတာ့ လြန္စြာမွ ၫွိႏိႈင္းလိုက္ေလ်ာရလြယ္ေနေပ၏။
မုခ်င္းရွန္းက ရွန္႔ယြင္က်ယ္ကို တစ္ခ်က္ၾကည့္လာ၏။ထို႔ေနာက္ ရွန္႔ယြင္က်ယ္မွာ ဘယ္အရာကိုမဆို သေဘာတူဖို႔ အဆင္သင့္ျဖစ္သြားေလ၏။
သို႔ေသာ္ ေက်ာက္ယြဲ႔ကေတာ့ လံုးဝ သေဘာမတူပါ။ ဝမ္းလ်ိဳန်ဲန္က ဆိုလာ၏။
"ကြၽန္ေတာ့္ကို အခုခ်က္ခ်င္း အေျဖေပးစရာမလိုပါဘူး၊ ေခါင္းေဆာင္။ ေနာက္ထပ္ဆယ္ရက္အၿပီး ကြၽန္ေတာ္တို႔ျပန္ဆံုဖို႔ ခ်ိန္းဆိုထားလိုက္မယ္ဆိုရင္ေကာ ဘယ္လိုသေဘာရလဲ။ ဒါဆို ေနာက္ဆယ္ရက္က် ဒီေနရာဒီအခ်ိန္မွာပဲ ေခါင္းေဆာင္ကို ေသရည္ေကာင္းေကာင္းေလးနဲ႔ ကြၽန္ေတာ္ေစာင့္ေမ်ွာ္ေနပါ့မယ္ "
"ဘာကိစၥ ကြၽန္ေတာ္က ခင္ဗ်ားစကားကို နားေထာင္ရမွာလဲ"
ေက်ာက္ယြဲ႔က ေအးစက္ခက္ထန္စြာ ေျပာလာ၏။
"ဘာလို႔လဲဆိုေတာ့ ပန္ကြမ္းက ခုေလးတင္ ဇာတ္လမ္းအသစ္စက္စက္ေလးထပ္ေရးဖို႔ စိတ္ကူးရထားတယ္ေလ "
သူ႔စကားေနာက္ကြယ္ကဆိုလိုရင္းမွာ သိသာထင္ရွားလွသည္။
ခင္ဗ်ား သေဘာမတူရင္ ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားအေၾကာင္းဇာတ္လမ္းေတြ ထပ္ေရးၿပီးျဖန္႔မွာပဲ။
ေက်ာက္ယြဲ႔ - "....."
ဝမ္းလ်ိဳန်ဲန္ကေတာ့ သူ႔ကို စိုက္ၾကည့္ေန၏။
ေက်ာက္ယြဲ႔ကေတာ့ အျပင္ထြက္သြားေလၿပီ။
"မၾကာမၾကာ လာလည္ၪီးေနာ္!!!!"
ဝမ္းလ်ိဳန်ဲန္က ေနြးေထြးပ်ူငွာစြာ လွမ္းၿပီးေအာ္ေျပာလိုက္ေသးသည္။ ေက်ာက္ယြဲ႔ကမူ ေခါင္မိုးေပၚသို႔ ခုန္တက္လိုက္ကာ ညဥ့္အေမွာင္ထုထဲ ေပ်ာက္ကြယ္သြား၏။
****
"အဆင္ေျပခဲ့သးလား၊ ေခါင္းေဆာင္"
လုေကြၽးက လ်ိႈ႔ဝွက္အေစာင့္တပ္သားမ်ားႏွင့္အတူ ရံုးေတာ္အျပင္ဘက္တြင္ ေစာင့္ဆိုင္းေန၏။
"ေတာင္ေပၚ ျပန္ၾကမယ္!!!!"
ေက်ာက္ယြဲ႔မ်က္ႏွာတစ္ခုလံုး မည္းေမွာင္ေနလို႔။
"ၿမိဳ႔စားမင္းက ရင္ဆိုင္ရတာ မလြယ္ဘူးလားခင္ဗ်ာ"
လုေကြၽး ခန္႔မွန္းၾကည့္လိုက္သည္။
ေက်ာက္ယြဲ႔က ၾကာပြတ္ကို ခပ္ျပင္းျပင္းရိုက္လိုက္ကာ ေက်ာက္မုလ်ိႈေျမာင္ဘက္သို႔ ဒုန္းစိုင္းစီးႏွင္သြား၏။
လုေကြၽးက ၿမိဳ႔စားမင္းရံုးေတာ္ဘက္ လွည့္ၾကည့္လိုက္၏။ ဘာေၾကာင့္ရယ္မွန္းမသိ၊ သူ႔ေခါင္းပါ လိုက္ကိုက္လာသည္ဟု ခံစားလိုက္ရသည္။
ဒီၿမိဳ႔စားမင္းကေတာ့ စာနာမႈလည္းမရိွ၊ အေလ်ွာ့လည္းမေပးတတ္တဲ့ လူစားမ်ိဳးပဲထင္တယ္၊ အင္း.......
******
2021.05.24.
Thz for waiting. 💕
*****