အပိုင်း - ၉

5.8K 1.2K 167
                                    

အပိုင်း - ၉

(အဲ့ဒီမြို့စားမင်းအသစ်ကို
ငါသွားတွေ့မယ်)

[ကိုလူချောလေး ပေါက်ကွဲနေပြီ]

သို့သော် သခင်ကြီးဝမ်းကမူ ခေါင်းဆောင်ကျောက် မည်သို့တွေးမည်မှန်း စိတ်ကိုမဝင်စားကြောင်း သိသာလှပါသည်။ စာအုပ်လေးကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့အရေး စာအုပ်ရောင်းသူများနှင့် အမြန်လောဆော်ပြီးတော့သာ အလုပ်ရှုပ်နေသည်။

ချောင်ဒိုက်မှာ စုတ်ချက်အကြီးကြီးတစ်ခုကိုသုံးကာ ဆန်ကြိတ်ရန်သုံးသော ဆုံလည်အရွယ်အစားလောက်ရှိသည့် "မသေမျိုး နတ်ဒေဝတာ အပါးတစ်ရာ" ဟူသော ပန်းချီကားချပ်ကြီးကို ဂရုတစိုက်ထိုင်ဆွဲနေသည်။ ထိုပန်းချီကားထဲတွင် ဒဏ္ဍာရီလာဇာတ်ကောင်များက တိမ်တိုက်ယာဥ်ပျံကိုစီးနှင်းကာ စီးဆင်းနေသော ရေစီး​ကြောင်းနှင့် မြူခိုးထုများပေါ် ပျံသန်းနေကြသည်၊ ထိုပန်းချီကားမှာ စာအုပ်ဝယ်လျှင် ရရှိမည့် အပိုလက်ဆောင်ဖြစ်သည်။ ထို့အပြင် ထိုပန်းချီကားထဲတွင် စစ်ဝတ်တန်ဆာစုံလင်စွာ ဝတ်ဆင်ထားသော ကျောက်ယွဲ့က ဗဟိုချက်မအကျဆုံးနေရာတွင် ရှိနေပြီး၊ သူ့ပတ်ပတ်လည်တွင် ဝန်းရံထားသော ရွှေရောင်အလင်းစက်ဝန်းမှာ မြင်ရသူအပေါင်း၏ မျက်စိများကိုပင် ကျိန်းစပ်သွားစေနိုင်သည်။

ထိုသတင်းကို လွှင့်လိုက်သည်နှင့်တစ်ပြိုင်နက် မြို့သူမြို့သားများမှာ စိတ်လှုပ်ရှားကြလွန်းပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကုန်ကာ အယောက်တိုင်းလိုလိုက မနက်မိုးလင်းကတည်းကပင် ရုံးတော်ရှေ့တွင် တက်ကြွရွှင်လန်းစွာ လာရောက်တန်းစီစောင့်ဆိုင်းကြသည်။ နောက်ကျသွားပါက စာအုပ်မရလိုက်မည်ကို စိုးထိတ်နေကြ၏။ ထန်ယွင်ခံတပ်တပည့်သားများနှင့် ရုံးတော်ဝန်ထမ်းများကလည်း စာအုပ်မှာယူမှုများကို သေသေချာချာ စီစဥ်ဆောင်ရွက်နေကြရာ စာအုပ်ဖြန့်ချိရေးမြင်ကွင်းမှာ လုံးဝသက်ဝင်လှုပ်ရှားနေကြသည်။ လူတိုင်းလူတိုင်းကလည်း ပျော်ရွှင်ကာ ဖျတ်လတ်တက်ကြွနေကြသည်မှာ နှစ်သစ်ကူးအချိန်သမယလေးအလား။

Tu Fei Gong LueWhere stories live. Discover now