ဆန်းဆန်းကြီး system

By thethmue1005

1M 122K 6.7K

ကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့ More

ဆန်းဆန်းကြီး system
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
New Fic
One shot
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Arc 5.19
Arc 5.20
Arc 6.1
Arc 6.2
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12
Arc 6.13

Arc 6.3

6.5K 848 18
By thethmue1005


*Jolly က အပင်လူသားတွေကို
သူ့အတွက် အသုံးချစရာတစ်ခုလို့မြင်ပြီး
​တန်ဖိုးမထားဘူး
အသုံးလိုတဲ့ သွေးတွေအားလုံးထုတ်ယူပြီးတာနဲ့ အပင်လူသားတွေကို သတ်ပစ်လိုက်တာ
ကံဆိုးချင်တော့ Plantကလည်း
Peterနဲ့ အတူ ကစားကွင်းရောက်နေတုန်း Jolly ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်

Plantရဲ့ ပျောက်ဆုံးမှုကို Tonနဲ့ Peterက စုံစမ်းတဲ့အခါမှာ အပင်လူသားပျောက်ဆုံးမှုများစွာနဲ့ ဖမ်းဆီးထားတဲ့ နေရာကို
ရှာဖွေတွေ့ရှိခဲ့တယ်
သူတို့ရဲ့ အပင်လူသားလေး plantကို ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်
Plant ကိုယ်တိုင်က လွတ်မြောက်ဖို့ငြင်းဆန်ခဲ့တယ်
လူသားတွေကို ကယ်တင်ဖို့ သူပါဝင်​ချင်တယ် Jolly ရဲ့ အပြောကောင်းမှုမှာ နစ်မျောနေတဲ့ အပင်လူသားအားလုံးက
ဆေးဝါးဖော်ထုတ်ခြင်း ဖြစ်စဥ်မှာပါဝင်လိုကြတယ်
ရလဒ်အနေနဲ့ သေဆုံးရမယ်ဆိုတာကို မသိခဲ့ကြဘူး
ဒါကြောင့် လာရောက်ကယ်တင်ပေးတဲ့ Tonနဲ့ Peterကို အိမ်ပြန်ဖို့သာဖျောင်းဖျနေချိန်

ခြေတစ်လှမ်း အမြဲသာနေတဲ့ Jolly က
သူ​့ရဲ့ လျှိုဝှက်ချက်တွေ ပေါက်ကြားမှာ ကြောက်တာကြောင့်
Peter နဲ့ Tonကို အဲ့နေရာမှာပဲ အဆုံးသတ်ပေးလိုက်တယ်
မကြာခင်မှာ သူ့အတွက်အသက်ပေးကြတော့မယ့် အပင်လူသားလေးတွေကို Jollyက ဂရုမစိုက်နေဘူး

အမှားကြီးကြီးကျူးလွန်မိတဲ့ Plantအတွက်က နောင်တဆိုတာ အချိန်လွန်သွားခဲ့ပြီ
သူတန်ဖိုးအထားဆုံးလူနှစ်ယောက်ကို
သူကိုယ်တိုင်ပဲ သေစေမယ့်လမ်းကို တွန်းပို့ခဲ့မိတာကြောင့်
သေဆုံးပြီး systemမှာ တောင်းဆိုခဲ့တာက
Tonနဲ့ Peterကို ကာကွယ်ပေးနိုင်ဖို့
နောက်ပြီး J virus​ကြောင့် လူသားတွေ မပျက်စီးစေရေး တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပေးနိုင်ဖို့ တောင်းဆိုခဲ့တာပါ *

*နားလည်ပြီ *

*သိချင်တာရှိရင် အချိန်မရွေးနိုင်ပါတယ် host
နောက်ပြီး မူလအပင်လူသားPlantရဲ့ မှတ်ဉာဏ်တွေကို အခုပဲ ကူးပြောင်းပေးလိုက်ပါ့မယ်
အဆင်ပြေပါစေ host *

*ကောင်းပြီ xiao paing*

Xiao Paing ပြောတဲ့အရာတွေကိုပဲ စိတ်ဝင်စားနေခဲ့လို့လားမသိ
လက်ရှိအချိန်ကို ပြန်ပြီး ဂရုပြုမိချိန်မှာတော့
တောစပ်မှာ ရှိတဲ့ တစ်ထပ်အိမ်သေးသေးလေးဆီရောက်ရှိနေခဲ့ပြီ
ဒီတူဝရီးနှစ်ယောက်ရဲ့ အိမ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတယ်

လောလောဆယ်အနေအထားမှာ
ရှောင်းကျန့် ဘာကိစ္စကိုမှ ဆောင်ရွက်နိုင်ခြင်းမရှိသေး
စကားသာပြောနိုင်ပြီး မရွေ့လျားနိုင်သေးတဲ့ဘဝမှာ ဘာများထူးခြားပြီး လုပ်နိုင်မှာတဲ့လဲ
ဒီတူဝရီးနှစ်ယောက်ရဲ့ ​ထား​ရာနေစေရာသွားဘဝမှာ ကြားညှပ်ရတော့မယ့် အဖြစ်
အခုလည်း အိမ်ပြန်ရောက်ရောက်ခြင်း
သူ့ကို ထားမယ့် နေရာကို နှစ်ယောက်သားငြင်းခုန်နေကြတာ

"ဦးငယ် ပိစိကို ကျနော် အခန်းမှာပဲ ထားချင်တာ ခွင့်ပြုပေးနော် "

"မဖြစ်ဘူးလေ Peter
ဦးငယ်ပြောပြထားတယ်လေ
ပိစိ လူသားဖြစ်မှ သားခေါ်ထားလို့ရမှာ
ခုချိန်တွေက ဦးငယ်​ရဲ့ စောင့်ရှောက်မှုတွေနဲ့ ဝေးကွာလို့ မဖြစ်ဘူး
ပိစိကို အပင်မကျ လူသားမကျဖြစ်စေချင်နေတာလား "

"ဦးငယ်...ကျနော့် အခန်းမှာလာစောင့်ရှောက်ပေးလည်းရတာပဲဟာ အဝေးကြီးမှမဟုတ်တာ တစ်အိမ်ထဲမှာကိုးးး "

"မရဘူးလို့ Peter အရမ်းအန္တရာယ်များတယ်
ခုချိန်ကစပြီး ပိစိက မြေကြီးနဲ့ ကင်းကွာပြီးနေရမှာ နည်းနည်းလေးမှ လွဲလို့ မရဘူး
ပိစိသေသွားနိုင်တယ်
Peterအတွက် အပင်လူသားလေး ထပ်လုပ်ပေးလို့လည်း မရတော့ဘူးနော်"

ထိုအခါကျမှ လက်မခံချင်ခံချင်နဲ့ လက်ခံပေးတော့တယ် ကလေးတွေများမလွယ်ဘူး
ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တောင်
ဂျီကျချင်နေတာ
နောက်ဆုံးတော့လည်း လူကြီးးစကားပဲ နားထောင်ရမယ့်ဟာ

​Tonဆိုတဲ့ လူသားရဲ့ ဆန္ဒအတိုင်းပဲ
ရှောင်းကျန့်ကို သူနေမယ့် အခန်းဆီခေါ်လာတယ်
အခန်းရဲ့ ဘယ်နေရာမှာ ထားမလဲဆိုတာကိုတော့ ရှောင်းကျန့် အရမ်းစိတ်ဝင်စားတယ် မွန်းကြပ်တဲ့ နေရာမှာ ပိတ်လှောင်ထားတာမျိုးတော့ မဖြစ်ချင်ဘူး
လူသားခန္ဓာမရသေးလည်း မြင်နိုင် ကြားနိုင်နေတယ်လေ

ကံကောင်းချင်တော့ Tonဆိုတဲ့လူသားက
သူပျိုးထောင်မယ့် အပင်လူသားလေးကို အထိအခိုက်မခံစေချင်တာကြောင့်
အနီးကပ်ထားချင်ပုံရတယ်
သူ့ရဲ့ အိပ်ယာကုတင်ပေါ်ရှိတဲ့ ပြာနုနုခေါင်းအုံးလေးရဲ့ ဘေးမှာ အသေအချာ နေရာပေးတယ်
ရှောင်းကျန့်အတွက် အဆင်ပြေပေမယ့် နည်းနည်းများနီးကပ်လွန်းမနေဘူးလား

"ဒီနေ့ကစပြီး မြေကြီးနဲ့ ကင်းလွတ်သွားပေမယ့် လူသားတွေအနွေးဓာတ်ကိုတော့ လိုအပ်သေးတယ်ပိစိ
နောက်ပြီး မင်းတစ်ခုခု ဖြစ်ရင်
နေလို့အဆင်မပြေရင် တန်းပြောနော် ထိမ်ချန်မထားနဲ့
မင်းကောင်းကောင်းရှင်သန်လာဖို့ ငါအကောင်းဆုံးကြိုးစားမှာပါ "

အပင်လေးကို နေရာချပေးပြီးနောက်
လိုအပ်သည်များမှာကြားနေသည်မှာ
ရှောင်းကျန့်အားစိတ်လှုပ်ရှားစေသည်
Ton အပေါ် ရှောင်းကျန့် အမြင်တွေ ကောင်းမွန်လာစေသည်
Tonရဲ့ စိတ်ရင်းလေးကို ရှောင်းကျန့် ဘယ်လိုမှ လျစ်လျူရှု လို့မရ
စိတ်ထဲချီးမွန်းခန်းဖွင့်နေတုန်း
Ton ရဲ့ လုပ်ရပ်က ရှောင်းကျန့်အား အံ့အားသင့်စေသည်
လူပုံစံသာ ဖြစ်​နေမယ်ဆိုလျှင် မျက်လုံးတွေပြူးနေပြီး မျက်နှာလေးနီနေမှာ အသေအချာ
ယခု အပင်ပုံစံနဲ့တော့ အသံလေးကိုသာ အားကိုးနိုင်ခဲ့သည်

"လူသား..လူသား... ဘာလုပ်မို့လဲ "

"အိုးးး ပိစိ ဘာဖြစ်လို့လဲ
အဆင်မပြေတာရှိလို့လား "

တောထဲက ပြန်လာ၍ ညစ်ပတ်နေသော ခန္ဓာကို ရေချိုးသန့်ရန် ပြင်ဆင်နေချိန်
ရုတ်တရက် အပင်လေးပိစိထံမှ  အသံထွက်ပေါ်လာတာကြောင့်
Tonမှ စိတ်ပူလွန်းစွာ ပြန်မေးရသည့် အဖြစ်

"လူသား အကျီချွတ်တာ ပတ်ဝန်းကျင်ကြည့်ပါ ကျနော်က ရှက်တတ်တယ် "

"ဟင်....."

Tonအမှန်တကယ်ပဲ အံ့အားသင့်သွားရတာ
သူ့ရဲ့အပင်လူသားလေးဟာ စကားတတ်လွန်းနေတာထက် တနေ့တည်းမှာပဲ အမြင်အာရုံ ပွင့်သွားခဲ့လို
ပုံမှန်ဆို အပြောတတ်မြောက်ပြီး တစ်လကျော်ကြာမှ အမြင်အာရုံပွင့်တာပါ
သူ့ရဲ့ အပင်လူသားလေးဟာ အဆင့်တက်တာ မြန်လွန်းနေပြီမဟုတ်ပါလား

"မြင်နေရတာလား ပိစိ
ဖြေပါအုံး တကယ်ပဲ မြင်နေရတာလား"

ရှောင်းကျန့် အလွန်တရာ အံ​့သြပြနေတဲ့
Tonကို နားမလည်နိုင်ဘူး
မြင်နေရတာလားတဲ့
အင်းလေ ဒီကမ္ဘာစရောက်တည်းက မြင်ရကြားရ နေတာကြီးကို
အပင်ဖြစ်သွားရုံပါ လူကို မျက်မမြင်ဖြစ်အောင်တော့ မတွန်းပို့ကြပါနဲ့
အပင်ဘဝနဲ့တင် အတော်လေး ဂရုဏာသက်ဖို့ ကောင်းလှပါပြီ

"ဒီမှာလူသား အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကောင်းကောင်းမွန်မွန် မြင်ရတာမလို့
အဝတ်ချွတ်နေတာ အခုရပ်လိုက်ပါ "

"Hey ပိစိ မင်းရဲ့ တတ်မြောက်မှုနှုန်းတွေက
မယုံနိုင်လောက်အောင်ပါပဲ
ငါသိသလောက်ဆို အပင်လူသားတွေက လူသားအဆင့်​ကိုလုံးဝရောက်ပြီးမှ
နေ့စဥ်သုံးပစ္စည်းတွေနဲ့ လောကကြီးအကြောင်း ထပ်သင်ပေးရတာပါ

တောထဲက တောင်ကုန်းလေးပေါ်မှာ အပင်တွေနဲ့ ဝန်းရံပြီးနေခဲ့တဲ့ မင်းက
ဘာလို့ဒါတွေကို သင်ယူပြီးသားဖြစ်နေရတာလဲ "

အမ်...အဲ့လိုမျိုးကြီးလား ရှောင်းကျန့်လေးမှတ်ဉာဏ်ထဲမှာ အဲ့လိုမျိုးမဟုတ်ဘူးလေး ကမ္ဘာငါးခုကို ဖြတ်ကျော်ပြီးသားလူဆိုတော့ အားလုံးကို တတ်မြောက်နေခဲ့ ပြီးသား​
အခုတော့ ဒီလူသားကို ဘယ်လို ဖြေရှင်းချက်ပေးရပါ့

"ကျနော်ကကို ထက်မြတ်လွန်းနေတာ လူသားရဲ့  ဟီးးးးး "

ရှောင်းကျန့်သာ လူသားပုံနဲ့ဆို
သွားသုံးဆယ့်နှစ်ချောင်းလုံးဖြဲပြနေတဲ့ပုံကို Ton မြင်ရမှာ ဖြစ်ပြီး
ယခုအပင်ပုံစံနဲ့တော့ လေမတိုက်ပဲ
အရွက်လေးတွေ လှုပ်ခါနေတဲ့ အပင်သေးသေးကိုသာ Ton မြင်တွေ့ခွင့်ရခဲ့သည်

🐰Xiao Paing🐰

Cmt တွေ rpမပြန်နိုင်တာက internet စုတ်ချာလွန်းနေလို့ပါ
ခွင့်လွှတ်ပေးကြပါ😁

🐇Zawgyi🐇

တန်ဖိုးမထားဘူး

ရှာဖွေတွေ့ရှိခဲ့တယ်



*နားလည်ပြီ *

အဆင်ပြေပါစေ host *

*ကောင်းပြီ xiao paing*


လောလောဆယ်အနေအထားမှာ


"မဖြစ်ဘူးလေ Peter
ဦးငယ်ပြောပြထားတယ်လေ


ပိစိသေသွားနိုင်တယ်

ဂျီကျချင်နေတာ









"ဟင်....."


"မြင်နေရတာလား ပိစိ

မြင်နေရတာလားတဲ့







🐰Xiao Paing🐰

ခွင့်လွှတ်ပေးကြပါ😁

Continue Reading

You'll Also Like

543K 106K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
229K 41.8K 53
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
43.6K 8K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
61.9K 8.5K 32
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]