Unicode
ဧကရာဇ်ရဲ့ မူပိုင်လူ
အသက်ကြီးသော်လည်း နုပျိုနေကြောင်း ရှောင်းကျန့်က သက်သေပါပဲ။
Alphaဆိုတဲ့ ဂုဏ်ပုဒ်နှင့် ရိပေါ်ကို
နှိပ်စက်တဲ့ ဘုရင်စုတ်။
အခုလည်း ဘိုးတော် ကောင်းမှုကြောင့်
နောက်တစ်ဗိုက်။
" ဝမ်...! ဒီမယ် သားလေး ဝမ်ကျန့် ကို ကြည့်ပေးပါဦး ကျွတ်ကျွတ် "
အကိုမတိတ်ဘဲ ဂျီကျနေသည့် ဝမ်ကျန့်လေးကို သူ့အဖေက ချော့တာ ချော့သိပ်မရပေ။ လိုချင်ဦးပေါ့ ကလေး။
" ကန်းနေလား ဘုရင်စုတ်! မင်းကြောင့်
ဟောဒီမှာ ဒီဗိုက်ပူနဲ့ ကလေးချီနိုင်ပါ့မလားဟ "
ဘောင်ဆတ်ဆတ်နှင့် အော်ပြောမိတော့ သွားဖြီးရယ်ပြသည်။ တော်တော်ကို ကလိမ်ကကျစ်နိုင်တဲ့ကောင်။ အလတ်လေး ဝမ်ကျန့်တောင် တစ်နှစ်ပဲ ရှိသေး နောက်တစ်ဗိုက်ရတဲ့ အဖြစ် ငါ့နှယ် စိတ်ကုန်တယ် ။
ဟော! ဝမ်ကျန့်တို့က မထင်ရဘူး။
သူဘာသာ အငိုတိတ်ပြီး ရှောင်းကျန့်ရဲ့
ဝတ်ရုံကို ဆော့နေသည်။ ဖအေတွေ
ရန်ဖြစ်မှန်း သိလို့ ငြိမ်ကုတ်သွားတာ
ငလည်လေး။
" တတိယမြောက် သားလေးကိုတော့ ရိကျန့်လို့ ပေးကြမယ်နော် ဝမ် "
" သားမှန်း၊ သမီးမှန်းမသိဘဲ ဇွတ်နော် "
" ဟားဟား! ကိုယ်တော်က ရှောင်းကျန့်ပါကွ ... မသိဘဲနေမလား၊ ကိုယ်လုပ်လို့ ဗိုက်ထွက်လာတာကိုလေ ဟက်"
" တော်ပြီ! ဒီဗိုက် ထွက်ပြီးရင် မင်းနဲ့ ခပ်ခွာခွာနေမယ် "
" ဟာ ! အဲ့လို မရဘူးလေ ဝမ်ရာ "
ဇီးသီးရွက်လောက် ရှိသည့် မျက်နှာနှင့် ရှောင်းကျန့်က သူ့ဟာကြီး ဂူမရမှာ စိုးနေပုံပဲ။
" မရဘူး! နောက်တစ်ခါ မင်းစိတ်ထရင် မောင်းမဿိယံတွေကို ခေါ်.... "
" ဟာကွာ! ဝမ်ကလည်း ကျစ် ! "
တစ်ဖက်လှည့်ကာ မူယာပိုနေသော ကျန့်ကို ရှုတည်တည်ကြည့်ရင်း ခိုးရယ်မိသည်။ ယုန်ကြီးက စတာကို အတည် ထင်နေပုံပဲ။ ငါ့ယောက်ျားကို တခြားသူဆီ သွားခိုင်းရအောင် ငါက အရူးလား။
" ကျန့်! စတာကိုကွာ ... ဒီဘက်လှည့်ဦး "
အပြောထက်အရင် လက်က ရှောင်းကျန့် ပခုံးကို ဆုပ်ကိုင်ကာ အတင်း သူ့ဘက် လှည့်ခိုင်းသည်။ ဘာလား ကျောက်တုံးကျလို့ နေရာကကို မရွေ့ဘူး။
" သဘောလေ... မလှည့်ရင် ငါသွားပြီ "
" လှည့်ပြီ လှည့်ပြီ "
မျက်မှောက်ကြုတ်နေသည့် ကျန့်၏ နဖူးလေးကို တစ်ချက်ထုရင်း ခပ်ဟဟ ရယ်မိသည်။
" စိတ်ဆိုးနေတာကြီးကလည်း ငါ အူယားလာပြီ ကိုကိုကျန့်ရာ "
ကိုကိုကျန့်လို့ ခေါ်ရင် ရှောင်းကျန့် မျက်နှာက ဖြီးလာတတ်တာ သူသိသည်။
" ဟာ ဝမ်ကလည်းကွာ... စိတ်ထအောင် လုပ်ပြန်ပြီ "
" ငါယိုးမ ဘုရင်စုတ်! မီးပုံးလို့ ဘယ်အချိန် ပေါက်ကွဲမလဲ မသိတဲ့ ဒီဗိုက်ကို အရင်ကြည့်ပြီးမှ တဏှာ အပြောလေး ပြော "
" နောက်ကျ တွေ့မယ် လူလည်ကောင်လေး... "
ရိပေါ်ကတော့ လျှာထုတ်ပြောင်ပြကာ အသီးပန်းကန်ကို မောင်းပိုင်စီးထားသည်။ ရှောင်းကျန့်က ငါ့လင်ပါ။
သူ့ အညှာ ငါသိတာပေါ့ ဟားဟား။
အချိန်တွေကတော့ သူ့ ရဟတ် အတိုင်းကုန်ဆုံးလာကာ အကြားအမြင်ရနေတဲ့
သူယောက်ျား ရှောင်းကျန့်ကတော့
ရိကျန့်(မင်းသားသုံး)ကို ချော့မြူနေသည်။
ရိပေါ်ကတော့ ဝမ်းက ကျွတ်ရင် အစားရော၊ အအိပ်ရော သောင်းကျန်းတာ ဝက်လုံးလုံး ဖြစ်နေပြီ။ သူ့ယောက်ျားကလည်း အရမ်းကို စောင့်ထိန်းတော့လေ
သာယာနေတဲ့ သူ့ ဗိမာန်ကလေး။
သားကြီး ရှောင်းဝမ်လေးက ဝမ်ကျန့်လေးနှင့် ကစားနေပြီး ချစ်စဖွယ် သာယာတဲ့ သူတို့ မိသားစုကလေးပါလေ။
အင်း... မတော်လို့ သားတွေများ ထီးနန်းလုရင်း ဘုရားရေ ရင်ကျိုးရချည်ရဲ့။
" ကျန့် ... "
" ဗျာ "
" သားသုံးယောက်လည်း ရပြီ... ငါ အတည် နောက်ထပ် ကလေးမယူတော့ဘူး "
ထိုအခါ ရှောင်းကျန့်မှာ ပြူးတူးပြဲတဲ ချစ်သက်ထားကြင်ယာတော်လေးနား ကပ်ကာ ချွဲမိတော့သည်။သားတွေကတော့ တည်ငြိမ်တဲ့ သူတို့ အဖေကို ကြည့်ပြီး ကြောင်အအ။
" သမီးလေး တစ်ယောက် မွေးပြီးရင် တော်ပြီလေနော် ... "
" ဘာ! ရှောင်းကျန့် သေချင်းဆိုးကြီး မင်းမွေးပါလား ရား! "
ဥယျာဉ်ထဲက လသာဆောင်တွင် ထိုင်နေရင်း သားကြီး၏ စာအံသံကို နားထောင်ကာ အသီးလေးတွေ ခွံကျွေးနေမိသည်။ ရှောင်းဝမ်လေးက ဉာဏ်သိပ်ကောင်းတာမို့ အိမ်ရှေ့စံ မင်းသားလေး ဖြစ်ထိုက်ပါတယ်လေ။
"မယ်မယ်! သားကို ခမည်းတော်က ဓားရေးတွေ သင်ပေးမယ်တဲ့... သားက ဘုရင်ဖြစ်မှာဆို ဟုတ်လား မယ်မယ် "
" သားက ညီအစ်ကိုထဲမှာ အကြီးဆုံး ဖြစ်တယ်လေ .... ဓလေ့ထုံးတမ်း အရ အိမ်ရှေ့မင်းသားက တိုင်းပြည်နဲ့ ပြည်သူအပေါ် ချစ်ခင်လေးစားတဲ့ စိတ်အပြည့်နဲ့ တရားနည်းကျကျ အုပ်ချုပ်ရမှာ...
အာဏာမက်လို့ ထင်ရာစိုင်း အုပ်ချုပ်လို့မရဘူး... မယ်မယ် ယုံတယ်... သားတော်လေးက ဖခမည်းတော် သွေးအပြည့်ပါတာမို့ ကျိန်းသေ တရားသော နည်းလမ်းနဲ့ စိုးစံမယ် ဆိုတာကို "
" ဟုတ်ကဲ့ မယ်မယ် စကားကို သား မှတ်သားထားပါမယ် "
" လိမ္မာလိုက်တာ "
သား၏ ပါးလေးကို မွှေးကြူတော့ ပြုံးရပြန်သည်။ အင်း ထုံးတမ်းအရ သူက Omegaတစ်ယောက်မို့ကလေးတွေ၏ မယ်မယ် ဟု ခေါ်သော အမည်နာမလေး တစ်ခု တိုးသွားသည်။
ကျန့် လည်း သူ့မယ်တော်ကို စွပ်စွဲချောက်ချတဲ့ လူယုတ်မာ အုပ်စုကို
ရှာဖွေကာ သတ်ပစ်ခဲ့တယ်တဲ့။
တရားနည်းလမ်းကျ တရားစီရင်ဖို့ရာ
ကျန့်က သူကိုယ်တိုင် သူလက်ကို
သွေးစွန်းခံ စီရင်ခဲ့တယ်။
တာဝန်မကျေတဲ့ သားမိုက်အဖြစ်မျိုး
သူမလိုချင်ပေ။
ကိုယ့်ရဲ့ အနီးဆုံးလူတွေကလည်း
ယုံကြည်လို့မရဘူး။ ယုံကြည်လို့
ပုံအပ်ပြီး ပြောပြခဲ့သမျှ နောက်ကျောကို
ဓားနဲ့ထိုးသွားတတ်တဲ့ ကိုင်းကူးမတွေ
လောကမှာ တစ်ပုံကြီး။
အပြောချိုချိုလေးတွေနဲ့ ကပ်ဖားခဲ့ပြီး
သစ္စာဖောက်တတ်တဲ့ လူတွေ အများသား
မသိရင် ကိုယ်ကပဲ သူတို့အပေါ်
မကောင်းကြံခဲ့သလိုနဲ့ စောက်ပြစ်က
ပြောချင်ကြသေးတယ်။
သူ့ ဘယ်သူကိုမှ မယုံဘူး။ သူယုံခဲ့တာ
သူရဲ့ ခမည်းတော်၊ မယ်တော် ၊ နောက်
ရင်နှစ်သည်းချာ ကြင်ယာတော်ဝမ်ကိုပဲ
သူယုံသည်။ ဪ ယောက္ခမတွေရော
ယုံကြည်တာပေါ့ ။
အခက်အခဲတွေ ကို ကျော်လွှားခဲ့ပြီးပြီ။
ကိုယ့်အပေါ်မကောင်းတဲ့လူတွေကို
လွယ်လွယ်နဲ့ မေ့ပစ်လိုက်ပေမဲ့
စိတ်နာနေတုန်းပါပဲ။
" ကျန့်! ဝမ်ကျန့်ကို ဖေဖေဆီ ခဏပို့မလို့... သူ့အဘိုးကို လွမ်းတယ်တဲ့ "
" အင်း ဝမ် သဘောပါ... ယောက္ခမကြီးလည်း သူ့မြေးတွေနဲ့ နေချင်မှာပေါ့ "
" ကောင်းသားပဲ ၊ ရိကျန့်လေးက မငိုဘူးနော်... သိပ် ကြံ့ခိုင်တာ၊ သားလေးက
အရမ်းအေးသလိုပဲ၊ ငယ်သေးလို့သာပေါ့
ကြီးများကြီးရင် မာနကြီးတဲ့ မင်းသားလေး
ဆိုပြီး သူများတွေ ခေါ်ကုန်မှ ဖြင့် "
ရိပေါ် အပြောကြောင့် ရှောင်းကျန့် က ခပ်ပြုံးပြုံးလေး ရယ်လေသည်၊၊
" အရာအားလုံး အေးချမ်းသွားလို့လား မသိဘူး .... ကိုယ်အရမ်း စိတ်ချမ်းသာတယ် "
" ကျန့် ပျော်ရင် ငါလည်း ပျော်တာပေါ့ "
ရှောင်းကျန့်သည် ကြင်ယာတော်လေး၏ လက်ဖဝါးလေးကို သူ့ပါးထက် အပ်စေရင်း ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
" မယ်တော်က ကောင်းကင်ဘုံကနေ ကိုယ်တို့ကို စောင့်ကြည့်နေတယ်မလား "
" ဒါပေါ့... ကိုကို... ငါ့ကိုကြည့် "
ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းလေးကို စိုးထိတ်စွာ ခပ်ဖွဖွ ပွတ်ပေးရင်း
နှာဖျားချင်း ထိစပ်လိုက်မိသည်။
" နောက်တစ်ခါ မငိုနဲ့တော့နော် .... အရှင်က ကလေးဆန်လိုက်တာ ဟားဟား "
" ကြည့်စမ်း! ပြောင်ရဲတယ်ပေါ့ "
" ဘာဖြစ်လဲကွာ "
" ( .... ) ဖြစ်တယ် "
" ဟား ယားတယ် ကျန့်.... ကိုကို လို့ဆို "
ဆောင်တော်ကူးပန်းကလေးတွေက မက်မွန်ပန်းတွေ ကြား ပေါက်နေရင်း ချစ်ခြင်း ရနံ့ မွှေးထုံကြိုင်နေလေသည်။
****
" အထိန်းတော်ယင်း အငယ်လေး ရှောင်းရိ ရော "
" ဟိုလေ... "
" တောက်! နန်းပြင် ခိုးထွက်ပြန်ပြီပေါ့ "
ရိပေါ်မှာ ကိုယ်တဆတ်ဆတ်တုန်ကာ ဒေါသထွက်နေသလောက် ရှောင်းကျန့်က အေးအေးလူလူပင် အစီရင်ခံစာတွေ ဖတ်နေလေသည်။
ကုန်းကုန်းယင်းက ရှောင်းရိလေး အထိန်းတော်မို့ ကြောက်နေပုံပင်။ တကယ်ပါ မင်းသမီးလေးက အငြိမ်မနေတတ်တဲ့ ပြဿနာ ရှာတတ်တဲ့ အမွှေလေးမို့ ကုန်းကုန်း ခမျာ လည်ပင်း မြဲဖို့ ဆုတောင်းနေရသည်။
နောက်တော့ ကုန်းကုန်းယင်းကို အပြင်ထွင်ဖို့ လက်ပြလိုက်ပြီး သူ့ယောက်ျား ထိုင်ရာ ပုလ္လင်ထက် ထိုင်ပြီး စာဖတ်နေသည့် ရှောင်းကျန့် ပေါင်ပေါ် ခေါင်းအုံးလိုက်သည်။
" ရှောင်းကျန့်! ငုတ်တုတ်ကြီးပဲ ထိုင်မနေနဲ့လေဗျာ.... မင်းသမီးလေး ပျောက်နေပါတယ် ဆိုမှ ဟင်း "
" ဝမ်ရယ်... သမီးက သူ့အစ်ကိုကြီးဆီ သွားမှာပေါ့ "
ရှောင်းကျန့်က သူ့သမီးအကြောင်း သိနေ၍ တည်ငြိမ်လှသည်။ သမီးက အိမ်ရှေ့စံ မင်းသားလေးကို တော်တော်ချစ်သည်။
ရှောင်းဝမ်ကလည်း သူ့ညီမတော်ကို အလိုလိုက်သည်။ ဟိုကလည်း အဲ့တာကြောင့် ဆိုးသွမ်းနေတာပေါ့။
ဝမ်ကျန့်ကကျ သူကိုယ်တိုင်ကပင် ဆိုးသည်။ သမီးနှင့် အမြဲ ကြောင်နှင့် ကြွက်ပမာ ရန်ဖြစ်သည်။
ရိကျန့်နှင့်ကျ ရိကျန့်က အေးအေးတည်တည်ငြိမ်ငြိမ် နေတတ်တော့ သမီးက ကြောက်နေဟန် အနားမကပ်ရဲရှာပေ။ ရိကျန့်က အနေတည်ပေမဲ့ သူ့မိသားစုကို သိပ်ချစ်ရှာတယ်။
ဝမ်ကြင်ယာတော်လေးကတော့ အရမ်း စိတ်ဆတ်လာပါသည်၊ အထူးသဖြင့် အငယ်ဆုံး ရှောင်းရိနှင့် ဝမ်ကျန့်ကို ထိန်းမရနိုင်၍ အပြစ်လုပ်လာရင် အပြစ်သာ ပေးတော့သည်။ ရှောင်းကျန့်ကတော့ ဖခင်စိတ်ရှိလား မသိဘူး။ အေးအေးဆေးဆေးပဲ။
" မင်းသမီးက တော်တော်ကို ဆိုးလာတာ... အဲ့တာ ဘုရင်စုတ်ကြောင့်ပေါ့...
မင်းနဲ့ ရတဲ့ မျှောက်လောင်း နှစ်ယောက် ထိန်းမနိုင်ဘူး "
" မယ်မယ်နော်... ကိုယ့်သမီးကို တန်ဖိုးမထားသလို ပြောဆိုနေလိုက်တာ... နှာချေတယ်ဆိုပြီး ထူးဆန်းနေတာ ဟွန့် မယ်မယ်က သမီးနဲ့ ကိုကိုနှစ် ကို အတင်းပြောနေတာပေါ့ .... ရိလေး စိတ်ဆိုးတယ် "
အမလေး! ဒီအငယ်မ နတ်ဆရာမ ဖြစ်သင့်တာ၊ သူ့အကြောင်းလေး ပြောရုံနှင့် မယ်မင်းကြီးမက ရောက်လာပြီ။ အစ်ကိုတစ် လက်ကို ခိုစီးကာ မျက်နှာကြောက မိုးပေါ် မြင့်နေသယောင်။
" ကောင်မစုတ်လေး! အပြစ်လုပ်ထားပြီး နည်းနည်းမှ လေမလျော့ဘူး "
သူ့ဘေးက အစ်ကိုတော်က ပြုံးကာ ခမည်းတော်နှင့် မယ်တော်ကို ဂါရဝ ပြုဖို့ ခါးကုန်းလိုက်သည်။
" မယ်မယ်နှင့် ခမည်းတော်ကို သားတော် ဂါရဝ ပြုပါတယ် "
" ထပါ မင်းသားတစ်... ငါ့သားလေး မတွေ့တာကြာလို့ ဒီမယ်မယ်က လွမ်းနေတာ "
သား၏ လက်ကို ဆုပ်ကိုင်ရင်း ရိပေါ် စကားဆိုတော့ အငယ်မက မဲ့ရွဲ့သည်။ "မယ်မယ်က ဘက်လိုက်တယ် " ဆိုပြီး ငူစူကာ ဆိုလေသည်။
" မင်းသားတစ် ရောက်လာပြီ ယေး အစ်ကိုကြီး "
ဝမ်ကျန့် ၏ အော်သံက ပြဲပြဲစင်လျက် မင်းသားဖြစ်ပြီး ဗရုတ်သုတ်ခနှင့် နေတတ်သည်။ ရိကျန့်လေးက အနေအေးစွာ တည်ငြိမ်းစွာ လျှောက်လာသည်။
" ဝမ်ကျန့်... တအားကို လှုပ်ခတ်နေတာပဲ ၊ ဝတ်စားပုံကလည်း ငါနှယ် စိတ်ညစ်တယ်! မင်း ညီ ရိကျန့်လို တည်တည်ငြိမ်ငြိမ် နေစမ်းပါ ကောင်စုတ်လေး "
" မယ်မယ်ကလည်းဗျာ ညီလေးက ရေခဲပြင်အတိုင်း သူအနားရောက်ရင် ကျွန်တော် တစ်ကိုယ်လုံး အေးခဲသွားသလိုပဲ "
" ငါ့သားငယ်က တည်ငြိမ်တာကိုး "
ဝမ်ကျန့်က နှာနှာခေါင်းရှုံ့ပြလေသည်။သူစိတ်ထဲလည်း သူနေချင်သလို နေမဲ့ ဆိုက်နှင့်။
" ကဲကဲ လူစုံတုန်း ညစာ အတူစားကြတာပေါ့ .... အိမ်ရှေ့စံလေးနဲ့လည်း ဆွေးနွေးစရာ ရှိသေးတယ် "
ရှောင်းကျန့်အသံကြောင့် အကုန် ငြိမ်ကုန်သည်။
" ဟုတ်ကဲ့ပါ ခမည်းတော် "
ရှောင်းကျန့်က ဘုရားစူး သူ့ကလေးတွေရှေ့ကျ ကျောက်တုံးလို ခပ်တည်တည် မျက်နှာပေးနှင့် နေတတ်သည်။ ကလေးတွေကလည်း သူ့တို့ ဖအေကြောင့် ရိုသေလိုက်ကြတာ တုန်လို့ပဲ။ မကျေနပ်ဘူး။
သူမွေးတဲ့သားသုံးယောက်လုံး Alphaတွေ ဖြစ်ကြပေမဲ့ ဝမ်ကျန့်လို စပ်စလူးက alphaမှ ဟုတ်ရဲ့လား တွေးရတဲ့အထိ၊ သမီးလေးကတော့ ထားပါ၊ အလတ်ကောင်ကတော့ လွန်တာပေါ့ ။
ညစာစားချိန်ရောက်တော့ ရှောင်းကျန့်က စကားဆိုသည်။ မက်မွန်ရေနွေးကို ငဲ့သောက်ကာ ပြုံးသည်။
" အိမ်ရှေ့စံလေး လက်ဆက်ဖို့ အချိန်ရောက်နေပြီမလား၊ သားတော် ရင်ထဲ သဘောကျတဲ့သူ မရှိဘူးလား "
ရှောင်းဝမ်က ပြုံးလေသည်။ အပြုံးကို မြင်ရုံနှင့် ဟင်း... ။
" သားတော် မလိမ်ပါဘူး ခမည်းတော်... သဘောကျနေတဲ့ မိန်းကလေး ရှိပါတယ် "
" ကောင်းပြီလေ .... သားတော် သဘောကျရင် ခမည်းတော် ဘာမှ မကန့်ကွက်ပါဘူး.... ဒါပေမဲ့ တိုင်းပြည်ရဲ့ မိဖုရားခေါင်က ကြင်နာစိတ်နဲ့ နှလုံးလှစွာ သားဘေးမှာ ဓားတစ်လက်လို အမြဲ အသင့်ရှိနေရမယ်... ဥပမာ_သားတို့ရဲ့ မယ်မယ်လို ပေါ့ "
" ဟုတ်ကဲ့ သား နားလည်ပါတယ် ခမည်းတော်... နောက်တစ်နေ့ သူ့ကို နန်းတော် ခေါ်လာပြီး မယ်မယ်ဆီက ပညာတွေ သင်ယူခိုင်းလိုက်ပါမယ် "
" ကောင်းပါပြီ "
ထို့နောက် ညစာစားဝိုင်းလေးက အငယ်တွေ၏ စကားသံတွေ ဆူညံ့နေတော့သည်။ အစ်ကိုကြီး၏ ကြင်ယာတော်ကို သိချင်နေကြ၍ စကားနာထိုးနေကြလေရဲ့။
ရိပေါ်ကတော့ ဘာမှ ဝင်မပြောပေမဲ့ မျက်နှာ မကောင်းလှပေ။ သူ မွေးထားတဲ့ သားလေးမို့ မိဘ အတ္တ အရ နှမြောတယ်။
လမင်းလေးက အထက်ကောင်းကင်ယံကနေ ဝလုံးလေး ပမာ ဝိုင်းဝန်းကာ အနက်ရောင် လောကကြီးကို အလင်းပေးနေလေရဲ့။
ညဝတ်အင်္ကျီ အပါးလေးနှင့် ရိပေါ်က အခန်းပြတင်းပေါက်ကနေ လမင်းကြီးကို ငေးနေလေသည်။
ခါးတစ်ဝိုက်ကို လာသိုင်းဖက်ခံရတော့ ပြုံးလိုက်မိသည်။ ကျန့်၏ ရနံ့လေးက သူ့အတွက် အမွှေးရနံ့လို အိပ်မွေ့ချစေသည်။
" ကလေးတို့ရဲ့ မယ်မယ်လေး မအိပ်သေးဘူးလား ဟင် "
" စဉ်းစားနေတာ.....သားကြီးတောင် အရွယ်ရောက်လို့ ကြင်ယာစုံတော့မယ်... အချိန်တွေက မြန်လိုက်တာနော် "
" ဟုတ်တယ် ဝမ်... ကိုယ်တို့လည်း အသက်ကြီးနေပြီပဲ "
" ယုန်စုတ်က အသက်ကြီးတော့ အားဘယ်ရှိပါ့မလဲ "
" ဟာကွာ ပြရသေးတာပေါ့ "
ချာခနဲ ရိပေါ် ကိုယ်ကို သူ့ဘက် လှည့်စေကာ နှုတ်ခမ်းလေးကို ငုံ့နမ်းသည်။ ခံစားချက်က အရင်တုန်းက အတိုင်းပဲ။
" ချစ်တယ်.... သိပ်ချစ်တယ် "
" ကျန့်... ငါရောပဲ ချစ်တယ် "
လောကကြီးကို ခြေဆန့်ပြီး ဝမ်နဲ့
ကိုယ် လျှောက်လှမ်းကြမယ်၊၊
နွေးထွေးတဲ့ သားသမီးတို့ရဲ့
လက်အောက်မှာ သူတို့ တိုင်းပြည်လေး
အေးချမ်းလိမ့်မယ်လို့ မျှော်မှန်းရင်း....
ဘဝတသက်တာ ထာဝရ
ကြင်နာသူ ရင်ခွင် မှေးစက်
ကျွန်တော့်ရဲ့ ဧကရာဇ်
ကျွန်တော်က
ဧကရာဇ် ရဲ့ မူပိုင်လူ
❁ ပြီး
~~ပါ~~
ပြီ ❁
အပိုင်း(၁) ကနေ (၂၀)ထိ ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ၊ review ပေးပေးကြတဲ့ မိမောင် နှင့် Reader လေးတွေကိုရော ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ၊၊ Silent Reader တွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်၊၊ [ကိုယ့်စာတွေကို author တွေက လာဖတ်မယ်လို့တော့ မထင် ( ఠ ͟ಠ ) ]
ကိုယ်ကိုကိုယ့် Author တစ်ယောက် အဖြစ် ယူဆမထားပါဘူး၊၊ စာရေးတာ ဝါသနာမို့ ကိုယ့်စာကို ချစ်ပေးကြတဲ့ ကျေးဇူးတင်ပါတယ်၊၊ အသစ်တွေမှာ ထပ်တွေ့ပါမယ်နော်၊၊ Facebook မသုံးတော့လို့ Wp chat boxကနေ ပြောစရာစကားလေးတွေရှိ ရင် လာပြောလို့ ရပါတယ်🤩။ အရင်တုန်းက ကလေးဆန်ဆန် တဇွတ်တိုးလုပ်ခဲ့တာ များလို့ ကိုယ်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ သူတွေကိုလည်း တကယ် တောင်းပန်ပါတယ် ။
Revolution မှာ ပါဝင်ကြတဲ့ reader တွေအကုန်လုံး ပင်ပန်းနေကြပေမဲ့ ရှေ့ဆက် အားတင်းထားကြပါ၊၊
🚫No Extra 🚫(✷‿✷)
Zawgyi
ဧကရာဇ္ရဲ႕ မူပိုင္လူ
အသက္ႀကီးေသာ္လည္း ႏုပ်ိဳေနေၾကာင္း ေရွာင္းက်န့္က သက္ေသပါပဲ။
Alphaဆိုတဲ့ ဂုဏ္ပုဒ္ႏွင့္ ရိေပၚကို
ႏွိပ္စက္တဲ့ ဘုရင္စုတ္။
အခုလည္း ဘိုးေတာ္ ေကာင္းမႈေၾကာင့္
ေနာက္တစ္ဗိုက္။
" ဝမ္...! ဒီမယ္ သားေလး ဝမ္က်န႔္ ကို ၾကည့္ေပးပါဦး ကြၽတ္ကြၽတ္ "
အကိုမတိတ္ဘဲ ဂ်ီက်ေနသည့္ ဝမ္က်န႔္ေလးကို သူ႕အေဖက ေခ်ာ့တာ ေခ်ာ့သိပ္မရေပ။ လိုခ်င္ဦးေပါ့ ကေလး။
" ကန္းေနလား ဘုရင္စုတ္! မင္းေၾကာင့္
ေဟာဒီမွာ ဒီဗိုက္ပူနဲ႕ ကေလးခ်ီနိုင္ပါ့မလားဟ "
ေဘာင္ဆတ္ဆတ္ႏွင့္ ေအာ္ေျပာမိေတာ့ သြားၿဖီးရယ္ျပသည္။ ေတာ္ေတာ္ကို ကလိမ္ကက်စ္နိုင္တဲ့ေကာင္။ အလတ္ေလး ဝမ္က်န႔္ေတာင္ တစ္ႏွစ္ပဲ ရွိေသး ေနာက္တစ္ဗိုက္ရတဲ့ အျဖစ္ ငါ့ႏွယ္ စိတ္ကုန္တယ္ ။
ေဟာ! ဝမ္က်န႔္တို႔က မထင္ရဘူး။
သူဘာသာ အငိုတိတ္ၿပီး ေရွာင္းက်န႔္ရဲ႕
ဝတ္႐ုံကို ေဆာ့ေနသည္။ ဖေအေတြ
ရန္ျဖစ္မွန္း သိလို႔ ၿငိမ္ကုတ္သြားတာ
ငလည္ေလး။
" တတိယေျမာက္ သားေလးကိုေတာ့ ရိက်န႔္လို႔ ေပးၾကမယ္ေနာ္ ဝမ္ "
" သားမွန္း၊ သမီးမွန္းမသိဘဲ ဇြတ္ေနာ္ "
" ဟားဟား! ကိုယ္ေတာ္က ေရွာင္းက်န႔္ပါကြ ... မသိဘဲေနမလား၊ ကိုယ္လုပ္လို႔ ဗိုက္ထြက္လာတာကိုေလ ဟက္"
" ေတာ္ၿပီ! ဒီဗိုက္ ထြက္ၿပီးရင္ မင္းနဲ႕ ခပ္ခြာခြာေနမယ္ "
" ဟာ ! အဲ့လို မရဘူးေလ ဝမ္ရာ "
ဇီးသီး႐ြက္ေလာက္ ရွိသည့္ မ်က္ႏွာႏွင့္ ေရွာင္းက်န႔္က သူ႕ဟာႀကီး ဂူမရမွာ စိုးေနပုံပဲ။
" မရဘူး! ေနာက္တစ္ခါ မင္းစိတ္ထရင္ ေမာင္းမႆိယံေတြကို ေခၚ.... "
" ဟာကြာ! ဝမ္ကလည္း က်စ္ ! "
တစ္ဖက္လွည့္ကာ မူယာပိုေနေသာ က်န႔္ကို ရႈတည္တည္ၾကည့္ရင္း ခိုးရယ္မိသည္။ ယုန္ႀကီးက စတာကို အတည္ ထင္ေနပုံပဲ။ ငါ့ေယာက္်ားကို တျခားသူဆီ သြားခိုင္းရေအာင္ ငါက အ႐ူးလား။
" က်န႔္! စတာကိုကြာ ... ဒီဘက္လွည့္ဦး "
အေျပာထက္အရင္ လက္က ေရွာင္းက်န႔္ ပခုံးကို ဆုပ္ကိုင္ကာ အတင္း သူ႕ဘက္ လွည့္ခိုင္းသည္။ ဘာလား ေက်ာက္တုံးက်လိဳ႕ ေနရာကကို မေ႐ြ႕ဘူး။
" သေဘာေလ... မလွည့္ရင္ ငါသြားၿပီ "
" လွည့္ၿပီ လွည့္ၿပီ "
မ်က္ေမွာက္ၾကဳတ္ေနသည့္ က်န႔္၏ နဖူးေလးကို တစ္ခ်က္ထုရင္း ခပ္ဟဟ ရယ္မိသည္။
" စိတ္ဆိုးေနတာႀကီးကလည္း ငါ အူယားလာၿပီ ကိုကိုက်န႔္ရာ "
ကိုကိုက်န႔္လို႔ ေခၚရင္ ေရွာင္းက်န႔္ မ်က္ႏွာက ၿဖီးလာတတ္တာ သူသိသည္။
" ဟာ ဝမ္ကလည္းကြာ... စိတ္ထေအာင္ လုပ္ျပန္ၿပီ "
" ငါယိုးမ ဘုရင္စုတ္! မီးပုံးလို႔ ဘယ္အခ်ိန္ ေပါက္ကြဲမလဲ မသိတဲ့ ဒီဗိုက္ကို အရင္ၾကည့္ၿပီးမွ တဏွာ အေျပာေလး ေျပာ "
" ေနာက္က် ေတြ႕မယ္ လူလည္ေကာင္ေလး... "
ရိေပၚကေတာ့ လွ်ာထုတ္ေျပာင္ျပကာ အသီးပန္းကန္ကို ေမာင္းပိုင္စီးထားသည္။ ေရွာင္းက်န႔္က ငါ့လင္ပါ။
သူ႕ အညွာ ငါသိတာေပါ့ ဟားဟား။
အခ်ိန္ေတြကေတာ့ သူ႕ ရဟတ္ အတိုင္းကုန္ဆုံးလာကာ အၾကားအျမင္ရေနတဲ့
သူေယာက္်ား ေရွာင္းက်န႔္ကေတာ့
ရိက်န႔္(မင္းသားသုံး)ကို ေခ်ာ့ျမဴေနသည္။
ရိေပၚကေတာ့ ဝမ္းက ကြၽတ္ရင္ အစားေရာ၊ အအိပ္ေရာ ေသာင္းက်န္းတာ ဝက္လုံးလုံး ျဖစ္ေနၿပီ။ သူ႕ေယာက္်ားကလည္း အရမ္းကို ေစာင့္ထိန္းေတာ့ေလ
သာယာေနတဲ့ သူ႕ ဗိမာန္ကေလး။
သားႀကီး ေရွာင္းဝမ္ေလးက ဝမ္က်န႔္ေလးႏွင့္ ကစားေနၿပီး ခ်စ္စဖြယ္ သာယာတဲ့ သူတို႔ မိသားစုကေလးပါေလ။
အင္း... မေတာ္လို႔ သားေတြမ်ား ထီးနန္းလုရင္း ဘုရားေရ ရင္က်ိဳးရခ်ည္ရဲ႕။
" က်န႔္ ... "
" ဗ်ာ "
" သားသုံးေယာက္လည္း ရၿပီ... ငါ အတည္ ေနာက္ထပ္ ကေလးမယူေတာ့ဘူး "
ထိုအခါ ေရွာင္းက်န႔္မွာ ျပဴးတူးၿပဲတဲ ခ်စ္သက္ထားၾကင္ယာေတာ္ေလးနား ကပ္ကာ ခြၽဲမိေတာ့သည္။သားေတြကေတာ့ တည္ၿငိမ္တဲ့ သူတို႔ အေဖကို ၾကည့္ၿပီး ေၾကာင္အအ။
" သမီးေလး တစ္ေယာက္ ေမြးၿပီးရင္ ေတာ္ၿပီေလေနာ္ ... "
" ဘာ! ေရွာင္းက်န႔္ ေသခ်င္းဆိုးႀကီး မင္းေမြးပါလား ရား! "
ဥယ်ာဥ္ထဲက လသာေဆာင္တြင္ ထိုင္ေနရင္း သားႀကီး၏ စာအံသံကို နားေထာင္ကာ အသီးေလးေတြ ခြံေကြၽးေနမိသည္။ ေရွာင္းဝမ္ေလးက ဉာဏ္သိပ္ေကာင္းတာမို႔ အိမ္ေရွ႕စံ မင္းသားေလး ျဖစ္ထိုက္ပါတယ္ေလ။
"မယ္မယ္! သားကို ခမည္းေတာ္က ဓားေရးေတြ သင္ေပးမယ္တဲ့... သားက ဘုရင္ျဖစ္မွာဆို ဟုတ္လား မယ္မယ္ "
" သားက ညီအစ္ကိုထဲမွာ အႀကီးဆုံး ျဖစ္တယ္ေလ .... ဓေလ့ထုံးတမ္း အရ အိမ္ေရွ႕မင္းသားက တိုင္းျပည္နဲ႕ ျပည္သူအေပၚ ခ်စ္ခင္ေလးစားတဲ့ စိတ္အျပည့္နဲ႕ တရားနည္းက်က် အုပ္ခ်ဳပ္ရမွာ...
အာဏာမက္လို႔ ထင္ရာစိုင္း အုပ္ခ်ဳပ္လို႔မရဘူး... မယ္မယ္ ယုံတယ္... သားေတာ္ေလးက ဖခမည္းေတာ္ ေသြးအျပည့္ပါတာမို႔ က်ိန္းေသ တရားေသာ နည္းလမ္းနဲ႕ စိုးစံမယ္ ဆိုတာကို "
" ဟုတ္ကဲ့ မယ္မယ္ စကားကို သား မွတ္သားထားပါမယ္ "
" လိမၼာလိုက္တာ "
သား၏ ပါးေလးကို ေမႊးၾကဴေတာ့ ၿပဳံးရျပန္သည္။ အင္း ထုံးတမ္းအရ သူက Omegaတစ္ေယာက္မို႔ကေလးေတြ၏ မယ္မယ္ ဟု ေခၚေသာ အမည္နာမေလး တစ္ခု တိုးသြားသည္။
က်န႔္ လည္း သူ႕မယ္ေတာ္ကို စြပ္စြဲေခ်ာက္ခ်တဲ့ လူယုတ္မာ အုပ္စုကို
ရွာေဖြကာ သတ္ပစ္ခဲ့တယ္တဲ့။
တရားနည္းလမ္းက် တရားစီရင္ဖို႔ရာ
က်န႔္က သူကိုယ္တိုင္ သူလက္ကို
ေသြးစြန္းခံ စီရင္ခဲ့တယ္။
တာဝန္မေက်တဲ့ သားမိုက္အျဖစ္မ်ိဳး
သူမလိုခ်င္ေပ။
ကိုယ့္ရဲ႕ အနီးဆုံးလူေတြကလည္း
ယုံၾကည္လို႔မရဘူး။ ယုံၾကည္လို႔
ပုံအပ္ၿပီး ေျပာျပခဲ့သမွ် ေနာက္ေက်ာကို
ဓားနဲ႕ထိုးသြားတတ္တဲ့ ကိုင္းကူးမေတြ
ေလာကမွာ တစ္ပုံႀကီး။
အေျပာခ်ိဳခ်ိဳေလးေတြနဲ႕ ကပ္ဖားခဲ့ၿပီး
သစၥာေဖာက္တတ္တဲ့ လူေတြ အမ်ားသား
မသိရင္ ကိုယ္ကပဲ သူတို႔အေပၚ
မေကာင္းႀကံခဲ့သလိုနဲ႕ ေစာက္ျပစ္က
ေျပာခ်င္ၾကေသးတယ္။
သူ႕ ဘယ္သူကိုမွ မယုံဘူး။ သူယုံခဲ့တာ
သူရဲ႕ ခမည္းေတာ္၊ မယ္ေတာ္ ၊ ေနာက္
ရင္ႏွစ္သည္းခ်ာ ၾကင္ယာေတာ္ဝမ္ကိုပဲ
သူယုံသည္။ ဪ ေယာကၡမေတြေရာ
ယုံၾကည္တာေပါ့ ။
အခက္အခဲေတြ ကို ေက်ာ္လႊားခဲ့ၿပီးၿပီ။
ကိုယ့္အေပၚမေကာင္းတဲ့လူေတြကို
လြယ္လြယ္နဲ႕ ေမ့ပစ္လိုက္ေပမဲ့
စိတ္နာေနတုန္းပါပဲ။
" က်န႔္! ဝမ္က်န႔္ကို ေဖေဖဆီ ခဏပို႔မလို႔... သူ႕အဘိုးကို လြမ္းတယ္တဲ့ "
" အင္း ဝမ္ သေဘာပါ... ေယာကၡမႀကီးလည္း သူ႕ေျမးေတြနဲ႕ ေနခ်င္မွာေပါ့ "
" ေကာင္းသားပဲ ၊ ရိက်န႔္ေလးက မငိုဘူးေနာ္... သိပ္ ႀကံ့ခိုင္တာ၊ သားေလးက
အရမ္းေအးသလိုပဲ၊ ငယ္ေသးလို႔သာေပါ့
ႀကီးမ်ားႀကီးရင္ မာနႀကီးတဲ့ မင္းသားေလး
ဆိုၿပီး သူမ်ားေတြ ေခၚကုန္မွ ျဖင့္ "
ရိေပၚ အေျပာေၾကာင့္ ေရွာင္းက်န့္ က ခပ္ၿပဳံးၿပဳံးေလး ရယ္ေလသည္၊၊
" အရာအားလုံး ေအးခ်မ္းသြားလို႔လား မသိဘူး .... ကိုယ္အရမ္း စိတ္ခ်မ္းသာတယ္ "
" က်န့္ ေပ်ာ္ရင္ ငါလည္း ေပ်ာ္တာေပါ့ "
ေရွာင္းက်န႔္သည္ ၾကင္ယာေတာ္ေလး၏ လက္ဖဝါးေလးကို သူ႕ပါးထက္ အပ္ေစရင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္မိသည္။
" မယ္ေတာ္က ေကာင္းကင္ဘုံကေန ကိုယ္တို႔ကို ေစာင့္ၾကည့္ေနတယ္မလား "
" ဒါေပါ့... ကိုကို... ငါ့ကိုၾကည့္ "
ေငြ႕ရည္ဖြဲ႕ေနသည့္ မ်က္ဝန္းေလးကို စိုးထိတ္စြာ ခပ္ဖြဖြ ပြတ္ေပးရင္း
ႏွာဖ်ားခ်င္း ထိစပ္လိုက္မိသည္။
" ေနာက္တစ္ခါ မငိုနဲ႕ေတာ့ေနာ္ .... အရွင္က ကေလးဆန္လိုက္တာ ဟားဟား "
" ၾကည့္စမ္း! ေျပာင္ရဲတယ္ေပါ့ "
" ဘာျဖစ္လဲကြာ "
" ( .... ) ျဖစ္တယ္ "
" ဟား ယားတယ္ က်န႔္.... ကိုကို လို႔ဆို "
ေဆာင္ေတာ္ကူးပန္းကေလးေတြက မက္မြန္ပန္းေတြ ၾကား ေပါက္ေနရင္း ခ်စ္ျခင္း ရနံ႕ ေမႊးထုံႀကိဳင္ေနေလသည္။
****
" အထိန္းေတာ္ယင္း အငယ္ေလး ေရွာင္းရိ ေရာ "
" ဟိုေလ... "
" ေတာက္! နန္းျပင္ ခိုးထြက္ျပန္ၿပီေပါ့ "
ရိေပၚမွာ ကိုယ္တဆတ္ဆတ္တုန္ကာ ေဒါသထြက္ေနသေလာက္ ေရွာင္းက်န႔္က ေအးေအးလူလူပင္ အစီရင္ခံစာေတြ ဖတ္ေနေလသည္။
ကုန္းကုန္းယင္းက ေရွာင္းရိေလး အထိန္းေတာ္မို႔ ေၾကာက္ေနပုံပင္။ တကယ္ပါ မင္းသမီးေလးက အၿငိမ္မေနတတ္တဲ့ ျပႆနာ ရွာတတ္တဲ့ အေမႊေလးမို႔ ကုန္းကုန္း ခမ်ာ လည္ပင္း ၿမဲဖို႔ ဆုေတာင္းေနရသည္။
ေနာက္ေတာ့ ကုန္းကုန္းယင္းကို အျပင္ထြင္ဖို႔ လက္ျပလိုက္ၿပီး သူ႕ေယာက္်ား ထိုင္ရာ ပုလႅင္ထက္ ထိုင္ၿပီး စာဖတ္ေနသည့္ ေရွာင္းက်န႔္ ေပါင္ေပၚ ေခါင္းအုံးလိုက္သည္။
" ေရွာင္းက်န႔္! ငုတ္တုတ္ႀကီးပဲ ထိုင္မေနနဲ႕ေလဗ်ာ.... မင္းသမီးေလး ေပ်ာက္ေနပါတယ္ ဆိုမွ ဟင္း "
" ဝမ္ရယ္... သမီးက သူ႕အစ္ကိုႀကီးဆီ သြားမွာေပါ့ "
ေရွာင္းက်န႔္က သူ႕သမီးအေၾကာင္း သိေန၍ တည္ၿငိမ္လွသည္။ သမီးက အိမ္ေရွ႕စံ မင္းသားေလးကို ေတာ္ေတာ္ခ်စ္သည္။
ေရွာင္းဝမ္ကလည္း သူ႕ညီမေတာ္ကို အလိုလိုက္သည္။ ဟိုကလည္း အဲ့တာေၾကာင့္ ဆိုးသြမ္းေနတာေပါ့။
ဝမ္က်န႔္ကက် သူကိုယ္တိုင္ကပင္ ဆိုးသည္။ သမီးႏွင့္ အၿမဲ ေၾကာင္ႏွင့္ ႂကြက္ပမာ ရန္ျဖစ္သည္။
ရိက်န႔္ႏွင့္က် ရိက်န႔္က ေအးေအးတည္တည္ၿငိမ္ၿငိမ္ ေနတတ္ေတာ့ သမီးက ေၾကာက္ေနဟန္ အနားမကပ္ရဲရွာေပ။ ရိက်န႔္က အေနတည္ေပမဲ့ သူ႕မိသားစုကို သိပ္ခ်စ္ရွာတယ္။
ဝမ္ၾကင္ယာေတာ္ေလးကေတာ့ အရမ္း စိတ္ဆတ္လာပါသည္၊ အထူးသျဖင့္ အငယ္ဆုံး ေရွာင္းရိႏွင့္ ဝမ္က်န႔္ကို ထိန္းမရနိုင္၍ အျပစ္လုပ္လာရင္ အျပစ္သာ ေပးေတာ့သည္။ ေရွာင္းက်န႔္ကေတာ့ ဖခင္စိတ္ရွိလား မသိဘူး။ ေအးေအးေဆးေဆးပဲ။
" မင္းသမီးက ေတာ္ေတာ္ကို ဆိုးလာတာ... အဲ့တာ ဘုရင္စုတ္ေၾကာင့္ေပါ့...
မင္းနဲ႕ ရတဲ့ ေမွ်ာက္ေလာင္း ႏွစ္ေယာက္ ထိန္းမနိုင္ဘူး "
" မယ္မယ္ေနာ္... ကိုယ့္သမီးကို တန္ဖိုးမထားသလို ေျပာဆိုေနလိုက္တာ... ႏွာေခ်တယ္ဆိုၿပီး ထူးဆန္းေနတာ ဟြန႔္ မယ္မယ္က သမီးနဲ႕ ကိုကိုႏွစ္ ကို အတင္းေျပာေနတာေပါ့ .... ရိေလး စိတ္ဆိုးတယ္ "
အမေလး! ဒီအငယ္မ နတ္ဆရာမ ျဖစ္သင့္တာ၊ သူ႕အေၾကာင္းေလး ေျပာ႐ုံႏွင့္ မယ္မင္းႀကီးမက ေရာက္လာၿပီ။ အစ္ကိုတစ္ လက္ကို ခိုစီးကာ မ်က္ႏွာေၾကာက မိုးေပၚ ျမင့္ေနသေယာင္။
" ေကာင္မစုတ္ေလး! အျပစ္လုပ္ထားၿပီး နည္းနည္းမွ ေလမေလ်ာ့ဘူး "
သူ႕ေဘးက အစ္ကိုေတာ္က ၿပဳံးကာ ခမည္းေတာ္ႏွင့္ မယ္ေတာ္ကို ဂါရဝ ျပဳဖို႔ ခါးကုန္းလိုက္သည္။
" မယ္မယ္ႏွင့္ ခမည္းေတာ္ကို သားေတာ္ ဂါရဝ ျပဳပါတယ္ "
" ထပါ မင္းသားတစ္... ငါ့သားေလး မေတြ႕တာၾကာလို႔ ဒီမယ္မယ္က လြမ္းေနတာ "
သား၏ လက္ကို ဆုပ္ကိုင္ရင္း ရိေပၚ စကားဆိုေတာ့ အငယ္မက မဲ့႐ြဲ႕သည္။ "မယ္မယ္က ဘက္လိုက္တယ္ " ဆိုၿပီး ငူစူကာ ဆိုေလသည္။
" မင္းသားတစ္ ေရာက္လာၿပီ ေယး အစ္ကိုႀကီး "
ဝမ္က်န႔္ ၏ ေအာ္သံက ၿပဲၿပဲစင္လ်က္ မင္းသားျဖစ္ၿပီး ဗ႐ုတ္သုတ္ခႏွင့္ ေနတတ္သည္။ ရိက်န႔္ေလးက အေနေအးစြာ တည္ၿငိမ္းစြာ ေလွ်ာက္လာသည္။
" ဝမ္က်န႔္... တအားကို လႈပ္ခတ္ေနတာပဲ ၊ ဝတ္စားပုံကလည္း ငါႏွယ္ စိတ္ညစ္တယ္! မင္း ညီ ရိက်န႔္လို တည္တည္ၿငိမ္ၿငိမ္ ေနစမ္းပါ ေကာင္စုတ္ေလး "
" မယ္မယ္ကလည္းဗ်ာ ညီေလးက ေရခဲျပင္အတိုင္း သူအနားေရာက္ရင္ ကြၽန္ေတာ္ တစ္ကိုယ္လုံး ေအးခဲသြားသလိုပဲ "
" ငါ့သားငယ္က တည္ၿငိမ္တာကိုး "
ဝမ္က်န႔္က ႏွာႏွာေခါင္းရႈံ႕ျပေလသည္။သူစိတ္ထဲလည္း သူေနခ်င္သလို ေနမဲ့ ဆိုက္ႏွင့္။
" ကဲကဲ လူစုံတုန္း ညစာ အတူစားၾကတာေပါ့ .... အိမ္ေရွ႕စံေလးနဲ႕လည္း ေဆြးေႏြးစရာ ရွိေသးတယ္ "
ေရွာင္းက်န႔္အသံေၾကာင့္ အကုန္ ၿငိမ္ကုန္သည္။
" ဟုတ္ကဲ့ပါ ခမည္းေတာ္ "
ေရွာင္းက်န႔္က ဘုရားစူး သူ႕ကေလးေတြေရွ႕က် ေက်ာက္တုံးလို ခပ္တည္တည္ မ်က္ႏွာေပးႏွင့္ ေနတတ္သည္။ ကေလးေတြကလည္း သူ႕တို႔ ဖေအေၾကာင့္ ရိုေသလိုက္ၾကတာ တုန္လို႔ပဲ။ မေက်နပ္ဘူး။
သူေမြးတဲ့သားသုံးေယာက္လုံး Alphaေတြ ျဖစ္ၾကေပမဲ့ ဝမ္က်န႔္လို စပ္စလူးက alphaမွ ဟုတ္ရဲ႕လား ေတြးရတဲ့အထိ၊ သမီးေလးကေတာ့ ထားပါ၊ အလတ္ေကာင္ကေတာ့ လြန္တာေပါ့ ။
ညစာစားခ်ိန္ေရာက္ေတာ့ ေရွာင္းက်န႔္က စကားဆိုသည္။ မက္မြန္ေရေႏြးကို ငဲ့ေသာက္ကာ ၿပဳံးသည္။
" အိမ္ေရွ႕စံေလး လက္ဆက္ဖို႔ အခ်ိန္ေရာက္ေနၿပီမလား၊ သားေတာ္ ရင္ထဲ သေဘာက်တဲ့သူ မရွိဘူးလား "
ေရွာင္းဝမ္က ၿပဳံးေလသည္။ အၿပဳံးကို ျမင္႐ုံႏွင့္ ဟင္း... ။
" သားေတာ္ မလိမ္ပါဘူး ခမည္းေတာ္... သေဘာက်ေနတဲ့ မိန္းကေလး ရွိပါတယ္ "
" ေကာင္းၿပီေလ .... သားေတာ္ သေဘာက်ရင္ ခမည္းေတာ္ ဘာမွ မကန႔္ကြက္ပါဘူး.... ဒါေပမဲ့ တိုင္းျပည္ရဲ႕ မိဖုရားေခါင္က ၾကင္နာစိတ္နဲ႕ ႏွလုံးလွစြာ သားေဘးမွာ ဓားတစ္လက္လို အၿမဲ အသင့္ရွိေနရမယ္... ဥပမာ_သားတို႔ရဲ႕ မယ္မယ္လို ေပါ့ "
" ဟုတ္ကဲ့ သား နားလည္ပါတယ္ ခမည္းေတာ္... ေနာက္တစ္ေန႕ သူ႕ကို နန္းေတာ္ ေခၚလာၿပီး မယ္မယ္ဆီက ပညာေတြ သင္ယူခိုင္းလိုက္ပါမယ္ "
" ေကာင္းပါၿပီ "
ထို႔ေနာက္ ညစာစားဝိုင္းေလးက အငယ္ေတြ၏ စကားသံေတြ ဆူညံ့ေနေတာ့သည္။ အစ္ကိုႀကီး၏ ၾကင္ယာေတာ္ကို သိခ်င္ေနၾက၍ စကားနာထိုးေနၾကေလရဲ႕။
ရိေပၚကေတာ့ ဘာမွ ဝင္မေျပာေပမဲ့ မ်က္ႏွာ မေကာင္းလွေပ။ သူ ေမြးထားတဲ့ သားေလးမို႔ မိဘ အတၱ အရ ႏွေျမာတယ္။
လမင္းေလးက အထက္ေကာင္းကင္ယံကေန ဝလုံးေလး ပမာ ဝိုင္းဝန္းကာ အနက္ေရာင္ ေလာကႀကီးကို အလင္းေပးေနေလရဲ႕။
ညဝတ္အကၤ်ီ အပါးေလးႏွင့္ ရိေပၚက အခန္းျပတင္းေပါက္ကေန လမင္းႀကီးကို ေငးေနေလသည္။
ခါးတစ္ဝိုက္ကို လာသိုင္းဖက္ခံရေတာ့ ၿပဳံးလိုက္မိသည္။ က်န႔္၏ ရနံ႕ေလးက သူ႕အတြက္ အေမႊးရနံ႕လို အိပ္ေမြ႕ခ်ေစသည္။
" ကေလးတို႔ရဲ႕ မယ္မယ္ေလး မအိပ္ေသးဘူးလား ဟင္ "
" စဥ္းစားေနတာ.....သားႀကီးေတာင္ အ႐ြယ္ေရာက္လို႔ ၾကင္ယာစုံေတာ့မယ္... အခ်ိန္ေတြက ျမန္လိုက္တာေနာ္ "
" ဟုတ္တယ္ ဝမ္... ကိုယ္တို႔လည္း အသက္ႀကီးေနၿပီပဲ "
" ယုန္စုတ္က အသက္ႀကီးေတာ့ အားဘယ္ရွိပါ့မလဲ "
" ဟာကြာ ျပရေသးတာေပါ့ "
ခ်ာခနဲ ရိေပၚ ကိုယ္ကို သူ႕ဘက္ လွည့္ေစကာ ႏႈတ္ခမ္းေလးကို ငုံ႕နမ္းသည္။ ခံစားခ်က္က အရင္တုန္းက အတိုင္းပဲ။
" ခ်စ္တယ္.... သိပ္ခ်စ္တယ္ "
" က်န႔္... ငါေရာပဲ ခ်စ္တယ္ "
ေလာကႀကီးကို ေျခဆန့္ၿပီး ဝမ္နဲ႕
ကိုယ္ ေလွ်ာက္လွမ္းၾကမယ္၊၊
ေႏြးေထြးတဲ့ သားသမီးတို႔ရဲ႕
လက္ေအာက္မွာ သူတို႔ တိုင္းျပည္ေလး
ေအးခ်မ္းလိမ့္မယ္လို႔ ေမွ်ာ္မွန္းရင္း....
ဘဝတသက္တာ ထာဝရ
ၾကင္နာသူ ရင္ခြင္ ေမွးစက္
ကြၽန္ေတာ့္ရဲ႕ ဧကရာဇ္
ကြၽန္ေတာ္က
ဧကရာဇ္ ရဲ႕ မူပိုင္လူ
❁ ၿပီး
~~ပါ~~
ၿပီ ❁
အပိုင္း(၁) ကေန (၂၀)ထိ ဖတ္ရႈေပးခဲ့ၾကတဲ့အတြက္ ၊ review ေပးေပးၾကတဲ့ မိေမာင္ ႏွင့္ Reader ေလးေတြကိုေရာ ေက်းဇူးတင္ပါတယ္လို႔ ေျပာပါရေစ၊၊ Silent Reader ေတြကိုလည္း အထူး ေက်းဇူးတင္ပါတယ္၊၊ [ကိုယ့္စာေတြကို author ေတြက လာဖတ္မယ္လို႔ေတာ့ မထင္ ( ఠ ͟ಠ ) ]
ကိုယ္ကိုကိုယ့္ Author တစ္ေယာက္ အျဖစ္ ယူဆမထားပါဘူး၊၊ စာေရးတာ ဝါသနာမို႔ ကိုယ့္စာကို ခ်စ္ေပးၾကတဲ့ ေက်းဇူးတင္ပါတယ္၊၊ အသစ္ေတြမွာ ထပ္ေတြ႕ပါမယ္ေနာ္၊၊ Facebook မသုံးေတာ့လို႔ Wp chat boxကေန ေျပာစရာစကားေလးေတြရွိ ရင္ လာေျပာလို႔ ရပါတယ္🤩။ အရင္တုန္းက ကေလးဆန္ဆန္ တဇြတ္တိုးလုပ္ခဲ့တာ မ်ားလို႔ ကိုယ္ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ရတဲ့ သူေတြကိုလည္း တကယ္ ေတာင္းပန္ပါတယ္ ။
Revolution မွာ ပါဝင္ၾကတဲ့ reader ေတြအကုန္လုံး ပင္ပန္းေနၾကေပမဲ့ ေရွ႕ဆက္ အားတင္းထားၾကပါ၊၊
🚫No Extra 🚫(✷‿✷)